အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
🍃 Chapter 41
ကျီချောင်ချင် ရယ်မောလိုက်ပြီး ရှန်ကျွင်းကို ရှက်သွားအောင် စနောက်လိုက်သည်။
"ရှန်ကျွင်း... ကျွန်မတိုနှစ်ယောက်က တော်တော်အပေးအယူမျှတာပဲ!"
ရှန်ကျွင်းသည်တိတ်ဆိတ်နေပြီး သူ၏လှုပ်ရှားမှုများကိုသာ ပို၍မြန်ဆန်လိုက်သည်။ ဗုံသံများသည် ထိုအရာကို ထွက်သွားရန်တိုက်တွန်းနေသည့်ပမာ ထင်ရသည်။ ကျီချောင်ချင်သည် သူမ၏ လက်ကောက်ဝတ်မှ စိပ်ပုတီးကိုလေထဲသိုပစ်မြှောက်လိုက်ပြီး လက်သင်္ကေတတချို ပြုလုပ်ကာ မျက်လုံးများကိုမှိတ်လိုက်သည်။
ကျီချောင်ချင်၏မူလရုပ်သွင်မှာ တောက်ပသော နေနှင့်လပမာ အလွန်တရာလှပပြီး မေ့ပျောက်၍မရနိုင်သောအလှမျိုးဖြစ်သည်။ သိုသော် ယခုအချိန်တွင် သူမ၏မျက်နှာထက်တွင် အေးချမ်းသောအရိပ်အယောင်မှာ တစွန်းတစရှိနေသည်။
"အညစ်အကြေးအားလုံး... ကင်းစင်စမ်း!"
တခဏချင်းမှာပင် စိပ်ပုတီးမှ ခမ်းနားသော အလင်းရောင်များဖြာထွက်လာပြီး အနက်ရောင် မြူခိုးများအားလုံးသည် အလင်းရောင်ကိုမြင်လိုက်ရသော မြောင်းပုပ်ထဲမှကြွက်များပမာ အမှောင်ထုထဲသို လျင်မြန်စွာထွက်ပြေးသွားကြသည်။ ရှန်ကျွင်း၏မျက်လုံးထဲတွင် အံ့သြရိပ်အနည်းငယ်ဖြတ်ပြေးသွားသည်။
ကျီချောင်ချင်၏ပညာရပ်များသည် ဗုဒ္ဓဆီမှဆင်းသက်လာကြောင်း သူသတိပြုမိလိုက်သည်။ သိုသော် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် စိတ်ထားဖြူစင်ရမည်ဖြစ်ပြီး ကျင့်ကြံစဉ်တွင် အတွေးများလွဲမှားပါက ထာဝရကျဆုံးခြင်းသို ရောက်ရှိနိုင်သည်။ ကျီချောင်ချင်ကဲ့သိုသောလူမျိုးက ဤကဲ့သိုသောနည်းလမ်းများကို မည်သိုကျင့်ကြံနိုင်မည်နည်း။
ရှန်ကျွင်း၏အတွေးများကို ကျီချောင်ချင် သတိမထားမိပေ။ သူမသည် သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်ဆုပ်ကိုထုတ်ယူပြီး ပါးစပ်ထဲသိုပစ်ထည့်လိုက်သည်။ အလင်းရောင်ကွင်းများစွာသည်လည်း ထိုမိစ္ဆာကောင်ကိုလွှမ်းခြုံသွားသည်။
ကျီချောင်ချင် အနားသိုလျှောက်သွားပြီး မိစ္ဆာကောင်ကိုငုံကြည့်လိုက်သည်။ ထိုမိစ္ဆာကောင်တွင် အရေပြားဟူ၍မရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံးဖုံးလွှမ်းနေသော သွေးများမှာမည်းနက်ပျစ်ချွဲနေပြီး ရေမြောင်းထဲမှ ပုပ်သိုးနေသောအသားအလား အလွန်နံစော်ကာ ရုပ်ဆိုးရွံရှာဖွယ်ကောင်းလှသည်။ နေရာတစ်ခုလုံး သန့်ရှင်းသော အလင်းရောင်များဖုံးလွှမ်းနေသဖြင့် မိစ္ဆာကောင်မှာပုန်းခိုစရာနေရာမရှိတော့ပေ။
၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းတန်းများ ထိုးဖောက်ဝင်ရောက်နေသဖြင့် အလွန်အမင်း နာကျင်နေပုံရပြီး လည်ချောင်းထဲမှ ကြောက်မက်ဖွယ်ဟိန်းဟောက်သံများ အဆက်မပြတ်ထွက်ပေါ်နေသည်။ ၎င်း ရုန်းကန်လာလေလေ ပုပ်စော်နံသည့် အနံ့များမှာ ပိုမိုပြင်းထန်လာလေဖြစ်သည်။
မကောင်းဆိုးဝါးသတ္တဝါအများစုသည် ၎င်းတို၏ ရုပ်ရည်သွင်ပြင်ကိုဂရုမစိုက်ကြပေ။ ကျီချောင်ချင်သည် ရွံရှာဖွယ်ကောင်းသော ဘီလူးတစ္ဆေများကို အများအပြာ မြင်ဖူးသော်လည်း ဤအကောင်လောက်ရွံစရာကောင်းသည့်အရာမျိုး မမြင်ဖူးပေ။ မိစ္ဆာစွမ်းအားမရှိလျှင်ပင် ဤသတ္တဝါသည် ၎င်း၏ ကြောက်မက်ဖွယ်အသားများကြောင့် လူတစ်ယောက်ကို လန့်သေအောင်ခြောက်လှန့်နိုင်ပေသည်။
"ဟေ့... မိစ္ဆာကောင်၊ နင့်ရုပ်က တော်တော်ထူးခြားတာပဲ၊ ပြောစမ်း... ဘာကိစ္စကုကျိုးကိုနှောင့်ယှက်နေတာလဲ"
မိစ္ဆာကောင်သည် သူမပြောသည်ကို မကြားသည့်အလား ဆက်လက်ရုန်းကန်နေသည်။ ကျီချောင်ချင် မျက်မှောင် ကြုတ်လိုက်သည်။ ဤမိစ္ဆာကောင်သည် အသိစိတ်လွတ်နေပုံရသည်ဟု သူမခံစားမိသည်။
ရှန်ကျွင်း: "မင်း ခုနက မေ့နေတာမဟုတ်ဘူးလား"
ကျီချောင်ချင် ပခုံးတွန့်လိုက်ပြီး မိစ္ဆာကောင်၏ မေးစေ့ကိုမကာ သေချာကြည့်ရှုလိုက်သည်။
"ဟန်ဆောင်လိုက်တာလေ... ဒီကောင်က ကောက်ကျစ်တယ်၊ ကျွန်မသာအဲ့လိုမလုပ်ရင် သူက ကျွန်မခန္ဓာကိုယ်ကို ဝင်စီးဖိုကြိုးစားပါ့မလား"
ကျီချောင်ချင်သည် မျက်နှာပေါ်မှသွေးများကို သုတ်ရင်း မတ်တပ်ရပ်လိုက်သည်။
"သူ့မှာ နာကျည်းမှုတွေအရမ်းများလွန်းလို အသိစိတ်လွတ်နေပြီ၊ သူ့ဆီက ဘာမှမေးလိုရမှာမဟုတ်တော့ဘူး"
ရှန်ကျွင်းက ပြောလာသည်။
"ဒါဆိုရင်တော့ ဒီအကောင်ကကောက်ကျစ်လွန်းတယ်၊ ရှင်းပစ်မှရမယ်"
ကျီချောင်ချင်သည် ပြင်ပကိစ္စများနှင့်ကင်းဝေးပြီး အေးစက်လှသောရှန်ကျွင်းကို လှည့်ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် ရှန်ကျွင်းသည် ကိုယ်တိုင်ဝင်မပါဘဲ ပြောရုံသာပြောသည့်အတွက် သူမ အနည်းငယ်အံ့သြသွားသည်။ သူမ မရယ်ဘဲမနေနိုင်တော့ပေ။ ထို့နောက် ခန်းမထဲရှိအလှဆင်ထားပုံရသောဗုံကြီးတစ်လုံးနားသို့ ဖြည်းညှင်းစွာလျှောက်သွားပြီး လက်ဖြင့်ပုတ်လိုက်သည်။
နက်ရှိုင်းပြီးရှည်လျားသော ဗုံသံတစ်ချက်သည် ခန်းမထဲတွင်ပဲ့တင်ထပ်သွားသည်။ အလင်းရောင်များဝန်းရံထားသော မြေပြင်ပေါ်ရှိမိစ္ဆာကောင်သည် နာကျင်စွာဖြင့် တွန့်လိမ်အော်ဟစ်လိုက်သည်။ ထို့နောက် ထူးဆန်းသောပုံစံဖြင့် မတ်တတ်ရပ်လိုက်ပြီး ကျီချောင်ချင်ရှိရာဘက်သို့ ဒူးထောက်ကာ ခေါင်းငုံ့လိုက်လေသည်။ ၎င်းမှာ နှိပ်စက်ခံထားရသော အကျဉ်းသားတစ်ယောက်သည် သခင်ဖြစ်သူကို အညံ့ခံသည့် ပုံစံမျိုးနှင့်တူနေသည်။
ကျီချောင်ချင် စဉ်းစားလိုက်သည်။
"ဒီအကောင်က အရင်ဘဝတုန်းကလူသားဖြစ်လောက်တယ်၊ ဒါပေမဲ့ အရေခွံခွာခံရပြီးအခုလိုပုံစံဖြစ်အောင်လုပ်ခံထားရတာ၊ ပြီးတော့ ဒီဗုံကြီးထဲမှာ ပိတ်လှောင်ခံထားရတယ်၊ ဒါကြောင့် သူ့မှာနာကျည်းချက်တွေရှိနေတာ၊ ကုကျိုးမြို့ကလူတွေရဲ့ကိုးကွယ်မှုကြောင့် သူ့စွမ်းအားတွေပိုကြီးလာပြီး ဆုတောင်းတွေကို ဖြည့်ဆည်းပေးနိုင်တဲ့အစွမ်းရလာတာပဲ၊ ဘာကြောင့် အခုမှ သူ့စွမ်းအားတွေထိန်းမနိုင်သိမ်းမရ ဖြစ်သွားလဲဆိုတာတော့ ကျွန်မလည်းမသိဘူး"
၎င်းတို့ရှေ့မှောက်ရှိ မိစ္ဆာကောင်သည် အမှန်တကယ် နစ်နာခဲ့သူ ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှန်ကျွင်းသည် ကျီချောင်ချင်ပြောချင်သည်ကို ချက်ချင်း သဘောပေါက်ပြီး ပြန်ပြောလိုက်သည်။
"သူ့မှာ ကံကြွေးတွေရှိနေတယ်၊ အပြစ်ကင်းတယ်လို့ ပြောလို့မရဘူး"
ရုတ်တရက်ဆိုသလို သူတို့သည် စစ်သူကြီးဖန်ကုန်းဝမ်၏ အသံကို အဝေးမှကြားလိုက်ရသည်။
"မိန်းကလေးရှန်...ဒီအရာရှိငယ်က မင်းကိုသေချာမကြိုဆိုမိပါဘူး၊ ခွင့်လွှတ်ပေးပါ မိန်းကလေးရှန်..."
ဖန်ကုန်းဝမ်သည် ကပြာကယာပြေးလာသည်။ ၎င်းသည် အသက် (၅၀)ကျော်နေပြီဖြစ်သည့်အပြင် အမြန်ပြေးလွှားလာသဖြင့် မောနေပြီး ကြည့်ရသည်မှာ အတော်လေးသနားစရာကောင်းနေသည်။
ကုဖေးရန်၏ လူများလည်းရောက်ရှိလာပြီဖြစ်ကြောင်း ကျီချောင်ချင်ခန့်မှန်းလိုက်သည်။ ထို့ကြောင့်သာ ဖန်ကုန်းဝမ်သည် သူမ၏ အထောက်အထားကို သိသွားခြင်းဖြစ်သည်။ သူမ ရှေ့တိုးရန်ပြင်လိုက်စဉ် မြေပြင်ပေါ်တွင်ငြိမ်သက်စွာ ဒူးထောက်နေသောမိစ္ဆာကောင်သည် ရုတ်တရက် ရုန်းကန်လာသည်။
ဖန်ကုန်းဝမ် ပင်မခန်းမဆောင်ထဲသို့ခြေချလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသောမိစ္ဆာကောင်ကိုမြင်လိုက်ရသဖြင့် လန့်ဖျပ်ပြီးနောက်သို့လဲကျသွားသည်။ အစေခံများသာ ဝိုင်းထိန်းမပေးလျှင် စစ်သူကြီးတစ်ယောက်သေသွားနိုင်သည်။
ကျီချောင်ချင်က ပြောလိုက်သည်။
"ဗုံနတ်ဘုရားကျောင်းကနတ်ဘုရားဆိုတာ တကယ်တော့မိစ္ဆာကောင်ပဲ! ဗုံကျွန်းကလူတွေက နှစ်ပေါင်းများစွာ ဒါကိုသတိမထားမိဘဲ ကိုးကွယ်လာခဲ့ကြတာ၊ စစ်သူကြီး... ကျွန်မအရမ်းသိချင်နေတာတစ်ခုရှိတယ်၊ ဗုံကျွန်းကလူတွေက ဘာလို့ဗုံနတ်ဘုရားကျောင်းကိုဆောက်လုပ်ခဲ့ကြတာလဲ၊ ပြီးတော့ ရှင်ကရော ဘာလို့သဘောတူခဲ့တာလဲ"
ဖန်ကုန်းဝမ် ကပျာကယာ ဒူးထောက်လိုက်သည်။
"မိန်းကလေး ရှန်... ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ လူတိုင်းက ဗုံတွေရောင်းပြီးပိုက်ဆံရလာကြတာ နတ်ဘုရားရဲ့ စောင့်ရှောက်မှုကြောင့်လို့ ယုံကြည်နေကြတယ်၊ ဒါကြောင့် ဗုံနတ်ဘုရားကျောင်းကိုဆောက်ဖို့ တညီတညွတ်တည်းတောင်းဆိုခဲ့ကြတာပါ၊ ကျွန်တော်ကလည်း ဒါကောင်းတဲ့ကိစ္စပဲလို့ထင်ပြီး သဘောတူလိုက်တာပါ၊ ဒါပေမဲ့... ဒီလိုမိစ္ဆာကောင်ကိုဆွဲဆောင်မိလိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး၊ ဒါ တကယ်ကို ကျွန်တော့်ရဲ့ပေါ့လျော့မှုပါ!"
ကျီချောင်ချင်၏ မျက်နှာထားသည် အနည်းငယ်ပျော့ပျောင်း သွားပြီး ဖန်ကုန်းဝမ်ကို တွဲထူပေးလိုက်သည်။
"ဒါက ရှင့်အပြစ်မဟုတ်ပါဘူး၊ ကျွန်မက အကြောင်းရင်းကို သိချင်ရုံသက်သက်ပါပဲ၊ စစ်သူကြီး... ရှင်လည်း နှစ်ပေါင်းများစွ ပင်ပန်းခဲ့ရပြီ၊ မိစ္ဆာကောင်ရဲ့ မွှေနှောက်မှုကလည်း ရှင့်အပြစ် မဟုတ်ပါဘူး၊ ကျွန်မ ဧကရာဇ်ဆီစာရေးပြီး ရှင့်ရဲ့ အခက်အခဲတွေကိုရှင်းပြပေးပါ့မယ်"
ရှန်ကျွင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဖန်ကုန်းဝမ်သည် မျက်နှာပေါ်မှချွေးများကို သုတ်လိုက်သည်။ သူသည် နှစ်သိမ့်စကားကြားရသဖြင့်စိတ်အေးသွားပြီး ကျီချောင်ချင် မည်သည့်အရာမှရှာမတွေ့ခဲ့မှန်းသေချာသွားသည်။ ယခင်တုန်းက ရုပ်ဖျက်ပြီး လာခဲ့ကြတဲ့တခြားအရာရှိတွေလိုပဲ သူမကလည်း ဘာမှမသိနားမလည်တဲ့အရူးမပဲ...
"ကျွန်တော် တကယ်ကိုရှက်မိပါတယ်၊ ကံကောင်းလို့ မိန်းကလေးရှန်ရှိနေလို့ပေါ့ မဟုတ်ရင် ကုကျိုးမြို့သူမြို့သားတွေ အကုန်ဒုက္ခရောက်ကုန်တော့မှာ၊ မိန်းကလေးက ကုကျိုးတစ်ခုလုံးရဲ့သူရဲကောင်းပါပဲ!"
ဖန်ကုန်းဝမ်နောက်မှ လိုက်လာသော အစေခံများကလည်း မြှောက်ပင့်ပြောဆိုကြသည်။
"မိန်းကလေးရှန်ရောက်တာနဲ့ ဒီမိစ္ဆာကောင်ကြီးကို ဖမ်းမိတာပဲ! တကယ်အံ့သြစရာကောင်းလိုက်တာ"
"ဝမ်းသာစရာပဲ! မိန်းကလေးရှန် ရှိနေသရွေ့ ကုကျိုးကဘေးကင်းပြီဟေ့"
"မိန်းကလေးရှန်က ဧကရာဇ်မင်းမြတ်ရဲ့ ကယ်တင်ရှင်ပါပဲ! မိန်းကလေးရှန် အသက်ရာကျော်ရှည်ပါစေ!"
အစေခံများ၏မြှောက်ပင့်မှုများကြားတွင် ဖန်ကုန်းဝမ်သက်ပြင်းချလိုက်ပြီး စိတ်အေးသွားသည်။
"မိန်းကလေးရှန် ... မိစ္ဆာကောင်ကိုဖမ်းမိပြီးပြီဆိုတော့ ကျွန်တော့်ကို လွှပေးလိုရမလား၊ ကျွန်တော်သိတဲ့ တာအိုဘုန်းကြီးတချို ရှိပါတယ်၊ ဒီမိစ္ဆာ နောက်ထပ် လူတွေကိုဒုက္ခမပေးနိုင်အောင် သူ့ကို ထာဝရငြိမ်းချမ်းသွားစေချင်လိုပါ"
အသက်တစ်ရာကျော်နေပြီဖြစ်သော ကျီချောင်ချင်သည် တောင်းပန်သည့်အပြုံးမျိုးကိုသာ ဆင်မြန်းလိုက်သည်။
"အဲဒီကိစ္စကအလျင်မလိုပါဘူး၊ စစ်သူကြီးကို ကျွန်မ ပိုအရေးကြီးတဲ့ကိစ္စမေးစရာရှိသေးတယ်၊ ဒီနေ့ ရှင့်ရဲ့စာကြည့်ခန်းထဲမှာ ကျွန်မစစ်ဆေးကြည့်တုန်းက ကုကျိုးရဲ့အခွန်ဝင်ငွေကအရမ်းကိုနည်းပါးနေတာ တွေ့ရတယ်၊ ဒါပေမဲ့ ကုကျိုးမြိုကခမ်းနားထည်ဝါပြီးလှပနေတာလေ၊ ဒီလောက်ပမာဏနည်းနည်းလေးပဲ ပေးသွင်းတယ်ဆိုတာမဖြစ်နိုင်ဘူး၊ စစ်သူကြီး... တကယ်တမ်းဘာတွေဖြစ်နေတာလဲ"
🍃 Chapter 42
ကျီချောင်ချင်၏အမူအရာသည် အစမှအဆုံးထိ ကြင်နာတတ်သူတစ်ယောက်ပမာ အလွန်နူးညံ့သိမ်မွေ့နေသည်။ သိုသော် သူမ၏စကားလုံးများသည်အလွန်ထက်ရှလွန်းပြီး စကားလုံးတိုင်းက ဖန်ကုန်းဝမ်၏မျက်နှာကို ဖြူဖပ်ဖြူရော်ဖြစ်သွားစေသည်။
ဖန်ကုန်းဝမ်မှာ မြေပြင်ပေါ်သိုထပ်မံဒူးထောက်လိုက်ရပြန်သည်။
"ဒါ... ဒါက အကြောင်းရင်းရှိပါတယ်၊ ကုကျိုးကစည်ကားတယ်ဆိုပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ထူးဆန်းတဲ့ရောဂါတွေပေါ်လာခဲ့တယ်၊ ကျွန်တော်တိုလည်း ဘယ်လိုကုရမှန်းမသိတော့ဘူး အဲ့တာ ကျွန်တော်..."
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ထူးဆန်းတဲ့ရောဂါတွေ စပေါ်လာတယ်ဟုတ်လား၊ ရှင်က လွန်ခဲ့တဲ့(၅) ရက်လောက်ကမှ ဧကရာဇ်ဆီစာရေးပြီး ထူးဆန်းတဲ့ရောဂါတွေက လွန်ခဲ့တဲ့နှစ်လလောက်ကမှ စဖြစ်တာလိုလျှောက်တင်ခဲ့တာလေ၊ မြိုထဲမှာကျွန်မမြင်ခဲ့ရတဲ့ကြေညာချက်မှာလည်း ရောဂါဆန်းကလွန်ခဲ့တဲ့နှစ်လကမှ ရုတ်တရက်ပေါ်လာတာလိုရေးထားတယ်၊
ဖန်ကုန်းဝမ်... ရှင်က ဧကရာဇ်နဲ့ပြည်သူတွေကို လှည့်စားရဲတယ်ပေါ့!"
ကျီချောင်ချင်၏မျက်နှာထား ပြောင်းလဲသွားမှုမှာ မြန်ဆန်လွန်းလှသည်။ အစောကလေးတင် သာယာနေသော ကောင်ကင်းကြီးပမာ နေရောင်ပင်တောက်ပမတက်ဖြစ်နေရာမှ ယခုအခါရုတ်တရက်ဆိုသလို ကြမ်းတမ်းသောလေသံဖြင့် ပြောဆိုလာသည်။ သူမ၏ အထက်စီးဆန်သောအရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအပြင် ကျီချောင်ချင်သည် သူ၏စာကြည့်ခန်းထဲသို ဝင်ခဲ့လိမ့်မည်ဟု ဖန်ကုန်းဝမ် လုံးဝမျှော်လင့်မထားခဲ့ပေ။ ထိုကြောင့်လည်း သူပြာယာခတ်သွားပြီး ထိုကဲ့သိုသော အူကြောင်ကြောင်စကားများ ပြောမိသွားခြင်း ဖြစ်သည်။
ဖန်ကုန်းဝမ် စကားပြောမှားသွားသည်ကိုနောင်တရပြီး အခြေအနေကိုပြန်ထိန်းရန်ကြိုးစားလိုက်သည်။
"ကျွန်တော်... ကျွန်တော် မှတ်ဉာဏ် မှားသွားတာပါ မိန်းကလေးရှန်ရယ်၊ ကျွန်တော်က အသက်ကြီးပြီဆိုတော့ တုံပြန်မှုတွေကလည်းနည်းနည်း နှေးကွေးလာပါပြီ၊ နှစ်လအစား နှစ်နှစ်လိုမှားပြောမိလိုက်တာပါ၊ ကျေးဇူးပြုပြီးအပြစ်မယူပါနဲ့ခင်ဗျာ"
ကျီချောင်ချင် ရုတ်တရက် ထပ်ရယ်လိုက်ပြန်သည်။ မသိလျှင် အစောက သူ့ကိုအော်ဟစ်မေးမြန်းခဲ့သောသူမဟုတ်သည့်အလားပင်။ သူမထိုင်ချလိုက်ပြီး ဖန်ကုန်းဝမ် ပခုံးကိုပုတ်ကာ ညင်သာစွာပြောလိုက်သည်။
"သဘာဝကျပါတယ်၊ ခုနကကျွန်မအသံနည်းနည်း ကျယ်သွားတယ်၊ စိတ်ထဲမထားပါနဲ့နော်"
ဖန်းကုန်းဝမ်သည် ကျီချောင်ချင်၏ ရုတ်တရက် ပြောင်းလဲသွားသောနူးညံ့မှုကြောင့် ကြောင်သွားကာ ရပါတယ် ဟု ပြောရန်ပြင်လိုက်စဉ်မှာပင် ကျီချောင်ချင်က ညင်သာစွာဆက်ပြောသည်ကို ကြားလိုက်ရသည်။
"ဒါဆိုရင် ဖြည်းဖြည်းချင်း ပြောပြပါဦး၊ ဘာကြောင့် နောက်ပိုင်းနှစ်တွေမှာ အခွန်ငွေတွေကိုလျှော့ပြီး စာရင်းပြခဲ့တာလဲ"
ဖန်ကုန်းဝမ် ဖြေရန်ပြင်လိုက်စဉ်မှာပင် ကျီချောင်ချင်ကပြောလိုက်သည်။
"စစ်သူကြီး... ရှင်က အခုမှသားငယ်လေးကို ဆုံးရှုးထားတာလေ၊ ရှင့်ရဲ့သားကြီးကိုလည်း အဲ့ဒီ့လိုမျိုး ကံကြမ္မာဆိုးနဲ့ မကြုံတွေ့စေချင်ဘူးမဟုတ်လား"
သူမ၏စကားလုံးထဲတွင် ခြိမ်းခြောက်မှုများကို ဖုံးကွယ်မထားပေ။ ဖန်ကုန်းဝမ် ခေါင်းလှည့်ကြည့်လိုက်ရာ နူးညံ့သောအသားအရေရှိသည့် အမျိုးသားတစ်ယောက်အား ချန်ဇယ်က ခန်းမထဲသိုဖမ်းခေါ်လာသည်ကိုတွေ့လိုက်ရသည်။
ထိုအမျိုးသားမှာ ဖန်ကုန်းဝမ်၏သားအကြီးဆုံး ဖန်ချန်လဲ့ပင်။
ဖန်ချန်လဲ့သည် ပညာပေးခံရပြီးသားဖြစ်ပုံရသည်။ သူ့ဖခင်ရင်းဖြစ်သူ ဖန်ကုန်းဝမ် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်သော်လည်း မေးခွန်းတစ်ခွန်းမျှမမေးရဲဘဲ ကျီချောင်ချင်ကိုသာခိုးကြည့်နေသည်။ သူ့မျက်လုံးများမှာ အလွန်ထူးဆန်းနေသည်။ ကျီချောင်ချင်ကိုကြည့်သော သူ့အကြည့်များမှာ စူးစိုက်မှုမရှိဘဲ ကြောက်ရွံမှုများပြည့်နှက်နေသလိုလို၊ တပ်မက်မှုများပင်ရောပါနေသည်။
"ချန်ဇယ်... သူ့လက်ချောင်းတစ်ချောင်း ဖြတ်ပစ်လိုက်"
ကျီချောင်ချင် အနည်းငယ် ပြုံးလိုက်သည်။
"နင် ငါ့ကို အဲ့ဒီလိုထပ်ကြည့်ရဲရင် ချန်ဇယ်က နင့်လက်မောင်းကိုပါဖြတ်ပစ်လိမ့်မယ်"
ကျီချောင်ချင်၏ စကားကိုကြားသောအခါ ဖန်ချန်လဲ့မျက်လုံးများမှာ ပို၍ပင်ထိန်းချုပ်မရဖြစ်လာပြီး ရယ်တောင်ရယ်မောလာကာ ချန်ဇယ်၏ချုပ်နှောင်မှုမှ လွတ်မြောက်ရန်ကြိုးစားလာသည်။
ချန်ဇယ်သည် မေးခွန်းတစ်ခွန်းမျှမမေးဘဲ ဓားရှည်ကို ဆွဲထုတ်ကာ ဖန်ချန်လဲ့၏လက်မောင်းကို တိခနဲ ဖြတ်တောက်ပစ်လိုက်သည်။
ရှန်ကျွင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ကျီချောင်ချင်ကို တစ်ချက်ကြည့်ပြီးနောက်၀င်မရှုပ်တော့ပေ။ ဖန်ချန်လဲ့၏ လည်ချောင်းထဲမှထွက်လာသောအော်ဟစ်သံကြီးကြောင့် ထောင့်ရှိမိစ္ဆာကောင်မှာ ပို၍ပြင်းထန်စွာ ရုန်းကန်လာသည်။ ဖန်ချန်လဲ့ အော်လိုက်သည့်တစ်ခဏချင်းမှာပင် ချန်ဇယ်သည် သူ့ပါးစပ်ကိုပိတ်ဆို့လိုက်သည်။
ကျီချောင်ချင်သည် ဤမျှရက်စက်တတ်သောသူ ဖြစ်လိမ့်မည်ဟု ဖန်ကုန်းဝမ် လုံးဝထင်မထားခဲ့ပေ။ အစောက သူမ၏ဟန်ဆောင်မှုအောက်တွင် သူ အလိမ်ခံလိုက်ရပြီး ယခုအခါ သူမ၏ကြိုးဆွဲရာကနေရပြီဖြစ်သည်။
ဖန်ကုန်းဝမ်သည် လက်ဖြတ်ခံထားရသူမှာ သူဖြစ်သည့်အလား သားဖြစ်သူအစား အလွန်အမင်းနာကျင်နေရသည့်ပမာခံစားလိုက်ရပြီး သူပိုသတိမထားမိခဲ့သည့်အတွက်နောင်တရနေမိသည်။ ထိုသည်မှာ ကျီချောင်ချင်ကိုလျှော့တွက်မိသောကြောင့် သူ့သား ဒုက္ခရောက်ရခြင်းဖြစ်သည်။ သူသည် သားဖြစ်သူကိုကာကွယ်ချင်သော်လည်း ကျီချောင်ချင် ထပ်မံတိုက်ခိုက်မည်ကို ကြောက်ရွံ့သဖြင့် သူ့ဒေါသကို ယာယီမြိုသိပ်ထားလိုက်ရသည်။
"ကျွန်တော် ပြောပြပါ့မယ်၊ အဲ့ဒီအခွန်ငွေတွေကို ကျွန်တော် ချန်လှပ်ထားခဲ့တာမှန်ပါတယ် ဒါပေမဲ့ တစ်ပြားတစ်ချပ်မှ ကျွန်တော့်အိတ်ကပ်ထဲမရောက်ပါဘူး"
ဖန်ကုန်းဝမ် အဆုံးတော့သည်းမခံနိုင်တော့ဘဲသူ့နာကြည်း ချက်များကို ဖွင့်ချလိုက်သည်။
"ခင်ဗျားတို့ လူတန်းစားတွေကလေ... မြို့တော်မှာထင်ရာဆိုင်းနေကြတာမပြောနဲ့ဦး ကျွန်တော်တို့ကုကျိုးမှာ စီးပွားရေးကောင်းနေမှန်းသိတော့ ကျွန်တော်တို့ကို ပစ်မှတ်ထားကြပြန်ရော၊ သူတို့ကို နှစ်တိုင်း ပေးသင့်ပေးထိုက်တဲ့အခွန်ငွေတွေကို ကျွန်တော်တို့ကိုစိုက်ပေးခိုင်းပြီးတော့..."
ထိုစကားကိုကြားသောအခါ ကျီချောင်ချင် ဖြတ်မေးလိုက်သည်။
"မြို့တော်က ဘယ်သူ့ဆီကို အခွန်ငွေတွေရောက်သွားတာလဲ"
ါးနှစ်ကုန်လွန်သွားခဲ့ပြီးနောက် တုယွဲလည်း အများကြီးပြောင်းလဲသွားခဲ့သည်။ တုရှင်းသည်း စားပွဲ၏ ထိပ်ဆုံးခုံမှာထိုင်နေသောသူကို တစ်ချက်သာကြည့်လိုက်မိသည်။ ၎င်းသည် ခမ်းနားထည်ဝါပြီးအေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အ၀ါမျိုးရှိနေသည်ကို သူမတွေ့လိုက်ရသည်။ သူမ ထပ်မကြည့်ရဲတော့ဘဲ လက်ဖက်ရည်လိုက်ဖြည့်ဖိုသာ အာရုံစိုက်လိုက်သညိ။
၎င်းအချိန်မှာ ထိုအထက်တန်းလွှာပုဂ္ဂိုလ်ကြီးမှာ စင်မြင့်ပေါ်မှဆင်းလာပြီး တုရှင်းဆီလျှောက်လာခဲ့သည်။
တုရှင်းသည် ဖန်မိသားစုနှင့် ကုကျိုးမြိုသူမြိုသားတိုင်းကိုလှည့်စားထားနိုင်ခဲ့သည်။ လူတိုင်းသည်
တုရှင်းတစ်ယောက် ခုခံချင်စိတ်မရှိဟုသာ ထင်နေကြသည်။ သိုသော် တုယွဲသည်တော့ သူမကိုမြင်မြင်ချင်းမှတ်မိသွားသည်။ တုယွဲ ပြောခဲ့သည်မှာ သူမကို ဘယ်သူ့ရဲ့မယားငယ်မှ အဖြစ်မခံနိုင်ဘူးတဲ့...၊
ဖန်ချန်လဲ့လို လူမျိုးနှင့်ဆို ပိုလိုပင်ဆိုးပေသည်။ သူမအစ်မသည် ထိုနေရာမှာတင် တုရှင်းကိုခေါ်ထုတ်သွားဖိုကြိုးစားခဲ့သည်။
သိုသော် တုရှင်းသည် လူတိုင်းအပေါ်မျှော်လင့်ချက် ကုန်ဆုံးနေပြီဖြစ်သည်။ သူမ လူတိုင်းကိုမုန်းတီးမိသည်။ ငါးနှစ်လောက်မတွေ့ရသော အစ်မအပေါ်မှာလည်း သူမ သံယောဇဉ်မရှိတော့ပေ။ တုယွဲ သူမဆီ ချဉ်းကပ်လာသည်မှာလည်း တခြားရည်ရွယ်ချက်တစ်ခုခုရှိလိမ့်မည်ဟုတောင် သံသယဝင်မိသည်။
ဖန်ချန်လဲ့သည် အခြေအနေများ အဆင်မပြေဖြစ်မှာစိုးသဖြင့် တုရှင်းကိုထွက်သွားချင်လားဟု ၀တ္တရားအရမေးခဲ့သည်။ တုရှင်းသည် အချိန်နှင့်အခါ ဖတ်တတ်သဖြင့် ၎င်းဆိုလိုရင်းကိုသိသောကြောင့် သာမာန်ဆန်စွာ မသွားချင်ပါဘူး ဟုလိမ္မာစွာဖြေလိုက်သည်။
ထိုစဉ် တုယွဲ၏မျက်လုံးထဲကအလင်းရောင်မှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ တုရှင်းသည် တုယွဲ ကိုယ့်ဘာသာ ထွက်သွားလိမ့်မည်ဟုထင်ခဲ့သော်လည်း မထင်မှတ်စွာပင် သူမ၏ လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားပြီးလွှတ်မပေးခဲ့ချေ။
ဤအချိန်ကျမှသာ သူမ၏အစ်မရင်းသည် ဩဇာအာဏာကြီးမားပြီး ထင်ရှားကျော်ကြားသော တိုင်းပြည်အကြံပေးလက်အောက်က စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်နေမှန်း တုရှင်းသိလိုက်ရသည်။
ထိုမျှတောက်ပသောလူတစ်ယောက်သည် အဆင့်နိမ့် အစေခံမလေးတစ်ယောက်ကို တွယ်ကပ်နေသည်မှာ ကြည့်ရဆိုးသော မြင်ကွင်းတစ်ခုဖြစ်သည်။ ပွဲရှိလူတိုင်းမှာ ဖန်မိသားစုဘက်မှဝိုင်းပြောပေးကြသည်။
ဖန်ချန်လဲ့နှင့်တုရှင်းသည် လွန်ခဲ့သော ငါးနှစ်ထဲက မည်မျှချစ်ကြကြောင်း၊ မည်မျှလိုက်ဖက်ကြောင်းပြောပြီးဖျောင်းဖျကြသည်။ သိုသော် တုယွဲက လုံးဝ လွှတ်မပေးပဲ လူတိုင်းရှေ့မှာပင်ပြောလိုက်သေးသည်။