← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

🍃 Chapter 49

"ဘာဖြစ်နေတာလဲ၊ ဘာလို့လဲ!ရှန်ယွီ... ကျီချန်သဲက မင်းကို လွှတ်လိုက်တာလား... မင်းက ဒီမိစ္ဆာတွေကို သုံးပြီး ငါ့ကိုသတ်ချင်တာလား၊ ရယ်စရာကောင်းလိုက်တာ!"

ကုဖေးရန်သည် ထိုသို့စကားပြောနေရင်း ဓားရှည်ကိုဆွဲထုတ်ကာ ဝိညာဉ်စွမ်းအားကိုစုစည်းပြီး ပြေးဝင်လာသောမိစ္ဆာကောင်များကိုစတင်ခုခံလေသည်။

သို့သော် မိစ္ဆာကောင်များမှာများပြားလွန်းလှသည်။ အထပ် ထပ် အခါခါပြည့်သိပ်နေပြီး သတ်၍မကုန်သလို ရှင်း၍မကုန်နိုင်အောင်ပင်များလှသည်။

ထိုမိစ္ဆာကောင်များသည် ယခင်က ကုဖေးရန် ဖြစ်ခဲ့ဖူးသကဲ့ သို့ပင် စွမ်းအားကိုအလွန်အမင်းဆာလောင်နေကြသည်။ ကုဖေးရန် လက်ထဲမှဖန်မီးအိမ်ကို ရယူရန်မဆင်မခြင်တိုးဝင်လာကြသည်။ ကုဖေးရန်သည် ရွှေအမြုတေအဆင့်သာရှိသေးသည်။ စွမ်းအားကြီးသောမိစ္ဆာကောင်များ ပိုမိုများပြားလာသဖြင့် သူ တောင့်ခံနိုင်စွမ်းမရှိတော့ကြောင်း စတင်ခံစားလာရသည်။

သူ လက်လျှော့လိုက်ရန်စဉ်းစားမိလိုက်သည်။ ထိုအချိန်ကျမှ အသက်ရှင်ခြင်းထက် မည်သည့်အရာမှပိုအရေးမကြီးကြောင်း ကုဖေးရန်သဘောပေါက်လိုက်သည်။

သို့သော် မိစ္ဆာကောင်တစ်ကောင်သည် ဤအခွင့်အရေးကိုအရယူကာ ကုဖေးရန်၏နှလုံးနှင့် အဆုတ်ကို လက်သည်းဖြင့်ထိုးဖောက်ဆွဲထုတ်လိုက်ပြီး သူ့၏မူလအမြုတေကို တိုက်ရိုက်ဆွဲထုတ်ယူငင်လိုက်သည်။

ကုဖေးရန် မယုံနိုင်စွာဖြင့်ခေါင်းငုံ့ကြည့်လိုက်သော်လည်း မိစ္ဆာကောင်များက သူ့ကိုဆန်းစစ်ရန် အချိန်မပေးတော့ပေ။ နောက်ထပ်မိစ္ဆာကောင်များ ရောက်ရှိလာပြီး သရဲတစ္ဆေကြမ်းကြီးတစ်ကောင်က ကုဖေးရန်လက်မောင်းကိုကိုက်ဖြတ်လိုက်ကာ ဖန်မီးအိမ်နှင့်အတူ ယူဆောင်သွားလေသည်။

ကုဖေးရန်၏ခန္ဓာကိုယ်မှာမပြည့်စုံတော့ပေ။ အားနည်းသော သရဲတစ္ဆေအများအပြားသည် အခွင့်ကောင်းယူပြီး သူ့ခန္ဓာကိုယ်ကိုဝိုင်းကိုက်ကြသည်။ သူ့ဝိညာဉ်ကိုပင် စတင်စားသုံးနေကြပြီ ဖြစ်သည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးသည် သူတို့အတွက်အားဆေးကြီးတစ်ခွက်ပင်။

ကုဖေးရန် မျက်လုံးပြူးလျက် မြေပြင်ပေါ်သို့လဲကျသွားသည်။ သူ ဤသို့ပုံစံမျိုးနှင့်သေရလိမ့်မည်ဟု မည်သည့်အချိန်တုန်းကမှမတွေးခဲ့ဖူးပေ။

ဒီနေ့ သူ ဖန်မီးအိမ်ကိုအောင်မြင်စွာရရှိသင့်တာ၊ ပြီးရင် သူမုန်းတဲ့သူကို အလွယ်တကူသတ်ပစ်မယ်၊ ဖန်မီးအိမ်ကိုပြန်ယူသွားပြီး အထဲက နတ်ဘုရားစွမ်းအားတွေကို ဖြည်းဖြည်းချင်းစုပ်ယူမှာလေ၊ ဘာလို့အခြေအနေတွေကဒီလိုဖြစ်သွားရတာလဲ...

သူသည် သုံးနှစ်သားအရွယ်တွင် စာလုံးရေတစ်ထောင်ကိုမှတ်မိနိုင်ပြီး ငါးနှစ်သားတွင် ကဗျာစပ်နိုင်ပြီးအလွန်ဉာဏ် ကောင်းသူဖြစ်ခဲ့ကာ ငယ်စဉ်ကတည်းက ကုမိသားစု၏ ဆက်ခံသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သူ မွေးဖွားလာကတည်းက လူတိုင်းမော့ကြည့်ရသူ ဖြစ်ခဲ့သည်။ သူကြီးပြင်းလာသောအခါ ဧကရာဇ်အငယ်စားလေးတောင် သူ့လက်ထဲကအရုပ်လေးတစ်ရုပ်ဖြစ်ခဲ့ပြီး ကျီမင်း ဆက်တစ်ခုလုံးက သူ့ပိုင်ဆိုင်မှုဖြစ်ခဲ့သည်။

သူ့အဖေအရင်းတောင် သူ့ကိုမှီခိုပြီးအသက်ရှင်ခဲ့ရသည်။ နောက်ပိုင်းတွင် ကုဖေးရန်သည် ကျီမင်းဆက်လောက်နှင့်မကျေနပ်နိုင်တော့ပေ။ သူသည် ကျင့်ကြံရေးလောကထဲဝင်ချင်လာသည်။ လောကကြီးကိုမွှေနှောက်နိုင်သူတစ်ယောက်ဖြစ်ချင်လာသည်။

သူသည် ကျင့်ကြံသူများကိုသတ်ဖြတ်ပြီး မူလအမြုတေများကိုထုတ်ယူကာ ကိုယ်ကျိုးအတွက်အသုံးပြုခဲ့သည်။

စီနီယာကြီးများ၏အကြံပေးချက်အတိုင်း ဝိညာဉ်စွမ်းအားကိုဖုံးကွယ်ရန် သူ နေ့တိုင်း လူသွေးတစ်ခွက် သောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြိုးစားအားထုတ်ခဲ့ပြီး အောင်မြင်တော့မည်ဟုထင်နေချိန်တွင်မှ သူဤသို့ပုံစံနှင့်သေဆုံးရတော့မည်။

လက်တစ်ကမ်းပဲလိုတော့တာ... သူ လက်တစ်ကမ်းလေးပဲ လိုတော့တာ! သူ မသေချင်ဘူး...

ထိုစဉ်က ကုဖေးရန်သည် တုရှင်း၏ဝိညာဉ်ကိုဖြိုခွဲပစ်ရန် ဖန်ကုန်းဝမ်အားညွှန်ကြားခဲ့သည်။ ပြန့်ကျဲသွားသောဝိညာဉ်အစအနများသည် လူတစ်သောင်း၏ထုနှက်မှုကိုခံစားခဲ့ရပြီး ယခုအခါ သူသည်လည်း ထိုကံကြမ္မာနှင့်ပင်ကြုံတွေ့ခဲ့ရလေသည်။ ၎င်းဝိညာဉ်သည် ပြန်လည်စုစည်းနိုင်မည် မဟုတ်ရုံသာမက သရဲတစ္ဆေလေးများ၏စားသောက်ခြင်းကိုခံရကာ ထာဝရကျဆုံးခြင်းသို့ရောက်ရှိသွားတော့သည်။

မိစ္ဆာကောင်များသည် ဖန်မီးအိမ်ကိုလုယူနေကြဆဲ ဖြစ်သည်။ ကျီချောင်ချင်သည် သူမ၏လက်ညှိုးကို အနည်းငယ်မြှောက်လိုက်ကာ ဖန်မီးအိမ်မှ မျက်စိကျိန်းမတတ် စူးရှသောအလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ယခင်ကထက်ပိုမိုလင်းလက်လာကာ လောကကြီးတစ်ခုလုံးကိုနေ့ခင်းဘက်အလားလင်းထိန်သွားစေသည်။ မရေမတွက်နိုင်သောမိစ္ဆာကောင်များသည် ချက်ချင်းပင်ပြာကျသွားကြသည်။

ကုကျိုးမြို့ကောင်းကင်ယံရှိ နတ်ဆိုးအငွေ့အသက်များသည် လုံးဝပျောက်ကွယ်သွားပြီး အဆုံးတွင် နေရောင်ခြည်သည် ကုကျိုးမြို့မြေပြင်ပေါ်သို့ကျရောက်လာလေသည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင် ပျက်စီးခြင်းများကိုသာမြင်တွေ့ရသည်။ ဆိုးရွားစွာသေဆုံးခဲ့ရသော လူအများအပြား၏ ခန္ဓာကိုယ်ပေါ်မှ မိန်းမအရေခွံများသည်ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူတို့ထိုအရာကိုမည်သည့်အခါမျှ ပြန်မြင်တွေ့ရတော့မည်မဟုတ်ပေ။

ရှန်ကျွင်းသည် ကျီချောင်ချင်၏လုပ်ရပ်များကို သတိမထားမိပေ။ သူ မျက်မှောင်ကြုတ်လိုက်ကာ

"ဒီနတ်ဘုရားလက်နက်က..."

ကျီချောင်ချင်က ရှန်ကျွင်း၏စကားကိုဖြတ်ပြောလိုက်သည်။

"နတ်ဘုရားလက်နက်တွေမှာဝိညာဉ်ရှိတယ်၊ လူယုတ်မာတွေအသုံးပြုတာကိုသူတို့ ငြင်းဆန်တာနေမှာပေါ့"

သူမ စကားမဆုံးခင်မှာပင် အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် ဖန်မီးအိမ်ကိုလှမ်းဆွဲလိုက်သည်။ မီးအိမ်မှထွက်ပေါ်နေသော အဖြူရောင်အလင်းတန်းကြောင့် ထိုလူ၏ ခန္ဓာကိုယ်မှမီးခိုးဖြူများထွက်လာသည်။ နာကျင်မှုကိုကြိတ်မှိတ်လျက် သူသည် အဆောင်အစီအရင်တစ်ခုကိုအသက်သွင်းလိုက်သည်။

တစ်ခဏချင်းမှာပင် သူသည်ဖန်မီးအိမ်ကိုယူဆောင်လျက် မိုင်ပေါင်းတစ်ထောင်အကွာအဝေးသို့ ရောက်ရှိသွားလေသည်။ ကျီချောင်ချင် အနည်းငယ်အံ့သြသွားသည်။ ထိုလူသည်မျက်နှာဖုံးတပ်ထားသော်လည်း ၎င်းမှာမိစ္ဆာမျိုးနွယ်၏စစ်ဗိုလ်ချုပ် ဟွားကျစ်မှလွဲ၍ အခြားသူမဟုတ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဟွားကျစ်၏ သတ်ဖြတ်လိုစိတ်သည် ကျင့်ကြံရေးဂိုဏ်းများအတွက် အမြဲတမ်းအိပ်မက်ဆိုဖြစ်ခဲ့သည်။ ယုတ္တိကျကျဆိုရလျှင် နတ်ဆိုးချေမှုန်းစစ်ပွဲတုန်းက ကျီချောင်ချင် သူ့ကိုချိပ်ပိတ်ထားခဲ့သည်။ ဘာကြောင့်အခု ပြန်ပေါ်လာရတာလဲ...

ကျီချောင်ချင်၏ စိတ်ထဲတွင်သံသယများပြည့်နှက်သွားသည်။ ရှန်ကျွင်းသည် ဓားကိုကိုင်ဆောင်လျက် ဟွားကျစ်ကို လိုက်ရှာရန်ပြင်လိုက်စဉ် ကျီချောင်ချင် ချက်ချင်းမူးဝေသွားသလိုဖြစ်သွားကာ ရှန်ကျွင်းအပေါ်သို့လဲကျသွားပြီး မရည် ရွယ်ဘဲ သူ့လမ်းကို ပိတ်ဆို့လိုက်သလိုဖြစ်သွားသည်။

"ကျွန်မ အရမ်းမောနေပြီ"

ကျီချောင်ချင်ထိုင်ချလိုက်ပြီး ရှန်ကျွင်းကို အားနည်းစွာပြောလိုက်သည်။

"ကျွန်မအတွက်စိတ်မပူပါနဲ့၊ သူတို့နောက် လိုက်သွားလိုက်ပါ..."

သူမ ဤသို့ကြား၀င်ဖြတ်လိုက်မိသောကြောင့် သူ မည်သို့အမှီလိုက်နိုင်တော့မည်နည်း။

"ကျွန်မ ဒီမှာ ခဏလောက်ထိုင်လိုက်ဦးမယ်၊ ခဏနေရင်သက်သာသွားမှာပါ"

ကျီချောင်ချင်ပြောပြီးသည်နှင့် ခေါင်းလှည့်ကြည့်လိုက်ရာ တုယွဲ့၏ရုပ်အလောင်းကိုပွေ့ဖက်ထားခဲ့ဖူးသောနတ်ဘုရားရုပ်တုသည် တိတ်ဆိတ်စွာ ဆက်လက်ရပ်တည်နေသည်ကို တွေ့လိုက်ရသည်။

ရှန်ကျွင်းက ပြောလာသည်။

"နတ်ဘုရားလက်နက်လေးပါးအကြောင်း ငါ တစ်ခါမှမကြားဖူးဘူး၊ လူတွေအများကြီးကအဲဒါကိုလုနေကြတာထူးဆန်းတယ်"

ကျီချောင်ချင်က ဤအရာများကိုဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူမကလောကကြီးကို လုံးဝဂရုမစိုက်တော့ပေ။ နတ်ဘုရားလက်နက်များကလည်း သူမနှင့်ဘာမှမဆိုင်ပေ။

"ဒီလောကကြီးမှာ သက်ရှိသတ္တဝါတွေ အများကြီးရှိတယ်၊ ဒါဘယ်လိုနတ်ဘုရားမျိုးလဲဆိုတာ ရှင်သိလား"

နတ်ဘုရားရုပ်တုမှာဝါးလွန်းနေသဖြင့် မူလပုံစံကိုပင် မမှတ်မိနိုင်တော့ပေ။

ရှန်ကျွင်း ပြန်မဖြေပေ။ ကျီချောင်ချင်လည်း ဂရုမစိုက်ပုံဖြင့်ဆက်ပြောသည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက လောကကြီး ဖရိုဖရဲဖြစ်နေချိန်မှာ ကောင်းကင်တာအိုပေါ်ပေါက်လာပြီး စည်းမျဉ်းတွေကိုမွေးဖွားပေးခဲ့တယ်၊ မကြာခင်မှာ ပထမမျိုးဆက် နတ်ဘုရားတွေပေါ်ထွက်လာတယ်၊ သူတို့က သံသရာခြောက်ပါးကိုဖန်ဆင်းခဲ့တယ်၊ တောင်တွေ မြစ်တွေကိုဖန်တီးတယ်၊ လောကမှာရှိတဲ့ အရာအားလုံးကို ရှင်သန်ရပ်တည်နိုင်မယ့် စည်းမျဉ်းတွေသတ်မှတ်ပေးခဲ့ပြီး သက်ရှိသတ္တဝါတွေအားလုံးကို ရှင်သန်ကြီးထွားခွင့်ပေးခဲ့တယ်၊ နောက်ပိုင်းမှာ ပထမမျိုးဆက် နတ်ဘုရားကြီးတွေ တစ်ပါးပြီးတစ်ပါးပျောက်ကွယ်သွားကြပြီး ဒုတိယမျိုးဆက်နတ်ဘုရားတွေကို ကောင်းကင်တာအိုကအသက်သွင်းပေးခဲ့တယ်၊ သူတို့က လူ့ပြည်လောကမှာ မကောင်းမှုကိုနှိမ်နင်းပြီး ကောင်းမှုကိုမြှင့်တင်ပေးတယ်၊ လောကကြီးရဲ့ စည်းမျဉ်းတွေကိုထိန်းသိမ်းပေးခဲ့တယ်၊ နောက်ပိုင်းမှာ ဒုတိယမျိုးဆက်နတ်ဘုရားတွေလည်းပျောက်ကွယ်သွားကြပြီး နှစ်ပေါင်းတစ်သောင်းလောက် နတ်ဘုရားတွေမရှိတော့ဘူး၊ နောက်ပိုင်းမှာ အင်မော်တယ်ကျင့်ကြံသူတစ်စုကောင်းကင်ဘုံကိုတက်ရောက်သွားနိုင်ရင်တောင် သူတိုကို နတ်ဘုရားလိုမခေါ်နိုင်ဘဲအင်မော်တယ်လိုပဲခေါ်ကြရတယ်"

ကျီချောင်ချင်သည် ကျောက်ရုပ်တုပေါ်မှဖုန်မှုန့်များကိုသုတ်ဖယ်လိုက်သည်။

"သူက ချီပိုင်... ဒုတိယမျိုးဆက် နတ်ဘုရားပဲ၊ ကျွန်မ ငယ်ငယ်တုန်းက သူ ကျွန်မကိုတစ်ခါကယ်ဖူးတယ်"

ရှန်ကျွင်းက ပြောလာသည်။

"ပျောက်ကွယ်သွားပြီးသား နတ်ဘုရားတစ်ပါးမှာ နတ်ဘုရားစွမ်းအားရှိနေသေးတယ်ဆိုတာ မဖြစ်နိုင်ဘူး"

နတ်ဘုရားတစ်ပါး ပျောက်ကွယ်သွားသည့်အခါ သူ၏တန်ခိုးစွမ်းအားများသည် လောကကြီးထဲတွင် ပျံ့လွင့်သွားပြီး လူ့ပြည်ကရုပ်တုများမှာလည်း စွမ်းအားမရှိကြတော့ပေ။ သိုသော် နေ့တိုင်း ရိုရိုသေသေဒူးထောက်ကိုးကွယ်မည်ဆိုလျှင် ကျောက်ရုပ်တုကတန်ခိုးစွမ်းအားအနည်းငယ်ကိုထိန်းသိမ်းထားနိုင်သည်။ သိုသော် တန်ခိုးစွမ်းအားကသိပ်မကြီးမားနိုင်ချေ။ တုယွဲလိုပင်... နတ်ဘုရားစွမ်းအားနည်းနည်းလေးသာရှိနိုင်ပြီး နတ်ဘုရားစစ်စစ်နှင့်တော့ ဘယ်တော့မှတူနိုင်မှာမဟုတ်ပေ။

ထိုကြောင့်လူများသည် သဘာဝကျစွာ သူ့ကိုစွန့်ပစ်လိုက်ပြီး တခြားကျောက်ရုပ်တုကို အစားထိုးလိုက်ကြသည်။ ယခင်ကရှိခဲ့သော နတ်ဘုရားရုပ်တု၏ အသက်ကိုငြိမ်းသတ်လိုက်ကြသည်ဟုပင် ပြောနိုင်သည်။

"ကျွန်မ ငယ်ငယ်တုန်းက ကိစ္စတွေကို သိပ်မမှတ်မိတော့ပါဘူး၊ စိတ်ထင်လိုဖြစ်မှာပါ"

ကျီချောင်ချင် အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ချန်ဇယ်... ထွက်ခဲ့တော့"

ချန်ဇယ်သည် ထောင့်တစ်နေရာမှထွက်လာပြီး ကျီချောင်ချင်ကိုဦးညွှတ်လိုက်သည်။

"အသက်ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်မိန်းကလေး"

ကျီချောင်ချင်က ပြောသည်။

🍃 Chapter 50

"အကုန်ပြီးသွားပါပြီ၊ လင်းကျင်းက ဒီဘက်က အခြေအနေအကုန်လုံးကို ဧကရာဇ်ကျီချန်သဲဆီလွှပေးလိုက်ပြီ၊ ကျီချန်သဲနဲ့ဝန်ကြီးတွေလည်း ဒီကိစ္စရဲ့ အကြောင်းစုံကိုသိနေလောက်ပြီလို ကျွန်မယုံတယ်၊ မြိုတော်ကိုပြန်ပြီးသတင်းသွားပိုချေ၊ ကျွန်မမှာ လုပ်စရာကိစ္စတွေရှိသေးတယ်"

ချန်ဇယ် နေရာမှမရွေ့ပေ။ ကျီချောင်ချင် မေးခွန်းထုတ်ရန်ပြင်လိုက်စဉ်မှာပင် အဝေးမှခေါ်သံကိုကြားလိုက်ရသည်။

"မိန်းကလေးရှန်!"

သူမလှည့်ကြည့်လိုက်ရာ ကုကျိုးမြိုပြင်တွင် ကျန်ရစ်နေသင့်သောအစောင့်များသည် သူမရှိရာသို ပြေးလာနေသည်ကိုတွေ့လိုက်ရသည်။ လူငယ်အုပ်စုကြီးသည် ကျီချောင်ချင်နှင့်ရှန်ကျွင်းကို ဝိုင်းရံလိုက်ကြသည်။ ချန်ဇယ်သည် မတ်မတ်ရပ်နေသော်လည်း ခေါင်းငုံထားသည်။

"မိန်းကလေးရှန်... သူတိုက လာကူညီကြတာပါ"

ကျီချောင်ချင် အနည်းငယ်အံ့သြသွားပြီး မျက်နှာထားတည်သွားသည်။

"ငါ မထွက်ခွာခင်တုန်းက ဘာအမိန့်ပေးခဲ့လဲ"

ချန်ဇယ် ချက်ချင်းပြန်ဖြေသည်။

"နေရာမှာပဲနေဖိုနဲ့ ကိုယ့်သဘောနဲ့ကိုယ်မလှုပ်ရှားဖိုပါ!"

"အခု ဘာလုပ်နေကြတာလဲ!"

ချန်ဇယ် ချက်ချင်း ဒူးထောက်လိုက်သည်။

"ဒါ ကျွန်တော့်ရဲ့ တာဝန်ပေါ့လျော့မှုပါ!"

အခြား အစောင့်များလည်းဒူးထောက်လိုက်ကြသည်။

"မိန်းကလေးရှန်... မိန်းကလေး မသိလောက်ဘူး၊ ကုကျိုးမြိုပြင်မှာ ရုတ်တရက်လေအေးတွေ တိုက်ခတ်လာတယ်၊ ဒါကြောင့် အတွင်းဘက်မှာ တစ်ခုခုဖြစ်နေပြီဆိုတာ ကျွန်တော်တိုခန့်မှန်းမိလိုက်တာ၊ ကုကျိုးမြိုက နေရာတိုင်းအန္တရာယ်ရှိတယ်၊ မိန်းကလေး တစ်ယောက်တည်းထွက်သွားပြီး ကျွန်တော်တိုကိုဧည့်ဂေဟာမှာ တစ်နေကုန်အနားယူခိုင်းထားရင် တိုင်းပြည်ကိုကာကွယ်တဲ့နန်းတွင်းကိုယ်ရံတော်တွေဖြစ်တဲ့ကျွန်တော်တိုက ဘာအသုံးကျတော့မှာလဲ"

"ဟုတ်တယ် မိန်းကလေးရှန်... ကျွန်တော်တို အကုန် ကြားပြီးပြီ၊ အဲဒီနေ့တုန်းက မိန်းကလေးက ကျားမိစ္ဆာကို လက်တစ်ချက်တည်းနဲ့သတ်လိုက်တာလေ၊ တကယ်အံ့သြစရာကောင်းလိုက်တာ! ကျွန်တော်တိုအားလုံး မိန်းကလေးကိုယုံကြည်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တိုကိုလည်းယုံကြည်ပေးပါ!"

"မိန်းကလေးရှန် ... ကျွန်တော့်မိသားစုက မိစ္ဆာနှိမ်နင်းသူတွေပါ၊ ကျွန်တော်တိုကူညီနိုင်ပါတယ်!"

အစောင့်အားလုံး၏မျက်နှာတွင် မျှော်လင့်ချက်များနှင့် ရိုးသားမှုများပြည့်နှက်နေသည်။ သူတိုသည် ကျီချောင်ချင်ကို အလယ်တွင်ထားကာ ဝိုင်းရံကာကွယ်ပေးထားကြသည်။ ရှန်ကျွင်း၏အကူအညီဖြင့် ကျီချောင်ချင် ဖြည်းညှင်းစွာမတ်တတ်ရပ်လိုက်ပြီး လူတိုင်း၏မျက်နှာကိုဝေ့ဝဲကြည့်လိုက်သည်။

ထိုအချိန်မှာ ရှန်ကျွင်းက တည်ငြိမ်စွာပြောလိုက်သည်။

"သူတိုကို လိုက်ခွင့်ပြုလိုက်ပါ"

ကုဖေးရန် သေဆုံးသွားပြီဖြစ်ပြီး ကျန်ရှိနေသော မကောင်းဆိုးဝါးအငွေ့အသက်များမှလွဲပါက ကုကျိုးမြိုမှာ မည်သည့်အန္တရာယ်မှမရှိတော့ပေ။

ကျီချောင်ချင်၏ခေါင်းထဲတွင် အတွေးပေါင်းများစွာ ဝင်ရောက်လာသော်လည်း အဆုံးတွင်ခေါင်းညိတ်လိုက်သည်။

"အားလုံး အတူတူသွားကြမယ်၊ ဘယ်သူမှတစ်ယောက် တည်းမလှုပ်ရှားရဘူး"

လူတိုင်း သဘောတူလိုက်ကြသည်။

ကျီချောင်ချင်က ဆက်ပြောသည်။

"ငါ မမှားဘူးဆိုရင် ကုဖေးရန်ရဲ့ဝိညာဉ်စွမ်းအားက သူကိုယ်တိုင် ကျင့်ကြံထားတာမဟုတ်ဘဲ နောက်ပိုင်းမှ သူများဆီကလုယူထားတာဖြစ်ရမယ်၊ ကုကျိုးမြိုထဲမှာ အကျဉ်းထောင်ရှိမရှိသွားရှာကြ"

လူတိုင်း စုံစမ်းစစ်ဆေးရန်လူစုခွဲသွားကြပြီး ကျီချောင်ချင်နှင့် ရှန်ကျွင်းသာကျန်ရစ်ခဲ့သည်။

ထိုစဉ် ကျီချောင်ချင်က ပြောလိုက်သည်။

"ရှင်လည်း ရိပ်မိတယ်မလား"

ရှန်ကျွင်း တိတ်ဆိတ်နေသည်။ ကျီချောင်ချင်က

မရယ်ဘဲမနေနိုင်တော့ပေ။

"မြို့တော်ကို ပြန်ကြစို့"

နေရောင်ခြည်သည် လမ်းမပေါ်တွင်တောက်ပစွာဖြာကျနေသည်။ ကျီချောင်ချင် မြို့တော်သို့ပြန်ရန် အလျင်မလိုပေ။ ဆောင်းဦးပန်းများအပြည့်ပွင့်လန်းနေပြီး လေပြေထဲတွင်သစ်သီးနံ့သင်းသင်းလေးများ ပါလာသည်။ ကျီ‌‌ချောင်ချင်သည် မြင်းနှစ်ကောင်ရှာပြီးလမ်းတစ်လျှောက် အေးအေး လူလူလျှောက်လာခဲ့သည်။ မြက်ပင်တစ်ပင်သည် သူမ၏နှုတ် ခမ်းကြားတွင်တွဲလောင်းကျနေသည်။ သူမသည် မရည်ရွယ်သည့်အလား နဘေးရှိ ရှန်ကျွင်းကိုပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်သည်။

ရှန်ကျွင်းသည်မြင်းစီးနေလျက် အဝေးတစ်နေရာကို ငေးကြည့်နေသည်မှာ ကောင်းကင်ကြီးကိုကြည့်နေသလိုထင်ရပြီး သူ့မျက်၀န်းများထဲတွင် အရာအားလုံးရှိနေသည့်အလားထင်ရသော်လည်း ဘာမှမရှိသည်ဟုလည်းထင်ယောင်မိကာ ရည်ရွယ်ချက်မဲ့နေပုံရပြီး လောကကြီးနှင့်ကင်းကွာနေသော အငွေ့အသက်မျိုးထွက်ပေါ်နေသည်။

သူသည် အတိတ်ကိုမမှတ်မိ၊ ကိုယ့်ဇာစ်မြစ်ကိုမသိပဲ၊ ဤလောကကြီးထဲမှာ သူဘာလုပ်ရမယ်ဆိုတာလည်းမသိသလို အမှားအမှန်မခွဲခြားနိုင်ဘဲ လမ်းပျောက်နေသည့်လူတစ်ယောက်ပမာတစ်ယောက်တည်း စမ်းတဝါးဝါးလျှောက်လှမ်းရုံကလွဲပြီး အခြားဘာမှမတတ်နိုင်ရှာပေ။ သူ ယခုလိုတွေဝေငေးငိုင်နေပုံမှာ ကြည့်နေရသူပင်နာကျင်မိသည်။

ကျီချောင်ချင် မြင်းကျောကုန်းပေါ်လှဲအိပ်လိုက်ပြီး

ပုံမှန်မဟုတ်ဘဲ အတိတ်ကအမှတ်တရဟောင်းတချို့ကို ပြန်ပြောင်းသတိရလိုက်မိသည်။

"ရှန်ကျွင်း... ကျွန်မ ရှင့်ကို နီကျားပုံပြင်ပြောပြဖူးတာမှတ်မိလား၊ ပြန်နားထောင်ချင်လား"

ရှန်ကျွင်းလှည့်ကြည့်လိုက်ပြီး သူမ၏အနေအထားကိုမြင်သောအခါ သူ့မျက်နှာထားအေးစက်သွားသည်။

"သေချာထိုင်"

ကျီချောင်ချင် သူ့စကားကိုလျစ်လျူရှုလိုက်ပြီး ဆက်ပြောသည်။

"နတ်ဆိုးချေမှုန်းရေးစစ်ပွဲက နှစ်တစ်ရာလောက်ကြာခဲ့တယ်၊ စစ်တပ်စခန်းတွေထဲမှာ မွေးဖွားကြီးပြင်းလာတဲ့ကလေးတွေကအရမ်းများလွန်းတယ်"

"အဲဒီစစ်တပ်စခန်းတွေထဲမှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ရှိတယ်၊ သူ့အဖေနဲ့လူကြီးတွေက သူ့ကိုစစ်မြေပြင်ဆီခေါ်သွားကြတယ်၊ သူ ပထမဆုံးပြောတတ်တဲ့စကားလုံးက "သတ်"တဲ့... ရန်သူတွေနဲ့ သစ္စာဖောက်တွေအားလုံးကိုသတ်ဖို့ပေါ့"

"နောက်ပိုင်း အဲဒီကလေးကြီးပြင်းလာပြီး ၁၅နှစ်အရွယ် ရောက်တော့ လူငယ်သဘာဝအတိုင်း တက်ကြွပြီးမာနကြီးတဲ့အရွယ်ပေါ့၊ သူက ငယ်ရွယ်ပြီး မဆင်မခြင်လုပ်တတ်တယ်၊ ထိန်းချုပ်ရခက်တယ်၊ လူကြီးတွေကကာကွယ်ပေးထားပြီး ဆရာကလည်း ကျောထောက်နောက်ခံပေးထားတော့ သူကရဲရဲတင်းတင်းပဲ နတ်ဆိုးတွေရဲ့စခန်းထဲတစ်ယောက်တည်းဝင်ပြီး ဂိုဏ်းတူမောင်နှမတွေကို ကယ်ထုတ်တယ်၊ နတ်ဆိုးတွေရဲ့ နောက်တန်း ထောက်ပံ့ရေးစခန်းကိုတောင်မီးရှို့ရဲတယ်၊ တကယ့်ကို မွေးကင်းစနွားပေါက်က ကျားကိုမကြောက် ဆိုတာအဲဒါမျိုးပဲ"

"အဲဒီတုန်းက သူက ကလေးတွေအားလုံးရဲ့ ခေါင်းဆောင်ပဲ၊ အားလုံးကသူ့ကိုအားကျကြတယ်၊ တစ်ခါက မိစ္ဆာတွေကရုတ်တရက်ဝင်တိုက်ခိုက်တော့ ဂိုဏ်းတွေအကုန်လုံးအထိနာကုန်ကြတယ်၊ လူကြီးတွေအများကြီးသေကုန်တယ်၊ အရည်အချင်းရှိတဲ့ လူငယ်တချို့က အဲဒီကလေးကိုလာရှာပြီး လက်စားချေချင်တယ်လို့ပြောကြတယ်၊ သူက သဘောတူလိုက်တာပေါ့"

ရှန်ကျွင်း၏အကြည့်များသည် ကျီချောင်ချင်အပေါ်သို့ကျရောက်သွားသည်။ ကျီချောင်ချင်၏မျက်နှာအမူအရာသည် တောက်ပတက်ကြွနေသလိုလို အလွန်ရက်စက်ကြမ်းကြုတ်နေသလိုလို၊ လှောင်ပြောင်နေသလိုလိုနှင့် တစ်ခါတစ်ရံရက်စက်တတ်သည့်ပုံစံမျိုးဖြစ်နေသည်။ အတိတ်အကြောင်းကိုပြောပြနေသဖြင့် သူမ၏မျက်နှာသည် ယခင်ကကဲ့သို့ခံစားချက်မဲ့မနေဘဲ ထူးခြားနေသည်။

ကျီချောင်ချင်သည် ချန်ဝမ်ရှန်းနှင့်အခြားသူများကို ဦးဆောင်ပြီး ရန်သူ၏နောက်တန်းစခန်းကိုဝင်ရောက်တိုက်ခိုက်ကာ ပိုက်ဆံနှင့်အစားအစာ အမြောက်အမြားကိုသိမ်းပိုက်ခဲ့သည်။ ပြန်မသယ်နိုင်သည့်အရာများကိုမီးရှို့ပစ်ခဲ့သည်။ ပြန်ထွက်လာချိန် သူတို့အားလုံးပေါင်းပြီး မိစ္ဆာစစ်ဗိုလ်ချုပ်ကို သတ်ဖြတ်ခဲ့ကြသည်။ မိစ္ဆာစခန်းတစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးပြီး တစ္ဆေအများအပြားကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့ကြသည်။ မရေမတွက်နိုင်သောတစ္ဆေကောင်များသည် ကျီချောင်ချင်နှင့် သူမ၏အပေါင်းအပါများရဲ့ ဓားချက်အောက်တွင် သေဆုံးခဲ့ရသည်။

ကျီချောင်ချင် နောက်လိုက်သည့်လူငယ်များသည် သိုင်းပညာကျွမ်းကျင်ကြသလိုဉာဏ်ကောင်းကြကာ အရေးအကြီးဆုံးအချက်မှာစကားအလွန်နားထောင်ကြသည်။ ကျီချောင်ချင်ကပြန်မည်ဟုပြောလျှင် သူတို့ကလုံးဝတုံ့ဆိုင်းမနေကြပေ။ ဤလူငယ်များသည် မိစ္ဆာ၊ သရဲ၊ နတ်ဆိုး မျိုးနွယ်စု သုံးခုကြားမှာ ပရမ်းပတာဖြစ်အောင်လုပ်ခဲ့ပြီး အထိအခိုက်မရှိပြန်လွတ်မြောက်လာနိုင်ခဲ့ကြသည်။ သို့သော် သူတို့

မမျှော်လင့်ထားသောကိစ္စတစ်ခုဖြစ်လာခဲ့သည်။ ကျီချောင်ချင်နှင့်အခြားလူငယ်များ ကျင့်ကြံရေးဂိုဏ်းဆီပြန်ရောက်သည့်အခါ အောင်ပွဲခံရမည့်အစား လူကြီးများ၏မေးခွန်းထုတ်တာကိုခံလိုက်ရသည်။

"ဘာလို့ မင်းတို့နှစ်ယောက်ပဲ ပြန်ပါလာတာလဲ၊ ငါ့ကလေးတွေ ဘယ်ရောက်ကုန်ပြီလဲ"

"ကျီချောင်ချင်... နင် ဘာလို့ သူတို့ကိုနတ်ဆိုး နယ်မြေထဲခေါ်သွားတာလဲ၊ နင့်ကိုယ်နင် အရမ်းတော်တယ်ထင်နေတာလား၊ အရာအားလုံးလုပ်နိုင်တယ် ထင်နေတာလား၊ ငါ့ကလေးတွေသာသေသွားရင် နင့်ကိုငါသတ်ပစ်မယ်!"

"တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ"

"ကလေးတွေ အန္တရာယ်ကြုံနေလောက်ပြီ၊ မဖြစ်ဘူး... ငါ မိစ္ဆာနယ်မြေထဲသွားကြည့်မှဖြစ်မယ်"

ကျီချောင်ချင်သည် ကြောင်အမ်းပြီးဘာလုပ်ရမှန်းမသိတော့ပေ။ သူမ ဖြစ်စဉ်တစ်ခုလုံးကို နားမလည်ခင်မှာပင်အဖမ်းခံလိုက်ရသည်။ အမှန်တွင် လူငယ်များ သူမကိုလာရှာကြစဉ် သူတိုဘယ်သွားမလဲဆိုတာ ပေါက်ကြားသွားခဲ့သည်။ တခြားကလေးများကလည်း သူတိုကိုသတိထားမိလိုက်သည်။ သူတို၏ကျင့်ကြံမှုအဆင့်ကမမြင့်သော်လည်း သူတိုလည်း လက်စားချေချင်ကြသည်။ လူကြီးများကိုပြောပါကလည်း ဘယ်တော့မှလိုက်ခွင့်ရမှာမဟုတ်ဘူးဆိုတာ သိနေသဖြင့် သူတိုကတိတ်တဆိတ်ပင် နောက်ကလိုက်သွားခဲ့ကြသည်။

ကျီချောင်ချင်ကအလွန်အစွမ်းထက်ပြီး သူမနှင့် ရင်းနှီးသောအပေါင်းအပါများကလည်းအလွန်တော်ကြသည်။ ဂိုဏ်းကလူကြီးများကလည်း သူမတိုကို အမြဲချီးကျူးနေကြသဖြင့် လူငယ်ကြားမှာ အထင်အမြင်လွဲမှားမှုတစ်ခုဖြစ်သွားသည်။ ကျီချောင်ချင်ကယုံကြည်အားကိုးရတယ်၊ သူ့နောက် တိတ်တဆိတ်လိုက်သွားရင်ဘေးကင်းလောက်တယ်ဆိုပြီးပေါ့...ကျီချောင်ချင်က မဖြစ်နိုင်တဲ့အံ့ဖွယ်အမှုတွေကိုလုပ်ပြဖူးတယ်ဆိုတော့ သူတိုလည်းလုပ်နိုင်လောက်တယ်လိုတွေးမိကြတယ်...

လူငယ်များတစ်ယောက်ပြီးတစ်ယောက် တိုးတိုးတိတ်တိတ်တိုင်ပင်ကြသည်။ သူတိုလည်း သူရဲကောင်းဖြစ်ချင်ကြသည်။ ကြီးကျယ်သည့်ကိစ္စများကိုလုပ်ချင်ကြသည်။ သူတိုအစီအစဉ်ကို မည်သူ့ကိုမှအသိမပေးဘဲလျှိဝှက်ထားကြကာ ကလေးဆန်ပြီးရယ်စရာကောင်းသောစစ်ဆင်ရေးတစ်ခုကို စီစဉ်နေကြမှန်းမည်သူမှမသိကြပေ။

ပါးစပ်ကပြောရုံလောက်သာဆို ကိစ္စမရှိသော်လည်း သူတိုကတကယ်လုပ်ခဲ့ကြသည်။

ထိုသည်မှာ တကယ့်ကပ်ဘေးကြီးအစပင်။

All Chapters