← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

🍃 Chapter 65

"ထွက်သွားစမ်း၊ ခွေးမသားလေး!"

သေးငယ်လွန်းသေးသောကောင်လေးသည် သန်မာထွားကျိုင်းသောအကျဉ်းသား၏ကန်ချက်ကြောင့် အချုပ်ခန်းတံခါးသံတိုင်များနှင့်ဆောင့်မိပြီးနောက် ရေဆိုးမြောင်းထဲသို အရှိန်ပြင်းစွာကျသွားလေသည်။

အကျဉ်းသားက သူ့ကို ထပ်မံရိုက်နှက်ရန်ပြင်နေသည်ကိုမြင်သောအခါ သူသည် သေးငယ်ပိန်လှီသောခန္ဓာကိုယ်ကိုအသုံးပြု၍ အချုပ်ခန်းတံခါးကြားမှတိုးထွက်လိုက်သည်။ အကျဉ်းသားသည် သူ့ကို ဖမ်းမမိတော့သဖြင့် ညည်းညူလျက်ပြန်အိပ်သွားလေသည်။

ကောင်လေးသည် လက်ချောင်းများပေါ်ရှိသွေးများကို ခံစားချက်မဲ့စွာလျက်လိုက်ပြီး ရှေ့ဆက်လျှောက်ရန်ပြင်လိုက်စဉ် တစ်စုံတစ်ခုကိုအာရုံခံမိသဖြင့် ထောင့်တစ်နေရာတွင် အမြန်ဝင်ပုန်းလိုက်သည်။

အစောင့်အများအပြားဖြတ်သွားပြီးနောက် သူ ပြန်ထွက်လာပြီး ပိုမိုမှောင်မိုက်သောနေရာသိုလျှောက်သွားလိုက်သည်။ ထိုနေရာတွင် အစောင့်တစ်ဦးက ခွေးတစ်ကောင်မွေးထားပြီး သူ အလွန်ဆာလောင်လာသောအခါ ထိုခွေးနှင့်အတူ ခွေးစာသွားစားလေ့ရှိသည်။

အမှောင်ထဲတွင် ခွေးသည် ကောင်လေးကိုချဉ်းကပ်ရဲခြင်းမရှိပေ။ သူ လာနေသည်ကိုမြင်သည်နှင့် အမြီးကုပ်ကာ အရိပ်ထဲသိုဝင်သွားလေသည်။ ကောင်လေးသည် ခွေးစာခွက်ကိုကောက်ယူပြီး အငမ်းမရစားသောက်လိုက်သည်။

ထိုအချိန်တွင် အသံတစ်သံကြားလိုက်ရသည်။

"ဟေ့ ဟိုကလေး... ဒီနေရာက ဘယ်နေရာလဲ"

အသံမှာ သန့်ရှင်းလှသလို၊ နူးညံ့လှပြီးချိုသာလွန်းလှသည်။ ကောင်လေးသည် သူ၏လက်ထဲမှထမင်းကို မသိစိတ်ဖြင့်ဝှက်လိုက်ပြီး လှည့်ကြည့်လိုက်ရာ အပြာရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။

သူမ၏ ဆံပင်ကို နားထင်ဘေးတွင် လှပစွာကျစ်ထားပြီး ပြတင်းပေါက်ဘောင်ပေါ်တွင်ထိုင်ကာ သူ့ကိုပြုံးပြနေသည်မှာ လူလောကမှမဟုတ်သည့်အလား လှပလွန်းလှသည်။ ဤသူကား ချန်ချင်ဂိုဏ်းမှထွက်ပြေးလာသော ချန်ကျင်းကျစ်ဖြစ်ပေသည်။

သူသည်လည်း တိုတောင်းစွာပြန်ဖြေသည်။

"ကောင်းကင်အကျဉ်းထောင်"

ချန်ကျင်းကျစ်သည် ပြတင်းပေါက်မှခုန်ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်သည်။ ထိုနောက် ကောင်လေးကိုကြည့်လိုက်ချိန် သူ့ဒဏ်ရာများကိုသတိထားမိသွားသည်။

"နင် ဒဏ်ရာရထားတာပဲ!"

သူမ လက်ကိုမြှောက်လိုက်ရာ ကောင်လေးမှာသူ့ကို ရိုက်တော့မည်ထင်၍ ခေါင်းကိုလက်ဖြင့်အုပ်ကာ ကာကွယ်လိုက်မိသည်။ သိုသော် မမျှော်လင့်သော နွေးထွေးမှုကိုသာခံစားလိုက်ရသည်။

ချန်ကျင်းကျစ်သည် ဝိညာဉ်စွမ်းအင်ကိုအသုံးပြု၍ သူ့ဒဏ်ရာများကိုကုသပေးပြီး သန့်စင်ခြင်းဂါထာဖြင့် သူ့တစ်ကိုယ်လုံးကိုသန့်စင်ပေးလိုက်ကာ အဝတ်အစားများပါလဲလှယ်ပေးလိုက်သည်။

"ကျေးဇူးတင်စရာမလိုပါဘူး၊ ငါတိုကျင့်ကြံသူတွေက... အဟွတ်... ဘာမှပြန်ပေးဆပ်စရာမလိုဘူး! ကလေး... နင့်မိသားစုဘယ်မှာလဲ၊ ငါ နင့်ကိုပြန်ပိုပေးမယ်၊ ဒီနေရာက အငြိုးအာဃာဂတွေ အရမ်းများလွန်းတယ်၊ နင် ဒီမှာကြာကြာနေရင်ဖျားလိမ့်မယ်!"

ကောင်လေးသည် ချန်ကျင်းကျစ်ကို တစ်ခါမှမမြင်ဖူးသော်လည်း ထောင်ပြတင်းပေါက်မှဝင်လာသော နေရောင် ခြည်ကဲ့သိုဖြူစင်ပြီး ပေါ့ပါးလွတ်လပ်သည်ဟုခံစားရကာ စိတ်ဝင်စားသွားမိသည်။ သိုသော် နေရောင်ခြည်သည် ဤထောင်နှင့်ဘယ်သောအခါမျှမသက်ဆိုင်ကြောင်းလည်း သူသိနေသည်။

ကောင်လေးသည် ထောင်ထဲတွင်နေလာသည်မှာ ကြာပြီဖြစ်၍ ထိုကဲ့သိုသောလူမျိုးများသည် စိတ်သဘောထားအနူးညံ့ဆုံးဖြစ်ပြီး ရက်အနည်းငယ်ပင်မခံဘဲ အသတ်ခံရလေ့ရှိကြောင်းသိထားသည်။ သိုသော် ၎င်းကမတူပေ၊ သူမသည် အလွန်စွမ်းအားကြီးပုံရသည်။

သိုသော် ထိုသည်မှာသူနှင့်မသက်ဆိုင်ပေ။ သူသည် ထွက်သွားဖိုစိတ်မဝင်စားသည့်အပြင် သူမနှင့် စကားပြောရန်လည်းစိတ်မဝင်စားပေ။ သူ အသက်ရှင်ချင်ရုံသာရှိသည်။ သူ ထွက်သွားရန်ကြိုးစားသော်လည်း ချန်ကျင်းကျစ်ကတားဆီးလိုက်သည်။ သူမ မည်သည့်စကားမှမပြောဘဲ သူ့ကိုထောင်ထဲမှ ခေါ်ထုတ်သွားလေသည်။ သူ့မျိုးရိုးကိုသိရှိပြီးနောက် သူမက သူ့ကိုနန်းတော်သိုပိုပေးခဲ့သည်။

ကျင့်ကြံသူဖြစ်သောချန်ကျင်းကျစ်သည် အပြစ်ကင်းစင်သောအလှတရားကို ပိုင်ဆိုင်ထားပြီး လူသားကမ္ဘာမှမည်သည့်အမျိုးသမီးမျှ သူမကိုယှဉ်နိုင်ခြင်းမရှိပေ။ ဧကရာဇ်အိုကြီးသည် သူမကို မြင်မြင်ချင်းသဘောကျသွားသည်။

သို့သော် ချန်ကျင်းကျစ်သည် အလွန်ရိုးအလွန်းအားကြီးသည်။ သူမသည် ကိုယ်ပိုင်စွမ်းရည်ဖြင့် မဟာကျီတိုင်းပြည်တွင် ရပ်တည်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

ဧကရာဇ်အိုကြီးသည် သူ့သားကိုအရေးမလုပ်သော်လည်း ချန်ကျင်းကျစ်ကိုထိန်းချုပ်ရန်အတွက် ထိုကောင်လေးကိုအသုံးချခဲ့ပြီး နာမည်ပေးရန်ပင် ကမ်းလှမ်းခဲ့သည်။

ကျီချန်သဲ ဆိုသည့်နာမည်တွင်... 'ကျီ' ဆိုသည်သည်မှာ မင်းမျိုးမင်းနွယ်နာမည်ဖြစ်ပြီး 'ချန်' ဆိုသည်မှာ သူ့မိသားစု၏နာမည်ဖြစ်ကာ 'သဲ' ဆိုသောစကားလုံးမှာ ချန်ကျင်းကျစ်ကိုယ်တိုင်ပေးထားသောနာမည်ဖြစ်သည်။

ကျီချန်သဲသည် နန်းတော်ထဲတွင်ဆက်လက် လျစ်လျူရှုခံရပြီး အနိုင်ကျင့်ခံခဲ့ရသည်။ သူ အသက်ဆယ်နှစ်ရှိပြီဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာအာဟာရပြတ်လပ်မှုကြောင့် ခြောက်နှစ်သားအရွယ်လောက်သာ ရှိသည်ဟုထင်ရသည်။

ကျီချန်သဲသည် သူ့ဘဝတစ်လျှောက်လုံး ဤကဲ့သို့ပင် နေထိုင်သွားရမည်ဟုထင်ခဲ့သည်။ အဘယ်ကြောင့် အသက်ရှင်နေရသလဲ၊ အဘယ့်ကြောင့်သေရမှာလဲဆိုတာ သူမသိပေ။ သူသည် မေးခွန်းထုတ်လေ့မရှိသလို ရှင်သန်လိုစိတ်မှလွဲ၍ အခြားဆန္ဒမရှိခဲ့ပေ။

တစ်နေ့တွင် အခြားမင်းသားများ၏ အနိုင်ကျင့်ခြင်းကိုခံနေရစဉ် ချန်ကျင်းကျစ်နှင့်တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် ချန်ကျင်းကျစ်သည် နန်းတော်ထဲသို့ လွတ်လပ်စွာဝင်ထွက်ခွင့်ရှိသော မိန်းမပျိုတစ်ဦးဖြစ်နေသည်။

သူမ ဒေါသထွက်နေသော်လည်း ကျီချန်သဲကို သူမ၏ ရင်ခွင်ထဲတွင်ကာကွယ်ပေးထားသည်။ ကျီချန်သဲသည် ဤမျှနူးညံ့ပြီး မွှေးကြိုင်သော လူသားတစ်ဦးကို တစ်ခါမှမထိတွေ့ဖူးပေ။ သူမ၏ပွေ့ဖက်ထားမှုအောက်တွင် ငြိမ်သက်စွာခိုလှုံနေမိပြီး ယခင်က သူတစ်ခါမှမခံစားဖူးသော တုန်လှုပ်မှုတစ်ခုသည် သူ့ရင်ထဲတွင် တိတ်တဆိတ်ပေါ်ပွားလာသည်။

မည်သူမျှ သူ့ကို တစ်ခါမှမပွေ့ဖက်ဖူးသည့်အပြင် မည်သူမျှ သူ့ဘက်ကရပ်တည်မပေးဖူးကြပေ။ ၎င်းတို့အားလုံးသည် သူ့ကိုအထင်သေးသော မျက်လုံးများဖြင့်သာကြည့်လေ့ရှိသည်။ ပထမဆုံးအကြိမ်အဖြစ် ကျီချန်သဲသည် သူ့ကိုပွေ့ဖက်ထားသော လူနှင့်အတူ ထာဝရနေထိုင်ချင်သောဆန္ဒပေါ်လာမိသည်။

ချန်ကျင်းကျစ်သည် ကျီချန်သဲကို သူမ၏နေအိမ်သို့ ခေါ်သွားပြီး နေ့တိုင်းစောင့်ရှောက်ပေးခဲ့သည်။ သူမသည် သူ့ကိုကဗျာ၊ စာပေ၊ မှော်ပညာနှင့် လောကီရေးရာများကိုသင်ကြားပေးပြီး ယဉ်ကျေးသိမ်မွေ့ကာ ဗဟုသုတပြည့်စုံသောလူတစ်ယောက် ဖြစ်လာစေရန်မျှော်လင့်ခဲ့သည်။

ကျီချန်သဲသည် ကဗျာနှင့်စာပေကို စိတ်မဝင်စားသလို လူကောင်းဖြစ်ရမည်ဆိုသော အကြံဉာဏ်ကိုလည်းသရော်ခဲ့သည်။ သူသည် ကျင့်ကြံခြင်းကိုသာ နှစ်သက်ပြီး သတ်ဖြတ်ခြင်းကသာ သူ့ကို စိတ်လှုပ်ရှားမှုပေးစွမ်းနိုင်သည်။ သို့သော် သူ မငြင်းဆန်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ချန်ကျင်းကျစ်က ထိုအရာကိုနှစ်သက်သောကြောင့်ပင်။

ကျီချန်သဲသည် ချန်ကျင်းကျစ် နှစ်သက်သော လူတစ်ယောက်ဖြစ်လာစေရန် သူနှစ်သက်သော လမ်းစဉ်ကိုစွန့်လွှတ်ခဲ့သည်။ သူသည် သုံးနှစ်အတွင်း အနုပညာလေးရပ်ကိုကျွမ်းကျင်လာပြီး နိုင်ငံရေးကိုကြိုးစားလေ့လာကာ သူ၏ ရက်စက်ကြမ်းကြုတ်သော သွေးဆာသည့်သဘာဝကို ဖုံးကွယ်ထားနိုင်လိုက်သဖြင့် လူတိုင်းကသူ့ကို လူကြီးလူ ကောင်းတစ်ယောက်ဟု ထင်မှတ်လာကြသည်။

သို့သော် သူသည် အန္တရာယ်ကင်းသောလူကောင်းတစ်ယောက်ဖြစ်ကြောင်း လူတိုင်းယုံကြည်စေရန် ကြိုးစားခဲ့သော်လည်း ဧကရာဇ်အိုကြီးသည် သူ့ဆရာကို ယူဆောင်သွားရန်ကြိုးစားနေဆဲပင်။

ချန်ကျင်းကျစ်သည် ရိုးအလွန်းသည်။ အကယ်၍သာသူမတွင် စွမ်းအားကြီးမားသော ကျင့်ကြံစွမ်းအားမရှိခဲ့လျှင် အရိုးပင်မကျန်တော့လောက်အောင် အဝါးမျိုခံရပြီးဖြစ်လိမ့်မည်။ ထိုနေ့တွင် ဧကရာဇ်အိုကြီးသည် သည်းမခံနိုင်တော့သဖြင့် ချန်ကျင်းကျစ်အား လက်ဖက်ရည်သောက်ရန်ဖိတ်ကြားကာ ချန်ကျင်းကျစ်သည်လည်း ဧကရာဇ်ပို့လိုက်သောလက်ဖက်ရည်ကို သံသယမရှိသောက်ခဲ့မိသည်။

ထိုနေ့တွင် ကျီချန်သဲသည် သူ့ဖခင်ကို ပထမဆုံးအကြိမ်ပုန်ကန်ခဲ့သည်။ သူသည် ဧကရာဇ်၏ နန်းဆောင်ထဲသို့အတင်းဝင်ရောက်ပြီး ချန်ကျင်းကျစ်ကို ကယ်ထုတ်ခဲ့သည်။

ချန်ကျင်းကျစ်သတိရလာသောအခါ ပထမဆုံး တွေးမိသည်မှာ ထွက်ပြေးရန်ဖြစ်သည်။ သို့သော် ကျီချန်သဲသည် သူမအတွက်ကြောင့် ဧကရာဇ်၏ အမျက်ဒေါသကိုခံခဲ့ရပြီးဖြစ်ရာ သူမတို့ မြို့တော်တွင် နေစရာနေရာမရှိတော့ပေ။ ထိုအချိန်မှစ၍ ချန်ကျင်းကျစ်နှင့် ကျီချန်သဲတို့သည် မဟာကျီတိုင်းပြည်၏ နယ်စပ်တွင်နေထိုင်ခဲ့ကြသည်။

မဟာကျီတိုင်းပြည်အားနည်းနေချိန်တွင် ချန်ကျင်းကျစ်နှင့် ကျီချန်သဲတို့သည် နယ်စပ်တွင် ငါးနှစ်ကြာ အတူတကွတိုက်ပွဲဝင်ခဲ့ကြပြီး အဆုံးတွင်ကျူးကျော်သူများကိုမောင်းထုတ်နိုင်ခဲ့သည်။

နယ်စပ်၏ကြမ်းတမ်းသောပုံစံသည် ကျီချန်သဲ၏ စရိုက်ကိုပုံသွင်းပေးခဲ့သည်။ သူ ယခင်က ဟန်ဆောင်ထားသော ကျက် သရေရှိမှုများနှင့်ယှဉ်လျှင် သူသည် အလုံးစုံနူးညံ့သိမ်မွေ့လာပြီး သူ၏ စကားပြောဆိုမှုများတွင်လည်း အပြစ်ဆိုစရာပင်မရှိတော့ပဲ စစ်မှန်သောမင်းသားတစ်ပါးဖြစ်လာသည်။

သူတို မြိုတော်သိုပြန်ရောက်သောနေ့တွင် အသက် ၁၈ နှစ်အရွယ်ကျီချန်သဲသည် မြင့်မားသောမြင်းတစ်ကောင်ကိုစီးနင်းလာခဲ့သည်။ သူသည် နူးညံ့သိမ်မွေ့သောအမူအရာရှိသော်လည်း လူငယ်ပီသသောတက်ကြွမှုလည်း တွဲပါလျက်ရှိသည်။

သူ့ရုပ်ရည်သည် ဧကရာဇ်အိုကြီးနှင့်မတူဘဲ ပြည်ဖျက်နိုင်သည့်အလှရှိသော မိခင်နှင့်ပိုတူသည်။ သိုသော် သူ့မျက်နှာသွင်ပြင်သည် ပိုမိုခန့်ညားပြီး မြိုတော်သိုဝင်ရောက်လာသော အခါ မရေမတွက်နိုင်သောမိန်းမပျိုများသည် သူ့အတွက် တစ်သက်လုံး အပျိုကြီးလုပ်ရန်ပင် ဆန္ဒရှိခဲ့ကြသည်။

အရပ်ရှည်ရှည်ခန့်ညားသော လူငယ်တစ်ဦးသည် မြင်းကိုစီးကာ လှည်းတစ်စီးနှင့်ကပ်၍လိုက်ပါလာပြီး ရံဖန်ရံခါဆိုသလို လှည်းပြတင်းပေါက်ကိုကြည့်သော သူ့မျက်ဝန်းထဲတွင် စစ်မှန်သောအပြုံးများ ပေါ်လာသည်ကို မည်သူမျှသတိမထားမိကြပေ။

ဤအပြန်ခရီးသည် ချန်ကျင်းကျစ်၏ တောင်းဆိုမှုကြောင့်သာဖြစ်သည်။ ကျီချန်သဲနှင့် ချန်ကျင်းကျစ်တို နန်းတော်သိုရောက်ရှိလာကြသည်။ ငါးနှစ်ကျော်လွန်ခဲ့ပြီဖြစ်ရာ ဧကရာဇ်အိုကြီးသည် အတော်လေး အိုမင်းသွားပြီဖြစ်သော်လည်း ထူးခြားစွာကျန်းမာနေဆဲဖြစ်သည်။ သူသည် ချန်ကျင်းကျစ်ကိုလိုချင်နေဆဲဖြစ်ပြီး ကျီချန်သဲကိုမနှစ်သက်ဘဲ ကြောက်ရွံနေဆဲဖြစ်သည်။

🍃 Chapter 66

ကျီချန်သဲ ပြန်ရောက်လာသောအခါ မင်းသားအများအပြားသည် သူ့ကိုစတင်ချဉ်းကပ်လာကြသည်။ ပထမအချက်မှာ သူသည် ဧကရာဇ်၏အမုန်းခံရသူဖြစ်ပြီး နောက်ထပ်ဧကရာဇ်ဖြစ်ရန် အခွင့်အလမ်းမရှိသောကြောင့်ဖြစ်သည်။

ဒုတိယအချက်မှာ သူသည် စစ်မှုထမ်းသက်တမ်းတလျှောက် အောင်မြင်မှုများစွာစုဆောင်းထားပြီး အားလုံးမှာလည်း သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့်ရရှိခဲ့ခြင်းဖြစ်သည်။ စစ်တပ်အတွင်းရှိ ဗိုလ်ချုပ်အများစုသည် ဧကရာဇ်အိုကြီးကိုမကျေနပ်ကြသော်လည်း ကျီချန်သဲကိုယုံကြည်ကြသည်။

အရေးအကြီးဆုံးမှာ ကျီချန်သဲ၏ နောက်ကွယ်တွင် ထူးခြား သောသိုင်းပညာစွမ်းရည်ရှိသည့် လျှိဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦးရှိနေခြင်းပင်။

လူတိုင်းက ကျီချန်သဲကို သူတိုဘက်ပါအောင် သိမ်းသွင်းချင်ကြသော်လည်း သူသည် အလျင်လိုခြင်းမရှိပေ။ သူသည် လူတိုင်းနှင့်မိတ်ဆွေဖွဲသော်လည်း မည်သူနှင့်မျှ အလွန်အကျွံရင်းနှီးခြင်းမရှိပေ။ ကျီချန်သဲသည် ၎င်းတိုဘက်ပါလာမည်ဟုလူတိုင်းထင်နေချိန်တွင် သူသည် အိမ်ရှေ့စံမင်းသားနှင့်ပူးပေါင်းကာ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ့ကိုအနိုင် ကျင့်ခဲ့သော တတိယမင်းသားကိုရှင်းလင်းပစ်ခဲ့သည်။

ကျီချန်သဲကို အနိုင်ကျင့်ခဲ့ဖူးသူများလည်းထိတ်လန့်စပြုလာကြသည်။ ပထမမင်းသား၏ အကာအကွယ်အောက်တွင် သူသည် ချန်ကျင်းကျစ်ကို ဧကရာဇ်အိုကြီး၏အိပ်ရာပေါ်သိုပိုရန် ကြံစည်သူ မည်သူ့ကိုမှအလွတ်မပေးဘဲ လျှိဝှက်အခန်း တွင်ပိတ်လှောင်ကာ တိတ်တဆိတ်သတ်ဖြတ်ပစ်လိုက်သည်။

ကျီချန်သဲ ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်မည့်အလုပ်မှာ အုပ်စုဖွဲကာ အကျင့်ပျက်ခြစားခြင်းများ ဖြစ်လိမ့်မည်ဟု ချန်ကျင်းကျစ်ထင်မထားခဲ့ပေ။ သူမ သူ့ကိုမတားဆီးခဲ့သော်လည်း အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။

ပထမမင်းသား၏ကာကွယ်ပေးမှုသည် အခြားမင်းသားများကိုဒေါသထွက်စေခဲ့ပြီး ဒုတိယမင်းသားသည် ဧကရာဇ်အိုကြီး၏ ချန်ကျင်းကျစ်အပေါ် နှစ်သက်မှုကိုအခွင့်ကောင်းယူကာ သူမကို လျှိဝှက်စွာတိုက်ခိုက်ခဲ့သည်။

အံ့သြစရာကောင်းသည်မှာ ချန်ကျင်းကျစ်သည်အလွယ် တကူ ဆေးခတ်ခံလိုက်ရပြီးခေါ်ဆောင်ခံလိုက်ရသည်။ သူမကို နန်းတော်ထဲသိုပိုဆောင်ရသည်မှာ အလွန်လွယ်ကူလွန်းသည်ဟု ဒုတိယမင်းသားပင်ခံစားခဲ့ရသည်။

ချန်ကျင်းကျစ်ပျောက်ဆုံးသွားပြီး မကြာမီ ကျီချန်သဲသိရှိသွားသည်။ သူတစ်ကိုယ်တည်း နန်းတော်တံခါးဝအထိလိုက်သွားပြီး ဒုတိယမင်းသားကိုတွေ့ရှိခဲ့သည်။

ကျီချန်သဲသည် ယခင်ကလို လူမျိုးမဟုတ်တော့ပေ။ ချန်ကျင်းကျစ်အတွက် သူသည်းမခံနိုင်တော့ရာ သူ၏ ယခင်က တည်ငြိမ်မှုနှင့်ဟန်ဆောင်ထားသော နူးညံ့မှုများမှာပျောက်ကွယ်သွားပြီဖြစ်သည်။

သူသည် ဒုတိယမင်းသား၏ခေါင်းကို နန်းတော်တံခါးဝတွင်ပင် ချက်ချင်းခုတ်ဖြတ်ပစ်လိုက်သည်။ သူသည် မျက်နှာတစ်ခုလုံးသွေးများဖုံးလွှမ်းလျက် ဧကရာဇ်အိုကြီး၏အိပ်ဆောင်ထဲသို ထပ်မံဝင်ရောက်လာခဲ့သည်။

လွန်ခဲ့သောတစ်ကြိမ်က ဧကရာဇ်အိုကြီး အိပ်ဆောင်ထဲတွင်မရှိသဖြင့် ကျီချန်သဲသည် နန်းတွင်းအစေခံများကိုသာသတ်ဖြတ်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ကျီချန်သဲ၏ ဓားသွားသည် ဧကရာဇ်အိုကြီးထံသို ဦးတည်နေသည်။ ချန်ကျင်းကျစ်သာ ဝင်မတားလျှင် ကျီချန်သဲသည် ဧကရာဇ်အိုကြီး၏လည်ပင်းကို ဖြတ်ပြီးလောက်ပြီဖြစ်သည်။

၎င်းတိုပြန်ရောက်ပြီးနောက် ကျီချန်သဲ၏ စစ်ဆေးမေးမြန်းမှုအောက်တွင် ချန်ကျင်းကျစ်က အမှန်အတိုင်းပြောပြခဲ့သည်။

အမှန်တွင် ချန်ကျင်းကျစ်၏ခန္ဓာကိုယ်သည် ပျက်စီးနေသည်မှာကြာပြီဖြစ်သည်။ အစီအရင်အသက်သွေးကြော၏ နှိပ်စက်မှုကြောင့် သူမ ခန္ဓာကိုယ်တွင် အပေါက်အပြဲများဖြစ်နေခဲ့သည်။ အကယ်၍သာ သူမ၏ကာကွယ်ရေးဝိညာဉ်စွမ်းအင် မရှိခဲ့လျှင် သူမ သေနေသည်မှာကြာပြီဖြစ်သည်။

သို့သော် ကျီချန်သဲအတွက် သူမ၏ ကိုယ်ပိုင်ဘေးကင်းရေးကိုလျစ်လျူရှုကာ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး စစ်မြေ ပြင်တွင် သူ့ကိုကူညီတိုက်ခိုက်ပေးခဲ့သလို အန္တရာယ်များမှလည်း မရေမတွက်နိုင်အောင်ကယ်တင်ပေးခဲ့သည်။ တိရစ္ဆာန်နှင့်မခြားသောကလေးငယ်တစ်ဦးမှ သန်မာပြီးဖြောင့်မတ်သောအမျိုးသားတစ်ဦး ဖြစ်လာစေရန် သူမ၏ နှလုံးသားနှင့်ဝိညာဉ်ကိုပုံအောပြီး ပြုစုပျိုးထောင်ပေးခဲ့သည်။

ယခုအခါ ချန်ကျင်းကျစ်သည် သေခါနီးဖြစ်နေပြီဖြစ်ရာ ဒုတိယမင်းသားလွှတ်လိုက်သော ကျွမ်းကျင်သူများကိုပင် သတိမထားမိခဲ့ခြင်းဖြစ်သည်။ ကျီချန်သဲသည် ထိုအမှန်တရားကို လက်မခံနိုင်သဖြင့် စာကြည့်ခန်းထဲတွင် သူ့ကိုယ်သူပိတ်လှောင်ထားလိုက်သည်။

သုံးရက်ကြာပြီးနောက် သူသည် စာကြည့်ခန်းထဲမှထွက်လာပြီး ဧကရာဇ်ထံသို့ တန်းတန်းမတ်မတ်သွားကာ အချိန်အကြာကြီးဒူးထောက်နေခဲ့သည်။

ဒုတိယမင်းသားကိစ္စကြောင့် ကျီချန်သဲသည် ထပ်ခါတလဲလဲထောင်ချခံရပြီး နှိပ်စက်ခံခဲ့ရသည်။ ချန်ကျင်းကျစ်ကိုမူ ကျီချန်သဲက မြို့တော်မှ အတင်းအကျပ်ထွက်ခွာစေခဲ့ပြီး ဤကိစ္စတွင်ဝင်မပါရန် တားမြစ်ခဲ့သည်။

တစ်နှစ်အကြာတွင် ကုမိသားစုသည် ကျီချန်သဲကို ထောင်ထဲမှကယ်ထုတ်ခဲ့သည်။ ထိုစဉ် ကျီချန်သဲသည် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူသည် နူးညံ့သိမ်မွေ့ဟန်ဆောင်ခြင်းကိုကျွမ်းကျင်လွန်းသွားပြီး မည်သူမျှ သူ၏အတွင်းစိတ်ကို မသိမြင်နိုင်ကြပေ။ သူသည် မင်းသားတစ်ပါး၏ တာဝန်ကို လိမ္မာစွာထမ်းဆောင်မည်ဟု ယုံကြည်စေပြီး လူတိုင်းကိုလှည့်စားခဲ့သည်။ ထို့နောက် မဟာကျီတိုင်းပြည်၏မင်းသားများသည် ရောဂါဖြင့်တစ်ယောက်ပြီးတစ်ယောက် စတင်သေဆုံးလာကြသည်။

တော်ဝင်မိသားစုတစ်ခုလုံး ထိတ်လန့်သွားကြပြီး ဘုရား သခင်၏ အပြစ်ပေးမှုဟုယုံကြည်ကာ မင်းသားများ၏ရောဂါကို ကုသနိုင်မည့်သူကို ပြည်သူများကြားတွင် ရှာဖွေခဲ့ကြသည်။ ထိုအချိန်တွင် ပြည်သူများကြား ရေပန်းစားလူကြိုက်များနေသော ချန်ကျင်းကျစ်သည် နန်းတော်ထဲသို့၀င်ရောက်လာခဲ့သည်။

ကျီချန်သဲ အဘယ့်ကြောင့် သူမကို မြို့တော်မှ အတင်းထွက်ခွာခိုင်းခဲ့သည်ကို ချန်ကျင်းကျစ် နားမလည်ခဲ့ပေ။ လူတိုင်းက သူမမှာအသုံးမဝင်တော့ဟုသာပြောကြသော်လည်း ချန်ကျင်းကျစ်မယုံကြည်ခဲ့ပေ။ သူမ ပျိုးထောင်ခဲ့သောကလေးငယ်သည် ဤမျှ သွေးအေးသောလူတစ်ယောက်ဖြစ်သည်ကို သူမ မယုံနိုင်ခဲ့ပေ။

သူမသည် ကျီချန်သဲကိုရှာရန် နန်းတော်ထဲသို့ဝင်ရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူလည်း ရောဂါရနေသည်ဟူသော ကောလာဟလကြောင့် ဖြစ်သည်။

ချန်ကျင်းကျစ်သည် ဆေးကုသရန်အကြောင်းပြချက်ဖြင့် နန်းတော်ထဲသို့ဝင်ရောက်ခဲ့သည်။ ထိုစဥ် ကျီချန်သဲမှာ နေမကောင်းမဖြစ်သည်ကိုတွေ့ရှိလိုက်ရသည်။ အမှန်တွင် သူသည် ကုမိသားစု၏ထောက်ခံမှုကိုရရှိရန်အတွက် ကျင့်ကြံသူများကို လျှို့ဝှက်စွာသတ်ဖြတ်နေခြင်း ဖြစ်သည်။

ကုမိသားစု၏လျှို့ဝှက်ခန်းတစ်ခုလုံးတွင် ကျင့်ကြံသူများ၏ အတွင်းအားအမြုတေများ ပြည့်နှက်နေသည်။ အခြေခံအကျဆုံး ချီသန့်စင်ခြင်းအဆင့်မှ မူလဝိညာဉ်အဆင့်အထိ သူတို့ အကုန်သတ်ခဲ့ကြသည်။

အင်မော်တယ်ကျင့်ကြံသူမျိုးနွယ်သည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကိုရရှိထားသည်။ ကျင့်ကြံသူတစ်ဦးစီ၏ ဝိညာဉ်စွမ်းအင်သည် ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်နှင့် ဆက်စပ်နေသည်။

အကယ်၍ သာမန်လူသားတစ်ဦးသာ ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်လိုက်လျှင် ကောင်းကင်ဘုံက ခွင့်လွှတ်မည်မဟုတ်ပေ။ ဝိညာဉ်ကွဲလွင့်သွားရခြင်းဆိုသည်မှာ အသေးအ ဖွဲလောက်သာရှိပေလိမ့်မည်။

သို့ဖြစ်ရာ ၎င်းတို့၏ပစ်မှတ်မှာ ရှင်းလင်းသည်။ ထိုသည်မှာ လေလွင့်ကျင့်ကြံသူများဖြစ်သည်။ လေလွင့်ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် ရှာဖွေရခက်ခဲပြီး အချို့သောအင်မော်တယ်ကျင့်ကြံသူဂိုဏ်းများသည် ဆယ်စုနှစ်ပေါင်းများစွာ နေအိမ်မှမထွက်ဘဲ တံခါးပိတ်ကျင့်ကြံလေ့ရှိကြသဖြင့် မည်သူမျှ သူတို့ကိုသတိမထားမိကြပေ။

ချန်ကျင်းကျစ်သည် ၎င်းမှာ သာမန်လူသားခန္ဓာကိုယ်ဖြင့် မူလဝိညာဉ်အဆင့်ကျွမ်းကျင်သူများကို မည်သို့ သတ်ဖြတ်နိုင်သည်ကို နားမလည်နိုင်ပေ။ သူမ စဉ်းစား၍လည်းမရပေ။ သူသည် သူမ၏ တပည့်ဖြစ်သည်။ တပည့်မှားလျှင် ဆရာကတာဝန်ယူရမည်။ သူမ ကျီချန်သဲကို ရပ်တန့်စေချင်သည်။ ကျီချန်သဲကို သူမနှင့်အတူ လမ်းမှန်လမ်းစဉ်သို့ ဝင်ရောက်ပြီး အပြစ်များကိုဆေးကြောစေချင်သည်။

သို့သော် ကျီချန်သဲသည် ယခင်က ကျီချန်သဲမဟုတ်တော့ပေ။ သူသည် ချန်ကျင်းကျစ်၏ တောင်းဆိုမှုကိုငြင်းပယ်ပြီး သူမကိုထွက်သွားခိုင်းခဲ့သည်။ ထိုအခါမှသာ ကျီချန်သဲသည် သူမ မှတ်မိနေသော နူးညံ့ပြီး ကြင်နာတတ်သည့် ကလေးငယ်မဟုတ်တော့ကြောင်း ချန်ကျင်းကျစ်သိလိုက်ရသည်။

သူမသည် ဒေါသစိတ်ကြောင့် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကျီချန်သဲကို အတင်းအကျပ် ဖမ်းချုပ်ရန်ကြိုးစားခဲ့သည်။ သို့သော် သူတို့တိုက်ခိုက်နေစဉ်အတွင်း ချန်ကျင်းကျစ်ကို ကုဖေးရန်ကချုံခိုတိုက်ခိုက်ခဲ့သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိပြီး ချက်ချင်းသတိမေ့သွားခဲ့သည်။ သူမ နိုးလာသောအခါ ကျီချန်သဲကနန်းတက်ပြီးနေပြီဖြစ်သည်။

All Chapters