အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
🍃 Chapter 81
ကျီချောင်ချင်အံ့အားသင့်သွားသည်။ ရှန်ကျွင်းက အလွန်ဆုံး နတ်ဝိဉာဉ်နှောင်းပိုင်းအဆင့်သာရှိသေးသည်။ ဆရာတော်ချင်းချီနှင့်ထိပ်တိုက်တွေ့ခြင်းသည် သူ့အတွက်သေလမ်းသာဖြစ်သည်။ သို့သော် ရှန်ကျွင်းသည် နေရာမှာတင်သေမသွားခဲ့ပေ။ ဆရာတော်ချင်းချီက သူ၏ မိုးကြိုးပစ်သည့်ပမာ ပြင်းထန်သောတိုက်ခိုက်မှုကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"ဒကာမလေး... ကြည့်စမ်း၊ သူ့ကိုနှိုးဖို့ ဒကာမလေးကိုကယ် တင်ဖို့လိုတာပဲ၊ အခု ဒကာမလေးက သူ့ရဲ့ရေစက်ပါသူ မဟုတ်ဘူးလို့ပြောဦးမလား"
ရှန်ကျွင်းသည် ဆရာတော်ချင်းချီ၏ဆိုလိုရင်းကို နားလည်လိုက်သဖြင့် သူ့မျက်ဝန်းများအနည်းငယ် အေးစက်သွားသည်။
ကျီချောင်ချင်လည်း ဆရာတော်ချင်းချီ၏ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်လိုက်သည်။ ဆရာတော် ရုတ်တ ရက် ထတိုက်ခိုက်သည်မှာမဆန်းတော့ပေ။ ဆရာတော်ချင်းချီက အဘယ့်ကြောင့် ရုတ်တရက်ကြီးရက်စက်သွားရသနည်းနှင့် သူ့လက်ဝါးချက်ကို ဤမျှမြန်မြန် ပြန်ရုပ်သိမ်းလိုက်ရသနည်းဟု သူမတွေးနေခဲ့မိသည်။
အမှန်တွင် သူသည် အစွမ်းကုန်အားမသုံးခဲ့ဘဲ ကျီချောင်ချင်ကို ခြိမ်းခြောက်ရုံသက်သက်သာဖြစ်နေသည်။ သူ့ရည်ရွယ် ချက်က သူမကိုအန္တရာယ်ပြုပြီး ရှန်ကျွင်းနိုးလာအောင်ဆွပေးခြင်းသာ။
သောက်ကျီုးနည်း... ကောက်ကျစ်လိုက်တဲ့ အဘိုးကြီး...
ရှန်ကျွင်းက ဓားကိုဓားအိမ်ထဲပြန်ထည့်ပြီး ခွင်းလွန်ဓားကို ကျီချောင်ချင်ထံပြန်ပေးလိုက်သည်။
ဆရာတော်ချင်းချီက ခွင်းလွန်ဓားကိုကြည့်ပြီး သက်ပြင်းတိုးတိုးချလိုက်သည်။
"အောမီထောဖော... တကယ့်ကိုအပြစ်ကြီးပါလား"
ခွင်းလွန်ဓားသည် မူလက ဖြူစင်သန့်ရှင်းသောနတ်ဘုရားဓားတစ်လက်ဖြစ်သည်။ နတ်ဘုရားဓားများတွင် ကိုယ်ပိုင်အသိဉာဏ်ရှိတတ်ကြသည်။ ကျီချောင်ချင်သည် ထိုဓားကိုသုံး၍ မိစ္ဆာများ၊ နတ်ဆိုးများ၊ သရဲတစ္ဆေများ၊ လူသားများနှင့် သူမ၏မျိုးနွယ်တူများကိုပါသတ်ဖြတ်ခဲ့သည်။ သခင်ဖြစ်သူ ကျီချောင်ချင်က သတ်ဖြတ်မှုများအလွန်အကျွံပြုလုပ်ခဲ့သဖြင့် နတ်ဘုရားဓားသည်လည်း နတ်ဆိုးအငွေ့ အသက်များစွဲကပ်လာပြီး မည်းနက်သွားခဲ့ခြင်းဖြစ်သည်။
ရာဇဝတ်မှုကြီးကျူးလွန်ထားသူများ၏ဝိညာဉ်ဓားများပင် ဤကဲ့သို့ဖြစ်လေ့မရှိဘဲ ကျီချောင်ချင် ဓားတစ်လက်တည်းသာ ဤကဲ့သို့ဖြစ်နေခြင်းမှာ အမှန်တကယ့်ကို ဝမ်းနည်းဖွယ်ရာအခြေအနေပင်။
ဆရာတော်ချင်းချီက သူမ၏ဓားတွင် နတ်ဆိုး အစွန်းအထင်းများစွဲကပ်နေခြင်းကို ညည်းတွားနေသည်ဟု ကျီချောင်ချင်ထင်မှတ်လိုက်ပြီး ဂရုမစိုက်ဘဲ ခွင်းလွန်ဓားကိုသိမ်းလိုက်သည်။ ရှန်ကျွင်း ကိုင်တွယ်ပြီးနောက်တွင် မည်းနက်နေသောခွင်းလွန်ဓား၏အရောင်သည် အနည်းငယ်လင်းသွားသည်ကို သူမ သတိမထားမိလိုက်ချေ။
သူမ ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်သောအခါ ၎င်းတို့သည် ဂူတစ်ခုထဲတွင်ရောက်နေခြင်းဖြစ်သော်လည်း ဂူတစ်ခုနှင့်တစ်ခုဆက်စပ်နေသဖြင့် ရှုပ်ထွေးနေသည်။ သတိမထားဘဲလျှောက်သွားနေခြင်းသည် သေလမ်းရှာခြင်းနှင့်အတူတူဖြစ်သည်။
ဆရာတော်ချင်းချီက ပြောလိုက်သည်။
"ရှေ့မှာ လမ်းတစ်ခုရှိတယ်၊ ဂိုဏ်းသားတွေ အဲဒီမှာရှိတယ်"
ကျီချောင်ချင် ပြောလိုက်သည်။
"အဘိုးကြီး... ရှင် ဒီလောက်စွမ်းအားကြီးနေတာပဲ၊ ရှင့်တပည့်တွေကို ရှင်ပဲပြန်ခေါ်သွားလိုက်ပါလား"
ဆရာတော်ချင်းချီက ပြန်ဖြေသည်။
"လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာဆိုတာရှိတယ်၊ ဒီဘုန်းကြီးက ခွင့်ပြုချက်မရှိဘဲ ဝင်စွက်ဖက်လို့မရဘူး မဟုတ်ရင် ဒကာမလေးရဲ့လမ်းစဉ်ကို နှောင့်ယှက်သလိုဖြစ်သွားရင် အပြစ်ဖြစ်လိမ့်မယ်"
ကျီချောင်ချင်သည် ဘုန်းကြီးတစ်ပါးက သူမကို တရားလာဟောနေသည်မှာ ရယ်စရာကောင်းနေသည်ဟုထင်လိုက်မိသည်။ သူမ ဆရာတော် ချင်းချီနှင့်စကားပြောနေသဖြင့် ရှန်ကျွင်းကို သတိမထားမိပေ။
ရှန်ကျွင်း၏အကြည့်များက ကျီချောင်ချင်အပေါ် ကျရောက်နေသည်။ သူသည် သူမကို ဤကဲ့သို့ တိတ်ဆိတ်စွာ မကြာ ခဏငေးကြည့်လေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ပထမဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့နေသလိုခံစားလိုက်ရသည်။
သူသည် ငိုကြွေးနေသော ကျီချောင်ချင်၏ပုံရိပ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။ ကျီချောင်ချင်သည် ကုကျိုးတွင် ချီပိုင်ရုပ်တုရှေ့၌ရိုသေကိုင်းရှိုင်းမှုပြသခဲ့သည်။ ထိုစဉ်က သူမသည် နတ်ဘုရားများနှင့်ဗုဒ္ဓကို ကိုးကွယ်ယုံကြည်၍ဟု သူထင်မှတ်ခဲ့သော်လည်းအမှန်တွင်မူ သူမ ရှစ်မေ့ကြောင့်ဖြစ်နေခဲ့သည်။
ထိုပုံရိပ်ယောင်ထဲတွင် သူမသည် ထွက်ပြေးလွတ်မြောက်ခြင်းမရှိနိုင်ဘဲ ပိတ်မိနေသကဲ့သို့ တိတ်တဆိတ်မျက်ရည်ကျနေပြီး နှစ်ပေါင်းများစွာစုပုံနေသော သူမ နောင်တများကို ထိုပုံရိပ်အားရင်ဖွင့်နေခဲ့သည်။
သူမသည် ချန်ချီကျစ်ကိုမကယ်တင်နိုင်ခဲ့သည့်အတွက်နောင်တရကြောင်း၊ သစ္စာဖောက်ကို ပြတ်ပြတ်သားသားအပြစ်မပေးခဲ့မိသည့်အတွက် နောင်တရကြောင်း ပြောခဲ့သည်။ သူမ၏နူးညံ့သော စိတ်ထားကြောင့် ချန်ချီကျစ်သေဆုံးခဲ့ရသည်ဟု ကျီချောင်ချင်ယုံကြည်နေသည်။
ဒါက သူမရဲ့စွဲလမ်းမှုလား? ချန်ချီကျစ်ကို မကယ်တင်နိုင်ခဲ့သည့်နောင်တကြောင့် ချန်ကျင်းကျစ်ကို အလွန်အကျွံအလို လိုက်နေခြင်းဖြစ်မည်။
နှစ်ပေါင်းတစ်ရာကြာပြီးသည့်တိုင် သူမ လက်မလွှတ်နိုင်သေးပေ။ သူမလက်မလွှတ်နိုင်သော်လည်း ဤအကြောင်း အရာများကို မည်သူ့ရှေ့တွင်မှထုတ်မပြောခဲ့ပေ။
သူမသည် အခုသေလဲကိစ္စမရှိဘူးဆိုသည့် ပုံစံဖြင့် လွတ်လပ်ပေါ့ပါးစွာနေထိုင်သည်။ သူမ၏ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုအားလုံးကို အပြုံးတစ်ခုအောက်တွင် ဖုံးကွယ်ထားပြီး သူမမည်သည့်အရာတွေးနေသည်ကို မည်သူမျှမသိနိုင်ကြပေ။ သူမနှင့်အချိန်အကြာကြီး အတူနေလာခဲ့သည့် ရှန်ကျွင်းပင်လျှင် သူမ မည်သည့်အရာတွေးနေမှန်းမသိခဲ့ပေ။
နှစ်ပေါင်းတစ်ရာတိုင် သူမသည် စိုးရိမ်ပူပန်မှု အားလုံးကိုဖိနှိပ်ထားပြီး အထီးကျန်ဆန်မှုများနှင့်အတူ မည်သူ့ကိုမျှ သူမ၏လျှို့ဝှက်ချက်များကို မပြောပြဘဲနေခဲ့သည်။ အရာအားလုံးကို တစ်ယောက်တည်းသိမ်းဆည်းထားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေခဲ့သည်။
သူ မပင်ပန်းဘူးလား? ဒီပုံစံအတိုင်းဆက်သွားနေရင် သူမ ရူးသွားနိုင်တယ်...
ရှန်ကျွင်း ရင်ထဲတွင် ရုတ်တရက်နာကျင်သွားပြီး ရေခဲချိုး ဖျက်ဓားကို တင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်။ သူတို့သုံးယောက် ထောင့်ချိုးတစ်ခုသို့ကွေ့လိုက်သောအခါ မြေပြင်ပေါ်တွင်လဲလျောင်းနေသော ဂိုဏ်းသားတစ်သိုက်ကို တွေ့လိုက်ရသည်။
တချို့က အရူးများပမာရယ်မောနေကြပြီး တချို့က သွား ရည်များကျနေကြသည်။ သူတို့၏အနေအထားများမှာ အမျိုးမျိုးဖြစ်နေပြီး မြင်ရသူအဖို့ ရှက်စရာပင်ကောင်းနေသည်။
ကျီချောင်ချင်သည် ရှေ့သို့တက်သွားပြီး တစ်ယောက်၏ ကော်လံစကိုဆွဲကိုင်ကာ ပါးကိုနှစ်ချက်ဆင့်ရိုက်လိုက်သည်။
"ဖြောင်း... ဖြောင်း..."
ထိုဂိုဏ်းသားသည် ချက်ချင်းနိုးလာသည်။ ကျီချောင်ချင်သည် ဤနိုးလာသောဂိုဏ်းသား၏ ကြောင်အမ်းအမ်းဖြစ်နေသောမျက်နှာကို ဂရုမစိုက်ဘဲ နောက်တစ်ယောက်ဆီသွားပြီးထပ်ရိုက်ပြန်သည်။
အခြားဂိုဏ်းသားများနိုးလာပြီး ပါးရိုက်ခံလိုက်ရသည်ကိုသိသောအခါ ချက်ချင်းဒေါသထွက်သွားကြသည်။ သို့သော် သူတို့ကိုယ်တိုင် စိတ်ဓာတ်ပျော့ညံ့မှုကြောင့် အာရုံမှားနယ်မြေထဲတွင်ပိတ်မိခဲ့ရခြင်းဖြစ်သည်ကို သတိရသွားပြီး ဒေါသကိုမျိုချလိုက်ရသည်။ ထို့နောက် မနိုးသေးသောအခြားသူများကို သွားရောက်ပါးရိုက်ကြလေသည်။
လက်ဖက်ရည်တစ်အိုးတည်ချိန်ခန့် ကြာပြီးနောက် ကျီချောင်ချင် ရပ်တန့်လိုက်သည်။ သူမမှာ ရှန်ကျွင်းသည် ဂူနံရံကိုစိုက်ကြည့်နေသည်ကိုသတိပြုမိသဖြင့် သူမလည်းလိုက်ကြည့်လိုက်ရာ ကျောက်ထွင်းပန်းပုများကိုတွေ့ရှိလိုက်ရသည်။
ထိုပန်းပုများတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပုံပါရှိပြီး ချစ်သူစုံတွဲပုံစံဖြစ်သည်။ ပန်းပုလိုင်းများမှာထက်မြက်ပြီး သေသပ်လှပကာဓားချက်အငွေ့အသက်များပါဝင်နေသည်။ ကျီချောင်ချင် အနီးကပ်လေ့လာချင်သော် လည်း ရှန်ကျွင်းကတားလိုက်သည်။
"အနားမသွားနဲ့"
ကျီချောင်ချင် အနားမသွားတော့ပေ။ သူမသည် ကျောက်ထွင်းပန်းပုဆီသို့လှမ်းကြည့်လိုက်ချိန် အမျိုးသားတစ်ဦးကိုဒုက္ခပေးခဲ့သော မြေခွေးမိစ္ဆာမအကြောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အဆုံးတွင် ၎င်းကိုယ်တိုင်လည်းဒုက္ခရောက်ခဲ့ရသည်။
မြေခွေးမိစ္ဆာမ၏နောက်ဆုံးနည်းလမ်းမှာ သူမကိုယ် သူမလွတ်မြောက်ရန်အတွက် စွမ်းအားကြီးသော အမျိုးသားတစ်ဦးကို သတို့သားအဖြစ်ရှာဖွေပြီး ထိုသူ၏အသက်စွမ်းအင်ကိုစုပ်ယူရန်ဖြစ်သည်။ ရုတ်တရက်ပင် ထောင့်တစ်နေရာတွင်အနီရောင် မင်္ဂလာဝေါယာဉ်ကြီးတစ်ခုပေါ်လာပြီး ထိုအထဲတွင် အနီရောင်မင်္ဂလာဝတ်စုံတစ်စုံရှိနေသည်။
မြေခွေးမိစ္ဆာမ၏ မူလရည်ရွယ်ချက်မှာ သတို့သားရှာရန် ဖြစ်သည်မှာထင်ရှားသည်။ မြေခွေးမိစ္ဆာမသည် ကိုယ်ထင်မပြရဲဘဲ သူမ သတို့သားရှာဖွေပုံမှာ ဝေါယာဉ်ထဲတွင်ထောင် ချောက်တစ်ခုရှိနေကြောင်းပြသနေသည်။
ဂိုဏ်းသားများစွာသည် ထိုအရာကိုလှမ်းကြည့်လိုက်ကြပြီး တီးတိုးပြောဆိုနေကြသည်။
"ငါတို့ မြေခွေးမိစ္ဆာမကို လုံးဝရှာမတွေ့ဘူး၊ သူ့ကိုမျှားခေါ်ဖို့ သတို့သားတစ်ယောက်ရှာလို့ရပေမဲ့ ဘယ်မှာသွားရှာမလဲ"
"ဟုတ်တယ်၊ ငါတို့အရည်အချင်းတွေကညံ့တော့ မြေခွေးမိစ္ဆာမက ငါတို့ကိုမျက်လုံးထဲတောင်ထည့်မှာ မဟုတ်ဘူး"
ထိုစဉ် ရှန်ကျွင်းက ရေခဲလိုအေးစက်သော မျက်နှာထားဖြင့် တည်ငြိမ်စွာပြောလိုက်သည်။
"ဆရာတော်ချင်းချီရဲ့စွမ်းရည်က အမြင့်ဆုံးပဲ၊ သူက အသင့်တော်ဆုံးပဲ"
ကျီချောင်ချင် - "???"
ရှန်ကျွင်း... ရှင် အရင်က ဒီလိုမဟုတ်ပါဘူး၊ ရှင် ညစ်ညမ်းနေပြီ...
ဆရာတော်ချင်းချီ မျက်နှာလည်းတောင့်တင်းသွားသည်။
"အောမီထောဖော... ဘုန်းကြီးကအသက်ကြီးနေပါပြီ၊ မသင့်တော်ပါဘူး"
ရှန်ကျွင်းက တည်ငြိမ်စွာပင်ဆက်ပြောသည်။
"သူ့ကို မျှားခေါ်ရုံ သက်သက်ပဲကို"
ကျီချောင်ချင်သည် ဆရာတော်ချင်းချီမှာ သတိုသားဝတ်စုံဝတ်ထားမည့်ပုံကို စိတ်ကူးကြည့်လိုက်ချိန် ကြည့်ကောင်းလွန်းသဖြင့် သူမ တွေးပင်မတွေးရဲတော့ပေ။ ပြီးတော့ ရှန်ကျွင်းဆီက အခုလိုစကားထွက်လာတာက... သူ့ကိုတစ်ခုခုပူးကပ်ခံထားရလိုများလား? မဟုတ်ရင် ဘယ်လိုလုပ်ဒီလိုစကားမျိုး ပြောထွက်ရတာလဲ?
🍃 Chapter 82
တချိုဂိုဏ်းသားများလည်း စဉ်းစားကြည့်ပြီး ထောက်ခံကြသည်။
"ဟုတ်တယ်ဆရာတော်၊ ဆရာတော်က တကယ်တော့အသင့်တော်ဆုံးပဲ၊ မရှက်ပါနဲ့ တပည့်တော်တို ဘယ်သူ့ကိုမှမပြောပါဘူး"
"ပေါက်ကရတွေ... ဆရာတော်ချင်းချီက လေးစားဖိုကောင်းတဲ့ပုဂ္ဂိုလ်ကြီးပဲ၊ မင်းတိုက သူ့ကိုမြေခွေးမိစ္ဆာမကိုမြှူဆွယ်ခိုင်းနေတာလား၊ မင်းကမှ မိစ္ဆာနဲ့ပိုတူနေပြိ"
"ဟုတ်တယ်လေ... ဒီမှာ ဆရာတော်ချင်းချီကလွဲရင် ဘယ်သူကများ မြေခွေးမိစ္ဆာမအရှုးပေးအောင် လုပ်နိုင်မှာလဲ"
၎င်းတိုပြောရင်းဆိုရင်းနှင့် တချိုဂိုဏ်းသားများ၏အကြည့်က ရှန်ကျွင်းဆီရောက်သွားသည်။ အမှန်တွင် ရှန်ကျွင်းက အသင့်တော်ဆုံးသတိုသားလောင်းဖြစ်သည်။ သူသည်အရွယ်ကောင်းဖြစ်ပြီး သိုင်းပညာကလည်း ဤဂိုဏ်းသားများထက်သာလွန်သည်။
"ဘာလို သူ့ကိုကြည့်နေတာလဲ၊ သူက သစ္စာဖောက် ကျီချောင်ချင်နဲ့တစ်ဖွဲတည်းလေ"
"မဖြစ်နိုင်ပါဘူး၊ ကျီချောင်ချင်က ထျန်းရွှမ်ဂိုဏ်းကို တစ် ယောက်တည်းဖြိုခွဲခဲ့တယ်လို ကောလာဟလ ထွက်ခဲ့တာပဲ၊ ဒီလူက ငါတိုလိုပဲ လမ်းခုလတ်မှာ ကျီချောင်ချင်နဲ့ပေါင်းမိသွားတာဖြစ်မှာပါ"
"ကဲ... ကဲ... တော်ကြတော့၊ မင်းတိုအကုန်ပါးစပ်ပိတ်ထား၊ ငါ့အမြင်တော့ ဆရာတော်ချင်းချီက အသင့်တော်ဆုံးပဲ"
အကယ်၍ အကြီးအကဲတစ်ယောက်ယောက်သာ ဤနေရာတွင်ရှိနေပြီး ကလေးများပြောနေသည်ကိုကြားမိပါက ပါးရိုက်ပစ်မှာသေချာသည်။ ၎င်းမှာ ဆရာတော်ချင်းချီဖြစ်ကာ ကမ္ဘာပေါ်တွင် နတ်ဘုရားဖြစ်ရန် အနီးစပ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဒီဂျူနီယာလေးတွေက သူ့ကိုမြေခွေးမိစ္ဆာမရဲ့သတိုသားလုပ်ပြီးမြှားခေါ်ခိုင်းနေတယ်တဲ့လား?
ကံဆိုးသည်မှာ ဤနေရာတွင်အကြီးအကဲတစ်ယောက်မှမရှိချေ။ အသက်အကြီးဆုံးမှာ ဆရာတော်ချင်းချီကိုယ်တိုင်ဖြစ်နေသည်။ ဆရာတော်ချင်းချီ အနေဖြင့်ကိုယ်တိုင်ထပြီး သူတိုကိုပါးရိုက်ဖိုကျတော့လည်း သူ့စရိုက်နှင့်မကိုက်ညီပြန်ပေ။
ဆရာတော်ချင်းချီသည် လက်အုပ်ကိုချီလျက် "ဒကာတိုက ဂိုဏ်းအသီးသီးကလူငယ်တွေပဲ၊ ဘုန်းကြီး မေးချင်တာတစ်ခုရှိတယ်၊ ဒကာတိုရဲ့ဂိုဏ်းချုပ်တွေက ကျီချောင်ချင်ကိုသစ္စာဖောက်လိုပြောဖူးလား၊ ဒကာတိုဂိုဏ်းချုပ်တွေက သစ္စာဖောက်ကျီချောင်ချင်ကို ဖမ်းဆီးဖိုအမိန့်ထုတ်ခဲ့လား၊ ဒါမှမဟုတ် ကျီချောင်ချင်ရှိတဲ့နေရာကိုစုံစမ်းပြီး အင်မော်တယ်ဂိုဏ်းဆီလာပြောခိုင်းတာလား"
၎င်းတိုအားလုံးငြိမ်သက်သွားကြသည်။ သူတို ဂိုဏ်းချုပ်များသည် အမှန်ပင်ထိုသိုမပြောခဲ့ပေ။ သိုသော် ဂိုဏ်းထဲတွင် ကျီချောင်ချင်သည် မိစ္ဆာဖြစ်ပြီး သူ့ကိုသတ်ပါက ဘိုးဘေးများကိုဂုဏ်တက်စေသည်ဟုရည်ရွယ်ချက်ရှိရှိရော၊ မရှိဘဲနှင့်ပါ ပြောနေသည့်သူအများအပြားရှိပေသည်။ သူတိုသည် ထိုအရာကိုကျင့်သားရနေခဲ့ကြပြီး ဆရာတော်ချင်းချီသာ ရုတ်တရက်ထမမေးပါက သတိထားမိကြမှာမဟုတ်ပေ။
သိုဖြစ်ရာ သူတိုလိမ္မာစွာခေါင်းခါလိုက်ကြသည်။
"မပြောပါဘူး၊ ဂိုဏ်းချုပ်တွေက ကျီချောင်ချင်ရှိတဲ့နေရာကိုစုံစမ်းခိုင်းပြီး လိုအပ်ရင်ကိုယ့်အသက်အန္တရာယ်ကိုကာကွယ်ဖိုပဲမှာလိုက်တာပါ"
ကျီချောင်ချင် ရုတ်တရက်မော့ကြည့်ပြီး ဆရာတော် ချင်းချီကို အံ့သြစွာကြည့်လိုက်သည်။
ဆရာတော်ချင်းချီက ပြောသည်။
"ဟုတ်တာပေါ့၊ ဂိုဏ်းကြီးတွေရဲ့ခေါင်းဆောင်တွေတောင် သူ့ကိုသစ္စာဖောက်လိုမသတ်မှတ်ထားတာ၊ ဒကာတိုက ဘာလို ဒီလောက်လောနေကြတာလဲ၊ ဘာလိုစောင့်မကြည့်ကြတာလဲ၊ ပြီးတော့ ဒကာမလေးကျီရဲ့ကိုယ်ပိုင်ရွေးချယ်မှုကို ဘာလိုမစောင့်ကြတာလဲ"
ထိုသည်ကိုကြားလိုက်ရချိန် ဂိုဏ်းသားများနားလည်သဘောပေါက်သွားသည့်ပုံစံ ဖြစ်ကုန်ကြသည်။
ကျီချောင်ချင်သည် ဂိုဏ်းကြီးများမှာ သူမကိုအရိုးထိတိုင်မုန်းနေကြသည်ဟု အမြဲထင်ခဲ့သည်။ သူတိုက သူမဆီက ရှင်းပြချက်ပဲလိုချင်ကြတာလား? ကျီချောင်ချင်ရဲ့အလိုအ လျောက်အသိစိတ်မှာ ထိုအရာကိုလိမ်နေသည်ဟုထင်သော် လည်း ဂိုဏ်းသားများ၏မျက်နှာထားများသည် ဟန်ဆောင်နေပုံမရပေ။ ထိုအပြင် ဆရာတော်ချင်းချီသည် မည်သည့်အခါမှလိမ်မပြောသဖြင့် ကျီချောင်ချင်ယုံကြည်ဖိုသာရွေးချယ်လိုက်ရသည်။
သိုသော် ဆရာတော်ချင်းချီသည် တစ်ခါတလေစိတ်မချရဘူးဆိုတာ သူမ သိသဖြင့် သူ့စကားများသည် ကျီချောင်ချင်ကိုတစ်မျိုးကြီးခံစားရစေပြီး တစ်ခုခုမှားနေသလိုပင်။
ထိုကြောင့် ကျီချောင်ချင်တိုးတိတ်စွာဖြင့်
"ရှန်ကျွင်း... ကျွန်မနဲ့လိုက်ခဲ့"
သူတို့နှစ်ယောက်သား ထောင့်တစ်နေရာသို့သွားလိုက်ကြပြီး မည်သည့်အရာများဆွေးနွေးနေကြသည်ကို မည်သူမျှမသိကြပေ။
ခဏအကြာတွင် ရှန်ကျွင်းထွက်လာသည်။
"ငါပဲ မြေခွေးမိစ္ဆာမကိုမျှားခေါ်လိုက်မယ်"
ကျီုးကျီအန်းက အားနာစွာပြောသည်။
"ကောင်းပါပြီ၊ စီနီယာကို ကျွန်တော်ကာကွယ်ပေးပါ့မယ်"
"ကျွန်တော်ရော"
"ကျွန်တော်ရောပဲ"
"..."
ဆရာတော်ချင်းချီသည် ကျေနပ်စွာဖြင့် သူ့မုတ်ဆိတ်ကိုသပ်လိုက်သည်။ သူသည် မဟာအောင်မြင်ခြင်းအဆင့်ကိုရောက်နေပြီဖြစ်ရာ အခြားသူများထက် အရာများစွာကိုပိုမိုရှင်း လင်းစွာမြင်နိုင်သည်။
ရှန်ကျွင်းကမင်္ဂလာဝတ်စုံကိုကောက်ယူလိုက်ပြီး ကျီချောင် ချင်ကိုတစ်ချက်ကြည့်ကာ အဝတ်လဲရန် လူကွယ်ရာသို့သွားလိုက်သည်။ သို့သော်ဤနေရာတွင် အမျိုးသမီးဆိုလို့ သူမတစ်ယောက်တည်းသာရှိသည်။ ကျီချောင်ချင်လည်းတစ်ဖက်လှည့်ကာမှ ဆရာတော်၏အကြံကိုသဘောပေါက်သွားတော့သည်။
ဆရာတော်ချင်းချီ... ဒီကောက်ကျစ်တဲ့မြေခွေးအိုကြီးကတော့...
ဂိုဏ်းကြီးများသည် သူမကိုလိုက်သတ်ရန် အမိန့်မထုတ်တာသေချာပေသည်။ မည်သို့ပင်ဆိုစေ သူမသည် နတ်ဆိုးစစ်ပွဲကိုတစ်ယောက်တည်း အဆုံးသတ်ခဲ့တာဖြစ်သည်။ ထျန်းရွှမ်ဂိုဏ်းကိုလည်း တစ်ယောက်တည်းဖြိုခွဲပစ်ခဲ့သလို နောင်တ ချောက်ကမ်းပါးတွင်လည်း ဂိုဏ်းပေါင်းစုံကလူအများကြီးကိုသတ်ခဲ့သေးသည်။
သူမ အကြောင်းမသိသည့်သူများ မျက်လုံးထဲတွင်တော့ သူမမှာရှုံးပွဲမရှိသည့်သူဖြစ်နေသည်။ ဂိုဏ်းကြီးများသည် ငြိမ်းချမ်းသည့်စကားဝိုင်းကိုသာလိုချင်သဖြင့် လိုက်သတ်ရန်အမိန့်မထုတ်ပေ။ သူတို့ သူမကို တကယ်မသတ်ချင်ကြဘူးလား?
ဤမြေခွေးအိုကြီးသည် သူ့သိက္ခာဆယ်နိုင်ရန်အတွက် ကျီချောင်ချင်က သူ့အစားဝင်ပြောပေးမည်ဟု မျှော်လင့်ကာ တမင်သက်သက်ထိုစကားများကို ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် သူမ မထင်မှတ်ထားသည်မှာ ရှန်ကျွင်းသည် သူ့အစားသတို့သားနေရာကိုယူလိုက်ရသည်။
ဒီအဘိုးကြီးက တကယ်ကြောက်စရာကောင်းတာပဲ၊ သူ စကားနည်းနည်းလေးပြောလိုက်ရုံနဲ့ ဂိုဏ်းသားတစ်သိုက်လုံး အရှက်ရသွားအောင်လုပ်နိုင်သလို ကျီချောင်ချင်တောင် ဘာမှားနေမှန်းသတိမထားမိလိုက်ဘူး...
ကျီချောင်ချင်သည် ထိုအရာကိုတွေးမိချိန် ဆရာတော်ချင်းချီကို စိုက်ကြည့်လိုက်သည်။ ဆရာတော်ချင်းချီက ကျီချောင်ချင်၏အကြည့်ကို သတိထားမိပြီး အနည်းငယ်ပြုံးလိုက်သည်။ ကျီချောင်ချင်သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။
သောက်ကျီုးနည်း... ငါ ပိုလို့တောင်ဒေါသထွက်လာပြီ
ရှန်ကျွင်းသည် ထောင့်ချိုးတစ်ခုမှထွက်လာသည်။
သူသည် ပုံမှန်အားဖြင့် ဝတ်ရုံဖြူကိုသာဝတ်ဆင်လေ့ရှိသော် လည်း ယခုတစ်ကြိမ်တွင်မူ ကြက်သွေးရောင် ဝတ်ရုံကိုဆင်မြန်းထားသည်။ ထိုအနီရောင်သည် သူ့ထံတွင်အမြဲတွဲခိုနေတတ်သော အေးစက်မှုများကို ဆေးကြောပစ်လိုက်သကဲ့သို့ဖြစ်နေပြီး နေဝင်ချိန်ကို ကြိုဆိုနေသော လမင်းတစ်စင်းနှယ် တောက်ပကာ ငြင်းဆန်၍မရနိုင်သောအလှတရားကိုပေါ်လွင်နေစေသည်။ သူသည် အကြည့်မလွှဲနိုင်လောက်အောင်ပင်ချောမောခန့်ညားနေသော်လည်း သူ့မျက်ခုံးတန်းများကြားရှိ အနားကပ်ရခက်သောအငွေ့အသက်မှာမူပျောက်ကွယ်သွားခြင်းမရှိပေ။
ရှန်ကျွင်း အကြည့်များ လူအုပ်ဆီသို့ရောက်သွားသောအခါ ကြောင်ငေးနေသောဂိုဏ်းသားများအားလုံး ပြိုင်တူခေါင်းငုံ့သွားကြသည်။
အမှန်တွင် သူတို့ယခင်ကမြင်တွေ့ခဲ့ရသည့် ဆွဲဆောင်မှုများသည် အတုအယောင်များသာဖြစ်ပြီး ရှန်ကျွင်းကသာ ဂိုဏ်းသားများ၏အာရုံကိုအစစ်အမှန် ဖမ်းစားထားနိုင်သူဖြစ်သည်။ မကြာသေးခင်ကမှ မြေခွေးမိစ္ဆာမ၏အလှမှာ မေ့မရနိုင်အောင်ဖြစ်သည်ဟု ကျီချောင်ချင်ထင်မှတ်ခဲ့ဖူးသော် လည်း ယခု ရှန်ကျွင်းကိုမြင်လိုက်ရသည့်အခါသူမ မျက်လုံးများကွယ်သွားသည့်အလား ခံစားလိုက်ရသည်။
ပြီးပြည့်စုံသောအလှတရား၏ ရှေ့မှောက်တွင် ဖြူစင်မှုနှင့်ဆွဲဆောင်မှုတို့သည် မည်သို့အရေးပါတော့မည်နည်း။ ထိုအရာအားလုံးသည် အရေးမပါသောအရာများဖြစ်သွားလေသည်။
ရင်သပ်ရှုမောဖွယ် အလှတရားပါလား...
ကျီချောင်ချင်သည် ယခင်က အခြားသူများကိုငေးမောကြည့်ခဲ့မိသည့် သူမ၏မိုက်မဲမှုအတွက် နောင်တရသွားမိသည်။ ယခုမှသာ ကျီချောင်ချင် စိတ်ရင်းမှန်ဖြင့်ချီးကျူးလိုက်သည်။
"ရှန်ကျွင်း... ရှင် အနီရောင်ဝတ်ထားတာ အရမ်းကြည့်ကောင်းတာပဲ"
ထိုစကားကိုကြားသောအခါ ရှန်ကျွင်းသည် ကျီချောင်ချင်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။ ရှန်ကျွင်းသည် လူများက သူ့ရုပ်ရည်သွင်ပြင်ကို အလွန်အကျွံအာရုံစိုက်သည်ကို မကြိုက်ကြောင်း ကျီချောင်ချင် နောက်ကျမှသတိရသွားသည်။
သူမတွင် လုပ်စရာကိစ္စများရှိသေးကြောင်းသတိရသွားပြီး ကျီချောင်ချင် အမြန်ရှောင်ထွက်သွားလိုက်သည်။ လူတိုင်းက သူ့ကိုကြည့်နေကြသည်။ အစပိုင်းတွင် ရှန်ကျွင်း၏ရုပ်ရည်မျိုးမှာရှားပါးပြီး နောင်တွင် မည်သည့်အမျိုးသမီးကမျှ ယှဉ်နိုင်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။ သိုသော် ကျီချောင်ချင်က ရှန်ကျွင်းဘေးတွင်ဝင်ရပ်လိုက်သည့်အခါ လူတိုင်းမှာသက်ပြင်းရှိက်မိလိုက်သည်။
ကျီချောင်ချင်သည် ဘုံခြောက်ခုတွင်အလှပဆုံး အမျိုးသမီးဖြစ်ကာ သူမ ရုပ်ရည်သည် ရှန်ကျွင်းနှင့်လိုက်ဖက်သလို ၎င်းတိုစွမ်းအားချင်းလည်း လိုက်ဖက်ညီပေလိမ့်မည်။ အရေးအကြီးဆုံးမှာသူတိုနှစ်ဦးကြားတွင် ဖော်ပြ၍မရနိုင်သောလေထုတစ်ခုရှိနေပြီး မည်သူမျှကြားဝင် မရနိုင်အောင်ဖြစ်နေခြင်းပင်။
ကျီချောင်ချင်သည် ရှန်ကျွင်းနှင့်ပြုံးရယ်စကားပြောနေသည်ကို ဂိုဏ်းသားများမြင်နေရသည်။ ၎င်းတို နှစ်ယောက်လုံး အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည်။ ကျီချောင်ချင်ပြုံးရွှင်စွာဖြင့် ရှန်ကျွင်းထံ လျှောက်သွားပုံမှာ လူ့ပြည်မှ သတိုသားတစ်ဦးက သတိုသမီးကိုသွားကြိုနေသည့်ပုံနှင့်တူနေသည်။
ဒီလျှိဝှက်ဆန်းကြယ်တဲ့ရှန်ကျွင်းက ကျီချောင်ချင် ချစ်ရတဲ့သူများလား?
ိုအတွေးသည်သိပ်မဖြစ်နိုင်သော်လည်း လူတော်တော်များများသည်တော့ တညီတညွတ်တည်း တွေးနေကြသည်။ ဆရာတော်ချင်းချီလည်း ပြုံးပြီးမုတ်ဆိတ်ကိုသပ်လိုက်သည်။ ဂိုဏ်းသားများသည်လည်း ကျီချောင်ချင်နှင့် ရှန်ကျွင်းတို၏လိုက်ဖက်ညီလွန်းလှသည့်မြင်ကွင်းကိုငေးမောကြည့်နေမိသည်။