အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
🍃 Chapter 91
ထိုစဉ်က ဟွမ်ရှမျက်နှာတွင် ဟန်ဆောင်ထားသော ဆွဲဆောင်မှုများမရှိဘဲ အားနည်းသူများကို သနားကြင်နာတတ်သည့်စိတ်ဓာတ်သာရှိခဲ့သည်။ သူမကို စမြင်လိုက်သည့်အချိန်ကတည်းက သူ စွဲလမ်းသွားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် သူမ၏မျိုးနွယ်ကိုသိလိုက်ရသည့်အခါ သူ တွန့်ဆုတ်သွားခဲ့သည်။ နတ်ဆိုးနှိမ်နင်းရေးစစ်ပွဲက ရက်စက်လွန်းလှပြီး နတ်ဆိုးလမ်းစဉ်၏ အရုပ်ဆိုး အကျည်းတန်မှုများကို သူအများကြီးမြင်တွေ့ခဲ့ရသည်။ ဒီဆက်ဆံရေးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမသိခဲ့ဘူး...
သူ ရုန်းကန်ခဲ့တယ်၊ တုန်လှုပ်ခဲ့တယ်၊ တွန့်ဆုတ်ခဲ့တယ်...၊ ဒါပေမယ့် နောက်ဆုံးတော့ သူ ဟွမ်ရှရဲ့လက်ကို ဆုပ်ကိုင်ဖိုရွေးချယ်ခဲ့တယ်...
သိုသော် ဖေးယီမင်သည် တောင်စောင့်တပည့်များကို သူရောက်ရှိကြောင်းသတင်းပိုခိုင်းရန်ပြင်လိုက်စဉ်မှာပင် ဟွမ်ရှထံမှထွက်ပေါ်နေသော မိစ္ဆာအငွေ့အသက်ကို ဖမ်းလိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဘိုးဘေးက အာရုံခံမိသွားသည်။ ဘိုးဘေးသည် တောင်ပေါ်မှ ချက်ချင်းဆင်းလာပြီး ဖေးယီမင်ဘေးရှိ မိစ္ဆာကိုမြင်သည်နှင့် တုံဆိုင်းခြင်းမရှိဘဲသတ်ပစ်ရန် အမိန့်ပေးလိုက်သည်။
"ဖေးယီမင်! မင်း မိစ္ဆာတစ်ကောင်ကို ဂိုဏ်းဆီပြန်ခေါ်လာရဲတယ်ပေါ့"
ဖေးယီမင်သည် ဓားရှည်ကိုဆွဲထုတ်ပြီး ဘိုးဘေး၏မိုးကြိုး ပစ်သကဲ့သို ပြင်းထန်သောတိုက်ခိုက်မှုကို ကာဆီးလိုက်သည်။
ချက်ချင်းပင် ဖေးယီမင် ထိုအရာကိုမခံနိုင်ဘဲ မြေပြင်ပေါ်ဒူးထောက်ကျသွားသည်။ သူ့ခန္ဓာကိုယ်တွင်းမှဝိညာဉ်စွမ်းအင်များ ဆောင့်တက်လာပြီးနာကျင်နေသော်လည်း ဟွမ်ရှအတွက် အသည်းအသန်ကာကွယ်ပြောဆိုလိုက်သည်။
"ဘိုးဘေး... သူက ဆိုးရွားတဲ့သူမဟုတ်ပါဘူး၊ သူက မိန်းက လေးကောင်းတစ်ယောက်ပါ၊ ကျွန်တော် ဆရာနဲ့ တွေ့ချင်ပါတယ်"
ဖေးယီမင်စကားပြောလိုက်သော်လည်း သူအလွန် အံ့အား သင့်နေမိသည်။ ဟွမ်ယွမ်ပုလဲသည် ကမ္ဘာလောကရှိ အငွေ့ အသက်အားလုံးကို ဖုံးကွယ်ထားနိုင်သည်။ ဟွမ်ရှဆီမှာ ဟွမ်ယွမ်ပုလဲ ရှိနေရက်နဲ့ ဘိုးဘေးကဘယ်လိုလုပ်ပြီး ဟွမ်ရှရဲ့ မိစ္ဆာအငွေ့အသက်ကိုအာရုံခံမိသွားတာလဲ...
ဘိုးဘေးသည် ဖေးယီမင် စကားကြောင့် ဒေါသထွက်နေ သည်။
"မင်း အပြင်မှာမိစ္ဆာမတစ်ကောင်နဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းကြားတာကြာပြီ၊ တကယ်မှန်နေလိမ့်မယ်လိုမထင်ထားဘူး၊ မင်းဆရာက တရားကျင့်ကြံနေတာ၊ သူ့ကိုမနှောင့် ယှက်ဘဲ ငါကိုယ်တိုင်ပဲ ရှင်းလိုက်တာကောင်းမယ်"
သူပြန်လာချိန်တွင် ကံဆိုးမှုများနှင့်ကြုံရလိမ့်မည်ဟု ဖေးယီမင်ထင်မထားခဲ့ပေ။ သူ့ဆရာတံခါးပိတ်ကျင့်ကြံမှုထဲဝင်သွားပြီဆိုလျှင် ဂိုဏ်းကိစ္စများကို ဘိုးဘေးကသာအလုံးစုံ စီမံခန့်ခွဲလေ့ရှိရာ ယနေ့ကိစ္စသည် ကောင်းကောင်း ပြီးမည့်ပုံမပေါ်တော့ပေ။
"ဘိုးဘေး ဟွမ်ရှက အမြီးကိုးချောင်းမြေခွေးမိစ္ဆာမပါ၊ လွန်ခဲ့တဲ့နှစ်တစ်ရာက မြေခွေးမိစ္ဆာနဲ့ အမြီးကိုးချောင်း မြေခွေးမျိုးနွယ်ဟာမျိုးနွယ်တူတွေပါ၊အမြီးကိုးချောင်းမြေခွေးမျိုးနွယ်ဟာ ဝိညာဉ်မျိုးနွယ်စုဖြစ်ပြီး မိစ္ဆာမျိုးနွယ်မဟုတ်ပါဘူး၊ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ရာကမြေခွေးမိစ္ဆာတွေကလည်း..."
"တိတ်စမ်း! အဓိပ္ပာယ်မရှိတာတွေ... မင်းပြောနေတာ ဘာတွေလဲဆိုတာပြန်စဉ်းစားကြည့်ဦး၊ မင်းရဲ့ဂျူနီယာ ညီလေး ညီမလေးတွေကို ဘယ်လိုစံနမူနာမျိုး ပြနေတာလဲ၊ ငါ့ကို တော်တော်စိတ်ပျက်စေတာပဲ... လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက မိစ္ဆာစစ်ပွဲအကြောင်း ငါ့ခေါင်းထဲမှာ ကွင်းကွင်းကွက်ကွက်မြင်နေသေးတယ်၊ မင်းရဲ့ဂိုဏ်းတူတွေ ဘယ်လောက်များများ မိစ္ဆာလက်ချက်နဲ့သေခဲ့ရလဲ၊ အကုန်မေ့သွားပြီလား"
"ဒါပေမဲ့ အဲဒီတုန်းက သူသာမရှိရင် ကျွန်တော် ဟွာကျစ်လက်ချက်နဲ့ သေနေတာကြာပြီ၊ နောက်ပိုင်း ကျွန်တော် သူနဲ့အတူမိစ္ဆာတွေကိုတိုက်ခိုက်ခဲ့တယ်၊ ကောင်းမှုတွေ အများကြီးလုပ်ခဲ့တယ်၊ သူကျွန်တော့်ကို အကြိမ်ကြိမ်ကယ်ခဲ့တယ်၊ သူ့အကြောင်း ဘယ်သူ့ထက်မဆို ကျွန်တော်ပိုသိပါတယ်၊ ဘိုးဘေး... ကျွန်တော် ကတိဖျက်လိုမရပါဘူး"
"ကတိဖျက်တယ် ဟုတ်လား၊ သစ္စာဖောက်ကောင်... ဒီနေ့ သူသေကိုသေရမယ်၊ ဖယ်စမ်း"
ဖေးယီမင် မတ်တပ်ထရပ်လိုက်ပြီး ဟွမ်ရှ၏ရှေ့မှ ကာဆီးလိုက်သည်။ သူ့မျက်နှာမှာအေးစက်ပြီး ပြတ်သားနေသည်။
"မဖြစ်ဘူးဘိုးဘေး... ကျွန်တော် သဘောမတူနိုင်ဘူး"
ဘိုးဘေး၏ဒေါသမှာပိုမိုကြီးထွားလာသည်။ ဖမ်းလိုင်ဂိုဏ်းရဲ့ အလားအလာအရှိဆုံး တပည့်တစ်ယောက်က မိစ္ဆာမတစ်ကောင်ရဲ့ပြုစားတာ ခံလိုက်ရပြီပဲ...
"ဖေးယီမင်... အဲဒီတုန်းကမိစ္ဆာတွေကြောင့် မင်းရဲ့ ဂိုဏ်းတူတွေ ဘယ်လောက်သေခဲ့လဲဆိုတာသိရဲ့လား၊ အခု မင်းက မြေခွေးမိစ္ဆာမကိုလက်ထပ်ချင်တယ်ပေါ့"
ထိုသိိပြောပြီးသည်နှင့် ဘိုးဘေးသည် ဖေးယီမင်ကို ဓားဖြင့်ခုတ်လိုက်သည်။ ထိုဓားချက်သည် လုံးဝ ညှာတာမှုမရှိပေ။ အကယ်၍ ဖေးယီမင်သာ ထိမှန်သွားပါက နေရာတွင်ပင်သေဆုံးသွားလိမ့်မည် ဖြစ်သည်။
ဟွမ်ရှလန့်သွားသည်။ သူမသည် ဖေးယီမင်ကို လက်ဝါးဖြင့်တွန်းထုတ်လိုက်ပြီး တိုက်ခိုက်မှုကို တစ်ကိုယ်တည်းရင်ဆိုင်လိုက်သည်။
မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သောစွမ်းအားအောက်တွင် ဟွမ်ရှ၏မူလရုပ်သွင် ချက်ချင်းပေါ်လာသည်။ ဖုန်းလိုင်ဂိုဏ်းရှိ မိစ္ဆာချုပ်နှောင်မျှော်စင်သည် မိစ္ဆာတစ်ကောင်ရောက်ရှိနေကြောင်း အာရုံခံမိသည်နှင့် အစီအရင် ချက်ချင်းပွင့်သွားပြီး ဟွမ်ရှကို စုပ်ယူလိုက်သည်။
ဘိုးဘေးသည် မိစ္ဆာချုပ်နှောင်မျှော်စင်က မတော်တဆ ဟွမ်ရှကိုကယ်လိုက်သည်ကို မြင်သောအခါ ဆက်လက်လိုက်လံသတ်ဖြတ်ရန်ပြင်လိုက်သည်။ ဖေးယီမင်သည် ဘိုးဘေး၏ ခြေထောက်ကို ဖက်ထားပြီး တားဆီးလိုက်သည်။
"ဘိုးဘေး... ကျွန်တော်က ဆရာ့ရဲ့ပထမဆုံး တပည့်လေ၊ ဘိုးဘေးက ကျွန်တော့်ကို သတ်ရဲတယ်ပေါ့၊ ဆရာ စိတ်ဆိုးမှာမကြောက်ဘူးလား"
ထို့နောက် ဟွမ်ရှဘက်လှည့်အော်လိုက်သည်။
"ဟွမ်ရှ... ကိုယ် လာကယ်မယ့်အချိန်ကိုစောင့်နေနော်"
ဟွမ်ရှသည် ဖေးယီမင်ကိုယုံကြည်ဖို့ ရွေးချယ်လိုက်သည်။ မိစ္ဆာချုပ်နှောင်မျှော်စင်က မိစ္ဆာစွမ်းအင်တွေကိုဖြိုခွင်းပစ်နိုင်ပြီး သူမ ဤနေရာမှာ အသေမခံနိုင်ပေ။ သို့သော် သူမ ဖေးယီမင်ကို ယုံကြည်သည်။
သူ လာကယ်မယ်လို့ကတိပေးထားတယ်လေ၊ သူမ စောင့်နေမှာ...
သူမ မသိလိုက်သည်မှာ အပြင်ဘက်တွင်ဖေးယီမင်သည် စည်းကမ်းထိန်းသိမ်းရေးကြိမ်ဒဏ်ကို ခံယူနေရသည်။
ဂိုဏ်းသားအားလုံး၏ရှေ့မှောက်တွင် ဖေးယီမင်ကို အပြစ် ပေးစင်မြင့်၌ချည်နှောင်ထားပြီး ကြိမ်ဒဏ်ပေးနေသည်။ ကြိမ်ဒဏ်ချက်များ သူ့ခန္ဓာကိုယ်ပေါ်ကျရောက်တိုင်း ဝိညာဉ်အထိ နာကျင်သွားစေသော်လည်း သူတိတ်ဆိတ်စွာပင် ခံယူနေသည်။
အချက် ၃၀ရိုက်ပြီးသောအခါ ကပ်ဘေးကျော်လွှားခြင်းအဆင့်နှောင်းပိုင်းသို့ ရောက်နေသောဖေးယီမင်သည် ဒဏ်ရာအပြင်းအထန် ရသွားသည်။
ဘိုးဘေးက အေးစက်စွာမေးလိုက်သည်။
"ယီမင်... မင်း အမှားလုပ်မိမှန်းသိပြီလား"
"အဲဒီ ဖေးယွမ် အသုံးမကျတဲ့ကောင်က မင်းလို ငတုံးတစ်ကောင်ကိုပြုစုပျိုးထောင်ထားတာကိုး၊ မင်းကို အစကတည်း က ငါ့ဘေးမှာခေါ်ထားပြီး သင်ပေးခဲ့သင့်တာ၊ ငါသာဆို မင်းကို ဒီလိုအဖြစ်မျိုး ရောက်အောင် ဘယ်တော့မှထားမှာမဟုတ်ဘူး"
ထိုစကားကိုကြားလိုက်ရချိန် သူသွားပြီဆိုတာ ကျီချောင်ချင် သိလိုက်သည်။ ဖေးယီမင်ကခေါင်းမာပြီး အလျှော့မပေးတတ်သူဖြစ်ရခြင်း အကြောင်းရင်းက သူသည်ရိုးဖြောင့်လွန်းပြီး ယုံကြည်ချက် ခိုင်မာလွန်းသောကြောင့်ဖြစ်သည်။ ယခင်တုန်းက စစ်နတ်ဘုရားကျီချောင်ချင်ပဲဖြစ်စေ၊ ဖုန်းလိုင်ဂိုဏ်း ဘိုးဘေဖြစ်စေ သူ့ဆရာကိုစော်ကားရဲသည့်သူဆိုပါက ဖေးယီမင်သည် မည်သူ့ကိုမဆိုပြန်ပက်ပြောရဲသူဖြစ်သည်။
ဖေးယီမင်က ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။
"ဆရာက အရမ်းကောင်းပါတယ်၊ သူ့တပည့်ဖြစ်ခွင့်ရတာ ကျွန်တော်ဝမ်းသာတယ်"
ဘိုးဘေးသည်ဒေါသထွက်လွန်း၍ မုတ်ဆိတ်များပင် တုန်ခါသွားသည်။
"မင်း! မင်းလို ကျေးဇူးကန်းတဲ့ကောင်! ဟိုမြေခွေးမိစ္ဆာမက မင်းကိုဒီလိုဖြစ်အောင် ပြုစားထားတာပဲ၊ ဆက်ရိုက်စမ်း... အချက်တစ်ရာရိုက်"
သူသည် ယခင်ကတည်းက ထိုသို့ဆိုသည်ကို ကျီချောင်ချင် သိပေသည်။ ဘိုးဘေးသည် သူ့ကိုလုံးဝ နားမလည်ဘဲ ယခုလိုအပြစ်မရှိဘဲ စွပ်စွဲနေသည်မှာ ရယ်စရာကောင်းလှသည်။
ဖေးယီမင်၏ သနားစဖွယ်အခြေအနေကို မြင်သောအခါ အခြားဂိုဏ်းသားများ မနေနိုင်ဘဲ ပြောလိုက်ကြသည်။
"မင်းတို့ ဘိုးဘေးက လွန်လွန်းတယ်..."
"မိစ္ဆာတစ်ကောင်ပဲဟာ၊ အိမ်မွေးတိရစ္ဆာန်လို သဘောထားလိုက်လို့ရသားပဲ၊ အခုခေတ်မှာ မကောင်းဆိုးဝါးသတ္တဝါတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတဲ့သူတွေအများကြီးပဲဟာ"
"မင်း! မင်းတို့ ပေါက်ကရတွေလာမပြောနဲ့၊ ဒါက အစက ဖုန်းလိုင်ဂိုဏ်းရဲ့လျှို့ဝှက်ချက်ပဲ၊ အခု မင်းတို့မြင်သွားပြီဆိုတော့ ထားလိုက်ပါတော့၊ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဖြစ်ကတတ် ဆန်းဝေဖန်ရဲရတာလဲ၊ ပြီးတော့ မင်းတို့ အဆုံးထိကြည့်ပြီးပြီလား၊ နောက်ပိုင်း ဘာဖြစ်သွားလဲသိလို့လား"
ချောင်ယွီရန်က ပြောလိုက်သည်။
"မင်းတို့ သိလား၊ အဲ့မြေခွေးမိစ္ဆာမက ကပ်ဘေးကြီးတစ်ခုဖြစ်စေခဲ့တာ"
ဖေးယီမင်သည် အရိုက်ခံရလွန်းသဖြင့် ကပ်ဘေးကျော်လွှားခြင်းအဆင့် နှောင်းပိုင်းမှ အစောပိုင်းအဆင့်သို့ကျသွားပြီး ဆယ်စုနှစ်များစွာ ကြိုးစားအားထုတ်ခဲ့ရသော ကျင့်ကြံမှုများ တစ်ခဏချင်းပျက်စီးသွားခဲ့သည်။ ဂိုဏ်းသားအချို့က မကြည့်ရက်သဖြင့် ဆေးပေးပြီးသတိပြန်ရအောင် လုပ်ပေးခဲ့ကြသည်။ သတိရလာသည်နှင့်ဖေးယီမင် ပထမဆုံးလုပ်သည့်အလုပ်မှာမိစ္ဆာချုပ်လှောင်မျှော်စင်ထဲမှ ဟွမ်ရှကိုသွားရှာခြင်းဖြစ်သည်။
ဖေးယီမင် မျှော်စင်ထဲဝင်သွားပြီး ဟွမ်ရှကို ကယ်ထုတ်ရန်ကြိုးစားသော်လည်း ဘိုးဘေးနှင့် သူ့လူများကတားဆီးလိုက်ကြသည်။
ဘိုးဘေးက ဖေးယီမင်အပြုစားခံထားရသည်ဟုထင်ပြီး ဂိုဏ်းကိုသန့်ရှင်းစေရန် သူ့ကိုပါသတ်ပစ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ဖေးယီမင်က သူသေ၍မဖြစ်ကြောင်းသိသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အစီအရင်ဗဟိုချက်ရှိနေသည်။
ဖေးယီမင်သည် မျှော်လင့်ချက်မဲ့နေသော ဤအခြေအနေတွင် လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်။
တံဆိပ်ခတ်ခြင်းအစီအရင်တွင် ဗဟိုချက်ရှိသည်ဟု ဘိုးဘေး တစ်ခါမျှမကြားဖူးပေ။ အထူးသဖြင့် မျိုးနွယ်စုသုံးခုကိုတံဆိပ်ခတ်ခဲ့သူမှာ ကျီချောင်ချင် ဖြစ်ပြီး ဖေးယီမင်နှင့်မသက်ဆိုင်သဖြင့် ဘိုးဘေးက မယုံကြည်ပေ။ ဖေးယီမင်အနေဖြင့် ဗဟိုချက်ကို ထုတ်မပြနိုင်လျှင် ဖေးယီမင်သာမက ဟွမ်ရှကိုပါ သတ်ပစ်မည်ဟုပြောသည်။
🍃 Chapter 92
ဖေးယီမင်က သဘာဝကျကျပင်ထုတ်မပြနိုင်ပေ။ ဗဟိုချက်က ခန္ဓာကိုယ်ထဲဝင်သွားပြီးရင် ပြန်ထုတ်လို့ မရကြောင်း ကျီချောင်ချင်၏ဆရာရှန်တုပိုင်က ပြောဖူးသည်။ လက်ခံသူသေသွားလျှင်တောင် ဗဟိုချက်က ပျောက်သွားရုံသာရှိမည်။ ဗဟိုချက်ပျောက်သွားပါက ကျီချောင်ချင် လုပ်ထားသော တံဆိပ်ခတ်ခြင်းအစီအရင် တစ်စိတ်တစ်ပိုင်းလည်းပျက်စီးသွားလိမ့်မည်။
ဘိုးဘေးက ဖေးယီမင်ကိုမယုံသော်လည်း ဟွမ်ရှကတော့ယုံသည်။
ဘိုးဘေးကတိုက်ခိုက်လိုက်ပြီး သူ့စွမ်းအားအပြည့်အဝ အောက်တွင် သူတို့နှစ်ဦးကံကြမ္မာကိုလက်ခံလိုက်ရုံသာ ရှိတော့သည်။
ထိုအချိန်တွင် ဟွမ်ရှသည် သူမ၏မူလရုပ်သွင်ဖြစ်သော ကြီးမားလှပသည့်ငွေရောင်မြေခွေးကြီးအဖြစ် ပြောင်းလဲလိုက်ပြီး ဖေးယီမင်ကို သူမရင်ခွင်ထဲတွင် တင်းကျပ်စွာကာကွယ်ထားလိုက်သည်။
ဘိုးဘေး၏ တစ်ချက်တည်းသောတိုက်ခိုက်မှုကြောင့် မြေ ခွေးကြီးမှာ သနားစဖွယ်အော်ဟစ်လိုက်သည်။ သူမ၏အမြီးနှစ်ချောင်း ပြတ်တောက်သွားပြီး ချက်ချင်းပင် မြေခွေးလေးအဖြစ်ပြောင်းလဲကာ သတိလစ်သွားလေသည်။
ဖေးယီမင်သည် မြေခွေးလေးကိုပွေ့ဖက်ထားကာ ကြောင်ငေးနေမိသည်။ ဟွမ်ရှသည် သူ့ကိုကာကွယ်ရန် ပြောင်းလဲလိုက်ချိန်က အမြီးရှစ်ချောင်း ရှိနေသည်ကို သူ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ဘယ်တုန်းက တစ်ချောင်းပျောက်သွားတာလဲ...
ဖေးယီမင် ရုတ်တရက်သတိရသွားသည်။ သူသည် ဟွမ်ရှကိုလက်ထပ်ရတော့မည်ဆိုပြီးစိတ်လှုပ်ရှားနေသောကြောင့်အရေးကြီးသည့်ကိစ္စတစ်ခုကို မေ့နေခြင်းဖြစ်သည်။
ကောင်းကင်ဘုံရေကန်မှ ဟွမ်ယွမ်ပုလဲကိုယူတုန်းက သူ့ခန္ဓာကိုယ်သည် တော်တော်အားနည်းနေခဲ့သည်။ ဘယ်သူက သူ့ကိုကယ်ခဲ့တာလဲ? ဟွမ်ရှက အမြီးတစ်ချောင်းကိုစတေးပြီး သူ့ကိုကယ်ခဲ့တာလား?
အခု သူ့ကိုကယ်ဖို့အတွက် နောက်ထပ်အမြီးနှစ်ချောင်းထပ်ဆုံးရှုံးလိုက်ရပြန်ပြီ...
သူမက အမြီးကိုးချောင်းမြေခွေးလေ, အမြီးတွေ မရှိတော့ရင် သူက အမြီးကိုးချောင်းမြေခွေးဖြစ်ပါဦးမလား
ဘိုးဘေးသည်တော့ ထိုအရာကိုဂရုမစိုက်ပေ။ သူက နောက် ဆုံး မေးခွန်းတစ်ခုမေးလိုက်သည်။
"တပည့်မိုက်... မင်းအမှား မင်း သိပြီလား၊ မင်းသိရင် အဲ့မြေခွေးမိစ္ဆာမကို မင်းလက်နဲ့ကိုယ်တိုင်သတ်လိုက်"
ဖေးယီမင်သည် ဘိုးဘေးကိုမကြည့်ဘဲ သူ့ရင်ခွင်ထဲမှ မြေခွေးလေးကိုသာ တင်းကျပ်စွာဖက်ထားလိုက်သည်။ သူ့လေသံကတည်ငြိမ်နေသည်။
"ဘိုးဘေး... ကျွန်တော် ငယ်ငယ်တုန်းက ဘိုးဘေးနဲ့ တစ်ခါတွေ့ဖူးတယ်၊ ဘိုးဘေးကပြောခဲ့ဖူးတယ်... လူဆိုတာ ကျေး ဇူးတရားကိုသိတတ်ရမယ်၊ ကျေးဇူးဆပ်ရမယ်တဲ့၊ အခုကျတော့ ဘိုးဘေးက ကျွန်တော့်နှလုံးသားကိုငြင်းပယ်ခိုင်းပြီး သူမကိုပါ သတ်ခိုင်းနေတာလား"
သူ့မျက်ဝန်းများထဲတွင် အမည်းရောင်မြူခိုးများ ပြည့်နှက်လာပြီး လေသံသည်မာကျောလာသည်။
"ဟွမ်ရှက ကျွန်တော့်ကို မရေမတွက်နိုင်အောင် ကယ်ခဲ့ဖူးတယ်၊ သူသာမရှိရင် ကျွန်တော်သေနေတာ ကြာပြီ၊ သူ့နားမှာနေချင်တာ ကျွန်တော်ပါ၊ လူကြီးတွေကိုလာဂါရဝပြုဖို့ သူ့ကို အတင်းခေါ်လာတာလည်း ကျွန်တော်ပါ၊ သူ့ကို အတင်းလက်ထပ်မယ် လုပ်တာလည်းကျွန်တော်ပါ၊ အားလုံးကျွန်တော့်အမှားတွေပါ၊ ဘာလို့ သူ့ကို နာကျင်အောင်လုပ်ရတာလဲ၊ သူ ဘာအမှားလုပ်မိလို့လဲ၊ ဘာလို့ သူ့အမြီးတွေကိုဖြတ်ပစ်ရတာလဲ”
ရုတ်တရက်ပင် လက်တစ်ဖက်က ဖေးယီမင်၏ပခုံးပေါ် ကျရောက်လာသည်။ ဟွမ်ရှသည် လူသားပုံစံသို့ ပြောင်းလဲထားပြီး ဖြူဖျော့သောမျက်နှာဖြင့် တိုးတိုးလေးပြောလိုက်သည်။
"မြန်မြန်ပြေးလေ... အရူးရဲ့ ဘာလုပ်နေတာလဲ၊ မိစ္ဆာစိတ်ဝင်နေတာလား ပြေးတော့!"
ဖေးယီမင် အသိပြန်ဝင်လာသည်။ သူသည် နောက်သို့ လှည့်မကြည့်ဘဲ ဟွမ်ရှကိုပွေ့ကာ ဖုန်းလိုင်ဂိုဏ်း၏အဝင်ဝသို့ပြေးထွက်သွားလေသည်။
သို့သော် ဘိုးဘေးက သူတို့နှစ်ယောက်ကို ဤအတိုင်း လွှတ်ပေးပါ့မည်လား။ သူသည် လက်ထဲမှ တောင်ဝှေးကိုဝှေ့ယမ်းကာ ပြင်းထန်သောရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်ရာ သူတို့နှစ်ဦးလွတ်မြောက်ရန် အခွင့်အရေးမရှိတော့ပေ။
ဖေးယီမင် ထပ်မံအရိုက်ခံရတော့မည်ကိုမြင်သောအခါ ဟွမ်ရှသည် မလှမ်းမကမ်းရှိ မိစ္ဆာချုပ်နှောင်မျှော်စင်ကို ကြည့်လိုက်သည်။ မျှော်စင်ထဲတွင် ရက်စက်ကြမ်းကြုတ်သောမိစ္ဆာများနှင့် မကောင်းဆိုးဝါးများ ပြည့်နှက်နေသည်။ အတွင်းတွင် ဘာတွေရှိနေလဲဆိုတာ ဟွမ်ရှတွေးမိလိုက်ပြီး သူမ၏ မျက်လုံးများအေးစက်သွားသည်။
ထို့နောက် သူမသည် နတ်ဘုရားလက်နက်ဖြစ်သော ဟွမ်ယွမ်ပုလဲမှ ဝိညာဉ်စွမ်းအင်များကိုအသုံးပြုပြီး မိစ္ဆာချုပ်လှောင်မျှော်စင်၏ထိပ်ပိုင်းကို အားကုန် တိုက်ခိုက်လိုက်သည်။
"ဝုန်း..."
ခဏချင်းမှာပင် မိစ္ဆာချုပ်လှောင်မျှော်စင်တုန်ခါသွားပြီး ရုတ်တရက်ပေါက်ကွဲသွားလေသည်။
မရေမတွက်နိုင်သောမိစ္ဆာများနှင့် မကောင်းဆိုးဝါးများသည် မျှော်စင်ထဲမှအပြင်သို့ တိုးဝှေ့ထွက်လာကြသည်။ မကောင်း ဆိုးဝါး အငွေ့အသက်များကို အာရုံခံမိသည်နှင့် ဖုန်းလိုင်ဂိုဏ်း၏ အကာအကွယ်အစီအရင် ချက်ချင်းပွင့်လာပြီး မိစ္ဆာများအားလုံးကို အထဲတွင် ပိတ်လှောင်ထားလိုက်သည်။
သို့သော် မကောင်းဆိုးဝါးအများအပြား ထွက်ပြေးလွတ် မြောက်သွားကြသည်။
နှစ်တစ်ထောင်သက်တမ်းရှိသော မိစ္ဆာချုပ်နှောင်မျှော်စင်သည် မျက်တောင်တစ်ခတ်အတွင်း ပျက်စီးသွားခဲ့သည်။ ဘိုးဘေး၏မျက်လုံးများသည် ဒေါသကြောင့် သွေးရောင်လွှမ်းနေသည်။ ဖေးယီမင်လည်း ဤသို့ဖြစ်လာလိမ့်မည်ဟုထင်မထားခဲ့ပေ။ သူ ကြောင်အမ်းသွားသည်။ ဟွမ်ရှက သူ့လက်ကိုဆွဲပြီး ဖုန်းလိုင်ဂိုဏ်း အပြင်ဘက်သို့ အတင်းခေါ်ထုတ်သွားသည်။
ဖေးယီမင် သတိပြန်ဝင်လာသည်။ မည်သို့ပင်ဖြစ်စေ သူသည် ဖြောင့်မတ်သောလမ်းစဉ်ကိုလိုက်သူ ဖြစ်သဖြင့် ဟွမ်ရှကိုထွက်သွားခိုင်းလိုက်သည်။ ဟွမ်ရှသည်တော့ သူမမျှော်စင်ကို ဖျက်ဆီးလိုက်သည့်အတွက် ဖေးယီမင် သူမကို မုန်းသွားသည်ဟုထင်မှတ်လိုက်သည်။ အမှန်တွင် သူမလုပ်ခဲ့သည်မှာ ဖေးယီမင်ကို ကယ်ဖို့အတွက်ဖြစ်သည်။ ထို့ကြောင့် သူမလည်း ဒေါသထွက်ပြီးထွက်သွားခဲ့သည်။
ဖေးယီမင်သည် ဟွမ်ရှထွက်ခွာသွားသည်ကို ကြည့်နေပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဂိုဏ်းထဲသို့ ပြန်လှည့်ဝင်သွားခဲ့သည်။
ထို့ကြောင့် အချက်ပေါင်းများစွာကြိမ်ဒဏ်ပေးခံရပြီး မျှော် စင်ထဲတွင် ဘိုးဘေးနှင့်တိုက်ခိုက်ခဲ့ရပြီးနောက် ဖေးယီမင်သည် ရေခဲဂူထဲတွင် အကျဉ်းချခံလိုက်ရသည်။
ရေခဲဂူတွင် နှစ်ပေါင်းတစ်သောင်းတိုင် အရည်မပျော်သော ရေခဲများနှင့် နှင်းများရှိနေပြီး ရာဇဝတ်မှုအကြီးဆုံးကျူးလွန်သူများကိုသာ ထိုနေရာ၌ အကျဉ်းချလေ့ရှိသည်။
အပြစ်သားများစွာ ထိုနေရာတွင်သေဆုံးခဲ့ရသည်။ သူတို့၏ ဝိညာဉ်များ ထွက်မသွားနိုင်ဘဲ ရေခဲဂူအထက်တွင် နေ့ညမပြတ်နာကျင်စွာ အော်ဟစ်ညည်းညူနေသဖြင့် ကြားရသူကို ရူးသွပ်လုနီးပါးဖြစ်စေသည်။
နေ့စဉ် နေ့လယ်ဘက်နေအပူချိန်အမြင့်ဆုံးရောက်သည့် အချိန်တွင်ထိုအော်ဟစ်သံများရပ်တန့်သွားတတ်သော်လည်းထိုအချိန်ကျလျှင်လည်းတိတ်ဆိတ်လွန်းလှသည်။
နှင်းပွင့်လေးတစ်ပွင့်သည် အခြားနှင်းပွင့်ပေါ်သို့ ကျရောက်သည့်အသံကိုပင် ဖေးယီမင်ကြားနေရသည်။
တိတ်ဆိတ်လွန်းသဖြင့် အသက်ရှူရသည်မှာပင် လေးလံနေပြီး ရှူထုတ်လိုက်သည့်လေတိုင်းသည် နှိပ်စက်မှုတစ်ခုလို ဖြစ်နေသည်။ အသက်ရှင်နေရခြင်းသည် အပြင်းထန်ဆုံးသော ပြစ်ဒဏ်တစ်ခုဖြစ်လာခဲ့သည်။
ထို့နောက် အသံတစ်ခုကမေးလာသည်။
"မင်း ဘာအမှားလုပ်ခဲ့လဲဆိုတာ သိပြီလား"
နေ့တိုင်းလိုလို ဖေးယီမင်က ဖြေသည်။
"တပည့် အမှားတစ်ခုတည်းပဲလုပ်ခဲ့ပါတယ်၊ အဲဒါက မိစ္ဆာချုပ်လှောင်မျှော်စင်ထဲက မကောင်းဆိုးဝါးတွေကို လွှတ်ပေးလိုက်တာပါ၊ ကျန်တာတွေအကုန်လုံးကို ငြင်းပါတယ်၊ ဘိုးဘေးဒေါသပြေပြီး တပည့်ကို အပြင်ထွက်ခွင့်ပြုဖို့ပဲမျှော် လင့်ပါတယ်၊ ထွက်ပြေးသွားတဲ့မကောင်းဆိုးဝါးတွေကို ပြန်ဖမ်းပြီး အပြစ်ကိုပြန်ပေးဆပ်ပါ့မယ်၊ မကောင်းဆိုးဝါးတွေ အကုန်ဖမ်းပြီးရင် တပည့် ရေခဲဂူထဲကိုပြန်လာပြီး အပြစ်ပေးတာခံယူပါ့မယ်"
ထိုအသံက နေ့တိုင်း ဤမေးခွန်းကိုမေးပြီး ဖေးယီမင်ကလည်း နေ့တိုင်းထိုအဖြေကိုပဲဖြေခဲ့သည်။
အဆုံးတော့ အချိန်မည်မျှကြာသွားသည်မသိပဲ ရေခဲဂူတံခါးပွင့်သွားခဲ့ပြီး အရပ်ရှည်ရှည် လူတစ်ယောက်ဝင်လာသည်။
ဖေးယီမင် ဒူးထောက်နေရသည်မှာကြာလွန်းသဖြင့် ခန္ဓာကိုယ်တောင့်တင်းနေပြီ ဖြစ်သည်။ သူဖြည်းညှင်းစွာမော့ကြည့်လိုက်ရာ သူ့ဆရာ ဖေးယွမ်ကို တွေ့လိုက်ရသည်။
"ဆရာ"
ဖေးယွမ်က သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သက် ပြင်းချသည်။
"ငါ့သား... မင်းဘာ အမှားလုပ်ခဲ့လဲသိပြီလား"
ဖေးယီမင် ပြန်ဖြေသည်။
"တပည့် အမှားတစ်ခုတည်းပဲလုပ်ခဲ့တာပါ၊ အဲဒါက မိစ္ဆာချုပ်လှောင်မျှော်စင်ထဲက မကောင်းဆိုးဝါးတွေကို မှားယွင်းပြီးခေါ်လာမိတာ..."
ဖေးယွမ်သည် သူ့စကားကိုဖြတ်ပြောလိုက်သည်။
"အဲဒါအပြင် တခြားရောမရှိတော့ဘူးလား"
ဖေးယီမင်က ခေါင်းငုံလိုက်ပြီး ဖေးယွမ်ကို ဆက်မကြည့်တော့ပေ။
"မရှိတော့ပါဘူး"
ဖေးယွမ်သည် မတ်တပ်ရပ်လိုက်သည်။
"ငါမင်းကို အခွင့်အရေးတစ်ခုထပ်ပေးမယ်၊ မင်းသာ အဲဒီမြေခွေးမိစ္ဆာမကိုသတ်လိုက်ရင် ဖုန်းလိုင်ဂိုဏ်းက ဘာမှမဖြစ်ခဲ့သလိုနေပေးမယ်၊ မင်းက ဖုန်းလိုင်ဂိုဏ်းရဲ့ စီနီယာတပည့်၊ ဂိုဏ်းသားအားလုံးလေးစားရတဲ့သူ၊ ဖုန်းလိုင်ဂိုဏ်းကိုဆက်ခံဖို မျှော်လင့်ချက် အရှိဆုံးသူအဖြစ်ဆက်ရှိနေလိမ့်မယ်"
ဖေးယီမင် မလှုပ်ရှားပေ။ သူသည် အေးစက်စွာ ပြောလိုက်သည်။
"ဆရာ... ငယ်ငယ်ကတည်းက အခုချိန်ထိ ကျွန်တော် လုပ်ခဲ့တဲ့အလုပ်တွေအတွက် ဘာမှနောင်တ မရခဲ့ဖူးပါဘူး၊ သူ့အတွက် ဆုံးဖြတ်ချက် ချပြီးကတည်းက ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ပါဘူး"