အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
🍃 Chapter 93
ရေခဲဂူသည် အလွန်အေးစက်လှသည်။ သိုသော် အတွင်းမှ ရေခဲများ မည်မျှပင်မာကျောပါစေ ဖေးယီမင်၏ အရိုးများထက်မမာကျောနိုင်ပေ။
ဖေယွမ် "ဒါဆို ဘာလိုပြန်လာသေးလဲ၊ ဘာလို မြေခွေးမိစ္ဆာမနဲ့အတူထွက်မပြေးလိုက်တာလဲ"
ဖေးယီမင် "ကျွန်တော်က ဖုန်းလိုင်ဂိုဏ်းသားလေ"
သူသည် ဖုန်းလိုင်ဂိုဏ်းသားဖြစ်သောကြောင့် ထွက်မသွားနိုင်ပေ။ မျှော်စင်ထဲကထွက်ပြေးသွားသည့် မိစ္ဆာများကိုပြန်ဖမ်းရမည်မှာ သူ့တာဝန်ဖြစ်သည်။
"မျှော်စင်ကို ဖျက်ဆီးတာ မင်းမဟုတ်ဘူး၊ အဲဒီမိစ္ဆာမလေ"
"သူနဲ့ ကျွန်တော်ကတစ်သားတည်းပါပဲ၊ သူဖျက်ဆီးတာက ကျွန်တော်ဖျက်ဆီးတာနဲ့ အတူတူပါပဲ၊ သူ့ကိုအပြစ်ပေးမယ့်အစား ကျွန်တော့်ကိုပဲ ပေးပါ"
ဖေးယွမ်က ဖေးယီမင်၏ဖခင်ဖြစ်သည်။ သူ့သားအကြောင်း သူအသိဆုံးပင်။ ၎င်းသည် ဆုံးဖြတ်ချက်ချပြီးပါက ဘာနဲ့မှပြောင်းလဲလိုမရပေ။ ဖေးယီမင်မသေသရွေ့ မြေခွေးမိစ္ဆာမကို လက်ထပ်မည့်ကိစ္စ ပြောင်းလဲမှာမဟုတ်ချေ။
ဖေးယွမ် ထပ်မံသက်ပြင်းချလိုက်သည်။
"မျှော်စင်ထဲက မိစ္ဆာတွေအကုန်လုံး ပြန်ဖမ်းမိပြီးပြီ"
ထိုသည်ကိုကြားလိုက်ချိန် ဖေးယီမင်သည် သူ့ခြေထောက်ပေါ်က အဝတ်စကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုသိုဆို သူအပြစ်ကို ပြန်ပေးဆပ်ရန် အခွင့်အရေးမရှိတော့ပေ။ ထိုအခွင့်အရေးသာမရှိပါက သူ ဟွမ်ရှကို သွားတွေ့ရန် အပြင်မည်သိုထွက်ရမည်နည်း။
ဖေးယွမ်က ဆက်ပြောသည်။
"မိစ္ဆာတွေအကုန်လုံးနီးပါးကို အဲဒီမြေခွေးမိစ္ဆာမက ဖမ်းပေးခဲ့တာ"
ဖေးယီမင်က ရုတ်တရက်မော့ကြည့်လိုက်သည်။
"သူမ..."
"ဒဏ်ရာအပြင်းအထန်ရထားတယ်၊ အမြီးတစ်ချောင်းပဲ ကျန်တော့တာ၊ ဟွမ်ယွမ်ပုလဲသာမကာကွယ်ပေးထားရင် သူ့အသက်တောင်ကျန်မှာမဟုတ်ဘူး"
ဖေးယွမ် မပြောလိုက်သည့်စကားတစ်ခွန်း ကျန်သေးသည်။ ထိုမြေခွေးမိစ္ဆာမက အမှန်တွင် စွမ်းအားအလွန်မြင့်သည်။ ပုံမှန်အတိုင်းဆိုလျှင် မျှော်စင်ထဲကမိစ္ဆာများကို ဘေးကင်းကင်းနှင့် ဖမ်းနိုင်သည်။ သိုသော် ဘိုးဘေး၏ သတ်ဖြတ်လိုစိတ်ကပြင်းထန်လွန်းသောကြောင့် သူ့ကို တောက်လျှောက်လိုက်တိုက်ခိုက်ခဲ့သည်။ မြေခွေးမိစ္ဆာမက ဘိုးဘေးကို မနာကျင်စေချင်သောကြောင့် အကြိမ်ကြိမ် သည်းခံခဲ့ရသည်။ လဝက်လောက်ကြာချိန် မိစ္ဆာအကုန်လုံးကို ဖုန်းလိုင်ဂိုဏ်းဆီလာပိုချိန်တွင် အမြီးတစ်ချောင်းသာကျန်တော့သည်။
သူမ တစ်ကိုယ်လုံးသွေးများဖြင့်ရွှနေပြီး အမှန်တကယ်ကို သနားစရာကောင်းလှသည်။ ဖေးယွမ်သာဝင်မပြောပါက ဖုန်းလိုင်ဂိုဏ်းသားများ ဝိုင်းရိုက်သောကြောင့်သေနေလောက်သည်။
ဖေးယီမင်၏ အသက်ရှူသံများမြန်ဆန်လာသည်။
"ဆရာ... ကျွန်တော် သူ့ကိုတွေ့ချင်တယ်"
ဖေးယွမ်၏အသံမှာ အေးစက်မာကျောနေသည်။
"ဖေးယီမင်! မင်းကို မင်း ဘယ်သူဆိုတာသိရဲ့လား၊ မင်း အခုထိအသက်ရှင်နေအောင် ငါဘယ်လောက်ထိ ဖိအားတွေကို တောင့်ခံခဲ့ရလဲသိလား၊ အဲဒါကို မင်းက သူ့ကိုတွေ့ချင်သေးတယ်ဟုတ်လား"
ဖေးယီမင် "ဆရာ... ကျွန်တော် သူ့ကို တွေ့မှဖြစ်မယ်"
ဖေးယွမ်က ဖေးယီမင်၏ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။ သူ ဒေါသအကြီးအကျယ် ထွက်နေသည်။
"သောက်ကောင်စုတ်! ကြိုက်စရာလူရှားလို မိစ္ဆာမကိုမှ သွားကြိုက်ရသလား၊ ကြိုက်တာကထားပါတော့၊ ဂိုဏ်းကိုတောင်ခေါ်လာရဲသေးတယ်၊ ဖုန်းလိုင်ဂိုဏ်းကို မပြောနဲ့၊ ဘယ်ဂိုဏ်းကများ မိစ္ဆာတွေကိုမမုန်းဘဲနေလဲ၊ မင်းတိုအချင်းချင်းချစ်နေရုံနဲ့ အရာအားလုံး ပြောင်းလဲသွားမယ်ထင်နေလား၊ ကမ္ဘာကြီးတစ်ခုလုံးက သူ့ကိုလက်ခံလာအောင် လုပ်နိုင်မယ်ထင်နေလား၊ မင်း ဘယ်လိုလုပ်ဒီလောက်တုံးရတာလဲ၊ နတ်ဆိုးစစ်ပွဲကို မင်းကိုယ်တိုင်ကြုံခဲ့ဖူးတာပဲ၊ ဒီလောက် နှစ်တွေကြာတာတောင် မင်းအရိုးထဲကတုံးအမှုက နည်းနည်းလေးမှမပြောင်းလဲပါလား"
ဖေးယီမင်သည် သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး ခေါင်းမာစွာမေးလိုက်သည်။
"ဆရာ... ဘာလိုမဖြစ်နိုင်ရမှာလဲ"
ဘာလိုမဖြစ်နိုင်ရမှာလဲ၊ ဟွမ်ရှက ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူး၊ သူရှိနေလို ဘယ်သူမှ ထမင်းတစ်လုပ် လျော့မသွားဘူး...
သူမက လူတစ်ယောက်ကိုမှမသတ်ဖူးဘူး၊ လူတွေအများကြီးကိုတောင်ကယ်ခဲ့ဖူးသေးတယ်၊ သူ့အတွက် သာမန်မြေခွေးလေးတောင်ဖြစ်ခဲ့ဖူးတယ်၊ သူမ အများကြီးပေးဆပ်ခဲ့တာရှင်းနေတာကို၊ သူမက အရမ်းကြင်နာတတ်တဲ့သူပဲဟာ၊ ဘာလို ဘယ်သူမှ လက်မခံနိုင်ကြတာလဲ...
ဖေးယီမင်သည် တောအုပ်ထဲကထိုညကို ပြန်သတိရမိတယ်။ လှပသောအမြီးကိုးချောင်း မြေခွေးလေးက သူ့ကိုခေါင်းငုံ့ပြီး ဂုဏ်ယူစွာ ပြုံးပြနေသည်။
သူမကသိပ်လှတာ၊ သိပ်ဂုဏ်ယူဖို့ကောင်းတာ၊ အခုတော့ အဲဒါတွေ အကုန်ပျောက်ကွယ်သွားပြီ...
ဖေးယီမင် ထရပ်ရန်ကြိုးစားသော်လည်း လှုပ်လိုက်သည်နှင့် မြေကြီးပေါ် ပြန်လဲကျသွားသည်။
သူ့ပုံက တကယ့်ကိုနာကြည်းမုန်းတီးနေပုံရတယ်...
"ကျွန်တော့်ကို တုံးတယ်လို့ပြောတာလား၊ ဟုတ်တယ်... ကျွန်တော်တုံးပါတယ်၊ ဘာလို့ အကြီးအကဲတွေက ကြိုက်တဲ့သူကိုပဲ အတွင်းစည်းတပည့်အဖြစ် ခေါ်ခွင့်ရှိတာလဲ? ပြောတော့ဖြင့် အတော်ဆုံးသူကို ရွေးမယ်လို့ပြောထားပြီးတော့လေ၊ ဘာလို့ ကျွန်တော့် ဦးလေးက ဝိညာဉ်ကျောက်တုံးလာဘ်ထိုးတဲ့ ချမ်းသာတဲ့ အပြင်စည်းတပည့်တွေကိုနေရာပေးရတာလဲ၊ ဘာလို့ အကြီးအကဲတွေက လျှို့ဝှက်အဖွဲ့တွေဖွဲ့ပြီး ဂိုဏ်းချုပ်နေရာလုဖို့ကြိုးစားနေရတာလဲ၊ ဘာလို့ ဂိုဏ်းထဲကလူတိုင်းက ဟန်ဆောင်ကောင်းပြီး အာဏာမက်မောနေကြတာလဲ၊ လူတိုင်းက ကျွန်တော့်ကို အပေါ်ယံပဲလေးစားကြတာ၊ ကွယ်ရာကျရင် ကျွန်တော် စည်းကမ်းကြီးလွန်းတယ်ဆိုပြီး ဆဲဆိုနေကြတာလေ"
ဖေးယီမင် ခဏနားလိုက်သည်။ မြေပြင်ပေါ်တွင် လဲလျောင်းကာ သူ့မျက်လုံးထဲတွင်မျက်ရည်များ ပြည့်နေသော်လည်း အကြည့်များကပုံမှန်မဟုတ်ဘဲ တောက်ပနေသည်။
"လူတိုင်းက အရမ်းရွံစရာကောင်းတယ်၊ အင်မော်တယ်ဂိုဏ်းခေါင်းဆောင် ထျန်းရွှမ်ဂိုဏ်းချုပ်ဆိုရင် အလှအပမက်မောတယ်၊ ဂိုဏ်းတွင်းပဋိပက္ခတွေဖန်တီးတယ်၊ လူတိုင်းက ကျီချောင်ချင်ဆီက သွေးစုပ်ဖို့ပဲချောင်းနေကြတာ၊ ညစ်ပတ်တဲ့ကိစ္စတွေအများကြီးနဲ့ကို ဒါဂိုဏ်းတစ်ခု တောင်ဟုတ်ရဲ့လား၊ အဲ့အင်မော်တယ်ဂိုဏ်းဆိုတာကြီးက မိစ္ဆာတွေရဲ့ခြေကုပ် စခန်းကြီးဖြစ်နေတာ ရှင်းနေတာပဲ"
ပုံရိပ်ယောင်နယ်မြေထဲတွင် လူတိုင်းက ကျီချောင်ချင်ကို ကြည့်လိုက်ကြသည်။
ကျီချောင်ချင်သည်တော့ မတုန်မလှုပ်ကြည့်နေသည်။ ဖေးယီမင်ပြောသည်များမှာ ရေခဲတောင်၏ ထိပ်ဖျားလေးသာရှိသေးသည်။ လွန်ခဲ့သည့် နှစ်တစ်ရာအတွင်းမှာ သူမ ကျင့်ကြံမှုများ တဖြည်းဖြည်းပျောက်ကွယ်သွားသည့်အခါ လူအများလေးစားခံရသောဘဝမှ လျစ်လျူရှုခံရသည့် အဆင့်၊ လူတိုင်းဝိုင်းရွံကြသည့်အဆင့်ထိ ရောက်ခဲ့ရသည်။ သူမခံခဲ့ရသော အရှက်တကွဲဖြစ်မှုများ၊ မတရားမှုများသည် စကားလုံးနှင့်တောင် ပြောမပြနိုင်လောက်အောင်ပင်။ ထို့ကြောင့် ကျီချောင်ချင် ဒေါသမထွက်မိချေ။
သို့သော် ဖေးယွမ်သည်တော့ ဒေါသထွက်သွားသည်။ ဒီစကားတွေက တကယ့်ကို ပုန်ကန်တဲ့စကားတွေပဲ...
"ငါမင်းကိုပြောပြမယ်! ဒါက အင်မော်တယ်ဂိုဏ်းရဲ့ စည်း မျဉ်းပဲ၊ ဂုဏ်ရည်တူချင်းပဲလက်ထပ်ရမယ်၊ မင်း ဂိုဏ်းထဲမှာရှိနေသမျှကာလပတ်လုံး အဲဒီမြေခွေးမိစ္ဆာမကို ဘယ်တော့မှလက်ထပ်ခွင့်မရှိဘူး"
ဖေးယီမင်သည် ဖေးယွမ်၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်။
"ဒါဆိုရင် ဒီနေ့ကစပြီး ကျွန်တော်ဖုန်းလိုင်ဂိုဏ်းသား မဟုတ်တော့ဘူး"
ဟွမ်ရှက သူ့အတွက် ဒီလောက်ထိပေးဆပ်ခဲ့တာ၊ သူသာ ကြောက်ရွံ့ပြီးတွန့်ဆုတ်နေဦးမယ်ဆိုရင် သူမရဲ့အချစ်နဲ့ ဘယ်လိုလုပ် ထိုက်တန်တော့မလဲ...
ဖေးယွမ်သည် ဖေးယီမင်၏ပါးကိုရိုက်ချလိုက်သည်။
"မင်း ဘာသောက်စကားတွေပြောနေတာလဲ"
ဖေးယီမင်သည် သူ့ဝိညာဉ်ဓားကို ရေခဲပြင်ပေါ် စိုက်ချလိုက်ပြီး အားပြုကာမတ်တပ်ရပ်လိုက်သည်။ သူသည် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သူ့ကျောပြင်ကမတ်မတ်ရပ်နေဆဲပင်။
"ဆရာ... ဆရာပြောဖူးတယ်လေ... လူတိုင်းမှာ ကိုယ်ပိုင်လမ်းစဉ်ရှိတယ်ဆို၊ ဟွမ်ရှက ကျွန်တော့်လမ်းစဉ်ပဲ"
"မင်း သေချာလား"
"သေချာပါတယ်"
"မပြောင်းလဲဘူးနော်"
"ကိုးခါသေရရင်တောင် ဘယ်တော့မှနောင်တမရပါဘူး"
ဖေးယွမ်က ရုတ်တရက်ပြုံးလိုက်သည်။ သူ့သား၏ မျက်လုံးများကို နက်ရှိုင်းစွာကြည့်လိုက်ပြီး တကယ့် ယောကျ်ားကောင်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ထင်ရသည်။
"ဖေးယီမင်... မင်းနောင်တရလိမ့်မယ်"
ဖေးယီမင်သည် ဖေးယွမ်၏အကြည့်ကို ပြန်ကြည့်လိုက်ပြီး ရုတ်တရက်ဒူးထောက်ချကာ ဖေးယွမ်ကို သုံးကြိမ်တိုင်တိုင် ဦးချကန်တော့လိုက်သည်။
"အဖေ... ကျွန်တော် သူ့ကိုပြန်ခေါ်လာခဲ့တာ အဖေ့ကို စိတ်ချစေချင်လို့ပါ၊ အခုတော့... ဂရုစိုက်ပါ"
ထိုသို့ပြောပြီးသည်နှင့် သူနောက်လှည့်မကြည့်ဘဲ ရေခဲဂူထဲမှ ထွက်ခွာသွားလေသည်။
ဖေးယွမ် ဖြည်းညှင်းစွာလှည့်ကြည့်လိုက်သည်။ ထိုဂုဏ်ယူဝင့်ကြွားပြီး အလျှော့မပေးတတ်သော ကျောပြင်ကိုကြည့်ကာ သူအခြားတစ်ယောက်ကို မြင်ယောင်နေမိသည်။
အချိန်အတော်ကြာပြီးနောက် ဖေးယွမ် နှုတ်ခမ်းထောင့်မှသွေးစီးကြောင်းလေးတစ်ခု စီးကျလာသည်။ သူ ခပ်တိုးတိုးလေး ချောင်းဆိုးလိုက်သည်။
"ကောင်စုတ်လေး... မိန်းမတစ်ယောက်အတွက်နဲ့ ကိုယ့်အဖေအရင်းကိုတောင်စွန့်ပစ်ရက်တယ်"
—
ဖေးယီမင်နှင့် ဟွမ်ရှတို့ထွက်ပြေးသွားကြသည်။
မျှော်စင်ထဲမှ မိစ္ဆာများအားလုံးကိုပြန်ဖမ်းမိခဲ့သည်။ ဟွမ်ရှတွင် အမြီးတစ်ချောင်းသာကျန်တော့ပြီး သူမ၏ ကျင့်ကြံမှုအဆင့်သည် ချီသန့်စင်ခြင်းအဆင့်သို့ ကျဆင်းသွားရာ မည်သည့်မိစ္ဆာမဆို သူမကို အလွယ်တကူသတ်ပစ်နိုင်သည်။
သူသည် မတော်တဆမှုများကိုရှောင်ရှားရန် ဟွမ်ယွမ်ပုလဲကို ဟွမ်ရှထံတွင်ထားလိုက်ပြီး သာမန်လူသားတစ်ယောက်အဖြစ်နေထိုင်စေသည်။
သူတို့နှစ်ယောက် ခရီးများထွက်ကြပြီး မိစ္ဆာများကို နှိမ်နင်းကြသည်။ ဖေးယီမင်သည် ရရှိလာသော ဝိညာဉ်အမြုတေများကိုသန့်စင်ပြီး ဟွမ်ရှ၏ကျင့်ကြံမှု တိုးတက်စေရန်ပေးအပ်သည်။
သို့သော် မလုံလောက်ပေ။ ဟွမ်ရှ ခန္ဓာကိုယ်သည် မြေပြိုသလို ယိုယွင်းပျက်စီးလာသည်။ ဖေးယီမင်ပင် ကယ်လို့မရနိုင်ချေ။
ထိုအချိန်မှာ ဖေးယီမင်ရဲ့ခန္ဓာကိုယ်ထဲမှာလည်း အစီအရင်ဗဟိုချက်ရှိနေပြီး သူ့ကျင့်ကြံမှုတွေအားနည်းလာသည်။ ဟွမ်ရှအတွက် အဆင့်မြင့် ဝိညာဉ်အမြုတေတွေကို သူ မရှာပေးနိုင်တော့ပေ။
မျှော်လင့်ချက်မဲ့ခြင်း၊ ဖိနှိပ်ခံရခြင်း၊ နာကျင်ခြင်း...
လွန်ခဲ့သည့်နှစ်တစ်ရာအတွင်း ဖေးယီမင် ဤသို့ခံစားချက်မျိုး တစ်ခါမှမခံစားခဲ့ရဖူးပေ။ ကောင်းကင်ဘုံကရက်စက်တယ်လို့ သူထင်မိတယ်၊ မဟုတ်ရင် ဘာလို့ဒီလောက်ကောင်းတဲ့မြေခွေးလေးက ကောင်းမွန်တဲ့ဇာတ်သိမ်းမရနိုင်ရတာလဲ...
ဖေးယီမင်၏ ဖိနှိပ်ထားသောခံစားချက်များနှင့် ယှဉ်လျှင် ဟွမ်ရှကမူ ပိုမိုတည်ငြိမ်သည်။
"ယီမင်... ငါသေပြီးရင် ဂိုဏ်းကိုပြန်သွားလိုက်နော်၊ ဒီနှစ်တွေမှာ နင်နဲ့ငါ အတူတူမိစ္ဆာတွေကို တိုက်ခိုက်ခဲ့ကြတာလေ၊ လူတိုင်းက ကျွန်မကို သာမန်လူလို့ပဲထင်ကြတာ၊ ဂိုဏ်းကသေချာပေါက် သတင်းရပြီးလောက်ပြီ၊ ပြန်သွားပြီး တောင်း ပန်လိုက်ပါ၊ ဖုန်းလိုင်ဂိုဏ်းချုပ်က ရှင့်အဖေပဲဟာ... ရှင့်ကို အစီအရင်ဗဟိုချက်ကြောင့် နှိပ်စက်ခံရပြီး သေအောင်ထားမှာမဟုတ်ပါဘူး"
ဖေးယီမင်သည် ဟွမ်ရှကိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။
"မဖြစ်ဘူး... မင်းသေရင် ကိုယ်တစ်ယောက်တည်း ဘယ် တော့မှဆက်မရှင်ဘူး"
ဟွမ်ရှသည် ဖေးယီမင်မှာ စိတ်လိုက်မာန်ပါ ပြောလိုက်မှန်းသိသည်။ ဖေးယီမင်၏ကိုယ်ထဲမှာ အစီအရင်ဗဟိုချက်ရှိနေ သည်။ သူသေပါက မိစ္ဆာတံဆိပ်ပျက်စီးသွားလိမ့်မည်။ မိစ္ဆာများသာ ထွက်လာပါက ကမ္ဘာကြီးဗရမ်းဗတာဖြစ်သွားနိုင် သည်။
ဟွမ်ရှက ဖေးယီမင်၏စိတ်နေသဘောထားကို နားလည် သည်။ သူက သူ့ရဲ့ခဏတာပျော်ရွှင်မှုအတွက် ကမ္ဘာကြီးကိုစွန့်ပစ်မယ့်လူမျိုး မဟုတ်ဘူး...
သူ နာကျင်စွာနေထိုင်ရရင်တောင် အသက်ဆက်ရှင်ရမှာပဲ
"ကိုယ် ထျန်းရွှမ်ဂိုဏ်းဘိုးဘေးဆီသွားပြီး ကိုယ့်ကိုယ်ထဲက အစီအရင်ဗဟိုချက်ကိုထုတ်ပေးဖို့ တောင်းပန်မယ်၊ ပြီးရင် မင်းနဲ့အတူသေလို့ရပြီ၊ မြစ်ဝါကိုသွားတဲ့လမ်းက အရမ်း အထီးကျန်ဆန်လွန်းတယ်၊ မင်း ကိုယ့်ကို စောင့်နေရမယ်နော်"
ဟွမ်ရှက ပြုံးလိုက်သည်။
"မသေပါနဲ့၊ ကျွန်မက မျှော်စင်ထဲကမိစ္ဆာလက်နက်တွေ သုံးပြီး ရှင့်ကို ဖုန်းလိုင်ဂိုဏ်းကနေ မနည်း ရွေးထုတ်ထားရတာ၊ ရှင် ဒီအတိုင်းသေလို့မရဘူး"
မဟုတ်ဘူး... သူ သေချာပေါက်သေမှာ...
တစ်မနက်မှာ ဖေးယီမင် ရုတ်တရက်သတိရသွားသည်။ သူသည် ဤနှစ်အတွင်း ဟွမ်ရှ၏ရောဂါကို ကုသဖို့သာအလုပ် ရှုပ်နေခဲ့ပြီး သူတို့နှစ်ယောက် လက်မထပ်ရသေးဘူးချေ။
သူ ဟွမ်ရှကို လက်ထပ်ဖို့ဆုံးဖြတ်လိုက်သည်။
သူတို့လက်ထပ်သည့်နေ့မှာပင် ဖုန်းလိုင်ဂိုဏ်းကလူတွေ ရောက်လာကြသည်။
ိုးဘေးသည် ဖုန်းလိုင်ဂိုဏ်းသားတစ်စုကိုဦးဆောင်ကာရောက်ရှိလာလေသည်။ ၎င်းတို၏ဓားသွားရောင်က နွေရာသီနေပူပူ၏အရှိန်အဝါကိုပင်လွှမ်းမိုးကာဆီးထားသကဲ့သိုရှိနေသည်။
"ဖေးယီမင်... မင်းလို တုံးအတဲ့တပည့်ကွာ၊ မြေခွေးမိစ္ဆာမကိုများလက်ထပ်ချင်ရတယ်လို၊ တခြားဂိုဏ်းတွေအလယ်မှာ ဖုန်းလိုင်ဂိုဏ်းကိုအရှက်ကွဲအောင် လုပ်တာပဲ၊ မင်းပြစ်ဒဏ်ကိုမင်းသိရဲ့လား"
ဖေးယီမင်သည် အခန်းထဲမှထွက်လာပြီး ခြံဝင်းထဲတွင်ရပ်လိုက်သည်။ ထိုနောက် မော့ကြည့်ကာ "ကျွန်တော်က ဖုန်းလိုင်ဂိုဏ်းကစွန့်ပယ်ခံထားရတဲ့ တပည့်လေ၊ ခင်ဗျားတိုနဲ့ဘာမှမဆိုင်တော့ဘူး၊ ဘာလိုဒီနေ့ထိ ကျုပ်တိုကိုလွှတ်မပေးနိုင်ရတာလဲ"
ဘိုးဘေးက ဒေါသတကြီးဟိန်းဟောက်လိုက်လေသည်။
"မင်းနဲ့ အဲဒီမြေခွေးမကအတူတူပဲမိုလိုလေ၊ နှစ်ယောက်စလုံးသေသင့်တယ်"
ထိုသိုပြောပြီးသည်နှင့် ဖေးယီမင်ကိုသတ်ဖြတ်ရန် ဓားကိုမြှောက်လိုက်တော့သည်။
ဖေးယီမင်သည်လည်း အညံ့ခံမည့်သူမဟုတ်ပေ။ သူသည် ခုခံရန်ဓားကိုမြှောက်လိုက်သော်လည်း ယခင်က ဖေးယီမင်မဟုတ်တော့ပေ။ ဘိုးဘေးကြီး၏ ရိုက်ချက်ကြောင့် တန်းခနဲလွင့်စင်ထွက်သွားရရှာသည်။
"ဝုန်း..."
ထိုအချိန်တွင် ဟွမ်ရှသည် အခန်းထဲမှယိုင်နဲ့နဲ့ထွက်လာပြီး လူအများအားလုံး၏ရှေ့မှောက်တွင်ဒူးထောက်လိုက်လေသည်။
"ဘိုးဘေး... စိတ်လျော့ပါဦးရှင်၊ ကျွန်မက အမြီးကိုးချောင်းမြေခွေးမျိုးနွယ်ပါ၊ အမြီးကိုးချောင်းမြေခွေးတွေက ညှိယူဖမ်းစားတဲ့အတတ်မှာ ကျွမ်းကျင်တယ်ဆိုတာသိကြတဲ့အတိုင်းပါပဲ၊ အဲဒီတုန်းကဖေးယီမင်ကို ကျွန်မပြုစားခဲ့မိလို..."
ဖေးယီမင်က ဖြတ်ပြောလိုက်သည်။ "မဟုတ်ဘူး"
ဟွမ်ရှက ဆက်ပြောလေသည်။
"အဲဒီတုန်းက သူ ကျွန်မရဲ့ပြုစားတာခံလိုက်ရလို ဂိုဏ်းကို သစ္စာဖောက်တဲ့အလုပ်တွေလုပ်မိခဲ့တာပါ၊ သူက ဘိုးဘေးကြီးရဲ့ရင်ခွင်အောက်မှာ ငယ်ငယ်လေးကတည်းကကြီးပြင်းလာခဲ့တာလေ၊ သူ့စိတ်ရင်းကို ဘိုးဘေးကြီးသိမှာပါ၊ အခု သူ့အကျင့်စရိုက်တွေ ဒီလောက်ပြောင်းလဲသွားတာက ကျွန်မရဲ့မြူဆွယ်မှုတွေကြောင့်ပါ၊ အခုတော့ ကျွန်မအသိတရားရပါပြီ၊ သူ့ကို ဆက်ပြီးလှည့်စားမထားချင်တော့ပါဘူး၊ ဘိုးဘေးကြီးအနေနဲ့ သူ့ကို ဂိုဏ်းထဲပြန်ဝင်ခွင့်ပေးမယ်လိုပဲမျှော်လင့်မိပါတယ်၊ ကျွန်မကတော့သေပျော်ပါပြီရှင်... အား"
ဘိုးဘေးကြီးသည် ဟွမ်ရှ၏စကားကို နားထောင်လိုစိတ်မရှိပေ။ သူ လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ဟွမ်ရှမှာ ပြာမှုန့်အဖြစ်သိုပြောင်းလဲသွားတော့သည်။
ဖေးယီမင်သည် အလိုအလျောက်ပင် ဟွမ်ရှကိုလှမ်းဆွဲလိုက်သော်လည်း မည်သည့်အရာကိုမှဖမ်းဆုပ်မိခြင်းမရှိတော့ချေ။
🍃 Chapter 94
ကျင့်ကြံရေးလောကတွင် လူတိုင်းက မေတ္တာတရားကို လူအကဲဖြတ်သည့်စံနှုန်းအဖြစ်သုံးကြသော်လည်း လက်တွေ့တွင်မူ အင်အားကသာအရာရာဖြစ်ပေသည်။ အင်အားမရှိလျှင် ကိုယ့်ချစ်ရသူ ရိုက်နှက်ခံရပြီး ပြာမှုန့်ဖြစ်သွားသည်ကိုဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရုံသာရှိတော့သည်။
ဘိုးဘေးက ပြောလိုက်သည်။
"ဖေးယီမင်... မင်းရဲ့ကျင့်ကြံခြင်းလမ်းစဉ်ကို နှောင့်ယှက်နေတဲ့ မြေခွေးမိစ္ဆာမသေသွားပြီ၊ မင်းသာအပြစ်ကိုဝန်ခံမယ်ဆိုရင် ဖုန်းလိုင်ဂိုဏ်းက မင်းကို ဂိုဏ်းသားအဖြစ်ပြန်လက်ခံပေးမယ်၊ စဉ်းစားကြည့်ပေါ့"
လူတိုင်းကဟန်ဆောင်ကောင်းလိုက်ကြတာ... ရွံစရာကြီးပဲ၊ သူ့ဘဝရဲ့အချစ်ဆုံးလူကိုသတ်လိုက်ပြီးတော့မှ ဒါက သူ့ရဲ့ကျင့်ကြံခြင်းလမ်းစဉ်အတွက်ကောင်းစေချင်လိုပါတဲ့လား၊ ရယ်စရာကောင်းလိုက်တာ...
သူ့ဇနီးဟွမ်ရှသည် မူလကလှပပြီး အစွမ်းထက်သောအမြီးကိုးချောင်းမြေခွေးတစ်ကောင်ဖြစ်သော်လည်း ယခုတော့ သူ့ကြောင့် ဤသိုအဖြစ်ဆိုးနှင့်ကြုံခဲ့ရသည်။
မိုးနတ်မင်းက တရားမမျှတလိုက်တာ...
ဖေးယီမင်သည် တစ်ကိုယ်လုံးတုန်ယင်နေသည်။ သူ မတ်တပ်ထရပ်လိုက်ပြီး နှုတ်ခမ်းထောင့်မှသွေးစကို သုတ်လိုက်လေသည်။
"ကျွန်တော် ဘယ်တုန်းကမှ သူ့ရဲ့ ပြုစားတာမခံခဲ့ရဘူး၊ ကျွန်တော် သူ့ကိုတကယ်ချစ်တာ"
သူ့မျက်လုံးများထဲတွင် အမည်းရောင်အခိုးအငွေ့များပြည့်နှက်လာပြီး ကောင်းကင်ထက်မှ မိုးတိမ်မည်းများသည်လည်း ဤနေရာကွက်လေးအပေါ်တွင် လျင်မြန်စွာစုစည်းလာတော့သည်။ တိမ်တိုက်များကြားတွင် ထူထဲသောလျှပ်စီးကြောင်းများကလည်း ဝင်းခနဲလက်ခနဲဖြစ်သွားသည်။
ကျင့်ကြံသူတစ်ဦး မိစ္ဆာလမ်းသိုရောက်သွားသောကြောင့် မိုးနတ်မင်းမှာအမျက်တခြောင်းခြောင်းထွက်နေချေသည်။
ထူထပ်သော အမည်းရောင်အကြောမျှင်များသည် ဖေးယီမင်၏နှလုံးသားမှတဆင့် ပတ်ဝန်းကျင်သို လျင်မြန်စွာပျံ့နှံသွားပြီး လည်ပင်းမှတဆင့် မျက်နှာပေါ်သိုတွားသွားကာ အဆုံးတွင် မျက်နက်ဝန်းထဲသို စူးဝင်သွားလေတော့သည်။
ဓားကျိုးသည် တဝုန်းဝုန်းမြည်ဟီးလာသည်။ ဖေးယီမင်သည် ခံစားချက်ကင်းမဲ့သောမျက်နှာထားဖြင့် ပြောလိုက်သည်။
"မိုးနတ်မင်းကမတရားဘူး၊ ငါနဲ့ ဟွမ်ရှက ဘာနောင်တရစရာမှမလုပ်ခဲ့ဘူး၊ ဘာလိုငါ့မိန်းမကို အလွတ်မပေးရတာလဲ"
ဤအချိန်တွင် ဖေးယီမင်သည် မေးခွန်းမေးနေခြင်းကအဓိပ္ပာယ်မရှိတော့ဟုခံစားလိုက်ရသည်။ သူသည် ဓားကျိုးကိုမြှောက်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"လီချန်... သေပေတော့"
ဓားကျိုးတွင် မိစ္ဆာစွမ်းအင်များအလွန်အမင်းပြည့်နှက်နေပြီး ဘိုးဘေးကြီးနှင့် အခြားလူများထံသို့ထိုးစိုက်ဝင်ရောက်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ရေတွက်၍မရနိုင်သော နာကျင်စွာအော်ဟစ်သံများထွက်ပေါ်လာပြီး လူအများမှာ မိစ္ဆာစွမ်းအင်ကြောင့် ခြောက်သွေ့သောအလောင်းကောင်များအဖြစ်သို့ပြောင်းလဲသွားကြတော့သည်။
ဖေးယီမင်သည် လက်ကိုဆန့်ထုတ်လိုက်ပြီး အဖြူရောင်အလင်းတန်းတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ ထိုအရာမှာ ဘိုးဘေးကြီး၏ဝိညာဉ်ပင်ဖြစ်သည်။
သူသည် ထိုဝိညာဉ်ကိုချေမွပစ်လိုက်သည်။
နောက်တစ်ခဏတွင် ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားလေသည်။
အားလုံးကြောင်အမ်းသွားကြသည်။
"ဒါပဲလား"
"စီနီယာကျီ... ဟွမ်ရှကသေသွားပြီလေ၊ ဘာလို့ စောစောက သူ့ကိုမြင်နေရတာလဲ"
ကျီချောင်ချင်လည်း ထူးဆန်းနေမိသည်။ ဟွမ်ရှသည် ဖုန်းလိုင်ဂိုဏ်းဘိုးဘေး၏ဓားချက်ဖြင့် အသတ်ခံခဲ့ရပြီးပြီဖြစ်သည်။ ယုတ္တိအရဆိုလျှင် သူမ၏ဝိညာဉ်သည်လည်း လွင့်ပါးပျောက်ကွယ်သွားရမည်။ ဖေးယီမင်က ဝိညာဉ်ကိုပြန်စုစည်းနိုင်ခဲ့သည်ဆိုလျှင်တောင်မှ ဤမျှလောက် မြန်မြန်ဆန်ဆန်ဖြစ်မလာနိုင်ပေ။
ရုတ်တရက် ဟွမ်ရှသည် လူတိုင်း၏ရှေ့မှောက်တွင် ပေါ်လာလေသည်။
ဂိုဏ်းသားတစ်ယောက်က ထိတ်လန့်တကြားအော်ပြောလိုက်သည်။
"ခင်ဗျား ဟွမ်ရှ မဟုတ်ဘူးမလား၊ သူသေသွားတာ ကျုပ်တို့မြင်ပြီးပြီလေ၊ ခင်ဗျားက... ခင်ဗျားက စီနီယာအစ်ကိုဖေးယီမင် ဖြစ်နေတာတော့မဟုတ်ပါဘူးနော်"
ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်လွန်းလို့ သူမကို ဖေးယီမင်လို့ထင်ရတာလဲ
ကျီချောင်ချင်သည် ထိုဂိုဏ်းသားကို ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်လိုက်ရာ အခြားဂိုဏ်းသားများက ထိုသူကို ဝိုင်း ဝန်းပြစ်တင်နေကြသည်ကိုတွေ့လိုက်ရသည်။ သူမလည်းမတတ်သာတော့ဘဲ ဟွမ်ရှဘက်သို့ပြန်လှည့်လိုက်ရသည်။
"ကျီချောင်ချင်... ငါ နင်နဲ့စကားပြောစရာရှိတယ်၊ ငါနဲ့ အတူတူ သီးသန့်လိုက်ခဲ့ရဲလား"
ရှန်ကျွင်းက ရှေ့သို့တိုးလာပြီး ဟွမ်ရှ၏အမြင်အာရုံကိုကွယ်ကာ ရပ်လိုက်သည်။
"မလိုက်နဲ့"
ကျီချောင်ချင်က ပြန်ပြောလိုက်သည်။
"ရပါတယ်၊ ဖေးယီမင်နဲ့ ငါ ရှင်းစရာကိစ္စလေးတွေရှိနေလို့ပါ၊
ဒီကိစ္စက မြန်မြန်ဖြစ်ဖြစ်၊ နောက်ကျမှဖြစ်ဖြစ် ရှင်းရမယ့် ကိစ္စပါပဲ"
ရှန်ကျွင်းသည် အနည်းငယ်မျက်မှောင်ကြုတ်သွားသော် လည်း ကျီချောင်ချင်ကိုမတားတော့ဘဲ ရိုးရှင်းစွာပြောလိုက်သည်။
"ကိုယ် အပြင်ကစောင့်နေမယ်"
ကျီချောင်ချင်သည် သူ့ကိုလက်ပြနှုတ်ဆက်လိုက်ပြီး ဟွမ်ရှနောက်သို့လိုက်ကာ ဂူထဲသို့ဝင်သွားလေသည်။
ရှန်ကျွင်းသည် ကျီချောင်ချင်၏ ပုံရိပ်ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး ဘေးပတ်ဝန်းကျင်မှ ဂိုဏ်းသားများကိုပြောလိုက်သည်။
"ထိုင်ပြီး နားနေကြ"
ဂူလမ်းကြောင်းသည် ဝင်္ကပါသဖွယ်တွန့်လိမ်ကွေ့ကောက်နေပြီး နှစ်ဦးသား အချိန်မည်မျှကြာအောင်လျှောက်ခဲ့ရသည်မသိပဲ အဆုံးတွင် ကျယ်ဝန်းပြီး လင်းထိန်သောနေရာတစ်ခုသို့ရောက်ရှိသွားကြသည်။
ထိုအခါမှ ကျီချောင်ချင် သဘောပေါက်လိုက်သည်မှာ ၎င်းတို့သည် မိစ္ဆာဘုံအပြင်ဘက်ရှိ လူသူကင်းဝေးသောတောင်ပေါ်သစ်တောတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်ပေသည်။
ဟွမ်ရှက ကျီချောင်ချင်ကို သက်ကယ်တဲအိမ်လေးဆီသို့ခေါ်သွားလေသည်။ ကျီချောင်ချင်ဝင်သွားလိုက်သည်နှင့် ကျောက်ခုံတန်းပေါ်တွင်ထိုင်နေသော ဖေးယီမင်ကိုတွေ့လိုက်ရသည်။
ကျီချောင်ချင် လျှောက်သွားလိုက်ပြီး သူ့မျက်နှာချင်းဆိုင်ခုံတန်းတွင် ဝင်ထိုင်ကာမေးလိုက်သည်။
"နင် သူ့ကို ဘယ်လိုကယ်လိုက်တာလဲ"
ဖေးယီမင်သည် မိတ်ဆွေဟောင်းကိုတွေ့ရသော်လည်းအံ့သြပုံမပြပေ။ လွန်ခဲ့သောနှစ်များစွာကတွေ့ဆုံမှုနှင့်ယှဉ်လျှင် သူသည် ပိုရင့်ကျက် တည်ငြိမ်လာသည်။
ဖေးယီမင်က သူမ မေးခွန်းကိုမဖြေဘဲပြောလာသည်။
"ငါ့ခန္ဓာကိုယ်ကပျက်စီးတော့မယ်၊ ငါ့ကိုယ်ထဲက အစီအရင် ဗဟိုချက်ကို အမြန်ဆုံးထုတ်ပေးတော့"
ကျီချောင်ချင်လည်း အားနာမနေတော့ဘဲ ချက်ချင်းတွေဝေခြင်းမရှိထုတ်ယူပေးလိုက်သည်။
အစီအရင်ဗဟိုချက်ထွက်သွားသည်နှင့် ဖေးယီမင်သည် သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး သက်သောင့်သက်သာဖြစ်သွားပုံဖြင့် ပြောလိုက်သည်။
"တော်ပါသေးရဲ့... အခုမှပဲ စိတ်အေးရတော့တယ်"
ကျီချောင်ချင်က ပြောလိုက်သည်။
"နင့်ဘဝက အခု ဒီမှာ တော်တော်လေးအဆင်ပြေနေတာပဲ၊ ဘာလို့ နင့်ဇနီးက ဟိုဂိုဏ်းသားတွေကိုလိုက်ခြောက်နေရသေးတာလဲ၊ ဘာဖြစ်လို့လဲ နင် တကယ်ကြီး အခုလမ်းမှန်ပြန်လိုက်တော့မလို့လား"
ဖေးယီမင်က ပြန်ဖြေသည်။
"သူက ငါဘဝသစ်စနိုင်ဖို့ ခန္ဓာကိုယ်တစ်ခုရှာပေးချင်နေတာ"
ကျီချောင်ချင်က မေးလိုက်သည်။
"နင်ကရော... လိုချင်လို့လား"
ဖေးယီမင်သည် ရုတ်တရက် ကျီချောင်ချင်ကို ကြည့်လိုက်ပြီး မျက်လွှာချကာလက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
"ငါက ဒီနှစ်တွေအကုန်လုံးသတိမေ့နေခဲ့တာဆိုတော့ အများကြီးလွတ်သွားပုံရတယ်"
ထိုစကားကိုကြားသောအခါ ကျီချောင်ချင်က ပေါင်ကို ဖြန်းခနဲပုတ်လိုက်သည်။
"နင် မသိပါဘူးဟာ... ငါလည်း နှစ်ပေါင်းတစ်ရာလောက် တရားကျင့်ရင်းပိတ်မိနေတာ၊ ပြန်ထွက်လာတော့ လောကကြီးတစ်ခုလုံးပြောင်းလဲကုန်သလိုပဲ"
ဖေးယီမင်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
"ဒါနဲ့ ငါ မင်းကိုမမေးရသေးဘူး၊ မင်းက အစီအရင်ဗဟိုချက်ကိုယူပြီး ဘာလုပ်မလို့လဲ၊ ဘယ်မှာထားဖို့ စိတ်ကူးထားလဲ"
ကျီချောင်ချင် မျက်ခွံများလှုပ်သွားပြီး ပြုံးလိုက်သည်။
"ငါတို့မျိုးဆက်က ဒီအစီအရင်ကြောင့်တော်တော် ဒုက္ခ ရောက်ခဲ့ရတာလေ၊ ငါ ဒါကိုထိန်းသိမ်းထားမလို့"
"ဘယ်မှာ ထိန်းသိမ်းမှာလဲ"
"အဲဒါ နင်နဲ့မဆိုင်ပါဘူး၊ ဖေးယီမင် ဒီလောက်ကြာသွားတာတောင် နင့်ရဲ့စပ်စုတတ်တဲ့အကျင့်က မပျောက်သေးပါလား"
"ငါက အမြဲတမ်းဒီလိုပါပဲ၊ မင်းလည်း သိသားနဲ့"
ဖေးယီမင်သည် ကျီချောင်ချင်ကိုတည်ငြိမ်စွာ စကားပြောနေရင်းမှ ရုတ်တရက်တိုက်ခိုက်လိုက်တော့သည်။
"ဝုန်း..."
ကျီချောင်ချင်၏တုံ့ပြန်မှုကလည်း အလွန်မြန်ဆန်လှသည်။ ချက်ချင်းပင် နောက်သို့လှန်ချလိုက်ပြီး အင်္ကျီလက်ကြားမှ ယပ်တောင်ကိုဆွဲထုတ်ကာ ဖေးယီမင်၏တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါးပင် ကာကွယ်လိုက်လေ၏။
"ဖေးယီမင်... ငါတို့စတွေ့တုန်းကလည်း နင် ဒီလိုပဲ လုပ်ခဲ့တာလေ၊ အခု ငါတို့က ကလေးတွေမဟုတ်ကြတော့ဘူး၊ ဘာလို့ ဒီလိုသူခိုးဂျပိုးကွက်တွေသုံးနေရတာလဲ"
ဖေးယီမင်၏မျက်နှာသည် ဒေါသကြောင့်မည်းမှောင်သွားသည်။
"ကျီချောင်ချင်၊ မင်း အဲဒီ အစီအရင်ဗဟိုချက်ကို ဘာလုပ်မလို့လဲ"
မူလက ကျီချောင်ချင်နှင့်ပြန်တွေ့ရ၍ သူဝမ်းသာခဲ့မိပြီး ယုံလည်းယုံကြည်ခဲ့သောကြောင့် အစီအရင်ဗဟိုချက်ကိုထုတ် ယူခွင့်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ စကားများက နားထောင်ရခက်ပြီး သံသယဖြစ်ဖွယ်ကောင်းနေသည်။ အကြိမ်ကြိမ် စမ်းသပ်မေးမြန်းပြီးနောက် ဖေးယီမင်၏စိုးရိမ်စိတ်က ပိုလို့ကြီးထွားလာခဲ့သည်။
"အဲဒီတုန်းက ငြိမ်းချမ်းရေးအတွက်နဲ့ မင်းနောက်ထပ်ရက်အနည်းငယ်လောက် ပိုအသက်ရှင်နိုင်ဖို့အတွက် ငါတို့လည်း အဲဒီဗဟိုချက်ကိုကိုယ်ထဲထည့်ပြီး ခန္ဓာကိုယ်ကိုသံခြေကျင်းအဖြစ်အသုံးချပြီး မိစ္ဆာတံဆိပ်ကိုချုပ်နှောင်ထားခဲ့ရတာ၊ အခု မင်း ဘာလိုချင်နေတာလဲ"
ဖေးယီမင်၏ဒေါသနှင့် ယှဉ်လျှင် ကျီချောင်ချင် ခပ်ဖွဖွသာ ရယ်မောလိုက်လေသည်။
"ဖေးယီမင်... နင်က ငြိမ်းချမ်းရေးကိုသိပ်မြတ်နိုးတာပဲ၊ နင့်ကို ဒီလိုအခြေအနေရောက်အောင် ဘယ်သူလုပ်ခဲ့တာလဲဆိုတာမေ့သွားပြီလား၊ နင် လက်စားမချေချင်ဘူးလား၊ နာကြည်းချက်နည်းနည်းလေးမှမရှိဘဲ ဒီလိုအလုပ်ခံရတာကိုကျေနပ်နေတာလား၊ ကိုးမြီးမြေခွေးမလေးခမျာ သာမန်မြေခွေးဖြစ်သွားရှာပြီ၊ စောစောက သူဂါထာအစွမ်းသုံးတုန်းက သူ့မူလပုံစံကို ငါမြင်လိုက်ရတယ်၊ အမွှေးတွေကကျိုး တိုးကျဲတဲရုပ်ဆိုးဆိုးနဲ့ နင် မြေခွေးစုတ်ဖွားမအတွက် နည်းနည်းလေးမှ နောင်တမရဘူးလား"
ဖေးယီမင်က ဟိန်းဟောက်လိုက်သည်။
"ငါ မုန်းတယ်... ငါနာကြည်းတယ်၊ ဒါပေမဲ့ ဒါကမင်းအတွက် အစီအရင်ဗဟိုချက်ကိုယူပြီး မကောင်းမှုတစ်ခုခုလုပ်ဖို့ ဆင်ခြေမဟုတ်ဘူး"
ကျီချောင်ချင်က မဲ့ပြုံးပြုံးလိုက်သည်။
"နင်က တကယ်တော်တာပါပဲ၊ ဒါပေမဲ့ ကံဆိုးတာက ငါက နင်မဟုတ်ဘူး၊ ငါကအတ္တကြီးတယ်၊ ငါ့ကိုဒုက္ခပေးတဲ့သူ ဘယ်သူ့ကိုမဆို ငါလက်စားချေမယ်၊ ဘယ်သူမှ ငါ့ကိုတားလို့မရဘူး"
ဖေးယီမင်၏မျက်နှာသည် လုံး၀မည်းမှောင်သွားတော့သည်။ သူသည် ကျိီချောင်ချင်ကိုစိုက်ကြည့်လိုက်သည်။
"ဒီနေရာက ထျန်းရွှမ်ဂိုဏ်းနဲ့အရမ်းဝေးတယ်၊ မင်း ငါ့ဆီကို အရင်ဆုံးလာရှာတာမဖြစ်နိုင်ဘူး၊ မင်းဘယ်သူ့ရဲ့ ဗဟိုချက်ကိုယူခဲ့သေးလဲ၊ မိစ္ဆာတံဆိပ်ကို သွားထိခဲ့တာလား"
ကျီချောင်ချင်က "ဖေးယီမင်... ဘယ်လောက်ကြာကြာ..."
"နှစ်ပေါင်းတစ်ရာနေမှ ပထမဆုံးပြန်တွေ့တဲ့အချိန်မှာတောင်ရန်ဖြစ်နေကြတာ ယုံတောင်မယုံနိုင်စရာပဲ"
ရုတ်တရက် ဟွာကျစ်သည် မိစ္ဆာအုပ်စုကြီးကို ဦးဆောင်ပြီး သက်ကယ်တဲထဲသို့ဝင်ရောက်လာလေသည်။ သူသည် ဟွမ်ရှကို မြေပြင်ပေါ်သို့ပေါ့ပေါ့ပါးပါးပစ်ချလိုက်ပြီး ဘေးပတ် ဝန်းကျင်ကိုဝေ့ကြည့်လိုက်သည်။
"ခြောက်ကပ်လိုက်တဲ့ နေရာပဲ၊ ဟွမ်ရှ... မင်းက အဲဒီ့တုန်းက ငါ့ရဲ့စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့ဖူးတာကို၊ ဒီလိုနေရာမှာနေနိုင်တာ အံ့သြစရာပဲ"
ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်မိသည်။
ဟွမ်ရှက ဟွာကျစ်ကိုသိနေတာလား?
ဖေးယီမင်သည် ရှေ့သို့လှမ်းသွားပြီး ဟွမ်ရှကိုပွေ့ထူလိုက်သည်။ ထို့နောက် သူ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ဟွာကျစ်... မင်း ဘာလုပ်လိုက်တာလဲ"
"သူက သေခါနီးနေပြီကို ငါ့လမ်းကို မိုက်မဲစွာလာပိတ်နေသေးတယ်၊ ဒါကြောင့် သူ့ဆန္ဒပြည့်အောင် ငါ သူ့ကို ထာဝရငြိမ်းချမ်းသွားအောင်ကူညီလိုက်တာလေ"
ဟွာကျစ်ကလက်ခုပ်တီးလိုက်သည်။
"မင်း မသိဘူးလား၊ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ဟွမ်ရှက ငါ့ရဲ့သွေးသောက်မောင်နှမလေ၊ မင်းကို သတ်ဖို့သူ့ကိုအထူးလွှတ်လိုက်တာ၊ ဒီကောင်မတုံးအပြီး မင်းကိုချစ်မိသွားလိမ့်မယ်လို့ထင်မထားခဲ့ဘူး၊ မင်းအတွက်နဲ့ သူ့အမြီးရှစ်ချောင်းကိုဖြတ်ပစ်တယ်၊ သေလိုက် ရှင်လိုက်ဖြစ်နေတာတောင်မှလေ၊ တကယ်ကြည်နူးစရာကောင်းတာပဲ"
ဟွမ်ရှသည် သွေးတစ်လုပ်အန်ထုတ်လိုက်လေသည်။ သူမ ခန္ဓာကိုယ်သည် ပျက်စီးလုနီးပါးဖြစ်နေပြီး ဆက်၍တောင့်ခံမထားနိုင်တော့ပေ။ သူမက မဲ့ပြုံးပြုံးလိုက်သည်။
"အစ်ကို့ကို တကယ် စိတ်ပျက်အောင်လုပ်မိတာပဲ၊ ယီမင်က အရမ်းချောတာကိုး၊ သူ့ကိုမြင်လိုက်တာနဲ့ ညီမစိတ်ချမ်းသာတယ်၊ ဝမ်းမနည်းပါနဲ့ အစ်ကိုရယ်၊ နောင်ဘဝကျရင် ညီမ ပိုကောင်းတဲ့မိသားစုမှာ လူပြန်ဝင်စားပြီး ပိုချောအောင်နေပါ့မယ်၊ အဲဒီကျရင် အစ်ကို့စကားကို အမြဲနားထောင်တော့မယ်နော်"
ထိုသို့ပြောပြီးနောက် သူမ သွေးတစ်လုပ်ထပ်အန်လိုက်ပြန် သည်။ သွေးထဲတွင်အသားစများပင် ပါလာလေသည်။ နှလုံး၊ အသည်း၊ သရက်ရွက်နှင့် အဆုတ်များအားလုံး ကြေမွသွားခဲ့ပြီဖြစ်သည်။