← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

🍃 Chapter 95

ထိုအချိန်တုန်းက ဖေးယီမင်နှင့်ဟွမ်ရှတို့ တွေ့ဆုံခဲ့ခြင်းမှာတိုက်ဆိုင်မှုမဟုတ်ပဲ အားလုံးက သူမ ဖန်တီးခဲ့ခြင်းသာ။

ဟွမ်ရှသည် မိစ္ဆာဘုံတွင်နေထိုင်ခဲ့သည်မှာကြာမြင့်နေပြီဖြစ်ပြီး အပြင်သို့ထွက်ထွက်ချင်း ပထမဆုံးတာဝန်မှာ ဖေးယီမင်ကိုသတ်ရန်ဖြစ်သည်။ သူမ၏သိုင်းပညာသည်သာလွန်သော် လည်း အတွေ့အကြုံနုနယ်သဖြင့် သူ့ကိုမနိုင်မည်ကိုစိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ့ကိုညှို့ယူဖမ်းစားရန်အစီအစဉ်ဆွဲပြီးထောင်ချောက်ထဲဝင်လာအောင် အကွက်ချခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဟွမ်ရှတွက်ဆထားသည့်အတိုင်းပင် ဖေးယီမင်သည် ထောင်ချောက်ထဲသို့ဝင်ရောက်လာခဲ့သည်။ ဟွမ်ရှ ဖေးယီမင်ကိုမြင်လိုက်သည့်ခဏတွင် ဒေါသစိတ်များထွက်ပေါ်လာခဲ့သည်။

သူက ဘယ်လိုလုပ် ဒီလောက်ချောမောနေရတာလဲ? သူမကို လုံးဝအငိုက်မိသွားစေခဲ့သည်။

ဟွမ်ရှသည် ထိတ်လန့်သွားသဖြင့် တိုက်ခိုက်မှုမှာ လွဲချော်သွားခဲ့သည်။ မူလက ဖေးယီမင်က သူမနှင့် အပေါင်းအပါအမျိုးသမီးကို ကယ်တင်ရမည့် ဇာတ်လမ်းဖြစ်သော်လည်း သူမကထိုအမျိုးသမီးကို ကယ်တင်လိုက်ရပြီး ဖေးယီမင်က သူမကိုနောက်မှ တိတ်တဆိတ်ကာကွယ်ပေးသည့်အဖြစ်သို့ရောက်သွားခဲ့သည်။

အမြီးကိုးချောင်းမြေခွေးမျိုးနွယ်သည် အလှတရားကို ဘယ် တုန်းကမှမလွန်ဆန်နိုင်ခဲ့ကြပေ။ ဖေးယီမင်ကလည်း အလွန်ကိုချောမောလွန်းနေသည်။ ဟွမ်ရှတွင် သူ့ကိုမြူဆွယ်ရန် အခွင့်အရေးအကြိမ်ကြိမ်ရခဲ့သော်လည်း သူ့မျက်နှာကိုကြည့်လိုက်တိုင်း မလုပ်ရက်နိုင်ဖြစ်နေခဲ့ရသည်။

ဖေးယီမင်သည် သူမကိုဂရုမစိုက်ခင်ကတည်းက ဟွမ်ရှက သူ့ကိုကြွေနေခဲ့ပြီးဖြစ်သည်။

အစပိုင်းတွင် ဟွမ်ရှသည် ကစားချင်စိတ်သာရှိသေးသည်။ သူ့ကိုသတ်မည့် မဟာဗျူဟာကိုပြောင်းလိုက်သည်။ သူမ၏ သိုင်းပညာက ဖေးယီမင်ထက် အနည်းငယ်သာလွန်နေသဖြင့် သူ့ကို အမဲလိုက်သလို မျှားခေါ်ခဲ့သည်။ သူဖမ်းမိလျှင်ထွက် ပြေးမည်။ သူ မျက်ခြေပြတ်သွားလျှင် တမင်တကာသဲလွန်စပြမည်။ ငါးမျှားသလို၊ မူသလိုလုပ်ရာမှ သူမ၏ကောင်းကွက်များကို တဖြည်းဖြည်းရှာဖွေတွေ့ရှိစေခဲ့သည်။ ထို့နောက် သူအန္တရာယ်ကြုံသောအခါ ဝင်ရောက်ကယ်တင်ပြီးသူ့အမြင်ကိုပြောင်းလဲစေခဲ့သည်။

ဖေးယီမင်က သူမကိုလက်ထပ်ချင်လာသောအခါ သူမကနောက်ဆုတ်သွားပြန်သည်။ သူ့နှလုံးသား ကွဲကြေသွားအောင်ပေါ့၊ ကံကြမ္မာဆိုတာ ဖေးယီမင်လက်ထဲမှာ ဘယ် တုန်းကမှမရှိခဲ့ဘူး...

သို့သော် နောက်ပိုင်းတွင် ဖေးယီမင်ကသူမကို တကယ်ချစ်မိသွားလိမ့်မည်ဟု ဟွမ်ရှထင်မထားခဲ့သလို သူမကိုယ်တိုင်လည်းရူးသွပ်သွားပြီး သူ့ကမ်းလှမ်းမှုကိုလက်ခံမိကာ ဂိုဏ်းသို့လိုက်သွားရဲသည်အထိဖြစ်လာလိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။

ဖေးယီမင်သည် လုံးဝစွဲလမ်းသွားခဲ့သလို၊ သူမသည်လည်း မည်သည့်အချိန်တုန်းကမှ အသိစိတ်ကပ်မနေခဲ့ပေ။ ဖေးယီမင်အတွက် အသက်ကိုစွန့်လွှတ်ရဲခဲ့သည်။ အမြီးကိုဖြတ်တောက်ရဲခဲ့သည်။ ထိုအရာအားလုံးက သူ့ကိုလက်ထပ်ပြီးတစ်လင်တစ်မယားစနစ်ဖြင့် ပေါင်းသင်းနေထိုင်သွားချင်ရုံသက်သက်သာဖြစ်သည်။ ဤဆန္ဒလေးတစ်ခုပြည့်ဖို့ ထိုမျှခက်ခဲလိမ့်မည်ဟု သူမထင်မထားခဲ့မိပေ။

သိပ်ခက်ခဲလွန်းတယ်၊ သိပ်နာကျင်ရလွန်းတယ်၊ ဒါပေမဲ့ ဖေးယီမင်နဲ့တွေ့ဆုံခဲ့တာကို သူမဘယ်တော့မှနောင်တမရခဲ့ဘူး၊ နောက်ဘဝများရှိခဲ့ရင်လည်း ဒီရွေးချယ်မှုကိုပဲရွေးချယ်မိဦးမှာ...

ဖေးယီမင်သည် ဟွမ်ရှကိုတင်းကျပ်စွာပွေ့ဖက်ထားသည်။ သူမပြောသမျှကို နားထောင်ပြီးနောက် ရယ်မောလိုက်မိသည်။

"ကံကောင်းတာက မင်းရဲ့ပထမဆုံးတာဝန်က ကိုယ်ဖြစ်နေတာပဲ"

ဟွမ်ရှ၏မျက်ဝန်းအိမ်တို့သည် အာရုံစူးစိုက်မှု လျော့ပါးလာချေသည်။ သူမသည် တစ်စုံတစ်ခုပြောချင်နေသကဲ့သို့ ဖေးယီမင်၏အင်္ကျီလက်စကို တင်းတင်းဆုပ်ကိုင်ထားသည်။

ဖေးယီမင်သည် သူမ ဆိုလိုရင်းကိုနားလည်လိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်၊ မင်းရဲ့တောင်းဆိုမှုကို ကိုယ်မလိုက်လျောနိုင်ဘူး"

ဟွမ်ရှသည် စကားပြောရန်ခွန်အားမရှိတော့သဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်လေသည်။ မကြာခင်မှာပင် သူမသည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ဟွမ်ရှသည် လွန်ခဲ့သောနှစ်များစွာကတည်းက သေဆုံးခဲ့ပြီးဖြစ်ကာ ဖေးယီမင်က တားမြစ်ပညာရပ်တစ်ခုကိုသုံး၍ သူမကို ပြန်လည်အသက်သွင်းထားခြင်းဖြစ်သည်။ သို့သော် သူမအိပ်ပျော်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး လွန်ခဲ့သောလဝက်ခန့်ကမှ ပြန်လည်နိုးထလာခြင်းဖြစ်သည်။ တားမြစ်ပညာရပ်တွင် ဘေးထွက်ဆိုးကျိုးများရှိသည်။ သူမနိုးလာပြီးနောက် နေ့တိုင်း တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပြီး လှမ်းလိုက်သောခြေလှမ်းတိုင်းသည် ဓားသွားပေါ် လမ်းလျှောက်နေရသကဲ့သို့ အလွန်အမင်းနာကျင်ရသည်။

အခုတော့...သူမ လွတ်မြောက်သွားပြီ

အမှန်တရားကိုသိသွားပြီးနောက် ဖေးယီမင်၏ တုံ့ပြန်မှုကဤသို့ဖြစ်လာလိမ့်မည်ဟု ဟွာကျစ် ထင်မှတ်မထားခဲ့ပေ။ သူ့နဖူးပေါ်မှသွေးကြောများ ထောင်တက်လာပြီး လက်ကိုဆန့်ထုတ်လိုက်သည်နှင့် လှံရှည်တစ်ချောင်းပေါ်ထွက်လာလေသည်။

"မင်းတို့နှစ်ယောက်ကသိပ်ချစ်ကြတာဆိုတော့ ငရဲပြည်ကိုအတူတူသွားကြပေတော့"

ကျီချောင်ချင်သည် အင်မော်တယ်ကြိုးကို ဘေးသို့ ချက် ချင်းဆွဲဖယ်လိုက်သည်။ ထိုစဉ်မှာပင် ရှန်ကျွင်းသည် ကျီချောင်ချင် ရှေ့မှောက်သို့ရောက်လာပြီး ခွင်းလွန်ဓားကိုကိုင်ဆောင်ကာ ဟွာကျစ်၏ တိုက်ခိုက်မှုကို ဓားတစ်ချက်တည်းဖြင့်ကာကွယ်လိုက်လေသည်။

"ဝုန်း..."

နောက်တစ်ခဏတွင် သက်ကယ်တဲတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။

ဖေးယီမင်လက်မောင်းနှစ်ဖက်မှာ ဟာလာဟင်းလင်းဖြစ်ကျန်ရစ်ခဲ့သည်။ သူသည် ဖြည်းဖြည်းချင်းမတ်တပ်ထရပ်လိုက်သည်။

"ငါ့ဘဝကြီးက တကယ့်ကိုပင်ပန်းလွန်းတယ်"

ကျီချောင်ချင်သည် တစ်စုံတစ်ခုလွဲမှားနေသည်ကို ရိပ်မိလိုက်သဖြင့်လှည့်ကြည့်လိုက်ရာ ဖေးယီမင်က လက်သင်္ကေ တများလုပ်ဆောင်နေသည်ကိုတွေ့လိုက်ရသည်။ သူက ကိုယ့်ကိုယ်ကိုဖောက်ခွဲဖျက်ဆီးတော့မည်။

ကျင့်ကြံသူတစ်ဦး ကိုယ့်ကိုယ်ကိုဖောက်ခွဲလိုက်လျှင် သူ့မူလစွမ်းအားထက် အဆပေါင်းများစွာသော စွမ်းအားကို အချိန်တိုအတွင်းရရှိနိုင်သော်လည်း ပေးဆပ်ရသည့်တန်ဖိုးကတော့ သူ၏ဝိညာဉ်ပါပျက်စီးသွားပြီး ဤလောကတွင်ထာဝရပျောက်ကွယ်သွားရမည်ဖြစ်သည်။

ဖေးယီမင်သည် ကျီချောင်ချင်ကိုတိုက်ခိုက်လိုက်ပြီး သူမအနောက်မှမိစ္ဆာကောင်ကို လက်ဝါးဖြင့်ရိုက်ထုတ်လိုက်လေသည်။

ကျီချောင်ချင်သည် ရှန်ကျွင်းဓားကိုင်ထားသော လက်မောင်းကိုဖိချလိုက်သည်။ ရှန်ကျွင်းသည် ယခင်က ဓားဖြင့်နှလုံး သားကိုအထိုးခံခဲ့ရဖူးပြီး ဒဏ်ရာမကျက်သေးဘဲ ထပ်ရောက်လာသည်ကို သူမသိနေသည်။ ယခု ဖေးယီမင်ကအလွန်အမင်း အစွမ်းထက်နေပြီဖြစ်ရာ ရှန်ကျွင်းအနေဖြင့်သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ဖေးယီမင်သည် ကျီချောင်ချင်၏လည်ပင်းကော်လံစကိုဆွဲကိုင်ပြီး မတင်လိုက်သည်။ သူမကိုစိုက်ကြည့်နေသောသူ့မျက်နှာထားမှာ သူမကိုအရှင်လတ်လတ် ဝါးစားတော့မည့်အတိုင်း ကြမ်းကြုတ်ခက်ထန်နေသည်။

သူက ပြောလိုက်သည်။

"အဲဒီတုန်းက ဖုန်းလိုင်ဂိုဏ်းချုပ်ခရီးထွက်သွားတုန်း မိစ္ဆာတွေ အစုလိုက်အပြုံလိုက်ကျူးကျော်လာခဲ့ကြတယ်၊ အကြီးအကဲတွေက ထွက်ပြေးဖို့ပြင်နေကြပြီ၊ ဂိုဏ်းတစ်ခုလုံးကိုကာကွယ်ဖို့၊ ကျူးကျော်လာတဲ့မိစ္ဆာတွေကိုမောင်းထုတ်ဖို့ ဂိုဏ်းသားတွေကိုဦးဆောင်ပြီး တိုက်ခိုက်ခဲ့တာငါလေ၊ ဂိုဏ်းထဲကလူတိုင်းက ငါ့ကို လေးစားကြတယ်၊ ဒါပေမဲ့ ငါ့အနားကိုတော့မကပ်ရဲကြဘူး၊ ငါ့ဆရာကလွဲရင် ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ဘယ်သူကမှ ငါ့ကိုစကားတစ်ခွန်းလောက်တောင် လိုလိုလားလားမပြောခဲ့ကြဘူး"

ဖေးယီမင်က ကျီချောင်ချင်၏ကော်လာစကို လွှတ်ပေးလိုက်ပြီး အခြားမိစ္ဆာတစ်ကောင်၏ ရင်ဘတ်ကို လက်သီးဖြင့်ထိုးဖောက်လိုက်လေသည်။

"ငါ့မှာ နောင်တတချို့ရှိပေမဲ့မနာကြည်းဘူး၊ ဘိုးဘေးက ငါ့ကိုကျွေးမွေးခဲ့တာမဟုတ်သလို၊ ပညာသင်ပေးခဲ့တာလည်းမဟုတ်ဘူး၊ ငါနဲ့ဘာမှမပတ်သက်ဘူး၊ ဒါပေမဲ့ သူက ဟွမ်ရှအပေါ် အရမ်းရက်စက်ခဲ့တယ်၊ ဟွမ်ရှကိုဒုက္ခမျိုးစုံပေးခဲ့တယ်၊ မိစ္ဆာချုပ်နှောင်မျှော်စင်ကနေထွက်ပြေးသွားတဲ့ မိစ္ဆာကောင်တွေကို လိုက်ဖမ်းနေတဲ့အချိန်မှာတောင် ဟွမ်ရှကိုအလွတ်မပေးဘဲလိုက်သတ်နေလို့ ငါ သူ့ကိုသတ်ခဲ့တာ၊ မင်း ပြောတာမှန်ပါတယ်၊ ဟွမ်ရှကိုဒုက္ခပေးတဲ့သူဘယ်သူ့ကိုမဆို ငါသတ်မယ်၊ ဒါပေမဲ့ ငါ့ဒေါသတွေကို လောကကြီးအပေါ် ဘယ်တော့မှပုံမချဘူး၊ ငါတို့ဘိုးဘေးတွေဟာ နတ်ဆိုးတွေကိုတိုက်ခိုက်ရင်း မျိုးဆက်လိုက်သေဆုံးခဲ့ကြရတာ၊ အောင်ပွဲရဖို့အတွက်မင်းတို့ ငါတို့၊ ပြီးတော့ ငါ့ညီအစ်ကို မောင်နှမတွေအားလုံး ဘယ်လောက်တောင်ပေးဆပ်ခဲ့ရလဲ၊ ငါတို့ရဲ့နောက်မျိုးဆက်တွေကို ငါတို့လို စစ်မြေပြင်မှာပဲကြီးပြင်းစေချင်သလား၊ ငါတို့ ဖြတ်သန်းခဲ့ရတဲ့ဒုက္ခတွေကို နောက်မျိုးဆက်တွေကို ခံစားစေချင်လား"

ကျီချောင်ချင်သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ဖေးယီမင်က အော်ဟစ်ပြောဆိုလိုက်သည်။

"မင်းက ငါကြုံခဲ့ရတာတွေကိုမကြုံဖူးဘူး၊ ဒါကြောင့် မင်းမှာ ငါ့ကိုဝေဖန်ဖို့ ဘာအခွင့်အရေးမှမရှိဘူး"

သူ ဆက်ပြောပြန်သည်။

"ငါ ကိုယ်တိုင်မကြုံဖူးရင်တောင် ငါတို့နှစ်ယောက်စလုံးက မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ခဲ့ကြသူတွေပဲလေ၊ နှစ်ယောက်စလုံး ကိုယ်ချစ်ရတဲ့သူတွေကိုဆုံးရှုံးခဲ့ရတာပဲ၊ ဒါကတင် မလုံလောက်သေးဘူးလား၊ အလောင်းကောင်တွေတောင်လိုပုံနေတာ၊ သွေးပင်လယ်ဝေနေတာ၊ နေရာတိုင်းမှာပျက်စီးခြင်းတွေချည်းပဲ၊ ဒါ မင်းလိုချင်တဲ့အရာလား၊ မင်းရဲ့ သတ္တမမြောက်ရှစ်မေ့ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုစတေးသွားခဲ့လဲဆိုတာမေ့သွားပြီလား၊ ကျီချောင်ချင်... အခု မင်းကိုယ်မင်းပြန်ကြည့်စမ်း၊ နာကြည်းချက်တွေနဲ့ ပြည့်နေတဲ့မိန်းမတစ်ယောက်နဲ့ ဘာကွာခြားတော့လို့လဲ၊ အဲဒီတုန်းက ငါလေး စားအားကျခဲ့ရတဲ့သူက ဒီလိုပုံစံမျိုးမဟုတ်ဘူး၊ တကယ်လို့ မင်း တံဆိပ်ကို ချိုးဖျက်ပြီး လောကကြီးကိုဖျက်ဆီးပစ်ချင်နေမှန်းသာငါသိခဲ့ရင်၊ မင်း အစီအရင်ဗဟိုချက်ကြောင့်သေသွားတာကိုပဲထိုင်ကြည့်နေလိုက်တော့မယ်၊ မင်း ငါ့ကို အရမ်းစိတ်ပျက်အောင်လုပ်တာပဲ ကျီချောင်ချင်"

ထိုစကားကိုကြားသောအခါ ရှန်ကျွင်းသည် ဖေးယီမင်ကို မယုံနိုင်စွာကြည့်လိုက်မိသည်။

နောက်ထပ်မိစ္ဆာတစ်အုပ်က သူတိုကိုဝင်ရောက်တိုက်ခိုက်ပြန်သည်။ ဖေးယီမင်မျက်လုံးများမှာ သူ့အတွင်းစိတ်မှ ဝိညာဉ်စွမ်းအင်များဒရဟော တက်လာခြင်းကြောင့်သွေးရောင်လွှမ်းသွားလေသည်။ ဓားကျိုးကိုကိုင်ဆောင်ကာ သူဟိန်းဟောက်လိုက်ပြီး မိစ္ဆာအများအပြားကိုထိုးသတ်ပစ် လိုက်တော့သည်။

မိစ္ဆာအများအပြားက ကျီချောင်ချင်ကိုဝိုင်းလာကြပြန်သည်။ ဖေးယီမင်သည် သူမကိုနောက်တွင်ထားကာကာကွယ်ပေးထားလိုက်သည်။ သွေးရောင်လွှမ်းနေသောမျက်လုံးများဖြင့် မိစ္ဆာများကိုရင်ဆိုင်ရင်း သူ့အမြင်အာရုံများ တဖြည်းဖြည်းဝေဝါးလာလေသည်။

🍃 Chapter 96

"ကျီချောင်ချင်... ဟားဟားဟား... တစ်ချိန်တုန်းက စစ်ဘုရင်မကြီးကျီချောင်ချင်၊ သူ့ရဲ့ ဂုဏ်သတင်းကျော်စောမှုတွေက ငါတိုရင်ထဲမှာ ရှင်းရှင်းလင်းလင်းရှိနေတုန်းပဲ၊ တစ်ချိန်ကတော့ ငါတိုလေးစားအားကိုးခဲ့ရတဲ့နတ်ဘုရားတစ်ဆူပေါ့၊ ခွင်းလွန်ဓား ညွှန်ပြတဲ့အရပ်မျက်နှာက ငါတို ပြန်လည်သိမ်း ပိုက်ရမယ့်ပျောက်ဆုံးနယ်မြေတွေ ဖြစ်ခဲ့ဖူးတယ်၊ သူပြောလိုက်တဲ့ စကားတစ်ခွန်းချင်းစီက ငါတို မဖြစ်မနေထမ်းဆောင်ရမယ့်တာဝန်တွေ ဖြစ်ခဲ့ဖူးတယ်၊ ကျီချောင်ချင်ဆိုတာ ငါတိုအားလုံးရဲ့ မျှော်လင့်ချက်လေ၊ အခုတော့ သူဒီလိုပုံစံဖြစ်သွားပြီတဲ့လား၊ ညည်းညူတတ်တယ်၊ သဘောထားသေးသိမ်တယ်၊ သူရဲဘောကြောင်တယ်၊ ပြီးတော့ အားကိုးမရတော့ဘူး၊ ဟားဟားဟား... သူတော့ တံတွေးခွက်ထဲပက်လက်မျောရင်တောင် ဖြစ်သင့်တာပဲ"

ဖေးယီမင်၏အင်အားမှာ ကြောက်ခမန်းလိလိဖြစ်နေသော် လည်း လှုပ်ရှားမှုများမှာ အလွန်အမင်းနှေးကွေးလေးလံနေပြီဖြစ်သည်။

မိစ္ဆာစွမ်းအင်များပြည့်နှက်နေသောမြှားများစွာသည် ဖေးယီမင်၏ရင်ဘတ်ကို ထိုးစိုက်ကုန်ကြသည်။ သူသည် ဓားဖြင့် ထိုမြားများကိုနှစ်ပိုင်းပိုင်းပစ်လိုက်သော်လည်း မြားခေါင်းများမှာမူသူ့အသားထဲတွင် စိုက်ဝင်ကျန်ရစ်ခဲ့လေသည်။

ဖေးယီမင်က ဂရုမစိုက်ပေ။ သူ ဟိန်းဟောက်လိုက်ပြီး ဓားကျိုးကိုကောက်ကိုင်ကာ မိစ္ဆာအုပ်ကြားထဲသို တိုးဝင်တိုက် ခိုက်ပြန်လေသည်။

ကျီချောင်ချင်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားမိသည်။ သူမ၏အတွေးများ ရှုပ်ထွေးနောက်ကျိနေသည်။ တစ်ခဏတွင် မိစ္ဆာစစ်ပွဲ၌ ကိုယ့်ကိုယ်ကို စတေးသွားကြသော ဂိုဏ်းတူမောင်နှမများ၏ပုံရိပ်ကိုမြင်ယောင်လာသည်။ နောက်တစ်ခဏတွင်တော့ ဂိုဏ်းအတွင်း သူမကိုသစ္စာဖောက်ခဲ့ကြသူများ၏ မျက်နှာများကိုမြင်ယောင်လာပြန်သည်။

သူမရင်ဘတ်သည် ပြင်းထန်စွာတုန်ခါနေသည်။ ဖေးယီမင်ပြောလိုက်သော စကားတစ်လုံးချင်းစီသည် သူမပါးကိုရိုက်ချလိုက်သကဲ့သိုခံစားနေရသည်။ သူမ၏ ရှက်ရွံဖွယ်ကောင်း သောအတွေးများကို နေရောင်အောက်တွင်ဖွင့်ချခံလိုက်ရသကဲ့သို သူမကိုယ်သူ အလွန်ယုတ်ညံ့ပြီး ရွံရှာဖွယ်ကောင်းသည်ဟုခံစားနေရသည်။

ဤသိုအခြေအနေမျိုးမှာတောင် ဖေးယီမင်က သူမကိုကာကွယ်ပေးနေသေးသည်။ အကြောင်းမှာ သူမ ခန္ဓာကိုယ်ထဲတွင် အဓိကအစီအရင်ဗဟိုချက် ရှိနေသောကြောင့်ပင်။ သူမသေဆုံးသွားလျှင် အဓိကအစီအရင်ဗဟိုချက်ပျက်စီးသွားပြီး တံဆိပ်ပွင့်သွားမည်ဖြစ်ကာ တံဆိပ်ပွင့်သွားလျှင် လောကကြီးတစ်ခုလုံးဖရိုဖရဲဖြစ်သွားပေလိမ့်မည်။

ထိုကြောင့် ဖေးယီမင်သည် သူမအပေါ်မည်မျှပင် စိတ်ပျက်နေပါစေ ကာကွယ်ပေးနေခြင်းဖြစ်သည်။

မဟုတ်ဘူး... သူ ကာကွယ်ပေးနေတာ သူမကို မဟုတ်ဘူး၊ လောကကြီးရဲ့ငြိမ်းချမ်းရေးကိုကာကွယ်ပေးနေတာ...

ဖေးယီမင်၏ ပြင်းထန်သောပြစ်တင်ဝေဖန်မှုအပြီးတွင် ကျီချောင်ချင်၏စိတ်အာရုံများကြည်လင်လာသည်။ သူမသည် ယခင်က သူမကိုယ်ကိုယ် ဤမျှ သံသယမဝင်ခဲ့ဖူးပေ။ ထျန်းရွှမ်ဂိုဏ်းကိုဖျက်ဆီးပြီးနောက် သူမချမှတ်ခဲ့သော ဆုံးဖြတ် ချက်များ အားလုံးမှန်ကန်ပါရဲ့လား။ သူမ တကယ်ပဲ လောကကြီးကိုဖျက်ဆီးချင်တာလား၊ ဒါမှမဟုတ် တရားမျှတမှုကိုပဲလိုလားတာလား...

ဟွာကျစ်သည် သူခေါ်လာသောထိပ်တန်းမိစ္ဆာများမှာ ဖေးယီမင်လက်ချက်ဖြင့် သေဆုံးလုနီးပါးဖြစ်နေသည်ကိုမြင်သော အခါ အခွင့်ကောင်းယူပြီး ဖေးယီမင်၏ရင်ဘတ်ကို ဓားဖြင့်ထိုးစိုက်လိုက်လေသည်။

ရွှပ်...

ဖေးယီမင်၏မျက်နှာသည် နာကျင်မှုကြောင့်ရှုမဲ့သွားသော် လည်း ချက်ချင်းပင်တုံဆိုင်းခြင်းမရှိဘဲ နောက်သိုလှည့်ကာ ဟွာကျစ်ပခုံးကိုလှမ်းဆွဲလိုက်သည်။ ထိုနောက် ဟိန်းဟောက်ရင်း ဟွာကျစ်လက်မောင်းကိုဖြုတ်ပစ်လိုက်လေသည်။

"အား"

ဟွာကျစ်သည် နာကျင်စွာအော်ဟစ်လိုက်သည်။ သူ့တုံပြန်မှုမှာအလွန်လျင်မြန်ပြီး နောက်သိုချက်ချင်း တိမ်းရှောင်လိုက်သည်။ မထင်မှတ်စွာ ရှန်ကျွင်းက သူ့ကျောကိုကန်ထည့်လိုက်ရာ ဟွာကျစ်၏ကိုယ်ခန္ဓာမှာထိန်းချုပ်မရဘဲ ဖေးယီမင်ဆီသိုတရှိန်ထိုးရောက်ရှိသွားတော့သည်။

ဖေးယီမင်သည်အားကုန်သုံး၍ ဟွာကျစ်၏ရင်ဘတ်ကို လက် သီးဖြင့်ထိုးဖောက်လိုက်လေသည်။

သူက အေးစက်စွာပြောလိုက်သည်။

"အဲဒီတုန်းက မင်း ငါ့ရဲ့ကျင့်ကြံရေးမျိုးနွယ်စုက ကလေးတွေကိုသတ်ဖြတ်ခဲ့တယ်၊ သူတို ဝိညာဉ်လေးတွေခမျာ နားခိုစရာမရှိဖြစ်ခဲ့ရတယ်၊ နောက်ပိုင်းမှာလည်း မင်းက ငါ့ရဲ့ဂိုဏ်းသားတွေကိုအများကြီး သတ်ဖြတ်ခဲ့ပြန်တယ်၊ အခု အကြွေးဟောင်း အကြွေးသစ်အကုန်ပေါင်းပြီး သေဖိုသာပြင်တော့"

ဟွာကျစ်၏စွမ်းအားထက်ဝက်ခန့်ကို ကျီချန်သဲက ဖျက်ဆီးခဲ့ပြီးပြီဖြစ်သော်လည်း ကျန်ရှိနေသော မိစ္ဆာစွမ်းအားထက် ဝက်ကို လျှော့တွက်၍မရပေ။ သူ့ခန္ဓာကိုယ်မှမိစ္ဆာစွမ်းအင်များသည် ချက်ချင်းပင် ဖေးယီမင်လက်မောင်းကိုစားသွားလေသည်။

ဖေးယီမင်သည် စိတ်ဓာတ်ခွန်အားတစ်ခုတည်းကိုသာအားပြု၍ ဟွာကျစ်၏ရင်ဘတ်ကို လုံးဝထိုးဖောက်လိုက်ခြင်းဖြစ်သည်။ ကျန်လက်တစ်ဖက်ဖြင့် ဟွာကျစ်ကိုနှစ်ပိုင်းဆွဲဖြဲပစ်လိုက်လေသည်။ ဟွာကျစ်ထံမှ ပန်းထွက်လာသောသွေးများသည် ဖေးယီမင်၏ခန္ဓာကိုယ်ကို လောင်ကျွမ်းစားသောက်သွားပြီး အမာရွတ်များဗရပွဖြစ်ကျန်ရစ်ခဲ့သော် လည်း သူ တစ်ချက်ကလေးမျှပင်ငုံ့မကြည့်ခဲ့ပေ။ ထိုစဉ် ထွက်ပြေးရန်ကြိုးစားနေသော ဟွာကျစ်၏ဝိညာဉ်ကို လက်ဗလာဖြင့်ဖမ်းဆုပ်လိုက်သည်။ သူသည် မိစ္ဆာစွမ်းအင်ကြောင့် ဝိညာဉ်လောင်ကျွမ်းခံရသည့် နာကျင်မှုကို လုံးဝဂရုမစိုက်ဘဲ ထိုဝိညာဉ်ကိုချေမွပစ်လိုက်တော့သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ကျန်ရစ်သောမိစ္ဆာစစ်သည်များအားလုံး နောက်ဆုတ်ပြေးရန်ကြံရွယ်ကြတော့သည်။

သို့သော် ဖေးယီမင်က သူတို့ကိုလွှတ်မပေးချေ။ သူတို့ကိုဆက်လက်တိုက်ခိုက်ပြီး တစ်ကောင်ပြီးတစ်ကောင် သတ် ဖြတ်ပစ်လိုက်သည်။ သေဆုံးသွားသောမိစ္ဆာအလောင်းများသည် ဖေးယီမင်၏ ဘေးတွင် တောင်ကုန်းငယ်တစ်ခုသဖွယ်ပုံနေပြီး မိစ္ဆာစွမ်းအင်ပါသောသွေးများသည် နေရာအနှံ့စီးဆင်းနေသည်။ မိစ္ဆာစွမ်းအင်များသည် ကောင်းကင်သို့ ထိုးတက်နေပြီး ဖေးယီမင်ကိုသေမင်းတမန်အလားထင်ရသည်။

သူနှင့်သူ့ချစ်သူကို ကျင့်ကြံရေးဂိုဏ်း နေစရာမရှိအောင်ဖိအားပေးခဲ့ကာ မိစ္ဆာလမ်းသို့ရောက်အောင် တွန်းပို့ခံခဲ့သည့်အပြင် သူ့ဘဝတစ်လျှောက်လုံး ဂိုဏ်းထဲတွင် ပျော်ရွှင်မှုဟူသည်ကိုမရှာတွေ့ခဲ့ဖူးသော်လည်း သေခါနီးအချိန်ထိ သူ့တာဝန်ကို မမေ့လျော့ခဲ့ပေ။

တာဝန်ကျေပွန်ရန်နှင့် လောကကိုကာကွယ်ရန်ဟူသောစကားလုံးများသည် ထျန်းရွှမ်ဂိုဏ်း၏ ကျောက်တိုင်ပေါ်တွင် ကမ္ပည်းတင်ထားသော စာသားများဖြစ်သည်။ ရေတွက်၍မရနိုင်သောလူများစွာသည် ဤစကားလုံးများအတွက်အသက်ပေးခဲ့ကြရပြီး ယခု ဖေးယီမင်သည်လည်းထိုနည်းလည်း ကောင်းပင်။

ဖေးယီမင်သည် နောက်ဆုံးကျန်သောမိစ္ဆာကို သတ်ဖြတ်ပြီးနောက် မိစ္ဆာအလောင်းပုံ၏အမြင့်ဆုံးနေရာတွင် မတ်တပ်ရပ်လိုက်သည်။

နေဝင်ချိန်အောက်တွင် မိုးကုတ်စက်ဝိုင်းမှတိမ်တိုက်နီများ သည်တောက်လောင်နေသကဲ့သို့ လှပခမ်းနားနေပြီး လေပြေအေးအေးက ဖေးယီမင်၏သွေးစွန်းပြီး ရှုပ်ပွနေသောဆံပင်များကိုတိုက်ခတ်နေသည်။ ကြက်သွေးနီရောင်နေဝင်ချိန် သည် သူ့ကို ရွှေရောင်အနားကွပ်ပေးထားသကဲ့သို့ရှိနေသည်။

သူ့အဝတ်အစားများမှာစုတ်ပြတ်သတ်နေပြီး မိစ္ဆာသွေးများပေကျံကာ အပေါက်အပြဲများဖြင့်ပြည့်နှက်နေသည်။ သူ့ပုံစံမှာ အလွန်ပင်သနားစဖွယ်ကောင်းလှသော်လည်း သူ လုံးဝဂရုမစိုက်ပေ။

သူသည် အဝေးကိုငေးကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင်ဝမ်းနည်းရိပ်သန်းနေသော်လည်း ပျော်ရွှင်မှုနှင့်ဂရုမစိုက်ခြင်းတို့ရောယှက်နေသည်။

တစ်ခဏအကြာတွင် ဖေးယီမင်သည် ကျီချောင်ချင်ကိုဖြည်းညှင်းစွာကြည့်လာသည်။

"အရင်တုန်းက ငါတို့ မီးပုံဘေးမှာထိုင်ပြီး လောကကြီးသေ ချာပေါက်အေးချမ်းသာယာလာမှာပါလို့ ပြောခဲ့ဖူးကြတယ်နော်၊ လူတိုင်းက ကြီးကျယ်ခမ်းနားတဲ့အမှုကိစ္စတွေ လုပ် ဆောင်ချင်ကြတယ်၊ ဂိုဏ်းရဲ့ဂုဏ်ဆောင်တွေဖြစ်ချင်ကြတယ်၊ လောကကြီးကို ငြိမ်းချမ်းစေချင်ကြတယ်၊ အခု နှစ်တစ်ရာကြာသွားပြီ၊ ဒီအရာတွေအားလုံးဖြစ်လာခဲ့ပြီ၊ ဝမ်းနည်းစရာ ကောင်းတာက... ရှုခင်းတွေက ဒီအတိုင်းပဲရှိနေပေမဲ့ လူတွေကတော့ ပြောင်းလဲသွားကြပြီ..."

ဖေးယီမင် အပြုံးသည် ဆွေးမြေ့ဖွယ်ကောင်းလှသည်။ သူ့မျက်လုံးများသည် ဘာကိုမှသဲကွဲစွာမမြင်ရတော့သော်လည်း ကောင်းကင်ယံကိုငေးမောနေသည်မှာ တစ်စုံတစ်ယောက်ကိုမြင်နေရသကဲ့သို့ပင်။ သူ့မျက်နှာပေါ်မှအပြုံးသည် တဖြည်း ဖြည်း မှေးမှိန်သွားပြီး အလွန်လေးနက်တည်ကြည်သော အမူအရာသို့ပြောင်းလဲသွားပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

"မြစ်ဝါကိုသွားတဲ့လမ်းက အရမ်းခက်ခဲတာပဲ၊ ဟွမ်ရှ... မကြောက်နဲ့နော်၊ ကိုယ်လာပြီ"

ထို့နောက် ဖေးယီမင်သည် ပြာမှုန့်အဖြစ်ပြောင်းလဲသွားပြီး လေနှင့်အတူလွင့်ပါးပျောက်ကွယ်သွားလေတော့သည်။

ဓားကျိုးသည် ချက်ချင်းဆိုသလို ဝမ်းနည်းကြေကွဲဖွယ် မြည်တမ်းလိုက်ပြီး ဖေးယီမင်ပျောက်ကွယ်သွားသောနေရာတစ်ဝိုက်တွင်ပျံဝဲနေသည်။ ထို့နောက် မြေကြီးပေါ်သို့ကျသွားပြီး နှစ်ပိုင်းကျိုးပဲ့သွားလေသည်။

သူရဲကောင်းတစ်ဦး၏ပျက်စီးခြင်းလမ်းစဉ်တွင် သူ့အသက် သေလဲ ဓားမစွန့်ခဲ့သဖြင့် ဓားသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသွားခဲ့သည်။

သနားစရာမြေခွေးမလေးနှင့် သူမ မြင်မြင်ချင်းချစ်မိသွားသောလူငယ်ကျင့်ကြံသူလေးမှာ ချစ်ခြင်းတို့ထပ်တူကျခဲ့သော်လည်း အဆုံးတွင် လက်ထပ်ခွင့်မရလိုက်ရှာပေ။

ဖေးယီမင် သေဆုံးသွားသည်နှင့် ကျီချောင်ချင်၏ စိတ်အာရုံများရှုပ်ထွေးနောက်ကျိသွားသည်။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက်သွေးအန်လိုက်လေသည်။

"အွတ်..."

သူမ ဒူးတစ်ဖက်ထောက်ကျသွားပြီး ခေါင်းတစ်ခုလုံးကိုက်ခဲနေသည်။ အသံပေါင်းများစွာ သူမခေါင်းထဲတွင်ပဲ့တင်ထပ်လာသည်။

"ချောင်ချင်... ဒါ မင်းပဲလေ၊ ခေါင်းမာပြီးဇွဲကောင်းတာ၊ အဲဒီလိုဖြစ်နေမှတော့ မင်း လုပ်ချင်တာသာလုပ်၊ ငါ မင်းကို ကာကွယ်ပေးမယ်"

"ချောင်ချင်... မင်း အဲဒီလောက်မရိုမသေမလုပ်သင့်ဘူး၊ ငါ သူတို့ကို အခြေအနေရှင်းပြပြီးပါပြီ၊ သူတို့ နားလည်ပေးမှာပါ"

"ကျီချောင်ချင်... မင်း ဘယ်လိုလုပ် ဒီလောက်တုံးရတာလဲ၊ မင်း ငါ့ကို စိတ်ပျက်အောင်လုပ်တာပဲ၊ သွား... မင်းအမှားတွေအတွက်ပြန်ပေးဆပ်"

"ချောင်ချင်..."

"ကျီချောင်ချင်"

ရှန်ကျွင်း၏အသံသည် ရုတ်တရက် သူမ၏ မှတ်ဉာဏ်များထဲမှအသံနှင့် ထပ်သွားလေသည်။ ထိုသည်မှာ သူမမှတ် ဉာဏ်ထဲမှ ဆွဲဆောင်မှုရှိသောအသံနှင့်မတူဘဲ ရှန်ကျွင်း၏ အသံသည် သူမအတွက် အလွန်စိတ်ပူနေသကဲ့သိုအရေး တကြီးဖြစ်နေသည်။

ကျီချောင်ချင် သတိပြန်ဝင်လာသည်။ အသံတစ်သံက သူမစိတ်ထဲတွင် ရုတ်ခြည်းပေါ်လာပြန်သည်။

All Chapters