← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

🍃 Chapter 103

ကျီချောင်ချင်သည် နှာခေါင်းရှုလိုက်မိသည်။

"မစားပါဘူး... ကျွန်မကအစာငတ်ပြီး သေမှာမှ မဟုတ်တာ၊ ဘာကိစ္စ ဒါတွေစားနေရဦးမှာလဲ"

"စားကို စားရမယ်"

ရှန်ကျွင်း၏အသံမှာတိုတောင်းသော်လည်း ခိုင်မာသောအမိန့်သံပါနေသည်။ ရှန်ကျွင်းသည် ဘယ်သောအခါမှ လိမ်ညာလေ့မရှိပေ။ ကျီချောင်ချင်သည် ရုတ်တရက်ဆိုသလို သူမ ဘာအကြောင်းပြချက်မှမရှိဘဲ မေ့လဲသွားခဲ့သည်ကိုပြန်အမှတ်ရသွားသည်။ အစာရေစာပြတ်လပ်ပြီး မေ့လဲသွားတာများလား? လူတွေအများကြီးရှေ့မှာ အဲ့ဒီလိုဖြစ်သွားတာဆိုရင်တော့ တော်တော်လေးအရှက်ရစရာကောင်းတာပဲ...

ကျီချောင်ချင်သည် အနည်းငယ်ရှက်ရွံသွားပြီး ညှိနှိင်းရန်ကြိုးစားလိုက်သည်။

"ဝိုင်အရက်ဆိုတာကလည်း ကောက်နှံတွေကနေ လုပ်တာပဲလေ၊ ကျွန်မကို ဝိုင်တစ်အိုးလောက်ပေးလိုက်ရင်လည်းအတူတူပဲကို၊ ထားလိုက်ပါတော့... ထားလိုက်ပါတော့... မတိုက်ချင်လည်းနေပါ၊ ဘာလို ကျွန်မကို အဲ့ဒီလိုကြီးစိုက်ကြည့်နေရတာလဲ..."

ရှန်ကျွင်း၏ စူးစိုက်ကြည့်နေမှုအောက်တွင် ကျီချောင်ချင်တစ်ယောက် ဆန်ပြုတ်ပန်းကန်ကိုမယူဘဲ မနေနိုင်တော့ချေ။ ငယ်စဉ်ကတည်းက သူမတွင် အစားအသောက်နှင့်ပတ်သက်သည့် မှတ်ဉာဏ်ဟူ၍ မရှိသလောက်ပင်။ ယခုမှထပြီး အစာစားခိုင်းနေသည်မှာ သူမအတွက် ဆူးခလုတ်ကိုမျိုချရသကဲ့သိုခက်ခဲလှသည်။

သိုသော် ရှန်ကျွင်းက သူမကောင်းဖိုအတွက်လုပ်ပေးနေခြင်းဖြစ်သောကြောင့် ကျီချောင်ချင်သည် ပျိုအန်ချင်စိတ်ကိုအံတုရင်း ဆန်ပြုတ်ကိုလည်ချောင်းထဲသို အတင်းတွန်းပိုလိုက်ရလေသည်။ ထိုနောက် ရေဖြင့်ပလုပ်ကျင်းလိုက်ရသည်။

ရှန်ကျွင်းသည် အဆိပ်ခွက်ကိုမော့သောက်နေရသကဲ့သို မျက်နှာပေးဖြင့် ဆန်ပြုတ်သောက်နေသော သူမကိုကြည့်ကာ မျက်လွှာကိုအနည်းငယ်ချလိုက်သော်လည်း မည်သည့်စကားမျှမဆိုပေ။

ကျီချောင်ချင်သည် ရင်ထဲမှပျိုတက်လာသဖြင့် လှမ်းပြောလိုက်သည်။

"ရှန်ကျွင်း... ပြတင်းပေါက်ဖွင့်လိုက်လိုရမလား"

"အေးတယ်၊ အအေးမိလိမ့်မယ်"

ကျီချောင်ချင်သည် ကုတင်ပေါ်တွင်ပစ်လှဲချလိုက်ပြီး ရှန်ကျွင်းအား ငါးသေမျက်လုံးများဖြင့်စိုက်ကြည့်နေလိုက်သည်။

ရှန်ကျွင်း "..."

သူသည် သက်ပြင်းတစ်ချက်ခိုးချကာ နောက်လှည့်၍ပြတင်း ပေါက်ကိုဖွင့်ပေးလိုက်သည်။ သိုသော် အပြင်မှ လေပြင်းများနှင့်နှင်းစက်များ ဝင်မလာနိုင်စေရန် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အကြည်ရောင်အလွှာပါးလေးတစ်ခုဖြင့် ပိတ်ဆိုကာရံလိုက်သည်။

ကျီချောင်ချင်သည် ပြတင်းပေါက်အပြင်သို မျှော်ကြည့်လိုက်သည်။ အပြင်ဘက်တွင် နှင်းတိုသည် ကောင်းကင်မှအဆက် မပြတ်ကျဆင်းနေပြီး နှင်းမှုန်များအောက်တွင် ဖုံးလွှမ်းနေသောအနီရောင်ဇီးပန်းတိုမှာ သွေးစက်များသဖွယ်ထင်းနေလေသည်။

ကျီချောင်ချင် ဇီးပန်းပင်ကိုငေးကြည့်နေသည်ကို သတိထားမိသော ရှန်ကျွင်း၏မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ယောင်ယောင်လေးဖြတ်ပြေးသွားသည်။

"ချီပိုင်ရဲ့ကျောက်ရုပ်တုကို ခြေနင်းတုံးအဖြစ်လုပ်ထားလိုက်တာပဲ"

သူမ၏စကားကြောင့် ရှန်ကျွင်း ခေတ္တမျှကြောင်သွားပြီးမှ ခြံဝင်းရှေ့ကျောက်လှေကားထစ်များပေါ်တွင် တင်ထားသည့် ဝါးတားတားကျောက်ရုပ်တုတစ်ခုကို သတိထားမိလိုက်သည်။ ဤမျှအကွာအဝေး၊ ဤမျှ ဝါးတားတားဖြစ်နေသော ရုပ်တုကိုပင် ကျီချောင်ချင်သည် ရှင်းရှင်းလင်းလင်းမြင်နေရသေးသည်။

ရှန်ကျွင်း နှုတ်ခမ်းကိုစေ့ထားလိုက်မိ၏။

နိုးလာကတည်းက ရှန်ကျွင်း၏ပုံစံမကျမှုကို ကျီချောင်ချင်သတိထားမိနေခဲ့ရာ သူမမေးလိုက်သည်။

"ရှန်ကျွင်း... ဘာဖြစ်နေတာလဲ"

ရှန်ကျွင်းသည် သူမကိုပြန်ကြည့်လာသော်လည်း သူမမေးလိုက်သည်ကို နားမလည်သလိုဖြစ်နေသည်။

၎င်းတိုနှစ်ယောက် အချိန်တစ်ခုကြာ အတူရှိနေပြီးနောက်ပိုင်းတွင် ရှန်ကျွင်းသည် ပထမဆုံးတွေ့ဆုံစဉ်ကလောက် အေးစက်ခြင်းမရှိတော့ကြောင်း ကျီချောင်ချင်သဘောပေါက်လာသည်။ အနည်းဆုံးတော့ သူသည် ကိစ္စတိုင်းကိုတုံပြန်တတ်လာပြီး သူမ ဘာလုပ်ချင်သည်ကိုလည်း နားလည်ပေးတတ်လာသည်။

ယခုမူ ရှန်ကျွင်းသည် တစ်စုံတစ်ခုကိုတွေးတောပူပန်နေပုံရပြီး သူ၏တုံ့ပြန်မှုများမှာ သိသိသာသာကို လေးလံထိုင်းမှိုင်းနေသည်။ ကျီချောင်ချင်သည် အကြောင်းအရာအားလုံးကို ခေါင်းထဲတွင်စီစစ်ပြီးနောက် အဓိကကျသောမေးခွန်းကိုထုတ်လိုက်သည်။

"မူလဝိဉာဉ်အဆင့်ကျင့်ကြံသူတွေ အများကြီးဝိုင်းနေတဲ့ကြားက ရှင် ဘယ်လိုလုပ်ပြီး ကျွန်မကိုခေါ်ထုတ်လာနိုင်ခဲ့တာလဲ၊ ရှင့်ရဲ့ရေခဲချိုးဖျက်ဓားကရော ဘယ်ရောက်သွားပြီလဲ၊ ဘာလို့ ရှင့်ဆီမှာမရှိတော့တာလဲ"

ကျယ်ဝန်းသောအင်္ကျီလက်စများအောက်ရှိ ရှန်ကျွင်း လက် သီးတို့ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလျက်သားဖြစ်သွားသည်။

သူ... ဘာပြန်ဖြေရပါ့မလဲ

သူ လူတွေအများကြီးကိုသတ်ခဲ့မိပြီ၊ ရေခဲချိုးဖျက်ဓားကလည်း သူ့အပိုင်မဟုတ်တော့ဘူး၊ သူ့လက်တွေလည်းသွေး စွန်းခဲ့ရပြီ၊ သူ အရူးတစ်ယောက်လို သတ်ဖြတ်ခဲ့မိသေးတယ်...

ထိုမျှများပြားလှသော အင်အားကြီးပုဂ္ဂိုလ်များ၏ ဝိုင်းရံပိတ်ဆို့မှုကြားမှ သူမကိုဆွဲထုတ်ကယ်တင်နိုင်ရန် ရှန်ကျွင်းမည်သည့်အရာလုပ်ခဲ့ရသည်ကို ကျီချောင်ချင်မသိချေ။ သို့သော် ရှန်ကျွင်း၏မျက်နှာ အမူအရာကိုကြည့်ရုံဖြင့် သူ လူသတ်ခဲ့ရသည်ကို သူမ ရိပ်မိလိုက်သည်။

ရှန်ကျွင်းသည် ကျင့်ကြံသူများကိုဖြစ်စေ၊ သာမန်လူများကိုဖြစ်စေ ဘယ်သောအခါမှ သတ်ဖြတ်လေ့မရှိသူဖြစ်သည်။ ၎င်းတို့စတွေ့စဉ်က လီမင်လော့၏လူက သူ့ကိုဓားဖြင့်ထိုးခဲ့စဉ်ကပင် သူ ပြန်မတိုက်ခိုက်ခဲ့ချေ။ ယခုတော့ သူ လူသတ်ခဲ့မိဟန်တူသည်။ ထိုအထဲတွင် ကောင်းသောသူများလည်း ပါဝင်ကောင်းပါဝင်နေနိုင်သည်။ ယခုအချိန်တွင် သူသည် စိတ်မငြိမ်မသက်ဖြစ်ကာ ခံစားချက်နှင့် ဆင်ခြင်တုံတရားကြား ဗျာများနေပြီးလမ်းပျောက်နေရှာသည်။

ရှန်ကျွင်းဆိုသည်မှာ မွေးရာပါတရားမျှတမှု စိတ်ဓာတ်ပြင်းထန်သူဖြစ်ကာ လောကကြီး၏ ဖြောင့်မတ်မှန်ကန်မှုနှင့် ငြိမ်းချမ်းရေးကိုကာကွယ်ရန်တာဝန်ယူထားသူဖြစ်သည့်အပြင် အားနည်းသူကို ကူညီပြီး မကောင်းသောသူများကို နှိမ်နင်းတတ်သူ ဖြစ်သည်။ သူသည် လူယုတ်မာဖြစ်သည့် ကျီချောင်ချင်ကို ကယ်တင်ရန်အတွက်ပင် သူမနောက်သို့တကောက်ကောက်လိုက်ကာ လမ်းမှန်သို့ပို့ဆောင်ပေးနေသူဖြစ်သည်။

သူသည် လူတိုင်း၏အသက်ကို တန်ဖိုးထားပြီး လူတိုင်းကလူကောင်းဖြစ်လာနိုင်သည်ဟုမျှော်လင့်တတ်သူဖြစ်သည်။ ထို့ကြောင့်လည်း သေသင့်သေထိုက်သူများကို ကျီချောင်ချင် သတ်ဖြတ်သည့်အခါ သူ အလွန်အမင်းဒေါသထွက်ခဲ့ခြင်းဖြစ်သည်။ သူသည် မည်သူ့ကိုမျှမသေစေချင်ပေ။ သူ့အမြင်တွင် အဆိုးရွားဆုံးရာဇဝတ်ကောင်များမှလွဲ၍ ကျန်လူတိုင်းမှာ နောင်တရကာ သူတော်ကောင်းဖြစ်နိုင်ခွင့်ရှိသည်ဟု ယုံကြည်ထားသူဖြစ်သည်။

သူတစ်ပါးကိုကာကွယ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တွင်းသို့ပို့ရဲသူဖြစ်သဖြင့် ထိုသို့သောလူက မတော် တဆလူသတ်မိခဲ့လျှင် ထိုလုပ်ရပ်က သူ့ ခံယူချက်နှင့်ဆန့်ကျင်နေပါက သူသည် အတွင်းစိတ် မီးတောက်များကြားတွင် လောင်ကျွမ်းနေရမည်ဖြစ်ပြီး ရေရှည်တွင်ရူးသွပ်သွားနိုင်သည်။

ကျီချောင်ချင်၏အကြည့်တို့က ရှန်ကျွင်းမျက်နှာထက်သို့ ကျရောက်သွားသည်။ ယခုအချိန်တွင် ရှန်ကျွင်း၏ဆင်ခြင်တုံ တရားသည် အလွန်ပင်နုနယ်ကျိုးပဲ့လွယ်နေသည်။

အကယ်၍ သူမသာ စကားတစ်ခွန်းလောက်ဝင်ပြောလိုက်ပါက သူ့ကို အစွန်းရောက်သွားအောင် တွန်းပို့လိုက်နိုင်ခြေများလေသည်။ ထိုသို့ဆိုလျှင် သူမ၏စီမံကိန်းကြီးအတွက် ပိုလို့ပင်အထောက်အကူဖြစ်လာနိုင်သည် မဟုတ်ပါလား။

သို့သော် သူမတွေးနေသည်မှာ အချိန်ခဏမျှသာရှိသေးသည်။

"ရှန်ကျွင်း... လောကကြီးမှာရှိသမျှ အရာရာတိုင်းက အဖြူနဲ့အမည်းဆိုပြီး သေသေချာချာကွဲပြားနေတာ မဟုတ်ဘူး၊ ရှင် လူသတ်လိုက်မိရုံနဲ့ ယုတ်မာရိုင်းစိုင်းတဲ့ရာဇဝတ်ကောင်ကြီး ဖြစ်သွားတာမှမဟုတ်တာ"

ကျီချောင်ချင်၏အကြည့်တို့သည် ပြတင်းပေါက် အပြင်ဘက်ရှိ ဇီးပန်းများဆီသို့ရောက်သွားပြန်သည်။ နှင်းကြားမှဇီးပန်းများသည် အေးစက်ခြင်း၊ အထီးကျန်ခြင်းတို့နှင့်အတူ ရင်သပ်ရှုမောဖွယ် လှပနေပေသည်။

"လောကကြီးမှာ တိတိကျကျပြောလို့ရတဲ့ အမှားနဲ့ အမှန်ဆိုတာသိပ်မရှိပါဘူး၊ ကိုယ့်နှလုံးသားဆန္ဒအတိုင်း လိုက်လုပ်ဖို့ပဲလိုတာ၊ ကျွန်မကိုကယ်ဖို့အတွက် လူသတ်တာကမှားတယ်လို့ ရှင်ထင်ရင် အဲ့ဒါအမှားပဲ၊ မှန်တယ်လို့ရှင်ထင်ရင် အဲ့ဒါအမှန်ပဲ"

ကျီချောင်ချင်နှင့် ရှန်ကျွင်းတို့သည် ဂိုဏ်းသားတစ်စု၏ အသက်ကိုကယ်တင်ခဲ့သော်လည်း သူတို့ ရည်ရွယ်ချက်ကို အခြားဂိုဏ်းအသီးသီးက မေးခွန်းထုတ်ခဲ့ကြပြီး ဓားများဖြင့်ပင်ဝိုင်းဝန်းချိန်ရွယ်ခဲ့ကြသည်။ ကျီချောင်ချင်သည် ပြင်းထန်စွာ ဒဏ်ရာရပြီး သတိလစ်သွားခဲ့သည်။ ရှန်ကျွင်းသည် သူမကိုခေါ်ထုတ်ရန်အတွက် လူသတ်ခဲ့ရသည်၊၊ ၎င်းမှာ မလွှဲသာမရှောင်သာအခြေအနေဖြစ်သည်။ ကျီချောင်ချင်သည်တော့ သူမ မမှားဟုယုံကြည်သည့်အပြင် ရှန်ကျွင်းလည်းမမှားဘူးဟု ယုံကြည်သည်။

ရှန်ကျွင်း ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကုတင်ဘေးရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"ဟိုတလောက မင်းပြောပြတဲ့ပုံပြင်လေ၊ နီကျားက အပေါင်း အသင်းတချို့ကိုဦးဆောင်ပြီး နတ်ဆိုးဘုံထဲဝင်တိုက်တဲ့အကြောင်းလေ၊ တခြားဂိုဏ်းသားတွေကလည်း နောက်ကနေခိုးလိုက်သွားကြရင်း အကုန်လုံးသေကုန်ကြတယ်ဆို၊ အဲ့ဒီနောက်ဘာဆက်ဖြစ်လဲ"

ကျီချောင်ချင်သည် ရှန်ကျွင်းက ဤအချိန်တွင်ထိုအကြောင်း ကို မေးလာလိမ့်မည်ဟုထင်မထားခဲ့ပေ။ ထိုကြောင့် သူမ မေးထောက်လိုက်လျက်ပြောလိုက်သည်။

"နီကျားရဲ့မိဘတွေနဲ့ လူကြီးတွေက စောစောစီးစီး ဆုံးပါးကုန်ကြပြီ၊ သူ့မှာ ဆရာတစ်ယောက်ပဲရှိတော့တာ၊ အဲ့ဒီဆရာကလည်း စစ်ရေးကိစ္စတွေကိုတာဝန်ယူထားရတော့ နီကျားကိုကြည့်ရှုဖို အချိန်သိပ်မရှိဘူး၊ နီကျားနဲ့အတူပြန်ပါလာတဲ့ ညီအစ်ကိုတွေကျတော့ သူတိုကိုကာကွယ်ပေးမယ့် မိဘတွေရှိကြတယ်၊ ဒါပေမဲ့ နီကျားနဲ့ ကလဲ့စားချေချင်နေတဲ့

သူ့စီနီယာအစ်ကိုကျင်ကျားမှာတော့ ဘယ်သူမှမရှိကြဘူး"

ဤနေရာသိုရောက်သောအခါ ကျီချောင်ချင်သည် ရှန်ကျွင်းကို လိမ်ညာနေရန်မလိုတော့ဟု ဆုံးဖြတ်လိုက်သည်။

"သားသမီးဆုံးရှုးလိုက်ရတဲ့ လူတိုင်းရဲ့ဝမ်းနည်းပူဆွေးမှုတွေက အဲ့ဒီကလေးနှစ်ယောက်အပေါ် ပုံကျလာတော့တာပဲ၊ ကျင်ကျားနဲ့နီကျားရဲ့ ဆရာကို မျက်နှာထောက်ပြီး သူတိုကိုပေါ်တင်ကြီးတော့ ဘာမှ မလုပ်ရဲကြဘူး၊ ကွယ်ရာမှာပဲခိုးလုပ်ကြတာ"

ထိုကာလကတွင် ကျီချောင်ချင်နှင့်ချန်ဝမ်ရှန်းတိုသည် ပေါ်တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဝိုင်းပယ်ခံခဲ့ရသည်။ သူတို၏အစားအသောက်များတွင် အဆိပ်ခတ်ခံရကာ လက်နက်များဖျက်ဆီးခံရပြီး ညဘက်တွင် တစ်စုံတစ် ယောက်ကလုပ်ကြံမည်ကို စိုးရိမ်ရသဖြင့် ကောင်းကောင်းပင်အိပ်မပျော်ခဲ့ကြပေ။ ၎င်းတိုနှစ်ဦးတွင်ရှိသောအာဏာများလည်း သိမ်းခံလိုက်ရပြီး စစ်မြေပြင်သိုထွက်ခွင့်မရကြတော့ချေ။ အလင်းရောင်မရှိသော မှောင်မိုက်ကျဉ်းမြောင်းသည့်နေရာလေးတစ်ခုတွင် နေ့ရောညပါချုပ်နှောင်ခံထားရသည်။

အသက်ငယ်သောကလေးများက သူတိုကိုတံတွေးနှင့်ထွေးကာ အမျိုးယုတ်တွေဟုခေါ်ဝေါ်ကြပြီး အဘယ်ကြောင့် သူမတိုကျမသေဘဲ ကျန်ရစ်ခဲ့ရသနည်းဟုကျိန်ဆဲကြသည်။ လူတိုင်းက သူမတိုကိုသေစေချင်ကြသော်လည်း ကံကြမ္မာအလှည့်အပြောင်း တစ်ခုကြောင့် သူမတိုအသက်ရှင်ကျန်ရစ်နေခဲ့သည်။

🍃 Chapter 104

လူတိုင်း၏စစ်မှန်သောမုန်းတီးမှုကိုခံရသည့် ခံစားချက်မှာ အလွန်ပင်နာကျင်ရသည်။ တစ်နေ့တွင် ချန်ဝမ်ရှန်းက ကျီချောင်ချင်ကိုခေါ်ထုတ်သွားချင်သော်လည်း သူမငြင်းဆန်ခဲ့သဖြင့် ချန်ဝမ်ရှန်း တစ်ယောက်တည်းထွက်ခွာသွားခဲ့သည်။

"နီကျားက ဘာလိုထွက်မပြေးတာလဲ"

ရှန်ကျွင်းက မေးသည်။

"ဘာလိုလဲဆိုတော့ အဲ့ဒီတုန်းက နီကျားကိုယ်တိုင်ခံစားနေရတာက မတရားသေဆုံးသွားရတဲ့ အပြစ်မဲ့ကလေးတွေအစား သူသာ သေသင့်တာပါလိုတွေးနေခဲ့မိလိုပဲ"

"အဲ့ဒါ နီကျားရဲ့အပြစ်မှမဟုတ်တာ" ရှန်ကျွင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

ယခုအချိန်တွင်တော့ ထိုစဉ်ကဖြစ်ပျက်ခဲ့သည်များမှာ သူမ အပြစ်မဟုတ်ကြောင်း ကျီချောင်ချင် ခံစားမိသည်။ သိုသော် ထိုစဉ်ကမူ သူမအဘယ်ကြောင့် အသက်ရှင်ကျန်ရစ်နေရသနည်းဟု တွေးခဲ့ဖူးသည်။ သူမ၏အပြစ်များကို ဆေးကြောရန်အတွက် သူမသာသေသင့်သည်ဟုခံယူခဲ့သည်။

သူမသည် လူကောင်ထွားသောကြောင့် လူကြီးတစ်ယောက်လိုဖြစ်နေသော်လည်း ထိုစဉ်က အသက် ၁၅ နှစ်သာရှိသေးသည်။ သူမစိတ်သည် ကလေးသာသာပဲရှိသေးသဖြင့် သူမတွင် ကိုယ်ပိုင်အတွေးအမြင်များရှိသော်လည်း တစ်လောကလုံးက တစ်လေသံတည်း ထွက်လာသောအခါ သူမ ကိုယ်ပိုင်အမြင်များမှာ မီးခိုးငွေ့ပမာလွင့်ပါးပျောက်ကွယ်သွားရသည်။

လောကကြီး၏မုန်းတီးမှုကို ကျီချောင်ချင် တစ်ယောက် တည်းရင်ဆိုင်နေရချိန်တွင် ချန်ချီကျစ်နှင့်တွေ့ဆုံခဲ့သည်။ ချန်ချီကျစ်၏မောင်လေးသည်လည်း သေဆုံးသွားသောဂိုဏ်းသားများထဲမှ တစ်ဦးဖြစ်သော်လည်း သူမသည် ကျီချောင်ချင်ကိုမမုန်းတီးခဲ့ပေ။ သူမကို အနိုင်ကျင့်ခံရခြင်းမှကာကွယ်ပေးခဲ့သည်။

သူမက ရဲရဲဝံ့ဝံ့ပြောခဲ့သည်။

"နီကျားကို နတ်ဆိုးဘုံသွားဖိုမြှောက်ပေးခဲ့တာက တခြားတပည့်တွေပါ၊ ရှင်တိုက ဘာလို အဲ့ဒီတပည့်တွေကိုအပြစ်မတင်ဘဲ နီကျားကိုမှလာအပြစ်တင်နေရတာလဲ၊ ဘာလဲ? သူ့မှာလူကြီးမိဘမရှိလိုမလား"

"နောက်ကနေ တပည့်တွေလိုက်လာတာကို နီကျားက ဘယ်လိုလုပ်သိမှာလဲ၊ ရှင်တို ကိုယ့်ကလေးကိုယ်မထိန်းဘဲနဲ့ နတ်ဆိုးစစ်သူကြီးကို သတ်ပေးခဲ့တဲ့ သူရဲကောင်းကိုလာအပြစ်တင်နေတာလား? ဘာအဓိပ္ပာယ်မရှိတဲ့စကားတွေလဲ"

"မတရားတာက မတရားတာပဲလေ! သူ့ကိုထိခိုက်အောင်လုပ်တာ ကျွန်မလက်မခံနိုင်ဘူး! သေသွားတဲ့ တပည့်တွေ သနားစရာကောင်းတာမှန်ပေမဲ့ အဲ့ဒါ နီကျားရဲ့အပြစ်မဟုတ်ဘူး၊ ရှင်တိုထဲက ဘယ်သူမဆို သူ့ကိုထပ်ထိရဲရင် ဂိုဏ်းချုပ်ရှန်ကိုသွားတိုင်လိုက်မှာနော်"

ချန်ချီကျစ်၏သိုင်းပညာမှာ သာမန်မျှသာဖြစ်သော်လည်း ကျီချောင်ချင်ကိုဒုက္ခမပေးနိုင်အောင် တားဆီးရဲခဲ့သည်။

"ဘာလို ငါ့ကိုကူညီတာလဲ" ဟု ကျီချောင်ချင်မေးဖူးသည်။

ချန်ချီကျစ်က ပြုံးရုံသာပြုံးလိုက်ပြီး "အားကျီ မမှတ်မိဘူးလား၊ အားကျီက ကျွန်မနဲ့ ကျင်းကျီကို ကယ်ဖူးတယ်လေ၊ အဲ့ဒီတုန်းက အားကျီက တော်တော်လေးစွမ်းတာနော်၊ ကျွန်မတိုကိုမုဒိမ်းကျင့်ဖိုလုပ်နေတဲ့ မိစ္ဆာကောင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီး ကျွန်မတိုနှစ်ယောက်လုံးကို ချန်ချင်း ဂိုဏ်းရောက်တဲ့အထိ ပွေ့ချီပြီးပိုပေးခဲ့တာလေ"

ချန်ချီကျစ်စကားပြောနေချိန်တွင် သူမ မျက်လုံးများသည် အလင်းရောင်များကိန်းဝပ်နေသကဲ့သို တောက်ပနေသည်။

"အားကျီ... ပြန်ပြီး အဆင်ပြေလာမှာပါနော်၊ အရင်တုန်းကလိုမျိုးပဲ မိစ္ဆာလမ်းစဉ်လျှောက်နေတဲ့လူဆိုးတွေလက်ထဲကနေ ကျွန်မလိုလူပေါင်းများစွာကို အားကျီကယ်ပေးနိုင်မှာပါ"

All Chapters