← Chapters

အချပ်ပို (၅) အားချန် မင်္ဂလာဆောင်သည့်နေ့...

Vol. 22 Ch. 220

အချပ်ပို (၅) အားချန် မင်္ဂလာဆောင်သည့်နေ့...

Vol. 22 Ch. 220

အားချန် မင်္ဂလာဆောင်သည့်နေ့၌ နေရောင်ခြည်သည် ကောင်းကင်အလယ်တွင် ထွန်းလင်းနေပြီး မိုင်ပေါင်းထောင်ချီအတွင်း တိမ်စိုင်တိမ်လိပ် ကင်းစင်နေလေသည်။ သတို့သား သွားရောက်ကြိုဆိုသည့် အဖွဲ့သည် ရှန့်ကျင်းမြို့တော်၏ တစ်ဝက်ကျော်ကို ပတ်မောင်းပြီး ချုံးမင်ဖန်းရပ်ကွက်သို့ ရောက်လာခဲ့ကြသည်။ ပုံမှန်ဆိုလျှင် ရန်လိုပြီး ကြမ်းတမ်းတတ်သော နဂါးသွေးမြင်းသည် ယနေ့တွင်မူ ခေါင်းပေါ်တွင် ပန်းနီကြီးတစ်ပွင့် တပ်ဆင်ထားပြီး ခြေလှမ်းစိပ်လေးများဖြင့် ကျိအိမ်တော်ရှေ့သို့ ရောက်လာ၏။

မြင်းပေါ်တွင် လိုက်ပါလာသော ပိုင်ရှိုးမင်သည် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်သရဖူဖြင့် ဆံပင်ကို စည်းနှောင်ထားသည်။ ပုံမှန်ဆိုလျှင် အေးစက်စက်နိုင်သော သူ့မျက်ဝန်းများသည် ယနေ့တွင်မူ ရှားပါးစွာ အပြုံးများ ယှက်သန်းနေလေသည်။

ကြိုဆိုရေးအဖွဲ့သည် ကျိအိမ်တော်ရှေ့တွင် ရပ်တန့်လိုက်ကြပြီး ပိုင်ရှိုးမင်က မြင်းပေါ်မှ ဆင်းလိုက်သည်။ သူ့နောက်တွင် လိုက်ပါလာကြသော အိမ်ရှေ့စံမင်းသား ခေါင်းဆောင်သည့် မင်းညီမင်းသားများသည်လည်း အသီးသီး မြင်းပေါ်မှ ဆင်းကြလေသည်။

သို့သော် တံခါးမကြီး အတွင်းအပြင်တွင် လူရိပ်တစ်ရိပ်မှ မတွေ့ရဘဲ အနီရောင် မီးပုံးကြီးနှစ်လုံးနှင့် မင်္ဂလာစာလုံး ကပ်ထားသော တံခါးမကြီးကသာ ယနေ့တွင် ဤအိမ်၌ မင်္ဂလာဆောင်ရှိကြောင်း ပြသနေသည်။

တတိယမင်းသားသည် ခြေလှမ်းမြန်မြန် လှမ်းကာ အိမ်ရှေ့စံနား ကပ်သွားပြီး တိုးတိုးလေး မေးလိုက်၏။ "အစ်ကိုတော်... ဒီအိမ်က မိန်းကလေးက သဘောတူလို့ လက်ထပ်တာ ဟုတ်ရဲ့လား"

ပိုင်ရှိုးမင်၏ အမြဲတမ်း ဗိုလ်ကျတတ်သည့် ပုံစံအရဆိုရင် အနိုင်ကျင့် လုယူတာမျိုးလည်း ဖြစ်နိုင်တာပဲ။ တော်ကြာ မိန်းကလေးက ဒီနေ့မှ ရုတ်တရက် သတ္တိတွေဝင်လာပြီး မင်္ဂလာဆောင်ကို ဖျက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။

နှမြောစရာကောင်းတာက သူ ကြိုမသိခဲ့လို့။ မဟုတ်ရင် သူ လမ်းစရိတ် ထောက်ပံ့ပေးလိုက်မှာ။

အိမ်ရှေ့စံသည် လက်ပြန်ဖြင့် တတိယမင်းသား၏ နဖူးကို ရိုက်လိုက်ပြီး "ပါးစပ်ပိတ်ထားစမ်း။ မင်း သစ်ပင်ပေါ် အဆွဲခံချင်သေးလို့လား"

တတိယမင်းသားသည် နာကျင်လွန်း၍ မျက်နှာမဲ့သွားတော့သည်။ သူတို့အားလုံးသည် အသက်အရွယ် သိပ်မကွာကြသဖြင့် ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြသည်။ ပိုင်ရှိုးမင်ကို စပြီး မင်းသားများနှင့် အတူတူ စာသင်ရန် ပို့လိုက်တုန်းက မင်းသားများက သိပ်မကြိုက်ကြပေ။ အထူးသဖြင့် တတိယမင်းသားက သူ့ကို ဘယ်လိုကြည့်ကြည့် အမြင်ကပ်နေပြီး လူစုကာ ပြဿနာ ခဏခဏ ရှာခဲ့သည်။

ဒါကြောင့်...

အင်း... ပိုင်ရှိုးမင် စာသင်နေတဲ့ နှစ်တွေမှာ တတိယမင်းသားက အတော်လေး အနိုင်ကျင့်ခံခဲ့ရတာပေါ့။

တတိယမင်းသားသည် နီရဲသွားသော နဖူးကို ပွတ်သပ်ရင်း ပါးစပ်ပိတ်မထားချင်သေးပေ။ "အဲဒါတွေက ဘယ်တုန်းက ကိစ္စတွေလဲ။ အဲဒီတုန်းက ကျွန်တော်က ငယ်သေးတာကိုး။ အခုသာဆိုရင်..."

"အခုဆိုရင် သူ မင်းကို ကောင်းကင်ပေါ်တောင် ချိတ်ထားလို့ရတယ်။ မင်း စမ်းကြည့်ချင်လို့လား" အိမ်ရှေ့စံက သူ့ညီမိုက်ကို မျက်စောင်းထိုးလိုက်သည်။

ရှေ့ဆုံးမှ လျှောက်သွားနေသော ပိုင်ရှိုးမင်သည် တတိယမင်းသား၏ စကားကို ကြားသော်လည်း အရေးမလုပ်ဘဲ လှေကားထစ်များကို တက်ကာ တံခါးခုံကို ကျော်ဖြတ်လိုက်သည်။ သူ့ခြေထောက် မြေကြီးပေါ် ချလိုက်သည်နှင့် ပတ်ဝန်းကျင် ရှုခင်းများသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။

မျက်စိရှေ့မှ အိမ်တော်ဝန်းသည် ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားပြီး အကြည့်များ တည်ငြိမ်မသွားသေးခင်မှာပင် ရေစီးသံကြီးကို ကြားလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်း သူ့ရှေ့တွင် ကြီးမားနက်ရှိုင်းသော ရေကန်ကြီးတစ်ခု ပေါ်လာ၏။ ရေကန်ရေများသည် နက်မှောင်နေပြီး အောက်ခြေကို မမြင်ရပေ။ ရေကန်နှင့် ဆက်စပ်နေသည်မှာ မတ်စောက်သော တောင်ကမ်းပါးကြီးဖြစ်ပြီး အောက်ခြေမှကြည့်လျှင် တောင်ထိပ်ကို မမြင်နိုင်လောက်အောင် မြင့်မားလှသည်။

ပြင်းထန်သော ရေစီးကြောင်းကြီးသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသကဲ့သို့ တောင်ပေါ်မှ ထိုးကျလာပြီး ကျောက်ဆောင်များ တားဆီးထားသော်လည်း အရှိန်လျော့သွားခြင်း မရှိဘဲ ရေကန်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်နေလေသည်။

ထိုရေစီးကြောင်းကြီးသည် အဝေးက ကြည့်ရင်လျှင် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ အကယ်၍ တစ်စုံတစ်ယောက် ဝင်သွားမိလျှင် တခဏအတွင်း ကြေမွသွားပြီး ရေကန်အောက်ခြေသို့ ရောက်သွားကာ အရိုးတောင် ရှာမတွေ့နိုင်ဘဲ နေလိမ့်မည်။

"ဒါ ဘယ်နေရာကြီးလဲ" တတိယမင်းသားသည် ဘယ်ကြည့်ညာကြည့် လုပ်ရင်း သူ့အစ်ကိုတော်အတွက် 'ကယ်တော်မူကြပါ' လို့ အော်ပေးချင်စိတ် ပေါက်သွားသည်။ သို့သော် ရှေ့ဆုံးမှ ပိုင်ရှိုးမင်နှင့် အိမ်ရှေ့စံတို့က သိပ်ပြီး ထူးခြားဟန် မပြသဖြင့် အသံတိုးတိုးဖြင့်သာ မေးလိုက်ရတော့သည်။

သူ့နောက်မှ ညီအစ်ကိုဝမ်းကွဲ မင်းသားများသည်လည်း အံ့ဩတကြီး လိုက်ကြည့်နေကြသည်။ သာ့ရှ နယ်မြေအတွင်း ဒီလို ရှုခင်းမျိုး မရှိဘူးလေ။

အိမ်ရှေ့စံသည် စိတ်ထဲတွင် ရိပ်မိသလို ရှိသဖြင့် ပိုင်ရှိုးမင်ကို မဝံ့မရဲ ကြည့်ကာ မေးလိုက်၏။ "ဒါက... နဂါး..."

စကားမဆုံးခင်မှာပင် သူတို့ရှေ့မှ အလင်းနှင့် အရိပ်များသည် တွန့်လိမ်သွားပြီး ယဲ့ချန်သည် လေထဲမှ ရုတ်တရက် ပေါ်လာလေသည်။ သူသည် လက်နှစ်ဖက်ကို အင်္ကျီလက်ကြား ထိုးထည့်ထားပြီး ပိုင်ရှိုးမင်ကို ညစ်ကျယ်ကျယ်အပြုံးဖြင့် ပြုံးပြလိုက်၏။ "ငါ ကြားတာတော့ လူသားတွေ သတို့သမီး လာကြိုရင် ကဗျာရွတ်ခိုင်းတယ်ဆို။ အဲဒါက မင်းအတွက်တော့ အရမ်း လွယ်လွန်းအားကြီးတယ်"

ပိုင်ရှိုးမင် မျက်ခုံးပင့်လိုက်သည်။ "ဒါကြောင့် မင်းက နဂါးတံခါးမကြီးကို သယ်လာတာလား"

နဂါးစိမ်းပုလဲ ပြန်ရတာ မကြာသေးဘူး။ နဂါးမျိုးနွယ်စုက နဂါးလေးတွေတောင် မခံစားရသေးတာကို သူက ဘာကောင်မို့လို့ ခံစားခွင့် ရမှာလဲ။

ယဲ့ချန်က အပြစ်ကင်းစင်သော ပုံစံဖြင့် လက်ကာပြလိုက်သည်။ "ငါ့အကြံ မဟုတ်ဘူး"

ပိုင်ရှိုးမင် ယုံသည်။ ဒီလိုနည်းလမ်းမျိုးကို ယဲ့ချန် သေချာပေါက် စဉ်းစားနိုင်မှာ မဟုတ်ဘူး။

"ပြောပါ... ငါ ဘာလုပ်ရမလဲ"

ယဲ့ချန်သည် သူ့နောက်ဘက်ရှိ နဂါးတံခါးမကြီးဘက်သို့ လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ "ကိုယ်ခန္ဓာ အင်အားသက်သက်နဲ့ အပေါ်ထိ တက်သွားရမယ်။ အပေါ်မှာ ဖိနပ်တစ်ရန် တင်ထားတယ်။ မင်း ဒီနေ့ သတို့သမီးကို ခေါ်သွားနိုင်မလား ဆိုတာက မင်း ဘယ်လောက် မြန်မြန် တက်နိုင်မလဲ ဆိုတာပေါ်မှာ မူတည်တယ်"

ပိုင်ရှိုးမင် ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်၏။ "နဂါးတံခါးက ပေ (၉၀၀၀) ကျော် မြင့်တာ။ အချိန်မီပါ့မလား"

"ငါနဲ့ ဘာဆိုင်လို့လဲ။ ငါ မိန်းမယူတာမှ မဟုတ်တာ" ယဲ့ချန်က သူ့အပေါ် ကျရောက်လာမည့် ကံဆိုးမိုးမှောင်ကျမှုကို မဖုံးကွယ်ဘဲ ပြောလိုက်သည်။

ပိုင်ရှိုးမင်လည်း ပြုံးလိုက်သည်။ "ပိုင်လုံဝမ် ဒီတစ်သက်လုံး မိန်းမမယူဖို့ ဆုံးဖြတ်ထားရင်တော့ တစ်မျိုးပေါ့။ မဟုတ်ရင်တော့..."

သူ မိန်းမ ကောင်းကောင်း မရနိုင်ရင် ယဲ့ချန်လည်း ရမယ် မထင်နဲ့။

စကားအကုန် ပြောစရာ မလိုဘဲ နှစ်ယောက်သား အကြည့်ချင်း ဆုံလိုက်ကြရာ ဓားသွားများ ဖြတ်သန်းသွားသကဲ့သို့ပင်။ နောက်ဆုံးတွင် အကျိုးအမြတ်ကို ချိန်ဆပြီးနောက် ယဲ့ချန်က မလိုလားစွာဖြင့် ပြောလိုက်လေသည်။ "နဂါးတံခါးမှာ အဆင့် (၉)ဆင့် ရှိတယ်။ မင်း အဆင့် (၃) အထိ ရောက်ရင် ငါ မင်းကို ပေးသွားမယ်"

"ကတိနော်"

"ဒါပေမဲ့ မင်း မြန်မြန်လုပ်မှ ဖြစ်မယ်။ မင်္ဂလာအချိန် ကျော်သွားဦးမယ်"

"သတိပေးစရာ မလိုပါဘူး"

ပိုင်ရှိုးမင်သည် ကိုယ်ပေါ်မှ မင်္ဂလာဝတ်စုံကို ချွတ်ပြီး အိမ်ရှေ့စံကို ပစ်ပေးလိုက်ကာ ကိုယ်အထက်ပိုင်း ဗလာဖြင့် နဂါးရေကန်ထဲသို့ ဆင်းသွားလေသည်။ အတွင်းအား ထုတ်သုံးခွင့် မရှိသော်လည်း သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့် ရေစီးအားကို ခုခံနိုင်စွမ်း ရှိသည်။ သို့သော် ရေဆန်ဖြစ်နေပြီး နဂါးတံခါးကို တက်ရခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပေ။

သူ တောင်ကမ်းပါးပေါ်သို့ တွယ်တက်သွားသည်ကို ကြည့်နေရင်း မကြာမီပင် အရှိန်ပြင်းစွာ ကျဆင်းလာသော ရေတံခွန်အောက်တွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ယဲ့ချန်မှလွဲ၍ ကျန်ရှိနေသော မင်းသားများအားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

တတိယမင်းသားက ညည်းညူလိုက်မိ၏။ "မိန်းမယူတာက ဒီလောက် အန္တရာယ် များတာလား"

အိမ်ရှေ့စံသည် ယခုတစ်ခါတွင်တော့ သူ့ညီမိုက်ကို ပြန်မပြောဘဲ စိတ်ထဲတွင်သာ တွေးနေမိသည်။ ဒီခယ်မလေးက ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ။ မင်္ဂလာဆောင်တဲ့နေ့မှာ နဂါးဘုရင်က လာပိတ်ဆို့တယ် ဆိုတာကတော့ သမိုင်းမှာ မကြားဖူးတဲ့ ကိစ္စပဲ။

ထိုအချိန်တွင် ကျိအိမ်တော် အတွင်းဆောင်၌ မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော အားချန်သည် မှန်တင်ခုံရှေ့တွင် ထိုင်နေသည်။ ချန်ဟွေ့က သူမအတွက် ဆံပင် ပြင်ဆင်ပေးနေပြီး လင်းစွေ့နှင့် အားမန်တို့က ဘေးနားတွင် သရဖူ ရွေးချယ်ပေးနေကြသည်။ အားချန်ကတော့ ရေမှန်တစ်ချပ်ကို ကိုင်ကာ စိတ်ဝင်တစား ကြည့်ရှုနေလေသည်။ မှန်ထဲတွင် ပိုင်ရှိုးမင်၏ ပုံရိပ် ထင်ဟပ်နေသည်။

သူသည် နဂါးတံခါး ဒုတိယအဆင့်ကို ကျော်ဖြတ်လာခဲ့ပြီ။ ဤနေရာတွင် ရေစီးအား အနည်းငယ် လျော့နည်းသဖြင့် ပိုင်ရှိုးမင်၏ ကျောပြင်ကို ကောင်းကောင်း မြင်နေရသည်။ သူသည် လက်တစ်ဖက်ဖြင့် ထိုးထွက်နေသော ကျောက်တုံးကို ဆွဲကိုင်ထားပြီး အားစိုက်ထားသဖြင့် လက်မောင်းနှင့် ကျောပြင်မှ ကြွက်သားများ တင်းရင်းနေသည်။ ရေစီးကြောင်း ရိုက်ခတ်မှုကြောင့် ပခုံးနှင့် ကျောပြင်တွင် အနီကွက်များ ထင်နေလေသည်။

သို့သော် ဤအရာများသည် သူ့ကို ထိခိုက်စေပုံ မရပေ။ သူ့လှုပ်ရှားမှုများက လျင်မြန်သော်လည်း အလောတကြီး မဖြစ်ဘဲ တည်ငြိမ်နေသည်။ နဂါးတံခါး တတိယအဆင့်ကို ရောက်ဖို့က အချိန်တစ်ခုသာ လိုတော့သည်။

အားချန်သည် ရေမှန်ထဲမှ လူရိပ်ကို လက်ဖြင့် တို့ထိလိုက်ပြီး မှန်ကို ပေါင်ပေါ်တွင် မှောက်လျက် တင်ထားလိုက်ကာ ချန်ဟွေ့ တပ်ဆင်ပေးသော သရဖူကို ငြိမ်ငြိမ်လေး လက်ခံလိုက်သည်။

အားချန် ပြင်ဆင်ပြီးစီး၍ ကုတင်ပေါ် ပြန်ထိုင်လိုက်သည့်အချိန်တွင် အိမ်ဝင်းအပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရတော့သည်။

ချန်ဟွေ့သည် အားချန်အတွက် ခေါင်းမြီးခြုံ ပုဝါကို အုပ်ပေးလိုက်သည်နှင့် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

တံခါးပွင့်သွားသည့်အခါ ပိုင်ရှိုးမင်သည် တံခါးဖွင့်ပေးသော အားမန်ကို မြင်လိုက်ရပြီး ခေါင်းညိတ်ပြကာ အလွန် ဖော်ရွေသော သဘောထားကို ပြသလိုက်သည်။ မတတ်နိုင်ဘူးလေ... သူက ကိုယ့်ခယ်မလေး ဖြစ်နေတာကိုး။ မင်္ဂလာဆောင်တဲ့နေ့မှာ နဂါးတံခါးနဲ့ လာပိတ်ဆို့ခိုင်းတာတောင် ပြုံးပြုံးလေးပဲ ဆက်ဆံရမှာပေါ့။

အားမန်လည်း ပြန်ပြုံးပြလိုက်သည်။ ခုနက ပိုင်ရှိုးမင်ကို ဒုက္ခပေးခဲ့သည်က သူမနှင့် မဆိုင်သလိုပင်။

နှစ်ယောက်သား အသံတိတ် ဖော်ရွေမှုကို ဖလှယ်ပြီးနောက် ပိုင်ရှိုးမင်သည် အားချန်၏ ဖိနပ်ကို ကိုင်ကာ အတွင်းခန်းသို့ ဝင်သွားလိုက်၏။ ဝင်ဝင်ချင်းမှာပင် ကုတင်ပေါ်တွင် ထိုင်နေသော မင်္ဂလာဝတ်စုံနှင့် အားချန်ကို တွေ့လိုက်ရသည်။ ခေါင်းမြီးခြုံ ပုဝါ အုပ်ထားသဖြင့် သူမ၏ ကိုယ်လုံးအလှကိုသာ မြင်နေရသည်။

ယခုအချိန်တွင် ပိုင်ရှိုးမင် မျက်လုံးထဲ၌ အားချန်တစ်ယောက်သာ ရှိတော့သည်။ သူသည် အားချန်ဆီသို့ လျှောက်သွားပြီး ကုတင်ရှေ့တွင် ရပ်ကာ သူမရှေ့၌ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး သူမ၏ ခြေထောက်ကို မယူကာ ဖိနပ် စီးပေးလိုက်လေသည်။

ထို့နောက် အပြင်ဘက်မှ မင်္ဂလာကူ အထိန်းတော်က "သတို့သမီး ထွက်လာပါပြီ" ဟု အော်လိုက်ချိန်တွင် သူက အားချန်ကို ပွေ့ချီလိုက်တော့သည်။

သတို့သားက သတို့သမီးကို မစောင့်နိုင်ဘဲ ပွေ့ချီသွားသည်ကို ကြည့်ပြီး မင်္ဂလာကူ အထိန်းတော်မှာ အနောက်ကနေ မောကြီးပန်းကြီး လိုက်ရတော့သည်။ လာတုန်းကတော့ ဒီနေ့မင်္ဂလာပွဲက စည်းကမ်းတွေ သိပ်လိုက်နာစရာ မလိုဘူးလို့ မှာထားပေမယ့် ဒါကတော့ အရမ်း စည်းကမ်းမဲ့လွန်းတာပဲ။

ပိုင်ရှိုးမင်သည် ဝေါယာဉ်နား ရောက်မှသာ ခြေလှမ်း ရပ်တန့်လိုက်၏။ သူက အားချန်ကို ဝေါယာဉ်ထဲသို့ ထည့်ပေးပြီး သူမ ထိုင်ပြီးသွားသည့်တိုင် ထွက်မသွားဘဲ လက်တစ်ဖက်ဖြင့် ထိုင်ခုံကို ထောက်ကာ ကျန်လက်တစ်ဖက်ဖြင့် ခေါင်းမြီးခြုံ ပုဝါကို မ,လိုက်လေသည်။

အားချန်လည်း မော့ကြည့်လိုက်သည်။ စကားမပြောရသေးခင်မှာပင် သူက ရှေ့တိုးလာပြီး သူမ နှုတ်ခမ်းကို ခိုးနမ်းလိုက်လေသည်။

အားချန်သည် မင်္ဂလာကူ အထိန်းတော်၏ အသက်ရှူသံ ပြင်းပြင်းကို ကြားလိုက်ရသဖြင့် လက်ညှိုးတစ်ချောင်း ထောင်ကာ ပိုင်ရှိုးမင်၏ ရင်ဘတ်ကို ထောက်ပြီး ဖြည်းညင်းစွာ တွန်းထုတ်လိုက်သည်။

"ကျေနပ်ပြီလား"

ပိုင်ရှိုးမင် ပြုံးလိုက်ပြီး နောက်ထပ် တစ်ခါ ထပ်နမ်းလိုက်သည်။ ဟုတ်ပါပြီ... ဒါ အားချန် အစစ်ပါ။

ဝေါယာဉ်ထဲမှ ထွက်လာပြီးနောက် ပိုင်ရှိုးမင်သည် ပြောချင်သော်လည်း မပြောရဲ ဖြစ်နေသော အထိန်းတော်ကို တစ်ချက်ကြည့်လိုက်ပြီး လက်မဖြင့် နှုတ်ခမ်းပေါ်မှ နှုတ်ခမ်းနီရာကို သုတ်ဖယ်ကာ မြင်းပေါ်သို့ တက်လိုက်လေသည်။

မင်္ဂလာတီးလုံးသံများ ပြန်လည် ထွက်ပေါ်လာပြီး သတို့သမီး ကြိုဆိုရေးအဖွဲ့သည် အပြန်လမ်းသို့ စတင် ထွက်ခွာကြတော့သည်။

ပိုင်အိမ်တော်တွင် ဧည့်သည်အများအပြားသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေကြပြီ။

မင်ဝမ်သည် နက်မှောင်သော အနီရောင် ဝတ်စုံကို ဝတ်ဆင်ကာ လူကြီးမိဘ နေရာတွင် ထိုင်နေပြီး ဗြောက်အိုးဖောက်သံများကြားတွင် သားဖြစ်သူနှင့် အားချန် ယှဉ်တွဲ လျှောက်လာသည်ကို ကြည့်နေလေသည်။ သူသည် စိတ်ထဲတွင် သက်ပြင်းချမိသည်။

အချိန်ကုန်တာ မြန်လိုက်တာ။ မျက်စိတစ်မှိတ်အတွင်း သူ့သားတောင် အိမ်ထောင်ကျပြီး ရှီးကျင်ရဲ့ သမီးကိုတောင် ယူလိုက်ပြီ။

အကယ်၍ ရှီးကျင်သာ အသက်ရှိနေသေးရင် ဒီနေ့ မင်္ဂလာပွဲက ပိုပြီး စည်ကားမှာ အမှန်ပဲ။ နှမြောစရာ ကောင်းလိုက်တာ...

ကိစ္စမရှိပါဘူး။ သူနဲ့ ယဲ့ချန်က ရှီးကျင် ကိုယ်စား စောင့်ရှောက်ပေးမှာပါ။

မင်္ဂလာအခမ်းအနားမှူး၏ "ပထမ ဦးခိုက်ခြင်း - ကောင်းကင်နှင့် မြေကြီးကို ဂါရဝပြုခြင်း" ဟူသော အသံ ထွက်ပေါ်လာသည်နှင့် အားချန်နှင့် ပိုင်ရှိုးမင်တို့သည် ခန်းမဆောင်ရှေ့တွင် ဒူးထောက် ဦးခိုက်လိုက်ကြသည်။

ထို့နောက် မိဘများကို ဂါရဝပြုခြင်း၊ ပြီးနောက် ဇနီးမောင်နှံ အချင်းချင်း ဂါရဝပြုခြင်းများ ဆက်လက် ပြုလုပ်ကြသည်။

အားမန်သည် ဘေးနားတွင် ရပ်ပြီး အားချန်နှင့် ပိုင်ရှိုးမင် မင်္ဂလာအခမ်းအနား ကျင်းပနေသည်ကို ငြိမ်သက်စွာ ကြည့်နေစဉ် သူမနောက်မှ လက်တစ်ဖက် ထွက်ပေါ်လာပြီး သူမပါးကို လာကိုင်လေသည်။

အမြင်ကွယ်သွားသဖြင့် အားမန် မကျေမနပ်ဖြင့် လာကိုင်သော လက်ကို ရိုက်ထုတ်လိုက်ပြီး "ဘာလုပ်တာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။

မည်သည့်အချိန်က ရောက်နေမှန်းမသိသော ယဲ့ချန်သည် အားမန်၏ နောက်တွင် ရပ်နေပြီး တိုးတိုးလေး ပြောလိုက်၏။ "ငါ ထင်တာက မင်း ထပ်ငိုဦးမယ်လို့လေ"

လူသားတွေရဲ့ မင်္ဂလာဆောင်က စည်ကားသော်လည်း အခမ်းအနားတွေ များလွန်းသဖြင့် အားမန်အတွက်တော့ အစ်မဖြစ်သူ အလုခံလိုက်ရသလို ခံစားရစေနိုင်သည်။ အရင်တုန်းကသာဆိုရင် သူမ သေချာပေါက် ငိုမိမှာပဲ။ ဒါပေမဲ့ အခုတော့ အပြင်ဘက်မှာ နေရောင်ခြည်က တောက်ပနေပြီး မိုးတိမ်ဆိုလို့ တစ်စက်ကလေးမှ မရှိဘူးလေ။

"ကျွန်မမငိုပါဘူး" အားမန်က နှာခေါင်းရှုံ့လိုက်သည်။

အခမ်းအနားမှူးက "အခမ်းအနား ပြီးဆုံးပါပြီ။ မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်ပါ" ဟု ကြေညာလိုက်သည်နှင့် လူအုပ်ကြီးသည် ပျော်ရွှင်စွာဖြင့် သတို့သား သတို့သမီးကို ခြံရံပြီး မင်္ဂလာဆောင်သို့ ခေါ်ဆောင်သွားကြသည်။ အားမန်နှင့် ယဲ့ချန်က နောက်ကနေ လိုက်လာကြရာ သူမက ဘေးနားကလူကို ပြောလိုက်၏။ "ကျွန်မ အရမ်း ပျော်တယ်"

"ဟေ..." ယဲ့ချန် အံ့ဩစွာဖြင့် အားမန်ကို ကြည့်လိုက်သည်။

အားချန်အပေါ် အားမန် သဝန်တိုတတ်တာ သူ အသိဆုံးပဲ။ ညီအစ်မ နှစ်ယောက်က ငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာကြတာ။ တစ်ယောက်အတွက် တစ်ယောက်ပဲ ရှိကြတာ။ ခွဲခွာရရင်တောင် ပြန်တွေ့ဖို့ အမြဲ မျှော်လင့်နေကြတာ။ သူတို့အတွက် တစ်ယောက်က တစ်ယောက်ရဲ့ အရေးအကြီးဆုံး လူသားတွေ ဖြစ်ကြတယ်။

အားမန်သည် မင်္ဂလာဆောင်သို့ သွားရာလမ်းကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။ "အားချန်က တစ်ယောက်တည်း နေရတာ မကြိုက်ဘူး။ တကယ်လို့ ကျွန်မက သူ့ဘေးမှာ မနေပေးနိုင်ရင် သူ့ကို တစ်ယောက်ယောက်က အမြဲတမ်း အဖော်ပြုပေးနေစေချင်တယ်"

သူမက အားချန်ကို လုယူသွားတဲ့ ပိုင်ရှိုးမင်ကို မကြိုက်ပေမယ့် အားချန်က ကြိုက်တယ်ဆိုမှတော့ သူက လူကောင်း ဖြစ်မှာပါ။

သူမတို့ ညီအစ်မနှစ်ယောက်ထဲမှာ တကယ်တမ်း အထီးကျန်တာ ကြောက်တာက အားချန်ပါ။ ဒါပေမဲ့ သူတို့ ကြီးပြင်းလာကြပြီမို့ မတူညီတဲ့ ဘဝတွေမှာ နေရာခွဲပြီး နေထိုင်ရတော့မယ်။ ဒါပေမဲ့ သူမ အားချန်ကို အမြဲတမ်း ချစ်နေမှာဖြစ်ပြီး အားချန်ကိုလည်း အမြဲတမ်း ပျော်ရွှင်စေချင်တယ်။

မိုးချုပ်သွားသည့်အခါ အိမ်တော်တစ်ခုလုံး မီးရောင်များဖြင့် လင်းထိန်နေသည်။ ပုံမှန်ဆိုလျှင် ညီလာခံ၌ မတည့်ကြသော အမတ်များနှင့် ဆွေတော်မျိုးတော်များသည် အတူတူထိုင်ပြီး အရက်သောက်နေကြသည်။ မင်ဝမ်တောင်မှ ခွက်အနည်းငယ် အတိုက်ခံလိုက်ရသေးသည်။

သတို့သားအတွက် အရက်အစားသောက်ပေးမည့် မင်းသားများထဲမှ တစ်ဝက်လောက် မူးလဲသွားပြီးမှ ပိုင်ရှိုးမင် တစ်ယောက် လွတ်မြောက်လာနိုင်ခဲ့သည်။ မင်္ဂလာဆောင် အခန်းရှေ့သို့ ရောက်သောအခါ တံခါးပေါ်တွင် ကပ်ထားသော အနီရောင် မင်္ဂလာစာလုံးကို ခဏလောက် ကြည့်နေပြီးမှ တံခါးဖွင့်ဝင်လိုက်သည်။

အားချန်သည် အားမန်နှင့် ချန်ဟွေ့တို့ကို ပြန်လွှတ်လိုက်ပြီးနောက် မှန်တင်ခုံရှေ့တွင် ထိုင်ကာ သရဖူကို ဖြုတ်နေသည်။

မနက်တုန်းက ချန်ဟွေ့ တပ်ပေးတုန်းကတော့ လွယ်လွယ်လေးပဲ။ ဖြုတ်မယ့်အချိန်ကျမှ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။ သတိမထားရင် ဆံပင်တွေပါ ငြိပါကုန်ရော။

သူမသည် ရှုပ်ထွေးလှပသော သရဖူနှင့် စစ်ခင်းနေစဉ် ပိုင်ရှိုးမင်သည် သူမနောက်သို့ ရောက်လာခဲ့သည်။

မှန်ထဲတွင် နှစ်ယောက်သားပုံရိပ် ပေါ်လာသဖြင့် အားချန် ကြောင်သွားပြီး မသိစိတ်က အလိုလို နောက်သို့ မှီလိုက်ကာ ခေါင်းမော့ကြည့်လိုက်သည်။ "ရှင် ပြန်ရောက်ပြီလား"

ပိုင်ရှိုးမင်သည် သူမ၏ သေးသွယ်သော လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး ကိုယ်ကို ကိုင်းကာ သူမပါးကို ကပ်ပြီး မှန်ထဲမှ အားချန်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။ "အရမ်းလှတယ်။ မဖြုတ်နဲ့ဦး"

အားချန်၏ မျက်လုံးထဲတွင် နားမလည်မှုများ ပေါ်လာသည်။

ပိုင်ရှိုးမင်က ရှင်းမပြတော့ဘဲ သူမကို ပွေ့ချီလိုက်ပြီး မှန်တင်ခုံပေါ် တင်လိုက်သည်။ သူသည် အားချန်ရှေ့တွင် ရပ်ပြီး လက်ချောင်းထိပ်ဖြင့် သူမ၏ မေးစေ့လေးကို ပင့်တင်လိုက်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ ထိကပ်မထားသော်လည်း သူ့အသက်ရှူသံ ပြင်းပြင်းများက အရိပ်အမြွက် ပေးနေသယောင်ပင်။

အားချန်သည် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရာ လျှာဖျားလေးက နီရဲ စိုစွတ်နေသည်။

"အားချန်..."

"ဟင်..." အားချန်၏ မျက်ဝန်းများက ရီဝေနေသည်။

ပိုင်ရှိုးမင်၏ လက်သည် သူမကျောပြင်မှ လျှောဆင်းသွားပြီး ခါးကို ဖက်လိုက်ကာ နူးညံ့သိမ်မွေ့သော အသံဖြင့် ပြောလိုက်သည်။ "အခု ကိုယ်တို့ ကိစ္စတစ်ခု ရှင်းရအောင်။ မင်း ကိုယ့်ကို လက်ထပ်တာက မင်းညီမလေးကို တွေ့ချင်လို့ဆိုတဲ့ ကိစ္စလေ"

ရှည်လျားသော မျက်တောင်လေးများ နှစ်ခါလောက် ခတ်သွားပြီး အားချန် မျက်လုံး ပြူးသွားကာ အသိစိတ် ပြန်ဝင်လာတော့သည်။

သူ ဘယ်လိုလုပ် သိတာလဲ။

ပိုင်ရှိုးမင်၏ မျက်လုံးထဲတွင် အပြုံးရိပ်များ ရှိနေသော်လည်း သူမခါးကို ဖက်ထားသည့် လက်ကတော့ ရုန်းမရအောင် တင်းကြပ်ထားသည်။ အားချန်သည် ရုန်းကန်ဖို့ လက်လျှော့လိုက်ပြီး သူ့ရင်ခွင်ထဲ မှီချလိုက်ကာ နှုတ်ခမ်းချင်း တေ့ပေးလိုက်တော့သည်။

ပိုင်ရှိုးမင်က မငြင်းဆန်ပေ။ သူ ပါးစပ်ကို အနည်းငယ် ဟပေးလိုက်ပြီး သူမ စိတ်ကြိုက် လုပ်ပါစေတော့။ သို့ပေသိ အားချန်က စိတ်ရှည်သည်းခံမှု သိပ်မရှိဘဲ နှစ်ခါလောက် စမ်းကြည့်ပြီး တုံ့ပြန်မှု မရတော့ လက်လျှော့ဖို့ လုပ်လိုက်သည်။ ထိုအခါမှ ပိုင်ရှိုးမင်က သူမလျှာကို ဆွဲယူပြီး ပြင်းပြင်းထန်ထန် ပြန်လည် နမ်းရှိုက်လိုက်တော့သည်။

ပိုင်ရှိုးမင် သူမကို လွှတ်ပေးလိုက်သည့်အခါ သူမ အသက်ကို ပြင်းပြင်း ရှူနေရပြီး မျက်ဝန်းအိမ်များ နီရဲနေကာ လျှာဖျားလေးများပင် ထုံကျဉ်နေသည်။

ဒါပေမဲ့ တော်သေးတာပေါ့... သူမ အရေးကြီးကိစ္စကို မမေ့သေးလို့။

အသက်ရှူ နည်းနည်း မှန်လာမှ သူမ ပြောလိုက်၏။ "တကယ်လို့များ ကျွန်မ အဲဒီတုန်းက သူ့ကို ချော့ပြောလိုက်တာပါလို့ ပြောရင် ရှင် ယုံမလား"

ပိုင်ရှိုးမင် ပြုံးလိုက်ပြီး သူမ ခါးပတ်ကို ကျွမ်းကျင်စွာ ဖြေလိုက်သည်။ "မင်း ဘယ်လိုထင်လဲ"

"ကျွန်မ ထင်တာကတော့... ရှင် သေချာပေါက် အလိမ်ခံရမှာ မဟုတ်ပါဘူး" အားချန်က ပိုင်ရှိုးမင် ပခုံးကို ဖက်ပြီး အလွန် ရိုးသားသည့် ပုံစံဖြင့် ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို လက်ထပ်တာက ရှင့်ကို ချစ်လို့ပေါ့"

"ဟုတ်လား"

"ဒါပေါ့... ရှင် ကျွန်မကို မယုံဘူးလား" အားချန်က အရင် ပြောလိုက်၏။

"ယုံပါတယ်" ပိုင်ရှိုးမင်သည် ရှုပ်ထွေးလှပသော အပေါ်ဝတ်ရုံကို ချွတ်ပေးလိုက်ပြီး မျက်နှာချင်းဆိုင် ပွေ့ချီကာ ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။

သူသည် ကုတင်ပေါ်တွင် ပြန်လှည့်ထိုင်လိုက်ပြီး သူမကို သူ့ကိုယ်ပေါ်တွင် တင်ထားလိုက်သည်။ ကုတင်လိုက်ကာများ ကျဆင်းလာပြီး နှစ်ယောက်သား ပူးကပ်နေသော ပုံရိပ်နှင့် တိုးဖျော့ဖျော့ အသံများ ထွက်ပေါ်လာသည်။ "ဒါဆို ဒီည အားချန်က ကိုယ့်ကို ဘယ်လောက်ချစ်ကြောင်း ကိုယ်တိုင် သက်သေပြပေးဖို့ ဝန်မလေးဘူး မဟုတ်လား"

ပိုင်ရှိုးမင်သည် အားချန်၏ ရင်ဘတ်ပေါ် ကျဆင်းနေသော ဆံနွယ်များကို သပ်တင်ပေးလိုက်ပြီး လည်ပင်းကြားတွင် မျက်နှာအပ်လိုက်ကာ ကျော့ရှင်းသော ညှပ်ရိုးလေးများတလျှောက် ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်သွားတော့သည်။

အားချန်သည် ခေါင်းမော့လိုက်ပြီး သူ့အင်္ကျီကို ဖွဖွလေး ဆုပ်ကိုင်ထားကာ သူ့အနမ်းများ အောက်သို့ ရောက်ရှိသွားသည်ကို ခံယူနေလိုက်သည်။ အနီရောင် စကပ်အနားစများသည် ပိုင်ရှိုးမင် ကိုယ်ပေါ်မှတဆင့် ကုတင်ပေါ်သို့ တွဲလောင်းကျနေပြီး သရဖူပေါ်မှ ကျောက်မျက်ရတနာများက တုန်ခါ လှုပ်ရမ်းနေကာ တောက်ပသော ဖယောင်းတိုင်မီးရောင်ကို ရောင်ပြန်ဟပ်နေလေသည်။

မိုးလင်းခါနီးအချိန်မှ ပိုင်ရှိုးမင်သည် ရေချိုးပြီးသော အားချန်ကို ပွေ့ချီကာ ကုတင်ပေါ်သို့ ပြန်ရောက်လာသည်။

အားချန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေဆဲဖြစ်ပြီး ပုံမှန် မဖြစ်သေးပေ။ ဘေးခန်းရှိ ရေချိုးခန်းတွင်မူ ကြမ်းပြင်အနှံ့ ရေများဖြင့် ပြည့်နှက် ကျန်ရစ်ခဲ့သည်။ နောက်ဆုံးတော့ ကျေနပ်သွားသော အမျိုးသားသည် သူမကျောကို ဖွဖွလေး ပုတ်ပေးပြီး စိတ်ရှည်လက်ရှည် ချော့မော့နေလေသည်။ "အိပ်ချင်နေပြီ မဟုတ်လား။ အိပ်လိုက်တော့နော်"

အားချန်သည် နောက်ဆုံးလက်ကျန် အားအင်ဖြင့် မျက်ခွံကို ဖွင့်ထားပြီး ကတိတောင်းဖို့ မမေ့ခဲ့ပေ။ "အတိတ်က အကြောင်းတွေ ပြန်မဖော်ရဘူးနော်"

အားမန်ကို ချော့လိုက်သည့် စကားတစ်ခွန်းအတွက် သူမ ပေးဆပ်လိုက်ရသည်မှာ နည်းနည်းနောနော မဟုတ်ပေ။ နောက်တစ်ခါ လုံးဝ မရှိစေရ။

ပိုင်ရှိုးမင် ရယ်လိုက်ပြီး သူမ မျက်ခွံလေးကို နမ်းကာ "ကောင်းပါပြီ"

အဖြေရလိုက်မှ အားချန်တစ်ယောက် ကျေနပ်စွာဖြင့် မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားတော့သည်။ ပိုင်ရှိုးမင်သည်လည်း သူမကို ရင်ခွင်ထဲ ထည့်ထားပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။

ဒီနေ့ကစပြီး သူ့အားချန်လေးက သူ့အပိုင် ဖြစ်သွားခဲ့ပါပြီ။

(ပြီးပါပြီ)

...

All Chapters