← Chapters

အချပ်ပို (၃) အခုတော့ ပိုင်ရှိုးမင်က တစ်ကိုယ်လုံးမှာ 'ပုန်ကန်ခြင်း' ဆိုတဲ့ စာလုံးကို ရေးထွင်းထားသလိုပဲ...

Vol. 22 Ch. 218

အချပ်ပို (၃) အခုတော့ ပိုင်ရှိုးမင်က တစ်ကိုယ်လုံးမှာ 'ပုန်ကန်ခြင်း' ဆိုတဲ့ စာလုံးကို ရေးထွင်းထားသလိုပဲ...

Vol. 22 Ch. 218

ထိုနေ့က ညီလာခံ၌ ဖြစ်ပျက်ခဲ့သမျှကို အမတ်များ မည်သူမှ နှုတ်ဟမပြောရဲကြပေ။ အဆင့်၄နှင့် အဆင့်၅မှာ မိုးနှင့်မြေလို ကွာခြားရာ ယခင်က ပိုင်ရှိုးမင်၏ လုပ်ရပ်များကို မကျေနပ်ခဲ့ကြသော်လည်း ယခုတော့ သူတို့၏ သဘောထားများကို ရင်ထဲတွင်သာ မြိုသိပ်ထားရတော့သည်။ အခု သူတို့ မျှော်လင့်ချက်က တစ်ခုသာ။ မင်ဝမ်က ဝမ်ရယ် ရာထူးပေါ်မှာ ငြိမ်ငြိမ်လေး ဆက်ထိုင်နေပေးဖို့၊ အနည်းဆုံးတော့ သူတို့ အငြိမ်းစားယူမယ့်နေ့အထိပေါ့။

နောက်ရက်များတွင် အမတ်များက ဧကရာဇ်ထံ တင်သွင်းသော အစီရင်ခံစာများတွင် မင်ဝမ်၏ အရည်အချင်းများကို ချီးကျူးထားကြပြီး ဝမ်ရယ်ရာထူးမှာ ဆက်နေစေချင်ကြောင်း သွယ်ဝိုက် ရေးသားထားကြသည်။ ထွက်သွားချင်ရင်တောင် သူတို့ အငြိမ်းစားယူပြီးမှ ထွက်သွားပေးပါလို့ ဆိုလိုပင်။

နောက်တက်လာမဲ့ အရာရှိတွေက ပိုင်ရှိုးမင်နဲ့ ရင်ဆိုင်ရမှာလား။ ဒါက သူတို့နဲ့ ဘာဆိုင်လို့လဲ။

ဧကရာဇ်ကတော့ ပိုင်ရှိုးမင် မင်ဝမ်ရာထူး ဆက်ခံမည့်အပေါ် ကန့်ကွက်စရာ မရှိပေ။ လက်ရှိ မင်ဝမ်က နိုင်ငံရေး ကိစ္စများတွင် ဝင်မပါဘဲ တိုင်းပြည်နှင့် ဧကရာဇ်ကို ကာကွယ်ပေးရုံသာ လုပ်ဆောင်သည်။ ပိုင်ရှိုးမင်က မင်ဝမ်၏ သွန်သင်မှုအောက်တွင် ကြီးပြင်းလာပြီး လုပ်ဆောင်ချက်များ နည်းနည်း ကြမ်းတမ်းသော်လည်း ဧကရာဇ်အပေါ် သစ္စာရှိပြီး အလုပ်ကို သေသပ်အောင် လုပ်တတ်သည်။ မင်ဝမ် လူပြောင်းသွားလို့ နေသားမကျဖြစ်မှာ သူ မပူပေ။ ဒါပေမဲ့ စာသားအသုံးအနှုန်း ကောင်းလွန်းပြီး ဖတ်လိုက်ရသူတိုင်းကို စာရေးသူနှင့် ထပ်တူ ခံစားရစေသည့် အစီရင်ခံစာများကို ကြည့်ရင်း အမတ်များကိုတော့ လွတ်လမ်းလေး ပေးသင့်တယ်လို့ တွေးမိသည်။

ကြည့်ပါဦး... ဒီကောင်လေးက အမတ်တွေကို ဘယ်လောက်တောင် ဖိအားပေးထားလို့လဲ။ တရားရေးဝန်ကြီးဆိုရင် အရင်က စာပေထူးချွန်ဆု ရထားဖူးသူဆိုပေမဲ့ အရာရှိ ဖြစ်ပြီးနောက်ပိုင်း စာကောင်းပေမွန် မရေးဖြစ်တာ ကြာပြီ။ ပုံမှန်ဆို ရိုးရှင်းပြတ်သားတဲ့ စာတွေပဲ တင်လေ့ရှိတာ။ ဒီနေ့တော့ သူ့ရဲ့ ဝှက်ထားတဲ့ စာပေစွမ်းရည်တွေ အကုန်ထုတ်သုံးထားရရှာတာ သနားစရာပဲ။

ဧကရာဇ်သည် အစီရင်ခံစာကို ချထားလိုက်ပြီး မင်ဝမ်အား နန်းတော်သို့ လာရောက်ရန် ဆင့်ခေါ်လိုက်သည်။

သူတို့နှစ်ဦး စာကြည့်ဆောင်တွင် နေ့ဝက်နီးပါး စကားပြောကြပြီးနောက် ဧကရာဇ်က ကျေနပ်အားရစွာဖြင့် မင်ဝမ်ကို ပြန်လွှတ်လိုက်လေသည်။ မင်ဝမ် အိမ်တော်သို့ ပြန်ရောက်သည်နှင့် ပိုင်ရှိုးမင်သည် စာကြည့်ဆောင်တွင် စောင့်နေသည်မှာ ၂နာရီကျော်ပြီဖြစ်ကြောင်း အိမ်တော်ထိန်းက လာပြော၏။

သူသည် မျက်နှာတည်ဖြင့် စာကြည့်ဆောင်သို့ သွားလိုက်သည်။ တံခါးပိတ်ထားသဖြင့် ခြေထောက်ဖြင့် တစ်ချက်ကန်ကာ ဖွင့်လိုက်ရာ အတွင်းဘက်တွင် စာဖတ်နေသော ပိုင်ရှိုးမင်က ခေါင်းမော့ကြည့်လာပြီး ပျင်းရိစွာဖြင့် "ဖုဝမ် ပြန်လာပြီလား" ဟု နှုတ်ဆက်လေသည်။

"သားမိုက်! မင်း တမင်သက်သက် လုပ်တာမလား"

"ဘာကို တမင်လုပ်တာလဲ" ပိုင်ရှိုးမင်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"ဟိုအမတ်တွေ တင်ထားတဲ့ စာလွှာတွေက ဘယ်လိုဖြစ်တာလဲ" မင်ဝမ်က နိုင်ငံရေး ကိစ္စတွေကို စိတ်မဝင်စားသလို အမတ်တွေ ဧကရာဇ်နဲ့ ဘာတွေ ဆွေးနွေးသလဲ ဆိုတာကိုလည်း လိုက်မစုံစမ်းပေ။

သားဖြစ်သူက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီမို့ သူ လက်ထပ်ပြီးရင် ဝမ်ရယ်ရာထူး လွှဲပေးလိုက်တော့မယ်လို့ တွေးထားခဲ့တာ။ ဒါပေမဲ့ ဒီနေ့ ဧကရာဇ်က သူ့ကို ခေါ်ပြီး စကားပြောရာမှာ သူ မရှိရင် မဖြစ်ပါဘူးဆိုပြီး တစာစာ ပြောနေလို့ နောက်ဆုံးတော့ အိမ်ရှေ့စံမင်းသား နန်းတက်မှ ဝမ်ရယ်ရာထူး စွန့်လွှတ်ပါ့မယ်လို့ ကတိပေးခဲ့ရတယ်လေ။

ဧကရာဇ်၏ ကျန်းမာရေး အခြေအနေကို ကြည့်လျှင်လည်း အိမ်ရှေ့စံ နန်းတက်ဖို့က ဆယ်စုနှစ်ချီ ကြာဦးမည်။ အပြန်လမ်းတွင် မင်ဝမ် စဉ်းစားမိသွားသည်မှာ ထိုနေ့ ညီလာခံတွင် ပိုင်ရှိုးမင်က ဆွေတော်မျိုးတော်များကို တွင်းတူးပေးရုံသာမက သူ့ကိုပါ တွင်းတူးခဲ့ခြင်း ဖြစ်သည်။

ဒီကောင်စုတ်က သူ ထွက်ပြေးတော့မယ်ဆိုတာ သိလို့ ဝမ်ရယ်ရာထူး လိုချင်တယ်လို့ တမင် ပြောလိုက်တာ။ ပြီးမှ အမတ်တွေကို နောက်ကွယ်ကနေ မြှောက်ပေးပြီး ဧကရာဇ်ကို သွားပြောခိုင်း၊ ဧကရာဇ်က တဆင့် သူ့ကို လာပြောအောင် လုပ်တာပဲ။

ပိုင်ရှိုးမင်သည် စာအုပ်ကို ပိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "အမတ်မင်းတွေရဲ့ အတွေးကို သားက ဘယ်လိုလုပ် လွှမ်းမိုးလို့ ရမှာလဲ။ သူတို့က ဖုဝမ်ကို တကယ် မခွဲနိုင်လို့ ဖြစ်မှာပါ။ အရည်အချင်း ရှိတဲ့သူက ပိုအလုပ်လုပ်ရတယ် ဆိုတော့ ဖုဝမ်ပဲ သည်းခံလိုက်ပါတော့"

"ဘယ်တုန်းက ဒီအကြံ ထုတ်လိုက်တာလဲ"

ပိုင်ရှိုးမင်က ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။ "ချင်ဟန် ထွက်ပြေးသွားတဲ့နေ့ကပဲ သား စဉ်းစားမိတာ။ ဖုဝမ်ကလည်း သား မင်္ဂလာဆောင်ပြီးတာနဲ့ ထွက်ပြေးဖို့ ကြံနေတာမလား။ အဲဒါနဲ့ ဆွေတော်မျိုးတော်တွေ သားမင်္ဂလာကိစ္စကို မကျေနပ်ကြတာ သိလိုက်ရတော့ တချက်ခုတ် နှစ်ချက်ပြတ် ရှင်းလိုက်တာလေ"

မင်ဝမ် ဒေါသထွက်လွန်း၍ နှုတ်ခမ်းမွှေးများပင် တုန်ခါနေတော့သည်။ "ငါက မင်းကို ပညာရှိတွေ ခေါ်ပြီး စစ်သူကြီးပညာတွေ သင်ပေးထားတာ မင်းအဖေကို ပြန်တိုက်ဖို့ မဟုတ်ဘူးကွ"

"ဖုဝမ် ပြောတာ မှားတယ်။ သားက ဖုဝမ်ကို မခွဲနိုင်လို့ပါ"

မင်ဝမ်က နှာခေါင်းရှုံ့လိုက်၏။ ဘယ်သူ ယုံမှာလဲ။ သူလည်း အရင်တုန်းက သူ့အဖေ (ဝမ်ရယ်ဟောင်း)ကို ဒီလိုပဲ ညာခဲ့ဖူးတာပဲ။ နောက်ဆုံးတော့ အရိပ်တောင် မတွေ့ရတော့ဘဲ ထွက်ပြေးသွားလို့ သူပဲ ဒိုင်ခံ ရှင်းနေရတာ။

သူ့သားမျက်နှာပေါ်က ကျေနပ်ပီတိဖြစ်နေသော အမူအရာကို ကြည့်ပြီး သူက ထိုင်ခုံတစ်လုံး ဆွဲယူကာ ထိုင်လိုက်ပြီး ခေါင်းစဉ် ပြောင်းလိုက်သည်။ "အရှင်မင်းကြီး ပြောတာတော့ နက္ခတ္တဗေဒဌာနက မင်္ဂလာရက် (၃)ရက် ရွေးပေးထားတယ်တဲ့"

တင်တောင်းလက်ဖွဲ့ မပေးရသေးသော်လည်း နက္ခတ္တဗေဒဌာနက အလိုက်တသိဖြင့် မင်္ဂလာရက် ကြိုရွေးပေးထားပြီး မနေ့က မိဖုရားခေါင်ကြီးထံ ပို့ထားပြီးပြီ ဖြစ်သည်။

"ဘယ်ရက်တွေလဲ" ပိုင်ရှိုးမင် စိတ်ဝင်စားသွားသည်။

မင်ဝမ်က သူ့ကို မျက်စောင်းထိုးကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်၏။ "ရက်ကောင်း (၃)ရက် ရှိတယ်။ မိဖုရားခေါင်ကြီးကတော့ နောက် ၉လကြာမှ ကျရောက်မယ့်ရက်ကို အသင့်တော်ဆုံးလို့ မြင်တယ်။ ငါလည်း အဲဒီလိုပဲ မြင်တယ်"

ပိုင်ရှိုးမင်သည် လက်ထဲမှ စာအုပ်ကို လွှတ်ချပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။

"ပြန်လာခဲ့။ ဘယ်သွားမလို့လဲ"

"အိမ်ကနေ ဆင်းပြေးမလို့။ အားချန်ကို ခေါ်ပြီး ယောက္ခမဆီ သွားနေတော့မယ်"

မင်္ဂလာရက်ကို နောက်နှစ်ထိ ရွှေ့လိုက်သဖြင့် ပိုင်ရှိုးမင်က အခုတော့ တစ်ကိုယ်လုံးမှာ 'ပုန်ကန်ခြင်း' ဟူသော စာလုံးကို ရေးထွင်းထားသည့်အလား။

မင်ဝမ်က ဒေါသထွက်လွန်း၍ ဆင်ခြေရာမဲ့ ပြောလိုက်မိသည်။ "မင်း ယောက္ခမက မြေကြီးထဲမှာကွ"

"ကိစ္စမရှိဘူး။ သွားပြီး အဖော်လုပ်ပေးလို့ ရတာပဲ"

မင်ဝမ်သည် နဖူးပေါ်က သွေးကြောကို ဖိထားလိုက်ရသည်။ "ငါက နောက် (၉)လ နေမှလို့ အတည်ပြုလိုက်ပြီလို့ မပြောရသေးပါဘူး"

ပိုင်ရှိုးမင်က ခြေလှမ်းတုံ့သွားပြီး မင်ဝမ်ကို လှည့်ကြည့်လာသည်။

မင်ဝမ် ထပ်တွေးမိပြန်သည်။ သားမွေးထားတာ သူ့ကို ဒေါသထွက်ပြီး သေအောင် လုပ်ဖို့ကလွဲရင် ဘာအကျိုးမှ မရှိပါလား။

"မင်း စိတ်လောနေမှာ သိလို့ နောက် (၂)လ နေရင် လက်ထပ်ဖို့ ရက်သတ်မှတ်ပေးထားတယ်။ နောက်ရက်နည်းနည်းကြာရင် တင်တောင်းလက်ဖွဲ့ သွားပေးတော့မယ်။ မိန်းမလိုချင်ရင် ငြိမ်ငြိမ်နေ"

ပိုင်ရှိုးမင် ကျေနပ်သွားပြီး "ကျေးဇူးတင်ပါတယ် ဖုဝမ်"

"သွားတော့!"

ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ပိုင်ရှိုးမင် ပြန်လှည့်လာပြီး "ဖုဝမ်... တင်တောင်းလက်ဖွဲ့ ပေးတဲ့အခါ ကျောက်မျက်ရတနာတွေအပြင် ရှားပါးသစ်သီးတွေပါ ထည့်ပေးပါဦး။ သူက စားရတာ ကြိုက်တယ်"

"ငါ့ရဲ့ သိမ်းဆည်းလက်စွပ်ပါ မင်းကို ပေးလိုက်ရမလား" မင်ဝမ်က ညစ်ကျယ်ကျယ် မေးလိုက်သည်။

ပိုင်ရှိုးမင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး "သား သွားပြီနော်"

ရည်ရွယ်ချက် အောင်မြင်ပြီဖြစ်၍ သူ တစ်ခဏလေးမျှပင် မနေတော့ဘဲ အိမ်တော်မှ ထွက်ကာ ချုံးမင်ဖန်း ရပ်ကွက်သို့ ဦးတည်သွားလေသည်။ ပိုင်ရှိုးမင်သည် မင်္ဂလာပွဲအတွက် အဟန့်အတား ဖြစ်နေသည်များကို ရှင်းလင်းရင်း သူ့အဖေကိုပါ တွင်းတူးခဲ့သည့်အကြောင်း အားချန်တစ်ယောက် မသိရှာပေ။ တကယ့်ကို 'သားလိမ္မာ' လေးပါပေ။

ဒီရက်ပိုင်း ရာသီဥတု ပူပြင်းနေသည်။ ချန်ဟွေ့သည် အားချန်အတွက် မင်္ဂလာပစ္စည်းများ ပြင်ဆင်ရင်း အလုပ်များနေပြီး လိုအပ်သည်များ ထပ်ဖြည့်နေရသည်။ ဒီနေ့ နေ့လည်စာ စားပြီးနောက် ချန်ဟွေ့ အပြင်ထွက်သွားရာ အားချန် တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ပြီး မင်္ဂလာပစ္စည်း စာရင်းကို ရေးမှတ်နေလေသည်။

စာရင်း တစ်ဝက်လောက် ရေးပြီးချိန်တွင် ပုရစ်အော်သံများကို နားထောင်ရင်း သူမ အိပ်ငိုက်လာတော့သည်။

မင်ကုန်နေသော စုတ်တံသည် သူမလက်ထဲမှ လွတ်ကျသွားပြီး စားပွဲခုံပေါ် လှိမ့်ဆင်းကာ ကြမ်းပြင်ပေါ် ကျသံ ထွက်ပေါ်လာသော်လည်း လက်မောင်းပေါ် ခေါင်းအုံးကာ အိပ်ပျော်နေသူကတော့ နိုးမလာခဲ့ပေ။ နွေရာသီ နေ့လည်ခင်းသည် အိပ်စက်ဖို့ အကောင်းဆုံး အချိန်ဖြစ်၍ သူမ နိုးလာသည့်အချိန်တွင် အပြင်ဘက်၌ မိုးမချုပ်သေးပေ။ သို့သော် သူမသည် စာကြည့်စားပွဲမှ ကုတင်ပေါ်သို့ ရောက်နေလေပြီ။

သူမနောက်ကျောဘက်မှ လေအေးအေးလေး တိုက်ခတ်လာသဖြင့် အားချန် သမ်းဝေရင်း လှည့်ကြည့်လိုက်ရာ ရက်အတော်ကြာ မတွေ့ရသော အမျိုးသားတစ်ဦးသည် ကုတင်ခေါင်းရင်းတွင် မှီထိုင်ကာ ယပ်တောင်ခတ်ပေးနေသည်ကို တွေ့လိုက်ရသည်။ သူသည် မိုးပြာရောင် လက်ရှည်အင်္ကျီကို ဝတ်ဆင်ထားပြီး ယပ်တောင်ခတ်လိုက်တိုင်း အင်္ကျီလက်စများ လှုပ်ခါသွားသည်။

ထန်းရွက် ယပ်တောင်သည် ချန်ဟွေ့ ကုန်စုံဆိုင်မှ ဝယ်လာခဲ့ခြင်း ဖြစ်ပြီး ပုံစံ အရမ်း ရုပ်ဆိုးသော်လည်း ဈေးပေါပြီး အသုံးခံသဖြင့် အားချန် ယူလာခဲ့ခြင်း ဖြစ်သည်။ ယခု ပိုင်ရှိုးမင်၏ လက်ထဲတွင် ရောက်နေသည့်အခါ တန်ဖိုးတက်သွားသလို ဖြစ်ကာ ကြေးပြား (၁၀)ပြားလောက်တော့ ရောင်းရနိုင်မည့်ပုံ ရှိသည်။

"ဘာ ကြည့်နေတာလဲ" အားချန် စိုက်ကြည့်နေသည်ကို မြင်တော့ ပိုင်ရှိုးမင်က ပြုံးကာ မေးလိုက်သည်။

အားချန် သတိပြန်ဝင်လာပြီး သူ့အင်္ကျီလက်စကို လှမ်းကိုင်ကြည့်လိုက်၏။ ဒီနေ့ သူ ဝတ်ထားတာ တော်တော် ကြည့်ကောင်းပြီး လူကောင်းပုံစံ ပေါက်နေသည်။

ပိုင်ရှိုးမင်က မရှောင်ဘဲ ဆက်လက် ယပ်ခတ်ပေးနေသည်။

အားချန် စမ်းကြည့်လိုက်ရာ အထည်သားမှာ အေးမြပြီး ပါးလွှာနူးညံ့သည်။ သူမ လက်ပြန်ရုတ်တော့မည့်ဆဲဆဲ ယပ်တောင်သည် ကုတင်ပေါ် ပြုတ်ကျသွားပြီး ပိုင်ရှိုးမင်က သူမလက်ကို ဖမ်းဆုပ်လိုက်လေသည်။

အားချန်၏ လက်ကလေးသည် သူ့လက်ဖဝါးထဲတွင် ရောက်ရှိနေသည်။ သူ့လက်မှာ ပုံမှန်လို ပူနွေးမနေဘဲ အေးမြနေကာ ကျောက်စိမ်းတုံးကဲ့သို့ပင်။

အထိအတွေ့က တော်တော်ကောင်းမွန်သဖြင့် အားချန်သည် သူ့လက်ကို ရုန်းထွက်လိုက်ပြီး လက်ကောက်ဝတ်မှတဆင့် အင်္ကျီလက်စထဲသို့ လက်လျှိုဝင်လိုက်သည်။

လက်အောက်တွင် ကြွက်သားများဖြင့် တင်းမာနေသော လက်မောင်းကို စမ်းမိပြီး အေးမြနေသဖြင့် သူမ တော်တော် ကျေနပ်သွားကာ လက်ပြန်ရုတ်လိုက်ပြီး ပိုင်ရှိုးမင်ဘက်သို့ တိုးကပ်သွားကာ သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လိုက်၏။

ပိုင်ရှိုးမင်သည် သူမကို နောက်ကျောမှ သိုင်းဖက်ထားပြီး မျက်နှာကို သူမ၏ လည်ပင်းဘေးတွင် အပ်ထားကာ သူမဆီမှ သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်လိုက်သည်။ သူမကို မတွေ့ရတာ ကြာပြီမို့ လွမ်းလှပြီ။

"ဒီနေ့ ဘယ်လိုလုပ် ရောက်လာတာလဲ" အားချန်က သူ့မျက်နှာကို လက်လှမ်းကိုင်လိုက်ရာ မေးစေ့ကို ထိမိပြီး စူးရှရှ ဖြစ်သွားသည်။

ပိုင်ရှိုးမင်သည် သူမ၏ နုဖတ်နေသော လည်ပင်းသားလေးကို တမင်တကာ ပွတ်သပ်လိုက်ပြီး "လွမ်းလို့"

"ဪ... အဲဒါဆို ပြီးခဲ့တဲ့ရက်တွေက မလွမ်းဘူးပေါ့" ယခုအချိန်တွင် အားချန်သည် သူမ ပြောခဲ့ဖူးသော စေ့စပ်မင်္ဂလာ မလုပ်ခင် တွေ့လို့မရဘူး ဆိုသည့် စကားကို လုံးဝ မေ့သွားပြီ ဖြစ်သည်။ သူမ လွမ်းနေတဲ့အချိန် သူ ရောက်မလာရင် အဲဒါ သူ့အပြစ်ပဲ။

"လွမ်းတာပေါ့" လည်ပင်းမှ စိုစွတ်နွေးထွေးသော အထိအတွေ့ကြောင့် အားချန် ခေါင်းမော့လိုက်မိသည်။ ပိုင်ရှိုးမင်က ဗလုံးဗထွေး ပြောလိုက်၏။ "နေ့တိုင်း မင်းကို ဘယ်လို အိမ်ခေါ်သွားရမလဲ ဆိုတာပဲ စဉ်းစားနေတာ"

အားချန် နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသော်လည်း ချက်ချင်းပင် ဟန်ဆောင်ကာ ငေါက်လိုက်သည်။ "ရှင် မဟုတ်တာတွေ မလုပ်နဲ့နော်။ ခဏနေရင် ဟွေ့ညန် ပြန်လာတော့မှာ"

"ကို ဆင်ခြင်တတ်ပါတယ်" ပိုင်ရှိုးမင်သည် သူမ ရင်ဘတ်မှ ကြိုးစကို လျင်မြန်စွာ ဖြေလိုက်ရာ ပါးလွှာသော အပေါ်ဝတ်ရုံသည် ပခုံးမှ လျှောကျသွားပြီး ဖြူဝင်းသော အသားအရေ ပေါ်ထွက်လာသည်။

"ရှင် ဘာ ဆင်ခြင်..." စကားမဆုံးခင်မှာပင် အားချန်သည် တစ်ဖက်သို့ လှန်ခြင်း ခံလိုက်ရပြီး ဟနေသော နှုတ်ခမ်းကို ဖိကပ် နမ်းရှိုက်ခြင်း ခံလိုက်ရသည်။ သူသည် ပြင်းပြင်းထန်ထန် နမ်းရှိုက်နေပြီး တပ်မက်မှုများ ပြည့်နှက်နေကာ သူမကို ဝါးမျိုတော့မည့်အလားပင်။

အားချန်၏ ကိုယ်လုံးလေးသည် နောက်သို့ လန်ကျသွားပြီး သူက လက်တစ်ဖက်ဖြင့် သူမကျောကို ထိန်းထားကာ ကျန်လက်တစ်ဖက်ဖြင့် ပေါင်ကို ကိုင်ထားပြီး ကုတင်ပေါ်သို့ ပြန်ချပေးလိုက်ကာ အပေါ်မှ အုပ်မိုးလိုက်လေသည်။

သူမ အသက်ရှူကျပ်လာမှသာ သူမကို လွှတ်ပေးလိုက်သည်။ အားချန်သည် အိပ်ရာခင်းပေါ်တွင် လဲလျောင်းကာ အသက်ပြင်းပြင်း ရှူနေရပြီး မျက်ဝန်းများ ရီဝေနေကာ နှုတ်ခမ်းများ ရဲသွေးကြွနေ၏။ သူမ ဆိုးထားသော နှုတ်ခမ်းနီများမှာ ပိုင်ရှိုးမင် စားသုံးခြင်း ခံလိုက်ရပြီး သူ့နှုတ်ခမ်းပေါ်တွင် တောက်ပသော အရာများ ကျန်ရစ်နေသည်။

သူမသည် မသိစိတ်ဖြင့် လက်ညှိုးကို ဆန့်ထုတ်ကာ ထိုအရောင်များကို သုတ်ဖယ်ပေးလိုက်သည်။ သတိပြန်ဝင်လာပြီး လက်ပြန်ရုတ်မည့်အချိန်တွင် လက်ချောင်းလေးကို လျှာဖြင့် လှမ်းလျက်လိုက်သည်ကို ခံစားလိုက်ရ၏။

"လိုချင်သေးလား" ပိုင်ရှိုးမင်သည် သူမ၏ ဆံနွယ်များကို သပ်ပေးရင်း အက်ရှရှ အသံဖြင့် မေးလိုက်သည်။ ထိုအသံတွင် အတင်း ဖိနှိပ်ထားရသော တပ်မက်မှုများ ပါဝင်နေသည်။

အားချန်က အလျင်အမြန် ခေါင်းခါလိုက်၏။ ဒီလူ့ရဲ့ စိတ်ထိန်းနိုင်စွမ်းက ကုန်ခါနီး ဖြစ်နေပြီမို့ သူ့ကို မစတာ ကောင်းမယ်။

ပိုင်ရှိုးမင်က ရယ်လိုက်ပြီး ငြိမ်ငြိမ်နေချင်သော သူမကို ဖက်ကာ ခဏလောက် ထပ်ပြီး အနိုင်ကျင့်လိုက်သေးသည်။

သူက ကတိတည်ပါတယ်။ ဘောင်ကျော်တာ ဘာမှ မလုပ်ပါဘူး။ ဒါပေမဲ့ အားချန် ထင်တာကတော့ ဘောင်ကျော်တာကမှ တော်သေးတယ်...

သူက ဘာမှမဖြစ်သလို ထထိုင်လိုက်သော်လည်း သူ့ခန္ဓာကိုယ်ထဲက မီးကတော့ တောက်လောင်နေဆဲ။ အားချန်က ဒေါသထွက်ပြီး သူ့ကို ခြေထောက်ဖြင့် ကန်လိုက်တော့သည်။

ပိုင်ရှိုးမင်သည် သူမ၏ ခြေထောက်လေးကို ကိုင်ကာ ခြေအိတ်ကို ဖြည်းဖြည်းချင်း စွပ်ပေးလိုက်ပြီး "ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား" ဟု လှောင်ပြောင်လိုက်သေးသည်။

"မဟုတ်ဘူး!" အားချန်က အံကြိတ်ပြီး ပြောလိုက်သည်။

"တကယ်လား"

"ဟွန့်!" အားချန်က နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာလွှဲကာ သူ့ကို စကားမပြောဘဲ နေလိုက်သည်။

ပိုင်ရှိုးမင်သည် သူမဘေးတွင် ဝင်လှဲလိုက်ပြီး လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားကာ သူမ စိတ်ဆိုးနေသည်ကို ဂရုမစိုက်ဘဲ ပြောလိုက်၏။ "နက္ခတ္တဗေဒဌာနက မင်္ဂလာရက် ရွေးပြီးပြီ။ အားချန် သိချင်လား"

အားချန် မျက်တောင်လေးများ တုန်ခါသွားသော်လည်း သိပ်မသိချင်ပါဘူး ဆိုသည့် ပုံစံ လုပ်နေသည်။

ပိုင်ရှိုးမင်က ဆက်ပြောလိုက်သည်။ "တချို့ဧည့်သည်တွေက ဝေးတဲ့နေရာမှာ နေကြတာဆိုတော့ ဖိတ်စာ ကြိုပို့ထားမှ ကောင်းမယ်"

အားချန်သည် ရှန်ကျင်းမြို့တော်မှ နဂါးမျိုးနွယ်စုဆီ ဖိတ်စာပို့ရင် ဘယ်လောက်ကြာမလဲ ဆိုတာကို စဉ်းစားနေမိသည်။

အဆင့်၅နယ်ပယ် ကျင့်ကြံသူတွေက သွားလာတာ မြန်ပေမဲ့ မင်ဝမ်ကို သွားပို့ခိုင်းလို့မှ မရတာ။ သူမက ပိုင်ရှိုးမင်ကို လှမ်းကြည့်လိုက်၏။ သူလည်း အားမည့်ပုံ မပေါ်ဘူး။ ကြိုတင် ပြင်ဆင်တာက အကောင်းဆုံးပဲ။ ဒါနဲ့ သူမ ဘယ်တော့ လက်ထပ်ရမှာလဲ။

"အားချန် မသိချင်ရင်လည်း နေပါစေလေ" ပိုင်ရှိုးမင်သည် ကုတင်ပေါ်မှ ဆင်းလိုက်ပြီး အဝတ်အစားများ ပြန်ပြင်ဝတ်ကာ ပြန်တော့မည့်ပုံ ပြင်လိုက်သည်။

"နေဦး..." တမင်သက်သက် လုပ်မှန်း သိသော်လည်း အားချန် အကွက်ထဲ ဝင်သွားမိသည်။

"ဘာကိစ္စ ရှိလို့လဲ" ပိုင်ရှိုးမင်က လှည့်ကြည့်လာပြီး အလုပ်သဘော ဆန်နေသည့် မျက်နှာထားဖြင့် မေးလိုက်သည်။

အားချန်လည်း ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး "ရှင် ပြောတာ မှန်တယ်လို့ ရုတ်တရက် တွေးမိလို့ပါ။ မင်္ဂလာရက် ကြိုသိရင် ကြိုတင် ပြင်ဆင်လို့ ရတာပေါ့"

ပိုင်ရှိုးမင်က အခက်တွေ့နေသည့် မျက်နှာထားဖြင့် "ခုနက ကို ပါးစပ်သရမ်းမိတာပါ။ တင်တောင်းလက်ဖွဲ့ မပေးရသေးခင် မင်္ဂလာရက် သတ်မှတ်တာက စည်းကမ်းနဲ့ မညီဘူး။ နောက်နေ့မှ ပြန်တွက်ခိုင်းလိုက်မယ်"

"ပိုင်ရှိုးမင်!" အားချန်သည် သည်းခံရင်း သည်းခံရင်း ဒေါသထွက်လာကာ သူ့ကျောပေါ် ခုန်တက်လိုက်ပြီး သူ လှည့်ကြည့်လိုက်ချိန်တွင် မေးစေ့ကို ကိုက်လိုက်ရာ သွားရာလေး ထင်သွားတော့သည်။

ပိုင်ရှိုးမင်သည် ငြိမ်ငြိမ်လေး အကိုက်ခံလိုက်ပြီး မျက်လုံးထဲတွင် အပြုံးရိပ်များ ယှက်သန်းလာ၏။ "မင်္ဂလာရက်က နောက် (၂)လ နေရင် ကျရောက်မယ်။ အခု ဖိတ်စာ ရေးထားရင် နဂါးမျိုးနွယ်ဆီ ပို့ဖို့ အချိန်မီတယ်"

"ဒါဆို မြန်မြန် လုပ်လေ" အားချန်က လောဆော်လိုက်သည်။

ပိုင်ရှိုးမင်သည် သူမကို ကျောပိုးထားလျက်သား စာကြည့်စားပွဲဆီ ခေါ်သွားပြီး နေရာချပေးရသည်။ စုတ်တံ ကမ်းပေး၊ မင်သွေးပေးနှင့် အဖော်ပြုပေးလိုက်ရာ နောက်ဆုံးတော့ ကျေနပ်အားရသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ခွင့် ရရှိသွားတော့သည်။

...

All Chapters