← Chapters

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

၂၇၁ - ဆရာနှင့် တပည့် အတူတူ ထွက်ခွာခြင်း

ဖန့်ချန်က လှုပ်ရှားမှုမရှိသည်ကို မြင်သောအခါ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်သည် သူမ၏ခေါင်းကို ပို၍ပင် ငုံ့ချလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်မရဲ့ တောင်းပန်မှုကို လက်ခံတဲ့အနေနဲ့ ဒီလက်ဖက်ရည်ကို သောက်ပေးပါ"

ရုတ်တရက် ရဲ့မိသားစုခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"လက်ဖက်ရည်ကို ကျော်လိုက်လို့ ရမယ်ထင်ပါတယ် စီနီယာက ခွင့်လွှတ်ပေးလိုက်ပြီဆိုရင်ပဲ လုံလောက်ပါပြီ"

ဟု ပြောကာ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ယူရန် ရှေ့သို့ လှမ်းလိုက်သည်။

မဟာအကြီးအကဲ၏ မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသော်လည်း ဖန့်ချန် သတိထားမိမည်ကို စိုးရိမ်သဖြင့် ချက်ချင်း ပြန်ထိန်းလိုက်သည်။

သူသည် ရဲ့မိသားစုခေါင်းဆောင်ကို စိတ်ထဲမှ ကျိန်ဆဲနေပြီး ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း ပြန်လည် နာလန်ထူလာသည်နှင့် ရဲ့မိသားစုကို အမြစ်ပြတ်သတ်ကာ သူတို့၏ သွေးများကို သွေးဝိညာဉ်ဆေးလုံး အဖြစ် သန့်စင်ပစ်မည်ဟု ကြုံးဝါးနေတော့သည်။

"ဒါကတော့ နည်းနည်း များမသွားဘူးလား သူက စိတ်ရင်းမှန်ကြောင်းပြဖို့ ဒူးတောင် ထောက်ထားတာကို လက်ဖက်ရည်ကိုတောင် မသောက်ပေးဘူးလား"

"သူက လက်ဖက်ရည်ထဲမှာ အဆိပ်ပါမှာကို ကြောက်နေတာလား အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ပညာရှင်ကို သတ်နိုင်တဲ့သူက ဒီလောက်တောင် သတ္တိမရှိတာလား"

လူအုပ်ကြီးထဲမှ တိုးတိုးတိတ်တိတ် ဝေဖန်သံများ ထွက်ပေါ်လာသည်။

"ရပါတယ်"

ဟု ဖန့်ချန်က ရဲ့မိသားစုခေါင်းဆောင်ကို ပြုံးပြရင်း ပြောလိုက်သည်။

သူသည် ရှေ့သို့ လျှောက်သွားကာ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ လက်ထဲမှ ခွက်ကို ယူလိုက်သည်။

ရှရွှမ်ကျီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။

မဟာအကြီးအကဲ၏ နှလုံးခုန်သံမှာလည်း ပြင်းထန်လာသည်။ အဆုံးအဖြတ်ပေးမည့် အခိုက်အတန့် ရောက်လာပြီ ဖြစ်သည်

ဖန့်ချန်သည် လက်ထဲတွင် ခွက်ကို ကိုင်ထားရင်း ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်ကို စိုက်ကြည့်လိုက်သည်။

"မင်း တကယ်ပဲ စိတ်ရင်းနဲ့ တောင်းပန်နေတာလား"

ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။

"စီနီယာ့ကို ပြစ်မှားမိကတည်းက ကျွန်မမှာ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ရှင်သန်နေခဲ့ရတာပါ အိပ်လို့လည်း မပျော်ဘူး စိတ်အေးလက်အေးနဲ့ ကျင့်ကြံလို့လည်း မရတော့ဘူး ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မရဲ့ တောင်းပန်မှုကို လက်ခံပေးပါ ကျွန်မ ဘာမဆို လုပ်ပါ့မယ် ကျေးဇူးပြုပြီး"

"သူက တကယ် အမှားကို ဝန်ခံနေတာပဲ"

"သူ့လို ကျင့်ကြံမှု အဆင့်မျိုးနဲ့ ဒီလို နှိမ့်ချတာက ဗုဒ္ဓဘာသာ စကားနဲ့ပြောရင် နောင်တရပြီး လမ်းမှန်ပေါ် ပြန်တက်လာတာပဲ"

လူအုပ်ကြီးက တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

"ဒီလက်ဖက်ရည်ကို သောက်ဖို့ ငါ့မှာ ဘာအကြောင်းပြချက်မှ မရှိပါဘူး ဒါပေမဲ့တစ်ယောက်ယောက်က ဒီထဲမှာ ငရဲ ပိုးကောင် ထည့်ထားတော့ ငါ မသောက်နိုင်တော့ဘူး ဘာလို့လဲဆိုတော့ အဲဒါကို သောက်လိုက်ရင် ငါ့ရဲ့ ကျင့်ကြံမှုက ရက်အနည်းငယ်လောက် ပိတ်ဆို့ခံလိုက်ရမှာမို့လို့ပဲ"

ဖန့်ချန်က သက်ပြင်းချလိုက်သည်။

"အဲဒီအချိန်ကျရင် သာမန် ကိုယ်ခံပညာရှင် တစ်ယောက်ကတောင် ငါ့အသက်ကို ယူသွားနိုင်မှာလေ"

ထိုစကားများသည် ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။

သူမသည် ဖန့်ချန်ကို မယုံနိုင်သလို ကြည့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

သူမ၏ မျက်နှာမှာ အလောင်းတစ်ကောင်ကဲ့သို့ ဖြူလျော့သွားတော့သည်။

မဟာအကြီးအကဲနှင့် အဖွဲ့မှာလည်း သရဲမြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားကြသည်။

သူ ဘယ်လို သိသွားတာလဲ ရွှေအမြုတေအဆင့် ပညာရှင်တွေတောင် ငရဲပိုးကောင် ကို သိဖို့ ခက်တယ်လို့ ရှရွှမ်ကျီ ပြောခဲ့တာ မဟုတ်လား

လူအုပ်ကြီးမှာမူ ဇဝေဇဝါ ဖြစ်သွားကြသည်။

ငရဲပိုးကောင် လက်ဖက်ရည်ထဲမှာ တကယ်ပဲ အဆိပ်ပါနေတာလား၊ ဒါမှမဟုတ် ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်ကို ခွင့်မလွှတ်ချင်လို့ အကြောင်းပြချက် ပေးနေတာလား

ရှရွှမ်ကျီသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လူအုပ်ထဲသို့ တဖြည်းဖြည်း နောက်ဆုတ်ဝင်သွားသည်။

ရဲ့မိသားစုဝင်များနှင့် အခြားသူများမှာမူ မျက်နှာပျက်သွားကြသည်။

ဖန့်ချန်သည် အကြောင်းမဲ့ ပြောနေခြင်း မဟုတ်ဘဲ တစ်ခုခုကို အမှန်တကယ် အာရုံခံမိခြင်း ဖြစ်ရမည်ဟု သူတို့ ယုံကြည်ကြသည်။

"မင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြောစရာရှိရင် အခု ပြောနိုင်တယ်"

ဟု ဖန့်ချန်က ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

ရုတ်တရက် ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်သည် ဖန့်ချန်ကို ပြန်မဖြေတော့ဘဲ နာကျည်းမှုအပြည့်ဖြင့် ကောင်းကင်သို့ အော်ဟောက်လိုက်သည်။

"အစ်ကိုယရှ ရှင် ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ ကျွန်မတို့ နှစ်ယောက်ပေါင်းရင် သူ့ကို နှိမ်နင်းနိုင်မှာပဲ"

လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

တကယ်ပဲ ဖြစ်နေတာပဲ သူမက ဓားကျင့်ကြံသူကို တခြားလူတွေရဲ့ အကူအညီနဲ့ နှိမ်နင်းဖို့ လက်ဖက်ရည်ထဲမှာ တကယ်ပဲ အဆိပ်ခတ်ခဲ့တာပဲ

လူတိုင်း၏ ကျောရိုးထဲတွင် စိမ့်သွားသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်တစ်ဦးက ထိုမျှအထိ ယုတ်မာလိမ့်မည်ဟု မည်သူက ထင်မှာလဲသူတို့အားလုံး သူမ၏ ဟန်ဆောင်မှုကို ယုံမိတော့မလို့ ဖြစ်သွားသည်။

"ရှရွှမ်ကျီက မင်းနဲ့ ပူးပေါင်းပြီး ငါ့ကို တိုက်လိမ့်မယ်လို့ ထင်နေရင် မင်း သူ့ကို ကောင်းကောင်း မသိသေးတာပဲ သူက အောင်နိုင်မယ်လို့ သေချာမှ လှုပ်ရှားတတ်တဲ့လူ"

ဟု ဖန့်ချန်က ပြုံး၍ ဆိုသည်။

ခိုးထွက်ရန် ပြင်နေသော ရှရွှမ်ကျီသည် ထိုစကားကြောင့် ခဏမျှ ရပ်တန့်သွားသည်။

သူသည် ဖန့်ချန်၏ မျက်နှာဖုံးကို သံသယဖြင့် စိုက်ကြည့်လိုက်ပြီး

"မင်း ဘာကို ဆိုလိုတာလဲ ပြီးတော့ ငါ့နာမည်ကို မင်း ဘယ်လို သိတာလဲ"

ဟု မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါ့နာမည်က ဖန့်ရှောင်ထူ မို့လို့ပဲ"

ဟု ဖန့်ချန်က ရယ်မောရင်း ပြောလိုက်ပြီး လက်ကို မြှောက်ကာ ဓားအလင်းတစ်ခု လွှတ်ထုတ်လိုက်သည်။

ဗျစ်

ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်သည် သူမ၏ ရင်ဘတ်ပေါ်ရှိ နက်ရှိုင်းသော ဓားဒဏ်ရာကို အလိုအလျောက် ငုံ့ကြည့်လိုက်မိသည်။

သူမ ဖန့်ချန်ကို လှမ်းကြည့်ရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် ဓားအလင်းတစ်ခု ထပ်မံ လက်ခနဲ ဖြစ်သွားသည်။

ဆွစ်...

သူမ၏ မျက်ခုံးနှစ်ခုကြားတွင် အပေါက်တစ်ခု ပွင့်သွားပြီး အမြင်အာရုံများ ဝေဝါးသွားသည်။

သေခါနီးအချိန်မှာပင် သူမကို သတ်လိုက်သည့် ရန်သူ၏ မျက်နှာကို ထိုမျက်နှာဖုံးအောက်တွင် မမြင်လိုက်ရချေ။

အခြေခံတည်ဆောက်ခြငအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအင် အကာအကွယ်မှာ ထိုဓားကို မတားဆီးနိုင်ဘဲ အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှာ ဓားငယ်လေး ၏ ထိုးနှက်မှုကြောင့် အပေါက်ပေါင်း ရာချီ ဖြစ်သွားခဲ့သည်။

"ငါ့တပည့်လေး"

မဟာအကြီးအကဲသည် မျက်ရည်များ ဝဲလျက် အားကိုးရာမဲ့စွာ အော်ဟောက်လိုက်သည်။

သူ၏ တပည့်မှာ ထိုကဲ့သို့ ကြောက်စရာကောင်းသော နည်းလမ်းဖြင့် သေဆုံးရလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

"မင်းရဲ့ တပည့်နဲ့အတူ ငရဲတံတား ကို အတူတူ ဖြတ်နိုင်အောင် ငါ မင်းကို ပို့ပေးလိုက်ပါ့မယ် ဒါက ငါ ကုသိုလ်လုပ်ပေးတာလို့ပဲ သဘောထားလိုက်ပါ"

ဟု ဖန့်ချန်က ခပ်အေးအေး ရယ်မောရင်း ဆိုလိုက်သည်။

တောက်ပသော အလင်းတန်းတစ်ခု နေရာအနှံ့ ပျံ့နှံ့သွားသဖြင့် လူတိုင်း မျက်လုံးများကို တင်းတင်းမှိတ်လိုက်ကြရသည်။

အလင်းများ ပျောက်ကွယ်သွားသောအခါ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး အလောင်းများအဖြစ် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ချင်းကျိုးဓားဂိုဏ်းမှ ကျင့်ကြံသူများသည် လမ်းမပေါ်သို့ ရောက်ရှိလာပြီး အရပ်မျက်နှာအားလုံးကို ပိတ်ဆို့ထားကြသည်။

သူတို့သည် အနားသို့ မချဉ်းကပ်ဘဲ ဖန့်ချန် ခိုင်းထားသည့် လူတွေကို အနောက်တောင်ဘက်သို့ မောင်းထုတ်ရန် ဆိုသည့် အမိန့်ကိုသာ စိတ်ထဲတွင် မှတ်သားထားကြသည်။

နောက်ဆုံးတွင် ရှရွှမ်ကျီသည် အရာရာကို သဘောပေါက်သွားပြီး သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။

"ဖန့်ရှောင်ထူ ဖန့်.....ချန်"

ဟု သူ အာမေဍိတ် ထွက်သွားသည်။

သူ မယုံနိုင်ပေ။

ထိုဓားသမားသည် မဟာရှအင်ပါယာ၏ နတ်စစ်သူကြီး၊ မဟာရှနယ်စား ဖန့်ချန် ဖြစ်နေရသနည်း

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

သူသည် ဖန့်ချန်ကို အမြဲတမ်း သတိထားခဲ့သော်လည်း ဖန့်ချန်က ထိုမျှအထိ အစွမ်းထက်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ အနည်းဆုံးတော့ သူသည် ဖန့်ချန်ထက် ပိုတော်သည်ဟု ယုံကြည်ခဲ့သည်။

ထိုယုံကြည်ချက်ကြောင့်ပင် သူသည် မဟာရှအင်ပါယာမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူ အကြီးအကျယ် မှားသွားခဲ့ပြီ ဖန့်ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ပညာရှင်ကိုပင် ဓားတစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သည် မဟုတ်ပါလား

"မတွေ့ရတာ လအတော်ကြာပြီနော် ဦးလေး ဦးလေးကတော့ အရင်အတိုင်းပဲ ကြည့်ကောင်းနေတုန်းပါပဲ ဒါပေမဲ့ ကျုပ် ရဲ့ အဒေါ်ကို ဘယ်မှာ ဖုံးကွယ်ထားလဲဆိုတာ သိချင်မိတယ်"

ဦးလေး...လူတိုင်း မှင်တက်သွားကြသည်။

ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ် အကူအညီတောင်းခဲ့သူက ဓားသမားရဲ့... ဦးလေး ဖြစ်နေတာလား

"မင်းရဲ့ အဒေါ် ဘယ်မှာလဲဆိုတာ သိချင်တာလား"

ရှရွှမ်ကျီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"မင်း သိချင်လေလေ ငါက ပိုပြီး မပြောပြလေလေပဲ တကယ် သိချင်ရင် မင်းဘာသာမင်း ရှာကြည့်ပေါ့"

ရှရွှမ်ကျီသည် ကောင်းကင်သို့ ခုန်တက်ကာ ဝိညာဉ်ဟင်းလင်းပြင်မြို့မှ ထွက်ပြေးရန် ကြိုးစားတော့သည်။

ဖန့်ချန်နှင့် ချင်းကျိုးဓားဂိုဏ်းမှ ကျင့်ကြံသူ ရာပေါင်းများစွာသည်လည်း တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံး ဓားချီ များဖြင့် ပြည့်နှက်သွားတော့သည်။

သူတို့သည် ရှရွှမ်ကျီကို အန္တရာယ် မပေးနိုင်သော်လည်း သူ၏ ထွက်ပြေးမည့် လမ်းကြောင်းကိုတော့ ပိတ်ဆို့ထားနိုင်ကြသည်။

ရှရွှမ်ကျီ၏ ခန္ဓာကိုယ်မှ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းထက် သာလွန်သော အရှိန်အဝါများ ပွင့်ထွက်လာသည်။

သူသည် သူ၏ ရတနာကို ထိန်းချုပ်ကာ အနောက်တောင်ဘက်သို့ ပျံသန်းသွားသည်။

ဖန့်ချန်သည်လည်း ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏နောက်သို့ ထပ်ချပ်မကွာ လိုက်သွားတော့သည်။

ကျန့်ယွီသည် ရပ်တန့်လိုက်ပြီး လက်ဝေ့ယမ်းကာ

"မလိုက်နဲ့တော့ ရပြီ သူ့ကို အနောက်တောင်ဘက်ကို မောင်းထုတ်နိုင်ခဲ့ရင်ပဲ လုံလောက်ပြီ"

ဟု ဆိုသည်။

ပတ်ဝန်းကျင်ရှိ လူများမှာ အံ့အားသင့်နေကြသည်။

ထိုသူများသည် ချင်းကျိုးဓားဂိုဏ်းမှ လူများ မဟုတ်ပါလား ထိုဓားသမားသည် ရက်အနည်းငယ်အတွင်းမှာပင် သူတို့ကို ဤမျှအထိ နာခံအောင် လုပ်နိုင်ခဲ့သည်မှာ မယုံနိုင်စရာပင်။

"သူ့ဦးလေးက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်းမှာ ရှိနေတာပဲ..."

ရဲ့မိသားစုခေါင်းဆောင်က တိုးတိုးလေး ရေရွတ်သည်။

"စီနီယာ့ရဲ့ မိသားစုနောက်ခံက မရိုးရှင်းဘူးပဲ"

ရွှီမိသားစုနှင့် ကျိုးမိသားစုခေါင်းဆောင်များလည်း ထိတ်လန့်နေကြသည်။

အကယ်၍ သူ၏ မိသားစုတွင် အခြေခံတည်ဆောက်ခြင်း အဆင့် အလယ်ပိုင်း ပညာရှင်များ ရှိနေလျှင် နောက်ဆုံးပိုင်းနှင့် အထွတ်အထိပ် အဆင့်များလည်း ရှိနိုင်သလို၊ ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ယောက်တောင် ရှိနေနိုင်ပေသည်။

တကယ်လို့ ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူ တစ်ယောက်သာ ပေါ်လာရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ

ရဲ့မိသားစု အိမ်တော်ရှိ ဝန်းငယ်လေးတွင် သီလရှင် ချင်းဟယ်သည် အရှိန်အဝါ နှစ်ခု အနောက်တောင်ဘက်သို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။

၎င်းတို့မှာ မည်သူမည်ဝါဖြစ်သည်ကို သူမ ချက်ချင်း သိလိုက်သည်။

"ဆရာမကြီးက ဖန့်ချန်ကို သူ့ကို ဖမ်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဟု ချင်းဟယ်က တိုးတိုးလေး ဆုတောင်းလိုက်တော့သည်။

၂၇၂ - ပြတ်တောက်သွားသော သဲလွန်စ

ရှရွှမ်ကျီသည် အလွန်မြန်လှသည်။

သူထိန်းချုပ်ထားသော ရတနာမှာ ခြေကိုးချောင်းပါ အိုးကြီး ဖြစ်ပြီး ကြည့်ရသည်မှာ လေးလံထိုင်းမှိုင်းပုံရသော်လည်း သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်း ကျင့်ကြံမှုစွမ်းအားကြောင့် အလွန်မြင့်မားသော အရှိန်ဖြင့် ပြေးလွှားနေနိုင်သည်။

ဖန့်ချန်၏ ကျင့်ကြံမှုမှာ ရှရွှမ်ကျီထက် များစွာ နိမ့်ကျနေသဖြင့် သူတို့နှစ်ဦးကြားရှိ ဝိညာဉ်စွမ်းအင် ပမာဏမှာ ရေတစ်ပေါက်နှင့် ရေတစ်ခွက်ကဲ့သို့ပင် ကွာခြားလှသည်။

သို့သော် ဖန့်ချန် အသုံးပြုနေသည်မှာ အရှိန်အလွန်မြန်သည့်အတွက် နာမည်ကျော်သော ဓားအသွင်ပြောင်းခြင်း အတတ် ဖြစ်သည်။

သူသည် မိမိကိုယ်ကိုယ် အစွမ်းကုန် တွန်းအားပေးကာ ရှရွှမ်ကျီနောက်သို့ မပြတ်တမ်း လိုက်ပါနိုင်ခဲ့သည်။

ရှရွှမ်ကျီသည် အနောက်သို့ လှည့်ကြည့်လိုက်ရာ အံ့အားသင့်ဖွယ် မြင်ကွင်းနှင့် တိုးတော့သည်။

ဘာလို့ ဖန့်ချန်က ငါနဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် မြန်နေရတာလဲ

နဂါးဖြတ်ကျော်ကျွန်း သခင်ကို ဖန့်ချန်က ဓားတစ်ချက်တည်းဖြင့် သတ်လိုက်စဉ်က ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဓားဆန္ဒကြောင့် ဖန့်ချန်သည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိနေသည်ဟု သူ ထင်ခဲ့သည်။

ဒါဆို သူက ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိနေသေးတာလား သူက ဓားကျင့်ကြံသူဖြစ်လို့သာ ကျွန်းသခင်ကို သတ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေတာလား

ရှရွှမ်ကျီ၏ မျက်နှာမှာ ပို၍ ပုပ်သိုးသွားသည်။

"မဖြစ်နိုင်ဘူး ဓားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်စွမ်းအားက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အခြေခံတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်း ပညာရှင်ကို တစ်ချက်တည်းနဲ့ မသတ်နိုင်ဘူး ငါမသိတဲ့ တခြားလျှို့ဝှက်ချက်တစ်ခုခု ရှိနေရမယ်"

သူသည် ဖန့်ချန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲပေ။

နဂါးဖြတ်ကျွန်းသခင်ကဲ့သို့ပင် သူလည်း တစ်ချက်တည်းဖြင့် သေသွားမည်ကို ကြောက်နေမိသည်။

အခု သူတွေးနေတာက ထွက်ပြေးဖို့ တစ်ခုတည်းသာ ဖြစ်သည်!

ရုတ်တရက် ရှရွှမ်ကျီသည် ဘုရားကျောင်းဟောင်းတစ်ခုကို ဖြတ်ကျော်စဉ်မှာပင် ဘုရားကျောင်းအတွင်းမှ ကြီးမားသော မြင်းမြီးယပ်တောင် တစ်ခုသည် ကောင်းကင်ယံသို့ ဝှေ့ယမ်းထွက်ပေါ်လာသည်

"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ"

ရှရွှမ်ကျီ အော်ဟောက်လိုက်သည်။

သူ၏ ခြေထောက်အောက်ရှိ ခြေကိုးချောင်းပါ အိုးကြီးမှာ အပြာရောင်အလင်းများ တောက်ပလာပြီး မြင်းမြီးယပ်တောင်ကို အပိုင်းပိုင်းဖြစ်အောင် ရိုက်ခွဲလိုက်သည်။

သို့သော် ထိုရုတ်တရက် တိုက်ခိုက်မှုကြောင့် သူ၏ အရှိန်မှာ ခဏမျှ နှေးကွေးသွားခဲ့ရာ ဖန့်ချန်၏ ဓားအလင်းမှာ ထိုဟာကွက်ကို အသုံးချ၍ သူ့ကို ထိုးနှက်နိုင်ခဲ့သည်။

ရှရွှမ်ကျီသည် သူ၏ ဝမ်းဗိုက်ပေါ်ရှိ သွေးပေါက်ထွက်နေသော ဒဏ်ရာကို ကြောင်စီစီဖြင့် ကြည့်နေမိသည်။ သွေးများမှာလည်း ပန်းထွက်နေလေပြီ။

ထိုအခွင့်အရေးကို အသုံးချကာ သီလရှင် ကျူးယွဲ့သည်လည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။

ရှရွှမ်ကျီသည် သူ၏ ဝိညာဉ်စွမ်းအင်ကို သုံးကာ ဒဏ်ရာကို ဖိနှိပ်ရန် ကြိုးစားရင်း ခြေထောက်အောက်မှ ရတနာကို အားကိုးကာ ဝိုင်းရံထားမှုကို ဖောက်ထွက်ရန် ကြိုးစားသည်။

သို့သော် ဓားငယ်လေး က ခြေကိုးချောင်းပါ အိုးကြီးကို ခဏချင်းအတွင်းမှာပင် အပိုင်းပိုင်း ခုတ်ဖြတ်ပစ်လိုက်သည်။

ရတနာ မရှိတော့သဖြင့် ရှရွှမ်ကျီသည် ဒြပ်ငါးပါး အတတ် ကို သုံးကာ ဖန့်ချန်၏ တိုက်ခိုက်မှုကို ကာကွယ်ရင်း လူနှစ်ယောက်ကြားမှ လွတ်အောင် ရှောင်တိမ်းနေရသည်။

သို့သော် သူ ကြာရှည် ခံနိုင်မည်မဟုတ်သည်မှာ သိသာလှသည်။ သူ၏ ရှုံးနိမ့်မှုက လက်တစ်ကမ်းတွင်သာ ရှိတော့သည်။

မကြာမီမှာပင် ရှရွှမ်ကျီသည် ဘုရားကျောင်း၏ ပျက်စီးနေသော တံခါးရှေ့သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။

သီလရှင် ကျူးယွဒ့ သည် ဖန့်ချန်နှင့် လက်တွဲ၍ ရှရွှမ်ကျီကို နှိမ်နင်းလိုက်သကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် သူမ လုပ်ဆောင်ခဲ့သည်မှာ ပထမဆုံးအချက်ကို တိုက်ခိုက်ပေးခဲ့ခြင်းသာ ဖြစ်သည်။

သူမသည် ဖန့်ချန်ကို အံ့သြစွာ ကြည့်လိုက်မိသည်။

သူတို့အနေဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်းရှိ ရှရွှမ်ကျီကို အောင်နိုင်ခဲ့ခြင်းမှာ ဖန့်ချန်၏ ပျံလွှားဓား ကြောင့်သာ ဖြစ်သည်။

သို့သော် အမှန်တရားကို ဝန်ခံရလျှင် သီလရှင် ကျူးယွဲ့ သာ မရှိပါက ဖန့်ချန်သည် ရှရွှမ်ကျီကို အမီလိုက်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သလို သူ့ကို အရှင်ဖမ်းမိဖို့ဆိုသည်မှာလည်း မဖြစ်နိုင်သလောက်ပင်။

"အခု ကျုပ် ရဲ့ အဒေါ် ဘယ်မှာလဲဆိုတာ ပြောပြနိုင်ပြီလား ဦးလေး"

ဖန့်ချန်က အေးအေးဆေးဆေး မေးလိုက်သည်။

ဓားငယ်လေးမှာ ရှရွှမ်ကျီ၏ မျက်ခုံးနှစ်ခုကြားတွင် တေ့ထားလျက် ဝဲပျံနေသည်။

ရှရွှမ်ကျီသည် ဖန့်ချန်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် လှောင်ပြုံး ပြုံးလိုက်သည်။

"မင်း မေးလေလေ ငါက ပိုပြီး မပြောပြလေလေပဲ သတ်ချင်ရင် သတ်လိုက်ပါ ဒါပေမဲ့ မင်း သတ်လိုက်ရင် မင်းရဲ့ အဒေါ်လည်း ငါနဲ့အတူ သေရမှာပဲ"

သီလရှင် ကျူးယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။

"ရှင်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲကိုယ့်ဇနီးကို သတ်မယ်လို့ ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်ရတာလဲ"

ရှရွှမ်ကျီက ယုတ်မာစွာ ပြုံးလိုက်သည်။

"သီလရှင် ကျူးယွဲ့ နင်က ငါနဲ့ ဖန့်ချန်ကြားက အငြိုးအတေးထဲကို ဝင်ပါရဲတယ်ပေါ့ နင့်ရဲ့ အသေးအမွှား လမင်းပုန်းကွယ်သီလရှင်ကျောင်း လေး တစ်ခုလုံး ပျက်စီးသွားမှာကို မကြောက်ဘူးလား"

သီလရှင် ကျူးယွဲ့ ၏ မျက်နှာ ပျက်သွားသော်လည်း သူမ ဘာမှ ပြန်မပြောပေ။

သူမသည် သွေးဝိညာဉ်ဂိုဏ်း ကို တကယ် ကြောက်ပုံရသည်။

"ပြောမယ့်အစား အသေခံမယ်ပေါ့"

ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ အပေးအယူ လုပ်ရအောင် ငါ့အဒေါ်ကို ပြန်ပေးရင် မင်းကို လွှတ်ပေးမယ်"

"အပေးအယူ ဟုတ်လား"

ရှရွှမ်ကျီ၏ မျက်လုံးများ လှုပ်ရှားသွားပြီး သူက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ဒီလိုဆိုရင်ကော ဘယ်လိုလဲ မင်းသာ သွေးဝိညာဉ်ဂိုဏ်းထဲ ဝင်မယ်ဆိုရင် မင်းရဲ့ အဒေါ်ကို ပြန်ပေးမယ်"

" မင်းက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတာဆိုတော့ ငါတို့နဲ့ ပူးပေါင်းရင်မင်းကို ကမ္ဘာ့အငယ်ဆုံး ဝိညာဥ်သန္ဓေသားအဆင့် ဖြစ်အောင် ငါတို့ မြေတောင်မြှောက်ပေးနိုင်တယ်"

"ငါတို့နှစ်ယောက် လက်တွဲရင် မဟာရှအင်ပါယာကို အဆင့် ၆ ဒါမှမဟုတ် အဆင့် ၅ အင်ပါယာအထိ တက်လှမ်းစေနိုင်ပြီး ဘယ်သူ့ရဲ့ ဖိနှိပ်မှုကိုမှ ခံရတော့မှာ မဟုတ်ဘူး"

"ဘာဖိနှိပ်မှုအကြောင်း ပြောနေတာလဲ မဟာရှရဲ့ ဧကရာဇ်သာ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိနေမယ်ဆိုရင် အင်ပါယာက ကြီးပွားတိုးတက်နေမှာပဲ ပြည်သူတွေလည်း အေးအေးချမ်းချမ်း နေနိုင်မှာပဲ"

ဖန့်ချန်က ဆိုသည်။

"ဒါပေမဲ့ မင်းကို ကြည့်စမ်း မင်း ဘာတွေလုပ်ခဲ့လဲ မင်းက သွေးဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းပြီး ကိုယ့်စစ်သည်တွေကို သေတွင်းထဲ ပို့ခဲ့တယ် သူတို့ရဲ့ သွေးတွေကို သုံးပြီး မင်းပြောတဲ့ သွေးဝိညာဉ်ဆေးလုံး တွေကို သန့်စင်ခဲ့တယ်"

ဖန့်ချန်က အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။

"မင်းရဲ့ ကျင့်ကြံမှုတွေကလည်း အဲဒီဆေးလုံးတွေကြောင့် ရလာတာ မဟုတ်ဘူးလား"

"အဲဒီလူတွေက ပုရွက်ဆိတ်တွေပဲ သူတို့ရဲ့ စတေးမှုက ငါ့ကို ပိုသန်မာစေတယ် ငါပိုသန်မာလေ မဟာရှယက ပိုကြီးပွားလေပဲ မင်းသာ မရှိခဲ့ရင် အခြေအနေတွေက ဒီလို ဖြစ်လာမှာ မဟုတ်ဘူး ငါက အခုထိ မဟာရှရဲ့ ဧကရာဇ် ဖြစ်နေတုန်းပဲ၊ မင်းကလည်း ငါ့တူ ဖြစ်နေတုန်းပဲ"

ဟု ရှရွှမ်ကျီက ဆိုသည်။

ဤလူသည် သွေးဝိညာဉ်ဂိုဏ်း၏ ဦးနှောက်ဆေးခြင်းကို ခံထားရသည်ကို မြင်သောအခါ ဖန့်ချန် စကားဆက်မပြောတော့ပေ။

သူ၏ စကားများမှာ နားမကြားသူကို စောင်းတီးပြနေသကဲ့သို့သာ ဖြစ်နေသည်။ ၎င်းမှာ ကောင်းခြင်း၊ ဆိုးခြင်းထက် အမြင်မတူခြင်းသာ ဖြစ်သည်။

"မင်း ဆုံးဖြတ်ဖို့ ဆယ်စက္ကန့် အချိန်ပေးမယ် အဲဒီအချိန်ကုန်လို့မှ ငါသိချင်တာကို မပြောရင် မင်းကို ငါသတ်မယ်"

ရှရွှမ်ကျီက ရူးသွပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်း တကယ် ငါ့ကို သတ်ရဲလို့လား ငါ့ကို သတ်လိုက်ရင် မင်း ချန်းယွဲ့ ကို ဘယ်တော့မှ တွေ့မှာ မဟုတ်တော့ဘူး ဟားဟားဟား..."

"အချိန်စေ့ပြီ"

ဖန့်ချန်က အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။

"မင်းကို ငါ ပို့ပေးလိုက်ပါ့မယ် ငါ့အဒေါ်ကိုတော့ ငါ့ဘာသာငါ ရှာတွေ့အောင် ရှာပါ့မယ်"

ဓားအလင်း လက်ခနဲ ဖြစ်သွားပြီး ရှရွှမ်ကျီ၏ ဦးခေါင်းကို ဖောက်ထွက်သွားသည်။

ဦးခေါင်း ဖောက်ထွက်ခံလိုက်ရသည့်တိုင် ရှရွှမ်ကျီသည် ရူးသွပ်စွာ ဆက်လက်ရယ်မောနေဆဲပင်။

ဓားငယ်လေးသည် အခွင့်အရေး မပေးဘဲ ရှရွှမ်ကျီကို အပိုင်းပိုင်းဖြစ်အောင် မွှန်းပစ်လိုက်သည်။

တဖြည်းဖြည်းနှင့် ရှရွှမ်ကျီ၏ အသံမှာ တိတ်ဆိတ်သွားပြီး မျက်လုံးထဲမှ အလင်းများလည်း ကွယ်ပျောက်သွားသည်။

သို့သော် လုံးဝ မှောင်မိုက်မသွားမီမှာပင် သူ၏ အသံက နောက်ဆုံးတစ်ကြိမ် ထွက်ပေါ်လာသည်။

"ငါတို့ ပြန်တွေ့ကြဦးမှာပါ ချန်အာ "

ထိုသို့ပြောပြီးနောက် ရှရွှမ်ကျီ၏ ခေါင်းမှာ ဖြည်းဖြည်းချင်း ကျသွားတော့သည်။

သီလရှင် ကျူးယွဲ့ သည် အနားသို့ လာကြည့်လိုက်သည်။

"သူ သေသွားပါပြီ သူ့ရဲ့ နောက်ဆုံးစကားတွေကို စိတ်ထဲမထားပါနဲ့ မင်းကို စိတ်ဓာတ်ကျအောင် ပြောသွားတာပဲ ရှိပါတယ်"

ဖန့်ချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"နှမြောစရာပဲ သီလရှင် ချင်းဟယ်ကို ပါအောင် မခေါ်ခဲ့မိဘူး သူမရဲ့ ယင်ယန်မျက်လုံး က သေဆုံးသွားတဲ့ ဝိညာဉ်တွေကို မြင်နိုင်တော့ သဲလွန်စအချို့ ရနိုင်ကောင်း ရနိုင်တာ"

သီလရှင် ကျူးယွဲ့ အံ့သြသွားသည်။

"သူ အသက်ရှင်နေသေးတယ်လို့ မင်းထင်လို့လား"

ဖန့်ချန် ခေတ္တ တိတ်ဆိတ်သွားပြီးမှ ခေါင်းကို ညင်သာစွာ ခါလိုက်သည်။

"ကျွန်တော် မသိပါဘူး"

သူ ရှင်နေနိုင်သလို၊ သေသွားတာလည်း ဖြစ်နိုင်သည်။

မသေမျိုး ပုဒု ဘာလုပ်နိုင်သည်ကို သူ မြင်ခဲ့ဖူးသည်။

သူသည် မိမိဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုကို ဝိညာဉ်မဲ့နေသော ခန္ဓာကိုယ်တစ်ခုထဲသို့ ထည့်သွင်းနိုင်စွမ်း ရှိသည်။

ရှရွှမ်ကျီသည်လည်း ထိုကဲ့သို့သော နည်းလမ်းမျိုးကို ရရှိထားခြင်း မဟုတ်ဟု မည်သူမျှ မပြောနိုင်ပေ။

ဖန့်ချန်သည် ရှရွှမ်ကျီအား မသေမျိုး ပုဒုကဲ့သို့သော မိစ္ဆာအိုကြီးတစ်ဦးက ပူးကပ်နေခြင်းပင် ဖြစ်နိုင်သည်ဟု သံသယဝင်နေမိသည်။

ဖန့်ချန်သည် ရှရွှမ်ကျီ၏ ပစ္စည်းများကို စစ်ဆေးကြည့်ရာ သိုလှောင်လက်စွပ်ပင် မပါသည်ကို တွေ့ရသည်။

သူသည် ဝိညာဉ်ဟင်းလင်းပြင်မြို့သို့ မလာမီမှာပင် တစ်နေရာရာတွင် ဖုံးကွယ်ထားခဲ့ပုံရသည်။

သူ၏ သတိကြီးမှုမှာ တစ်ချိန်က ဧကရာဇ်တစ်ဦး ဖြစ်ခဲ့သူ ပီသပါပေသည်။

ဖန့်ချန်၏ အဒေါ် ဖန့်ချန်းယွဲ့ ရှိနိုင်မည့် နေရာကို သက်သေပြနိုင်သော အရာတစ်ခုမှ မတွေ့ရပေ။ သဲလွန်စမှာ ထပ်မံ ပြတ်တောက်သွားပြန်လေပြီ။

စိတ်ပျက်လက်ပျက်ဖြင့် ဖန့်ချန်သည် ဓားငယ်လေးအား ခြေကိုးချောင်းပါ အိုးကြီး၏ အပိုင်းအစများကို စားခိုင်းလိုက်သည်။

ထို့နောက် သီလရှင် ကျူးယွဲ့ ကို ကျေးဇူးတင်စကား ပြောကာ ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲ၍ ဝိညာဉ်ဟင်းလင်းပြင်မြို့သို့ ပြန်လာခဲ့သည်။

သူ ပြန်ရောက်သောအခါ လူတိုင်း ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။

သူတို့သည် ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်နှင့် အခြားသူများ၏ အလောင်းများကို မည်သို့ ကိုင်တွယ်ရမည်ကို သိရန် ဖန့်ချန်ကို စောင့်နေကြခြင်း ဖြစ်သည်။

ဓားအလင်း ဆင်းသက်လာသည်နှင့် ရဲ့မိသားစုခေါင်းဆောင်မှာ အပြေးအလွှား ရောက်လာသည်။

"စီနီယာ ဒီအလောင်းတွေကို ဘယ်လို လုပ်ရမလဲခင်ဗျာ"

"ရှင်းပစ်စရာ မလိုပါဘူး ဒီနားမှာပဲ မြှုပ်လိုက်ပါ ဒီနေရာရဲ့ ဝိညာဉ်စွမ်းအင်ကို တိုးတက်စေပါလိမ့်မယ်"

ဟု ဖန့်ချန်က ဖြေလိုက်သည်။

ထိုသို့ပြောပြီးနောက် ဖန့်ချန်သည် ထိုလူများ၏ ရတနာများနှင့် သိုလှောင်လက်စွပ်များကို လိုက်လံ သိမ်းဆည်းလိုက်ပြီး ရဲ့မိသားစု အိမ်တော်အတွင်းသို့ ဝင်သွားတော့သည်။

တစ်စုံတစ်ယောက်ကတော့ ထိုအလောင်းများကို ကိုင်တွယ်ပါလိမ့်မည် သူ ဂရုမစိုက်တော့ပေ။

All Chapters