အခန်း (၂၇၃-၂၇၄)
Vol. 28 Ch. 273-274
၂၇၃ - တောင်ပိုင်းကောင်းကင်ဂိုဏ်းသို့ ရောက်ရှိခြင်း
ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ ကိုယ်ပေါ်တွင် ရတနာတစ်မျိုးနှစ်မျိုးနှင့် ဝိညာဉ်ကျောက်တုံးအချို့ ရှိနေသည်။
ဖန့်ချန်သည် ထိုရတနာများကို ဓားငယ်လေး အတွက် မုန့်အဖြစ် ပစ်ပေးလိုက်ပြီး ဝိညာဉ်ကျောက်တုံးများကိုမူ သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
မဟာအကြီးအကဲနှင့် ကျန်တဲ့လူတွေကတော့ ကြွက်စုတ်တွေလို ဆင်းရဲကြသည်။
ဖန့်ချန်သည် သူတို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ မထွက်ခွာမီကတည်းက အကုန်လုံးကို အဝတ်ဗလာဖြစ်အောင် လုယက်ထားပြီးသား မဟုတ်ပါလား။
ဖန့်ချန် ဝန်းထဲသို့ ပြန်ဝင်လာသောအခါ သီလရှင် ချင်းဟယ်ကို တွေ့လိုက်ရသည်။
"သူ့ကို ဖမ်းမိပြီလား သခင်လေး"
သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူမ၏ဆရာ သီလရှင် ကျူးယွဲ့ ပါမလာသည်ကို မြင်သောအခါ သူမက အမြန်ထပ်မေးသည်။
"ကျွန်မရဲ့ ဆရာမကော ဘယ်မှာလဲ"
"သူ့ကိုယ်သူ လူမသိစေချင်လို့ ကျန်နေခဲ့တာပါ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတာကိုး ဟိုလူကတော့သေပါပြီ"
သီလရှင် ချင်းဟယ်က အကြိမ်ကြိမ် ခေါင်းညိတ်သည်။
"ဪ... နားလည်ပါပြီ နားလည်ပါပြီ"
"ဒီမှာ လုပ်စရာတွေ ပြီးပြီ မင်းကို လမင်းပုန်းကွယ်သီလရှင်ကျောင်း ဆီ ပြန်ပို့ပေးမယ်"
ဖန့်ချန်က ချင်းဟယ်၏ ပုခုံးကို ကိုင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ပြီးတော့ လင်းယုန်ပျံဂိုဏ်း ရဲ့ နေရာဟောင်းကိစ္စကိုတော့ မင်းရဲ့ဆရာကပဲ ကိုင်တွယ်လိမ့်မယ်"
ရုတ်တရက် ဝန်းပြင်ပရှိ ပွင့်နေသော တံခါးရှေ့မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"စီနီယာ"
ဖန့်ချန် လှည့်ကြည့်လိုက်ရာ ရဲ့ဝမ်ရှို့ကို တွေ့လိုက်ရသည်။ သူသည် ဒူးထောက်ကာ ဦးချနေလေသည်။
"ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ"
ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။
"မင်း ဓားပညာကို အဲဒီလောက်တောင် သင်ချင်တာလား"
ရဲ့ဝမ်ရှို့သည် ယခုတစ်ကြိမ်တွင် မတူညီသော တုံ့ပြန်မှုကို ရရှိသဖြင့် ဝမ်းသာသွားသည်။ သူက အကြိမ်ကြိမ် ခေါင်းညိတ်ပြရင်း
"ဒါက ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ"
ဟု ဆိုသည်။
"ချင်းကျိုးဓားဂိုဏ်းက ကျန့်ယွီကို သွားရှာပါ ငါ ပြန်မလာခင်အထိ သူတို့နဲ့အတူ နေခဲ့"
ဖန့်ချန်သည် ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲကာ သီလရှင် ချင်းဟယ်ကို ခေါ်၍ ကောင်းကင်သို့ ပျံတက်ကွယ်ပျောက်သွားတော့သည်။
ရဲ့ဝမ်ရှို့သည် အလွန်ဝမ်းသာသွားသဖြင့် အမြန်ထကာ အပြင်သို့ ပြေးထွက်သွားသည်။
လမ်းတွင် ရဲ့မိသားစုခေါင်းဆောင်နှင့် ရဲ့ဝမ်ရှို့၏ ဖခင်တို့နှင့် တိုးတော့သည်။
သူ ပြေးလွှားနေသည်ကို မြင်သောအခါ သူတို့က ဆူပူလိုက်ကြသည်။
"ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ ဝမ်ရှို့"
"စီနီယာ ထွက်သွားပြီ ကျွန်တော် ချင်းကျိုးဓားဂိုဏ်းက စီနီယာကျန့်ယွီကို သွားရှာမလို့ သူ့ကို ကျွန်တော့်ကို ဂိုဏ်းဆီ ခေါ်သွားပေးဖို့ ပြောရမယ်"
"ဘာ"
ရဲ့မိသားစုခေါင်းဆောင် အံ့သြသွားသည်။
ရဲ့ဝမ်ရှို့၏ ဖခင်ကလည်း မှင်တက်စွာ မေးသည်။
"သူ ထွက်သွားပြီလား ဒါနဲ့ မင်းက ဘာလို့ ချင်းကျိုးဓားဂိုဏ်းကို သွားမှာလဲ"
"စီနီယာက ကျွန်တော့်ကို ဓားပညာ သင်ပေးမယ်လို့ ကတိပေးလိုက်ပြီ စီနီယာကျန့်ယွီကို ရှာပြီး သူ့ကို စောင့်နေဖို့ ချင်းကျိုးဓားဂိုဏ်းကို လိုက်သွားခိုင်းလိုက်တာ"
ဟု ရဲ့ဝမ်ရှို့က အမြန်ရှင်းပြသည်။
ထိုသူနှစ်ဦးမှာ အံ့အားသင့်သွားကြသည်။
ထိုဓားသမားက. ရဲ့ဝမ်ရှို့ကို တပည့်အဖြစ် လက်ခံလိုက်တာလား
ရဲ့မိသားစုခေါင်းဆောင်သည် ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာပြီး ရှေ့သို့ တိုးကာ ရဲ့ဝမ်ရှို့၏ လက်မောင်းများကို ဆုပ်ကိုင်လိုက်သည်။
"ဒါ တကယ်လား ဝမ်ရှို့"
"တကယ်ပါ အဖိုး စီနီယာကိုယ်တိုင် ကျွန်တော့်ကို ပြောသွားတာပါ"
ပတ်ဝန်းကျင်ရှိ ရဲ့မိသားစုမှ လူငယ်များမှာ ထိုစကားကို ကြားသောအခါ မနာလိုမှုနှင့် နောင်တများဖြင့် မျက်လုံးများ တောက်ပလာကြသည်။
အကယ်၍ ဤသို့ ဖြစ်နိုင်မှန်း သိခဲ့လျှင် သူတို့လည်း သတ္တိမွေးပြီး ထိုဓားကျင့်ကြံသူကို နေ့တိုင်း သွားရောက် ပူဆာမိမှာပင်။
သူတို့က ရဲ့ဝမ်ရှို့၏ ကြိုးပမ်းမှုကို အချည်းနှီးဟု ထင်ခဲ့ကြသည်။ စီနီယာကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟုပင် ထင်ခဲ့ကြသည်။
သို့သော် ထိုဓားသမားက ရဲ့ဝမ်ရှို့ကို တပည့်အဖြစ် တကယ် လက်ခံလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ကြပေ။
ရဲ့မိသားစုခေါင်းဆောင်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။
သူသည် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါတို့ မိသားစုကို ဘိုးဘေးတွေ မစတာပဲ"
ရဲ့ဝမ်ရှို့၏ ဖခင်မှာလည်း အလွန် စိတ်လှုပ်ရှားနေသည်။
"အဖေ ဒါ တကယ့် သတင်းကောင်းပဲ ဝမ်ရှို့သာ ဓားကျင့်ကြံသူ ဖြစ်လာရင် ငါတို့ ရဲ့မိသားစုက မီးတောက်အင်ပါယာမှာ အထင်ရှားဆုံး မိသားစု ဖြစ်လာတော့မှာ"
"ဝမ်ရှို့ စီနီယာကျန့်ယွီကို အမြန်သွားရှာတော့ သူတို့ ဂိုဏ်းကို ပြန်ဖို့ ပြင်နေကြပြီ"
ဟု ရဲ့မိသားစုခေါင်းဆောင်က တိုက်တွန်းလိုက်သည်။
"ဟုတ်ကဲ့"
ရဲ့ဝမ်ရှို့ ခေါင်းညိတ်ကာ ရဲ့မိသားစု အိမ်တော်မှ အပြေးအလွှား ထွက်ခွာသွားသည်။ သူ၏ ပစ္စည်းများကိုပင် ယူရန် မစဉ်းစားတော့ပေ။
မကြာမီမှာပင် ရဲ့ဝမ်ရှို့သည် ကျန့်ယွီကို တွေ့ရှိပြီး အရာရာကို ပြောပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ဘေးမှ တပည့်များမှာ တစ်ဦးကိုတစ်ဦး အံ့သြစွာ ကြည့်လိုက်ကြသည်။
"မင်းပြောတာက ဂိုဏ်းချုပ်က မင်းကို ငါနဲ့အတူ ဂိုဏ်းကို လိုက်ခဲ့ဖို့ ပြောလိုက်တာပေါ့"
ကျန့်ယွီက ထပ်မေးသည်။
သူသည် ရဲ့ဝမ်ရှို့ကို ကလေးဟုဆိုကာ လျစ်လျူမရှုရဲပေ။
အကယ်၍ သူပြောတာသာ အမှန်ဆိုလျှင် ထိုကလေးသည် ဖန့်ချန်၏ ဓားအမွေအနှစ်ကို ရရှိပြီး မီးတောက်အင်ပါယာ၏ ပထမဆုံး ဓားကျင့်ကြံသူ ဖြစ်လာနိုင်သည် မဟုတ်ပါလား
ရဲ့ဝမ်ရှို့သည် ကျန့်ယွီ မယုံမှာ စိုးသဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။
ကျန့်ယွီ၏ မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားသည်။
ဂိုဏ်းချုပ်အသစ်က သူ့တပည့်ကို သူတို့ဂိုဏ်းဆီ ပို့လိုက်သည်ဆိုခြင်းမှာ သူသည် ဂိုဏ်းအပေါ် အစီအစဉ် ရှိနေပြီး အနာဂတ်တွင် လျစ်လျူရှုထားမည် မဟုတ်ကြောင်း ပြသနေခြင်း ဖြစ်သည်။
ယခုဆိုလျှင် သူတို့နောက်ကွယ်တွင် အစွမ်းထက်သော ဓားကျင့်ကြံသူ တစ်ဦး ရှိနေပြီဖြစ်ရာ ချင်းကျိုးဓားဂိုဏ်းသည် တောင်ပိုင်းကောင်းကင်ဂိုဏ်း ကိုပင် ကျော်တက်ကာ တောင်ပိုင်း၏ နံပါတ်တစ် ဂိုဏ်း ဖြစ်လာနိုင်ပေသည်။
"ငါတို့ မြောက်ဘက်က ဝိညာဉ်သားရဲတောင်ကြား ကိုတောင် ကျော်တက်ပြီး မီးတောက်အင်ပါယာရဲ့ နံပါတ်တစ် ဂိုဏ်း ဖြစ်လာနိုင်တယ် အဲဒီလိုသာ ဖြစ်လာရင် ငါတို့ တော်ဝင်မိသားစုကိုတောင် ဂရုစိုက်စရာ မလိုတော့ဘူး"
ကျန့်ယွီသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရဲ့ဝမ်ရှို့နှင့် တပည့်များကို ခေါ်ကာ ဂိုဏ်းသို့ ပြန်လှည့်လာခဲ့တော့သည်။
ထိုအချိန်တွင် ဖန့်ချန်သည် လမင်းပုန်းကွယ်သီလရှင်ကျောင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး လျိုမူ နှင့် ပြန်လည် ဆုံတွေ့ခဲ့သည်။
လျိုမူသည် ဖန့်ချန် ထပ်မံ ထွက်သွားမည်ကို စိုးရိမ်သဖြင့် ဖန့်ချန်၏ အနောက်မှ ထပ်ချပ်မကွာ လိုက်နေသည်။
"ဘာဖြစ်လို့လဲ ဒီမှာ နေရတာ မပျော်ဘူးလား"
ဖန့်ချန်က ပြုံး၍ မေးသည်။
လျိုမူက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းသည်။
သီလရှင်များက သူ့ကို ကောင်းမွန်စွာ ဆက်ဆံကြသော်လည်း သူကတော့ ဖန့်ချန်နှင့်အတူ ရှိနေရသည်ကို ပိုနှစ်သက်သည်။
ဖန့်ချန်က ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
"မင်း တစ်နေ့မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရမှာပါ ငါ့နားမှာပဲ ထာဝရ ရှိနေလို့ မရဘူးလေ"
လျိုမူက ဘာမှ ပြန်မပြောပေ။
ရုတ်တရက် သီလရှင် ကျူးယွဲ့ သူတို့ဆီ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"သူ့ကို ခေါ်သွားတော့မလို့လား"
သူမက ပြုံးရင်း မေးလိုက်ပြီး လျိုမူကို လှမ်းကြည့်သည်။
"ကျွန်တော် တောင်ပိုင်းကောင်းကင်ဂိုဏ်းကို သွားရမယ့် အချိန်ရောက်ပြီ လင်းယုန်ပျံဂိုဏ်းက ကိစ္စတွေကိုတော့ စီနီယာပဲ ကိုင်တွယ်လိုက်ပါ"
"ကောင်းပါပြီ"
သီလရှင် ကျူးယွဲ့က ခပ်တိုးတိုး ခေါင်းညိတ်သည်။
"ဒါဆိုရင် ငါ လိုက်မပို့တော့ဘူးနော်"
"ဟုတ်ကဲ့"
ဖန့်ချန်က ပြုံးပြီး သီလရှင် ချင်းဟယ်ကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ထို့နောက် လျိုမူကို ခေါ်ကာ ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲ၍ ပျံသန်းထွက်ခွာသွားတော့သည်။
"ဒီကလေးရဲ့ အလားအလာက အကန့်အသတ် မရှိဘူးပဲ"
ဖန့်ချန် ထွက်သွားသည်ကို ကြည့်ရင်း သီလရှင် ကျူးယွဲ့ က ရေရွတ်လိုက်သည်။
"ဆရာမ ကျွန်မလည်း အဲဒီလိုပဲ ထင်ပါတယ်"
ဟု ရောက်ရှိလာသော သီလရှင် ချင်းဟယ်က ဆိုသည်။
သူမ၏ တပည့်ကို ကြည့်လိုက်ရင်း သီလရှင် ကျူးယွဲ့က အေးအေးဆေးဆေး ပြောလိုက်သည်။
"မင်း ဒီမှာ နေတာ ကြာပြီ အတွေ့အကြုံသစ်တွေ ရဖို့ တောင်ပေါ်ကနေ ပြန်ဆင်းရမယ့် အချိန်ရောက်ပြီ"
သီလရှင် ချင်းဟယ် အံ့သြသွားသည်။
"ဒါပေမဲ့ ကျွန်မ ရောက်နေတာ လအနည်းငယ်ပဲ ရှိသေးတာကို"
သူမက ညည်းညူလိုက်သည်။
သီလရှင် ကျူးယွဲ့က ပြုံးလိုက်သည်။
"မင်းသာ မင်းရဲ့ စိတ်နှလုံးကို စတင် မကျင့်ကြံဘူးဆိုရင် အနာဂတ်မှာ မင်းရဲ့ ဂျူနီယာညီမလေးက မင်းကို ကျော်တက်သွားလိမ့်မယ်"
"အဲဒါက ကောင်းတာပဲလေ"
ချင်းဟယ်က လျှာလေးထုတ်ပြသည်။
"ကျွန်မရဲ့ ဂျူနီယာလေးက ကြင်နာတတ်တဲ့ နှလုံးသား ရှိတာပဲ"
"သွား... သွား... အမြန် တောင်အောက်ဆင်းတော့"
သီလရှင် ကျူးယွီက စိတ်မရှည်သလို လက်ဝေ့ယမ်းလိုက်သည်။
"ဒီတစ်ခါတော့ အဝေးကြီးအထိ ခရီးသွားစေချင်တယ် ချီသန့်စင်ခြင်း အဆင့် ၁၂ ကို မရောက်မချင်း ငါ့ကို မျက်နှာ လာမပြနဲ့"
လက်ဖက်ရည် တစ်ခွက်စာ အချိန်ကုန်လွန်ပြီးနောက် သီလရှင် ချင်းဟယ်သည် သူမ၏ စီနီယာ၊ ဂျူနီယာ ညီအစ်မများကို နှုတ်ဆက်ကာ အထုပ်အပိုးများ ပြင်ဆင်ပြီး စိတ်မကောင်းစွာဖြင့် တောင်ပေါ်မှ ဆင်းလာခဲ့တော့သည်။
တိမ်တိုက်များနှင့် မြူနှင်းများ ဖုံးလွှမ်းနေသော တောင်တန်းကြီးများ တောင်များကြားတွင် စီးဆင်းနေသော ရေတံခွန်များမှာ ကောင်းကင်မှ နဂါးငွေတန်းကြီးများ ကျဆင်းလာသကဲ့သို့ပင်။
ရှားပါးသော ငှက်များနှင့် ထူးဆန်းသော သားရဲများမှာလည်း တစ်ခါတစ်ရံ ပေါ်လာတတ်သည်။
တောင်ပေါ်ရှိ ကျောက်လမ်းများပေါ်တွင် ဓားများကို လွယ်ထားသော လူငယ်များကို မကြာခဏ မြင်တွေ့နိုင်သည်။
"ဒါက တောင်ပိုင်းကောင်းကင်ဂိုဏ်းလား လမင်းပုန်းကွယ်သီလရှင်ကျောင်းထက် အများကြီး ပိုခမ်းနားတာပဲ"
ဖန့်ချန်သည် လျိညမူကို ခေါ်ကာ တောင်ပတ်လမ်းအတိုင်း လျှောက်လှမ်းရင်း အဝေးမှ မြင်နေရသော ရှုခင်းများနှင့် အဆောက်အဦးများကို ကြည့်နေသည်။
ဤနေရာမှပင် လေထုထဲတွင် ပျံ့နှံ့နေသော ကြွယ်ဝသည့် ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်သည်။
တောင်ပိုင်းကောင်းကင်ဂိုဏ်းသည် တောင်ပိုင်းတွင် တကယ့်ကို အကြီးဆုံးဂိုဏ်း ဖြစ်ပါပေသည်။
၎င်း၏ တည်နေရာတစ်ခုတည်းနှင့်တင် တန်ဖိုးဖြတ်မရနိုင်ပေ။
ဖန့်ချန်နှင့် လျိုမူတို့သည် တောင်ပေါ်မှ ဆင်းလာသော တပည့်များစွာကို ဖြတ်ကျော်သွားကြသည်။
မည်သူမျှ သူတို့ကို စကားမပြောသော်လည်း သူတို့၏ မျက်လုံးထဲတွင်တော့ စူးစမ်းလိုစိတ်များ ရှိနေကြသည်။
တောင်ပိုင်းကောင်းကင်ဂိုဏ်းတွင် တောင်ကာကွယ်ရေး အစီအရင် ရှိသဖြင့် သာမန်လူများ အလွယ်တကူ မဝင်နိုင်ပေ။
ထို့ကြောင့် ထိုတပည့်များက ဖန့်ချန်နှင့် လျိုမူတို့သည် သူတို့၏ သူငယ်ချင်းများထံ အလည်လာသူများဟု ထင်မှတ်နေကြသည်။
မကြာမီ သူတို့နှစ်ဦးသည် ဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိလာသည်။
တံခါးစောင့်နေသော တပည့်များသည် ပြင်ပလူကို အလွယ်တကူ အဝင်မခံသဖြင့် တစ်ယောက်က ရှေ့သို့ တိုးလာသည်။
"သူငယ်ချင်းတွေဆီ အလည်လာတာလား"
"အဲဒီလိုပဲ ပြောလို့ရပါတယ် ကျွန်တော် အကြီးအကဲ ကျင်းနန် ကို တွေ့ချင်လို့ပါ"
ဟု ဖန့်ချန်က ဖြေလိုက်သည်။
"အကြီးအကဲ ကျင်းနန်?း"
ထိုတပည့်မှာ အံ့သြသွားပြီး ဖန့်ချန်ကို ကြည့်သည့် အကြည့်မှာ ပို၍ ရိုသေမှု ပါလာသည်။
ဖန့်ချန်သည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ စီနီယာကျင့်ကြံသူ တစ်ဦးဟု သူ ထင်မှတ်သွားသောကြောင့် ဖြစ်သည်။
၂၇၄ - တစ်စုံတစ်ဦးကို တာဝန်ယူခိုင်းခြင်း
တပည့်ဖြစ်သူသည် ဖန့်ချန်နှင့် လျိုမူကို ခေါ်ဆောင်ကာ လမ်းပြပေးခဲ့ပြီး အခြားတပည့်တစ်ဦးမှာမူ အကြီးအကဲ ကျင်းနန်ကို သွားရောက်အကြောင်းကြားသည်။
မကြာမီမှာပင် ဖန့်ချန်နှင့် လျိုမူတို့သည် ဧည့်ခန်းမသို့ ရောက်ရှိလာကြပြီး တပည့်ဖြစ်သူက ဝိညာဉ်လက်ဖက်ရည်တစ်အိုးဖြင့် တည်ခင်းဧည့်ခံလေသည်။
ဖန့်ချန်က လျိုမူကို လက်ဖက်ရည်တစ်ခွက် သောက်ရန် အချက်ပြလိုက်သည်။
"သောက်ပါဦး"
ထိုလက်ဖက်ရည်တစ်အိုးသည် ဖန့်မိသားစု၏ ဝိညာဉ်စမ်းရေတွင်းမှ ရရှိသော စမ်းရေ ၁၀ လီတာခန့်နှင့် ညီမျှသည်။
ဖန့်ချန်အတွက်မူ အသုံးမဝင်သလောက်ဖြစ်သော်လည်း လျိုမူအတွက်မူ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးနိုင်ပြီး ကျန်းမာရေးကို ကောင်းမွန်စေနိုင်သည်။
လျိုမူသည် လက်ဖက်ရည်ကို ရိုသေစွာလက်ခံပြီး စတင်သောက်သုံးသည်။
သူတို့ကို လမ်းပြလာသော တပည့်မှာ စူးစမ်းလိုစိတ်ဖြစ်နေသည်။
သူသည် ချီသန့်စင်ခြင်းအဆင့် ၄ တွင်ရှိပြီး လျိုမူမှာ သာမန်လူသားတစ်ဦးဖြစ်ကြောင်း အလွယ်တကူ မြင်နိုင်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက ဘာကြောင့် သာမန်လူသားတစ်ဦးကို ခေါ်လာရသနည်းဟု သူတွေးတောနေမိသည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်အကြာတွင် လူရိပ်တစ်ခု ဧည့်ခန်းမထဲသို့ ဝင်လာသည်။
၎င်းကို မြင်သည်နှင့် တပည့်ဖြစ်သူက အမြန်ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။
"အကြီးအကဲ ကျင်းနန်ကို ဂါရဝပြုပါတယ်ခင်ဗျာ"
အကြီးအကဲ ကျင်းနန်က ခေါင်းကို အသာအယာညိတ်ပြပြီး ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။ သူသည် သံသယဖြစ်နေပုံရသည်။ သူက လက်သီးဆုပ်ကာ ဂါရဝပြုရင်း
"မေးပါရစေ... မင်းက ဘယ်သူလဲ"
ဟု မေးလိုက်သည်။
"ဘာ"
တပည့်ဖြစ်သူ မှင်တက်သွားသည်။
အကြီးအကဲ ကျင်းနန်က ဧည့်သည်ကို မသိဘူးလား သူသည် ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားတော့သည်။
ဖန့်ချန်သည် မျက်နှာဖုံးအောက်မှ ပြုံးလိုက်သည်။ သူ၏မျက်နှာဖုံးကို ကိုင်ရင်း
"မတွေ့ရတာ လအနည်းငယ်ပဲ ရှိသေးတာကို ကျုပ် ကို ဒီလောက်အမြန် မေ့သွားတာလား အကြီးအကဲ ကျင်းနန်"
ဟု ဆိုလိုက်သည်။
အကြီးအကဲ ကျင်းနန်သည် ထိုအသံကို ရင်းနှီးနေသဖြင့် ခဏမျှ စဉ်းစားလိုက်သည်။ ရုတ်တရက် သူ၏မျက်နှာပေါ်တွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားသည်။
"မင်းက မိတ်ဆွေဖန့်လား"
အကြီးအကဲ ကျင်းနန် ပို၍ ဇဝေဇဝါဖြစ်သွားသည်။
သူ ဘာကြောင့် မျက်နှာဖုံးစွပ်ထားရသနည်းတစ်စုံတစ်ဦးကို ပြစ်မှားမိ၍ ထွက်ပြေးနေရခြင်းလော
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
"မှန်ပါတယ်"
အကြီးအကဲ ကျင်းနန်၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်သွားသည်။
သူသည် ဖန့်ချန်အနားသို့ အမြန်လျှောက်လာကာ ထိုင်လိုက်ပြီး တပည့်ဖြစ်သူကို နောက်ထပ် လက်ဖက်ရည်တစ်အိုး ထပ်မံဖျော်ရန် အချက်ပြလိုက်သည်။ ထို့နောက်
"မိတ်ဆွေဖန့် မင်း ငါတို့ဂိုဏ်းကို အလည်လာတာ ငါ တကယ်ဝမ်းသာပါတယ် ငါတို့နဲ့အတူ ခဏလောက်နေပြီး တာအို အကြောင်းတွေကို အတူတူ ဆွေးနွေးကြရအောင်"
ဟု ဆိုသည်။
လျိုမူသည် သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း ခေါင်းငုံ့ကာ လက်ဖက်ရည်ကို ငြိမ်သက်စွာ သောက်နေသည်။
အကြီးအကဲ ကျင်းနန်သည် လျိုမူကို လှမ်းကြည့်လိုက်ရာ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ထိုကလေးကို တစ်နေရာရာတွင် တွေ့ဖူးသည်ဟု သူ ကျိန်ဆိုဝံ့သည်။
ဖန့်ချန်က လျိုမူ၏ခေါင်းကို ပုတ်လိုက်ရင်း
"ဒီကလေးလေးကို မှတ်မိလား"
ဟု မေးသည်။
အကြီးအကဲ ကျင်းနန် ခေတ္တမျှ မှင်တက်သွားပြီးမှ အရာရာကို သတိရသွားကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မှတ်မိတာပေါ့ မှတ်မိတာပေါ့ ငါ ဘယ်လိုလုပ် မေ့ပါ့မလဲ ဒါဆို မင်းက သူ့အခြေအနေကို လာကြည့်တာပေါ့လေ"
သူတို့ကို လမ်းပြလာသော တပည့်မှာ အံ့သြသွားပြီး ထစ်ထစ်အအဖြင့်
"အကြီးအကဲ ဒီကလေးက ဒီစီနီယာနဲ့အတူ ပါလာတာပါ"
ဟု ပြောလိုက်သည်။
အကြီးအကဲ ကျင်းနန်သည် ထိုစကားကို နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်သွားသည်။
ဖန့်ချန်သည် အစောကတည်းက သူ့ကို အနီးကပ် စောင့်ကြည့်နေခြင်း ဖြစ်သည်။
ထို့ကြောင့် အကြီးအကဲ ကျင်းနန်၏ အမူအရာကို ကြည့်ခြင်းဖြင့် လျိုမူသည် ဟင်းလင်းပြင်အဆိပ်ဘုရင် လက်ထဲသို့ ရောက်သွားသည့်ကိစ္စတွင် ကျင်းနန်နှင့် မပတ်သက်ကြောင်း သူ သေချာသွားသည်။
သို့သော်လည်း အကြီးအကဲ ကျင်းနန်သည် လျိုမူကို တောင်ပိုင်းကောင်းကင်ဂိုဏ်းသို့ ခေါ်လာပြီး ကျင့်ကြံစေမည်ဟု ကတိပေးခဲ့သော်လည်း လျိုမူမှာ အဆိပ်ဘုရင်လက်သို့ ရောက်သွားခဲ့သဖြင့် ကျင်းနန်တွင် တာဝန်ရှိနေဆဲပင်။
"အကြီးအကဲ ကျင်းနန် ခင်ဗျားက လျိုမူကို ဂိုဏ်းကို ခေါ်သွားမယ်လို့ ကျုပ် ကို ကတိပေးခဲ့တယ်လေ အဲဒါကို ဘာဖြစ်လို့ သူက ဟင်းလင်းပြင်အဆိပ်ဘုရင် လက်ထဲမှာ အဆိပ်စမ်းသပ်ခံ နောက်လိုက်တစ်ယောက် ဖြစ်နေရတာလဲ"
အကြီးအကဲ ကျင်းနန် ထိတ်လန့်သွားသည်။
"ဒါ... ဒါက ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး"
ဟု သူ ရေရွတ်မိသည်။
သူသည် ဟင်းလင်းပြင်အဆိပ်ဘုရင်က မည်သူဖြစ်ကြောင်း သိရုံသာမက တစ်ကြိမ်ပင် ဆုံဖူးခဲ့သေးသည်။ လျိုမူက ဘယ်လိုလုပ် အဲဒီလူ့လက်ထဲ ရောက်သွားရသနည်း
"ကျေးဇူးပြုပြီး အကြီးအကဲ ကျင်းနန် မဟာရှ အင်ပါယာကနေ ထွက်ခွာပြီးနောက် ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေအချာ ပြန်စဉ်းစားပေးပါ"
"အဆိပ်ဘုရင်က ပြောတာတော့ လျိုမူကို တစ်စုံတစ်ယောက်က သူ့ဆီ ရောင်းခဲ့တာတဲ့ အဲဒီလူကို ကျုပ် လက်ထဲ အပ်ပေးစေချင်တယ်"
ဟု ဖန့်ချန်က ဆိုသည်။
အကြီးအကဲ ကျင်းနန်၏ မျက်နှာ ပျက်သွားသည်။
ဖန့်ချန် ဘာကြောင့် ရောက်လာသနည်းဆိုသည်ကို သူ သဘောပေါက်သွားပြီ ဖြစ်သည်။
သူသည် တစ်စုံတစ်ဦးကို တာဝန်ယူခိုင်းရန် ရောက်လာခြင်းပင်။
ခဏမျှ စဉ်းစားပြီးနောက် အကြီးအကဲ ကျင်းနန်က ဖြည်းဖြည်းချင်း စတင်ပြောဆိုသည်။
"ငါ မဟာရှကနေ ထွက်လာပြီးနောက် တပည့်တစ်ယောက်ကို ဒီကလေးကို ဂိုဏ်းဆီ ခေါ်သွားဖို့ ညွှန်ကြားခဲ့တယ် ငါကိုယ်တိုင်ကတော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ဆီ သွားလည်ခဲ့တယ်"
ဖန့်ချန်၏နောက်ကွယ်မှ စီနီယာ အကြောင်းကို တွေးမိရင်း အကြီးအကဲ ကျင်းနန်က တပည့်ဖြစ်သူဘက်သို့ လှည့်ကာ
"သွား ဖုန်း ကို ဒီကို လာခဲ့ဖို့ ပြောလိုက်"
ဟု ခိုင်းလိုက်သည်။
"ဟုတ်ကဲ့"
တပည့်ဖြစ်သူက အမြန်ခေါင်းညိတ်ကာ ထွက်သွားသည်။
အကြီးအကဲ ကျင်းနန်က ဖန့်ချန်ကို ပြန်ကြည့်လိုက်သည်။
"မင်းပြောတာသာ မှန်မယ်ဆိုရင် ပြီးတော့ ငါ့ဂိုဏ်းက တစ်ယောက်ယောက်က တကယ်ပဲ ဒီလိုယုတ်မာတာ လုပ်ခဲ့မယ်ဆိုရင် မင်း ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခုကို ငါ သေချာပေါက် ပေးပါ့မယ်"
ဖန့်ချန် ပြုံးလိုက်သည်။
"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့"
အကြီးအကဲ ကျင်းနန်သည် လျိုမူဘက်သို့ အာရုံစိုက်လိုက်သည်။ သူသည် ကလေးကို အသေအချာ စစ်ဆေးကြည့်ပြီးမှ
"ဒါပေမဲ့ ဒီကလေးကတော့ ဘာမှမဖြစ်သလိုပဲ တကယ်လို့ သူသာ အဆိပ်ဘုရင်လက်ထဲ တကယ်ကျခဲ့ရင်"
"သူက အဆိပ်တွေကို ဖယ်ရှားဖို့ စိမ်းဖန့်ကျောက်စိမ်းကြာပန်း မျိုးစေ့ နှစ်စေ့ စားခဲ့ရတယ်လေ"
အကြီးအကဲ ကျင်းနန်က လေးနက်စွာ ခေါင်းညိတ်သည်။
"နားလည်ပါပြီ"
တောင်ပိုင်းကောင်းကင်ဂိုဏ်း၏ ကျင့်ကြံခြင်းကွင်းပြင်တွင် လူငယ်တစ်ဦးသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ရေစွမ်းအင်များ စုစည်းလာပြီး ဟိန်းဟောက်နေသည့် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
လူငယ်တပည့်ပေါင်း တစ်ရာကျော်ခန့်မှာ ဘေးမှ ဝန်းရံကြည့်ရှုရင်း ထိုလူငယ်၏ ကျွမ်းကျင်လှသော အတတ်ပညာကို လက်ခုပ်တီးကာ အားကျစွာ ချီးကျူးနေကြသည်။
"စီနီယာအစ်ကို ဖုန်း အကို့ရဲ့ ဒြပ်ငါးပါးအတတ်ကို ထိန်းချုပ်နိုင်စွမ်းက တကယ်ကို နက်နဲပြီး အံ့သြစရာကောင်းလိုက်တာ ဒီရေနဂါးနဲ့တင် ချီသန့်စင်ခြင်းအဆင့် ၆ မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်မှာပဲ"
ဟု တပည့်တစ်ဦးက ချီးကျူးသည်။
စီနီယာအစ်ကို ဖုန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒြပ်ငါးပါးထဲမှာ မြေနဲ့ ရေဒြပ်စင်တွေက သင်ယူရအလွယ်ဆုံးပဲ အဲဒီနောက်မှာ သစ်သားနဲ့ မီးဒြပ်စင်တွေ ရှိတယ် အခက်ခဲဆုံးကတော့ သတ္တုဒြပ်စင်ပဲ။"
"မင်းတို့အားလုံးက ပထမဆုံး မသေမျိုးသွေးကြောကို စုစည်းပြီးပြီဆိုတော့ ဒြပ်ငါးပါးအတတ်ကို လေ့ကျင့်ကြည့်လို့ ရပြီ ဒါက ချီသန့်စင်ခြင်းအဆင့်မှာ မင်းတို့အတွက် အသုံးအဝင်ဆုံးပဲ"
"ဒီအတတ်ပညာအပေါ် မင်းတို့ရဲ့ နားလည်မှု ပိုနက်နဲလေလေ အသုံးပြုရတဲ့ ဝိညာဉ်စွမ်းအင် ပိုနည်းလေလေပဲ နောက်ဆုံးမှာတော့ အင်အားအနည်းငယ်နဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ အဆင့်အထိ ရောက်နိုင်တယ်"
"မင်းတို့မှာ ရတနာတွေ မရှိသေးဘူး တောင်ပေါ်က ဆင်းပြီး အတွေ့အကြုံရှာတဲ့အခါမှာလည်း ရတနာတွေ ရှိချင်မှ ရှိလိမ့်မယ် ဒါကြောင့် ဒီအတတ်ကို လေ့ကျင့်ထားခြင်းအားဖြင့် ရန်သူနဲ့ တွေ့တဲ့အခါ ခုခံနိုင်စွမ်း မရှိတာမျိုး မဖြစ်တော့ဘူး"
တပည့်များက ခေါင်းညိတ်ပြီး စတင်လေ့ကျင့်ကြသည်။
သို့သော် သူတို့မှာ အခြေခံအဆင့်တွင်သာ ရှိသေးသဖြင့် ရေစွမ်းအင် အနည်းငယ်ကိုသာ စုစည်းနိုင်ကြသည်။
သူတို့မှာ ငါးကလေးတစ်ကောင် ဖြစ်အောင်ပင် မနည်းကြိုးစားနေရပြီး ရေနဂါးအဖြစ် ပြောင်းလဲရန်ကား အလှမ်းဝေးနေဆဲပင်။
စီနီယာအစ်ကို ဖုန်းသည် သူတို့လေ့ကျင့်နေသည်ကို ကျေနပ်စွာ ကြည့်နေသည်။
ထိုစဉ်မှာပင် တပည့်တစ်ဦး သူရှိရာသို့ ပြေးလာသည်ကို ဖုန်းက သတိထားမိလိုက်သည်။ ထိုတပည့် ရောက်လာသောအခါ
"စီနီယာအစ်ကို ဖုန်း အကြီးအကဲ ကျင်းနန်က စီနီယာ့ကို ဧည့်ခန်းမဆီ လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်"
ဟု ပြောသည်။
"အကြီးအကဲ ကျင်းနန် သူ ငါ့ကို ဘာလို့ ခေါ်တာလဲ"
ဖုန်းက အံ့သြစွာ မေးလိုက်သည်။
"ကျင့်ကြံသူတစ်ယောက်က သာမန်လူတစ်ယောက်ကို ခေါ်ပြီး ဂိုဏ်းကို ရောက်လာတယ် သူပြောတာက အဲဒီသာမန်လူက ဂိုဏ်းထဲကို ဝင်ရမှာတဲ့ ဒါပေမဲ့ တစ်ခုခုမှားသွားလို့ အဲဒီလူက အဆိပ်ဘုရင်လက်ထဲ ရောက်သွားတယ်လို့ ဆိုတယ်"
ဟု တပည့်ဖြစ်သူက ပြောပြသည်။
"ဒါကြောင့် အကြီးအကဲ ကျင်းနန်က အဲဒီအချိန်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ရှင်းပြဖို့ စီနီယာ့ကို ခေါ်ခိုင်းတာ ဖြစ်ရမယ်"
စီနီယာအစ်ကို ဖုန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသော်လည်း သူက တည်ငြိမ်အောင် ထိန်းထားသည်။
"နားလည်ပြီ မင်း အရင်သွားနှင့် ငါ နောက်က လိုက်လာခဲ့မယ်"
တပည့်ဖြစ်သူက ခေါင်းညိတ်ကာ အမြန်ထွက်သွားသည်။
စီနီယာအစ်ကို ဖုန်းသည် မနှောင့်နှေးရဲပေ။
သူ၏မျက်နှာတွင် စိုးရိမ်ရိပ်များ ဖုံးလွှမ်းသွားပြီး ထိုနေရာမှ အလျင်အမြန် ထွက်ခွာကာ စိမ်းလန်းသော တောင်ထိပ်တစ်ခုပေါ်သို့ တက်သွားတော့သည်။
ထိုတောင်ထိပ်တွင် ဂူအိမ်တစ်လုံးသာ ရှိပြီး လူအရောက်အပေါက် အလွန်နည်းသည်။
ဘာကြောင့်လဲဆိုသော် ၎င်းမှာ တောင်ပိုင်းကောင်းကင်ဂိုဏ်း၏ နံပါတ်တစ် စီနီယာအစ်ကိုကြီး၏ နေအိမ်ဖြစ်သောကြောင့်ပင်။
သူသည် မီးတောက်အင်ပါယာ၏ အထူးချွန်ဆုံး ပါရမီရှင်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။
"စီနီယာအစ်ကိုကြီး"
ဟု ဖုန်းက ဂူအိမ်တံခါးဝသို့ ရောက်သည်နှင့် လှမ်းခေါ်လိုက်တော့သည်