← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

၂၇၇- မသေမျိုး ပင်လယ်နဂါး

"ဟုတ်တယ် ဝိညာဉ်သားရဲတောင်ကြား ကတောင် လူလွှတ်မယ်လို့ ငါကြားတယ် အရင်က အကြီးကဲ ယွီနဲ့အတူ မီးတောက်အင်ပါယာရဲ့ အမွှာဂုဏ်ဆောင် လို့ အမည်တွင်ခဲ့တဲ့ ပါရမီရှင်တောင် လာမယ်တဲ့"

"သူတို့ကို အမွှာဂုဏ်ဆောင်လို့ မခေါ်ကြတော့ပါဘူးဟားဟား"

"တော်ဝင်မိသားစုကရော လူလွှတ်မလား မင်းသိလား"

"လွှတ်မှာပေါ့ ဘယ်သူ့ကို လွှတ်မလဲဆိုတာပဲ သိချင်တာ"

ရုတ်တရက် အားလုံးဟာ သူတို့နောက်ကနေလာတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရတယ်။

လှည့်ကြည့်လိုက်တော့ လှေကားတွေအတိုင်း တက်လာနေတဲ့ ကြက်မကြီးတစ်ကောင်ကို ချီထားတဲ့ ကျေးလက်အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။

သူမနဲ့အတူ လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ ရိုးသားပုံရတဲ့ လူငယ်တစ်ယောက်လည်း ပါလာတယ်။

"တာအိုဆရာ ယာ"

ထိုအမျိုးသမီးက သူတို့ကိုမြင်တော့ ပြုံးပြလိုက်တယ်။

"မတွေ့တာ ကြာပြီနော်"

တာအိုဆရာ ယာနဲ့ တခြားလူတွေက ချက်ချင်းပဲအရိုအသေပေးလိုက်ကြတယ်။

"အကြီးအကဲ စူး "

သူမဟာ ဝိညာဉ်သားရဲတောင်ကြားက အကြီးအကဲတစ်ယောက်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်မှာ ရှိပါတယ်။

သူမဟာ ကောင်းကင်တောင်ပိုင်းဂိုဏ်းက အကြီးအကဲ ကျင်းနန် နဲ့ ရာထူးချင်း အဆင့်တူပါတယ်။

တာအိုဆရာ ယာရဲ့ အကြည့်က သူမဘေးက လှပတဲ့ မိန်းကလေးဆီ ရောက်သွားပြီး မနာလိုဖြစ်မိသွားတယ်။

အဲ့ဒါကတော့ မီးတောက်အင်ပါယာရဲ့ အမွှာဂုဏ်ဆောင်ထဲက တစ်ယောက်ဖြစ်တဲ့ ယန်ရုယွဲ့ ပါ။

သူမရဲ့ အရှိန်အဝါအရ အဆင့် ၁၂ ချီသန့်စင်ခြင်းမှာပဲ ရှိသေးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို မတက်လှမ်းနိုင်သေးတာ သိသာပါတယ်။

ပြီးနောက် တာအိုဆရာ ယာရဲ့ အကြည့်က ယန်ရုယွဲ့ဘေးက ရိုးသားပုံရတဲ့ လူငယ်လေးဆီ ရောက်သွားပြန်တော့လည်း နောက်တစ်ကြိမ် မနာလိုဖြစ်ရပြန်တယ်။

အဲ့ဒါကတော့ အကြီးအကဲစူးက မဟာရှ ပြည်နယ်ကနေ ခေါ်လာတဲ့ ခုနစ်ချက်တီးခေါင်းလောင်း ပါရမီရှင် တပည့်ပါ။

သူ ကျင့်ကြံသူမဖြစ်ခင်က တော်ဝင်မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ မုန့်လင်မယား ရောင်းခဲ့တာကြောင့် မုန့်သည်ကျန်း လို့ နာမည်ပြောင်ရထားသူဖြစ်ကြောင်း အကြီးအကဲယာ ကြားဖူးထားပါတယ်။

အကြီးအကဲစူးနဲ့ သူမရဲ့တပည့်တွေ ရောက်လာပြီးနောက် နောက်ထပ် လူနှစ်ယောက် ထပ်ရောက်လာတယ်။

အဲ့ဒါကတော့ မီးတောက်တိမ်တိုက် မသေမျိုး နဲ့ သူမနောက်က ကပ်လိုက်လာတဲ့ ဆဋ္ဌမမြောက် မင်းသမီးတို့ပဲ ဖြစ်ပါတယ်။

"ဒီမှာ အားလုံးနဲ့ ဆုံရတာ တိုက်ဆိုင်လိုက်တာ"

လို့ မီးတောက်တိမ်တိုက် မသေမျိုးက ဆိုပါတယ်။

သူမက ဘေးပတ်ပတ်လည်က တောင်တန်းအလှအပတွေကို ကြည့်ရင်း လေထဲက သိပ်သည်းလှတဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားမိပြီး မနာလိုဖြစ်နေမိတယ်။

ကောင်းကင်တောင်ပိုင်းဂိုဏ်းဟာ အင်ပါယာရဲ့ ထိပ်တန်းဂိုဏ်းလို့ ခေါ်ထိုက်တာပဲ။

တာအိုဆရာ ယာက ရယ်မောရင်း

"မီးတောက်တိမ်တိုက် မသေမျိုးလည်း ဖိတ်စာရတာပဲလား"

လို့ မေးလိုက်တယ်။

မီးတောက်တိမ်တိုက် မသေမျိုးရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်။

"ဘာလဲ ငါက ဖိတ်စာရလောက်တဲ့အထိ အရည်အချင်းမရှိဘူးလို့ ပြောချင်တာလား"

"အော်..."

တာအိုဆရာ ယာက ရှက်ကိုးရှက်ကန်းနဲ့ ရယ်လိုက်တယ်။

"အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး"

"တစ်နေ့ကျရင် မင်းရဲ့ အထိန်းအကွပ်မရှိတဲ့ နှုတ်ကြောင့် ဒုက္ခရောက်လိမ့်မယ်"

ကျေးလက်အမျိုးသမီးလို ဝတ်ဆင်ထားတဲ့ အကြီးအကဲစူးက ခပ်ဖွဖွရယ်ရင်း မီးတောက်တိမ်တိုက် မသေမျိုးရဲ့ စကားကို ခေါင်းငြိမ့်ထောက်ခံလိုက်တယ်။

ဆဋ္ဌမမြောက် မင်းသမီးရဲ့ အကြည့်က မုန့်သည်ကျန်းဆီကို စိတ်ဝင်တစား ရောက်သွားတယ်။

မုန့်သည်ကျန်းက သူမကို မှတ်မိတာ ထင်ရှားပေမဲ့ တစ်ချက်ကြည့်ပြီးတာနဲ့ လျစ်လျူရှုလိုက်တယ်။

မင်းသမီးလေးဟာ စိတ်ထဲမှာ အနည်းငယ် နာကျင်သွားတယ်။

သူဟာ အရင်က အနိမ့်ကျဆုံး အဆင့်အတန်းမှာ ရှိခဲ့တာပါ။

ဒါပေမဲ့ အခုတော့ သူက ဝိညာဉ်သားရဲတောင်ကြားရဲ့ တပည့်ဖြစ်နေပြီ။

သူမကျတော့ သူမရဲ့ဆရာက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ပေမဲ့ သူမရဲ့ဂိုဏ်းက ဝိညာဉ်သားရဲတောင်ကြားကို မယှဉ်နိုင်သေးပါဘူး။

"အကြီးအကဲစူး ဒါ မဟာရှကနေ ခေါ်လာတဲ့ တပည့်လား"

မီးတောက်တိမ်တိုက် မသေမျိုးက မုန့်သည်ကျန်းကို ကြည့်ပြီး မေးလိုက်တယ်။

"သူက မသေမျိုးသွေးကြော ကိုတောင် စုစည်းပြီးပြီထင်တယ်"

အကြီးအကဲစူးက ပြုံးပြီး ခေါင်းငြိမ့်ပြတယ်။

"သူက မကြာသေးခင်ကမှ ပထမဆုံး မသေမျိုးသွေးကြောကို စုစည်းနိုင်ခဲ့တာပါ အဲ့ဒါကြောင့် သူ့ကို အတွေ့အကြုံရအောင် ခေါ်လာတာ"

ဆဋ္ဌမမြောက် မင်းသမီးကတော့ တိတ်တဆိတ် အံ့သြနေမိတယ်။

သူက မသေမျိုးသွေးကြောကို ဒီလောက်မြန်မြန် စုစည်းနိုင်တာလား ဒါဆို သူက ကျင့်ကြံသူတွေရဲ့ အဆင့်အတန်းထဲကို တကယ်ဝင်ရောက်သွားပြီပေါ့။

သူမရဲ့ မျက်လုံးထဲမှာ မနာလိုမှုတွေ ရိပ်ပြေးသွားတယ်။ မီးတောက်တိမ်တိုက် မသေမျိုးက သူမကို ပထမဆုံး မသေမျိုးသွေးကြော စုစည်းနိုင်ဖို့ အနည်းဆုံး ခြောက်လလောက် ကြာလိမ့်မယ်လို့ ပြောထားတာပါ။

"ခုနစ်ချက်တီး ပါရမီရှင်ဆိုတာ တကယ်ပဲ နာမည်နဲ့လိုက်ဖက်တာပဲ"

လို့ မီးတောက်တိမ်တိုက် မသေမျိုးက သက်ပြင်းချလိုက်တယ်။

တာအိုဆရာ ယာက ဝင်ပြောတယ်။

"အဲ့ဒီနေ့က အကြီးအကဲ ကျင်းနန် လည်း ခုနစ်ချက်တီးပါရမီရှိတဲ့ မိန်းကလေးတစ်ယောက်ကို တပည့်အဖြစ် လက်ခံခဲ့သေးတယ်မဟုတ်လား သူမလည်း အခုဆို ပထမဆုံး မသေမျိုးသွေးကြောကို စုစည်းနိုင်လောက်ပြီ။"

"ဟုတ်တယ် သူမက မဟာရှက ဂရုဏာဂေဟာ ကပဲ"

လို့ အကြီးအကဲစူးက လက်ထဲက ကြက်မကြီးကို ကိုင်ထားရင်း ပြောလိုက်တယ်။

"ဒါနဲ့ ပြောရဦးမယ်၊ ဂရုဏာဂေဟာက နောက်ထပ် မိန်းကလေးတစ်ယောက်လည်း လမင်းပုန်းကွယ်ကျောင်းဆောင်ကို ဝင်သွားသေးတယ်၊ သူမလည်း တိုးတက်မှုတွေ ရှိနေလောက်ပြီ"

ဆဋ္ဌမမြောက် မင်းသမီးက ထိုမိန်းကလေးဟာ ဖန်ချင်းယောင် ဆိုတာ သိလိုက်ပြီး သူမရဲ့ လက်သီးကို မသိမသာ ဆုပ်လိုက်မိတယ်။

အရင်က နိမ့်ကျခဲ့တဲ့လူတွေ အားလုံးက သူမထက် ပိုသာနေကြတယ်

သူတို့ ကောင်းကင်တောင်ပိုင်းဂိုဏ်းရဲ့ တံခါးဝဆီ လျှောက်သွားရင်း ကျင့်ကြံခြင်းလောကမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို စကားစမြည် ပြောလာခဲ့ကြတယ်။

ရုတ်တရက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အကြောင်းအရာကို ပြောင်းလိုက်တယ်။

"ငါတို့ အင်ပါယာထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူ တစ်ယောက် ပေါ်လာတာ မင်းတို့ သိကြလား"

အားလုံး အံ့သြသွားကြတယ်။

"ဓားကျင့်ကြံသူ ဟုတ်လား"

အကြီးအကဲစူးက မျက်မှောင်ကြုတ်လိုက်တယ်။

"အဲ့ဒီလိုလူက အင်ပါယာထဲမှာ ဘယ်တုန်းက ပေါ်လာတာလဲ"

ထိုကျင့်ကြံသူက ခေါင်းခါပြတယ်။

"ငါလည်း သေချာမသိဘူး ဒါပေမဲ့ သူက ပင်လယ်နဂါးဂိုဏ်း ကို စော်ကားခဲ့တယ်လို့ ကြားတယ်"

ပင်လယ်နဂါးဂိုဏ်း

အားလုံးရဲ့ မျက်နှာတွေ တည်ကြည်သွားကြတယ်။

ပင်လယ်နဂါးဂိုဏ်းက မီးတောက်အင်ပါယာရဲ့ လက်အောက်ခံ မဟုတ်ပေမဲ့ သူတို့ရဲ့ ပင်လယ်ပိုင်နက်က ဒီနဲ့ သိပ်မဝေးပါဘူး။

"ပြီးတော့ရော"

တာအိုဆရာ ယာက မေးလိုက်တယ်။

"ပင်လယ်နဂါးဂိုဏ်းက ဓားကျင့်ကြံသူတစ်ယောက်နဲ့ အလွယ်တကူ ရန်ဖြစ်မှာ မဟုတ်ဘူး ဓားကျင့်ကြံသူတွေဆိုတာ လူရူးတွေလေ"

"'ပြီးတော့ရော ဆိုတာ ဘာကို ပြောတာလဲ ပင်လယ်နဂါးဂိုဏ်းက အထိနာခဲ့တယ်လို့ ကြားတယ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် သေသွားတယ်၊ တစ်ယောက်က အစိမ်းရောင်တောင် ကျွန်းသခင် ဖြစ်ပြီး နောက်တစ်ယောက်က နဂါးဖြတ်ကျော် ကျွန်းသခင် တဲ့"

အားလုံး အသက်ရှူမှားကုန်ကြတယ်။

မီးတောက်တိမ်တိုက် မသေမျိုးတောင် မယုံနိုင်ဖြစ်သွားတယ်။

"နဂါးဖြတ်ကျော်ကျွန်းသခင် သေသွားတာလား သူက အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်တောင် ရောက်နေတာကို"

"ငါကြားတာ မှန်ရင်တော့ ဟုတ်တယ် သူ သေသွားပြီ"

"မယုံနိုင်စရာပဲ နောက်ဆုံးအဆင့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်က ဒီအတိုင်း သေသွားတာလား ဓားကျင့်ကြံသူတွေကတော့ နာမည်နဲ့လိုက်အောင် စွမ်းတာပဲ သူတို့ကို မစော်ကားတာ အကောင်းဆုံးပဲ အားလုံးက လူရူးတွေချည်းပဲ"

အားလုံး ထိတ်လန့်သွားကြတယ်။

မကြာခင်မှာပဲ သူတို့ ဂိုဏ်းတံခါးဝကို ရောက်လာကြတယ်။

ကောင်းကင်တောင်ပိုင်းဂိုဏ်းရဲ့ တပည့်တွေက တန်းစီပြီး ကြိုဆိုနေကြပြီး အကြီးအကဲ ကျင်းနန်ကလည်း အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေကို ကြိုဆိုဖို့ ရောက်နေပါတယ်။

ရှယားယိ ဟာ တခြားတပည့်တွေနဲ့အတူ ရပ်နေတယ်။

"ဝိညာဉ်သားရဲတောင်ကြားက အကြီးအကဲစူး ရောက်လာပြီ"

လို့ သူက တိုးတိုးလေး ပြောလိုက်တယ်။

လျူဆွေဖုန်း နဲ့ ကျန်းထိုင်ချင်းရွှမ်း တို့ ချက်ချင်း မော့ကြည့်လိုက်ကြတယ်။

"ဒီလို ပုဂ္ဂိုလ်မျိုးတောင် စီနီယာအစ်ကိုရဲ့ ဂုဏ်ပြုပွဲကို လာတက်တယ်ဆိုတော့ သူ့နာမည်က အခုကစပြီး လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရှိနေတော့မှာပဲ"

လို့ ကျန်းထိုင်ချင်းရွှမ်းက တိုးတိုးလေး ပြောလိုက်တယ်။

ရှယားယိ က ခပ်ဖွဖွ ခေါင်းငြိမ့်ပြရင်း သူ့မျက်လုံးထဲမှာတော့ မနာလိုမှုတွေ ပြည့်နေတယ်။

သူလည်း ဘယ်တော့မှ အဲ့ဒီလို အဆင့်အတန်းမျိုး ရောက်မလဲဆိုတာ တွေးနေမိတယ်။

"အကြီးအကဲစူး တာအိုဆရာ ယာနဲ့ အားလုံးပဲ နောက်ဆုံးတော့ ရောက်လာကြပြီပဲ ကျွန်တော် စောင့်မျှော်နေတာပါ"

အကြီးအကဲ ကျင်းနန်က နွေးနွေးထွေးထွေး ကြိုဆိုလိုက်တယ်။

အားလုံးကလည်း ယဉ်ယဉ်ကျေးကျေး ပြန်လည်နှုတ်ဆက်ကြတယ်။

"သိပ်ပြီး ယဉ်ကျေးမနေပါနဲ့ အကြီးကဲယွီရဲ့ ဂုဏ်ပြုပွဲကို ငါတို့က မလာဘဲ နေပါ့မလား"

အကြီးအကဲ ကျင်းနန်က လူအားလုံးကို ဂိုဏ်းထဲကို ဖိတ်ခေါ်ဖို့ ပြင်လိုက်စဉ်မှာပဲ ကောင်းကင်ကနေ မှိန်ဖျော့တဲ့ အလင်းတန်းတစ်ခု ကျဆင်းလာပြီး သူတို့ရှေ့တည့်တည့်မှာ ဆင်းသက်လိုက်တယ်။

အလင်းတန်း ပျောက်ကွယ်သွားတဲ့အခါ ဆံပင်ဖြူဖြူနဲ့ အဖိုးအိုတစ်ယောက် ပေါ်လာတယ်။

အားလုံး ကြောင်အသွားကြတယ်။

ဒါ ဘယ်သူလဲ

သူက ဒီကို ပျံသန်းပြီး လာတာလား။ ဒါက ကောင်းကင်တောင်ပိုင်းဂိုဏ်းကို အကြီးအကျယ် စော်ကားတာပဲ

အကြီးအကဲ ကျင်းနန်ရဲ့ မျက်နှာက သတိထားတဲ့ အမူအရာ ဖြစ်သွားတယ် သူက

"လူကြီးမင်းက ဘယ်သူလဲဆိုတာ သိပါရစေ"

လို့ မေးလိုက်တယ်။

အဖိုးအိုရဲ့ နှုတ်ခမ်းတွေက ပြုံးယောင်သန်းသွားတယ်။

"ငါက မသေမျိုး ပင်လယ်နဂါး ပါ ဂျူနီယာ ယွီယွဲ့ဖန်ရဲ့ အဆင့်တက်ခြင်းကို ဂုဏ်ပြုဖို့ လာခဲ့တာ"

ဒါကို ကြားလိုက်ရတော့ အားလုံး အံ့အားသင့်ပြီး ခဏလောက် တောင့်ခဲသွားကြတယ်။

ပြီးမှ အလန့်တကြားနဲ့ အလျင်အမြန် အရိုအသေပေးလိုက်ကြတယ်။

မသေမျိုး ပင်လယ်နဂါး အဲ့ဒါက ပင်လယ်နဂါးဂိုဏ်းရဲ့ ရွှေအမြုတေ မျိုးဆက်ဟောင်း၊ ဂိုဏ်းတည်ထောင်သူပဲ ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးက ယွီယွဲ့ဖန်ကို ဂုဏ်ပြုဖို့ ကိုယ်တိုင်ကိုယ်ကျ လာတယ် ဟုတ်လား ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ ကိစ္စပဲ

အားလုံးရဲ့ ရင်တွေ တဒိတ်ဒိတ် ခုန်လာကြတယ်။

အင်ပါယာရဲ့ အမွှာဂုဏ်ဆောင်ထဲက တစ်ယောက်ဖြစ်တဲ့ ယွီယွဲ့ဖန်ဟာ ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးနဲ့ တိတ်တဆိတ် မိတ်ဖွဲ့ထားနိုင်တာပဲ

"မ...မသေမျိုး ပင်လယ်နဂါး အ...ထဲကို ကြွပါခင်ဗျာ"

ကျင်းနန်က တုန်တုန်ရင်ရင်နဲ့ ထပ်ခါတလဲလဲ အရိုအသေပေးရင်း ဖိတ်ခေါ်လိုက်တယ်။

ဒီလို ကျင့်ကြံသူမျိုး ပေါ်လာရင် တော်ဝင်မိသားစုတောင် အလန့်တကြား ဖြစ်သွားမှာပါ။

အဲ့ဒါက ရွှေအမြုတေအဆင့် ရဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းပါပဲ။

ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ဟာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အင်ပါယာတစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပါတယ်

မသေမျိုး ပင်လယ်နဂါးက ခပ်ဖွဖွပြုံးရင်း လူတိုင်းရဲ့ ခြံရံမှုနဲ့အတူ ကောင်းကင်တောင်ပိုင်းဂိုဏ်းထဲကို လျှောက်လှမ်းဝင်သွားတယ်။

"ဟူး..."

ရှယားယိက သူ့နဖူးပေါ်က ချွေးအေးတွေကို သုတ်လိုက်ပြီး လျူဆွေဖုန်းနဲ့ ကျန်းထိုင်ချင်းရွှမ်းကို ကြည့်ကာ ခါးခါးသီးသီး ပြုံးလိုက်တယ်။

"ဖိအားကတော့ အတော်ပဲဗျာ"

သူတို့နှစ်ယောက်လည်း အဲ့ဒီဖိအားကို ခံစားခဲ့ရတာကြောင့် ခေါင်းငြိမ့်ထောက်ခံလိုက်ကြတယ်။

မကြာခင်မှာပဲ တော်ဝင်မိသားစုက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေ ရောက်လာကြတယ်။

သူတို့ကို ကြိုဆိုဖို့ ကျင်းနန် မရှိတာကို တွေ့တော့ ဒေါသထွက်ဖို့ ပြင်လိုက်ကြပေမဲ့ သူက မသေမျိုး ပင်လယ်နဂါးကို ကြိုဆိုဖို့ သွားတာဆိုတာ သိလိုက်ရတဲ့အခါ သူတို့မျက်နှာတွေ မှင်သက်သွားကြတယ်။

ရှယားယိက ဧည့်သည်စာရင်းကို စစ်ဆေးလိုက်တယ်။

"ဧည့်သည်အားလုံး ရောက်ပြီလား"

ရှယားယိ ရဲ့ လက်ထဲက စာရင်းကို ကျန်းထိုင်ချင်းရွှမ်းက လှမ်းကြည့်ပြီး

"လမင်းပုန်းကွယ်ကျောင်းဆောင်က သီလရှင် ကျူးယွဲ့လည်း မရောက်သေးဘူး ချင်းကျိုးဓားဂိုဏ်းက ဂိုဏ်းချုပ် လုံထျန်းရှင်းလည်း မရောက်သေးဘူး"

လို့ မှတ်ချက်ပေးလိုက်တယ်။

ရုတ်တရက် လူရိပ်အချို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာတယ်။

အရှေ့က ဦးဆောင်လာသူကတော့ ငွေရောင်မျက်နှာဖုံးကို တပ်ထားပြီး ဆန်းပြားတဲ့ ပုံစံတွေပါတဲ့ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။

၂၇၈- ပြဿနာရှိလို့လား

"ချင်းကျိုးဓားဂိုဏ်းက လူတွေ ရောက်လာပြီ"

ရှယားယိ ရဲ့ မျက်လုံးတွေ လင်းလက်သွားပြီး ဧည့်ကြိုတပည့်တွေကို ဦးဆောင်ကာ ရှေ့ကို ထွက်လာခဲ့တယ်။

"ကြည်ညိုလေးစားရတဲ့ စီနီယာတို့ အတွင်းကို ကြွပါခင်ဗျာ"

ဖန်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်တယ်။ ရှယားယိ တစ်ယောက် အခြေအနေကောင်းပုံရပါတယ်။

"ဒီနေ့ တခြားဘယ်သူတွေ ရောက်နေသေးလဲ"

ဖန်ချန်က ခပ်ပေါ့ပေါ့ပဲ မေးလိုက်တယ်။

"အကြီးကဲ က ချင်းကျိုးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လုံထျန်းရှင်း လားခင်ဗျာ"

ရှာယွီက သတိထားပြီး မေးပါတယ်။

ချင်းကျိုးဓားဂိုဏ်းဟာ ချင်းကျိုးဒေသရဲ့ ထိပ်တန်းဂိုဏ်းဖြစ်ပြီး လုံထျန်းရှင်းက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်အဆင့်မှာ ရှိတာပါ။

သူတို့က ကောင်းကင်တောင်ပိုင်းဂိုဏ်း တပည့်တွေဖြစ်ပေမဲ့ သူ့ကို မလေးမစား မလုပ်ရဲကြပါဘူး။

"ဒါက ဂိုဏ်းချုပ် ဖန် ပါ"

ကျန့်ယွီ က ကြားဖြတ်ပြင်ပေးလိုက်တယ်။

"လုံထျန်းရှင်းကတော့ ရာထူးကနေ နုတ်ထွက်သွားပါပြီ"

ချင်းကျိုးဓားဂိုဏ်းက ဂိုဏ်းချုပ် အသစ်ပြောင်းသွားတာလား

လူတိုင်း အံ့သြသွားကြတယ်။

ရှယားယိ က သူတို့ကိစ္စတွေကို ဆက်မမေးရဲတော့ဘဲ ဖန်ချန်ကို ရောက်လာတဲ့ ဧည့်သည်စာရင်းကို အမြန်ပြလိုက်တယ်။

"ဒီနေ့ ဧည့်သည်တွေ အများကြီးလာကြတယ် ဂိုဏ်းချုပ်ဖန် ဒီစာရင်းကို တစ်ချက်လောက် ကြည့်ပေးပါဦး။"

ဖန်ချန် စာရင်းကို ကြည့်လိုက်တဲ့အခါ ရင်းနှီးတဲ့ နာမည်အတော်များများကို တွေ့လိုက်ရတယ်။

"ပင်လယ်နဂါး မသေမျိုး "

မျက်နှာဖုံးအောက်က ဖန်ချန်ရဲ့ မျက်နှာ ပျက်သွားတယ်။

"ပင်လယ်နဂါးဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူလား သူပါ ရောက်နေတာလား"

ရှယားယိ နဲ့ တခြားတပည့်တွေကတော့ ဂုဏ်ယူစွာနဲ့ ရင်ဘတ်ကို မော့လိုက်ကြတယ်။

ပင်လယ်နဂါးဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် ဘိုးဘေးကိုယ်တိုင် ယွီယွဲ့ဖန်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုဖို့ ရောက်လာတာဟာ ကောင်းကင်တောင်ပိုင်းဂိုဏ်း တပည့်တွေအတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ။

"ဟုတ်ပါတယ် ဂိုဏ်းချုပ်ဖန် စီနီယာ ပင်လယ်နဂါးက ယွီယွဲ့ဖန်ကို ဂုဏ်ပြုဖို့ ကိုယ်တိုင် ကြွရောက်လာတာပါ"

လို့ ရှယားယိ က ပြောလိုက်တယ်။

ကျန့်ယွီ နဲ့ အကြီးအကဲ နှစ်ယောက်လုံး အံ့သြလွန်းလို့ မှင်တက်သွားကြသလို ဝမ်းလည်း ဝမ်းသာသွားကြတယ်။

ဒဏ္ဍာရီလာ ပင်လယ်နဂါး မသေမျိုးကို ဒီနေ့ တွေ့ခွင့်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ

ဒါကတော့ နည်းနည်း ပိုခက်ခဲသွားပြီလို့ ဖန်ချန် တွေးလိုက်မိတယ်။

ပင်လယ်နဂါး မသေမျိုး ရောက်လာလိမ့်မယ်လို့ သူ ထည့်မတွက်ထားမိဘူး။

ယွီယွဲ့ဖန်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ဒီလောက်အထိ ရင်းနှီးလိမ့်မယ်လို့ သူ မထင်ထားခဲ့တာပါ။

ဒါပေမဲ့ နောက်ဆုတ်ဖို့တော့ မရှိတော့ဘူး။

ဒီအထိ ရောက်နေပြီပဲ။ သူ ခန့်မှန်းတာ မမှားဘူးဆိုရင် သူ့လက်ထဲက ဝှက်ဖဲဟာ ဘယ်အခြေအနေကိုမဆို ရင်ဆိုင်ဖို့ လုံလောက်ပါလိမ့်မယ်။

စီနီယာ ယွမ်ဟယ် ကျွန်တော့်ကို စိတ်မပျက်စေပါနဲ့။

ဝိညာဉ်တိုင်းတာတဲ့ ခေါင်းလောင်း ဖြစ်ရပ်တုန်းက စီနီယာယွမ်ဟယ် ပေါ်လာကတည်းက သူ့ကိုယ်ထဲမှာ သူနဲ့မဆိုင်တဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိနေသလို သူ အမြဲခံစားရတယ်။

အဲ့ဒါက စီနီယာယွမ်ဟယ်က လိုအပ်တဲ့အချိန်မှ ပေါ်လာဖို့ သူ့ကိုယ်ထဲမှာ ထည့်ပေးထားတာ ဖြစ်နိုင်ပါတယ်။

ဖန်ချန် ခဏလောက် တိတ်ဆိတ်သွားတာကို မြင်တော့ ရှယားယိ က လှမ်းခေါ်လိုက်တယ်။

"ဂိုဏ်းချုပ် ဖန်ချန်"

ဖန်ချန် ခေါင်းငြိမ့်လိုက်တယ်။

"သွားကြစို့"

ရှယားယိ က သူတို့ကို ဂိတ်တံခါးကနေ အထဲခေါ်သွားဖို့ ပြင်နေတုန်း ဖန်ချန်က ရှယားယီ ရဲ့ အကြည့်တွေက သူ့နောက်ကို ရောက်သွားပြီး မျက်နှာထားက ရုတ်တရက် ရိုသေကိုင်းရှိုင်းသွားတာကို သတိထားမိလိုက်တယ်။

"အင်ပါယာမိသားစုက အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူတွေ ရောက်လာပြီ ဂိုဏ်းချုပ်"

လို့ ကျန့်ယွီ က ဖန်ချန်ရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

သူတို့နောက်မှာ လူတစ်စုဟာ အေးအေးဆေးဆေး လမ်းလျှောက်လာကြတယ်။

အရှေ့ဆုံးက ခေါင်းဆောင်လို့ ယူဆရတဲ့သူဟာ ခရမ်းရောင် မြွေနဂါးဝတ်ရုံ ကို ဝတ်ဆင်ထားပြီး ခန့်ညားထည်ဝါတဲ့ အရှိန်အဝါ ရှိပါတယ်။

"ခြောက်ယောက်မြောက် မင်းသား ရောက်လာပြီပဲ ကြွပါခင်ဗျာ အတွင်းကို ကြွပါ"

လို့ ရှယားယိက ရိုရိုသေသေ ဆီးကြိုလိုက်တယ်။

"အင်း"

ခြောက်ယောက်မြောက် မင်းသားက ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်တယ်။

သူ့လူတွေကို ခေါ်ပြီး ဂိတ်တံခါးကနေ ဝင်လာရင်း ရုတ်တရက် ခြေလှမ်းတွေ ရပ်သွားပြီး သူ့ရဲ့ အကြည့်က ဖန့်ချန်ဆီ ကျရောက်သွားတယ်။

မင်းသား လျူ က ဇဝေဇဝါ ဖြစ်သွားပုံရတယ်။

"မင်းက..."

ဒီကျင့်ကြံသူကို သူ ဘာလို့ အရင်က မတွေ့ဖူးတာလဲ

သူ့ဘေးက လူအနည်းငယ်ကိုတော့ သူ မှတ်မိပါတယ်။ သူတို့က ချင်းကျိုးဓားဂိုဏ်းက အဆင့် ၁၂ ချီသန့်စင်ခြင်း အဆင့် အကြီးအကဲတွေ မဟုတ်လား။

ရှယားယိကပဲ ကြားက ဖြေပေးလိုက်တယ်။

"ဒါက ချင်းကျိုးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖန့် ပါခင်ဗျာ"

ခြောက်ယောက်မြောက် မင်းသားရဲ့ မျက်နှာ ညိုမှောင်သွားပြီး ဖန်ချန်ကို အေးစက်စက် စိုက်ကြည့်လိုက်တယ်။

"လုံထျန်းရှင်းက ဂိုဏ်းချုပ် မဟုတ်ဘူးလား"

"လုံထျန်းရှင်းက အနားယူသွားပါပြီ အခု ဂိုဏ်းကို ကျုပ်ပဲ တာဝန်ယူထားတာပါ အဲ့ဒါက ပြဿနာရှိလို့လား မင်းသား"

လို့ ဖန်ချန်က ပြုံးရင်း ပြန်ဖြေလိုက်တယ်။

ဖန်ချန်ရဲ့ လေသံကြောင့် မင်းသား ခဏလောက် မှင်တက်သွားတယ်။

သူက မင်းသားကို လုံးဝ ကြောက်ရွံ့ပုံ မရပါဘူး။

"စိတ်ဝင်စားစရာပဲ"

လို့ မင်းသားက တိုးတိုးလေး ရေရွတ်ပြီး ဂိတ်တံခါးထဲကို ဆက်ဝင်သွားတယ်။

သူ့အတွက်တော့ ဖန်ချန်နဲ့ ထပ်ပြီး မပတ်သက်ခင်မှာ သူ့အကြောင်းကို ပိုသိအောင် အရင်စုံစမ်းတာက ပိုပြီး ပညာရှိရာ ရောက်ပါလိမ့်မယ်။

ကျန့်ယွီနဲ့ တခြားအကြီးအကဲတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခိုးကြိတ်ဝမ်းသာနေကြတယ်။

ငါတို့ဂိုဏ်းချုပ်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ

လို့ သူတို့အားလုံး တစ်ပြိုင်နက်တည်း တွေးလိုက်မိကြတယ်။

သူတို့ဂိုဏ်းချုပ်ဟာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို အနိုင်ယူနိုင်တာတင် မကဘူး၊ အခု ခြောက်ယောက်မြောက် မင်းသားကိုတောင် အရှိန်အဝါ မပျက်ဘဲ ရင်ဆိုင်နိုင်တာပဲ။

သူက တကယ့်ကို ထူးခြားတဲ့သူပါပဲ

ကောင်းကင်တောင်ပိုင်းဂိုဏ်းထဲကို ရောက်တဲ့အခါ ဧည့်သည်တွေကို ကြိုဆိုဖို့ တာဝန်ကျတဲ့ တပည့်တစ်ယောက်က သူတို့ကို ကွင်းပြင်ကျယ်ကြီးဆီ ခေါ်သွားတယ်။

ကွင်းပြင်ထဲမှာ ကျောက်စိမ်းစင်မြင့် တွေ အများကြီးရှိပြီး စင်မြင့်တစ်ခုစီမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ သူတို့ ခေါ်လာတဲ့ ချီသန့်စင်ခြင်းအဆင့် တပည့်တွေ ထိုင်နေကြတာကြောင့် အတော်လေး စည်ကားနေပါတယ်။

လူတိုင်းက စကားတွေ တပြောပြောနဲ့ မိတ်ဆွေသစ်တွေ ဖွဲ့ကြ၊ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံကြနဲ့ ဆူညံနေတာပါပဲ။

ချင်းကျိုးဓားဂိုဏ်းက အတော်လေး အင်အားတောင့်တင်းတာကြောင့် သူတို့ရဲ့ ထိုင်ခုံနေရာက အရှေ့နားမှာ ရှိပါတယ်။

ကျန့်ထိုင်ချင်းရွှမ်း က ဖန်ချန်နဲ့ တခြားသူတွေကို သူတို့နေရာဆီ ခေါ်သွားတဲ့အခါ ကျင့်ကြံသူ အများအပြားရဲ့ အကြည့်တွေက ဖန့်ချန်ဆီ ကျရောက်လာတယ်။

"အဲ့ဒါ လုံထျန်းရှင်းလား"

"မဟုတ်ဘူး သူက လူပုံအလယ်မှာ မျက်နှာဖုံး စွပ်ထားမှာ မဟုတ်ဘူး"

"ထူးဆန်းတာပဲ ဒါဆို အဲ့ဒါ ဘယ်သူလဲ"

သံသယဝင်နေကြတဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ အများအပြားက တိုးတိုးတိတ်တိတ် ပြောဆိုနေကြတယ်။

လယ်သမားမလေးလို ဝတ်ဆင်ထားတဲ့ အမျိုးသမီးက ဖန့်ချန်ကို ခဏလောက် စိုက်ကြည့်ပြီး မျက်ခုံးအနည်းငယ် တွန့်သွားတယ်။

တစ်ဖက်မှာတော့ တခြားသူတွေနဲ့ စကားဖောင်ဖွဲ့နေတဲ့ တာအိုဆရာ ယာ ဟာလည်း ထိတ်လန့်စရာ သတင်းတစ်ခု ကြားလိုက်ရသလိုမျိုး ဖန့်ချန်ကို အံ့သြတကြီး လှမ်းကြည့်လိုက်တယ်။

"တာအိုဆရာ ယာ၊ ဒီကို ခဏလာပါဦး"

လို့ အကြီးအကဲ စူး က အသံလွှင့်ပြီး ခေါ်လိုက်တယ်။

တာအိုဆရာ ယာက ချက်ချင်းပဲ သူမဆီကို လျှောက်သွားလိုက်ပြီး သူ့နောက်မှာ မီးတိမ်မသေမျိုး နဲ့ တခြားသူတွေလည်း လိုက်သွားကြတယ်။

"သူက ဘယ်သူလဲဆိုတာ မင်းတို့ သိချင်ကြလား"

လို့ တာအိုဆရာ ယာက အသံတိုးတိုးနဲ့ မေးလိုက်တယ်။

အကြီးအကဲ စူးက သူမလက်ထဲက ကြက်မကြီးကို ကိုင်ထားရင်း သူ့ကို စိုက်ကြည့်လိုက်တယ်။

"စကားတွေကို လှည့်ပတ်မနေဘဲ တည့်တည့်ပြောစမ်းပါ"

တာအိုဆရာ ယာက ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်ပြီး အသံကို ပိုနှိမ့်လိုက်တယ်။

"ငါတို့ ခုနက ပြောနေတဲ့ ဓားကျင့်ကြံသူအကြောင်း မှတ်မိလား ငါ့သူငယ်ချင်းတစ်ယောက် ပြောပြတာက အဲ့ဒီဓားသမားဟာ ဟင်းလင်ပြင်မြို့တော်မှာ ပေါ်လာပြီး ပင်လယ်နဂါးဂိုဏ်းက အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ရုံတင်မကဘူး လုံထျန်းရှင်းရဲ့ ရာထူးကိုပါ သိမ်းပိုက်လိုက်တာတဲ့"

လူတိုင်း ထိတ်လန့်တကြား အသက်ရှူမှားကုန်ကြပြီး သူတို့ရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားတယ်။

သူက ပင်လယ်နဂါးဂိုဏ်းက ကျွမ်းကျင်သူကို သတ်ခဲ့တဲ့သူလား ဒါဆို ပင်လယ်နဂါး မသေမျိုးက ဒီဓားသမားကို ကလဲ့စားချေဖို့ ရောက်လာတာလား

ဒါပေမဲ့ ပင်လယ်နဂါး မသေမျိုးက အခုလောလောဆယ် ဒီမှာ မရှိသေးတာကြောင့် သူတို့ ဒါကို အတည်မပြုနိုင်ကြသေးပါဘူး။

မီးတိမ်မသေမျိုး ဘေးမှာ ထိုင်နေတဲ့ ခြောက်ယောက်မြောက် မင်းသမီးလေးကတော့ ဖန့်ချန်ကို မနာလိုစိတ်နဲ့ တောင့်တတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေတယ်။

သူမအတွက်တော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဟာ တကယ့် နတ်ဘုရားတွေလိုပါပဲ။

အဲ့ဒီအထဲမှာမှ နောက်ဆုံးအဆင့် ကျွမ်းကျင်သူတွေကို သတ်နိုင်တဲ့သူဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။

အဲ့ဒီအချိန်မှာပဲ ကျင်းနန်က အဝေးကနေ သူတို့ဆီ လျှောက်လာတယ်။

"အားလုံးပဲ ခွင့်လွှတ်ကြပါဦး"

လို့ သူက အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်။

သူက ပင်လယ်နဂါး မသေမျိုးကို ကောင်းကင်တောင်ပိုင်းဂိုဏ်းရဲ့ အခြေခံတည်ဆောက်ခြင်း မဟာပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတဲ့ ဘိုးဘေးနဲ့ တွေ့ဆုံဖို့ ခေါ်သွားပေးခဲ့တာပါ။

သူက သူတို့နဲ့အတူ ထိုင်ဖို့ အဆင့်မမှီတာကြောင့် အခုမှ ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ပြန်လာတာ ဖြစ်ပါတယ်။

"အကြီးအကဲ ကျင်းနန်၊ ချင်းကျိုးဓားဂိုဏ်းက ဂိုဏ်းချုပ် ပြောင်းသွားတာ ရှင် သိလား"

လို့ အကြီးအကဲ စူးက တိုးတိုးလေး မေးလိုက်တယ်။

ကျင်းနန်က ချက်ချင်း ပြန်မဖြေဘဲ အံ့သြသွားပုံရတယ်။

"ဟုတ်လို့လား"

ကောင်းကင်တောင်ပိုင်းဂိုဏ်းက အဲ့ဒီသတင်းကို မရသေးပါဘူး။

သူက ကွင်းပြင်ကြီးကို လှည့်ပတ်ကြည့်လိုက်တဲ့အခါ ချင်းကျိုးဓားဂိုဏ်းအတွက် သတ်မှတ်ထားတဲ့ နေရာမှာ ထိုင်နေတဲ့သူကို မြင်ပြီး မှင်တက်သွားတယ်။

"ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ"

ကျင်းနန်ရဲ့ တုံ့ပြန်မှုကြောင့် အကြီးအကဲ စူးနဲ့ တခြားသူတွေ အံ့အားသင့်သွားကြတယ်။

ကျင်းနန်က မျက်နှာဖုံးစွပ်ထားတဲ့ ဓားကျင့်ကြံသူကို သိနေတာ ထင်ရှားပါတယ်။

ကျင်းနန်က သူတို့ကို ဘာမှ ပြန်မပြောတော့ဘဲ ဖန့်ချန်ဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်တယ်။

ကျန့်ယွဲ့နဲ့ တခြားသူတွေကို ခဏကြည့်ပြီးနောက် ကျင်းနန်က ဖန့်ချန်ဘက် လှည့်လိုက်တယ်။

"မိတ်ဆွေ ဖန့် ဒါတွေက ဘာဖြစ်တာလဲ"

လို့ သူက ဇဝေဇဝါနဲ့ မေးလိုက်တယ်။

အခုတော့ မီးတိမ်မသေမျိုးနဲ့ တခြားသူတွေဟာ ကျင်းနန်က ဒီဓားကျင့်ကြံသူကို တကယ်သိတယ်ဆိုတာ အသေအချာ သိသွားကြပါပြီ။

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်တယ်။

"ဘာကို ဆိုလိုတာလဲ အကြီးအကဲ ကျင်းနန် ကျုပ် ကို အကြီးကဲယွီ က ဖိတ်ကြားထားလို့ လာခဲ့တာလေ"

ကျင်းနန်က မျက်မှောင်ကြုတ်ပြီး ထူးဆန်းတဲ့ မျက်နှာထားနဲ့

"အဲ့ဒါကတော့ ဟုတ်ပါပြီ ဒါပေမဲ့ မင်းက ဘာလို့ ချင်းကျိုးဓားဂိုဏ်းနဲ့အတူ ဒီကို ရောက်နေရတာလဲ"

All Chapters