← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း ၂၈၇ - ပင်လယ်နဂါးဂိုဏ်းကိုယ်စား ဆောင်ရွက်ခြင်း

ငါ့ရဲ့ အခြေခံကို မြှင့်တင်နိုင်မယ့် နည်းလမ်းကို ရှာရမယ် ဒါမှ အာဏာ၏အရင်းအမြစ် အဆင့်ကို ရောက်နိုင်မှာ ဟု ဖန့်ချန် တွေးလိုက်သည်။

ထိုအချိန်တွင် ဓားငယ်လေး ၏ အတွေးများက ဖန့်ချန်၏ စိတ်ထဲသို့ စီးဝင်လာသည်။

"ဖန်းချန်လေး မင်းသာ တတိယအဆင့် ဓားခန္ဓာကိုယ် ကို တက်လှမ်းနိုင်ရင် မင်းရဲ့ အခြေခံက သိသိသာသာ တိုးတက်လာလိမ့်မယ်"

ဖန်းချန် အံ့အားသင့်သွားသည်။

တကယ်လား

"ဓားခန္ဓာကိုယ်ဆိုတာကလည်း အခြေခံအမျိုးအစားတစ်ခုပဲလေ ဒါကြောင့် မသေမျိုးသွေးကြောတွေကို သဘာဝအတိုင်း သက်ရောက်မှုရှိတယ်"

ဟု ဓားငယ်လေးက ပြန်ဖြေသည်။

ဖန်းချန် သဘောပေါက်သွားသည်။

သူ၏ ကျင့်ကြံမှု လျင်မြန်နေခြင်းမှာ သူ၏ ထူးကဲစွမ်းအားကြီးမားသော ဝိညာဉ်ကြောင့်ဖြစ်ပြီး သူ၏ပါရမီမှာ ထူးထူးခြားခြားကြီး မဟုတ်သည်ကို သူကိုယ်တိုင် သိထားသည်။

သူသည် အဘယ်ကြောင့် ထိုမျှ စွမ်းအားကြီးမားသော အခြေခံ စတ္တုထ အဆင့် ရွှေ ကို စုဆောင်းနိုင်ခဲ့သနည်းဆိုသော် ၎င်းမှာ သူ၏ ဒုတိယအဆင့် ဓားခန္ဓာကိုယ်ကြောင့် ဖြစ်နိုင်ပေသည်။

"တတိယအဆင့် ဓားခန္ဓာကိုယ်ကို ရောက်ပြီး အခြေခံကို အာဏာ၏အရင်းအမြစ် အထိ မြှင့်တင်ပြီးရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကို တက်လှမ်းဖို့ ငါ ကြိုးစားတော့မယ်"

ဟု ဖန်းချန် ဆုံးဖြတ်လိုက်သည်။

အခြားကျင့်ကြံသူများ ဆယ်စုနှစ်ချီ၊ ရာစုနှစ်ချီ ကြိုးစားရမည့်အရာကို သူက တစ်နှစ်အတွင်း လုပ်နိုင်ခဲ့သဖြင့် သူ၏ အခြေခံကို တတ်နိုင်သမျှ သန့်စင်ရန် အချိန်ပိုရှိနေသည်။

ထို့အပြင် ဤအချိန်ကို အခြေခံတည်ဆောက်ခြင်းဆေးလုံးများ ပြင်ဆင်ရန်အတွက်လည်း အသုံးပြုနိုင်သည်။

အဖြူရောင် ဆိပ်ကမ်း

ဟွမ် နှင့် လျို မိသားစုများ ဆိပ်ကမ်းတွင် လာပြီး ပိတ်ဆို့ ကတည်းက စီးပွားရေးမှာ သိသိသာသာ ထိုးဆင်းသွားခဲ့သည်။

ပိုင် မိသားစုနှင့် ရင်းနှီးသော သင်္ဘောအနည်းငယ်သာ လာရောက်ဆိုက်ကပ်တော့သည်။

သို့သော် ယနေ့ ဆိပ်ကမ်း၏ အခြေအနေမှာ ပုံမှန်နှင့် မတူပေ။

ဟွမ်နှင့် လျိုမိသားစုမှ ကျင့်ကြံသူများသည် ဆိပ်ကမ်းတစ်ဝိုက်တွင် ပျံ့နှံ့နေပြီး ဆိုက်ကပ်လာသော သင်္ဘောများကို တားဆီးကာ သံသယဖြစ်ဖွယ် မေးခွန်းများ မေးမြန်းနေကြသည်။

မလှမ်းမကမ်းတွင် ပိုင်မိသားစုခေါင်းဆောင်သည် အခြားမိသားစုနှစ်စု၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် လူတစ်စုကို ဦးဆောင်လာသည်။

အငွေ့အသက်မှာ အလွန်တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။

"ဟွမ်လင်းယွဲ့ "

ပိုင်မိသားစုခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ့မိသားစုရဲ့ ဆိပ်ကမ်းကို ပိတ်ဆို့ဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"

ပိုင်ချန်ချန် နှင့် အခြားသူများမှာလည်း မျက်နှာပျက်နေကြသည်။

ဟွမ်လင်းယွဲ့က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း ဆိပ်ကမ်းကို တစ်ချက်ကြည့်ကာ ရယ်လိုက်သည်။

"ငါ့မှာ အဲ့ဒီလိုလုပ်ဖို့ အခွင့်အရေးမရှိတာ မှန်ပါတယ် ဒါပေမဲ့ ငါက ပင်လယ်နဂါးဂိုဏ်း ကိုယ်စား အဲ့ဒီဓားကျင့်ကြံသူရဲ့ နောက်ကြောင်းကို စုံစမ်းပေးနေတာပါ"

လျိုမိသားစုခေါင်းဆောင်က နှာခေါင်းရှုံ့ကာ

"ဘာလဲ မင်းက မကျေနပ်လို့လား ဒါမှမဟုတ် ကောလာဟလတွေအတိုင်း မင်းတို့မိသားစုက အဲ့ဒီဓားကျင့်ကြံသူနဲ့ ပတ်သက်နေတာလား"

ပိုင်မိသားစုဝင်များမှာ ဒေါသထွက်သွားကြသည်။ ၎င်းမှာ သူတို့အပေါ် အပြစ်ပုံချရန် သိသိသာသာ ကြိုးစားနေခြင်းပင်

"အစားကို ဖြစ်သလိုစားလို့ရပေမဲ့ စကားကိုတော့ ဖြစ်သလိုပြောလို့မရဘူး ငါတို့မှာ ဘယ်ဓားကျင့်ကြံသူနဲ့မှ ပတ်သက်မှုမရှိဘူး"

ဟု ပိုင်မိသားစုခေါင်းဆောင်က တည်ငြိမ်စွာ ပြန်ပြောသည်။

"ဓားသမားတစ်ယောက်က မင်းတို့ရဲ့ ကြာစေ့ကို လုသွားတာ ငါသိတယ် ဒါပေမဲ့ အဲ့ဒါက ငါတို့ကို လာပြီး ရန်ရှာရမယ့် အကြောင်းပြချက် မဟုတ်ဘူး"

" ငါသတိပေးလိုက်မယ် မင်းတို့လူတွေကို ခေါ်ပြီး ထွက်သွားဖို့ မင်းတို့မှာ (၁၀) မိနစ်ပဲရှိတယ် ငါ့နယ်မြေထဲကို နောက်တစ်ခါ ခြေမချနဲ့ မဟုတ်ရင် ငါတို့ရဲ့ ဘိုးဘေးကို ကျင့်ကြံခြင်းကနေ ထွက်လာဖို့ ဖိတ်ခေါ်ရလိမ့်မယ်"

ဟွမ်လင်းယွဲ့က ရုတ်တရက် ရယ်မောလိုက်ပြီး လျိုမိသားစုခေါင်းဆောင်ကလည်း အလွန်ကျေနပ်နေသည့်ပုံစံ ရှိနေသည်။

ထိုအမူအရာကို မြင်သောအခါ ပိုင်မိသားစုဝင်များမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

သို့သော် ရုတ်တရက် သူတို့၏ နေအိမ်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှစ်ခု ထွက်ပေါ်လာပြီးနောက် အခြားအရှိန်အဝါတစ်ခုနှင့် ရောယှက်သွားသည်ကို ခံစားလိုက်ရသည်။

ပိုင်မိသားစုခေါင်းဆောင်၏ မျက်နှာမှာ ပျက်သွားသည်။

"ဘာတွေဖြစ်နေတာလဲ"

ဟွမ်လင်းယွဲ့က မရေမရာ ပြုံးလိုက်သည်။

"မင်းရဲ့ ဘိုးဘေးကို ဖိတ်ခေါ်ချင်တယ် မဟုတ်လားမင်း ဒုက္ခခံနေစရာ မလိုတော့ပါဘူး ငါတို့ရဲ့ ဘိုးဘေးနှစ်ယောက်က မင်းတို့ဘိုးဘေးနဲ့ အသိဟောင်းတွေမို့လို့ သွားပြီး ဖိတ်ခေါ်ပေးနေကြပြီလေ"

လူအုပ်ကြီးမှာ အံ့အားသင့်သွားသည်။

"ဘာ "

"အဲ့ဒီ ကြောက်စရာကောင်းတဲ့ အရှိန်အဝါနှစ်ခုက ဟွမ်နဲ့ လျိုမိသားစုရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ဘိုးဘေးတွေဆီကလား"

သူတို့က ဒီကို... လုပ်ဖို့ လာတာလား

ပိုင်မိသားစုခေါင်းဆောင်၏ မျက်နှာမှာ မည်းမှောင်သွားသည်။

"မင်းတို့ ငါတို့ကို စစ်ကြေညာနေတာလား"

ပိုင်ချန်ချန် နှင့် အခြားသူများမှာ အံ့အားသင့်မှုနှင့်အတူ ဒေါသများ ထွက်လာကြသည်။

ထိုလူနှစ်ယောက်က သူတို့မိသားစုကို အမြစ်ပြတ်အောင် သတ်ဖို့ ရောက်လာကြတာလား

"စစ်လား"

ဟွမ်လင်းယွဲ့က မျက်လုံးမှေးကာ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး ဒါက ငါတို့အတွက် အမဲလိုက်ပွဲတစ်ခုသက်သက်ပါပဲ"

ရုတ်တရက် ကောင်းကင်မှ လူရိပ်တစ်ခု ဆင်းသက်လာသည်။ သူသည် မတည်မငြိမ်ဖြင့် အောက်သို့ဆင်းလာပြီး ခက်ခဲစွာ ရပ်လိုက်ရသည်။

ထိုသူမှာ မျက်နှာတွင် တွန့်လိပ်နေသော အရေပြားများဖြင့် အလွန်အိုမင်းနေသော ပုံစံရှိသည်။ ပါးစပ်ထောင့်တွင် သွေးစများ ရှိနေပြီး အလွန်အံ့အားသင့်ကာ ဒေါသထွက်နေသည့်ပုံပင်။

"ဘိုးဘေး"

ပိုင်မိသားစုခေါင်းဆောင်က သူ့ကို တွဲရန် အမြန်ပြေးသွားသည်။

ပိုင်ချန်ချန် နှင့် အခြားသူများမှာ စိတ်ဓာတ်ကျသွားကြသည်။

ဘိုးဘေး၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူသည် အသာမရသည့်အပြင် ဒဏ်ရာပင် ရခဲ့သည်မှာ ထင်ရှားနေသည်။

ထို့နောက် စိမ်းဖန့်ဖန့် အလင်းတန်းနှစ်ခု ကျဆင်းလာပြီး လူအိုကြီးနှစ်ဦး ပေါ်လာသည်။

တစ်ဦးက ဟွမ်လင်းယွဲ့ ဘေးတွင်ရပ်ပြီး ကျန်တစ်ဦးက လျိုမိသားစုခေါင်းဆောင် ဘေးတွင် ရပ်လိုက်သည်။

"ဘိုးဘေး"

ဟု ဟွမ်နှင့် လျိုမိသားစု ကျင့်ကြံသူများက သူတို့၏ ဘိုးဘေးအသီးသီးကို နှုတ်ဆက်ကြသည်။

"ဟွမ်အိုကြီး... လျိုအိုကြီး"

ပိုင်မိသားစုဘိုးဘေးက ပါးစပ်ထောင့်မှ သွေးများကို သုတ်ရင်း လေးလံသော အသံဖြင့် ခေါ်လိုက်သည်။

"မင်းတို့က ဒီနေ့ ငါတို့ကြားက ဆက်ဆံရေးအားလုံးကို အကုန်ဖြတ်တောက်ပစ်တော့မှာလား ငါတို့မိသားစုရဲ့ အောက်ခြေလူတွေ တိုက်ခိုက်ကြတာက ထားပါတော့ ဘာလို့ ငါတို့သုံးယောက်ကြားမှာ ဒီအဆင့်ထိ ရောက်ရတာလဲ"

ပိုင်မိသားစု ကျင့်ကြံသူများမှာ ကြောက်ရွံ့မှုများ ဝင်လာကြသည်။

သူတို့ဘိုးဘေးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင် ရှိသော်လည်း အခြားမိသားစုနှစ်စု၏ ဘိုးဘေးများကလည်း ထိုအဆင့်တွင်ပင် ရှိကြသည်။

တစ်ချက်မှားလျှင် သူတို့မိသားစု တစ်ခုလုံး မျိုးတုံးသွားနိုင်သည်။

ဟွမ်မိသားစုဘိုးဘေးက ပြုံးလျက်

"ပိုင်အိုကြီး ငါတို့က ဆက်ဆံရေးကို ဖြတ်တောက်တာ မဟုတ်ပါဘူး မင်းတို့မိသားစုက ပင်လယ်နဂါးဂိုဏ်းကို သွားစော်ကားမိတာလေ"

"ငါတို့ ဒီဒေသမှာ ဆက်ပြီး ရပ်တည်ချင်ရင် ပင်လယ်နဂါးဂိုဏ်းနဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းထားဖို့က အလွန်အရေးကြီးတယ်"

ဟု ဆိုသည်။

လျိုမိသားစုဘိုးဘေးကလည်း အလားတူပြုံးလျက်

"အတိအကျပဲ ဒီဒေသက အင်ပါယာရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ပင်လယ်နဂါးဂိုဏ်းရဲ့ စကားကပဲ ဥပဒေဖြစ်ပြီး အားလုံးက လိုက်နာရမှာ"

"ငါတို့သာ ဒီစည်းကမ်းတွေကို မလိုက်နာရင် ငါတို့အတွက် နာကျင်စရာကောင်းတဲ့ ရလဒ်တွေပဲ ရလိမ့်မယ်"

ဟု ဖြည့်စွက်ပြောသည်။

ပိုင်မိသားစုဘိုးဘေးမှာ ခေတ္တတိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ တစ်ခုလောက် မေးပါရစေ တကယ်လို့ ငါတို့ ဒီကနေ တခြားကို ပြောင်းရွှေ့သွားမယ်ဆိုရင် မင်းတို့ ငါတို့ကို လွှတ်ပေးမလား"

ပိုင်မိသားစုခေါင်းဆောင်မှာ အံ့အားသင့်သွားသည်။

"ဘိုးဘေး"

ဤနေရာမှာ ပိုင်မိသားစု၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပင်လယ်ရှိသောကြောင့်သာ သူတို့မိသားစု ကြီးပွားလာခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်စွမ်းအင်ရှိသော မြေနေရာ သို့မဟုတ် ဝိညာဉ်စမ်းရေတွင်းရှိသော နေရာတိုင်းမှာ အခြားဂိုဏ်းများနှင့် မိသားစုများက သိမ်းပိုက်ထားပြီး ဖြစ်သဖြင့် သူတို့ ဘယ်မှာသွားနေရမည်နည်း။

အကယ်၍ ဖြစ်သလိုနေရာတွင် သွားနေလျှင် ရေရှည်တွင် မိသားစုမှာ ဆုတ်ယုတ်လာပြီး ကျင့်ကြံသူများ ထွက်ပေါ်လာတော့မည် မဟုတ်ပေ။

ပိုင်မိသားစုဘိုးဘေးက မိသားစုခေါင်းဆောင်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ထို့နောက် ဘိုးဘေးနှစ်ဦးဘက်သို့ ပြန်လှည့်လိုက်သည်။

"ပင်လယ်နဂါးဂိုဏ်းသာ မပါဝင်ဘူးဆိုရင် အဲ့ဒါက ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပါလိမ့်မယ် ဒါပေမဲ့ သူတို့ ပါနေတယ်လေ ငါတို့က မင်းတို့ကို လွှတ်ပေးလိုက်တယ်ဆိုတာကို ပင်လယ်နဂါးဂိုဏ်းက သိသွားရင် ငါတို့ အဲ့ဒီနောက်ဆက်တွဲ အကျိုးဆက်တွေကို ခံနိုင်မှာ မဟုတ်ဘူး"

လျိုမိသားစုဘိုးဘေးက သက်ပြင်းတစ်ချက်ချလိုက်သည်။

"မင်း အဲ့ဒီဓားကျင့်ကြံသူကို ကြာစေ့အကြောင်း လုံးဝမပြောခဲ့သင့်ဘူး ဒါက တကယ်တော့ မင်းတို့ရဲ့ အမှားပဲ"

ပိုင်မိသားစုဝင်များမှာ အလွန်ဒေါသထွက်သွားကြသည်။

သူတို့သည် ပင်လယ်နဂါးဂိုဏ်းကို အကြောင်းပြကာ သူတို့မိသားစုကို ဖယ်ရှားရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

ဘေးပတ်ဝန်းကျင်ရှိ သင်္ဘောကပ္ပတိန်များနှင့် ကုန်သည်များမှာ မျက်နှာပျက်လျက် ကြည့်နေကြသည်။

သတ္တိရှိသော ကပ္ပတိန်တစ်ဦးက

"ကျွန်တော်တို့က ဒီမှာ ခဏလာဆိုက်တာပါ ပိုင်မိသားစုနဲ့ ဘာမှမပတ်သက်ပါဘူး ဒါက ကျွန်တော်တို့နဲ့ မဆိုင်ဘူး မဟုတ်လား"

ဟု မေးလိုက်သည်။

ဟွမ်မိသားစုဘိုးဘေးက သူ့ကို တစ်ချက်ကြည့်က

"မင်းတို့က ဒီနေ့ကစပြီး ငါတို့နဲ့ လျိုမိသားစုရဲ့ ဆိပ်ကမ်းမှာပဲ လာဆိုက်မယ်ဆိုရင် စိတ်မပူပါနဲ့၊ မင်းတို့နဲ့ ဘာမှမဆိုင်ဘူး"

ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကပ္ပတိန်များမှာ သက်ပြင်းချနိုင်သွားကြသည်။

ပိုင်မိသားစုခေါင်းဆောင်၏ မျက်နှာမှာ မည်းမှောင်နေသည်။

"ဒါဆို မင်းတို့က ငါတို့ကို လုံးဝ လွတ်လမ်းမပေးတော့ဘူးပေါ့ ငါ့ကိုသတ်ဖို့အတွက် မင်းတို့လည်း တန်ဖိုးကြီးကြီးပေးရမယ်ဆိုတာ မသိဘူးလား"

"တန်ဖိုးပေးရမယ်ဆိုတာ ငါတို့သိတာပေါ့ ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါတို့ အဲ့ဒါကို ပေးနိုင်ပါတယ်"

ဟု ဘိုးဘေးတစ်ဦးက ရယ်မောလျက် ပြောလိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်များ စတင်မြင့်တက်လာသည်။

"ဒီနေ့ကစပြီး ပိုင်မိသားစုဆိုတာ ရှိတော့မှာ မဟုတ်ဘူး"

ဘိုးဘေးနှစ်ဦး တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် လူတိုင်းက အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသဖြင့် ရပ်တန့်သွားကြသည်။

"ပင်လယ်နဂါးဂိုဏ်းကိုသွားမယ့် သင်္ဘောကပ္ပတိန်တွေ ရှိလား"

ထိုသူမှာ ဝိညာဉ်သန့်စင်ခြင်းအဆင့် (၁၂) တွင် ရှိသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ့နောက်တွင်လည်း ကျင့်ကြံသူတစ်စု ပါလာသည်။

အခန်း ၂၈၈ - ဘယ်သူက အကြီးအကဲလဲ

အားလုံးမှာ အံ့အားသင့်သွားကြပြီး အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြသည်။

ဟွမ် မိသားစုနှင့် လျို မိသားစုဝင်များမှာ အလွန်ဒေါသထွက်သွားကြသည်။

ယခုလိုအချိန်မျိုးမှာ သင်္ဘောစီးဖို့ လာပြောနေရအောင် ဘယ်သူကများ ဒီလောက်တုံးအ တာလဲ

ဟွမ်လင်းယွဲ့ က လှောင်ပြုံးပြုံးရင်း သူတို့ကို နောက်ပြောင်ရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့ ပင်လယ်နဂါးဂိုဏ်း ကိုသွားမယ့် သင်္ဘောတွေ ဒီမှာရှိတယ် ဒီဘက်ကို လာခဲ့ပါ"

ရောက်ရှိလာသူများမှာ အခြေအနေကို ဘာမှမသိနားမလည်သည့်ပုံစံဖြင့် ဘာတွေဖြစ်နေသည်ကို ဂရုမစိုက်ဘဲ ဟွမ်လင်းယွဲ့ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာကြသည်။

ရုတ်တရက် အားလုံးသတိထားမိလိုက်သည်မှာ ထိုလူသစ်များသည် ဂိုဏ်းဂဏတစ်ခုခုမှ လူများမဟုတ်ဘဲ စစ်တပ်မှလူများ ဖြစ်နေခြင်းပင်။

သူတို့၏ အနောက်ဆုံးတွင် ခရမ်းရောင် မြွေနဂါးဝတ်ရုံ ကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါလာသည်။

သူသည် ဆိပ်ကမ်း၏ ရှုခင်းကို အားရပါး ကြည့်ရှုခံစားနေသည်။

ဟွမ်မိသားစု၏ ဘိုးဘေးမှာ မျက်မှောင်ကြုတ်သွားပြီး

"အဲ့ဒါ ဆဋ္ဌမမြောက်မင်းသား မဟုတ်လား"

ဟု ရေရွတ်လိုက်သည်။

ဆဋ္ဌမမြောက်မင်းသားလား

အားလုံး၏ မျက်နှာများ တည်ကြည်သွားကြသည်။

တောင်ပိုင်းကောင်းကင်ဂိုဏ်း နှင့် ဝိညာဥ်သားရဲတောင်ကြား တို့သည် အင်ပါယာ၏ ထိပ်တန်းဂိုဏ်းများ ဖြစ်ကြသော်လည်း တော်ဝင်မိသားစု၏ အင်အားကိုလည်း လျှော့တွက်၍မရပေ။

အဆင့် (၅) အင်ပါယာတစ်ခုနှင့် ဆက်နွှယ်မှုရှိသည်ကို ထားလိုက်ဦး၊ တော်ဝင်မိသားစု ကိုယ်တိုင်၌ အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ (၁၅) ဦးရှိသည်။

ထိုအထဲတွင် မဟာပြီးပြည့်စုံခြင်းအဆင့် နှစ်ဦးရှိပြီး ကျန်သူများမှာ အဆင့်ဆင့်သော အဆင့်များတွင် ရှိကြသည်။

ဆဋ္ဌမမြောက်မင်းသား ကိုယ်တိုင်သည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထို့ကြောင့် သူသည် အစွမ်းထက်ရုံသာမက သူ့လက်အောက်တွင်လည်း ကျွမ်းကျင်သူများစွာ ရှိနေသည်။

"မင်းတို့က ဘယ်သူတွေလဲ"

ဆဋ္ဌမမြောက်မင်းသားက ဟွမ်မိသားစုဘိုးဘေးကို တစ်ချက်ကြည့်ပြီးနောက် အခြားဘိုးဘေးနှစ်ဦးကို အကြည့်လွှဲကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ဆဋ္ဌမမြောက်မင်းသားသည် ထိုလူများကို အရေးတယူ မလုပ်ပေ။

အင်ပါယာအတွင်း၌ ဤကဲ့သို့သော မိသားစုများစွာ ပြန့်နှံ့နေပြီး၊ ဂိုဏ်းများကဲ့သို့ အစဉ်အဆက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူများ ထွက်ပေါ်လာအောင် မလုပ်နိုင်ကြသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကွယ်ပျောက်သွားလေ့ရှိကြသည်။

ဟွမ်လင်းယွဲ့သည် စောစောက သူ၏ မောက်မာသော အမူအရာကို ချက်ချင်းဖျောက်ပစ်လိုက်ပြီး ဦးညွှတ်လိုက်သည်။

ဟွမ်မိသားစုဘိုးဘေး ဟွမ်ရွှမ်ခုန်း ကလည်း အမြန်ဦးညွှတ်ကာ

"ကျွန်တော်မျိုး ဟွမ်ရွှမ်ခုန်း ဆဋ္ဌမမြောက်မင်းသားကို ဂါရဝပြုပါတယ် လွန်ခဲ့တဲ့ အနှစ် ၃၀ က မြို့တော်မှာကျင်းပတဲ့ အဋ္ဌမမြောက်မင်းသားရဲ့ မွေးနေ့ပွဲမှာ မင်းသားကြီးနဲ့ ဆုံတွေ့ခွင့်ရခဲ့ဖူးပါတယ်"

ဟု ပြောလိုက်သည်။

လျိုမိသားစုဘိုးဘေးကလည်း လေးစားစွာ ဦးညွှတ်သည်။

ပိုင် မိသားစုဝင်များမှာမူ သူတို့၏ ကံကြမ္မာ ဘာဖြစ်မည်ကို မသေချာသော်လည်း ဆဋ္ဌမမြောက်မင်းသားကို မြင်သောအခါ သူတို့၏ဦးနှောက်များ စတင်အလုပ်လုပ်လာသည်။

မင်းသား၏ ကြားဝင်စွက်ဖက်မှုဖြင့် သူတို့မိသားစု မျိုးတုံးမည့်ဘေးမှ လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပေသည်။

"အော် မင်း အဋ္ဌမမြောက်မင်းသားရဲ့ ပွဲကို လာခဲ့တာလား ငါ မင်းကို မြင်ဖူးသလိုရှိသားပဲ"

ဆဋ္ဌမမြောက်မင်းသားက ပြုံးလျက် ခေါင်းငြိမ့်ပြပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်

"ဒါနဲ့ မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ တော်တော်စည်ကားနေပါလား"

ပိုင်မိသားစုဘိုးဘေးက

"ကျွန်တော်မျိုးတို့ မိသားစုအတွက် တရားမျှတမှုကို ဆောင်ရွက်ပေးဖို့ တောင်းပန်ပါတယ် မင်းသားကြီး"

ဟု ဆိုလိုက်သည်။

ပိုင်မိသားစုဝင်များအားလုံးကလည်း မျှော်လင့်ချက်အပြည့်ဖြင့်

"ကျွန်တော်မျိုးတို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ"

ဟု လိုက်ဆိုကြသည်။

ဟွမ်ရွှမ်ခုန်း၏ မျက်နှာမှာ အေးစက်သွားသည်။

သူက ပိုင်မိသားစုဘိုးဘေးကို အငြိုးတကြီး ကြည့်လိုက်ပြီးနောက် ဆဋ္ဌမမြောက်မင်းသားဘက်သို့ လှည့်ကာ ပြုံးလျက်

"ကျွန်တော်မျိုးတို့က ပိုင်မိသားစုနဲ့ ကိစ္စလေးတွေ ရှင်းဖို့ ရောက်နေတာပါ"

ဟု ပြောလိုက်သည်။

"မင်းတို့ရဲ့ ရန်ငြိုးတွေကို ငါစိတ်မဝင်စားဘူး ငါ့ရဲ့ ပင်လယ်နဂါးဂိုဏ်းဆီသွားမယ့် ခရီးကို မနှောင့်ယှက်ရင် ပြီးတာပဲ"

ဆဋ္ဌမမြောက်မင်းသားက အေးစက်စက် ပြုံးလိုက်သည်။

"ဘယ်သူက ပင်လယ်နဂါးဂိုဏ်းကိုသွားမယ့် သင်္ဘောရှိတယ်လို့ ပြောတာလဲ မြန်မြန်ပြင်ဆင်လိုက်တော့ ငါတို့မှာ လူအများကြီးပါတယ် နောက်ထပ်လည်း လာနေကြဦးမှာ"

ဟွမ်လင်းယွဲ့သည် ထိုစကားကို ကြားကြားချင်းပင် သင်္ဘောပေါ်သို့ ကြိုဆိုရန် အမြန်စီစဉ်လိုက်သည်။

ပိုင်မိသားစုဘိုးဘေး၏ မျက်နှာမှာ ပျက်သွားသည်။

အကယ်၍ မင်းသားက မကူညီလျှင် အဆိုးဆုံးကိစ္စများ ဖြစ်လာတော့မည်။

ထိုအချိန်တွင် ဟွမ်ရွှမ်ခုန်းက ဖားသည့်အပြုံးဖြင့်

"မင်းသားက ပင်လယ်နဂါးဂိုဏ်းကို သွားမလို့လား၊ တိုက်ဆိုင်လိုက်တာ ကျွန်တော်မျိုးတို့ အခုရှင်းနေတဲ့ ကိစ္စကလည်း ပင်လယ်နဂါးဂိုဏ်းနဲ့ ပတ်သက်နေတာပါ"

ဟု ဆိုသည်။

ပိုင်မိသားစုဝင်များမှာ ပို၍ပင် စိုးရိမ်လာကြသည်။

ပင်လယ်နဂါးဂိုဏ်းနှင့် ရန်ငြိုးဖွဲ့ထားသည်ကို သိလျှင် တော်ဝင်မိသားစုက သူတို့ကို လွှတ်ထားမည်မဟုတ်ပေ။

"ဒီလိုပါ..."

ဟွမ်ရွှမ်ခုန်းက မအောင့်နိုင်ဘဲ ရယ်လျက် ပြောပြလိုက်သည်။

"ပိုင်မိသားစုက ပင်လယ်နဂါးဂိုဏ်းရဲ့ ဂိုဏ်းသားလေးကို သတ်လိုက်တဲ့ ကျင့်ကြံသူကို ရူးရူးမိုက်မိုက်နဲ့ ကူညီနေတာပါ အဲ့ဒါကြောင့် ပင်လယ်နဂါးဂိုဏ်းနဲ့ ရန်သူတွေ ဖြစ်ကုန်ကြတာပေါ့ ကျွန်တော်မျိုးတို့က အဲ့ဒါကို တစ်ခုခုလုပ်ပေးရမယ်လေ"

ဆဋ္ဌမမြောက်မင်းသားက တည်တည်ငြိမ်ငြိမ် ခေါင်းငြိမ့်လိုက်သည်။

"အင်း၊ ဒါက သေးတဲ့ကိစ္စတော့ မဟုတ်ဘူးပဲ"

ခေတ္တရပ်ပြီးနောက် သူက ဘိုးဘေးနှစ်ဦးကို ကြည့်ကာ

"ဒါဆို မင်းတို့က ပင်လယ်နဂါးဂိုဏ်းနဲ့ ရင်းနှီးတာပေါ့"

ဟု မေးလိုက်သည်။

"ဟုတ်ပါတယ်၊ တော်တော်ရင်းနှီးပါတယ် သူတို့ရဲ့ ကုန်သင်္ဘောတွေက ကျွန်တော်တို့ ဆိပ်ကမ်းမှာ ခဏခဏ လာကပ်လေ့ရှိတော့ အရောင်းအဝယ်တွေလည်း လုပ်ဖြစ်ပါတယ်"

ဟု ဟွမ်ရွှမ်ခုန်းက ပြုံး၍ ဖြေသည်။

ဟွမ်မိသားစုဝင်များသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ကိုကော့လိုက်ကြသည်။

ပင်လယ်ဘက်က မိသားစုတစ်ခုအတွက် ပင်လယ်နဂါးဂိုဏ်း၏ အသိအမှတ်ပြုမှုကို ရရန်မှာ အလွန်ခက်ခဲသဖြင့် ယခုကဲ့သို့ ဆက်ဆံရေးရှိခြင်းမှာ သူတို့အတွက် အလွန်ဂုဏ်ယူစရာဖြစ်သည်။

ထိုအရှိန်အဝါကြောင့်ပင် ပိုင်မိသားစု၏ လုပ်ငန်း (၇၀) မှ (၈၀) ရာခိုင်နှုန်းခန့်ကို သူတို့ လုယူနိုင်ခဲ့ခြင်း မဟုတ်ပါလား။

ဆဋ္ဌမမြောက်မင်းသားမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် မြောက်ပိုင်းဒေသမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ (၂၀) မှ (၃၀) ခန့်ရှိသော အခြားအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်။

ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ ဝိညာဥ်သားရဲတောင်ကြားမှ လယ်သူမကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသမီးကြီး စီနီယာ စူး ဖြစ်သည်။

ကျွမ်းကျင်သူ အများအပြား ရောက်လာခြင်းကြောင့် ပိုင်မိသားစု ဘိုးဘေးသုံးဦး၏ မျက်နှာများတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူတွေ ဘာလို့ ဒီလောက်တောင် စုဝေးနေကြတာလဲ သူတို့ ဘာလာလုပ်ကြတာလဲ

မီးတောက်အင်ပါယာ က ပင်လယ်နဂါးဂိုဏ်းနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တော့မှာလား

ဟွမ်ရွှမ်ခုန်းနှင့် လျိုမိသားစုဘိုးဘေးတို့မှာလည်း အတွေးပေါင်းစုံဖြင့် ခေါင်းရှုပ်နေကြသည်။

အဖွဲ့သစ်မှာ ဆဋ္ဌမမြောက်မင်းသားတို့အဖွဲ့နှင့် ပူးပေါင်းပြီးနောက် စီနီယာ စူးက

"ချင်းကျိုးဓားဂိုဏ်း ကလူတွေ မရောက်သေးဘူးလား"

ဟု မေးလိုက်သည်။

"မရောက်သေးဘူး စောပါသေးတယ်"

ဟု ဆဋ္ဌမမြောက်မင်းသားက ဖြေသည်။

"မင်းသား အားလုံးက ပင်လယ်နဂါးဂိုဏ်းကို ဘာသွားလုပ်ကြမလို့လဲဆိုတာ သိပါရစေ"

ဟု ဟွမ်ရွှမ်ခုန်းက သတိထားကာ မေးလိုက်သည်။

"ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး"

ဆဋ္ဌမမြောက်မင်းသားက ပြုံးလျက် ပြောလိုက်သည်။

ထို့နောက် သူက စီနီယာစူး နှင့် အခြားသူများအား မိသားစုသုံးစု၏ အခြေအနေကို ပြောပြလိုက်သည်။

စီနီယာစုနှင့် သူမ၏ အဖော်များသည် မိသားစုသုံးစု ရောက်နေသည့် အကြောင်းအရင်းကို ကြားသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ တစ်မျိုးကြီး ဖြစ်သွားကြသည်။

"သူလာတဲ့အထိ စောင့်ကြတာပေါ့"

ဟု ဆဋ္ဌမမြောက်မင်းသားက သတိပေးလိုက်သည်။

သူတို့အားလုံး မင်းသားဆိုလိုသည်ကို နားလည်ကြသဖြင့် ဟွမ်ရွှမ်ခုန်းကို သနားစဖွယ် ကြည့်လိုက်ကြသည်။

သို့သော် ဟွမ်ရွှမ်ခုန်းကမူ ထိုအကြည့်များကို သတိမပြုမိဘဲ လူကုံထံများနှင့် မိတ်ဆက်ရန်သာ ကြိုးစားနေတော့သည်။

အားလုံးက အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်သော်လည်း နောက်ခံအင်အားချင်း မတူကြပေ။

လျိုနှင့် ဟွမ်မိသားစုမှာ သာမန်နောက်ခံသာရှိသဖြင့် ယခုကဲ့သို့ ဂိုဏ်းကြီးများမှ ကျွမ်းကျင်သူများနှင့် ရင်းနှီးခွင့်ရချိန်တွင် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားချင်ကြသည်။

မကြာမီမှာပင် ကျင်းနန် သည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားနှင့်အတူ ရောက်ရှိလာသည်။

ယခုဆိုလျှင် ယီယွဲ့ဖန် ၏ အဆင့်တက်ပွဲကို ဖိတ်ကြားခံရသော ကျွမ်းကျင်သူများ၏ တစ်ဝက်ခန့် ရောက်ရှိနေပြီဖြစ်သည်။

ကျန်သူများမှာမူ ထိုကိစ္စတွင် မပါဝင်လိုဘဲ ထွက်ခွာသွားကြသည်။

ထိုသို့လုပ်ခြင်းမှာလည်း အဓိပ္ပာယ်ရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် ပင်လယ်နဂါး သေသည် ရှင်သည်ကို မည်သူမှ မသေချာသောကြောင့် အနာဂတ်တွင် ပြဿနာတက်မည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။

ဟွမ်ရွှမ်ခုန်းနှင့် အခြားသူများမှာမူ သူတို့၏ အောင်မြင်မည့်ခေတ် ရောက်တော့မည်ဟု ခံစားနေကြရသည်။

"ဒီနေ့ ဒီလောက်အဆက်အသွယ်တွေ အများကြီးရမယ်လို့ ဘယ်သူထင်မှာလဲ"

ပိုင်မိသားစု၏ အခြေအနေမှာမူ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး စိတ်ပျက်အားငယ်မှုထဲ နစ်မွန်းနေကြသည်။

လယ်သူမကဲ့သို့ ဝတ်ထားသော အမျိုးသမီးကလည်း သူတို့ကိစ္စကို စိတ်ဝင်စားပုံမရသဖြင့် မည်သူမှ ကူညီမည်မဟုတ်ကြောင်း သူတို့ သိလိုက်ကြသည်။

"ဒီနေ့ ငါတို့မိသားစုကို ဘယ်သူမှ မကယ်နိုင်တော့ဘူး..."

ပိုင်ချန်ချန် က တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ဝဲတက်လာသည်။

ရုတ်တရက် ကောင်းကင်မှ ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြီး လူအုပ်ကြားထဲသို့ ဆင်းသက်လိုက်သည်။

ထိုလူ ဆင်းသက်လာသည်နှင့် ဆဋ္ဌမမြောက်မင်းသား အပါအဝင် အားလုံးက လေးစားစွာဖြင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

"ဂိုဏ်းချုပ် ဖန့် "

ဖန်းချန် က အားလုံးကို ပြုံးလျက် ခေါင်းငြိမ့်ပြကာ

"ငါ့တပည့် နောက်တစ်နာရီလောက်ဆို ရောက်လာလိမ့်မယ် သူရောက်တာနဲ့ ငါတို့အားလုံး ထွက်ကြမယ်"

ဟု ဆိုသည်။

လျိုမိသားစုဘိုးဘေးနှင့် ဟွမ်ရွှမ်ခုန်းတို့မှာ အလွန်အံ့အားသင့်သွားကြသည်။

"ဘယ်သူက အကြီးအကဲလဲ"

ရောက်ရှိနေသော ကျွမ်းကျင်သူများအားလုံးက ထိုလူကို အလွန်အမင်း ရိုသေလေးစားနေကြသည်ကို သူတို့ မြင်တွေ့နေရသောကြောင့် ဖြစ်သည်။

All Chapters