← Chapters

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း ၂၉၅ - မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ

ဖန့်ချန် သည် တည်ငြိမ်စွာဖြင့် ကျန်းကျုံး နှင့် ကျန်းထျန်းအိုက် တို့ကို သင်္ဘောပေါ်မှ ခေါ်ထုတ်လာခဲ့သည်။

ဆိပ်ကမ်းတွင် သာမန်လူသားများ ကျင့်ကြံသူများနှင့် ပုံမှန်ထက် ပိုများနေသော မိစ္ဆာ များကို တွေ့ရသည်။

ချင်းဟူ အင်ပါယာကို မိစ္ဆာများက လွှမ်းမိုးထားပုံရသည်ကို ဖန့်ချန် သတိထားမိရန် သိပ်မခက်ခဲလှပေ။

ရုတ်တရက် အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် ထွားကြိုင်းသော ပုံရိပ်တစ်ခု သူတို့အနားသို့ ချဉ်းကပ်လာသည်။

ထိုသူသည် သူတို့သုံးဦးကို အထက်စီးမှ စိုက်ကြည့်ရင်း

"မင်းတို့ ဘယ်ကလာတာလဲ နာမည်တွေက ဘယ်သူလဲ ငါ စာရင်းမှတ်ထားရမယ်"

ဟု မေးလိုက်သည်။

ဖန့်ချန်သည် ရှေ့မှမိစ္ဆာကို အကဲခတ်လိုက်သည်။

သူသည် အောင်မြင်ခြင်းဗုဒ္ဓ ကဲ့သို့ပင် မျောက်ဝံမိစ္ဆာတစ်ကောင် ဖြစ်သော်လည်း ကျင့်ကြံမှုအဆင့်က ပိုမြင့်ကာ ချီသန့်စင်ခြင်းအဆင့် (၇) ခန့် ရှိမည်ဖြစ်သည်။

၎င်းအပြင် စကားလည်း ပြောနိုင်ပေသည်။

ပတ်ဝန်းကျင်တွင်လည်း အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ထိုကဲ့သို့ မိစ္ဆာများကို အများအပြား တွေ့ရသည်။

"ဖန့်ရှောင်ထူ မီးတောက်အင်ပါယာကပါ"

ဟု ဖန့်ချန်က အမူအရာမပျက် ပြန်ဖြေလိုက်သည်။

မိစ္ဆာသည် စာရင်းစာအုပ်ထဲတွင် တစ်ခုခုကို အလျင်အမြန် မှတ်သားလိုက်ပြီးနောက် ကျန်းကျုံးနှင့် ကျန်းထျန်းအိုက်တို့ဘက်သို့ လှည့်လိုက်သည်။

ထိုနှစ်ဦးသည်လည်း သူတို့၏ နာမည်ရင်းကို မပြောဘဲ နာမည်ဝှက်များကိုသာ ပြောလိုက်ကြသည်။

စာရင်းမှတ်ပြီးနောက် မိစ္ဆာက တည်ကြည်စွာဖြင့်

"ငါတို့ရဲ့ အုပ်ချုပ်သူက အမိန့်ထုတ်ထားတယ် အခြား အင်ပါယာ လာတဲ့ ကျင့်ကြံသူတွေဟာ ဒီအင်ပါယာထဲက ဘယ်မိစ္ဆာကိုမဆို ရန်ပြုတာမျိုး လုံးဝ ခွင့်မပြုဘူး ဖောက်ဖျက်ရင် ကြီးလေးတဲ့ ပြစ်ဒဏ် ခံရလိမ့်မယ်"

"ငါတို့အင်ပါယာက တခြားအင်ပါယာတွေနဲ့ မတူဘူး ဒါကြောင့် မင်းတို့ မကြိုက်တဲ့အရာတွေ မြင်ရင်လည်း သည်းခံကြဖို့နဲ့ ပြဿနာမရှာဖို့ ငါမျှော်လင့်တယ်"

ဟု ပြောဆိုသည်။

ဖန့်ချန်က ပြုံးလိုက်ပြီး

"ငါတို့ မကြိုက်စရာ ဘာရှိလို့လဲ"

ဟု မေးလိုက်သည်။

ထိုမိစ္ဆာသည် ခပ်ပါးပါး ပြုံးသော်လည်း ဘာမှ ထပ်မရှင်းပြတော့ဘဲ အခြားလူစုတစ်ခုထံသို့ လျှောက်သွားတော့သည်။

ကျန်းကျုံးက ဖန့်ချန်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းပို့လိုက်သည်။

ဂိုဏ်းချုပ်ဖန့် ဒီမှာ ဝိညာဉ်သွေးဂိုဏ်းရဲ့ အပေါင်းအပါတွေ ရှိနေနိုင်တယ် ဒီမှာ အကြာကြီး မနေသင့်ဘူး

ဖန့်ချန် ခေါင်းငြိမ့်လိုက်သည်။

သူသည် ထိုနှစ်ဦးကို ဆွဲကာ ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်သို့ ပျံတက်ကာ တာ့ချန်း အင်ပါယာရှိရာ အရပ်သို့ ဦးတည်ပျံသန်းတော့သည်။

သူတို့ကို စာရင်းမှတ်ခဲ့သော မျောက်မိစ္ဆာသည် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

"ဒါက သက်တံပြောင်းလဲခြင်း ပညာရပ်လား ဒါမှမဟုတ် ဓားအသွင်းပြောင်းခြင်း ပညာရပ် လား"

ချင်းဟူအင်ပါယာသည် မီးတောက်အင်ပါယာကဲ့သို့ပင် အဆင့် (၆) အင်ပါယာ ဖြစ်သော်လည်း နယ်မြေအလွန် ကျယ်ဝန်းလှသည်။

ဖန့်ချန်သည် ငါးရက်နှင့် ခြောက်ညတိုင်တိုင် ပျံသန်းခဲ့ပြီး ကြားထဲတွင် တစ်နာရီစီ သုံးကြိမ်သာ နားခဲ့သော်လည်း ပြည်နယ်တစ်ခုတည်းမှပင် လွတ်အောင် မပျံနိုင်သေးပေ။

အကယ်၍ ဤသည်မှာ မီးတောက်အင်ပါယာ ဖြစ်ပါက သူသည် ချင်းကျိုးမှ ရွှီကျိုးသို့ အသွားအပြန် ပျံသန်းနိုင်လောက်ပြီ ဖြစ်သည်။

ချင်းဟူအင်ပါယာသည် မီးတောက်အင်ပါယာထက် အနည်းဆုံး နှစ်ဆ သို့မဟုတ် လေးဆခန့် ပိုမို ကြီးမားပုံရသည်။

သို့သော် မီးတောက်အင်ပါယာနှင့် မတူသည်မှာ မြို့ပြများ သိပ်မရှိဘဲ အဆုံးမဲ့ တောင်တန်းကြီးများနှင့် ရှေးဟောင်းသစ်တောများသာ ရှိနေခြင်းဖြစ်သည်။

ထိုပတ်ဝန်းကျင်သည် တောရိုင်းသားရဲများအတွက် အလွန်ကောင်းမွန်ပြီး နေရာအနှံ့တွင် မိစ္ဆာစွမ်းအင်များ ရံဖန်ရံခါ ထွက်ပေါ်နေတတ်သည်။

"ရှေ့မှာ ဈေးတစ်ခု ရှိပုံရတယ်"

ဟု ဖန့်ချန်က ပြောကာ အရှိန်လျှော့၍ အောက်သို့ ဆင်းလိုက်သည်။

မိုင်အနည်းငယ် အကွာတွင် စည်ကားလှသော ဈေးကြီးတစ်ခုကို သူ မြင်လိုက်ရသည်။

ထိုနေရာတွင် ကျင့်ကြံသူများနှင့် မိစ္ဆာများ ရောနှောသွားလာနေကြသည်။

ဖန့်ချန်၏ လက်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၄,၀၀၀) ခန့်နှင့် အဆင့်မြင့် ခရမ်းရောင်လျှပ်စီး အဆောင်များစွာ ရှိနေသည်။

ဓားငယ်လေး မှာ ဗိုက်ဆာနေသည်မှာ ကြာပြီဖြစ်ရာ ထိာဈေးကွက်မှာ လုံလောက်အောင် ကြီးမားပုံရသည်။

သူသည် ဓားလေးအတွက် အစားအစာ နှင့် သူ့အတွက် အဆောင်ပြုလုပ်မည့် ပစ္စည်းများကို ဝယ်ယူနိုင်ပေလိမ့်မည်။

ထို့ကြောင့် ဖန့်ချန်သည် ကျန်လူနှစ်ဦးနှင့်အတူ ဈေးအဝင်ဝသို့ ဆင်းသက်လိုက်သည်။

ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများက သူတို့ကို အကြည့်မလွှဲနိုင် ဖြစ်နေကြသည်။

"ငါ ပစ္စည်းတချို့ ဝယ်ဖို့လိုတယ် နာရီဝက်လောက်ဆိုရင် ရပါပြီ"

ဖန့်ချန်က ပြုံးလိုက်သည်။

"မင်းတို့လည်း ပတ်ကြည့်ကြဦး လိုချင်တာရှိရင် ပြော ငါ ဝယ်ပေးမယ်"

ကျန်းကျုံးက ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်ပြကာ ဖန့်ချန်နောက်မှ လိုက်လာသည်။

သူ တကယ်ကို စိုးရိမ်နေမိသည်။

ချင်းဟူအင်ပါယာရှိ မိစ္ဆာများသည် လူသားများကို သိပ်ပြီး ကြည့်မရကြပေ။

သို့သော် စိုးရိမ်နေသော်လည်း ဖန့်ချန်ကို အလျင်စလိုလုပ်ရန် မတိုက်တွန်းရဲပေ။

သူတို့၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်ပါးလွန်းသဖြင့် ကျန်းထျန်းအိုက်ကိုသာ အနားသို့ ဆွဲခေါ်ကာ ဖန့်ချန်နှင့် မကွာအောင် ကပ်လိုက်လာကြသည်။

ဈေးကွက်ထဲတွင် ဆိုင်ခန်းများစွာ ပြည့်နှက်နေပြီး လူများစွာသည် ဆိုင်ရှင်များနှင့် ဈေးဆစ်နေကြသည်။

သို့သော် ဤဆိုင်များမှာ ဝိညာဉ်ပစ္စည်းများကို ပမာဏအများကြီး မရောင်းနိုင်သဖြင့် ဖန့်ချန်၏ ပစ်မှတ်များ မဟုတ်ပေ။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ကုန်လွန်ပြီးနောက် ဖန့်ချန်သည် ဆိုင်းဘုတ်ပေါ်တွင် စာလုံးကြီး သုံးလုံး ရေးထွင်းထားသော အဆောက်အဦးတစ်ခုရှေ့တွင် ရပ်လိုက်သည်။

ကောင်းကင်ရတနာခန်းမ

ဖန့်ချန် ပြုံးလိုက်သည်

ကောင်းကင်ရတနာခန်းမ နဲ့ ငါနဲ့က ရေစက်ရှိပုံရသားပဲ။

ခန်းမအတွင်းသို့ ဝင်လိုက်သောအခါ လူသားအရောင်းစာရေးတစ်ဦးက သူတို့ကို ကြိုဆိုရန် ရှေ့သို့ ထွက်လာသော်လည်း သူ၏ မျက်နှာမှာ အလွန် အေးစက်နေသည်။

သူက သုံးဦးသားကို တစ်ချက်ကြည့်ကာ

" ဘာရှာလဲ ဘာလိုလဲ.."

ဟု ဝတ်ကျေတမ်းကျေ မေးလိုက်သည်။

"ဝိညာဉ်ပစ္စည်းတွေနဲ့ ရတနာတွေ"

ဟု ဖန့်ချန်က ပြန်ဖြေသည်။

"ဘယ်လို ဝိညာဉ်ပစ္စည်းနဲ့ ရတနာမျိုးကို လိုချင်တာလဲ ငါတို့ဆီမှာ အဝါရောင်အဆင့်နိမ့် ဝိညာဉ်ပစ္စည်း အမျိုးအစား (၄၇) မျိုး ရှိတယ် ဘယ်ဟာ လိုချင်လဲ ပြော ငါ စာရင်းကြည့်ပေးမယ်"

ဟု အရောင်းစာရေးက စိတ်မရှည်စွာ ပြောသည်။

ဖန့်ချန် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

"ငါ အဝါရောင်အဆင့်နိမ့် ပစ္စည်းတွေကို မလိုချင်ဘူး အဝါရောင်အဆင့်လတ် ဒါမှမဟုတ် အဆင့်မြင့် ပစ္စည်းတွေကိုပဲ လိုချင်တာ ဒီမှာ ရှိလား မရှိရင်လည်း ငါ တခြားနေရာမှာ သွားရှာမယ်"

ဖန့်ချန် သတိထားမိသည်မှာ ဘေးပတ်ဝန်းကျင်ရှိ ဖောက်သည်အများစုမှာ မိစ္ဆာများဖြစ်ပြီး အရောင်းစာရေးများက သူတို့ကို အလွန်ပျူငှာစွာ ဆက်ဆံနေခြင်းဖြစ်သည်။

သို့သော် ထိုစာရေးမှာ သူ့ကို ထိုသို့ မဆက်ဆံပေ

"အဝါရောင်အဆင့်လတ် ဒါမှမဟုတ် အထက်လား"

အရောင်းစာရေးမှာ မှင်တက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အဝါရောင်အဆင့်လတ် ဝိညာဉ်ပစ္စည်းတွေက မသက်သာဘူးနော် ရှင် ဘယ်လို အမျိုးအစားတွေကို အတိအကျ ရှာနေတာလဲ"

"ဘာအမျိုးအစားဖြစ်ဖြစ် မင်းတို့ဆီမှာ ရှိသမျှ အကုန်ယူမယ် ဝိညာဉ်ပစ္စည်း မလောက်ရင် ရတနာတွေကိုလည်း ယူမယ်"

ကျန်းကျုံးမှာ ဖန့်ချန်၏ အပြုအမူကြောင့် ဇဝေဇဝါ ဖြစ်သွားပြီး သူက လက်နက်ပြုပြင်သူ တစ်ယောက်များလား ဟု တွေးနေမိသည်။

လက်နက်ပြုပြင်သူများသာ ဝိညာဉ်ပစ္စည်းများကို ပမာဏအများကြီး ဝယ်ယူလေ့ရှိကြသည်။

သာမန်ကျင့်ကြံသူများအတွက်မူ ရတနာများကို တိုက်ရိုက်ဝယ်ယူခြင်းက ပို၍ အဆင်ပြေသည်။

အရောင်းစာရေး၏ မျက်လုံးများထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပိုမိုပေါ်လွင်လာပြီး

"ရှင်က ကိုယ့်ကိုယ်ကိုယ် တော်တော် ယုံကြည်မှုရှိတာပဲ လိုက်ခဲ့"

ဟု ပြောကာ ဖန့်ချန်တို့ကို နောက်ဖေးရှိ ဂိုဒေါင်သို့ ခေါ်သွားသည်။

ဂိုဒေါင်အတွင်း၌ အမျိုးမျိုးသော ဝိညာဉ်ပစ္စည်းများကို စီရီထားပြီး ဖန့်ချန်သည် ၎င်းတို့ထဲတွင် သန့်စင်ပြီးသား လနစ်မြုပ်ရွှေ ကိုပင် တွေ့လိုက်ရသည်။

ထိုဝိညာဉ်ပစ္စည်းများသည် ဂိုဒေါင်၏ တစ်ဝက်ခန့်ကို ပြည့်နှက်နေသည်။

"ဒီမှာ အဝါရောင်အဆင့်လတ် ဝိညာဉ်ပစ္စည်း ဆယ်ခုကျော် ရှိတယ် ပမာဏအရဆိုရင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆,၀၀၀) လောက် တန်ကြေးရှိလိမ့်မယ် အကုန်လုံးကို ဝယ်နိုင်ရဲ့လား"

ဟု အရောင်းစာရေးက လှောင်ပြောင်သလို မေးလိုက်သည်။

ရုတ်တရက် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ဇဝေဇဝါဖြင့် လျှောက်လာသည်။

"ချင်းဝေ ဘာတွေဖြစ်နေတာလဲ ဘာလို့ ဖောက်သည်ကို ဂိုဒေါင်ထဲအထိ ခေါ်လာတာလဲ"

ချင်းဝေက ပြုံးစစဖြင့်

"မန်နေဂျာလင်း ဒီဖောက်သည်က အဝါရောင်အဆင့်လတ် ဝိညာဉ်ပစ္စည်းတွေကို ရှိသမျှ အကုန်ဝယ်ချင်တယ်လို့ ပြောလို့ အဲ့ဒါကြောင့် ကြည့်ရအောင် ခေါ်လာတာပါ"

မန်နေဂျာလင်းမှာ အံ့အားသင့်သွားသည်။

"ရှိသမျှ အကုန်လား"

သူက ဖန့်ချန်ကို အကဲခတ်လိုက်သည်။

ဖန့်ချန်က ရှေ့မှ အဝါရောင်အဆင့်လတ် ဝိညာဉ်ပစ္စည်းများကို ညွှန်ပြလိုက်သည်။

"ဒီပစ္စည်းတွေ အကုန်လုံးကို ထုပ်ပေးပါ ပြီးရင် ဈေးနှုန်းပြောပါ"

ချင်းဝေ၏ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားပြီး အံ့အားသင့်စွာဖြင့်

"ဧည့်သည်တော် ဒီဆိုင်မှာ အရောင်းအဝယ်လုပ်တဲ့အခါ နောက်ပြောင်တာမျိုး လက်မခံဘူးနော်တကယ်လို့ မင်းမှာ ပိုက်ဆံမရှိဘဲ ဒါတွေကို မှာယူခဲ့ရင် ဆိုင်အပြင်ကို အကန်ထုတ်ခံရလိမ့်မယ် အဲ့ဒါက တော်တော် ရှက်စရာကောင်းလိမ့်မယ်"

"မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ"

ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ မင်းကို သိလို့လား ငါက ဒီကို မင်းနဲ့ လာပြီး နောက်ပြောင်ဖို့ ရောက်လာတယ်လို့ မင်း ထင်နေတာလား"

ချင်းဝေ မှင်တက်သွားပြီး ဘေးနားရှိ လူများကလည်း စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်လာကြသည်။

ကောင်းကင်ရတနာခန်းမတွင် ပြသနာရှာခဲ့သော ဖောက်သည်များစွာ ရှိသော်လည်း မည်သူမှ အဆုံးသတ်မကောင်းပေ။

နောက်ဆုံးတွင် အားလုံးမှာ အရှက်ရကာ အဆုံးသတ်ခဲ့ရသည်။

ချင်းဝေ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ

"နင် ခုနက ဘာပြောလိုက်တာလဲ"

ဖန့်ချန်က မန်နေဂျာလင်းဘက်သို့ လှည့်လိုက်သည်။

"မင်းက ဒီဆိုင်ရဲ့ မန်နေဂျာ မဟုတ်လား ကောင်းကင်ရတနာခန်းမက ဒီလိုပဲ စီးပွားရေးလုပ်တာလား ဖောက်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား မင်းတို့ မိစ္ဆာတွေကိုကျတော့ အလွန်ယဉ်ကျေးပြီး လူသားကျင့်ကြံသူတွေကိုကျတော့ ဒီလောက်အထိ လျစ်လျူရှုတာ ဘာသဘောလဲ "

အခန်း ၂၉၆ - မောက်မာမှုမှ ရိုသေမှုသို့

ဖန့်ချန်၏ စကားကြောင့် ဂိုဒေါင်အတွင်း ဝိညာဉ်ပစ္စည်းများ ရွေးချယ်နေကြသည့် မိစ္ဆာအချို့ လှည့်ကြည့်လာကြသည်။

သူတို့၏ မျက်လုံးများထဲတွင် လှောင်ပြောင်ရယ်မောလိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

မိစ္ဆာများထဲမှ တစ်ကောင်မှာ မတ်တတ်လမ်းလျှောက်နေသည့် မိကျောင်းတစ်ကောင်ဖြစ်ပြီး ၎င်း၏ သွေးစွမ်းအင် မှာ အလွန်ထူထပ်ကာ အရပ်မှာ ဆယ်မီတာကျော် မြင့်မားသည်။

၎င်း၏ အရွယ်အစားနှင့် ယှဉ်လျှင် လူသားများမှာ သုံးနှစ်သားကလေးငယ်များကဲ့သို့ပင်။

“ဒါက ချင်းဟူအင်ပါယာကွ”

ထိုမိကျောင်းမိစ္ဆာက နှာခေါင်းရှုံ့လျက် ဆိုသည်။

“ဒီမှာဆိုရင် ငါတို့မိစ္ဆာတွေက မှူးမတ်တွေနဲ့ တူတယ် မင်းတို့လူသားတွေက ဘာမို့လို့လဲ ငါတို့နဲ့ ယှဉ်ဖို့တောင် ထိုက်တန်လို့လား”

အခြားမိစ္ဆာကျင့်ကြံသူတစ်ဦးကလည်း

“ဟိဟိ ငါတို့ ဒီကထွက်သွားရင် သူ့ကို စားကြတာပေါ့”

ဟု ရယ်မောကာ ပြောလိုက်သည်။

မျက်နှာဖြူလျော်နေသည့် ချင်းဝေမှာ ထိုစကားများကို ကြားသောအခါ ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

၎င်းကို မြင်သောအခါ မန်နေဂျာလင်းသည် မိစ္ဆာကျင့်ကြံသူများကို အရင်ဆုံး ချော့မော့ဖျောင်းဖျလိုက်ပြီးမှ ဖန့်ချန်ကို ကြည့်လိုက်သည်။

“မင်း ချင်းဟူအင်ပါယာကို ပထမဆုံးအကြိမ် ရောက်ဖူးတာလို့ ငါထင်တယ် အဲ့ဒါကြောင့် ဒီက အခြေအနေတွေကို မင်းမသိသေးတာ တော်သေးတာပေါ့”

“မင်း ဒါကို ကောင်းကင်ရတနာခန်းမထဲမှာပဲ ပြောမိလို့ တကယ်လို့ လမ်းပေါ်မှာသာ ဒီလိုသွားပြောရင် မင်းအတွက် မလိုအပ်တဲ့ ပြဿနာတွေ ရောက်လာလိမ့်မယ်”

သူက ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။

“မင်း ဒီအဝါရောင်အဆင့်လတ် ဝိညာဉ်ပစ္စည်းတွေကို အကုန်ဝယ်မယ်လို့ ပြောတယ်နော် ချင်းဝေ စာရင်းတွက်လိုက်”

“ဟုတ်ကဲ့ မန်နေဂျာလင်း”

ချင်းဝေက နှာခေါင်းရှုံ့လျက် စာရင်းစတွက်တော့သည်။

ကောင်းကင်ရတနာခန်းမ၏ တစ်ကြိမ်တည်းနှင့် အရောင်းရဆုံး စံချိန်မှာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့်သာ ဖြစ်သည်။

အခု ခြောက်ထောင်လား ၎င်းမှာ ဆိုင်၏ လဝက်စာ ရောင်းအားပင် ဖြစ်နိုင်သည်။

ရှေ့မှ လူသားကျင့်ကြံသူသည် ဝိညာဉ်ကျောက်တုံး ခြောက်ထောင်ကျော် ထုတ်ပေးနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ချင်းဝေက ဖန့်ချန်ကို ကြည့်ကာ

“ဒီက အဝါရောင်အဆင့် အလယ်လတ် ဝိညာဉ်ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆,၄၃၆) တုံး ကျသင့်ပါတယ် ငါက အကြွင်းဖြတ်ပြီး (၆,၄၃၀) ပဲ ယူပါ့မယ်”

ဟု ဆိုသည်။

မန်နေဂျာလင်းက ပြုံးလျက်

“ကဲ ငွေချေတော့လေ”

ဟု ပြောလိုက်သည်။

ဖန့်ချန်က လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ သပ်ရပ်စွာ စီထားသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးပုံကြီး တစ်ပုံ သူ၏ရှေ့တွင် ပေါ်လာတော့သည်။

ဂိုဒေါင်အတွင်းရှိ လေထုမှာ ရုတ်တရက် အေးခဲသွားသလို ဖြစ်သွားသည်။

စောစောက ဖန့်ချန်ကို လှောင်ပြောင်နေကြသည့် မိစ္ဆာများမှာ မျက်နှာပျက်သွားကြပြီး ဖန့်ချန်ကို ကြည့်သည့် အကြည့်များမှာ လေးစားမှုများဖြင့် ပြည့်နှက်လာသည်။

သူသည် လူသားကျင့်ကြံသူတစ်ဦး ဖြစ်နေလင့်ကစား ဝိညာဉ်ကျောက်တုံး ခြောက်ထောင်ကျော်ကို ချက်ချင်း ထုတ်ပေးနိုင်ခြင်းမှာ သူသည် သာမန်လူ မဟုတ်ကြောင်း သက်သေပြနေသည်။

ဖန့်ချန်ကို စားမည်ဟု ပြောခဲ့သော မိစ္ဆာမှာမူ သူ၏ သူငယ်ချင်းကို တိုးတိုးလေး တစ်ခုခု ပြောကာ ဆိုင်ထဲမှ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။

ဖန့်ချန်ကို ပထမဆုံး လှောင်ပြောင်ခဲ့သည့် မိကျောင်းမိစ္ဆာမှာလည်း အရှက်ရစွာဖြင့် သူတို့နောက်မှ ကပ်လိုက်သွားသည်။

သူတို့ကတော့ ထွက်သွားရုံဖြင့် ပြီးသွားသော်လည်း ချင်းဝေမှာမူ ထိုသို့ မဟုတ်ပေ။

ဝိညာဉ်ကျောက်တုံးပုံကြီးကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ အရှက်ရမှုကြောင့် နီရဲသွားသည်။

မန်နေဂျာလင်းက ချင်းဝေဘက်သို့ လှည့်ကာ ဒေါသတကြီး ကြိမ်းမောင်းတော့သည်။

“ချင်းဝေ. ငါ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ ငါတို့က ဖောက်သည်တွေကို စိတ်ရှည်လက်ရှည်နဲ့ ရိုးရိုးသားသား ဆက်ဆံရတယ်လို့ အဲ့ဒါကြောင့်လည်း ငါတို့လုပ်ငန်းက အင်ပါယာတိုင်းမှာ အောင်မြင်နေတာ မင်း ဒီလအတွက် လစာမရတော့ဘူး။း ထွက်သွားတော့”

“ဟုတ်ကဲ့...”

ချင်းဝေသည် ခေါင်းငိုက်စိုက်ကျလျက် ထွက်ခွာသွားသည်။

ဖန့်ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။

“မင်းတို့မှာ အင်ပါယာတိုင်းမှာ ဆိုင်ခွဲတွေ ရှိတယ်ဆိုတာ ငါသိပါတယ် မင်းတို့ဆိုင်ရဲ့ နောက်ခံအင်အားကို ငါသိအောင် တကူးတက သတိပေးနေစရာ မလိုပါဘူး”

မန်နေဂျာလင်းမှာ မှင်တက်သွားပြီး မျက်နှာတွင် အနည်းငယ် အားနာသွားသည့် အရိပ်အယောင် ပေါ်လာသည်။

ဖန့်ချန်သည် မန်နေဂျာလင်း၏ စကားထဲတွင် ပါဝင်နေသော သွယ်ဝိုက်ခြိမ်းခြောက်မှုကို ရိပ်မိလိုက်ခြင်း ဖြစ်သည်။

မန်နေဂျာလင်းက ပြဿနာများ ပိုမိုမကြီးထွားစေချင်၍ ဖြစ်သည်။

“ငါ ဒီနေ့လာတာက စီးပွားရေးလုပ်ဖို့ပဲ ရန်သူလုပ်ဖို့ မဟုတ်ဘူး ကျောက်တုံးတွေကို ရေတွက်လိုက်ပါ”

ဟု ဖန့်ချန်က ပြောကာ ဝိညာဉ်ပစ္စည်းများကို သူ၏ သိုလှောင်လက်စွပ်များထဲသို့ သိမ်းဆည်းလိုက်သည်။

သိုလှောင်လက်စွပ် နှစ်ကွင်း ပြည့်သွားသည်။

သူ၏ လက်ထဲတွင် သိုလှောင်လက်စွပ် ခြောက်ကွင်း ရှိသည့်အနက် ကျန်လေးကွင်းကို လျိုမူနှင့် အခြားသူများကို ပေးခဲ့သည်။

မန်နေဂျာလင်းက ဝိညာဉ်ကျောက်တုံးများကို ချက်ချင်း ရေတွက်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် သူက ဖန့်ချန်ကို ခေါင်းငြိမ့်ပြကာ ပြုံးလိုက်သည်။

“ပမာဏ မှန်ကန်ပါတယ် တခြား ဘာများ လိုအပ်ပါသေးလဲ ငါ ကိုယ်တိုင် ဂိုဒေါင်ထဲမှာ လိုက်ပြပေးပါ့မယ်”

“မင်းတို့ဆီမှာ အဝါရောင်အဆင့်လတ် ရတနာ ဘယ်နှစ်ခု ရှိလဲ”

ဟု ဖန့်ချန်က မေးလိုက်သည်။

မန်နေဂျာလင်းမှာ ထပ်မံ မှင်တက်သွားပြန်သည်။

သူက ရတနာတွေကိုပါ အကုန်သိမ်းကျုံး ဝယ်တော့မှာလား

ကျန်းကျုံးနှင့် ကျန်းထျန်းအိုက်တို့မှာလည်း ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။

သူက ခုလေးတင် ဝိညာဉ်ကျောက်တုံး ခြောက်ထောင်ကျော် သုံးလိုက်တာ မဟုတ်လား အခု ရတနာတွေပါ ထပ်ဝယ်ဦးမယ်တဲ့လား သူက တော်တော် ချမ်းသာတာပဲ

ဩော် ဟုတ်သားပဲ သူက ပင်လယ်နဂါးဂိုဏ်းကို သိမ်းပိုက်လိုက်တာပဲ ဒီဝိညာဉ်ကျောက်တုံးတွေက အဲ့ဒီက ရလာတာ ဖြစ်မှာပေါ့

ဟု ကျန်းကျုံးက တွေးတောနေမိသည်။

မန်နေဂျာလင်းမှာ ဆွံ့အလျက် ငြိမ်နေသဖြင့် ဖန့်ချန်က

“မန်နေဂျာလင်း”

ဟု သတိပေးလိုက်သည်။

“ကျွန်တော်တို့ဆီမှာ အဝါရောင်အဆင့်လတ် ရတနာ (၁၃) ခု ရှိပါတယ် အကုန်လုံး ဝယ်မယ်ဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင်လောက် ကျသင့်ပါလိမ့်မယ်”

ဟု မန်နေဂျာလင်းက ဖြေလိုက်သည်။

ဖန့်ချန် ခေါင်းငြိမ့်ကာ

“ငါ ယူမယ်”

ဟု ပြောပြီး လိုအပ်သော ပမာဏကို ထုတ်ပေးလိုက်သည်။

မန်နေဂျာလင်း စိတ်ထဲမှ အံ့ဩတုန်လှုပ်သွားသည်။

ပထမ ခြောက်ထောင်ကျော် အခု ငါးထောင်

သူသည် ချက်ချင်းပင် ပျူငှာစွာ ပြုံးလိုက်ပြီး

“ခဏလောက် စောင့်ပေးပါဦး ကျွန်တော် အဲ့ဒီရတနာတွေကို သွားယူလိုက်ပါ့မယ် အဲ့ဒါတွေက တန်ဖိုးကြီးလို့ ဂိုဒေါင်ထဲမှာ မထားပါဘူး”

“နေဦး “

ဖန့်ချန်က ကြားဖြတ်ပြောလိုက်သည်။

“မင်းတို့ဆီမှာ အဝါရောင်အဆင့်မြင့် ရတနာတွေရော ရှိလား”

အဝါရောင်အဆင့်မြင့် ရတနာလား

အားလုံး၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ဖျတ်ခနဲ ပေါ်လာသည်။

ထိုဖောက်သည်က တကယ်တော့ ဘယ်သူလဲ သူက အရမ်းကို သုံးနိုင်ဖြုန်းနိုင်လွန်းသည်။

ထိုရတနာများသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ အသုံးပြုသည့် အရာများဖြစ်ပြီး တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး တစ်ထောင်မှ နှစ်ထောင်အထိ တန်ကြေးရှိသည်။

အကောင်းစားဆိုလျှင် ရှစ်ထောင်အထိပင် ပေါက်ဈေးရှိသည်။

သို့သော် ၎င်းက အဓိက မဟုတ်ပေ။

အဝါရောင်အဆင့်မြင့် ရတနာများသည် အနည်းဆုံး ဝိညာဉ်တံဆိပ် (၃၇) ခု ပါဝင်သဖြင့် ၎င်းတို့ကို အသက်သွင်းရန် အလွန်ခက်ခဲသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်မှာပင် အထွတ်အထိပ်သို့ မရောက်သေးပါက ယင်း၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဝယ်ယူခြင်းမှာ ဝိညာဉ်ကျောက်တုံးများကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

သူ၏ နောက်ကွယ်တွင် ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦး ရှိနေမှသာလျှင် ထိုရတနာကို သုံးနိုင်ပေလိမ့်မည်။

ထိုသို့တွေးမိသောအခါ မန်နေဂျာလင်း၏ ဖန့်ချန်အပေါ် ထားရှိသည့် အမြင်မှာ ပို၍ လေးစားစရာ ဖြစ်လာသည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဆိုသည်မှာ ကောင်းကင်ရတနာခန်းမအတွက်ပင် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလား။

“သူက ဝိညာဉ်ကျောက်တုံးတွေကို ဒီလောက်အများကြီး တစ်ပြိုင်တည်း ထုတ်နိုင်တာပဲ ပြီးတော့ အဆင့်မြင့် ရတနာတွေကိုပါ ဝယ်ချင်နေသေးတယ်”

ဆိုင်အတွင်းရှိ လူများအတွက်မူ သူတို့သည် ထိပ်တန်း မှူးမတ်မိသားစုမှ သားတော်တစ်ဦးက ဘိုးဘေး၏ မွေးနေ့အတွက် လက်ဆောင် ရွေးချယ်နေသည်ကို မြင်တွေ့နေရသကဲ့သို့ ခံစားနေရသည်။

“သူက အဆင့် (၅) အင်ပါယာ ဒါမှမဟုတ် အဆင့် (၄) အင်ပါယာက လာတာ ဖြစ်ရမယ်”

“ကျွန်တော်တို့ ကျွန်တော်တို့ ချင်းဟူအင်ပါယာက ဆိုင်ခွဲတွေမှာ အဝါရောင်အဆင့်မြင့် ရတနာတွေကို မရောင်းပါဘူး အကယ်၍ မင်း အဲ့ဒါတွေကို ဝယ်ချင်တယ်ဆိုရင် တာ့ချန်း အင်ပါယာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဆိုင်ခွဲကို သွားကြည့်ရပါလိမ့်မယ်”

ဟု မန်နေဂျာလင်းက မပေါ့ဆရဲတော့ဘဲ သေသေချာချာ ရှင်းပြသည်။

“ဒါမှမဟုတ် ကုန်သွယ်မှု ညီလာခံ ကိုလည်း တက်ရောက်နိုင်ပါတယ် နောက်လအနည်းငယ်အတွင်းမှာ တာ့ချန်းအင်ပါယာမှာ အဆင့် (၄) အင်ပါယာ ကုန်သည်ကြီးများအသင်းက ကြီးမှူးကျင်းပမယ့် ကုန်သွယ်မှု ညီလာခံတစ်ခု ရှိလိမ့်မယ် အဲ့ဒီမှာဆိုရင် အဝါရောင်အဆင့် အထွတ်အထိပ် ရတနာတွေကိုတောင် ရနိုင်ပါလိမ့်မယ်”

ကုန်သွယ်မှု ညီလာခံ ဟုတ်လား

ဖန့်ချန်၏ မျက်လုံးများ တောက်ပသွားသည်။

စီနီယာ ကျင်းနန်က သူတို့၏ ဝိညာဉ်တိုင်းတာသည့် ခေါင်းလောင်း ကို ကုန်သွယ်မှု ညီလာခံတစ်ခုမှာ ဝယ်ခဲ့တာဟု ပြောဖူးသည်။

၎င်းမှာ အဆင့်နိမ့်အင်ပါယာများအတွက် ရည်ရွယ်ပြီး သာမန်အားဖြင့် မရနိုင်သော ဝိညာဉ်ပစ္စည်းများကို ဝယ်ယူနိုင်သည့် ပွဲတစ်ခု ဖြစ်သည်။

အကယ်၍ သူသာ အဝါရောင်အဆင့် အထွတ်အထိပ် ရတနာကို ရရှိခဲ့ပါက ဓားငယ်လေးကို နောက်ထပ် အဆင့်တစ်ခု ထပ်တက်အောင် လုပ်ပေးနိုင်မည်ဟု သူ ယုံကြည်သည်။

ရတနာများသည် ဝိညာဉ်ပစ္စည်းများ၏ ပုံစံတစ်မျိုးပင် ဖြစ်သည်။

သူ့မှာသာ ဝိညာဉ်ကျောက်တုံး လုံလောက်အောင် ရှိနေပါက သူ၏ သိုလှောင်လက်စွပ် မဆန့်မချင်း ဝယ်ယူရန် ဝန်လေးမည် မဟုတ်ပေ။

“မန်နေဂျာလင်း အရင်ဆုံး ရတနာတွေကို သွားယူလိုက်ပါ ကုန်သွယ်မှု ညီလာခံအကြောင်းကိုတော့ ပြီးမှ အသေးစိတ် ထပ်ပြောပြပေးပါ”

ဟု ဖန့်ချန်က ဆိုလိုက်သည်။

“ဟုတ်ကဲ့ ခဏလောက် စောင့်ပေးပါဦး”

မန်နေဂျာလင်းက အလျင်အမြန် ခေါင်းငြိမ့်ကာ ထွက်သွားတော့သည်။

All Chapters