← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း ၂၉၉ - ငါ့အလောင်းကို ကျော်သွားလိုက်

ချင်းဟူအင်ပါယာရှိ မိစ္ဆာကျင့်ကြံသူ အားလုံးမှာ မိစ္ဆာဘုရင် ထျန်းဖုန်းသည် ထူးကဲသော ပါရမီရှိရုံသာမက အဆောင်အမွေအနှစ်တစ်ခုကိုလည်း ရရှိထားကြောင်း သိကြသည်။

သူသည် အဝါရောင်အဆင့်လတ် အဆောင်အမျိုးအစား အများအပြားကို ကျွမ်းကျင်ပြီး ၎င်းတို့ထဲတွင် ချည်နှောင်ခြင်းအဆောင် လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ထျန်းဖုန်းသည် တစ်ခါက အဆင့်တူ ကျင့်ကြံသူသုံးဦးကို ရင်ဆိုင်စဉ်ကလည်း ထိုအဆောင်ဖြင့်ပင် အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။

ထို့ကြောင့် ချီသန့်စင်ခြင်းအဆင့် (၄) သာရှိသည့် ရှကျီ အနေဖြင့် ထိုအဆောင်၏ ချည်နှောင်မှုမှ ရုန်းထွက်နိုင်ရန်မှာ အခွင့်အရေး လုံးဝမရှိပေ။

မင်းသမီးလေးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူမသည် ရှကျီ၏ လက်ထဲမှ ညင်သာစွာ ထွက်ခွာလာပြီးနောက် သူ့ဘက်သို့ လှည့်ကာ ပါးနှစ်ချက် ဆင့်ရိုက်လိုက်တော့သည်။

"ဖြန်း ဖြန်း"

ရှကျီ၏ ပါးပြင်နှစ်ဖက်မှာ ရိုက်ချက်ကြောင့် နီရဲသွားသော်လည်း သူသည် လုံးဝမလှုပ်ရှားနိုင်ဘဲ တုံ့ပြန်နိုင်စွမ်း မရှိပေ။

သူသည် မင်းသမီးကို အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေနိုင်သည်။

မိစ္ဆာဘုရင် ထျန်းဖုန်းက မင်းသမီး၏ ဘေးသို့ ဖျတ်ခနဲ ဆင်းသက်လာသည်။

"မင်း နောက်တစ်ခါ ဒီလောက် မပေါ့ဆနဲ့တော့ ကလေးမလေး အရှင်မင်းကြီးက မင်းကို စောင့်ရှောက်ဖို့ ငါ့ကို မခိုင်းထားရင် မင်း တော်တော် ဒုက္ခရောက်သွားနိုင်တယ်"

ဟု သူက ဂရုတစိုက် သတိပေးလိုက်သည်။

မင်းသမီးက သူ့ကို အပြစ်ကင်းစင်သော အပြုံးဖြင့် လျှာလေးထုတ်ပြကာ

"ဦးလေး ထျန်းဖုန်း သမီး မှားသွားပါတယ်"

ဟု ဆိုသည်။

"မိစ္ဆာဘုရင် ထျန်းဖုန်းရဲ့ အစွမ်းကတော့ အမြဲတမ်း ထူးခြားနေတုန်းပါပဲ"

မန်နေဂျာလင်းက ချက်ချင်းပင် ပြုံးလျက် အရိုအသေပေးလိုက်သည်။

"တကယ်လို့ ကျွန်တော်သာ မင်းသမီးကို ကယ်ရမယ်ဆိုရင် သူမကို အနာအဆာမရှိအောင် ကယ်နိုင်မယ်လို့ အာမမခံနိုင်ပါဘူး"

မိစ္ဆာဘုရင် ထျန်းဖုန်းက ခပ်ပါးပါး ရယ်မောလိုက်သည်။

"အဝါရောင်အဆင့်လတ် အဆောင်တစ်ခုဖြစ်တဲ့ ချည်နှောင်ခြင်းအဆောင် ကိုတောင် အချောသတ်ဖို့ သုံးလလောက် ကြာတယ် "

"အသက်မသွင်းခင်အထိတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတောင် ဒါရဲ့ အရှိန်အဝါကို ထောက်လှမ်းဖို့ ခက်ခဲတယ် အဲ့ဒါကြောင့် ဒီကလေးကို ချုပ်နှောင်ဖို့က အရမ်းလွယ်သွားတာပေါ့"

ထျန်းဖုန်းက မင်းသမီးကို ကြည့်ကာ ဆက်ပြောသည်။

"ဒီအဆောင်ကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အပေါ်မှာ သုံးရမှာကို အခုတော့ ချီသန့်စင်ခြင်းအဆင့် (၄) ကောင်လေးအတွက် ဖြုန်းတီးလိုက်ရပြီ ကလေးမလေး မင်း ငါ့ကို ဘယ်လို ပြန်ပေးဆပ်မလဲ"

"သမီး အမေကိုပြောပြီး ဦးလေးအတွက် အဆောင်လုပ်တဲ့ ပစ္စည်းတွေ အများကြီး ပေးခိုင်းပါ့မယ်"

ဟု သူမက အားနာစွာ ဆိုသည်။

"သမီးမှာတော့ အဆောင်အတွက် ပေးစရာ ပိုက်ဆံ မရှိဘူးလေ"

မိစ္ဆာဘုရင် ထျန်းဖုန်းက ရယ်မောလိုက်သည်။

ရှကျီသည် သူတို့ကို ကြည့်နေရင်း အေးခဲနေသည်။

သူ၏ တုန်ယင်နေသော မျက်လုံးများထဲတွင် အနည်းငယ်မျှသော ဝမ်းနည်းမှုများ ပေါ်လာသည်။

သူသည် ထိုချင်းဟူအင်ပါယာမှာပင် သေဆုံးရတော့မည် ထင်သည်။

ရှကျီ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

နှမြောစရာပဲ ငါ လုပ်ချင်တာတွေ အများကြီး ကျန်သေးတယ်

"ဦးလေး ထျန်းဖုန်း ဒီကောင်လေးကို ဘယ်လို စီစဉ်မလဲ အစ်ကိုတော် ကျွယ် ဆီပဲ ပို့ပေးလိုက်မလား"

မင်းသမီး၏ အကြည့်များမှာ ရှကျီ ထံသို့ ရောက်သွားပြီး အထင်အမြင်သေးစွာ ဆိုသည်။

"မင်းက အစ်ကိုတော် ကျွယ်ကို ဆန့်ကျင်ပြီး သူ့ကို သိက္ခာချဖို့ ကြိုးစားတဲ့ အလွန် ယုတ်မာတဲ့လူပဲ မင်းက ရွံစရာကြီး"

"အပြန်လမ်းက ဝေးတယ် သူ့ကို တစ်လမ်းလုံး ခေါ်သွားဖို့က မထိုက်တန်ပါဘူး ဒီမှာပဲ သတ်ပစ်လိုက်တာ ပိုကောင်းတယ်"

မိစ္ဆာဘုရင် ထျန်းဖုန်းက ရှကျီကို အကဲခတ်ရင်း အေးစက်စွာ ပြုံးလိုက်သည်။

"မင်းကို ငါ ဘယ်လို သတ်ရမလဲ ရှစ်ပိုင်း ပိုင်းဖြတ်ပစ်ရမလား ဒါမှမဟုတ် တစ်စစီ လွှာပစ်ရမလား"

ရှကျီသည် ဒေါသတကြီး ဆဲဆိုချင်သော်လည်း ချည်နှောင်ခံထားရသဖြင့် စကားတစ်လုံးမှ မပြောနိုင်ပေ။

သူသည် ထျန်းဖုန်းကို စိုက်ကြည့်နေရုံသာ တတ်နိုင်သည်။

သို့သော် သူ၏ မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝ မရှိပေ။

သူ သေရမည်ဆိုလျှင်ပင် မတ်တတ်ရပ်လျက် သိက္ခာရှိရှိ သေမည်။

ထိုကဲ့သို့သော သူများရှေ့တွင် သူ ဘယ်တော့မှ ဒူးထောက် အသနားခံမည် မဟုတ်ပေ။

"မိစ္ဆာဘုရင် ထျန်းဖုန်း သူ့ကို ပေါင်းလိုက်ရင်ကော ဘယ်လိုလဲ သူ့ရဲ့ အသားအရေက တော်တော် နူးညံ့ပုံရတယ်၊ စားလို့ အရမ်းကောင်းမှာပဲ"

ဟု မိကျောင်းမိစ္ဆာတစ်ကောင်က အကြံပြုလိုက်သည်။

၎င်းမှာ ဆိုင်ထဲတွင် ဖန့်ချန်ကို လှောင်ပြောင်ခဲ့သည့် မိကျောင်းပင် ဖြစ်သည်။

၎င်းသည် ရှကျီ ကို အစားအသောက်တစ်ခုသဖွယ် လောဘတကြီး ကြည့်နေသည်။

ချင်းဟူအင်ပါယာတွင် စည်းကမ်းချက်များ ရှိပြီး မိစ္ဆာကျင့်ကြံသူများမှာ လူသားကျင့်ကြံသူများကို စားခွင့်မရှိပေ။

သို့သော် အမြဲတမ်း ခြွင်းချက်များ ရှိတတ်သည်။

"ဟုတ်တယ် ဟုတ်တယ် သူ့ကို ပေါင်းပစ်ကြစို့ ပြီးရင် သူ့အရိုးနဲ့ အသားတွေကို ဟင်းချိုလုပ်သောက်ကြတာပေါ့"

"ငါ့အထင်တော့ ဆီပူထိုးလိုက်ရင် ပိုစားကောင်းမယ် ထင်တယ်"

မိစ္ဆာကျင့်ကြံသူများမှာ တစ်ယောက်တစ်မျိုး အကြံပြုနေကြတော့သည်။

ရှကျီသည် သူတို့၏ ဘိုးဘေးဘီဘင်များကို စိတ်ထဲမှ အကြိမ်ပေါင်း ထောင်ချီ၍ ဆဲဆိုနေမိသည်။

ဘေးပတ်ဝန်းကျင်ရှိ လူသားကျင့်ကြံသူများမှာ ရှမကျီကို စားပစ်မည့် အစီအစဉ်ကို ကြားရသောအခါ မပျော်မရွှင် ဖြစ်ကြသော်လည်း ဘာမှ မတတ်နိုင်သဖြင့် ငြိမ်နေကြရသည်။

မိစ္ဆာဘုရင် ထျန်းဖုန်းမှာ အလွယ်တကူ ရင်ဆိုင်နိုင်သော သူ မဟုတ်ပေ။

သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် သူ့ကို တွေ့ပါက ရိုသေကြရသည်။

ထိုအချိန်တွင် ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာသည်။

"ချင်းဟူအင်ပါယာက လူတွေကို ဒီလောက် ဗြောင်ကျကျ စားခွင့်ပြုထားတာလား"

ရှကျီ မှင်တက်သွားသည်။

ထိုအသံမှာ သူနှင့် အလွန် ရင်းနှီးလွန်းနေသည်

ဖန့်ချန် ဖန့်ချန် က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ

ရှကျီသည် အသံလာရာဘက်သို့ အသည်းအသန် လှည့်ကြည့်ချင်သော်လည်း ကံဆိုးစွာဖြင့် လှုပ်ရှား၍ မရပေ။

သူ အလွန် စိုးရိမ်သွားသည်။

အကယ်၍ ထိုသူသည် တကယ်ပင် ဖန့်ချန် ဖြစ်နေပြီး သူ့ကို ကူညီရန် ကြိုးစားပါက သူတစ်ယောက်တည်း သေမည်မဟုတ်ဘဲ နှစ်ယောက်စလုံး သေကြရပေလိမ့်မည်

မန်နေဂျာလင်း အံ့ဩသွားပြီး ဖန့်ချန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

ချင်းဝေ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး စိတ်ချင်းဆက်သွယ်ကာ သတင်းပို့သည်။

"မန်နေဂျာလင်း ဒီကောင်က ဒီအင်ပါယာရဲ့ အခြေအနေကို ဘာမှမသိဘူးပဲ သူ ငါတို့ကိုပါ ဆွဲမချနိုင်ဘူးလား"

"ဘာမှမဖြစ်ပါဘူး သူ့ရဲ့ နောက်ခံက တော်တော်တောင့်ပုံရတယ် မိစ္ဆာဘုရင် ထျန်းဖုန်းက သူ့မျက်နှာကို ထောက်ထားကောင်း ထောက်ထားလိမ့်မယ်"

ဟု မန်နေဂျာလင်းက ပြန်လည် ဖြေကြားသည်။

"ပြီးတော့ သူက ငါတို့ဆိုင်က လူလည်း မဟုတ်တော့ ငါတို့နဲ့ မဆိုင်ပါဘူး"

"ဒါဆိုရင်တော့ တော်သေးတာပေါ့"

ချင်းဝေက မကျေမနပ် ရေရွတ်လိုက်သည်။

ကျန်းကျုံး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားသည်။

ဖန့်ချန်သည် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဝင်ပြောလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

သူတို့သည် ချင်းဟူအင်ပါယာ နယ်နိမိတ်အတွင်းမှာပင် ရှိနေသေးပြီး တာ့ချန်းသို့ ရောက်ရန် ဝေးပါသေးသည်။

တကယ်လို့ ထိုမိစ္ဆာဘုရင်ကို ရန်စလိုက်ပါက ကျန်းကျုံး ဆက်၍ မတွေးရဲတော့ပေ။

သူသည် ကျန်းထျန်းအိုက်၏ လက်ကို မသိမသာ ပို၍ တင်းတင်းဆုပ်ကိုင်ထားမိသည်။

လူသားဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူဖြစ်စေ အားလုံးက ဖန့်ချန်ကို မကျေမနပ်ဖြစ်မှု၊ လှောင်ပြောင်မှုနှင့် အေးစက်မှုများဖြင့် ကြည့်လိုက်ကြသည်။

မင်းသမီး၏ နောက်ကွယ်ရှိ မြေခွေးအမျိုးသမီးများက ဖန့်ချန်ကို တညီတညွတ်တည်း ကြိမ်းမောင်းကြသည်။

"မင်းက ဒီမှာ စကားပြောပိုင်ခွင့် ရှိလို့လား"

မင်းသမီးက မျက်မှောင်ကြုတ်ကာ ဖန့်ချန်ကို အကဲခတ်လိုက်သည်။

"ဒါက ဘာလဲ ငါ့အင်ပါယာရဲ့ ကိစ္စတွေကို စီမံတာကို နင်က ကန့်ကွက်ချင်တာလား"

မိစ္ဆာဘုရင် ထျန်းဖုန်းက ဖန့်ချန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်း ငါတို့အင်ပါယာရဲ့ အခြေအနေကို မသိသေးပုံပဲ သိရင်တော့ ဒီလို မိုက်မဲတဲ့ စကားမျိုး ပြောမှာ မဟုတ်ဘူး"

"မိုက်မဲတယ် ဟုတ်လား"

ဖန့်ချန်က ရေရွတ်လိုက်ပြီး ရှကျီကို လက်ညှိုးထိုးပြကာ

"ငါ သူ့ကို ခေါ်သွားချင်တယ် မင်း ဘယ်လို ထင်သလဲ"

ဟု မေးလိုက်သည်။

" ဒီမေဘေး"

"ဒီကောင် ရူးနေတာလား"

"မင်းသမီးကို ဖမ်းတဲ့ လူယုတ်မာကို ခေါ်သွားချင်တယ် ဟုတ်လား အိမ်မက်ပဲ မက်နေလိုက်"

"မိစ္ဆာဘုရင် ထျန်းဖုန်းရဲ့ ဒေါသက သိပ်မကောင်းဘူး ဒီကောင် မကြာခင် သေတော့မှာပဲ သူ ငါတို့ကိုပါ ဆွဲမချဖို့ပဲ မျှော်လင့်ရမယ်"

"ကောင်လေး မင်း ဘယ်လောက်ပဲ ချမ်းသာပါစေ မိစ္ဆာဘုရင် ထျန်းဖုန်း ရှေ့မှာ ကြွားလုံးထုတ်ဖို့ အရည်အချင်း မရှိဘူး"

ဟု မိကျောင်းမိစ္ဆာက ထူးဆန်းစွာ ရယ်မောလိုက်သည်။

"မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ"

ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက် ကို အသာအယာ ဝှေ့ယမ်းလိုက်ရာဓားငယ်လေး မှာ ထိုမိစ္ဆာကျင့်ကြံသူ၏ နဖူးကို ချက်ချင်း ဖောက်ထွက်သွားတော့သည်။

မိကျောင်းမှာ ခေါင်းတွင် အပေါက်ကြီး တစ်ခုဖြင့် ပြုံးလျက်သားပင် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။

ဖန့်ချန်ကို လှောင်ပြောင်နေကြသည့် မိစ္ဆာများမှာ မယုံနိုင်အောင် ဖြစ်သွားကြသည်။

ဤလူသားက မိစ္ဆာဘုရင် ထျန်းဖုန်း ရှေ့မှာတင် မိစ္ဆာကျင့်ကြံသူတစ်ဦးကို သတ်ရဲတယ်လား

သူတို့အားလုံး အသိပြန်ဝင်လာပြီး ဖန့်ချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

မင်းသမီးမှာ အလွန်အံ့ဩသွားသည်။

ဒီလူက ဘယ်သူလဲ ရှကျီ ရဲ့ သူငယ်ချင်းလား

မိစ္ဆာဘုရင် ထျန်းဖုန်းနှင့် မန်နေဂျာလင်းတို့ နှစ်ဦးသာလျှင် ဖြစ်ပျက်သွားသည်ကို မြင်သောအခါ အတွေးနက်သွားကြသည်။

ထိုဓားသည် သာမန်မဟုတ်ပေ ၎င်း၏ အရှိန်မှာ အလွန်မြန်လွန်းသဖြင့် သူတို့နှစ်ဦးစလုံးပင် သေသေချာချာ မမြင်လိုက်ရပေ

ဒီလူက နောက်ခံကောင်းရုံတင်မကဘဲ အစွမ်းလည်း ထက်တာပဲ ငါ သူ့ရဲ့ ကျင့်ကြံမှုကို ဘာလို့ မခန့်မှန်းနိုင်ရတာလဲဆိုတာ မဆန်းတော့ပါဘူး သူလည်း အခြေခံတည်ဆောက်ခြင်း အဆင့်လတ် ဖြစ်ရမယ်

ဟု မန်နေဂျာလင်းက တွေးတောနေမိသည်။

ဖန့်ချန်သည် မိစ္ဆာဘုရင် ထျန်းဖုန်းကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

"ငါ သူ့ကို ခေါ်သွားချင်တယ် ဒါ ဖြစ်နိုင်မလား"

ထျန်းဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဆင်ခြင်တုံတရားအရ ဖန့်ချန် ဘာကြောင့် ဒီလိုလုပ်သည်ကို သူ နားမလည်ပေ။

သို့သော် မင်းသမီးလေး ထိုနေရာတွင် ရှိနေသဖြင့် သူ အနည်းငယ် ထိန်းသိမ်းသင့်ကြောင်း သူ သိသည်။

သို့သော်လည်း

ဖန့်ချန်၏ တည်ငြိမ်လွန်းသော အမူအရာကို သူ လုံးဝ သည်းမခံနိုင်ပေ။

သူ့ကို အလှပြပစ္စည်းတစ်ခုလို ဆက်ဆံနေသကဲ့သို့ ခံစားနေရသည်။

"မင်း သူ့ကို ခေါ်သွားချင်တယ် ဟုတ်လား"

ထျန်းဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

"ငါ့အလောင်းကို ကျော်သွားလိုက်"

"ဒါဆိုရင်တော့ မင်း သေရမှာပေါ့"

ဟု ဖန့်ချန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ရှစ်မျက်နှာ အရပ် ဓားကျမ်း

ရှစ်မျက်နှာ ရပ် ဓားကျမ်း ပထမကွက်

ကြောက်မက်ဖွယ်ကောင်းသော ဓားအသိ တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လူအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ကျင့်ကြံသူအားလုံးမှာ သူတို့၏ ကျောရိုးတစ်လျှောက် အအေးဓာတ် စီးဆင်းသွားပြီး ကြက်သီးမွှေးညင်းများ ထသွားကြသည်။

မိစ္ဆာဘုရင် ထျန်းဖုန်း၏ ဦးရေခွံမှာ ထုံကျဉ်သွားပြီး မျက်လုံးများ ပြူးထွက်လာသည်။

သူ ခုခံရန်ပင် အချိန်မရလိုက်ဘဲ ဓားအသိများမှာ မုန်တိုင်းတစ်ခုကဲ့သို့ သူ့ကို ဝါးမျိုသွားတော့သည်။

ထိုကြောက်မက်ဖွယ် အရှိန်အဝါများ ကွယ်ပျောက်သွားသောအခါ မိစ္ဆာဘုရင် ထျန်းဖုန်းမှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်ကို အားလုံးက ထိတ်လန့်တုန်လှုပ်စွာ တွေ့လိုက်ရတော့သည်

အခန်း ၃၀၀ - စီနီယာရဲ့ ရည်ရွယ်ချက်

"မိစ္ဆာဘုရင် ထျန်းဖုန်း ဘယ်ရောက်သွားတာလဲ"

"သူ ဘာလို့ ပျောက်သွားတာလဲ"

"ဒါဆိုရင် သူက..."

လူအုပ်ကြီး၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေပြီး သူတို့သည် ဖန့်ချန် ကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

စောစောက လှောင်ပြောင်သရော်နေသည့် အကြည့်များ လုံးဝ မရှိတော့ပေ။

ခုနက ဓားချက်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

သူတို့အားလုံး ကျောက်ရုပ်ဖြစ်သွားသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့လောက်အောင်ပင်။

အခုတော့ မိစ္ဆာဘုရင် ထျန်းဖုန်း ပျောက်ကွယ်သွားပြီဖြစ်ရာ သူသည် ထိုဓားချက်ဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်နိုင်ခြေ အလွန်များနေပြီ

အားလုံးက တအံ့တဩ သက်ပြင်းချလိုက်ကြသည်။

မိစ္ဆာဘုရင် ထျန်းဖုန်းသည် အခြေခံတည်ဆောက်ခြင်း အလယ်လတ်တွင် ရှိနေသူဖြစ်ပြီး အဆောင်ကျွမ်းကျင်သူလည်း ဖြစ်သည်။

ထို့ပြင် သူသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့် ပါရမီရှင်အဖြစ် ချီးကျူးခံထားရသူ ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဓားတစ်ချက်တည်းနှင့် သတ်ပစ်လိုက်နိုင်တာလား

မန်နေဂျာလင်း၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေသည်။

သူသည် လောကအကြောင်းကို ကောင်းကောင်းသိသူဖြစ်ရာ ဖန့်ချန်က မည်သို့သောလူမျိုး ဖြစ်နိုင်ကြောင်း တစ်စွန်းတစ်စ ခန့်မှန်းမိသွားသည်။

ချင်းဝေ တစ်ကိုယ်လုံး တုန်ရီနေသည်။

ဖန့်ချန်သည် ထိုမျှအစွမ်းထက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

အခြေခံတည်ဆောက်ခြင်း အလယ်လတ် ကျင့်ကြံသူကို တစ်ကွက်တည်းနှင့် သတ်နိုင်သည်အထိပင်

ရှိနေကြသော လူသားကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုသာမက စူးစမ်းလိုစိတ်များပါ ပြည့်နှက်နေသည်။

"ဒါက တကယ်တော့ ဘယ်သူလဲ"

"ဦးလေး ထျန်းဖုန်း"

မင်းသမီးလေးမှာ မှိုင်တွေလျက် ရေရွတ်နေမိသည်။

သူမ၏ နောက်ကွယ်ရှိ မြေခွေးအမျိုးသမီးများမှာမူ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေပြီး ရေခဲတိုက်ထဲသို့ ရောက်သွားသကဲ့သို့ ခံစားနေရသည်။

စောစောက ဖန့်ချန်ကို ဆဲဆိုလှောင်ပြောင်ခဲ့ကြသော မိစ္ဆာကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ပိတ်သွားကြသည်။

ဖန့်ချန်ကို မတော်တဆ ကြည့်မိပြီး ရန်သူအဖြစ် အမှတ်မခံရလေအောင် သူ့ဘက်သို့ပင် မကြည့်ရဲကြတော့ပေ။

သို့သော် သူတို့မသိသည်မှာ ဖန့်ချန် ဝတ်ဆင်ထားသော မျက်နှာဖုံးနောက်ကွယ်တွင် သူ၏ ရုပ်ရည်မှာ သိသိသာသာ အိုမင်းလာနေခြင်းဖြစ်သည်။

အချိန်များက သူ့ကို လိုက်မီနေသကဲ့သို့ပင်။

ခုနက သူသည် အသက်လေးဆယ်ခန့်ဟု ထင်ရသော်လည်း ယခုမူ အသက်ငါးဆယ်အရွယ် လူကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

ဖန့်ချန်သည် ထိုတိတ်ဆိတ်နေသော အချိန်ကို အခွင့်ကောင်းယူကာ သူ၏ ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။

ခေတ္တအကြာတွင် သူ၏ စွမ်းအားများ ပြန်ပြည့်လာသောအခါ ဓားငယ်လေး မှာ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ရှကျီ ကို စားမည်ဟု ဟစ်အော်နေကြသော မိစ္ဆာကျင့်ကြံသူ အနည်းငယ်ကို ချက်ချင်း သတ်ပစ်လိုက်တော့သည်။

မိစ္ဆာများ ထိတ်လန့်သွားကြသည်။

မြေခွေးအမျိုးသမီးများက မင်းသမီးကို အမြန်ဆုံး ဝိုင်းရံကာ ကာကွယ်လိုက်ကြပြီး ဖန့်ချန်ကို စိုးရိမ်ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဖန့်ချန်သည် ထိုမိစ္ဆာကျင့်ကြံသူများ၏ သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်ပြီးနောက် တောက်ပသော ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

သူ့ထံမှ ထွက်ပေါ်လာသော ပြင်းထန်သော ဓားအသိများကြောင့် အားလုံးမှာ တုန်လှုပ်နေကြရသည်။

သူတို့ သတိဝင်လာချိန်တွင် နေရာ၌ရှိသော လူအချို့ကို ဖန့်ချန်က ဆွဲခေါ်သွားပြီးသား ဖြစ်နေပြီဖြစ်သည်။

"မင်းသမီးကို ဓားစာခံဖမ်းထားတဲ့ အဲ့ဒီလူသားကျင့်ကြံသူ ပျောက်သွားပြီ"

"သူ ကယ်ထုတ်ခံလိုက်ရပြီ"

ရုတ်တရက် မြေခွေးအမျိုးသမီးများမှာ အရေးကြီးသော လူတစ်ယောက် ပျောက်ဆုံးနေသည်ကို သတိထားမိသွားကာ ပျာပျာသလဲ ရှာဖွေတော့သည်။

"မင်းသမီးလေး"

"မင်းသမီး ဘယ်မှာလဲ"

မိစ္ဆာကျင့်ကြံသူများ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

မင်းသမီးလေး နောက်တစ်ကြိမ် ပြန်ပေးဆွဲခံလိုက်ရပြန်ပြီ

ဒီတစ်ခါတော့ ချီ သန့်စင်ခြင်းအဆင့် (၄) ကျင့်ကြံသူ မဟုတ်တော့ဘဲ မိစ္ဆာဘုရင် ထျန်းဖုန်းကို တစ်ချက်တည်းနှင့် သတ်နိုင်သော လူသားကျင့်ကြံသူက ဖမ်းသွားခြင်း ဖြစ်သည်

မြေခွေးအမျိုးသမီးများ၏ မျက်နှာမှာ ကြောက်လန့်မှုကြောင့် ဖြူလျော်သွားသည်။

အကယ်၍ တစ်ခုခု မှားယွင်းသွားပါက သူတို့အားလုံး အသတ်ခံရပေလိမ့်မည်

မန်နေဂျာလင်းက မြေခွေးအမျိုးသမီးတစ်ဦးကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"အရှင်မင်းကြီးကို သွားပြီး သတင်းပို့လိုက်ပါ ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်ဖို့ လိုလိမ့်မယ် အဲ့ဒီလူသားကျင့်ကြံသူက နောက်ခံ အင်မတန်ကြီးမားတဲ့ ဓားကျင့်ကြံသူ တစ်ယောက်လို့ ငါ သံသယရှိတယ်"

ဓားကျင့်ကြံသူ ဟုတ်လား

လူသားဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူဖြစ်စေ အားလုံး ထိတ်လန့်စွာဖြင့် အသက်ရှူမှားသွားကြသည်။

သူတို့၏ စိတ်ထဲတွင် ဓားကျင့်ကြံသူ နှင့် ပတ်သက်သော စကားလုံးများစွာ ပေါ်လာသည် အရူးများတိုက်ခိုက်ရေးရူးများ အလွန်အကာအကွယ်ပေးတတ်သူများ လူတကာနှင့် မတည့်သူများကလဲ့စားချေတတ်သူများ ဓားတစ်စင်းဖြင့် အရာရာကို ဖြိုခွဲနိုင်သူများ

ချင်းဝေက ထစ်ထစ်အအဖြင့်

"မန်... မန်နေဂျာလင်း သူက တကယ်ပဲ ဓားကျင့်ကြံသူလား"

"ဖြစ်နိုင်ခြေ အလွန်များတယ်"

ဟု မန်နေဂျာလင်းက ရှုပ်ထွေးသော အမူအရာဖြင့် ဆိုသည်။

"မင်း အသက်ရှင်နေတာ ကံကောင်းတယ်လို့ မှတ်ပါ"

ချင်းဝေ တစ်ကိုယ်လုံး အေးစက်သွားပြီး ကြက်သီးများ ထသွားသည်။

သူ တကယ်ကို ကြောက်လန့်သွားရသည်။

သူသည် သေမင်းနှင့် လက်တစ်ကမ်းအကွာကို ရောက်ခဲ့ခြင်း မဟုတ်ပါလား

"မန်နေဂျာလင်း မင်း သူ့ကို သိတယ်မလား မင်းသမီးကို ပြန်ပေးဖို့ သူ့ကို ပြောပေးရမယ် မဟုတ်ရင် မင်းတို့ ကောင်းကင်ရတနာခန်းမလည်း ပတ်သက်ရလိမ့်မယ်"

ဟု မြေခွေးအမျိုးသမီးတစ်ဦးက အသည်းအသန် ခြိမ်းခြောက်လိုက်သည်။

မန်နေဂျာလင်း၏ မျက်နှာ မည်းမှောင်သွားပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။

"ငါတို့ဆိုင်က ပွင့်လင်းစွာ စီးပွားရေးလုပ်တာ ကျင့်ကြံသူအမျိုးမျိုးနဲ့ အရောင်းအဝယ်လုပ်တယ်သူ ဘယ်သူလဲဆိုတာ ငါမသိဘူး သိရင်တောင် မင်းတို့ကို ပြောပြမှာ မဟုတ်ဘူး"

" အဆင့် (၄) အင်ပါယာက လာတဲ့ ကောင်းကင်ရတနာခန်းမကို ကုန်သည်တွေချည်းပဲ စုထားတဲ့ အဖွဲ့လို့ မင်းတို့ ထင်နေတာလား"

မြေခွေးအမျိုးသမီးမှာ စွံ့အသွားတော့သည်။

သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အကူအညီရှာရန်အတွက် ဆိုင်ထဲမှ ထွက်ခွာသွားကြတော့သည်။

ဈေးကွက်နှင့် မိုင်ငါးရာခန့် ဝေးကွာသော လူသူကင်းမဲ့သည့် ချိုင့်ဝှမ်းတစ်ခုတွင် ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြီး ပုံရိပ်အချို့ ပေါ်လာသည်။

ကျန်းကျုံးနှင့် ကျန်းထျန်းအိုက်တို့မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး လဲကျလုနီးပါး ဖြစ်သွားကြသည်။

ဓားအလင်းတန်း၏ အရှိန်မှာ အလွန်မြန်လွန်းသောကြောင့်ပင်။

မင်းသမီးလေးမှာလည်း ဟန်ချက်မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူမသည် ဘာတွေဖြစ်နေမှန်း မသိဘဲ ဇဝေဇဝါ ဖြစ်နေပုံရသည်။

"ရှကျီ မင်းကိုယ်ပေါ်က ချည်နှောင်ခြင်းအဆောင် ကို ငါ ဖယ်ပေးလို့ မရဘူး"

ဖန့်ချန်က ရှကျီ ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"အဲ့ဒါ သူ့အလိုလို ပြယ်သွားတဲ့အထိ စောင့်ရုံပဲ ရှိမယ်"

လှုပ်ရှား၍မရဘဲ တောင့်တင်းနေသော ရှကျီသည် မျက်တောင်ပင် ခတ်၍ မရပေ။

သူသည် မျက်လုံးများကို အထက်အောက် လှိမ့်ကြည့်ရုံဖြင့်သာ သူ၏ ခံစားချက်ကို ဖော်ပြနိုင်သည်။

ရှကျီသည် အလွန်ပင် ထိတ်လန့်အံ့ဩနေမိသည်။

သူသည် ဖြစ်ပျက်ခဲ့သမျှကို အထင်အရှား မြင်ခဲ့သည်။

မိစ္ဆာဘုရင် ထျန်းဖုန်းသည် ဓားအလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ပြာအဖြစ် ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလား

ဖန့်ချန်သည် မည်သည့်အချိန်တွင် ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင်ဝင်ရောက်ခဲ့ပြီး အခြေခံတည်ဆောက်ခြင်း အလယ်လတ် ကျင့်ကြံသူကို သတ်နိုင်လောက်သည့် စွမ်းအားမျိုးကို အချိန်တိုအတွင်း မည်သို့ ရရှိခဲ့သနည်း ဆိုသည်မှာ သူ စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။

၎င်းမှာ တကယ့်အိမ်မက်ကဲ့သို့ပင်။

သူ၏ ဆရာဖြစ်သော စွမ်းအားမြင့်ဗလာကျောင်းတော်၏ ဆရာတော်ပင်လျှင် ထိုကဲ့သို့သော စွမ်းအားမျိုး မရှိပေ

သူသည် အဆောင်ပြယ်သွားချိန်တွင် ဖန့်ချန်ကို အကုန်လုံး မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

မင်းသမီးလေးမှာ နောက်ဆုံးတွင် သတိဝင်လာပြီး ဖန့်ချန်ကို သံသယများဖြင့် စိုက်ကြည့်လိုက်သည်။

"နင်က တကယ်တော့ ဘယ်သူလဲယဘာလို့ ငါတို့အင်ပါယာကို ဆန့်ကျင်နေတာလဲ"

ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်နှင့် ဘာကြောင့် ဝင်ပါရသနည်း

သူမ စဉ်းစားလေလေ အိမ်မက်ဟု ထင်လေလေ ဖြစ်နေသည်။

ကြီးမားသော စွမ်းအားရှိသည့် မိစ္ဆာဘုရင် ထျန်းဖုန်းကို လူတစ်ယောက်က ဓားတစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည် မဟုတ်ပါလား

"ငါက ပြဿနာရှာနေတာ မဟုတ်ဘူး မင်းတို့တွေကသာ ငါ့ကို လာပြီး ဆန့်ကျင်နေကြတာ"

ဟု ဖန့်ချန်က ပြန်ဖြေလိုက်သည်။

သူက မင်းသမီးကို ကြည့်ပြီးနောက် ရှကျီ၏ ပုခုံးကို ပုတ်ကာ

"သူ့ကို သတ်ချင်ရင် ငါ့ကို အရင်သတ်ရလိမ့်မယ်"

ဟု ဆိုလိုက်သည်။

အကယ်၍ ရှကျီသာ စကားပြောနိုင်ပါက

"ဟုတ်တယ် အဲ့ဒါ အမှန်ပဲ"

ဟု ချက်ချင်း အော်ပြောပေလိမ့်မည်။

မင်းသမီးမှာ မှင်တက်သွားသည်။

ရှကျီသည် ထိုမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးနှင့် မည်သို့ သိကျွမ်းနေသနည်း ဆိုသည်ကို သူမ စဉ်းစားမရပေ။

၎င်းအပြင် သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးပုံရသည်။

သူမ သိထားသလောက် ရှကျီသည် အလွန်နိမ့်ကျသော နောက်ခံရှိသည့် အင်ပါယာလေးတစ်ခုမှ လာသူဖြစ်သည်။

စွမ်းအားမြင့်ဗလာကျောင်းတော်၏ ဆရာတော်သာ ဖြတ်သွားရင်း ရှကျီ၏ ပါရမီကို မတွေ့ခဲ့ပါက ရှမကျီသည် ယခုအချိန်အထိ သာမန်လူသားတစ်ဦးသာ ဖြစ်နေပေလိမ့်မည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါသူသာ ဖြစ်နေလိမ့်မည်

ကျန်းကျုံးမှာ ရုတ်တရက် သဘောပေါက်သွားသည်။

"ဩော် သူတို့က သိနေကြတာကိုး"

မင်းသမီး၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေသည်။

သူမသည် ရင်ထဲမှ ကြောက်စိတ်ကို ထိန်းချုပ်ကာ တည်ငြိမ်ဟန်ဆောင်လျက်

"နင် က သူ့ရဲ့ မိတ်ဆွေဆိုရင်တော့ ချင်းဟူအင်ပါယာနဲ့ သူ့ကြားက နားလည်မှုလွဲတာတွေကို ဖြေရှင်းလို့ ရပါတယ် ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ"

ဟု ပြောလိုက်သည်။

ဖန့်ချန် ရယ်မောလိုက်သည်။

"ငါ့ကို လူအ ထင်မနေနဲ့ မင်းသမီး"

မင်းသမီးလေး ဘာမှ ပြန်မပြောနိုင်တော့ပေ။

ခေတ္တအကြာတွင် သူမက အသံတုန်တုန်ဖြင့်

"နင် ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ"

ဟု မေးလိုက်တော့သည်။

All Chapters