အခန်း (၂၈၃-၂၈၄)
Vol. 29 Ch. 283-284
၂၈၃- မင်း မလုပ်ရဲပါဘူး
ယွီယွဲ့ဖန် ရှုံးနိမ့်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲရဲ့ ရတနာလက်နက် ပျက်စီးသွားတာကြောင့် ကောင်းကင်တောင်ပိုင်းဂိုဏ်း တပည့်တွေဟာ စိတ်ဓာတ်ကျနေခဲ့ပေမဲ့ ယွီယွဲ့ဖန်ရဲ့ ရူးသွပ်စွာ ရယ်မောသံကြောင့် သူတို့ ပြန်ပြီး အားတက်လာကြပါတယ်။
ဟုတ်သားပဲ ပင်လယ်နဂါး မသေမျိုး က ဒီမှာ ရှိနေတာပဲ။
သူနဲ့ ယွီယွဲ့ဖန်ကလည်း သိကျွမ်းကြသလို ယွီယွဲ့ဖန်ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုဖို့ အထူးတလည် လာခဲ့တာ မဟုတ်လား။
ဒါ့အပြင် ဒီဓားကျင့်ကြံသူက နဂါးဖြတ်ကျော်ကျွန်းရှင် ကို သတ်ခဲ့တာဆိုတော့ ပင်လယ်နဂါး မသေမျိုးဘက်က ဝင်ပါဖို့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိနေတာပေါ့
ကောင်းကင်တောင်ပိုင်းဂိုဏ်း တပည့်တွေ သက်ပြင်းချနိုင်သွားကြပြီး ဖန့်ချန် ကို ကြည့်တဲ့ သူတို့ရဲ့ အကြည့်တွေက စောစောကလောက် မကြောက်တော့ပါဘူး။
ခြောက်ယောက်မြောက် မင်းသားရဲ့ မျက်နှာကတော့ တည်တင်းနေပါတယ်။
ပင်လယ်နဂါး မသေမျိုး ပေါ်လာပြီး ဖန့်ချန်ကို နှိမ်နင်းပေးဖို့ သူ တိတ်တဆိတ် မျှော်လင့်နေတာပါ။
ဒါမှသာ သူ စောစောက ဖန့်ချန်အပေါ် ရိုင်းစိုင်းခဲ့တဲ့အတွက် ပြန်ပေးဆပ်ရမယ့် ဘေးကနေ လွတ်မြောက်မှာ ဖြစ်ပါတယ်။
ကျန့်ယွီ နဲ့ တခြားလူတွေရဲ့ စိတ်ထဲမှာလည်း အတွေးတစ်ခု ဝင်လာပါတယ်။
ပုံမှန်ဆိုရင်တော့ ပင်လယ်နဂါး မသေမျိုးဟာ သူတို့ဂိုဏ်းချုပ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံကြောင့် ကျွန်းရှင်တစ်ယောက် အသတ်ခံရတဲ့ကိစ္စကို လျစ်လျူရှုထားနိုင်ပေမဲ့ ဒီနေ့မှာတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီး ရှိနေတာကြောင့် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် သူ လက်ပါလာနိုင်ပါတယ်။
"ဖန်လေး ကိုယ့်ထက်သာတဲ့သူ အမြဲရှိနေတတ်တယ်ဆိုတာ အခု မင်း နားလည်သွားပြီလား"
လူလတ်ပိုင်း အမျိုးသားတစ်ယောက်ဟာ ဖြည်းဖြည်းချင်း လျှောက်လာပြီး လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအင်တွေက ယွီယွဲ့ဖန်ရဲ့ ဒဏ်ရာတွေကို တည်ငြိမ်သွားစေပါတယ်။
ဒါကတော့ ကောင်းကင်တောင်ပိုင်းဂိုဏ်းရဲ့ ဘိုးဘေး အခြေခံတည်ဆောက်ခြင်း မဟာပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူကြီး ပါပဲ
လူအုပ်ကြီးရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားပြီး ကောင်းကင်တောင်ပိုင်းဂိုဏ်း တပည့်တွေက ချက်ချင်း လက်အုပ်ချီ အရိုအသေပေးလိုက်ကြတယ်။
"ဘိုးဘေးကို ဂါရဝပြုပါတယ်"
ယွီယွဲ့ဖန်ရဲ့ မျက်နှာက တုန်လှုပ်သွားပြီး နောက်ဆုံးမှာတော့ ခေါင်းငုံ့လိုက်ပါတယ်။
"ဒီနေ့ ကျွန်တော် ဘိုးဘေးရဲ့ မျက်နှာကို ပျက်စေခဲ့ပါပြီ"
ကောင်းကင်တောင်ပိုင်းဂိုဏ်း ဘိုးဘေးက ခပ်ဖျော့ဖျော့ ရယ်မောလိုက်တယ်။
"ရှက်တတ်တာက သတ္တိရှိဖို့ အစပျိုးတာပဲ ဒါဟာ ကြီးထွားလာဖို့ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်တယ် ဒီရှုံးနိမ့်မှုက မင်းရဲ့ ကျင့်ကြံမှု စိတ်ဓာတ်ကို မထိခိုက်စေဖို့ ငါ မျှော်လင့်ပါတယ်"
"ဘိုးဘေးရဲ့ ဆုံးမမှုကို ကျွန်တော် မှတ်သားထားပါ့မယ်"
လို့ ယွီယွဲ့ဖန်က တိုးတိုးလေး ပြောလိုက်တယ်။
ဘိုးဘေးက ပြုံးပြီး ခေါင်းငြိမ့်ပြကာ ဖန့်ချန်ဘက် လှည့်လိုက်တယ်။
"လူငယ်လေး လက်မပါဘဲ လွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်စရာ မလိုပါဘူး"
လို့ ဖန်ချန်က အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်။
"စောစောက အကြီးအကဲ ကျင်းနန်က လျှော့ပေးဖို့ တောင်းဆိုခဲ့လို့ပါ အကြီးအကဲ ကျင်းနန်က ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်း ဖြစ်နေတာကြောင့် သူ့ကို မသတ်ဖို့ ဆုံးဖြတ်လိုက်တာပါ"
လူတိုင်းရဲ့ မျက်နှာတွေ တောင့်တင်းသွားကြတယ်။
ကျင်းနန်ရဲ့ မျက်နှာမှာတော့ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ရှိနေပါတယ်။
ကောင်းကင်တောင်ပိုင်းဂိုဏ်း ဘိုးဘေးဟာ ဖန်ချန်ရဲ့ အပြောကြောင့် အံ့သြသွားပြီး ခဏအကြာမှာတော့ ခါးသီးစွာ သက်ပြင်းချလိုက်တယ်။
"ဓားကျင့်ကြံသူတွေ အားလုံးက တကယ်ပဲ ပုံစံခွက်တစ်ခုတည်းက ထွက်လာသလိုပါပဲလား"
အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တစ်ယောက်က ဦးညွှတ်လိုက်တယ်။
"ဘိုးဘေး သူက ကျွန်တော်တို့ တပည့်ကို သတ်ပြီး ယွီယွဲ့ဖန်ကိုလည်း ဒဏ်ရာရအောင် လုပ်ခဲ့တာပါ သူ့ရဲ့ ရိုင်းစိုင်းမှုကို အဆုံးသတ်ပေးတော်မူပါ"
တခြားတပည့်တွေကလည်း လိုက်ပြီး လက်အုပ်ချီကြတယ်။
"ဘိုးဘေး သူ့ရဲ့ ရိုင်းစိုင်းမှုကို အဆုံးသတ်ပေးပါ"
သူတို့ရဲ့ အသံတွေက မိုးခြိမ်းသံလို ဟိန်းထွက်သွားပါတယ်။
တပည့်တွေက ဘိုးဘေးအနေနဲ့ ဒီဓားကျင့်ကြံသူကို လက်ပါလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ သူတို့ အံ့သြသွားရတာက ဘိုးဘေးက သူတို့ကို ပြန်ပြီး ဆူပူလိုက်တာပါပဲ။
"အဓိပ္ပာယ်မရှိတာ"
သူက ပြောတယ်။
"သူက ဖန်လေးရဲ့ အသက်ကို ချမ်းသာပေးခဲ့တယ်ဒီကိစ္စက ဒီမှာတင် ပြီးပြီ မီးလောင်ရာ လေပင့်တာတွေကို ရပ်စမ်း"
တပည့်တွေ မှင်တက်သွားကြတယ်။
ဘိုးဘေးက ဖန့်ချန်ဘက် ပြန်လှည့်ပြီး ပြုံးပြတယ်။
"လူငယ်လေး ဘယ်လိုလဲ ငါတို့တွေ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြမလား"
ယွီယွဲ့ဖန်ကို တစ်ချက်ကြည့်ပြီး ဖန့်ချန်က ပြုံးလိုက်တယ်။
"ဒါဆိုလည်း ဒီမှာတင် ရပ်လိုက်ကြတာပေါ့"
ယွီယွဲ့ဖန်ကတော့ ဒါကို မယုံနိုင်အောင် ဖြစ်နေတယ်။
"ဘိုးဘေး..."
"နောက်ထပ် ဘာဖြစ်မလဲဆိုတာ ငါတို့နဲ့ မဆိုင်တော့ဘူး သူက ပင်လယ်နဂါး မသေမျိုးနဲ့ ဖြေရှင်းစရာ ရှိသေးတယ်လေ"
လို့ ဘိုးဘေးက ထပ်ပြောလိုက်တယ်။
"အော်... ဒါကြောင့်ကိုး"
လူတိုင်း ချက်ချင်း သဘောပေါက်သွားကြတယ်။ သူတို့ရဲ့ ဘိုးဘေးက ကောင်းကင်တောင်ပိုင်းဂိုဏ်းကို ဒီပြဿနာထဲကနေ ဆွဲထုတ်လိုက်တာပါ။
ဆိုလိုတာက ပင်လယ်နဂါး မသေမျိုးက ဒီဓားကျင့်ကြံသူကို သတ်ခဲ့ရင်တောင် သူတို့နဲ့ မဆိုင်တော့ဘဲ သူတို့ လိုချင်တဲ့ ရလဒ်ကိုလည်း ရမှာ ဖြစ်ပါတယ်။
ဒါဟာ အခြေခံတည်ဆောက်ခြင်း မဟာပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူရဲ့ အတွေ့အကြုံပါပဲ။
သူက အရာရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ တကယ့် မြေခွေးအိုကြီးပါပဲ
ယွီယွဲ့ဖန်ရဲ့ မျက်လုံးတွေ တောက်ပသွားပြီး သူက တိတ်ဆိတ်သွားတယ်။
ဖန်ချန်ကို ကြည့်တဲ့ သူ့ရဲ့ အကြည့်တွေမှာတော့ လှောင်ပြုံးတစ်ခု ပါနေပါတယ်။
အဲ့ဒီအချိန်မှာပဲ အထက်ကောင်းကင်ကနေ အသံတစ်ခု ထွက်ပေါ်လာတယ်။
"ပင်လယ်ပြင်မှာ ငါ့ရဲ့ ငါးဆက်မြောက်မြေးကို သတ်ခဲ့တာ မင်းလား"
လူတိုင်း ခေါင်းမော့ကြည့်လိုက်တဲ့အခါ ကွင်းပြင်ကို အေးစက်စွာ ငုံ့ကြည့်နေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ ပင်လယ်နဂါး မသေမျိုးပါပဲ။
ငါးဆက်မြောက်မြေး ဟုတ်လား
ဒါကတော့ ပင်လယ်နဂါးဂိုဏ်းနဲ့ ဒီဓားကျင့်ကြံသူကြားက ရန်ငြိုးရဲ့ အရင်းအမြစ်ပေါ့
လူတိုင်း အသက်ရှူမှားသွားကြတယ်
"အဲ့ဒါ ပင်လယ်နဂါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လောင်းလေ သူက အဲ့ဒီလူကို သတ်လိုက်တာလား"
ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။
"ဟုတ်တယ် ငါ သတ်လိုက်တာ"
"အစိမ်းရောင်တောင်ကျွန်းရှင်ရွှယ်ဖုန်းကွေ့ ကိုလည်း မင်းပဲ သတ်ခဲ့တာလား"
"ဟုတ်တယ်... ငါ သတ်ခဲ့တာ"
"နဂါးဖြတ်ကျော်ကျွန်းရှင်ကော"
"ဟုတ်တယ်... သူ့ကိုလည်း ငါပဲ သတ်ခဲ့တာ"
မေးခွန်းတစ်ခု မေးပြီးတိုင်း၊ အဖြေတစ်ခု ပေးပြီးတိုင်း လူတိုင်းရဲ့ ကျောရိုးထဲမှာ အေးစိမ့်သွားသလို ခံစားရပါတယ်။
ရှေ့မှာရှိနေတဲ့ ဓားကျင့်ကြံသူဟာ ပင်လယ်နဂါးဂိုဏ်းက နာမည်ကျော် အတော်များများကို သတ်ခဲ့တာပဲ
ကျန်းရှောင်ခဲ့က ဖန့်ချန်ရဲ့ ဘေးတိုက်ပုံရိပ်ကို ကြည့်ပြီး မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ လင်းလက်နေတယ်။
သခင်လေးရဲ့ ခရီးစဉ်က တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့တာပဲ
"သူက ပင်လယ်နဂါးဂိုဏ်းက လူ ဘယ်နှစ်ယောက်တောင် သတ်ခဲ့တာလဲ"
ခြောက်ယောက်မြောက် မင်းသမီးလေးက မယုံနိုင်အောင် ဖြစ်နေပြီး အတိတ်က မှတ်ဉာဏ်တွေ ပြန်ပေါ်လာတယ်။
ဆယ်ကျော်သက်အရွယ်မှာ မဟာရှရဲ့ မြို့တော်မှာ လွတ်လပ်စွာ လှည့်လည်သွားလာခဲ့တဲ့သူက အခု အသက်နှစ်ဆယ်အရွယ်မှာ ကျင့်ကြံခြင်းလောကကို တုန်လှုပ်စေနေပြီ။
မဟာရှ က လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဖြစ်လာရတာလဲ
"မင်းက တော်တော်ရိုးသားတာပဲ မင်းကို ဒီမှာတင် ငါသတ်ပစ်မှာကို မကြောက်ဘူးလား ဓားကျင့်ကြံသူတွေက အစွမ်းထက်တယ်ဆိုပေမဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေကို လိုက်နာရတုန်းပဲအဆုံးသတ်မှာတော့ ကျင့်ကြံမှုအဆင့်ကပဲ အဆုံးအဖြတ်ပေးတာ"
လို့ ပင်လယ်နဂါး မသေမျိုးက အေးစက်စွာ ပြောလိုက်တယ်။
"မင်းကို သတ်ဖို့ဆိုရင် ငါ့အတွက် တစ်ကွက်ထက် ပိုမလိုဘူး"
ဘယ်သူမှ ဒါကို ကြွားလုံးလို့ မထင်ကြပါဘူး။
ဖန့်ချန်က ဘယ်လောက်ပဲ တော်နေပါစေ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဂိုဏ်းချုပ် လမ်းတစ်လမ်းလောက် ချန်ပေးလိုက်ပါဦး ကျန့်ယွီ နဲ့ တခြားလူတွေက စိတ်ထဲကနေ ဆုတောင်းနေကြပြီး ချွေးစေးတွေ ပြန်နေပါတယ်။
ဖန့်ချန် သေရင် သူတို့လည်း သေမှာပါ။
သူတို့က ဖန့်ချန်အနေနဲ့ ပင်လယ်နဂါး မသေမျိုးကို လမ်းကြောင်းတစ်ခု ပေးစေချင်နေကြတယ်။
ဖန့်ချန်ရဲ့ နှုတ်ခမ်းတွေ ကွေးညွတ်သွားတယ်။
"မင်း မလုပ်ရဲပါဘူး"
ကွင်းပြင်တစ်ခုလုံး အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားတယ်။
ကျန့်ယွီ နဲ့ တခြားသူတွေရဲ့ နှလုံးသားထဲမှာတော့ သေမင်းကို မြင်နေရပြီဖြစ်ပြီး ချွေးတွေ ရွှဲနေပါပြီ။
ထူးဆန်းတာကတော့ ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတဲ့ ကျန်းရှောင်ခဲ့က ဖန်ချန်ရဲ့ စကားကို ကြားပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးနေတာပါပဲ။
သူ့ရဲ့ ယုံကြည်မှုက အစွမ်းကြောင့် မဟုတ်သလို၊ အသက်ရှင်ခြင်း သေခြင်းကြောင့်လည်း မဟုတ်ပါဘူ ဒါဟာ သူ့သခင်အပေါ်ထားတဲ့ စစ်မှန်တဲ့ ယုံကြည်မှုပါ။
လျှိုဝှက် အဖွဲ့ က ကောင်တွေသာ သခင်လေးနဲ့ ငါ့ရဲ့ ဒီနေ့ အတွေ့အကြုံကို သိရင် အတော်လေး မနာလိုဖြစ်ကြမှာပဲ... ဟားဟား
"မြေကြီးထဲ ခြေတစ်ဖက် နစ်နေတာတောင် မာန်တက်နေတုန်းပဲ"
ယွီယွဲ့ဖန်က ဖန်ချန်ကို ဒေါသတကြီး စိုက်ကြည့်နေပါတယ်။
ပင်လယ်နဂါး မသေမျိုးက ဘာလို့ အခုထိ လက်မပါသေးတာလဲ ဖန်ချန်ကို ဘာလို့ ဒီလောက်အထိ မာန်တက်ခွင့် ပေးထားရတာလဲ
အကြီးအကဲ စူးနဲ့ တခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တိတ်တဆိတ် နောက်ဆုတ်သွားကြတယ်။
တိုက်ပွဲကြားထဲမှာ မညပ်သွားဖို့အတွက် ပေတစ်ရာလောက် အကွာကို ချက်ချင်း ရှောင်သွားကြတာပါ။
ဖန်ချန်နဲ့ သူ့ရဲ့ အပေါင်းအပါ ၅ ယောက်ပဲ ကျန်ပါတော့တယ်။
လက်ရှိအခြေအနေက ကျန့်ယွီ တို့အပေါ် ပြင်းထန်တဲ့ ဖိအားတွေ ပေးနေတာကြောင့် သူတို့တွေ ချွေးပြန်နေကြတယ်။
လူတိုင်းက ပင်လယ်နဂါး မသေမျိုး လက်ပါတော့မယ်လို့ ထင်နေချိန်မှာပဲ သူက အေးအေးဆေးဆေး ပြုံးလိုက်ပါတယ်။
"အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်အတွက်နဲ့ မင်းရဲ့နောက်ကွယ်က ဓားကျင့်ကြံသူကို သွားပြီး ရန်စရတာ တကယ်ကို မတန်ပါဘူး"
လူတိုင်းက သူတို့နားကို သူတို့ မယုံနိုင်အောင် ဖြစ်သွားကြတယ်။
"ဘာ "
ပင်လယ်နဂါး မသေမျိုးက တကယ်ပဲ ကြောက်နေတာလား
အခန်း ၂၈၄- ကောက်ကျစ်စဉ်းလဲမှု
ယွီယွဲ့ဖန် ၏ မျက်နှာသည် အလွန်ပင် ပျက်ယွင်းသွားသည်။
အကယ်၍ ပင်လယ်နဂါး မသေမျိုး သာ လက်မပါခဲ့ပါက သူသည် အလကားသက်သက် အရှက်ကွဲရတော့မည် မဟုတ်ပါလား။
အကယ်၍ ထိုကိစ္စသည် ဤနေရာတွင်တင် ပြီးဆုံးသွားခဲ့လျှင် အင်ပါယာအတွင်းရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်တောင်ပိုင်းဂိုဏ်း၏ ထိပ်တန်းစီနီယာအစ်ကိုကြီးမှာ သူ၏ ကိုယ်ပိုင်နယ်မြေအတွင်း၌ပင် အလွယ်တကူ အနိုင်ယူခံလိုက်ရကြောင်း သိသွားကြတော့မည်ဖြစ်သည်။
ခြောက်ယောက်မြောက် မင်းသားက သက်ပြင်းချလိုက်သည်။
ဒါကတော့ နည်းနည်း ပြဿနာတက်နိုင်တယ် ဟု သူတွေးလိုက်သည်။
သို့သော် ၎င်းမှာ ပြဿနာအနည်းငယ်သာ ဖြစ်သည်။
သူသည် ထိုဓားသမားအတွက် အလွန်အမင်း စိုးရိမ်နေခြင်း မရှိပေ။
အင်ပါယာ မိသားစုဆိုသည်မှာလည်း အလွယ်တကူ အနိုင်ကျင့်၍ ရသည်မဟုတ်။
သူတို့နောက်ကွယ်တွင် အဆင့် ၅ အဆင့်ရှိ အင်ပါယာကြီးတစ်ခု၏ ထောက်ခံမှု ရှိနေသည်။
ထို့ကြောင့် အကယ်၍ ထိုဓားကျင့်ကြံသူက ပြဿနာလာရှာလျှင်ပင် သူ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။
"မင်း လက်မပါဘူးဆိုရင်တော့ ငါ သွားခွင့်ပြုရတော့မယ်"
ဖန့်ချန် က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုလိုက်သည်။
"မင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတာနော် ထပ်ပြီး မစဉ်းစားချင်ဘူးလား"
လူအုပ်ကြီးသည် ဖန်ချန်ကို ကြောင်ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် ဇဝေဇဝါဖြစ်မှုများ မြင့်တက်လာသည်။
ဓားကျင့်ကြံသူတွေ အားလုံးက ဒီလောက်တောင် မာန်တက်ကြတာလား ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ရန်စနေခြင်းမှာ ရူးသွပ်မှုသက်သက်ပင် မဟုတ်ပါလား။
"ဓားကျင့်ကြံသူတွေကို လူရူးတွေလို့ ပြောတာ မဆန်းပါဘူး သူတို့ကို သွားရန်မစတာ အကောင်းဆုံးပဲ သူတို့က ကျင့်ကြံရင်းနဲ့ ရူးသွားကြတာ ဖြစ်မယ်"
ဟု တာအိုဆရာ ယာ က မီးတိမ်မသေမျိုး ထံသို့ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
မီးတိမ်မသေမျိုးက ပြန်လည်ဖြေကြားသည်မှာ
"သူ ရူးနေတာလို့တော့ အသေအချာ ပြောလို့မရဘူးသူ့မှာ တစ်ခုခု အားကိုးစရာ ဝှက်ဖဲရှိနေလို့ ဒီလောက်အထိ ရဲတင်းနေတာ ဖြစ်နိုင်တယ် ပင်လယ်နဂါး မသေမျိုးကလည်း အဲ့ဒါကို စိုးရိမ်လို့ သတိထားနေတာ ဖြစ်လိမ့်မယ်"
တာအိုဆရာ ယာက သဘောပေါက်သွားသည်။
"အဲ့ဒါကတော့ ဖြစ်နိုင်တယ်"
ဘေးမှ စောင့်ကြည့်နေသော ရှယားယိ ၏ မျက်နှာထားမှာ ရှုပ်ထွေးနေသည်။
မဟာရှ အင်ပါယာမှ ထိုကဲ့သို့သော လူတစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ကောင်းကင်တောင်ပိုင်းဂိုဏ်း၏ နယ်မြေအတွင်း၌ပင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးအား အင်ပါယာ၏ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ရာပေါင်းများစွာ၏ ရှေ့မှောက်၌ပင် အရှက်ခွဲနိုင်ခဲ့သည် မဟုတ်ပါလား။
ကျန့်ယွီ နှင့် သူ၏ အဖော်များမှာမူ ယခင်ကထက် ပိုမို တောင့်တင်းသွားကြပြီး နဖူးမှ စီးကျလာသော ချွေးစေးများသည် ကြမ်းပြင်ပေါ်သို့ တစက်စက် ကျနေသည်။
သူတို့၏ ဂိုဏ်းချုပ်သည် ရွှေအမြုတေအဆင့် ဘိုးဘေးကြီးအတွက် လမ်းဖယ်မပေးသည့်အပြင် သူ့ကို ပိုမို၍ ကျဉ်းထဲကျပ်ထဲ ရောက်အောင် လုပ်နေသည် မဟုတ်ပါလား။
သိက္ခာရှိသော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသည် ဤကဲ့သို့သော အရှက်ခွဲမှုကို မည်သို့ သည်းခံနိုင်မည်နည်း။
"မင်း သွားနိုင်ပါတယ် ငါ လက်မပါဘူးလို့ ပြောပြီးရင် မလုပ်တော့ဘူး"
ပင်လယ်နဂါး မသေမျိုးက ပါးလွှာသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
လူအုပ်ကြီးသည် တိတ်တဆိတ် ထိတ်လန့်သွားကြသည်။
ပင်လယ်နဂါး မသေမျိုးသည် ဤဓားကျင့်ကြံသူ၏ နောက်ကွယ်ကလူကို အမှန်တကယ်ပင် စိုးရိမ်နေခြင်း ဖြစ်သည်။
၎င်းမှာ အနည်းငယ် မျှော်လင့်မထားသော ကိစ္စဖြစ်သော်လည်း သေချာစဉ်းစားကြည့်လျှင် ပုံမှန်ပင် ဖြစ်သည်။
အကယ်၍ သူတို့သာ ထိုနေရာတွင် ရှိနေပါက ရွှေအမြုတေအဆင့် ရောက်နေလျှင်ပင် ဓားကျင့်ကြံသူများကို သွားရောက် ရန်စမိမည် မဟုတ်ပေ။
အကယ်၍ ထိုဓားသမား၏ နောက်ကွယ်တွင် နောက်ထပ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေလျှင် မည်သို့လုပ်မည်နည်း။
ဖန်ချန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး လူတိုင်းကို လိုက်ခဲ့ရန် အချက်ပြလိုက်သည်။
"သွားကြစို့"
ကျန့်ယွီ တခြားလူနှစ်ယောက်နှင့် ကျန်းရှောင်ခဲ့ တို့သည် ချက်ချင်းပင် လိုက်ပါသွားကြသည်။
အကြီးအကဲ စူး သည် ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေမိသည်။
ကျန်းရှောင်ခဲ့နှင့် ဖန်ချန်၏ ဆက်ဆံရေးမှာ မရိုးရှင်းကြောင်း သူမ ခန့်မှန်းမိပြီးသား ဖြစ်သည်။
သူသည် မဟာရှ တွင်ရှိစဉ်က သာမန် မုန့်ရောင်းသူတစ်ဦး မဟုတ်ခဲ့သည်မှာ သေချာသည်။
ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများသည် သူတို့ကို လမ်းဖယ်ပေးလိုက်ကြပြီး မည်သူမျှ တားဆီးရန် မဝံ့ရဲကြပေ။
သူတို့၏ အကြည့်များသည် ဂိုဏ်းဝင်ပေါက်မှ ထွက်ခွာတော့မည့် ဖန်ချန်တို့ လူစုနောက်သို့ ပါသွားကြသည်။
ယွီယွဲ့ဖန်၏ မျက်နှာမှာမူ သူတို့ ထွက်သွားသည်နှင့်အမျှ ပိုမို ရုပ်ဆိုးလာသည်။
ကောင်းကင်တောင်ပိုင်းဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ ဘိုးဘေးကြီးကို လှမ်းကြည့်လိုက်ကြသည်။
သို့သော် သူသည် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်ပြီး ထိုကိစ္စတွင် အမှန်တကယ်ပင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိဘဲ ဖန်ချန် ထွက်သွားသည်ကိုသာ ကြည့်နေသည်။
ဖန်ချန်တို့အဖွဲ့သည် တောင်တံခါးဝသို့ ရောက်ခါနီးအချိန်တွင် ပင်လယ်နဂါး မသေမျိုး၏ ရယ်မောသံကို ကြားလိုက်ရသည်။
"လူငယ်လေး ခဏလောက် စောင့်ပါဦး"
ဖန်ချန်သည် သူ၏ ခြေလှမ်းများကို ရပ်လိုက်သည်။
ကျန့်ယွီနှင့် တခြားနှစ်ယောက်မှာမူ ချွေးပြန်ကာ ထိတ်လန့်နေကြပြီ။
ကျန်းရှောင်ခဲ့ကမူ ပြုံးလျက် ရပ်လိုက်ပြီး ဖြစ်လာမည့်ကိစ္စများကို ကြောက်ရွံ့ခြင်း မရှိပေ။
မဟာရှလျှိုဝှက်အဖွဲ့ ရှိ လူများသည် သေခြင်းတရားကို ကြောက်ရွံ့လေ့ မရှိကြပေ။
သူတို့အများစုမှာ သေမင်းနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးကြသူများ မဟုတ်ပါလား။
လူအုပ်ကြီး၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားသည်။
ယွီယွဲ့ဖန်၏ မျက်လုံးများ လင်းလက်လာသည်။
"ပင်လယ်နဂါး မသေမျိုးက စိတ်ပြောင်းသွားပြီလား"
သူသည် ကောင်းကင်တောင်ပိုင်းဂိုဏ်း ဘိုးဘေးကြီး၏ နှုတ်ခမ်းထောင့်မှ အပြုံးကို မြင်လိုက်ရသောအခါ အတွေးတစ်ခု ဝင်လာသည်။
ဒါတွေအားလုံးက စမ်းသပ်မှုတစ်ခုပဲ သူတို့က ဒီဓားသမားမှာ တကယ်ပဲ ဝှက်ဖဲ ရှိ၊ မရှိ စမ်းသပ်နေကြတာ အကယ်၍ ထိုဓားကျင့်ကြံသူမှာ တကယ်ပဲ အစွမ်းထက်သော ဝှက်ဖဲ ရှိနေလျှင် ဘာကြောင့် အသုံးမပြုဘဲ ထွက်သွားရန် ရွေးချယ်ရမည်နည်း။
ဖန်ချန်က လှည့်ကြည့်လိုက်သည်။
"မင်း စိတ်ပြောင်းသွားတာလား"
"ငါတို့ကြားက ရန်ငြိုးက နက်ရှိုင်းလွန်းလို့ အခုပဲ အဆုံးသတ်သင့်တယ်လို့ ငါရုတ်တရက် ခံစားမိသွားတယ်"
ပင်လယ်နဂါး မသေမျိုးက ရယ်မောလိုက်သည်။
"ဒီလိုလုပ်ရအောင် တကယ်လိည့ မင်းက ငါ့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို တောင့်ခံနိုင်ရင် ငါ မင်းကို သွားခွင့်ပြုမယ်"
သူ ခဏရပ်လိုက်ပြီးမှ ထပ်ပြောသည်မှာ
"ဒါမှမဟုတ်ရင်တော့ မင်း သေရမယ်။"
လူတိုင်း၏ နှလုံးသားထဲတွင် အေးစိမ့်သွားသည်။ ပင်လယ်နဂါး မသေမျိုးက တကယ်ပဲ လက်ပါတော့မည်
ဖန်ချန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။
"မင်းတို့အားလုံး ဒီမှာပဲ စောင့်နေကြ"
သူသည် ပင်လယ်နဂါး မသေမျိုးနှင့် အကွာအဝေး ပေတစ်ထောင် ခန့်တွင် ပြန်လည် ရပ်လိုက်သည်။
"လုပ်လေ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေက ကောလာဟလတွေထဲကလို တကယ်ပဲ ကမ္ဘာပျက်မတတ် အစွမ်းထက်လားဆိုတာ ငါလည်း သိချင်နေတာ"
ပင်လယ်နဂါး မသေမျိုးသည် အပိုစကားများ မပြောတော့ဘဲ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
လေထဲရှိ သတ္တုစွမ်းအင် များသည် ချက်ချင်းပင် စုစည်းသွားပြီး လှံတစ်စင်းအသွင် ပြောင်းလဲကာ ဖန်ချန်၏ ခြေရင်းနားသို့ မိုးခြိမ်းသံကဲ့သို့ ကျရောက်လာသည်။
ထိုလှံသည် ဖန့်ချန်နှင့် ၃ လက်မခန့်သာ ဝေးကွာပြီး ၎င်းမှ ထွက်ပေါ်နေသော စူးရှမှုကြောင့် ဖန့်ချန်၏ အရေပြားများမှာ တစစ်စစ် ဖြစ်သွားရသည်။
၎င်းမှာ ဓာတ်ကြီးငါးပါး နည်းစနစ် နှင့် ဆင်တူသော်လည်း သူ မြင်ဖူးသမျှနှင့် မတူပေ။
ပင်လယ်နဂါး မသေမျိုး၏ သတ္တုစွမ်းအင်မှ ဖြစ်ပေါ်လာသော လက်နက်သည် သာမန် အဝါရောင်အဆင့် အလယ်အလတ်ရှိသော ရတနာတစ်ခုထက် မနိမ့်ကျပေ။
ဖန်ချန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
ထိုလူသည် သူ့ကို စမ်းသပ်နေခြင်း ဖြစ်သည်။
အမှန်ပင်၊ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်သော သူတိုင်းသည် ကောက်ကျစ်စဉ်းလဲကာ သတိကြီးကြသူများ ဖြစ်သည်။
ဓားကလေး ငါ့ရဲ့ ဒုတိယအဆင့် ဓားခန္ဓာကိုယ်က ဒီတိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မလား
မရနိုင်ဘူး ဒါပေမဲ့ မသေပါဘူး
အကယ်၍ တတိယအဆင့်မှာဆိုရင်ရော
တောင့်ခံနိုင်ပါတယ်၊ ဒါပေမဲ့ ဒဏ်ရာအနည်းငယ်တော့ ရလိမ့်မယ်။
ဖန်ချန် ခေါင်းငြိမ့်လိုက်သည်။
သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ ထိုတိုက်ခိုက်မှုသည် သေချာပေါက် သေမင်းတံခါးပင် ဖြစ်သည်။
သို့သော် ဓားငယ်လေးက တောင့်မခံနိုင်သော်လည်း သူ မသေနိုင်ဟု ပြောခြင်းမှာ သူ၏ ဒုတိယအဆင့် ဓားခန္ဓာကိုယ် မည်မျှ အစွမ်းထက်ကြောင်း သက်သေပင် ဖြစ်သည်။
အကယ်၍ သူသာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီး ဓားခန္ဓာကိုယ်မှာ တတိယ သို့မဟုတ် စတုတ္ထအဆင့်သို့ ရောက်နေပါက ပင်လယ်နဂါး မသေမျိုးကဲ့သို့သော သူကို အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။
ပင်လယ်နဂါး မသေမျိုးက အထက်မှနေ၍ ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။
"ဘာလို့ မလှုပ်ရှားတာလဲ မင်း သေရတော့မယ်လို့ ထင်နေတာလား"
"ငါ့ကို စမ်းသပ်နေတာ ရပ်လိုက်စမ်းပါ ရန်ငြိုးကို ပြတ်ပြတ်သားသားပဲ ရှင်းချင်ရင် ရှင်းလိုက်ကြောက်နေတာတွေ ဝေခွဲမရဖြစ်နေတာတွေက မင်းကို ရယ်စရာဖြစ်အောင်ပဲ လုပ်လိမ့်မယ်"
ဟု ဖန်ချန်က ပြောလိုက်သည်။
ခြောက်ယောက်မြောက် မင်းသမီး၏ မျက်နှာထားမှာ ရှုပ်ထွေးနေသည်။
ဒီလူက ဘာမှ မပြောင်းလဲသေးဘူးပဲ
မဟာရှ တွင် ရှိစဉ်ကလည်း ဖန်ချန်သည် သူမ၏ ဖခင်ကိုသာ အနည်းငယ် ယဉ်ကျေးပြသခဲ့ပြီး ကျန်ရှိသော သူများကိုမူ ထိုကဲ့သို့ပင် ဆက်ဆံခဲ့သည်။
ယနေ့ ကျင့်ကြံခြင်းလောကတွင်လည်း သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ ရှေ့မှောက်၌ ကြောက်ရွံ့ခြင်းမရှိသည့်အပြင် သူကိုယ်တိုင်ပင် ရွှေအမြုတေအဆင့် ရောက်နေသကဲ့သို့ ပြုမူနေသည် မဟုတ်ပါလား။
ခြောက်ယောက်မြောက် မင်းသမီးသည် သူ၏ အပြုအမူကို စိတ်ပျက်မိသော်လည်း တစ်ဖက်တွင်မူ သူမ မလုပ်နိုင်သော အရာကို သူ လုပ်နိုင်နေသည့်အတွက် ချီးကျူးမိနေသည်။
ပင်လယ်နဂါး မသေမျိုးသည် ဖန့်ချန်ကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
ခဏချင်းမှာပင် အမြင့် ၁၅ မီတာခန့်ရှိသော ရွှေရောင်ဘီလူးကြီး လေးကောင် ပေါ်လာပြီး ဖန်ချန်ကို ဝိုင်းရံလိုက်ကြသည်။
ထိုဘီလူးကြီးများကို သတ္တုဓာတ်စွမ်းအင်များဖြင့် သန့်သန့်စင်စင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူတို့၏ လက်ထဲရှိ ရှည်လျားသော ဓားကြီးများဖြင့် ဖန်ချန်ကို အရပ်မျက်နှာ အသီးသီးမှ ခုတ်ချလိုက်ကြသည်။
ထိုတိုက်ခိုက်မှု၏ စွမ်းအားမှာ ထိတ်လန့်စရာပင်။ တောင်ငယ်တစ်လုံးပင်လျှင် ထိုဓားချက်များကြောင့် အပိုင်းလေးပိုင်း ကွဲသွားနိုင်ပေသည်။
လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်လျက် အသက်ရှူမှားကုန်ကြသည်။
ဓာတ်ကြီးငါးပါးတွင် သတ္တုဓာတ် မှာ ထိန်းချုပ်ရန် အခက်ခဲဆုံးဖြစ်သည်။
ထိုနေရာရှိ လူအများစုအတွက် ဓားတစ်လက် သို့မဟုတ် လှံတစ်စင်း ပြုလုပ်ရန်မှာ ကိစ္စမရှိသော်လည်း ရွှေရောင်ချပ်ဝတ်ဝတ် ဘီလူးကြီးများကို ဖန်တီးရန်မှာမူ လုံးဝ မတူညီသော ကိစ္စတစ်ခု ဖြစ်သည်။
ထိုဘီလူးကြီး တစ်ကောင်တည်းပင် မလွယ်ကူသော်လည်း ပင်လယ်နဂါး မသေမျိုးက လေးကောင်တောင် တစ်ပြိုင်နက် ဖန်တီးနိုင်ခဲ့သည် မဟုတ်ပါလား။
ကျင့်ကြံသူ အများစုမှာ သူတို့၏ သက်တမ်းတစ်လျှောက်တွင် မြေဓာတ်နှင့် ရေဓာတ်ကိုသာ သင်ယူနိုင်ကြသည်။
အဘယ်ကြောင့်ဆိုသော် အခြားဓာတ်များကို သင်ယူရန် ပါရမီနှင့် အချိန် လုံလောက်စွာ မရှိကြသောကြောင့် ဖြစ်သည်။
သို့သော် ပင်လယ်နဂါး မသေမျိုးမှာမူ ရွှေရောင်ဘီလူးကြီး လေးကောင်ကို အလွယ်တကူ ဖန်တီးနိုင်ခြင်းက ရွှေအမြုတေအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်တို့ကြား မည်မျှ ကွာခြားကြောင်း ပြသနေသည်။
ထိုရွှေရောင်ဘီလူးကြီး တစ်ကောင်တည်းပင်လျှင် ဤနေရာရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအားလုံးနှင့် သူတို့နောက်ကွယ်ရှိ ဂိုဏ်းများကို အလွယ်တကူ ချေမှုန်းပစ်နိုင်ပေလိမ့်မည်။