← Chapters

အခန်း (၂၈၉-၂၉၀)

Vol. 29 Ch. 289-290

အခန်း (၂၈၉-၂၉၀)

Vol. 29 Ch. 289-290

အခန်း ၂၈၉ - အဓိကအချက်က အဲ့ဒါပဲ

ဆဋ္ဌမမြောက်မင်းသားက ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ်ဖန့် မင်း ပိုင်မိသားစုဆိပ်ကမ်းမှာ သင်္ဘောဆိုက်ခဲ့တုန်းက ပင်လယ်နဂါးဂိုဏ်းရဲ့ ဂိုဏ်းသားလေးကို သတ်ခဲ့တယ်လို့ ငါကြားလိုက်ရတယ်"

လျိုနှင့် ဟွမ်မိသားစု ဘိုးဘေးများ၏ မျက်နှာပေါ်မှ အပြုံးများမှာ ရုတ်တရက် အေးခဲသွားပြီး သူတို့၏ မျက်လုံးများထဲတွင် မရေရာမှုများ ပြည့်နှက်လာသည်။

ပိုင်မိသားစုဘိုးဘေးပင်လျှင် မှင်တက်သွားသည်။

သူက ပင်လယ်နဂါးဂိုဏ်းရဲ့ ဂိုဏ်းသားလေးကို သတ်ခဲ့တာလား

ဖန်းချန်က ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ် ငါလုပ်ခဲ့တာ"

"ကဲ တိုက်ဆိုင်လိုက်တာမှ လွန်ရော ဒီဘက်က နှစ်ယောက်ကတော့ ပိုင်မိသားစုကို အမြစ်ပြတ်အောင် သတ်ပြီး ပင်လယ်နဂါးဂိုဏ်းကို ကူညီမလို့ဆိုပဲ"

ဆဋ္ဌမမြောက်မင်းသားက ဟွမ်ရွှမ်ခုန်းကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း ဒီကိစ္စကို ဘယ်လိုထင်သလဲ"

ပိုင်မိသားစုဝင်များမှာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားကြသည်။

ထိုငွေရောင်မျက်နှာဖုံးနှင့်လူက ပင်လယ်နဂါးဂိုဏ်းရဲ့ ဂိုဏ်းသားကို သတ်ခဲ့သူပေါ့လေ

ပိုင်မိသားစုဘိုးဘေး၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းပသွားသည်။

ငါတို့တော့ အသက်ချမ်းသာရာ ရပြီ

ဖန့်ချန်က ဟွမ်ရွှမ်ခုန်းဘက်သို့ လှည့်လိုက်သည်။

"မင်းပြောတော့ ပင်လယ်နဂါးဂိုဏ်းက မင်းကို ပိုင်မိသားစုကို သတ်ခိုင်းတယ်ဆို"

သူက သူ့ကိုယ်သူ ပြန်ညွှန်ပြရင်း

"အဲ့ဒါ ငါ့ကြောင့်လား"

ဟု မေးလိုက်သည်။

ဟွမ်ရွှမ်ခုန်းမှာ ချွေးစေးများ ထွက်လာသည်။

"မ-မ-မင်းက..."

လျိုမိသားစုဘိုးဘေးက တစ်ခွန်းမှ မပြောသော်လည်း သူ၏ တုန်ရီနေသော လက်များကိုကြည့်ခြင်းအားဖြင့် သူ မည်မျှ ကြောက်လန့်နေသည်ကို သိနိုင်သည်။

ဖန်းချန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

"ငါက ပင်လယ်နဂါးဂိုဏ်းရဲ့ ဂိုဏ်းသားကို သတ်ခဲ့တဲ့သူပဲ ပြီးတော့ သူတို့ရဲ့ ကျွန်းသခင် နှစ်ယောက်ကိုလည်း သတ်ခဲ့တာ ငါပဲ"

ထိုလူနှစ်ဦးမှာ ဆွံ့အသွားကြသည်။

မိသားစုနှစ်စုလုံး၏ အဖွဲ့ဝင်များမှာလည်း ထိတ်လန့်ကုန်ကြသည်။

ဟွမ်လင်းယွဲ့သည် တစ်ခုခုတော့ မှားနေပြီဟု သိလိုက်သည်။

သို့သော် ဖန့်ချန်က ထိုအကြောင်းများကို တဲ့တိုးကြီး ဝန်ခံလိုက်သောအခါ သူ၏နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားသည်။

ရုတ်တရက် ပိုင်ချန်ချန်က ရှေ့သို့တက်ကာ လက်အုပ်ချီလိုက်သည်။

"စီနီယာ ကျွန်မတို့က ကျောက်းစိမ်းကြာစေ့အကြောင်း စီနီယာ့ကို ပြောပြခဲ့တဲ့သူတွေပါ အဲ့ဒါကြောင့်ပဲ ဒီမိသားစုနှစ်ခုက ကျွန်မတို့မိသားစုကို မျိုးတုံးအောင် သတ်ချင်နေကြတာပါ ဒါကြောင့် ကျွန်မတို့အတွက် တရားမျှတမှုကို ဆောင်ရွက်ပေးဖို့ တောင်းပန်ပါတယ်"

ဟွမ်ရွှမ်ခုန်းက တုန်လှုပ်နေသော စိတ်ကို ထိန်းချုပ်ရန် အသက်ပြင်းပြင်း ရှူလိုက်သည်။

သူသည် ပင်လယ်နဂါးဂိုဏ်း၏ အားကိုးရာရှိသေးသည်ဟူသော အချက်ကို ပြန်တွေးပြီး အားတင်းလိုက်သည်။

"မိန်းကလေး မင်း စကားကို လိမ်မပြောနဲ့ ငါတို့က ပင်လယ်နဂါးဂိုဏ်းရဲ့ ကိုယ်စား ဆောင်ရွက်နေတာပဲ၊ ဒါက ငါတို့ကြားက ကိစ္စတွေနဲ့ လုံးဝမဆိုင်ဘူး"

သူက ဖန်းချန်ဘက်သို့ လှည့်ကာ

"ကျွန်တော်က ဟွမ်ရွှမ်ခုန်းပါ ကျွန်တော်က ခိုင်းစေခံရတဲ့အတိုင်း လုပ်ဆောင်နေရတာပါ ဒါကို ကျွန်တော့်အပေါ် အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်"

ဟု ဆိုလိုက်သည်။

ထိုစကားများက လျိုမိသားစုဘိုးဘေးကို သတိပြန်ဝင်လာစေသည်။ ဟုတ်သားပဲ၊ ငါတို့နောက်မှာ ပင်လယ်နဂါးဂိုဏ်း ရှိတာပဲ၊ ဘာကို ကြောက်နေရမှာလဲ

သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး

"ပင်လယ်နဂါး ဘိုးဘေး ဟာ ဒီဒေသမှာ တစ်ဦးတည်းသော ရွှေအမြုတေအဆင့်ကျင့်ကြံသူပါ ငါတို့မှာ သူ့အမိန့်ကို နာခံဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး"

ဟု ပြောလိုက်သည်။

သူ၏ စကားထဲတွင် ဖန့်ချန် အနေဖြင့် စည်းကျော်ခြင်းမပြုရန် သွယ်ဝိုက်သော ခြိမ်းခြောက်မှုတစ်ခု ပါဝင်နေသည်။

သို့သော် ဘေးပတ်ဝန်းကျင်ရှိ မည်သူမှ သူ၏ ခြိမ်းခြောက်မှုကို မကြောက်ကြပေ။

တာအိုဆရာ ယာ က မျက်ခုံးပင့်ကာ စပ်စုသည့်လေသံဖြင့်

"မင်းတို့မိသားစုတွေမှာ သတင်းပေးတွေ မရှိကြဘူးလား အခုတလော ဖြစ်ပျက်နေတဲ့ သတင်းတွေကို တစ်ခုမှ မကြားမိကြဘူးလား"

ဟု မေးလိုက်သည်။

လူနှစ်ဦးမှာ အံ့အားသင့်သွားသည်။

"ဘာသတင်းလဲ"

"ဟူး သတင်းအချက်အလက်တွေနဲ့ ပြတ်တောက်နေတာက တကယ့်ကို ဒုက္ခရောက်စေတာပဲ"

ဟု တာအိုဆရာ ယာ က ခေါင်းခါရင်း ပြောသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ပြုံးလျက်

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပင်လယ်နဂါးဘိုးဘေး က တောင်ပိုင်းကောင်းကင်ဂိုဏ်းမှာ ရှိနေတာ ဂိုဏ်းချုပ်ဖန့်လည်း အဲ့ဒီမှာရှိတယ်"

ဟု ဆိုသည်။

အခြားတစ်ဦးကလည်း

"ဒါပေမဲ့ အဲ့ဒီမတိုင်ခင်ကတည်းက ဂိုဏ်းချုပ်ဖန့် က အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်းကနဂါးဖြတ်ကျော်ကျွန်းသခင် ကို သတ်ခဲ့တာလေ မင်းတို့ ဒါကိုလည်း မသိဘူးလား"

မိသားစုနှစ်စုလုံး၏ အဖွဲ့ဝင်များမှာ ထူပူသွားကြပြီး ပါးစပ်အဟောင်းသားဖြင့် ဖန့်ချန်ကို ကြည့်နေကြသည်။

"သူ နဂါးဖြတ်ကျော်ကျွန်းသခင်ကို သတ်ခဲ့တာလား"

နဂါးဖြတ်ကျော်ကျွန်းသခင်သည် ပင်လယ်နဂါးဂိုဏ်းရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူအားလုံးထဲတွင် ထိပ်တန်းသုံးဦးစာရင်းဝင်သူ ဖြစ်သည်။

သူက ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို သတ်နိုင်ခဲ့တာလား

"ဒါပေမဲ့ နေဦး ကျွန်တော် နားမလည်ဘူး ပင်လယ်နဂါးဘိုးဘေး နဲ့ ဂိုဏ်းချုပ်ဖန့် ကြားမှာ ရန်ငြိုးတွေ ရှိနေတာတောင် သူတို့ မျက်နှာချင်းဆိုင်တွေ့ခဲ့ကြတာကို သူ ဘာလို့ အသက်ရှင်နေသေးတာလဲ"

ဟု ဟွမ်ရွှမ်ခုန်းက အလိုလို မေးလိုက်မိသည်။

တာအိုဆရာ ယာ က ရယ်မောလိုက်သည်။

"အေး အဓိကအချက်က အဲ့ဒါပဲ ပင်လယ်နဂါး ဘိုးဘေး က ဂိုဏ်းချုပ်ဖန့် ရဲ့ ဂိုဏ်းက စီနီယာတစ်ယောက်ရဲ့ ပါးရိုက်တာကို ခံလိုက်ရတာလေ သူ သေလား ရှင်လားတော့ မသိဘူး ဒါပေမဲ့ သူ မကြာခင်မှာ ပြန်လာဦးမှာတော့ မဟုတ်ဘူးဆိုတာ သေချာတယ်"

ဟွမ်ရွှမ်ခုန်းနှင့် အခြားသူများမှာ ကျောချမ်းသွားကြပြီး ကြက်သီးမွှေးညှင်းများ ထလာကြသည်။

ဆဋ္ဌမမြောက်မင်းသားနှင့် အခြားသူများ၏ မျက်နှာကို ကြည့်ကာ အခြေအနေကို ခန့်မှန်းရန် ကြိုးစားသော်လည်း သူတို့၏ တည်ကြည်နေသော မျက်နှာများကြောင့် ပို၍ ကြောက်လန့်သွားကြသည်။

သူတို့ အတည်ပြောနေခြင်းပင်

ပိုင်မိသားစုဘိုးဘေးက ထိုလူနှစ်ဦးကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်သွားသည်။

ထို့နောက် ဖန်းချန်ဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။

"ဂိုဏ်းချုပ်ဖန့် ဒီလူနှစ်ယောက်က ပင်လယ်နဂါးဂိုဏ်းနဲ့ အလွန်နက်ရှိုင်းတဲ့ ပတ်သက်မှုတွေ ရှိကြပါတယ်ယ သူတို့က ဒီကမ်းရိုးတန်းဒေသမှာ အာဏာပြဖို့အတွက် ပင်လယ်နဂါးဂိုဏ်းရဲ့ လက်တွဲဖော်တွေပါလို့ ခဏခဏ ပြောလေ့ရှိပါတယ်"

ဆဋ္ဌမမြောက်မင်းသားက

"ဂိုဏ်းချုပ်ဖန့် ကျွန်တော်တို့ ပင်လယ်နဂါးဂိုဏ်းကို သွားတိုက်ခိုက်တော့မှာဆိုတော့ သူတို့နဲ့ ပတ်သက်နေတဲ့ ငါးပိစိငါးဖမ်းတွေကို အရင်ရှင်းထုတ်ပစ်သင့်တယ် မဟုတ်လား ဘယ်လိုထင်သလဲ"

ဟု အကြံပေးလိုက်သည်။

"ဒါဆို သူတို့အားလုံးကို သတ်လိုက်ကြတာပေါ့ သူတို့ရဲ့ ရတနာတွေကို ငါယူမယ်၊ ဆေးဖက်ဝင်အပင်တွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကိုတော့ မင်းတို့ယူကြ၊ ငါ အဲ့ဒါတွေ မလိုဘူး"

ဟု ဖန်းချန်က ပြုံး၍ ပြောလိုက်သည်။

"နေပါဦး နေပါဦး"

ဟု ဟွမ်ရွှမ်ခုန်းက လက်ကိုဝှေ့ယမ်းကာ အမြန်ပြောလိုက်သည်။

"ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူးကျွန်တော်တို့က ပင်လယ်နဂါးဂိုဏ်းနဲ့ နည်းနည်းပါးပါးပဲ ပတ်သက်မိတာပါ"

ဆဋ္ဌမမြောက်မင်းသားက နှာခေါင်းရှုံ့ကာ

"တော်စမ်း"

ဟု အော်လိုက်သည်။

မကြာမီမှာပင် ပိုင်မိသားစုဆိပ်ကမ်းသည် အတော်လေး ခြောက်ကပ်သွားသည်။

အနီးအနားတွင် လူသေအလောင်းပုံကြီးတစ်ခု ပေါ်လာပြီး ထိုအထဲတွင် ဒဏ်ရာပေါင်းစုံဖြင့် သေဆုံးနေသော ဘိုးဘေးနှစ်ဦးလည်း ပါဝင်သည်။

ဆဋ္ဌမမြောက်မင်းသား ဦးဆောင်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူ (၁၀) ဦးကျော်၏ တိုက်ခိုက်မှုကို ဆယ်မိနစ်ခန့်သာ ခံနိုင်ပြီးနောက် သူတို့ သေဆုံးသွားကြခြင်းဖြစ်သည်။

ဖန့်ချန်က သူတို့၏ အလောင်းများကို ရှာဖွေကာ ရတနာများနှင့် ကျင့်ကြံခြင်းပစ္စည်းများကို သူ၏လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။

ပင်လယ်နဂါးဂိုဏ်းကိစ္စ ပြီးသွားသောအခါ ထိုပစ္စည်းများကို ဓားငယ်လေးကို ကျွေးမည်ဖြစ်သည်။

ဤမြင်ကွင်းကို ကြည့်နေသော ပိုင်မိသားစုဝင်များမှာ ကျောချမ်းနေကြသည်။

ထိုဒေသရှိ ထိပ်တန်းမိသားစုကြီး နှစ်ခုမှာ စက္ကန့်ပိုင်းအတွင်း အပြတ်အသတ် ရှင်းလင်းခံလိုက်ရသည်။

ဆဋ္ဌမမြောက်မင်းသားတို့ အဖွဲ့မှာ ပုရွက်ဆိတ်များကို နင်းခြေလိုက်သကဲ့သို့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြသည်။

အကယ်၍ ဆဋ္ဌမမြောက်မင်းသားတို့ ရောက်မလာခဲ့လျှင် သေဆုံးရမည့်သူမှာ သူတို့ဖြစ်ကြောင်း တွေးမိသောအခါ ကြောက်ရွံ့သွားကြသည်။

နှစ်နာရီခန့် ကြာပြီးနောက် ကျုံးယီ နှင့် ဂိုဏ်းသားအားလုံး ရောက်ရှိလာသည်။

သူတို့ အချိန်မဆိုင်းဘဲ ပြင်ဆင်ထားသော သင်္ဘောကြီးပေါ်သို့ တက်ကာ ပင်လယ်နဂါးဂိုဏ်းရှိရာသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

ပိုင်မိသားစုဘိုးဘေးသည် သင်္ဘောကြီး ပျောက်ကွယ်သွားသည်အထိ ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ချန်ချန် မင်း အဲ့ဒီစီနီယာအပေါ် အမြင်ကောင်းအောင် လုပ်နိုင်ခဲ့တာ တော်သေးတာပေါ့ မဟုတ်ရင် ငါတို့မိသားစုတော့ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ရတော့မှာ"

ဟု ဆိုကာ ပိုင်ချန်ချန်ကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူက ရုတ်တရက် ပြုံးလိုက်ပြီး

"ငါတို့ ဟွမ်နဲ့ လျိုမိသားစုရဲ့ အိမ်တော်တွေကို သွားလည်သင့်တယ်နော်"

ဟု ဖြည့်စွက်ပြောသည်။

"ဘိုးဘေး အဲ့ဒီစီနီယာက သူတို့ကို သတ်ခဲ့တာလေ ကျွန်မတို့က သူ့နာမည်ကို သုံးပြီး အမြတ်ထုတ်တာ ကောင်းပါ့မလား"

ဟု ပိုင်ချန်ချန် က တိုးတိုးလေး မေးသည်။

ပိုင်မိသားစုဘိုးဘေးက ထပ်မံပြုံးလိုက်ပြီး

"ငါတို့က စီနီယာ့ကိုယ်စား အဲ့ဒီနေရာကို သန့်ရှင်းရေး သွားလုပ်ပေးတာပဲလေ"

သူတို့၏ ဘိုးဘေး ဆိုလိုသည်ကို အားလုံး ချက်ချင်း နားလည်သွားကြသည်။

၎င်းမှာ စီနီယာ၏ မျက်နှာသာပေးမှုကို ရယူရန် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။

ဖန်းချန်သည် သင်္ဘောဦးတွင် ရပ်နေသည်။

သင်္ဘောပတ်လည်တွင် ပေတစ်ရာခန့် ရှည်သော ရေနဂါး (၁၀) ကောင်မှာ ပင်လယ်ရေမျက်နှာပြင်ကို ဖြတ်ကျော်ကာ အဆက်မပြတ် ခုန်ပေါက်နေကြသဖြင့် အလွန်ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ထိုမြင်ကွင်းကို သင်္ဘောပေါ်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူများက အံ့အားသင့်စွာ ကြည့်နေကြသည်။

"ပေတစ်ရာရှည်တဲ့ ရေနဂါး (၁၀) ကောင်တောင်လား ဂိုဏ်းချုပ်ဖန့် က ဒြပ်စင်ထိန်းချုပ်မှုမှာ အဆင့်အတန်း အလွန်မြင့်မားတာပဲ"

ကျင်းနန်သည် ထိုမြင်ကွင်းကို အတွေးပေါင်းစုံဖြင့် ကြည့်နေသည်။

သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်တွင် ရှိသော်လည်း ရေနဂါး (၉) ကောင်ကိုသာ ထိန်းချုပ်နိုင်ပြီး ဖန်းချန်ကဲ့သို့ ပေါ့ပေါ့ပါးပါး မထိန်းချုပ်နိုင်ပေ။

တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် မဟာရှ မှ ထိုလူငယ်သည် မီးတောက်အင်ပါယာ၏ ကျင့်ကြံခြင်းလောကကို လွှမ်းမိုးနိုင်လောက်အောင် အင်အားကြီးမားလာခဲ့သည်။

ဆဋ္ဌမမြောက်မင်းသားက ဖန့်ချန် လေ့ကျင့်နေသည်ကို ကြည့်ကာ ပြုံးလျက်

"အားလုံးပဲ ဂိုဏ်းချုပ်ဖန့် က ဒီလောက် ကြိုးစားနေတာကို ကြည့်ဦး ငါတို့လည်း ဒီအခွင့်အရေးကို သုံးပြီး သူနဲ့အတူ ဒြပ်စင်ထိန်းချုပ်မှုကို လေ့ကျင့်ကြတာပေါ့"

ဟု အကြံပေးလိုက်သည်။

ထို့ကြောင့် လူတိုင်း စတင်လေ့ကျင့်ကြတော့သည်။

သင်္ဘောကြီး၏ ပတ်ဝန်းကျင်တွင် ရှေးဟောင်းသတ္တဝါမျိုးစုံ ပုံစံရှိသော ဒြပ်စင်များမှာ ပင်လယ်ထဲတွင် ပျံသန်းခုန်ပေါက်နေကြသဖြင့် အလွန်လှပခမ်းနားလှသည်။

သင်္ဘောကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ပင်လယ်သတ္တဝါများမှာ ကြောက်လန့်တုန်ရီကာ အမြန်ဆုံး ထွက်ပြေးကြတော့သည်။

အခန်း ၂၉၀ - ရှေးဟောင်း ပထမမျိုးနွယ်စု

ရက်အနည်းငယ်ကြာ ရွက်လွှင့်ပြီးနောက် သင်္ဘောကြီးသည် နောက်ဆုံးတွင် ပင်လယ်နဂါးဂိုဏ်း ပိုင်နက်အတွင်းသို့ ဆိုက်ရောက်လာခဲ့သည်။

ဤနေရာတွင် မိုင်ရာဂဏန်းတိုင်း၌ လူသားများနေထိုင်ရာ ကျွန်းတစ်ကျွန်းစီရှိပြီး ကျွန်းတစ်ကျွန်းလျှင် လူဦးရေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိကြသည်။

ထို့ကြောင့် ပင်လယ်နဂါးဂိုဏ်းကို ဂိုဏ်း တစ်ခုဟု ခေါ်ဆိုခြင်းထက် ပင်လယ်ရေကြောင်း အင်ပါယာတစ်ခုဟု ခေါ်ဆိုခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။

ဝေးလံသောနေရာမှ ကုန်းမြေပုံရိပ်များကို ကြည့်ရင်း ဆဋ္ဌမမြောက်မင်းသားက ပြုံးလျက်

"ဟိုဘက်က အစိမ်းရောင်ကျွန်း ပဲ"

ဟု လက်ညှိုးထိုးပြသည်။

ကျွန်းပေါ်ရှိ စိမ်းလန်းသော တောင်တန်းများသည် မိုးထိအောင် မြင့်မားသော ဓားများသဖွယ် ရှိနေပြီး ဝေးလံသော နေရာမှပင် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကို ခံစားနေရသည်။

ထိုမြင်ကွင်းကို မြင်သောအခါ အားလုံးက အံ့ဩတကြီးဖြင့် သက်ပြင်းချမိကြသည်။

အစိမ်းရောင်တောင်ကျွန်း၏ ပိုင်ရှင်ဟောင်း ရွှီဖုန်းကွေ့ သည် မီးတောက်အင်ပါယာတွင်ပင် အတော်လေး ကျော်ကြားသူဖြစ်သည်။

အကယ်၍ ဖန့်ချန် သာ သူ့ကို မသတ်ခဲ့လျှင် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ် သို့မဟုတ် အဆင့်နှောင်းပိုင်းအထိပင် ရောက်ရှိနိုင်သည့် အလားအလာရှိသူဖြစ်ရာ အလွန်နှမြောစရာကောင်းလှသည်။

"ဘယ်သူ ဒီကျွန်းကို သွားသိမ်းပိုက်ချင်လဲ"

ဟု ဖန့်ချန်က ခပ်ဖွဖွ ပြုံးလျက် မေးလိုက်သည်။

တာအိုဆရာ ယာ က ရှေ့သို့တက်လာပြီး

"ကျွန်တော် သွားပါ့မယ်"

ဟု ဆိုသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျွမ်းကျင်သူ အနည်းငယ်ကလည်း သူ့ကို ကူညီရန် စေတနာ့ဝန်ထမ်းအဖြစ် လိုက်ပါသွားကြသည်။

သူတို့ သင်္ဘောမထွက်မီကပင် ရရှိလာမည့် ပစ္စည်းများကို မည်သို့ခွဲဝေမည်ကို ဆွေးနွေးထားပြီး ဖြစ်သည် ဖန့် ချန်က ရသမျှ၏ ၃၀ ရာခိုင်နှုန်းကို ယူမည်ဖြစ်ပြီး ကျန်ရှိသည်များကို သူတို့အချင်းချင်း ခွဲဝေယူကြမည် ဖြစ်သည်။

ရောက်နေသူအများစုမှာ အဓိကကျွန်းမကြီးနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်မှ နှောင်းပိုင်း ကျွမ်းကျင်သူများရှိရာ ကျွန်းများကိုသာ ပို၍ စိတ်ဝင်စားကြသဖြင့် အစိမ်းရောင်ကျွန်းအတွက် တာအိုဆရာ ယာ နှင့် မည်သူမှ လုမနေကြပေ။

ဖန်းချန်သည် ချင်းကျိုးဓားဂိုဏ်း မှ တပည့်အချို့ကို သူတို့နှင့်အတူ လိုက်ပါသွားရန် စေလွှတ်လိုက်ပြီး နောက်ထပ်ကျွန်းတစ်ကျွန်းသို့ ဆက်လက်ထွက်ခွာခဲ့သည်။

နာရီအနည်းငယ်အကြာတွင် သင်္ဘောကြီးသည် အခြားကျွန်းတစ်ကျွန်းသို့ ရောက်ရှိလာသော်လည်း ဆိပ်ကမ်းမှာ အလွန်တိတ်ဆိတ်ခြောက်ကပ်နေသည်။

ပင်လယ်နဂါးဂိုဏ်း၏ သင်္ဘောများကိုလည်း မတွေ့ရပေ။

သင်္ဘောဦးတွင် ရပ်နေသော ဆဋ္ဌမမြောက်မင်းသားက အဝေးသို့ မျှော်ကြည့်ရင်း ရယ်မောလိုက်သည်။

"သူတို့ သတင်းရသွားပြီ ထင်တယ် ပင်လယ်နဂါးကြီး က မသေသေးဘူးဆိုတော့ သူကပဲ သတင်းပို့လိုက်တာ နေမှာပါ အခုဆို ဂိုဏ်းထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူးလို့ ငါလောင်းရဲတယ်"

"သူတို့က ကျင့်ကြံခြင်းပစ္စည်းတွေနဲ့ ရတနာတွေကို ယူပြီး ထွက်ပြေးလို့ရပေမဲ့ ဝိညာဉ်စွမ်းအင်ရှိတဲ့ လယ်ကွင်းတွေနဲ့ စမ်းရေတွင်းတွေကိုတော့ သယ်သွားလို့ မရဘူးလေ"

ဟု ကျင့်ကြံသူတစ်ဦးက ဆိုသည်။

ဆဋ္ဌမမြောက်မင်းသားက ပြုံးလိုက်သည်။

"ပိုက်ကွန်ထဲက လွတ်သွားတဲ့ ငါးတွေ အမြဲရှိမှာပဲ ဒီလောက် အချိန်တိုအတွင်းမှာ သူတို့ အကုန်လုံးကို သယ်သွားဖို့ အချိန်မရနိုင်ဘူး သတင်းကြားတာနဲ့ ကမန်းကတန်း ထွက်ပြေးကြတာဆိုတော့ ငါတို့ ယူဖို့အတွက် ကောင်းတဲ့ပစ္စည်းတွေ အများကြီး ကျန်နေဦးမှာပါ"

အားလုံးကလည်း ထိုစကားကို သဘောတူကြသည်။

တကယ်လို့ သူတို့သာ ထိုသူတို့နေရာတွင်ရှိပြီး ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦး လာတိုက်ခိုက်တော့မည်ဟု သတင်းကြားလျှင် သူတို့လည်း အဝေးဆုံးသို့ အမြန်ဆုံး ထွက်ပြေးကြမည်သာ ဖြစ်သည်။

ကျင့်ကြံသူ အနည်းငယ်က ထိုကျွန်းကို သိမ်းပိုက်ရန် စေတနာ့ဝန်ထမ်း လုပ်ကြပြန်သည်။

ထုံးစံအတိုင်းပင် ဖန့်ချန်က ချင်းကျိုးဓားဂိုဏ်းမှ တပည့်အချို့ကို ထည့်ပေးလိုက်သည်။

ရက်အနည်းငယ်အတွင်းမှာပင် သူတို့သည် ပင်လယ်နဂါးဂိုဏ်း၏ ကျွန်း (၉) ကျွန်းလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

ဂိုဏ်း၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူအားလုံးမှာ ချွင်းချက်မရှိ ထွက်ပြေးသွားကြသည်။

သူတို့သည် ခုခံရန် စွန့်စားလိုစိတ် လုံးဝမရှိကြပေ။

အဓိကကျွန်းမကြီးသို့ ရောက်ရှိလာသောအခါ သင်္ဘောပေါ်တွင် ဖန့်ချန်နှင့်အတူ လူအနည်းငယ်သာ ကျန်တော့သည်။

ထိုကျွန်းကြီးမှာ ပင်လယ်နဂါးဘိုဘေး ကိုယ်တိုင် နေထိုင်ရာ နေရာဖြစ်သည်။

ပုံမှန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် ထိုနေရာသို့ လာရောက်ခွင့် မရှိကြပေ။

ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သူတို့ထက် နိမ့်ပါးသောအဆင့်ရှိသူများကို တွေ့ဆုံရန် အချိန်ဖြုန်းမည်မဟုတ်သည်မှာ သဘာဝပင်။

ဖန့်ချန်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေပုံမရသော်လည်း ဆဋ္ဌမမြောက်မင်းသားနှင့် အခြားသူများမှာမူ ထိုနေရာကို အလွန်စိတ်ဝင်စားနေကြသည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ဂူဗိမာန်အတွင်းသို့ ပထမဆုံးအကြိမ် ခြေချရခြင်း မဟုတ်ပါလား။

ပင်လယ်နဂါးရှင်ကြီးမှာ သူ၏ပစ္စည်းများကို ပြန်လာယူရန် အခွင့်အရေး မရခဲ့လောက်သဖြင့် ယနေ့ ရိတ်သိမ်းမှုမှာ တန်ဖိုးကြီးလိမ့်မည်ဟု သူတို့ တွေးနေကြသည်။

ကျွန်းပတ်လည်တွင် ထူထပ်သော မြူနှင်းများ ဖုံးလွှမ်းနေသဖြင့် ပေ (၁၀၀) ထက် ပိုဝေးသော နေရာများကို မြင်ရန် ခက်ခဲနေသည်။

သင်္ဘောကပ္ပတိန်မှာ အတွေ့အကြုံရှိသူဖြစ်သဖြင့် စိုးရိမ်တကြီး သတိပေးလိုက်သည်။

"စီနီယာတို့ ဒီမှာ အစီရင် တစ်ခု လုပ်ထားပါတယ် အဲ့ဒါရဲ့ လျှို့ဝှက်ချက်ကို မဖော်နိုင်ရင် ကျွန်တော်တို့ အထဲမှာ ပိတ်မိသွားနိုင်ပါတယ်"

၎င်းမှာ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦး ပြုလုပ်ထားသော အစီရင် ဖြစ်နိုင်သဖြင့် အလွန်အန္တရာယ်များပေလိမ့်မည်။

အကယ်၍ ပိတ်မိသွားပါက အားလုံး ဒုက္ခရောက်ကုန်ကြပေမည်။

ဆဋ္ဌမမြောက်မင်းသားက မျက်မှောင်ကြုတ်လျက် အခြားသူများကို ကြည့်ကာ

"ဒီထဲမှာ အစီရင်ကျွမ်းကျင်သူ ပါသလား"

ဟု မေးလိုက်သည်။

ကျင်းနန်က ခေတ္တစဉ်းစားပြီးနောက်

"ကျွန်တော်တို့က အခြေခံတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိပါသေးတယ် အစီရင်ခံပညာရပ် ကို လေ့လာဖို့ အခွင့်အရေး မရခဲ့သေးပါဘူး"

ဟု ပြန်ဖြေသည်။

သူတို့ကဲ့သို့ ကျင့်ကြံသူများအတွက် အစီရင် ပညာ၊ ဆေးပညာနှင့် လက်နက်ပညာရပ်များသည် အလွန်ရှားပါးသော အမွေအနှစ်များ ဖြစ်ကြသည်။

အားလုံး စိတ်ဓာတ်ကျသွားကြသည်။

အကယ်၍ ထိုအစီရင်ကို မကျော်ဖြတ်နိုင်လျှင် သူတို့ ပြန်လှည့်ကြရုံသာ ရှိတော့သည်။ အသက်ရှင်ဖို့က အရေးကြီးဆုံး မဟုတ်ပါလား။

ဆဋ္ဌမမြောက်မင်းသားက ဖန့်ချန်ဘက်သို့ လှည့်ကာ

"ဂိုဏ်းချုပ်ဖန့် မင်း ဘယ်လိုထင်သလဲ"

ဟု

မေးလိုက်သည်။

ဖန်းချန်က ခပ်ပါးပါး ပြုံးလိုက်သည်။

"ငါ့ကို ခဏလောက် အချိန်ပေးပါ"

လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။

ဖန့်ချန်က အစီရင် ပညာကိုပါ သိတာလား

သူတို့အမြင်တွင် ဖန့်ချန်မှာ ဓားပညာရော၊ အစီရင်ပညာကိုပါ တတ်မြောက်ထားသူဖြစ်သဖြင့် အင်အားကြီးသော ဂိုဏ်းကြီးတစ်ခုမှ လောကအပြင်ဘက်သို့ ဆင်းလာသည့် ပါရမီရှင်တစ်ဦးနှင့်ပင် တူနေတော့သည်။

ဖန့်ချန်က မျက်လုံးမှိတ်လိုက်သည်။

သူ၏ ဝိညာဉ်မှာ ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားသည်။

ထိုအခြေအနေတွင် မြူနှင်းများမှာ ပျောက်ကွယ်သွားပြီး ဖန့်ချန်သည် ပင်လယ်ရေအောက်ရှိ အထူးအမှတ်အသားများ ရေးထိုးထားသော နီရွှေရောင် ကျောက်တိုင်များကို မြင်တွေ့လိုက်ရသည်။

ထိုကျောက်တိုင်များသည် ဝိညာဉ်စွမ်းအင်များကို အချင်းချင်း ဆက်သွယ်ပေးထားပြီး ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းနေသော မြူနှင်းများ၏ အရင်းအမြစ် ဖြစ်နေသည်။

ဖန်းချန်သည် အစီရင်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ စီးဆင်းမှုမှာ အချို့သောနေရာများတွင် မချောမွေ့ဘဲ ခေတ္တရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။

ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို ခေတ္တလေ့လာပြီးနောက် ဖန်းချန်သည် ထိုရပ်တန့်သွားသော အချိန်ပိုင်းလေးကို အသုံးချကာ ကျွန်းပေါ်သို့ ဆင်းသက်နိုင်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် အချိန်နှင့် ပုံစံကို မှတ်သားပြီးနောက် သူ၏ ဝိညာဉ်သည် ကျွန်းပေါ်သို့ ရောက်ရှိသွားသည်။

ကျွန်းမှာ အလွန်မကြီးပေ မဟာရှ ၏ မြို့တော်ခန့်သာ ရှိသည်။

ခမ်းနားသော ဂူဗိမာန်တစ်ခု၏ အရှေ့တွင် ဧက (၁၀) ခန့်ရှိသော ဝိညာဉ်လယ်ကွင်းများနှင့် ဝိညာဉ်စမ်းရေတွင်း (၃) ခုရှိသည်။

လယ်ကွင်းထဲတွင် ဝိညာဉ်ဆေးပင်များစွာ စိုက်ပျိုးထားပြီး ၎င်းတို့၏ စွမ်းအင်များအရ အနည်းဆုံး အဆင့်နိမ့်မှ အလယ်အလတ်ရှိကြပြီး အချို့မှာ အဆင့်မြင့်ဆေးပင်များပင် ဖြစ်သည်။

ကျွန်းပေါ်တွင် အစိမ်းရောင်ဝတ်ရုံဝတ်ထားသော တပည့်အနည်းငယ်ရှိပြီး သူတို့သည် ဝိညာဉ်စမ်းရေဖြင့် လယ်ကွင်းကို ရေလောင်းရင်း စကားပြောနေကြသည်။

သူတို့မှာ အပြင်လောကတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သိပုံမရပေ။

ပင်လယ်နဂါးဘိုးဘေး ပြောတဲ့ လူနှစ်ယောက် ဒီမှာ ရှိနေရမယ် ဟု တွေးကာ ဖန်းချန်သည် ထိုနေရာကို အမြန်ရှာဖွေလိုက်သည်။

ပင်လယ်နဂါးဘိုးဘေးက အရေးကြီးပုဂ္ဂိုလ်နှစ်ဦးကို ဖမ်းဆီးထားကြောင်း တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးကို ပြောခဲ့သည်ကို ဖန်းချန် ကြားခဲ့ရသည်။

ထိုလူနှစ်ဦးသည် ပင်လယ်နဂါးနှင့် တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘိုးဘေးတို့၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ကူညီပေးနိုင်လိမ့်မည်ဟု သူ ယူဆထားသည်။

မကြာမီမှာပင် ဖန်းချန်သည် ဂူဗိမာန်အတွင်း၌ ရင်းနှီးသော မျက်နှာနှစ်ခုကို တွေ့လိုက်ရသည်၊ တစ်ဦးမှာ လူကြီးဖြစ်ပြီး တစ်ဦးမှာ ကလေးဖြစ်သည်။

ထိုလူနှစ်ဦးကို ဖန်းချန်သည် မီးတောက်အင်ပါယာသို့ လာခဲ့စဉ်က သင်္ဘောပေါ်တွင် တွေ့ခဲ့ဖူးသည်။

ဒါဆို အဲ့ဒီနေ့က ပင်လယ်နဂါးဂိုဏ်းသားလေး ရှာနေတာ ဒီလူတွေကိုး ဟု ဖန်းချန် တွေးနေစဉ်မှာပင် ထိုမိန်းကလေး၏ စကားသံကို ကြားလိုက်ရသည်။

"ဦးလေးကျုံး ကျွန်မတို့ ဒီကနေ လွတ်မြောက်နိုင်မယ့် မျှော်လင့်ချက် ရှိသေးလား"

ဟု သူမက စမ်းတဝါးဝါး မေးလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက သက်ပြင်းချလျက်

"စိတ်မပူပါနဲ့ သခင်မလေး သခင်မလေးက ကျန်း မိသားစုရဲ့ နောက်ဆုံး တိုက်ရိုက်မျိုးဆက်ပဲ သူတို့ သခင်မလေး ကို ရန်မရှာရဲပါဘူး အသက်ရှင်နေသရွေ့ ငါတို့ လွတ်မြောက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"

ဟု ပြန်ဖြေသည်။

"သူတို့ရဲ့ အရုပ်လို အသုံးချခံရတာထက် သေလိုက်တာကမှ ပိုကောင်းဦးမယ်"

ဟု မိန်းကလေးက တိုးတိုးလေး ဆိုသည်။

အမျိုးသား၏ မျက်နှာမှာ တည်ကြည်သွားပြီး

"သေမယ့်အကြောင်း အလွယ်တကူ မပြောပါနဲ့ သခင်မလေး က ရှေးဟောင်းပထမမျိုးနွယ်စု ဖြစ်တဲ့ ကျန်းမိသားစုရဲ့ နောက်ဆုံးမျိုးဆက်ပဲ သမီးသာ သေသွားရင် မိသားစုရဲ့ သွေးမျိုးဆက် ပြတ်တောက်သွားလိမ့်မယ်"

ရှေးဟောင်း ပထမမျိုးနွယ်စုလား ဖန်းချန်၏ မျက်လုံးများ ဝင်းပသွားသည်။

မိမိကိုယ်ကို ထိုကဲ့သို့ အမည်ပေးထားသော မိသားစုမှာ နောက်ခံအင်အား အလွန်ကြီးမားရပေလိမ့်မည်။

သူတို့သည် အဆင့် (၁) အင်ပါယာတစ်ခုမှ ဖြစ်နိုင်ခြေပင် ရှိသည်။

သို့သော် သူတို့၏ စကားအရ ထို ရှေးဟောင်း ပထမမျိုးနွယ်စု မှာ အခုအခါ ပျက်စီးနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။

All Chapters