အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း။ ၁၁
စုန်ယန်သည် တံခါးကို ရိုးရှင်းစွာပင် တွန်းဖွင့်လိုက်သည်။ ထိုအပြုအမူမှာ ပင်လယ်နက်အတွင်းရှိ ငါးမန်းအုပ်ကြီး၏ အလယ်တည့်တည့်သို့ ဒဏ်ရာတစ်ခုကို ခွဲလိုက်သကဲ့သို့ပင်။
သရဲတစ္ဆေများသည် ရူးသွပ်စွာပင် တိုးဝင်လာကြသည်။ မှောင်မည်းပြီး ဒေါသထွက်နေသော ဒီရေလှိုင်းကြီးတစ်ခုအလား တံခါးအတွင်းသို့ စီးဝင်သွားကြပြီး ရှန့်တကျူးနှင့် ဝမ်အာနွီတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ဝင်လိုက်ထွက်လိုက် ပြုလုပ်နေကြတော့သည်။
ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းသွားကာ လမင်းမှာလည်း ပျောက်ကွယ်သွားခဲ့ကာ ဝိညာဉ်အရိပ်ဆိုးများမှာ အုပ်စုလိုက်ကြီး ပေါ်ထွက်လာကြသည်။
ဓားပြခေါင်းဆောင်နှစ်ဦးဖြစ်သော ရှန့်တကျူးနှင့် ဝမ်အာနွီတို့မှာ အသိစိတ်များ လုံးဝကင်းလွတ်သွားကြပြီ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များကို နတ်ဆိုးချီများက သိမ်းပိုက်
လိုက်သဖြင့် ထူးဆန်းသော အပြုအမူများကို စတင်ပြသလာသည်။
သူတို့မှာ မတ်တပ်ထိုင်လျက် မျက်လုံးတစ်ဖက်က လက်ယာရစ် လည်နေပြီး ကျန်မျက်လုံးတစ်ဖက်က လက်ဝဲရစ် လည်နေခြင်းမျိုးပင်။
စုန်ယန်သည် သူ၏မြှောင်ဓားကို အသုံးမပြုခဲ့ပေ။ ၎င်းကို ဘေးကင်းရန်အတွက်သာ ယူဆောင်လာခြင်း ဖြစ်သည်။ ယခုအခါ သူသည် စုပြုံတိုးဝှေ့နေသော သရဲတစ္ဆေအုပ်ကြီးကြားတွင် ရောနှောလျက် ဤလွင့်မျောအိမ်ငယ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ ခဏမျှ ရှာဖွေပြီးနောက် အံဆွဲသေတ္တာငယ်တစ်ခုအတွင်းမှ ကျောက်စိမ်းပြားနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
အတွင်းရှိ ဂိုဏ်းအကျိုးပြုမှတ်များကို စစ်ဆေးလိုက်ချိန်တွင် စုန်ယန် အတော်ပင် အံ့အားသင့်သွားရသည်။
တကယ့်ကို ရတနာသိုက်ကြီးပဲ။
ကျောက်စိမ်းပြားတစ်ခုတွင် အကျိုးပြုမှတ် ၃၀ ရှိပြီး ကျန်တစ်ခုတွင် ၄၀ ရှိနေသည်။
ဤသည်မှာ စုန်ယန်ကို အလွန်ထိတ်လန့်သွားစေသည်။ သူသည် ကျောက်စိမ်းပြားကို ကိုင်ထားရင်း လက်များပင် တုန်ရင်လာ၏။ အဘယ်ကြောင့်ဆိုသော် သူမည်သို့ပင် တွက်ချက်စေကာမူ ဤလူနှစ်ဦးတွင် အကျိုးပြုမှတ် ၇၀ အထိ ဘယ်လိုမျိုးရှိနေနိုင်တာလဲဆိုသည်ကို စဉ်းစား၍ မရသောကြောင့်ပင်။
သူသိထားသည်မှာ ဤနှစ်ဦးသည် အစေခံသစ် ၂၀ ကျော်ကို လိမ်လည်လှည့်ဖြားထားခြင်း ဖြစ်နိုင်ပြီး ယခုအခါ သူ့ကိုပါ အငမ်းမရ မျက်စိကျနေကြခြင်းပင်။
ဤအချက်နှင့် ဈေးတန်းရှိ မှော်အတတ်များ၏ မြင့်မားလှသော ဈေးနှုန်းများပေါင်းစပ်လိုက်
ခြင်းကပင် ယနေ့ည သူ၏ လှုပ်ရှားမှုကို တွန်းအားပေးခဲ့ခြင်းပင်။
သို့သော်ငြားလည်း ဤနှစ်ဦး၏ ကျောက်စိမ်းပြားများတွင် အများဆုံးရှိလှမှ အမှတ် ၃၀ အောက်သာ ရှိသင့်သည်။
၇၀ ဆိုတဲ့ ပမာဏက ဘယ်က ရောက်လာတာလဲ။
ဤဓားပြခေါင်းဆောင်နှစ်ဦးတွင် တောင်အောက်၌ ကုန်သွယ်မှုမှတစ်ဆင့် အကျိုးပြုမှတ်များစွာ ရှာဖွေပေးနေသည့် ကြံရာပါများရှိနေသည်ကို စုန်ယန်မှာ သဘာဝကျကျပင် မှန်းဆနိုင်ခြင်း မရှိသေးပေ။
ထိတ်လန့်မှုများကြားမှပင် သူသည် ရုတ်တရက် ချမ်းသာသွားသည့် ခံစားချက်ကို ရရှိလိုက်သည်။
သူသည် သူ၏ ကျောက်စိမ်းပြားကို အမြန်ထုတ်ယူလိုက်ပြီး ထိုကျောက်စိမ်းပြားနှစ်ခုမှ အမှတ်များကို သူ၏ ကျောက်စိမ်းပြားပေါ်သို့ အကြိမ်အနည်းငယ် တို့ထိ၍ ပြောင်းလဲလိုက်သည်။
ဂိုဏ်းအကျိုးပြုမှတ်များကို ဤနည်းဖြင့် လွှဲပြောင်းနိုင်သည်။
ပထမကျောက်စိမ်းပြားမှ အမှတ် ၂၀ နှင့် ဒုတိယတစ်ခုမှ ၃၀ ကို လွှဲပြောင်းယူလိုက်သည်။
တစ်ခုချင်းစီတွင် အမှတ် ၁၀ စီ ချန်ထားခဲ့ပြီး ၎င်းတို့ကို မူလနေရာသို့ ပြန်ထားလိုက်သည်။ ဤသည်မှာ ဥစ္စာပစ္စည်းများ ပျောက်ဆုံးခြင်းမရှိဘူးဟု ထင်ရစေရန်ဖြစ်ပြီး နောက်တစ်နေ့တွင် စစ်ဆေးသူများအနေဖြင့် ၎င်းမှာ မတော်တဆမှုတစ်ခုမျှသာ ဖြစ်သည်ဟု ထင်မြင်သွားစေရန်ပင်။
သို့သော် ထိုသို့လုပ်ဆောင်ပြီးနောက် စုန်ယန်၏ စိတ်ထဲတွင် အတွေးတစ်ခု ထပ်မံဝင်လာပြန်သည်။
ဒီကျောက်စိမ်းပြားတွေက ငါ ကမ္ဘာမကူးပြောင်းခင်က ဘဏ်ကတ်တွေနဲ့ အတော်လေး တူတာပဲ... အဲဒီတော့... အဆင့်မြင့်တပည့်တွေမှာ ငွေလွှဲမှတ်တမ်းတွေကို စစ်ဆေးနိုင်တဲ့ စွမ်းရည်ရှိနေမလား။
သတင်းအချက်အလက် လွဲမှားခြင်း သို့မဟုတ် မပြည့်စုံခြင်းက လုံးဝဆန့်ကျင်ဘက်ဖြစ်သော နိဂုံးများကို ထွက်ပေါ်လာစေနိုင်သည်။
ဤအချက်ကို မိန်းကလေးချိုး၏ ဖြစ်ရပ်တွင် အထင်အရှား မြင်တွေ့နိုင်သည်။ သူမသည် နောင်တစ်ချိန်တွင် အဆင့်မြင့်တပည့်ဖြစ်လာမည့်သူထံတွင် ခိုလှုံခြင်းက ကောင်းချီးတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ၎င်းမှာ ကျားပါးစပ်ထဲ ကိုယ်တိုင်တိုးဝင်ခြင်းဖြစ်နေသည်ကို သူမ မသိရှိခဲ့ပေ။ အကယ်၍ စုန်ယန်သာ မရှိခဲ့ပါက သူမသည် ဆေးကြွင်းဆေးကျန်များအဖြစ် ကြိတ်ခြေခံရသည်မှာ ကြာလှပြီဖြစ်သည်။
စုန်ယန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။
နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
သူသည် ထိုကျောက်စိမ်းပြားနှစ်ခုလုံးကို အိတ်ကပ်ထဲသို့ ရိုးရှင်းစွာပင် ထည့်လိုက်သည်။ ထို့နောက် သရဲတစ္ဆေများ ဝင်လိုက်ထွက်လိုက် ဖြစ်နေသည့် ထူးဆန်းသော ပုံစံများ ဖြစ်ပေါ်နေသည့် ထိုအလောင်းနှစ်လောင်းကို ပခုံးပေါ်ထမ်းတင်ကာ လွင့်မျောအိမ်ငယ်၏ အပေါ်ဘက်သို့ တက်လိုက်သည်။ သူတို့ကို အိမ်ခေါင်မိုးပေါ်တွင် တင်ထားခဲ့ပြီးနောက် သူသည် အလျင်အမြန်ပင် ထွက်ခွာခဲ့တော့သည်။
ထွက်လာပြီးနောက် သူသည် ကျောက်ဆောင်တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းကာ အချိန်အတော်ကြာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ထိုသူနှစ်ဦးသည် ချောက်ကမ်းပါးအောက်သို့ သူတို့ဘာသာသူတို့ လိမ့်ကျသွားသည်ကို အတည်ပြုနိုင်မှသာ သူ၏အခန်းသို့ ပြန်လာခဲ့သည်။
သူ၏ အရှိန်အဝါများမှာ တံခါးနောက်ကွယ်တွင် ကျန်ရစ်ခဲ့သဖြင့် သရဲတစ္ဆေများမှာ တံခါးကို လာရောက်ခေါက်ခြင်း မပြုကြတော့ပေ။
အခန်းအတွင်း၌မူ မိန်းကလေးချိုးသည် ကြည်လင်သောလေပြေဆေး၏ အာနိသင်ကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။
ထိုအခါမှသာ စုန်ယန်သည် သက်ပြင်းရှည်ကြီးကို ချလိုက်နိုင်ပြီး နောက်တစ်နေ့ကို စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေတော့သည်။
နောက်ဆုံးတွင်တော့ အစေခံများ၏ အသက်သည် အမှန်တကယ်ပင် တန်ဖိုးမရှိကြောင်း သက်သေပြသွားခဲ့သည်။
သေဆုံးသွားသူများသာမက အသက်ရှင်နေသူများမှာလည်း ထို့အတူပင်။
လာရောက်စစ်ဆေးသူမှာ ဝတ်ရုံနက်ဝတ် တပည့်တစ်ဦးဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် သူ၏ကျောဘက်ရှိ ထူးဆန်းသော မျက်နှာနှစ်ဖက်ပါသည့် အရိပ်ရုပ်သေးတံဆိပ်မှာ အမည်းရောင်မဟုတ်ဘဲ... အနီရောင် ဖြစ်နေသည်။
အကယ်၍ ဝတ်ရုံနက်ပေါ်တွင် ထူးကဲမြေပုံပါရှိခြင်းသည် အဆင့်မြင့်တပည့်ကို ကိုယ်စားပြုပြီး၊ ဝတ်ရုံဖြူမှာ အကြီးအကဲကို ကိုယ်စားပြုသည်ဆိုပါက အနီရောင်တံဆိပ်ပါသော ဝတ်ရုံနက်မှာ အတွင်းစည်းတပည့်ကို ကိုယ်စားပြုသည်။
အိမ်တစ်အိမ်တည်းမှ လူနှစ်ဦး အထူးသဖြင့် အဆင့်မြင့်တပည့် ဖြစ်လာနိုင်ခြေရှိသူနှစ်ဦး တစ်ပြိုင်နက် ပျောက်ကွယ်သွားခြင်းမှာ အရိပ်ရုပ်သေးတောင်ကုန်း ဘက်မှ တစ်စုံတစ်ယောက်ကို လွှတ်၍ စစ်ဆေးခိုင်းရန် လုံလောက်သော အကြောင်းပြချက်ပင်။
သို့သော် စစ်ဆေးသူသည် သေဆုံးသွားသူနှစ်ဦးအတွက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ဖြစ်စဉ်ကိုသာ သိချင်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မေးခွန်းများမေး၍ အချိန်မဖြုန်းတော့ဘဲ ရှန့်တကျူးနှင့် ဝမ်အာနွီတို့၏ အိမ်နီးချင်းအစေခံကို ဖမ်းဆီးကာ မျက်လုံးမှိတ်လျက် ထိုအစေခံ၏ နဖူးအလယ်ကို လက်ညှိုးဖြင့် ထိလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူသည် လက်ညှိုးကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ လက်ညှိုးဖြင့် အထိခံလိုက်ရသော အစေခံမှာ ချက်ချင်းပင် တွေဝေငေးငေါင်သွားပြီးနောက် လျင်မြန်စွာပင် ရှင်းလင်းဖယ်ရှားခြင်း ခံလိုက်ရကာ အဝေးသို့ ခေါ်ဆောင်သွားခြင်း ခံရတော့သည်။
"စီနီယာအစ်ကို... ဘာတွေများ တွေ့ခဲ့လို့လဲခင်ဗျာ"
အဆင့်မြင့်တပည့်တစ်ဦးက ရှေ့သို့တိုး၍ မေးမြန်းလိုက်သည်။
အနီရောင်တံဆိပ်ပါ ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် အတွင်းစည်းတပည့်သည် ခုနက ဝိညာဉ်ရှာဖွေခြင်းအတတ်မှတစ်ဆင့် သူရရှိခဲ့သော အချက်အလက်များကို ပြန်လည်ဆင်ခြင်ကြည့်လိုက်သည်။
သူ၏စိတ်ထဲတွင် သရဲတစ္ဆေများ တံခါးကို ဝုန်းခနဲ တိုးဖွင့်သံနှင့် ပုံရိပ်နှစ်ခုသည် လွင့်မျောအိမ်ငယ်၏ အမိုးပေါ်သို့ တွားသွားတက်သွားပြီးနောက် ပျောက်ကွယ်သွားသည်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရခြင်းစသည့် မြင်ကွင်းများ ပေါ်လာသဖြင့် သူက ဤသို့ ပြန်လည်ဖြေကြားလိုက်သည်။
"မနေ့ညက နတ်ဆိုးမြူတွေ အရမ်းထူထပ်ခဲ့ပြီး အထဲမှာ အစွမ်းထက်တဲ့ သရဲတစ်ကောင် ပုန်းအောင်းနေခဲ့တယ်။ အဲဒီသရဲက တံခါးကို တိုက်ဖွင့်ပြီး အထဲဝင်သွားတဲ့အတွက် အဲဒီလူနှစ်ယောက်က သရဲပူးတာ ခံလိုက်ရတယ်။ သတိမရှိတော့ဘဲ အိမ်အပြင်ကို တွားသွားထွက်လာပြီး ချောက်ထဲ ပြုတ်ကျသွားတာပဲ"
အဆင့်မြင့်တပည့်က တိုးတိုးလေး ပြောလိုက်သည်။
"အဲဒီလူနှစ်ယောက်က လူကောင်းတွေ မဟုတ်ဘူးဗျ။ မကြာခင်ကတင် အစေခံသစ်တွေကို တောင်အောက်ခေါ်သွားပြီး သတ်ဖြတ်ခဲ့ကြသေးတာ။ တစ်စုံတစ်ယောက်က သူတို့ရဲ့ ဂိုဏ်းအကျိုးပြုမှတ်တွေကို မက်မောလို့ လုပ်ကြံတာမျိုးကော မဖြစ်နိုင်ဘူးလားခင်ဗျာ"
"စီနီယာအစ်ကို... ကျွန်တော်က အကျိုးပြုမှတ်တွေကို စိတ်ဝင်စားလို့ မဟုတ်ပါဘူး။ တကယ်လို့ အဲဒီလိုသာဆိုရင်... အဲဒီလူက ဘယ်လိုနည်းနဲ့ လုပ်ကြံသွားမလဲဆိုတာ သိချင်လို့ပါခင်ဗျာ"
အနီရောင်တံဆိပ်ပါ ဝတ်ရုံနက်ဝတ် တပည့်သည် သူ့ကို ပြုံးယောင်သန်းသော မျက်နှာထားဖြင့် ကြည့်ကာ "ဘာလဲ... မင်းက ဆက်ပြီး စုံစမ်းချင်သေးတာလား။ ဒါမှမဟုတ် ငါ့ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်ကို သံသယရှိနေတာလား" ဟု မေးလိုက်သည်။
အဆင့်မြင့်တပည့်မှာ လန့်သွားပြီး မလုပ်ရဲကြောင်း အလျင်အမြန် ငြင်းဆိုရတော့သည်။
"မင်း မလုပ်ရဲဘူးဆိုတာ ငါသိပါတယ်"
အတွင်းစည်းတပည့်က သူ၏ပုခုံးကို ပုတ်ကာ အသံကိုနှိမ့်၍ ပြောလိုက်သည်။
"မင်းရဲ့ စီနီယာအစ်ကိုအနေနဲ့ ငါ သတိပေးလိုက်မယ်... ငါတို့ရဲ့ ရုပ်သေးနန်းတော်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ လူတစ်ယောက် သေသွားပြီဆိုရင် ဘယ်တော့မှ အသေးစိတ် လိုက်မစူးစမ်းနဲ့ မဟုတ်ရင်... မင်းပါ မကြာခင် အဲဒီလူသေတွေထဲက တစ်ယောက် ဖြစ်သွားလိမ့်မယ်"
"ဒီစကားကို အခုချက်ချင်း နားမလည်ရင်တောင် သေချာပြန်စဉ်းစားကြည့်ပေါ့"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို... ကျေးဇူးတင်ပါတယ်ခင်ဗျာ"
အဆင့်မြင့်တပည့်သည် နဖူးမှ ချွေးစေးများကို သုတ်ကာ အရိုအသေပေးလျက် အတွင်းစည်းတပည့် ထွက်ခွာသွားသည်ကို ကြည့်နေတော့သည်။
မနေ့ညက စုန်ယန်သည် အေးဆေးတည်ငြိမ်နေခဲ့သည်။
ယနေ့တွင် အရိပ်ရုပ်သေးတောင်ကုန်းမှ တပည့်များ ချောက်ကမ်းပါးဘေးသို့ လာရောက်စစ်ဆေးနေသည်ကို မြင်ရသော်လည်း သူ တည်ငြိမ်နေဆဲပင်။
သို့သော် နေ့တာကုန်ဆုံး၍ လွင့်မျောအိမ်ငယ်သို့ ပြန်ရောက်ကာ အခြေအနေအားလုံး ငြိမ်
သက်သွားချိန်တွင်မူ သူသည် နောက်ကျမှ ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူသည် ထိုကဲ့သို့သော ကိစ္စမျိုးကို ဘယ်လိုမျိုး ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့တာလဲဆိုသည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်တော့ပေ။
သို့သော် အရိပ်ရုပ်သေးတောင်ကုန်းမှ တပည့်ဖြစ်သူက အစေခံတစ်ဦး၏ မျက်ခုံးအလယ်ကို ထိတွေ့လိုက်သည့် အမူအရာကို မြင်လိုက်ရချိန်တွင် သူ အတော်များများကို နားလည်သွားခဲ့သည် ဤကမ္ဘာတွင် ဝိညာဉ်ရှာဖွေခြင်းအတတ်ဆိုသည်မှာ အမှန်တကယ် ရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ့အပေါ်တွင် ထိုအတတ်ကို အသုံးပြုခဲ့လျှင် အရာအားလုံး ကုန်ဆုံးသွားပေလိမ့်မည်။
စုပုံလာသော ဖိအားများကြောင့် သူသည် ရုတ်တရက် စိတ်မအီမသာ ဖြစ်လာပြီး ဝမ်းဗိုက်အတွင်း၌ မီးတစ်ဟုန်းဟုန်း တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မိန်းကလေးချိုးကို ပွေ့ဖက်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်နှစ်ခုကို ကုတင်ပေါ်တွင် ထပ်တူကျအောင် ဖိကပ်ထားလိုက်တော့သည်။
မိန်းကလေးချိုးမှာမူ အဘယ်ကြောင့်မှန်း မသိသော်လည်း ယနေ့ သူမ၏ တုံ့ပြန်မှုမှာ အရင်ကထက် ပိုမိုပြင်းထန်နေခဲ့သည်။
လေပြင်းမုန်တိုင်းတစ်ခု ကျရောက်ပြီးသွားသည့်အလား ပြင်းထန်သော စိတ်ခံစားမှုများအပြီးတွင် သူတို့နှစ်ဦးလုံး နောက်ဆုံး၌ တည်ငြိမ်သွားကြသည်။
မိန်းကလေးချိုးသည် ရွှံ့ညွန်ပုံလေးတစ်ခုအလား နုန်းခွေစွာ လဲလျောင်းနေ၏။ သူမ၏ လှပသောမျက်ဝန်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး အိမ်၏အက်ကြောင်းများကြားမှ သွေးမြူများကို ကြည့်ရင်း တုန်ရီနေရှာသည်။
"အစ်ကိုကြီးစုန်... ဒီနေ့ နေ့လယ်က လူတွေ အများကြီး ပြောနေကြတာ။ သွေးမြူတွေက ပိုထူလာပြီး သရဲသတ္တဝါတွေကလည်း ပိုသန်မာလာတယ်တဲ့။ သတိမထားမိရင် အဲဒီသရဲတွေက တံခါးကို ချိုးဖျက်ပြီး ဝင်လာနိုင်တယ်... ရှန့်တကျူးတို့လည်း အဲဒီလိုပဲ သေသွားခဲ့တာ"
"ကျွန်မတို့အားလုံးက အစေခံတွေပဲလေ။ အရိပ်ရုပ်သေးတောင်ကုန်းက အစေခံတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။ အစေခံတစ်ယောက် သေသွားတယ်ဆိုတာ... သေသွားတာပဲ ရှိမှာ"
"ဒါပေမဲ့ ကျွန်မ မသေချင်သေးဘူး တကယ်ကို မသေချင်သေးတာပါ... ဝူးဝူးဝူး..."
မိန်းကလေးချိုးမှာ စိတ်ဓာတ်များ ပြိုလဲကာ ငိုကြွေးတော့သည်။
စုန်ယန်မှာ ခေတ္တမျှ မှင်တက်သွားမိ၏။
မနေ့ညက သူ တံခါးကို တိုက်ဖွင့်လိုက်သည့် လုပ်ရပ်သည် သားရေနယ်ရုံရှိ အစေခံအားလုံးအပေါ် မည်မျှအထိ ဖိအားများ သက်ရောက်သွားစေတာလဲဆိုသည်ကို သူ ရုတ်တရက် နားလည်သွားခဲ့သည်။
သူ ငေးခနဲ ဖြစ်သွားသည့် ထိုခဏမှာပင် မိန်းကလေးချိုးသည် သူ့ကို တစ်ဖန်ပြန်၍ အတင်းအကြပ် ဖက်တွယ်လာပြန်သည်။ သူမ၏ အသံမှာ ထိတ်လန့်နေသော်လည်း အလွန်နူးညံ့နေ၏။
"အစ်ကိုကြီးစုန်... ကျွန်မ အစ်ကို့ကို ကောင်းကောင်း ပြုစုပါ့မယ်။ အစ်ကို ဘာခိုင်းခိုင်း ကျွန်မ လုပ်ပါ့မယ်။ ကျွန်မက အရမ်းလိမ္မာတာပါ။ ကျွန်မကို အစ်ကိုနဲ့အတူ ခေါ်သွားပါနော်။ ကျွန်မကို ပစ်မထားပါနဲ့... ဟုတ်ပြီလား နော်... လို့"
သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံနွယ်နက်များ၊ ကြောက်ရွံ့ရိပ်များ ပြည့်နှက်နေသည့် နုနယ်သော မျက်နှာလေး... ရှင်သန်ခွင့် ရရှိရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို ခုတုံးလုပ်၍ အရာရာကို ပေးဆပ်ရန် အသင့်ဖြစ်နေသည့် မျှော်လင့်ချက်မဲ့နေသော အမူအရာ...
စုန်ယန်သည် သူမ၏ တုန်ရီနေသော ခန္ဓာကိုယ်လေး ငြိမ်သက်သွားသည်အထိ သူမကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ထို့နောက် ပြောလိုက်သည်။
"မင်းက ဘာမဆို လုပ်မယ်လို့ ပြောခဲ့တာဆိုတော့... အခု ငါ ခိုင်းတာတစ်ခု လုပ်ပေးပါ"
"ဘာ... ဘာခိုင်းမလို့လဲဟင်"
မိန်းကလေးချိုးမှာ ဘာမဆို လုပ်ရန် အသင့်ပြင်ထားသည်။
စုန်ယန်က "ဂျင်ဆင်းအားတိုးဆေး တစ်လုံးသောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါ" ဟု ပြောလိုက်သည်။
မိန်းကလေးချိုး : ...
သူမသည် လိမ္မာစွာပင် ဆေးလုံးကို သောက်လိုက်ပြီးနောက် တဖြည်းဖြည်းနှင့် အိပ်ပျော်သွားတော့သည်။
စုန်ယန်သည် ပဉ္စမမြောက် လှေကားထစ်ပေါ်တွင် ထိုင်ရင်း တစ်ဝက်အိပ် တစ်ဝက်နိုးအခြေအနေသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လိုက်သည်။
သူသည် သရဲတစ္ဆေများ တိုးဝင်လာမည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။
ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ ငါဘယ်လိုလုပ် အေးအေးချမ်းချမ်းအိပ်နိုင်မှာလဲ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ခြောက်လတာ အချိန်မှာ ကုန်လွန်သွားခဲ့သည်။
အစေခံသစ်များမှာ အသုတ်လိုက်၊ အုပ်စုလိုက် အစားထိုး ဖြည့်တင်းခြင်း ခံခဲ့ရသည်။
သားရေနယ်ရုံ၏ ထူးခြားသော သံသရာမှာ ဆက်လက် လည်ပတ်နေဆဲပင်။
ဤသံသရာအတွင်း၌ စုန်ယန်နှင့် ချိုးလျန်ယွဲ့တို့ နှစ်ဦးလုံးမှာ ဝါရင့်အစေခံများ ဖြစ်လာကြသည်။
သူတို့သည် ဤနေရာ၏ မပြောမဆိုဘဲ လိုက်နာရသည့် စည်းကမ်းများကို နားလည်လာကြပြီး မည်သို့ ရှင်သန်ရမည်ကိုလည်း သိရှိလာကြသည်။
အစေခံ အများစုအတွက်မူ နောက်ထပ် တစ်ရက် ရှင်သန်ရခြင်းမှာ သာမန်ကိစ္စမျှသာ ဖြစ်ပြီး... မျှော်လင့်ချက် ဆိုသည်မှာမူ လုံးဝမရှိခဲ့ပေ။
ချိုးလျန်ယွဲ့ အတွက်မူ "ကိုယ့်ယောက်ျား အောင်မြင်ပါစေ" ဟု ဆုတောင်းသည့် ဇနီးသည်
တစ်ဦးအလား စုန်ယန်သာ အဆင့်မြင့်တပည့် ဖြစ်သွားလျှင် သူမကို ဤငရဲတွင်းမှ ဆွဲတင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေရှာသည်။ ပါရမီရှိသည့် တပည့်များနောက်သို့ လိုက်သွားသော အစေခံများမှာ အားအင်ချည့်နဲ့လာပြီး ပျောက်ကွယ်သွားတတ်သည်ကို မြင်တွေ့ခဲ့ရပြီးနောက် ချိုးလျန်ယွဲ့သည် သူမကိုယ်သူမ ပြန်လည်ဆင်ခြင်မိကာ စုန်ယန်အပေါ် ပိုမိုတွယ်တာလာခဲ့သည်။
စုန်ယန်အတွက်မူ ဤခြောက်လအတွင်း ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သည်။ ထို့ပြင် သူသည် လွန်ခဲ့သော ခြောက်လက လုယက်ထားခဲ့သော ဂိုဏ်းအကျိုးပြုမှတ်များကို နောက်ဆုံးတွင် အသုံးချနိုင်ခဲ့သည်။
အခန်း။ ၁၂
စုန်ယန်၏ လက်ဝယ်တွင် ကျောက်စိမ်းပေလွှာ နှစ်ခုရှိရာ သု၏ ကိုယ်ပိုင်ပေလွှာတွင် ၈၃ မှတ်ရှိပြီး မိန်းကလေးချိုး၏ ပေလွှာတွင် ၇ မှတ် ရှိသည်။
မိန်းကလေးချိုးသည် သူမ၏ အသုံးဝင်မှုကို သက်သေပြရန်အတွက် သားရေနယ်သည့် အလုပ်ကို မနားမနေ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ရာ ခြောက်လအတွင်း ဂိုဏ်းအကျိုးပြုမှတ် ၇ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီးနောက် ၎င်းအမှတ်အားလုံးကို စုန်ယန်၏လက်သို့ ပုံအပ်ခဲ့ခြင်း ဖြစ်သည်။
လူငယ်လေးသည် တောင်အောက်ခြေရှိ အဆင့်နိမ့်ဈေးတန်းဆီသို့ ကျွမ်းကျင်စွာပင် လျှောက်လှမ်းလာခဲ့သည်။ လမ်းခရီးတွင် မှတ်သားထားသော ကျောက်ဆောင်တစ်ခုအောက်မှ အထုပ်တစ်ထုပ်ကို တူးဖော်ကာ ခေါင်းစွပ်ပါသည့် ဝတ်ရုံရှည်နှင့် လူသားအရေခွံမျက်နှာဖုံးတို့ကို လဲလှယ်ကာ ဝတ်ဆင်လိုက်သည်။
ဤပစ္စည်းများသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ဈေးတန်းသို့ သွားရောက်စဉ်က ဂျင်ဆင်းအားတိုးဆေးသုံးပုလင်းနှင့်အတူ အကျိုးပြုမှတ် ၁ မှတ်တည်းဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ လူသားအရေခွံမျက်နှာဖုံးမှာ ကျန်းဟူ လောကသားများ အသုံးများသော မျက်နှာဖုံးမျှသာ ဖြစ်သဖြင့် အာရုံခံစားမှု အနည်းငယ်ရှိသော ကျင့်ကြံသူတစ်ဦးဆိုလျှင် အလွယ်တကူ သိနိုင်သဖြင့် ဈေးနှုန်းမကြီးလှပေ။ သို့သော် စုန်ယန်အတွက်မူ ဤမျက်နှာဖုံးက အလွန်အသုံးဝင်ပြီး တခြားသူများအနေဖြင့် သူ့ကို ဓားပြတစ်ဦး သို့မဟုတ် ကျန်းဟူလောကမှ နတ်ဆိုးလူဆိုးတစ်ဦးဟု ထင်မှတ်သွားစေမည် ဖြစ်သည်။
ကြီးမားသော ပိုင်ဆိုင်မှုများကို ရရှိခဲ့ပြီးနောက်ပိုင်း လများတွင်လည်း သူသည် မည်သည့်သံသယမျှ မဖြစ်စေဘဲ ပုံမှန်အတိုင်းပင် လှုပ်ရှားခဲ့သည်။ တောင်ပေါ်တောင်အောက် ပုံမှန်သွားလာရင်းဖြင့် ပြင်ပမှ ကျန်းဟူလောကသားများလည်း ဤတောင်အောက်ဈေးတန်းသို့ လာရောက်တတ်ကြောင်း သူ သိရှိခဲ့ရသည်။
ရုပ်သေးဂိုဏ်းသည် ကျန်းဟူလောကမှ နတ်ဆိုးကိုယ်ခံပညာရှင်များ၏ အမြင်တွင်မူ သာမန်မင်းဆက်များထက် အဆပေါင်းများစွာ သာလွန်ထည်ဝါသော ဧကရာဇ်အုပ်ချုပ်သည့် နေရာတစ်ခုကဲ့သို့ပင်။
ထိုလူများနှင့် ချိုးလျန်ယွဲ့တို့၏ စကားများမှတစ်ဆင့် စုန်ယန် သိရှိလိုက်ရသည်မှာ သူရောက်ရှိနေသော ကမ္ဘာကြီးသည် အလွန်ကျယ်ပြောပြီး မင်းဆက်ပေါင်းများစွာ ရှိနေသည်ဟူသောအချက်ပင်။ သူရောက်ရှိနေသော ရုပ်သေးဂိုဏ်းသည် တိုင်းပြည်သုံးခု နယ်စပ်ရှိ နတ်ဆိုးကျင့်ကြံရေး အင်အားစုနယ်မြေတွင် တည်ရှိသည်။
တိုင်းပြည်သုံးခုမှာ ဝေ၊ ရှု နှင့် ဝူဟု အမည်ရသော လူသားမင်းဆက်များ ဖြစ်ကြသည်။ တိုက်တိုက်ဆိုင်ဆိုင် အမည်တူနေသော်လည်း စုန်ယန် ကမ္ဘာမကူးပြောင်းခင်က သိခဲ့သော တိုင်းပြည်သုံးခုနှင့်မူ မည်သို့မျှ ပတ်သက်မှု မရှိပေ။ ရုပ်သေးဂိုဏ်းသည် လူအင်အား လိုအပ်သည့်အခါတိုင်း ဤမင်းဆက်များအတွင်းမှ လူများကို စိတ်ကြိုက် လုယက်ဖမ်းဆီးလေ့ရှိရာ လူသားအရင်းအမြစ်မှာ မကုန်နိုင်မခမ်းနိုင် ရှိနေတော့သည်။
မင်းဆက်များကို အုပ်ချုပ်ရန်ကိစ္စတွင်မူ ရုပ်သေးဂိုဏ်းက စိတ်ဝင်စားပုံ မရပေ။ ပထမအချက်မှာ လူသားမင်းဆက်များတွင် ထူးကဲကျောက်တုံးများနှင့် ထူးကဲကြောများ မရှိသဖြင့် အချိန်ဖြုန်းသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ဒုတိယအချက်မှာမူ လူသားမင်းဆက်များထံမှ လူဟူသော အရင်းအမြစ်ကို အမြဲတစေ ရယူရန် လိုအပ်နေသောကြောင့်ပင်။
စုန်ယန်သည် တောင်အောက်သို့ ရောက်ရှိသောအခါ အပြင်ဘက်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေသကဲ့သို့ ဟန်ဆောင်နေခဲ့သည်။ သို့သော် ယနေ့တွင် သူသည် ဂျင်ဆင်းအားတိုးဆေးကို ဝယ်နေသကဲ့သို့ ပုံမှန်ဆိုင်များကိုလည်း မသွားတော့ပေ။ ခေတ္တအကြာတွင် အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီး ကုန်ပစ္စည်းပြသဘုတ်ပေါ်တွင် သူ၏ ကျောက်စိမ်းပေလွှာကို ကျွမ်းကျင်စွာပင် တို့ထိလိုက်သည်။ ကုန်ပစ္စည်းအချက်အလက်များမှာ သူ၏ အသိစိတ်ထဲတွင် ချက်ချင်းဆိုသလို ပေါ်ပေါက်လာတော့သည်။
စုန်ယန်သည် ကျောက်စိမ်းပေလွှာကို အမြန်တို့ထိကာ အကျိုးပြုမှတ် ၈၈ မှတ် အကုန်ခံ၍ ချီဖုံးကွယ်ခြင်းအတတ်နှင့် ချီမြားအတတ်တို့ကို ဝယ်ယူလိုက်သည်။ ထို့နောက် ပြီးခဲ့သည့်လကမှ အသစ်ရောက်ရှိလာသော ကုန်ပစ္စည်းကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကြည့်နေမိသည်။
[ဝိညာဉ်ရှာဖွေခြင်းအတတ် : ထူးကဲချီသန့်စင်ခြင်းအဆင့် မှော်အတတ်။ အသုံးပြုနိုင်သည်။ ဈေးနှုန်း - ၁၉၉ အကျိုးပြုမှတ်]
လူတစ်ယောက်သည် အရာတစ်ခုကို ကြောက်ရွံ့လေလေ ထိုအရာကို ပိုင်ဆိုင်လိုစိတ် ပိုမိုပြင်းပြလေလေပင်။ စုန်ယန်သည် ထိုအတတ်ကို အလွန်ဝယ်ယူချင်နေမိသော်လည်း ၁၉၉ မှတ်ဟူသော ပမာဏမှာ သူ၏ လက်လှမ်းမမီနိုင်သေးသော အခြေအနေတွင် ရှိနေသေးသည်။
စုန်ယန်သည် ထိုမြင်ကွင်းကို တစ်ချက်ကြည့်ပြီးနောက် အလျင်အမြန်ပင် ထွက်ခွာခဲ့သည်။ သူသည် လမ်းကြောင်းအနည်းငယ် လွှဲပြောင်းသွားလာပြီးမှ လူသားအရေခွံမျက်နှာဖုံးနှင့် ဝတ်ရုံကို စွန့်ပစ်ကာ တောင်ထိပ်သို့ ပြန်ရန် ပြင်ဆင်နေစဉ် ဈေးတန်းဝင်ပေါက်၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသံကို ကြားလိုက်ရသည်။
၎င်းမှာ ဆူညံသံများဖြစ်ပြီး ရုန့်ရင်းကြမ်းတမ်းသော ရယ်မောသံများလည်း ပါဝင်နေ၏။
သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဈေးတန်းဝင်ပေါက်ဘက်သို့ လှည့်ကြည့်လိုက်ရာ အဝေးမှ လာနေသော သုံ့ပန်းလှည်းတန်းကြီးကို မြင်တွေ့လိုက်ရသည်။ လှည်းပေါ်ရှိ အမျိုးသားနှင့် အမျိုးသမီးများမှာ ဖုန်မှုန့်များပေကျံကာ စိတ်ဓာတ်ကျဆင်းနေကြသော်လည်း သူတို့၏ အသွင်အပြင်မှာ မြင့်မြတ်သောအရှိန်အဝါများ ရှိနေကြရာ သာမန်လူများမဟုတ်သည်မှာ ထင်ရှားလှသည်။
အမျိုးသားများမှာ ခန့်ညားပြီး အမျိုးသမီးများမှာလည်း လှပချောမောကြ၏။ အားလုံးမှာ အဆင့်အတန်းမြင့်မားသော ပုံရိပ်များ ထွက်ပေါ်နေကြသည်။ ဘေးနားရှိ အချို့သော ကျန်းဟူ လောကသားများမှာမူ ရဲရဲတင်းတင်း ရယ်မောနေကြတော့သည်။
"ဝေမင်းဆက်ကတော့ လုံးဝပျက်သုဉ်းတော့မှာပဲလား။ ဘုရင့်သမီးတော်တွေနဲ့ မင်းသားတွေအားလုံး ဖမ်းဆီးခံလိုက်ရပြီပဲ။ သွေးလှံဂိုဏ်းက ပုန်ကန်ခဲ့ပေမဲ့ သူတို့က အသိတရားရှိလို့ ဒီလူတွေအားလုံးကို ရုပ်သေးနန်းတော်ဆီ ပို့ပြီး နတ်ဘုရားတွေကို လာရောက်ပူဇော်ကြတာပဲ"
"ဝေမင်းဆက်ရဲ့ တော်ဝင်မိသားစုမှာ တောင်နှင့်ပင်လယ်နိုင်ငံက မြေခွေးမျိုးနွယ်စုရဲ့ သွေးပါဝင်မှု အနည်းငယ်ရှိတယ်လို့ သတင်းထွက်နေတာ။ အဲဒီသွေးက ကျင့်ကြံဖို့အတွက် မလုံလောက်ပေမဲ့ အမျိုးသားရော အမျိုးသမီးပါ ထူးကဲတဲ့ အလှအပကို ပိုင်ဆိုင်စေတယ်လေ... အခုကြည့်ရတာ အဲဒီသတင်းက အမှန်ပဲ ထင်တယ်"
"ဟိုမှာကြည့်စမ်း... ရှေ့ဆုံးက လှည်းပေါ်မှာပါလာတာ ဝေမင်းဆက်ရဲ့ သမီးတော်ကြီး ချောင်ယန့်ရန် မဟုတ်လား။ အဲဒီအလှက ကျန်းဟူလောကမှာ နာမည်ကြီးပဲ။ ဝေနိုင်ငံရဲ့ အလှဆုံးလို့တောင် ပြောကြတာ။ ဒါပေမဲ့ အခုတော့ ဘာဖြစ်သွားပြီလဲ။ ရုပ်သေးနန်းတော်ဆီ အပို့ခံရပြီဆိုတော့... နောင်ကျရင် နိမ့်ကျတဲ့ အစေခံတစ်ယောက်ပဲ ဖြစ်တော့မှာပေါ့"
စုန်ယန်သည် ရှေ့ဆုံးလှည်းကို ကြည့်လိုက်ရာ ထိုအမျိုးသမီးမှာ အမှန်တကယ်ပင် မြင်သူတကာ ငေးရလောက်အောင် လှပလွန်းလှသည်။ ချိုးလျန်ယွဲ့တွင်လည်း ဆွဲဆောင်မှုရှိသော်လည်း ဤအမျိုးသမီးနှင့်မူ ယှဉ်နိုင်ဖွယ်မရှိပေ။
ထိုကျန်းဟူလောကသားများ၏ စကားကို ကြားပြီးနောက် စုန်ယန်၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် တိုးတိုးလေး ချလိုက်မိသည်။
ပြင်ပကမ္ဘာသည်လည်း မလုံခြုံသည်မှာ ထင်ရှားလှချေပြီ။
အကယ်၍ ဤမြင်ကွင်းသည် ရုပ်ရှင် သို့မဟုတ် ဗီဒီယိုကြည့်နေရခြင်းမျိုးသာဆိုလျှင် သူ သနားဂရုဏာ သက်မိပေလိမ့်မည်။ သို့သော် ဤကဲ့သို့သော ကမ္ဘာကြီးတွင် ကိုယ့်ကိုကိုယ် ရှင်သန်အောင် ကြိုးစားနေရခြင်းမှာပင် ခက်ခဲလှသည်။ ဤကဲ့သို့သော အချိန်အခါမျိုးတွင် လူတိုင်းသည် မိမိအိမ်ရှေ့ရှိ နှင်းကိုသာ မိမိဖယ်ရှားသင့်သည်။
ငါ ပိုပြီး အစွမ်းထက်လာဖို့ လိုသေးတယ်။
ထိုနေ့ည စုန်ယန်သည် ယနေ့ဈေးတန်းတွင် မြင်တွေ့ကြားသိခဲ့ရသည်များကို မိန်းကလေးချိုးအား ပြန်လည်ပြောပြလိုက်သည်။ မိန်းကလေးချိုးသည်လည်း ဝေမင်းဆက်မှ လာသူဖြစ်ကြောင်း သူ သတိရမိသည်။
စုန်ယန်၏ စကားများကို နားထောင်ပြီးနောက် ချိုးလျန်ယွဲ့မှာ အချိန်အတော်ကြာ မှင်တက်သွားပြီးမှ တုန်ရီစွာ ပြောလိုက်သည်။
"သမီးတော်ကြီးတောင် ဖမ်းဆီးခံလိုက်ရတာလား"
စုန်ယန်သည် ချိုးလျန်ယွဲ့၏ လက်ကို ခိုင်မြဲစွာ ပြန်လည်ဆုပ်ကိုင်လိုက်ရင်း သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ သူမ၏ စိတ်ဓာတ်ကျဆင်းမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်ကို သူ နားလည်သည်။ သူမ၏ မိသားစုလုပ်ငန်းနှင့် နောင်ရေးမှာ ဝေမင်းဆက်၏ သမီးတော်ကြီးအပေါ် မှီခိုနေရသည်ဖြစ်ရာ ယခုအခါ သူမအတွက် မျှော်လင့်ချက်ဟူသည်မှာ ပင်လယ်ပြင်တွင် ဆီမီးတိုင် ပျောက်ဆုံးသွားသကဲ့သို့ပင်။
စုန်ယန်က "အဲဒီ ကျန်းဟူ လောကသားတွေ ပြောတာတော့ သူမနာမည်က ချောင်ယန့်ရန်တဲ့" ဟု ပြောလိုက်သည်။
ချိုးလျန်ယွဲ့က "တစ်နိုင်ငံလုံးကို မှော်ဝင်စေတဲ့ အလှပိုင်ရှင် ဝေနန်းတော်ရဲ့ ပန်းပိတောက်လေး..." ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမသည် ရှိုက်ကြီးတငင် သက်ပြင်းချလိုက်ပြီးနောက် မျက်ဝန်းများ နီမြန်းလာကာ မျက်ရည်များ စီးကျလာတော့သည်။
စုန်ယန်က "မင်း သူမကို သိလို့လား" ဟု မေးလိုက်၏။
ချိုးလျန်ယွဲ့က ဝမ်းနည်းပူဆွေးစွာဖြင့် "ဝေမင်းဆက်မှာရှိတဲ့ ကျွန်မတို့ မိသားစုလုပ်ငန်းရဲ့ နောက်ခံအားကိုးရာက အဲဒီ ယန့်ရန်သမီးတော်ကြီးပဲလေ။ ကျွန်မအဖေက တစ်ခါတုန်းက ကျွန်မကို သူမဆီ ခေါ်သွားဖူးတယ်။ အဲဒီတုန်းက သူမရှေ့မှာ ရပ်နေရတာဟာ တောက်ပတဲ့ အလင်းတန်းတစ်ခုရှေ့မှာ ရောက်နေသလိုပဲ။ ခေါင်းတောင် မဖော်ရဲခဲ့ဘူး။ သူမကို ခိုးကြည့်ဖို့ဆိုတာ ဝေလာဝေးပေါ့...
အစ်ကိုကြီးစုန်... အစ်ကိုပြောတဲ့ သွေးလှံဂိုဏ်းရဲ့ ပုန်ကန်မှုက ဖြစ်တာ မကြာသေးဘူး။ သမီးတော်ကြီးနဲ့ တော်ဝင်မျိုးနွယ်တွေတောင် ဖမ်းခံရပြီဆိုရင် ကျွန်မတို့ မိသားစုလုပ်ငန်းလည်း ဒီဘေးဒုက္ခကနေ လွတ်မှာ မဟုတ်တော့ဘူး"
မူလက ချိုးလျန်ယွဲ့သည် အိမ်သို့ ပြန်နိုင်လိမ့်ဦးမည်ဟု မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သော်လည်း ယခုမူ ထိုမျှော်လင့်ချက်လေးမှာ လုံးဝ ပျက်သုဉ်းသွားခဲ့ချေပြီ။ သူမ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး မျက်ဝန်းများမှာလည်း အသက်မဲ့စွာဖြင့် "မင်းဆက်တွေသာ ပြောင်းလဲသွားတယ်။ တကယ် တည်တံ့နေတာကတော့ ဒီလို ထူးကဲချီကျင့်ကြံတဲ့ ဂိုဏ်းတွေပဲလား..." ဟု တိုးတိုးလေး ဆိုနေမိသည်။
ရုတ်တရက် သူမ၏ အမူအရာမှာ ပြန်လည် စိတ်လှုပ်ရှားလာပြီး စုန်ယန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် တုန်ရီစွာ ပြောလိုက်သည်။
"အစ်ကိုကြီးစုန်... အစ်ကို ကျိန်းသေ အောင်မြင်ရမယ်နော်။ အစ်ကိုက လူကောင်းတစ်ယောက်
ပဲ။ အစ်ကို ကျိန်းသေ အောင်မြင်ရမယ်။
တကယ်တော့ ကျွန်မ ခန့်မှန်းမိပါတယ်။ အစ်ကို့ရဲ့ ကျင့်ကြံမှု တိုးတက်ဖို့အတွက် ကျွန်မဆီက စွမ်းအင်တွေကို စုပ်ယူရမယ်ဆိုတာကိုလေ။ ကျွန်မအပေါ် အားနာမနေပါနဲ့။ အစ်ကိုက ကျွန်မအတွက် ဆေးတွေ အများကြီး ဝယ်ပေးထားတာပဲ။ ကျွန်မဆီက စွမ်းအင်တွေကို ပိုပြီး စုပ်ယူပါ၊ အစ်ကို လုံးဝ မရှုံးနိမ့်စေရဘူး။ အစ်ကို ရှုံးနိမ့်သွားမှာကို ကျွန်မ မလိုလားဘူး။ အစ်ကို ကျိန်းသေ အောင်မြင်ရမယ်"
စုန်ယန် ခေါင်းကုတ်လိုက်မိသည်။
အမှန်တကယ်တွင် ယခုအခါ သူစိုးရိမ်နေသည်မှာ ရှုံးနိမ့်မှုမဟုတ်ဘဲ သူ၏ စွမ်းအားများကို ဘယ်လိုမျိုး ဖုံးကွယ်ထားရမလဲဆိုသည့် အချက်သာ။
ည၏ ပထမပိုင်းတွင် ချိုးလျန်ယွဲ့ ကင်းစောင့်ပြီးသွားသောအခါ စုန်ယန်သည် လွင့်မျောအိမ်ငယ်၏ တံခါးဝတွင် ပြန်လည်ထိုင်လိုက်သည်။ သူ၏ စိတ်အာရုံကို စုစည်းလိုက်သည်နှင့် စွမ်းရည်ပြမျက်နှာပြင်တစ်ခု ပေါ်ထွက်လာတော့သည်။
[အမည် - စုန်ယန်]
[သက်တမ်း - ၁၇ / ၃၉၀၈]
[ပါရမီ - ကြွင်းကျန်သက်တမ်း တာအိုအသီိး]
[နယ်ပယ် - ထူးကဲချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၁]
[ဝိညာဉ်အမြစ် - အဆင့်နိမ့် သရဲထူးကဲအမြစ် သက်တမ်းတွက်ချက်မှုကို လုပ်ဆောင်နိုင်သည်]
စုန်ယန်သည် သူ၏ ကျင့်စဉ်မှတ်တမ်းကို အာရုံစိုက်ကြည့်လိုက်ရာ ခြောက်လကျော်ကာလအတွင်း စုဆောင်းမိထားသော သက်တမ်းမှာ အတော်ပင် များပြားနေသည်ကို တွေ့ရသည်။ သူသည် ကျင့်စဉ်နှင့် မှော်အတတ်တို့၏ ကွာခြားချက်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့ပြီ ဖြစ်သည်။
ကျင့်စဉ်ဆိုသည်မှာ ထူးကဲချီများကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူရာတွင် အသုံးပြုသည့် ထူးဆန်းသော နည်းစနစ်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းတွင် အဆင့်အတန်း ခွဲခြားထားခြင်း မရှိသော်လည်း ပုံရိပ်ဖော်ခြင်းနှင့် စိတ်စွမ်းအား အသုံးပြုခြင်းတို့တွင် အလွန်ပင် ရှုပ်ထွေးလှသည်။
သို့သော်လည်း စစ်မှန်သော သတ်ဖြတ်ခြင်း အတတ်မှာမူ မှော်အတတ်ပင်။ တိုက်ပွဲများတွင် ကျင့်စဉ်ကို အသုံးမပြုဘဲ မှော်အတတ်များကိုသာ အသုံးပြု၍ ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ စုန်ယန် ဝယ်ယူလာသော ကျင့်စဉ်များတွင် အဆင့်လေးဆင့် ရှိကြောင်း သူ သိရှိခဲ့ရသည်။ အခြေခံအဆင့်၊ အသင့်အတင့်အဆင့် ၊ အောင်မြင်သောအဆင့်နှင့် ပြည့်စုံသောအဆင့်တို့ ဖြစ်ကြသည်။
ယခုအခါ စုန်ယန်သည် သူ၏ အရှိန်အဝါကို ဖုံးကွယ်နိုင်ရန် ချီဖုံးကွယ်ခြင်းအတတ်ကို အဓိကထား၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
[ကျေးဇူးပြု၍ ရင်းနှီးမြှုပ်နှံလိုသော သက်တမ်းကို ရွေးချယ်ပါ]
စုန်ယန်သည် ကျွမ်းကျင်စွာပင် သက်တမ်းများကို စတင်ရင်းနှီးလိုက်သည်။ ကိန်းဂဏန်းများမှာ စတင်ပြောင်းလဲလာတော့သည်။
[သင်သည် ချီဖုံးကွယ်ခြင်းအတတ်ကို နားလည်သဘောပေါက်ရန် သက်တမ်း ၁ နှစ်ကို ရင်းနှီးမြှုပ်နှံလိုက်သည်။ ၃ လအကြာတွင် အခြေခံအဆင့်သို့ ရောက်ရှိပြီး နောက်ထပ် ၃ လအကြာတွင် အသင့်အတင့်အဆင့်သို့ ရောက်ရှိကာ နှစ်ကုန်ပိုင်းတွင် အောင်မြင်သောအဆင့်သို့ ရောက်ရှိခဲ့သည်။ ချီဖုံးကွယ်ခြင်းဆိုသည်မှာ အမှန်တကယ်တွင် ချီစွမ်းအင်များကို လူ့ခန္ဓာကိုယ်အတွင်းရှိ ကြွက်သား၊ အရိုး၊ အရေပြားနှင့် သွေးကြောများအတွင်းတွင် ဝှက်ထားခြင်းဖြစ်ကြောင်း သင် နားလည်သွားခဲ့သည်။ သူတစ်ပါးက သင့်ကို လာရောက်စမ်းသပ်လျှင်ပင် သင်က ကြိုတင်ဝှက်ထားသဖြင့် သင်၏ အဆင့်အတန်းကို မည်သို့မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်တော့ပေ]
တစ်နှစ်တည်းနဲ့ အောင်မြင်သောအဆင့်ကို ရောက်သွားတာလားာ
စုန်ယန်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ဤကျင့်စဉ်မှာ အခြေခံကျလှသဖြင့် သူ၏ အာရုံစိုက်မှုဖြင့်ဆိုလျှင် ဖြစ်နိုင်သည်ဟု လက်ခံလိုက်သည်။ သူ၏ သက်တမ်းမှာ များစွာ ကျန်ရှိနေသေးသဖြင့် ချီယောင်း ပြောခဲ့ဖူးသော သရဲကျင့်ကြံသူများသည် သာမန်မှော်အတတ်များကို လှည့်ဖြားခြင်းအတတ်အဖြစ် ပြောင်းလဲနိုင်သည်ဟူသော စကားကို သတိရကာ ပိုမိုစွန့်စား၍ ရင်းနှီးမြှုပ်နှံလိုက်ပြန်သည်။
[သင်သည် ချီဖုံးကွယ်ခြင်းအတတ်အတွက် သက်တမ်း ၁၀ နှစ်ကို ထပ်မံရင်းနှီးလိုက်သည်။ ၁ နှစ်အကြာတွင် ပြည့်စုံသောအဆင့်သို့ ရောက်ရှိပြီး ထူးကဲချီများကို ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို စိတ်ကြိုက်ဝှက်ထားနိုင်လာသည်။ သင်သည် ထိုမျှနှင့် အားမရဘဲ ဆက်လက်ကြိုးစားရာတွင် သင့်၏ ထူးကဲချီမှာ သာမန်ချီမဟုတ်ဘဲ နတ်ဆိုးထူးကဲချီဖြစ်နေကြောင်း သတိပြုမိသွားသည်။ ၅ နှစ်အကြာတွင် သင်သည် ဝိညာဉ်သိမ်းဆည်းခြင်းအတတ်ကို ကိုယ်တိုင် ဖန်တီးနိုင်ခဲ့သည်။ ယခုအခါ မည်သူမဆို သင့်အချက်အလက်ကို သိရှိရန် ချီစွမ်းအင်ဖြင့် လာရောက်စမ်းသပ်လျှင် သင်၏ နတ်ဆိုးချီများဖြင့် ပြန်လည်တွန်းလှန်နိုင်ပြီ ဖြစ်သည်။ နောက်ထပ် ၄ နှစ်အထိ ဆက်လက်ကြိုးစားသော်လည်း ထူးခြားမှု မရှိတော့ပေ]
စုန်ယန်သည် အချက်အလက်ဘောင်ကို တစ်ချက်ကြည့်လိုက်သည်။
[မှော်အတတ် - ဝိညာဉ်သိမ်းဆည်းခြင်းအတတ် ပြည့်စုံသောအဆင့်]
ပြောင်းလဲသွားသော ဤမှော်အတတ်မှာ ထပ်မံကျင့်ကြံရန် မလိုတော့ဘဲ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သက်တမ်းတွေက အများကြီး ကျန်ပါသေးတယ်။ ဒါတွေကို စွမ်းအားအဖြစ် ပြောင်းလဲပြီး အခြေအနေကို တည်ငြိမ်အောင် လုပ်ရမယ်။ ကဲ... ဆက်လုပ်ကြတာပေါ့။