← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း။ ၁၉

ရှပ်... ရှပ်...

ထူးဆန်းသော သားရဲအရေခွံတစ်ခုကို စုန်ယန်၏ရှေ့တွင် ဖြန့်ခင်းထားသည်။ ဤနေရာမှာ နန်ကျူတောင်ထိပ်၏ အဆင့်မြင့်တပည့်များသာ သားရေလုပ်ငန်းလုပ်ဆောင်ရန် သီးသန့်

သတ်မှတ်ထားသော နေရာဖြစ်သည်။ အထွေထွေလုပ်ငန်းဆောင်နှင့် နှိုင်းယှဉ်လျှင် ပတ်ဝန်းကျင်အခြေအနေမှာ များစွာသာလွန်ကောင်းမွန်လှသည်။ ထူးကဲချီသွေးကြောလက်တံပေါ်တွင် တည်ရှိသဖြင့် စိတ်လက်ကြည်လင်ဖွယ်ကောင်းရုံတင်မကဘဲ အလင်းရောင်နှင့် လေဝင်လေထွက်မှာလည်း အထူးပင် ကောင်းမွန်လှသည်။

လိုဏ်ဂူအမိုးပေါ်ရှိ မညီညာသော အပေါက်များတွင် ကြည်လင်သော ဖန်သားများကို တပ်ဆင်ထားပြီး ရွှေရောင်နေခြည်မှာ ဖောက်ထွင်းမြင်ရလုနီးပါးရှိသော ကျောက်စိမ်းစားပွဲများပေါ်သို့ ဖြာကျနေသည်။ အထွေထွေလုပ်ငန်းဆောင်တွင် လူပေါင်း ဒါဇင်နှင့်ချီ၍ ထိုင်ရသော စားပွဲရှည်ကြီးများရှိသော်လည်း ဤနေရာတွင်မူ လူနှစ်ဦး သုံးဦးသာ ထိုင်နိုင်သော သေးငယ်လှပသည့် စားပွဲလေးများသာ ရှိသည်။

ဤသည်မှာ မိစ္ဆာသားရဲ အရေခွံဖြစ်သည်။ သို့သော် စုန်ယန် ယခင်က မြင်ဖူးခဲ့သော အရေခွံများနှင့်မူ မတူပေ။

"အထွေထွေလုပ်ငန်းဆောင်က အရေခွံတွေက အစေခံတွေ လေ့ကျင့်ဖို့အတွက် ပေးထားတဲ့ ဟောင်းနွမ်းပျက်စီးနေတဲ့ မိစ္ဆာသားရဲအရေခွံတွေပဲ။ ဒါပေမဲ့ ဒီမှာရှိတဲ့ အရေခွံတွေကတော့ မပျက်မစီးသေးတဲ့ အနိမ့်စား မိစ္ဆာသားရဲအရေခွံတွေပဲ"

ကျန်းရင်က အရေခွံကို ပြုပြင်ရင်း "အနည်းဆုံးတော့ ဒီအရေခွံမှာ ဘာအပေါက်အပြဲမှ မရှိဘူး။ ဒါကြောင့် ဒါကို လုပ်တဲ့အခါမှာ ငါတို့ အထူးသတိထားရမယ်။

အကယ်၍ ဒါကို အရိပ်ရုပ်သေးအဖြစ် အောင်မြင်အောင် လုပ်နိုင်ရင် အကျိုးပြုမှတ် ၁၀ မှတ် ရမယ်။ ဒါပေမဲ့ အကယ်၍ မင်း ပျက်စီးအောင် လုပ်မိရင်တော့ ၃ မှတ် ပြန်လျှော်ပေးရလိမ့်မယ်" ဟု ရှင်းပြသည်။

"နားလည်ပါပြီ စီနီယာအစ်ကိုကြီးကျန်း"

စုန်ယန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကျန်းရင်သည် မိစ္ဆာသားရဲအရေခွံ၏ အခြေခံပြုပြင်နည်းစနစ်များကို စတင်သင်ကြားပေးတော့သည်။ လုပ်ငန်းစဉ်မှာ သာမန်သားရေများနှင့် ဆင်တူသော်လည်း အရေခွံမပျက်စီးစေရန်အတွက် ကိုင်တွယ်ပုံနှင့် ထွင်းထုပုံတို့မှာ များစွာပိုမို သိမ်မွေ့နုနယ်ရန် လိုအပ်သည်။

"ဂျူနီယာညီလေး သေချာကြည့် ဒါတွေက အခြေခံထွင်းထုနည်းစနစ် လေးမျိုးပဲ"

ကျန်းရင်သည် အာရုံစူးစိုက်ကာ ထွင်းဓားဖြင့် အသာအယာ ခြစ်ချလိုက်သည်။

"ဆီးနှင်းပွင့်"

ထို့နောက် ခြစ်ခြင်းမှ ဓားသွားဖြင့် လှီးဖြတ်ခြင်းသို့ ပြောင်းလဲလိုက်ပြီး ဓားကို မလှုပ်ရှားစေဘဲ လက်ချောင်းများဖြင့် အားစိုက်ကာ အရေခွံကို ပြောင်းပြန်လှည့်လိုက်သည်။

"ချည်မျှင်"

ထွင်းဓားကို အနည်းငယ်မြှောက်ကာ အသာအယာ တို့လိုက်ပြီးနောက် တူကိုယူ၍ "တောက်... တောက်..." ဟု နှစ်ချက် ခေါက်လိုက်သည်။

"ဆောက်ခြင်း"

ဓားသွားကို ပြားပြားထားကာ အရေခွံမျက်နှာပြင်နှင့် ထောင့်စောင်းအနေအထားဖြင့် လက်အားသုံး၍ တွန်းလိုက်သည်။

"တွန်းလှီးခြင်း"

စုန်ယန်က သေချာစွာ စောင့်ကြည့်နေပြီးနောက် ကျန်းရင်က သူ့အား ပျက်စီးနေသော အရေခွံတစ်ခုကို စမ်းသပ်ရန် ပေးလိုက်သည်။

"ဂျူနီယာညီလေး စမ်းကြည့်လိုက်ဦး။ နောက်ရက်အနည်းငယ်နေရင် မိစ္ဆာသားရဲအရေခွံကို မင်း ကိုင်တွယ်ရတော့မယ်။ အရင်က သားရေနယ်ရုံမှာတော့ တစ်ရက်ကို အရိပ်ရုပ်သေး တစ်ရုပ် နှစ်ရုပ် ပြီးနိုင်ပေမဲ့ ဒီမိစ္ဆာသားရဲအရေခွံနဲ့ကျရင်တော့ သုံးရက်မှာ တစ်ရုပ်ပြီးရင်တောင် တော်တော်လေး ကောင်းနေပြီလို့ ပြောရမယ်"

ပြောပြီးနောက် ကျန်းရင်က ပုံကြမ်းတစ်ခုကို ယူလာသည်။

"ဒါက သွေးဓားသမင်ပဲ။ ဒါကို အရင်စမ်းကြည့်ပါဦး"

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး"

စုန်ယန်သည် ပျက်စီးနေသော အရေခွံပေါ်တွင် စတင်စမ်းသပ်တော့သည်။ ဤစမ်းသပ်မှုက သူ့အား သားရေနယ်ရုံတွင် လုပ်ကိုင်ခဲ့စဉ်ကနှင့် လုံးဝမတူသော အတွေ့အကြုံသစ်တစ်ခုကို ပေးလိုက်သည်။ မိစ္ဆာသားရဲအရေခွံ၏ ခုခံအားမှာ အလွန်ပြင်းထန်လှပြီး လက်ဖဝါးဖြင့် ဖိချလိုက်သောအခါ စူးကနဲ ခံစားချက်ကို ရရှိစေသည်။ အားစိုက်လေလေ စူးရှမှုမှာ ပိုမိုပြင်းထန်လာလေလေဖြစ်ရာ သေဆုံးသွားသော မိစ္ဆာသားရဲ၏ အရေခွံအတွင်း၌ မမြင်ရသော အပ်ပေါင်းများစွာ ဝှက်ထားသကဲ့သို့ပင်။

သူသည် ကျန်းရင်၏ ယခင်လှုပ်ရှားမှုများကို ပြန်လည်အာရုံဖော်ကြည့်လိုက်သည်။

လက်ဖဝါးမှာ အရေခွံနှင့် မထိဘဲ လေထဲတွင် ဝဲနေပြီး လက်ချောင်းငါးချောင်းမှာမူ တင်းမာနေသည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် သားရေနယ်သည့်အခါ လက်ချောင်းများ၏ အားကိုသာ အဓိကအသုံးချနေခြင်းဖြစ်သည်။ ၎င်းမှာ မည်မျှအင်အားစိုက်ထုတ်ရမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိသာလှသည်။

စုန်ယန်က "စီနီယာအစ်ကိုကြီးကျန်း... ဒါက ဘယ်လိုမိစ္ဆာသားရဲအမျိုးအစားလဲ" ဟု မေးလိုက်သည်။

ကျန်းရင်က "ဒါကတော့ အတွေ့ရအများဆုံး အနိမ့်စားမိစ္ဆာသားရဲတစ်မျိုးဖြစ်တဲ့ ဆူးဖြူသမင်ပဲ။ မိစ္ဆာသားရဲတွေ စုဝေးရာနယ်မြေတွေရဲ့ အစွန်အဖျားမှာ နေရာတိုင်းလိုလို တွေ့နိုင်တယ်။ ဒါပေမဲ့ မှော်အတတ်ကိုတောင် မတတ်သေးတဲ့ မင်းတို့လို သာမန်တပည့်တွေ သွားဆုံရမယ့် အကောင်မျိုးတော့ မဟုတ်ဘူး" ဟု ဖြေသည်။

စုန်ယန်က ခေါင်းညိတ်လိုက်ပြီး "ဒါဆို တောင်နှင့်ပင်လယ်နိုင်ငံက မိစ္ဆာတွေကရော ဘယ်

အဆင့်မှာ ရှိလဲ" ဟု ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ ထို့နောက် သူက စကားမပြတ်စေရန် "အခန်းထဲက လူသားဖို ပြောပြတာတော့ မြေခွေးမျိုးနွယ်စုဆိုတာ တောင်နှင့်ပင်လယ်နိုင်ငံက မျိုးနွယ်စုတွေထဲက တစ်ခုပဲတဲ့" ဟု ထပ်လောင်းပြောလိုက်သည်။

လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ ကျန်းရင်က သူ့ကို တစ်ချက်ကြည့်ကာ သတိကြီးစွာဖြင့် ပြောလိုက်သည်။

"အဲဒါတွေက မိစ္ဆာသားရဲတွေ မဟုတ်ဘူး... အဲဒါတွေက နတ်ဆိုးတွေ။ မိစ္ဆာသားရဲဆိုတာက အနည်းဆုံးတော့ တိရစ္ဆာန်အဆင့်ပဲ ရှိသေးတာ ဒါပေမဲ့ နတ်ဆိုးတွေကတော့ တခြားသော တည်ရှိမှုတစ်ခုအဖြစ် အသွင်ပြောင်းသွားကြပြီ။ ကျန်တာတော့ ထပ်မမေးနဲ့တော့ ငါ့လို သာမန်တပည့်တစ်ယောက်က သိမှာမဟုတ်ဘူး။

ဒါပေမဲ့ ညီလေး စိုးရိမ်စရာမလိုပါဘူး။ ဝေမင်းဆက်အတွက်ဆိုရင် တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံဆိုတာ မပြောပလောက်ပါဘူး။ မြေခွေးမျိုးနွယ်စုကလည်း သူတို့မှာ ဒီလိုမျိုးဆက်တွေ ရှိနေတာကိုတောင် သိမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ လာပြီး ကျူးကျော်မှာမဟုတ်ဘူး"

စုန်ယန်က ခေါင်းညိတ်လိုက်ပြီး သူ၏ သားရေနယ်အတတ်ကိုသာ ဆက်လက်အာရုံစိုက်နေတော့သည်။ သူသည် ကျန်းရင်၏ အကြံပေးချက်ကို ကောင်းစွာလိုက်နာပြီး ပျက်စီးနေသော အရေခွံများဖြင့် ရက်အနည်းငယ်ကြာအောင် အမှားအယွင်းမရှိစေရန် ထပ်မံလေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

ခုနစ်ရက် ကြာပြီးနောက်...

[သင်သည် ဆူးဖြူသမင်၏ ကျန်ရှိသော သက်တမ်း ၂၂ နှစ်ကို စုပ်ယူပြီးပြီဖြစ်သည်]

စုန်ယန်သည် သူပြီးစီးသွားသော သွေးဓားသမင်အရိပ်ရုပ်သေးကို ကြည့်ကာ အနည်းငယ် ဆွံ့အသွားသည်။ အကယ်၍သာ သူ ကံကောင်းခဲ့ပါက ဤခုနစ်ရက်အတွင်း သက်တမ်း ၁၄၀ နှစ်အထိ စုပ်ယူနိုင်မည်ဖြစ်သည်။ ပထမလေးရက် လေ့ကျင့်ချိန်ကို ဖယ်လိုက်လျှင်ပင် သုံးရက်အတွင်း ၂၂ နှစ်သာ စုပ်ယူနိုင်ခဲ့သည်။

သို့သော် သက်တမ်းစုပ်ယူမှု နည်းပါးသွားသော်လည်း သုံးရက်အတွင်း အကျိုးပြုမှတ် ၁၀ မှတ် ရရှိခဲ့ရာ ၎င်းမှာ ယခင်ကထက် များစွာ သာလွန်လှသည်။

'အကောင်းရှိသလို အဆိုးလည်း ရှိတာပဲ'

စုန်ယန် စိတ်မပျက်ပေ။ အစပိုင်းတွင် ခက်ခဲတတ်သည်မှာ သဘာဝပင်။ ၎င်းမှာ သူ ပထမဆုံးအကြိမ် မိစ္ဆာသားရဲအရေခွံကို ကိုင်တွယ်ခြင်း ဖြစ်သည်။ ဤအလုပ်မှာ စိန်ခေါ်မှုကြီးမားသော်လည်း ကျွမ်းကျင်မှု တိုးတက်လာသည်နှင့်အမျှ ပိုမိုသန်မာသော မိစ္ဆာသားရဲအရေခွံများကို ကိုင်တွယ်နိုင်လျှင် သက်တမ်းရော အကျိုးအမြတ်ပါ ပိုမိုရရှိလာမည်ဖြစ်သည်။

ထို့ပြင် သူသည် သားရေပညာရှင်ဖြစ်လာရန်လည်း အထူးစိတ်ဝင်စားသည်။ သူ့အဖို့ မည်

သည့်ကမ္ဘာမှာမဆို နည်းပညာပိုင်းဆိုင်ရာ တာဝန်များက စစ်သည်တော်များထက် ပိုမိုလုံခြုံသည်ဟု ယူဆသည်။ စစ်သည်များက စစ်မြေပြင်သို့ သွားရသော်လည်း လက်နက်များကို သုတေသနပြုသည့် ပညာရှင်များကမူ သုတေသနခန်းထဲတွင်သာ ဘေးကင်းစွာ နေနိုင်သည်။

စုန်ယန်အတွက် သားရေနယ်ခြင်းက အလုပ်တစ်ခုထက် ပိုသည်။

ဘေးအန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက အဖွဲ့အစည်းများသည် နည်းပညာရှင်များကို အရင်ဆုံး ကယ်ထုတ်ကြမည်ဖြစ်သည်။ ရန်သူနှင့် ထိပ်တိုက်တွေ့လျှင်လည်း စစ်သည်များကို စေလွှတ်၍ နည်းပညာရှင်များကို အကာအကွယ်ပေးကြမည်။ အကယ်၍ နည်းပညာရှင်များ ပိတ်မိနေပါကလည်း စစ်သည်များကို စေလွှတ်၍ ကယ်တင်ခိုင်းကြမည်ဖြစ်ပြီး တကယ်တမ်း ကယ်တင်၍မရနိုင်တော့ပါကလည်း ရန်သူများသည် နည်းပညာရှင်များကို သတ်ဖြတ်မည့်

အစား မိမိတို့ဘက်သို့ ပါဝင်လာရန် စည်းရုံးကြမည်ဖြစ်ကာ အညံ့မခံလျှင်ပင် ကောင်းမွန်စွာ ဆက်ဆံခံရဖို့ များသည်။

ဤသည်မှာ အလွန်ပင် ကောင်းမွန်လှသော အခြေအနေတစ်ခုပင်။ စုန်ယန်အနေဖြင့် ထိုကဲ့သို့သော နည်းပညာရှင်တစ်ဦး ဖြစ်လာလိုခြင်းပင်။

စုန်ယန်၏ အတွေးများ လွင့်ပျံနေစဉ်မှာပင် ကျန်းရင်က သူပြုလုပ်ထားသော သားရေကို လာရောက်စစ်ဆေးသည်။ စီနီယာအစ်ကိုကြီးကျန်းသည် သားရေဖြင့် ပြုလုပ်ထားသော အရိပ်

ရုပ်သေးကို ကိုင်ကာ နေရောင်အောက်တွင် စစ်ဆေးရင်း တအံ့တဩ ရေရွတ်လိုက်သည်။

"မဆိုးဘူး တကယ်ကို မဆိုးဘူး။ ပထမဆုံးအကြိမ် လုပ်တာတောင် ဒီလောက်အဆင့်ရှိတာ တကယ့်ကို ပါရမီပါတာပဲ"

စုန်ယန်က ပြုံးလိုက်သည်။ သူသည် ထူးကဲချီ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အာရုံခံစားမှုနှင့် အားအင်ထိန်းချုပ်မှုမှာ သာမန်ထက် သာလွန်နေသဖြင့် အကောင်းဆုံးသားရေများကို ဖန်တီးနိုင်ခြင်းပင်။

သို့သော် သူက "စီနီယာအစ်ကိုကြီး ကောင်းကောင်းသင်ပေးလို့ပါ" ဟုသာ နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။

ကျန်းရင်က သူ့ပုခုံးကို ပုတ်ကာ "ဒီအတိုင်းသာ ဆက်ကြိုးစား။ မင်းတကယ် ကောင်းကောင်းလုပ်နိုင်ရင် ငါပေးထားတဲ့ကတိအတိုင်း မင်းကို အထက်ကို ထောက်ခံပေးမယ်" ဟု ဆိုသည်။

ညနေခင်းတွင် စုန်ယန်သည် သားရေနယ်ရုံ၌ထိုင်ကာ နောက်ထပ်သားရေတစ်ခုကို အာရုံစိုက်ပြင်ဆင်နေသည်။ ထိုစဉ်မှာပင် ဝေးရာမှ သင်းပျံ့သော လေညင်းတစ်ခု တိုက်ခတ်လာသည်။ သူ ခေါင်းမော့မကြည့်ခဲ့ပေ။

ဝမ်စုစုက သူ့မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ပြုံးလျက် "ဂျူနီယာမောင်လေး... အစ်မ မနက်ဖြန် ဒီမှာ လာထိုင်လို့ရမလား" ဟု မေးသည်။

သူမသည် ယခင်ကကဲ့သို့ မြူဆွယ်သည့် အမူအရာမျိုး မပြတော့ဘဲ ရိုးသားမှုကိုသာ ပြသနေသည်။ သူမအတွက် မြူဆွယ်ခြင်းဆိုသည်မှာ ရန်သူကိုသတ်ရန် သို့မဟုတ် လူသားဖိုကို လှည့်စားရန်သာဖြစ်ပြီး မဟာမိတ်ရှာဖွေရာတွင်မူ ဤနည်းကို အသုံးမပြုပေ။

စုန်ယန်က "ရပါတယ်" ဟု ပြန်ဖြေလိုက်သည်။

ဝမ်စုစုက ပါးစပ်လေးပိတ်ကာ ရယ်မောရင်း "မောင်လေး နန်ကျူတောင်ထိပ်ကို ရောက်တဲ့ ပထမဆုံးနေ့တုန်းကလည်း ငါ့မျက်နှာချင်းဆိုင်မှာ ထိုင်ခဲ့တာလေ။ ဒီနေ့လည်း ငါတို့ တူတူပြန်ထိုင်ရပြန်ပြီ။ ဒါက တကယ့်ကို ကံပါပဲ။ ဒီတစ်ခါတော့ အစ်မက တကယ်ကို ရိုးသားမှာပါ။ မောင်လေးဘက်ကလည်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်" ဟု တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

စုန်ယန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ ဝမ်စုစုသည် အမှန်တကယ်ပင် ထက်မြက်ပြီး အကြံကောင်းသူဖြစ်ကာ သူမ၏ သတိပေးစကားကြောင့် သူသည် တွင်းနက်ကြီးတစ်ခုကို ရှောင်ရှားနိုင်ခဲ့သည်။

ဝမ်စုစုက ဝင်းပစွာ ပြုံးလိုက်ပြီး သူမ၏ သားရေများနှင့် ကိရိယာများကို ရွှေ့လာကာ စုန်ယန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်၍ အလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်တော့သည်။

တစ်လကျော် အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့သည်။

ချင်းရှီးဈေး၌နန်ကျူတောင်ထိပ် အဖွဲ့သားများသည် သားရေဝယ်ယူမှုတာဝန်ကို ပြီးစီးခဲ့ကြသဖြင့် ဈေးအနီးရှိ မြို့ငယ်လေးမှ ဇရပ်တစ်ခုတွင် တစ်ညအိပ်အနားယူကာ မိုးသောက်လျှင် ပြန်ရန် စီစဉ်ထားကြသည်။

သန်းခေါင်ယံအချိန်တွင် သွယ်လျသော ခန္ဓာကိုယ်နှင့် မျက်နှာဖုံးစွပ်ထားသော လူရိပ်တစ်ခုသည် ဇရပ်မှ တိတ်တဆိတ် ထွက်ခွာသွားပြီး အခြားသော နေအိမ်တစ်ခုဆီသို့ အလျင်အမြန် ဦးတည်သွားခဲ့သည်။

သူမသည် တံခါးကို ခေါက်လိုက်သည်။

"ဒေါက်... ဒေါက်... ဒေါက်..."

တံခါးပွင့်သွားပြီး သူမ အတွင်းသို့ ဝင်လိုက်သည်။

အခန်းတွင်း၌ ငွေဖြူရောင် ဓားဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ရှေ့မှ မျက်နှာဖုံးစွပ်ထားသူကို အံ့အားသင့်စွာ ကြည့်ကာ သတိကြီးစွာဖြင့် "ဒီလောက် ညဉ့်နက်မှ ရောက်လာရတာ ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

ထိုလူရိပ်က "ရှင်က နန်ဝူဓားဂိုဏ်းက ညီအစ်ကိုတစ်ယောက်လား" ဟု မေးလိုက်သည်။

ထိုအမျိုးသားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ပြသည်။ သူဝတ်ထားသော ဝတ်ရုံမှာ နန်ဝူဓားဂိုဏ်း၏ တပည့်ဝတ်စုံ ဖြစ်နေသောကြောင့်ပင်။ ထို့နောက် သူက နားမလည်နိုင်စွာဖြင့် "မင်းက ဘယ်သူလဲ ဂျူနီယာညီမလေး" ဟု ပြန်မေးသည်။

လူရိပ်သည် ရင်ဘတ်ထဲမှ လက်ဖဝါးခန့်ရှိသော မြေပုံတစ်ခုကို ထုတ်ယူကာ ထိုအမျိုးသားထံသို့ အလျင်အမြန် ကမ်းပေးလိုက်ရင်း "စီနီယာအစ်ကို... ဒါက အရိပ်ရုပ်သေးတောင်ထိပ်ရဲ့ မြေမျက်နှာသွင်ပြင် မြေပုံအချို့ပါ။ အဲဒီနေရာက မိစ္ဆာချီတွေ အရမ်းများပြီး နေ့နဲ့ညမှာ အခြေအနေချင်း လုံးဝကွာခြားပါတယ်။ ဒါကို ဂိုဏ်းကို ပေးလိုက်ပါ။ ပြီးတော့... စီနီယာအစ်ကိုကြီး ရွှီချန်ကျွင်း ပျောက်ဆုံးနေပါတယ်။ သူ သေဆုံးသွားတာလည်း ဖြစ်နိုင်တယ်" ဟု ဆိုသည်။

အမျိုးသားက မြေပုံကို ဖြန့်ကြည့်ကာ သေချာစစ်ဆေးပြီးနောက် တည်ငြိမ်စွာ ခေါင်းညိတ်

လိုက်သည်။

"စိတ်မပူပါနဲ့ ငါ ဒါကို သတင်းပို့ပေးလိုက်ပါ့မယ်"

"ဒါဆို ကျွန်မ သွားတော့မယ်"

"ဂျူနီယာညီမလေး... ရန်သူတွေဝိုင်းနေတဲ့ကြားမှာ အထူးသတိထားပါ"

ထိုအမျိုးသားက ပြောရာ သူမသည် ကျေးဇူးတင်စကားဆိုကာ လှည့်ထွက်လိုက်သည်။

သို့သော် သူမ ကျောခိုင်းလိုက်သည်နှင့် ဓားဝတ်ရုံဝတ်အမျိုးသား၏ မျက်နှာမှာ အေးစက်သွားသည်။ သူက လက်ချောင်းကို နှိပ်လိုက်ရာ ပျံလွှားဓားမှာ အသံမထွက်ဘဲ ဓားအိမ်ထဲမှ ထွက်လာပြီး သူမ၏ ကျောပြင်ဆီသို့ ဦးတည်သွားတော့သည်။

သူမ သတိပြုမိချိန်တွင် နောက်ကျသွားခဲ့ကာ သူမသည် ထိတ်လန့်တုန်လှုပ်မှု၊ ဇဝေဇဝါဖြစ်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။

ထိုစဉ်မှာပင် နံရံပေါ်မှ အမျိုးသားတစ်ဦးသည် ဓားကို ဆုပ်ကိုင်လျက် ခုန်ဆင်းလာပြီး သူမ၏နောက်တွင် ကာကွယ်ရပ်လိုက်သည်။

ချလွင်…

ဘုန်း…..

ပျံလွှားဓားမှာ နောက်သို့ လွင့်ထွက်သွားသော်လည်း ထိုလူရိပ်မှာလည်း ဓားဒဏ်ရာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သွေးစက်များ စင်ထွက်သွားကာ သူမ၏ မျက်နှာပေါ်သို့ စွန်းထင်သွားသည်။

"မြန်မြန်... ပြေး...တော့..."

လဲကျနေသူက တုန်ရီသောအသံဖြင့် အော်ဟစ်လိုက်သည်။

"မြန်မြန်ပြေး သူက... နတ်ဆိုးဂိုဏ်းက လွှတ်လိုက်တဲ့ သူလျှို..."

ဓားဝတ်ရုံဝတ်အမျိုးသားက ပြုံးလျက် ရှေ့သို့ လှမ်းလာသည်။ သူ၏ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် လဲကျနေသူ၏ ဦးခေါင်းမှာ ပြတ်တောက်သွားတော့သည်။ သွေးစွန်းနေသော ပျံလွှားဓားမှာ လေထဲတွင် ဝဲနေ၏။

ထိုစဉ်မှာပင် မလှမ်းမကမ်းမှ ဓားဝတ်ရုံဝတ် လူရိပ်အချို့ ပျံသန်းလာကြသည်။ ထိုအမျိုးသားမှာ အံ့အားသင့်သွားပြီး သူမကို ဆက်လက်သတ်ဖြတ်ရန် အချိန်မရှိတော့သဖြင့် ဓားကိုစီး၍ ထွက်ပြေးသွားတော့သည်။

ချီယောင်းသည် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။ သူမမျက်နှာမှ မျက်နှာဖုံးစမှာ ကျွတ်ကျသွားပြီး လှပသောအမူအရာတို့မှာ ရှုပ်ထွေးလှသော ခံစားချက်များအဖြစ် ပြောင်းလဲသွားသည်။ သူမသည် မျက်နှာပေါ်မှ သွေးစက်များကို သုတ်ရင်း မြေပြင်ပေါ်ရှိ သွေးများကို ငေးကြည့်ကာ ဆွံ့အလျက် ရှိနေတော့သည်။

လိုက်လံဖမ်းဆီးသူများထဲမှ တစ်ဦးမှာ သူမအနားသို့ ဆင်းသက်လာကာ ခေတ္တမျှ စိုက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။

"မိန်းကလေး ချီယောင်း... သူလျှိုလုပ်ရတာ မလွယ်ပါဘူး။ အကောင်းနဲ့အဆိုး တိုက်ပွဲဆိုတာ မင်းမျှော်လင့်ထားသလို ရိုးရိုးရှင်းရှင်း ကလဲ့စားချေတာမျိုး မဟုတ်ဘဲ လှည့်ကွက်တွေ အများကြီးရှိတယ်။ အိမ်ကိုသာ ပြန်တော့..."

ချီယောင်းသည် သူမလက်ဖဝါးပေါ်ရှိ သွေးစက်များကို ကြည့်ကာ နှုတ်ခမ်းများ တုန်ရီနေသည်။ သူမသည် သူမအတွက် အသက်ပေးသွားသော တပည့်ကို ကြည့်ကာ "သူက ဘယ်သူလဲ" ဟု မေးလိုက်သည်။

"အဲဒါ အရေးကြီးလို့လား"

"အရေးကြီးတယ်လေ... သူ ကျွန်မကို ကယ်သွားတာ။ သူက သူ့အသက်နဲ့လဲပြီး ကျွန်မကို ကယ်သွားတာ..."

"ဒါပေမဲ့ ဒီလိုတပည့်တွေ အများကြီး သေနေကြတာပဲ"

ချီယောင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်နှာပေါ်က သွေးတွေကို သုတ်ကာ အလျင်အမြန်ပင် ထွက်ပြေးသွားတော့သည်။ သူမသည် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ကျလာမည့် မျက်ရည်များကို ထိန်းထားရင်း...

အခန်း။ ၂၀

စုန်ယန်သည် သားရေနယ်သည့်အတတ်ကိုသာ အစွမ်းကုန်အာရုံစိုက်နေပြီး ကျန်ရှိသောကိစ္စရပ်များကိုမူ သူ၏လက်လှမ်းမမီသောနေရာတွင်သာ ထားရှိခဲ့သည်။

သူ၏ စိတ်နှစ်ကိုယ်ယှဉ် ကြိုးပမ်းအားထုတ်မှုနှင့် ထူးကဲချီ ဒုတိယအဆင့်ရှိသော ခန္ဓာကိုယ်၏ အခြေခံပံ့ပိုးမှုတို့ကြောင့် သူ၏ သားရေနယ်နှုန်းမှာ သိသိသာသာ မြန်ဆန်လာခဲ့သည်။

ပထမ ၆ လ၌ ၃ ရက်လျှင် အရိပ်ရုပ်သေး တစ်ရုပ်၊ နောက်ထပ် ၆ လ၌ ၂ ရက်လျှင် တစ်ရုပ်နှင့် တစ်နှစ်ပြည့်ချိန်တွင် ၁ ရက်လျှင် တစ်ရုပ်အထိ လုပ်ဆောင်နိုင်လာသည်။

သို့သော် အပြင်ပန်းတွင်မူ ၂ ရက်လျှင် တစ်ရုပ်နှုန်းသာ လုပ်ဆောင်နေသည်ဟု ပြသထားသည်။ အကြောင်းမှာ သူသည် စီနီယာအစ်ကိုကြီးကျန်းရင်အတွက် တိတ်တဆိတ် ကူညီလုပ်ဆောင်ပေးနေရသောကြောင့်ပင်။

ကျန်းရင်သည် အလုပ်မလုပ်ဘဲ အကျိုးပြုမှတ်များ ရရှိနေခြင်းကို အလွန်ပင် သဘောကျနေတော့သည်။

ဤအကျိုးကျေးဇူးကို တစ်နှစ်မျှခံစားပြီးနောက် ကျန်းရင်သည် သူ၏ကတိအတိုင်း ကျောပြင်တွင် ပန်းနှစ်ပွင့်မျက်နှာပုံနှင့် အနီရောင်ပန်းထိုးဝတ်ရုံ ဝတ်ဆင်ထားသော အတွင်းစည်းတပည့်တစ်ဦးကို ဖိတ်ခေါ်ပေးခဲ့သည်။

"စီနီယာအစ်ကိုကြီး... ကျွန်တော့်ရဲ့ ဒီဂျူနီယာညီလေးက သားရေနယ်တဲ့နေရာမှာ တကယ်ကို ပါရမီရှိတာပါ။ စီနီယာတို့ သားရေပညာရှင်တွေရဲ့ အခြေခံပညာရပ်တွေကို နယ်ပယ်ထဲဝင်ပြီး ပါရမီရှိတဲ့ တပည့်တွေကိုပဲ ရောင်းချတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ကျွန်တော့်ညီလေးကို အခုကတည်းက ကြိုတင်လေ့ကျင့်ခွင့်ပေးလို့ မရနိုင်ဘူးလား"

"ဂျူနီယာညီလေးကျန်း... ငါ ထပ်ပြောမယ်။ ဒါက ရောင်းတာမဟုတ်ဘူး။ ငါက ငါ့ရဲ့ဆရာကိုယ်စား ပါရမီရှိတဲ့သူတွေကို ရွေးချယ်ပြီး ဂိုဏ်းရဲ့ အခြေခံပညာရပ်တွေကို လက်ဆင့်ကမ်းပေးတာပဲ။ အကယ်၍ တစ်ယောက်ယောက်က ဒီပညာနဲ့ ပါရမီပြနိုင်ရင် ငါ့ဆရာက သူ့ကို အလိုလို ရှာဖွေလာလိမ့်မယ်။ ဒါက ဂိုဏ်းအတွက် ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးတာပဲ။ ကုန်ကျစရိတ်ဆိုတာကတော့... ဒီပညာရပ်တွေက မပေါ့ဆသင့်ဘူးဆိုတာ သိအောင် လုပ်ထားတာပါ။ ပိုက်ဆံကုန်မှပဲ သူတို့က တန်ဖိုးထားတတ်ကြမှာ"

"စီနီယာအစ်ကိုကြီး ပြောတာ တကယ့်ကို မှန်ကန်လှပါတယ်။ ကျွန်တော် အမြင်ပွင့်သွားပါပြီ"

"ထားလိုက်ပါတော့... သူ နယ်ပယ်ထဲ မဝင်သေးပေမဲ့ ကြိုတင်လေ့ကျင့်ထားလို့ရတဲ့ ကျင့်စဉ်တချို့ ရှိပါတယ်။ ဒါဟာ ငါ့ဆရာအတွက်လည်း ပါရမီရှင် ရှာဖွေရာရောက်တာပေါ့။ ဩော်... မင်း ခုနက ပြောလိုက်တာ... သူက ၂ ရက်တစ်ရုပ်နှုန်းနဲ့ အဆင့်မြင့်အရည်အသွေး လုပ်နိုင်တယ်ဆိုတော့ တစ်လကို အကျိုးပြုမှတ် ၁၅၀ နှုန်းနဲ့ တွက်ရင်... ဒီကျင့်စဉ်ကို အကျိုးပြုမှတ် ၁၈၀၀ နဲ့ ငါ ရောင်းမယ်"

"ဒါက အခြေခံပညာရပ်အတွက်ဆိုရင် နည်းနည်းများမနေဘူးလား..."

"ဒါက ဂိုဏ်းရဲ့ပညာရပ်ကို တန်ဖိုးထားတတ်အောင်လို့ပါ။ ငါက ဒီ ၁၈၀၀ ကို တကယ်မက်မောနေတယ်လို့ မင်းထင်လို့လား။ မင်းနဲ့ ရင်းနှီးလို့သာ ငါ ဒီကို လာခဲ့တာ"

စီနီယာအစ်ကိုကြီးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ခဏအကြာတွင် ကျောက်ယီကျင်းဟု အမည်ရသော ထိုအတွင်းစည်းတပည့်သည် ရှေ့မှ ရိုးသားဖြောင့်မတ်ပုံရသော လူငယ်လေးအား ကျေနပ်စွာ ကြည့်လိုက်သည်။ ထိုလူငယ်လေးသည် အမှန်တကယ်ပင် အကျိုးပြုမှတ် ၁၈၀၀ ပေး၍ ပညာရပ်ကို ဝယ်ယူခဲ့သည်။

"ငါက ဆရာကြီးရှီးရဲ့ တပည့် ကျောက်ယီကျင်းပါ။ ငါတို့ဆီက သင်ယူရမယ့် ပညာရပ်တွေက မရိုးရှင်းဘူး။ ငါးပါးဓာတ် ပိုးကြိုးချည်နှောင်လက်နဲ့ သားရေပန်းချီ ဝိညာဉ်ဆင့်ခေါ်အတတ်ပဲ။

ဒီနှစ်ခုကို တတ်မြောက်ရင် မင်း ဘယ်နေရာရောက်ရောက် သားရေပညာရှင်တစ်ယောက်အဖြစ် လေးစားခံရလိမ့်မယ်"

"ဒါပေမဲ့ ဒီနေ့ ငါ မင်းကို သင်ပေးမှာက အခြေခံဖြစ်တဲ့ ငါးပါးဓာတ်လက်ငယ်နဲ့ သားရေပန်းချီအတတ်ငယ်ပဲ ရှိသေးတယ်။ မိစ္ဆာသားရဲရဲ့ အရေခွံဆိုတာ အလွန်အန္တရာယ်များတယ်။ အဲဒီထဲမှာ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုတဲ့ ဓာတ်ငါးပါး ပုန်းကွယ်နေတယ်။ သာမန်လူသားတွေတင်

မကဘူး။ ကျင့်ကြံသူတွေတောင် ဒါကို ထိမိရင် ဓာတ်ပြုစားခံရနိုင်တယ်။ ဒါဆို သားရေပညာရှင် ဖြစ်ဖို့နေနေသာသာ လက်တွေပုပ်သွားတာ သေဆုံးတာတွေအထိ ဖြစ်နိုင်တယ်"

ကျောက်ယီကျင်းသည် သေတ္တာတစ်လုံးကို ထုတ်ပေးလိုက်ရင်း "ဒါကြောင့် မင်း လိုအပ်တာတွေ အားလုံး ဒီထဲမှာ ရှိတယ်။ စောစောစီးစီး လေ့ကျင့်ထားတာ မမှားဘူး။ ဒါပေမဲ့ ဒီပညာကို တခြားသူကို ခိုးသင်ပေးတာ မိသွားရင်တော့... ဟွင်းဟွင်း..."

အတွင်းစည်းတပည့်ဖြစ်သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

"ကျွန်တော် ဘယ်တော့မှ အပြင်ကို မပေါက်ကြားစေပါဘူး"

စုန်ယန်က ပြန်ဖြေပြီးနောက် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အကန့်ခြောက်ကန့် ပါဝင်နေသည်ကို တွေ့ရသည်။

အကန့်တစ်ကန့်တွင် လတ်လတ်ဆတ်ဆတ် လက်ရေးမူဖြင့် ကူးယူထားသော စာအုပ်ငယ်နှစ်

အုပ် ပါဝင်ပြီး ကျန်အကန့်ငါးကန့်တွင်မူ ထူးဆန်းသော သစ်ကြားသီးဆယ်လုံး ပါဝင်နေသည်။ အကန့်တစ်ခုစီတွင် တစ်စုံစီရှိနေကာ တစ်ခါမျှ မမြင်ဖူးသည့် ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ဤပစ္စည်းများသည် ဈေးကွက်ထဲတွင် အလွယ်တကူ ဝယ်ယူ၍မရနိုင်သော ပစ္စည်းများဖြစ်ကြောင်း သေချာလှသည်။

ဈေးကွက်ဆိုသည်မှာ ဂိုဏ်းကြီးများ၏ လက်ဝေခံမျှသာဖြစ်ပြီး လေလွင့်ကျင့်ကြံသူများအတွက် အရေးပါသော ကုန်သွယ်ရာနေရာဖြစ်သော်လည်း အရာရာကိုတော့ မစွမ်းဆောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းကြီးများသည် သူတို့၏ အဓိကကျင့်စဉ်များကို အခြားသူများထံ မရောင်းချမိစေရန် အရင်ဆုံး သေချာအောင် လုပ်ဆောင်ရမည်ဖြစ်ရာ ထိုသို့သောပစ္စည်းများကို ဈေးကွက်ထဲတွင် တင်ရောင်းမည်မဟုတ်ပေ။ ဂိုဏ်းကြီးများ၏ အဆင့်မြင့်ပုဂ္ဂိုလ်များအတွက်မူ အကျိုးပြုမှတ်ဆိုသည်မှာ ဟာသတစ်ခုမျှသာ။

၎င်းတို့သည် သူတို့သတ်မှတ်ထားသော စည်းမျဉ်းများသာ ဖြစ်ပြီး ထိုစည်းမျဉ်းများသည် ဂိုဏ်းကို အကျိုးပြုရန်သာ ဖြစ်ရာ အထက်အောက် အဆင့်ဆင့်ကို ကျော်လွန်၍မရနိုင်ပေ။

ကျောက်ယီကျင်းက "ဂျူနီယာညီလေးစုန် ဒီစာအုပ်တွေက လက်ရေးမူတွေဆိုပေမဲ့ မင်းရဲ့အခြေခံအတွက်တော့ တကယ်အသုံးဝင်ပါတယ်။ မင်းတကယ်ပဲ ဂိုဏ်းထဲဝင်နိုင်ခဲ့ရင် အရိပ်

ရုပ်သေးတောင်ထိပ်ရဲ့ ပင်မတောင်ထိပ်မှာ ငါ့ကိုလာရှာပါ။ ငါ မင်းကို ဆရာကြီးရှီးနဲ့ တွေ့ပေးမယ်။ အဲဒီအချိန်ကျရင် အကျိုးပြုမှတ် ၁၈၀၀ ပေးလိုက်ရတာ တကယ်တန်တယ်ဆိုတာ မင်းသိလာလိမ့်မယ်။ ငါပြောစရာ ဒါပါပဲ။ မင်းဘာသာ ကြိုးစားတော့" ဟု ထပ်လောင်းပြောကြားသည်။

ဤသို့ပြောပြီးနောက် ထိုတပည့်သည် အချိန်မဆွဲဘဲ လှည့်ထွက်သွားတော့သည်။ သူသည် သူ၏ အဆင့်သတ်မှတ်ပြားကို ကိုင်ကာ တိုးလာသော အကျိုးပြုမှတ်များကြောင့် ကျေနပ်စွာ ပြုံးနေမိသည်။

ဂိုဏ်းထဲကို ဝင်နိုင်ဖို့လား။

ဒါက မဖြစ်နိုင်ဘူး။

သူ ပစ္စည်းအတုပေးလိုက်လို့ မဟုတ်ဘဲ ပင်မတောင်ထိပ်က တပည့်တွေတောင် ဆရာကောင်းတွေအောက်မှာ လေ့ကျင့်နေတာတောင် မအောင်မြင်နိုင်တဲ့အရာကို အပြင်ကလူက အောင်မြင်ဖို့ဆိုတာ မလွယ်လို့ပဲ။ သားရေပညာရှင်ဖြစ်ဖို့ဆိုတာ လွယ်တဲ့အရာ မဟုတ်ဘူး။

'ကလေးလေးရာ... ဒါကို ငွေပေးပြီး သင်ခန်းစာယူလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။ အိမ်မက်မက်ဖို့ဆိုတာ အဲဒီလောက် မလွယ်ဘူး'

ကျောက်ယီကျင်းက တွေးတောရင်း သားရေသားရဲတစ်ကောင်ကို ဆင့်ခေါ်စီးနင်းကာ ပျံသန်းထွက်ခွာသွားတော့သည်။

နံနက်ခင်း အလင်းရောင်အောက်တွင် စုန်ယန်သည် စာအုပ်ငယ်များကို တစ်အုပ်ချင်းစီ ဖွင့်ဖတ်ကာ သေချာစွာ လေ့လာတော့သည်။

ငါးပါးဓာတ်လက်ငယ်ကျင့်စဉ်သည် လက်နှစ်ဖက်ကို ဓာတ်ငါးပါး၏ တိုက်စားမှုမှ ကင်းဝေးစေရန် လေ့ကျင့်ခြင်းဖြစ်ပြီး သေတ္တာထဲတွင် ပါလာသော ငါးပါးဓာတ် သစ်ကြားသီး ငါးစုံကို အသုံးပြု၍ လေ့ကျင့်ရမည်ဖြစ်သည်။

ရေဓာတ်သည် အနူးညံ့ဆုံးဖြစ်သဖြင့် ရေဓာတ်သစ်ကြားသီးဖြင့် စတင်ရမည်။ ရေသည် သစ်သားကို ဖြစ်ထွန်းစေသဖြင့် သုံးရက်ကြာလျှင် သစ်သားဓာတ်သို့ ပြောင်းရမည်။ ထို့နောက် မီး၊ မြေ နှင့် နောက်ဆုံးတွင် သတ္တုဓာတ်သို့ ပြောင်းလဲလေ့ကျင့်ရမည်။ ဆယ့်ငါးရက်ကြာလျှင် ရေဓာတ်သို့ ပြန်စရမည်။ ဤသံသရာအတိုင်း လက်ကို လေ့ကျင့်ရမည်ဖြစ်သည်။ အစဉ်လိုက် မှားယွင်းပါက ဒဏ်ရာရရှိစေနိုင်သည်။

ထိုငါးပါးဓာတ် သစ်ကြားသီးများထဲတွင် မျှတသော ငါးပါးဓာတ်ထူးကဲချီများ ပါဝင်နေပြီး ၎င်းမှာ ကျွမ်းကျင်ပညာရှင်များကသာ အထူးပြုလုပ်ထားခြင်း ဖြစ်သဖြင့် အလွယ်တကူ ဝယ်ယူ၍မရနိုင်ပေ။ ဤသည်က စုန်ယန်အား ထူးကဲချီ သန့်စင်ခြင်း တတိယအဆင့်သို့ တက်

လှမ်းရန်အတွက် ပြင်ပပစ္စည်းတစ်ခု လိုအပ်ကြောင်းကိုလည်း သတိပေးလိုက်သကဲ့သို့ပင်။ ထိုပစ္စည်းသာရှိလျှင် သူသည် အချိန်မရွေး နောက်တစ်ဆင့်သို့ ချိုးဖောက်တက်လှမ်းနိုင်မည် ဖြစ်သော်လည်း ၎င်းမရှိဘဲနှင့်မူ မဖြစ်နိုင်ပေ။

စုန်ယန်၏ စနစ်သည် ဘာမှမရှိရာမှ တစ်ခုခုကို ဖန်တီးပေးနိုင်စွမ်း မရှိသလို ကျင့်ကြံခြင်းအဆင့်ကို ချိုးဖောက်ကျော်လွှားနိုင်ရန်အတွက် တည်ရှိမနေသော အရာဝတ္ထုများကိုလည်း ဖန်တီးယူဆောင်လာပေးနိုင်စွမ်း မရှိပေ။

သားရေပန်းချီအတတ်သည် ပန်းချီမှတစ်ဆင့် မြင့်မြတ်သောအာရုံသို့ ရောက်ရှိခြင်းကို လိုအပ်သည်။ တပည့်များရရှိသော ပန်းချီမူကြမ်းများမှာ မူရင်းလက်ရာများ မဟုတ်ကြပေ။ ထွင်းထုခြင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပန်းချီမူကြမ်းတစ်ခုက အရိပ်ရုပ်သေး တစ်

ရုပ်သာ ဖန်တီးနိုင်သည်။ ထို့ကြောင့် မြင့်မြတ်သောမူကြမ်းများမှာ အလွန်ပင် အဖိုးတန်လှသည်။

စုန်ယန်သည် အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း သူ၏ စွမ်းရည်ပြမျက်နှာပြင်ပေါ်တွင် မည်သည့်မှော်အတတ်အသစ်မျှ ပေါ်မလာသေးသည်ကို တွေ့ရ၍ အံ့အားသင့်သွားသည်။ သို့သော် ဤစာအုပ်နှစ်အုပ်မှာ အတုအယောင်များ မဟုတ်သည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူသည် စာအုပ်ပါ လမ်းညွှန်ချက်များအတိုင်း စတင်လေ့ကျင့်တော့သည်။ လက်ထဲတွင် ဓာတ်ငါးပါး သစ်ကြားသီးများကို လှည့်ကစားရင်း အရာဝတ္ထုများကို လေ့လာကာ စိတ်ထဲတွင် မြင့်မြတ်သောအနှစ်သာရကို ရှာဖွေနေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်လွန်သွားခဲ့သည်။ ဓာတ်ငါးပါး သစ်ကြားသီးများသည် စုန်ယန်၏ လက်ဖဝါးထဲတွင် သံသရာတစ်ပတ် ပြည့်မြောက်သွားခဲ့ပြီဖြစ်သည်။

စုန်ယန်သည် ငါးပါးဓာတ်လက်ငယ်ကျင့်စဉ်မှာ သူ၏ စွမ်းရည်ပြမျက်နှာပြင်ပေါ်တွင် မကြာမီ ပေါ်လာတော့မည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ အများသုံးမှော်အတတ်များမှာ ကျောက်စာလိပ်မှတစ်ဆင့် စွမ်းရည်ပြမျက်နှာပြင်ပေါ်သို့ တိုက်ရိုက်ရောက်ရှိနိုင်သော်လည်း ဤကဲ့သို့သော လျှို့ဝှက်နည်းစနစ်များမှာမူ မိမိကိုယ်တိုင် အခြေခံနားလည်မှုနှင့် အတွေ့အကြုံရှိမှသာ စွမ်းးည်ပြမျက်နှာပြင်ပေါ်တွင် ပေါ်လာခြင်းပင်။

၎င်းကို သဘောပေါက်ပြီးနောက် စုန်ယန်သည် သားရေပန်းချီအတတ်ကျင့်စဉ်ကိုလည်း ရှေ့တန်းတင် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

အရာခပ်သိမ်းကို လေ့လာခြင်းဖြင့် မြင့်မြတ်သောအနှစ်သာရကို ရှာဖွေနိုင်၏။

ဆိုလိုသည်မှာ သက်ရှိများကို အစစ်အမှန်အတိုင်း ပုံဖော်နိုင်ရန်အတွက် ထိုသက်ရှိများကို ကိုယ်တိုင်ကိုယ်ကျ သေချာစွာ လေ့လာရမည်ဖြစ်သည်။ ပိုမိုလက်တွေ့ကျကျ ပုံဖော်နိုင်ခြင်းသည် သားရေပညာရှင်တစ်ဦးအတွက် မည်မျှအရေးပါသည်ကို သူ အပြည့်အဝ နားမလည်သေးသော်လည်း ၎င်းမှာ အလွန်အရေးကြီးသော အဆင့်တစ်ခုဖြစ်ကြောင်း သူသိသည်။

သူသည် လေ့လာရန်အတွက် နေရာကောင်းတစ်ခုကိုလည်း ရွေးချယ်လိုက်သည်။

ချီရွှယ်တောအုပ်သည် နန်ကျူတောင်ထိပ်မှ အရိပ်ရုပ်သေးတောင်ထိပ်သို့ သွားရာ လမ်းမကြီးတစ်လျှောက်တွင် တည်ရှိပြီး ကျယ်ပြောလှသည်။ ၎င်းသည် ထူးကဲချီသွေးကြောလက်တံပေါ်တွင် တည်ရှိသဖြင့် ဆူးဖြူသမင်နှင့် ခေါင်းနှစ်လုံးပါ ဝံပုလွေကဲ့သို့သော အနိမ့်စား မိစ္ဆာသားရဲများ ရှိနေတတ်သည်။

စုန်ယန်သည် သေချာစွာ စုံစမ်းမေးမြန်းခဲ့သည်။

အနိမ့်စား မိစ္ဆာသားရဲများမှာ လူသားတို့၏ ထူးကဲချီသန့်စင်ခြင်း အဆင့် ၁ မှ ၃ နှင့် ညီမျှသည်။

ဆူးဖြူသမင်နှင့် ဝံပုလွေများသည် အဆင့် ၁ နှင့် ၂ မျှသာရှိသော အားနည်းသည့် သားရဲများပင်။

အနောက်ဘက်တွင် မိစ္ဆာနယ်မြေရှိသော်လည်း တပည့်များ မကြာခဏ သွားလာနေသော လမ်းဖြစ်သဖြင့် အတော်အတန် ဘေးကင်းသည်။

သူသည် သူ၏ မိစ္ဆာချီစုစည်း၍ ထူးကဲချီထိန်းချုပ်ခြင်းအတတ်နှင့် သည်းထန်စွာရွာသော မိစ္ဆာမိုးမှော်အတတ်များကိုလည်း လေ့ကျင့်ရန် အခွင့်အရေး ရနိုင်ကောင်း ရနိုင်သည်။

ထိုညတွင် စုန်ယန်သည် မိန်းကလေးချိုး၏ ဝန်ဆောင်မှုကို ခံယူရင်း လဲလျောင်းနေစဉ် ချီရွှယ်တောအုပ်ခရီးစဉ်နှင့် ဖြစ်လာနိုင်သော အန္တရာယ်များကို စဉ်းစားနေမိသည်။ အခြားအခန်းတစ်ခုတွင် တောင်ပိုင်းမင်းသား၏ ကြင်ယာတော်မှာလည်း အလုပ်လက်မဲ့မဖြစ်စေရန် သာမန်သားရေများနှင့် အလုပ်ရှုပ်နေသည်။

ရုတ်တရက် စုန်ယန်၏ မျက်နှာပေး ပြောင်းလဲသွားသည်။ အဝေးမှ တိုးညင်းသော အသံတစ်ခုကို သူ ကြားလိုက်ရခြင်းဖြစ်သည်။ ထိုအသံမှာ ချီယောင်း၏ အခန်းဘက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ချီယောင်းအကြောင်း ပြောရလျှင် သူမသည် မနှစ်က ချင်းရှီးဈေးမှ ပြန်လာကတည်းက တစ်စုံတစ်ခု ပြောင်းလဲသွားပုံပင်။

သူမ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို သူ အတိအကျ မပြောနိုင်သော်လည်း သူမ၏ လှုပ်ရှားမှုများမှာ ယခင်နှင့် မတူတော့သည်မှာ သေချာလှသည်။

သူမ၏ လှုပ်ရှားသံမှာ အလွန်ပင် တိုးညင်းလှရာ အကယ်၍ စုန်ယန်သာ ထူးကဲချီ ဒုတိယအဆင့်သို့ မရောက်ရှိထားလျှင် သို့မဟုတ် ချီယောင်း၏ လိုဏ်ဂူကျောင်းဆောင်မှာ သူ့နှင့် ဘေးချင်းကပ်လျက် အိမ်နီးနားချင်းမဖြစ်ခဲ့လျှင် သူ လုံးဝ ကြားနိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် စုန်ယန်သည် ခုတင်ပေါ်မှ ထထိုင်လိုက်ပြီး ကျောက်တံခါးကို ဖွင့်ကာ ထွက်လာခဲ့သည်။ သူသည် ထာဝရစိမ်းလန်းသော သစ်ပင်တစ်ပင်၏ နောက်တွင် ပုန်းကွယ်လျက် အဝေးသို့ လှမ်းကြည့်လိုက်သည်။

အေးစက်သော လေပြင်းများ တိုက်ခတ်နေသည့် ဆောင်းဦးနှောင်းပိုင်း ညချမ်းဖြစ်သည်။ မှောင်မည်းနေသော တောင်တန်းများကြားတွင် အေးစက်သော မျက်နှာပေးနှင့် မိန်းကလေးတစ်ဦးက ခန့်ညားသော ဆံပင်ရှည်လူငယ်တစ်ဦးအား ဓားဖြင့် ချိန်ရွယ်ထားသည်။

ထိုလူငယ်မှာ တုန်တုန်ရီရီဖြင့် "နတ်သမီးလေးချီ... ကျွန်တော်က အပြင်ကို... လေကောင်းလေသန့် ထွက်ရှူတာပါ။ ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး... တခြား ဘာမှ မဟုတ်ပါဘူး..."

ချီယောင်းက အေးစက်စွာဖြင့် "မင်း နောက်တစ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားဦးမလား။ ဘယ်ကို သွားမလဲဆိုတာ သိချင်လို့ ငါ တမင်တံခါးဖွင့်ထားတာ။ မင်းက မင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ။ ဒီနေရာမှာ မင်း ဘယ်ကိုမှ ပြေးလို့မရဘူးဆိုတာ သိသင့်တယ်။ ထွက်ပြေးနိုင်ခဲ့ရင်တောင် ဒါက သေလမ်းပဲ။ ဒါကို သိလျက်နဲ့ မင်းက တောင်အောက်ကို မဆင်းဘဲ တောင်ပေါ်ကို ပြေးတက်နေတယ်... မင်း ဘာကြံစည်နေတာလဲ"

တောင်ထိပ်ဆိုသည်မှာ နန်ကျူတောင်ထိပ်သခင် ချန်တန်းချင်း နေထိုင်ရာ နေရာပင်။

တောင်ပိုင်းမင်းသားက "ကျွန်တော် တောင်ထိပ်ကို သွားတာ မဟုတ်ပါဘူး။ လေညင်းခံချင်လို့ပါ... အခု ပြန်ပါ့မယ်..."

သူ့စကားမဆုံးခင်မှာပင် ထိုလူငယ်မှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် စတင်ပြေးလွှားတော့သည်။ သူ၏ အရှိန်မှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှရာ သူသည် အတော်အတန် အဆင့်ရှိသော ပညာရှင်တစ်ဦး ဖြစ်နေသည်မှာ သိသာလှသည်။ ချီယောင်း သတိမမူမိခင်မှာပင် သူသည် ခြေလှမ်းအနည်းငယ်အတွင်း ကိုက်ပေါင်းများစွာ ဝေးကွာသွားခဲ့သည်။

သူသည် ပြေးရင်းဖြင့် "ဒီမှာ..." ဟု အော်ဟစ်လိုက်သည်။

ထိုစဉ် ကျောက်ခဲတစ်လုံးက လေထဲမှ အရှိန်အဟုန်ဖြင့် တိုးထွက်လာခဲ့သည်။

"ဘာမှမရှိဘူး..."

ကျောက်ခဲသည် သူ့ဦးခေါင်းနောက်စေ့ကို ထိမှန်သွားတော့သည်။ တောင်ပိုင်းမင်းသားသည် စူးစမ်းလေ့လာမှုဟူသော နောက်ဆုံးစကားလုံးကို ပြောခွင့်မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးအလား ကွဲအက်သွားပြီး သွေးဖြူနှင့် သွေးနီများ နေရာအနှံ့ စဉ်းထွက်သွားကာ သူ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ မှောက်လျက် လဲကျသွားခဲ့ရသည်။

စုန်ယန်သည် သစ်ပင်နောက်မှ ထွက်လာပြီး အဝေးမှ ချီယောင်းကို လှမ်းကြည့်လိုက်သည်။ လရောင်အောက်တွင် သူတို့နှစ်ဦး ခဏမျှ အကြည့်ချင်း ဆုံသွားကြသည်။

စုန်ယန်က လက်ဝှေ့ယမ်းပြရင်း "အစ်မချီ... ကျွန်တော် အစ်မရဲ့ လူသားဖိုကို သတ်လိုက်မိပြီ။ ကျွန်တော့်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်"

ချီယောင်းမှာ ဘာစကားမျှ ပြန်မပြောဘဲ သေဆုံးနေသော တောင်ပိုင်းမင်းသားကိုသာ ကြောင်ကြည့်နေမိသည်။

သူမသည် သူ့အပေါ် တမ်းတမူးယစ်ဆေးဆေးကိုပင် အသုံးမပြုခဲ့ပေ။

သို့သော် ရလဒ်မှာမူ သစ္စာဖောက်ခြင်းသာ ဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင်သာ စုန်ယန် ဝင်မပါခဲ့လျှင် သူမ၏ သူလျှိုကိုယ်ပိုင်လက္ခဏာမှာ ဖော်ထုတ်ခံရတော့မည်ပင်။

ချီယောင်းက "ဘာလို့ သူ့ကို သတ်လိုက်တာလဲ" ဟု မေးသည်။

စုန်ယန်က ပေါ့ပေါ့ပါးပါးပင် "အပြင်မှာ လျှောက်သွားနေတဲ့ အထောက်အထားမရှိတဲ့ အစေခံတစ်ယောက်ပဲလေ။ သတ်လိုက်တာ ဘာဆန်းလဲ။ ဒါက ငါတို့ အရိပ်ရုပ်သေးတောင်ထိပ်ရဲ့ စည်းမျဉ်းပဲ မဟုတ်လား။ ဘာလဲ... အစ်မချီက သူ့အတွက် ကလဲ့စားချေပေးချင်လို့လား"

ချီယောင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အေးစက်စွာဖြင့် "ရှင်က ငါ့ရဲ့ လူသားဖိုကို သတ်လိုက်ပြီဆိုတော့ ငါ နောက်ကျရင် ဘယ်လိုကျင့်ကြံရတော့မလဲ။ ဖြစ်နိုင်ရင်... ငါတို့ နှစ်ဦးတွဲ ကျင့်ကြံခြင်းလုပ်လို့ရမလား။ ထူးကဲချီလမ်းညွှန်ကျင့်စဉ် အပြည့်အစုံမှာ ကျင့်ကြံသူနှစ်ဦး တွဲပြီး ကျင့်ကြံတဲ့နည်း ပါတယ်လေ။ နှေးတော့ နှေးပေမဲ့ ဖြစ်နိုင်ခြေရှိတာပဲ"

သူမသည် နောက်ထပ် လူသားဖိုတစ်ဦးကို မလိုချင်တော့ပေ။ သို့သော် သူမသည် ဤနေရာတွင် ဆက်လက်ပုန်းကွယ်ပြီး ရုပ်သေးနန်းတော်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သူမအနေဖြင့် အန္တရာယ်မရှိလှသော ဤလူငယ်နှင့် လက်တွဲကျင့်ကြံရန် ကမ်းလှမ်းလိုက်ခြင်းပင်။

စုန်ယန်ကမူ "မလုပ်ပါနဲ့ အစ်မက ပြဿနာ အရမ်းများတယ်" ဟု ပြောလိုက်သည်။

ချီယောင်းမှာ အံ့အားသင့်သွားသည်။ စုန်ယန်ကမူ သမ်းဝေရင်း ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ချီယောင်းမှာ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။ သူမသည် လှပသော မျက်ဝန်းများကို တင်းတင်းမှိတ်ထားပြီးနောက် အချိန်အတော်ကြာမှ ပြန်ဖွင့်လိုက်သည်။ သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။ သူမသည် သွေး၊ သေခြင်းတရားနှင့် သစ္စာဖောက်မှုများကို နှစ်နှစ်မပြည့်မီသော အချိန်အတွင်း ကြုံတွေ့ခဲ့ရသော်လည်း နှစ်ပေါင်းများစွာ ကြာခဲ့သကဲ့သို့ ခံစားနေရသည်။

ချီယောင်းသည် တောင်ပိုင်းမင်းသား၏ အလောင်းကို အသာအယာ မယူကာ ချောက်ကမ်းပါးပေါ်မှ ပစ်ချလိုက်သည်။ ထို့နောက် သူမ၏ လိုဏ်ဂူကျောင်းဆောင်သို့ တိတ်တဆိတ် ပြန်လာခဲ့ပြီး ကျောက်တံခါးကို ပိတ်လိုက်ရာ သူမ၏ မျက်နှာမှာ အမှောင်ရိပ်အတွင်းသို့ တစ်ဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။

All Chapters