← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း။ ၂၃

ယခင်ဘဝနှင့် ယခုဘဝ နှစ်ခုလုံးတွင် ပထမဆုံးအကြိမ်အဖြစ် အလောင်းများထံမှ ပစ္စည်းလုယူခြင်းဖြစ်သောကြောင့် စုန်ယန်၏ လက်များမှာ အနည်းငယ် တုန်ယင်နေမိသည်။ သို့သော် အမွှေးတိုင်တစ်ဝက်စာခန့် အချိန်အတွင်းမှာပင် သူသည် အလောင်းများကို အမြန်ဆုံး ရှာဖွေပြီးစီးခဲ့သည်။

အရိပ်ရုပ်သေးတောင်ထိပ်မှ တရားဝင်တပည့်နှစ်ဦး၏ ကိုယ်ပေါ်တွင် အဆင့်သတ်မှတ်ပြားများသာ ပါရှိသည်။ ၎င်းတို့အတွင်း၌ အကျိုးပြုမှတ်များစွာ ရှိနိုင်သော်လည်း ပိုင်ရှင်သေဆုံးသွားချိန်တွင် ထိုအမှတ်များသည် အသုံးမဝင်တော့ဘဲ လုံးဝ တန်ဖိုးမရှိတော့ပေ။ စုန်ယန်အနေဖြင့် ထိုအမှတ်များကို ကြည့်ခွင့်ပင်မရတော့ဘဲ ပိုက်ဆံမကုန်ခင် လူသေသွားပြီး တခြားသူလည်း သုံးခွင့်မရတော့သည့်ရုပ်သေးနန်းတော်အတွက်သာ သန့်သန့်စင်စင် အကျိုးပြုသွားသည့် အဖြစ်မျိုးပင်။

လေလွင့်ကျင့်ကြံသူ နှစ်ဦးထံတွင်မူ ပစ္စည်းများ ပိုမိုပါရှိနေသည်။

ပဲစေ့အရွယ်အစားရှိပြီး ထူးကဲချီများ ထွက်ပေါ်နေသော ကျောက်စိမ်းပုံဆောင်ခဲ အိတ်ငယ် တစ်အိတ်၊ ကျိုကျိဘဏ်မှ ငွေစက္ကူအထပ်လိုက်၊ ပျံလွှားဓားကျင့်ကြံသူများ၏ ကျင့်စဉ်အတွေ့အကြုံများကို မှတ်တမ်းတင်ထားသော စာအုပ်တစ်အုပ်၊ ကျောက်စာလိပ်တစ်ခုပင်။

စုန်ယန်က ၎င်းအတွင်းမှ ချီပေါက်ကွဲခြင်းအတတ်ဟူသော မှော်အတတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ သာမန်အတတ်တစ်ခုမဟုတ်ဘဲ ထူးကဲချီသန့်စင်ခြင်း တတိယအဆင့်ရောက်မှသာ ကျင့်ကြံနိုင်သည့် အဆင့်မြင့်အတတ်တစ်ခု ဖြစ်သည်။ ဤသည်မှာ လေလွင့်ကျင့်ကြံသူသည် ထိုအတတ်ကို အပြင်မှ ရရှိထားပြီး သူ၏အဆင့်တက်မှ ကျင့်ကြံရန် ရည်ရွယ်ထားပုံပင်။

ထိုပစ္စည်းများအပြင် သူတို့၏ လက်နက်များဖြစ်သော အရိပ်ရုပ်သေးလေးရုပ်၊ ပျံလွှားဓားတစ်လက်နှင့် သံလုံးငယ်များ ပစ်လွှတ်နိုင်သော ဘူးသီးခြောက်တစ်လုံးတို့ကိုလည်း ရရှိခဲ့သည်။

စုန်ယန်သည် ထိုအရိပ်ရုပ်သေးထုတ်ကုန်များကို အနီးကပ် စစ်ဆေးကြည့်ရာ သူကိုယ်တိုင်ပြုလုပ်သော ရုပ်သေးများနှင့် ကွာခြားချက်တစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်။ ၎င်းမှာ မြင့်မြတ်သောအသက်ဓာတ်ပင်။

ထိုရုပ်သေးများသည် သူ၏ရုပ်သေးများထက် ပိုမို၍ ဇွဲရှိပုံရပြီး အတွင်း၌ ဆန်းကြယ်သော ဝိညာဉ်တစ်ခု ကိန်းအောင်းနေသကဲ့သို့ ခံစားရသည်။ မကြာမီမှာပင် ထိုအသက်ဓာတ်၏ မြစ်ဖျားခံရာမှာ မျက်လုံးများ ဖြစ်ကြောင်း စုန်ယန် ရှာဖွေတွေ့ရှိသွားသည်။

ခေါင်းနှစ်လုံးပါ ဝံပုလွေ၊ နှုတ်သီးချွန်ငှက် သို့မဟုတ် ဆူးဖြူသမင်ဖြစ်စေ ၎င်းတို့၏ မျက်လုံးများမှာ ထူးဆန်းလှသည်။ ၎င်းတို့သည် အသက်ဝင်နေသကဲ့သို့ ရှိသော်လည်း အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့ကို သာမန် ဆေးရောင်ခြယ်နည်းဖြင့် ရေးဆွဲထားခြင်း ဖြစ်သော်လည်း စုန်ယန်ကို စိုက်ကြည့်နေသကဲ့သို့ ခံစားရစေသည်။

လေထုမှာ ခဏမျှ တိတ်ဆိတ်သွားသည်။ စုန်ယန်သည် လဲကျနေသော ခေါင်းနှစ်လုံးပါ ဝံပုလွေ၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံနေမိသည်။ ရုတ်တရက် သူသည် လက်ကို အမြန်မြှောက်လိုက်ပြီး သူ၏ ဒုတိယမြောက် ပြောင်းလဲထားသော မှော်အတတ်ဖြစ်သည့် သည်းထန်စွာရွာသော မိစ္ဆာမိုးကို အသုံးပြုလိုက်သည်။

ဒိုင်း..

ဒိုင်း….

ဒိုင်း ဒိုင်း….

ဦးခေါင်းကို တည့်တည့်ထိမှန်သော လေးချက်အပြီးတွင် အရိပ်ရုပ်သေးလေးရုပ်လုံး၏ ဦးခေါင်းများ ပျောက်ကွယ်သွားပြီး သူတို့၏ မျက်လုံးထဲမှ အသက်ဓာတ်များလည်း သဘာဝအတိုင်း ပျောက်ကွယ်သွားတော့သည်။

စုန်ယန်သည် အရိပ်ရုပ်သေးများ တစ်စစီ ပေါက်ကွဲထွက်သွားသည်အထိ ဆက်တိုက် တိုက်ခိုက်ပြီးနောက်မှသာ သက်ပြင်းအရှည်ကြီးကို ချလိုက်နိုင်တော့သည်။ တော်သေးတာပေါ့... တကယ့်ကို သီသီလေးပဲဟု သူ စိတ်ထဲမှ ရေရွတ်နေမိသည်။

အကယ်၍ သူသာ အလောင်းများကို မလုယူခဲ့လျှင် ဤအရိပ်ရုပ်သေးလေးရုပ်တွင် တစ်စုံတစ်ရာကို သိမြင်နိုင်သော အာရုံစံနစ်ရှိနေသည်ကို သတိပြုမိမည် မဟုတ်ပေ။ အကယ်၍ သူသာ အလောင်းများကို လုယူပြီးသည်နှင့် လှည့်ထွက်သွားခဲ့လျှင် နောက်မှ ရောက်လာသူတစ်ဦးက ထိုရုပ်သေးလေးရုပ်ကို အသုံးပြု၍ ဤနေရာတွင် ဘာဖြစ်ခဲ့သည်ကို ပြန်လည် ဖော်ထုတ်သွားနိုင်ရာ သူသည် သေတွင်းထဲသို့ သက်ဆင်းရမည်မှာ သေချာလှသည်။

'တကယ်ပဲ... သတင်းအချက်အလက်က အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဆုံးဖြတ်ပေးတာပဲ'

ထို့နောက်တွင်မူ စုန်ယန်သည် ထိုပစ္စည်းများကို အထုပ်တစ်ထုပ်တည်းဖြစ်အောင် အမြန်ထုပ်ကာ ကျောက်တုံးအချို့ကို ထည့်ပြီး အနီးနားရှိ မြစ်ထဲသို့ ပစ်ချလိုက်သည်။ သူ ပြန်လှည့်ကြည့်လိုက်သောအခါ မိစ္ဆာသားရဲများသည် ကျင့်ကြံသူလေးဦး၏ အလောင်းများထံသို့ ရောက်ရှိနေပြီဖြစ်ကာ စတင်စားသောက်နေကြပြီဖြစ်သည်။ စွေချွဲတောအုပ်ထဲတွင် အလောင်းများမှာ ကြာရှည်ကျန်ရစ်နေမည် မဟုတ်ပေ။

အလောင်းများထံမှ လုယူထားသော ပစ္စည်းများကိုမူ စုန်ယန်သည် ကိုယ်နှင့်မကွာ သယ်ဆောင်သွားရန် မစွန့်စားဝံ့ပေ။ ဂလောက်ဂလောက်မြည်နေသော ကျောက်စိမ်းအိတ်ကို ဘယ်မှာသွားဝှက်ထားရမလဲ။

အကယ်၍ စစ်ဆေးမေးမြန်းခံရလျှင် ဘယ်လို ရှင်းပြရမလဲ။

ထို့ကြောင့် ဤပစ္စည်းများမှာ အမှန်တကယ် တန်ဖိုးရှိသည်ကို သိရှိလာမည့် တစ်နေ့ကျမှသာ မြစ်ထဲမှ ပြန်လည်ဆယ်ယူရန် သူ ဆုံးဖြတ်လိုက်သည်။ ယနေ့ ရရှိခဲ့သော အမြတ်မှာပင် လုံလောက်နေပြီဖြစ်ရာ အသေးအဖွဲကိစ္စများအတွက် ပြဿနာအပို မရှာချင်တော့ပေ။

အပြာရောင်တောင်တန်းကြီးမှာ နှင်းများဖြင့် ဖုံးလွှမ်းနေသော်လည်း ကောင်းကင်မှ ဖွေးဖွေးလှုပ်နေသော နှင်းပွင့်များမှာ ဆက်လက် ကျဆင်းနေဆဲပင်။ စုန်ယန်၏ ထူးကဲချီဝတ်ရုံမှာ မကြာမီမှာပင် ဖြူဖွေးသွားခဲ့ပြီး သူ နန်ကျူတောင်ထိပ်သို့ ပြန်ရောက်ချိန်တွင် တစ်ကိုယ်လုံး နှင်းများဖြင့် ဖုံးလွှမ်းနေတော့သည်။

သူသည် ပြင်းပြင်းထန်ထန် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း ခေတ္တစုပ်ယူထားသော အခြားသူ၏ ထူးကဲချီများကို အကုန်အစင် ထုတ်ပစ်လိုက်ပြီးမှ ရှေ့သို့ လှမ်းတက်ခဲ့သည်။

တာဝန်ကျနေသော နန်ကျူတောင်ထိပ် တပည့်များသည် စုန်ယန် အပြင်ထွက်လေ့ရှိသည်ကို သိထားကြသဖြင့် လက်ဝှေ့ယမ်း နှုတ်ဆက်ကာ "ဂျူနီယာမောင်လေး... သားရေပန်းချီအတတ်ကရော ဘယ်လိုလဲ" ဟု ပြုံးလျက် မေးမြန်းကြသည်။

စုန်ယန်က "အဆင်ပြေပါတယ်..." ဟုသာ ဖြေလိုက်သည်။

သူ လွန်သွားပြီးနောက် တာဝန်ကျတပည့်က သူ့သူငယ်ချင်းဘက်သို့ လှည့်ကာ "ဒီကောင်လေးကတော့ စကားက အတော်မာတာပဲ။ ဘာအဆင်ပြေမှာလဲ စိတ်ကူးယဉ်နေတာပါ။ သားရေပညာရှင် ဖြစ်ရတာ အဲဒီလောက် လွယ်တယ်များ ထင်နေလားမသိဘူး" ဟု ရယ်မောကာ ပြောလိုက်သည်။

အခြားတပည့်တစ်ဦးကမူ ထိုအကြောင်းအရာကို စိတ်မဝင်စားသည့်အလား သမ်းဝေရင်း "ငါတို့ ခဏနေရင် ဈေးတန်းလေးဘက် သွားကြမလား ဝေမင်းဆက် တော်ဝင်မျိုးနွယ်ဝင် လူသားဖိုတွေလောက် အဆင့်မမီပေမဲ့ လောကီသားတွေနဲ့ စကားစမြည်ပြောရင်း ချောချောလှလှ မိန်းကလေးတစ်ယောက်ယောက်ကို သဘောကျမိရင် ကျမိမှာလေ"

"လှရင် ပြီးတာပါပဲ ငါကတော့ လူသားဖိုနဲ့ ကျင့်ကြံဖို့အထိ မျှော်လင့်မထားပါဘူး..."

နန်ကျူတောင်ထိပ် တပည့်များ၏ တာဝန်များမှာ ပြင်ပမှ ပစ္စည်းဝယ်ယူခြင်း၊ မိစ္ဆာသားရဲ အရိပ်ရုပ်သေးများ ပြုလုပ်ခြင်းနှင့် သားရေနယ်ရုံကို ကြီးကြပ်ခြင်းစသည့် အထွေထွေ အလုပ်များဖြစ်သည်။ ကင်းစောင့်ခြင်းမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် နန်ကျူတောင်ထိပ်၏ ပင်မတောင်ထိပ်တွင် ကင်းစောင့်ရခြင်းမှာ အစေခံများ၏ အလုပ်မဟုတ်ပေ။ ဤနေရာတွင် ရှိနေသူများမှာ တရားဝင်တပည့်များဖြစ်ကြပြီး ကျင့်ကြံခြင်းတွင် ရှေ့ဆက်တိုးရန် မျှော်လင့်ချက်မရှိတော့ဘူးဟု ခံစားရသူများဖြစ်သည်။ ဤနေရာတွင် ကင်းစောင့်ခြင်းမှာ အကျိုးပြုမှတ် ပိုရပြီး တည်ငြိမ်သဖြင့် အသက်ကြီးသည်အထိ အေးအေးဆေးဆေး နေထိုင်လိုသူများ ဖြစ်ကြသည်။

စုန်ယန်သည် လိုဏ်ဂူကျောင်းဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် ထူးကဲချီဝတ်ရုံကို ချွတ်

လိုက်သည်။ မိန်းကလေးချိုးက သူ့အား နွေးထွေးစေရန် အဖိုးတန်စောင်တစ်ထည်ကို အမြန်

ယူဆောင်လာပေးပြီး ဝတ်ရုံပေါ်မှ နှင်းများကို ခါထုတ်ကာ အလင်းပေါက်အောက်တွင် လှန်းထားပေးလိုက်တော့သည်။

ကျောက်တံခါးအပြင်ဘက် အလင်းပေါက်မှတစ်ဆင့် ကြည့်လျှင် နှင်းများမှာ သည်းထန်စွာ ကျဆင်းနေပြီး အလွန်အမင်း အေးစက်လှသည်။

သို့သော် လိုဏ်ဂူကျောင်းဆောင်၏ ခန်းမဆောင်အတွင်း၌မူ မီးဖိုမှ မီးလျှံများမှာ ဝုန်းဝုန်းတောက်လောင်နေပြီး သင်းပျံ့သော ထင်းရှူးနံ့များ ထွက်ပေါ်နေသည်။ ၎င်းတို့မှာ အစေခံအချို့ လာရောက်ပို့ဆောင်ထားသော တောင်ပေါ်မှ ဝိညာဉ်သစ်သားများဖြစ်ကြပြီး မီးရှို့လိုက်လျှင် ခန္ဓာကိုယ်ကို နွေးထွေးစေသည့်အပြင် စိတ်နှလုံးကိုလည်း ကြည်လင်သန့်စင်စေသည်။

"ရွှယ်ရုံ"

စုန်ယန်သည် ကြင်ယာတော်မင်းသမီးကို မတွေ့ရသဖြင့် လှမ်းခေါ်လိုက်သည်။

အခြားတစ်ဖက်မှ ကုလားကာကို အသာမကာ ကြင်ယာတော်မင်းသမီး လျင်မြန်စွာ ထွက်လာခဲ့သည်။ သူမ၏ လှပသော မျက်နှာထက်တွင် အံ့ဩစရာကောင်းလောက်အောင်ပင် ဒေါသ သို့မဟုတ် နာကျည်းမှု အရိပ်အယောင်များ လုံးဝမရှိတော့ဘဲ ကြည်နူးမှုအချို့သာ ကျန်ရစ်နေတော့သည်။

"စုန်ယန်... စုန်ယန် ကျွန်မ တောင်ပေါ်ငရုတ်သီးလေးတွေ တွေ့တယ်။ ကျောက်စိမ်းကွဲကြားထဲမှာ ပေါက်နေတာ။ ဆောင်းတွင်းမှာ ပေါက်တဲ့ ငရုတ်သီးတွေ အဲဒါတင်မကဘူး ဒီလို နတ်ဘုံနတ်နန်းလို နေရာမျိုးမှာ ပေါက်တာဆိုတော့ တကယ်ကို ရှားပါးတာပဲ"

စုန်ယန်လည်း စိတ်ဝင်စားသွားသဖြင့် သွားရောက်ကြည့်ရှုရာ ကြင်ယာတော်မင်းသမီးရှိသော ကျောက်နံရံအက်ကြောင်းကြားတွင် ငရုတ်သီးနှင့်တူသော အပင်အချို့ အမှန်တကယ် ပေါက်နေသည်ကို တွေ့ရသည်။ ၎င်းတို့မှာ ဘာပင်များဖြစ်သည်ကိုမူ သေချာမသိရပေ။

သို့သော် သူက သတိပေးလိုက်သည်။

"ဒါတွေက ဘယ်တုန်းက ပေါ်လာတာလဲ"

"ဒီနေ့ပဲ ပေါ်လာတာပါ"

"ဒါဆိုရင် ဒီညတော့ မင်းနဲ့ လျန်ယွဲ့ ငါ့အခန်းထဲမှာပဲ လာအိပ်ကြ။ အဆိပ်အတောက် ရှိမရှိ ငါ မနက်ဖြန်ကျမှ စစ်ဆေးကြည့်မယ်။ အဲဒီကျမှ မင်းတို့အခန်းကို ပြန်ကြတာပေါ့"

"ဟုတ်ကဲ့ပါ စုန်ယန်။ ဒါပေမဲ့... ဒါတွေက ငရုတ်သီးတွေဆိုတာ ကျွန်မ သေချာပါတယ်"

"ဘာလို့ အဲဒီလောက်တောင် သေချာနေရတာလဲ"

"ကျွန်မက ရှူးနိုင်ငံမှာ ကြီးပြင်းလာတာလေ။ အဲဒီမှာက အစပ်စားတာ အရမ်းဝါသနာပါကြတာ။ ဒါကြောင့် ငရုတ်သီးရဲ့ ပုံသဏ္ဌာန်နဲ့ အရသာကို ကျွန်မ အရမ်းရင်းနှီးပါတယ်။ ပြီးတော့ ကျွန်မရဲ့ အဖိုးက ဘယ်ကရမှန်းမသိတဲ့ ဝိညာဉ်ပန်းပြက္ခဒိန်တစ်ခုကိုလည်း ဖတ်ဖူးခဲ့တယ်။ အဲဒီထဲမှာ ပါတာကတော့ ဒီလို ဆောင်းတွင်းအလယ်မှာ ကျောက်တုံးတွေကို ဖောက်ထွက်ပေါက်လာတဲ့ တောင်ပေါ်ငရုတ်သီးတွေဟာ မီးလျှံအသက်ရှူငရုတ်သီးလို့ခေါ်တဲ့ အရသာရှိတဲ့ အရာတွေပဲတဲ့။ သူတို့ရဲ့ အစပ်က သာမန်ငရုတ်သီးတွေနဲ့ တူပေမဲ့ စားလိုက်ရင် ခန္ဓာကိုယ်ကို နွေးထွေးစေတယ်။ အဲဒီငရုတ်သီး တစ်တောင့်စားထားရင် နှင်းထဲမှာ ကိုယ်လုံးတီး အိပ်ရင်တောင် အေးခဲမသေဘူးလို့ ဆိုကြတယ်"

ချောင်ရွှယ်ရုံမှာ စိတ်လှုပ်ရှားစွာဖြင့် စကားများကို တစ်ဆက်တည်း ပြောလိုက်ပြီးမှ အသာအယာ ဆက်ပြောရှာသည်။

"ကျွန်မ... ကျွန်မက ဒီလို တောင်ပေါ်လိုဏ်ဂူထဲမှာ နေနေရတာဆိုတော့ အစာရှောင်ဆေးလုံးတွေကြောင့် ဗိုက်မဆာဘူးဆိုပေမဲ့ လူ့လောကက စားကောင်းသောက်ဖွယ်တွေကိုတော့ တမ်းတမိနေတုန်းပဲ... ဒါကြောင့်မို့လို့ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားတာပါ။ ကျွန်မကို အပြစ်မမြင်ပါနဲ့ဦး အရှင်"

"အင်း... ငါ အပြစ်မမြင်ပါဘူး"

စုန်ယန်က ခေါင်းညိတ်ပြလိုက်သည်။ သူ နားလည်သည်။

ထိုညတွင်...

သူသည် မိန်းကလေးချိုး၊ ကြင်ယာတော်မင်းသမီးတို့နှင့်အတူ ခုတင်တစ်ခုတည်းတွင် အိပ်စက်ခဲ့သည်။ အနှစ်သာရများ စုဆောင်းခြင်းဟူသော အရေးကိစ္စများ ပြီးဆုံးသွားပြီးနောက်...

အမျိုးသမီးနှစ်ဦးမှာ အားအင်ကုန်ခမ်းလျက် သူ၏ ရင်ခွင်ထဲတွင် တစ်ဖက်တစ်ချက်စီ မှီတွယ်ရင်း အိပ်ပျော်သွားကြတော့သည်။

အနှစ်သာရများ မစုဆောင်းမီက ဘာမှမထူးခြားသော်လည်း စုဆောင်းပြီးနောက်တွင်မူ ကြင်ယာတော်မင်းသမီးထံမှ ရရှိသော ထူးကဲချီမှာ သာမန်ထက် များစွာပိုမိုကြောင်း စုန်ယန် သိသိသာသာ ခံစားလိုက်ရသည်။

လူသားဖိုတစ်ဦး၏ အရည်အသွေးဆိုသည်မှာ အလကားပြောနေခြင်းမဟုတ်ဘဲ မြေခွေးမျိုးနွယ်စု၏ သွေးမျိုးနွယ် အလွန်ပါးလျလျပါရှိသော ဝေမင်းဆက် တော်ဝင်မျိုးနွယ်ဝင် အမျိုးသမီးများသည် သာမန်အမျိုးသမီးများထက် အမှန်တကယ်ပင် သာလွန်လှသည်။

စုန်ယန်သည် သက်ပြင်းအသာချလိုက်မိသည်။ အနှစ်သာရ စုဆောင်းခြင်းမှာ သူ၏ မူလရည်ရွယ်ချက် မဟုတ်သလို ဤနည်းလမ်းဖြင့် ကျင့်ကြံရန်လည်း သူ မလိုအပ်ပေ။ သူ၏ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကြင်ယာတော်မင်းသမီးကို ကြည့်ရင်း သူ၏အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

အားနည်းသူတစ်ယောက်အနေဖြင့် စည်းမျဉ်းများကို ဘယ်လို ကျော်လွန်နိုင်မလဲ။

သူ့တွင် ရွေးချယ်စရာမရှိသလို ကြင်ယာတော်မင်းသမီးတွင်လည်း ရွေးချယ်စရာ မရှိခဲ့ပေ။ ဝေဝေဝါးဝါးနှင့်ပင် လက်ရှိအခိုက်အတန့်ကို ပျော်ရွှင်အောင်နေထိုင်ခြင်းမှာ အသက်ရှင်သန်နိုင်ရန်အတွက်သာ ဖြစ်သည်။

အမျိုးသမီးနှစ်ဦးလုံး အိပ်ပျော်သွားသည်ကို သေချာသောအခါ စုန်ယန်သည် သူ၏ စနစ်ကို စစ်ဆေးလိုက်သည်။

[အမည်: စုန်ယန်]

[အသက်သက်တမ်း: ၂၁ / ၁၆၅၂၄]

[မှော်အတတ်များ: သားရေပန်းချီအတတ် (အခြေခံအဆင့် မရောက်သေး)၊ ငါးပါးဓာတ်လက်

ငယ် (အခြေခံအဆင့် မရောက်သေး)၊ ချီပေါက်ကွဲခြင်းအတတ် (အခြေခံအဆင့် မရောက်သေး [ကန့်သတ်ချက်: ထူးကဲချီသန့်စင်ခြင်း တတိယအဆင့်]

သူသည် ခဏမျှ စဉ်းစားပြီးနောက် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ သူသည် သားရေပန်းချီအတတ်ကို တစ်ထိုင်တည်းနှင့် အဆုံးစွန်ထိ မြှင့်တင်ရန် ရည်ရွယ်ချက်မရှိပေ။ ယင်းအစား နေ့စဉ် အသက်သက်တမ်း တစ်လစာစီ အသုံးပြု၍ တဖြည်းဖြည်းချင်း မြှင့်တင်ရန် သူ စီစဉ်လိုက်သည်။

ဤနည်းဖြင့်... သူ ပြသနိုင်သော သားရေပညာရှင်ပါရမီမှာ သာမန်လူထက် အဆ ၃၀ ခန့်သာ သာလွန်နေမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် တစ်မဟုတ်ချင်း တိုးတက်လွန်း၍ အခြားသူများက သူ့ကို ခွဲစိတ်စစ်ဆေးချင်ခြင်း သို့မဟုတ် ဝိညာဉ်ရှာဖွေခြင်းအတတ်ဖြင့် စစ်ဆေးမေးမြန်းခြင်းတို့ကို ရှောင်လွှဲနိုင်မည်ဖြစ်ပြီး သာမန်လူတစ်ယောက်ထက်တော့ ပို၍ ထူးချွန်နေမည်ဖြစ်သည်။

အကယ်၍ အဆ ၃၀ ပါရမီက မလုံလောက်လျှင်လည်း အဆ ၄၀၊ ၅၀ အထိ တိုးမြှင့်ရန် သူ အဆင်သင့်ရှိနေသည်။

သူ၏ လျှို့ဝှက်ချက်များဖြစ်သော ချီမြှားအတတ်နှင့် အသက်ရှူသံဖုံးကွယ်ခြင်းအတတ်တို့ကိုမူ သူသည် တစ်ခါတည်းနှင့် အဆုံးစွန်ထိ မြှင့်တင်ထားသော်လည်း အခြားသူများရှေ့တွင် ပြသရမည့် စွမ်းအားများကိုမူ သူသည် ဤကဲ့သို့ ပါးနပ်စွာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ပါရမီကို မည်သို့ အသုံးချရမည်ကို သိခြင်းမှာလည်း အတတ်ပညာတစ်ခုပင်။

'မနက်ဖြန်ကျရင်... စွေချွဲတောအုပ်နားမှာ တပည့်တွေ ပျောက်ဆုံးသွားတဲ့ကိစ္စကို ဂိုဏ်းက ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမယ်'

'ပြီးတော့ တောင်အောက်ဈေးကိုသွားပြီး တခြားကျင့်စဉ်တွေ ဝယ်ဖို့ အခွင့်အရေး ရှာရမယ်။ အထူးသဖြင့် ဝိညာဉ်ရှာဖွေခြင်းအတတ်ပေါ့။ အဲဒီအတတ်သာ ငါ့မှာရှိရင် ဒီနေ့ အဲဒီလူတွေဆီကနေ အဖိုးတန်သတင်းအချက်အလက်တွေ အများကြီး ရနိုင်မှာ'

စုန်ယန်သည် အနာဂတ်အတွက် တွက်ချက်ရင်း တဖြည်းဖြည်းနှင့် ပင်ပန်းနွမ်းနယ်လာခဲ့သည်။ သူသည် အမျိုးသမီးနှစ်ဦး၏ ခေါင်းအောက်မှ သူ၏လက်မောင်းကို ဖြည်းညင်းစွာ ဆွဲထုတ်

လိုက်ပြီး တစ်ဦးကို အသာအယာ ဖက်လျက် အိပ်မက်ကမ္ဘာထဲသို့ ဝင်စားသွားတော့သည်။

အခန်း။ ၂၄

နောက်တစ်နေ့ နံနက်စောစော။

စုန်ယန်သည် စီနီယာအစ်ကို ကျန်းရင်ကို ရှာဖွေပြီး လိုဏ်ဂူကျောက်အက်ကြောင်းတွင် ပေါက်နေသော ငရုတ်သီးနီနှင့်တူသောအပင်ကို ပြသရာ ကျန်းရင်က "ဒါက တကယ်ပဲ မီးလျှံအသက်ရှူငရုတ်သီးပဲ" ဟု အတည်ပြုပေးခဲ့သည်။

စုန်ယန် စိတ်ဝင်စားသည်ကို မြင်သောအခါ စီနီယာအစ်ကို ကျန်းက ဝိညာဉ်မြေဆီလွှာများ ထည့်ထားသည့် နာရီဝက်ခန့် အကျယ်အဝန်းရှိသော ကျောက်သားပန်းအိုးခုံတစ်ခုကိုပင် လက်ဆောင်ပေးခဲ့သည်။

စုန်ယန်သည် ထိုပန်းအိုးခုံကို ကြင်ယာတော်မင်းသမီးအား တိုက်ရိုက်ပေးလိုက်ပြီး သူမ စိတ်ကြိုက် စိုက်ပျိုးကစားရန် ခွင့်ပြုလိုက်သည်။

သူ အပြင်သို့ လျှောက်သွားကြည့်သောအခါ တပည့်နှစ်ဦး ပျောက်ဆုံးမှုသတင်းမှာ ပျံ့နှံ့ခြင်း မရှိသေးဘဲ ဆူညံပွက်လောရိုက်မှုမျိုးလည်း မတွေ့ရပေ။ စုန်ယန်သည် ထုံးစံအတိုင်း စွေချွဲတောအုပ်ဆီသို့ သွားခဲ့သည်။ သို့သော် ယနေ့တွင်မူ သူသည် စကားအတိုင်း အလုပ်လုပ်ပြသည့်အနေဖြင့် တောနက်ထဲသို့ မဝင်တော့ဘဲ တောအုပ်အစွန်အဖျားတွင်သာ ရပ်ကြည့်နေခဲ့သည်။

ဤသို့ဖြင့် သုံးရက်ဆက်တိုက် ကုန်လွန်သွားခဲ့သည်။ စတုတ္ထမြောက်နေ့တွင် စွေချွဲတောအုပ်သို့ သွားရန် ပြင်နေစဉ် ကျန်းရင်က သူ့ကို ရုတ်တရက် လှမ်းတားလိုက်သည်။

"လောလောဆယ် အပြင်မသွားနဲ့ဦး"

"ဘာဖြစ်လို့လဲ စီနီယာအစ်ကို"

"ဝေမင်းဆက် တော်ဝင်မျိုးနွယ်က ကျောထောက်နောက်ခံပေးထားတဲ့ လေလွင့်ကျင့်ကြံသူတွေနဲ့ နန်းဝူဓားဂိုဏ်းက တပည့်တချို့ ငါတို့ရုပ်သေးဂိုဏ်းရဲ့ အပြင်ဘက်ဒေသတွေကို တိတ်တဆိတ် ခိုးဝင်လာကြတယ်။ ကင်းလှည့်နေတဲ့ တရားဝင်တပည့် အတော်များများ ပျောက်ဆုံးကုန်ပြီ။ တချို့ အလောင်းတွေကို ပြန်တွေ့ပေမဲ့ တချို့ကတော့... လုံးဝကို ပျောက်

ခြင်းမလှ ပျောက်သွားကြတယ်"

ကျန်းရင်က လေးနက်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

စုန်ယန်က သင့်တော်သော ထိတ်လန့်တုန်လှုပ်ဟန် ပြသလိုက်ပြီး "ဒါ... ဒါက ဘယ်တုန်းကတည်းကလဲ" ဟု မေးမြန်းသည်။

ကျန်းရင်က လှောင်ပြုံးပြုံးရင်း "ဒီရက်ပိုင်းအတွင်းမှာပဲ။ စွေချွဲတောအုပ်မှာတောင် ကင်းလှည့်တပည့်တွေ ပျောက်နေတာ။ မင်းကတော့ ကံကောင်းလို့။ ဒါပေမဲ့ ကံဆိုတာ အမြဲမရှိနိုင်ဘူး။ ဒါကြောင့် လောလောဆယ် မသွားတာ အကောင်းဆုံးပဲ"

စုန်ယန်က လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသတကြီးဖြင့် "နန်းဝူဓားဂိုဏ်းက လူတွေ တကယ်ကို ဗိုလ်ကျလွန်းတာပဲ" ဟု အော်ဟစ်လိုက်သည်။

"ဟုတ်တယ်"

ကျန်းရင်က ဆက်ပြောသည်။

"ငါတို့က အစေခံအချို့ကို ဖမ်းဆီးတယ်။ လူသားဖိုအချို့ လုပ်တယ်။ ပြီးတော့ ငါတို့ဘက်ပါတဲ့ လောကီလူမိုက်ဂိုဏ်းတွေကို အကာအကွယ်ပေးရုံပဲရှိတာ။ ဒါကို သူတို့က ငါတို့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာကတော့ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ"

စုန်ယန် : ...

အင်းလေ...

ကျွန်အမြောက်အမြားကို ဖမ်းဆီးပြီး လူ့အသက်တွေကို ဂရုမစိုက်တာ လူ့လောကက ရုပ်ချောတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို အဓမ္မခေါ်ဆောင်ပြီး မိသားစုတွေကို ပျက်စီးစေတာ။ ကျန်းဟူထဲက မိစ္ဆာဂိုဏ်းတွေနဲ့ လူဆိုးတွေကို အကာအကွယ်ပေးပြီး မကောင်းမှုတွေ ထွန်းကားအောင် လုပ်ပေးနေတာ...

စီနီယာအစ်ကို... စီနီယာအစ်ကို... ခင်ဗျားကတော့ တကယ့်ကို အရှက်မရှိတဲ့သူပဲ။

သို့သော် ယခုအခါတွင် သူကိုယ်တိုင်လည်း မိစ္ဆာဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်ရာ အသက်ရှင်သန်နိုင်ရန်အတွက် သူ၏ လုပ်ရပ်များသည်လည်း မိစ္ဆာဆန်လာခဲ့သည်။ ၎င်းမှာ သူ၏ မူလဆန္ဒမဟုတ်ဘဲ မတတ်သာ၍ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သော်လည်း လောကကြီး၏ အဆုံးအဖြတ်မှာ စိတ်ရင်းထက် လုပ်ရပ်အပေါ်တွင်သာ မူတည်သည်။

ထိုအချက်ကို တွေးမိရင်း စုန်ယန်က ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကောင်းတာပါပဲ ဒီရက်ပိုင်းအတွင်း ကျွန်တော် သားရေပန်းချီအတတ်မှာ အသိအမြင်အချို့ ရထားတာဆိုတော့ တောင်ပေါ်မှာပဲနေပြီး သားရေနယ်တဲ့အလုပ်ကို လုပ်တော့မယ်။ အရင်အတိုင်းပဲ စီနီယာအစ်ကို့ရဲ့ ဝေစုကိုလည်း ကျွန်တော် ကူလုပ်ပေးမယ်။ ရလာတဲ့ အကျိုးပြုမှတ်တွေကိုတော့ စီနီယာအစ်ကို့ နာမည်နဲ့ပဲ ယူလိုက်ပါ"

ကျန်းရင်သည် ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး စုန်ယန်၏ ပုခုံးကို ရင်းနှီးစွာ ဖက်လိုက်ရင်း ပြုံးလျက် "ငါက မင်းလိုလူမျိုးကို တကယ်သဘောကျတာ မောင်လေးရာ။ စိတ်ချပါ စီနီယာအစ်ကို ရှိနေသရွေ့ မင်းကို ဘာမှ အရှုံးမခံစေရဘူး"

သားရေပန်းချီအတတ်မှာ အသိအမြင်ရတယ်ဆိုသော စကားကိုမူ ကျန်းရင်က မကြားချင်ယောင် ဆောင်လိုက်သည်။ သူ၏ အမြင်တွင် ဤဂျူနီယာမောင်လေးမှာ ကြိုးစားအားထုတ်မှုရှိပြီး ပါရမီအနည်းငယ်ရှိသည်ဆိုသော်လည်း သားရေပညာရှင်တစ်ဦး၏ နယ်ပယ်သို့ ရောက်ရန်မှာမူ အလှမ်းဝေးကွာလွန်းလှသည်ဟု ထင်မြင်နေသောကြောင့်ပင်။

တစ်လခန့် ကြာပြီးနောက်...

ကျန်းရင်သည် မိစ္ဆာသားရဲသားရေဖြင့် ပြုလုပ်ထားသော ခေါင်းနှစ်လုံးပါ ဝံပုလွေ အရိပ်

ရုပ်သေးကို လက်ထဲတွင် ကိုင်ထားရင်း ဆောင်းလယ်၏ နေရောင်အောက်တွင် အကြိမ်ကြိမ် အဖန်ဖန် အသေးစိတ် စစ်ဆေးနေမိသည်။

တောင်လေက တိုက်ခတ်နေသဖြင့် သူ၏ နားထင်မှ ဆံစများ လွင့်ပျံနေသော်လည်း သူ၏ မျက်လုံးများကမူ အရိပ်ရုပ်သေးပေါ်တွင်သာ ကပ်ပါသွားသည့်အလား မလှုပ်မယှက် ရှိနေသည်။ ရုတ်တရက် သူ၏ လည်ချောင်းမှာ လှုပ်ရှားသွားပြီး တံထွေးကို ခက်ခဲစွာ မျိုချလိုက်မိ၏။ သူ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေသည်။

မိစ္ဆာဂိုဏ်း၏ စံပြတပည့်တစ်ဦးဖြစ်သော စီနီယာအစ်ကို ကျန်းသည် ပုံမှန်အားဖြင့် တည်ငြိမ်သူဖြစ်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှာမူ သူ၏ တည်ငြိမ်မှုများ မကြာခဏ ပျက်ပြားနေခဲ့ရသည်။ သူသည် ဤဝံပုလွေရုပ်သေးကို ကြည့်ရင်း ယခင်က ပြုလုပ်ခဲ့ဖူးသော ရုပ်သေးများကို ပြန်လည်အမှတ်ရမိသည်။ လွန်ခဲ့သော ရက်ပေါင်း ၃၀ က ရုပ်သေးမှာ သာမန်

ဖြစ်ပြီး၊ ၁၅ ရက်ခန့်က ရုပ်သေးမှာ ကောင်းမွန်သည်ဆိုလျှင် ယခုလက်ရှိ တစ်ခုမှာမူ... ထူးကဲပြောင်မြောက်လှသည်။

စွေချွဲတောအုပ်မှ ပြန်လာကတည်းက ဂျူနီယာမောင်လေးစုန်၏ သားရေနယ်အတတ် တိုးတက်မှုနှုန်းမှာ မျက်မြင်ကိုယ်တွေ့သိသာလွန်းလှသည်။ ကျန်းရင်သည် အမြဲတမ်း ကျင့်ကြံခြင်းဆိုသည်မှာ အလွန်နှေးကွေးသောဖြစ်စဉ်ဖြစ်ပြီး အရာအားလုံးက သိမ်မွေ့စွာ တဖြည်းဖြည်းချင်း တိုးတက်ရမည်ဟု ယုံကြည်ထားသူဖြစ်သည်။ သို့သော်... သူ တစ်ခါတစ်ရံ ကြားဖူးခဲ့သည့် အကြောင်းအရာအချို့ ရှိနေသည်။

ကျင့်ကြံမှုအဆင့်မှာ ကြာရှည်လှသည်မှာ မှန်သည်။ အကြောင်းမှာ ၎င်းသည် ထူးကဲမြစ်ဖျား ပါရမီအပေါ်တွင် အဓိက မူတည်သောကြောင့်ပင်။ ထိုပါရမီကို တိုင်းတာရန် ခက်ခဲသော်လည်း စမ်းသပ်မှုအချို့ဖြင့် ခန့်မှန်းနိုင်သည်။ သို့သော်... မှော်အတတ်ကျင့်ကြံခြင်းကမူ လုံးဝ တခြားစီပင်။

နားလည်သဘောပေါက်မှုဆိုသည်မှာ မမြင်နိုင်၊ မထိတွေ့နိုင်သော အရာဖြစ်သည်။ ကျင့်ကြံသူအများစုတွင် နားလည်နိုင်စွမ်းမှာ ဆင်တူကြသော်လည်း အလွန်ရှားပါးသော လူနည်းစုမှာမူ ထူးကဲသော နားလည်နိုင်စွမ်း ရှိကြသည်။ ထိုသူတို့သည် မှော်အတတ်တစ်ခုကို နားလည်သဘောပေါက်သည့်အခါ သာမန်ကျင့်ကြံသူများနှင့် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

ဤသည်မှာ ထူးကဲမြစ်ဖျားပါရမီနှင့် အများကြီး မသက်ဆိုင်ပေ။ အချို့သူများသည် ကျင့်ကြံမှုပါရမီ မကောင်းဘဲ မှော်အတတ်အများစုတွင် သာမန်သာ ဖြစ်နေနိုင်သော်လည်း သတ်မှတ်ထားသော မှော်အတတ် အမျိုးအစားတစ်ခုတည်း တွင်မူ အံ့မခန်းနိုင်သော နားလည်နိုင်စွမ်းမျိုးကို ပြသတတ်ကြသည်။ အကယ်၍ သူတို့သာ အခွင့်အရေးနှင့် မဆုံခဲ့လျှင် ဤပါရမီကို တစ်ဘဝလုံး သိသွားကြမည် မဟုတ်ပေ။ သို့သော် မှန်ကန်သော အခွင့်အရေးနှင့် တွေ့ဆုံလိုက်သည်နှင့် သူတို့သည် တောက်ပသော အလင်းရောင်များအလား ပေါက်ကွဲထွက်လာကြလိမ့်မည်။

ကျန်းရင်သည် ထိုကဲ့သို့သော လူများအကြောင်းကို ကြားဖူးရုံသာ ရှိခဲ့သော်လည်း ယနေ့တွင်မူ ထိုသို့သောသူတစ်ဦးနှင့် အမှန်တကယ် ဆုံတွေ့ခဲ့ပြီဟု သူ ယုံကြည်သွားခဲ့သည်။

"ဒီရုပ်သေးက တကယ့်အသက်ဝင်နေတဲ့အတိုင်းပဲ သက်ရှိနဲ့ အတော်လေး တူလွန်းတယ်..."

"ညီလေးစုန်က သားရေပညာရှင်တစ်ယောက်ဖြစ်လာဖို့ တကယ့်ပါရမီပါတာပဲ"

"သူက စွေချွဲတောအုပ်မှာ သူ့ဘာသာသူ လေ့လာခဲ့တာတောင် ဒီလောက်ဆိုရင် တကယ်လို့ ဆရာကောင်းသမားကောင်းတွေသာ လမ်းညွှန်ပေးမယ်ဆိုရင်..."

ကျန်းရင်သည် ဆက်၍ပင် မတွေးရဲတော့ဘဲ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ထို့နောက် သူသည် တောင်ထိပ်ဆီသို့ အပြေးသွားကာ နန်ကျူတောင်ထိပ်သခင် ချန်တန်းချင်း၏ လိုဏ်ဂူကျောင်းဆောင်ဆီသို့ ဦးတည်လိုက်တော့သည်။ ပုံမှန်အားဖြင့် ဆရာဖြစ်သူမှာ ကျင့်ကြံနေလေ့ရှိသဖြင့် သူ မနှောင့်ယှက်ဝံ့ပေ။ သို့သော် ယနေ့တွင်မူ ဤကိစ္စမှာ အလွန်အရေးကြီးလှသဖြင့် ဆရာ့ကို အသိပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။

ဒေါက် ဒေါက် ဒေါက်...

သူသည် လက်ကိုမြှောက်ကာ ကျောက်တံခါးကို အသာအယာ ခေါက်လိုက်သည်။

သို့သော်... အတွင်းဘက်မှ ဘာတုံ့ပြန်မှုမျှ မရှိခဲ့ပေ။

ကျန်းရင် ထပ်မံခေါက်ကြည့်သည်။

ဘာမှထူးမခြားနားဆဲ။

ပုံစံကြည့်ရသည်မှာ... လိုဏ်ဂူအတွင်း ကျင့်ကြံနေရမည့် ဆရာဖြစ်သူမှာ ယနေ့ ထိုနေရာတွင် ရှိမနေသကဲ့သို့ပင်။

"ဆရာ ဘယ်သွားတာပါလိမ့်"

ကျန်းရင်၏ မျက်နှာတွင် သံသယအရိပ်အယောင် အနည်းငယ် ပေါ်လာသော်လည်း လှည့်ပြန်လာခဲ့တော့သည်။

နောက်တစ်နေ့တွင်မူ ကျန်းရင်သည် ချန်တန်းချင်းနှင့် နောက်ဆုံး၌ ဆုံတွေ့ခွင့်ရခဲ့သည်။

"မနေ့က ငါ့ကျောင်းဆောင်ထဲမှာ ကျင့်ကြံရင်း အာရုံစိုက်မိသွားလို့ မင်းခေါက်တာကို မကြားလိုက်တာနေမှာပါ"

ချန်တန်းချင်းက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်ရင်း "ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

"ဆရာ... ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး"

ကျန်းရင်သည် ခေါင်းနှစ်လုံးပါ ဝံပုလွေ အရိပ်ရုပ်သေးနှစ်ခုကို ထုတ်ယူကာ စိတ်လှုပ်ရှားစွာဖြင့် ကမ်းပေးလိုက်သည်။

ရုပ်သေးတစ်ခုမှာ မြင်နေကျ သာမန်ရုပ်သေးတစ်ခုဖြစ်ပြီး အခြားတစ်ခုမှာမူ အလွန်အသက်ဝင်လှသည်။

ချန်တန်းချင်းသည် ၎င်းတို့ကို ယူကြည့်လိုက်ပြီး အသက်ဝင်နေသော ရုပ်သေးကို မြှောက်လျက် "ဒါကို ဘယ်သူလုပ်တာလဲ" ဟု မေးသည်။

"စုန်ယန်ပါ... ဂျူနီယာညီလေး စုန်ယန်ပါ"

"ဒါဆို ဒါကရော"

ချန်တန်းချင်းက သာမန်ရုပ်သေးကို အသာမြှောက်ပြသည်။

"ဒါကလည်း ညီလေးစုန်ယန်ပဲ လုပ်တာပါ။ ဒါပေမဲ့ သူ လွန်ခဲ့တဲ့ တစ်လက လုပ်ခဲ့တာပါ"

ကျန်းရင်သည် အဖြစ်အပျက်အားလုံးကို ချက်ချင်းပင် ရှင်းပြလိုက်သည်။ သို့သော် သူ၏ လောဘဇောကြောင့် ဖြစ်ခဲ့သည့် အသေးစိတ် အချက်အလက်များကိုမူ ချန်လှပ်ထားခဲ့သည်။ ချန်တန်းချင်းသည် ထိုရုပ်သေးနှစ်ခုကို အဖန်ဖန်အထပ်ထပ် စစ်ဆေးပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"သူ ဒီလထဲမှာ လုပ်ထားတဲ့ ရုပ်သေးတွေ အကုန်လုံး မင်းဆီမှာ ရှိသေးလား"

ကျန်းရင်က "ရှိပါတယ်။ အခုတလော ဂိုဏ်းထဲမှာ အခြေအနေတွေ တင်းမာနေလို့ လာသိမ်းရမယ့် တပည့်တွေ နောက်ကျနေတာနဲ့ အဲဒီရုပ်သေးတွေ အကုန်လုံး သိုလှောင်ရုံထဲမှာပဲ ရှိနေပါသေးတယ်။ အပြင်ကို မပို့ရသေးပါဘူး" ဟု ပြန်ဖြေသည်။

"အကုန်ယူလာခဲ့"

ထိုသို့ပြောပြီးနောက် ချန်တန်းချင်းက "နေဦး... ငါကိုယ်တိုင် မင်းနဲ့အတူ လိုက်ကြည့်မယ်" ဟု ထပ်လောင်းပြောလိုက်သည်။

ခေတ္တမျှ ကြာပြီးနောက်...

ချန်တန်းချင်း၏ ရှေ့တွင် ခေါင်းနှစ်လုံးပါ ဝံပုလွေ အရိပ်ရုပ်သေးအစုံပေါင်း ၃၀ စီစီရီရီ ရှိနေသည်။

ချန်တန်းချင်းသည် တစ်ခုချင်းစီကို အသေးစိတ် စစ်ဆေးကြည့်ရာ အဆုံးသတ်တွင်မူ သူ၏ အမြဲတည်ငြိမ်နေသော အကြည့်များမှာ လုံးဝ ပြောင်းလဲသွားတော့သည်။

သူသည် စကားတစ်ခွန်းတည်းကိုသာ ရေရွတ်လိုက်မိသည်။

"ပါရမီရှင်ပဲ"

ကျန်းရင်က လက်ခုပ်တီးလျက် "ဒါဟာ တကယ့်ပါရမီရှင်ပဲ။ ကျွန်တော့်ဘဝမှာ ဒီလိုလူမျိုးနဲ့ ဆုံရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး" ဟု ရေရွတ်လိုက်သည်။

ချန်တန်းချင်းက မျက်မှောင်ကြုတ်ကာ ခေတ္တစဉ်းစားပြီးနောက် "စုန်ယန်ကို သွားပြောလိုက်ပါ။ သူ့ကိစ္စကို ဆွေးနွေးဖို့အတွက် ငါကိုယ်တိုင် ပင်မတောင်ထိပ်က အကြီးအကဲရှီဆီကို သွားရောက်တွေ့ဆုံမယ်လို့"

"ဟုတ်ကဲ့ပါ ဆရာ"

ညနေခင်းတွင် ကျန်းရင်သည် သားရေနယ်လိုဏ်ဂူသို့ ရောက်ရှိလာသည်။ သူသည် စုန်ယန်၏ အာရုံစိုက်ထားသော မျက်နှာပေး၊ ကျွမ်းကျင်လှသော ပန်းချီဆွဲပုံနှင့် သားရေနယ်နေပုံတို့ကို ဘေးမှနေ၍ စိတ်ရှည်လက်ရှည် စောင့်ကြည့်နေခဲ့သည်။ စုန်ယန် အလုပ်ပြီးသွားမှသာ ရှေ့သို့တက်ကာ ပုခုံးကို ပုတ်လိုက်သည်။

စုန်ယန်က အခြေအနေကို ရိပ်မိသဖြင့် ကျန်းရင်နှင့်အတူ လိုဏ်ဂူအပြင်ဘက်သို့ လိုက်ပါလာခဲ့သည်။

ကျန်းရင်က လေးနက်သောလေသံဖြင့် "ညီလေး... မင်းမှာ သားရေနယ်တဲ့အတတ်မှာ ထူးခြားတဲ့ ပါရမီရှိတာကို ငါတွေ့ရှိခဲ့တယ်။ ဒါကြောင့် မင်းရဲ့အနာဂတ်အတွက် ငါကိုယ်တိုင် ဆရာ့ကို တောင်းဆိုပြီး ပင်မတောင်ထိပ်က အကြီးအကဲရှီဆီကို သွားရောက်ခိုင်းထားတယ်"

စုန်ယန်က "ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို" ဟု ပြန်ဖြေသည်။

ကျန်းရင်က လက်ကာပြရင်း "ညီအစ်ကိုအချင်းချင်း ကျေးဇူးတင်နေစရာ မလိုပါဘူး။ ပြီးတော့... နောက်ဆို မင်းနယ်တဲ့ သားရေတွေအားလုံးရဲ့ အကျိုးပြုမှတ်တွေကို မင်းပဲယူတော့။ ငါ့ကို ပေးစရာမလိုတော့ဘူး..."

စုန်ယန်က တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ကျန်းရင်က တိုးတိုးလေး ဆက်ပြောသည်။

"ဒါမှမဟုတ် စီနီယာအစ်ကိုက အရင်ယူထားတာတွေကိုပါ ပြန်ပေးရမလား ခဏတော့ အချိန်ပေးဦးနော် ဟုတ်ပြီလား"

စုန်ယန် : ...

ဤမျှ အပြောင်းအလဲမြန်သော စီနီယာအစ်ကို၏ အပြုအမူကြောင့် သူ ဆွံ့အသွားရသည်။

နောက်တစ်နေ့ အရိပ်ရုပ်သေးတောင်ထိပ်၏ ပင်မတောင်ထိပ်…

ဆန်းကြယ်ပြီး မှောင်မိုက်သော ခန်းမကြီးတစ်ခုအတွင်း ကြီးမားထူးဆန်းသော အရိပ်တစ်ခုသည် အလင်းကို ကျောခိုင်းလျက် ထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် သေမင်းအရှိန်အဝါများ ဖုံးလွှမ်းနေပြီး မျက်နှာကို မမြင်ရပေ။

ချန်တန်းချင်းသည် ဘေးတံခါးမှတစ်ဆင့် ဝင်ရောက်လာကာ ရိုသေစွာဖြင့် သတင်းပို့လိုက်သည်။ ထိုသူက ပြန်လည် တုံ့ပြန်သည်။ ၎င်း၏အသံမှာ အလွန်ထူးဆန်းပြီး မျက်နှာနှစ်ခု ရောယှက်နေသကဲ့သို့ တတွတ်တွတ် မြည်နေ၏။

"သားရေပညာရှင်ဆိုတာ ရှားပါးတဲ့ ပါရမီပဲ။ ငါတို့အတွက်လည်း အဲဒီလိုလူမျိုး လိုအပ်တယ်။ ဒါပေမဲ့ ကျောက်စိမ်းကောင်းဆိုတာ သူ့အလိုလို တောက်ပလာမှာပဲ...

အဲဒီတော့ လာမယ့်လမှာ လင်လုံချိုင့်ဝှမ်းမှာ အကြီးအကဲရှီက မိစ္ဆာသားရဲတွေရဲ့ အသက်

ဓာတ်ကို လေ့လာဖို့ မိစ္ဆာသားရဲပြပွဲတစ်ခုကို ရက်ဝက်ကြာ ကျင်းပလိမ့်မယ်။ အဲဒီအချိန်ကျရင် သားရေပညာရှင်တွေနဲ့ ပါရမီရှိတဲ့သူတွေ အများကြီး လာကြလိမ့်မယ်...

မင်း သူ့ကို အဲဒီကိုသွားဖို့ အကြံပေးလိုက်။ လင်လုံချိုင့်ဝှမ်းမှာ လောကအမြင် ကျယ်အောင် လုပ်ခိုင်းပြီး သူ့ရဲ့ အရည်အချင်းက ဘယ်အဆင့်မှာ ရှိလဲဆိုတာကို စမ်းသပ်ကြည့်ရမယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့"

"ဟုတ်ကဲ့ပါ"

ချန်တန်းချင်းက ရိုသေစွာ တုံ့ပြန်သည်။

ထို့နောက် ထိုဆန်းကြယ်သော အရိပ်က ဆက်ပြောသည်။

"နန်းဝူဓားဂိုဏ်းက သူလျှိုကို ရှာဖို့ ငါပေးထားတဲ့ အလုပ်ကရော ဘယ်လိုလဲ"

ချန်တန်းချင်းက "အစီအစဉ်တွေ လုပ်ထားပြီးပါပြီ။ မကြာခင် သတင်းရမယ်လို့ ယုံကြည်ပါတယ်။"

ထိုအရိပ်က "မြန်မြန်လုပ်စမ်း။ ဝေမင်းသားက တောင်တန်းနဲ့ ပင်လယ် မိစ္ဆာနိုင်ငံဆီကို အောင်အောင်မြင်မြင် ထွက်ပြေးသွားနိုင်ပြီ။ သူ မကြာခင်မှာ နဂါးမြီးပါ မြေခွေးမိစ္ဆာထဲက သူ့ရဲ့ အကြီးအကဲနဲ့ တွေ့ရတော့မယ်... ငါတို့အတွက် အခွင့်အရေးက မကြာခင် ရောက်လာတော့မှာ"

စကားအဆုံးတွင် စက်ဆုပ်ဖွယ်ကောင်းသော ရယ်သံကြီး ထွက်ပေါ်လာသည်။ ချန်တန်းချင်းကလည်း ပါးစပ်ဖြဲကာ "ဟီးဟီး..." ဟု လိုက်လံရယ်မောလိုက်တော့သည်။

All Chapters