အခန်း (၃၀၇-၃၀၈)
Vol. 31 Ch. 307-308
အခန်း ၃၀၇ - အမြင်မှားအဆောင်
မင်းသမီးလေးက ခေါင်းငုံ့ထားပြီး
"မဟုတ်ပါဘူး ရပါတယ် ကျေးဇူးတင်ပါတယ်"
ဟု တိုးတိုးလေး ဆိုသည်။
"သူမ ကြောက်သွားတာ နေမှာပါ ဘာမှမဖြစ်တာပဲ တော်ပါပြီ"
ဟု မိစ္ဆာဘုရင်တစ်ပါးက ပြုံးလျက် ပြောလိုက်သည်။
ဘုရင်လု ကတော့ တစ်ခုခု မှားနေသည်ဟု ခံစားနေရသော်လည်း ဘာလဲဆိုတာ အတိအကျ မပြောနိုင်ပေ။ သူ မျက်မှောင်ကြုတ်ထားမိသည်။
ထိုစဉ် ကျိုးဝူကျိက ဝင်ပြောသည်။
"အားလုံးပဲ ကျွန်တော်တို့ရဲ့ အလုပ်ကတော့ ပြီးပါပြီ ကျွန်တော်တို့ ခွင့်ပြုပါဦးမယ်"
ထုချင်းချိုးက အသာအယာ ခေါင်းငြိမ့်ပြသည်။
"ကောင်းပါပြီ ကျင့်ကြံသူ ကျိုး"
ကျိုးဝူကျိသည် ထိုနေရာတွင် ကြာကြာမနေဘဲ သူ၏တပည့်များကို ခေါ်ကာ ချက်ချင်း ထွက်ခွာသွားတော့သည်။
မိစ္ဆာဘုရင်တစ်ပါးက မျက်မှောင်ကြုတ်ကာ
"အဲ့ဒီ ဓားကျင့်ကြံသူကို ဒီတိုင်း လွှတ်ပေးလိုက်မှာလား ထျန်းဖုန်း အလကား သေသွားတာမျိုးတော့ မဖြစ်သင့်ဘူး"
"ထျန်းဖုန်းက ဒီဘေးဒုက္ခနဲ့ တွေ့ဖို့ ကံပါလာလို့ပါပဲ"
ဟု သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။
အားလုံး၏ မျက်လုံးများ ဝင်းလက်သွားပြီး လှည့်ကြည့်လိုက်ရာ ပေ ၃၀ ခန့်အကွာတွင် လေထဲမှ ရုတ်တရက် ပေါ်လာသကဲ့သို့ ရပ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
နှိုင်းယှဉ်၍မရအောင် လှပသည်ဟု သတ်မှတ်ခံထားရသော ထုချင်းချိုးပင်လျှင် ထိုအမျိုးသမီးနှင့် ယှဉ်လျှင် အရောင်မှိန်သွားရသည်။
ထိုအမျိုးသမီးသည် ရိုးရှင်းသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့ တောက်ပနေသည်။
သူမ၏ အသားအရေမှာ အလွန်နုနယ်လွန်းသဖြင့် ထိလိုက်ရုံနှင့် ပျက်စီးသွားတော့မည့်အတိုင်းပင်။
မိစ္ဆာဘုရင်များ အားလုံး ရိုသေခန့်ညားသွားကြပြီး တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
"အရှင်မင်းကြီး"
ဘုရင်လု၏ မျက်လုံးများထဲတွင် အထင်ကြီး လေးစားမှုများ ရှိနေသော်လည်း သူမကို စိုက်မကြည့်ရဲပေ။
သူ၏ သာမန်မျက်စိဖြင့် ကြည့်ခြင်းမှာ နတ်ဘုရားမတစ်ပါးကို စော်ကားသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေပုံရသည်။
ထုချင်းချိုးက ပြုံးလိုက်သည်။
"မင်းသမီးလေးမှာ ဘာအန္တရာယ်မှ မရှိပါဘူး အစ်မ"
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အခြားသူမဟုတ် ချင်းဟူအင်ပါယာကို အုပ်ချုပ်ပြီး မိစ္ဆာအားလုံးကို အမိန့်ပေးနိုင်သော မြေခွေးဖြူဘုရင်မ ပင် ဖြစ်သည်။
ချင်းဟူအင်ပါယာ အုပ်ချုပ်သူက အသာအယာ ပြုံးလိုက်သည်။
"ဟုတ်တာပေါ့ သူမမှာ အန္တရာယ်မရှိဘူး ဒါပေမဲ့ သူမကို သေသေချာချာ တစ်ချက်လောက် ပြန်ကြည့်လိုက်ပါဦး"
ဟမ်
အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
သို့သော် သူတို့ ဇဝေဇဝါ ဖြစ်ချိန် သိပ်မရလိုက်ပေ။
မင်းသမီးလေးက အုပ်ချုပ်သူမင်းကြီးကို ကြည့်ကာ ပြုံးလိုက်ပြီး
"မင်းတို့ရဲ့ မင်းသမီးလေးက လောလောဆယ် ငါနဲ့ ခဏနေဦးမယ် အင်ပါယာ နယ်စပ်ကို ကျော်သွားမှ ငါတို့ ကောင်းကောင်းမွန်မွန် လဲလှယ်ကြတာပေါ့ အဲ့ဒီအချိန်ကျရင် နောက်ထပ် အမြင်မှားပညာတွေနဲ့ ငါ့ကို လာမလှည့်စားဖို့ မျှော်လင့်ပါတယ်"
ဟု ပြောလိုက်သည်ကို ကြားလိုက်ရသည်။
ထို့နောက် မင်းသမီးလေး၏ ပုံရိပ်မှာ ဝေဝါးသွားပြီး လေထဲတွင် လွင့်စင် ပျောက်ကွယ်သွားသော မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားတော့သည်။
ထုချင်းချိုး ဆွံ့အသွားသည်။
ဘုရင်လုနှင့် အခြားသူများလည်း မှင်တက်သွားကြသည်။
ဓားကျင့်ကြံသူက ထုချင်းချိုးကို အမြင်မှားပညာဖြင့် ပြန်လည် လှည့်စားသွားခြင်း ဖြစ်သည်
သူတို့နှင့် စကားထွက်ပြောခဲ့သည့် ပုံရိပ်မှာပင် အစစ်မဟုတ်ဘဲ အတု ဖြစ်နေနိုင်ကြောင်း သူတို့ တွေးမိသွားကြသည်။
သူတို့အားလုံး အမြင်မှားပညာအောက် ရောက်နေခဲ့ခြင်း ဖြစ်နိုင်သည်။
၎င်းမှာ သူတို့ရှေ့ ထွက်မလာခင်ကတည်းကလား၊ သို့မဟုတ် ထိုထက် စောသလားပင် မသိနိုင်တော့ပေ။
ထုချင်းချိုး၏ မျက်နှာမှာ အလွန်ဆိုးဝါးလာပြီး မျက်လုံးထဲတွင် ဒေါသရိပ်များ ပေါ်လာသည်။
သူမသည် ကျော်ကြားလှသော ချင်းဟူမျိုးနွယ် ဝင်တစ်ဦး ဖြစ်ပါလျက် သူမ အဂုဏ်ယူဆုံး ဖြစ်သည့် အမြင်မှားပညာဖြင့်ပင် ပြန်လည် ကစားခြင်း ခံလိုက်ရသည် မဟုတ်ပါလား
"သူက ဓားကျင့်ကြံသူ မဟုတ်ဘူးလား ဘာလို့ အမြင်မှားပညာကို တတ်နေရတာလဲ"
ဟု အခြေခံတည်ဆောက်ခြင်း အလယ်လတ် မိစ္ဆာဘုရင်က အံ့ဩတကြီး မေးလိုက်သည်။
"အမြင်မှားအဆောင် "
ဘုရင်လုက လေးနက်သော အသံဖြင့် ဆိုသည်။
"ထျန်းဖုန်းရဲ့ အမြင်မှားအဆောင်လား သူ့ရဲ့ အမွေအနှစ်က တကယ်ပဲ ဂူထဲမှာ ရှိနေတာကိုး"
"အမြင်မှားအဆောင်ပဲ ဆိုဦးတော့ ထျန်းဖုန်း သေတာ မကြာသေးဘူး အဲ့ဒီဓားသမားက အဆောင်ရဲ့ အနှစ်သာရကို ဒီလောက် မြန်မြန် ဘယ်လိုလုပ် နားလည်နိုင်မှာလဲ ထျန်းဖုန်းကိုယ်တိုင်တောင် အမြင်မှားအဆောင် တစ်ခုလုပ်ဖို့ တစ်နှစ်လုံး အချိန်ယူခဲ့ရတာ မဟုတ်လား"
အားလုံး နားမလည်နိုင် ဖြစ်နေကြသည်။
"လိုက်ကြ"
ဘုရင်လုက အေးစက်စွာ အော်ဟစ်ကာ လိုက်ရန် ပြင်လိုက်သည်။
သို့သော် အုပ်ချုပ်သူမင်းကြီးက လက်မြှောက်ကာ တားလိုက်သဖြင့် သူ ရပ်သွားရသည်။
ဘုရင်လု ဇဝေဇဝါ ဖြစ်သွားသည်။
"အရှင်မင်းကြီး"
"လိုက်နေဖို့ မလိုပါဘူး"
အုပ်ချုပ်သူမင်းကြီးက တည်ငြိမ်စွာ ဆိုသည်။
"ကလေးမလေး ဘာမှမဖြစ်ပါဘူး ဓားကျင့်ကြံသူတွေရဲ့ စကားက ယုံကြည်ထိုက်ပါတယ် သူ နယ်စပ်မှာ တွေ့မယ်လို့ ပြောခဲ့ရင် သူ တွေ့ပါလိမ့်မယ်"
ထုချင်းချိုးက အပြစ်ရှိသလို ခံစားချက်ဖြင့်
"အစ်မ ဒါ ကျွန်မအမှားပါ ကျွန်မသာ သတိမလွတ်ခဲ့ရင် သူ့ရဲ့ လှည့်စားမှုကို ခံရမှာ မဟုတ်ဘူး"
အုပ်ချုပ်သူမင်းကြီး၏ ရှေ့တွင်တော့ သူမသည် အေးစက်ခက်ထန်သော အမူအရာမျိုး မရှိတော့ပေ။
အုပ်ချုပ်သူမင်းကြီးက ပြုံးလိုက်သည်။
"မင်းအမှား မဟုတ်ပါဘူး ငါကိုယ်တိုင်တောင် အလှည့်စားခံလိုက်ရတာပဲ ကလေးမလေးရဲ့ အမူအရာက တစ်မျိုးဖြစ်နေတာကို သတိမထားမိရင် ငါလည်း ဒါကို ရိပ်မိမှာ မဟုတ်ဘူး"
အားလုံး မယုံနိုင်အောင် ဖြစ်သွားကြသည်။
ထုချင်းချိုးလည်း ထပ်တူပင်။
အုပ်ချုပ်သူမင်းကြီးပင်လျှင် အမြင်မှားအဆောင်၏ လှည့်စားမှုကို ခံလိုက်ရသည်ဆိုသည်မှာ မယုံနိုင်စရာပင်။
အမှန်တော့ အုပ်ချုပ်သူမင်းကြီးက သူမကို နှစ်သိမ့်ရန်အတွက် လိမ်ပြောနေခြင်း ဖြစ်သည်ဟု လက်ခံရန်က ပိုလွယ်နေသည်။
"အစ်မ ကျွန်မ သွေးအလောင်းကောင်ဂိုဏ်းက လူတွေကို ချက်ချင်း ပြန်ခေါ်ပြီး သူ့နောက်ကို ပြန်ခြေရာခံခိုင်းလိုက်ပါ့မယ်"
ဟု ထုချင်းချိုးက ဆိုသည်။
"မလိုပါဘူး ငါ့အထင်တော့ သူတို့ မဟာချန်း အင်ပါယာကို ဦးတည်နေတာ ဖြစ်လိမ့်မယ် နယ်စပ်ကို မြန်မြန်သွားပြီး ကလေးမလေးကို ပြန်ခေါ်ခဲ့လိုက်ပါ သူ ဝိညာဉ်ကျောက် ဘယ်လောက်ပဲ တောင်းတောင်း ပေးလိုက်ပါ သူ့ကို ရန်သူအဖြစ် မသတ်မှတ်ပါနဲ့"
ထုချင်းချိုး အံ့ဩသွားသည်။
"သူတောင်းသမျှ ပေးလိုက်ရမှာလား"
ဘုရင်လု၏ မျက်နှာရိပ်က ပြောင်းလဲသွားသည်။
သူက အုပ်ချုပ်သူမင်းကြီးကို အကဲခတ်ရင်း
"အရှင်မင်းကြီး သူ့ကို မိတ်ဆွေအဖြစ် လုပ်ဖို့ စဉ်းစားနေတာလား"
ဟု တိုးတိုးလေး မေးသည်။
"ငါ အဲ့ဒီဓားကျင့်ကြံသူနဲ့ ရန်မဖြစ်ချင်ရုံတင်ပါ သွားကြတော့"
"ဟုတ်ကဲ့ပါ"
သူတို့အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မဟာချန်းအင်ပါယာ ရှိရာဘက်သို့ ပျံသန်း ထွက်ခွာသွားကြတော့သည်။
အုပ်ချုပ်သူမင်းကြီးမှာမူ ထိုနေရာတွင် ခေတ္တမျှ ရပ်နေပြီး သူမ၏ မျက်လုံးများထဲတွင် အတိတ်ကို ပြန်လည်တမ်းတနေသော အရိပ်အယောင်များ ပေါ်လာသည်။
သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ဖြည်းဖြည်းချင်း ပွင့်လန်းလာသည်။
"အစ်ကိုကြီး မူ ကျွန်မ နောက်ထပ် ဓားကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ပြန်ပြီ သူက ကျွန်မကို အစ်ကိုကြီးဆီ ရောက်အောင် ကူညီပေးနိုင်မလား မသိဘူး"
ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းတစ်ခုအတွင်း။
ဖန့်ချန်သည် သူ၏ ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနေသည်။
မင်းသမီးလေးမှာ ဘေးတွင် အမူအရာကင်းမဲ့စွာဖြင့် လုံးဝ မလှုပ်မယှက် ရပ်နေသည်။
သူမ၏ အခြေအနေကို သိချင်သဖြင့် ကျန်းထျန်းအိုက်က သူမ၏ ခါးကို သတိထားကာ ပုတ်ကြည့်လိုက်သည်။
ကျန်းကျုံးက သူမကို အမြန်ဆွဲလိုက်သည်။
"သခင်မလေး"
"ဦးလေးကျုံး သူမက ဘာဖြစ်နေတာလဲ"
ကျန်းထျန်းအိုက်က သိချင်စိတ်ဖြင့် မေးသည်။
"ဘာလို့ မလှုပ်တာလဲ"
ကျန်းကျုံးက ဖန့်ချန်ကို မသိမသာ လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းခါပြသည်။
"ဦးလေးလည်း မသိဘူးကွယ်"
"ဂိုဏ်းချုပ်ဖန့် သူမက ချည်နှောင်ခြင်းအဆောင်နဲ့ အထိန်းခံထားရတာလား"
ကျန်းထျန်းအိုက်က သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
ဖန့်ချန် ပြုံးလိုက်သည်။
"ဒါက ချည်နှောင်ခြင်းအဆောင် မဟုတ်ဘူး အမြင်မှားအဆောင်ပဲ အာနိသင်က မပြယ်သေးလို့ပါနောက်ရက်အနည်းငယ်အတွင်း သူ ပြန်ကောင်းသွားပါလိမ့်မယ်"
ထိုစဉ် မင်းသမီးလေးက ရုတ်တရက် တဟားဟားနှင့် အရူးတစ်ယောက်လို ရယ်မောလာပြီး ပါးစပ်မှ သွားရည်များ စီးကျကာ အဝတ်အစားများပင် စိုရွှဲကုန်တော့သည်။
ရှကျီ မှာ ကြက်သီးပင် ထသွားသည်။
"ဒီအမြင်မှားအဆောင်က တကယ် အစွမ်းထက်တာပဲ ကြည့်ပါဦး သူရယ်နေတာ သူ အခု အရမ်းလှပတဲ့ အိပ်မက်တွေ မက်နေတာ ဖြစ်ရမယ်"
ဖန့်ချန် ရယ်မောလိုက်သည်။
"သူ့ရဲ့ အစ်ကိုကြီးကျွယ်နဲ့ အချိန်ဖြုန်းနေတာ ဖြစ်မှာပေါ့"
"ကျွယ်ဝူတီ လား"
ရှကျီ အကျယ်ကြီး ရယ်လိုက်သည်။
"အဲ့ဒီကောင်က မိန်းကလေးတွေကြားမှာ တော်တော် နာမည်ကြီးတာပဲ ဒီမင်းသမီးလေးတောင် သူ့ကို အသည်းစွဲ ဖြစ်နေတာကိုး"
သူက ဖန့်ချန်ဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"သူမ ဝိညာဉ်ကျောက်တုံးတွေ ပေးပြီးတဲ့နောက် ဖြစ်ပျက်ခဲ့သမျှက အမြင်မှားတွေချည်းပဲ မဟုတ်လား"
"ဟုတ်တယ်"
ဖန့်ချန် ခေါင်းငြိမ့်ပြသည်။
"သူမ ကျောက်တွေ ပေးပြီးတာနဲ့ ငါ မင်းတို့အားလုံးကို ခေါ်ပြီး ချက်ချင်း ထွက်လာခဲ့တာ အဲ့ဒီနောက်ပိုင်း မင်းတို့မြင်ခဲ့သမျှ အားလုံးက အမြင်မှားအဆောင်က ဖန်တီးထားတဲ့ အမြင်မှားတွေပဲ"
အကယ်၍ သူ၏ ဝိညာဉ်သာ လုံလောက်အောင် မသန်မာပါက သူသည် ထုချင်းချိုး၏ အမြင်မှားပညာအောက်တွင် ရှုံးနိမ့်သွားနိုင်ခြေ ရှိသည်။
ထုချင်းချိုးသည် ဝိညာဉ်ကျောက်တုံးများကို မထုတ်ပေးခင်ကတည်းက အမြင်မှားပညာကို စတင် အသုံးပြုနေကြောင်း သူ သတိထားမိခဲ့သည်။
ထို့ကြောင့် သူက အမြင်မှားအဆောင်ကို သုံးပြီး သူမကို ပြန်လည် တိုက်စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
အမြင်မှားအဆောင်မှာ ချည်နှောင်ခြင်းအဆောင် သို့မဟုတ် စစ်မှန်သောမီးတောက်အဆောင်တို့ထက် ပို၍ အသုံးဝင်လှပေသည်။
"ငါ့ဆရာ ပြောဖူးတာ မမှားဘူးပဲ ကျင့်ကြံခြင်းလောကရဲ့ ဘေးဒုက္ခတွေထဲမှာ အမြင်မှားဘေးဒုက္ခအကြောက်စရာအကောင်းဆုံးပဲတဲ့ အခုတော့ ငါ ကိုယ်တိုင် မြင်လိုက်ရပြီ"
ရှကျီ က အရူးလို ပြုံးနေဆဲ ဖြစ်သော မင်းသမီးလေးကို ကြည့်ကာ ရေရွတ်လိုက်မိသည်။
အကယ်၍ ကျင့်ကြံသူတစ်ဦးသာ အမြင်မှားမှုထဲတွင် နှစ်ပေါင်းတစ်ရာ သို့မဟုတ် တစ်ထောင်လောက် နစ်မြုပ်နေမည်ဆိုလျှင် မည်မျှ ထိတ်လန့်စရာ ကောင်းလိုက်မည်နည်း
အခန်း ၃၀၈ - စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
ရက်သတ္တပတ် နှစ်ပတ် ကြာပြီးနောက်
အဖွဲ့သည် နောက်ဆုံးတွင် အင်ပါယာ၏ နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။
ကျန်းကျုံးက သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။
မဟာချန်း အင်ပါယာသို့ ဘာပြဿနာမှမရှိဘဲ ရောက်ရှိလာနိုင်ခဲ့သဖြင့် သူ စိတ်သက်သာရာ ရသွားခြင်းဖြစ်သည်။
လမ်းတစ်လျှောက်တွင်လည်း သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူများကို မတွေ့ခဲ့ရသဖြင့် အခြေအနေမှာ အဆင်ပြေပုံရသည်။
"ကျန်းကျုံး မင်းဘယ်ကိုသွားဖို့ စီစဉ်ထားလဲ"
ဖန့်ချန်က ပြုံးလျက် မေးသည်။
"ငါ လိုက်ပို့ပေးဖို့ လိုမလား"
ကျန်းကျုံး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားပြီး နှုတ်ဆက်လိုက်သည်။
"အဆင်ပြေပါတယ် ဂိုဏ်းချုပ် သခင်မလေးနဲ့ ကျွန်တော်ပဲ ခရီးဆက်လိုက်ပါ့မယ်"
ဖန့်ချန် ခေါင်းငြိမ့်ပြကာ
"ကောင်းပါပြီ ဂရုစိုက်သွားကြဦး"
ဟု ဆိုသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဖန့်"
ဟု ကျန်းထျန်းအိုက်က ဆိုသည်။
ဖန့်ချန်က သူမ၏ခေါင်းကို အသာအယာ ပုတ်ရင်း ရယ်မောလိုက်သည်။
"မလိုပါဘူး မင်းက ငါ့ကို စကြာဝဠာမှန်ချပ် ပေးထားတာပဲ ငါတို့ အကြွေးကျေပါတယ်"
မကြာခင်မှာပင် ကျန်းကျုံးနှင့် ကျန်းထျန်းအိုက်တို့သည် သူတို့၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားကြတော့သည်။
ရှကျီသည် တွေးတောနေပုံရသော မင်းသမီးလေးကို တစ်ချက်ကြည့်ကာ ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။
"ဖန့်ချန် ငါတို့ကော ဘာလုပ်ကြမလဲ မြို့တော်ကို တန်းသွားကြမလား"
"မင်း ဒီမှာ ခဏစောင့်နေဦး ငါ သူမကို ဝိညာဉ်ကျောက်တွေနဲ့ သွားလဲလိုက်ဦးမယ်"
ဖန့်ချန်က ပြုံးလျက် ဆိုပြီး မင်းသမီးလေးကို ခေါ်ကာ ဓားအလင်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားသည်။
နယ်စပ်အနီးရှိ မြို့ငယ်လေးတစ်မြို့တွင် ဖန့်ချန်နှင့် မင်းသမီးလေးတို့သည် လက်ဖက်ရည်ဆိုင်တစ်ခု၌ ထိုင်ကာ လက်ဖက်ရည် သောက်နေကြသည်။
ဤဆိုင်မှာ ချင်းဟူအင်ပါယာ နယ်မြေအတွင်းရှိပြီး မဟာချန်းအင်ပါယာနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။
ဖန့်ချန်သည် လက်ဖက်ရည်သောက်ရင်း စကြာဝဠာမှန်ချပ် ကို လှန်လှောကြည့်နေသည်။
ခရီးသွားနေစဉ်အတွင်း အချိန်မအားသဖြင့် ယခုမှပင် သူ သေသေချာချာ လေ့လာခွင့်ရခြင်း ဖြစ်သည်။
ပထမဆုံး စာမျက်နှာ ၂၀ ကို သူ မမြင်ရသော်လည်း ၎င်းနောက်ပိုင်း စာမျက်နှာများမှာမူ အလွန်ရှင်းလင်းနေသည်။
သို့သော် သူကြည့်တိုင်း ပါဝင်သည့် အကြောင်းအရာများမှာ ပြောင်းလဲနေတတ်သည်။
"ချင်းဟူမျိုးနွယ် : လူသားပုံသဏ္ဌာန်ဖြင့် မွေးဖွားလာကြပြီး ထူးကဲသော ဉာဏ်ရည်ရှိကြသည် မျိုးနွယ်စုအတွင်း အမျိုးသား မရှိပေ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသူများသာ ဝိညာဉ်အရှိန်အဝါ မှတစ်ဆင့် သားသမီး ရယူနိုင်ခွင့် ရှိကြသည် ပင်ကိုယ်စွမ်းရည် ချင်းဟူ အမြင်မှားခြင်းစွမ်းရည်"
ဖန့်ချန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မင်းသမီးလေးမှာ ဖန့်ချန် စာအုပ်ကို အာရုံစိုက်ဖတ်နေသည်ကို စူးစမ်းကြည့်နေမိသည်။
သူ ဘာတွေ ကြည့်နေတာလဲ
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏ အရှက်ရဖွယ် အပြုအမူများကို သတိရလိုက်သောအခါ သူမ၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားသည်။
မင်းသမီးလေးသည် လက်သီးကို တင်းတင်းဆုပ်ကာ
"တောက် တကယ်ကို စိတ်တိုဖို့ ကောင်းလိုက်တာ သူတို့တွေ ငါ့ကို ရက်အတော်ကြာအောင် လှောင်နေကြမှာပဲ"
ဟု စိတ်ထဲမှ ကြိမ်းဝါးနေမိသည်။
ဖန့်ချန်က စာအုပ်ကို ပြန်သိမ်းလိုက်ပြီး မင်းသမီးလေးကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
"မင်းတို့ မျိုးနွယ်ထဲမှာ အမျိုးသား မရှိဘူးလား"
မင်းသမီးလေးမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ ဖန့်ချန်ကို အံ့ဩတကြီး စိုက်ကြည့်မိသည်။
ဒါကို သူ ဘယ်လိုသိတာလဲ
ဒါဟာ အင်ပါယာအတွင်းမှာတောင် အလွန်လျှို့ဝှက်ထားတဲ့ ကိစ္စပဲ တစ်အင်ပါယာလုံးမှာ ချင်းဟူမျိုးနွယ်စစ်စစ်က ၁၀ ယောက်တောင် မပြည့်ဘူး
ဖန့်ချန်က ရယ်မောလိုက်သည်။
"မပြောဘူးလား မင်း မပြောရင် ငါ မင်းကို ဒီကနေ ခေါ်သွားပြီး မင်းအမေနဲ့ ဘယ်တော့မှ ပြန်မတွေ့အောင် လုပ်ပစ်မယ်"
မင်းသမီးလေး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ သူမ သွားကို တင်းတင်းကြိတ်ကာ တိုးတိုးလေး ဖြေလိုက်သည်။
"ဟုတ်တယ် ငါတို့ မျိုးနွယ်ထဲမှာ အမျိုးသား တစ်ယောက်မှ မရှိဘူး"
"စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ဖန့်ချန်က ပြုံးလျက် ဆက်မေးသည်။
"မင်းတို့မှာ ချင်းဟူ အမြင်မှားနယ်ပယ် ဆိုတဲ့ ပင်ကိုယ်စွမ်းရည် ရှိတယ်ဆိုတာရော မင်းသိလား"
မင်းသမီးလေး၏ တုန်လှုပ်မှုမှာ ပို၍ ပြင်းထန်လာသည်။
သူ ဒါကိုပါ သိနေတာလား
ပြင်ပလူတွေက သူတို့ဟာ အမြင်မှားပညာမှာ ကျွမ်းကျင်တယ်လို့ပဲ သိထားကြတာ အသေးစိတ်ကို ဘယ်သူမှ မသိကြဘူး။
အမြင်မှားပညာ အမျိုးအစားတွေ အများကြီး ရှိတဲ့အထဲမှာ ချင်းဟူ အမြင်မှားနယ်ပယ် ကတော့ အကောင်းဆုံးတွေထဲက တစ်ခုပဲ
"ငါ့ရဲ့ ကျင့်ကြံမှုက မမြင့်သေးလို့ အဲ့ဒါကို မသုံးနိုင်သေးဘူး ဝိညာဉ်သန့်စင်ခြင်း အဆင့် ၁၂ ကို ရောက်မှသာ အဲ့ဒီစွမ်းရည် နိုးထလာမှာ အဲ့ဒီအချိန်ကျရင် အခြေခံတည်ဆောက်ခြင်း ပညာရှင်တွေကိုတောင် ငါ ကြောက်စရာ မလိုတော့ဘူး"
ဟု သူမက ဖြည်းဖြည်းချင်း ရှင်းပြသည်။
ဖန့်ချန် ခေါင်းအသာငြိမ့်လိုက်သည်။
ထိုစဉ် ပုံရိပ်တစ်ခု လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာသည်။
ထိုသူသည် ဖန့်ချန်တို့၏ စားပွဲသို့ လျှောက်လာပြီး မင်းသမီးလေး၏ ဘေးတွင် ဝင်ထိုင်ကာ ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူမက မင်းသမီးလေးကို ခေါင်းအသာငြိမ့်ပြသော်လည်း အကြည့်အများစုမှာ ဖန့်ချန်ထံတွင်သာ ရှိနေသည်။ သူမမှာ ထုချင်းချိုး ပင် ဖြစ်သည်။
"ဝိညာဉ်ကျောက် ဘယ်လောက် လိုချင်တာလဲ"
သူမက အေးစက်စွာ မေးသည်။
"ခြောက်ထောင်"
ဖန့်ချန် ပြုံးလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က မင်း ငါ့ကို အမြင်မှားပညာနဲ့ လှည့်စားဖို့ ကြိုးစားခဲ့တယ်လေ အဲ့ဒါကြောင့် အပိုတစ်ထောင်က ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတွက် လျော်ကြေးလို့ သတ်မှတ်လိုက်ပါ"
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ထုချင်းချိုး တစ်ယောက် ဆဲတောင် ဆဲချင်သွားသည်။
ရှင်ကရော ငါ့ကို အမြင်မှားပညာနဲ့ မလှည့်စားခဲ့ဘူးလား
သူမ ဒေါသထွက်ချင်သော်လည်း ထိန်းလိုက်ရသည်။
အုပ်ချုပ်သူမင်းကြီးက ထိုဓားကျင့်ကြံသူကို ရန်မလုပ်ရန် သတိပေးထားသလို၊ သူမကိုယ်တိုင်လည်း ဤအရှက်ရဖွယ် ကိစ္စကို ထပ်မပြောချင်တော့ပေ။
အကယ်၍ သူမ အလှည့်စားခံလိုက်ရသည်ကို မျိုးနွယ်စုထဲက သိသွားပါက သူမ၏ သိက္ခာမှာ ဆယ်ယူ၍ ရတော့မည် မဟုတ်ပေ။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်ထောင် ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်တာပဲ"
မင်းသမီးလေးက မနေနိုင်ဘဲ အော်ပြောလိုက်သည်။
လက်ဖက်ရည်ဆိုင်ထဲရှိ လူသားနှင့် မိစ္ဆာကျင့်ကြံသူများ အားလုံး အံ့ဩတကြီး လှည့်ကြည့်လာကြသည်။
မိစ္ဆာအချို့က မင်းသမီးလေး၏ နောက်ကွယ်ရှိ အမြီးနှစ်ချောင်းကို တွေ့သွားသောအခါမှ ထိတ်လန့်သွားကြသည်။
တော်ဝင်မျိုးနွယ်ပဲ
"ငါ ဘာလုပ်နေလဲဆိုတာ မင်းသိလား"
ဖန့်ချန်က မင်းသမီးလေးကို ကြည့်လိုက်သည်။
"ငါက မင်းအဒေါ်နဲ့ စကားပြောနေတာလား မင်းနဲ့ စကားပြောနေတာလား"
မင်းသမီးလေးမှာ ဒေါသဖြင့် မျက်လုံးများ နီမြန်းလာသည်။
သူမ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ထုချင်းချိုးက သူမ၏ ပခုံးကို ပုတ်ကာ တားလိုက်သည်။
"ဝင်မပြောနဲ့ ငါ သူနဲ့ စကားပြောနေတယ်"
ဟု ထုချင်းချိုးက တိုးတိုးလေး ဆိုလိုက်ပြီး ဖန့်ချန်ထံသို့ သိုလှောင်လက်စွပ် တစ်ကွင်း ကမ်းပေးလိုက်သည်။
"အထဲမှာ ဝိညာဉ်ကျောက် ခြောက်ထောင် ရှိတယ်ဒါပေမဲ့ ငါ့မှာ အခြေအနေ တစ်ခုရှိတယ် အဲ့ဒါကို သဘောတူမှ ဒီကျောက်တွေကို မင်းယူလို့ရမယ်"
ဖန့်ချန် ပြုံးလိုက်သည်။
"ဘာအခြေအနေလဲ ပြောကြည့်ပါဦး"
"ဒီကိစ္စကို ဘယ်သူမှ မသိစေရဘူး ပြင်ပမှာတော့ ငါတို့က မင်းသမီးလေးကို ရှင့်လက်ထဲကနေ ပြန်ကယ်ထုတ်ခဲ့တယ်လို့ပဲ သတင်းလွှင့်မယ်"
"သဘောတူတယ်"
ဖန့်ချန်က လက်စွပ်ကို ယူကာ ထရပ်လိုက်သည်။
"နှုတ်ဆက်ပါတယ်"
ထုချင်းချိုး အံ့ဩသွားသည်။
သူ တစ်ခုခု ငြင်းဆန်လိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။
အုပ်ချုပ်သူမင်းကြီးက ဓားကျင့်ကြံသူတွေဟာ စိတ်ကြီးကြတယ်၊ အတင်းအကျပ် မလုပ်ဖို့ သတိပေးထားသော်လည်း သူက ထိုမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မင်းသမီးလေးက စိတ်ဆိုးမာန်ဆိုးဖြင့်
"အဒေါ်ချင်းချိုး သူ့ကို ဒီတိုင်း လွှတ်ပေးလိုက်မှာလား"
ဟု မေးသည်။
"ဒါဆို ဘာလုပ်ရမလဲ"
ထုချင်းချိုးက ပြန်မေးသည်။
"မင်းမှာ သူ့ကို ဒီမှာ ထိန်းထားနိုင်တဲ့ နည်းလမ်း ရှိလို့လား"
မင်းသမီးလေး ခေါင်းငုံ့သွားသည်။
"မရှိပါဘူး"
ထုချင်းချိုး သက်ပြင်းချလိုက်သည်။
"မင်း ဒုက္ခတွေ အများကြီး ပေးခဲ့ပြီးပြီ အုပ်ချုပ်သူမင်းကြီးက နောင်ကို လူသားကျင့်ကြံသူတွေရဲ့ အရှုပ်အထွေးထဲမှာ ဝင်မပါဖို့ ပြောထားတယ် မဟုတ်ရင် ဒီလိုမျိုး နောက်တစ်ခါ ထပ်ဖြစ်လိမ့်မယ်"
"ငါက အစ်ကိုကြီးကျွယ်ကို ကူညီချင်ရုံတင်ပါ"
မင်းသမီးလေးက စကားမဆုံးခင်မှာပင် ထုချင်းချိုး၏ ဝိညာဉ်စွမ်းအားဖြင့် ချုပ်နှောင်ခံလိုက်ရသဖြင့် ဘာမှ ဆက်ပြော၍ မရတော့ပေ။
"ငြိမ်ငြိမ်နေ မင်းကို အုပ်ချုပ်သူမင်းကြီးဆီ ပြန်ခေါ်သွားမယ်"
ဟု ထုချင်းချိုးက ပြောကာ ပြတင်းပေါက်မှတစ်ဆင့် မင်းသမီးလေးကို ခေါ်၍ ပျံသန်း ထွက်ခွာသွားတော့သည်။
ဖန့်ချန်သည် နာရီအနည်းငယ်အတွင်း ရှမင်ရှိရာသို့ ပြန်ရောက်လာသည်။
ရှကျီသည် ဖန့်ချန်နှင့်အတူ မင်းသမီးလေး ပါမလာသည်ကို မြင်သောအခါ ပြုံးလိုက်သည်။
"ဝိညာဉ်ကျောက်တုံးတွေ ရခဲ့လား"
"ရခဲ့တယ်"
ဖန့်ချန် ခေါင်းအသာငြိမ့်ပြသည်။
သူသည် ဝိညာဉ်ကျောက် ၃,၀၀၀ ကို ထုတ်ယူကာ မိမိ၏ လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် ကျန်သော ဝိညာဉ်ကျောက် ၃,၀၀၀ ပါဝင်သည့် သိုလှောင်လက်စွပ်ကို ရှကျီထံသို့ ကမ်းပေးလိုက်သည်။
ရှကျီ ဇဝေဇဝါ ဖြစ်သွားသည်။
"ဘာလုပ်တာလဲ ဖန့်ချန်"
ဖန့်ချန် ပြုံးလိုက်သည်။
"ငါတို့ စုစုပေါင်း ၆,၀၀၀ ရခဲ့တာ ဒါကြောင့် တစ်ယောက်တစ်ဝက် ခွဲကြတာပေါ့"
ရှကျီ ခေါင်းခါလိုက်သည်။
"ခွဲမယ် ဟုတ်လား အညီအမျှလား ငါ ဘာမှတောင် မလုပ်ပေးခဲ့ရဘဲနဲ့"
"မင်းက ကိစ္စသေးသေးမွှားမွှားလေးတွေအတွက် ငြင်းခုံနေမယ့်လူ မဟုတ်မှန်း ငါသိပါတယ် စိတ်ချပါ ဝိညာဉ်ကျောက်တုံးတွေ ရှာဖို့ နည်းလမ်းတွေ အများကြီး ရှိတယ် ငါလည်း အဲ့ဒီထဲက တစ်ခုကို သိထားတယ် ငါ့မှာတော့ ဒီလို အရာမျိုးတွေ လိုအပ်မှာ မဟုတ်ဘူး"
ဖန့်ချန်က ခေတ္တရပ်ကာ ဆက်ပြောသည်
"ဒီဝိညာဉ်ကျောက် ၃,၀၀၀ နဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံမှုကို မြန်မြန်မြှင့်တင်နိုင်လိမ့်မယ် မင်း ပိုသန်မာလာလေလေ မင်းလုပ်ချင်တဲ့ အရာတွေကို လုပ်နိုင်ဖို့ အခွင့်အရေး ပိုများလာလေလေပဲ"
ရှကျီ ၏ မျက်နှာမှာ လေးနက်သွားပြီး ခေတ္တမျှ စဉ်းစားကာ လက်စွပ်ကို လက်ခံလိုက်သည်။
"ဖန့်ချန် အခု ငါတို့ မြို့တော်ကို တန်းသွားကြမလား"
ဖန့်ချန် ပြုံးလိုက်သည်။
"ငါ့ကို စွမ်းအားမြင့်ဗလာကျောင်းတော် ကို အရင် ခေါ်သွားပေးပါ"
ရှကျီ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းပါပြီ"