← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း ၃၀၉ - မဟာချန်း အင်ပါယာ

"ဖန့်ချန် မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ"

လမ်းခရီးတွင် ရှကျီ က မနေနိုင်ဘဲ မေးလိုက်သည်။

သူတို့သည် ကောင်းကင်ယံ၌ အလွန်လျှင်မြန်သော အရှိန်ဖြင့် ပျံသန်းနေကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဝေဝါးနေသည်။

ရှကျီ၏ စိတ်ထဲတွင် သူ၏ဆရာပင်လျှင် ထိုမျှ မမြန်နိုင်ဟု တွေးနေမိသည်။

ဖန့်ချန် က ပြုံးလျက်

"ချီသန့်စင်ခြင်း အဆင့် ၁၂ ပါ"

ဟု ဖြေသည်။

"အဆင့် ၁၂ ဟုတ်လား..."

ရှကျီ ရေရွတ်လိုက်သည်။

"မင်း အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်နေပြီလို့ ငါထင်နေတာ"

"အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့က အခြေခံတည်ဆောက်ခြင်းဆေးလုံး လိုတယ်လေအဲ့ဒါက အခုလောလောဆယ် ငါ့မှာ မရှိသေးဘူး"

ဟု ဖန့်ချန်က အေးအေးဆေးဆေး ရှင်းပြသည်။

သူ၏ ဓားခန္ဓာ သည် သူ၏ အခြေခံအုတ်မြစ်အပေါ် သက်ရောက်မှု ရှိသည်။

သူ၏ မသေမျိုးသွေးကြောများမှာ ရွှေ အဆင့်တွင် ရှိနေပြီး ၎င်းမှာ တာအိုသုံးထောင် ကျမ်းအရ ဒုတိယအကောင်းဆုံး အခြေခံဖြစ်သည်။

အမြင့်ဆုံးမှာ အာဏာအရင်းမြစ် ပင် ဖြစ်သည်။

သူ၏ ဓားခန္ဓာမှာ တတိယအဆင့်သို့ ရောက်ရှိသွားပါက သူ၏ အခြေခံမှာ အာဏာအရင်းမြစ်အဆင့်သို့ ရောက်ရှိသွားရန် အလားအလာ အလွန်များသည်။

ထိုအခါမှသာ နောင်တွင် သူ၏ကျင့်ကြံမှုအတွက် အလွန်ခိုင်မာသော အခြေခံအုတ်မြစ်ကို ချနိုင်မည်ဖြစ်သည်။

"မင်း မဟာချန်းအင်ပါယာမှာ နေနေတာဆိုတော့ ကုန်သွယ်မှုညီလာခံ အကြောင်း ကြားဖူးလား"

ဖန့်ချန်က မေးလိုက်သည်။

မန်နေဂျာလင်း ပြောခဲ့သည်မှာ ထိုညီလာခံတွင် အဝါရောင်အဆင့် အထွတ်အထိပ်ရတနာများ ပါလာနိုင်သည်ဟု ဆိုသည်။

အကယ်၍ ထိုအဆင့်က ဈေးကြီးလွန်းနေပါက အဝါရောင်အဆင့်မြင့် ရတနာကိုပင် သူ ဝယ်ယူနိုင်သည်။

သူ၏ ဓားငယ်လေး ကို ဝိညာဉ်ရတနာများ တိုက်ရိုက်ကျွေးခြင်းက ဝိညာဉ်ပစ္စည်းများ ကျွေးခြင်းထက် ပို၍ကောင်းမွန်သည်။

ထို့ပြင် ဝိညာဉ်ပစ္စည်းများကို အများအပြား ဝယ်ယူသည့်အခါတွင် ကြုံတွေ့ရမည့် အစစ်ဆေးခံရမှု ဒုက္ခများမှလည်း ကင်းဝေးစေသည်။

"ကုန်သွယ်မှုညီလာခံလား ငါ့ဆရာ လွန်ခဲ့တဲ့ ရက်ပိုင်းက ပြောနေတာ ကြားလိုက်မိတယ် အဲ့ဒါကို အဆင့် ၄ မြိုင်ပြာအင်ပါယာ က ကြီးမှူးကျင်းပတာလေ"

"သူတို့က အဆင့် ၅ အင်ပါယာ တော်တော်များများကို ဖိတ်ထားတာ အဆင့် ၆ အင်ပါယာက ကျင့်ကြံသူတွေတောင် လာနိုင်တယ် ကျင်းပမယ့်နေရာက မဟာချန်းအင်ပါယာရဲ့ တော်ဝင်အမဲလိုက်ကွင်းပဲ"

ဟု ရှကျီက ပြန်လည်အမှတ်ရကာ ပြောပြသည်။

"ငါ မြို့တော်ကနေ ထွက်မလာခင်ကတည်းက ဖန့်မိသားစု ကျွယ်မိသားစုနဲ့ တော်ဝင်မိသားစုတို့ အပြင် တခြားမိသားစုတွေလည်း ဒီညီလာခံအတွက် အလုပ်ရှုပ်နေကြတာ"

"မဟာချန်းမှာရှိတဲ့ ဂိုဏ်းကြီးတွေက ရွှေအမြုတေအဆင့် ဘိုးဘေးတွေတောင် ပါဝင်ချင်နေကြတာ သူတို့က အရင်းအမြစ်တွေကို အမြဲ စုဆောင်းနေကြတာဆိုတော့လေ"

ရှကျီက ဆက်မေးသည်

"ဖန့်ချန် မင်းလည်း ပါဝင်ချင်လို့လား"

"အင်း ငါ စဉ်းစားနေတာ"

ဖန့်ချန် ခေါင်းငြိမ့်လိုက်သည်။

"ဘယ်နေ့ကျင်းပမယ်ဆိုတာ မင်း အတိအကျ သိလား"

"ငါ့ဆရာ သိလောက်တယ် သူ့ကို မေးကြည့်လို့ရပါတယ်"

ဟု ရှကျီက ဆိုသည်။

"ဝိညာဉ်ကျောက်တုံးသာ လုံလောက်အောင် ရှိမယ်ဆိုရင် ဒီလိုကုန်သွယ်မှုညီလာခံမျိုးက ဘဝကိုတောင် ပြောင်းလဲပေးနိုင်တယ်"

သူ သက်ပြင်းချလိုက်သည်။

"အဆင့် ၅ အင်ပါယာတွေမှာတောင် ရှာမရတဲ့ ရှားပါးဆေးလုံးတွေ ရတနာတွေ ဝိညာဉ်ပစ္စည်းတွေနဲ့ ဆေးဘက်ဝင် အပင်တွေ ပါလာလိမ့်မယ်လို့ ငါကြားတယ် နာမည်ကြီး ဆေးလုံးဆရာတွေနဲ့ လက်နက်ဆရာတွေလည်း တက်ရောက်ကြမှာကံကောင်းရင် သူတို့ရဲ့ တပည့်ဖြစ်ခွင့်ရပြီး တစ်ရှိန်ထိုး နာမည်ကြီးသွားနိုင်တယ်"

"ငါသွားရင် မင်းလည်း လိုက်ခဲ့ပေါ့ မင်းကျင့်ကြံဖို့ ဆေးလုံးတချို့ ဝယ်ပေးမယ် ဒါဆိုရင် နေ့တိုင်း တရားထိုင်ရတဲ့ အချိန်ကို လျှော့ချနိုင်မှာပေါ့"

ဟု ဖန့်ချန်က အကြံပြုလိုက်သည်။

ရှကျီ ခေါင်းငြိမ့်လိုက်သည်။

"အရင်ကဆိုရင်တော့ ဘေးကနေ ပျော်ရုံပဲ သွားနိုင်မှာ ဒါပေမဲ့ အခု မင်းပေးတဲ့ ဝိညာဉ်ကျောက်တံး သုံးထောင်နဲ့ဆိုရင်တော့ ပစ္စည်းကောင်းတချို့ ဝယ်နိုင်ပြီ"

သူက ဆက်ပြောသည်

"ဒါဆိုရင် တစ်နှစ်အတွင်းမှာ ချီသန့်စင်ခြင်း အဆင့် ၈ ဒါမှမဟုတ် ၉ အထိ ငါ တက်လှမ်းနိုင်လောက်တယ်"

ပုံမှန်ဆိုလျှင် ရှကျီသည် ကျင့်ကြံရန်အတွက် တစ်လလျှင် ဝိညာဉ်ကျောက် ၁၀ လုံးခန့်သာ သုံးနိုင်ခဲ့သည်။

ထိုနှုန်းနှင့်ဆိုပါက အဆင့် ၈ သို့မဟုတ် ၉ သို့ ရောက်ရန် အနည်းဆုံး အနှစ် ၂၀ ခန့် ကြာပေလိမ့်မည်။

ယခုမူ ဖန့်ချန်၏ ပံ့ပိုးမှုဖြင့် ထိုအနှစ် ၂၀ အချိန်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းသို့ လျှော့ချနိုင်မည်ဟု ရှမင် ယုံကြည်နေသည်။

အရင်းအမြစ် ရှိခြင်းမှာ တစ်ခါတစ်ရံတွင် ပါရမီရှိခြင်းထက်ပင် ပို၍ အရေးကြီးလှသည်။

ရှကျီ၏ စိတ်ထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။

"ဪ ပြောဖို့ မေ့နေတာ အဲ့ဒီညီလာခံမှာ အဖွဲ့အစည်းအမျိုးမျိုးက လုယူကြမယ့် အခြေခံတည်ဆောက်ခြင်း ဆေးလုံး အလုံး ၂၀ ပါလာလိမ့်မယ်"

"မဟာချန်းတင်မကဘူး တခြား အဆင့် ၅ နဲ့ အဆင့် ၆ အင်ပါယာတွေကပါ လာပြိုင်ကြမှာဆိုတော့ ကျင့်ကြံသူတွေ အများကြီးက မျက်စိကျနေကြတာ"

ရှကျီက ဆိုသည်

"ငါ မင်းဆီက ဝိညာဉ်ကျောက်တုံး သုံးထောင်ကို ပြန်ပေးမယ် မင်း အဲ့ဒါကို အခြေခံတည်ဆောက်ခြင်း ဆေးလုံးဝယ်ဖို့ သုံးပါ "

"တစ်လုံးကို ဝိညာဉ်ကျောက်တုံး ငါးထောင်လောက်အထိ ပေါက်ဈေးရှိတယ် အခုအခွင့်အရေး လွတ်သွားရင် နောင်မှာ ကျောက်တုံးရှိရင်တောင် ဝယ်ဖို့ ခက်လိမ့်မယ် ပြီးတော့ ငါးထောင်ဆိုတာက အခြေခံဈေးပဲ အပြိုင်အဆိုင်တွေ ရှိလာရင် ဈေးက ပိုတက်ဦးမှာ မင်း သေသေချာချာ ပြင်ဆင်ထားမှ ဖြစ်မယ်"

"အခြေခံတည်ဆောက်ခြင်း ဆေးလုံးလား"

ဖန့်ချန် တွေးတောနေမိသည်။

ဤပွဲတွင် တစ်လုံး ဝယ်ထားနိုင်ပါက နောင်တွင် လိုက်ရှာနေရသည့် ဒုက္ခမှ ကင်းဝေးမည်ဖြစ်သည်။

သို့သော် သူသည် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရန် အလွန်အမင်း အလျင်မလိုပေ။

သူ့အတွက်မူ ဓားခန္ဓာ မြှင့်တင်ရေးက ပို၍ အရေးကြီးနေသည်။

"ရပါတယ် ဝိညာဉ်ကျောက်တုံး သုံးထောင်က ငါ့အစီအစဉ်တွေကို မထိခိုက်စေပါဘူး ငါ လိုတာကို ဝယ်နိုင်ပါတယ် ငါ့အတွက် စိတ်မပူပါနဲ့"

ဟု ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။

"ဟာ မင်း တကယ် ချမ်းသာတာပဲ"

ရှကျီ အံ့ဩသွားသည်။

"မင်းမှာ ကျောက်တုံးတွေ ဘယ်လောက်တောင် ရှိလို့လဲ သုံးထောင်ကတောင် မထိခိုက်ဘူးဆိုတော့"

"မင်း မေ့နေပြီလား ငါက အဆောင်ရေးတာ ကျွမ်းကျင်တယ်လေ အဆောင်ရောင်းရတဲ့ ဝင်ငွေကလည်း မနည်းဘူး အဲ့ဒါနဲ့ ပြောရဦးမယ် ဒါက ဘယ်လိုအဆောင်မျိုးလဲဆိုတာ တစ်ချက်ကြည့်ပေးပါဦး"

ဖန့်ချန်က ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင် အခု ၂၀ ကို ထုတ်ကာ ရှကျီထံ ကမ်းပေးလိုက်သည်။

"ဒါတွေက..."

ရှကျီသည် အဆောင်များကို ထိကြည့်လိုက်ရာ ထိုအဆောင်များမှ ထွက်ပေါ်နေသော ပေါက်ကွဲအားပြင်းသည့် အငွေ့အသက်များကို ခံစားလိုက်ရသည်။

ထိုအရှိန်အဝါမှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေပြီး သာမန် ဓာတ်ငါးပါး အစွမ်းထက် ပို၍ ပြင်းထန်လှသည်။

ရှကျီ မျက်မှောင်ကြုတ်ကာ ဖန့်ချန်ကို ကြည့်လိုက်သည်။

"ဒါတွေက ခရမ်းရောင် လျှပ်စီးအဆောင် တွေလား"

"ဟုတ်တယ် ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင်တွေပဲ ချီသန့်စင်ခြင်း အဆင့် ၁၂ က ကျင့်ကြံသူတစ်ယောက်တောင် ဒါတွေကို သတိထားရလိမ့်မယ်"

" အခု ၂၀ လုံးကို တစ်ပြိုင်တည်း သုံးလိုက်ရင် အဆင့် ၁၂ ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်ဖို့က ပြဿနာ မဟုတ်ဘူး"

ဖန့်ချန် ရယ်မောလိုက်သည်။

"မဟာချန်း အင်ပါယာမှာ ဒါတွေကို ရေးနိုင်တဲ့သူ ရှိလား"

မဟာချန်းမှာ အဆင့် ၅ အင်ပါယာဖြစ်သဖြင့် အဆင့် ၆ များနှင့် ကွာခြားလိမ့်မည်။

ချင်းဟူအင်ပါယာမှာပင် အဝါရောင် အလယ်လတ် အဆောင်များကို ရေးနိုင်သော ဆရာများ ရှိသည်။

မဟာချန်းတွင်လည်း အဆောင်ပညာကို လေ့လာနေသော ကျင့်ကြံသူများ ရှိရပေမည်။

"ရှိတော့ ရှိတယ်၊ ဒါပေမဲ့ ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင်တွေကို ဖန်တီးဖို့က အရမ်း ခက်ခဲတယ် ရှာဖို့ မလွယ်ဘူး"

"တစ်ယောက်ယောက်က ရောင်းဖို့ ထုတ်လိုက်ရင်တောင် အဖွဲ့အစည်းတွေက ချက်ချင်း ဝယ်သွားကြတာ သူတို့က ဒါတွေကို စစ်ရေးအရ အရေးပါတဲ့ အရင်းအမြစ်တွေအဖြစ် သတ်မှတ်ပြီး တပည့်တွေကို တစ်ခါတလေမှ ထုတ်ပေးတာ"

"ထိပ်တန်းအဆင့် တစ်ခုကို အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက် ၃၀ လောက် ဈေးရှိတယ်"

ဟု ရှကျီက လေးနက်စွာ ခေါင်းငြိမ့်ပြသည်။

ဖန့်ချန် ခေါင်းအသာငြိမ့်လိုက်သည်။

ဝိညာဉ်ကျောက်တုံး ၃၀ ဆိုသည်မှာ ဈေးမကြီးသလို မပေါလှပေ။

သူ၏ သိုလှောင်လက်စွပ်ထဲတွင် ထိုအဆောင်မျိုး အခု ၁၀၀ ခန့် ရှိသေးသဖြင့် ၎င်းတို့ကို ရောင်းပါက ဝိညာဉ်ကျောက်တုံး သုံးထောင်၊ လေးထောင်ခန့် ရနိုင်သည်။

အားလုံး ပေါင်းလိုက်ပါက ဝိညာဉ်တံဆိပ် ၇၂ ခု နီးပါးရှိသော အဝါရောင်အလယ်လတ် ရတနာတစ်ခုကို သူ ဝယ်နိုင်ပေလိမ့်မည်။

အဝါရောင်အဆင့်မြင့် ရတနာများမှာမူ အခြေခံဈေးကပင် ဝိညာဉ်ကျောက်တုံး တစ်သောင်းအထက်တွင် ရှိနေပေလိမ့်မည်။

သူ၏ လက်ဝယ်ရှိ ဝိညာဉ်ကျောက် စုစုပေါင်းအပေါ် မူတည်၍သာ သူ ဆုံးဖြတ်ရပေမည်။

"ဖန့်ချန် ဒီအဆောင်တွေကို မင်းကိုယ်တိုင် လုပ်တာလား"

ဖန့်ချန် ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ် ဒါတွေ အကုန်လုံး မင်းအတွက်ပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သိမ်းထားလိုက်"

ရှကျီ နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။

"မင်းရဲ့ အိတ်ကပ်ကတော့ တကယ်ကို ထူတာပဲ"

ရှကျီ မယုံနိုင်အောင် ဖြစ်နေရသည်။

မဟာရှအင်ပါယာကနေ ထွက်ပြေးလာရတဲ့ ဆင်းရဲတဲ့ ကျင့်ကြံသူဘဝကနေ အခုတော့ အိတ်ကပ်အလွန်ထူသော ကျင့်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။

ရက်အနည်းငယ် ကြာပြီးနောက်

သူတို့နှစ်ဦးသည် အနားမယူဘဲ နေ့ညမပြတ် ခရီးနှင်ခဲ့ကြသဖြင့် နောက်ဆုံးတွင် အင်ပါယာမြို့တော်သို့ ရောက်ရှိလာခဲ့သည်။

သူတို့ ပထမဆုံး မြင်လိုက်ရသည်မှာ ဝင့်ဝင့်ကြွားကြွား လွင့်ထူထားသော အလံများဖြင့် ခမ်းနားထည်ဝါလှသော မြို့ရိုးကြီး ဖြစ်သည်။

ထိုအလံများမှာ ထူးခြားပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေသည်။

၎င်းတို့မှာ တစ်စုံတစ်ရာသော စစ်တုရင်ကွက် ၏ အစိတ်အပိုင်းများ ဖြစ်သည်မှာ ထင်ရှားလှသည်။

မြို့ရိုး၏ အပြင်ဘက်တွင် အဆောက်အအုံပေါင်းများစွာနှင့် လူစည်ကားလှသည်။

ရံဖန်ရံခါတွင် မိစ္ဆာကျင့်ကြံသူများ ရဲရဲတင်းတင်း သွားလာနေသည်ကို မြင်ရသလို မြေပြင်တွင် ထိုင်ကာ ဆိုင်ခန်းဖွင့်ထားသော ကျင့်ကြံသူများကိုလည်း တွေ့ရသည်။

သွားလာနေသူ အများစုမှာ သာမန်လူသားများ ဖြစ်ကြသော်လည်း သူတို့အားလုံးနီးပါးမှာ သိုင်းပညာရှင်များ ဖြစ်ကြပြီး ချီစုစည်းမှု အဆင့် ၁ မှသည် ကောင်းကင်နက်နဲမှုအဆင့် အထိ ကျင့်ကြံထားသူများ ဖြစ်ကြသည်။

အခန်း ၃၁၀ - နယ်မြေ တစ်ဆယ့်ရှစ်ခု

"ဖန့်ချန် ဒီနေရာမှာ ပျံသန်းတာက တရားမဝင်ဘူး ငါတို့ ဒီကနေစပြီး ခြေလျင်ပဲ သွားရမယ်"

ဟု ရှကျီက ပြောသည်။

ဖန့်ချန် ခေါင်းငြိမ့်ပြလိုက်သည်။

ဓားအလင်းမှာ အောက်သို့ ဝှေ့ဆင်းသွားပြီး သူတို့နှစ်ဦး မြို့ပြင်ဘက်သို့ ဆင်းသက်လိုက်ကြသည်။

"မင်းရဲ့ စွမ်းအားမြင့်ဗလာကျောင်းတော် က မြို့ပြင်မှာလား မြို့ထဲမှာလား"

ဖန့်ချန်က အေးဆေးစွာ မေးသည်။

ရှကျီ က ပြုံးလိုက်ပြီး

"မြို့ပြင်က စွမ်းအားမြင့်ဗလာတောင် ပေါ်မှာပါမြို့တော်ရဲ့ မြို့ပြင်မှာ နယ်မြေ ၁၈ ခု ရှိတယ် အဲ့ဒီထဲက နယ်မြေ ၁၃ ခုမှာ သာမန်လူတွေနဲ့ သိုင်းပညာရှင်တွေ အနေများတယ်"

"ကျန်တဲ့ နယ်မြေ ၅ ခုမှာတော့ ကျောင်းတော်အပါအဝင် ကျင့်ကြံခြင်း ဂိုဏ်းတွေနဲ့ မိသားစုတွေ ရှိကြတယ်"

"မြို့ထဲ ကရော ဘယ်လိုလဲ"

"မြို့ထဲကိုတော့ တော်ဝင်မိသားစုက ဦးဆောင်ပြီး ဖန့်မိသားစုနဲ့ ကျွယ်မိသားစုတို့က ဝိုင်းဝန်းပံ့ပိုးထားတယ် သူတို့က ကောင်းကင်နဲ့မြေကြီး ဝိညာဉ်စုစည်းခြင်း စစ်တုရင်ကွက် ကို ခင်းကျင်းထားတာ"

"မြို့ထဲမှာ ဝိညာဉ်စွမ်းအားတွေ အရမ်း သိပ်သည်းတယ် နောက်ခံနဲ့ အင်အားမရှိရင် အဲ့ဒီမှာ ကြာကြာမနေနိုင်ဘူး"

ရှကျီက ဆက်ပြောသည်

"ဖန့်မိသားစုနဲ့ ကျွယ်မိသားစုအပြင် မြို့ထဲမှာ တခြားဂိုဏ်းကြီး ၄ ခု ရှိသေးတယ် တစ်ခုချင်းစီမှာ ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ယောက်စီ ရှိကြတယ်"

"မဟာချန်းအင်ပါယာမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ တော်တော်များတာပဲ အနည်းဆုံး ၂၀ လောက် ရှိမယ်ထင်တယ်"

ဟု ဖန့်ချန်က ဆိုသည်။

ရှကျီ က ပြန်ဖြေသည်

"၂၀ လား အဲ့ဒါက အနည်းဆုံးပဲ ငါသိသလောက် မြို့တော်တစ်ခုတည်းမှာတင် နာမည်ကြီး ရွှေအမြုတေ ဘိုးဘေး ၁၀ ယောက်ထက်မနည်း ရှိတယ်"

သူတို့နှစ်ဦးသည် ရှကျီ ပြောခဲ့သော နယ်မြေ ၅ ခုထဲမှ တစ်ခုတွင် ရောက်နေပုံရသည်။

အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်တွင် ကျင့်ကြံသူများကို နေရာအနှံ့ တွေ့နေရသောကြောင့် ဖြစ်သည်။

သို့သော် ချီသန့်စင်ခြင်း အဆင့် ၁၂ အထက် ကျင့်ကြံသူများကိုမူ တွေ့ရခဲသည်။

လမ်းတစ်လျှောက်တွင် ဆေးဘက်ဝင်အပင်များ ရောင်းသော ဆိုင်များရှိပြီး မြေပြင်တွင် ဆိုင်ခန်းဖွင့်ကာ ဝိညာဉ်ပစ္စည်းများနှင့် ဆေးလုံးများ ရောင်းနေသော ကျင့်ကြံသူများလည်း အများအပြား ရှိသည်။

ထိုစဉ် လူငယ်တစ်စု သူတို့ထံသို့ ချဉ်းကပ်လာသည်။ သူတို့ထဲမှ တစ်ယောက်သည် ရှကျီ ကို မှတ်မိသွားပုံရပြီး အံ့ဩသွားသည့် အမူအရာ ပေါ်လာသည်။

ထိုလူငယ်သည် သူနှင့်အတူပါလာသူများကို တိုးတိုးလေး ပြောလိုက်ပြီးနောက် အသားဖြူဖြူ ပိန်ပိန်ပါးပါး လူငယ်တစ်ဦး ရှေ့သို့ ထွက်လာကာ ရှကျီကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"ရှကျီ မတွေ့တာ ကြာပြီပဲ မင်း ကျောင်းတော်မှာ မရှိဘူးလို့ ကြားနေတာ"

ရှကျီက သူ့ကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြုံးလိုက်သည်။

"လင်းညီလေး ငါ အင်ပါယာပြင်ပမှာ ကိစ္စလေးတွေ ရှိလို့ သွားနေတာပါ ငါ့ကို မင်းတို့ ကျောင်းတော်မှာ လာရှာသေးတာလား"

"လွန်ခဲ့တဲ့ ရက်ပိုင်းက သွားသေးတယ် ခဏပဲ နေခဲ့တာပါ"

ဟု ပြောရင်း သူ၏ မျက်လုံးများက ဖန့်ချန်ထံသို့ ရောက်သွားသည်။

"ဒါက မင်းရဲ့ သူငယ်ချင်းလား"

"ဒါက ငါ့ရဲ့ မိတ်ဆွေသစ် ကျင့်ကြံသူဖန့် ပါ"

ဟု ရှမင်က မိတ်ဆက်ပေးသည်။

လင်းယု ၏ မျက်နှာ ပြောင်းသွားသည်။

"ဪ ကျင့်ကြံသူဖန့်ပေါ့ မြို့ထဲက ဖန့်မိသားစုကလား"

ဘေးကလူများလည်း မျက်မှောင်ကြုတ်သွားကြသည်။

ရှကျီ က ဖန့်မိသားစုက လူတစ်ယောက်နဲ့ ဘယ်လိုလုပ် သိနေရတာလဲဟု သူတို့ တွေးနေကြသည်။

ရှကျီ မဖြေခင်မှာပင် ဖန့်ချန်က ပြုံးလျက်

"ငါ့မျိုးရိုးက ဖန့် ဖြစ်နေရုံပါပဲ"

ဟု ဆိုလိုက်သည်။

"သြော် ဒါဆိုလည်း ပြီးတာပါပဲ"

လင်းယု ခေါင်းငြိမ့်ပြသည်။

သူက ရှကျီ ဘက်သို့ ပြန်လှည့်ကာ

"ရှကျီ အစ်ကိုကြီးကျွယ်က မင်းကို ရှာနေတယ်လို့ ငါကြားတယ် မင်းရဲ့ စီနီယာအစ်ကိုနဲ့ အစ်မက သူ့လက်ချက်နဲ့ သေရတာလို့ မင်း သတင်းလွှင့်နေတယ်ဆို"

လင်းယု၏ မျက်နှာ မှောင်ကျသွားသည်။

"မင်း စားချင်တာ စားလို့ရပေမဲ့ ပြောချင်တာတော့ လျှောက်မပြောနဲ့လေ အစ်ကိုကြီးကျွယ်က စိတ်ရင်းစေတနာကောင်းပြီး ငါတို့လို ဂျူနီယာတွေကို အရမ်းဂရုစိုက်တာ"

" မင်း မဟာချန်းကို စရောက်တုန်းက အနိုင်ကျင့်ခံရတော့ သူပဲ မင်းဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တာ မေ့သွားပြီလား မင်းက အခုတော့ ကျေးဇူးကန်းပြီး သူ့ကို အပုပ်ချနေတာလား"

"ဟုတ်တယ် ဒါက တကယ်ကို ကျေးဇူးကန်းတာပဲ"

"ဒီလိုလုပ်ပါလား အခုပဲ အစ်ကိုကြီးကျွယ်ဆီ သွားပြီး တောင်းပန်လိုက်ပါ သူ့စိတ်ထားနဲ့ဆိုရင် မင်းကို ပြုံးပြီး ခွင့်လွှတ်ပေးမှာပါ"

လူငယ်တစ်စုက ဝိုင်းဝန်းပြောဆိုကြသည်။

"လင်းယု ဒါ မင်းနဲ့ မဆိုင်ဘူး ငါပြောတဲ့ စကားအတွက် ငါပဲ တာဝန်ယူမယ် မင်း အမှန်တရားကို မသိရင် ဝင်မပါနဲ့"

ဟု ရှကျီက အေးစက်စွာ ပြုံးလျက် ပြောပြီး ဖန့်ချန်ကို ခေါ်ကာ ထွက်လာခဲ့သည်။

လင်းယုက သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိသည်။

"လင်းယု ငါတို့ မြို့ထဲသွားပြီး အစ်ကိုကြီးကျွယ်ကို သတင်းပို့ရမလား ရှကျီ က ဒီလို သတင်းတွေ လွှင့်နေတာ မကောင်းဘူး အစ်ကိုကြီးကျွယ် စိတ်ဆိုးသွားရင် ငါတို့ပါ အပတ်ပတ်ကုန်ဦးမယ်"

အခြားသူများကလည်း ခေါင်းငြိမ့် ထောက်ခံကြသည်။

သူတို့အားလုံးမှာ မြို့ပြင်ရှိ ကျင့်ကြံသူ မိသားစုများမှ ဖြစ်ကြပြီး မြို့ထဲသို့ ဝင်ရောက်ကာ ဝိညာဉ်စုစည်းခြင်း စစ်တုရင်ကွက် ၏ အကျိုးကျေးဇူးကို ခံစားချင်ကြသူများ ဖြစ်သည်။

"အရာရာတိုင်းကို သူ့ဆီ သွားပြောနေဖို့ မလိုပါဘူးတစ်ခါတလေကျရင် ငါတို့ဘာသာ ငါတို့ ဖြေရှင်းပြပြီး ရလဒ်ကိုပဲ သူ့ကို ပြလိုက်တာ ပိုကောင်းတယ်"

ဟု လင်းယုက ခပ်အေးအေး ဆိုလိုက်သည်။

"အဲ့ဒါ ဘယ်သူလဲ"

ဖန့်ချန်က မေးသည်။

"သူက နယ်မြေ ၁၈ က လင်းမိသားစုရဲ့ တပည့် လင်းယုလေ"

ရှကျီ က ရှင်းပြသည်။

"နယ်မြေ ၁၄ ကနေ ၁၈ အထိမှာ ကျင့်ကြံသူ မိသားစု ၇၀ ၈၀ လောက် ရှိတယ် လင်းမိသားစုက နယ်မြေ ၁၈ ကို စိုးမိုးထားတာ ဘာလို့လဲဆိုတော့ သူတို့ရဲ့ လူကြီးတစ်ယောက်က ကျွယ်မိသားစုနဲ့ အောင်သွယ်တော် လုပ်ထားလို့ပဲ"

"သူတို့က ကျွယ်ဝူတီ ဘက်ကနေ အရမ်း ကာကွယ်ပေးချင်နေပုံပဲ"

ဖန့်ချန် ရယ်လိုက်သည်။

"သူတို့ နောက်မှ ပြဿနာ လာရှာဦးမလား မသိဘူး"

ရှကျီက ဖန့်ချန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်းမှာ အစီအစဉ် ရှိလား သူတို့ကို သတ်ပစ်မလား"

ဖန့်ချန် ခေါင်းငြိမ့်ကာ

"သူတို့ရဲ့ အသက်ကို ချန်ပေးလိုက်ပါမယ်"

"ကောင်းပြီ အဲ့ဒါက ပိုကောင်းပါတယ် ဒါက အင်ပါယာ မြို့တော်လေ မြို့ထဲက လူတွေက သာမန်လူတွေကို သတ်တာ ဂရုမစိုက်ပေမဲ့ ကျင့်ကြံသူတွေကို ရမ်းကားသတ်ဖြတ်တာကိုတော့ လျစ်လျူရှုမှာ မဟုတ်ဘူး"

ဟု ရှကျီ က ခနဲ့သလို ဆိုသည်။

ဖန့်ချန် ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။

"မှန်တာပေါ့"

စွမ်းအားမြင့်ဗလာတောင် သည် နယ်မြေ ၁၈ ၏ အဆုံးတွင် တည်ရှိပြီး ထိုနေရာမှ နယ်မြေတစ်ခုလုံးကို လှမ်းမြင်ရသည်။

သို့သော် ဖန့်ချန်ကို အံ့ဩစေသည်မှာ တောင်ပေါ်လမ်းတစ်လျှောက်တွင် ပျက်စီးနေသော အဆောက်အအုံများနှင့် ပေါင်းပင်များ ဖုံးလွှမ်းနေခြင်း ဖြစ်သည်။

၎င်းမှာ စွန့်ပစ်ထားသော နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။

"ဘာလို့ ဒီလို ဖြစ်နေတာလဲ"

ဖန့်ချန်က မေးသည်။

ရှကျီက ပျက်စီးနေသော အကာအရံများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဟိုးအရင်က စွမ်းအားမြင့်ဗလာကျောင်းတော် မှာ ခမ်းနားတဲ့ ခန်းမကြီး ၁၈ ခု ရှိခဲ့ပြီး ပညာရှင်တွေ အများကြီး ရှိခဲ့တာ "

"ရွှေအမြုတေအဆင့် ၃ ယောက်တင် မကဘူး အခြေခံတည်ဆောက်ခြင်းနဲ့ ချီသန့်စင်ခြင်း ကျင့်ကြံသူတွေ အများကြီး ရှိခဲ့တယ် နောက်ပြီး ကျောင်းတော်စောင့်တပ် ၃,၀၀၀ တောင် ရှိခဲ့တာ သူတို့အားလုံးက ကောင်းကင်နက်နဲမှုအဆင့် ၄ ရဲ့ ထိပ်သီးတွေချည်းပဲ"

"သိုင်းပညာရှင်တစ်ယောက်က ကောင်းကင်နက်နဲမှုအဆင့် ထဲက သေမင်းချီနယ်ပယ်ထဲ ရောက်သွားရင် ကျင့်ကြံသူတွေကို ဒုက္ခပေးနိုင်ပြီဆိုတာ မင်းသိမှာပါ "

"အဲ့ဒီနောက်ပိုင်း အဆင့်တွေဖြစ်တဲ့ နက်နဲသောချီ ၊တော်ဝင် ချီ နဲ့ ဧကရာဇ် ချီတွေကတော့ ဝိညာဉ်စွမ်းအားနဲ့ အတူတူပါပဲ အဲ့ဒီအဆင့်ရောက်ရင် ကျင့်ကြံသူတွေက နည်းစနစ်တွေ သုံးမှသာ အသာစီး ရနိုင်တော့တာ"

"ဧကရာဇ် ချီ သိုင်းပညာရှင်တွေကို သိုင်းဧကရာဇ် လို့လည်း ခေါ်ကြတယ် ချီသန့်စင်ခြင်း အဆင့် ၁၂ ကျင့်ကြံသူနဲ့ သိုင်းဧကရာဇ် တစ်ယောက် တိုက်ခိုက်ရင် ကျင့်ကြံသူ သေသွားနိုင်တယ်"

"အဲ့ဒီတုန်းက ကျောင်းတော်စောင့်တပ် ၃,၀၀၀ ရှိတာနဲ့တင် လူတွေက ဒီကျောင်းတော်ကို ကြောက်ရွံ့ လေးစားခဲ့ကြတာ အဲ့ဒါက စွမ်းအားမြင့်ဗလာကျောင်းတော်ရဲ့ အထွတ်အထိပ် အချိန်ပေါ့"

ဖန့်ချန် တွေးတောစွာ ခေါင်းငြိမ့်လိုက်သည်။

သူသည် သိုင်းပညာရှင်များအကြောင်းကို ရှကျီ ထက် ပိုသိသည်။

တကယ်လို့ သိုင်းပညာရှင်များသာ အဆင့်မြင့်မြင့် ရောက်သွားပါက ကျင့်ကြံသူများထက် မနိမ့်ကျပေ။

သို့သော် ကောင်းကင်နက်နဲမှုအဆင့်သို့ ရောက်ရန်မှာ အရင်းအမြစ်နှင့် ကြိုးစားမှုများစွာ လိုအပ်လှသည်။

ကျောင်းတော်စောင့်တပ် ၃,၀၀၀ တောင် ရှိခဲ့သည်ဆိုခြင်းမှာ ထိုစဉ်က ကျောင်းတော်၏ အင်အားကို ကောင်းစွာ ဖော်ပြနေသည်။

"ဒါဆို ဘာတွေ ဖြစ်ခဲ့တာလဲ မင်းတို့ ကျောင်းတော်က ဘယ်လို ရန်သူနဲ့ တွေ့ခဲ့လို့လဲ"

ဖန့်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

All Chapters