← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 32 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 32 Ch. 315-316

အခန်း ၃၁၅ - ဘာမှမထူးခြားခဲ့တဲ့ နေ့တစ်နေ့

"အစ်ကိုလင်း စွမ်းအားမြင့်ဗလာတောင်ကို ကြည့်လိုက်ဦး"

တောင်ပေါ်ကနေ အခုလေးတင် ဆင်းလာတဲ့သူတွေဟာ တောင်ပေါ်မှာ ပေါ်ပေါက်လာတဲ့ ထူးခြားဖြစ်စဉ်ကို သတိပြုမိသွားပြီး လင်းယုကို အလောတကြီး လှမ်းခေါ်လိုက်ကြပါတယ်။

လင်းယု ချက်ချင်းလှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ မှင်တက်သွားရပါတယ်။

ရွှေရောင်အလင်းတိုင်ကြီးတစ်ခုဟာ ကောင်းကင်ယံကို တန်းတန်းမတ်မတ် ထိုးတက်နေတာပါ။

ဒါဟာ ဝိညာဉ်ဆေးပင် ဒါမှမဟုတ် ဝိညာဉ်ရတနာတစ်ခုခု ပေါ်ထွက်လာတာနဲ့တူပါတယ်။

"စွမ်းအားမြင့်ဗလာကျောင်းတော်မှာ အရင်က နက်ရှိုင်းတဲ့ နောက်ခံရှိခဲ့တာ မဟာချန်းရဲ့ အဓိကမိသားစုကြီး သုံးခုထက်တောင် မနိမ့်ခဲ့ဘူး သူတို့မှာ လျှို့ဝှက်သိမ်းထားတဲ့ ရတနာတစ်ခုခု ရှိနေပြီး အခုမှ ပေါ်လာတာ ဖြစ်နိုင်တယ်"

လင်းယုက မနာလိုသံနဲ့ ပြောလိုက်ပါတယ်။

"ငါတို့ အပေါ်မှာ ခဏလောက် ထပ်နေခဲ့ရင် ဒီဖြစ်စဉ်ကို ဖြစ်စေတဲ့ ရတနာကို မြင်ရမှာပဲကို"

တစ်ယောက်က နောင်တရစွာနဲ့ ညည်းတွားပါတယ်။

လင်းယုက ရုတ်တရက် နှာခေါင်းရှုံ့လိုက်ပြီး

"ဆရာတော် ချန်ယွမ်မှာ အသိအကျွမ်းတွေ များပေမဲ့ တကယ့် တန်ဖိုးကြီးရတနာသာ ပေါ်လာရင် သူ ကာကွယ်နိုင်မှာ မဟုတ်ဘူး"

"မဟုတ်ရင် စွမ်းအားမြင့်ဗလာကျောင်းတော်ရဲ့ လျှို့ဝှက်ကျမ်းစာလို့ သတ်မှတ်ထားတဲ့အရာက ဘာလို့ လမ်းဘေးမှာ လူတိုင်းမြင်နိုင်အောင် ရောက်နေရမှာလဲ ငါတို့ လင်းမိသားစုမှာတောင် အဲ့ဒီကျမ်းစာရဲ့ ကူးယူထားတဲ့ ဗားရှင်းရှိတယ်"

ဒါလည်း ဟုတ်တာပဲ လို့ အားလုံးက တညီတညွတ်တည်း တွေးလိုက်ကြပြီး တစ်ဖက်က ပြဿနာတက်မယ့်အရေးကို ကြိုတွေးကာ ဝမ်းသာနေကြပါတယ်။

"ဒါနဲ့ ရှကျီ ကို ဘာလုပ်ကြမလဲ အစ်ကိုကြီးကျွယ်ကို အကြောင်းကြားသင့်လား"

လင်းယု မျက်မှောင်ကြုတ်လိုက်ပါတယ်။

ခုနက အပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် သူ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရပါတယ်။

"အင်း သူ့မှာ ဖန့်မိသားစုရဲ့ မျိုးဆက်တစ်ယောက် ပါနေတယ် ဘေးထွက်မျိုးနွယ်လို့ ဆိုပေမဲ့လည်း သူက ငါတို့ အလွယ်တကူ စော်ကားလို့ရတဲ့သူ မဟုတ်ဘူး"

သူ ခေတ္တမျှ စဉ်းစားပြီးမှ ခေါင်းငြိမ့်လိုက်ပါတယ်။

"အတူတူသွားကြတာပေါ့"

စွမ်းအားမြင့်ဗလာကျောင်းတော်ရဲ့ ဗုဒ္ဓခန်းမဆောင် ရှေ့မှာတော့။

ရွှေရောင်အလင်းတွေ ပျောက်ကွယ်သွားပြီးနောက် ခန်းမထဲက ထွက်လာတဲ့ ဖန့်ချန်ကို ရှကျီ က ကြောင်ကြည့်နေပါတယ်။

"ဖန့်ချန် မင်းက ပိုပြီး နုပျိုသွားတာလား"

ဖန့်ချန်က ရယ်မောရင်း

"ဟုတ်လို့လား"

လို့ ပြန်မေးပါတယ်။

ဝူရုန့်ချိုးလည်း ခဏလောက် မှင်တက်သွားပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဖန့်ချန်ဟာ တကယ်ကို ရုပ်ဖြောင့်လွန်းနေတာပါ။

မဟုတ်သေးဘူး ခဏလေး

ဝူရုန့်ချိုး သတိပြန်ဝင်လာတဲ့အခါမှာတော့ ဖန့်ချန်ကို ကြည့်ရင်း ရင်တွေ ခုန်သွားပါတယ်။

ဘာလို့ သူက ရုတ်တရက်ကြီး ပြန်နုပျိုသွားရတာလဲ

ခုနက မြင်လိုက်ရတဲ့ အလင်းတန်းကို သူမ ပြန်စဉ်းစားမိပြီး မျက်လုံးတွေ ပြူးသွားပါတယ်။

မဖြစ်နိုင်တာ ဖန့်ချန်က အဲ့ဒီကျမ်းစာထဲကနေ တစ်ခုခုကို နားလည်သွားတာလား

ဒါပေမဲ့ မဟာချန်းက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေအများကြီး ဒါကို လေ့လာခဲ့ကြပေမဲ့ ဘယ်သူမှ တစ်ခုခုကို နားလည်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။

သူတို့အတွက်တော့ ဒါဟာ သာမန် ဗုဒ္ဓကျမ်းစာ တစ်စောင်ပါပဲ

ဆရာတော် ချန်ယွမ် ရုတ်တရက် ပြန်ပေါ်လာပါတယ်။ ဒီတစ်ခါမှာတော့ ဆရာတော်ရဲ့ မျက်နှာက လေးနက်နေပါတယ်။

"ဒကာဖန့် မင်းရဲ့ နှလုံးသားထဲမှာ တစ်ဖက်ကမ်းကို ရှာတွေ့ခဲ့ပြီလား"

"ဟုတ်ကဲ့ ရှာတွေ့ပါပြီ"

ဖန့်ချန်က လက်အုပ်ချီပြီး ခေါင်းငြိမ့်ပြပါတယ်။

"ဆရာတော့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

"ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး ဒကာ"

ဆရာတော်က သက်ပြင်းချရင်း ဆိုပါတယ်။

"မင်းရဲ့ နှလုံးသားထဲမှာ တစ်ဖက်ကမ်းကို ရှာတွေ့နိုင်တယ်ဆိုတာ မင်းဟာ အသိဉာဏ်ကြီးမားပြီး စိတ်နှလုံး ကျယ်ပြန့်တယ်ဆိုတာကို ပြနေတာပဲဗုဒ္ဓဘာသာလောကက နာမည်ကြီး ဆရာတော်တွေတောင် မင်းရဲ့ အဆင့်ကို မရောက်နိုင်ကြသေးဘူး"

ဆရာတော်က ခေတ္တရပ်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ပါတယ်။

"လက်ဖက်ရည်ခန်းကို ပြန်သွားပြီး အေးအေးဆေးဆေး ခဏထိုင်နေကြပါ ဧည့်သည်တွေ လာနေပြီ ဒီနေ့ ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောမိဖို့ သတိထားကြဦး"

ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ခတ်သွားပါတယ်။

သူဟာ ဝိညာဉ်ကို ခန္ဓာကိုယ်က ခွဲထုတ်ပြီး စုံစမ်းကြည့်တဲ့အခါမှာတော့ အစွမ်းထက်တဲ့ အရှိန်အဝါတွေ ဒီဘက်ကို လာနေတာကို ခံစားမိလိုက်ပါတယ်။

ပင်လယ်နဂါးဘိုးဘေး နဲ့ အရှိန်အဝါ ဆင်တူတဲ့ လူတချို့တောင် ပါနေပါတယ်။

သူတို့တွေဟာ ရွှေအမြုတေအဆင့် တွေ ဖြစ်ရပါမယ်။ သူဖြစ်စေခဲ့တဲ့ ထူးခြားဖြစ်စဉ်ကြောင့် ရောက်လာကြတာပါ။

ဝိညာဉ် ပြန်ဝင်လာပြီးနောက် ဖန့်ချန်ဟာ ရှကျီ တို့နောက်ကို လိုက်ပြီး လက်ဖက်ရည်ခန်းကို ပြန်သွားပါတယ်။

ရှကျီ စကားမပြောရသေးခင်မှာပဲ ဖန့်ချန်က

"ငါ ခဏလောက် အနားယူဦးမယ်"

လို့ ပြောပြီး မျက်လုံးမှိတ်လိုက်ပါတယ်။

ဖန့်ချန်ရဲ့ ဝိညာဉ်ကတော့ လေထက်မှာ ပေါ်လာပြီး တိတ်တဆိတ် စောင့်ကြည့်နေပါတယ်။

မကြာခင်မှာပဲ ဗုဒ္ဓခန်းမရှေ့ကို လူပုံရိပ်တချို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြပါတယ်။

ပထမဆုံး ရောက်လာသူကတော့ အစိမ်းရောင် ဝတ်စုံဝတ်ထားတဲ့ လူလတ်ပိုင်းတစ်ယောက်ပါ။

သူ့မှာ ချိတ်ကဲ့သို့ ကောက်နေတဲ့ နှာခေါင်းနဲ့ မှိုင်းညို့တဲ့ အကြည့်တွေ ရှိပါတယ် သူဟာ ကျွယ် မိသားစု က ရွှေအမြုတေအဆင့် ကျွမ်းကျင်သူ ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ မီးခိုးရောင်ဝတ်စုံဝတ် အဖိုးအိုတစ်ဦးပါ။

သူ့ခါးမှာ တစ်ပေခန့်ရှိတဲ့ တောက်ပြောင်နေတဲ့ ဘူးသီးခြောက်ဘူး တစ်ခု ဆွဲထားပါတယ်။ သူကတော့ ဖန့် မိသားစု က ရွှေအမြုတေအဆင့် ကျွမ်းကျင်သူပါ။

နောက်ဆုံးတစ်ယောက်ကတော့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးပါ။

သူမဟာ လှပပြီး အလွန်တန်ဖိုးကြီးတဲ့ ဝတ်စုံကို ဝတ်ထားပါတယ်။

သူမမှာ တော်ဝင်အရှိန်အဝါ ရှိနေပါတယ်။ သူမကတော့ မဟာချန်း တော်ဝင်မိသားစု က ဖြစ်ပါတယ်။

ဒီ ရွှေအမြုတေအဆင့် သုံးယောက်အပြင် တောင်အောက်မှာလည်း တခြား အရှိန်အဝါ တချို့ကို ဖန့်ချန် ခံစားမိပေမဲ့ သူတို့ကတော့ တောင်ပေါ် တက်မလာကြပါဘူး။

"အမိတာဘ"

ဆရာတော် ချန်ယွမ်က လက်အုပ်ချီ နှုတ်ဆက်ပါတယ်။

"မတွေ့ရတာ ကြာပြီ ဒကာတို့"

"ဆရာတော် ချန်ယွမ် အားနာနေဖို့ မလိုပါဘူးခုနက ကျွန်တော် တရားထိုင်နေရင်း ဒီဘက်ကနေ တစ်ခုခုကို ခံစားမိလိုက်တာ ကျောင်းတော်ကနေ ရွှေရောင်အလင်းတန်း ထွက်လာတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီတုန်းက မြင်ကွင်းကို သတိရစေတယ်"

လို့ နှာခေါင်းချိတ်နဲ့လူက ပြုံးလျက် ပြောပါတယ်။

"ကျမ်းစာထဲကနေ တစ်ခုခုကို ထပ်ပြီး နားလည်သွားတာလား"

"ကံကောင်းလို့ အသိအမြင်တချို့ ရရှိခဲ့တာပါ ဒကာ"

ဆရာတော်က နှိမ့်ချစွာ ပြန်ပြောပါတယ်။

တော်ဝင်မိသားစုက အမျိုးသမီးက ဝင်ပြောပါတယ်။

"ကံကောင်းတာ ဟုတ်လား ကျွန်မတို့တွေ နှစ်ပေါင်း ရာနဲ့ချီ လေ့လာခဲ့တာတောင် ဘာမှ နားမလည်ခဲ့ကြဘူး ဒါပေမဲ့ ဆရာတော်ကတော့ ဒီကျမ်းစာကို အားကိုးပြီး သက်တမ်းကို တစ်နှစ် နှစ်ရာလောက် တိုးအောင် လုပ်နိုင်ခဲ့တယ် ဒါကို ကြည့်ရင် ကျမ်းစာက ဘယ်လောက် ထူးခြားတယ်ဆိုတာ သိသာပါတယ်"

သူမဟာ ခန်းမဆောင်ကို လေးနက်စွာ ကြည့်ပါတယ်။

နန်းတော်မှာလည်း ဒီကျမ်းစာရဲ့ မိတ္တူတွေ အများကြီးရှိပေမဲ့ ဘယ်သူမှ နားမလည်ခဲ့ကြပါဘူး။

ဒီကျမ်းစာကို နားလည်ဖို့ စွမ်းအားမြင့်ဗလာကျောင်းတော်ကို ဝင်မှ ရမှာလား လို့ သူမ တွေးနေမိပါတယ်။

သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဟာ အများဆုံး နှစ် ၂၀၀၊ ၃၀၀ ပဲ နေရပြီး၊ ရွှေအမြုတေအဆင့်တွေဟာ နှစ် ၅၀၀၊ ၆၀၀ လောက်ပဲ နေရပါတယ်။

ဝိညာဥ်သန္ဓေသားအဆင့် ရောက်မှသာ အနှစ် ၈၀၀ ကနေ ၁,၀၀၀ နီးပါး နေရတာပါ။

ဒါပေမဲ့ ဆရာတော် ချန်ယွမ်ကတော့ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်မှာပဲ ရှိပေမဲ့ အသက် ၄၀၀ ကျော်နေပြီ ဖြစ်ရာ ရွှေအမြုတေအဆင့် အဘိုးကြီးတွေနဲ့တောင် သက်တမ်း တူနေပါပြီ။

"နောက်ဆို ဆရာတော်က ကျွန်တော်တို့ အားလုံးထက် ပိုပြီး အသက်ရှည်နေဦးမှာပဲ"

လို့ နှာခေါင်းချိတ်နဲ့လူက သက်ပြင်းချရင်း ဆိုပါတယ်။

ဆရာတော်က ပြုံးလျက်

"ဒကာတို့ ကျမ်းစာကို လေ့လာချင်ရင် အချိန်မရွေး လာလို့ရပါတယ်၊ ငါ ကြိုဆိုပါတယ် စိတ်ကို အေးအေးထားပြီး ဗုဒ္ဓတရားတော်တွေကို လေ့လာတာက ကျမ်းစာကို ပိုနားလည်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်"

"ဗုဒ္ဓတရားတော် အဲ့ဒီလမ်းစဉ်က ငါတို့နဲ့ မကိုက်ပါဘူး"

ဖန့်မိသားစုက အဘိုးအိုက ခေါင်းခါရင်း ခန်းမထဲကို အမြန်ဝင်သွားပါတယ်။

ကျန်တဲ့ နှစ်ယောက်လည်း နောက်က လိုက်သွားကြပါတယ်။

သူတို့ သုံးယောက်ဟာ ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ရပ်ပြီး လက်ဖဝါးပေါ်က ကျမ်းစာကို စိုက်ကြည့်ကြပါတယ်။

ဆရာတော် ချန်ယွမ်ကတော့ သူတို့နောက်မှာ တိတ်တဆိတ် ရပ်နေပါတယ်။

တစ်ချိန်က ဒီကျမ်းစာဟာ ကျောင်းတော်ရဲ့ တန်ဖိုးအကြီးဆုံး ရတနာဖြစ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်နဲ့ အကြီးအကဲတွေပဲ ကြည့်ခွင့်ရှိခဲ့တာပါ။

အခုတော့ ကျောင်းတော်ကို လာတဲ့ ဘယ်သူမဆို၊ သာမန်လူတောင်မှ ဝင်ကြည့်လို့ ရနေပါပြီ။

ဒါဟာ လက်ရှိ ကျောင်းထိုင်ဆရာတော် ဖြစ်တဲ့ ချန်ယွမ်ရဲ့ ဆုံးဖြတ်ချက်ပါ။

ဒါဟာ ကျမ်းစာကို ကျောင်းတော်မှာ ဆက်ထားနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။

ခေတ္တအကြာမှာတော့ သူတို့ သုံးယောက်ဟာ ဘာမှမပြောဘဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပါတယ်။

သူတို့ ကျမ်းစာထဲက စာလုံးတိုင်းကို သိပေမဲ့ အတူတူ ပေါင်းလိုက်တဲ့အခါမှာတော့ တစ်ခုခု လိုအပ်နေသလို အမြဲ ခံစားနေရပါတယ်။

ဒီနေ့လည်း သူတို့အတွက် ဘာမှ ထူးမလာခဲ့ပါဘူး။

"ထားလိုက်တော့ ပြန်ပြီးတော့ သောက်စရာ ရှိတာ သွားသောက်ကြတာပေါ့"

ဖန့်မိသားစု အဘိုးအိုက သူ့ဘူးထဲက ဝိုင်ကို တစ်ငုံသောက်ရင်း ပြောပါတယ်။

ကျန်တဲ့ နှစ်ယောက်လည်း ခေါင်းငြိမ့်ပြပြီး ဆရာတော်ကို နှုတ်ဆက်ကာ လေထဲမှာပဲ ပျောက်ကွယ်သွားကြပါတယ်။

သူတို့ ထွက်သွားပြီးနောက် တောင်အောက်က ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် တက်လာကြပါတယ်။

ဒါပေမဲ့ ဖန့်ချန်ကတော့ သူတို့တွေကို ဂရုမစိုက်တော့ပါဘူး။

ဆရာတော် ချန်ယွမ်ဟာ ဒီကျမ်းစာရတနာကို နှစ်ပေါင်း ရာနဲ့ချီပြီး တစ်ယောက်တည်း ဘယ်လို ထိန်းသိမ်းခဲ့သလဲဆိုတာကို သူ လေးစားမိသွားပါတယ်။

ဘယ်သူမဆို ဆရာတော့်လိုမျိုး စွန့်လွှတ်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာ မဟုတ်ပါဘူး။

စိတ်အာရုံနဲ့အတူ ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲ ပြန်ဝင်လာပါတယ်။

သူ မျက်လုံးဖွင့်လိုက်ပြီး ဝူရုန့်ချိုးကို မေးပါတယ်။

"စီနီယာအစ်မ ဝူ အရင်တုန်းက ကျောင်းတော်မှာ ဘာဖြစ်ခဲ့တာလဲ အဲ့ဒါက ကျွန်တော့်ရဲ့ မိသားစု ဘိုးဘေးနဲ့ရော ပတ်သက်နေသလား"

ရှကျီ လည်း ဒါကို တွေးမိနေတာကြောင့် လေးနက်သွားပါတယ်။

ဆရာတော်က ဖန့်မိသားစုရဲ့ ပါရမီရှင်ဆီကို သွားလည်ခဲ့တယ်ဆိုကတည်းက ဇာတ်လမ်းတွေက ဆက်စပ်နေမှာ အသေအချာပါပဲ။

ဝူရုန့်ချိုးက ခေါင်းခါပြပါတယ်။

"ဆရာတော်က ဒီကိစ္စကို အသေးစိတ် ငါတို့ကို တစ်ခါမှ မပြောပြဖူးဘူး"

ရုတ်တရက် အပြင်ဘက်ကနေ ဆရာတော် ချန်ယွမ်ရဲ့ အသံ ထွက်ပေါ်လာပါတယ်။

"ဒကာဖန့် အပြင်ကို ခဏလောက် ထွက်ခဲ့ပေးပါဦး"

အခန်း ၃၁၆ - အတိတ်ဟောင်းမှ ရန်ငြိုးများ

ဖန့်ချန်သည် ရှကျီ၏ စူးစမ်းလိုသော အကြည့်များအောက်တွင် လက်ဖက်ရည်ခန်းမှ ထွက်လာပြီး ဆရာတော် ချန်ယွမ်၏နောက်သို့ လိုက်ကာ တရားထိုင်ခန်းတစ်ခုအတွင်းသို့ ဝင်ခဲ့သည်။

"ဒကာဖန့် မင်းမှာ ထက်မြက်တဲ့ အမြင်ရှိတယ်စွမ်းအားမြင့်ဗလာကျောင်းတော်နဲ့ မင်းရဲ့ ဘိုးဘေးကြားက ဆက်နွှယ်မှုကို မင်း ရိပ်မိနေပြီပဲ"

ဆရာတော် ချန်ယွမ်က ပြုံးလျက် ဆိုသည်။

ဖန့်ချန်ကလည်း ပြုံး၍ ပြန်ထူးလိုက်သည်။

"ရှကျီ လည်း ရိပ်မိနေတာပါ သူက ဒီတိုင်း မေးနေတာ မဟုတ်ပါဘူး"

ဆရာတော်က ခေါင်းအသာငြိမ့်သည်။

"ရှကျီ က စိတ်နေစိတ်ထား အရမ်းကောင်းတယ်ဒါပေမဲ့ ကံမကောင်းတာက ငါ သူ့ကို ဗုဒ္ဓတရားတော်တွေ မသင်ပေးနိုင်တာပဲ"

"ဆရာတော် အဲ့ဒီတုန်းက ဖြစ်ရပ်အကြောင်းကို ကျွန်တော့်ကို ပြောပြပေးလို့ ရမလား"

ဖန့်ချန်က တောင်းဆိုလိုက်သည်။

"တခြားသူဆိုရင်တော့ ငါ ပြောပြမှာ မဟုတ်ဘူး ဒါပေမဲ့ မင်းကတော့ မတူဘူး အဲ့ဒီဖြစ်ရပ်က လွန်ခဲ့တဲ့ ၃၉၄ နှစ် တိတိက ဖြစ်ခဲ့တာ အဲ့ဒီတုန်းက ငါက အသက် ခြောက်နှစ်ပဲ ရှိသေးတဲ့ ကိုရင်လေး တစ်ပါးပေါ့"

ဆရာတော် ချန်ယွမ်က အသက် လေးရာ ရှိနေပြီ ဟုတ်လား

ဖန့်ချန် အံ့ဩသွားရသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် သာ ရှိသော်လည်း အသက် လေးရာ ရှိနေခြင်းမှာ ထူးခြားလှသည်။

ဆရာတော့် သက်တမ်းမှာ ကုန်ဆုံးရန် အလှမ်းဝေးနေသေးပုံရပြီး ထို့ကြောင့်လည်း အင်အားစုအသီးသီးက ထိုနေရာကို မျက်စိကျနေကြခြင်း ဖြစ်မည်။

"အဲ့ဒီတုန်းက စွမ်းအားမြင့်ဗလာကျောင်းတော်က အရမ်း စည်ပင်ထွန်းကားခဲ့တာ ဗုဒ္ဓဘာသာဟာ အင်ပါယာရဲ့ နိုင်ငံတော်ဘာသာအဖြစ် ကြည်ညိုခံခဲ့ရတယ်"

" ကျောင်းတော်က ရွှေအမြုတေအဆင့် အကြီးအကဲ သုံးပါးစလုံးဟာ အင်ပါယာရဲ့ နိုင်ငံတော် ဆရာကြီးတွေပဲ သူတို့ရဲ့ ဦးဆောင်မှုအောက်မှာ ကျောင်းတော်ဟာ ပြန့်ပွားခဲ့ပြီး အိမ်တိုင်းလိုလို ဗုဒ္ဓကို ကိုးကွယ်ခဲ့ကြတယ်"

ဆရာတော်က အတိတ်ကို လွမ်းဆွတ်တမ်းတနေသော မျက်လုံးများဖြင့် ပြန်ပြောပြသည်။

"အဲ့ဒီအချိန်မှာပဲ ဖန့်မိသားစုကနေ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တယ် သူ့ရဲ့ ပါရမီက အံ့မခန်းပဲ"

"ခြောက်နှစ်သားမှာ ပထမဆုံး မသေမျိုးသွေးကြောကို စုစည်းနိုင်ခဲ့တယ်၊ ၁၃ နှစ်မှာ ချီသန့်စင်ခြင်း အဆင့် ၁၂ ကို ရောက်တယ်၊ ၁၅ နှစ်မှာတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်"

"ဒါကြောင့်လည်း သူဟာ ဂိုဏ်းကြီးတစ်ခုရဲ့ သတိပြုမိခြင်းကို ခံခဲ့ရပြီး အဲ့ဒီဂိုဏ်းက သူ့ကို တပည့်အဖြစ် ခေါ်ယူသွားခဲ့တယ် အားလုံးကတော့ အဲ့ဒီဂိုဏ်းဟာ အဆင့် ၁ အင်ပါယာ က ဂိုဏ်းတစ်ခုလို့ ခန့်မှန်းခဲ့ကြတယ်"

အဆင့် ၁ အင်ပါယာ ဟုတ်လား ငါ့ဘိုးဘေးက အဲ့ဒီလို နေရာက ဂိုဏ်းဝင်တစ်ယောက် ဖြစ်ခဲ့တာလား ဖန့်ချန် အံ့ဩသွားသည်။

"သူ အဲ့ဒီဂိုဏ်းကို ၁၅ နှစ်သားမှာ ဝင်ခဲ့တာ အင်ပါယာကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူက အသက် ၃၀ ကျော်ပဲ ရှိသေးတယ် ဒါပေမဲ့ အဲ့ဒီအချိန်မှာ သူက ရွှေအမြုတေအဆင့် ကျွမ်းကျင်သူ ဖြစ်နေပြီ"

" ငါ အဆင့် ၁ အင်ပါယာကို မရောက်ဖူးပေမဲ့ သူ့ရဲ့ ပါရမီအရဆိုရင် အဲ့ဒီမှာတောင် သူက ပါရမီရှင်တွေထဲက ပါရမီရှင် ဖြစ်လိမ့်မယ်လို့ ငါ ကောက်ချက်ချနိုင်တယ်"

"တကယ်လို့ အဲ့ဒီဖြစ်ရပ်သာ မဖြစ်ခဲ့ရင် အခုဆိုရင် သူ့ရဲ့ ကျင့်ကြံမှုဟာ မှန်းဆလို့မရတဲ့ အဆင့်ထိ ရောက်နေလောက်ပြီ"

ဆရာတော် ချန်ယွမ်က သက်ပြင်းချလိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ရင် စွမ်းအားမြင့်ဗလာကျောင်းတော်က သူ့အပေါ် မှားခဲ့တယ် ဖန့်မိသားစုက မှားခဲ့တယ် ကျွယ်မိသားစုက မှားခဲ့သလို မဟာချန်း အင်ပါယာကလည်း သူ့အပေါ် မှားခဲ့တယ်"

"ဆရာတော် တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ"

ဖန့်ချန် မနေနိုင်ဘဲ မေးလိုက်သည်။

သူ့ဘိုးဘေးသည် ဤအင်အားစုများ၏ လှည့်စားခြင်းကို ခံခဲ့ရသည်လော

သို့သော် မဟာချန်းအင်ပါယာမှ ကျင့်ကြံသူများက အဆင့် ၁ အင်ပါယာမှ ဂိုဏ်းဝင်ဖြစ်သော ရွှေအမြုတေ ကျင့်ကြံသူကို မည်သို့ ရဲရဲတင်းတင်း လက်ဖျားထိရဲကြသနည်း

"အရမ်းကို ရှုပ်ထွေးပါတယ် ငါ သိသလောက် ခန့်မှန်းရရင်တော့ သူဟာ အဆင့် ၁ အင်ပါယာမှာ အစွမ်းထက်တဲ့ ရန်သူတစ်ယောက်ကို စော်ကားမိခဲ့ပုံရတယ်"

"စွမ်းအားမြင့်ဗလာကျောင်းတော်က ရွှေအမြုတေ အကြီးအကဲ သုံးပါးဟာ ခြိမ်းခြောက်ခံရပြီး သူ့ကို ကျင့်ကြံမှုတွေ ပျက်စီးစေမယ့် လက်ဖက်ရည်ကို တိုက်ဖို့ လှည့်စားခဲ့ကြတယ်"

"သူ အဲ့ဒီတုန်းက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်လို့ ဆက်သွယ်ရေး အဆောင် တွေကို သုံးခဲ့ပေမဲ့ ကျွယ်မိသားစု ဖန့်မိသားစုနဲ့ မဟာချန်း အင်ပါယာ တစ်ခုမှ ဝင်မကူညီခဲ့ကြဘူး"

ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်။

"ခဏအတွင်းမှာပဲ သူ့ရဲ့ ရွှေအမြုတေက အက်ကွဲသွားပြီး ကျင့်ကြံမှုတွေက အခြေခံတည်ဆောက်ခြင်း အဆင့်ထိ ထိုးကျသွားခဲ့တယ်"

"ငါက အဲ့ဒီတုန်းက ငယ်သေးပေမဲ့ အကြီးအကဲ တစ်ပါးက ငါ့ကို ဘေးမှာ ခေါ်ထားလို့ ဒါတွေကို ကိုယ်တိုင် မြင်ခဲ့ရတာ အကြီးအကဲ သုံးပါးစလုံး အရမ်းကို နောင်တရခဲ့ကြတယ်"

"တစ်ပါးကတော့ ထိုနေရာမှာတင် ပျံလွန်တော်မူသွားခဲ့တယ် ကျန်တဲ့ နှစ်ပါးကတော့ စွမ်းအားမြင့်ဗလာကျောင်းတော်ကို နှစ်တစ်ထောင် ပိတ်ထားမယ်လို့ ကြေညာခဲ့တယ်"

"ဒါဆို ကျွန်တော့် ဘိုးဘေးကရော"

ဖန့်ချန်က တိုးတိုးလေး မေးသည်။

"သူ တောင်ပေါ်က ဆင်းပြီး ဖန့်မိသားစုဆီ ပြန်သွားခဲ့ပေမဲ့ ဖန့်မိသားစုရဲ့ ဘိုးဘေးက သူ့ကို မိသားစုကနေ နှင်ထုတ်လိုက်တယ် အဲ့ဒီနောက်မှာတော့ သူ ထွက်သွားခဲ့ပြီး ဘယ်ရောက်သွားလဲဆိုတာ နှစ်ပေါင်းများစွာ ဘယ်သူမှ မသိခဲ့ကြဘူး"

ဆရာတော်က မျက်လုံးမှိတ်လျက် ပြောသည်။

"ဒါဆို ကျောင်းတော်ကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး ကျင့်ကြံသူကရော ဘယ်သူလဲ"

"အဲ့ဒီ အမျိုးသမီး ကျင့်ကြံသူက သူက မင်းရဲ့ ဘိုးဘေးနဲ့ သိတဲ့သူ ဖြစ်ရမယ် သူက ဘိုးဘေးအတွက် တရားမျှတမှု လာတောင်းတာ အမှန်တရားကို သိလိုက်ရတဲ့အခါမှာ သူက ကျန်နေတဲ့ အကြီးအကဲ နှစ်ပါးကို ဓားတစ်ချက်တည်းနဲ့ ခေါင်းဖြတ်သတ်ခဲ့တယ်"

"မင်း သိတဲ့အတိုင်း ငါတစ်ယောက်ပဲ ကံကောင်းလို့ အသက်ရှင်ခဲ့တာ ဒါပေမဲ့ အဲ့ဒီနေ့ကစပြီး ငါဟာ ဘယ်သူ့ကိုမှ ဗုဒ္ဓတရားတော်တွေ မသင်ကြားပေးနိုင်တော့ဘူး"

" ငါ သေသွားရင် စွမ်းအားမြင့်ဗလာကျောင်းတော်ရဲ့ အမွေအနှစ်လည်း ငါနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်"

ဟု ဆရာတော်က သက်ပြင်းချကာ ဆိုသည်။

"ဘိုးဘေးရဲ့ နောက်ကွယ်က ဂိုဏ်းကရော ဒါကို လာမစုံစမ်းဘူးလား"

ဖန့်ချန် တွေးတောမိသည်။

"မလာဘူး အဲ့ဒီနေ့ကစပြီး အဲ့ဒီ အမျိုးသမီး ကျင့်ကြံသူလည်း ပြန်မလာတော့ဘူး မင်းရဲ့ ဘိုးဘေးကိုလည်း မတွေ့ရတော့ဘူး သူ့ဂိုဏ်းကလည်း ပေါ်မလာတော့ဘူး အားလုံးက ဒီဖြစ်ရပ်ကြီး တစ်ခုလုံး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလိုမျိုးပဲ"

ဟု ဆရာတော်က ဆိုသည်။

စွမ်းအားမြင့်ဗလာကျောင်းတော် သတ်ဖြတ်ခံရတာကလွဲရင်ပေါ့ ဟု ဖန့်ချန် တွေးလိုက်သည်။

အခြေအနေတစ်ခုလုံးမှာ အရမ်းကို ထူးဆန်းနေသည်။

အကယ်၍ ဖန့်ချန်၏ ဘိုးဘေးက တစ်စုံတစ်ယောက်ကို စော်ကားမိခဲ့လျှင် ထိုသူက ဘာကြောင့် ထိုမျှ လှည့်ပတ်ပြီး အကွက်ဆင်ခဲ့ရသနည်း သူ့နောက်ကွယ်က ဂိုဏ်းကို ကြောက်လို့လား ဒါပေမဲ့ ဂိုဏ်းကလည်း ဘာကြောင့် ဘာမှ ဝင်မပါခဲ့သနည်း

ဖြစ်နိုင်သည်မှာ အမှန်တရားကို သိချင်လျှင် ထိုအမျိုးသမီး ကျင့်ကြံသူကို တွေ့မှသာ ဖြစ်ပေလိမ့်မည်။

"ဒကာဖန့် အခုလက်ရှိ ဖန့်မိသားစုရဲ့ ဘိုးဘေးက မင်းရဲ့ ဘိုးဘေးရဲ့ ညီအရင်းပဲ အဲ့ဒီတုန်းက ဖန့်မိသားစုက ပြောခဲ့ဖူးတယ် တကယ်လို့ မင်းရဲ့ ဘိုးဘေးကနေ ဆင်းသက်လာတဲ့ မျိုးဆက် တစ်ယောက်ယောက်ကသာ ကျင်ါကြံခြင်းလမ်းစဉ်ပေါ် ခြေချနိုင်ရင် မိသားစုဝင်အဖြစ် ပြန်လက်ခံမယ်လို့ ဒါက ဒကာဖန့်အတွက် အခွင့်အရေး တစ်ခုပဲ"

ဟု ဆရာတော်က ဆိုသည်။

ဖန့်ချန် ခေါင်းငြိမ့်လိုက်သည်။

သူ၏ အဖိုးသည်လည်း မိသားစု၏ အသိအမှတ်ပြုမှုကို လိုလားခဲ့သူ ဖြစ်သဖြင့် ၎င်းမှာ အဖိုး၏ ဆန္ဒကို ဖြည့်ဆည်းပေးရာ ရောက်ပေမည်။

ထို့ပြင် ဖန့်မိသားစုသည် ထိုစဉ်က ဖြစ်ရပ်ကို ပို၍ သိနိုင်သဖြင့် ၎င်းမှာ အချက်အလက် ရှာဖွေရန် အခွင့်အရေးလည်း ဖြစ်သည်။

ဒါကို ရှကျီ နဲ့ တိုင်ပင်ကြည့်ရမယ်၊ သူက ဒီလိုကိစ္စတွေမှာ တွေးခေါ်နိုင်စွမ်း ရှိတယ် ဟု ဖန့်ချန် တွေးလိုက်သည်။

ဆရာတော် ချန်ယွမ်က စကားပြောခြင်းကို ရပ်လိုက်ပြီး မျက်လုံးမှိတ်ကာ ဗုဒ္ဓကျမ်းစာများကို တိုးတိုးလေး ရွတ်ဖတ်နေတော့သည်။

၎င်းမှာ ဆရာတော်၏ နှုတ်ဆက်သည့် နည်းလမ်းဖြစ်ကြောင်း ဖန့်ချန် သိသဖြင့် ထွက်ခွာရန် ထလိုက်သည်။

သို့သော် တံခါးဝသို့ ရောက်သောအခါ သူ ခေတ္တရပ်လိုက်သည်။

ဖန့်ချန်က လှည့်ကြည့်ကာ မေးလိုက်သည်

"ဆရာတော် ဆရာတော် အဲ့ဒီတုန်းက ရှာဖွေခဲ့တဲ့ တစ်ဖက်ကမ်း က ဘာလဲဟင်"

ဆရာတော် ချန်ယွမ်က ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ခါးသက်သက် အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။

"ငါ ဗုဒ္ဓတရားတော်တွေကို ပြန်လည် သင်ကြားပေးနိုင်ဖို့နဲ့ စွမ်းအားမြင့်ဗလာကျောင်းတော်ကို ပြန်လည် ရှင်သန်လာအောင် လုပ်ပေးနိုင်ဖို့ပါပဲ"

ရှကျီ သည် အပြင်ဘက်တွင် အတော်ကြာအောင် စောင့်နေခဲ့သည်။

ဖန့်ချန် ထွက်လာသည်ကို မြင်သောအခါ သူ အပြေးအလွှား လာခဲ့သည်။

"နည်းနည်းတော့ ရှုပ်ထွေးတယ် နားထောင်ပြီးမှ မင်း ဘယ်လိုထင်လဲ ပြောပြ"

ဖန့်ချန်က ရှကျီကို အနီးရှိ သစ်ပင်အိုကြီးတစ်ပင်အောက်သို့ ခေါ်သွားကာ ဆရာတော် ပြောပြသမျှကို ပြန်ပြောပြလိုက်သည်။

ဖန့်ချန် စကားဆုံးသွားသောအခါ ရှကျီ ၏ မျက်နှာမှာ လေးနက်သွားသည်။

"အဆင့် ၁ အင်ပါယာထဲက တစ်စုံတစ်ယောက်က မင်းရဲ့ ဘိုးဘေးကို လုပ်ကြံချင်ပေမဲ့ တိုက်ရိုက် မလုပ်ရဲဘူး ဆိုလိုတာက သူတို့ ကြောက်ရတဲ့ အရာတစ်ခုခု ရှိနေလို့ပဲ"

"မင်းရဲ့ ဘိုးဘေးဂိုဏ်းက လူမလွှတ်ဘဲနဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီး ကျောင်းတော်ကို သတ်ဖြတ်သွားတယ်"

" ဒါဆို ဖြစ်နိုင်တာက မင်းရဲ့ ဘိုးဘေးကို အကွက်ဆင်တဲ့လူဟာ အဲ့ဒီ အမျိုးသမီးနဲ့ သူ့နောက်ကွယ်က အင်အားကို ကြောက်နေတာ ဖြစ်ရမယ်"

ရှကျီ က ဖန့်ချန်ကို ကြည့်ကာ ဆက်ပြောသည်

"ဆိုလိုတာက မင်းရဲ့ ဘိုးဘေးကို အကွက်ဆင်တဲ့သူဟာ သူ့ရဲ့ ဂိုဏ်းတူ ညီအစ်ကို တစ်ယောက်ယောက်များ ဖြစ်နေမလား"

ဖန့်ချန် ခေတ္တစဉ်းစားပြီး

"မင်း ဆိုလိုတာက ငါ့ဘိုးဘေးကို လုပ်ကြံတဲ့သူက သူ့ဂိုဏ်းထဲက လူပဲလို့လား"

ရှကျီ ခေါင်းငြိမ့်သည်။

"အဲ့ဒါမှမဟုတ်ရင် ဘိုးဘေးရဲ့ ဂိုဏ်းက ဘာလို့ ဒီကိစ္စမှာ တိတ်ဆိတ်နေရတာလဲဆိုတာ တွေးစရာ မရှိဘူး အဲ့ဒီလူဟာ ဂိုဏ်းထဲမှာ ရာထူးကြီးတဲ့သူ ဖြစ်ရမယ်"

"ဒါကြောင့်လည်း မင်းဘိုးဘေးက ဂိုဏ်းကို ပြန်မသွားဘဲ ဝေးလံတဲ့အရပ်ကို ထွက်သွားခဲ့ရတာ ဒါက မနာလိုမှုကနေ ဖြစ်လာတဲ့ ပြိုင်ဘက်ကို ဖယ်ရှားတဲ့ ကိစ္စပဲ ဖြစ်ရမယ်"

ရှကျီ က ဖန့်ချန်ကို ခဏလောက် ကြည့်ပြီးမှ သတိပေးလိုက်သည်။

"ဖန့်ချန် ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီက အတိတ်က ရန်ငြိုးတွေပဲ မင်း ဒီထဲမှာ ဝင်မပါတာ အကောင်းဆုံးပဲ အဆင့် ၁ အင်ပါယာထဲက ဂိုဏ်းတွေက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး"

All Chapters