အခန်း (၃၁၇-၃၁၈)
Vol. 32 Ch. 317-318
အခန်း ၃၁၇ - ကျွယ်ဝူတီ
ရှကျီ က သူ့ကို စိုးရိမ်နေမှန်း ဖန့်ချန် သိတာကြောင့် သူ့ပုခုံးကို အသာအယာ ပုတ်လိုက်ပါတယ်။
"စိတ်မပူပါနဲ့ ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်"
ရှကျီ ခေါင်းအသာငြိမ့်ပါတယ်
"လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီက ဖြစ်ရပ်ဆိုပေမဲ့ အခုထိ သတင်းအစအနတချို့ ထွက်နေတုန်းပဲ ငါ မင်းအတွက် အဲ့ဒီသတင်းတွေကို စောင့်ကြည့်ပေးပါ့မယ်သဲလွန်စတွေ စုမိရင် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအရပ်ရပ်ကို ငါတို့ ပုံဖော်နိုင်မှာပါ"
"မင်းရဲ့ ကျင့်ကြံမှုကိုတော့ အထိခိုက်မခံပါနဲ့ဦး"
ဖန့်ချန်က ဆိုပါတယ်
ရှကျီ က ပြုံးပြီး
"ရပါတယ် ငါ့အဆင့်က အဲ့လောက်မမြင့်သေးသလို ငါလည်း အတတ်နိုင်ဆုံး ကြိုးစားမှာပါ ပြီးတော့ ငါ့မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် ရှိနေတာ ငါက ကျန်ရစ်ခဲ့ချင်ရင်တောင် ခက်ဦးမယ်"
လို့ ပြောရင်း ထရပ်လိုက်ပါတယ်။
"ငါ တောင်အောက်ဆင်းတော့မယ် လမ်းကြုံရင် ဆေးလုံးတွေနဲ့ ရတနာတချို့ပါ ဝယ်ရမယ်"
"ငါလည်း လိုက်ခဲ့မယ် ကောင်းကင်ရတနာခန်းမ ကို သွားစရာ ရှိတာနဲ့ အတော်ပဲ"
"ဖန့်မိသားစုဆီ မသွားသေးဘူးလား"
ရှကျီ က မေးပါတယ်
ဖန့်ချန်က ပြုံးလျက်
"ငါတို့က မဟာချန်း တော်ဝင်မြို့တော်ထဲ ရောက်နေပြီပဲ၊ အလောတကြီး လုပ်စရာ မလိုပါဘူး ဖန့်မိသားစုက ဘယ်မှ ထွက်ပြေးမှာ မဟုတ်ဘူး"
သူတို့နှစ်ဦးဟာ တောင်ပေါ်ကနေ ဆင်းလာပြီး မြို့တွင်းပိုင်းဆီ ဦးတည်ခဲ့ကြပါတယ်။
လမ်းမှာ ဖန့်ချန် သိလိုက်ရတာကတော့ မြို့တွင်းထဲကို ဝင်ချင်တဲ့ ကျင့်ကြံသူတိုင်း ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရပြီး ညအိပ်တည်းခိုခွင့် မရှိဘူးဆိုတာပါပဲ။
သာမန်လူတွေအတွက်တော့ စည်းကမ်းက အဲ့လောက် မတင်းကျပ်ပေမဲ့ မြို့တွင်းထဲမှာ အလုပ်လုပ်နေတဲ့ အဖွဲ့စည်းတစ်ခုခုရဲ့ ဝန်ထမ်း မဟုတ်ရင်တော့ ဝင်ခွင့်မရှိပါဘူး။
"သူက ခင်ဗျားတို့ စွမ်းအားမြင့်ဗလာကျောင်းတော်ရဲ့ ဧည့်သည်လား ဒါဆို ကျောင်းတော်ရဲ့ အောက်မှာပဲ သူ့ကို စာရင်းသွင်းပေးမယ် သူ မြို့ထဲမှာ ဥပဒေချိုးဖောက်ရင် ခင်ဗျားတို့ ကျောင်းတော်မှာ တာဝန်ရှိတယ်နော်"
လို့ မြို့တံခါးက စစ်သားတစ်ယောက်က ဖန့်ချန်ကို တစ်ချက်ကြည့်ရင်း ပြောပါတယ်။
သူဟာ စာရွက်ပေါ်မှာ မှတ်တမ်းတင်ပြီး ရှကျီ ကို ထပ်မံ သတိပေးပြီးနောက်မှာတော့ သူတို့ကို ပေးဝင်လိုက်ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် အဆင့်မြင့်တဲ့ အင်ပါယာတွေဟာ ကျင့်ကြံသူတွေကို ကိုင်တွယ်ရာမှာ စည်းကမ်းတွေ ပိုပြီး တင်းကျပ်တာကို ဖန့်ချန် သတိပြုမိပါတယ်။
ကျင့်ကြံသူတွေအနေနဲ့ ဒီလိုနေရာတွေမှာ လွတ်လပ်မှု သိပ်မရှိနိုင်တာကြောင့် အေးချမ်းတဲ့ နိဗ္ဗာန်ဘုံတစ်ခုခုမှာ နေပြီး ကျင့်ကြံတာက ပိုကောင်းပါတယ်။
ဒါပေမဲ့ အားနည်းချက်ကတော့ ကျင့်ကြံဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို အလွယ်တကူ မရနိုင်တာပါပဲ။
မဟာချန်း တော်ဝင်မြို့တော်မှာ နေရင်တော့ အရင်းအမြစ် ရှာရတာ မခက်ပါဘူး။
ဝိညာဉ်ကျောက်တုံးသာ ရှိရင် ကောင်းကင်ရတနာခန်းမ လိုမျိုး လုပ်ငန်းတွေဆီကနေ လိုချင်တာ အကုန်ရနိုင်ပါတယ်။
သူတို့ လက်ဖက်ရည်ဆိုင်တစ်ခုကို ဖြတ်အသွားမှာတော့ ဒုတိယထပ်ကနေ အသံတစ်သံ ထွက်လာပါတယ်။
"ဟော ဟိုမှာ ရှကျီ မဟုတ်လား"
"အစ်ကိုကြီးကျွယ် ကျွန်တော် အောက်ဆင်းပြီး သူ့ကို ခေါ်လာပေးမယ်"
ဖန့်ချန်နဲ့ ရှကျီ တို့ မော့ကြည့်လိုက်တဲ့အခါ လက်ဖက်ရည်ဆိုင် ဒုတိယထပ်မှာ လူငယ် တစ် စုကို တွေ့လိုက်ရပါတယ် လင်းယုလည်း အဲ့ဒီထဲမှာ ပါနေပါတယ်။
လင်းယုရဲ့ ဘေးမှာတော့ ပြတ်သားတဲ့ မျက်နှာထားရှိတဲ့ လူငယ်တစ်ယောက် ရှိနေပါတယ်။
သူ့ဆီကနေ နက်ရှိုင်းပြီး ခန့်မှန်းရခက်တဲ့ အရှိန်အဝါတွေ ထွက်နေကာ သူဟာ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ကို ရောက်နေတာ သိသာပါတယ်။
ထိုလူငယ်က ရှကျီကို ခပ်ဖျော့ဖျော့ ကြည့်ပြီးနောက် ဖန့်ချန်ဆီ အကြည့်ပို့ကာ ပြုံးလျက် ခေါင်းငြိမ့်ပြပါတယ်။
"ဒီကောင်က မျက်နှာဖုံးချွတ်လိုက်တော့ တကယ်ကို ရုပ်ချောသားပဲ"
လို့ လင်းယုက ခပ်ရွရွ ပြောလိုက်ပါတယ်။
မကြာခင်မှာပဲ လူငယ်တစ်ယောက်ဟာ ဖန့်ချန်တို့ဆီ ရောက်လာပြီး
"သူငယ်ချင်းတို့ အစ်ကိုကြီးကျွယ်က ဖိတ်ကြားလိုက်ပါတယ်"
လို့ ယဉ်ယဉ်ကျေးကျေး ပြောပါတယ်။
"ငါတို့ အလုပ်ရှုပ်နေတယ် အရေးမကြီးရင် အချိန်မဖြုန်းပါနဲ့"
လို့ ရှကျီ က အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ်။
ထိုလူငယ်ရဲ့ မျက်နှာ တင်းမာသွားပြီး
"ရှကျီ အလိုက်မသိ မလုပ်စမ်းနဲ့ အစ်ကိုကြီးကျွယ်က မင်းရဲ့ အပုပ်ချမှုတွေကို အတော်လေး သည်းခံပေးခဲ့ပြီးပြီ အခုက ကိစ္စတွေကို လက်ဖက်ရည်သောက်ရင်း ပြေလည်အောင် ရှင်းဖို့ ဖိတ်တာ"
"လက်ဖက်ရည်ကတော့ ဝအောင် သောက်လာခဲ့ပြီမို့ မလိုတော့ဘူး"
ဖန့်ချန်က ပြုံးလျက် ပြောပြီး ရှကျီ နဲ့အတူ ထိုလူကို ကျော်ဖြတ်ကာ ကောင်းကင်ရတနာခန်းမဘက်ကို ဆက်လျှောက်သွားပါတယ်။
ထိုလူငယ်မှာတော့ မျက်နှာတစ်ခုလုံး ဖြူဖျော့လိုက် နီမြန်းလိုက်နဲ့ ကျန်ရစ်ခဲ့ပါတယ်။
ဒုတိယထပ်က လူငယ်တွေကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး ဒေါသထွက်နေကြပါတယ်။
"ဒီနှစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ ဘယ်သူထင်နေလဲ မသိဘူး"
"ရှကျီ က တကယ်ကို ရဲတင်းလွန်းတယ်"
"အစ်ကိုကြီးကျွယ် ခင်ဗျား ဒီလောက်အထိ သည်းခံမနေသင့်တော့ဘူး သူတို့ကို သင်ခန်းစာပေးမှ ဖြစ်မယ် မဟုတ်ရင် တခြားသူတွေလည်း ခင်ဗျားကို အပုပ်ချဖို့ ဝန်လေးမှာ မဟုတ်တော့ဘူး"
"ဟုတ်တယ် အစ်ကိုကြီး ခင်ဗျားက သူတို့ကို ကူညီပေးခဲ့တာတောင် သူတို့က ကျေးဇူးမသိရုံတင်မကဘူး ခင်ဗျားကို ကျောခိုင်းသွားကြသေးတယ်"
ထိုကျင့်ကြံသူတွေရဲ့ စကားကို ကြားတော့ ကျွယ်ဝူတီ က ဖန့်ချန်တို့ဆီက အကြည့်လွှဲပြီး လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပါတယ်။
"အားလုံးပဲ စကားဆိုတာ သူတစ်ပါးရဲ့ ပါးစပ်က ထွက်တာပါ ငါ ဒါကို မထိန်းချုပ်နိုင်ဘူး ဒီကိစ္စကို စိတ်ထဲမထားကြပါနဲ့ လက်ဖက်ရည်ကိုပဲ ဆက်သောက်ကြပါ"
"မင်းတို့ ကျင့်ကြံမှုမှာ တိုးတက်ချင်ရင် ခန္ဓာကိုယ်တင်မကဘူး စိတ်ဓာတ်ကိုပါ ကျင့်ကြံရမယ် စိတ်နေစိတ်ထားက မမှီရင် နောက်တစ်ဆင့်ကို ဘယ်လို တက်လှမ်းနိုင်မလဲ"
လူအုပ်ကြီး ခေတ္တမျှ မှင်တက်သွားပြီးနောက် အားကျတဲ့ မျက်နှာထားတွေ ဖြစ်သွားပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်လုံးတွေက တောက်ပနေပါတယ်။
ဒါဟာ အစ်ကိုကြီးကျွယ်ပဲ စိတ်နှလုံး ကျယ်ပြန့်တဲ့သူ အပုပ်ချခံရရင်တောင် ဒီလောက် တည်တည်ငြိမ်ငြိမ် ရှိနိုင်တယ်
"အစ်ကိုကြီးကျွယ် ကျွန်တော်တို့ ခင်ဗျားကို အရမ်းလေးစားပါတယ် ကျွန်တော်တို့သာဆိုရင် ဒီအရှက်ခွဲမှုကို ခံနိုင်မှာ မဟုတ်ဘူး"
လို့ လင်းယုက သက်ပြင်းချရင်း ဆိုပါတယ်။
တခြားသူတွေကလည်း ခေါင်းငြိမ့် ထောက်ခံကြပါတယ်။
"လက်ဖက်ရည်သောက်ပြီးရင် ပြန်ပြီး ကျင့်ကြံကြတော့ မကြာခင်မှာ ကုန်သွယ်မှု ညီလာခံ လာတော့မယ် မဟုတ်လား ဒါက အဆင့် ၄ အင်ပါယာတွေက ပညာရှင်တွေနဲ့ အဆင့် ၅ အင်ပါယာတွေက စီနီယာတွေကို တွေ့ဖို့ အခွင့်အရေးပဲ"
"ဆေးလုံးဆရာကြီးတွေ လက်နက်ဆရာကြီးတွေအဆောင်ရေးတဲ့ ဆရာကြီးတွေတောင် လာကြလိမ့်မယ်"
ကျွယ်ဝူတီက ပြုံးလျက် ဆိုပါတယ်။
"သူတို့ဆီမှာ တပည့်အဖြစ် ဝင်ခွင့်ရရင် မင်းတို့ရဲ့ မသေမျိုး လမ်းစဉ်က အများကြီး ချောမွေ့သွားလိမ့်မယ် အဲ့လိုမှမဟုတ်ရင်တောင် ဝိညာဉ်ကျောက်တုံးတွေ ပြင်ထားကြ ရှားပါးတဲ့ ဝိညာဉ်ဆေးပင်တွေ ဝယ်နိုင်ရင် မင်းတို့အတွက် အကျိုးရှိမှာပဲ"
အားလုံးက နားလည်ကြောင်း ခေါင်းငြိမ့်ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဖန့်ချန်နဲ့ ရှကျီ တို့ဟာ ကောင်းကင်ရတနာခန်းမကို ရောက်နေပါပြီ။
အရောင်းစာရေးတစ်ယောက် သူတို့ဆီ လာပါတယ်။
"ဘာများ လိုအပ်ပါသလဲ ခင်ဗျာ"
"ဝိညာဉ်အဆီအနှစ်ဆေးလုံး ရှိလား"
လို့ ရှမင်က မေးလိုက်ပါတယ်။
စာရေးရဲ့ မျက်လုံးတွေ တောက်သွားပါတယ်။
ဒါဟာ အဝါရောင်အဆင့် အလယ်လတ် စားဆေးလုံးဖြစ်ပြီး ချီသန့်စင်ခြင်းနဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေအတွက် အရမ်းကောင်းပါတယ်။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် သောက်သုံးရင် လပေါင်းများစွာ ကြိုးစားကျင့်ကြံရတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။
ဒီဆေးလုံးက ဖော်စပ်ရခက်ပြီး ဆေးလုံးဆရာကြီး ရှားပါးတာကြောင့် ဈေးကြီးသလို အမြတ်လည်း အများကြီး ထွက်ပါတယ်။
"ဧည့်သည်တော် ဒီနေ့ ဝိညာဉ်အဆီအနှစ်ဆေးလုံး တစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၀ ကျသင့်ပါမယ် ဘယ်နှစ်လုံးလောက် ယူမလဲ ခင်ဗျာ"
"ဆယ်လုံး ပေးပါ"
လို့ ရှကျီက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
လာမယ့် ကုန်သွယ်မှုညီလာခံအတွက် ကျောက်တုံးတွေ ချန်ထားရဦးမှာမို့ သူ အများကြီး မဝယ်သေးပါဘူး။
"ဆယ်လုံး ဟုတ်လား"
စာရေးမှာ အံ့ဩသွားပါတယ်။
ဒီလို သာမန်ဝတ်ဆင်ထားတဲ့ လူငယ်က ဝိညာဉ်ကျောက်တုံး ၉၀၀ ကို ထုတ်ပေးနိုင်မယ်ဆိုတာ မယုံနိုင်စရာပါ။
အဲ့ဒီပမာဏက အဝါရောင်အဆင့် အလယ်လတ်စား ရတနာတစ် ခုတောင် ဝယ်လို့ရပါတယ်။
အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ အများစုတောင် အဲ့ဒီလောက် ပမာဏကို ချက်ချင်း မထုတ်နိုင်ကြပါဘူး။
သူ စိတ်ကို ပြန်ထိန်းပြီး
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျာ"
လို့ အရင်ကထက် ပိုပြီး ရိုရိုသေသေ ဖိတ်ခေါ်လိုက်ပါတယ်။
"မင်း အရင်သွားနှင့် ငါ ဝယ်စရာရှိတာ ဝယ်လိုက်ဦးမယ်"
ဖန့်ချန်က ရှကျီ ကို ပြုံးပြပြီး
"ပြီးရင် တံခါးဝမှာ ဆုံကြတာပေါ့"
လို့ ဆိုပါတယ်။
ရှကျီ ခေါင်းငြိမ့်ပြီး စာရေးနောက် လိုက်သွားပါတယ်။
ဖန့်ချန်အတွက် နောက်ထပ် စာရေးတစ်ယောက် ချက်ချင်း ရောက်လာပါတယ်။
ဒီနေရာက ဝန်ဆောင်မှုက ချင်းဟူအင်ပါယာက ဆိုင်ထက် အများကြီး ပိုကောင်းပါတယ်။
"ဘာဝယ်ချင်လို့လဲ ခင်ဗျာ"
ဖန့်ချန် ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ ပထမထပ်မှာ ရောင်းနေတဲ့ ပစ္စည်းတွေကအဆင့်နိမ့် အဝါရောင်အဆင့်တွေပဲ ဖြစ်နေတာကို တွေ့ရပါတယ်။
"ဒီမှာ အဆောင်တွေ ပြန်ဝယ်လား"
စာရေးက မျက်မှောင်ကြုတ်လိုက်ပါတယ်။ ပစ္စည်းလာရောင်းတာလား
သူက လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်ပါတယ်။
"ရောင်းချင်ရင် ဟိုဘက်က တာဝန်ခံ ဝူ ဆီ သွားလိုက်ပါ သူက အဲ့ဒီကိစ္စတွေကို တာဝန်ယူတာပါ"
ထိုသို့ပြောပြီးနောက် စာရေးဟာ တခြား ဧည့်သည်အသစ်တစ်ယောက်ဆီကို အပြေးအလွှား သွားရောက် ကြိုဆိုလိုက်ပါတယ်။
ဖန့်ချန်ဟာ တာဝန်ခံ ဝူဆီ သွားတဲ့အခါ သူဟာ တခြား ဖောက်သည်တစ်ယောက်ဆီကနေ ပစ္စည်းတွေ ဝယ်နေတာ တွေ့ရပါတယ်။
သူဟာ အလွန်အေးစက်တဲ့ ပုံစံရှိပြီး ဈေးကိုလည်း နှိမ်ဝယ်နေပါတယ်။ ဒါပေမဲ့ ရောင်းတဲ့လူကလည်း ဘာမှ မပြောရဲပါဘူး။
ထိုဖောက်သည် သွားပြီးနောက်မှာတော့ တာဝန်ခံ ဝူက စောင့်နေတဲ့ ဖန့်ချန်ကို ကြည့်ပြီး အေးစက်စွာ မေးလိုက်ပါတယ်။
"ဘာရောင်းချင်လို့လဲ"
အခန်း ၃၁၈ - လုယက်မှု
"ကျုပ် မှာ ရောင်းချင်တဲ့ အဆောင်တချို့ ရှိလို့ပါ"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်သည်။
တာဝန်ခံ ဝူက မျက်မှောင်ကြုတ်လိုက်ပြီး
"သာမန် အဆောင်တွေဆိုရင် လမ်းထဲက ဆိုင်ငယ်လေးတွေမှာ သွားရောင်းပါ ငါတို့ဆီမှာ အဲ့ဒါမျိုးတွေ လက်မခံဘူး"
ဟု ဆိုသည်။
"တာဝန်ခံဝူ ကျုပ် မှာ ရောင်းချင်တဲ့ အဝါရောင်အဆင့် အလတ်စား ဝိညာဉ်ဆေးပင်တွေ ရှိပါတယ်"
ဖန့်ချန်၏ နောက်ကွယ်မှ ဖောက်သည်တစ်ဦးက ကြားဖြတ်ပြောဆိုလိုက်သည်။
သူသည် ဆေးပင်အမျိုးအစား တစ်ဒါဇင်ခန့်ကို ထုတ်ပြပြီး မြှောက်ပင့်သော အပြုံးဖြင့်
"ဒီတစ်ခါတော့ ဈေးလေး နည်းနည်း ပိုပေးပါဦး အခုတလော ညဥ့်နက်ချိုင့်ဝှမ်း က အရမ်း အန္တရာယ်များနေလို့ ဒီဆေးပင်တွေရဖို့ ညီအစ်ကိုတွေ အများကြီး ဒဏ်ရာရခဲ့ကြတာပါ"
"ကောင်းပြီ ငါ ကြည့်ပေးမယ် အရည်အသွေးကောင်းရင် ဈေးပိုပေးပါ့မယ် မင်းက ငါတို့ဆီ အမြဲလာနေကျလူပဲ မဟုတ်လား"
တာဝန်ခံဝူက ပြုံးလျက် ခေါင်းငြိမ့်ကာ ဆေးပင်များကို စစ်ဆေးနေတော့သည်။ သူသည် ဖန့်ချန်ကို လုံးဝ လျစ်လျူရှုထားလေသည်။
ဖန့်ချန်ကတော့ ပြုံးရုံသာ ပြုံးမိသည်။ ကောင်းကင်ရတနာခန်းမ ကတော့ ဘယ်နေရာသွားသွား အတူတူပဲ ဖြစ်ရမည်။
"လူငယ်လေး မင်း ဘယ်လို အဆောင်တွေကို ရောင်းမှာလဲ ငါ့သမီးလေး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဝယ်ပေးမလို့ပါ သင့်တော်မယ်ဆိုရင် ငါ မင်းဆီက ဝယ်မယ်လေ"
ဖန့်ချန်၏ နောက်မှ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကြင်နာစွာ မေးလိုက်သည်။
ဖန့်ချန်က လှည့်ကြည့်လိုက်သည်။
ထိုအမျိုးသားသည် ဖန့်ချန်၏ ဖြူဖွေးနေသော မျက်လုံးများကို မြင်သောအခါ အံ့ဩသွားသည်။
အင်း သူက မျက်မမြင်လား မသန်စွမ်းတစ်ယောက်က ဘယ်လိုလုပ် ကျင့်ကြံသူ ဖြစ်လာတာလဲ တိုက်ပွဲတစ်ခုမှာ မျက်လုံး ထိသွားတာလား
ထိုအမျိုးသားသည် သူ၏ အရှိန်အဝါကို ထိန်းချုပ်ထားသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ရှိကြောင်း ဖန့်ချန် သိမြင်နိုင်သည်။
"ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင် တွေပါ ခင်ဗျား စိတ်ဝင်စားလား"
ဖန့်ချန်က ခဏစဉ်းစားပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။
ထိုအမျိုးသားမှာ အံ့ဩလွန်း၍ ဆွံ့အသွားသည်။
"ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီး အဆောင်ဟုတ်လား"
သူက မယုံကြည်နိုင်စွာဖြင့် ထပ်မေးသည်
"မင်းဆီမှာ ဘယ်နှစ်ခုရှိလဲ ဈေးကရော ဘယ်လောက်လဲ"
ဖန့်ချန်က ပြုံးလျက်
"ခင်ဗျား ဈေးပေးနိုင်ပါတယ် ငါ့ဆီမှာ အများကြီးတော့ မရှိပါဘူး တစ်ရာကျော်ကျော်ပဲ ရှိတာပါ"
ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီး အဆောင် တစ်ရာကျော် ဟုတ်လား
ထိုအမျိုးသားမှာ ထိတ်လန့်တုန်လှုပ်သွားသည်။
သူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လာပြီးနောက်ပိုင်း ထိုမျှ အံ့ဩခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။
ဤကဲ့သို့သော အဆောင်မျိုးမှာ အလွန်ရှားပါးပြီး နေရာတိုင်းတွင် လိုချင်သူများလှသဖြင့် ဈေးကွက်ထဲ ပေါ်လာသည်နှင့် ချက်ချင်း ပြတ်သွားလေ့ရှိသည်။
သို့သော် ယခု သူ၏ရှေ့မှ လူငယ်လေးဆီတွင် တစ်ရာကျော် ရှိနေသည်တဲ့
ခရမ်းရောင် လျှပ်စီး အဆောင်များသည် အဓိကအားဖြင့် တိုက်ခိုက်ရေးအတွက် သုံးကြပြီ ထိပ်တန်းအဆင့် ဆိုပါက ၎င်း၏ စွမ်းအားမှာ အံ့မခန်း ဖြစ်ရမည်။
၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အကောင်းဆုံးသော အဆင့်နိမ့်အဝါရောင်အဆင့် အဆောင် များ ဖြစ်ကြပြီး ဂိုဏ်းတပည့်များကြားတွင် အလွန် ရေပန်းစားသည်။
ဆေးပင်များကို စစ်ဆေးနေသော တာဝန်ခံဝူသည်လည်း ဖန့်ချန်၏ စကားကို ကြားသောအခါ ရုတ်တရက် ခေါင်းလှည့်လာပြီး အံ့ဩတကြီး စိုက်ကြည့်တော့သည်။
ဆေးပင်လာရောင်းသော ဖောက်သည်မှာလည်း အလားတူပင် အံ့ဩသွားသည်။ ငါ နားကြားမှားတာလား
အခြေအနေမှာ ထူးဆန်းလာသည်ကို ခံစားမိသဖြင့် ထိုအမျိုးသားက ဖန့်ချန်ကို
"လူငယ်လေး ဒါကို လက်ဖက်ရည်ဆိုင်တစ်ခုမှာ သွားဆွေးနွေးကြရအောင်"
ဟု အမြန်ပြောလိုက်သည်။
ဖန့်ချန်က ပြုံး၍ ခေါင်းငြိမ့်ကာ
"ကောင်းပါပြီ"
ဟု ဆိုသည်။
သို့သော် တာဝန်ခံဝူသည် ကောင်တာနောက်မှ အမြန် ခုန်ထွက်လာပြီး သူတို့၏ လမ်းကို ပိတ်ရပ်လိုက်သည်။
"ခဏလောက် နေပါဦး"
တာဝန်ခံဝူ ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒီလူငယ်လေးက ခရမ်းရောင် လျှပ်စီး အဆောင်တွေကို ရောင်းချင်တာဆိုတော့ ငါတို့ ကောင်းကင်ရတနာခန်းမ ကို ရောင်းတာက ပိုသင့်တော်ပါတယ် ငါတို့ပေးတဲ့ ဈေးကလည်း အရမ်း မျှတပါတယ်"
ထိုအမျိုးသား၏ မျက်နှာမှာ ပျက်သွားသည်။
"ခုနတင်ပဲ မင်းက သူ့ကို တခြားဆိုင်မှာ သွားရောင်းဖို့ ပြောခဲ့တာ မဟုတ်လား အခု ငါ ဝယ်မယ်ဆိုတော့မှ လာပြီး နှောင့်ယှက်နေတာက မသင့်တော်ဘူး မဟုတ်လား"
တာဝန်ခံဝူ က အေးစက်စွာ ကြည့်လိုက်ပြီး
"ခင်ဗျား ခရမ်းရောင် လျှပ်စီး အဆောင်တွေ ဝယ်ချင်ရင် ငါတို့ ခန်းမက သူ့ဆီက ဝယ်ပြီးမှ ခင်ဗျားအတွက် ဖယ်ထားပေးမယ်လေ သူက ခန်းမထဲမှာ ရောက်နေတာဆိုတော့ ငါတို့ဆီမှာပဲ ရောင်းတာက ပိုမှန်ပါတယ်"
"မင်းက အရမ်းကို ရဲတင်းလွန်းတာပဲ မဟာချန်း အင်ပါယာထဲမှာ မင်းတို့ ဒီလောက်အထိ ဗိုလ်ကျနိုင်မယ်လို့ ငါ မယုံဘူး"
ဟု ထိုအခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ လေထုမှာ လေးလံသွားတော့သည်။
တာဝန်ခံဝူ သည် ချီသန့်စင်ခြင်း အဆင့် ၁၂ သာ ရှိသဖြင့် ထိုဖိအားကြောင့် ချက်ချင်းပင် အသက်ရှူကျပ်သွားသည်။
သို့သော် သူက ဖိအားပေးခံရသော်လည်း မကြောက်ပေ။
အကြောင်းမှာ ထိုခန်းမတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး အုပ်ချုပ်နေသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက်က လာသောင်းကျန်းခြင်းမှာ ရယ်စရာသာ ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
"တစ်ယောက်ယောက်က တာဝန်ခံ ဝူ နဲ့ ငြင်းနေတာလား မိုက်မဲလိုက်တာ ဒါ ကောင်းကင်ရတနာခန်းမလေ သူ နောက်ဆို ဒီမှာ ပစ္စည်းဝယ်ခွင့် မရချင်တော့ဘူး ထင်တယ်"
ဆိုင်ထဲရှိ ဖောက်သည်များက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
ကျင့်ကြံသူအချို့က ကြားဝင်ဖျန်ဖြေရန် ရောက်လာကြသည်။
"မိတ်ဆွေကို ဘယ်လို ခေါ်ရမလဲ တာဝန်ခံဝူ ကို မျက်နှာသာပေးပြီး ကိစ္စကို မကြီးကျယ်စေပါနဲ့လား"
တာဝန်ခံဝူ ကတော့ ကျေနပ်စွာ ပြုံးနေသည်။
"ငါ့နာမည် ဖန့်အောက် ပါ"
ဟု ထိုအမျိုးသားက ဆိုလိုက်သည်။
"ကိစ္စကို မကြီးကျယ်စေချင်ရင် ငါ့ကို လေးစားမှု ပြသင့်တယ်"
"ဖန့်မိသားစုလား သူက ဖန့်မိသားစုရဲ့ တတိယမြောက် ဌာနခွဲက အခြေခံတည်ဆောက်ခြင်း ကျွမ်းကျင်သူ ဖြစ်ရမယ်"
ပတ်ဝန်းကျင်တွင် တီးတိုးသံများ ထွက်ပေါ်လာသည်။
တာဝန်ခံဝူ ၏ မျက်နှာ အနည်းငယ် တင်းမာသွားသည်။
ထိုသူမှာ ဖန့်မိသားစုမှ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ၎င်းက ကိစ္စကို အနည်းငယ် ရှုပ်ထွေးသွားစေသည်။
ထိုရုန်းရင်းဆန်ခတ်မှုကြောင့် ခန်းမရှိ ကျင့်ကြံသူများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
ခဏအကြာတွင် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦး အပြေးအလွှား ရောက်လာပြီး ဖန့်အောက်ကို ပြုံးလျက် နှုတ်ဆက်သည်။
"အစ်ကိုကြီးဖန့် ကျွန်တော့်ရဲ့ လက်အောက်ငယ်သားက အသိဉာဏ် မရှိလို့ပါ စိတ်မရှိပါနဲ့ ဒါတွေက အထင်လွဲမှုတွေပါပဲ ထိုင်ပြီး စကားပြောကြရအောင်"
"ဆိုင်ရှင်ဝူ ဘာမှ အထင်လွဲစရာ မရှိဘူး ငါ ဒီလူငယ်လေးနဲ့ အရောင်းအဝယ် လုပ်မလို့ပဲကျေးဇူးပြုပြီး ဝင်မနှောင့်ယှက်ပါနဲ့"
ဆိုင်ရှင်ဝူ၏ အမူအရာ ပြောင်းလဲသွားသည်။
သူသည် တာဝန်ခံဝူ ဆီသို့ တိုးသွားကာ တိုးတိုးလေး မေးလိုက်သည် ဒိုင်ကွန်ဝူကလည်း
"ဦးလေး သူပြောတဲ့ အရောင်းအဝယ်က ခရမ်းရောင် လျှပ်စီး အဆောင်တွေ ပါနေလို့ ကျွန်တော် ဝင်တားလိုက်တာပါ"
ဟု ပြန်ပြောသည်။
ခရမ်းရောင် လျှပ်စီး အဆောင်
ဆိုင်ရှင်ဝူ၏ မျက်နှာ အမူအရာမှာ ဖန့်ချန်နှင့် ဖန့်အောက်ကို ကြည့်ရင်း ချက်ချင်း ပြောင်းလဲသွားသည်။
ခဏအကြာတွင် သူက ပြုံးလျက်
"အစ်ကိုကြီးဖန့် တကယ်လို့ ဖောက်သည်က အဆောင်တွေကို ကျွန်တော်တို့ဆီ လာရောင်းတာဆိုရင် စည်းကမ်းအရ ခင်ဗျားက ကြားဖြတ်ဝယ်လို့ မရပါဘူး ဒါက ခန်းမရဲ့ လုပ်ထုံးလုပ်နည်း မဟုတ်ဘူးလေ"
ဟု ဆိုသည်။
"ဒါက အဲ့ဒီလို ဖြစ်ခဲ့တာ မဟုတ်ဘူး မင်းရဲ့ တူက စိတ်ရှည်မှု မရှိတာလေ သူက လူငယ်လေးကို တခြားဆိုင်မှာ သွားရောင်းဖို့ မောင်းထုတ်ခဲ့တာ အဲ့ဒါကြောင့် ငါက သူ့ဆီကနေ ဝယ်ဖို့ လုပ်တာပဲ"
ဆိုင်ရှင်ဝူက တာဝန်ခံဝူ ကို ကြည့်လိုက်သည်။
တာဝန်ခံဝူ ၏ မျက်နှာ ပျက်သွားပြီး
"ဦးလေး ကျွန်တော်က သူ မြေလျှိုးမိုးပျံ အဆောင် လိုမျိုးတွေ လာရောင်းတယ် ထင်လို့ပါ"
ဟု အလျင်အမြန် ဆင်ခြေပေးသည်။
ဆိုင်ရှင်ဝူ၏ မျက်နှာ မှောင်ကျသွားသည်။ ဤပြဿနာ အားလုံးမှာ သူ၏တူကြောင့် ဖြစ်ရသည်ကို သူ နားလည်သွားသည်။
"သူက မြေလျှိုးမိုးပျံ အဆောင် လာရောင်းရင်တောင် မင်းက သူ့ကို မောင်းမထုတ်သင့်ဘူး ငါ မင်းကို အမြဲ ပြောမထားဘူးလား"
"ဦးလေး ကျွန်တော် မှားသွားပါတယ်"
တာဝန်ခံဝူ က ခေါင်းငုံ့လိုက်ရသည်။
သူ၏ အရင်က မောက်မာမှုများမှာ တစ်စက်ကလေးမျှ မကျန်တော့ပေ။
ကြည့်နေသော ဖောက်သည်များမှာလည်း ထိုသို့ မြင်တွေ့ရသဖြင့် စိတ်ထဲတွင် ကျေနပ်နေကြသည်။
ထို့နောက် လူတိုင်း၏ အကြည့်မှာ ဖန့်ချန်ဆီသို့ ရောက်သွားကြသည်။
ခရမ်းရောင် လျှပ်စီး အဆောင် ဟုတ်လားဒါတွေက ရှားပါးတဲ့ ပစ္စည်းတွေပဲ။
ဒါက ဘယ်လို ဖြုန်းတီးတတ်တဲ့ မိသားစုက သခင်လေးလဲ မသိဘူး ဟု တွေးတောနေကြသည်။
"ငါ ဒီအရောင်းအဝယ် ပြီးရင် မင်းကို သင်ခန်းစာ ပေးမယ်"
ဟု ဆိုင်ရှင်ဝူက တာဝန်ခံဝူ ကို အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် သူက ဖန့်ချန်ဘက်သို့ လှည့်ကာ ဖော်ရွေသော မျက်နှာထားဖြင့်
"လူငယ်လေး ခုနက ငါတို့ဘက်က အမှားအယွင်း ရှိသွားလို့ တောင်းပန်ပါတယ် ခရမ်းရောင် လျှပ်စီး အဆောင် ဘယ်နှစ်ခုလောက် ရောင်းမှာလဲ အဆင့်ကရော ဘယ်လိုလဲ ငါတို့ ဝယ်ဖို့ အသင့်ပါပဲ"
ဟု ဆိုသည်။
ဖန့်အောက်က မျက်မှောင်ကြုတ်လိုက်ပြီး
"ဆိုင်ရှင်ဝူ မင်း ငါ့ကို မမြင်ဘူးလား"
ဟု မေးသည်။
ဆိုင်ရှင်ဝူက ထပ်ခါတလဲလဲ ဦးညွှတ်ကာ
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်တော် စည်းကမ်းအတိုင်း လုပ်နေလို့ပါအစ်ကိုကြီး ဖန့်အောက် စိတ်မရှိပါနဲ့"
ဟု ဆိုသည်။
ဖန့်အောက်မှာ မျက်နှာတင်းမာနေသော်လည်း ဆိုင်ရှင်ဝူက ထိုမျှအထိ နှိမ့်ချနေသဖြင့် ဆက်ပြီး ပြောရခက်သွားသည်။
"ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီး အဆောင် တစ်ခုကို ဘယ်လောက် ပေးမှာလဲ"
ဖန့်ချန်က မေးလိုက်သည်။
ဆိုင်ရှင်ဝူ၏ မျက်လုံးများ တောက်ပသွားသည်။ ထိပ်တန်းအဆင့် ဟုတ်လား
ဤအဆင့်မျိုးမှာ အမြတ်အစွန်း အလွန်ကြီးမားသည်။
သေသေချာချာ စီမံနိုင်ပါက အမြတ် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရနိုင်ပေသည်။
ထိုသို့တွေးကာ ဆိုင်ရှင်ဝူက ချက်ချင်းပင်
"အဆောင်တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၈ တုံး ပေးပါ့မယ်"
ဟု ဆိုသည်။
"ဒါက အရမ်း နည်းလွန်းတယ်"
ဖန့်ချန်က ဖန့်အောက်ဘက်သို့ လှည့်ကာ
"စီနီယာ ခင်ဗျားကရော ဘယ်လောက် ပေးမှာလဲ"
ဖန့်အောက်က ခေတ္တမျှ တွေးတောပြီးနောက်
"ငါ ကောင်းကင်ရတနာခန်းမ နဲ့ ဈေးပြိုင် မပေးတော့ဘူး ငါ ဈေးတစ်ခုပဲ ပေးမယ် မင်း သဘောကျရင် ငါ့ကို ရောင်း တကယ်လို့ ခန်းမက ပိုပေးနိုင်ရင် သူတို့ဆီမှာပဲ ရောင်းလိုက်ပါ"
ဟု ဆိုသည်။
ဖန့်ချန်က ခေါင်းငြိမ့်ပြပြီး
"ပြောပါ စီနီယာ"
ဖန့်အောက်က ခေတ္တစဉ်းစားပြီးနောက်
"တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၅ တုံး ပေးမယ် မင်း သဘောတူရင် အကုန်လုံး ငါ ယူမယ်"