← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း ၃၂၉ - နောက်ကျမှ ဆုံတွေ့ခြင်း

"ကျင့်ကြံသူဖန့် မင်း ထွက်သွားပြီလား"

သခင်လေးကျားက အခန်းအနှံ့ လိုက်ကြည့်ရင်း မေးလိုက်သည်။ ဖန့်ချန်ကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။

ဖန့်ချန်၏ အသံမှာ အရိပ်များထဲမှ ထွက်ပေါ်လာသည်

"မထွက်သေးပါဘူး ဒီ ရိပ်ခြေဗုဒ္ဓ ပညာရပ်က တကယ်ကို ထိရောက်တာပဲ"

သခင်လေးကျားမှာ လန့်ဖြတ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။

သူသည် ခြံဝင်းအတွင်းရှိ အရိပ်တစ်ခုကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ

ဖန့်ချန်သည် သူ၏ဆီမှ ရိပ်ခြေဗုဒ္ဓပညာရပ်ကို ရသည်မှာ ခဏလေးသာ ရှိသေးသော်လည်း ၎င်းကို အသုံးပြုနိုင်နေပြီ သူ၏ ပါရမီထူးချွန်လှသော ညီလေး လေးပင်လျှင် ထိုအဆင့်သို့ ရောက်ရန် ကျင့်ကြံခြင်းကို ဘေးဖယ်ထားပြီး အဖိုးအခများစွာ ပေးဆပ်ကာ ရှစ်နှစ်တိုင်တိုင် လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် ဖန့်ချန်ကမူ လက်ဖက်ရည်တစ်ခွက် သောက်ချိန်အတွင်းမှာတင် တတ်မြောက်သွားပုံရသည်။

သခင်လေးကျားမှာ ထိုအရာက မည်သို့ဖြစ်နိုင်သည်ကို မသိသော်လည်း သူ၏ နှလုံးသားထဲတွင် ထိတ်လန့်မှု လှိုင်းတံပိုးများ ထနေတော့သည်။

အကယ်၍ သူသာ နှစ်ပေါင်းများစွာ ကျင့်ကြံထားသူ မဟုတ်ပါက ထိုအဖြစ်အပျက်ကြောင့် သူ၏ ကျင့်စဉ်လမ်း မှာပင် ထိခိုက်သွားနိုင်သည်။

ရုတ်တရက် သခင်လေးကျားသည် ဖန့်ချန်ကို သူ၏ နေရာတွင် မူလကတည်းက ရှိနေခဲ့သလိုမျိုး ပြန်တွေ့လိုက်ရပြန်သည်။

သခင်လေးကျားမှာ စကားများ ထစ်အကုန်ကာ

"ကျင့်... ကျင့်ကြံသူဖန့် အခုလေးတင် မင်းသုံးလိုက်တာက ရိပ်ခြေဗုဒ္ဓ ပညာရပ်လို့တော့ ငါ့ကို မပြောပါနဲ့နော်"

ဖန့်ချန်က ရယ်မောလိုက်ပြီး

"အဲ့ဒါမဟုတ်ရင် တခြား ဘာပညာရပ် ဖြစ်ဦးမှာလဲ"

သခင်လေးကျားမှာ ဆွံ့အကာ တိတ်ဆိတ်သွားတော့သည်။

ရှုံးပြီ၊ အကြီးအကျယ် ရှုံးပြီ သူရောင်းလိုက်သည့် ပညာရပ်မှာ အသုံးမကျဟု ထင်ထားသော်လည်း ဖန့်ချန်က ချက်ချင်းတတ်သွားသဖြင့် နှမျောသွားခြင်းဖြစ်သည်

"အော် ဒါနဲ့"

ဖန့်ချန်သည် ချုပ်နှောင်ခြင်းအဆောင် တစ်ခုကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်

"ဒီအဆောင်ရဲ့ တန်ဖိုးကို ခန့်မှန်းပေးလို့ ရမလား"

သခင်လေးကျားသည် သူ၏ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားကာ အဆောင်ကို ယူ၍ သေသေချာချာ စစ်ဆေးလိုက်သည်

"ဒါက ဘာအဆောင် လဲ"

ဖန့်ချန်က ပြုံးလျက်

"ချုပ်နှောင်ခြင်းအဆောင် အဝါရောင်အဆင့် အလယ်လတ်စားပါ"

သခင်လေးကျား အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိသည်

"အဝါရောင်အဆင့် အလယ်လတ်စား ချုပ်နှောင်ခြင်းအဆောင် ဟုတ်လား"

အဆောင် များမှာ အသုံးများသော အရာများဖြစ်သော်လည်း ၎င်းမှာ သာမန်အဆောင်များ အမြန်နှုန်း အဆောင်၊ ခွန်အားတိုးအဆောင်၊ မီးလုံးအဆောင် ကဲ့သို့သော အဝါရောင်အဆင့် အနိမ့်စားများအတွက်သာ မှန်ကန်သည်။

ထိုအဆောင်များကို ချီသန့်စင်ခြင်း တတိယအဆင့် ကျင့်ကြံသူများပင် ရေးဆွဲနိုင်သည်။

သို့သော် အဝါရောင်အဆင့် အလယ်လတ်စား အဆောင် များမှာမူ အစွမ်းရော ထိရောက်မှုပါ အနိမ့်စားများထက် အဆပေါင်းများစွာ သာလွန်သည်။

ထို့ပြင် ၎င်းတို့မှာ ပစ္စည်းများနှင့် ကျင့်ကြံမှုအဆင့် အလွန်မြင့်ရန် လိုအပ်သည်။

ထိုအဆင့်ရှိ အဆောင်များကို ရေးဆွဲ ရန် လုံလောက်သော ဝိညာဉ်စွမ်းအင် လိုအပ်ပြီး စွမ်းအင်ကုန်သွားပါက အဆောင်မှာ အသုံးမရတော့ပေ။

ထို့ကြောင့် ဤအဆောင်မျိုးကို ရေးဆွဲရန် အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှု လိုအပ်ပြီး ရွှေအမြုတေအဆင့်မှာ အကောင်းဆုံးဖြစ်သည်။

တိုက်ပွဲတစ်ခုတွင် ထိုကဲ့သို့သော အဆောင် မျိုးသာ ရှိပါက အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်နိုင်သည်။

"ဝိညာဉ်စွမ်းအင်တွေက ကြွယ်ဝပြီး ခံ့ညားလှတာပဲ ဒါက တကယ့်ကို အဝါရောင်အဆင့် အလယ်လတ်စား အဆောင်ပဲ ဒါပေမဲ့ ဒါက ချုပ်နှောင်ခြင်းအဆောင် ဟုတ်၊ မဟုတ်ကတော့ စောင့်ကြည့်ရဦးမယ်"

" ဒါကို မြင်ဖူးတဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှာပြီး အတည်ပြုခိုင်းရလိမ့်မယ်"

ဟု သခင်လေးကျားက တိုးတိုးလေး ဆိုသည်။

သူက ဖန့်ချန်ကို မော့ကြည့်ကာ

"ဒါက တကယ့် ချုပ်နှောင်ခြင်းအဆောင်လက်ဖွဲ့သာ ဆိုရင် ဈေးကတော့ မနည်းဘူး တစ်ခုကို အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၂၀၀ ကျော် ရလိမ့်မယ် မင်း ရောင်းချင်တယ်ဆိုရင် ငါ ဝယ်မယ်"

"ဈေးက နည်းနည်း နည်းနေသလားလို့ ၂၅၀ ဆိုရင်ကော"

ဖန့်ချန် ပြုံးလိုက်သည်

"မင်း ဒါကို ပြန်ရောင်းရင် ဘာအန္တရာယ်မှ မရှိဘဲ ဝိညာဉ်ကျောက်တုံး ဒါဇင်နဲ့ချီ အမြတ်ထွက်မှာပါ"

သခင်လေးကျား ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းအသာချလိုက်သည်

"ကောင်းပြီလေ ဒီဈေးနဲ့ဆိုရင် ငါ အမြတ်သိပ်မရပေမဲ့ ငါ့ဘာသာ သုံးဖို့အတွက် သိမ်းထားလို့ ရတာပဲ"

ဖန့်ချန်သည် နောက်ထပ် ချုပ်နှောင်ခြင်းအဆောင် ၃ ခုကို ထုတ်ကာ စားပွဲပေါ် တင်လိုက်ပြန်သည်။

သခင်လေးကျားမှာ လန့်ဖျပ်သွားပြီး သူ၏ မျက်လုံးများမှာ အရောင်တောက်လာသည်

"ချုပ်နှောင်ခြင်းအဆောင် ၄ ခုတောင်လား"

အဆောင်များ၏ သဘောတရားအရ အရေအတွက် များပြားခြင်းက အရည်အသွေးကို ပြောင်းလဲစေနိုင်သည်။

အဆောင် တစ်ခုတည်းက တိုက်ပွဲတစ်ခုကို ပြောင်းလဲနိုင်လျှင် လေးခုဆိုသည်မှာ အလွန်ကြီးမားသော ဝှက်ဖဲတစ်ခုပင် ဖြစ်သည်။

၎င်းတို့သာ ရှိပါက ရန်သူ နှစ်ဦး သုံးဦးနှင့် တွေ့လျှင်ပင် အနိုင်တိုက်နိုင်စွမ်း ရှိသည်။

သခင်လေးကျားက ခပ်ကသိကအောက် ရယ်မောလိုက်ပြီး

"ကျင့်ကြံသူဖန့် နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား ငါက တစ်ခုတည်း ထင်လို့ ၂၅၀ ပေးတာလေ လေးခုဆိုရင် ၂၂၀ နဲ့ ဈေးညှိလို့ ရမလား"

"အဲ့လိုဆိုရင်တော့ ကျုပ် ကောင်းကင်ရတနာ ခန်းမ မှာပဲ သွားရောင်းလိုက်မယ် သူတို့ဆိုရင် ၂၅၀ နဲ့ ဝယ်မှာ သေချာတယ်"

ဟု ဖန့်ချန်က ပြန်ပြောသည်။

သခင်လေးကျား၏ မျက်နှာ အမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး နောက်ဆုံးတွင် အံကြိတ်ကာ

"ကောင်းပြီ ငါ အားလုံး ယူမယ် ဒါပေမဲ့ ကျင့်ကြံသူဖန့် ငါ့ကို တစ်ခုလောက် ကတိပေးနိုင်မလား"

ဖန့်ချန် ပြုံးလိုက်သည်

"ဘာလဲ"

သခင်လေးကျားက

"နောက်နောင် မင်းမှာ အဝါရောင်အဆင့် အလယ်လတ်စား အဆောင်တွေ ထပ်ရှိလို့ ရောင်းချင်တယ်ဆိုရင် ငါ့ကို အရင်ဆုံး အသိပေးပါ"

ဟု ပြောသည်။

ဖန့်ချန်က ခေါင်းငြိမ့်ပြကာ

"ကောင်းပြီ ကတိပေးတယ်"

ဤသည်မှာ ဖန့်ချန် ထိုနေရာသို့ လာရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။

ခရမ်းရောင် လျှပ်စီး အဆောင် မှာ အဆင့်နိမ့်ဖြစ်သဖြင့် ရောင်းလျှင် ပြဿနာမရှိသော်လည်း အဝါရောင်အဆင့် အလယ်လတ်စားများကို လူသိရှင်ကြား ရောင်းပါက လူအာရုံစိုက်မှုကို အလွန်အမင်း ရရှိပေလိမ့်မည်။

ဖန့်မိသားစုမှ ရွှေအမြုတေအဆင့် ပညာရှင်များသည် ခရမ်းရောင် လျှပ်စီး အဆောင် ၏ အမွေအနှစ်ကို စိတ်မဝင်စားသော်လည်း ချုပ်နှောင်ခြင်းအဆောင် ကိုမူ စိတ်ဝင်စားသွားနိုင်သည်။

ထို့ကြောင့် သခင်လေးကျားကို ရောင်းခြင်းက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သည်။

သူတို့နှစ်ဦး အရောင်းအဝယ် ပြီးဆုံးသွားသည်။

ဖန့်ချန်က သခင်လေးကျားအား ပေးခဲ့သော ဝိညာဉ်ကျောက်တုံးများမှာ ဖန့်ချန်ထံသို့ပင် ပြန်ရောက်လာတော့သည်။

"ကျင့်ကြံသူဖန့်. ပိုက်ဆံရှာတဲ့ နေရာမှာတော့ မင်းက ငါ့ထက် အများကြီး ပိုကျွမ်းကျင်တာပဲ ချုပ်နှောင်ခြင်းအဆောင်၄ ခုနဲ့ ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဆိုတာ တကယ်ကို အားကျဖို့ ကောင်းတယ်"

ဟု သခင်လေးကျားက သက်ပြင်းချသည်။

ဖန့်ချန်၏ မျက်နှာပေး အနည်းငယ် ပြောင်းသွားသည်

"ခင်ဗျားလည်း လိုချင်ရင် ဒီလို လုပ်လို့ ရတာပဲ"

သခင်လေးကျား၏ မျက်လုံးများ လင်းလက်သွားသည်

"အဲ့ဒါ ဘာကို ဆိုလိုတာလဲ"

ဖန့်ချန်က ပြုံးလျက်

"ချုပ်နှောင်ခြင်းအဆောင်ရဲ့ အမွေအနှစ် ကို စိတ်ဝင်စားလား"

သခင်လေးကျားသည် နေရာမှ ထရပ်လိုက်ကာ ဖန့်ချန်ကို အံ့ဩတကြီး ကြည့်လိုက်သည်

"မင်း မင်း တကယ်ပဲ ချုပ်နှောင်ခြင်းအဆောင်ရဲ့ အမွေအနှစ်ကို ငါ့ကို ရောင်းချင်တာလား"

"ခင်ဗျား စိတ်မဝင်စားဘူးဆိုရင်လည်း ကျုပ် ပြောခဲ့တာကို မေ့လိုက်ပါ"ာ

သခင်လေးကျားက အလျင်အမြန်ပင်

"စိတ်ဝင်စားတာပေါ့ စိတ်ဝင်စားတာပေါ့ ဒါပေမဲ့ မင်းရဲ့ ဈေးက ဘယ်လောက်လဲ အရမ်းကြီး ဈေးကြီးရင် ငါ တစ်ယောက်တည်း မတတ်နိုင်ဘူး"

ဖန့်ချန်က ပြုံးသည်

"ခင်ဗျားရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် မတတ်နိုင်တာ မရှိပါဘူး ဈေးကိုတော့ ခင်ဗျားပဲ ဆုံးဖြတ်ပါ ဈေးတည့်ရင် ဘာမဆို ရောင်းတယ် မဟုတ်လား"

"ကျင့်ကြံသူဖန့် ငါတို့ ဆုံတာ တကယ်ကို နောက်ကျသွားတယ် အကယ်၍ မင်းနဲ့သာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဆုံခဲ့ရင် ငါ အများကြီး ပိုပြီး ချမ်းသာနေမှာ"

သခင်လေးကျားက သက်ပြင်းချကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်

"ဒီအဆောင်ရဲ့ အမွေအနှစ်က အရမ်း အရေးကြီးတယ် ကျွယ်မိသားစု ဖန့်မိသားစုနဲ့ တော်ဝင်မိသားစုတွေသာ မင်း ဒါကို ရောင်းမယ်ဆိုတာ သိရင် သူတို့တွေ အပြိုင်အဆိုင် လုကြလိမ့်မယ် အဲ့ဒီလိုဆိုရင် မင်းအတွက် မလိုအပ်တဲ့ ဒုက္ခတွေ ရောက်လာနိုင်တယ် ငါက အဲ့ဒီပြဿနာကို မင်းအတွက် ဖြေရှင်းပေးနိုင်ပါတယ်"

သခင်လေးကျားက အဆိုပြုသည် -

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဆိုရင် ဘယ်လိုလဲ"

ဖန့်ချန်က ခေါင်းအသာခါယမ်းသည်

"နည်းလွန်းတယ်"

သခင်လေးကျားက ခက်ခဲသော မျက်နှာထားဖြင့်

"ကျင့်ကြံသူဖန့်ယမင်း မသိလို့ပါ ဒီအဆောင် တွေကို ရေးဆွဲဖို့ အရမ်းခက်သလို ဒီနယ်ပယ်မှာ ကျွမ်းကျင်သူ ရှာဖို့လည်း မလွယ်ဘူး ဈေးက အရမ်းကြီးနေရင် ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူး"

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်

"ချုပ်နှောင်ခြင်းအဆောင် တစ်ခုကို ၂၅၀ နဲ့ ရောင်းလို့ရတယ် အဲ့ဒီတော့ အခု ၂၀ လောက် ဖော်စပ်နိုင်ရင် အရင်းကျေပြီ ဒါကို ရေးဆွဲရမှန်း မသိတဲ့လူတောင် ဒီတွက်ကိန်းကို နားလည်မှာပါ"

"ငါ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ နဲ့ ရောင်းမယ် တစ်တုံးမှ မလျော့ဘူး ခင်ဗျားမှာ နည်းလမ်းရှိရင် အဲ့ဒီထက် ပိုတဲ့ဈေးနဲ့တောင် ရောင်းလို့ ရပါတယ်"

"ငါက ၁၀၀၀၀ ပဲ ယူမယ် ကျန်တာ ခင်ဗျား ယူပေါ့ ဒါပေမဲ့ ခင်ဗျားမှာ အဲ့ဒီလောက် လုပ်နိုင်စွမ်း မရှိဘူးဆိုရင်လည်း ကျုပ် ပြောခဲ့တာကို မေ့လိုက်ပါတော့"

"ငါ ပိုပြီး ရောင်းရတဲ့ ပိုက်ဆံကို တကယ်ပဲ ယူလို့ရတာလား"

ဖန့်ချန် ခေါင်းငြိမ့်ပြသည်

"ဟုတ်တယ်"

"ကောင်းပြီ ငါ လုပ်မယ်"

သခင်လေးကျား ပြန်ပြုံးနိုင်သွားသည်

"တစ်နှစ်အတွင်း မင်းအတွက် ဒါကို ရောင်းပေးနိုင်မယ်လို့ ငါ အာမခံတယ်"

ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ လား ဒါ တကယ့်ကို ကြီးမားတဲ့ အပေးအယူပဲ။

သူ ရိပ်ခြေဗုဒ္ဓ ပညာရပ်မှာ ဆုံးရှုံးခဲ့တာတွေကို ဒီကနေ ပြန်ဖြည့်လို့ ရပြီ။

သူသည် ထိုအရောင်းအဝယ်မှ အမြတ်နှစ်ဆရရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ဖန့်ချန်က ခေါင်းခါယမ်းကာ အဆိုပြုချက်ကို ငြင်းပယ်လိုက်သည်

"တစ်လ ခင်ဗျားမှာ အချိန် တစ်လပဲ ရှိတယ် တစ်လအတွင်းမှာပဲ ရောင်းမယ် တစ်စက္ကန့်တောင် မပိုဘူး"

သူ တစ်နှစ်အထိ မစောင့်နိုင်ပေ။

အခန်း ၃၃၀ - ဝိညာဉ်အရင်းအမြစ်ရပ်ကွက်မှ ကျောက်တုံးလောင်းကစားပွဲ

သခင်လေးကျားမှာ မှင်တက်သွားသည်

"တစ်လတည်းလား"

သခင်လေးကျား၏ မျက်နှာမှာ တည်ကြည်သွားသည်။

အကယ်၍ အချိန်တစ်နှစ်ဆိုလျှင် ဝယ်မည့်သူကို ရှာနိုင်မည်ဟု သူ ယုံကြည်မှု ရှိသော်လည်း တစ်လဆိုသည့် အချိန်အတွင်းမှာမူ သူ အာမခံချက် မပေးနိုင်ပေ။

သူသည် ထိုနေရာရှိ ဒေသခံ မိသားစုကြီးများကိုသာ အားကိုးရပေလိမ့်မည်။

သခင်လေးကျား ခဏမျှ တိတ်ဆိတ်သွားပြီးနောက်

"ကျင့်ကြံသူဖန့် ငါ့ကို သုံးရက်လောက် အချိန်ပေးပါ ငါ ဒါကို သေသေချာချာ စဉ်းစားရမယ်၊ အခုလောလောဆယ်တော့ အာမခံချက် မပေးနိုင်သေးဘူး" ဟု

ဆိုသည်။

ဖန့်ချန် ခေါင်းငြိမ့်ပြလိုက်သည်။

သခင်လေးကျားက ချက်ချင်း သဘောတူလိုက်လျှင်သာ ပို၍ ထူးဆန်းနေပေလိမ့်မည်။

ဤသည်မှာ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ တန်ဖိုးရှိသော အရောင်းအဝယ် ဖြစ်ပြီး အဆင့် ၅ အင်ပါယာများတွင်ပင် ၎င်းမှာ အလွန်ကြီးမားသော ငွေပမာဏ ဖြစ်သည်။

ဖန့်ချန်သည် သခင်လေးကျား၏ နေအိမ်မှ ထွက်လာခဲ့သည်။

နက်နဲသော စွမ်းအားမြင့် ဗလာ ဘုရားကျောင်း သို့ သွားပြီး ရှကျီ နှင့် စကားစမြည်ပြောရန် စဉ်းစားနေစဉ်မှာပင် မမျှော်လင့်ထားသော အသိဟောင်းတစ်စုနှင့် ဆုံမိပြန်သည်။

၎င်းမှာ ဖန့်ယွင် ဖြစ်ပြီး သူမနှင့်အတူ ဖန့်ဟောင် အပါအဝင် လူအချို့ ပါလာသည်။

ထို့ပြင် သူတို့နှင့်အတူ သွယ်လျပြီး ထူးခြားသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးလည်း ပါလာသေးသည်။

ဖန့်ယွင်သည် ဖန့်ချန်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လျက်

"မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"

ဟု မေးလိုက်သည်။

ဖန့်ချန် ပြုံးလိုက်မိသည်။

ချီသန့်စင်ခြင်း အဆင့် ၁၁ ရှိသော အရှိန်အဝါ ထိုလူသည် ဖန့်ကျွယ် ဖြစ်ဖို့ များသည်။

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်း လျှောက်သွားနေတာပါ"

ဟု ဖန့်ချန်က ပြောကာ သူတို့အနားမှ ဖြတ်ကျော်ပြီး မြို့ပြင်ဘက်သို့ ဦးတည်လိုက်သည်။

ဖန့်ဟောင်က နှာခေါင်းရှုံ့လိုက်သည်

"တကယ့် ရိုင်းစိုင်းတဲ့လူပဲယ ယဉ်ကျေးမှုဆိုတာ လုံးဝ မရှိဘူး ငါ့အစ်ကိုကိုတောင် ရပ်ပြီး နှုတ်မဆက်နိုင်ဘူးလား"

"သူက မျက်စိမမြင်ဘူးလို့ ကြားတယ်လေ အဲ့တော့ သခင်လေး ဖန့်ကျွယ်ကို မမြင်ရတာ မဆန်းပါဘူး"

ဟု သူတို့ထဲမှ တစ်ဦးက ရယ်မောလျက် ဆိုသည်။

"ဧည့်သည်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြစမ်း"

ဖန့်ကျွယ်က မျက်မှောင်အသာကြုတ်ကာ ဖန့်ချန်ကို လှမ်းခေါ်လိုက်သည်

"မင်းက ဖန့်ချန်လား အချိန်အားတယ်ဆိုရင် ငါတို့နဲ့အတူ ဝိညာဉ်အရင်းအမြစ် ရပ်ကွက် ကို လိုက်ပြီး လမ်းလျှောက်မလား"

ဖန့်ယွင်က သူမ၏ မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုသည်

"အစ်ကိုကြီး သူ့ကို ဘာလို့ ခေါ်နေမှာလဲ သူက တောအရပ်မှာ နေလာတာ ကျောက်တုံးလောင်းကစားတာ အကြောင်း ဘာသိမှာလဲ"

ဖန့်ကျွယ်က ရယ်မောကာ

"ညီမလေး ငါတို့က မိသားစုတစ်ခုတည်းကပဲလေမင်း ဒီလို မလုပ်သင့်ပါဘူး"

"ဒါပေမဲ့ အဖေက အဲ့ဒီ ခြံဝင်းကို သူ့ကိုပဲ ပေးလိုက်တာလေ ဘာလို့လဲ တကယ်ဆိုရင် အဲ့ဒါက အစ်ကိုကြီး ရသင့်တာ"

ဟု ဖန့်ယွင်က ဒေါသတကြီး ပြောသည်။

ဖန့်ကျွယ်က သက်ပြင်းအသာချလိုက်ပြီး ဖန့်ချန်ကို အားနာသလို ကြည့်ကာ

"ဖန့်ချန် ငါ့ညီမလေးက အမြဲတမ်း ဒီလိုပါပဲ သူက မကောင်းတဲ့ စိတ်နဲ့ ပြောတာ မဟုတ်ပါဘူး မင်း သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

"ရပါတယ်"

ဖန့်ချန်က ခေါင်းအသာခါယမ်းပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်

"ဝိညာဉ်အရင်းအမြစ် ရပ်ကွက်မှာ ကျောက်တုံးလောင်းကစားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"

ဖန့်ယွင်က မျက်လုံးလှန်ကြည့်လိုက်သည်

"တွေ့လား အစ်ကိုကြီ သူ ဘာမှမသိဘူး ပြီးတော့ သူက မျက်စိလည်း မမြင်ဘူး သူ လိုက်လာလို့ရော ဘာထူးမှာလဲ"

သို့သော် ဖန့်ကျွယ်က ဖန့်ချန်အား စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သည်။

"ဪ ဝိညာဉ်အရင်းအမြစ် ဆိုတာက မသေမျိုးမိသားစုတွေဆီက ပစ္စည်းတွေ ပါဝင်နေတဲ့ ကျောက်တုံးတွေကို ခေါ်တာပေါ့"

ဟု ဖန့်ချန်က စဉ်းစားလျက် ပြောသည်။

ထိုသည်မှာ ကျောက်စိမ်းလောင်းကစားခြင်းနှင့် ဆင်တူသော်လည်း ကျောက်တုံးထဲတွင် ပါဝင်သည့် အရာသာ ကွာခြားပုံရသည်။

"ဟုတ်တယ် အထဲမှာ ဘာမှမပါတာလည်း ဖြစ်နိုင်တယ် အားလုံးက အတွေ့အကြုံ အမြော်အမြင်နဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ် ဘာပဲဖြစ်ဖြစ် ဒါက အရမ်း ပျော်ဖို့ကောင်းပါတယ် အားလပ်ချိန်မှာ ကစားတာက လူရဲ့ အာရုံခံစားမှုတွေကို ထက်မြက်စေတယ်"

ဟု ဖန့်ကျွယ်က ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

သူသည် ကျောက်တုံးလောင်းကစားခြင်းကို အလွန်ပင် စိတ်အားထက်သန်နေကြောင်း သိသာလှသည်။

ဖန့်မိသားစုအိမ်တော်သို့ သူ စရောက်စဉ်က ဖန့်ယွင်က ဖန့်ကျွယ်ကို ရှာရန် ဝိညာဉ်အရင်းအမြစ် ရပ်ကွက်သို့ သွားရမည်ဟု ပြောခဲ့သည်ကို ဖန့်ချန် မှတ်မိသွားသည်။

ကြည့်ရသည်မှာ ထိုလူသည် သူ၏ အားလပ်ချိန်များကို ထိုနေရာတွင်သာ ကုန်ဆုံးစေပုံရသည်။

ဖန့်ချန်က ခေါင်းအသာငြိမ့်ကာ

"ဒါဆိုရင်လည်း ကျွန်တော် လိုက်ခဲ့ပါ့မယ် ဗဟုသုတ ရတာပေါ့"

ဖန့်ကျွယ်မှာ ဝမ်းသာသွားပြီး အားလုံးကို ဝိညာဉ်အရင်းအမြစ် ရပ်ကွက်သို့ သွားရန် တိုက်တွန်းတော့သည်။

ဖန့်ဟောင်နှင့် ကျန်တဲ့သူများမှာ ဘာပြောရမှန်းမသိဘဲ ဖန့်ချန်ကို မကျေမနပ် မျက်နှာပေးဖြင့် ကြည့်ရုံသာ တတ်နိုင်တော့သည်။

သို့သော် ဖန့်ချန်က မျက်စိမမြင်သဖြင့် သူတို့ ဘယ်လိုမျက်နှာပေးလုပ်လုပ် မြင်ရမည်မဟုတ်ကြောင်း သတိရသွားကာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

ဝိညာဉ်အရင်းအမြစ် ရပ်ကွက်မှာ ပြင်ပမြို့၏ ခရိုင် ၁၈ ခုအနက် တစ်ခုဖြစ်ပြီး တစ်ရပ်ကွက်လုံးက ဝိညာဉ်အရင်းအမြစ် အရောင်းအဝယ်ကိုသာ အထူးပြု လုပ်ကိုင်ကြသဖြင့် ထိုအမည် ရခဲ့ခြင်းဖြစ်သည်။

လမ်းခရီးတွင် ဖန့်ကျွယ်က ဝိညာဉ်အရင်းအမြစ်ကျောက်တုံးများ၏ အစအနကို ဖန့်ချန်အား အသေးစိတ် ရှင်းပြခဲ့သော်လည်း ၎င်းတို့မှာ ဒဏ္ဍာရီများစွာ ရောနှောနေပြီး အတည်ပြု၍မရသော အချက်အလက်များသာ ဖြစ်သည်။

ဒဏ္ဍာရီများအရ ထိုဝိညာဉ်အရင်းအမြစ်ကျောက်တုံးများသည် ကောင်းကင်မှ ကျလာခြင်းဖြစ်ပြီး ကောင်းကင် ဆိုသည်မှာ နတ်ဘုရားဘုံ ကို ဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အတွင်း၌ လူ့လောကတွင် ပျောက်ကွယ်သွားပြီဖြစ်သော နတ်ဘုရားဘုံမှ အဖိုးတန်ပစ္စည်းများ ဆေးလုံးများနှင့် ရှားပါးဝိညာဉ်ဆေးပင်များ ပါဝင်နေတတ်သည်ဟု ဆိုကြသည်။

သို့သော် ထိုလောကတွင် တကယ့် ဝိညာဉ်အရင်းအမြစ်ကျောက်တုံး စစ်စစ်က မည်မျှရှိမည်နည်း အများစုမှာ ဝိညာဉ်အငွေ့အသက် အနည်းငယ် စွန်းထင်နေသော သာမန်ကျောက်တုံးများသာ ဖြစ်သည်။

ထိုသို့သော ကျောက်တုံးများကို ဝယ်မိလျှင် ငွေကုန်လူပန်း ဖြစ်ရုံသာ ရှိမည်။

သို့သော်လည်း ကျင့်ကြံသူများစွာမှာ ထိုအရာကို စွဲလန်းနေကြပြီး သာမန်သိုင်းပညာရှင်များနှင့် အရပ်သားများပင် တစ်ခါတစ်ရံ စမ်းသပ်ကြည့်တတ်ကြသည်။

အကယ်၍ ကံကောင်းသွားပါက တစ်ညအတွင်း သူဌေးဖြစ်သွားပြီး သူတို့၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်သောကြောင့် ဖြစ်သည်။

ဖန့်ချန်က ပြုံးလျက်

"ကြည့်ရတာ ခင်ဗျားက အတွေ့အကြုံ အတော်ရှိပုံရတယ်"

ဖန့်ကျွယ်က ရယ်မောကာ

"အဲ့လောက်လည်း မဟုတ်ပါဘူး နည်းနည်းပါးပါး ပိုသိတာပါ"

"ခြုံပြောရရင် အစ်ကိုကြီးက ဝိညာဉ်အရင်းအမြစ်ရပ်ကွက်မှာ အရှုံးသိပ်မရှိဘူး မြို့တော်မှာ ဒီလိုဖြစ်ဖို့ဆိုတာ လူနည်းစုပဲ တတ်နိုင်တာ"

ဟု ဖန့်ယွင်က ဂုဏ်ယူစွာ ပြောသည်။

အရှုံးသိပ်မရှိတာက ဂုဏ်ယူစရာလား အဲ့ဒါဆို ဒီကျောက်တုံးလောင်းကစားတဲ့ ကျင့်ကြံသူတိုင်းက ရှုံးနေကြတာပေါ့ ဖန့်ချန် ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောခဲ့ပေ။

ပြင်ပမြို့သို့ ရောက်သောအခါ ဖန့်ချန်က ရုတ်တရက် ရပ်လိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

ကျန်းကျုံး နှင့် ကျန်းထျန်းအိုက် တို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့်အတူ အတွင်းမြို့ထဲသို့ ဝင်ရန် ပြင်နေသည်ကို သူ ခံစားမိလိုက်သည်။

လမ်းမပေါ်တွင် လူများလွန်းသဖြင့် သူတို့က ဖန့်ချန်ကို မမြင်သော်လည်း ဖန့်ချန်၏ ထက်မြက်သော အာရုံခံစားမှုကြောင့် သူတို့ကို သတိပြုမိလိုက်ခြင်းဖြစ်သည်။

ဖန့်ချန်၏ မျက်လုံးထဲတွင် ရယ်ချင်သလို အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။

မဟာချန်းအင်ပါယာတွင် ကျန်းမိသားစု၏ ဘိုးဘေးများကို အလုပ်အကျွေးပြုခဲ့သော မိသားစုကြီးတစ်ခု ရှိသည်ဟု ဆိုကြရာ ၎င်းမှာ ကျွယ်မိသားစု သို့မဟုတ် ဖန့်မိသားစု ဖြစ်နိုင်ခြေ ရှိပေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ဖန့်ကျွယ်က ပြုံးလျက်

"ရောက်ပြီ"

ဟု ဆိုသည်။

ဖန့်ချန်သည် ထိုနေရာ၏ လေထုမှာ အခြားနေရာများနှင့် မတူဘဲ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်ကို ခံစားမိသည်။

ပတ်ဝန်းကျင်တွင် ရယ်မောသံများနှင့် အော်ဟစ်သံများ မပြတ်တမ်း ကြားနေရသည်။

ပုံမှန်အားဖြင့် အေးစက်စက် နေတတ်သော ကျင့်ကြံသူများပင် ဤနေရာသို့ ရောက်လျှင် အလွန်ပင် တက်ကြွနေကြပုံရသည်။

ဖန့်ချန်၏ ဝိညာဉ်ခန္ဓာသည် ကိုယ်ထဲမှ ထွက်ခွာသွားပြီး ဝိညာဉ်အရင်းအမြစ် ရပ်ကွက်အတွင်းရှိ အရာအားလုံးကို ကြည့်ရှုလိုက်သည်။

နေရာတစ်ခုလုံး စည်ကားနေပြီး လမ်းမပေါ်တွင် လူများဖြင့် ပြည့်နှက်နေသည်။

လမ်းဘေးတွင် ဆိုင်ခန်းများစွာ ရှိသလို လမ်းဘေးဈေးသည်များလည်း အများအပြား ရှိသည်။

သူတို့အားလုံးတွင် တူညီသောအချက်မှာ ဆိုင်တင်ခုံများပေါ်တွင် တင်ထားသည့် ဝိညာဉ်စွမ်းအင် အနည်းငယ် ထွက်ပေါ်နေသော စိမ်းဖန့်ဖန့် ကျောက်တုံးများပင် ဖြစ်သည်။

ဖန့်ကျွယ်သည် အားလုံးကို လမ်းဘေးရှိ ဆိုင်တစ်ဆိုင်အတွင်းသို့ ခေါ်ဆောင်သွားသည်။

ဖန့်ချန် အထဲသို့ ဝင်လိုက်သည်နှင့် လူများစွာ ကျောက်တုံး ရွေးချယ်နေကြသည်ကို တွေ့လိုက်ရသည်။

ဆိုင်အကူက ဖန့်ကျွယ် လာသည်ကို မြင်သောအခါ မျက်လုံးများ လင်းလက်သွားပြီး

"သခင်လေးဖန့် ဒီနေ့ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ဖိုးလောက် ကစားဖို့ စိတ်ကူးထားလဲခင်ဗျာ"

"ဝိညာဉ်ကျောက်တုံး ၁၀၀ ပဲ ပါလာတယ် ပစ္စည်းအသစ်တွေ ရောက်တာ ရှိလား ဒီမှာ တင်ထားတာတွေက ငါ့စိတ်ကြိုက် မဟုတ်လို့"

ဟု ဖန့်ကျွယ်က ဆိုင်ရှိ ကျောက်တုံးများကို စစ်ဆေးရင်း မေးလိုက်သည်။

"ရှိတာပေါ့ သခင်လေးဖန့် ခဏလောက် စောင့်ပေးပါဦး အခုပဲ သွားယူပေးပါ့မယ်"

ဆိုင်အကူက တတွတ်တွတ် ခေါင်းငြိမ့်ကာ နောက်ဘက်သို့ အပြေးအလွှား သွားတော့သည်။

ဆိုင်အကူ ထွက်သွားပြီးနောက် ကျင့်ကြံသူတစ်ဦး ဖန့်ကျွယ်အနားသို့ ချဉ်းကပ်လာပြီး စကားပြောသည်။

ထိုလူက ဖန့်ကျွယ်ကို ကူညီပေးရန် အရိပ်အမြွက် ပြောနေခြင်းဖြစ်သည်။

ကြည့်ရသည်မှာ ဖန့်ကျွယ် မရောက်လာခင်မှာပင် ထိုလူက ဝိညာဉ်ကျောက်တုံး တော်တော်များများ ရှုံးထားပုံရသည်။

သူတို့ စကားပြောနေစဉ်အတွင်း ဖန့်ချန်သည် သူ၏ ဝိညာဉ်ခန္ဓာကို ထပ်မံ အသုံးပြုကာ ဆိုင်အတွင်းရှိ ဝိညာဉ်အရင်းအမြစ်ကျောက်တုံးများကို သေသေချာချာ အကဲခတ်ကြည့်သည်။

ဒီကျောက်တုံးတွေက တကယ်ပဲ နတ်ဘုရားဘုံက လာတာလား

ဖန့်ချန်၏ စိတ်ထဲတွင် သံသယရှိနေသဖြင့် တစ်ခုခုကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်ဖြင့် အထူးအာရုံစိုက်လိုက်သည်။

ထိုသို့ အာရုံစိုက်လိုက်သောအခါ သူ၏ ဝိညာဉ်စွမ်းအင်များမှာ အဆက်မပြတ် ကုန်ခမ်းသွားသည်ကို သတိပြုမိလိုက်သည်။

သူ အာရုံစိုက်နေသော ကျောက်တုံးမှာ ရုတ်တရက် ကြည်လင်သွားပြီး အတွင်းရှိ အရာအားလုံးကို မြင်လိုက်ရတော့သည်။

နောက်တစ်စက္ကန့်တွင် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး သူ့ကို လွှမ်းခြုံသွားတော့သည်။

ထို့နောက် မြင်ကွင်းမှာ ပျောက်ကွယ်သွားပြီး အရာအားလုံးမှာ အမြင်အာရုံ မှားယွင်းမှုတစ်ခုကဲ့သို့ ဖြစ်သွားသည်။

ဖန့်ချန်မှာ ဘာဖြစ်သွားသည်ကို ဇဝေဇဝါ ဖြစ်သွားသော်လည်း ကျောက်တုံးကို ဆက်လက် ကြည့်ရှုလိုက်ရာ ကျောက်တုံးအတွင်း၌ လက်သီးဆုပ်ခန့်ရှိသော ဝိညာဉ်ကျောက်တုံးတစ်ခု ဝှက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။

၎င်း၏ အရှိန်အဝါမှာ အလွန်ပင် ကြွယ်ဝလှသည်။

ဒါ အလယ်လတ်စား ဝိညာဉ်ကျောက်တုံး လား ဟု ဖန့်ချန် ကောက်ချက်ချလိုက်သည်။

All Chapters