← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း။ ၄၉

တစ်ဖန် ပြန်လည်ခြောက်ကပ်သွားသော ဂူဗိမာန်အတွင်း၌ စုန်ယန်မှာ ပထမဆုံးအကြိမ် ရောက်ရှိစဉ်ကထက်စာလျှင် ပို၍ အသားကျနေပြီဖြစ်သည်။ အနည်းဆုံးတော့ သူ၏မျက်မှောက်ရှိ အန္တရာယ်များမှာ ယာယီအားဖြင့် ကွယ်ပျောက်သွားခဲ့ပြီဖြစ်သလို သူသည်လည်း တောင်ပိုင်းဝါးတောင်ထိပ်၏ စီနီယာအစ်ကိုကြီး ဖြစ်လာခဲ့ပြီဖြစ်သည်။

သို့သော် မကြာမီမှာပင် သူ၏စိတ်ကို နှောင့်ယှက်နေသည့် အရာအချို့ကို တွေ့ရှိလာရသည်။ ကုရူဖုန်း၏ အလောင်းကို ပြန်လည်တွေ့ရှိသွားခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်သွားသည်ကို သူအသေအချာ မသိရသော်လည်း ဆရာကတော်ပိဟွာယီမှာ ဝိညာဉ်ရှာဖွေခြင်းခံရမှုကြောင့် ရူးသွပ်သလို ဖြစ်သွားကြောင်း သူကြားသိခဲ့ရသည်။

တောင်ထိပ်သခင်ဂူသည် သူ၏မြေးဖြစ်သူ ကုရူဖုန်းကို အလွန်အမင်း အလိုလိုက်ခဲ့ပုံရပြီး ကျောက်သားဆရာကြီး၏ ကျင့်ကြံဖော်ကိုပင် ဝိညာဉ်ရှာဖွေရန် ဝံ့ရဲခဲ့သည်။ ဤကိစ္စမှာ ပြီးဆုံးသွားခြင်းမရှိဘဲ သူအတိအကျ မခန့်မှန်းနိုင်သော ဦးတည်ချက်တစ်ခုသို့ ဦးတည်နေသကဲ့သို့ ခံစားနေရသည်။

အမှန်စင်စစ် သူသည် တပည့်သစ်ဖမ်းဆီးခြင်းကာလအတွင်း ကုရူဖုန်းကို သတ်ရန် စဉ်းစားခဲ့သော်လည်း ထိုသို့ပြုလုပ်ပါက သူကိုယ်တိုင်အပါအဝင် အတူပါလာသည့် တပည့်များအားလုံး ပတ်သက်သွားပေလိမ့်မည်။ ဆွေ့ချွဲတောအုပ်တွင် အလောင်းကို ဖျက်ဆီးရန်လည်း စဉ်းစားခဲ့သော်လည်း ကုရူဖုန်းနှင့် နောက်ဆုံးတွေ့ခဲ့သူများမှာ ဖမ်းဆီးရေးတပည့်များဖြစ်နေသဖြင့် သူ သံသယဝင်ခံရနိုင်သေးသည်။ ထို့ကြောင့်ပင် သူသည် ကုရူဖုန်းကို မြေမိစ္ဆာလက်ချက်ဖြင့် သေဆုံးစေခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် စုန်ယန်သည် ဂူဗိမာန်အတွင်းရှိ ကျောက်သားစင်မြင့်ပေါ်တွင် တစ်ယောက်တည်း လဲလျောင်းရင်း အပေါ်ရှိ ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကို ကြည့်နေမိသည်။ ခေတ္တအကြာတွင် သူသည် "ငါ ပိုပြီး သန်မာအောင် ကြိုးစားရဦးမယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

...

...

နောက်တစ်နေ့တွင် ရာသီဥတုက သာယာကာ ကြည်လင်နေသည်။

စုန်ယန် ဂူဗိမာန်အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် သန်မာထွားကြိုင်းသော တပည့်ငါးဦး သူ၏တံခါးဝတွင် စုရုံးနေသည်ကို တွေ့လိုက်ရသည်။ ဤတပည့်များမှာ လွန်ခဲ့သော ရက်

အနည်းငယ်က သူ့ကို တားဆီးခဲ့သော အဖွဲ့ပင်။ စုန်ယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ရာ ခေါင်းဆောင်ဖြစ်သူ တပည့်က ရုတ်တရက် ဖားယားသော အပြုံးဖြင့် ပြုံးပြကာ ဦးညွှတ်နှုတ်ဆက်ရင်း ပြေးလာတော့သည်။

"စီနီယာအစ်ကိုကြီးစုန်"

သူက ရိုသေစွာ ခေါ်လိုက်သည်။ ကျန်ရှိသော လူကောင်ကြီးကြီး လေးယောက်မှာလည်း အားနာသလို ရယ်မောရင်း ခေါင်းကို ကုတ်ကာ "စီနီယာအစ်ကိုကြီး" ဟု လိုက်ခေါ်ကြသည်။

"ဘာကိစ္စရှိလို့လဲ"

စုန်ယန်က မေးလိုက်သည်။

ခေါင်းဆောင်ဖြစ်သူ လုဟိုင်ယီက လက်ကို ပွတ်သပ်ရင်း အနားသို့ တိုးကပ်လာကာ "စီနီယာအစ်ကိုကြီးစုန်... ဒီလိုပါ ကျွန်တော်တို့ ဂျူနီယာတွေ အသေအချာ ပြန်စဉ်းစားကြည့်ပြီး အစ်ကိုကြီးကို တရားဝင် တောင်းပန်ချင်လို့ပါ။ ဒါက ပါးစပ်ကပဲ တောင်းပန်တာ မဟုတ်ပါဘူး ဒီနေ့ကစပြီး သားရေနယ်တဲ့နေရာကနေ ရရှိတဲ့ ကျွန်တော်တို့ရဲ့ ဂုဏ်ပြုမှတ် ၃၀ ရာခိုင်နှုန်းကို အစ်ကိုကြီးကို ပေးအပ်ပါ့မယ်" ဟု နှမြောတသသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

"မင်း နာမည်က လုဟိုင်ယီ မဟုတ်လား"

စုန်ယန်က ပြောလိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်။ အစ်ကိုကြီးက ကျွန်တော့်နာမည်ကို မှတ်မိနေတာပဲ"

လုဟိုင်ယီက ဝမ်းသာအားရ ပြောလိုက်သည်။

"၁၀ ရာခိုင်နှုန်းပဲ ပေးပါ"

စုန်ယန်က ပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

လုဟိုင်ယီနှင့် သူ၏အဖွဲ့မှာ အလျင်အမြန် ကျေးဇူးတင်စကား ဆိုကြတော့သည်။ အမှန်တော့ သူတို့သည် ဤမျှအထိ လုပ်စရာမလိုသော်လည်း တောင်ပိုင်းဝါးတောင်ထိပ်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဤစီနီယာအစ်ကိုကြီးစုန်က စီမံခန့်ခွဲရမည်ဖြစ်ကြောင်း ကြားသိလိုက်ရသဖြင့် ထိတ်လန့်သွားပြီး ယခင်က ရန်ငြိုးများကို ဖြေဖျောက်ရန် အပြေးအလွှား လာရောက်ဖားယားကြခြင်းပင်။

နေ့စဉ်လုပ်ငန်းဆောင်တာဆိုသည်မှာ ခွဲတမ်းချပေးခြင်းပင်။ ဥပမာအားဖြင့် အဆင့်မြင့် လူသားဖိုများ ရောက်ရှိလာပါက စီနီယာအစ်ကိုကြီးက အကုန်ယူထားပြီး သူတို့ကို မခွဲပေးလျှင် ဘာလုပ်နိုင်မှာလဲ။ တောင်ထိပ်သခင်ထံ သွားတိုင်ရမလား သို့မဟုတ် လက်သီးဖြင့် ဆုံးမမလား။ စုန်ယန်မှာ ကျောက်သားဆရာကြီး၏ တိုက်ရိုက်တပည့်ဖြစ်နေသဖြင့် မည်သူကမျှ မစော်ကားဝံ့ပေ။

လုဟိုင်ယီက သူ၏ရင်ဘတ်ကို ပုတ်ကာ "အစ်ကိုကြီးက တကယ့်ကို တရားမျှတတာပဲ ၁၀ ရာခိုင်နှုန်းပဲ ယူတာက ကျွန်တော့်ကို တကယ် လေးစားသွားစေတယ်။ ကျွန်တော် လုဟိုင်ယီ ဒီနေ့ ဒီနေရာမှာပဲ ကျိန်ဆိုပါတယ် ဒီနေ့ကစပြီး ကျွန်တော်က အစ်ကိုကြီးအတွက် ခွေးတစ်ကောင်လိုပါပဲ အစ်ကိုကြီးကို စော်ကားတဲ့သူမှန်သမျှ ကျွန်တော့်ကို အရင်ကျော်ဖြတ်ရလိမ့်မယ် ဝုတ် ဝုတ် ဝုတ်" ဟု ဟောင်ပြလိုက်သေးသည်။

ကျန်ရှိသော တပည့်များကလည်း "ကျွန်တော်တို့လည်း အတူတူပါပဲ ဝုတ် ဝုတ်" ဟု လိုက်ဟောင်ကြသည်။

စုန်ယန် : ...

သူသည် အတိတ်ကို ပြန်သတိရကာ စိတ်လှုပ်ရှားသွားမိသည်။

ယန်ဇီမြစ်မှာ နောက်လှိုင်းက ရှေ့လှိုင်းကို တွန်းထုတ်တယ်ဆိုသလိုပင်။ လွန်ခဲ့သော ငါးနှစ်က သူသည် စီနီယာအစ်ကို ကျန်းရင်ကို ဂုဏ်ပြုမှတ် အနည်းငယ်သာ ပေးခဲ့ရသော်လည်း ယခုလူများမှာ ထိုထက်ပင် ပို၍ အစွန်းရောက်နေကြသည်။ ဖားယားခြင်း၊ အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်ခြင်း၊ ဆွေမျိုးကောင်းစားရေး ဝါဒကျင့်သုံးခြင်းတို့မှာ မိစ္ဆာဂိုဏ်း၏ ရိုးရာစဉ်လာများ ဖြစ်ပုံရသည်။

ရုပ်သေးဂိုဏ်း၏ ဂိုဏ်းချုပ်မဖြစ်သရွေ့ ဤနေရာတွင် ဖြူစင်စွာနေထိုင်ရန် ကြိုးစားခြင်းမှာ မိမိကိုယ်ကို အထီးကျန်စေပြီး သေတွင်းသို့ ခြေစုံပစ်ဝင်ခြင်းနှင့် အတူတူပင်။ သူသည် သူတို့ကို ကြည့်ကာ နွေးထွေးစွာ ပြုံးပြပြီး "ငါတို့တွေက စီနီယာ၊ ဂျူနီယာ ညီအစ်ကိုတွေပဲလေ။ အချင်းချင်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြပါ။ အင်အားရှိရင် အပြင်ဘက်ကိုပဲ သုံးကြပါ။ ကိုယ့်လူအချင်းချင်း ဒုက္ခမပေးကြနဲ့" ဟု ပြောလိုက်သည်။

လုဟိုင်ယီက "နက်နဲလိုက်တဲ့ ဉာဏ်အလင်းပဲ စီနီယာအစ်ကိုကြီးစုန်ရဲ့ စကားတွေက ကျွန်တော့်မျက်စိကို ပွင့်သွားစေတယ်။ အတိတ်က လုပ်ရပ်တွေကို ပြန်စဉ်းစားကြည့်ရင် ကျွန်တော် ရှက်လွန်းလို့ မျက်နှာဘယ်မှာ ထားရမှန်းတောင် မသိတော့ပါဘူး ဟူး" ဟု ချီးကျူးလိုက်ပြန်သည်။

စုန်ယန်မှာ ဆက်ပြောရန် စိတ်ကုန်သွားသဖြင့် စကားအနည်းငယ်သာ လဲလှယ်ပြီး သားရေနယ်သည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။ စစ်ပွဲများ ဖြစ်ပွားနေသော်လည်း မိစ္ဆာသားရဲအရေခွံအမြောက်အမြား ရှိနေဆဲပင်။ သို့သော် ဤအရေခွံများမှာ ဝယ်ယူထားခြင်း မဟုတ်ဘဲ စစ်မြေပြင်မှ ရရှိထားခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် အကောင်းအတိုင်းကျန်သော အရေခွံများမှာ အဆင့်နိမ့်သားရဲများ၏ အရေခွံများသာ ဖြစ်သည်။

အလယ်အလတ်အဆင့်အရေခွံအချို့ ရှိသော်လည်း အများစုမှာ စုတ်ပြတ်သတ်နေသဖြင့် အသုံးမဝင်လှပေ။ ထိုကဲ့သို့သော အရေခွံများဖြင့် အရိပ်ရုပ်သေးပြုလုပ်ပါက အရည်အသွေး ညံ့ဖျင်းမည်ဖြစ်သလို ဆင့်ခေါ်ခြင်းအောင်မြင်မှုနှုန်းမှာလည်း အလွန်နိမ့်ကျပေလိမ့်မည်။

...

...

ခေတ္တမျှ လှည့်လည်ကြည့်ရှုပြီးနောက် စုန်ယန်သည် ထူးကဲချီ လမ်းညွှန်ကျင့်စဉ်ကို ယူဆောင်ကာ ဝမ်စုစု၊ လုဟိုင်ယီနှင့် ရှန်ကွမ်ကျန့်ဟူသော တပည့်တစ်ဦးတို့နှင့်အတူ သားရေနယ်သည့်နေရာသို့ သွားရောက် စမ်းသပ်ခဲ့သည်။ လုဟိုင်ယီနှင့် ရှန်ကွမ်ကျန့်တို့မှာ လွန်ခဲ့သော ငါးနှစ်အတွင်း တောင်ပိုင်းဝါးတောင်ထိပ်၏ ခေါင်းဆောင်ကြီးများဖြစ်ခဲ့ကြသော်လည်း ယခုအခါ ကျောက်သားဆရာကြီးက စီနီယာအစ်ကိုကြီးကို တရားဝင် ခန့်အပ်လိုက်သဖြင့် သူတို့သည်လည်း ဒုတိယအစ်ကိုကြီးနေရာသို့ ဆင်းပေးခဲ့ကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးမှာ တစ်ဦးတည်းသာ ရှိရမည်ဖြစ်ရာ သူတို့နှစ်ဦးကြားမှ ပြိုင်ဆိုင်မှုတွင်မူ စုန်ယန်က ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိပေ။

မျှတမှုကို ထိန်းသိမ်းရန်အတွက် ထိုနှစ်ယောက်ကို အချင်းချင်းသာ တိုက်ခိုက်ခိုင်းထားပြီး သူကတော့ တရားသူကြီးတစ်ဦးအနေဖြင့် တရားမျှတမှုကိုသာ စောင့်ထိန်းပေးမည်ဖြစ်သည်။

သူ ကမ္ဘာကူးမလာခင်က နန်းတွင်းဇာတ်လမ်းတွဲများနှင့် မင်းဆက်ရာဇဝင် ဇာတ်လမ်းများကို အတော်များများ ကြည့်ဖူးခဲ့သဖြင့် ဤကဲ့သို့သော ချိန်ခွင်လျှာညှိခြင်းနည်းဗျူဟာများကို သူ ကောင်းကောင်း ရင်းနှီးပြီးသားဖြစ်သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင် သားရေနယ်

အလုပ်ခန်းရှိ အထွေထွေအလုပ်ခန်းသို့ သွားရာလမ်းတွင် ယခင် ခေါင်းဆောင်ကြီးနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် စတင်တိုက်ခိုက်ကြတော့သည်။

ရှန်ကွမ်ကျန့်က မျက်နှာကို ပုတ်သိုးနေအောင် လုပ်ထားပြီး မင်းတို့အားလုံး ငါ့ကို ရွှေတုံး သုံးသန်း အကြွေးတင်နေတယ်ဆိုသည့် ရုပ်မျိုးဖြင့် လုဟိုင်ယီက လူယုတ်မာဗျ။ ရှေ့တင်ပြုံးပြပြီး နောက်ကွယ်မှာ ဓားနဲ့ထိုးမယ့်သူပဲ။ စီနီယာအစ်ကိုကြီး သတိထားပါဟု ကုန်းတိုက်သည်။

လုဟိုင်ယီကမူ မိစ္ဆာအရှိန်အဝါများ ဖုံးလွှမ်းနေသော မျက်နှာဖြင့် "ရှန်ကွမ်ကျန့်က ရည်မှန်းချက် ကြီးလွန်းတယ်။ သူက အစ်ကိုကြီးရဲ့ နေရာကို အကြာကြီးကတည်းက ချောင်းနေတာ။ ကျွန်တော်ကတော့ အေးအေးဆေး ကျင့်ကြံချင်ရုံတင်ပါ။ အစ်ကိုကြီးစုန်က တကယ့်ကို တရားမျှတတဲ့သူမို့လို့ ကျွန်တော်ကတော့ အစ်ကိုကြီးနောက်ကပဲ လိုက်မှာပါ" ဟု အခိုင်အမာ ကြေညာသည်။

ဝမ်စုစုကမူ ယခင်က သူမ၏ ဂျူနီယာ၊ ယခုအခါ စီနီယာအစ်ကိုကြီး ဖြစ်လာသူကို ကြည့်ကာ သူမ၏ ရပ်တည်ချက်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။ ခေါင်းဆောင်ကြီးနှစ်ဦး၏ စကားများခြင်းကို နားထောင်ရင်း တခိခိရယ်ကာ မီးလောင်ရာလေပင့်လုပ်ပေးသဖြင့် သူတို့နှစ်ဦး၏ အငြင်းပွားမှုမှာ ပို၍ပင် ပြင်းထန်လာတော့သည်။

စုန်ယန် တစ်ယောက်တည်း ရှိနေချိန်တွင် သူသည် မိစ္ဆာဂိုဏ်းထဲတွင် ရောက်နေသော်လည်း သူကိုယ်သူ တကယ့်ကို ပုံမှန်လူတစ်ယောက်ဟု ခံစားရသည်။ သို့သော် ယခုအခါ စစ်မှန်သော မိစ္ဆာဂိုဏ်းတပည့်သုံးဦး၏ ဝိုင်းရံခြင်းကို ခံနေရပြီး သူလုပ်ဆောင်တော့မည့် အရာများကို တွေးတောမိသောအခါ သူလည်း အနည်းငယ် ဝေဝေဝါးဝါး ဖြစ်လာမိသည်။

ငါ စုန်ယန်လည်း "ရွှံ့ညွန်ထဲ ရောက်နေတော့ ရွှံ့ရောင် လိုက်နေတာလား"

...

...

သားရေနယ်အလုပ်ခန်းမှာ ယခင်ကအတိုင်း သိပ်မပြောင်းလဲသေးပေ။

စုန်ယန် တောင်ထိပ်သို့ ရောက်ရှိလာသောအခါ လုဟိုင်ယီက စီနီယာအစ်ကိုကြီး ထိုင်ရန်အတွက် ကျောက်တုံးကြီးတစ်တုံးကို အမြန် သယ်ယူပေးလိုက်သည်။ ထို့နောက် ရှန်ကွမ်ကျန့်ကို စိုက်ကြည့်ကာ "မင်းက စီနီယာအစ်ကိုကြီးလား ဘာမှမလုပ်ဘူးလား ကျင့်စဉ်ကို မင်းပဲ သွားပြီး သင်ပေးလိုက်တော့လေ" ဟု ဟောက်လိုက်သည်။

ရှန်ကွမ်ကျန့်က နှာခေါင်းရှုံ့ကာ ရိုသေစွာဖြင့် "အစ်ကိုကြီးစုန် ကျွန်တော် သွားပြီး အစေခံတွေကို ခေါ်လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

သူ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးခင်မှာပင် ဝမ်စုစုက စိတ်အားထက်သန်စွာဖြင့် အပြေးအလွှား ထွက်သွားပြီး လက်ယမ်းကာ "လူသစ်လေးတို့ရေ... ဒုတိယအကြိမ် စမ်းသပ်မှု မလုပ်ရသေးတဲ့သူတွေ ဒီကိုလာခဲ့ကြ…." ဟု နွဲ့နွဲ့နှောင်းနှောင်း အော်ဟစ်လိုက်သည်။

တောင်လေအောက်တွင် သူမ၏ ကိုယ်ဟန်မှာ ဆွဲဆောင်မှုအပြည့်ဖြင့် ယိမ်းထိုးနေသည်။ အသက်အရွယ် အနည်းငယ် ရလာပြီဖြစ်သော်လည်း ကျင့်စဉ်ကြောင့်လား သို့မဟုတ် ဖိုကောငါများ၏ အဆီအနှစ်များကို စုပ်ယူထား၍လားမသိပေ။ သူမသည် စုန်ယန် ပထမဆုံးတွေ့စဉ်ကထက်ပင် ပို၍ နုပျိုကာ ဆွဲဆောင်မှုရှိနေသည်။ အစေခံအမျိုးသား အများအပြားမှာ သူမ၏ အသံကိုကြားပြီး ညှို့ဓာတ်ပြင်းသော ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ မျက်လုံးများကို မခွာနိုင်ဘဲ ဖြစ်နေကြသည်။

ထိုအတောအတွင်း ဝမ်စုစုသည် လူသားဖိုအသစ်တစ်ယောက်ကို လျင်မြန်စွာ ရွေးချယ်နေသည်။ မကြာမီမှာပင် သူမသည် အရပ်ရှည်ရှည်၊ သန်သန်မာမာ လူငယ်လေးတစ်ဦးကို မျက်စိကျသွားပြီး လက်ယမ်းခေါ်လိုက်သည်။ လူငယ်လေးမှာ အံ့ဩဝမ်းသာစွာဖြင့် ရှေ့သို့တိုးလာပြီး နှစ်ဦးသား စကားပြောဖြစ်ကြသည်။ ခဏအကြာတွင် သူတို့နှစ်ဦး လက်ချင်းတွဲနေကြပြီး လူငယ်လေး၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူသံများပင် ပြင်းထန်နေတော့သည်။

ထို့နောက် စုန်ယန်သည် လွန်ခဲ့သော နှစ်များက စီနီယာအစ်ကို ကျန်းရင်ကို အတုယူကာ လူတိုင်းကို စတင်စမ်းသပ်တော့သည်။ အတိတ်က ပုံရိပ်များ တစ်ဖန် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

စိတ်ဝိညာဉ်၏ ထိခိုက်လွယ်ပုံနှင့် အားနည်းပုံကို သူတစ်ဖန် ပြန်လည်သတိပြုမိလာသည်။ ထူကဲအမြစ်မရှိသူများသည် အလွန်အမင်း အားနည်းအောင် ပြုလုပ်ထားသော ကျင့်စဉ်၏ စိတ်

ဝိညာဉ် တုန်ခါမှုကိုပင် မခံနိုင်ကြပေ။ အကယ်၍ မူရင်းကျင့်စဉ်အပြည့်အစုံသာဆိုလျှင် လူအများအပြား ရူးသွပ်သွားကြမည်ပင်။

နာရီဝက်ခန့် ကြာပြီးနောက် စမ်းသပ်မှု ပြီးဆုံးသွားခဲ့သည်။ လူလေးဦးသာ ကျင့်စဉ်ကို အောင်မြင်စွာ ရရှိခဲ့ကြသည်။ စုန်ယန်သည် စနစ်တကျ စည်းကမ်းများကို ရှင်းပြပြီးနောက် လူသားဖိုများကို စတင်ရွေးချယ်တော့သည်။

သူသည် ချစ်သူဖြစ်ခါစ မိန်းကလေးအပြစ်ကင်းစင်သူလေးအဖြစ် ဟန်ဆောင်နေသော စီနီယာအစ်မဝမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်နေကြသော ရှန်ကွမ်ကျန့်နှင့် လုဟိုင်ယီတို့ကိုလည်း လှမ်းကြည့်လိုက်သည်။ သိသာသည်မှာ ပထမဆုံး လတ်လတ်ဆတ်ဆတ် ရွေးချယ်ပိုင်ခွင့်မှာ တောင်ပိုင်းဝါးတောင်ထိပ်၏ ဤအစ်ကိုကြီးနှင့် ဒုတိယအစ်ကိုကြီးများ၏ အခွင့်အရေးပင်။

သို့သော် မည်သူပင် ရွေးချယ်လိုသည်ဖြစ်စေ စုန်ယန်၏ သဘောတူညီချက်ကို အရင်ရယူရမည်ဖြစ်သည်။ ထိုသုံးယောက်စလုံးမှာလည်း စုန်ယန် မည်သည့်စည်းကမ်းများ ထုတ်ပြန်မည်နည်းဟု စောင့်ဆိုင်းနေသကဲ့သို့ သူ့ကို ရံဖန်ရံခါ လှမ်းကြည့်နေကြသည်။

စုန်ယန်သည် ထိုသုံးဦးကို ခေါ်ယူလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည် "မင်းတို့အားလုံး ငါ့ရဲ့ အတိတ်ကို သိကြမှာပါ။ ငါက လူသားဖိုတွေကို အလဟဿ ဖြုန်းတီးပစ်တတ်တဲ့သူ မဟုတ်

ဘူး။ ဒီနေ့ မင်းတို့ ဘယ်သူ့ကိုပဲ ရွေးရွေး စည်းကမ်းတစ်ခုကိုတော့ မှတ်ထားကြပါ"

"တစ်ခါ ရွေးပြီးသွားရင် သူတို့ကို တန်ဖိုးထားရမယ်။ သူတို့ကို အားဖြည့်ပေးဖို့အတွက် ခွန်အားဖြည့် ဂျင်ဆင်းဆေးလုံးလိုမျိုး အရာတွေကို သုံးပေးဖို့ မမေ့နဲ့။ အကယ်၍ တစ်ယောက်ယောက်က သူတို့ကို အတင်းအကျပ် အသားကုန် စုပ်ယူပစ်တာမျိုး ဒါမှမဟုတ် အလျင်စလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်အောင် လုပ်လိုက်တာမျိုး ဖြစ်ခဲ့ရင်တော့ နောက်ထပ် လူသားဖိုအသစ်ရှာဖို့ သုံးလ စောင့်ရလိမ့်မယ်"

ဤစည်းကမ်းကို ကြားလိုက်ရသောအခါ မိစ္ဆာဂိုဏ်းတပည့် သုံးဦးစလုံး တိတ်ဆိတ်သွားကြသည်။ ရှန်ကွမ်ကျန့်က ခက်ခဲသော မျက်နှာပေးကို ပြသနေသည်။ လုဟိုင်ယီကမူ အတင်းအကျပ် ပြုံးလိုက်ပြီး "အစ်ကိုကြီးစုန်က တကယ့်ကို တရားမျှတပါတယ်လို့ ကျွန်တော် ပြောသားပဲ" ဟု ပြောလိုက်သည်။

ဝမ်စုစုက သူမ၏ မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း "စီနီယာအစ်ကိုကြီး... အကယ်၍ သူတို့ကိုယ်တိုင်ကပဲ ကျွန်မကို အသားကုန် စုပ်ယူပါလို့ ပြောလာရင်ကော" ဟု မေးလိုက်သည်။

ရှန်ကွမ်ကျန့် :

လုဟိုင်ယီ :

ဝမ်စုစုက အဝေးသို့ လက်ယမ်းပြလိုက်ရာ လူငယ်လေးမှာ ကြောက်ရွံ့နေပုံရသော်လည်း ဝမ်စုစု၏ လှပသော မျက်နှာကို မြင်လိုက်ရသောအခါ သတ္တိမွေး၍ အနားသို့ တိုးလာသည်။ ဝမ်စုစုက ဝမ်းနည်းကြေကွဲဟန်ဖြင့် "မင်း ငါ့အတွက် အရာအားလုံး ပေးဆပ်ဖို့ မီးထဲရေထဲ ဆင်းဖို့ အသင့်ပဲလား" ဟု ညင်သာစွာ မေးလိုက်သည်။

လူငယ်လေးက "အသင့်ပါပဲ" ဟု ပြန်ဖြေသည်။

ဝမ်စုစုက နောက်တစ်ကြိမ် လက်ယမ်းပြလိုက်သောအခါ လူငယ်လေးမှာ ဝေးရာသို့ ပြန်သွားသော်လည်း သူ၏ မျက်လုံးများကမူ ဝမ်စုစုထံမှ မခွာတော့ပေ။ ဝမ်စုစုက သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခိခိ ရယ်မောရင်း "အို... စီနီယာအစ်ကိုကြီးရယ် ကျွန်မက တမ်းတမူးယစ်ဆေးတောင် မသုံးရသေးဘူးနော်" ဟု ပြောလိုက်သည်။

စုန်ယန်က သက်ပြင်းချကာ "မကောင်းတဲ့ သတင်းတွေ ငါ့နား မကြားရပါစေနဲ့။ ငါ့မျက်စိထဲလည်း မမြင်ရပါစေနဲ့" ဟုသာ ပြောလိုက်သည်။

ထိုသုံးဦးက "ဟုတ်ကဲ့ပါ" ဟု ရိုသေစွာ ပြိုင်တူ ဖြေကြားကြသည်။ စုန်ယန်က လက်ဝှေ့ယမ်းပြပြီး "ကဲ... မင်းတို့ အရင်ပြန်ကြတော့။ ဒီနေ့တော့ ငါပဲ အကုန် ရှာဖွေစစ်ဆေးလိုက်တော့မယ်။ မနက်ဖြန်မှ မင်းတို့ ပြန်လာခဲ့ကြ" ဟု ပြောလိုက်သည်။

ထိုသုံးဦးမှာ အံ့ဩခြင်း မရှိကြပေ။ တောင်ပိုင်းဝါးတောင်ထိပ်တွင် စီနီယာအစ်ကိုကြီးက ပထမဆုံး အရသာခံခွင့် ရှိပြီး ကျန်သည့် သုံးဦးက ဒုတိယအဆင့် ရွေးချယ်ခွင့် ရကြခြင်းမှာ သဘာဝပင်။ ၎င်းမှာလည်း မဆိုးလှပေ။ ထို့ကြောင့် သူတို့ သုံးဦးစလုံး အရင် ထွက်ခွာသွားကြတော့သည်။

စုန်ယန်သည် စတင် ရှာဖွေတော့သည်။ သူ၏ ရည်မှန်းချက်မှာ ရှင်းလင်းလှသည်။ အသစ်ရောက်ရှိလာသော တစ်ကိုယ်တည်းဖြစ်သည့် အမျိုးသမီးများ သို့မဟုတ် အတူနေထိုင်သည့် အမျိုးသမီးတွဲများကို ရှာဖွေပြီး သူနှင့် ကံပါသည်ဟု ခံစားရသူကို ရွေးချယ်ရန်ဖြစ်သည်။

သူ ရွေးချယ်လိုက်သူမှာ အနည်းဆုံးတော့ လူသားဖို ကိစ္စများကြောင့် သေဆုံးမည်မဟုတ်ဘဲ အပြင်လောကသို့ ပြန်နိုင်ရန်နှင့် မိသားစုနှင့် ပြန်ဆုံနိုင်ရန် အခွင့်အရေး ရှိနေသေးကြောင်း သူကိုယ်တိုင် သိရှိနားလည်ထားသည်။ သို့သော် ၎င်းမှာ ထိုအမျိုးသမီးအတွက် ကောင်းသလား ဆိုးသလား ဆိုသည်ကိုမူ သူ မဝေခွဲနိုင်ပေ။ တောင်ပိုင်းဝါးတောင်ထိပ်သို့ အဓမ္မ ခေါ်ဆောင်ခံရခြင်းကပင် ကံဆိုးမှု ဖြစ်နိုင်သလို ဤကဲ့သို့သော ပရမ်းပတာ လောကကြီးတွင် မွေးဖွားလာခြင်းကပင် ကံဆိုးမှု၏ အစလည်း ဖြစ်နိုင်သည်။

စုန်ယန်၏ စိတ်မှာ ဤနေရာတွင် အပြည့်အဝ မရှိလှသော်လည်း သူ၏ ကျင့်ကြံမှုကို အခြားသူများအား ရှင်းပြနိုင်ရန်အတွက် လူသားဖိုတစ်ဦးကို ရှာဖွေရန် လိုအပ်နေသည်။ ဤအလုပ်ကို အမြန်အဆုံးသတ်ပြီးနောက် အဆင့်မြင့် မိစ္ဆာသားရဲ အရေခွံကို မည်သည့်နေရာမှ ရနိုင်မလဲဆိုသည်ကို သူ အဖြေရှာရမည်ဖြစ်သည်။

၎င်းမှာ သူ အမြန်ဆုံး ဖြေရှင်းရမည့် အဓိက ပြဿနာပင်။ အကယ်၍ အဆင်မပြေပါက သူသည် ဂုဏ်ပြုမှတ်များ ပိုမိုရှာဖွေပြီး မြွေအလောင်း ဈေးကွက်လမ်းကြောင်းကို အသုံးပြုရန် စဉ်းစားနေသည်။ သို့သော် ဝေးလံသော နည်းလမ်းကို အားကိုးခြင်းမှာ မရေရာမှုများလွန်းသဖြင့် အစွန်းကုန် မတတ်သာသည့် အခြေအနေရောက်မှသာ ထိုသို့ လုပ်ဆောင်ရန် သူ ဆုံးဖြတ်ထားသည်။

အခန်း။ ၅၀

စုန်ယန်သည် သူ၏ပစ်မှတ်ကို လျင်မြန်စွာပင် သတ်မှတ်လိုက်သည်။

နေဝင်ရိုးရီအချိန်တွင် ထိုအမျိုးသမီးနှစ်ဦး ပြန်လာသည်ကို သူကြားဖြတ်တားဆီးလိုက်သည်။ သူစကားမပြောမီမှာပင် အမျိုးသမီးတစ်ဦးက "နတ်ဘုရားအရှင်... ဘာကိစ္စပဲရှိရှိ ကျွန်မကိုပဲခေါ်ပါ။ ကျွန်မတို့သခင်မလေးကိုတော့ ဒုက္ခမပေးပါနဲ့" ဟု အပြေးအလွှား ရှေ့ထွက်ပြောဆိုလာသည်။

စုန်ယန် ကြည့်လိုက်သောအခါ ထိုအမျိုးသမီးမှာ အသားညိုညို၊ ပါးပေါ်တွင် ကြည့်ရဆိုးသော မှဲ့ကြီးတစ်ခုရှိပြီး ထိုမှဲ့အလယ်မှ အမွှေးတိုလေးများ ထွက်နေသည်ကို တွေ့ရသည်။

သူမက သခင်မလေးဟု ခေါ်ဆိုသူမှာမူ အသားအရည် ဝင်းပဖြူစင်ကာ မျက်နှာလေးမှာလည်း စိုပြည်လှသည်။ အစေခံတစ်ဦးဖြစ်သော်လည်း သူမ၏ဆံပင်ကို သေသေသပ်သပ် ထုံးဖွဲ့ထားပြီး သစ်သားဆံထိုးလေး တစ်ချောင်းစိုက်ထားသည်။ သူမ၏အလှမှာ သိမ်မွေ့နုနယ်ပြီး ကိုယ်လုံးကိုယ်ပေါက်မှာ အဆီပိုမရှိဘဲ ကျနလှပသဖြင့် တကယ့်အလှလေးတစ်ဦးဟု ဆိုနိုင်သည်။

သူတို့နှစ်ဦးမှာ အခန်းတစ်ခန်းတည်းတွင် အတူနေကြခြင်းဖြစ်သည်။ သခင်မနှင့် အစေခံနှစ်ဦးစလုံး အတူတူ အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး အစေခံဖြစ်သူမှာ သူမ၏သခင်မကို သစ္စာရှိရှိ ကာကွယ်နေဆဲဖြစ်ကြောင်း သိသာလှသည်။

ထိုစဉ် အစေခံက ရှေ့သို့တစ်လှမ်းတိုးကာ "နတ်ဘုရားအရှင်... တစ်ခုခုရှိရင် ကျွန်မကိုပဲ လုပ်ပါ" ဟု ထပ်ပြောသည်။

စုန်ယန်က လက်ကိုမြှောက်ကာ ထိုအစေခံ၏ ပခုံးပေါ်သို့ တင်လိုက်သည်။ သဘာဝအရဆိုလျှင် ဤကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ရုပ်ဆိုးလှသော အစေခံက လမ်းပိတ်နေပါက လူသားဖိုရှာနေသူတိုင်းက ဘေးသို့တွန်းထုတ်မည်ဖြစ်ပြီး ဒေါသကြီးသူဆိုလျှင် "ဖယ်စမ်း၊ ရုပ်ဆိုးမရဲ့" ဟုပင် အော်ဟစ်ပေလိမ့်မည်။

သို့သော် စုန်ယန်ကမူ အစေခံ၏ပခုံးကို အသာအယာပုတ်ကာ "ကောင်းပြီ... မင်းပဲဖြစ်စေ ငါနဲ့လိုက်ခဲ့" ဟု ပြောလိုက်သည်။

အစေခံ :

သခင်မလေး :

တိတ်ဆိတ်နေသော သခင်မလေးမှာ ရုတ်တရက် ရှေ့သို့ထွက်လာပြီး ဝမ်းနည်းကြေကွဲစွာဖြင့် "ဟွမ်အာ... မင်း ငါ့အနားမှာနေခဲ့တာ နှစ်တွေအတော်ကြာပြီ။ ဒီနေ့တော့ ငါ့ကိုယ်စား မင်းကိုအနစ်နာခံခိုင်းဖို့ ငါ့စိတ်က ခွင့်မပြုဘူး။ ငါ... ငါကိုယ်တိုင်ပဲ လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

သခင်မလေးမှာ အစေခံ၏ရှေ့သို့ ဝင်ရပ်လိုက်ပြီး စုန်ယန်ကိုကြည့်ကာ တည်ငြိမ်စွာဖြင့် "ကျွန်မ ရှင်နဲ့လိုက်ခဲ့ပါ့မယ်" ဟု ပြောလိုက်သည်။

စုန်ယန် ခေတ္တမျှ မှင်သက်သွားပြီးမှ ပြုံးလိုက်ကာ "ထားလိုက်တော့" ဟု ဆိုပြီး လှည့်ထွက်သွားခဲ့သည်။

အမျိုးသမီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးမှ သက်ပြင်းချကာ သက်သာရာရသွားကြပြီး လိုက်ကာကိုမကာ သူတို့၏ တွဲလောင်းအခန်းထဲသို့ အမြန်ဝင်သွားကြတော့သည်။

မှောင်စပြုလာသောအခါ သခင်မလေးအသွင် ဝတ်ဆင်ထားသော အမျိုးသမီးက ဇဝေဇဝါဖြစ်နေသော မျက်နှာပေးဖြင့် "အဲဒီလူက..." ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

အသားညိုညိုနှင့် အစေခံအသွင်ယူထားသူက "ရှူး..." ဟု အချက်ပေးလိုက်ပြီး "သခင်မလေး ဒီနေ့ ပင်ပန်းနေပါပြီ။ ကျွန်မ ပခုံးလေး နှိပ်ပေးပါရစေ" ဟု ပြောလိုက်သည်။

ညဉ့်နက်လာသည်။

သွေးရောင်လွှမ်းသော မိစ္ဆာချီများမှာ တောင်မြူများနှင့်အတူ ပျံ့နှံ့လာပြီး ချောက်ကမ်းပါးများကြားရှိ ဧရာမဟင်းလင်းပြင်ကြီးကို ဝါးမြိုကာ ကမ်းပါးထိပ်ရှိ တွဲလောင်းအခန်းများကိုပါ ဖုံးလွှမ်းသွားတော့သည်။

တွဲလောင်းအခန်းတစ်ခုအတွင်း...

နေ့ခင်းက သခင်မလေးအသွင် ဝတ်ဆင်ထားသော အမျိုးသမီးမှာ ယခုအခါ အမိုးပေါ်တွင် နိုးကြားစွာ ထိုင်နေသည်။ သူမသည် ကျောကို တံခါးတွင်မှီထားပြီး တိုးညှင်းစွာ ဆိုသည်မှာ "မိဖုရားကြီး... ဝေဘုရင်က အရှင်မ ထွက်ပြေးသွားတယ်လို့ မပြောဘူး။ အရှင်မက နန်းနောက်ဆောင်မှာ ဖျားနာပြီး အနားယူနေတယ်လို့ပဲ သတင်းလွှင့်ထားပါတယ်"

"ဝေဘုရင် ဟုတ်လား သူက ဘုရင်မဟုတ်ဘူး သူက အဲဒီရာထူးနဲ့ မထိုက်တန်ဘူး"

နေ့ခင်းက အစေခံအသွင် ဝတ်ဆင်ထားသော အမျိုးသမီးမှာ ယခုအခါ မျက်နှာမှ ဖုန်မှုန့်များကို ဆေးကြောကာ မှဲ့အတုကို ခွာလိုက်သောအခါ အလွန်ပင် ဆွဲဆောင်မှုရှိသော အလှပိုင်ရှင်တစ်ဦး ဖြစ်နေသည်။ သူမ၏ ကြမ်းတမ်းပြတ်သားသော အမူအရာမှာ မြင်းရိုင်းတစ်ကောင်ကဲ့သို့ ရှိနေသော်လည်း သက်ပြင်းချကာ "သူ... ပြောင်းလဲသွားပြီ။ သူ ငယ်ငယ်တုန်းက တကယ့်ကို ပါရမီထူးပြီး မျှော်လင့်ချက်ရှိခဲ့တဲ့သူ။ နယ်စပ်ကို စောင့်ရှောက်ပြီး ကျင်းနိုင်ငံကြီးကို ပြန်တိုက်ခဲ့တဲ့သူပဲ"

"ဒါပေမဲ့ သူက ကျောင်ရှီယင်ကို လမ်းပေါ်မှာ သတ်ခဲ့တယ်။ ပြီးတော့ သစ္စာဖောက်တစ်ယောက်အဖြစ် နိမ့်ကျသွားပြီး မြောက်ပိုင်းက လူတွေကို လိမ်ညာခဲ့တယ်။ မိစ္ဆာတွေအတွက် လူတွေကို မွေးမြူပေးနေတယ်"

"ငါ လူကြည့်မှားခဲ့တာပဲ ငါ့မှာသာ အစွမ်းရှိရင် သူ့ကို သတ်ပစ်ချင်တယ်"

"သူ့မှာ ကျွန်မရဲ့ မိခင်ဘက်က မိသားစုရဲ့ ထောက်ခံမှု လိုအပ်နေသေးတာပဲ။ ဒါကြောင့် ကျွန်မ ထွက်ပြေးသွားတယ်ဆိုတာကို သူ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။

ကျွန်မ မိသားစုကို သတိပေးဖို့ ကြိုးစားခဲ့ပေမဲ့ ကံကြမ္မာက ကျွန်မကို ဒီကို ပို့လိုက်တယ်။ ရုပ်သေးဂိုဏ်းရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပဲ"

"ရပါတယ် မိဖုရားကြီး ကျွန်မ စုံစမ်းပြီးပါပြီ။ စစ်ပွဲကြောင့် တောင်ခြေက ဈေးကွက်ရဲ့ အဝင်အထွက်တွေမှာ ကင်းစောင့်တွေ သိပ်မတင်းကျပ်တော့ဘူး... ကျွန်မတို့တွေ နေ့ခင်းဘက် ပစ္စည်းဝယ်ဖို့ အကြောင်းပြပြီး တောင်အောက်ဆင်းမယ်။ ပြီးရင် ညဘက်မှာ ခိုးထွက်မယ်ဆိုရင် မျှော်လင့်ချက် ရှိပါသေးတယ်။ အဲဒီအချိန်ကျရင်... ကျွန်မ အရှင်မအတွက် အကာအကွယ်ပေးပါ့မယ်။ အရှင်မ သေချာပေါက် လွတ်မြောက်နိုင်မှာပါ။ ဒီအတောအတွင်း အပြင်က မြေပုံကို ကျွန်မ တိတ်တဆိတ် မှတ်သားထားတယ်။ အရှင်မ မှတ်မိအောင် ပြန်ဆွဲပေးပါ့မယ်"

အမျိုးသမီးနှစ်ဦးမှာ တစ်ညလုံး သတိကြီးစွာဖြင့် တိုင်ပင်နေကြသော်လည်း သူတို့အနားတွင် လူရိပ်တစ်ခုက အာရုံစူးစိုက်ကာ တိတ်တဆိတ် နားထောင်နေသည်ကိုမူ မသိရှိကြပေ။ နီမြန်းသော မြူထုများ ဖြတ်သန်းသွားပြီး တစ္ဆေဝိညာဉ်များမှာ ထိုလူရိပ်အနားမှ ပွတ်ကာသီကာ ဖြတ်သွားကြသော်လည်း သူ့ကို သတိမပြုမိကြချေ။ ထိုလူရိပ်မှာ ဤဝမ်းနည်းဖွယ်ရာ တစ္ဆေမြူထုအတွင်း၌ လုံးဝ အရည်ပျော် ဝင်ရောက်နေသကဲ့သို့ပင်။

၎င်းမှာ စုန်ယန်ပင်။

သူသည် အမျိုးသမီးနှစ်ဦး၏ အစီအစဉ်ကို ကြားလိုက်ရသောအခါ တိတ်တဆိတ် ခေါင်းခါမိသည်။ ဈေးကွက်အပြင်ဘက်ရှိ ချောက်ကမ်းပါးလမ်းမှာ ရှည်လျားပြီး လမ်းကလည်း တစ်ကြောင်းတည်းသာ ရှိသည်။ မိစ္ဆာချီများ ဝဲပျံနေသဖြင့် ညဘက်တွင် ထွက်ပြေးရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် တောင်ခါးပန်းတွင် လျှို့ဝှက်ကင်းစောင့်များ ရှိနေသလို အပြင်ဘက်တွင်လည်း ကျင်းမင်းဆက်မှ စစ်တပ်များက အသင့်စောင့်ဆိုင်းနေကြသည်။

ဤမိဖုရားကြီးမှာ ဈေးကွက်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်နိုင်လျှင်ပင် နောက်ထပ် အတားအဆီးများကို ကျော်လွှားနိုင်မည် မဟုတ်ဘဲ မြေပုံတစ်ပုံ၊ အရိုးဖြူတစ်စုအဖြစ်သာ အဆုံးသတ်သွားပေလိမ့်မည်။

ဤမိဖုရားကြီး၏ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူမမှာ တောင်ပိုင်းငြိမ်ဝပ်ပိပြားရေးမင်းကြီး၏ အိမ်ရှေ့စံဟောင်း၊ နောက်ပိုင်းတွင် စစ်သေနာပတိချုပ်၊ ယခုအခါ ဝေဘုရင်၏ ဇနီးနှင့် ဝေနိုင်ငံတော်ကြီး၏ လက်ရှိမိဖုရားကြီး ဖူရှီရုန်ပင်။ နေ့ခင်းဘက်တွင် ဘေးဒုက္ခများကို ရှောင်ရှားရန် သူမကိုယ်သူမ ရုပ်ဆိုးသော အစေခံအဖြစ် ဟန်ဆောင်ထားပြီး သူမ၏ ကိုယ်ရံတော်ကို သခင်မလေးအဖြစ် ဟန်ဆောင်ခိုင်းထားခြင်း ဖြစ်သည်။

စုန်ယန်သည် ခေါင်းငုံ့ကာ အတွေးဝင်နေသည်။ ဒီရက်ပိုင်းအတွင်း မြောက်ပိုင်းဒေသ၏ အခြေအနေကို သိရှိရန် သူ ကြိုးစားခဲ့သည်။ သို့သော် တိုက်ပွဲဝင်ခဲ့ကြသော လုဟိုင်ယီနှင့် ရှန်ကွမ်ကျန့်တို့ပင်လျှင် အမြီးများစွာပါသော မြေခွေးမျိုးနွယ်စုများအကြောင်းကို ရှင်းရှင်းလင်းလင်း မပြောနိုင်ကြချေ။

သို့သော် အမြီးများစွာပါသော နဂါးဘို လူစားမြေခွေးဟူသော စကားလုံးမှာ စုန်ယန်ကို ထူးဆန်းစွာ ဆွဲဆောင်နေသည်။ သူသည် ထိုအကြောင်းကို ပိုမိုသိရှိလိုသလို မြေခွေးအရေခွံကို ခွာ၍ အရိပ်ရုပ်သေးပြုလုပ်ကာ သူ၏ ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာကို အစွမ်းထပ်တိုးနိုင်မလားဟုလည်း တွေးမိသည်။

ဤအကြောင်းကို သိရှိရန်မှာ ကာယကံရှင်ကို တိုက်ရိုက်မေးမြန်းခြင်းထက် ပိုကောင်းသော နည်းလမ်း မရှိပေ။

...

...

အရုဏ်မတက်မီ...

ဖူရှီရုန်သည် ရိုးရှင်းပြီး ရုပ်ဆိုးသော မိတ်ကပ်များကို လိမ်းခြယ်ကာ မှဲ့အတုကို သေချာစွာ ကပ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သခင်မလေးနောက်မှ လိုက်၍ တွဲလောင်းအခန်းအတွင်းမှ ထွက်လာခဲ့သည်။ သူမ အပြင်သို့ ခြေလှမ်းစလိုက်သည်နှင့် သခင်မလေးမှာ လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။

ဖူရှီရုန်က ဘာဖြစ်သလဲဟု မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် မနေ့ညနေက သူတို့လမ်းကို ပိတ်ခဲ့သော ထိုလူ၏ ပုံရိပ်ကို ရုတ်တရက် မြင်တွေ့လိုက်ရတော့သည်။

"ရုပ်ရည်ကတော့ သာမန်ပါပဲ။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ပရိယာယ် အရမ်းများမယ့်ပုံပဲ..."

ဖူရှီရုန်သည် သူမ၏ စိတ်ထဲတွင် ထိုသို့ အကဲဖြတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ ရှေ့သို့ တိုးလာခဲ့သည်။

"နတ်ဘုရားအရှင်..."

ဤတစ်ကြိမ်တွင် သူမ စကားမပြောမီမှာပင် စုန်ယန် က ဖြတ်ပြောလိုက်သည်။

"မင်းတို့ နှစ်ယောက်စလုံး ငါနဲ့ လိုက်ခဲ့ကြ"

ဖူရှီရုန် :

အမျိုးသမီး ကိုယ်ရံတော် :

အမျိုးသမီးနှစ်ဦးမှာ တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်သော်လည်း စုန်ယန်က "လိုက်ခဲ့ဆို လိုက်ခဲ့" ဟုသာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ ဖူရှီရုန်သည် သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးမှ ပြန်လွှတ်လိုက်သည်။

အမျိုးသမီး ကိုယ်ရံတော်က ဦးဆောင်ကာ ပြောသည်။

"နတ်ဘုရားအရှင်... တစ်ခုခုရှိရင် ကျွန်မပဲ အရှင်နဲ့အတူ လိုက်ပါ့မယ်"

ထို့နောက် သူမက ဆက်ပြောသည်။

"ဟွမ်အာ... မင်းက ဒီနေ့ လုပ်ရမယ့် အရိပ်ရုပ်သေး အလုပ်တွေကို ငါ့ကိုယ်စား ကူလုပ်

ပေးလိုက်ပါ။ အဓိက အလုပ်တွေကို မနှောင့်နှေးပါစေနဲ့ ကဲ... သွားတော့"

စုန်ယန်က ကြားဖြတ်နှောက်ယှက်လိုက်သည်။

"ငါ ပြောတာက... နှစ်ယောက်စလုံး လိုက်ခဲ့လို့ ပြောတာ။"

အမျိုးသမီးနှစ်ဦးစလုံး မျက်နှာ ပျက်သွားကြသည်။

အပေါ်စီးတစ်နေရာမှ ကြည့်နေသော ဝမ်စုစုက သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ တခိခိ ရယ်မောနေသည်။

"စိတ်ဝင်စားစရာပဲ လိုက်မလာချင်တဲ့သူတွေ ရှိနေသေးတာလား။ ဒါပေမဲ့ နားလည်ပေးလို့ရပါတယ်။ အစ်ကိုကြီးစုန်ရဲ့ ရုပ်ရည်က တကယ်ကို သာမန်ကာလျှံကာပဲကိုး။ ဒါနဲ့...မောင်လေးလု မင်း ဘာလုပ်နေတာလဲ"

သူမ၏ဘေးတွင် လုဟိုင်ယီက စာအုပ်တစ်အုပ်ထဲတွင် အပြင်းအထန် မှတ်စုရေးနေသည်။ သူရေးနေသည်မှာ "ဝမ်စုစုက အစ်ကိုကြီးစုန်ကို ရုပ်ဆိုးသည်ဟု ပြောသည်" ဟူ၍ ဖြစ်မလား

ဝမ်စုစု လှမ်းကြည့်သည်ကို မြင်သော်လည်း သူက စာအုပ်ကို ပြန်မသိမ်းဘဲ အေးအေးဆေးပင် ပြောလိုက်သည်။

"အစ်ကိုကြီးစုန်အပေါ် ရိုသေမှု အနည်းငယ် ထားပါဦး ကွယ်ရာမှာ အတင်းမပြောနဲ့လေ"

ဝမ်စုစုက သိချင်စိတ်ဖြင့် မေးသည်။

"အဲဒီနေ့က အစ်ကိုကြီးစုန်ကို တားခဲ့တဲ့သူက တကယ်ပဲ မင်းလား"

လုဟိုင်ယီက ပြန်ဖြေသည်။

"မဟုတ်ဘူး"

"မဟုတ်ဘူး ဟုတ်လား"

"အဲဒီနေ့က မင်းသိခဲ့တဲ့ လုဟိုင်ယီက သေသွားပြီ။ အခု ဒီမှာရှိနေတဲ့ လူကတော့ အသစ်

ပြန်လည် မွေးဖွားလာတဲ့ လုဟိုင်ယီပဲ"

"ဟဲဟဲ..."

ဝမ်စုစုက သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်သည်။

"အဲဒီစာရွက်ကို ဆုတ်ပစ်လိုက်စမ်းပါ။ အခြေအနေတွေ ရှုပ်ထွေးလာရင် မင်းနဲ့ငါ ဘယ်သူက အစ်ကိုကြီးစုန်နဲ့ ပိုရင်းနှီးသလဲဆိုတာ ကြည့်ရသေးတာပေါ့"

လုဟိုင်ယီက ကောက်ကျစ်သော အပြုံးဖြင့် "စိန်ခေါ်လိုက်လေ" ဟု ပြောလိုက်သည်။

ဝမ်စုစုက သူ့ကို မျက်မှောင်ကုပ်ကြည့်နေစဉ် ရှန်ကွမ်ကျန့် ရောက်လာသည်ကို မြင်သောအခါ သူမက ပြုံးရွှင်စွာဖြင့် အနားသို့ ပြေးသွားကာ "မောင်လေး ရှန်ကွမ်လည်း ရောက်လာပြီပဲ" ဟု ပြောလိုက်သည်။ ရှန်ကွမ်ကျန့်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်သည်။ အမြဲတမ်း တည်

တင်းနေသော သူ၏ လူသေမျက်နှာမှာလည်း ကောက်ကျစ်သော အပြုံးအဖြစ် ပြောင်းလဲသွားပြီး "ဟုတ်ကဲ့ပါ စီနီယာအစ်မ ဝမ်" ဟု ပြန်လည် နှုတ်ဆက်လိုက်သည်။

...

...

စုန်ယန်သည် အမျိုးသမီးနှစ်ဦးနှင့် စကားပြောနေစဉ်မှာပင် မလှမ်းမကမ်းမှ လူသုံးဦး အားပြိုင်မှုကိုလည်း ကြားနေရသည်။ သူသည် စိတ်ထဲတွင် အတော်လေး ခံစားသွားရသည်။

တကယ်ပါပဲ... ဘယ်နေရာရောက်ရောက် အချင်းချင်း တိုက်ခိုက်နေကြတာပဲ။ တော်သေးတာပေါ့... ငါက အဲဒီထဲမှာ ပါဝင်ပတ်သက်နေဖို့ မလိုတာ။

အခြားတစ်နေရာတွင်မူ...

အင်အားမမျှသည့် ရုန်းရင်းဆန်ခတ်မှုကလေး ဖြစ်ပွားပြီးနောက် ဖူရှီရုန်နှင့် အမျိုးသမီးကိုယ်ရံတော်တို့သည် မတတ်သာဘဲ စုန်ယန်၏နောက်သို့ လိုက်ပါသွားခဲ့ကြရသည်။ စုန်ယန် ထွက်ခွာသွားသည်နှင့် ဒုတိယအဆင့် ရွေးချယ်ခွင့်ကို ရယူလိုလှသော လူသုံးဦးမှာလည်း သားရေနယ်အလုပ်ခန်းအတွင်းသို့ စိတ်မရှည်စွာဖြင့် တိုးဝင်သွားကြတော့သည်။

...

...

ဂူဗိမာန်၏ အပေါ်ဘက် ပြတင်းပေါက်မှတစ်ဆင့် ရွှေရောင်နေခြည်များမှာ စောင်းငဲ့ကျလာပြီး အေးချမ်းဆိတ်ငြိမ်သော အလင်းရောင်ဖျော့ဖျော့ကို ဖြစ်ပေါ်စေသည်။ ကျောက်သားများကြားမှ ထူးကဲချီများ ပျံ့လွင့်နေခြင်းက စိတ်နှလုံးကို တည်ငြိမ်စေသည်။

စုန်ယန်က "ခွင့်လွှတ်ပါ" ဟု တစ်ခွန်းသာဆိုပြီးနောက် အမျိုးသမီးနှစ်ဦးလုံးကို တမ်းတမူးယစ်ဆေးမှုန့်ဖြင့် တိုက်ရိုက် အဆိပ်ခတ်လိုက်သည်။ ထိုအမျိုးသမီးနှစ်ဦးမှာ ထူးကဲသော သိုင်းပညာရှင်များဖြစ်ကြပြီး အထူးသဖြင့် ဖူရှီရုန်၏ အစွမ်းမှာ ကောင်းကင်တိမ်တိုက်မြို့တော်၏ စာကလေးလေးကောင်အဆင့်အထိ ရှိသည်။ သို့သော် အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် သူမတို့သည်လည်း မလွတ်မြောက်နိုင်ဘဲ ဆေးမိသွားကြတော့သည်။

"လူယုတ်မာ"

ဖူရှီရုန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏လက်ကို မြှောက်ကာ လက်ချောင်းနှစ်ချောင်းကို ကပ်ကြေးသဏ္ဌာန်ပြုလျက် စုန်ယန်၏ လည်ပင်းကို ထိုးစိုက်ရန် ကြိုးစားသည်။ ကိုယ်ရံတော် အမျိုးသမီးကလည်း အခြားတစ်ဖက်မှ တိုက်ခိုက်လာသည်။ သို့သော် လမ်းတစ်ဝက်မှာပင် သူမသည် အားအင်ကုန်ခမ်းသလို လက်ကို ပြန်ရုပ်သိမ်းလိုက်ရပြီး စိတ်ထဲတွင် ထူးဆန်းသော အိပ်မက်ဆန်သည့် အတွေးများ ဝင်ရောက်လာတော့သည်။

စုန်ယန်က သိုင်းပညာကို အသုံးမပြုဘဲ သာမန်ခွန်အားကိုသာ သုံး၍ ဖူရှီရုန်၏ တိုက်ကွက်များကို ရှောင်ရှားနေသည်။ သူက ပြေး သူမက လိုက်နှင့်ပင်။ ဤဝေနိုင်ငံ မိဖုရားကြီး၏ စိတ်ဓာတ်ခိုင်မာမှုမှာ သူမြင်ဖူးသမျှထဲတွင် အားအကောင်းဆုံးဖြစ်ကြောင်း ဝန်ခံရပေမည်။ ယခင်က တောင်ပိုင်းငြိမ်ဝပ်ပိပြားရေးမင်းကြီး၏ မိဖုရားဖြစ်စေ နောက်ပိုင်းတွင် ဟွာလင်လုံဖြစ်စေ မည်သူမျှ သူမလောက် ကြာရှည်စွာ တောင့်မခံနိုင်ခဲ့ကြချေ။ ဤတိုက်ပွဲမှာ အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးသည်အထိ ကြာမြင့်သွားခဲ့သည်။

နောက်ဆုံးတွင် ဖူရှီရုန်မှာ ရပ်တန့်သွားပြီး စုန်ယန်ကို နာကျည်းစွာ စိုက်ကြည့်နေသော်လည်း ထပ်မံ မတိုက်ခိုက်တော့ပေ။ ကျင့်ကြံသူများ ဖော်စပ်ထားသော ဆေးမှုန့်၏အစွမ်းမှာ သာမန်လူသားတစ်ဦး၏ စိတ်ဓာတ်ခိုင်မာမှုကို အနိုင်ယူသွားခဲ့ပြီဖြစ်သည်။ နှစ်ဦးသား မျက်လုံးချင်းဆုံကာ စိုက်ကြည့်နေကြစဉ် ကိုယ်ရံတော် အမျိုးသမီးမှာမူ သူမ၏ ခြေတံရှည်များကို လိမ်ယှက်ကာ စုန်ယန်ကို မျက်ရည်ဝဲလျက် ကြည့်နေတော့သည်။

စုန်ယန်က ဘေးဘက်ရှိ ကျောက်ဂူအိပ်ခန်းကို လက်ညှိုးထိုးပြကာ "ဒီနေ့ကစပြီး မင်းတို့ အဲဒီမှာပဲ အိပ်ရမယ်" ဟု ပြောလိုက်သည်။ ဖူရှီရုန်က အံကို တင်းတင်းကြိတ်ကာ သူမ၏ စိတ်ထဲမှ ယားယံမှုကို အတင်းအကျပ် ဖိနှိပ်ထားရင်း ကိုယ်ရံတော်ကို ဆွဲ၍ အခန်းထဲသို့ အလျင်အမြန် ဝင်သွားတော့သည်။

...

...

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။ ဖူရှီရုန်နှင့် ကိုယ်ရံတော်တို့သည်လည်း သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဝန်ခံခဲ့ကြသည်။

ဖူရှီရုန်မှာ ဝေနိုင်ငံ၏ မိဖုရားကြီးဖြစ်သလို ဖူးမျိုးနွယ်စု ဂိုဏ်းဝင်၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ထိုဂိုဏ်းမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် လောကီနယ်ပယ်တို့ကို ချိတ်ဆက်ထားသည့် ဧရာမမိသားစုကြီးဖြစ်ပြီး အဖြူရော အမည်းလောကပါ လွှမ်းမိုးထားနိုင်သည့်အပြင် လွတ်လပ်သောကျင့်ကြံသူများကိုပါ မွေးမြူထားသူများ ဖြစ်သည်။

ဖူဟုန်းမိန်ဟု အမည်ရသော ကိုယ်ရံတော်မှာမူ ဖူးမျိုးနွယ်ပင် ဖြစ်သော်လည်း ဖူရှီရုန်နှင့် နှိုင်းယှဉ်လျှင် အဆင့်အတန်း၊ ပါရမီနှင့် အစွမ်းတို့မှာ များစွာ ကွာခြားလှသည်။

ထို့နောက် စုန်ယန်က "မင်းတို့ ဈေးကွက်ကနေ ထွက်ပြေးဖို့ ကြံနေတာက မဖြစ်နိုင်ဘူး။ အပြင်ဘက်မှာ မိစ္ဆာချီတွေ၊ လျှို့ဝှက်ကင်းစောင့်တွေ ရှိနေတဲ့ ချောက်ကမ်းပါးလမ်းကြီး ရှိသလို အဲဒီအလွန်မှာ ကျင်းစစ်တပ်က စောင့်နေတာ" ဟု ပြောပြလိုက်သည်။

ဖူရှီရုန်က သူ့ကိုကြည့်ကာ အေးစက်သောအသံကို အတင်းညှစ်ထုတ်ပြီး "ဘာပဲဖြစ်ဖြစ် ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... စုန်လင်" ဟု ပြောလိုက်သည်။

စုန်ယန်က မေးမြန်းလိုက်သည်။

"ငါ သိချင်တာက အမြီးများစွာပါတဲ့ နဂါးဘို လူစားမြေခွေးအကြောင်းပဲ။ မြောက်ပိုင်းဒေသမှာ ဘာတွေဖြစ်နေတာလဲ..."

ဖူရှီရုန်က တိတ်ဆိတ်နေဆဲပင်။ သို့သော် ဖူဟုန်းမိန်ကမူ "အရှင်မ... စုန်လင်က ကျွန်မတို့အပေါ် တကယ်ပဲ ကြင်နာခဲ့တာပါ။ သူ့ကို ပြောပြလိုက်ပါ" ဟု ဆိုလာသည်။ သူမ၏ စိတ်ဓာတ်ခိုင်မာမှုမှာ အားနည်းပြီး ဆေးအရှိန်ကြောင့် ရက်အနည်းငယ်အတွင်းမှာပင် လုံးဝ အရှုံးပေးသွားခဲ့ပြီဖြစ်သည်။ သူမ၏ စိတ်ထဲတွင် မှားယွင်းနေသည်ဟု သိနေသော်လည်း စုန်ယန်နှင့် ရင်းနှီးကျွမ်းဝင်လိုစိတ်ကို မထိန်းချုပ်နိုင်ဘဲ သူ၏ဘက်တော်သား ဖြစ်သွားခဲ့တော့သည်။

All Chapters