← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း ၅၁

ဖူဟုန်းမိန်က ဝိုင်းဝန်းကူညီပြောဆိုပေးသော်လည်း မိဖုရားကြီးမှာမူ မည်သည့်သတင်းအချက်အလက်ကိုမျှ ထုတ်ဖော်ရန် ငြင်းဆန်နေဆဲပင်။

...

ထိုညတွင်...

"လူယုတ်မာ"

"တော်စမ်း... လူယုတ်မာ"

"အင်း... အင်း..."

အချိန်အတော်ကြာပြီးနောက် ရုတ်တရက်ရွာသွန်းသော မိုးသက်မုန်တိုင်းမှာ ရပ်တန့်သွားခဲ့သည်။

ဧကရာဇ်မြို့တော်မှာ ရှိနေဆဲပဲလို့ လူတိုင်းထင်ထားကြတဲ့ မိဖုရားကြီးမှာ ဤနေရာ၌ အင်အားချည့်နဲ့စွာ လဲလျောင်းနေရရှာသည်။ သူမ၏ လှပသောမျက်နှာထက်တွင် နာကျည်းမှုများ ပြည့်နှက်နေပြီး မျက်ဝန်းများမှာ ဒေါသမီးများ တောက်လောင်နေသော်လည်း သူမ၏ ခြေတံရှည်များမှာမူ သိကျွမ်းသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော အမျိုးသားတစ်ဦးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားမိဆဲပင်။

"လူယုတ်မာ"

မိဖုရားကြီးသည် မျက်လုံးများကို တင်းတင်းမှိတ်ကာ နာကျည်းစွာ ဆဲဆိုနေမိသည်။

စုန်ယန်မှာမူ သူမကို အတော်လေး လေးစားသွားမိသည်။ သူမသည် တမ်းတမူးယစ်ဆေးအရှိန်အောက်တွင် ရှိနေပါလျက်နှင့် သူမ၏ ခိုင်မာလှသော စိတ်ဓာတ်ဖြင့် ကျင့်ကြံသူတစ်ဦး၏ ဆေးစွမ်းကို အံတုနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ၎င်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်

ဆန္ဒ၏ အောင်ပွဲပင်။ အကယ်၍ သူသာဆိုလျှင် ဤသို့ လုပ်နိုင်မည်မဟုတ်ပေ။

သူမသည် တကယ့်ကို ရိုင်းစိုင်းပြီး ထိန်းကျောင်းရခက်သော မီးလျှံရောင် မြင်းရိုင်းတစ်ကောင်ကဲ့သို့ပင်။

စစ်သေနာပတိချုပ်က ဝေဘုရင် ဖြစ်လာပြီးနောက်တွင် သူမသည် စည်းစိမ်ချမ်းသာနှင့် တည်ငြိမ်မှုကို မခံစားဘဲ အဘယ်ကြောင့် အသက်ဘေးကို ရင်ဆိုင်ကာ ဧကရာဇ်မြို့တော်မှ ဒေါသတကြီး ထွက်ခွါလာခဲ့သလဲဆိုသည်မှာ မဆန်းတော့ပေ။ သူမ၏ ရည်ရွယ်ချက်မှာ မြောက်ပိုင်းဒေသမှ ပြည်သူများကို နိုးကြားစေရန်နှင့် သူမ၏ မိသားစုအား ဝေဘုရင်နှင့် ထိုမြေခွေးဘိုးဘေးတို့ကို ဆန့်ကျင်တိုက်ခိုက်ရန် လှုံ့ဆော်ရန် ဖြစ်သည်။

ဤဖြစ်ရပ်များကို မိဖုရားကြီး၏ ကိုယ်ရံတော် ဖူဟုန်းမိန်က သူ့ကို ပြောပြခဲ့ပြီးသားဖြစ်သော်လည်း ထိုထက်ပို၍ နက်နဲသော လျှို့ဝှက်ချက်များကိုမူ ဖူဟုန်းမိန်ကိုယ်တိုင်ပင် မသိရှိပေ။

စုန်ယန်က "မင်း..." ဟု စကားစလိုက်သည်။

မှောင်မိုက်နေသော အခန်းအတွင်း၌ မိဖုရားကြီးက ဒေါသတကြီးဖြင့် လူယုတ်မာဟု ထပ်မံ အော်ဟစ်လိုက်သည်။

စုန်ယန်မှာမူ စိတ်မဆိုးဘဲ ဆက်ပြောလိုက်သည်။

"ငါ့ကို ပြောပြပါဦး၊ မင်း ဘာလို့ အဖမ်းခံလိုက်ရတာလဲ အကယ်၍ မင်းသာ အဖမ်းမခံခဲ့ရဘူးဆိုရင် အခုလို အခြေအနေမျိုး ရောက်နေမှာ မဟုတ်ဘူး"

မိဖုရားကြီးက အေးစက်စွာဖြင့် "ဒါက ကံကြမ္မာပဲ နင့်ရဲ့ လက်ထဲကို ကျရောက်ခဲ့ရတာ ငါ့မှာ ဘာမှပြောစရာ မရှိတော့ဘူး" ဟု ပြောလိုက်သည်။

စုန်ယန်က "သားရေနယ်အလုပ်ခန်းရဲ့ အစေခံခန်းမှာသာ ငါ မင်းကို ခေါ်မလာခဲ့ရင် မင်း အသက်ရှင်နိုင်မယ် ထင်သလား"

မိဖုရားကြီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။

ဤမိစ္ဆာတပည့် လူငယ်လေး ပြောနေသည်မှာ အမှန်တရားဖြစ်လျှင် သူမနှင့် ဟုန်းမိန်တို့၏ အစီအစဉ်မှာ တကယ့်ကို သေတွင်းပင် ဖြစ်သည်။ မြေမိစ္ဆာ၊ လျှို့ဝှက်ကင်းစောင့်များနှင့် မြင်းတပ်များမှာ သူမ၏ အသက်ကို နုတ်ယူရန် လုံလောက်လှသည်။

စုန်ယန်က ဆက်ပြောသည်။

"ငါ မင်းကို ဒီကို ခေါ်လာတာက မင်းရဲ့ အသက်ကို ကယ်လိုက်တာပဲ မဟုတ်လား"

မိဖုရားကြီး၏ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး ဒေါသတကြီးဖြင့် လူယုတ်မာဟု ထပ်ဆိုပြန်သည်။

စုန်ယန်က တည်ငြိမ်စွာဖြင့် "ငါက မင်းကို အကျိုးအကြောင်းနဲ့ ရှင်းပြနေတာပါ။ ငါတို့ အကျိုးအကြောင်းနဲ့ စကားပြောဖို့ လိုတယ် မဟုတ်လား"

ထို့နောက် သူက ဆက်လက်၍ ပြောလိုက်သည်။

"မင်းနဲ့ ဟုန်းမိန်တို့က တခြားသူတွေနဲ့မတူဘဲ ရှောင်ဖယ်နေကြတယ်။ တခြားသူတွေကတော့ အဆင့်မြင့်တပည့်တစ်ဦးရဲ့ ခေါ်ဆောင်ခြင်းကို ခံရရင် အရမ်းကို ဝမ်းသာနေကြတာ။ အဲဒါက မင်းတို့က လူ့လောကမှာ အဆင့်အတန်း မြင့်မားခဲ့လို့ အများကြီး သိထားကြတာကြောင့်ပဲ။ ပြီးတော့ ဒီကို ခေါ်လာခံရတဲ့သူတွေရဲ့ တစ်ခုတည်းသော အဆုံးသတ်ဟာ အဆီအနှစ် စုပ်ယူခံရဖို့ပဲဆိုတာ မင်းတို့ သိနေကြတယ်"

"ဒါပေမဲ့ မင်း တခြားတစ်ဖက်ကနေ စဉ်းစားကြည့်ဖူးသလား"

"ငါ မင်းကို ဒီကို ခေါ်လာပြီး မင်းဆီကနေ အဆီအနှစ်တွေကို မစုပ်ယူဘူးဆိုရင်... ငါက ဘယ်လိုလုပ် ကျင့်ကြံမလဲ"

"ပြီးတော့ မင်းတို့ဆီက အဆီအနှစ်တွေ အစုပ်ခံထားရလို့ အားနည်းသွားတဲ့ ပုံစံမျိုး မပြဘူးဆိုရင် ငါ့ရဲ့ တပည့်ချင်းတွေကြားမှာ ငါ ဘယ်လို ရှင်းပြရမလဲ"

"ဒီကိစ္စမှာ မင်းအတွက် ရွေးချယ်စရာ မရှိဘူး"

"ငါ့အတွက်လည်း အတူတူပါပဲ။

ငါ မင်းတို့ရဲ့ အသက်ကို ကယ်ခဲ့တယ်။ ဒါပေမဲ့ ငါလုပ်သင့်လုပ်ထိုက်တာကိုလည်း ငါလုပ်ဖို့ လိုအပ်တယ်။ ဒါက အမှန်တရားပဲ မဟုတ်လား"

မိဖုရားကြီးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် "ဒါဆိုရင် အခု ဘာလို့ မလွှတ်ပေးသေးတာလဲ" ဟု မေးလိုက်သည်။

စုန်ယန်က သတိပေးလိုက်သည်။

"သေသေချာချာ သတိထားကြည့်ပါဦး။ မင်းက ငါ့ကို ရစ်ပတ်ထားတာလား ငါက မင်းကို ရစ်ပတ်ထားတာလား"

မိဖုရားကြီးမှာ မှင်သက်သွားသည်။ မှောင်မိုက်နေသဖြင့် သူမ၏ ပါးပြင်လေးများ နီမြန်းသွားခြင်း ရှိမရှိ မသေချာသော်လည်း သူမသည် လုပ်ရပ်ဖြင့်သာ အဖြေပေးလိုက်သည်။ သူမသည် ရုတ်တရက် ခြေထောက်ကို ရုပ်သိမ်းကာ မြှောက်လိုက်ပြီး စုန်ယန်၏ ရင်ဘတ်ကို ခြေဖဝါးလေးဖြင့် အသာအယာ ကန်ထုတ်လိုက်သည်။ ထိုကန်အားအရှိန်ဖြင့်ပင် စောင်ကို ကိုယ်မှာပတ်ကာ ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းသွားပြီးနောက် ဖိနပ်ကို အမြန်စီးကာ အခြားကျောက်ဂူတစ်ခုအတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။

...

...

နောက်တစ်နေ့ နံနက်စောစော။

စုန်ယန်က လူ့လောကမှာ ဘေးကင်းရာ ရှောင်တိမ်းနေတုန်းက စားခဲ့ရတဲ့ ထမင်းအရသာကို လွမ်းတယ်ဟု တစ်ခါက ပြောဖူးသည်ကို အမှတ်ရသဖြင့် ဝမ်စုစုသည် သူမ၏ အရပ်ရှည်ရှည် ချောချောမောမော ခွေးပေါက်လေးကဲ့သို့ လူသားဖိုကို ဦးဆောင်ကာ ဆန်လာပို့ပေးသည်။

ကျောက်တံခါး ပွင့်သွားသောအခါ တံခါးဝတွင် ရပ်နေသော ဝမ်စုစုနှင့် ဆန်အိတ်ထမ်းထားသည့် ခွေးပေါက်လေးကို မြင်လိုက်ရသဖြင့် စုန်ယန်က "ဂျူနီယာညီမလေး ဝမ်... မင်းက..." ဟု မဆိုဘဲ မနေနိုင် ဖြစ်သွားသည်။

ဝမ်စုစုက ချိုသာစွာဖြင့် "ညီမလေးက လူ့လောကရဲ့ ထမင်းနံ့လေးကို ရုတ်တရက် လွမ်းလာတာနဲ့ မနေ့က တောင်ခြေဈေးကို ဆင်းပြီး ပုလဲဆန် နှစ်အိတ် ဝယ်လာခဲ့တာ။ မနေ့ညက စားကြည့်တာ တကယ်ကို မွှေးနေတာပဲ။ အဲဒါကြောင့် စီနီယာအစ်ကိုကြီးကို သတိရတာနဲ့ ဒီမနက် အစောကြီး လာပို့တာပါ" ဟု ပြောပြီးနောက် အသာအယာ ချောင်းဟန့်လိုက်သည်။

ထိုလူငယ်လေးမှာ ခြေလှမ်းများ မခိုင်ဘဲ ယိမ်းထိုးလျက် ဆန်အိတ်ကို အထဲသို့ အမြန်သယ်လာသည်။ သူ၏ မျက်ဝန်းများမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ ဝမ်စုစုက ရယ်မောရင်း "အစ်ကိုကြီးလည်း မြည်းကြည့်ပါဦး" ဟု ပြောလိုက်သည်။

စုန်ယန်က အသံကိုနှိမ့်ကာ "စီနီယာအစ်မ... ဒါတွေ လုပ်နေဖို့ မလိုပါဘူး" ဟု ပြောလိုက်သည်။ ဝမ်စုစုမှာ အံ့ဩသွားပြီး စုန်ယန်ကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ သက်ပြင်းအသာချလိုက်သည်။

"ရှင်ကတော့လေ..."

ဤသို့ စကားပြောနေစဉ်အတွင်း ထိုလူငယ်လေးမှာ ဆန်အိတ်ကို ခန်းမရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် အပြင်သို့ အပြေးအလွှား ပြန်ထွက်ကာ ဝမ်စုစု၏ နောက်တွင် ရပ်နေတော့သည်။

စုန်ယန်က "ဆန်လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေး" ဟု နှုတ်ဆက်လိုက်

သည်။ ဝမ်စုစုက တခိခိ ရယ်မောရင်း "အစ်ကိုကြီး ကြိုက်ရင် ညီမလေး ကျေနပ်ပါပြီ" ဟု ပြောကာ ထွက်ခွာသွားသည်။

...

...

ဖူဟုန်းမိန်သည် ထိုဆန်ဖြင့် ဆန်ပြုတ်အနည်းငယ် ချက်လိုက်သည်။ ဆန်သစ်ဖြစ်သဖြင့် လတ်ဆတ်သော ရနံ့များ သင်းပျံ့နေသည်။ မိဖုရားကြီးသည် ထိုဆန်ပြုတ်ကို စိုက်ကြည့်နေသော်လည်း မစားပေ။ ဖူဟုန်းမိန်က အကြိမ်ကြိမ် ခေါ်သော်လည်း သူမမှာ ကျောက်နံရံကို ကျောမှီကာ အပေါ်ရှိ ပြတင်းပေါက်ကို ကြည့်ရင်း အတွေးလွန်နေဆဲပင်။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူမက ရုတ်တရက် "ငါသိထားတဲ့ အချက်အလက်တွေကို ရှင့်ရဲ့ ရုပ်သေးဂိုဏ်းချုပ်နဲ့ တောင်ထိပ်သခင်တွေလည်း သိထားကြမှာပဲ။ ရှင်က ဒါတွေကို သုံးပြီး ဂုဏ်ထူးဆောင်မှတ် ရဖို့ ကြိုးစားနေတာဆိုရင်တော့ အချည်းနှီးပါပဲ" ဟု ပြောလိုက်သည်။

စုန်ယန်က အံ့ဩဟန်ဖြင့် "ငါက ဂုဏ်ထူးဆောင်မှတ် ရဖို့ ကြိုးစားနေတယ်လို့ ဘယ်သူပြောလဲ"

မိဖုရားကြီးက မျက်မှောင်ကြုတ်ကာ "ဒါဆိုရင် ရှင်က ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ ရှင်က ဒီဂိုဏ်းရဲ့ တပည့်တစ်ယောက် ဆိုပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဂိုဏ်းရဲ့ အောက်ခြေအဆင့်မှာပဲ ရှိတာပါ။ ငါကတော့ သာမန်လူသားတစ်ယောက် ဖြစ်ပေမဲ့ လောကကြီးကို ရင်ဝယ်ပိုက်ပြီး အခြေအနေအရပ်ရပ်ကို ကစားနိုင်တဲ့သူပဲ"

"ရှင်က ကျွန်မထက် သန်မာတယ်။ ကျွန်မကို ကျွန်အဖြစ် ခိုင်းစေထားနိုင်တယ် ဒါပေမဲ့ ကျွန်မရဲ့ မြော်မြင်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကတော့ ရှင် လုံးဝ နှိုင်းယှဉ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး"

သူမသည် သူမ၏ ဖြူစင်သော လည်တိုင်လေးကို မတ်မတ်ထားကာ နှင်းတောထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ပွင့်နေသော မက်မွန်ပွင့်တစ်ပွင့်ကဲ့သို့ ပြောလိုက်သည်။ ဖူဟုန်းမိန်ကတော့ ဘာမှမပြောဘဲ ဆန်ပြုတ်ကိုသာ ငုံ့စားနေသော်လည်း သူမ၏ စိတ်ထဲတွင်လည်း ထိုသို့ပင် ခံစားနေရသည်။ စုန်ယန်ဟု ခေါ်သော ဤမိစ္ဆာဂိုဏ်းတပည့်သည် သူမတို့၏ အသက်ကို ချုပ်ကိုင်ထားနိုင်သော်လည်း ဂိုဏ်းအတွင်း၌ သူသည် အောက်ခြေအဆင့်သာ ရှိသဖြင့် သူ၏ အမြင်မှာ မိဖုရားကြီးတစ်ဦး၏ အမြင်ကို မမီနိုင်သည်မှာ အမှန်ပင်။

စုန်ယန်မှာမူ မရယ်ဘဲ မနေနိုင်တော့ပေ။

မိဖုရားကြီးက "ဘာကို ရယ်တာလဲ ကမ်းပါးတင်နေတဲ့ ရွှေဟင်္သာကို ပုစွန်က လာစနောက်နေတာတောင် အခြေအနေမှန်ကို မသိဘဲ မာန်တက်နေတယ်လို့ လှောင်နေတာလား" ဟု မေးလိုက်သည်။

စုန်ယန်က ရယ်မောရင်း "ကောင်းပါပြီ ကောင်းပါပြီ... အရှင်မ ပြောတာ မှန်ပါတယ်။ ဒါနဲ့ အမြီးများစွာပါတဲ့ နဂါးဘို လူစားမြေခွေးဆိုတာက ဘာလဲ မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ အခု အခြေအနေက ဘယ်လိုလဲ"

စကားလမ်းကြောင်းမှာ ရုတ်တရက် ပြောင်းလဲသွားသော်လည်း စုန်ယန်သည် သူမ၏ လှောင်ပြောင်မှုများကို အမှုမထားကြောင်း သိသာလှသည်။

မိဖုရားကြီးက ချီးကျူးလိုက်သည်။

"စောစောက ပြောတာကို ပြန်ရုပ်သိမ်းပါတယ်။ ရှင့်ရဲ့ စိတ်ရှည်သည်းခံမှုကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ရှင်က အခြေအနေအရပ်ရပ်ကို သိသွားရင်ကော ဘာလုပ်နိုင်မှာလဲ"

သူမ၏ အသံမှာ ချီးကျူးသယောင်ဖြင့် နောက်ဆုံးတွင် လှောင်ပြောင်မှုဘက်သို့ နွှယ်သွားပြန်သည်။ သူမသည် ဤမိစ္ဆာဂိုဏ်းတပည့်လေးကို အထင်အမြင်သေးနေဆဲပင်။

စုန်ယန်က ရယ်မောကာ "စောစောစီးစီး ထွက်ပြေးလို့ရတာပေါ့" ဟု ပြန်ဖြေသည်။

ဤမျှ ရိုးသားသော အဖြေကို ကြားလိုက်ရသဖြင့် မိဖုရားကြီးမှာ နှာခေါင်းရှုံ့လိုက်ပြီးမှ "ဒါဆိုရင် အခုကတည်းက ထွက်ပြေးထားတာ ပိုကောင်းမယ်။ တောင်ဘက်အရပ်ကို ဝေးဝေးပြေး နာမည်ပြောင်းပြီး တောင်ပိုင်းဝူနိုင်ငံထက် ပိုဝေးတဲ့ တောတောင်တွေထဲမှာ လူရိုင်းတစ်ယောက်လို ပုန်းအောင်းနေလိုက်တော့" ဟု ပြောလိုက်သည်။

စုန်ယန်က "ဘာလို့လဲ" ဟု မေးမြန်းသည်။

မိဖုရားကြီးက "ဘာလို့လဲဆိုတော့ မြေခွေးဘွားဘွားကြီးက လူသားတွေအများကြီးကို စားဖို့ လိုအပ်နေလို့ပဲ။ ရှင့်လို ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးကဲချီတွေ ပါဝင်နေတာဆိုတော့ သူ့အတွက် တကယ့်ကို အာဟာရဖြစ်စေမယ့် အရာတွေပဲ"

စုန်ယန်က ခေါင်းညိတ်ကာ တည်ငြိမ်စွာဖြင့် "မြေခွေးဘွားဘွားကြီးက ဘာလို့ လူသားတွေ အများကြီး စားဖို့ လိုနေတာလဲ တခြားအရာတွေ စားလို့ မရဘူးလား" ဟု ထပ်မေးသည်။

မိဖုရားကြီးက "ဘာလို့လဲဆိုတော့ မြေခွေးဘွားဘွားကြီးက သားသမီးတွေ အများကြီး မွေးဖွားနေလို့ပဲ။ လူသားအမျိုးသမီးတွေတောင် မီးဖွားပြီးရင် အနားယူ အာဟာရဖြည့်ဖို့ လိုသေးတာပဲ။ မပြတ်တမ်း သားဖွားနေရတဲ့ မြေခွေးဘွားဘွားကြီးဆိုရင် ပိုဆိုးမှာပေါ့"

"မပြတ်တမ်း သားဖွားနေတယ် ဟုတ်လား"

စုန်ယန်မှာ မှင်သက်သွားရသည်။

"အဲဒါက မဖြစ်နိုင်တာ"

သူ သိထားသလောက်ဆိုလျှင် မြေခွေးတစ်ကောင်၏ သားလွယ်ကာလမှာ နှစ်လခန့်သာ ရှိသည်။

ဒီမပြတ်တမ်းဆိုတာက ဘာအဓိပ္ပာယ်လဲ။

မိဖုရားကြီးက "အဲဒါ အမှန်တရားပဲ ရက်အနည်းငယ်ခြားတိုင်း မြေခွေးဘွားဘွားကြီးက ကလေးထပ်မွေးနေတာ"

စုန်ယန် : ...

သူက "ဒါဆို အဲဒီမြေခွေးဘွားဘွားကြီးက ဘာလို့ သားသမီးတွေ အများကြီး မွေးနေရတာလဲ" ဟု သိချင်စိတ်ဖြင့် မေးလိုက်သည်။

မိဖုရားကြီးက "ငါလည်း အတိအကျ မသိဘူး။ ဒါပေမဲ့ ငါသိတာက အဲဒီပေါက်ဖွားလာတဲ့ မြေခွေးလေးတွေက မကြာခင်မှာ စားဖို့ လိုလာလိမ့်မယ်။ အစပိုင်းမှာ ကြက်၊ ဘဲ၊ ငန်းတွေကို စားတယ်၊ နောက်တော့ ဝက်၊ နွား၊ ဆိတ်တွေကို စားတယ်။ နောက်ဆုံးကျတော့ လူသားတွေကို စားတော့တာပဲ"

"သူတို့အတွက် လူသားတွေက အကောင်းဆုံး အရသာပဲ။ မြေခွေးပေါက်လေးတစ်ကောင်က လူသားအသားကို စားနိုင်ပြီဆိုရင် သူ့ရဲ့ သွေးမျိုးဆက်ထဲက ပါရမီတစ်ခု နိုးထလာပြီလို့ အဓိပ္ပာယ်ရတယ်"

"ဘာပါရမီလဲ"

"မျက်လှည့်ဖန်တီးခြင်းပဲ"

မိဖုရားကြီးက အသက်ပြင်းပြင်းရှူကာ "ရှင် မမြင်ဖူးလို့ပါ။ အဲဒီမျိုးဆက်ရဲ့ မျက်လှည့်ပညာက ဘယ်လောက် ကြောက်ဖို့ကောင်းသလဲဆိုတာ ရှင် ယုံမှာတောင် မဟုတ်ဘူး။ မြေခွေးပေါက်လေးတစ်ကောင်ကတောင် ရှင့်လို ကျင့်ကြံသူတွေကို လှည့်စားဖို့ မျက်လှည့်သုံးနိုင်တယ်။ သူက လှပတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး လမ်းပေါ်မှာ လျှောက်သွားနေရင်တောင် ရှင့်နားက ဖြတ်သွားရင် ရှင် သူ့ရဲ့ မိစ္ဆာအရှိန်အဝါကို လုံးဝ သိမှာမဟုတ်ဘူး"

စုန်ယန်က အတွေးဝင်သွားပြီး "ဒါက အားနည်းတဲ့ ကျင့်ကြံသူတွေမို့လို့ နေမှာပါ" ဟု မှတ်ချက်ပေးလိုက်သည်။

မိဖုရားကြီးက "အဲဒါ ဖူမိသားစုက ထူးကဲကျင့်ကြံသူတစ်ဦးပဲ။ သူက ထူးကဲချီသန့်စင်ခြင်းအဆင့် ရှစ်တောင် ရောက်နေပြီ။

သူ ထွက်သွားပြီးတာနဲ့ တစ်ယောက်ယောက်က အစားခံလိုက်ရတာပဲ။ သူ တစ်ခုခု သတိထားမိသလားလို့ တို့တွေ မေးကြည့်တော့မှ သူက အသေအချာ အာရုံစိုက်ကြည့်ရင်တော့ သိနိုင်ကောင်း သိနိုင်လိမ့်မယ်လို့ ပြောခဲ့တာ။ အဲဒါ... အဲဒါက အသစ်စက်စက် မွေးထားတဲ့ မြေခွေးပေါက်လေး တစ်ကောင်တည်းနော် ဘယ်လောက် ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာလဲ"

စုန်ယန်က "အဲဒီ ချောင်ကျိန်းကျင်းက တကယ်ကို အမြင်စူးရှတာပဲ" ဟု ပြောလိုက်သည်။ ဤ ချောင်ကျိန်းကျင်းဆိုသူမှာ ယခုအခါ ဝေဘုရင် ဖြစ်လာသူပင်။

မိဖုရားကြီးက ဒေါသတကြီးဖြင့် "သူက ယုတ်မာတဲ့သူပဲ။ ငါတို့ လူကြည့်မှားခဲ့တာ သူက သူ့ရဲ့ ယုံကြည်ရတဲ့ လက်ရုံးကို လွှတ်ပြီး ဒုတိယမင်းသားကို နေ့ခင်းကြောင်တောင် လုပ်ကြံခိုင်းခဲ့တာ။ ဒုတိယမင်းသားက သတ္တိရှိပြီး တရားမျှတမှုကို မြတ်နိုးသူပဲ။ မြောက်ပိုင်းက ပြည်သူတွေကို နိုးကြားလာအောင် ဘုရင်ရဲ့ အာဏာက ပျောက်ဆုံးသွားပြီး မိစ္ဆာတွေကပဲ အုပ်ချုပ်နေပြီဆိုတာ သိလာအောင် သူက သူ့ကိုယ်သူ အနစ်နာခံခဲ့တာ"

"ဒါပေမဲ့ ဒီအရှက်မရှိတဲ့ ချောင်ကျိန်းကျင်းက အဲဒါကို မင်းနဲ့အမတ်ကြားက မကျေနပ်မှုတွေကြောင့် ဖြစ်ရတဲ့ အလွဲအချော်တစ်ခုလိုမျိုး ဝါဒဖြန့်ခဲ့တယ်။ ပြီးတော့ ဒုတိယမင်းသားအတွက် လက်စားချေပေးသယောင်နဲ့ သူ့ရဲ့လက်ရုံးကို သူကိုယ်တိုင် သတ်ပြပြီး ထီးနန်းကို သိမ်းပိုက်လိုက်တာ။ သူက လူကောင်းဟန်ဆောင်ပြီး မြို့ထဲကလူတွေ အပြင်မထွက်အောင် အပြင်မှာ အန္တရာယ်ရှိတယ်လို့ ကြေညာပြီး ဆန်ပြုတ်ဆိုင်တွေ၊ ထမင်းရုံတွေဖွင့်ပြီး လူတွေကို မြို့ထဲမှာပဲ ပိတ်ထားတယ်။ မြောက်ပိုင်းက လူသားတွေကို ဝက်တွေ၊ ခွေးတွေလိုမျိုး မွေးထားပြီး ဟိုမြေခွေးဘွားဘွားကြီးရဲ့ အာသာပြေဖို့ ကျွေးမွေးနေတာ။ အရှက်မရှိတဲ့ သစ္စာဖောက်"

စုန်ယန် ခေတ္တစဉ်းစားပြီး မေးလိုက်သည်။

"အမြီးများစွာဆိုတာ ဘာကို ဆိုလိုတာလဲ"

ဤမျှအထိ ပြောပြပြီးပြီဖြစ်သဖြင့် မိဖုရားကြီးက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်သည်။

"အမြီးများလေ အစွမ်းထက်လေပဲ။ မြေခွေးဘွားဘွားကြီးမှာ အမြီးသုံးချောင်း ရှိတယ်"

စုန်ယန်က သိချင်စိတ်ဖြင့် "အများဆုံးက အမြီးကိုးချောင်းလား" ဟု ထပ်မေးသည်။

မိဖုရားကြီးက "ငါလည်း မသိဘူး။ ဘာလို့လဲဆိုတော့ မြေခွေးဘွားဘွားကြီး တစ်ယောက်တည်းပဲ လာတာဆိုတော့ နှိုင်းယှဉ်စရာ မရှိဘူးလေ"

စုန်ယန်က ထပ်မေးပြန်သည် "နဂါးဘိုဆိုတာကကော ဘာလဲ"

မိဖုရားကြီးက "ငါ အနည်းအကျဉ်း ကြားဖူးတာကတော့ အဲဒါက ဆန်းကြယ်တဲ့ အထူးသွေးမျိုးဆက် တစ်ခုပဲတဲ့"

"မြေခွေးဘွားဘွားကြီးက ဘယ်လောက်ကြီးလဲ"

စုန်ယန်က မေးသည်။

မိဖုရားကြီးက သူဘာကို ဆိုလိုသလဲဆိုသည်ကို အတိအကျ နားလည်သွားပြီး "ရှင့်ထက် မကြီးဘူး" ဟု တိုက်ရိုက်ပြောလိုက်သည်။

စုန်ယန်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ အကြောင်းမှာ သူ ကမ္ဘာမကူးလာမီက မှတ်သားခဲ့ရသည်မှာ နဂါးဘိုဆိုသည်မှာ ဒဏ္ဍာရီထဲက ဘီလူးကြီးများကို ဆိုလိုခြင်းဖြစ်သည်။ ပေ ၃၀ ခန့်မြင့်ပြီး ခြေတစ်လှမ်းလှမ်းလျှင် တောင်ငါးလုံးစာ ကျော်ဖြတ်နိုင်ကာ ငါးကြီးများကို ဖမ်းယူစားသောက်ခြင်းဖြင့် တောင်များကို ပင်လယ်ထဲ နစ်မြုပ်သွားစေနိုင်သည့် အရာများဟု သူထင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အမြီးများစွာပါတဲ့ နဂါးဘို လူစားမြေခွေးဟု ကြားလျှင် ဧရာမမြေခွေးကြီးဟု သူ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။

မိဖုရားကြီးက ဆက်ပြောသည်။

"ဒါပေမဲ့ ငါ့မိသားစုထဲက အလွတ်ကျင့်ကြံသူ တစ်ယောက် ခန့်မှန်းတာ ကြားဖူးတယ်။ သူပြောတာက မြေခွေးပေါက်လေးတွေမှာ နဂါးဘိုသွေး ပါချင်မှပါမယ်။ မြေခွေးဘွားဘွားကြီးမှာပဲ ရှိတာတဲ့။ အဲဒါကို ကြည့်ရင် နဂါးဘိုသွေးဆိုတာက မွေးရာပါ အမွေဆက်ခံတာ မဟုတ်ဘဲ နောက်မှရလာတဲ့ အထူးသွေးမျိုးဆက် ဖြစ်နိုင်တယ်"

စုန်ယန် တိတ်ဆိတ်သွားမိသည်။ မိဖုရားကြီးနှင့် သူမ၏လူများကို အထင်သေး၍ မရပေ။ ဤလျှို့ဝှက်ချက်များက သူ့အား တောင်နှင့်ပင်လယ် မိစ္ဆာတိုင်းပြည်၏ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်စေသည်။

သိသာသည်မှာ တစ်ဖက်သား၏ မျက်စိထဲတွင် ဤသုံးနိုင်ငံမှာ မြေစက်ကလေးတစ်ခုမျှသာဖြစ်ပြီး များသောအားဖြင့် လျစ်လျူရှုခံထားရခြင်းပင်။ ဝေဘုရင်ကသာ နိုင်ငံရေးရန်ငြိုးများအတွက် မြေခွေးဘွားဘွားကြီးကို သွားရောက်ရှာဖွေခဲ့ပြီး "ဒီမှာ စားစရာတွေ အများကြီးရှိတယ်။ လာစားကြ" ဟု သွားရောက် ဖိတ်ခေါ်ခဲ့သလို ဖြစ်သွားခြင်းပင်။ ဝံပုလွေကို အိမ်ထဲ ခေါ်သွင်းတာဆိုသည့် စကားသည်ပင် ဝေဘုရင်၏ လုပ်ရပ်ကို ဖော်ပြရန် မလုံလောက်ပေ။ သို့သော် ဝေဘုရင်ကကော ဤသို့ဖြစ်လာမည်ဟု ကြိုတင် သိနိုင်ပါမလား။

သတင်းအချက်အလက် အနည်းငယ်မျှ ကွာဟမှုက ဆုံးဖြတ်ချက်ကို လုံးဝကွဲပြားစေပြီး ရလဒ်မှာလည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားရတော့သည်။

စုန်ယန်က ခေါင်းငုံ့ကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေသည်။ ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် သူက ရုတ်တရက် မေးလိုက်သည်။

"မြေခွေးပေါက်လေးတွေက အများကြီးရှိနေတာ ပြီးတော့ သူတို့က မျက်လှည့်ပညာမှာ အရမ်းကျွမ်းကျင်တယ်ဆိုတော့... မင်း ထင်သလား သူတို့တွေက..."

သူ စကားမဆုံးမီမှာပင် မိဖုရားကြီးက အေးစက်စွာ ပြုံးလိုက်ပြီး သူ့ကို အထင်အမြင်သေးသော မျက်လုံးများဖြင့် ကြည့်ကာ "အေး... အဲဒါကြောင့်ပဲ ရှင် အခုကတည်းက ထွက်ပြေးဖို့ ပြင်ထားတော့လို့ ငါပြောတာပေါ့"

အခန်း။ ၅၂

ရုပ်သေးဂိုဏ်း၏ အရိပ်ရုပ်သေးတောင်ထိပ်ရှိ အထွေထွေအလုပ်ခန်းများ၌ မတော်တဆမှုများ ဖြစ်ပွားခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း မည်သည့်အဆင့်မြင့်တပည့်မျှ ထိုနေရာတွင် ညကင်းစောင့်ရန် စိတ်အားထက်သန်ခြင်း မရှိကြပေ။

ပထမအချက်မှာ အန္တရာယ်များပြားခြင်းကြောင့်ပင်။ တစ္ဆေဝိညာဉ်များ၏ ကျူးကျော်မှုကို အမြဲမပြတ် ခုခံနေရခြင်းမှာ ကျင့်ကြံသူတို့၏ စွမ်းအင်ကို ကုန်ခမ်းစေသည့်အပြင် ဆူညံလွန်းလှသည်။ ဒုတိယအချက်မှာ ထိုနေရာသည် လူသူကင်းမဲ့ပြီး အနှိမ်ခံရသည့် နေရာဖြစ်

သောကြောင့် တစ္ဆေကျင့်ကြံသူများပင် သန်းခေါင်ယံအချိန်၌ လာရောက်တိုက်ခိုက်ရန် စိတ်ဝင်စားခြင်း မရှိကြပေ။ တစ္ဆေကျင့်ကြံသူတို့သည် သာမန်လူသေများထက် သေဆုံးသွားသော အဆင့်မြင့်ကျင့်ကြံသူများကိုသာ ရှာဖွေလိုကြခြင်းမှာ ရိုးရှင်းသော အကြောင်းပြချက်ပင်။

ထို့ကြောင့် တစ္ဆေကျင့်ကြံသူတို့သည် ရုပ်သေးဂိုဏ်း၏ ပါရမီရှင်များကိုပင် ဝိုင်းဝန်းစောင့်ရှောက်လိုကြမည်ဖြစ်ရာ အလုပ်သမားများကို သတ်ဖြတ်ရန် ဘာကြောင့် လာကြမှာလဲ။ သို့သော်လည်း အလုပ်ခန်းများ၌ တစ္ဆေဝိညာဉ်များ ရံဖန်ရံခါ ကျူးကျော်ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်သည့် မတော်တဆ သေဆုံးမှုများမှာမူ အဆက်မပြတ်ရှိနေဆဲပင်။

အလုပ်ခန်းကို ဤကဲ့သို့သော နေရာ၌ တည်ဆောက်ထားရခြင်းမှာလည်း ထွက်ပြေးရန် ကြိုးစားမှုများကို ဟန့်တားနိုင်သကဲ့သို့ ကင်းစောင့်စရိတ်ကိုလည်း သက်သာစေသောကြောင့်ပင်။ လူတို့သည် ညဘက်တွင် တစ္ဆေဝိညာဉ်များကို ကြောက်လန့်တကြား ခုခံနေရခြင်းဖြင့် အင်အားကုန်ခမ်းနေကြပြီး နေ့ဘက်၌ သားရေနယ်သည့် အလုပ်ကြမ်းများဖြင့် ပေါင်းစပ်လိုက်သောအခါ ထွက်ပြေးရန် စဉ်းစားရန်ပင် အားအင်မရှိတော့ပေ။

ဤသည်မှာ လူတိုင်းအတွက် အသားကျနေသော ဖြစ်ရပ်တစ်ခုပင်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က စုန်ယန် ကိုယ်တိုင် သန်းခေါင်ယံအချိန်၌ တံခါးဖွင့်၍ လူသတ်မှု ကျူးလွန်ခဲ့သည်တိုင် ယနေ့အထိ အဖြေမပေါ်ဘဲ ကျန်ရစ်နေခြင်းမှာ သက်သေပင်။

ဤတောင်တန်းကြီးများသည် မြောက်မှ တောင်သို့ မိုင်ပေါင်းထောင်ချီ ရှည်လျားပြီး ထူးကဲကြောဝဲဂယက်နှစ်ခု တည်ရှိသည်။ တစ်ခုမှာ စက္ကူရုပ်တောင်ထိပ်၌ ဖြစ်ပြီး နောက်တစ်ခုမှာမူ မိစ္ဆာနယ်မြေအတွင်းရှိ နီရဲသော ကျောက်စိမ်းကဲ့သို့ ထူထပ်လှသည့် မိစ္ဆာပင်လယ်အတွင်း၌ ဖြစ်သည်။ မိစ္ဆာပင်လယ်အတွင်း၌ တစ္ဆေကျင့်ကြံသူများ၊ နီမြန်းသောမြူ တစ္ဆေသခင်နှင့် မျက်နှာနှစ်ဖက်ပါတစ္ဆေတို့ ရှိနေသရွေ့ ညဘက်၌ တစ္ဆေများ သောင်းကျန်းမှုနှင့် မတော်တဆမှုများမှာ ရှောင်လွှဲ၍မရသော ကံကြမ္မာများသာ။

ထို့ကြောင့် မည်သူကမျှ သန်းခေါင်ယံ သေဆုံးမှုများကို အလေးထားခြင်း မရှိကြသကဲ့သို့ စုန်ယန် ကိုယ်တိုင်လည်း ဂရုမစိုက်ခဲ့ပေ။ သို့သော် မိဖုရားကြီးထံမှ သတင်းစကားများကို ကြားသိရပြီးနောက်တွင်မူ စုန်ယန်၏ စိတ်အတွင်း၌ ထူးဆန်းသော အသိတစ်ခု နိုးထလာသည်။

၎င်းမှာ အသိစိတ်သက်သက်မျှ မဟုတ်ဘဲ ဖော်ပြရန်ခက်ခဲသော စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တစ်ခုပငါ။ ဤခံစားချက်မှာ ချစ်သူရစအချိန်၌ ခံစားရသော ဆုံးရှုံးရမည်ကို စိုးရိမ်သည့်စိတ်နှင့်အတူ ယှဉ်တွဲနေသည့် ရင်ခုန်သံမျိုးနှင့်ပင် တူညီနေတော့သည်။

'မြေခွေးပေါက်လေးတွေ အများကြီး ရှိနေတယ်ဆိုရင် အဲဒီမြေခွေးပေါက်လေးတွေရဲ့ သွေးမျိုးဆက် မျက်လှည့်ပညာက ဒီလောက် ကြောက်ဖို့ကောင်းနေတယ်ဆိုရင် ကျင့်ကြံသူတွေက သူတို့အတွက် အကောင်းဆုံး အစာဖြစ်နေတယ်ဆိုရင်တော့...'

'အမြီးများစွာပါတဲ့ နဂါးဘို လူစားမြေခွေးပေါက်လေးတွေဟာ အဆင့်မြင့်ပေမဲ့ အစွမ်းတော့ သိပ်မကြီးလောက်တဲ့ မိစ္ဆာလေးတွေ ဖြစ်ရမယ် မဟုတ်လား'

သက်တမ်းရှည်မှုကို အလွယ်တကူ ရရှိနိုင်ခြင်းက စုန်ယန်အား ကြီးမားသော စိတ်ရှည်သည်းခံမှု၊ အလွန်တည်ငြိမ်သော လုပ်ဆောင်ဟန်နှင့် ပြတ်သားသော အကောင်အထည်ဖော်နိုင်စွမ်းတို့ကို ပေးသနားထားသည်။

သူသည် ချောင်းမြောင်းခြင်းကို စတင်တော့သည်။ ရက်အနည်းငယ်ခြားတစ်ခါ သားရေနယအလုပ်ခန်းရှိ အထွေထွေအလုပ်ခန်းသို့ သွားရောက်ကာ သွေးရောင်လွှမ်းသော မြူထုအတွင်း သစ်ပင်ရိပ်များအောက်တွင် တိတ်ဆိတ်စွာ ပုန်းအောင်းရင်း သူ၏ အာရုံခံနိုင်စွမ်းကို ချဲ့ထွင်ထားခဲ့သည်။

သို့သော် ဘာမှ ထူးမခြားနားခဲ့ပေ။

ဆယ်ရက်...

ရက်ပေါင်း နှစ်ဆယ်...

ဆောင်းရာသီ ကုန်ဆုံးသွားသော်လည်း သူ ဘာမှ ရှာမတွေ့ခဲ့ပေ။

နွေဦးဦး၏ မိုးစက်မိုးပေါက်များနှင့်အတူ တောင်တန်းတစ်ခွင်တွင် မက်မွန်ပွင့် ပန်းရောင်နှင့် အက်ပရီကော့ပွင့် အဖြူရောင်တို့မှာ အရောင်အသွေးစုံလင်စွာ ဖူးပွင့်လာကြသည်။ ဤသို့သော နေ့တစ်နေ့တွင် အထွေထွေအလုပ်ခန်း၌ မတော်တဆမှုတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သည်။

ယခုတစ်ကြိမ်မှာ တံခါးများ ဆက်တိုက်အဖောက်ခံရခြင်းဖြစ်ရပ်ပင်။

တစ်ညတာအတွင်း အထွေထွေအလုပ်ခန်းရှိ တွဲလောင်းအခန်း သုံးခန်းမှာ တစ်ပြိုင်နက်တည်း အဖောက်ခံခဲ့ရပြီး အတွင်းရှိ လူခြောက်ဦးအနက် လေးဦးမှာ ပျောက်ဆုံးသွားကာ ကျန်နှစ်ဦးမှာမူ ကြောင်တောင်တောင်နှင့် အရူးသဖွယ် ဖြစ်ကာ ကျန်ရစ်ခဲ့သည်။

အရိပ်ရုပ်သေးတောင်ထိပ်၏ ပင်မတောင်ထိပ်မှ ဝတ်စုံနီဝတ် အတွင်းစည်းတပည့်တစ်ဦး ရောက်ရှိလာရာ စုန်ယန်မှာလည်း တောင်ပိုင်းဝါးတောင်ထိပ်၏ စီနီယာအစ်ကိုကြီးအနေဖြင့် ၎င်းနှင့်အတူ လိုက်ပါခဲ့ရသည်။

ထိုအတွင်းစည်းတပည့်သည် စကားအရှည်ကြီး မပြောဘဲ အခင်းဖြစ်ပွားရာ အခန်းအနီးရှိ အစေခံများကို တိုက်ရိုက်ဖမ်းဆီးကာ ဝိညာဉ်ရှာဖွေခြင်းကို စတင်တော့သည်။ အားလုံးပြီးစီးသွားသောအခါ သူက "မနေ့ညက သွေးရောင်မြူထု အထွတ်အထိပ်ရောက်တဲ့ ရှားပါးတဲ့ အချိန်ဖြစ်လို့ အစွမ်းထက်တဲ့ တစ္ဆေဝိညာဉ်အချို့ ကျူးကျော်ဝင်ရောက်လာတာပဲ။ ဒါက ပုံမှန်ပါပဲ" ဟု နိဂုံးချုပ်လိုက်သည်။

ဤစကားများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက စုန်ယန်၏ ဇဝေဇဝါဖြစ်မှုကို ချက်ချင်းဖြေရှင်းပေးလိုက်သကဲ့သို့ပင်။

သူ ထိုနေ့ကို မှတ်မိနေသေးသည်။ နေ့ခင်းဘက်တွင် သူသည် စိုးရိမ်တကြီးဖြင့် သားရေနယ်နေရင်း အတွင်းစည်းတပည့်က ရှန့်တကျူးနှင့် ဝမ်းအာနွီတို့ သေဆုံးရခြင်းအကြောင်းရင်းကို လာရောက်စုံစမ်းသည်ကို ကြောက်လန့်တကြား စောင့်ကြည့်နေခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင် ဘာမှ ဖြစ်မလာခဲ့ချေ...

စုန်ယန်သည် ရုတ်တရက် သဘောပေါက်သွားသော မျက်နှာပေးဖြင့် "ဒါကြောင့်ကိုး... စီနီယာအစ်ကိုကြီးက တကယ်ကို ဉာဏ်အလင်းပွင့်တာပဲ" ဟု ချီးကျူးလိုက်သည်။

ထိုအတွင်းစည်းတပည့်မှာ စုန်ယန်၏ သဘောပေါက်နားလည်မှုကို သဘောကျသွားပြီး ပြုံးလျက် "မင်းကို ငါသိတယ်။ မင်းက ဝမ်းရှုနဲ့ ကျန်းယွမ်ထျန်းတို့ရဲ့ ဂျူနီယာညီလေးပဲ။ ဆရာကြီးရှီရဲ့ မှတ်ပုံတင်တပည့်ဖြစ်သလို အနာဂတ်ရဲ့ သားရေနယ်ဆရာကြီးပေါ့" ဟု ပြောလိုက်သည်။

စုန်ယန်က အားနာသလို ခေါင်းကိုကုတ်ကာ "ညီလေးရဲ့ အသိပညာက နည်းပါးလွန်းလို့ စီနီယာအစ်ကိုကြီးကို ကိုယ်တိုင်တောင် မမှတ်မိဘူး ဖြစ်နေတာ ရှက်ဖို့ကောင်းလိုက်တာဗျာ" ဟု ပြောလိုက်သည်။

နှစ်ဦးသား ခေတ္တမျှ နှုတ်ဆက်စကားပြောပြီးနောက် အတွင်းစည်းတပည့်မှာ ဝိညာဉ်ရှာဖွေခံရမှုကြောင့် ကြောင်တောင်တောင်ဖြစ်သွားသော အစေခံအားလုံးကို သတ်ပစ်ရန် ရည်ရွယ်ခဲ့သော်လည်း အခြားတပည့်တစ်ဦးက နားနားကပ်၍ စကားအချို့ ပြောလိုက်သောအခါ တစ်ဝက်ကိုသာ သတ်ပြီး ကျန်သူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတော့သည်။

ယခုတစ်ကြိမ်တွင်မူ စုန်ယန်သည် ရုပ်သေးဂိုဏ်းအတွင်းရှိ အလောင်းများနှင့် အရူးဖြစ်သွားသော အစေခံများ၏ အခန်းကဏ္ဍကို နားလည်သွားခဲ့ပြီဖြစ်သည်။

အစေခံများအနေဖြင့် အကယ်၍ အရူးဖြစ်သွားပါက သူတို့ကို ဆန်းကြယ်အဆိပ်တောင်ထိပ်သို့ ဆေးစမ်းသပ်ရန် ပို့ဆောင်ခံရပြီး အကယ်၍ သေဆုံးသွားပါက သွေးအလောင်းတောင်ထိပ်သို့ ပို့ဆောင်ကာ တပည့်သစ်များ အသားရုပ်သေးပြုလုပ်ရန် လေ့ကျင့်ရာတွင် အသုံးပြုကြသည်။ အလွန်ပင် ယုတ်မာရက်စက်လှသည်။

စုန်ယန်သည် အတွင်းစည်းတပည့်များ ထွက်ခွာသွားသည်ကို ကြည့်ကာ သက်ပြင်းအသာချလိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ ကြောက်လန့်တုန်လှုပ်နေသော အစေခံများကို ကြည့်ရင်း လက်ဝှေ့ယမ်းကာ "ညဘက်ဆိုရင် မင်းတို့တံခါးတွေကို ခိုင်အောင်ပိတ်ထားကြ။ တောင်ခြေဈေးထဲမှာ စိတ်ခွန်အားဖြည့်ဆေးမှုန့်တွေ ရှိတယ်။ လိုအပ်လာရင် တစ်ပုလင်းလောက် ဝယ်ထားကြ ဂုဏ်ပြုမှတ်တွေကို နှမြောမနေနဲ့။ သေသွားရင် ဘာမှကျန်မှာမဟုတ်ဘူး" ဟု ပြောဆိုခဲ့သည်။

သူသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ထွက်ခွာလာခဲ့သည်။

သို့သော် သူသည် မနေ့ညက တံခါးများ ဆက်တိုက်အဖောက်ခံရခြင်းဖြစ်ရပ်မှာ မတော်တဆမှုတစ်ခုဟု မယုံကြည်ပေ။

လွန်ခဲ့သော ဆယ်နှစ်က တံခါးအဖောက်ခံရခြင်းမှာ တစ္ဆေဝိညာဉ်များကြောင့်မဟုတ်ဘဲ သူကိုယ်တိုင်ကြောင့်ဖြစ်သည်ကို သူသိနေသကဲ့သို့ပင်။

ထိုညတွင် စုန်ယန်သည် ကင်းပုန်းဝပ်၍ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ဘာမျှ ထူးခြားမလာခဲ့ပေ။

ဒုတိယမြောက်နေ့...

တတိယမြောက်နေ့...

ဘာမျှ ဖြစ်မလာသေးပေ။

စတုတ္ထမြောက်နေ့...

စုန်ယန်သည် စိတ်မပျက်ဘဲ စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်စောင့်ဆိုင်းနေဆဲပင်။ ပြီးခဲ့သောရက်များက ဘာမျှမထူးခြားခဲ့သော်လည်း သူသည် ငြီးငွေ့ခြင်း သို့မဟုတ် သံသယဝင်ခြင်း အလျဉ်းမရှိပေ။ သူသည် အိပ်စက်အနားယူခြင်း သို့မဟုတ် လူသားဖိုများနှင့် အချိန်ဖြုန်းခြင်းထက် ဤကဲ့သို့ ကင်းပုန်းဝပ်ခြင်းကိုသာ ပို၍ အာရုံစိုက်ထားသည်။

သူသည် အဆိပ်မြူများ ဖုံးလွှမ်းနေသော မြက်ရှည်များကြားတွင် ဝပ်နေပြီး အဝေးတစ်နေရာကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့သည်။ နောက်ထပ် တစ်ညတာမှာလည်း ဘာမျှမထူးဘဲ ကုန်ဆုံးသွားပြန်သည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ခန့် ကုန်ဆုံးသွားခဲ့၏။

ဤနေ့၊ သန်းခေါင်ယံအချိန်တွင် နွေဦးမိုးရေစက်များက မြင်ကွင်းအားလုံးကို ဝေဝေဝါးဝါး ဖြစ်စေသည်။ တောင်လေနှင့် အဆိပ်မြူများမှာ မှောင်မိုက်သောညတွင် ရူးသွပ်စွာ ကခုန်နေကြသည်။

တွဲလောင်းအခန်းတစ်ခုပြီးတစ်ခုတွင် လိုက်ကာများကို စောစောစီးစီးပင် ချထားကြသဖြင့် အပြင်မှ အတွင်းကို မမြင်နိုင်တော့ပေ။ လိုက်ကာကြား အပေါက်ငယ်လေးများမှတစ်ဆင့် ပုပ်သိုးနေသော အသားနှင့် အရိုးခြောက်များကသာ ရံဖန်ရံခါ ကပ်ပါလာပြီး ထူးဆန်းသော စောင့်ကြည့်မှုများကို ပြုလုပ်နေကြသည်။

ရှန့်ကော်ချွန်းမှာ သန်မာထွားကြိုင်းသော အစေခံအမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်လကျော်က ထူးကဲချီ လမ်းညွှန်ကျင့်စဉ်ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သူဖြစ်ရာ အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ သူ၏ မျက်နှာကြီးပေါ်တွင် အမြဲလိုလို အပြုံးများ ရှိနေတတ်ပြီး မျက်ဝန်းထဲတွင် ကျေနပ်မှုများ ကိန်းအောင်းနေကာ သားရေနယ်သည့်အခါတိုင်းတွင်လည်း မိမိကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ပြသလေ့ရှိသည်။

သူနှင့်အတူ နေထိုင်သူမှာ အာဟွာဟု ခေါ်သော ချောမောသည့် အမျိုးသမီးလေးတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်များက ချိုးလျန်ယွဲ့ကဲ့သို့ပင် အာဟွာသည်လည်း အဆင့်မြင့်တပည့်တစ်ဦး ဖြစ်လာခြင်းဖြင့် ဤကြောက်မက်ဖွယ်ကောင်းသော နေရာမှ လွတ်မြောက်နိုင်ရန် မျှော်လင့်နေသူဖြစ်သည်။ ယခင်က အဆင့်မြင့်တပည့်များ လူလာရွေးစဉ်က သူမကိုယ်သူမ လှပအောင် ပြင်ဆင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ ရွေးချယ်မခံခဲ့ရပေ။ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် အားနည်းမှုများ အထင်အသား ပေါ်လွင်နေသည်။

ဤအချိန်မှာ အလုပ်ဆိုင်း ပြောင်းလဲချိန်ဖြစ်သည်။

အာဟွာသည် ပဉ္စမမြောက်လှေကားထစ်မှ ဆင်းလာပြီး ရှန့်ကော်ချွန်းကမူ အပေါ်သို့ တက်လာသည်။ သူတို့နှစ်ဦး ဆုံမိသောအခါ ရှန့်ကော်ချွန်းက ပြုံးပြလိုက်ပြီး လက်ကိုမြှောက်ကာ အာဟွာကို ထိတွေ့လိုက်သည်။

အာဟွာကလည်း မငြင်းဆန်ခဲ့ပေ။ သူမသည် အင်အားချည့်နဲ့စွာ ထိုင်ချလိုက်ပြီး ရှန့်ကော်ချွန်း စိတ်တိုင်းကျ ပြုမူသမျှကို ခွင့်ပြုထားသည်။

"ထထိုင်စမ်း"

အာဟွာသည် သူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားတော့သည်။

နှစ်ဦးသား မျက်နှာချင်းဆိုင်လိုက်ကြသည်။

ရှန့်ကော်ချွန်း၏ မျက်လုံးများမှာ ထိတ်လန့်တကြား ဝိုင်းစက်သွားပြီး ပါးစပ်မှာ အဟောင်းသား ပွင့်သွားကာ တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညင်းများ ထောင်ထလာသည်။ သူ့အပေါ်တွင် ထိုင်၍ ချစ်တင်းနှီးနှောနေသည်မှာ အာဟွာ မဟုတ်တော့ပေ။ ၎င်းမှာ သိသိသာသာပင် မြေခွေးတစ်ကောင် ဖြစ်နေ၏

နှာခေါင်းချွန်ချွန်၊ အမွှေးပွပွနှင့် မြေခွေးတစ်ကောင်က သူ့ကို မျက်နှာချင်းဆိုင်လျက် ကောက်ကျစ်သော အပြုံးဖြင့် သွားစွယ်များကို ထုတ်ပြနေသည်။ ရှန့်ကော်ချွန်း၏ လည်ချောင်းထဲမှ ထိတ်လန့်မှုများ အလုံးအရင်းနှင့် တိုးထွက်လာပြီး ရင်ဘတ်ထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရန် ပြင်ဆင်လိုက်သော်လည်း ထိုအသံမှာ အပြင်သို့ မထွက်လာနိုင်မီမှာပင် ရုတ်တရက် ပိတ်ဆို့ခံလိုက်ရသည်...

မြေခွေးသည် ခေါင်းကို လှည့်လိုက်ပြီး သူ၏ လည်ပင်းကို အမြန်ပင် ကိုက်ခဲလိုက်တော့သည်။

ဂျွတ်... ဂျွတ်...

ဂလု... ဂလု...

ထိုမြေခွေးမိစ္ဆာသည် အစာကို မြိန်ယှက်စွာ စားသုံးနေသည်။ ခဏအကြာတွင် ၎င်းသည် အခန်းတံခါးတစ်ခုကို ကျပန်းကန်ဖွင့်ကာ တစ္ဆေများကို အထဲသို့ ဝင်ခွင့်ပေးမည်ဖြစ်ပြီး အစေခံနှစ်ဦးကို ရူးသွပ်သွားအောင် လုပ်လိမ့်မည်။ ထို့နောက် ဤအခန်းသို့ ပြန်လာကာ အရုဏ်တက်ချိန်တွင် တိတ်တဆိတ် ထွက်ခွာသွားမည် ဖြစ်သည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင်လည်း တစ်ကိုယ်တည်းရှိသော အစေခံတစ်ဦးကို ခိုးယူစားသောက်ပြီး ၎င်း၏ အသွင်သို့ ပြောင်းလဲကာ အုပ်စုထဲတွင် ပြန်လည် ရောနှောနေထိုင်ဦးမည် ဖြစ်သည်။

မြေခွေးမိစ္ဆာသည် ပျော်ရွှင်စွာ စားသောက်ပြီးနောက် လေချဉ်တစ်ချက် တက်လိုက်သည်။ ထို့နောက် လှေကားထစ်များပေါ်သို့ တက်ကာ မျက်လုံးများကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လျက် တံခါးကို တွန်းဖွင့်ပြီး နောက်ခြေများဖြင့် ကန်ကာ အပြင်သို့ ခုန်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ၎င်း၏ ခေါင်းကလေး အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် လည်ပင်းတွင် ရုတ်တရက် တင်းကြပ်သွားသည်ကို ခံစားလိုက်ရသည်။

အမှောင်ထုထဲမှနေ၍ ဧရာမ လက်ကြီးတစ်ဖက်သည် အစာကို ဖမ်းယူမည့် မြွေဟောက်တစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး သားကောင်ကို ချက်ချင်းပင် ဖမ်းချုပ်လိုက်ခြင်း ဖြစ်သည်။

ဖြောင်း...

မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ အရိုးကျိုးသံမှာ သိသိသာသာ ထွက်ပေါ်လာသည်။ မြေခွေး၏ ခေါင်းမှာ စောင်းကျသွားပြီး ပျော့ခွေကျသွားတော့သည်။ ၎င်း၏ မျက်လုံးများမှာ ပြူးထွက်နေပြီး ထိတ်လန့်မှုများ ကိန်းအောင်းနေဆဲပင်။ ၎င်းသည် ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။

ထိုကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာရိပ်သည် မြေခွေးကို သယ်ဆောင်ကာ အနီးရှိ တောအုပ်ထဲသို့ အကြိမ်အနည်းငယ် ခုန်ကူးသွားပြီးနောက် ဝေးရာသို့ အမြန်ပြေးထွက်သွားသည်။ ပထမဆုံး အနေဖြင့် လက်ကို မြှောက်ကာ ဝိညာဉ်ရှာဖွေခြင်းကို ပြုလုပ်လိုက်ပြီးနောက် ဟင်းလင်းပြင်ထဲမှ သားရေနယ်ဓားကို ထုတ်ယူကာ သားရေခွာခြင်း လုပ်ငန်းကို စတင်တော့သည်။

နောက်တစ်နေ့တွင်မူ ယမန်နေ့ညက အဖြစ်အပျက်မှာ အဆိပ်မြူများ ထူထပ်၍ တစ္ဆေများ တံခါးကို ဝင်တိုက်ခြင်းဟူသော သာမန် ဖြစ်ရပ်တစ်ခု အဖြစ်သာ ရှိနေဦးမည် ဖြစ်သည်။

...

...

အရုဏ်တက်ချိန်တွင် စုန်ယန်သည် မိုးရေများ စိုရွှဲလျက် ဂူဗိမာန်သို့ ပြန်ရောက်လာသည်။

အမျိုးသမီးနှစ်ဦးမှာ နိုးမလာသေးပေ။ သူ မထွက်ခွာမီက နှစ်ခြိုက်စွာ အိပ်ပျော်စေသော လေပြေဆေးနံ့ကို သူတို့အား ပေးထားခဲ့သောကြောင့် ဖြစ်သည်။ သူတို့ သိလေလေ အသက်

ရှင်ရ ခက်ခဲလေလေ ဖြစ်မည်ပင်။ သူသည် သူ့ဘေးနားရှိ လူများအပေါ်တွင် ကြင်နာမှု ပေးရန် ဘယ်သောအခါမှ ဝန်မလေးခဲ့ပေ။

ခေတ္တမျှ စစ်ဆေးကြည့်ပြီးနောက် အမျိုးသမီးနှစ်ဦးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူတို့ကို ထိုဆေးနံ့ နောက်တစ်ကြိမ် ထပ်ပေးလိုက်ပြီးမှ အမှောင်ထဲမှ မြေခွေးမိစ္ဆာ အရေခွံကို ထုတ်ယူလိုက်သည်။

အမြီးတစ်ချောင်းပါသော မီးခိုးရောင် မြေခွေး ဖြစ်သည်။ အရုပ်ဆိုးလှသော မြေခွေးခေါင်းမှာ မရှိတော့ပေ။

သူသည် သားရေနယ်ဓားကို ထုတ်ကာ အရေခွံကို စတင် ပြုပြင်သည်။ ထို့နောက် ပုံကြမ်းတစ်ခုကို ယူကာ မျက်လုံးများကို မှိတ်ပြီး သူ မြင်တွေ့ခဲ့ရသော မြေခွေးမိစ္ဆာ၏ ပုံသဏ္ဌာန်ကို အာရုံထဲတွင် ပြန်လည် ပုံဖော်လိုက်သည်။ သူ၏ စုတ်တံမှာ အသက်ဝင်လှသော စိတ်ကူးများဖြင့် ရွေ့လျားနေပြီး မကြာမီမှာပင် စာရွက်ပေါ်မှ ခုန်ထွက်တော့မည့်အလား ထင်မှတ်ရသော မြေခွေးမိစ္ဆာပုံမှာ ပေါ်ထွက်လာသည်။

သူသည် လက်ကို မြှောက်လိုက်ရာ လက်ချောင်းငါးချောင်းကြားတွင် ထူးကဲချီများ ပေါကြွယ်ဝနေသည်။ ပူနွေးလှသော သွေးချီများက သူ၏ လက်ဖဝါးကို သံပူတစ်ခုကဲ့သို့ ဖြစ်စေပြီး မိစ္ဆာအရေခွံကို လျင်မြန်စွာ ခြောက်သွေ့စေကာ တစ်ဝက်တစ်ပျက် ကြည်လင်သွားစေသည်။ ထို့နောက် ကျွမ်းကျင်စွာပင် စာရွက်ပေါ်သို့ ကပ်လိုက်ပြီး ထွင်းထုဓားကို ယူကာ အရိပ်ရုပ်သေး ပြုလုပ်ခြင်းကို စတင်လိုက်တော့သည်။

All Chapters