အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း။ ၅၃
ရှပ် ရှပ် ရှပ်...
ထွင်းထုဓားသည် တစ်လှည့်စီ ထိုးခွင်းကာ တွန်းထုတ်နေပြီး မြေခွေးမိစ္ဆာအရေခွံပေါ်မှ နှင်းပွင့်ကဲ့သို့သော အစအနများကို ဆွဲထုတ်နေသည်။ ဤအရေခွံသည် မယုံနိုင်လောက်အောင် တောင့်တင်းလှသည်။ အကယ်၍ စုန်ယန်သာ ထွင်းထုဓားအတွင်းသို့ ထူးကဲချီများ ထည့်သွင်းမထားပါက အရာပင် ထင်လိမ့်မည် မဟုတ်ပေ။
ရံဖန်ရံခါတွင် ရှပ် ရှပ် မြည်သံမှာ အံကြိတ်သံကဲ့သို့ ကတ် ကတ် မြည်သံသို့ ပြောင်းလဲသွားပြီး ဓားသွားမှာ အချိန်မရွေး ကျိုးသွားနိုင်မည့်အလား ထင်ရသည်။ သိသာသည်မှာ ဤမြေခွေးမိစ္ဆာသည် ခေါင်းနှစ်လုံးပါ ဝံပုလွေကဲ့သို့သော အဆင့်နိမ့် မိစ္ဆာသားရဲများနှင့် နှိုင်းယှဉ်၍ မရသော်လည်း ကိုယ်ထည်မဲ့ ဝိညာဉ်ကျီးကန်းကဲ့သို့သော အဆင့်မြင့် မိစ္ဆာသားရဲကိုမူ မမီသေးပေ။
သို့သော်လည်း စုန်ယန် ခေတ္တမျှ ရပ်တန့်ကာ မိစ္ဆာအရေခွံကို အသာအယာ ပွတ်သပ်ကြည့်လိုက်သည်။ ဤအရေခွံသည် အပြည့်အဝ မဖွံ့ဖြိုးသေးကြောင်း သူ ခံစားမိသည်။ ၎င်းမှာ အရွယ်မရောက်သေးသော မြေခွေးပေါက်ကလေး တစ်ကောင်သာ ဖြစ်သည်။ အကယ်၍သာ ၎င်းသည် အရွယ်ရောက်သွားပါက ကိုယ်ထည်မဲ့ ဝိညာဉ်ကျီးကန်းကိုပင် ကျော်လွန်သွားနိုင်ပေလိမ့်မည်။
မြေခွေးဘွားဘွားကြီး မြောက်ပိုင်းဒေသသို့ ရောက်ရှိလာသည်မှာ လေးငါးနှစ်ထက် မပိုသေးပေ။ အကယ်၍ ရက်အနည်းငယ်ခြားတစ်ခါ သားပေါက်နေမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ ဤသည်မှာ တစ်ထောင် သို့မဟုတ် နှစ်ထောင်ခန့်ရှိသော မြေခွေးပေါက်စစ်တပ်ကြီး ဖြစ်လာပေလိမ့်မည်။ သူ၏ လက်ထဲရှိ မြေခွေးမိစ္ဆာမှာ ထိုအထဲမှ တစ်ကောင်မျှသာ ဖြစ်ပြီး အရွယ်ပင် မရောက်သေးသူ ဖြစ်သည်။
စုန်ယန် မျက်လုံးများကို အသာအယာ မှိတ်လိုက်ပြီး စောစောက ဝိညာဉ်ရှာဖွေခြင်းမှ ရရှိခဲ့သော ရလဒ်များကို ပြန်လည် စဉ်းစားကြည့်သည်။ ဤလူစားမြေခွေးမိစ္ဆာ၏ မှတ်ဉာဏ်မှာ ရိုးရှင်းလှသည် မွေးဖွားလာခြင်း၊ ငတ်မွတ်မှု၏ လွှမ်းမိုးခံရခြင်းနှင့် သူမ၏ စိတ်ထဲတွင် အမြဲလိုလို ပဲ့တင်ထပ်နေသော နူးညံ့ပြီး ညှို့ယူဖမ်းစားနိုင်သည့် အသံတစ်သံမှာ "စားစမ်း၊ စားစမ်း၊ အမြန်ကြီးထွားလာအောင် စား သန်မာလာအောင် လုပ်ပြီး အမေ့ဆီ ပြန်လာခဲ့" ဟူ၍ပင်။
ထိုအသံ၏ ပိုင်ရှင်သည် သူတို့၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို အမှုမထားပေ။ ၎င်းသည် ၎င်း၏ သွေးမျိုးဆက်အတွင်းရှိ မွေးရာပါ အသိဉာဏ်များဖြစ်သော လှည့်စားခြင်း၊ လူစားခြင်း၊ ကြီးထွားခြင်းတို့ကိုသာ အားကိုးပြီး ဉာဏ်ပညာကို လျင်မြန်စွာ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် တစ်နေ့တွင် မောင်နှမများအုပ်စုကြီးနှင့်အတူ ရုပ်သေးဂိုဏ်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး နက်ရှိုင်းသော တောင်တန်းများနှင့် ထူထပ်သော တောအုပ်များ၏ မှောင်မိုက်သော ထောင့်များမှတစ်ဆင့် လူသူကင်းမဲ့သော နေရာများသို့ ရောက်ရှိကာ လူသားများကို အစာအဖြစ် စားသုံးခဲ့ကြသည်။
သူတို့သည် အာရုံခံစားမှုတွင် ထက်မြက်ကြပြီး လှုပ်ရှားမှုတွင် လျင်မြန်ဖျတ်လတ်ကာ မျက်လှည့်ပညာဖြင့် သူတို့၏ ရုပ်သွင်ကို ပြောင်းလဲရာတွင် အလွန်ထူးချွန်ကြသည်။ အထူးပြု မန္တန်များ မပါဘဲနှင့်မူ တူညီသော ကျင့်ကြံမှုအဆင့်အတွင်းရှိ မည်သူမျှ သူတို့ကို ရိပ်မိရန် ခဲယဉ်းလှသည်။ ဤအချက်ကြောင့်ပင်... အဆင့်နိမ့် ကျင့်ကြံမှု နယ်မြေများတွင် သူတို့အတွက် သဘာဝ ရန်သူဟူ၍ လုံးဝ မရှိသလောက် ဖြစ်နေတော့သည်။
စုန်ယန်မှာ ဖော်ပြချက်တစ်ခုကို မတွေးဘဲ မနေနိုင်တော့ပေ။
ကျူးကျော်မျိုးစိတ်များကြောင့် ဖြစ်ပေါ်လာသော ဂေဟစနစ် ဘေးအန္တရာယ်ပင်။
သူ ကမ္ဘာမကူးလာမီ လောကတွင် လူသားများသည် ဂေဟစနစ် သံသရာ၏ ထိပ်ဆုံးတွင် မြင့်မားစွာ ရပ်တည်နေခဲ့ပြီး မျိုးစိတ်များ၏ ယှဉ်ပြိုင်ရှင်သန်မှုတွင် ပါဝင်ရန် မလိုခဲ့ပေ။ ပုစွန်ဆိတ် ကျူးကျော်မှုသို့မဟုတ် ယုန်ကျူးကျော်မှုကဲ့သို့သော ဖြစ်ရပ်များကို လှောင်ပြောင်သော သဘောထားဖြင့်သာ ဆက်ဆံခဲ့ကြသည်။ သို့သော် ဤကမ္ဘာသစ်တွင်မူ ထိုသို့ မဟုတ်ပေ။
အကယ်၍ ကျင့်ကြံသူများသာ မရှိလျှင် သို့မဟုတ် ကျင့်ကြံသူများက သူတို့ကို မတားဆီးနိုင်လျှင် ဤဂေဟစနစ်၏ အထက်တန်းလွှာ မြေခွေးများသည် ဒေသခံ လူသားများအားလုံးကို စားပစ်ကြမည်ဖြစ်ပြီး ဤနေရာကို မြေခွေးမိစ္ဆာများသာ ရှိသော မိစ္ဆာနိုင်ငံအဖြစ် ပြောင်းလဲပစ်ကြပေလိမ့်မည်။ ဤကျယ်ပြောလှသော မသိနားမလည်နိုင်သည့် ကမ္ဘာကြီးတွင် လူသားများသည် မျိုးစိတ်ပေါင်းများစွာထဲမှ တစ်ခုမျှသာ ဖြစ်ပြီး နိမ့်ကျသည်လည်း မဟုတ် မြင့်မြတ်သည်လည်း မဟုတ်ဘဲ မာန်တက်ခွင့်လည်း မရှိကြချေ။
ရှူး...
စုန်ယန်သည် သူဖန်တီးထားသော အရိပ်ရုပ်သေးကို မြှောက်၍ တစ်ချက်ခါလိုက်ပြီးနောက် အမွှေးတိုင်ထွန်း၍ ပူဇော်သည့်အလား လက်ဟန်ပြုကာ အရိပ်ရုပ်သေးကို ဖြည်းညှင်းစွာ ဦးညွတ်ဂါရဝပြုလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် ရုပ်သေးကို ဖိထားပြီး ကျန်လက်တစ်ဖက်ကို မြှောက်ကာ ဟင်းလင်းပြင်အမှောင်ထုထဲမှ တစ်စုံတစ်ခုကို ဖိတ်ခေါ်သည့်အလား အသာအယာ လက်ယပ်ခေါ်လိုက်သည်။
အေးစက်နေသင့်ပြီဖြစ်သော အရိပ်ရုပ်သေးမှာ ရုတ်တရက် အပူချိန်တက်လာပြီး ၎င်း၏မာကျောသော မျက်နှာပြင်မှာ သက်ရှိတစ်ခု၏ နွေးထွေးနူးညံ့သော အထိအတွေ့မျိုးပင် ရှိလာတော့သည်။ သို့သော် ဝိညာဉ်ကို ဆင့်ခေါ်နေသော စုန်ယန်၏လက်မှာမူ အနှိုင်းမဲ့အေးစက်သွားခဲ့သည်။ စုန်ယန်၏ လက်ထိပ်များမှတစ်ဆင့် ဖော်ပြ၍မရနိုင်လောက်အောင် အေးစက်လှသော မှင်ရောင်အဆင်းများ စီးဆင်းလာပြီး အရိပ်ရုပ်သေး၏ မျက်နှာပြင်ပေါ်တွင် ရပ်တန့်ကာ တဖြည်းဖြည်း ခဲသွားတော့သည်။
၎င်းမှာ အရေခွံပန်းချီ ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ်ထဲမှ ဆင့်ခေါ်ခြင်းအဆင့်ပင်။
သားရေနယ်ဆရာကြီး၏ သားရေနယ်အတွေ့အကြုံအရ ဆင့်ခေါ်ခြင်းတွင် အသုံးပြုသည့် ဝိညာဉ်အရင်းအမြစ် သုံးမျိုးရှိသည်။
ပထမအမျိုးအစားမှာ မူလပိုင်ရှင်၏ ကျန်ရစ်သော ဝိညာဉ်စအနများပင်။
သေဆုံးပြီးနောက်တွင်ပင် မူလပိုင်ရှင်၏ ကွဲကြေနေသော ဝိညာဉ်စအနများသည် အရေခွံနှင့် ရောနှောကျန်ရစ်နေတတ်သည်။ ထို့အပြင် အသစ်စက်စက် သေဆုံးထားသော ဝိညာဉ်များသည် လူ့လောကတွင် ရက်အနည်းငယ်ကြာအောင် ဝဲပျံနေတတ်ပြီး၊ ဤဘဝ၏ အကြောင်းအကျိုးများ ပါဝင်နေသော ဝိညာဉ်အပိုင်းအစများကို အမြန်ဆုံး ဖယ်ရှားပစ်ကာ ဤလောကမှ ထွက်ခွာသွားကြလေ့ရှိသည်။ ခန္ဓာပျက်လျှင် လမ်းစဉ်ပျောက်ကွယ်၍ အကြောင်းအကျိုးများ ချုပ်ငြိမ်းသည်ဟူသော ဆိုရိုးမှာ ဤသဘောတရားကို ရည်ညွှန်းခြင်းဖြစ်ပြီး စုန်ယန် အကျွမ်းတဝင်ရှိသော သေဆုံးပြီး ခုနစ်ရက်နှင့် မုန့်ဖိုဟင်းရည်ကဲ့သို့သော အယူအဆများနှင့် ဆင်တူသည်။ ဤအပိုင်းအစများသည် ဆင့်ခေါ်ခြင်းအတွက် အကောင်းဆုံးသော အရင်းအမြစ်များဖြစ်ပြီး အရေခွံလတ်လတ်ဆတ်ဆတ်ကို အသုံးပြုမှ မူလစွမ်းအင်ကို ရရှိမည်ဟူသော သဘောပင်။
ဒုတိယအမျိုးအစား လောကအနှံ့ လွင့်မျောနေသော ဝိညာဉ်များပင်။
အကြောင်းအကျိုးများ ပါဝင်နေသဖြင့် သံသရာထဲသို့ မဝင်နိုင်ဘဲ ကွဲကြေလွင့်စင်နေသော ဝိညာဉ်စအနများသည် ထူးကဲချီနှင့် ပေါင်းစပ်ကာ မိစ္ဆာချီများ ဖြစ်လာကြသည်။ သို့မဟုတ် မြင်တွေ့၍မရ ထိတွေ့၍မရသော လွင့်မျောနေသော ဝိညာဉ်တစ္ဆေများအဖြစ် တည်ရှိနေပြီး လူသားများနှင့် တိုက်မိပါက ပြင်းထန်သော ဖျားနာမှုများကို ဖြစ်စေတတ်သည်။ ဤကဲ့သို့သော ဝိညာဉ်များသည် လောကအနှံ့တွင် ရှိနေကြပြီး အရိပ်ရုပ်သေးအတွင်းမှ အသားစွမ်းအင်ကို ခံစားမိသောအခါ ဗီဇအရ အနားသို့ ကပ်လာကာ စုပ်ယူခံရတော့သည်။ ထို့နောက် ၎င်းတို့သည် အရိပ်ရုပ်သေးပေါ်ရှိ ကျန်ရစ်သော ဝိညာဉ်စအနများနှင့် အမှတ်မဲ့ ပေါင်းစပ်သွားကြပြီး မိမိကိုယ်ကိုယ် ထိုအရိပ်ရုပ်သေးအဖြစ်ပင် ယုံကြည်သွားကြသည်။ ၎င်းမှာ အဖြစ်အများဆုံး နည်းလမ်းဖြစ်သော်လည်း မူလပိုင်ရှင်မဟုတ်သည့်အတွက် အရိပ်ရုပ်သေး၏ စွမ်းဆောင်ရည်မှာ အနည်းငယ် နိမ့်ကျတတ်သည်။
တတိယအမျိုးအစားမှာ အစွမ်းထက် ကျင့်ကြံသူကြီးများ၏ ဝိညာဉ်စအနပင်။
သာမန်သက်ရှိများ သေဆုံးပါက ဝိညာဉ်စအနများ ကျန်ရစ်လျှင် အနှိုင်းမဲ့အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ သေဆုံးပါကလည်း ထိုကဲ့သို့သော အပိုင်းအစများ ကျန်ရစ်နိုင်မည်ဟု သားရေနယ်ဆရာကြီးက ယူဆခဲ့သည်။ ထိုကဲ့သို့သော ဝိညာဉ်စအနမျိုးကို အရိပ်ရုပ်သေးအတွင်းသို့ ဆင့်ခေါ်နိုင်ပါက အလွန်ကြီးမားသော အစွမ်းကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
...
ဝိညာဉ်စအနများ တဖြည်းဖြည်း စုစည်းလာသောအခါ...
စုန်ယန်၏ နူးညံ့စွာ ဝိညာဉ်ဆင့်ခေါ်နေသော လက်မှာ ရုတ်တရက် ကြမ်းတမ်းသွားပြီး ခဲနေသော ဝိညာဉ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ အရေခွံအတွင်းသို့ အတင်းအကျပ် ဖိသွင်းလိုက်တော့သည်။ ဤအဆင့်မှာ အရေခွံပန်းချီ ဝိညာဉ်ကျွန်ပြုကျင့်စဉ်ဖြစ်ပြီး ဝိညာဉ်
ဆင့်ခေါ်ကျင့်စဉ်မှ တစ်ဆင့်တိုး ပြောင်းလဲလာခြင်းပင်။
ဝိညာဉ်ဆင့်ခေါ်ကျင့်စဉ်မှာ ဝိညာဉ်အား အရေခွံအတွင်းသို့ မိမိအလိုအလျောက် ဝင်ရောက်စေခြင်းဖြစ်၍ အန္တရာယ်များလှသည်။ သားရေနယ်ဆရာအများစုမှာ ဤအဆင့်တွင် ကျရှုံးတတ်ကြပြီး အရိပ်ရုပ်သေး ပျက်စီးသွားခြင်း သို့မဟုတ် ဆင့်ခေါ်ထားသော ဝိညာဉ် လွတ်မြောက်သွားခြင်းများ ဖြစ်တတ်သည်။ သို့သော် ဝိညာဉ်ကျွန်ပြုခြင်းတွင်မူ ထိုပြဿနာမျိုး မရှိပေ။ ဝိညာဉ်က ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စုန်ယန်က တိုက်ရိုက်ပင် ဖိသွင်း ချုပ်ကိုင်လိုက်ခြင်း ဖြစ်သောကြောင့်ပင်။
မူလပိုင်ရှင်၏ ဝိညာဉ်စအန ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် စုန်ယန်၏ ဘယ်ဘက်
လက်ထိပ်မှ ထူးကဲချီတစ်စသည် မြားတစ်စင်းအလား ထွက်ပေါ်လာပြီး ကြိုးဆွဲရုပ်သေးတစ်ရုပ်၏ ကြိုးများကဲ့သို့ ချိတ်ဆက်ကာ မြေခွေးမိစ္ဆာ အရိပ်ရုပ်သေးကို ထိန်းချုပ်လိုက်သည်။ မြေခွေးမိစ္ဆာရုပ်သေးသည် လေသွင်းလိုက်သကဲ့သို့ ဖောင်းကြွလာပြီး စားပွဲပေါ်တွင် မတ်တတ်ရပ်လျက် ၎င်း၏ခြေလက်များကို ရှပ်ရှပ်တိုက်ကာ ယိမ်းထိုးလှုပ်ရှားလာတော့သည်။
သို့သော် စုန်ယန်၏ ညာဘက်လက်မှာ ရပ်တန့်မသွားခဲ့ပေ။ ထိုလက်သည် အမှောင်ထုထဲတွင် ဝိညာဉ်ဆင့်ခေါ်ခြင်းကို ဆက်လက်ပြုလုပ်နေဆဲပင်။
အကယ်၍သာ အခြားသော သားရေနယ်ဆရာတစ်ဦးဦးက ဤမြင်ကွင်းကို မြင်လိုက်ရပါက "တော်တော့ တော်တော့ အခုချက်ချင်း ရပ်လိုက်တော့။ မင်း အသက်မရှင်ချင်တော့ဘူးလား" ဟု ထိတ်လန့်တကြား အော်ဟစ်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တားမြစ်ထားသော ဝိညာဉ်ဆင့်ခေါ်ခြင်းဖြစ်သောကြောင့်ပင်။
အရေခွံတစ်ခု ဝိညာဉ်တစ်ခုဆိုသည်မှာပင် အလွန်အန္တရာယ်များလှသည်ဖြစ်ရာ အရေခွံတစ်ခု၊ ဝိညာဉ်အများအပြားဆိုသည်မှာ အရိပ်ရုပ်သေးအား သောင်းကျန်းစေရန်၊ ပိုင်ရှင်ကို ပြန်လည်ဝါးမြိုစေရန်နှင့် သတ်ဖြတ်ရန် ဖိတ်ခေါ်နေခြင်းသာ ဖြစ်သည်။
အရိပ်ရုပ်သေး၏ အပေါ်ဘက်တွင် နောက်ထပ် ခိုင်မာသော ဝိညာဉ်တစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။ ထိုဝိညာဉ်သည် အရိပ်ရုပ်သေးအတွင်း၌ ဝိညာဉ်တစ်ခု ရှိနှင့်နေပြီးဖြစ်ကြောင်း ခံစားမိပုံရပြီး စတင်ကာ ဂယောက်ဂယက် ဖြစ်လာသည်။ သို့သော် ၎င်းက တစ်စုံတစ်ရာ မပြုမူနိုင်မီမှာပင် ထိုမည်းနက်သောလက်က ပိုမိုပြင်းထန်သော ရက်စက်မှုဖြင့် ဖမ်းဆုပ်ကာ မြေခွေးမိစ္ဆာရုပ်သေးအတွင်းသို့ အတင်းအကျပ် ရိုက်သွင်းလိုက်ပြန်သည်။
ချက်ချင်းပင် အရိပ်ရုပ်သေးအတွင်းမှ ဆူပွက်နေသောရေ သို့မဟုတ် ဆီပူထဲသို့ ရေဝင်သွားသကဲ့သို့အသံများ ထွက်ပေါ်လာပြီး မူလက သေသပ်လှပသော မြေခွေးမိစ္ဆာရုပ်သေးမှာ ပုံသဏ္ဌာန်များ စတင်ပျက်ယွင်းလာတော့သည်။ ပုံပျက်သွားသော်လည်း မြေခွေးတစ်ကောင်ဖြစ်ကြောင်းကိုမူ ခွဲခြားသိမြင်နိုင်သေးသည်။
သို့သော်လည်း ဝိညာဉ်ဆင့်ခေါ်နေသောလက်မှာ ရပ်တန့်မသွားဘဲ လေထဲမှ လွင့်မျောနေသော ဝိညာဉ်များကို ဆက်လက်မြှူဆွယ်ကာ စုစည်းမိသော ဝိညာဉ်များကို အရိပ်ရုပ်သေးအတွင်းသို့ တစ်ခုပြီးတစ်ခု ထိုးသိပ်ထည့်နေတော့သည်။
ဤသည်မှာ စုန်ယန်အနေဖြင့် ဒုတိယအဆင့် ပြီးပြည့်စုံသော ပြောင်းလဲခြင်းဖြစ်သည့် အရေခွံပန်းချီ ထူးဆန်းဝိညာဉ်ကျင့်စဉ်ကို ပထမဆုံးအကြိမ် အမှန်တကယ် စမ်းသပ်ခြင်းဖြစ်သည်။ ၎င်းမှာ သူ နှစ်ပေါင်း ၃၀၀၀ ကျော်ကြာ နားလည်သဘောပေါက်အောင် ကြိုးစားခဲ့ရသည့် ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာပြီးလျှင် ဒုတိယအစွမ်းထက်ဆုံး မန္တန်ပညာရပ်ပင်။
အရိပ်ရုပ်သေးအတွင်းရှိ ဝိညာဉ်များမှာ ပြောင်းလဲပျက်ယွင်းလာသည်နှင့်အမျှ အရိပ်ရုပ်သေးသည်လည်း ပိုမိုသန်မာလာကာ မူလအခြေအနေထက် ကျော်လွန်၍ ပိုမိုမြင့်မားသော အဆင့်သို့ တစ်လှမ်းချင်း တက်လှမ်းနေသည်ကို စုန်ယန် ခံစားလိုက်ရသည်။ အကယ်၍ ယခင် မြေခွေးမိစ္ဆာမှာ အလယ်အလတ်အဆင့် ကိုယ်ထည်မဲ့ ဝိညာဉ်ကျီးကန်းကိုပင် မယှဉ်နိုင်ခဲ့လျှင် ယခုအခါတွင်မူ ၎င်းကို ကျော်လွန်သွားရုံသာမက အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်၏ အဆင့်သို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်နေပြီ ဖြစ်သည်။
"ဟဲ..."
"ဟားဟားဟား..."
အမှောင်ထုထဲတွင် စုန်ယန်သည် နက်ရှိုင်းစွာ ရယ်မောလိုက်သည်။ ဂူ၏ အမိုးပေါ်ရှိ ကြည်လင်သော ပြတင်းပေါက်အပြင်ဘက်တွင် တစ်ညလုံး ရွာသွန်းခဲ့သော နွေဦးမိုးမှာ စဲသွားခဲ့ပြီဖြစ်ပြီး ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းများ ဆင်းသက်လာကာ ထိုသူ၏ ကတ္တရာစေးကဲ့သို့ နက်မှောင်သော ဆံနွယ်များကို လင်းလက်စေသော်လည်း သူ၏မျက်နှာကိုမူ အမှောင်ထုအတွင်းသို့ လုံးဝ နစ်မြုပ်သွားစေသည်။
သူသည် အဆင့်မြင့်မိစ္ဆာသားရဲ အဆင့်နှင့် အလွန်နီးစပ်သွားသော ပုံပျက်ဝိညာဉ် အမြီးတစ်ချောင်းပါ မြေခွေးမိစ္ဆာ အရိပ်ရုပ်သေးကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
ပင်ပန်းနွမ်းနယ်မှုများက သူ့အပေါ်သို့ လွှမ်းမိုးလာသောအခါ သူသည် အဝတ်အစားများကို ချွတ်ပစ်ကာ ဘေးဘက်ရှိ ကျောက်ဂူအတွင်းသို့ ဝင်ရောက်လျက် ဖူမိသားစုမှ အမျိုးသမီးနှစ်ဦးကို ဖက်တွယ်ရင်း အိပ်ပျော်သွားတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက်...
စုန်ယန် မျက်လုံးပွင့်လာခဲ့သည်။ သူသည် အလွန်နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သဖြင့် စိတ်ဓာတ်မှာလည်း ပြန်လည်လန်းဆန်းနေပြီဖြစ်သည်။ သို့သော် မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် ဒေါသတကြီး စိုက်ကြည့်နေသော မိဖုရားကြီး၏ မျက်ဝန်းများနှင့် ဆုံလိုက်ရသည်။
"ရှင်... ဒီလိုမျိုးကြီး ဆက်လုပ်နေတော့မှာလား"
စုန်ယန်က ပြုံးလျက် "ဘာကိုလဲ" ဟု မေးလိုက်သည်။
အကယ်၍ သူ့၌ ထူးဆန်းသော ဝါသနာတစ်ခုခု ရှိမနေပါက ဤအမျိုးသမီးနှစ်ဦးကို အိပ်မွေ့ချဆေးများ အပြင်းအထန် အဘယ်ကြောင့် တိုက်ကျွေးနေရတာလဲဆိုသည်ကို ရှင်းပြရန် ခက်ခဲလိမ့်မည်။ အရင်ရက်များက ကင်းပုန်းဝပ်စဉ် သန်းခေါင်ယံ၌ သူပြန်လာခဲ့ခြင်းဖြစ်ပြီး ဆေးပမာဏကိုလည်း တိုးမြှင့်ခြင်း မပြုခဲ့ပေ။ ၎င်းကိုမူ ဤဂူဗိမာန်အတွင်းရှိ ထူးကဲချီများကြောင့် အိပ်ပျော်သွားခြင်းဟုသာ ဆင်ခြေပေး၍ ရနိုင်သည်။
သို့သော် မနေ့ညက အရိပ်ရုပ်သေး ဖန်တီးရန်အတွက်မူ သူသည် ဆေးပမာဏကို သိသိသာသာ တိုးမြှင့်လိုက်ရသည်။ ဖူရှီရုန်သည် ချိုးလျန်ယွဲ့နှင့် မတူဘဲ အလွန်ဉာဏ်ရည်ထက်မြက်ပြီး အကဲခတ်မြန်သူ ဖြစ်သဖြင့် သူမကို ဆေးခတ်ထားသည်ကို သေချာပေါက် သံသယဝင်မည်
ဖြစ်သလို စုန်ယန် တစ်ခုခုကို လျှို့ဝှက်လုပ်ဆောင်နေသည်ဟုလည်း ခန့်မှန်းမိပေလိမ့်မည်။
ထို့ကြောင့် စုန်ယန်က သူမအား တစ်မျိုးတစ်ဖုံ ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ဆောင်ထားလိုက်ခြင်းက ပိုမိုသင့်တော်သည်။ သူ့အား တဏှာကြီးသော လူယုတ်မာဟုသာ ထင်မှတ်နေ
ခြင်းက ပိုမိုဘေးကင်းနိုင်သည်။ မဟုတ်ပါက သူလုပ်ဆောင်သမျှမှာ ပေါ်ပေါက်သွားနိုင်
သောကြောင့်ပင်။
အခြားတစ်ဖက်၌မူ ဖူဟုန်းမိန်မှာ အင်အားချည့်နဲ့စွာ လဲလျောင်းနေဆဲပင်။ စုန်ယန်က ထရပ်လိုက်ပြီး ခွန်အားပြည့် ဂျင်းဆင်းဆေးလုံးကို စားပွဲပေါ်၌ တင်ပေးလိုက်သည်။ ထို့နောက် လှည့်ထွက်သွားပြီးမှ မိဖုရားကြီး၏ ခေါင်းမာသော စရိုက်ကို သတိရကာ သိုင်းကျမ်းတစ်
စောင်ကို ထုတ်ယူ၍ စားပွဲပေါ်သို့ ထပ်မံတင်ပေးခဲ့ပြီး “တကယ်လို့ အရမ်းပျင်းရိနေရင် ဒါလေးကို လေ့ကျင့်ကြည့်လိုက်ဦး” ဟု ပြောလိုက်သည်။
ဤသိုင်းကျမ်း၏ မျက်နှာဖုံးမှာ စာအုပ်ဟောင်း မျက်နှာဖုံးများ ဖြစ်သော်လည်း အတွင်းရှိ အကြောင်းအရာများမှာမူ သူကိုယ်တိုင် ပြုစုထားခြင်းပင်။ ကျန်းနန်မြို့တော်ကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့သော သူ၏ နတ်ဘုရားအဆင့် သိုင်းပညာများသည် လောက၌ ပြိုင်ဘက်ကင်းခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ ဤကျမ်းအတွင်း၌ ပါဝင်သည်များမှာ စာကလေးလေးကောင်၏ အစွမ်းထက်လှသော အနှစ်ချုပ်များပင်။
ဖူရှီရုန်က နှာခေါင်းရှုံ့ကာ ကျမ်းစာကို မထိတွေ့လိုဟန် ပြုနေသော်လည်း သိချင်စိတ် ပြင်းပြနေသော ဖူဟုန်းမိန်ကမူ အသာအယာ လှန်ကြည့်လိုက်မိသည်။ လှန်ကြည့်လိုက်သည့် ခဏမှာပင် ကိုယ်ရံတော်မလေးမှာ မှင်သက်သွားရပါတော့သည်။ သူမ၏ ပြူးကျယ်သွားသော မျက်ဝန်းများနှင့် ဟသွားသော ပါးစပ်တို့ကြောင့် မိဖုရားကြီးပါ သိချင်စိတ် ပေါက်လာခဲ့ရသည်။ ဖူရှီရုန်သည်လည်း မနေနိုင်ဘဲ ခိုးကြည့်လိုက်မိရာမှ မျက်လုံးကို ပြန်လည်မခွာနိုင်တော့လောက်အောင်ပင် စွဲလန်းသွားရတော့သည်။
စုန်ယန် ဂူဗိမာန်အတွင်းမှ ထွက်လာချိန်တွင် နေရောင်ခြည်မှာ တောက်ပနေသော်လည်း သူ့အတွက်မူ အအေးဓာတ်မှာ ပျောက်ကွယ်မသွားပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ရှာဖွေခြင်းမှ သူသိရှိခဲ့ရသည်မှာ မြေခွေးမိစ္ဆာများသည် ရုပ်သေးဂိုဏ်းအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေပြီ ဖြစ်သောကြောင့်ပင်။
အဆိုပါအထဲတွင် အရွယ်ရောက်ပြီးသားအဆင့်မြင့် မိစ္ဆာသားရဲအဆင့် မြေခွေးများပင် ပါဝင်နေသည်။ ဂိုဏ်း၏ အထက်လူကြီးများမှာ ဤအချက်ကို သေချာပေါက် သိရှိပေလိမ့်မည်။
ဒါပေမဲ့သူတို့က ဘာလို့ ဘာမှ မလုပ်ကြတာလဲ။
စုန်ယန်၏ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သို့တည်းမဟုတ် သူသည် အဆင့်နိမ့်တပည့်တစ်ဦးမျှသာ ဖြစ်သဖြင့် အခြေအနေမှန်ကို မသိရှိရခြင်းလား။ သူ စဉ်းစားနေစဉ်မှာပင် တပည့်တစ်ဦးမှာ အဝေးမှ ပြေးလာပြီး သူ့ရှေ့၌ အရိုအသေပေးကာ ပြောလိုက်သည်။
“အစ်ကိုကြီးစုန်... တောင်ထိပ်သခင်က တောင်ထိပ်ပေါ်မှာ တရားဟောကြား သင်ကြားပေးနေပါတယ်။ ထူးကဲချီ သန့်စင်ခြင်း ပထမအဆင့် ရောက်ရှိပြီးတဲ့ တပည့်တွေအားလုံး တက်ရောက်ရမယ်လို့ အမိန့်ရှိပါတယ်”
“ဘာပညာတွေ သင်ကြားပေးမှာလဲ”
“ထူးကဲအဆင့်ရောက်ရှိပြီးနောက်ပိုင်း အသုံးပြုရမယ့် မန္တန်တွေနဲ့ ကျင့်စဉ်အခြေခံတွေလို့ သိရပါတယ်။ ကျန်တာတော့ ကျွန်တော်လည်း မသိတော့ပါဘူး”
စုန်ယန်က ခေါင်းညိတ်ပြပြီး “လာခဲ့မယ်” ဟု ပြန်လည်ဖြေကြားကာ တောင်ထိပ်ဆီသို့ ဦးတည်လိုက်သည်။ ဤသည်မှာမှ ဂိုဏ်းတစ်ခု၏ ပုံစံနှင့် ပိုမိုတူညီလာသကဲ့သို့ပင်။ သူသည်လည်း ဤအခွင့်အရေးကို အသုံးချ၍ သူ၏ ဗဟုသုတများကို ဖြည့်ဆည်းရန် ဆုံးဖြတလိုက်သည်။
အခန်း။ ၅၄
တောင်ပိုင်းဝါးတောင်ထိပ်၏ ထိပ်ဆုံးတွင်...
တိမ်တိုက်ကြီးများ လွင့်မျောနေပြီး ကောင်းကင်ယံမှာ ကြည်လင်နက်ရှိုင်းနေသည်။ တောင်ထိပ်များမှာ တစ်ခုပြီးတစ်ခု စီတန်းနေကာ မြင့်မားလှပနေပြီး လေထုထဲတွင် ဝေးကွာသောနေရာမှ ပန်းပေါင်းရာကျော်၏ ရနံ့များ ရောနှောပါဝင်နေသည်...
ဤကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ ယနေ့ကဲ့သို့သော နေ့မျိုးမှာ တကယ့်ကို အေးချမ်းသာယာလှသော နေ့တစ်နေ့ဟု ဆိုနိုင်သည်။
ဆရာကြီးရှီသည် ဝှီးချဲပေါ်တွင် ပြုံးလျက် ထိုင်နေပြီး ပိဟွားယီက သူ့နောက်တွင် ရပ်နေသည်။ ထိုလှပသောအမျိုးသမီး၏ မျက်နှာတွင် ထိတ်လန့်နေသော အရိပ်အယောင်များ ရှိနေပြီး သူမ၏လက်များမှာ ဝှီးချဲကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လွှတ်ပေးရန်ပင် ကြောက်ရွံ့နေပုံရသည်။
ဆရာကြီးရှီသည် စုန်ယန် ရောက်လာသည်ကို မြင်သောအခါ "ထိုင်ဦး" ဟု ပြောလိုက်သည်။ စုန်ယန်သည် ရိုသေစွာ ဂါရဝပြုပြီးနောက် ရှေ့ဆုံးတန်းသို့ လျှောက်သွားလိုက်သည်။
ဝမ်စုစုက ဘေးသို့ အနည်းငယ် တိုးပေးသည်။ လုဟိုင်ယီကမူ သူ၏အင်္ကျီလက်ဖြင့် ကြမ်းပြင်ကို သုတ်ပေးပြီး စုန်ယန် ထိုင်ရန်အတွက် ထိုင်ခုံအုံးလေးတစ်ခုကို အလယ်တွင် ချပေးလိုက်သည်။ စုန်ယန်က တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
ဆရာကြီးရှီသည် တည်ကြည်သော မျက်နှာပေးဖြင့် စတင် ဟောပြောလေတော့သည်။
"ကောင်းကင်နဲ့ မြေကြီးကြားမှာ ထူးကဲချီတွေ ရှိတယ်။ ထူးကဲအတတ်ပညာကို ကျင့်ကြံတဲ့သူတစ်ယောက်အတွက် အဓိကသော့ချက်ကတော့ ထူးကဲမြစ်ဖျားပဲ။ အဲဒီမြစ်ဖျားကတစ်ဆင့် ထူးကဲချီတွေကို ရယူပြီး မိမိကိုယ်ကိုယ် ပြန်လည်မွေးမြူရတာပဲ။ မင်းတို့အားလုံးဟာ ထူးကဲချီသန့်စင်ခြင်းပထမအဆင့်ကို ရောက်ရှိနေကြတဲ့ ကျင့်ကြံသူတွေဖြစ်ပြီး အခု မြေခွေးမိစ္ဆာတွေရဲ့ ဘေးဒုက္ခကို ရင်ဆိုင်နေကြရတဲ့သူတွေပဲ"
"တောင်ထိပ်သခင်တစ်ယောက်အနေနဲ့ ငါက သားရေနယ်ဆရာ အသစ်အသစ်တွေကို မွေးထုတ်ပေးချင်သလို မင်းတို့တစ်ယောက်ချင်းစီကိုလည်း အသက်ရှင်သန်နေထိုင်စေချင်တယ်"
"ကဲ... အခု ဘယ်သူက ငါ့ကို ပြောပြနိုင်မလဲ ထူးကဲအတတ်ပညာကို ကျင့်ကြံတဲ့နေရာမှာ အရေးကြီးဆုံးအရာက ဘာလဲ"
ဤသို့ပြောရင်း ဆရာကြီးရှီသည် လူအချို့ကို ကျပန်းလက်ညှိုးထိုးပြပြီးနောက် စုန်ယန်အပေါ်သို့ အကြည့်ရောက်သွားကာ "စုန်လေး... မင်း စမ်းပြောကြည့်ပါဦး" ဟု ပြောလိုက်သည်။
စုန်ယန်က မတ်တတ်ရပ်ရန် ပြင်လိုက်သော်လည်း ဆရာကြီးရှီက လက်ဖြင့်ဖိကာ "ထိုင်လျက်ပဲ ပြောပါ" ဟု တားမြစ်လိုက်သည်။ ထိုအခါမှ စုန်ယန်က "ကျွန်တော့်အမြင်အရတော့ မိမိကိုယ်ကိုယ် မွေးမြူခြင်းဆိုတဲ့ စကားလုံးပေါ်မှာ အလေးထားရမယ်လို့ ထင်ပါတယ်။ ထူးကဲချီသန့်စင်ခြင်း ဆိုတာက သာမန်လူသား ခန္ဓာကိုယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ ထူးကဲခန္ဓာအဖြစ် ပြောင်းလဲသန့်စင်ပြီး သာမန်လူသားတွေရဲ့ ချုပ်နှောင်မှုတွေကို ရုန်းထွက်တာလို့ ယူဆပါတယ်" ဟု ဖြေကြားလိုက်သည်။
ဆရာကြီးရှီက ကျေနပ်သော အမူအရာပြကာ "မှန်တယ်။ ထူးကဲချီသန့်စင်ခြင်း ဆိုတာက သာမန်လူသားတွေရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့ ခန္ဓာကိုယ်ကို သန့်စင်တာပဲ။ အဲဒီကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီဆိုတာနဲ့ သက်တမ်းက နှစ်ဆတိုးလာပြီး အသက် နှစ်ရာကျော်အထိ နေနိုင်လိမ့်မယ်"
"အကြောဆယ်သွယ်၊ အရေပြားနဲ့ အရိုး၊ သွေးမျိုးဆက်၊ အတွင်းကလီစာတွေ... အဲဒီကနေတစ်ဆင့် ချီစွမ်းအင်က နဂါးတစ်ကောင်လို ပြောင်းလဲသွားပြီး၊ လေမုန်တိုင်းကို စီးနင်းလျက် ထူးကဲချီသိုလှောင်ရာ တန်ထျန်းကို ချဲ့ထွင်ရတာပဲ။ ဒါတွေဟာ... မင်းတို့တစ်သက်လုံး ကြိုးစားအားထုတ်ရမယ့် အဆင့်တွေပဲ ဖြစ်လိမ့်မယ်"
"မင်းတို့ရဲ့ ထူးကဲမြစ်ဖျား အရည်အသွေးက သိပ်မမြင့်လှဘူး။ ဒါကြောင့် တစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် စိတ်ဓာတ်မပြန့်လွင့်ဖို့ လိုသလို ကျင့်ကြံတဲ့အခါမှာလည်း တစ်
စက္ကန့်တောင် အလဟဿ မဖြစ်စေရဘူး။ အဲဒါမှသာ အောင်မြင်မှုရဖို့ အခွင့်အလမ်း ရှိလိမ့်မယ်"
ဆရာကြီးရှီ၏ စကားအဆုံးတွင် အောက်ဘက်ရှိ တပည့်များကြားတွင် ဆူညံသွားပြီး မေးခွန်းများ တစ်ခုပြီးတစ်ခု မေးကြတော့သည်။ ဆရာကြီးရှီကလည်း တစ်ခုချင်းစီကို စိတ်ရှည်စွာ ဖြေကြားပေးခဲ့သည်။ သူ၏ သင်ကြားရေးမူဝါဒမှာ နောက်လာမည့် အဆင့်များကို ကြိုတင်ပြသပေးခြင်းဖြင့် ကျင့်ကြံရာတွင် လမ်းကြောင်းမှန်သိစေရန်နှင့် လမ်းပိတ်မသွားစေရန်ပင်။ မူလက သဘောထားမတိုက်ဆိုင်သည့် တပည့်အချို့ပင်လျှင် ဆရာကြီးရှီ၏ ရှင်းပြချက်ကို ကြားရပြီးနောက် နားလည်သဘောပေါက်သွားကြသည်။
စုန်ယန်က မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
"ဆရာကြီး ထူးကဲချီသန့်စင်ခြင်းပြီးရင် နောက်ထပ် ဘယ်အဆင့် ရှိပါသေးသလဲ"
ဆရာကြီးရှီက ပြုံးလျက် "အဲဒါက သိဖို့ အလှမ်းဝေးလွန်းသေးတယ်..."
"ဒါဆိုလည်း ငါပြောပြမယ်။
ထူးကဲချီသန့်စင်ခြင်းပြီးရင်တော့ ကြက်သွေးရောင်နန်းတော်အဆင့်လာတာပဲ"
"ကြက်သွေးရောင်နန်းတော်အဆင့် ဟုတ်လား"
"ချီစွမ်းအင်က နဂါးတစ်ကောင်လို ပြောင်းလဲသွားပြီး ပင်လယ်ကို ဖြတ်ကျော်ကာ နှလုံးသားဆီကို ပျံတက်သွားတာပဲ။ ဘာလို့ နှလုံးသားထဲကို ဝင်ရတာလဲ ဘာလို့လဲဆိုတော့ ကြက်သွေးရောင်နန်းတော်အဆင့်ရဲ့ ဗဟိုချက်ဟာ မင်းရဲ့ နှလုံးသား ဖြစ်နေလို့ပဲ။ ကျင့်စဉ်အမျိုးမျိုးဟာလည်း နှလုံးသားကိုပဲ အခြေခံပြီး လည်ပတ်ကြတယ်။
အဲဒီအဆင့်ကို ရောက်ရင် မင်းရဲ့ နတ်ဘုရားဝိညာဉ်က ချီစွမ်းအင်အဆင့်တင် မဟုတ်တော့ဘဲ အရည်လိုမျိုး ဖြစ်လာပြီး ပိုပြီး သိပ်သည်းခိုင်မာလာလိမ့်မယ်။ မင်းရဲ့ ခန္ဓာကိုယ်ကလည်း မယုံနိုင်လောက်တဲ့ စွမ်းအားတွေ ထွက်ပေါ်လာလိမ့်မယ်"
"နှလုံးသား ဟုတ်လား"
"ထပ်ပြီး မမေးနဲ့တော့"
ဆရာကြီးရှီက နှစ်ချက်ခန့် ချောင်းဟန့်လိုက်သည်။ သူကိုယ်တိုင်ပင် ထိုအဆင့်ကို မရောက်သေးသဖြင့် သင်ကြားစရာ သိပ်မရှိတော့ပေ။ ထို့နောက် သူက ပြန်စဉ်းစားပြီး ဆက်ပြောသည် "မင်းတို့ မှတ်ထားရမှာက ထူးကဲကျင့်စဉ်ကို လေ့ကျင့်တဲ့အခါ ပြင်ပအရာဝတ္ထုတွေအပေါ်မှာပဲ စိတ်ရောက်ပြီး ကျင့်စဉ်ရဲ့ အဓိကအနှစ်သာရကို မေ့မသွားဖို့ပဲ။ မိမိကိုယ်ကိုယ်ကသာ ပထမဦးစားပေးဖြစ်တယ်ဆိုတာ သိထားရမယ်။
ကဲ... အခု ပြင်ပအရာဝတ္ထုတွေအကြောင်း ပြောကြရအောင်။ လူ့လောကမှာ မင်းတို့က သန်မာတဲ့ ခန္ဓာကိုယ်ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာတော့ မင်းတို့ဟာ လမ်းလျှောက်သင်စ ကလေးငယ်လေးတွေပဲ ရှိသေးတယ်။ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ တိုက်ပွဲက ထွက်လာတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုကတင် မင်းတို့ကို အလွယ်တကူ သေစေနိုင်တယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်လက်သီးကိုပဲ အားကိုးမနေဘဲ ပြင်ပအရာတွေကို အသုံးချတတ်ဖို့က အလွန်အရေးကြီးလာပြီ"
ဤစကားများကို စုန်ယန်က အသေအချာ နားထောင်နေသည်။ သူသည် ထူးကဲချီသန့်စင်ခြင်း နဝမအဆင့်ရောက်နေသူတစ်ဦးနှင့် မတူဘဲ တစ်ဝက်ခန့်သာ နားလည်သယောင်ရှိနေသည်။
ဆရာကြီးရှီက ဆက်လက်ပြောကြားသည်။
"ပထမဆုံးကတော့ ထူးကဲလက်နက်ပဲ။ ငါတို့အတွက် ထူးကဲလက်နက်ဆိုတာ သာမန်လူတွေအတွက် ဓားလှံလက်နက်တွေလိုပါပဲ။ ဒါပေမဲ့ ထူးကဲလက်နက်တွေက ပိုပြီး စုံလင်လှတယ်။ ဂိုဏ်းတစ်ခုနဲ့တစ်ခု၊ တပည့်တစ်ယောက်နဲ့တစ်ယောက် သင့်တော်တဲ့ လက်နက်တွေကလည်း မတူကြဘူး။
ဥပမာ နန်းဝူဓားဂိုဏ်းဆိုရင် သူတို့ရဲ့ ထူးကဲလက်နက်တွေက ပျံလွှားဓားတွေပဲ။ သူတို့ရဲ့ ကျင့်စဉ်စနစ်က ဓားဝင်္ကပါပေါ်မှာ အခြေခံတာဆိုတော့ ပျံလွှားဓားတွေကို ပိုင်နိုင်ဖို့က အခြေခံအကျဆုံးပဲ။
ငါတို့ ရုပ်သေးဂိုဏ်း ရဲ့ တောင်ထိပ်ငါးခုမှာလည်း တစ်ခုနဲ့တစ်ခု မတူပြန်ဘူး။ ငါတို့ အရိပ်
ရုပ်သေးတောင်ထိပ်နဲ့ သင့်တော်တဲ့ လက်နက်တွေကတော့ အရှင်းဆုံးပဲ။ အဲဒါတွေကတော့ ဒိုင်းလွှားနဲ့ ပျံလွှားဓားမြောင်တွေပဲ။
ဘာလို့လဲဆိုတော့ ငါတို့က ကိုယ်တိုင်တိုက်ခိုက်ဖို့ ဒါမှမဟုတ် မန္တန်စွမ်းအားတွေနဲ့ ယှဉ်ပြိုင်ဖို့ မလိုဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဒိုင်းလွှားရှိရင်ရပြီ။ တိုက်ခိုက်ဖို့ကတော့ အရိပ်ရုပ်သေးတွေကို ထိန်းချုပ်ပြီး လုပ်ရတာ။ ပျံလွှားဓားမြောင်တွေကတော့ အရိပ်ရုပ်သေးတွေအတွက် အထောက်အကူပြု လက်နက်တွေပေါ့။ ဒီဓားမြောင်တိုလေးတွေနဲ့ ပတ်သက်ရင်တော့ မင်းတို့အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ ဟုတ်တယ်မလား"
အောက်ဘက်ရှိ တပည့်များကြားတွင် ရယ်မောသံများ ထွက်ပေါ်လာသည်။ သားရေခွာဓားဖြစ်စေ ထွင်းထုဓားဖြစ်စေ အားလုံးမှာ လက်ကိုင်တို ဓားမြောင်လေးများသာ ဖြစ်ပြီး သူတို့ နေ့စဉ်ကိုင်တွယ်နေရသော အရာများ ဖြစ်သောကြောင့်ပင်။
ဆရာကြီးရှီက "ကျန်တဲ့ တောင်ထိပ်လေးခု အကြောင်း ပြောရရင်တော့..."
"စက္ကူရုပ်တောင်ထိပ်က လူတွေကတော့ ဝတ်စုံနက် သံချပ်ကာအင်္ကျီတွေကို ကြိုက်ကြတယ်။ အဲဒါက သူတို့ကို အမြဲတမ်း ပိုမိုသန်မာလာစေသလို သူတို့ရဲ့ စက္ကူရုပ်တွေကိုလည်း အစွမ်းထက်လာစေလို့ပဲ။
သွေးအလောင်းတောင်ထိပ်ကတော့ အလံတွေကို သုံးတယ်။ အလံတွေက ပြင်းထန်တဲ့ လေမုန်တိုင်းတွေကို ဖန်တီးပေးနိုင်ပြီး ဖုန်မှုန့်တွေ၊ သဲတွေကြားမှာ သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရင်း သွေးအလောင်းတွေကို အသုံးပြုပြီး သတ်ဖြတ်နိုင်လို့ပဲ။
စက်မှုတောင်ထိပ်ကတော့ တူတွေကို သုံးတယ်။ ဘာလို့လဲဆိုတော့ တူဆိုတာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လက်နက်ပဲလေ။ သူတို့က ဒါကို အရမ်းကျွမ်းကျင်ကြသလို တို့ဂိုဏ်းကထုတ်တဲ့ ထူးကဲလက်နက်အများစုဟာ သူတို့ဆီကလာတာပဲ။
ဆန်းကြယ်အဆိပ်တောင်ထိပ်ကတော့ ဆေးလုံးတွေ၊ အဆိပ်တွေ ဖော်စပ်တာအပြင် လွတ်မြောက်ခြင်းအတတ်နဲ့ အဆောင်လက်ဖွဲ့ ရေးဆွဲတဲ့ ပညာရပ်တွေကိုပါ ပူးတွဲကျင့်ကြံရတယ်"
ထိုသို့ပြောပြီးနောက် သူက ခေတ္တမျှ ရပ်တန့်လိုက်သည်။
ဝမ်စုစု က "တောင်ထိပ်သခင်... ကျွန်မတို့ အရိပ်ရုပ်ဆေးတောင်ထိပ်က အရိပ်ရုပ်သေးတွေက စက္ကူရုပ်တွေ၊ သွေးအလောင်းတွေနဲ့ ယှဉ်ရင် ဘယ်လိုရှိလဲဟင်" ဟု မေးမြန်းလိုက်သည်။ ဤအဖြေကို လူတိုင်းက သိချင်နေကြသည်။ ရုပ်သေးဂိုဏ်းတွင် တောင်ထိပ် ငါးခု ရှိသော်လည်း ရုပ်သေး အမျိုးအစားမှာ သုံးမျိုးသာ ရှိသည် အရိပ်ရုပ်သေး၊ စက္ကူရုပ် နှင့် သွေးအလောင်းတို့ ဖြစ်သည်။
ဘယ်အရာက ပိုစွမ်းမလဲ။
ဆရာကြီးရှီက သူတို့ဘာမေးချင်သည်ကို သိသည့်အဟန်ဖြင့် ပြုံးလိုက်ပြီး "မင်းတို့ရဲ့ စီနီယာအစ်ကိုကြီးကိုပဲ ဥပမာထားပြီး ပြောရအောင်။
စက္ကူရုပ်ဆိုတာ စုန်လေးရဲ့ အားနည်းတဲ့ ပုံစံတူလို့ ပြောလို့ရတယ်။ ခန္ဓာကိုယ် ခွန်အားကတော့ အများကြီး လျော့နည်းပေမဲ့ မန္တန်စွမ်းအားကတော့ အနည်းငယ်ပဲ ကွာခြားလိမ့်မယ်။
သွေးအလောင်းဆိုတာကတော့ စုန်လေးရဲ့ ခန္ဓာကိုယ်ကို အထူးနည်းပညာတွေနဲ့ ပြုပြင်ပြီး အလောင်းမောင်းနှင်သူ ကျင့်ကြံသူက ထိန်းချုပ်တဲ့ မိစ္ဆာတစ်ကောင်အဖြစ် ဖန်တီးလိုက်တာပဲ။ ဒါပေမဲ့ မင်းတို့ အစ်ကိုကြီးရဲ့ အခုရှိနေတဲ့ ကျင့်ကြံမှုအဆင့်အရဆိုရင် သွေးအလောင်းတောင်ထိပ်သခင် ကိုယ်တိုင် လုပ်ရင်တောင် အနိမ့်ဆုံးအဆင့်ကနေ ရေတွက်ရင် ဒုတိယမြောက်ဖြစ်တဲ့ ခရမ်းရောင်အလောင်းထက် ပိုမရနိုင်ဘူး။ ဒီခရမ်းရောင်အလောင်းရဲ့ ခွန်အားက မင်းတို့အစ်ကိုကြီးထက် ပိုသန်မာမှာ သေချာပေမဲ့ သူက ထူးကဲလက်နက်တွေ ဒါမှမဟုတ် မန္တန်တွေကိုတော့ သုံးနိုင်မှာ မဟုတ်ဘူး။
အရိပ်ရုပ်သေးတွေကတော့ အခြေခံအားဖြင့် တို့ထိန်းချုပ်ထားတဲ့ မိစ္ဆာသားရဲတွေပဲ။ အကယ်၍ အရိပ်ရုပ်သေးကသာ ထူးချွန်ထက်မြက်မယ်ဆိုရင် အဲဒီမိစ္ဆာသားရဲ အသက်ရှင်စဉ်ကထက်တောင် ပိုစွမ်းနိုင်သလို ထိန်းချုပ်သူရဲ့ ဝိညာဉ်နဲ့ နည်းပညာတွေကြောင့် မန္တန်အသစ်တွေတောင် ထပ်တိုးလာနိုင်သေးတယ်။
ဒါကြောင့်... ဘယ်အရာက ပိုစွမ်းသလဲဆိုတာက စွမ်းအားပေါ်မှာ မမူတည်ဘဲ အသုံးချတဲ့ လူပေါ်မှာပဲ မူတည်တယ်"
ဆရာကြီးရှီက စိတ်အားထက်သန်စွာ ပြောကြားနေရင်း ညနေစောင်းလာသည်ကို မြင်သောအခါ သူ၏ ဝတ်ရုံထဲမှ စိမ်းပြာရောင် ကျောက်စာလိပ်နှစ်ခုကို ထုတ်ယူလိုက်ပြီး "စုန်လေး... မင်းကနေ စပြီးတော့ ကျင့်စဉ်အဆင့် ရောက်နေတဲ့သူတွေ အားလုံး ဒီမန္တန်နှစ်ခုကို သင်ယူနိုင်ပြီ။ အရင်ကဆိုရင်တော့ စောင့်ရဦးမှာပဲ။ ဒါပေမဲ့ အခုကတော့... လောကကြီးက မအေးချမ်းတော့တာမို့လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ဂိုဏ်းက အထူးခွင့်ပြုချက်နဲ့ စောစောသင်ပေးတာပဲ။
တောင်ခြေမှာ သင်ခဲ့ရတဲ့ ချီမြားပစ်နည်းတို့ ဘာတို့ဆိုတာက အလွတ်ကျင့်ကြံသူတွေကို လှည့်စားဖို့သက်သက်ပဲ။ အခု ဒီမန္တန်နှစ်ခုကမှ မင်းတို့နဲ့ ပိုကိုက်ညီတာ။ မင်းတို့ ထူးကဲချီသန့်စင်ခြင်း စတုတ္ထအဆင့်ကို ရောက်လို့ သားရေထိန်းချုပ်ခြင်းအတတ်ကို တတ်မြောက်ပြီး အရိပ်ရုပ်သေး နှစ်ရုပ်ကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီဆိုရင်တော့ မင်းတို့ဟာ အရိပ်ရုပ်သေးတောင်ထိပ်ရဲ့ တကယ့် ကျင့်ကြံသူစစ်စစ်တွေ ဖြစ်လာလိမ့်မယ်"
စုန်ယန်က အမြန်ရှေ့တိုးသွားပြီး ကျောက်စာလိပ်နှစ်ခုမှ မန္တန်များကို စုပ်ယူလိုက်သည်။
ထိုအချိန်တွင် ပိဟွားယီ သည် ချောက်ကမ်းပါးစွန်းရှိ ကျောက်စားပွဲလေးတစ်ခုအနားတွင် ရပ်နေပြီး လက်တစ်ဖက်ဖြင့် သိုလှောင်အိတ်ထဲမှ လက်ဖျံတစ်ဝက်ခန့်ရှိသော ဒိုင်းလွှားအမည်းရောင်လေးများနှင့် လက်ဖဝါးခန့်ရှိသော ဓားမြောင်လေးများကို ကျောက်စားပွဲပေါ်တွင် ပုံပေးလိုက်သည်။
ဆရာကြီးရှီက စုန်ယန်ကို လှမ်းကြည့်ပြီး "ဒီနေ့ကစပြီး မင်းတို့ဟာ ပုံမှန်ရနေကျ ခံစားခွင့်တွေအပြင် ခြောက်လတစ်ကြိမ် ထူးကဲကျောက်စိမ်းအသေး တစ်တုံးစီ ရရှိလိမ့်မယ်"
ထူးကဲကျောက်စိမ်းငယ်များ၏ အသုံးဝင်ပုံမှာ တကယ့်ကို ထူးခြားလှသည်။ ၎င်းသည် လူသားတစ်ဦး၏ ထူးကဲမြစ်ဖျားအဆင့်ကို မြှင့်တင်ပေးနိုင်သည့် တတိယမြောက် နည်းလမ်းပင်
နှစ်ကိုယ်တူကျင့်ကြံခြင်းနှင့် ဆေးလုံးများအပြင် ဤထူးကဲကျောက်စိမ်းတစ်တုံးသည် ဂူဗိမာန်အတွင်း ခြောက်လကြာ ကျင့်ကြံအားထုတ်မှုနှင့် ညီမျှသော စွမ်းအင်ကို ပေးစွမ်းနိုင်
သည်။ အရေးကြီးဆုံးအချက်မှာ ဤစွမ်းအင်သည် ထူးကဲကျောက်တုံးများမှ ရရှိသော စွမ်းအင်နှင့်လည်း ပဋိပက္ခမဖြစ်ခြင်းပင်။
ပင်မတောင်ထိပ်မှ တပည့်များသည် ၎င်းကို အမြဲမပြတ် သုံးစွဲကြသဖြင့် ကျင့်ကြံမှုအရှိန်မှာ အလွန်လျင်မြန်လှသည်။ ထို့ကြောင့်လည်း ထူးကဲကျောက်စိမ်းကို စွမ်းအားကူးပြောင်းကျောက်စိမ်းဟုလည်း ခေါ်ဆိုကြသည်။
“စုန်လေး... တစ်ထုတ်ယူလိုက်ဦး။ မှတ်ထားပါ။ ဒိုင်းလွှားနဲ့ ပျံလွှားဓားမြောင်ကိုလည်း သေချာလေ့ကျင့်ထား။ ဒါတွေက ဂိုဏ်းက မင်းအတွက် သီးသန့်ချပေးထားတာတွေပဲ”
စုန်ယန်က ခေါင်းညိတ်ပြလျက် ပိဟွားယီထံမှ အိတ်ကို လှမ်းယူလိုက်သည်။ အိတ်ကို အသာအယာ ချိန်တွယ်ကြည့်ရာ ထူးကဲကျောက်စိမ်းစေ့ အလုံးတစ်ရာခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ၎င်းသည် ယခင်က မြွေအလောင်းဈေးကွက်၌ အနိမ့်ဆုံးအဆင့် မိစ္ဆာသားရဲ အရေခွံ ၁၀ ခုနှင့် လဲလှယ်နိုင်သော တန်ဖိုးရှိသည်။
အမှန်စင်စစ် ကျင့်ကြံခြင်းဟူသည် အရင်းအနှီး အမြောက်အမြား စိုက်ထုတ်ရသည့် အလုပ်ပင်။ ရုပ်သေးဂိုဏ်းသည် မြေခွေးမိစ္ဆာများ၏ ကျူးကျော်မှုကို ရင်ဆိုင်နေရသဖြင့် တပည့်များ၏ စွမ်းရည်ကို အလျင်အမြန် မြှင့်တင်နိုင်ရန် အရင်းအမြစ်များကို စတင်ခွဲဝေပေးနေပြီမှာ သိသာလှသည်။
“ကျေးဇူးတင်ပါတယ် ဆရာကတော်”
“အင်း...”
ပိဟွားယီက စိုးရိမ်တကြီး ပြန်လည်ဖြေကြားပြီးနောက် နောက်ကွယ်မှ တက်လာသော တပည့်များကို ထူးကဲကျောက်စိမ်းများ တစ်တုံးချင်း လိုက်လံဝေငှပေးနေသည်။
စုန်ယန်က အရိုအသေပေးလိုက်ပြီး ဒိုင်းလွှားတစ်ခုနှင့် ပျံလွှားဓားမြောင်တစ်ခုကို ယူဆောင်ကာ ထွက်ခွာလာခဲ့သည်။ ဤမန္တန်နှစ်ခုအတွက်မူ သူသည် သက်တမ်းကို အသုံးပြု၍ တွက်ချက်
ရန် မရည်ရွယ်ဘဲ သာမန်ကျင့်ကြံသူတစ်ဦးကဲ့သို့ပင် သူ၏ ဂျူနီယာ မောင်နှမများနှင့်အတူ လေ့ကျင့်ရန် ဆုံးဖြတ်ထားသည်။
ရက်အနည်းငယ် ကြာပြီးနောက်...
ဝူး... ဖြောင်း ဖြောင်း ဖြောင်း...
မိစ္ဆာမလေး ဝမ်စုစုက စိတ်လှုပ်ရှားစွာဖြင့် “တက်လာပြီ တက်လာပြီ” ဟု အော်ဟစ်လိုက်သည်။ သူမ၏ရှေ့၌ လေ့ကျင့်ရေး ပျံလွှားဓားမြောင်မှာ လေထဲသို့ မြင့်တက်လာနေသည်။ သူမက လက်ဟန်တစ်ခုကို ပြောင်းလဲလိုက်သည့်အခါ ဓားမြောင်သည် ရှေ့သို့ ဝှေ့ခနဲ ပြေးထွက်သွားသော်လည်း ကံမကောင်းစွာဖြင့် မလှမ်းမကမ်း၌ပင် မြေပေါ်သို့ ပြုတ်ကျသွားသည်။
အဝေးတစ်နေရာတွင်မူ လုဟိုင်ယီနှင့် ရှန်ကွမ်ကျန့်တို့သည် ဘာသံမျှ မထွက်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးမှာ ယနေ့တိုင် ဤမန္တန်ကို မတတ်မြောက်သေးသောကြောင့်ပင်။
စီနီယာအစ်ကိုကြီးကို ကြည့်ရတာတော့...
စစချင်းတွင် လုဟိုင်ယီနှင့် ရှန်ကွမ်ကျန့်တို့က စီနီယာအစ်ကိုကြီးသည် သားရေနယ်သည့် အတတ်ပညာ၌သာ ပါရမီရှိခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုမူ စီနီယာအစ်ကိုကြီး၏ မန္တန်စွမ်းရည်မှာလည်း အလွန်မြင့်မားကြောင်း သိရှိသွားကြပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်ကတည်းက စုန်ယန်သည် ယနေ့ဝမ်စုစု ရရှိသည့် ရလဒ်မျိုးကို ရရှိခဲ့ခြင်းဖြစ်ပြီး ဓားမြောင်၏ ပျံသန်းမှု အကွာအဝေးမှာလည်း ပိုမိုဝေးကွာသည်။ ဤသည်မှာ သူတို့အား စီနီယာအစ်ကိုကြီးသည် အမြဲတမ်း စီနီယာအစ်ကိုကြီးပင် ဖြစ်သည်ဟူသော အသိကို ရရှိစေပြီး သူ့ကိုသာ အားကိုးရန် လိုအပ်ကြောင်း နားလည်သွားစေသည်။
ဆရာကြီးရှီကလည်း စုန်ယန်၏ တိုးတက်မှုကို အကဲခတ်နေသကဲ့သို့ သစ်ပင်ထိပ်၌ ပုန်းကွယ်နေသော ကိုယ်ထည်မဲ့ ဝိညာဉ်ကျီးကန်းကလည်း စုန်ယန်၏ အခြေအနေကို ကြည့်ရှုကာ ခေါင်းညိတ်နေသည်။
“ဝမ်စုစုမှာ ပါရမီရှိပေမဲ့ ဒီစုန်လေးက ပိုပြီး အထင်ကြီးစရာကောင်းတယ်။ တိုက်ခိုက်ရေးမန္တန်မှာ သူက သားရေနယ်တဲ့ပညာလောက် ပါရမီမပါပေမဲ့ ဂိုဏ်းအတွင်းမှာတော့ ပါရမီရှင်လို့ ခေါ်လို့ရသေးတယ်။ ဒါပေမဲ့...”
ဘာကြောင့်မှန်းမသိဘဲ ကျောက်သားအကြီးအကဲ၏ စိတ်ထဲ၌ မကောင်းသော အရိပ်အယောင်တစ်ခု လွှမ်းမိုးလာသည်။ သူသည် မြောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်မိသည်။
မြေခွေးမိစ္ဆာများနှင့် တိုက်ပွဲမှာ အမှန်စင်စစ် ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားခဲ့ပြီး ယခုအခါ မြေခွေးမိစ္ဆာများသည် တောင်တန်းများတစ်လျှောက် အနှံ့အပြား ရောက်ရှိနေပြီဖြစ်ကြောင်းကို ဂိုဏ်းအတွင်း လူအနည်းငယ်သာ သိရှိကြသည်။ သို့သော် သူသည် ဤအချက်ကို ထုတ်ဖော်မပြောရဲပေ။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကိုယ်တိုင်က သူ့ကို နှုတ်ပိတ်မိန့် ထုတ်ထားသောကြောင့်ပင်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဂိုဏ်းချုပ်၏ လူယုံဖြစ်သော ကုထျန်းယန်ပင်လျှင် ဤအချက်ကို မသိရှိခြင်းပင်။ ကုထျန်းယန် ဘာကို ကြံစည်နေသည်ကို သူ မသိရှိသကဲ့သို့ ပို၍ဆိုးသည်မှာ ဂိုဏ်းချုပ်ကြီး၏ စိတ်အတွင်း၌ မည်သည့်အရာများ ရှိနေသည်ကိုလည်း သူ လုံးဝ ခန့်မှန်း၍ မရနိုင်ခြင်းပင်။