← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း။ ၅၅

နွေဦးလေပြေသည် အနည်းဆုံးတော့ နေ့ခင်းဘက်တွင် နူးညံ့ပျော့ပျောင်းနေဆဲပင်။ ထူးကဲချီများ ကိန်းဝပ်နေသော ဤတောင်တန်းများတွင် ထူးဆန်းသော ပန်းမန်များနှင့် ဆေးဘက်ဝင်

အပင်များ ပေါက်ရောက်နေပြီး ချောက်ကမ်းပါးများနှင့် လမ်းကြားများအတိုင်း လျှောက်လှမ်းရင်း အသာအယာ အသက်ရှူလိုက်ရုံမျှဖြင့် လန်းဆန်းသော ရနံ့များမှာ နှလုံးသားထဲအထိ စိမ့်ဝင်သွားစေသည်။

စစ်ပွဲများ မဖြစ်ပွားမီက တောင်ပိုင်းဝါးတောင်ထိပ်မှ တပည့်များအတွက် ဂုဏ်ပြုမှတ်ရရှိနိုင်သော နည်းလမ်းနှစ်မျိုးသာ ရှိခဲ့သည်။ ၎င်းတို့မှာ အပြင်လောကသို့ ထွက်ခွာ၍ မိစ္ဆာသားရဲအရေခွံများ ရှာဖွေခြင်း သို့မဟုတ် ဂူဗိမာန်အတွင်း၌ သားရေနယ်ခြင်းတို့ပင်။ သို့သော် ယခုမူ နည်းလမ်းမှာ တစ်ခုတည်းသာ ကျန်ရှိပါတော့သည်။ ၎င်းမှာ သားရေနယ်ခြင်းပင်။

ဤသည်မှာ တကယ့်ကို ထူးဆန်းလှသည်။ စုန်ယန်ကမူ မူလက ကင်းလှည့်ခြင်းနှင့် ညကင်းစောင့်ခြင်းစသည့် တာဝန်များ ထပ်မံတိုးလာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။

အခုလိုအချိန်မျိုးတွင် ကင်းလှည့်ခြင်းနှင့် ညကင်းစောင့်ခြင်းမှာ အမှန်တကယ် လိုအပ်သောအရာများ ဖြစ်ကြောင်း သားရေနယ်အလုပ်ခန်း၌ သူသတ်ဖြတ်ခဲ့သော မြေခွေးမိစ္ဆာက သက်သေပြနေသည်။

ထို့ပြင် ဝိညာဉ်ရှာဖွေခြင်းပြုလုပ်ခဲ့သဖြင့် မြေခွေးမိစ္ဆာများ၏ ကျူးကျော်မှုအကြောင်းကို သူ ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။ လုဟိုင်ယီနှင့် ရှန်ကွမ်ကျန့်တို့ကဲ့သို့ တပည့်များ မသိရှိခြင်းမှာ တစ်ကြောင်းဖြစ်သော်လည်း ဂိုဏ်းတစ်ခုလုံးအနေဖြင့် ဤအကြောင်းကို အမှန်

တကယ် မသိဘဲ နေပါမလား။

သိနေတယ်ဆိုလည်း ဘာလို့ဘာမှမလုပ်ကြတာလဲ။

အကယ်၍ သူသည် ထူးကဲချီသန့်စင်ခြင်း ဒုတိယ သို့မဟုတ် တတိယအဆင့်၌သာ ရှိနေသေးပါက ဂိုဏ်းက စီစဉ်ထားသော်လည်း ငါမသိရှိခြင်း ဖြစ်နိုင်သည်ဟု တွေးတောမိနိုင်သည်။ သို့သော် သူသည် ယခုအခါ ထူးကဲချီသန့်စင်ခြင်း၏ အမြင့်ဆုံးအဆင့်ဖြစ်သော နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အာရုံခံစားမှုမှာ အလွန်ထက်မြက်လှသည်။ သူသည် ညပေါင်းများစွာ ကင်းပုန်းဝပ်ခဲ့သော်လည်း ဂိုဏ်း၏ အစီအမံဟူ၍ တစ်စုံတစ်ရာမျှ မမြင်တွေ့ခဲ့ရပေ။

နံနက်ခင်းတွင်မူ ဂူအမိုးပေါ်ရှိ ပုံသဏ္ဌာန်မမှန်သော ကျောက်စိမ်းပြတင်းပေါက်မှ နေရောင်ခြည်များ ကျရောက်လာပြီး ဝေဝေဝါးဝါး အလင်းကွက်လေးများကို ဖြစ်ပေါ်စေသည်။ သို့သော် ထိုအလင်းကွက်များသည် ဂူအတွင်းကို လင်းထိန်စေမည့်အစား ဂူထောင့်များကို ပိုမိုမှောင်မိုက်စေကာ ကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်နေသကဲ့သို့ပင်။

စုန်ယန်သည် မနက်ခင်းတွင် ဒိုင်းလွှားမန္တန်နှင့် ဓားမြောင်ပစ်နည်းများကို လေ့ကျင့်ပြီးနောက် သားရေနယ်ခန်းသို့ ရောက်ရှိလာခဲ့သည်။ သူသည် ကျွမ်းကျင်စွာဖြင့် ပုံကြမ်းများကို ရေးဆွဲနေရင်း ဂိုဏ်းသို့ ပြန်လည်ရောက်ရှိကတည်းက မြင်တွေ့ခဲ့ရသမျှကို ခွဲခြမ်းစိတ်ဖြာ စဉ်းစားနေမိသည်။ ဤကဲ့သို့ ပုံမှန်မဟုတ်သော အခြေအနေများက သူ့အား အကြောင်းပြချက်မရှိဘဲ စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။

ထိုအချိန်မှာပင် နေရောင်ခြည်များ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်ရသည်။ ပြတင်းပေါက်အထက်မှ တစ်ရှပ်ရှပ်မြည်သံများ ကြားလိုက်ရပြီး ဂူအတွင်းသို့ တိုးဝင်လာသော တောင်လေမှာလည်း အနည်းငယ် စိုစွတ်လာပါတော့သည်။ ၎င်းမှာ မိုးရွာသွန်းနေခြင်းပင်။

တောင်ပေါ်ရာသီဥတုမှာ မမြဲသဖြင့် ဤသည်မှာ ပုံမှန်ပင်။ မိုးစက်များသည် ကျောက်ဆောင်များ၊ လမ်းကလေးများနှင့် တောအုပ်များပေါ်သို့ ကျရောက်နေပြီး တစ်လောကလုံး၌ တညီတညွတ်တည်းသော အသံများ ထွက်ပေါ်နေသည်။

တောက်... တောက်...

မိုးကာထီးပေါ်သို့ မိုးစက်များကျသည့်အသံကို ဂူပေါက်ဝမှ ကြားလိုက်ရသည်။ စင်ကြယ်ကျော့ရှင်းလှသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦးသည် အနီရောင်ထီးကလေးကို ပြန်လည်သိမ်းဆည်းလိုက်သည်။ သူမသည် သူမ၏ ပန်းထိုးဖိနပ်ကလေးကို အသာအယာ ဆောင့်လိုက်ပြီးနောက် ခြေလှမ်းကျကျဖြင့် လျှောက်လှမ်းဝင်လာသည်။ သူမသည် ဒိုင်းလွှားများနှင့် ဓားများကို စားပွဲဘေး၌ ချထားလိုက်ပြီး ချိုသာသောအသံလေးဖြင့် ခေါ်လိုက်သည်။

“စီနီယာအစ်ကိုကြီးစုန်”

စုန်ယန် လှည့်ကြည့်လိုက်သောအခါ ဝမ်စုစု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ဝမ်စုစုသည် သူမ၏ အဝတ်အစားများကို လဲလှယ်ထားပြီး အလွန်စင်ကြယ်၍ လုံခြုံသော ပုံစံမျိုးကို ဝတ်ဆင်ထားသည်။ အကယ်၍ ဂျူနီယာညီမလေးဝမ်သည် မည်သို့သောသူမျိုး ဖြစ်သည်ကို စုန်ယန်သာ ကြိုတင်မသိရှိခဲ့ပါက သူမအား အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးဟု ဧကန်မလွဲ ထင်မှတ်မိပေလိမ့်မည်။

စုန်ယန်မှာ တကယ့်ကို စကားမဲ့သွားရသည်။ ဤမိစ္ဆာမလေးသည် သူမကိုယ်သူမ အပြစ်ကင်းစင်ဟန် ဆောင်နေတာလား။

သွေးသားဆူဖြိုးသော ဘယ်ယောကျ်ားက ဒီအလှကို ကြံ့ကြံ့ခံနိုင်မှာလဲ။

“ဝတ်စုံက လှသားပဲ”

သူက ချီးကျူးစကားပြောလိုက်သည်။

ဝမ်စုစုသည် စုန်ယန်အား မြှူဆွယ်ရန် ကြိုးစားခြင်းမှာ အပိုအလုပ်ဖြစ်မှန်း သိပုံရသဖြင့် ဆက်၍ မကျီစယ်တော့ပေ။ ထိုအစား လိမ္မာယဉ်ကျေးသော အိမ်တွင်းမှု အိမ်ရာမှုနိုင်သည့် မိန်းကလေးတစ်ဦးအလား သူ့မျက်နှာချင်းဆိုင်မှာ ထိုင်ကာ သားရေစအချို့ကို ထုတ်ပြီး သားရေနယ်ခြင်းအလုပ်ကို စတင်တော့သည်။

ခေတ္တကြာသော် သူမက ရုတ်တရက် ပြောလာသည်။

"စီနီယာအစ်ကိုကြီး တောင်ပိုင်းဝါးတောင်ထိပ်က သားရေနယ်ဆရာတွေ မွေးထုတ်တဲ့နေရာ သက်သက် ဖြစ်သွားတော့မယ့်ပုံပဲ။ ဒါပေမဲ့ ညီမလေးကတော့... သားရေနယ်ရတာ တကယ် ခက်ခဲတယ်လို့ ထင်မိတယ်"

ဤသို့ပြောရင်း သူမက သက်ပြင်းချကာ "ညီမလေးက အရမ်း အလွန်းနေတာလားဟင်" ဟု မေးလိုက်သည်။

စုန်ယန်က စကားမရှိဖြစ်သွားကာ "မင်း အိမ်က ခွေးလေးကို စကားပြောသလိုမျိုး ဒီမှာ လာမပြောစမ်းနဲ့" ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ဝမ်စုစု၏ ပုံကြမ်းများကို လှမ်းကြည့်လိုက်ရာ ပြဿနာကို ချက်ချင်းပင် မြင်သွားသည်။ ထို့ကြောင့် သူသည် ပုံကြမ်းများကို ယူကာ သူမအား ရိုးရိုးရှင်းရှင်းပင် လမ်းညွှန်ပြသပေးလိုက်သည်။

"ဒါက ဒီလို ဟိုဟာက ဟိုလို" ဟု ရှင်းပြပြီးနောက် ဝမ်စုစုမှာ ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး "ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီးစုန်" ဟု ရိုးသားစွာ ပြောရှာသည်။

...

...

ရက်အနည်းငယ် ကြာပြီးနောက်...

သားရေနယ် အလုပ်ခန်း...

ညဥ့်နက်ချိန်...

ချောမောသော အစေခံတစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ ခေါင်းပြူ၍ အပြင်သို့ ကြည့်လိုက်သည်။ တစ္ဆေဝိညာဉ်များက ဝိုင်းအုံဝင်ရောက်လာသော်လည်း ထိုအစေခံ၏ ပတ်ပတ်လည်တွင် ထူးဆန်းသော ထူးကဲချီအလွှာတစ်ခု ဖုံးလွှမ်းနေပြီး တစ္ဆေများကို ခုခံထားသည်။

ထိုအစေခံသည် လျင်မြန်စွာ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် အမည်းရောင် လက်ကြီးတစ်ဖက်က သူ့ကို ဖမ်းဆုပ်ကာ တင်းတင်းကြပ်ကြပ် ညှစ်လိုက်တော့သည်။

ခရက်….

ခုခံထားသော ထူးကဲချီအလွှာမှာ အက်ကြောင်းများ ပေါ်လာသော်လည်း လုံးဝ ပျက်စီးမသွားသေးပေ။ ထိုအမည်းရောင်လက်က ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရာ လက်သီးတစ်ပြင်လုံးမှာ နက်မှောင်သွားပြီး သိပ်သည်းလှသော မိစ္ဆာချီများအဖြစ် ပြောင်းလဲသွားသည်။

ဘုန်း...

ပေါက်ကွဲသံအနည်းငယ်နှင့်အတူ အစေခံ၏ ခုခံစွမ်းအားမှာ လုံးဝ ပျက်စီးသွားပြီး လည်ပင်းကျိုးကာ ခေါင်းမှာ လည်ထွက်သွားတော့သည်။

အနီးကပ်ကြည့်လိုက်သောအခါ ဤသည်မှာ ချောမောသော အစေခံတစ်ဦး၏ မျက်နှာမဟုတ်ဘဲ သွေးစွန်းနေသော မုတ်ဆိတ်မွေးများနှင့် သွားကြားထဲတွင် အသားစအချို့ ညှပ်နေသော ထူးဆန်းသည့် မြေခွေးခေါင်းတစ်ခု ဖြစ်နေသည်။ အခန်းအတွင်းမှာလည်း သားသတ်ရုံတစ်ခုကဲ့သို့ မသန့်ရှင်းသေးသော သွေးညှီနံ့များ ထွက်ပေါ်နေဆဲပင်။

ထိုအမှောင်ရိပ်သည် ကျွမ်းကျင်စွာပင် မြေခွေးမိစ္ဆာကို ဆွဲထုတ်သွားပြီး ဝိညာဉ်ရှာဖွေကာ သားရေခွာလိုက်သည်။ ထို့နောက် ဂူဗိမာန်သို့ ပြန်လာကာ ပုံပျက်နေသော အရိပ်ရုပ်သေးတစ်

ရုပ်အဖြစ် ဖန်တီးပြီး သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းလိုက်သည်။ စိတ်ထဲတွင်လည်း 'ဒီမြေခွေးမိစ္ဆာက အဆင့်မြင့်မိစ္ဆာသားရဲ အဆင့်ကို ရောက်နေပြီပဲ' ဟု တိတ်တဆိတ် တွေးတောနေမိသည်။

သူသည် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးဦး၏ ဘေးတွင် ကပ်လျက် လဲလျောင်းကာ အိပ်မက်ကမ္ဘာထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားတော့သည်။

...

...

နောက်တစ်နေ့တွင် ဂိုဏ်းအတွင်း၌ ထူးကဲဝိညာဉ်ဆေးလုံးအသေးများကို ခွဲဝေပေးသည်။ စုန်ယန်မှာ စီနီယာအစ်ကိုကြီးအနေဖြင့် တောင်ထိပ်သို့ သွားရောက်စောင့်ဆိုင်းသည်။ အရိပ်

ရုပ်သေး ကောင်းကင်သင်္ဘောရောက်လာသောအခါ သူသည် ဆေးလုံးများကို လက်ခံရယူပြီး ဂျူနီယာတပည့်များကို ဝေပေးရန် ပြင်ဆင်လိုက်သည်။

တောင်ထိပ်သခင်၏ ဂူဗိမာန်မှာ တောင်ထိပ်၏ အပေါ်ဆုံးတွင် ရှိသည်။ သို့သော် စုန်ယန်မှာ သတိပေးခံထားရသည် ဆရာကြီးရှီက ဆင့်ခေါ်ခြင်း မပြုပါက အကြောင်းမဲ့ အနားမကပ်ရန်ပင်။ သူသည် ထိုစည်းကမ်းကို တိကျစွာ လိုက်နာသည်။ ထို့ကြောင့် ဆရာကြီးရှီ၏ ဂူဗိမာန်ရှေ့မှ ဖြတ်သွားသော်လည်း အတွင်းသို့ မဝင်ပေ။ ထိုအခြင်းအရာကို မြင်သူအများက သူက နာမည်ခံတပည့် သက်သက်ပါပဲဟု ထင်ကြသည်။

ယနေ့ တောင်ပေါ်မှ ဆင်းလာစဉ်မှာပင် အဝေးမှနေ၍ သွေးဓားသမင်အရိပ်ရုပ်သေးကို စီးနင်းလာသော လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ ဆရာကြီးရှီ၏ မွေးစားသား ရှီဖုန်းပင်။

အဝေးမှ မြင်လိုက်ရသည်နှင့် ရှီဖုန်းက ပြုံးရွှင်စွာဖြင့် လက်သီးစုပ်ကာ ဂါရဝပြုလိုက်သည်။ စုန်ယန်ကလည်း ပြန်လည်အလေးပြုသော်လည်း ခြေလှမ်းကို မရပ်ဘဲ တောင်အောက်သို့ ဆက်လက်ဆင်းလာခဲ့သည်။

သူ အနည်းငယ် လျှောက်သွားပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ရာ စီနီယာအစ်ကို ရှီဖုန်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဆရာကြီးရှီ၏ ဂူဗိမာန်တံခါးကို ခေါက်နေသည်ကို တွေ့ရသည်။ တံခါးကြီးမှာ အသံကျယ်ကြီးမြည်ကာ ပွင့်သွားပြီး ရှီဖုန်း အထဲသို့ ဝင်သွားတော့သည်။

...

...

ရက်အနည်းငယ် ကြာပြီးနောက်...

နွေဦးမိုးများက ဝေဝေဝါးဝါး ရွာသွန်းနေသည်။

စုန်ယန်၊ ဝမ်စုစုနှင့် အခြားသူများသည် ဂူဗိမာန်အတွင်း သားရေနယ်နေကြစဉ် လူရိပ်တစ်ခု တံခါးဝ၌ ရုတ်တရက် ပေါ်လာသည်။

"စီနီယာအစ်ကို"

စုန်ယန်က ပထမဆုံး မော့ကြည့်ကာ မတ်တတ်ရပ်လိုက်သည်။

ကျန်သူများ လှမ်းကြည့်လိုက်သောအခါ အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အရိပ်ရုပ်သေးတောင်ထိပ်မှ အတွင်းစည်းတပည့်တစ်ဦးကို တွေ့လိုက်ရသည်။ ရိုးသားဖြောင့်မတ်သော မျက်နှာနှင့် အမြဲပြုံးနေတတ်သော ထိုသူမှာ ရှီဖုန်းမှတစ်ပါး အခြားသူမဟုတ်ပေ။ ထို့ကြောင့် တပည့်အားလုံး အပြေးအလွှား ထရပ်ကြသည်။

ရှီဖုန်းက ရယ်မောလျက် "သားရေနယ်ဆရာဆိုတာ ငါတို့ရုပ်သေးဂိုဏ်းအတွက် အရေးကြီးတဲ့ ပါရမီရှင်တွေပဲ။ မင်းတို့ တောင်ပိုင်းဝါးတောင်ထိပ်ကလူတွေဟာ အနာဂတ်ရဲ့ သားရေနယ်ဆရာတွေပဲပေါ့။ ငါလည်း... မကြာသေးခင်ကမှ ကျင့်စဉ်နဲ့ပတ်သက်ပြီး အမြင်သစ်အချို့ ရခဲ့လို့ ဆရာက ငါ့ကို မင်းတို့ဆီ လာကြည့်ခိုင်းလိုက်တာ။ ဘယ်သူပဲဖြစ်ဖြစ် မေးစရာရှိရင် မေးနိုင်တယ်" ဟု ပြောလိုက်သည်။

သို့သော် မည်သူမျှ မမေးရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဤအတွင်းစည်းတပည့်မှာ ဟန်ပြလာလုပ်ခြင်း ဟုတ်မဟုတ် မည်သူမျှ မသေချာသောကြောင့်ပင်။

ရှီဖုန်းမှာ စိတ်သဘောထား ရိုးသားသော်လည်း လူတိုင်း၏ စိုးရိမ်မှုကို နားလည်သည်။ ထို့ကြောင့် သူက ကိုယ်တိုင်ပင် အောက်သို့ဆင်းလာပြီး စုန်ယန်၏ဘေးသို့ အရင်သွားကာ စုန်ယန်၏ ပုံကြမ်းများကို ကြည့်လိုက်သည်။ ထို့နောက် မိစ္ဆာသားရဲအရေခွံကို ကိုင်ကြည့်ရင်း သက်ပြင်းချကာ "ညီလေးရဲ့ ပါရမီက တကယ်ကို မြင့်မားတာပဲ။ ငါ မင်းအရွယ်တုန်းက မင်းလောက် မတော်ခဲ့ဘူး ဟားဟား" ဟု ချီးကျူးလိုက်သည်။

စုန်ယန်က အမြန်ပင် "စီနီယာအစ်ကိုက ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီ" ဟု ပြောလိုက်သည်။

ရှီဖုန်းက ပြုံးပြီး "ဒါပေမဲ့ ဒီမှာ ပြဿနာလေး တစ်ခုရှိတယ်"

ရှီဖုန်း လက်ညှိုးထိုးပြသည့် နေရာမှာ သွေးဓားသမင်၏ မျက်လုံးနေရာ ဖြစ်နေသည်ကို စုန်ယန် တွေ့လိုက်ရသည်။ စုန်ယန်က ရှက်ပြုံးလေးပြကာ "သွေးဓားသမင်က အလယ်အလတ်အဆင့် မိစ္ဆာသားရဲဆိုတော့ ကျွန်တော်က ကိုယ့်အရည်အချင်းထက် ပိုမြင့်တာကို ကြိုးစားမိသွားပုံရတယ်" ဟု ပြောလိုက်သည်။

ရှီဖုန်းက "ဒီမျက်လုံးဆိုတာ အရိပ်ရုပ်သေးရဲ့ နတ်ဘုရားရုပ်သွင်ကိန်းအောင်းတဲ့နေရာပဲ။ ဒါကြောင့် မိစ္ဆာပုံဆွဲရင် သူငယ်အိမ်မထည့်နဲ့ သူငယ်အိမ်ထည့်လိုက်ရင် သက်တမ်းကုန်လိမ့်

မယ်ဆိုတဲ့စကားက ထိပ်တန်းသားရေနယ်ဆရာကြီးတွေအတွက် ချီးကျူးစကားပေါ့။ မျက်လုံးမပါရင် အရိပ်ရုပ်သေးက ဘယ်လောက်ကောင်းကောင်း အသက်မဝင်သလို ဝိညာဉ်ကိုလည်း ဆင့်ခေါ်လို့မရဘူး။ ကဲ... မင်းရဲ့ စီနီယာအစ်ကို ဘယ်လိုဆွဲသလဲဆိုတာ ကြည့်ထားဦး"

ထိုသို့ဆိုကာ ရှီဖုန်းသည် စုန်ယန်အား စိတ်ရင်းမှန်ဖြင့် အသေးစိတ် သင်ကြားပေးတော့သည်။ စုန်ယန်မှာ ရယ်ချင်စိတ် ဖြစ်မိသော်လည်း စီနီယာအစ်ကို ရှီဖုန်း၏ စေတနာကို ခံစားမိသဖြင့် အလေးအနက် သင်ယူပြပြီး ရုတ်တရက် အလင်းပွင့်သွားသည့် အမူအရာကို လုပ်ပြလိုက်သည်။

စုန်ယန်က စတင်သင်ယူသည်ကို မြင်သောအခါ အခြားတပည့်များကလည်း ရှီဖုန်းမှာ ဟန်ပြလာခြင်းမဟုတ်ကြောင်း နားလည်သွားပြီး မေးခွန်းများ စတင်မေးကြတော့သည်။ အမှန်စင်စစ် သားရေနယ်ဆရာဖြစ်ရသည်မှာ မဆိုးပေ။ ရှေ့တန်းထွက် တိုက်ခိုက်စရာ မလိုသောကြောင့်ပင်။

ဝမ်စုစုကလည်း အလွန်အလေးအနက်ထားကာ မေးခွန်းများ မေးသည်။ ရှီဖုန်းမှာ ဤမိစ္ဆာမလေး၏ သဘာဝအမှန်ကို မသိရှာဘဲ စိတ်ပါလက်ပါ သင်ပေးရှာသည်။ နောက်ဆုံးတွင် သူက "ညီမလေးက ရုပ်ရည်စင်ကြယ်သလို စိတ်နှလုံးလည်း စင်ကြယ်မှာပဲ။ စိတ်စင်ကြယ်တဲ့သူတွေက နတ်ဘုရားရုပ်သွင်ကို အာရုံခံနိုင်ဖို့ အလွယ်ဆုံးပဲ။ ဒါပေမဲ့... လောကရဲ့ ရက်စက်မှုတွေကို ပိုပြီး တွေ့ကြုံခံစားဖူးမှသာ အဲဒါတွေကို စုတ်ချက်ထဲမှာ ထည့်သွင်းနိုင်ပြီး နတ်ဘုရားရုပ်သွင်ကို ပိုပိုင်နိုင်မှာဖြစ်တယ်" ဟု ပြောလိုက်သည်။

ဝမ်စုစုက ချိုသာစွာ ကျေးဇူးတင်စကားဆိုပြီးနောက် မျက်နှာလေး အနည်းငယ်နီလျက် "လောကရဲ့ ရက်စက်မှုတွေကို ဘယ်လိုအာရုံခံနိုင်မလဲဟင်" ဟု မေးလိုက်သည်။

ရှီဖုန်းက အလေးအနက် စဉ်းစားပြီး "နောက်ရက်အနည်းငယ်အတွင်းမှာ စီနီယာအစ်ကိုက ဆွေ့ကျွယ်တောအုပ်မှာ မိစ္ဆာသားရဲတွေကို အနီးကပ် လေ့လာဖို့ အမဲလိုက်ခရီးစဉ်တစ်ခု စီစဉ်ထားတယ်။ ဒါက စမ်းသပ်မှုတစ်ခုပဲမို့ ပထမအသုတ်အနေနဲ့ နှစ်ယောက် သုံးယောက်ပဲ သွားမှာပါ။ ညီမလေး လိုက်ချင်သလား"

"လိုက်ပါ့မယ် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"

ဝမ်စုစုက တိုးတိုးလေး ဖြေကြားလိုက်သည်။

လုဟိုင်ယီက ချက်ချင်းပင် အပြေးအလွှား ရောက်လာပြီး ရှက်ကိုးရှက်ကန်းဖြင့် "စီနီယာအစ်ကို... ကျွန်တော်... ကျွန်တော်လည်း လိုက်လို့ရမလားဟင်" ဟု မေးလိုက်သည်။

ရှီဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး "မင်းက ယောက်ျားကြီးတန်မဲ့ ဘာလို့ ဒီလောက်တောင် မိန်းမဆန်နေရတာလဲ ဒီလိုပုံစံနဲ့ နတ်ဘုရားရုပ်သွင်ကို ဘယ်လိုလုပ် ပီပီပြင်ပြင် ဆွဲနိုင်မှာလဲ"

လုဟိုင်ယီ "..."

စုန်ယန် "..."

စုန်ယန်သည် စီနီယာအစ်ကို ရှီဖုန်းမှာ တကယ့်ကို ထူးခြားတဲ့ ပါရမီရှိသူဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူသည် အခြေခံအဆင့်တွေမှာ ရုန်းကန်ခဲ့ရသူ မဟုတ်မှန်း သိသာလှသည်။

အခြားတစ်ဖက်မှာတော့ ဝမ်စုစုက စီနီယာအစ်ကိုရှီတစ်လှည့် အစ်ကိုကြီးရှီတစ်လှည့်နှင့် ချွဲနွဲ့နေရာ ရှီဖုန်းမှာ သူမဘေးတွင် ထိုင်၍ပင် အသေအချာ သင်ကြားပေးနေတော့သည်။ အမှန်စင်စစ် ရှီဖုန်းသည် သူမတစ်ဦးတည်းကိုသာ သင်ပေးနေခြင်း မဟုတ်ဘဲ ဝိုင်းအုံနေသော အခြားတပည့်များ၏ မေးခွန်းများကိုလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးနေခဲ့ခြင်းပင်။

...

ရက်အနည်းငယ် ကြာပြီးနောက်...

ရှီဖုန်းသည် စုန်ယန်၊ ဝမ်စုစု၊ လုဟိုင်ယီ၊ ရှန်ကွမ်ကျန့်နှင့် အခြားသူများကို ဆွေ့ကျွယ်

တောအုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူတို့သည် မိစ္ဆာနယ်မြေ၏ အစွန်းအနားအထိပင် လှည့်လည်ခဲ့ကြသော်လည်း တစ္ဆေဝိညာဉ်များနှင့် မဆုံခဲ့ဘဲ အဆင့်နိမ့် မိစ္ဆာသားရဲအချို့နှင့်သာ တွေ့ခဲ့ရသည်။ ထိုခရီးစဉ်မှ သူတို့သုံးဦးမှာ အတွေ့အကြုံများစွာ ရရှိခဲ့ကြသည်။

...

...

ဆွေ့ကျွယ်တောအုပ် ခရီးစဉ်ပြီးကတည်းက ရှီဖုန်းသည် တောင်ပိုင်းဝါးတောင်ထိပ်သို့ မကြာခဏ လာရောက်လေ့ရှိသူ ဖြစ်လာသည်။ မူလက ထိုကဲ့သို့သော အတွင်းစည်းတပည့်များသည် အရိပ်ရုပ်သေးတောင်ထိပ်၏ ပင်မနေရာတွင်သာ နေထိုင်ကြရသူများ ဖြစ်ပါလျက်နှင့် သူက ဘာကြောင့် ဤတောင်ခြေသို့ ခဏခဏ လာနေရတာလဲ။

တစ်နေ့ ညနေခင်းတွင် ဝမ်စုစုက တိုးတိုးလေး ပြောပြသည်။

"ကြားရတာတော့ စီနီယာအစ်ကိုရှီမှာ သူ့မျိုးဆက်က ဆင်းသက်လာတဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိတယ်တဲ့။ ဒါပေမဲ့ သူက အကြာကြီး စဉ်းစားနေတာတောင် ဘယ်သူ့ကိုမှ လက်ဆင့်ကမ်းမပေးသေးဘူးလို့ ဆိုတယ်"

ဤသို့ပြောပြီးနောက် သူမက အသာအယာ သက်ပြင်းချလိုက်သည်။ သက်ပြင်းချရသည့် အကြောင်းရင်းမှာ ရှင်းသည်။ ယခင်က အရိပ်ရုပ်သေးတောင်ထိပ်တွင် လုဟုန်နှင့် ကုရူဖုန်းတို့ကဲ့သို့သော ပါရမီရှင် သားရေနယ်ဆရာ အများအပြား ရှိခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ထိုသို့သော ပါရမီရှင်များ ရှားပါးသွားခဲ့ပြီး သားရေနယ်ဆရာ အစစ်အမှန်များပင် မကျန်တော့သလောက် ဖြစ်နေသည်။ ဆရာကြီးရှီတွင် အခြားရွေးချယ်စရာ မရှိတော့သလို သူ၏ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်၍ သူ၏ ပညာရပ်များကို နီးစပ်ရာ ဆွေမျိုးများကိုသာ လက်ဆင့်ကမ်းရန် ရွေးချယ်ခဲ့ရခြင်းပင်။

စုန်ယန်က "ငါလည်း ကြားဖူးပါတယ် ဒါပေမဲ့ ဒီလိုကိစ္စမျိုးက အတင်းအကျပ် လုပ်လို့မရဘူးလေ..." ဟု ပြောလိုက်သည်။

ဝမ်စုစုက "ဟုတ်ပါရဲ့" ဟု ထောက်ခံခဲ့သော်လည်း နောက်တစ်နေ့တွင်မူ သူမသည် ရှီဖုန်းအပေါ် ပို၍ပင် ဖားယားကာ ယုယလာခဲ့တော့သည်။

...

...

သို့သော် စုန်ယန်မှာ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားနေရသည်။ ရှီဖုန်း၏ စကားဖြစ်သော "သူ့ကို ငါ အလောင်းပုံကြားထဲက ဆွဲထုတ်လာတာ။ သူ့အသက်က ငါ့အသက်ပဲ မင်း သူ့ကို သွားပြီး မိတ်ဖွဲ့နေစရာ မလိုဘူး" ဆိုသည့် စကားကို ပြန်စဉ်းစားကြည့်လျှင် ပို၍ပင် ထူးဆန်းနေသည်။

စုန်ယန်သည် ရှီဖုန်း၏ စရိုက်ကို ယခုအခါ ကောင်းကောင်း နားလည်နေပြီဖြစ်သည်။ အဆင့်အတန်း တက်ချင်သော လောဘသားများအတွက်မူ သူသည် အသုံးချခံ နယ်ရုပ်ကောင်းတစ်ရုပ်သာ ဖြစ်သည်။ သို့သော် ဤသည်မှာ ရှီဖုန်း၏ အစီအစဉ်သာ ဖြစ်နေပါက သူ ဘာပြောနိုင်မှာလဲ။

စေတနာဆိုသည်မှာ ဓားတစ်စင်းကဲ့သို့ပင်။ အကယ်၍ ၎င်းကို ထိုးထုတ်ရန် ကံပါလာခဲ့လျှင် သွေးထွက်သံယို ဖြစ်ရပေမည်။ သို့သော် ထိုဓားမှာ ရည်ရွယ်ထားသော ပစ်မှတ်ဆီသို့ မရောက်ဘဲ လွဲချော်သွားခဲ့လျှင်မူ... တစ်စုံတစ်ယောက်ကတော့ ခံရပေတော့မည်။

စုန်ယန်သည် ရှီဖုန်းအား ထိုကဲ့သို့ အဖြစ်မခံလိုပေ။ သူတို့ ခဏခဏ မဆုံဖြစ်သလို ဆုံလျှင်

လည်း စကားသိပ်မပြောဖြစ်ကြသော်လည်း "ငါ မင်းရဲ့ စေတနာကို သိတယ်။ မင်းလည်း ငါ့ရည်ရွယ်ချက်ကို နားလည်တယ်" ဆိုသည့် စကားကို သူ အမှတ်ရနေဆဲပင်။

တကယ့် မိတ်ဆွေစစ်၊ ဆရာကောင်း သူငယ်ချင်းကောင်းကို ရှာတွေ့ရန် ခဲယဉ်းလှသည်။ သူသည် ဆရာကြီးရှီအား သူ၏ ဘဝနေဝင်ချိန်ကို အေးချမ်းစွာ ကုန်ဆုံးစေချင်မိသည်။

အခန်း။ ၅၆

နွေဦးရာသီ၏ အပူရှိန်သည် တဖြည်းဖြည်း တိုးလာနေသည်။ တောင်ပိုင်းဝါးတောင်ထိပ်တွင်မူ မြက်ခင်းစိမ်းများက စိမ်းလန်းစိုပြည်နေပြီး လေအဝေ့တွင် တစ်ဖက်သတ် တညီတညွတ်တည်း ယိမ်းနွဲ့နေကြသည်...

အစိမ်းရောင်ဝတ်စုံနှင့် လှပသောအမျိုးသမီးတစ်ဦးသည် ဝှီးချဲကို ချောက်ကမ်းပါးစွန်းအထိ တွန်းလာခဲ့သည်။ လေပြေထဲတွင် သူမ၏ စကတ်စများ တဖျတ်ဖျတ် လွင့်နေစဉ် ရိုးသားသော တပည့်ဖြစ်သူ ထွက်ခွာသွားသည်ကို သူမ လှမ်းကြည့်နေမိသည်။

လွန်ခဲ့သော ခဏလေးကတင် ထိုတပည့်သည် သူမကို ဆရာကတော်ဟု စိတ်ရင်းမှန်ဖြင့် ခေါ်ခဲ့သေးသည်။ သို့သော် ဆရာကတော်ဟူသော စကားလုံးမှာ သူမ၏နားထဲတွင် အလွန်ပင် ကသိကအောက် ဖြစ်စေကာ နာကျင်မှု၊ ကြောက်ရွံ့မှုနှင့်အတူ သူမကိုယ်သူမ ပြည့်တန်ဆာတစ်ဦးကဲ့သို့ ခံစားနေရစေသည်...

"ဟွားယီ..."

အဖိုးအိုက တိုးတိုးလေး ခေါ်လိုက်သည်။

"ရှီလန်"

ပိဟွားယီက ထိတ်လန့်တကြားနှင့် အလျင်အမြန် ပြန်ထူးလိုက်သည်။

အဖိုးအိုက သာသာယာယာ ရယ်မောလိုက်ပြီး "ဖုန်းလေးနဲ့ ပတ်သက်တဲ့ ကိစ္စအတွက် ငါ မင်းကို တကယ်ပဲ အပြစ်မတင်ပါဘူး။ အကယ်၍ မင်းသာ လူငယ်လေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ရင် ငါကိုယ်တိုင်တောင် ကူညီပေးမယ်လို့ မင်းကို အရင်ကတည်းက ပြောခဲ့သားပဲ..."

"ရှီလန်... ကျွန်မ မှားပါတယ် မှားပါပြီ"

ပိဟွားယီသည် ကြောက်လန့်တကြားဖြင့် ချက်ချင်း ဒူးထောက်လိုက်ပြီး အဖိုးအို၏ ခြေထောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတော့သည်။

ကျောက်သားအကြီးအကဲက သက်ပြင်းအသာချကာ "မင်းရဲ့ နတ်ဘုရားဝိညာဉ်က အခု အရမ်းအားနည်းနေပြီ။ ဒါပေမဲ့ မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါပြောတာတွေက အမှန်တရားတွေပါ။ ဒါပေမဲ့... မင်းနဲ့ ဖုန်းလေးက ငါ့ကို အဆိပ်ခတ်လိမ့်မယ်လို့တော့ ငါ တကယ် မထင်ထားခဲ့ဘူး။ အကယ်၍ ဒါကို ကြိုသိခဲ့ရင်... ငါ ဖုန်းလေးနဲ့ ကောင်းကောင်းမွန်မွန် စကားပြောဖြစ်ခဲ့မှာပါ"

သူသည် အဝေးတစ်နေရာကို ငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

"ငါက ဆင်းရဲဒုက္ခတွေကြားက လာခဲ့ရတာဆိုတာ မင်းသိပါတယ်။ ဒါကြောင့် ငါ့ရဲ့ အမွေအနှစ်ကို ငါ အရမ်းတန်ဖိုးထားတယ်။ သဘာဝကျကျပဲ... ငါ အသေအချာ ရွေးချယ်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ... ငါ့ရဲ့ အဖိုးတန်ဆုံးအရာ ဖြစ်နေလို့ပဲ"

"နှမြောစရာကောင်းတာကတော့..."

သူသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း နာကျင်သော အမူအရာ ပြလိုက်သည်။

ပိဟွားယီက ဘာမှ ပြန်မပြောသလို တုံ့ပြန်မှုလည်း မရှိပေ။

ကျောက်သားအကြီးအကဲသည် သူမ၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။

"မင်းလို ဇနီးငယ်လေးတစ်ယောက်အတွက် ငါ အများကြီး ပေးဆပ်ဖို့ အကြွေးတင်နေပါတယ်။ မင်း အဆင်ပြေမှာပါ ဘာမှ မဖြစ်စေရဘူး။ ငါ မရှိတော့တဲ့အခါ မင်းရဲ့ ကြောက်ရွံ့မှုတွေ လျော့ပါးသွားမှာဖြစ်သလို ဘဝသစ်ကိုလည်း စတင်နိုင်မှာပါ။ သိပ်မကြာတော့ပါဘူး"

သူသည် အဆုံးသတ်ကို ကြိုတင်မြင်တွေ့နေရသည့်အလား အဝေးသို့ လှမ်းကြည့်နေသည်။

သူသည် ရှီဖုန်းအား ပုံသဏ္ဌာန်တစ်ရာ နတ်ဘုရားထိန်းချုပ်မှုကျင့်စဉ်၏ အစိတ်အပိုင်းတစ်ခုကို သင်ကြားပေးခဲ့သည်။ ဆယ်ပုံပုံလျှင် ကိုးပုံက အစစ်အမှန်ဖြစ်ပြီး ကျန်တစ်ပုံမှာ မပြည့်စုံသော အစိတ်အပိုင်း ဖြစ်သည်။

သူ မသေဆုံးမီမှာ ရှီဖုန်းကို ဂိုဏ်းကနေ ထွက်ခွာခိုင်းရလိမ့်မည်။ ရှီဖုန်းက အလွန်လိမ္မာသူဖြစ်ရာ သူပြောသမျှကို ရှီဖုန်း လုပ်ဆောင်ပါလိမ့်မည်။ အထူးသဖြင့် ဤသည်မှာ သူ၏ နောက်ဆုံးဆန္ဒ ဖြစ်နေသောကြောင့်ပင်။

ကုထျန်းယန်က စိတ်ကျဉ်းမြောင်းပြီး အမြော်အမြင် မရှိသူဖြစ်သည်။ သူ၏ မြေးဖြစ်သူ သေဆုံးမှုအတွက် ကုရူဖုန်းက သေချာပေါက် မေ့ပျောက်လိမ့်မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူသည် သူ့ဆီကို လာလိမ့်မည်။ သို့သော် သူကတော့ သေချာပေါက် သေဆုံးနေပြီးသား ဖြစ်လိမ့်မည်။

ထိုအခါ သူသည် ရှီဖုန်းကို သေချာပေါက် လိုက်ရှာပေလိမ့်မည်။ ရှီဖုန်းသည်လည်း သူ့လက်ထဲသို့ မလွဲမသွေ ရောက်သွားပေလိမ့်မည်။

ထိုအခါ... မပြည့်စုံသော ပုံသဏ္ဌာန်တစ်ရာ နတ်ဘုရားထိန်းချုပ်မှုကျင့်စဉ်ကို နှိပ်စက်ညှဉ်းပန်းပြီး အတင်းအကျပ် ရယူပေလိမ့်မည်။

ထိုဖြစ်ရပ်များအပြီးတွင် ကုထျန်းယန်သည် ဝိညာဉ်ရှာဖွေခြင်းကို သေချာပေါက် ပြုလုပ်ပေလိမ့်မည်။ သူသည် ရှီဖုန်း၏ မှတ်ဉာဏ်များကို ဆွဲထုတ်ကာ ရှီဖုန်းသည် အမွေအနှစ်ကို ဆက်ခံရရှိထားသူဖြစ်ကြောင်း တွေ့ရှိသွားပေလိမ့်မည်။ အကြောင်းမှာ ဆရာကြီးရှီသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် မိမိဆွေမျိုးကိုသာ အမွေပေးခဲ့ရသည်ဟူသော အချက်မှာ ခိုင်လုံသော အကြောင်းပြချက် ဖြစ်နေသောကြောင့်ပင်။

ဤနည်းဖြင့် အမွေအနှစ်ကိစ္စမှာ ပြီးဆုံးသွားပြီဟု မှတ်ယူရပေမည်။ ကုထျန်းယန်သည် မည်မျှပင် ရူးသွပ်ပါစေ သူနှင့် နီးစပ်သူတိုင်းကို ဝိညာဉ်ရှာဖွေခြင်း မပြုရဲပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းက အရိပ်ရုပ်ဆေးတောင်ထိပ်၏ မျိုးဆက်တစ်ခုလုံးကို ဖျက်ဆီးပစ်သလို ဖြစ်သွားနိုင်သောကြောင့်ပင်။

...

တစ်လခန့် ကြာပြီးနောက်...

နွေရာသီ၏ အပူဆုံးအချိန် ဆည်းဆာချိန်တွင်...

သားရေနယ်အလုပ်ခန်းရှိ အစေခံများကြားတွင် အသစ်ရောက်လာသော အလွန်လှပသည့် အမျိုးသမီးလေးတစ်ဦးက လူအများ၏ အာရုံစိုက်မှုကို ခံနေရသည်။ အမျိုးသားသီးသန့် အဆောင်တွင် နေထိုင်ရသော အစေခံများသည် သူတို့၏ လူနေမှုဘဝကို မြှင့်တင်ရန်အတွက် ထိုအမျိုးသမီးလေးနှင့် လက်တွဲဖော်ဖြစ်ရန် အပြိုင်အဆိုင် ကြိုးစားကြသည်။

ထိုအလှလေးသည် ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်ပြီးနောက် အမျိုးသားတစ်ဦးကို ရွေးချယ်လိုက်သည်။ ခေတ္တမျှ အတူထိုင်ပြီးနောက် ထိုအမျိုးသားက သူမကို လမ်းလျှောက်ထွက်ရန် အဆိုပြုကာ သားရေနယ်အလုပ်ခန်း၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားတော့သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် နောက်ဖေးတောင်တန်းတစ်လျှောက် လမ်းလျှောက်လာကြသည်။ အစေခံများ၏ နေထိုင်ရာနေရာမှာ မိစ္ဆာနယ်မြေ၏ အစွန်းတွင် တည်ရှိပြီး နေ့ခင်းဘက်တွင်ပင် တစ္ဆေဝိညာဉ်များနှင့် ဆုံတွေ့နိုင်သဖြင့် ပုံမှန်အားဖြင့် မည်သူမျှ ထိုနေရာသို့ မလာရဲကြပေ။

သို့သော် ထိုအလှလေးကမူ သူမ၏ လက်ချောင်းလေးများဖြင့် ကလူကျီစယ်ကာ စွဲမက်ဖွယ်ကောင်းသော အပြုံးများဖြင့် မြှူဆွယ်နေသည်။ ထိုအမျိုးသားမှာလည်း မိန်းမောတွေဝေလျက် သူမနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

သူတို့နှစ်ဦး စကားတပြောပြော ရယ်မောလာစဉ်မှာပင် မိုးသည်းထန်စွာ ရွာချလိုက်တော့သည်။

အလှလေးက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ အမျိုးသားကလည်း အလျင်အမြန်ပင် သူ၏အဝတ်များကို ချွတ်ကာ သူမ၏ခေါင်းပေါ်တွင် မိုးကာထီးအလား မိုးပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် အဝတ်ထီးအောက်တွင် ခိုလှုံရင်း မိုးခိုရန်အတွက် နောက်ဖေးတောင်ရှိ ဂူငယ်လေးတစ်ခုအတွင်းသို့ ပြေးဝင်ခဲ့ကြသည်။

"ဒုက္ခပဲ... မကြာခင် မှောင်တော့မယ်"

ထိုအမျိုးသားက ရုတ်တရက် သတိရကာ ပြောလိုက်သည်။

အလှလေးက "မှောင်သွားရင် ဘာဖြစ်လို့လဲ" ဟု ပြန်မေးသည်။

"မြူတွေ...မြူတွေ ထွက်လာလိမ့်မယ်"

အမျိုးသားက အလျင်အမြန် ထရပ်လိုက်ပြီး "ငါတို့တွေ အမြန်ပြန်မှ ဖြစ်မယ်" ဟု ပြောလိုက်သည်။

အလှလေးက သူ့ကို ဆွဲထားပြီး "ကျွန်မ အဝတ်တွေ အကုန်စိုကုန်ပြီ။ ဒါတွေကို ချွတ်ဖို့ ကူညီပေးပါလားဟင်" ဟု တိုးတိုးလေး ပြောလိုက်သည်။

ထိုအမျိုးသား လှမ်းကြည့်လိုက်သောအခါ စိုစွတ်နေသော အဝတ်များမှာ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေပေါ်တွင် ကပ်နေသည်ကို တွေ့ရသည်။ အစိမ်းရောင်အရွက်များကြားမှ အနီရောင်ပန်းပွင့်လေးများအလား သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်မှာ ပေါ်လွင်နေတော့သည်။

အလှလေးသည် ညည်းတွားသံလေးပြုကာ ထိုအမျိုးသား၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူမသည် အံကြိတ်ကာ ကိုက်ရန် ပြင်လိုက်စဉ်မှာပင် ထိုအမျိုးသား၏ ရယ်မောသံကို ကြားလိုက်ရသည်။

"မင်း အခုထိ သဘောမပေါက်သေးဘူးလား"

အလှလေးမှာ အံ့အားသင့်သွားပြီး "ဘာကိုလဲ"

နောက်တစ်စက္ကန့်တွင် ထိုအမျိုးသားက သူမကို ဖက်လိုက်သည်ကို ခံလိုက်ရသည်။ ထိုခံစားချက်မှာ ကြီးမားသော သံတံခါးကြီးနှစ်ချပ်ကြားတွင် ညှပ်မိသွားပြီး အသားဖတ်များအဖြစ် ကြိတ်ခြေခံလိုက်ရသလိုပင်။

ဂျွတ်...

ဘုန်း

ထိုအလှလေးမှာ ချက်ချင်းပင် ပြားချပ်သွားပြီး အရိုးစုတစ်ခုလုံး ကြေမွသွားတော့သည်။ သူမ မြေပေါ်သို့ လဲကျသွားချိန်တွင်မူ ခြောက်ကပ်နေသော မြေခွေးမိစ္ဆာတစ်ကောင်သာ ဖြစ်နေတော့သည်။

ထိုအမျိုးသားသည် ယိမ်းထိုးလျက် ရပ်နေပြီး သူ၏ ပုံသဏ္ဌာန်မှာ လူသားတစ်ဦးနှင့် လုံးဝ မတူတော့ပေ။

ထိုသတ္တဝါမှာ ထူးဆန်းပြီး ကြီးမားလွန်းသော မြေခွေးမိစ္ဆာကြီး တစ်ကောင်ဖြစ်နေသည်။ တစ်ကိုယ်လုံးတွင် ပုံမှန်မဟုတ်သော အဖုအထစ်များ ထွက်ပေါ်နေပြီး ရေထဲတွင် စိမ်ထားသော ဧရာမ မြေခွေးသေကြီးတစ်ကောင်နှင့်ပင် တူလှသည်။

"ဟူး…"

အသာအယာ သက်ပြင်းချလိုက်သည်နှင့် ထိုမိစ္ဆာကြီး၏ ပါးစပ်ထဲမှ အရိပ်ရုပ်သေး နှစ်ရုပ်မှာ ဝဲပျံထွက်လာသည်။ ၎င်းတို့မှာ ပုံပျက် အမြီးတစ်ချောင်းပါ မြေခွေးခိုးရောင် အရိပ်ရုပ်သေးနှစ်ရုပ်ဖြစ်ပြီး စုန်ယန်၏ လက်တစ်ချက်ဝှေ့ယမ်းမှုတွင် သိုလှောင်အိတ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

ထို့နောက်တွင် ထိုမိစ္ဆာကြီးသည် ရိုးရိုးရှင်းရှင်းနှင့် ထူးခြားမှုမရှိသော အမျိုးသားတစ်ဦးအဖြစ် ချက်ချင်း ပြန်လည်ပြောင်းလဲသွားသည်။

ဤသူမှာ စုန်ယန်မှတစ်ပါး အခြားမည်သူမှ မဖြစ်နိုင်ပေ။

ယနေ့တွင် သူ၏ကံမှာ အလွန်ကောင်းနေသည်။ အဝေးမှ အစေခံအသစ်အသုတ်ကို လှမ်းမြင်

လိုက်စဉ် လမ်းဘေးတွင် ခေတ္တနားနေခိုက် အမျိုးသမီးတစ်ဦးကို မြေခွေးမိစ္ဆာက လဲလှယ်

ဖမ်းဆီးလိုက်သည်ကို သူ သတိပြုမိသွားသည်။ ထို့ကြောင့် သူ၏ ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာကို စမ်းသပ်ရန် စိတ်ကူးရသွားခြင်းပင်။

ထို့ကြောင့် သူသည် မြေခွေးမိစ္ဆာ အရိပ်ရုပ်သေး နှစ်ရုပ်ကို မျိုချလိုက်ခြင်းပင်။ အရိပ်ရုပ်သေး တစ်ရုပ်၏ အစွမ်းမှာ ၎င်း၏ မူလမိစ္ဆာသားရဲ အသက်ရှင်စဉ်က အစွမ်းကို ဆက်ခံရုံတင်မကဘဲ ကျော်လွန်သွားနိုင်ခြင်းပေါ်တွင် မူတည်သည်။

သို့သော်လည်း သားရေနယ်ဆရာ အများစုအတွက် ကျော်လွန်သွားခြင်းဆိုသည်မှာ မဖြစ်နိုင်သလောက် ခက်ခဲသော ကိစ္စဖြစ်သည်။ မိစ္ဆာသားရဲ၏ မူလအစွမ်းကို မီအောင်ဖန်တီးနိုင်လျှင်ပင် အလွန်အထင်ကြီးစရာ ကောင်းနေပြီဖြစ်သည်။

သို့သော် အရေခွံပန်းချီ ထူးဆန်းဝိညာဉ်ကျင့်စဉ်ကို ပိုင်နိုင်ထားသော စုန်ယန်အတွက်မူ ထိုအချက်မှာ မသက်ဆိုင်ပေ။

ပုံပျက် မြေခွေးခိုးရောင် အရိပ်ရုပ်သေးနှစ်ရုပ်ကို မျိုချလိုက်ခြင်းဖြင့် စုန်ယန်သည် သူ၏ ကိုယ်ပိုင်အစွမ်းအပြင် ထိုမြေခွေးမိစ္ဆာ နှစ်ကောင်၏ ခွန်အားနှင့် နည်းပညာအချို့ကိုပါ ထပ်ဆောင်းဆက်ခံရရှိသွားခြင်းပင်။ အခြားမြေခွေးမိစ္ဆာတစ်ကောင်၏ ရှေ့တွင် မြေခွေးမိစ္ဆာများ အလွန်ဂုဏ်ယူကြသော မျက်လှည့်လှည့်စားခြင်းကို သူ စမ်းသပ်ကြည့်ရာ ထိုမြေခွေးမိစ္ဆာမှာ တကယ်ပင် လှည့်စားခံလိုက်ရသည်။

ယခုအချိန်တွင် သူ၏စိတ်အခြေအနေမှာ အလွန်ကြည်လင်နေသည်။ သူသည် ကျွမ်းကျင်စွာပင် ထိုမြေခွေးကို အရေခွာကာ နေရာမှ အမြန်ထွက်ခွာပြီး သူ၏ဂူဗိမာန်သို့ ပြန်လာခဲ့သည်။

ဖူမိသားစုမှ အမျိုးသမီးနှစ်ဦးမှာ သိုင်းပညာလေ့ကျင့်နေကြသည်။ ဖူဟုန်းမိန်မှာ အခက်အခဲအချို့နှင့် ကြုံတွေ့နေရပုံရပြီး တစ်စုံတစ်ခုမေးရန် ပြင်လိုက်စဉ်မှာပင် မိဖုရားကြီးက "သူ့ကို သွားမမေးနဲ့ သူက ဘာသိမှာလဲ" ဟု ဖြတ်ပြောလိုက်သည်။

စုန်ယန်က "မင်းတို့ ဘာလို့ ဒီလောက် အလေးအနက် လေ့ကျင့်နေရတာလဲ" ဟု မေးလိုက်သည်။

ဖူဟုန်းမိန်က "စုန်ယန်... ဒီက သိုင်းပညာတွေက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ ရှင်က မလေ့ကျင့်တော့ နားလည်မှာ မဟုတ်ပါဘူး... ဒါက ကျွန်မတို့အတွက်တော့ အခွင့်အရေးကြီးတစ်ခုပဲ" ဟု ပြန်ဖြေသည်။

စုန်ယန်က "မင်းတို့ ဒီနေရာကနေ ထွက်သွားနိုင်မယ့်အတိုင်း ပြောနေတာပဲ" ဟု ခနဲ့လိုက်သည်။

မိဖုရားကြီးက ခါးထောက်လျက် "ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ" ဟု ငေါက်လိုက်တော့သည်။

ဖူဟုန်းမိန်က ဒေါသထွက်နေသော မိဖုရားကြီးကို ဆွဲလိုက်ပြီး "စုန်ယန်... ရှင်က လူကောင်းတစ်ယောက်ဆိုတာ ကျွန်မတို့ သိပါတယ်... မဟုတ်ရင် ကျွန်မတို့နဲ့ မိဖုရားကြီးဟာ ဒီလောက်အကြာကြီး အာဟာရပြည့်ပြည့်စုံစုံနဲ့ သိုင်းပညာလေ့ကျင့်ဖို့ အင်အားတွေ ရှိနေမှာ မဟုတ်ဘူး။ အဲဒါတင်မကဘူး။ မကြာသေးခင်က ကျွန်မတို့ရဲ့ သိုင်းပညာတိုးတက်မှုကလည်း မယုံနိုင်လောက်အောင် မြန်နေတယ်" ဟု ချိုသာစွာ ပြောလိုက်သည်။

စုန်ယန်က "မင်းတို့ လူအကဲခတ် မှားနေတာပဲ" ဟု ပြန်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် သမ်းဝေကာ ဂူအတွင်းသို့ ပြန်ဝင်သွားသည်။ သူသည် အိပ်ရာပေါ်တွင် လဲလျောင်းရင်း မြေခွေးကို လှည့်စားခဲ့ပုံအသေးစိတ်နှင့် ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာကို အသုံးချပုံများကို ပြန်လည်စဉ်းစားနေမိသည်။

...

ဂြိမ်း... ဂြိမ်း...

တောင်တန်းများကြားတွင် မိုးခြိမ်းသံများ ဟိန်းထွက်နေပြီး၊ မြွေတစ်ကောင်အလား လျှပ်စီးတန်းကြီးက ကောင်းကင်ယံမှ ဆင်းသက်လာကာ အရာအားလုံးကို ဖြူဖွေးသွားစေသည်။

အရိပ်ရုပ်သေးတောင်ထိပ်၏ ပင်မတောင်ထိပ်ပေါ်တွင် ကုထျန်းယန်၏ မျက်နှာမှာ မရေမရာ ဖြစ်နေသည်။ သူ၏ နားထဲတွင် ထိုအမျိုးသမီး၏ အော်ဟစ်ငိုယိုသံများ ပဲ့တင်ထပ်နေဆဲပင်။

"ဖုန်းလေးက အကြောင်းမဲ့ သေသွားတာ မဟုတ်ဘူး။ တစ်ယောက်ယောက်က သူ့ကို သတ်လိုက်တာ ရှင်ပြောတော့ သူက အမွေအနှစ်အတွက် ပြိုင်ဆိုင်နေတာဆို။ အဲဒီအဖိုးကြီးက သူ့ကို အမွေလည်း မပေးဘူး ဖုန်းလေးက သူ့ကို သတ်မယ့်ကိစ္စကိုလည်း ရှင်က ခွင့်မပြုခဲ့ဘူး"

"ဒါဆိုရင်တော့... ဖုန်းလေးသေတာဟာ သေချာပေါက် အဲဒီအဖိုးကြီးနဲ့ ပတ်သက်နေရမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကြားလိုက်ရတာကတော့ အဲဒီလူယုတ်မာကြီးဟာ သူ့ရဲ့ အမွေအနှစ်တွေကို သူ့မွေးစားသား ရှီဖုန်း ဆီကိုလွှဲပေးလိုက်ပြီတဲ့။ ဖုန်းလေးသေတာဟာ ရှီဖုန်းနဲ့လည်း သေချာပေါက် ပတ်သက်နေမှာပဲ"

"နေဦးလေ..."

"ဘာကို စောင့်ရမှာလဲ သူတို့ ဖုန်းလေးကို သတ်တုန်းကရော စောင့်ခဲ့ကြလို့လား။ ရှင်က ကြောက်နေတာ ရှင်က အခြေအနေအရပ်ရပ်ကို ထည့်တွက်နေတာ။ ဒါပေမဲ့ ရှင့်ရဲ့ တစ်ဦးတည်းသော သွေးသားကိုတော့ ပစ်ထားတယ် ရှင်ဟာ မျိုးဆက်ပြတ်တော့မယ်ဆိုတာ သိရဲ့လား ကုထျန်းယန်... ရှင်ဟာ သူရဲဘောကြောင်တဲ့သူပဲ"

ထိုအသံများသည် ကုထျန်းယန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့ပြီး တံခါးအပြင်ဘက်မှ အသံကြားလိုက်ရသည့် အချိန်တွင်မှ ရပ်တန့်သွားသည်။

"တောင်ထိပ်သခင်... ရှီဖုန်း ရောက်နေပါပြီ"

ထိုအခါမှ ကုထျန်းယန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး အဝေးတစ်နေရာသို့ ရူးသွပ်စွာ စိုက်ကြည့်လျက် "သူ့ကို အထဲဝင်ခိုင်းလိုက်" ဟု အေးစက်စွာ ပြောလိုက်သည်။

...

...

ခေတ္တအကြာတွင်...

အသိစိတ် လုံးဝလွတ်သွားပြီး ပါးစပ်မှ တံတွေးများယိုကျနေသော ရှီဖုန်းသည် ကြမ်းပြင်ပေါ်တွင် ခွေခေါက်လဲကျနေသည်။ ကုထျန်းယန်က မတ်တတ်ရပ်ကာ သက်ပြင်းချလျက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"သူက ဖုန်းလေးသေတဲ့အကြောင်းကို တကယ်ပဲ မသိတာလား အမွေအနှစ်ကိစ္စနဲ့ တကယ်ပဲ မပတ်သက်တာလား"

"ဒါဆိုရင် ဖုန်းလေးကို သတ်လိုက်တာက တကယ်ပဲ တစ္ဆေကျင့်ကြံသူတွေလား ဒါမှမဟုတ် အဲဒီကောက်ကျစ်တဲ့ မြေခွေးမိစ္ဆာတွေက ငါတို့နဲ့ တစ္ဆေကျင့်ကြံသူတွေကြား ရန်တိုက်ပေးဖို့အတွက် ဖုန်းလေးကို သတ်ပြီး တစ္ဆေကျင့်ကြံသူတွေ လုပ်သယောင် ဖန်တီးခဲ့တာလား"

"ဖုန်းလေးက ကျောက်သားအကြီးအကဲကို လုပ်ကြံဖို့ ကြိုးစားနေတုန်းမှာမှ သူက သေသွားရတယ်ဆိုတာ... တကယ်ပဲ ဒီလောက်အထိ တိုက်ဆိုင်နေရတာလား"

"ကျောက်သားအကြီးအကဲ... အဲဒီအဖိုးကြီးပဲ ကျန်တော့တယ် သူ့ရဲ့ ဝိညာဉ်ကိုသာ ရှာဖွေကြည့်လိုက်ရင် အမှန်တရားကို သေချာပေါက် သိရမှာပဲ"

ကုထျန်းယန်၏ မျက်နှာပေးမှာ ပို၍ပို၍ အေးစက်လာသည်။ သူက ရုတ်တရက် လက်ခုပ်တီးလိုက်ရာ တပည့်တစ်ဦး ဝင်လာခဲ့သည်။ ထိုတပည့်မှာ ကြမ်းပြင်ပေါ်တွင် လဲနေသော ရှီဖုန်းကို မြင်လိုက်ရသည်နှင့် ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ရှီဖုန်းဆိုသည်မှာ ဆရာကြီးရှီ၏ အမွေခံသူ... ဒါဟာ... ဒါဟာ...

"သူ့ကို ခေါ်ထုတ်သွားလိုက်"

ကုထျန်းယန်က အေးစက်စွာ အမိန့်ပေးလိုက်ပြီးနောက် လက်မှိုင်ချလျက် ထိုင်နေမိသည်။ သူသည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချနေသည့်အလား မျက်လုံးများမှာ နီရဲနေတော့သည်။ သူသည် ကုရူဖုန်းအား အလဟဿ အသေမခံနိုင်ပေ။

မိုးသည်းထန်စွာ ရွာသွန်းနေပြီး တောင်ပေါ်လမ်းများပေါ်တွင် ရေများမှာ မြစ်ငယ်များအလား စီးဆင်းနေသည်။ သစ်ကိုင်းစိမ်းစိမ်းများကြားတွင်မူ နက်မှောင်သော ကျီးကန်းတစ်ကောင်သည် ရှီဖုန်းအား သယ်ဆောင်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ ၎င်း၏ မျက်ဝန်းဝိုင်းဝိုင်းများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပုံပင်။

...

"...ယုတ်မာပတ်စက်လှချည်လား... တော်လောက်ပြီ"

"ယုတ်မာလွန်းတယ်"

တောင်ပိုင်းဝါးတောင်ထိပ်တွင် ကျောက်သားအကြီးအကဲ၏ အသံမှာ ဒေါသကြောင့် တုန်ရီနေသည်။ သူသည် ရုတ်တရက် ထရပ်လိုက်ပြီး သားရေလှေတစ်စင်းကို ဆင့်ခေါ်ကာ စက္ကူရုပ်တောင်ထိပ်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

All Chapters