← Chapters

ထိုက်တန်တဲ့ ပါရမီရှင်ကို ရှာတွေ့သွားတဲ့အတွက် နဝမ မင်းသမီးကို ဂုဏ်ပြုပါတယ်

Vol. 11 Ch. 104

ထိုက်တန်တဲ့ ပါရမီရှင်ကို ရှာတွေ့သွားတဲ့အတွက် နဝမ မင်းသမီးကို ဂုဏ်ပြုပါတယ်

Vol. 11 Ch. 104

ညနက်လာသည်။

ယန်မန် ရွှံ့နွံတော အတွင်း၌ လေပြင်းများ တိုက်ခတ်နေပြီး အပူချိန်မှာလည်း ရုတ်တရက် ထိုးကျသွားသည်။

ဂူအတွင်း၌ မီးပုံလေးမှာ အစွမ်းကုန် တောက်လောင်နေပြီး အိုးခွက်ပန်းကန်သံများ ထွက်ပေါ်နေသည်။

“ သူငယ်ချင်းလေးဝမ်... သူငယ်ချင်းလေးရဲ့ လက်ရာက တကယ်ကို အထင်ကြီးစရာပဲ။ စိတ်ဝိညာဉ်ဟင်းလျာတွေကို မြည်းစမ်းလာတာ ကျုပ်သက်တမ်းတလျှောက်ပဲ။ ဒီလောက် အရသာရှိတာမျိုးကို စားဖူးတာတော့ ပထမဆုံးအကြိမ်ပဲ “

အကြီးအကဲကျောက်က လက်မထောင်ကာ ချီးကျူးလိုက်သည်။

ဝမ်ပေါင်လဲ့ ရယ်မောလိုက်သည်။ “ အကြီးအကဲကျောက်က မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော်က အခြေခံကိုတောင် အခုမှ စသင်ရုံပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အကြီးအကဲရဲ့ စိတ်ဝိညာဉ်အရက်ကတော့ ကျွန်တော် သောက်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ “

ထိုစကားကို ကြားသောအခါ အကြီးအကဲကျောက်နှင့် နဝမ မင်းသမီးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အလျင်အမြန်ပင် ကောက်ချက်ချလိုက်ကြသည်။

ယခုတစ်ကြိမ် သူတို့ ယူဆောင်လာသော စိတ်ဝိညာဉ်အရက်မှာ အဆင့်မြင့်ရုံမျှသာ ဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ ကျော်ကြားသော ဂိုဏ်းတစ်ခုမှ လာခဲ့မည်ဆိုပါက ဤထက် ပိုကောင်းသော အရက်ကို သောက်ဖူးနေမည် ဖြစ်သည်။

ဤလူငယ်လေးသည် သာမန် နောက်ခံမှ ဆင်းသက်လာသူပြီး သူ၏ အနောက်တွင် အစွမ်းထက်သော ဂိုဏ်းတစ်ခုခု မရှိကြောင်း ယခုအခါ ရှင်းလင်းသွားတော့၏။

ထို့ကြောင့်ပင် သူသည် နဝမ မင်းသမီး လိုအပ်နေသော ပါရမီရှင်မျိုး ဖြစ်ပေသည်။ သူ့ကို သူမ လက်အောက်သို့ သိမ်းသွင်းရန်အတွက် မည်သို့သော ရတနာမျိုးက အကောင်းဆုံးဖြစ်မည်ကို တွေးတောကြည့်ရန်သာ ကျန်သည်။

စားသောက်ပြီးနောက် ဝမ်ပေါင်လဲ့သည် အကြီးအကဲကျောက်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆို၏။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်၍ ကျင့်ကြံလိုက်သည်။

တစ်ညနေခင်းလုံး နဝမ မင်းသမီးက သူ့ကို စကားများများစားစား မပြောခဲ့ပေ။ သူမက ဘေးမှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေရုံသာ ဖြစ်သည်။

ဝမ်ပေါင်လဲ့ ကျင့်ကြံနေသည့် အခြေအနေသို့ ရောက်သွားသည်နှင့် သူတို့နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဂူထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။

သူတို့ ထွက်ခွာသွားသည်ကို အာရုံခံမိသောအခါ ဝမ်ပေါင်လဲ့သည် ခါးရှိ ကျောက်စိမ်းဆွဲကြိုးကို အလိုအလျောက် လှမ်းကိုင်လိုက်မိသည်။

ဂူအပြင်ဘက်တွင် အကြီးအကဲကျောက်က နဝမ မင်းသမီးထံသို့ အနည်းငယ် ဦးညွှတ်လိုက်သည်။ “ ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ကို ရှာတွေ့သွားတဲ့အတွက် ဂုဏ်ပြုပါတယ် မင်းသမီး။ သူ့ကိုသာ မင်းသမီးရဲ့ လက်အောက်ကို ခေါ်နိုင်ခဲ့ရင် သူက သေချာပေါက် တန်ဖိုးရှိတဲ့ လက်အောက်ခံ တစ်ယောက် ဖြစ်လာပါလိမ့်မယ် “

နဝမ မင်းသမီးက တီးတိုးရေရွတ်လိုက်သည်။ “ ဒါပေမဲ့ သခင်လေးဝမ် တကယ် လိုချင်တာ ဘာလဲဆိုတာကို ကျွန်မ မသိသေးဘူး “

အကြီးအကဲကျောက်က ပြန်ဖြေလိုက်သည်။ “ မင်းသမီးက ယန်မန် ရွှံ့နွံတောထဲမှာ လေ့ကျင့်ရေးဆင်းဖို့ စီစဉ်ထားပြီးသားဆိုတော့ သူ့နဲ့အတူ ခဏလောက် ခဏလောက်သွားရင်ရော။ အချိန်ကြာလာရင် သူ ဘာကြိုက်လဲဆိုတာကို အလိုလို သိလာမှာပါ “

နဝမ မင်းသမီး ခေါင်းအသာညိတ်လိုက်သည်။ “ အကြီးအကဲကျောက်ရဲ့ အကြံပြုချက်အတိုင်းပဲ လုပ်ကြတာပေါ့ “

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦး ဂူထဲသို့ ပြန်ဝင်လာကြသည်။

ဝင်ဝင်ချင်းမှာပင် အကြီးအကဲကျောက်က စကားစလိုက်သည်။ “ သူငယ်ချင်းလေးဝမ်... မင်းနဲ့ ဆွေးနွေးစရာလေး တစ်ခု ရှိလို့ပါ “

‘ဇာတ်လမ်းစပြီထင်တယ်’

ဝမ်ပေါင်လဲ့သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ “ အကြီးအကဲကျောက် ဘာများ ဆွေးနွေးချင်လို့လဲ “

အကြီးအကဲကျောက်က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။ “ ယန်မန် ရွှံ့နွံတောထဲမှာ လေ့ကျင့်ရေးဆင်းတဲ့အခါ သူငယ်ချင်းလေးနဲ့အတူ ကျုပ်တို့ပါ လိုက်ချင်လို့လေ။ ဘယ်လိုသဘောရလဲ “

သူ့ကို ဤကိစ္စ‌လေးမေးဖို့အတွက် အပြင်ထွက်ပြီး တိတ်တဆိတ် ဆွေးနွေးကာ ပြန်ဝင်လာလိမ့်မည်ဟု ဝမ်ပေါင်လဲ့ မမျှော်လင့်ထားခဲ့ပေ။

“ အကြီးအကဲကျောက်ရဲ့ စွမ်းရည်နဲ့ဆိုရင် ကျွန်တော်နဲ့ အဖွဲ့ဖွဲ့ဖို့ မလိုဘူး မလား “

အကြီးအကဲကျောက် ရယ်လိုက်သည်။ “ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်သခင်မလေးက သူငယ်ချင်းလေး ချက်တဲ့ ဟင်းတွေကို သဘောကျနေလို့ အတူ ခရီးသွားချင်နေတာပါ “

“ တကယ်လို့ သူငယ်ချင်းလေးဝမ်အတွက် အနှောင့်အယှက် ဖြစ်သွားမယ်ဆိုရင်တော့ အတင်းအကျပ် မလုပ်ပါဘူး “

“ ရပါတယ် “

ဤနှစ်ဦးကို လူဆိုးများဟု ဝမ်ပေါင်လဲ့ မထင်မိပေ။ ထို့အပြင် ယန်မန် ရွှံ့နွံတောသို့ သူ လာရောက်ရသည့် ရည်ရွယ်ချက်က ကျင့်ကြံရန် ဖြစ်သည်။

အဖော်များ ရှိနေခြင်းက ကျင့်ကြံခြင်း အရင်းအမြစ်များကို ပိုမို ရရှိနိုင်ကြောင်း ဆိုလိုပါသည်။

တစ်ဖက်တွင်လည်း ဝမ်ပေါင်လဲ့ ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု သူတို့နှစ်ဦးစလုံး မမျှော်လင့်ထားခဲ့ချေ။ ကြည့်ရသည်မှာ ၎င်းက သူ၏ပထမဆုံးအကြိမ် အပြင်ထွက် လေ့ကျင့်ခြင်းဖြစ်လောက်သည်။

သို့သော် ၎င်းကလည်း ကောင်းပါသည်။ အနာဂတ်တွင် သူ့ကို သိမ်းသွင်းရန်အတွက် အများကြီး ပိုလွယ်ကူသွားစေမည် ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် ဝမ်ပေါင်လဲ့သည် ထိုက်ချီလက်သီးသိုင်းကို လေ့ကျင့်ရန် ပုံမှန်အတိုင်း စောစောထလာခဲ့သည်။ ထို့နောက် ဓားမနည်းစနစ်များကို စတင် လေ့ကျင့်လိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ခုတ်ထစ်ခြင်း သိုင်းကွက်ထဲမှ အခြေခံ တစ်ခုကို လေ့ကျင့်နေခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းတော့ မဟုတ်ပေ။ ယန်မန် ရွှံ့နွံတော အတွင်း၌ အခြား ဓားမသိုင်းကွက်များထက် ခုတ်ထစ်ခြင်းက ပို၍ လက်တွေ့ကျ၍ပင်။

ဂူအတွင်းရှိ နှစ်ဦးသည် ကျင့်ကြံပြီးသွားသောအခါ ဝမ်ပေါင်လဲ့ အပြင်ဘက်တွင် ထင်းခွဲနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့၏ မျက်နှာများပေါ်၌ နားမလည်နိုင်သည့် အမူအရာများ ပေါ်လာကြသည်။

“ သူငယ်ချင်းလေးဝမ်... ဘာလုပ်နေတာလဲ “ အကြီးအကဲကျောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ဝမ်ပေါင်လဲ့ ပြုံးလိုက်သည်။ “ ဓားမနည်းစနစ်တွေကို လေ့ကျင့်နေတာပါ “

“ ဓားမနည်းစနစ်တွေ ဟုတ်လား “

အကြီးအကဲကျောက် ခေတ္တမျှ စဉ်းစားလိုက်သည်။ “ သူငယ်ချင်းလေးဝမ်က ချက်ပြုတ်ခြင်းတာအိုကို အထူးပြု လေ့လာတာများလား “

“ ဟုတ်တယ်။ ကျွန်တော်က အစားကြီးတော့ ချက်ပြုတ်ခြင်းတာအိုက ကျွန်တော်နဲ့ အသင့်တော်ဆုံးပဲလေ။ အခုလည်း ပါဝင်ပစ္စည်းတွေ ပိုရအောင်လို့ ယန်မန် ရွှံ့နွံတောကို လေ့ကျင့်ရေးဆင်းဖို့ လာခဲ့တာပါ “

ဝမ်ပေါင်လဲ့က လုံးဝ ရိုးသားစွာဖြင့် ပြောလိုက်သည်။

“ ဒီလိုကိုး “

အကြီးအကဲကျောက် သိပ်ပြီး ထွေထွေထူးထူး မတွေးတော့ပေ။ နက်နဲသည့် ဓားမနည်းစနစ်ကို ကျွမ်းကျင်သည့် လူငယ်လေးက ချက်ပြုတ်ခြင်းတာအိုကို အဓိကလမ်းစဉ်အဖြစ် ရွေးချယ်ခဲ့သည့်အပေါ် အနည်းငယ် နှမြောသွားရုံပင်။

သို့သော် ဤကောင်လေး ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ပြီး မဟာကျင့်ကြံသူများ၏ စွမ်းအားကို မြင်တွေ့သွားသည်နှင့် အခြား ကျင့်ကြံခြင်း လမ်းစဉ်များကို သေချာပေါက် စိတ်ဝင်စားလာလိမ့်မည်ဟု ယုံကြည်ထားသည်။

ဝမ်ပေါင်လဲ့ သူ၏ ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက် မတ်တပ်ရပ်ကာ နံနက်စာကို စတင် ပြင်ဆင်လိုက်သည်။

သူတို့ တစ်ဝကြီး စားသောက်ပြီးသွားသောအခါ လူစုသည် သူတို့၏ လေ့ကျင့်ရေး ခရီးစဉ်ကို ထပ်မံ စတင်လိုက်ကြသည်။

…

…

ဝမ်တောက်ကျောင်းတော်၊ သောင်းပြောင်းပညာရပ်ဌာန၊ လူသူကင်းမဲ့သော ကျင့်ကြံခြင်းဂူ တစ်ခုအတွင်း၌။

ယခုအချိန်တွင် ရှောင်ချန်းသည် စိတ်ဝိညာဉ်ဝဲကတော့တစ်ခုအလားပင်။ မိုင်ရာချီ ပတ်လည်ရှိ စိတ်ဝိညာဉ်ချီများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စဉ်ဆက်မပြတ် စုပ်ယူခံနေရသည်။

ထိုအချိန် မနက်စာစားနေကြသော ချူဖုန်းတို့အဖွဲ့သည် စိတ်ဝိညာဉ်စွမ်းအင်များ မငြိမ်မသက်ဖြစ်နေမှုကို အာရုံခံမိသွားပြီး သူတို့၏ တူများကို ချက်ချင်း ချထားလိုက်ကြသည်။

ပုံမှန်အားဖြင့် တိတ်ဆိတ်သော အကြီးအကဲပင်းက စကားစလိုက်သည်။ “ စိတ်ဝိညာဉ်စွမ်းအင်တွေ စုစည်းနေတယ်။ ကြည့်ရတာ ရှောင်ချန်း အဆင့်တက်နေပြီ ထင်တယ် “

သူမ၏ စကားကြောင့် ချောင်ရို့ချန်နှင့် ချင်းချင်းတို့၏ မျက်လုံးများ အရောင်လက်သွားသည်။ သူတို့သည် မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များဖြင့် ချူဖုန်းကို ကြည့်လိုက်ကြသည်။

ချူဖုန်းက တပည့် နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောသည်။ “ မင်းတို့ ရှောင်ချန်း အဆင့်တက်တာ ကြည့်ချင်ကြမယ်မှန်း သိတယ်။ သွားပြီး သူ့ကို စောင့်ရှောက်ပေးကြတာပေါ့ “

“ ရေးးး “

သူတို့နှစ်ဦး စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ချူဖုန်းသည် အကြီးအကဲပင်းကို ကြည့်လိုက်ရာ သူမက ဘာမှမပြောဘဲ ဆက်စားနေသည်ကို မြင်သောအခါ၊ တပည့် နှစ်ယောက်ကို ခေါ်ဆောင်ကာ ရှောင်ချန်း၏ တံခါးပိတ်ကျင့်ကြံရာ ဂူဆီသို့ သွားလိုက်သည်။

အမွှေးတိုင် တစ်ဝက်စာ အချိန်ပင် မပြည့်မီ

သူတို့သုံးဦး ရှောင်ချန်း၏ ဂူအပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

အတွင်းသို့ အဆက်မပြတ် စိတ်ဝိညာဉ်ချီများ အဆက်မပြတ်ကို ခံစားလိုက်ရသဖြင့် ချောင်ရို့ချန် တီးတိုးရေရွတ်လိုက်၏။ “ အစ်ကိုကြီး အဆင့်တက်တာ တကယ်ကို လှုပ်လှုပ်ရှားရှား ဖြစ်တာပဲ။ အဆင့်တက်ပြီးရင် ဘယ်လောက်တောင် စွမ်းအားကြီးလာမလဲ”

ချူဖုန်း ရယ်မောလိုက်သည်။ “ သူ ပိုအစွမ်းထက်လာလေ ကောင်းလေပဲ မဟုတ်ဘူးလား “

ချောင်ရို့ချန် ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်။ အစ်ကိုကြီးမှာ တကယ့်ကို ဘာအားနည်းချက်မှ မရှိဘူး။ အချိန်တိုင်း ကျွန်တော့်ကို လမ်းညွှန် ပေးရတာကို သဘောကျနေတာ တစ်ခုကလွဲရင်ပေါ့ “

ချူဖုန်း သူ၏ ပခုံးကို ပုတ်ပေးကာ နှစ်သိမ့်ပေးသည်။ “ ဒါက ရှောင်ချန်း သူ့ရဲ့ အချစ်ကိုဖော်ပြတဲ့ နည်းလမ်းလေ တာ့ချန်ရာ “

ချောင်ရို့ချန် “ ... “

အနီးနားတွင် ရပ်နေသော ချင်းချင်းသည် ဒုတိယ စီနီယာအစ်ကို၏ ဆွံ့အသွားပါပြီဟူသော အမူအရာကို ကြည့်ပြီး ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ဂူအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းမှုသည် ရပ်တန့်သွားသည်။

ရှောင်ချန်း၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ မြင့်တက်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများသည်လည်း မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။

ဘုန်း...

ဂူတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

အပြင်သို့ ရောက်နေကြသော ချူဖုန်းတို့သည် တုန်ခါမှုကို ခံစားလိုက်ရသော်လည်း မစိုးရိမ်မိပေ။ ဂူကို စွန့်ပစ်ထားခဲ့သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သော်လည်း အတွင်းရှိ မန္တန်အစီအရင်များက အလုပ်လုပ်နေဆဲ ဖြစ်သည်။ အသက်သွင်းရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံး အချို့သာ လိုအပ်၏။

ရှောင်ချန်းက ဤနေရာတစ်ခုလုံးကို ပြိုကျအောင် လုပ်ပစ်လိုက်မည်ကို သူ စိတ်မပူပါပေ။

ခဏအကြာတွင် ရင်းနှီးနေသော အသံတစ်ခု ချူဖုန်း၏ စိတ်ထဲသို့ ဝင်ရောက်သည်။

[လက်ခံသူကို ဂုဏ်ပြုပါတယ်။ သင်၏ အကြီးဆုံး တပည့်သည် ကောင်းကင်ဇာစ်မြစ်အဆင့် တက်သွားပါပြီ။ လက်ခံသူကို ကျင့်ကြံခြင်း နှစ်သုံးဆယ်စာ ချီးမြှင့်ပါတယ်]

၎င်းကို ကြားလိုက်ရသော်လည်း ချူဖုန်းသည် တည်ငြိမ်နေဆဲ။ ယခု သူ လုပ်ရမည်မှာ ရှောင်ချန်း အပြင်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းရန်သာ။

ဂူအတွင်း၌ ရှောင်ချန်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏ ခန္ဓာအတွင်း၌ စီးဆင်းနေသော ထူထပ်သည့် စိတ်ဝိညာဉ်စွမ်းအားများကို ခံစားလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားသည်။

“ ကောင်းကင်ဇာစ်မြစ်အဆင့်... ငါ ရှောင်ချန်း အဓိကတပည့် ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီ “

သူ တီးတိုးရေရွတ်ပြီးနောက် ဂူထဲမှ လျှောက်ထွက်လာသည်။

“ စီနီယာအစ်ကို “

ရှောင်ချန်းကို မြင်သောအခါ၌ ရှေ့ဆုံးကနေ ပြေးကြိုနှုတ်ဆက်သူမှာ ချောင်ရို့ချန်ပင်။

ချင်းချင်းက ကျက်သရေရှိစွာဖြင့် အရိုအသေ ပေးလိုက်သည်။ “ စီနီယာအစ်ကို “

သူ၏ ဆရာ၊ ဂျူနီယာညီလေးနှင့် ဂျူနီယာညီမလေးတို့ကို မြင်သောအခါ ရှောင်ချန်းသည် စစ်မှန်စွာ ပြုံးလိုက်သည်။

“ ဆရာ၊ ဂျူနီယာညီလေး၊ ဂျူနီယာညီမလေး။ ကျွန်တော့်ကို စောင့်ကြပ်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် “

ချူဖုန်း ပြုံးလိုက်သည်။ “ ဘာတွေ ပြောနေတာလဲ ကောင်လေးရာ။ လာ... ဌာနကို ပြန်ကြမယ် “

“ ဟုတ်ကဲ့ပါ “

ရှောင်ချန်း ပြန်ဖြေလိုက်ပြီး ဆရာဖြစ်သူ၏ ဘေးမှ လိုက်ကာ၊ သူ၏ ဂျူနီယာညီလေး၊ ညီမလေးတို့နှင့်အတူ ရယ်ရယ်မောမော စကားပြောရင်း ကောင်းကင်ယံသို့ ပျံသန်းသွားကြတော့သည်။

All Chapters