← Chapters

ဒီည ခင်ဗျား ဘာလုပ်ချင်လဲ

Vol. 11 Ch. 105

ဒီည ခင်ဗျား ဘာလုပ်ချင်လဲ

Vol. 11 Ch. 105

“ အကြီးအကဲပင်း... ဒီည ခြေထောက်ဆေးတာကို ကျော်လိုက်ရအောင် “

ညအချိန်သို့ ရောက်ရှိလာသည်။ ပင်းယန်သည် သူမ၏ အခန်းတံခါးကို ဖွင့်ကာ ချူဖုန်းအတွက် ရေသွားခပ်ရန် ပြင်လိုက်စဉ် ဘေးအခန်းမှအသံကို ရုတ်တရက် ကြားလိုက်ရ၏။

ကျွီ။

သူမ မေးမြန်းရန် လှည့်လိုက်စဉ်မှာပင် တံခါးပွင့်လာပြီး ချူဖုန်းက သစ်သားဓားတစ်လက်ကို ကိုင်ကာ ထွက်လာသည်။

အကြီးအကဲပင်းက အလိုအလျောက် မေးလိုက်၏။ “ ဌာနမှူးချူ... အပြင်ထွက်မလို့လား “

“ မဟုတ်ဘူး။ ကျွန်တော်တို့ အတူတူ သွားကြမှာ “

ချူဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

“ ဘယ်ကိုလဲ “ အကြီးအကဲပင်း သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။

ချူဖုန်းက ဓားကို သူ၏ နောက်ကျောတွင် လွယ်လိုက်သည်။ “ ခင်ဗျား လုပ်ချင်တာ လုပ်ဖို့ပေ့ါ “

…

အကြီးအကဲပင်း ပို၍ပင် စိတ်ရှုပ်ထွေးသွားသော်လည်း အတွေးတစ်ခုက သူမ၏ စိတ်ထဲတွင် ရုတ်တရက် လက်ခနဲ ပေါ်လာ၏။ သူမက တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ ရှင် ကျွန်မကို ထိုက်ချီဓားသိုင်း သင်ပေးတော့မလို့လား “

“ ဟုတ်တယ် “

ချူဖုန်း၏ အပြုံး ပျောက်ကွယ်သွားပြီး သူက လေးနက်စွာ ပြန်ဖြေလိုက်၏။ “ ဒါပေမဲ့ အဲဒီမတိုင်ခင် ခင်ဗျားကို စည်းကမ်းချက် တစ်ခု သဘောတူစေချင်တယ် “

“ ဘာ အခြေအနေလဲ “

အကြီးအကဲပင်း၏ အကြည့်ထဲတွင် သတိထားမှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ သူမသည် ထိုက်ချီဓားသိုင်းကို သင်ယူချင်နေသော်လည်း မည်သည့် အခြေအနေကိုမဆို လက်ခံမည့်သူမျိုးတော့ မဟုတ်ပေ။

သူမ၏ သတိထားနေမှုကို သိလိုက်ရသောအခါ ချူဖုန်း ရယ်မောလိုက်၏။ “ စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ ခင်ဗျားက ကျွန်တော့်ကို ဆရာတင်ရမယ်။ ဒါတော့ သိပ်မလွန်ဘူးမလား “

အကြီးအကဲပင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ “ သေချာတာပေါ့။ ရှင်နဲ့ ကျွန်မရဲ့ ဆရာ ဓားဘုရင်ရှောင်ယောင်က အဆင့်အတန်း တူညီကြတာပဲ။ ဝမ်တောက်ကျောင်းတော်ရဲ့ စည်းကမ်းတွေအရ ကျွန်မ ရှင့်ဆီကနေ သင်ယူချင်တယ်ဆိုရင် တပည့်တစ်ယောက်အနေနဲ့ တရားဝင် အရိုအသေ ပေးရမှာ “

ထိုသို့ပြောပြီးနောက် သူမ ချူဖုန်းကို ဦးညွှတ်လိုက်၏။ “ ကျောင်းသူ ပင်းယန်က ဆရာချူကို ဂါရဝပြုပါတယ် “

“ သက်တောင့်သက်သာ နေပါ “

ချူဖုန်း အနည်းငယ် ပြုံးလိုက်သည်။ ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရသည်။

[လက်ခံသူကို ဂုဏ်ပြုပါတယ်။ သင် အမည်ခံတပည့် တစ်ယောက်ကို ရရှိခဲ့ပါတယ်။ တပည့် သင်ယူထားသည့် အရာများအပေါ် အခြေခံ၍ သင်က အဆင့်မြှင့်ဆုလာဘ်များကို ရရှိပါမယ်]

စနစ်၏ ကြေညာချက်ကို ကြားသောအခါ ချူဖုန်း၏ အပြုံးက ပို၍ နက်ရှိုင်းလာသည်။ ဤညတွင် အမည်ခံတပည့်ခံပြီး စနစ်ကို အမြတ်ထုတ်၍ ရမရ သိနိုင်ရန်အတွက် အကြီးအကဲပင်းနှင့် စမ်းသပ်လိုက်ခြင်းဖြစ်သည်။

သူ အံ့အားသင့်သွားသည်မှာ စနစ်က လွယ်ကူစွာ တုံ့ပြန်ခဲ့ခြင်းပင်။

“ ကျေးဇူးတင်ပါတယ် ဆရာ “ အကြီးအကဲပင်းက လေးစားစွာ ပြောလိုက်သည်။ ဤအခိုက်အတန့်အတွက် သူမ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရ၏။ သူမ သောင်းပြောင်းပညာရပ်ဌာနတွင် ရှိနေခဲ့သည်မှာ ခုနစ်လ၊ ရှစ်လခန့် ရှိနေပြီ ဖြစ်သည်။ ဤထက်ပို၍ ကြာသွားပါက ထိုက်ချီဓားသိုင်းကို သင်ယူရမည့် အခွင့်အရေး လွတ်သွားနိုင်ပေသည်။

“ သွားကြစို့ “

ချူဖုန်းသည် အကြီးအကဲပင်း တိတ်တဆိတ် ဓားသိုင်း လေ့ကျင့်ခဲ့သည့် သစ်တောငယ်လေးဆီသို့ ပျံသန်းသွားသည်။ ပင်းယန်လည်း နောက်မှ ကပ်လိုက်သွား၏။

သူမ နောက်မှ ကပ်လိုက်လာ၏။ မြေပြင်သို့ ဆင်းသက်ပြီး ရင်းနှီးနေသော ပတ်ဝန်းကျင်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာ နီမြန်းသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် လကွယ်ည ဖြစ်နေခြင်းနှင့် ချူဖုန်းသည် အခြားအရာ တစ်ခုခုကိုသာ လုံးဝ အာရုံစိုက်နေခြင်းတို့ကြောင့် သူမရှက်‌နေသည်ကို သတိမထားမိသွားခဲ့ချေ။

ချူဖုန်းက မေးလိုက်၏။ “ အကြီးအကဲပင်း... ခင်ဗျားရဲ့ ခန္ဓာကိုယ်က မြင့်မြတ်ခန္ဓာကိုယ်လား။ နတ်ဘုရား ခန္ဓာကိုယ် လား “

“ ကျွန်မမှာ ရေခဲဝိညာဉ် မြင့်မြတ်ခန္ဓာ ရှိပါတယ် “

“ အို “

ချူဖုန်း ခေတ္တမျှ ရပ်တန့်သွားသည်။ “ ခင်ဗျားနဲ့ ခင်ဗျားရဲ့ တပည့်က မြင့်မြတ် ခန္ဓာကိုယ်က အတူတူပဲပေါ့ “

အကြီးအကဲပင်း ခေါင်းအသာညိတ်လိုက်၏။ “ ဟုတ်တယ်။ အဲဒါကြောင့်လည်း ကျွန်မ ရို့အာကို တပည့်အဖြစ် လက်ခံလိုက်ရတာပဲ။ အဲဒီအချိန်တုန်းက ဌာနမှူးချူရဲ့ ကြီးမြတ်မှုကို ကျွန်မ မမြင်နိုင်ခဲ့ပါဘူး။ ကျွန်မကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် “

“ ရပါတယ်။ ခင်ဗျားရဲ့ မာနကြီးမှုအတွက် ပြန်ပေးဆပ်ပြီးသွားပါပြီ။ တကယ်လို့ ခင်ဗျား အဲဒီအတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုရင် နောက်နောင် ကျုပ်ကို ခြေထောက်ဆေးပေးတဲ့အခါ ခင်ဗျားရဲ့ ကိုယ်ပိုင် လက်တွေကို သုံးဖို့ မှတ်ထားပါ။ ဒီတိုင်းကြီး ဘေးမှာထိုင်နေရင် တော်တော်လေး ပျင်းဖို့ကောင်းတယ် “

ချူဖုန်းက ခပ်တည်တည် မျက်နှာထားဖြင့် အဓိပ္ပာယ်မရှိသည်များကို ပြောဆိုလိုက်သည်။

အကြီးအကဲပင်း မှင်တက်သွား၏။ ချူဖုန်း၏ စကားက ဘာကိုဆိုလိုကြောင်း သူမ သေချာပေါက် နားလည်သော်လည်း သူမ၏ တစ်သက်တာတွင် မည်သည့် အမျိုးသား၏ ခြေထောက်ကိုမျှ မဆေးကြောပေးခဲ့ဖူးပေ။

“ ကျွန်မ... ကြိုးစားကြည့်ပါ့မယ် “

ချူဖုန်း စကားလမ်းကြောင်း လွှဲလိုက်သည်။ “ ထားလိုက်ပါတော့။ အကြီးအကဲပင်း... ခင်ဗျားရဲ့ ဓားဆန္ဒက ပြီးပြည့်စုံခြင်း အဆင့်မှာ ရှိနေတာမလား “

“ ဟုတ်တယ်။ ကျွန်မရဲ့ ဓားဆန္ဒက ပြီးပြည့်စုံနေပြီ။ မဟာ ပြီးပြည့်စုံခြင်း အဆင့်ကို အချိန်မရွေး ဝင်ရောက်နိုင်တယ်။ အဲဒီအဆင့်ကို ရောက်သွားတာနဲ့ နီဗားနားရှင်သန်ခြင်း အဆင့်ကို တက်ဖို့ အဆင်သင့် ဖြစ်ပြီ “

အကြီးအကဲပင်းသည် ကျင့်ကြံခြင်းအကြောင်း ပြောတိုင်း အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်သွားပုံရသည်။ ထိတွေ့၍မရနိုင်သော အရှိန်အဝါဖြင့် ရပ်နေတော့၏။

“ ဒီလိုကိုး။ ဒါဆို ကျုပ်အတွက် ဒုက္ခအများကြီး သက်သာသွားတာပေါ့။ စလိုက်ကြရအောင် “

ထိုသို့ပြောပြီးနောက် ချူဖုန်း ရှေ့သို့ တစ်လှမ်းတိုးလိုက်ပေသည်။ သူ၏ လက်ထဲရှိ သစ်သားဓားမှာ စတင် လှုပ်ရှားလာသည်။

အကြီးအကဲပင်းသည် တစ်ခဏလေးမျှပင် အာရုံမလွင့်ရဲချေ။ သူမသည် ချူဖုန်း၏ လှုပ်ရှားမှုတိုင်းကို အပြည့်အဝ အာရုံစိုက်ကာ ကြည့်ရှုနေလိုက်၏။

ချူဖုန်း၏ လက်ထဲရှိ ဓားသည် နှေးနေရာမှ မြန်လာပြီး သတိမထားမိခင်မှာပင် သူ့ပုံရိပ်သည် နှစ်ခုကွဲကာ သူမရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။

တစ်ခုက အမည်းရောင် ဖြစ်ပြီး တစ်ခုက အဖြူရောင် ဖြစ်၏။ အဖြူရောင် ပုံရိပ်သည် ကြယ်တစ်ပွင့်က ထိုနေရာ၌ အဆုံးအစမဲ့ ထွန်းလင်းတောက်ပနေသည့်အလား။

အမည်းရောင် ပုံရိပ်သည် ည၏ အမှောင်ထု အားလုံးကို သူ့ကိုယ်တွင်းသို့ ဝါးမျိုသိမ်းဆည်းထားပုံရပြီး အရိပ်များထဲသို့ နှီးနွယ်ယှက်ဝင်နေသည့်အလား။

အဖြူနှင့် အမည်း ရောယှက်သွားသည်။ ဤသို့ဆိုသော် မမှန်နိုင်သေး။ ၎င်းက ပြီးပြည့်စုံသည့် လိုက်ဖက်ညီမှုရှိသော ယင်နှင့် ယန် ပင် ဖြစ်သည်။

ထိုအတွေးက အကြီးအကဲပင်းကို ပင့်သက်ရှိုက်သွားစေသည်။ ရိုးရှင်းသော ဓားသိုင်းတစ်ခုဟု ထင်မှတ်ရသည့်အရာက အမှန်တကယ်တော့ ယင်ယန်မဟာတာအို ပါဝင်နေလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးကြည့်ခဲ့ချေ။

ပို၍ အရေးကြီးသည်မှာ ချူဖုန်းသည် ဓားသိုင်းကို ကျွမ်းကျင်သည်ထက်ပို၏။ ၎င်းအတွင်း၌ ဓားတာအို၏ အနှစ်သာရ ပါဝင်၏။

သူမ၏ ကိုယ်ပိုင် ဆရာပင်လျှင် ဓားတာအို၏ စစ်မှန်အဓိပ္ပာယ်ကို နားလည်ရုံမျှပင်။

သို့တိုင်အောင် ချူဖုန်းသည် ဤမျှ ငယ်သော အရွယ်တွင် ၎င်းကို နားလည်သဘောပေါက်နေခဲ့၏။

ရှောင်ချန်းက အချိန်တိုလေး အတွင်းမှာ ထွန်းတောက်မြင့်တက်လာခဲ့သည်မှာ အံ့ဩစရာမဟုတ်ပါချေ။

ဓားသိုင်းကွက်များ ပြီးဆုံးသွားသောအခါ အကြီးအကဲပင်း၏ ရှေ့ရှိ စိတ်ကူးယဉ် ပုံရိပ်များသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ချူဖုန်းသည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေ၏။ သူ့ဟန်ပန်ကား သာမန်မျှပင်။ တိတ်ဆိတ်နေသော ကျောင်းတော်သား တစ်ဦးနှင့်သာ တူသည်။

ဤ အေးဆေးတည်ငြိမ်သည့် အမျိုးသားနှင့် ခုနက ကခုန်လှုပ်ရှားပြခဲ့သော ပါရမီရှင်ဓားသမားတို့ကား တစ်ယောက်ထဲဖြစ်ကြောင်း ဆက်စပ်ကြည့်ရန် ခက်ခဲလှပေသည်။

အကြီးအကဲပင်း၏ မိန်းမောနေသော အမူအရာကို မြင်သောအခါ၌ ချူဖုန်းက ရိုးရှင်းစွာ မေးလိုက်သည်။ “ ဘယ်လောက် မှတ်မိလိုက်လဲ “

ထိုအခါမှသာ သူမ သတိပြန်ဝင်လာ၏။ “ ကျွန်မ အကုန်လုံး မှတ်မိတယ်... ဒါပေမဲ့ ဘာမှလည်း မမှတ်မိဘူး။ ကျွန်မရဲ့ စိတ်ထဲမှာ ကျန်နေတာက ယင်ယန် မဟာတာအိုပဲ “

ချူဖုန်း သူမကို ချီးကျူးလိုက်သည်။ “ ကောင်းကင်စိတ်ဝိညာဉ်ဌာနက အကြီးအကဲ တစ်ယောက်ပီသပါတယ်။ ခင်ဗျားရဲ့ ပါရမီက ရှောင်ချန်း ပြီးရင် ဒုတိယပဲ “

ချူဖုန်းသည် သူမကို ရှောင်ချန်းလောက် ပါရမီမပါဟု ပြောသော်လည်းစိတ်မဆိုးမိချေ။ ရှောင်ချန်း၏ ဓားတာအိုပါရမီသည် ဝမ်တောက်ကျောင်းတော်၏ နှစ်တစ်ရာအတွင်း အကောင်းဆုံးအဖြစ် အသိအမှတ် ပြုခံထားရသည် မဟုတ်ပါလား။

“ ဆရာ... နောက်တစ်ကြိမ်လောက် ထပ်ပြီး သရုပ်ပြပေးဖို့ တောင်းဆိုပါတယ် “

“ ကောင်းပြီလေ “

ချူဖုန်း ခေါင်းညိတ်လိုက်ပြီး သူ၏ ဓားကို နောက်တစ်ကြိမ် ဆွဲထုတ်လိုက်၏။

ခဏကြာတွင် အကြီးအကဲပင်းသည် ဓားသိုင်းတစ်ခုလုံးကို စောင့်ကြည့်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ကာ ထိုနေရာတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး စတင်ဆင်ခြင်တော့သည်။

ချူဖုန်း သူမကို မနှောင့်ယှက်‌ပေ။ သူသည် အနီးနားရှိ သစ်ပင်တစ်ပင်အောက်သို့ လျှောက်သွားကာ လှဲလျောင်းလိုက်ပြီး ကောင်းကင်ယံကို တိတ်ဆိတ်စွာ ငေးကြည့်နေလိုက်၏။

နာရီဝက် ကြာပြီးနောက် သူ၏ စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

[လက်ခံသူကို ဂုဏ်ပြုပါတယ်။ အမည်ခံတပည့် ပင်းယန်သည် ထိုက်ချီဓားသိုင်း၏ အစပြုသူအဆင့်သို့ ဝင်ရောက်သွားပါပြီ။ ဓားတာအို နားလည်နိုင်စွမ်း (၁)မှတ်ကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်ပါတယ်]

ချူဖုန်း၏ မျက်လုံးများသည် ချက်ချင်း တောက်ပသွားကာ ခြေထောက်ကို ပင့်ကြွပြီး တစ်ချက် ခုန်လိုက်၏။

ထိုစဉ် အကြီးအကဲပင်းက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ချူဖုန်းကို မြင်သောအခါ သူမ ချက်ချင်း မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်၏။

“ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ “

“ ကောင်းပြီ၊ အခု ကိစ္စသေးသေးလေး ပြီးသွားပြီဆိုတော့ ကျုပ်တို့ရဲ့ အဓိက အလုပ်ဆီ ပြန်သွားဖို့ အချိန်တန်ပြီ “

ချူဖုန်းက ပြောရင်း သူ၏ ဓားပေါ်မှနေ၍ လေထဲသို့ ပျံတက်သွားသည်။

အဓိက အလုပ် ဟူသည့် စကားကို ကြားလိုက်ရသောအခါ၌ အကြီးအကဲပင်းသည် လက်သုံးရမည်ကို ပြန်လည် အမှတ်ရသွားရာ သူမ၏ မျက်နှာသည် နီရဲသွားတော့၏။

သူမ အနောက်ကနေ လိုက်လာပြီး မေးလိုက်သည်။ “ ဆရာ... ကျွန်မ ထိုက်ချီဓားသိုင်းကို သင်ယူပြီးရင် အဲဒါကို ကျွန်မရဲ့ တပည့်တွေဆီ သင်ပေးမိလို့ နောက်လာမဲ့ ပြိုင်ပွဲမှာ ရှောင်ချန်းကို အနိုင်ယူသွားမှာ မစိုးရိမ်ဘူးလား “

ချူဖုန်း ရယ်မောလိုက်၏။ “ သေချာပေါက် မစိုးရိမ်ပါဘူး။ ခင်ဗျားက အခုမှ ထိုက်ချီဓားဆန္ဒကို နားလည်နိုင်ရုံလေး ရှိသေးတယ်။ အဲဒါကို ပြန်သင်‌ပေးဖို့ တွေးနေပြီလား “

အကြီးအကဲပင်း မှင်တက်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။

ချူဖုန်းက ဆက်ပြောသည်။ “ တကယ်လို့ ခင်ဗျား အခု သူတို့ကို သင်ပေးလိုက်ရင်တောင် ပြိုင်ပွဲမတိုင်ခင် သူတို့ ဓားဆန္ဒကို နားလည်သဘောပေါက်မှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ နည်းစနစ်တွေက ဘယ်သူမဆို သင်လို့ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး “

“ ပြီးတော့ တစ်ယောက်ယောက်က ကံကောင်းလို့ နည်းနည်းပါးပါး နားလည်သွားရင်တောင်မှ သူတို့က ရှောင်ချန်းရဲ့ ပြိုင်ဘက်ကင်းလမ်းစဉ်အတွက် ခြေနင်းကျောက်တုံးတွေပဲ ဖြစ်လာလိမ့်မယ် “

၎င်းကို ကြားလိုက်ရသောအခါ အကြီးအကဲပင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတော့၏။ ထို့ကြောင့် ချူဖုန်းက တခြားသူများ သူ၏ နည်းစနစ်များကို ခိုးယူသွားမည်ကို မကြောက်ရွံ့ခြင်း ဖြစ်သည်။ သူ ဖန်တီးထားသမျှ အရာအားလုံးက သူ၏ တပည့်များအတွက်သာ သီးသန့် ပြုလုပ်ထားခြင်း ဖြစ်သည်။

“ ညွှန်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဒီည အဖြစ်အပျက်တွေကို လျှို့ဝှက်ထားပါ့မယ်။ ဒီဓားသိုင်းကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သင်ကြားပေးမှာ မဟုတ်ပါဘူး “

ချူဖုန်းသည် အကြီးအကဲပင်းကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်ပြီး တွေးလိုက်မိသည်။ ‘ ဒီညကိစ္စက တကယ်ပဲ အဲဒီလောက် ကြီးတဲ့ လျှို့ဝှက်ချက်ကြီး ဖြစ်နေလို့လား

All Chapters