← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

အပိုင်း (၄.၁) ရွှေ့ပြောင်းခြင်း

“မဖြစ်ဘူး”

ချန်ဟောက်မေက ခါးထောက်ကာ ပြောလိုက်လေသည်။ ခေါင်းကို အလှည့်တွင် သူမသည် ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့ တရင်းတနှီး ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ပိုပြီး ဒေါသူပုန်ထသွားကာ

“နင် ဘာနဲ့တူနေပြီ၊ ထင်ထားတဲ့အတိုင်းပဲ ကလေးအရင်း မဟုတ်တဲ့သူကို အနီးကပ် ပျိုးထောင်ပေးလို့ကို မရဘူး၊ နင် မျက်နှာမလိုချင်တောင် ငါက မျက်နှာလိုချင်သေးတယ်ဟဲ့”

ရွှီရှောင်ကျောင်းက ရွှီယန်ယန်ကို လှမ်းကြည့်လိုက်ပြီး

“ကျွန်မက ယောက်ျားတစ်ယောက်နဲ့ စကားလေး ပြောတာကို မျက်နှာမရှိတော့ဘူးတဲ့လား၊ တခြားသူနဲ့ ပြောင်းခင်းထဲမှာ လွန်ကျူးခဲ့တဲ့အကြောင်းကို ချရေးထားပြီး တခြားသူတွေ ဖတ်ဖို့ သစ်ခေါင်းပေါက်တစ်ခုထဲ ထည့်ထားတဲ့သူထက်စာရင်တော့ သာပါသေးတယ်၊ မဟုတ်ဘူးလား”

ချန်ဟောက်မေသည့် အကြောင်အမ်းအမ်းအခြေအနေထဲတွင် နင်သွားတော့သည်။ ဒီမနက် ရွာထဲသို့ သားနှင့် ချွေးမတို့ကို ခေါ်ဝင်လာသည်နှင့်ချက်ချင်း လူတစ်စုက စုဝေးပြီး ပြောင်းခင်းထဲတွင် တစ်ခုခု ဖြစ်ခဲ့သည့်အကြောင်း ပြောနေသည်ကို ကြားခဲ့ရသည်။ ချွေးမဖြစ်သူက အတင်းဖျင်းများကို သဘောကျပြီး ထိုအကြောင်းကို သွားမေးလိုက်ပြီးနောက်တွင်တော့ ရှက်ရှက်နှင့် ပြန်ပြေးလာခဲ့လေသည်။ သူမသည် သမီးဖြစ်သူ ယန်ယန်၏ ကိစ္စဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။

“ဒါတွေအားလုံးက ယန်ယန်ကို ကောင်းကောင်း မသင်ကြားပေးခဲ့လို့လေ၊ ပြီးတော့ ကွမ်းဟွေရဲ့အမေက အရင်ကတည်းက ငါ့ကို ပြောထားတယ်၊ နင်က ကွမ်းဟွေနဲ့ မတန်ဘူးတဲ့၊ ယန်ယန်နဲ့ သူကမှ လိုက်ဖက်တဲ့ဖူးစာတဲ့၊ သူတို့ကို စေ့စပ်ပေးဖို့ကိစ္စ ငါနဲ့တောင် တိုင်ပင်ပြီးပြီ၊ သူတို့နှစ်ယောက်က အတွဲတွေလိုပဲလေ၊ ဒီနေရာမှာ နင် အတင်း ပြန်ပြောနေတာပဲ”

သူမက အတင်းကာရော ပြန်ချေပလေသည်။ ရွှီရှောင်ကျောင်းကို ဘာမှဆက်ပြီး မဝေဖန်ရဲတော့သဖြင့် သူမက စာရွက်တစ်ခုကို ထုတ်ယူလိုက်ပြီး ပါတီစာရေးကြီးကို လှမ်းပေးလိုက်ကာ

“ဌာနခွဲစာရေးကြီး ကျွန်မတို့က အစကတည်းက ယန်ယန်ရဲ့အိမ်ထောင်စုစာရင်းကို မြို့ကို ပြောင်းချင်တာ၊ ဒါပေမဲ့ သူက သင့်တော်တဲ့ အသက်အရွယ်လည်း ရောက်ပြီ၊ ပြီးတော့ ပညာလည်း တတ်ထားတယ်၊ သူ မြို့ကို သွားရင်တောင် ရွာကို ထပ်ပြီး သွားရတော့မှာမဟုတ်ဘူး၊ ဒီတော့ ယန်ယန်ရဲ့ အိမ်ထောင်စုစာရင်းကို ပညာတတ်လူငယ် စုပေါင်းအိမ်ထောင်စုစာရင်းထဲ ပြောင်းပေးဖို့ အထက်လူကြီးတွေက ဒီပုံစံမှာ လက်မှတ်ထိုးပေးလိုက်တယ်၊ ရှင့်အနေနဲ့ ရှောင်ကျောင်းရဲ့ အိမ်ထောင်စုစာရင်းကို ရွှီမိသားစုထဲ ပြောင်းပေးကိစ္စ ဖြေရှင်းနိုင်ပါတယ်”

သူမက ရွှီယန်ယန်၏လက်ကို ပုတ်ပေးလိုက်ပြီး

“ယန်ယန် သမီးရဲ့မျိုးရိုးနာမည်ကို ကျောက်လို့ ပြောင်းလိုက်နော်၊ အရင်ဆုံး အမေ့စကားနားထောင်ပြီး သမီးရဲ့ အိမ်ထောင်စုစာရင်းကို စုပေါင်းအိမ်ထောင်စုစာရင်းတစ်ခုထဲ ပြောင်းလိုက်၊ ပြီးရင် အမေက အဆက်အသွယ်တချို့လုပ်ပြီးရင် သမီးကို မြို့ပြောင်းပေးပြီး မြို့သူတစ်ယောက် ဖြစ်အောင် လုပ်ပေးမယ်”

ရွှီယန်ယန်သည် စိတ်ထဲတွင် အလွန်ပျော်သွားသော်လည်း မျိုသိပ်ထားလိုက်သည်။ အပေါ်ယံတွင်တော့ သူမက ရွှီရှောင်ကျောင်းကို စိတ်ပူပြနေ၏။

“မကြီးရှောင်ကျောင်းကရော ဘယ်လိုလုပ်မှာလဲ”

ရွှီရှောင်ကျောင်းက ဟန်ဆောင်ကောင်းလွန်းနေသည့် ရွှီယန်ယန်ကို ကြည့်လိုက်ပြီး စိတ်ထဲတွင် ရွံ့ရှာသွားကာ

“ဒါပေါ့ ငါက ရွှီမိသားစုထဲ ပြောင်းပြီးပြီ၊ နင် ပြောင်းတော့၊ ပြီးရင် ငါ ပြောင်းလာတော့မယ်၊ နင် ဒီမှာ တခြားဘာမှ စိတ်ပူစရာမရှိဘူး”

သူမကို ကျောက်ရှောင်ကျောင်းဟု ခေါ်ကြသည်။ သူမကတော့ အရင်ကတည်း မျိုးရိုးနာမည် ပြောင်းချင်နေခဲ့သည်။ သူမက ဝူချွန်းဟွားဘက်သို့ လှည့်လိုက်ပြီး ခဏလောက်တော့ ‘အမေ’ဟု ခေါ်မထွက်ခဲ့ပေ။ ထို့ကြောင့် သူမက ဝူချွန်းဟွားကို သည်အတိုင်း ပြောလိုက်၏။

“အိမ်ထောင်စုစာရင်းစာအုပ် ယူလာလား”

ဝူချွန်းဟွားသည် ယန်ယန်က အစောကြီးကတည်း အသိအမှတ်ပြုခံရဖို့ မျှော်လင့်နေမှန်း သိနေလေသည်။ သူမ၏သမီးအရင်းက ရှောင်ကျောင်းပင်။ သူမ၏ခင်ပွန်းနှင့် အလွန်မှ ရုပ်ချင်းဆင်လှသည့် ရွှီရှောင်ကျောင်းကို ကြည့်ရင်း သူမ၏မျက်ဝန်းများက နွေးထွေးလာကာ

“သမီး ပြောင်းလာမယ်ဆိုရင် နောက်ပိုင်းကျရင် အမေနဲ့အတူတူ ဒုက္ခခံရလိမ့်မယ်”

ရွှီရှောင်ကျောင်းသည် အခိုက်တန့် အံ့ဩသွားတော့သည်။ ဒါသည် ကူးပြောင်းလာပြီးနောက်ပိုင်း လူကြီးတစ်ယောက်ထံမှ တကယ့် အချစ်စစ်ကို ပထမဆုံး ခံစားမိခြင်းပင်။

“ရပါတယ်၊ သမီး ဒုက္ခခံရမှာ မကြောက်ပါဘူး၊ စိတ်မပူပါနဲ့၊ သမီးက သာမန်လူထုအဖွဲ့ဝင်တစ်ယောက် ဖြစ်နေရင်တောင် နောက်ပိုင်းကျရင် သမီးတို့ မိသားစုကို ကောင်းမွန်တဲ့ဘဝတစ်ခုဆီ ခေါ်သွားနိုင်ပါတယ်”

ချန်ဟောက်မေက ထိုစကားကို ကြားလိုက်ချိန်တွင် သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ကာ

“အဟက် ကောင်းမွန်တဲ့ဘဝဆိုပဲ၊ နင့်ကိုယ်နင်လည်း ပြန်ကြည့်အုံး၊ နင်က ဒုက္ခတွေကို ခံနိုင်ရည်ရှိတဲ့ပုံ ပေါက်နေလို့လား၊ နင်ကဖြင့် ဆန်ငါးမျိုးအကြောင်းလည်း မသိသလို နင့်ခြေလေးချောင်းနဲ့ ပင်ပင်ပန်းပန်း လုပ်ရမှာကိုလည်း မသိပါဘူး၊ တော်ပြီ၊ ငါ နင့်ကြောင့် စိတ်ရှုပ်မခံနိုင်ဘူး၊ ယန်ယန် အိမ်ထောင်စုစာရင်းစာအုပ် သွားယူပြီး ဌာနစာရေးကို ပြင်ခိုင်းလိုက်”

ဌာနခွဲစာရေးက အိမ်ထောင်စုစာရင်းစာအုပ်တွင် တံဆိပ်ထုပေးနေသည်ကို တွေ့လိုက်တော့ ချန်ဟောက်မေ၏ ချွေးမ ဝမ်မန်ချွန်းက စိတ်ပြန်လည်လာပြီး မျက်ရည်များကို သုတ်ပစ်ချင်ဟန် ဆောင်လိုက်ကာ

“ရှောင်ကျောင်း ငါတို့ကို အပြစ်မတင်ပါနဲ့နော်၊ ယန်ယန်က ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်လုံး ခါးသီးမှုဒဏ် ခံစားခဲ့ရပြီးပြီ၊ အမေက သူ့အတွက် ပြန်ဖြည့်ဆည်းပေးချင်တာပါ၊ နောက်ဆို နင်ဒီမှာ လယ်လုပ်ပြီး ကြိုးစားရင် အောင်မြင်လာပါလိမ့်မယ်”

ဒီမျက်စိစပါးမွှေးစူးဖို့ကောင်းတဲ့ ယောက်မငယ်လေးက တစ်နေ့မှာ မိသားစုထဲကနေ ထွက်သွားရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ ရုပ်ချောတော့ကော ဘာအသုံးဝင်လို့လဲ။ ယောက္ခထီးကြီးရဲ့ မျက်နှာလိုက်ခံရတော့ရော ဘာအသုံးဝင်လဲ။ နောက်ဆိုရင် သူက တစ်သက်လုံး အပင်စိုက်ရတော့မှာလေ။ ဒါက ကံတရားပဲ။ သူမက ဒါနဲ့ပဲ တန်တယ်။

ရွှီရှောင်ကျောင်းသည် သူမ၏အိမ်ထောင်စုစာရင်းစာအုပ်ပေါ်က ‘ရွှီရှောင်ကျောင်း’ဟူသည့် စာလုံးသုံးလုံးကို ကြည့်လိုက်ကာ ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်တော့သည်။ ဒီစာလုံးသုံးလုံးမှာ ရင်းနှီးတဲ့ ဓာတ်လေးတစ်ခု ဖြစ်နေလေသည်။ ရွှီယန်ယန်ကို ဝူချွန်းဟွားအိမ်က သူမ၏ပစ္စည်းများကို ထုပ်ပိုးဖို့ ပူညံပူညံ လုပ်နေသည်ကို တွေ့လိုက်ရသောအခါ ရွှီရှောင်ကျောင်းက အိမ်ထောင်စု စာရင်းစာအုပ်ကို ဝူချွန်းဟွားဆီ ပြန်ပေးလိုက်ပြီး

“အရင်ပြန်နှင့်နော်၊ သမီး ပစ္စည်းတွေသိမ်းဖို့ လူငယ်နေရာကို သွားရအုံးမယ်၊ ပြီးရင်တော့ အချိန်တိုအတွင်း ပြောင်းလာခဲ့မယ်”

ရွှီရှောင်ကျောင်းက သူမကို လျစ်လျူရှုထားသည်ကို တွေ့လိုက်သဖြင့် ဝမ်မန်ချွန်းသည် တစ်ခုခု ပြောချင်သွားသော်လည်း စုန့်ဝေဖျင်က ခြေတစ်လှမ်းတည်းနှင့် သူမကို ဘေးသို့ တွန်းထုတ်လိုက်ပြီး

“ငါ မင်းကို ကူပေးမယ်”

ရွှီရှောင်ကျောင်းက ပြုံးလိုက်ပြီး

“ကောင်းပြီ”

ဝမ်မန်ချွန်းမှာ ဒေါသကြောင့် ပွက်ပွက်ဆူနေတော့သည်။ စုန့်ဝေဖျင်၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် သူမက ဘာတစ်ခွန်းမှ မပြောရဲတော့ချေ။ သူမသည် ချန်ဟောက်မေနောက်မှသာ ရောယောင်ပြီး ဒေါသထွက်ပြနိုင်တော့သည်။

သို့သော် ကျောက်ရှောင်ဟိုင်ကတော့ လိုက်မသွားချေ။

သူတို့သုံးယောက်သည် ခြံထဲက ထွက်သွားလိုက်ကြသည်။ သူက ထွက်သွားတော့မည့် နှစ်ယောက်ကို လှမ်းတားလိုက်ပြီး

“ရှောင်ကျောင်း ငါတို့အဖေက ပြောခိုင်းလိုက်တယ်၊ နင် နစ်နာခဲ့ရပြီတဲ့”

သူက အိတ်ကပ်ထဲက ယွမ်၂၀ကို ထုတ်လိုက်ပြီး

“နင်လည်း အမေ့ဒေါသကို သိပါတယ်၊ အဖေက စကားတစ်ခွန်း ပြောတာနဲ့ သူက ဒေါသထွက်တော့မယ်၊ အဖေက ပြောတယ်၊ အခွင့်အရေးသာလာရင် နင့်အတွက် မြို့မှာ အလုပ်ပေးမယ်တဲ့၊ အခုလောလောဆယ်တော့ နင် နှစ်နည်းနည်းလောက် အနစ်နာခံရအုံးမယ်”

ရွှီရှောင်ကျောင်းက သက်ပြင်းချလိုက်၏။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မွေးစားအဖေက မူလခန္ဓာကိုယ်ပိုင်ရှင်ကို တကယ်ချစ်တာပဲ။ မူလခန္ဓာကိုယ်ပိုင်ရှင် သိမ်းထားတဲ့ ယွမ်၂၀ကလည်း သူ့အဖေ ပေးထားတဲ့ဟာပဲ ဖြစ်ရမယ်။ သနားစရာကောင်းတာက သူက မယားကြောက်တစ်ယောက်လေ။ မဟုတ်ရင် မူလခန္ဓာကိုယ်ပိုင်လည်းလည်း အဲလောက် သတ္တိကြောင်မှာ မဟုတ်ဘူး။

ဒါက အရေးမကြီးတော့ပါဘူး။ သူမသည် ငွေကို လုံးဝ လက်မခံလိုက်ပေ။

“နင်ပဲ ငွေကို သိမ်းထားလိုက်ပါ၊ ငါ မလိုချင်ဘူး၊ ငါ့ကို စိတ်မပူပါနဲ့၊ နင် ရွှီယန်ယန်ဘက်ကို သွားလို့ရပါတယ်၊ ပညာတတ်လူငယ်နေရာကို သွားဖို့ ငါနဲ့အဖော်လုပ်ပေးမဲ့ ကိုကိုဝေဖျင်ရှိရင် လုံလောက်ပါပြီ”

သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းသည့်အရိပ်အယောင် လုံးဝမရှိပေ။ စုန့်ဝေဖျင်သည် သူမ၏စိတ်ထဲတွင် ဖြစ်နေသည့်အရာများကို အနည်းငယ် မရေမရာဖြစ်သွားတော့သည်။ ထို့ကြောင့် သူက တစ်လမ်းလုံး နှုတ်ဆိတ်ရင်းသာ နေလိုက်တော့သည်။

ရွှီရှောင်ကျောင်းက သူ့ကို ကြည့်လိုက်ပြီး

“ဟဲ့ စုန့်ဝေဖျင် ငါ့အမေအရင်းနဲ့ နင့်မိသားစုက ထုတ်လုပ်ရေးအဖွဲ့တစ်ခုထဲလို့ ကြားတယ်၊ ငါတို့မိသားစုနှစ်ခုကလည်း အပြန်အလှန် ရင်းနှီးလာပြီ၊ ငါ အလုပ်သွားရင် နင် ငါ့ကို ကူညီပေးမှာလား”

စုန့်ဝေဖျင်သည် သူမက လူရှေ့တွင် အလွန်မှတရင်းတနှီးဖြင့် ‘ကိုကိုဝေဖျင်’ဟုခေါ်ပြီး ကွယ်ရာတွင် လွတ်လွတ်လပ်လပ် ‘စုန့်ဝေဖျင်’ဟု ဘယ်လိုများ ပြောင်းခေါ်နိုင်သည်ကို မသိတော့ချေ။

တော်တော်များများ စဥ်းစားလိုက်ပြီးနောက် သူမပြောသည့် အကြောင်းအရင်းတစ်ခုသာ ဖြစ်နိုင်တော့သည်။ - သူမက လက်မထပ်ချင်ဘူး။ အကာအကွယ်တစ်ခုပဲ လိုချင်တာတဲ့။

တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သူ့မှာလည်း လက်ထပ်ဖို့ အစီအစဥ်မရှိခဲ့ဘူး။ သူက အစကတော့ အဘွားဆုံးသွားတဲ့အထိ စောင့်ပြီး သူ့တစ်ဘဝလုံးကို သူ့ကိုယ်သူ နေသွားမယ်လို့ စဥ်းစားထားခဲ့တာ။ သူက အကြွေးတွေသယ်ထားရတာလေ။ သူ အကြွေးကြေဖို့ ဘယ်နှစ်နှစ်လောက် ကြာမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ မိသားစုတစ်ခုရဲ့ သမီးကို ဒုက္ခပေးဖို့ မလိုပါဘူး။

သူသာ အဲဒီနေ့က သူမနဲ့ အိပ်ရာတစ်ခုမှ နိုးမလာခဲ့ဘူးဆိုရင် သူ့စိတ်ထားလဲ နူးညံ့သွားပြီး သူမကို ကတိပေးခဲ့မှာမဟုတ်ဘူး။ ကောင်းပြီလေ။ ဟုတ်ပြီ။ ဒီလိုပဲ လုပ်တာပေါ့။

...

အပိုင်း (၄.၂)

“စုန့်ဝေဖျင် ရုတ်တရက်ကြီး ဘာလို့ အဲလောက်မြန်မြန်လျှောက်နေတာလဲ”

ရွှီရှောင်ကျောင်းက ခြေလှမ်းများကို အရှိန်တင်ထားသည့် ထိုယောက်ျားကို ကြည့်လိုက်၏။ သူမက သူ့အင်္ကျီကို လက်ဆန့်ကာ လှမ်းဆွဲလိုက်ပြီး

“နင် ဘာလို့ အရမ်းစိတ်ဆိုးနေတဲ့ပုံ ဖြစ်သွားတာလဲ၊ ကျစ်။ အရမ်းတွက်ကပ်တာပဲ၊ ငါ နင့်အကူအညီ မလိုတော့ဘူး၊ ရတယ်၊ ငါ့အလုပ်ကို ငါပဲ လုပ်ပါ့မယ်”

ဟွန့်။ သူ မလုပ်ချင်ဘူးဆိုရင်တောင် နောက်ပိုင်းကျရင် သူ့ကို လုပ်ခိုင်းဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီးရှိပြီးသား။

စုန့်ဝေဖျင်က ခဏရပ်လိုက်၏။ တနည်းနည်းဖြင့် စိတ်ရှုပ်သွားက သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ၏မူလ ခံစားချက်မဲ့သည့်မျက်နှာ ပြန်ဖြစ်သွားတော့သည်။

“ငါ နင့်ကို ကူညီမှာပါ”

အဲလိုမှပေါ့။

“ဒါဆို နင် ငါပြောတာကို သဘောတူသွားပြီပေါ့၊ နောက်ဆုံးရင် ငါ့ကို ပိုကောင်းကောင်း ဆက်ဆံနော်၊ ဘေးမှာ ဘယ်သူမှ မရှိတဲ့အချိန်ဆိုရင်တော့ နင် လုပ်ချင်တာ လုပ်လို့ရတယ်၊ လူရှေ့မှာတော့ နင် ကောင်းကောင်း ပြုမူရမယ်” ရွှီရှောင်ကျောင်းက အခွင့်အရေးကို အသုံးချပြီး တောင်းဆိုလိုက်တော့သည်။

“ကောင်းပြီ”

“ပြီးတော့ နင်က လက်တွဲပြီး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ငါကပဲ နင့်ရဲ့အရေးကြီးဆုံးလူ ဖြစ်ရမယ်၊ တခြားမိန်းကလေးတွေ လာဖွင့်ပြောခဲ့ရင် နင် ငြင်းရမယ်နော်၊ ဒါပေါ့၊ ငါလည်း အဲလိုပဲ လုပ်မှာ”

“ငါတို့နှစ်ယောက်က လက်ထပ်တော့မယ်၊ အခု ငါတို့တွေက နောက်ဆိုရင် ဆိုးအတူ ကောင်းဖက် ကံတရားတွေကို မျှဝေရမယ်၊ ငါက နင့်အတွက် အဘွားအပေါ် လိမ္မာသိတတ်ပေးမယ်၊ လူတွေရှေ့မှာဆိုရင် ငါက နင့်ရဲ့ဂရုစိုက်တတ်ပြီး လိမ္မာတဲ့ဇနီး ဖြစ်ပေးမယ်၊ ငွေရှာတာတွေ ငွေတွေကို ဝှက်ထားပြီး ငါ့ကို ပေးမသုံးတာတွေ အဲလိုကိစ္စတွေ မလုပ်ပါဘူးနော်”

“မင်း သုံးဖို့ ပေးမှာပါ”

အင်း။ အစ,တော့ ကောင်းသွားပြီ။ ရွှီရှောင်ကျောင်းက ကျေနပ်ကာ ခေါင်းညိတ်လိုက်ပြီး သူ့ကို လူကောင်းတံဆိပ် ကပ်ပေးလိုက်လေသည်။

“စုန့်ဝေဖျင် နင်က အရမ်းသဘောကောင်းတာပဲ”

အဆောင်ထဲက ပစ္စည်းများကို သိမ်းထုပ်ရင်း ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် လိုက်လာတာ ကောင်းသွားတယ်ဟု ခံစားမိတော့သည်။ ငါ့အဝတ်အစားတွေကလွဲရင် လုပ်ငန်းစဥ်တစ်ခုလုံးမှာ ဘာမှလုပ်စရာ မလိုလိုက်ဘူးလေ။ ငါက ပါးစပ်လေးကို လှုပ်ပြီး စုန့်ဝေဖျင်ကပဲ ငါ့အတွက် သန့်ရှင်းရေးလုပ်ပေးသွားတာ။

“ကျေးဇူးအများကြီးတင်တယ်နော်၊ မနက်ဖြန် ငါ့အိမ်လာခဲ့၊ ငါ နင့်ကို ထမင်းအဝကျွေးမယ်”

ရွှီရှောင်ကျောင်းက အိတ်ကြီးတစ်လုံးကို သယ်ထားသည့် စုန့်ဝေဖျင်ကို ကြည့်လိုက်ပြီး သူ့ကို ကျေးဇူးတင်စကားပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။

“မနက်ဖြန် မြို့တက်ဖို့ ငါ့ကို အဖော်လုပ်ပေးမဲ့ကိစ္စလေ၊ နင် မှတ်မိတယ်မလား၊ နင် မနက်ဖြန် အလုပ်သွားမှာလား”

စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး

“ဌာနခွဲစာရေးက ငါ့အတွက် ထောက်ခံပေးထားတယ်၊ နောက်ကျမှ ငါ ဌာနခွဲခေါင်းဆောင်နဲ့ စကားသွားပြောလိုက်ရုံပဲ”

အခုအချိန်က လယ်အလုပ်ပါးတဲ့အချိန်လေ။ ထုတ်လုပ်ရေးအဖွဲ့မှာ အလုပ်အများကြီး မရှိဘူး။ သူခွင့်တင်လိုက်လို့ အလုပ်ရမှတ် နည်းသွားတာပဲရှိမယ်။ ထုတ်လုပ်ရေးအဖွဲ့ဝင်တွေကတော့ မကျေမနပ် ဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ သူက အစကတည်းက အလုပ်ရမှတ်တွေကို မှီခိုခဲ့တာမှမဟုတ်တာ။ အလုပ်များတဲ့ လယ်စိုက်ရာသီကလွဲရင် သူက မကြာမကြာ ခွင့်ယူတတ်တယ်လေ။

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က မြို့တွင် အဆက်အသွယ်နည်းနည်းပါးပါး ရှိသည်ကို သတိရသွားလေသည်။

“နင် မြို့မှာ အသိတွေများလား”

စုန့်ဝေဖျင်က အသိအမှတ်ပြုကာ ဟင်းချလိုက်ပြီး

“ငါ မြို့က သယ်ယူပို့ဆောင်ရေးအဖွဲ့မှာ ယာယီအလုပ်သမားလုပ်တယ်၊ တစ်ခါတလေ သူတို့နဲ့အတူတူ မြို့ထဲမှာ ပစ္စည်းတွေပို့ပေးတယ်”

ရွှီရှောင်ကျောင်းက ထိုအကြောင်းကို မှတ်မိသွားသည်။ ဝတ္ထုထဲမှာ စုန့်ဝေဖျင်က မြောက်ပိုင်းနဲ့ တောင်ပိုင်း သယ်ယူပို့ဆောင်ရေးကို အားကိုးပြီး ပစ္စည်းတချို့ကို ပြန်ရောင်းပြီး ပထမဆုံးငွေရှာခဲ့တာပဲ။ ကြည့်ရတာ ရင်းမြစ်က ဒီကနေဖြစ်မယ်။

“ကောင်းတာပေါ့၊ သင့်တော်တဲ့အလုပ်ပဲ”

စုန့်ဝေဖျင်က သူ့နှုတ်ခမ်းများကို စူထားလိုက်ပြီး

“ငါ ငါနင့်ကို ကိစ္စတစ်ခု ဒုက္ခပေးစရာရှိတယ်”

အချိန်အကြာကြီး စောင့်နေလိုက်သော်လည်း သူ့ထံမှာ ဘာတစ်ခွန်းမှ မကြားရချေ။ ရွှီရှောင်ကျောင်းက သူ့ကို မေးလိုက်တော့သည်။

“ဟဲ့ နင် ဘာတွေ ရှက်နေတာလဲ၊ တစ်ခုခု ရှိတယ်ဆိုရင် ပြောလေ၊ ငါက နင့်ကို အားနာနေမှာ မဟုတ်ဘူးနော်၊ ဒီတော့ နင်လည်း ငါ့အပေါ် ယဥ်ကျေးမနေနဲ့”

စုန့်ဝေဖျင်က သူမကို လှည့်ကြည့်လိုက်ပြီး စ,ပြောလိုက်လေသည်။

“ငါ နင့်ဆီက စာအုပ်တချို့ ငှားချင်လို့”

စောစောက ပစ္စည်းများကို သိမ်းပေးရင် စုန့်ဝေဖျင်သည် သူမတွင် ပုံးတစ်ဝက် စာအုပ်တစ်ပုံးရှိပြီး သပ်သပ်ရပ်ရပ် ထောင်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် ပစ္စည်းများကို ချပေးစဥ်က စာပိုတတ်လျှင် အကျိုးအမြတ်ပိုများသည်ဟု လူများက မှတ်ချက် ပေးနေသည်ကို ကြားလိုက်ရသည်။ အပြင်လူများက အတွက်အချက်တွင် မြန်ဆန်ပြီး ဦးနှောက်ကောင်းကြသည်။ သူသည် စာအုပ်တချို့ကို ဖတ်ဖို့ ရှာဖွေနေခဲ့ရသည်။

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး

“ကောင်းပြီ၊ နင် လေ့လာချင်တာ ကောင်းတယ်လေ၊ အဲအကြောင်းပြောဖို့ အောက်ကျို့နေစရာ မလိုပါဘူး၊ နင်အခု ဘယ်အဆင့်ရောက်ပြီလဲ၊ နင် မူလတန်းအောင်ပြီးပြီလား”

စုန့်ဝေဖျင်က သူမကို လှမ်းကြည့်လိုက်ပြီး ခေါင်းပြန်လှည့်သွားကာ

“မအောင်သေးဘူး”

သူ့အဖေက အစောကြီးဆုံးသွားပြီး မိသားစုက ငွေမရှိဘူးလေ။ သူက ကျောင်းကို ရက်ပိုင်းလေးပဲ တက်ခဲ့ရတာ။

ရွှီရှောင်ကျောင်းသည် သည်ခေတ်၏ ပညာရေးအဆင့်ကို နည်းနည်းပါးပါး နားလည်လေသည်။ သေသေချာချာ ချင့်ချိန်စဥ်းစားလိုက်ပြီးနောက်

“အင်း၊ အရင်ဆုံး မူလတန်းကျောင်းပညာ နည်းနည်းပါးပါး လေ့လာကြတာပေါ့၊ တိုက်တိုက်ဆိုင်ဆိုင် ငါ မူလတန်းကျောင်း ပညာရေးသင်ရိုးစာအုပ် တချို့ ယူလာခဲ့တယ်၊ငါ နင့်ကို မနက်ဖြန် စာအုပ်တွေ ပေးမယ်နော်၊ နင် တစ်ခုခု နားမလည်တာရှိရင် ငါ့ကို လာရှာ၊ ငါ နင့်ကို ရှင်းပြပေးမယ်”

သူ့အပေါ် လှောင်ပြောင်ခြင်းလည်းမရှိသလို အထင်သေးခြင်းလည်း မရှိပေ။ စုန့်ဝေဖျင်က လက်ဆွဲအိတ်ကြိုးကို အားဖြင့် ညှစ်လိုက်ပြီး

“အင်း”

နှစ်ယောက်သားက ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြသည်။ ရွှီရှောင်ကျောင်းသည် စကားအများဆုံး ပြောခဲ့သော်လည်း စုန့်ဝေဖျင်ကတော့ စကားအများကြီး မပြောခဲ့ပေ။ နှစ်ယောက်ကြားက အနေအထားက ကောင်းနေသည်။ သူတို့သည် ဝူချွန်းဟွား၏အိမ်သို့ ရောက်လာချိန်တွင် ချန်ဟောက်မေနှင့် တခြားသူများက ပြန်သွားနှင့်ပြီးဖြစ်လေသည်။

ရွှီရှောင်ကျောင်းက ခေါင်းလေးကို ဆန့်ထုတ်လိုက်ပြီး သေးငယ်သော်လည်း သန့်ရှင်းသည့် မြေသားအိမ်သုံးလုံးကို ကြည့်လိုက်၏။ ဖွဲ့စည်းပုံက စုန့်ဝေဖျင်၏ အိမ်နှင့် ဆင်တူသည်။ ဘာမှမရှိဘဲ တံတိုင်းများသာ ရှိလေသည်။ ရွှီယန်ယန်က မနက်ဖြန်ကို မည်မျှပင် မစောင့်နိုင်သည့်ပုံကို စိတ်ကူးကြည့်နိုင်သည်။

ဝူချွန်းဟွားက အားတောင့်အားနာနှင့် တံခါးနားတွင် ရပ်နေလိုက်ပြီး

“ကောင်လေးဖျင် ရှောင်ကျောင်းကို ဒီကို လာပို့ခိုင်းရလို့ အလုပ်များသွားပါပြီ၊ ဝင်လာပြီး ရေသောက်ပါအုံး”

စုန့်ဝေဖျင်က အိတ်ကို အနောက်ဘက်အခန်းတွင် ထားပေးလိုက်သည်။ အခန်းက အနည်းငယ် ရှုပ်ပွလို့နေသည်။ မူလက ယန်ယန်၏နေရာထိုင်ခင်းမှာ သိနိုင်လေသည်။ သူက ထရပ်လိုက်ပြီး ပြန်ဖြေလိုက်၏။

“အဒေါ်ဝူ ကျွန်တော် ရေမဆာပါဘူး၊ ကျွန်တော် အလုပ်သွားရအုံးမယ်၊ အရင်ဆုံး သွားနှင့်မယ်နော်”

သူက ရွှီရှောင်ကျောင်းကို ကြည့်လိုက်ပြီး

“ငါ မင်းကို မနက်ဖြန်လာခေါ်မယ်”

သူက နှစ်လှမ်း သုံးလှမ်းလောက်နှင့် အပြင်ရောက်သွားတော့သည်။

သည်နေရာက နောက်ဆိုလျှင် ရွှီရှောင်ကျောင်း၏ အိပ်ပြီး အနားယူရမည့် နေရာဖြစ်ကြောင်းကို စဥ်းစားမိလိုက်ပြီး ဆက်နေလျှင် မသင့်တော်မှန်း ခံစားမိလိုက်သည်။

“ဟဲ့ ခဏလေး”

ရွှီရှောင်ကျောင်းက သူ့ကို လှမ်းတားလိုက်ပြီး သူမ သယ်ထားသည့် ကျောပိုးအိတ်ထဲက နို့ချိုချဥ်နှစ်လုံးကို ထုတ်လိုက်ကာ

“ရော့၊ နင့်အတွက်”

...

အပိုင်း (၅) မြို့တက်မယ်

စုန့်ဝေဖျင် ထွက်သွားသည်ကို စောင့်ကြည့်ပေးလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက ပြန်လှည့်လာရာ ဝူချွန်းဟွား ခုတင်ဘေးတွင် ထိုင်ရင်း မျက်ရည်သုတ်နေသည်ကို တွေ့လိုက်လေသည်။

“ဘာလို့ ငိုနေတာလဲ”

ရွှီရှောင်ကျောင်းက ရှေ့သို့ လှမ်းလာပြီး သူမ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။

ဝူချွန်းဟွားသည် သည်နှစ်များတွင် ရွှီယန်ယန်က မိသားစု၏ ဆင်းရဲမွဲနေမှုကို မကြာခဏဆိုသလို အထင်သေးခဲ့ပြီး သူမ၏မိဘများက ကေဒါများ ဖြစ်နေသည်ကို သိလိုက်ရချိန်တွင် အလွန်ပျော်ရွှင်နေသည့်ပုံကို ပြန်အမှတ်ရသွားလေသည်။ ဒီရက်ပိုင်းမှာ ရွှီယန်ယန်က သူမကို ပတ်ပြီး အမိန့်ပေးနေတတ်တယ်။ တစ်ခါကဆို သူမက သားဖြစ်သူကို ရိုက်ခဲ့သေးတယ်။ ရှောင်ကျောင်းက မြို့မှာ ကြီးလာတာလေ။ ရှောင်ကျောင်းက ဒီမိသားစုကို ဘယ်လောက်တောင် ပိုပြီး မုန်းနေလိမ့်မလဲ။

“ဒါတွေအားလုံးက ကျွန်မ အသုံးမကျလို့ပါ၊ အခုအချိန်ကစပြီး သမီးက ကျွန်မနဲ့ ဒုက္ခခံရတော့မယ်”

ရွှီရှောင်ကျောင်းက သူမကို အမေဟု မခေါ်သည့်အတွက် သူမကလည်း ကိုယ့်ဟာကို အမေဟုပင် မခေါ်ရဲချေ။

ရွှီရှောင်ကျောင်းက သက်ပြင်းချလိုက်ပြီး

“မငိုပါနဲ့၊ နောက်ဆိုရင် သမီးက ကောင်းမွန်တဲ့ဘဝတစ်ခုမှာ ထားမှာပါ”

စုန့်ဝေဖျင် ရှိနေတာပဲမလား။ ရေရှည်ထမင်းစားလက်မှတ်သာ ရှိနေရင် နောက်ဆို ဘဝကြီး ပိုကောင်းပြီးရင် ကောင်းလာမှာ သေချာတယ်လေ။

ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွားကို ‘အမေ’ဟု မခေါ်သေးသော်လည်း သူမက ဂရုမစိုက်ဘဲ မနေနိုင်ပေ။ သူမက နောက်ထပ် နို့ချိုချဥ်ကို ထုတ်လိုက်ပြီး အခွံခွာကာ ဝူချွန်းဟွား၏ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး

“ချိုချဥ်ပါ၊ စားကြည့်၊ အရသာရှိတယ်”

နို့၏ ချိုမြမြမွှေးရနံ့က သူမပါးစပ်ထဲတွင် ပေါက်ထွက်သွားလေသည်။ ဝူချွန်းဟွားသည် အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ထို့နောက် သူမက မြန်မြန် ပြန်ထွေးထုတ်လိုက်ချင်ပြီး

“မစားချင်ပါဘူး၊ ရှောင်ကျောင်း၊ သမီး စားပါ”

ဒါက အဖိုးတန်ပစ္စည်းပဲ။ သူမခင်ပွန်း အသက်ရှိစဥ်က သူတို့မိသားစုမှာ တစ်နှစ်ကို နှစ်သစ်ကူးတစ်ခါပဲ စားရတာလေ။ အဲဒီကတည်းက သူမ ချိုချဥ်ဆိုတာကို လုံးဝ ထပ်ပြီး အရသာမခံခဲ့ဖူးတော့တာ။

ရွှီရှောင်ကျောင်းက သူမ၏လက်ကို တားလိုက်ပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားတော့သည်။

“ဒါက အဒေါ် စားဖို့ပါ၊ ဘာလို့ ထွေးထုတ်မှာလဲ၊ သမီး ပြောမယ်၊ ဒီနေ့ကစပြီး အဒေါ့်ဘဝက ဒီချိုချဥ်လေးလို ဖြစ်လာလိမ့်မယ်၊ ပိုပိုပြီး ချိုလာမှာ”

မိသားစုထဲတွင် နာမည်အကြီးဆုံး နှုတ်ချိုသည့်ဘုရင် ဖြစ်သည်နှင့်အညီ လူများကို ချော့မော့တတ်သည့် ရွှီရှောင်ကျောင်း၏အရည်အချင်းက ထိပ်တန်းအဆင့်ပင်။ ကြည့်လေ။ ဝူချွန်းဟွားက စကားတစ်ခွန်းထဲနဲ့ အပြုံးတစ်ခု ထွက်လာတော့တယ်။

“သမီးရယ်၊ မိသားစုကို ဆင်းရဲလို့ အထင်မသေးတာကိုပဲ ကျေးဇူးတင်ပါတယ်”

အထင်သေးတာ မသေးတာ မရှိပါဘူး။ ဒီလိုရာစုနဲ့ တောရွာမှာ ချမ်းသာတဲ့မိသားစုတစ်ခုကတောင် အတိုင်းအတာတစ်ခုအထိပဲ ရောက်နိုင်တာလေ။ ရွှီရှောင်ကျောင်းအတွက်တော့ ဒါက ဘာမှမကွာပါဘူး။

ဝူချွန်းဟွားက ရွှီရှောင်ကျောင်း၏ ပစ္စည်းများကို သိမ်းပေးဖို့ ကိုယ်ကို ညွှတ်လိုက်လေသည်။ ရွှီရှောင်ကျောင်းသည် တံခါးနားတွင် ပြူထွက်လာသည့် ခေါင်းသေးသေးလေးကို သည်အတိုင်း မြင်တွေ့သွားတော့သည်။

“ဒါက သမီးရဲ့ မောင်လေးပေါ့လေ ဟုတ်လား”

ရွှီရှောင်ကျောင်းက သူ့ကို လက်ယမ်းပြလိုက်ပြီး

“ဒီလိုလာပါအုံး”

ဝူချွန်းဟွားက မြန်မြန်ထရပ်လိုက်ပြီး လှမ်းကြည့်လိုက်ရာ သားဖြစ်သူက လာဖို့ ကြောက်ရွံ့နေသည်ကို တွေ့လိုက်ရလေသည်။ ရှောင်ကျောင်းခုနက ပြောလိုက်သည့် စကားများကို စဥ်းစားလိုက်ပြီး သူမသည် ယန်ယန်လို မဟုတ်မှန်း သိလိုက်လေသည်။ သူမက ပြုံးပြလိုက်ပြီး

“ဟုတ်တယ်၊ ဒါက သမီးရဲ့မောင်လေး ရှောင်ကန်းတဲ့၊ သူက ဒီနှစ်ဆို ၁၁နှစ်ရှိပြီ၊ ရှောင်ကန်း လာပြီး မမလို့ ခေါ်လိုက်”

ရွှီရှောင်ကန်းက သူ့ရှေ့တွင် ပြုံးနေသည့် ရွှီရှောင်ကျောင်းကို ကြည့်လိုက်၏။ လက်သီးများကို ဆုပ်ထားပြီး ခေါင်းငုံ့ကာ ခေါ်လိုက်လေသည်။

“မမ”

ရွှီရှောင်ကျောင်းက စိတ်ထဲမထားချေ။ ၁၁နှစ်အရွယ်ကလေးက ၁၀နှစ်အရွယ်ထက်တောင် ငယ်နေတဲ့ပုံ ပေါက်နေတယ်။ သူက အရပ်မပုပါဘူး။ ဒါပေမဲ့ သူက ပိန်လိုက်တာမှ ဝါးလုံးတစ်ခုလိုပဲ။ ဒီသူစိမ်းအစ်မကို ခပ်တန်းတန်း ဖြစ်နေတာလည်း အရမ်းမလွန်ပါဘူး။

သူမသည် အိတ်ထဲတွင် ကျန်နေသည့် ချိုချဥ် ၅လုံး ၆လုံးကို ထုတ်လိုက်ပြီး

“ဝေ့ ရှောင်ကန်း ငါ နင့်ကို ချိုချဥ်ပေးမယ်၊ ဒီနေ့ ငါ မပြင်ဆင်လာခဲ့ရလို့၊ မမက မနက်ဖြန်ကျရင် နင့်ကို အရသာရှိတာတွေ ကျွေးမယ်နော်”

အဖြူရောင်သကြားစာရွက်နှင့် ထုပ်ထားသည့် ချိုချဥ်၆လုံးကို ရွှီရှောင်ကျောင်း၏ လက်ဖဝါး ဖြူဖြူလေးထဲတွင် ကိုင်ထားကာ ရွှီရှောင်ကန်း၏မျက်လုံးရှေ့တွင် ပြလိုက်လေသည်။ ထိုအရာကြောင့် သူသည် မျက်လုံးများထဲတွင် မယုံကြည်မှုများနှင့် အံ့ဩတကြီး မော့ကြည့်လိုက်တော့သည်။

ဝူချွန်းဟွားလည်း မှင်တက်အံ့ဩသွားလေသည်။ သူမက ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီး ချိုချဥ်ကိုင်ထားသည့် ရွှီရှောင်ကျောင်း၏ လက်ကို ကိုင်လိုက်ကာ

“ရှောင်ကျောင်း သမီးစားပါ၊ သမီးအတွက်ပဲ သိမ်းထားလိုက်၊ ရှောင်ကန်းက မစားဘူး”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ရတော့ အော်ရယ်မိတော့သည်။ ချိုချဥ်က ဒီနေ့လို ခေတ်အခါမျိုးတွင် အဖိုးတန်ပစ္စည်းဖြစ်ကြောင်း သူမ သိလေသည်။ သို့သော် ဝူချွန်းဟွားက အနည်းငယ် ဟန်အမူအရာပိုလုပ်နေသည်။

“သမီး ဒါကို စားရတာ မကြိုက်ပါဘူး၊ အများကြီး ကျန်တာလည်း မဟုတ်ဘူး၊ ဒါကိုပဲ ရှောင်ကန်းကို ပေးလိုက်၊ ရှောင်ကန်း ဟဲ့ ဒါကို ယူလိုက်၊ မမက ငွေရှာနိုင်တဲ့အချိန်ကျရင် ထပ်ပြီး ဝယ်ကျွေးမယ်နော်”

ရွှီရှောင်ကန်းအဖို့ သည်လိုအခြေအနေမျိုးနှင့် တွေ့ကြုံရသည်က ပထမဆုံးအကြိမ်ဖြစ်နေသယောင်။ ရွှီရှောင်ကျောင်းသည် သူက ချိုချဥ်ကို လိုချင်နေသည်ကို သိသိသာသာ ခံစားမိနေသည်။ သို့သော် သူက လက်ချောင်းများကို မ,လိုက်ပြီးနောက် ပြန်ချထားလိုက်တော့သည်။ သူက ချိုချဥ်ကို ယူမည်မဟုတ်ပေ။ ထို့ကြောင့် သူမက ထပ်ပြောလိုက်တော့သည်။

“ယူထားလိုက်၊ မမတို့က အခုချိန်ကစပြီး တစ်မိသားစုထဲပဲ၊ ယဥ်ကျေးနေစရာမလိုပါဘူး”

ထိုစကားကို ကြားလိုက်ချိန်တွင် ဝူချွန်းဟွား၏မျက်လုံးများက ပူလာလေသည်။

“လိမ္မာလိုက်တဲ့ကလေး၊ သားအစ်မက သားကို ယူဖို့ပြောနေတယ်လေ၊ ဒီတော့ ဒီအတိုင်းယူလိုက်ပါ”

သူမက ကျလာသည့်မျက်ရည်များကို ပြန်သိမ်းထားလိုက်ပြီး သမီးဖြစ်သူ၏ပစ္စည်းများကို သိမ်းပေးဖို့ ပြန်လှည့်သွားလိုက်လေသည်။ သူမ၏ရင်ထဲက နွေးထွေးမှုက သူမကို ပျော်ရွှင်မှုအသစ်တစ်ခု ခံစားရစေတော့သည်။

ရွှီယန်ယန် အိမ်တွင် ရှိချိန်က သူမသည် ပစ္စည်းကောင်းအားလုံးကို လုယူသွားတတ်ပြီး သူမ၏ မောင်ဖြစ်သူအတွက် ဘယ်တုန်းကမှ မချန်ပေးတတ်သည်ကို သတိရသွားလေသည်။ တခါတရံ သူမသည် မြင်ကွင်းကို သည်းမခံနိုင်ပေ။ သူမ ပါးစပ်မဟနိုင်ခင်မှာပင် ယန်ယန်က သူမကို အရည်အချင်းမရှိ၊ ငွေမရှာနိုင်၊ အရသာရှိသည့်အစားအသောက် မဝယ်ပေးနိုင်ဘဲ သူမကို ခါးသီးသည့်ဘဝ ခံစားခိုင်းသည်ဟု ပြစ်တင်ပြောဆိုတော့သည်။

သည်အိမ်တွင် ရှောင်ကျောင်း အခုလုပ်နေသည့် အရာဖြစ်သည့် မောင်လေးကို ပစ္စည်းများပေးခြင်းက အရင်က တစ်ခါမှ မရှိခဲ့ဖူးချေ။

ရွှီရှောင်ကန်းသည် သူ့လက်ထဲတွင် ချိုချဥ်များကို ကိုင်ထားသည်။ သူက ရွှီရှောင်ကျောင်းကို ဆက်တိုက်ကြည့်နေပြီး သူမက သူ့အစ်မအဟောင်းနဲ့ မတူဘူးဟု စိတ်ထဲတွင် ကျိတ်ပြီး စဥ်းစားနေလေသည်။

ရွှီရှောင်ကျောင်းသည် သူမ၏ပစ္စည်းများကို သိမ်းဆည်းနေရင်း သူက အကြိမ်ကြိမ် လှမ်းလှမ်းကြည့်နေသည်ကို သတိထားမိလိုက်လေသည်။ သို့သော် သူမက ဘာမှ မပြောလိုက်ပေ။ စိတ်ထဲတွင်တော့ သည်ကလေးက သူ့အမေကို အမှန်တကယ်ချစ်တာပဲဟု မှတ်ချက်ပေးမိလေသည်။ သူတို့နှစ်ယောက်လုံးက အလွန်တူသည့် အကျင့်စရိုက်ရှိသည်။ စကားလုံးတိုင်းကို စိတ်ထဲတွင် သိမ်းထားပြီး တစ်ခွန်းမှ ထုတ်မပြောတတ်ပေ။ သည်အကျင့်က အလွယ်တကူ အနိုင်ကျင့်လို့ရဟန် တူနေတော့သည်။

သူမက ရွှီရှောင်ကန်းကို လက်ယက်ခေါ်လိုက်၏။ သည်တစ်ကြိမ်တွင် ကလေးက နာနာခံခံ ရောက်လာပြီး လေးတိလေးကန်ဖြင့် ခေါ်လိုက်လေသည်။

“မမ”

ရွှီရှောင်ကျောင်းက သူ့လက်ထဲမှ ချိုချဥ်တစ်လုံးကို ထုတ်လိုက်ပြီး အခွံခွာပေးလိုက်ကာ သူ့ကို ပါးစပ်ဟခိုင်းလိုက်လေသည်။ ဖြူဖွေးနူးညံ့သည့် ချိုချဥ်လေးတစ်လုံးက သူ့ပါးစပ်ထဲ ဝင်တော့သည်။

“အ လိုက်တဲ့မောင်ငယ်လေ၊ စားလိုက်၊ နင် ငါ့ကို ဘာလို့ ကြည့်နေတာလဲ”

သားအမိနှစ်ယောက်လုံး၏ တုံ့ပြန်ပုံက တစ်ထပ်တည်းဖြစ်နေ၏။ ရွှီရှောင်ကန်း၏မျက်လုံးများသည် ဝိုင်းစက်ွားပြီး ဝူချွန်းဟွား၏ ဘေးသို့ ပြေးသွားကာ တီးတိုးပြောလိုက်လေသည်။

“အမေ သူ သားကို ချိချဥ်ကျွေးတယ်”

ဝူချွန်းဟွားသည် စိတ်အေးသွားလေသည်။ သားဖြစ်သူ၏ တုံးအအ စကားသံကို ကြားလိုက်ရချိန်တွင် သူမသည် ဆုံးမစကား ပြောလိုက်တော့သည်။

“အဲဒါ အစ်မလေ၊ သားရဲ့အစ်မက သားကို ချိုချဥ်ကျွေးတယ်ဆိုရင် စားရမှာပေါ့၊ သူ ခုနက အမေ့ကိုလည်း တစ်လုံးကျွေးသေးတယ်၊ အဲမှာပဲ အရူးလို ရပ်မနေနဲ့၊ ချိုချဥ်တွေကို သေသေချာချာ သိမ်းထား၊ မြေကြီးကို ကြမ်းပြင်ကို ရေဖြန်းပြီး သားအစ်မအတွက် ကြမ်းတိုက်ပေးလိုက်အုံး”

ရွှီရှောင်ကန်းသည် သူ့ပါးစပ်ထဲတါင် အိစက်နေသည့်ချိုချဥ်ကို ငုံထားပြီး မျက်လုံးများကို ဝမ်းသာအားရ ကျုံ့ထားလိုက်လေသည်။ သူက ခေါင်းငုံ့ကာ သူ့လက်ဖဝါးထဲက ချိုချဥ်များကို ရေတွက်လိုက်သည်။ ၅လုံးကျန်သေးသည်။ သူက ချိုချဥ်များကို ဂရုတစိုက် အိတ်ကပ်ထဲ ထည့်လိုက်ပြီး လှည့်ထွက်သွားကာ စတင် ရေဖြနးပေးပြီး ကြမ်းတိုက်လေတော့သည်။

ထိုအခါမှ ဝူချွန်းဟွားက ခေါင်းမော့ကာ ရွှီရှောင်ကျောင်းကို ပြောလိုက်လေသည်။

“သမီး ကိစ္စတစ်ခုခုရှိရင် မောင်လေးကို ခိုင်းလိုက်နော်၊ ပိန်တယ်ဆိုပြီး သူ့ကို အထင်မသေးနဲ့၊ သူက လုပ်နိုင်တယ်၊ သူက အလုပ်မှာ တစ်နေ့ အလုပ်ရမှတ် ၃-၄မှတ်လောက် ရှာနိုင်တယ်”

ရွှီရှောင်ကျောင်းသည် ထိုစကားကို မကြားရက်တော့ပေ။ အမျိုးသားအလုပ်သမားက တစ်နေ့ကို ၁၀မှတ်ရပြီး အမျိုးသမီးလုပ်သားက ၈မှတ်ရတယ်။ ရွှီရှောင်ကန်းက အခုမှ ဆယ်ကျော်သက်လေးပဲ ရှိသေးတယ်။ သူက ကျောင်းသွားပြီးကစားနေရမဲ့အချိန်ပဲ။ ဒါပေမဲ့ သူ့က သူ့ဝေစုအတွက် ရှာနေရပြီ။ ကြီးထွားနေတဲ့ကာလမှာ သူ့ကိုယ်သူ အလွန်အကျွံခိုင်းနေတာမလို့ စာအုပ်ထဲမှာလို အဆုံးသတ်သွားတာပေါ့။ နောက်ပိုင်းအဆင့်မှာ ကျန်းမာရေးချို့တဲ့ပြီး ဆေးထိုး ဆေးသောက်ဖို့ လိုအပ်လာခဲ့တာပဲ။

“အလုပ်က အရမ်းပင်ပန်းပါတယ်၊ နောက်ဆို အလုပ်ကို လျှော့သွားနော်၊ နောက်ဆိုရင် သမီး ကူညီပေးနိုင်ပါတယ်၊ ရှောင်ကန်းလည်း အိမ်မှာပဲ အိမ်အလုပ်တွေ နည်းနည်းပါးပါး လုပ်လို့ရတယ်၊ သူကျောင်းမတက်ရသေးဘူးလေ၊ ငွေရှာပြီးရင် အရင်ဆုံး သူ့ကို ကျောင်းပို့ရတယ်”

၁၁နှစ်။ ကျောင်းသွားဖို့တောင် နည်းနည်း နောက်ကျနေပြီလေ။ ဒါပေမဲ့ ဒီခေတ်မှာ ဆယ်ကျော်သက်ရွယ်မှာ ပထမတန်းပဲ တက်နိုင်တဲ့ ကလေးတွေအများကြီးပဲ။ သူတို့တွေသာ မြန်မြန် စာတတ်သွားရင် အတန်းကျော်ပြီး အမှီလိုက်လို့ရပါတယ်။

ပြီးတော့ အိမ်မှာလည်း လုပ်စရာတွေအများကြီးပဲ။ ချက်ပြုတ်တာကို စုန့်ဝေဖျင် တစ်ယောက်ထဲကိုပဲ လွှဲထားလို့ မရဘူးလေ။ ရွှီရှောင်ကျောင်းသည် အလုပ်များနေသည့် ပျားကလေး ရွှီရှောင်ကန်းကို အပြုံးမျက်လုံးများနှင့် ကြားလိုက်လေသည်။ ဒီကလေးကို ကောင်းကောင်း လေ့ကျင့်ပေးပြီးသွားတာနဲ့ သူလည်း စားဖိုမှူးကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။

သူမကတော့လား။ မလိုအပ်ရင်း ပါးစပ်ပဲ လှုပ်နေတာ ပိုကောင်းတယ်လေ။

ဟုတ်ပါသည်။ စုန့်ဝေဖျင်နှင့် အပြင်ထွက်လျှင်တော့ ရွှီရှောင်ကျောင်းသည် သူမ၏ လက်မလှုပ်ဘဲ ပါးစပ်လှုပ်ရှားခြင်း စည်းမျဥ်းကို အမြင့်ဆုံးတင်ထားပြီး သူ့ကို ကျင့်သားရသွားအောင် လုပ်ပေးရလိမ့်မည်။

အပြင်ထွက်လာသည်နှင့် ချက်ချင်း ရွှီရှောင်ကျောင်းသည် အဝတ်အိတ်နှင့် ကျောပိုးအိတ်ငယ်လေးကို စုန့်ဝေဖျင်အား လှမ်းပေးလိုက်ကာ

“ယူထားလိုက်”

စုန့်ဝေဖျင်က မငြင်းလိုက်ဘဲ နှုတ်ဆိတ်ကာ ယူထားလိုက်လေသည်။

မည့်သည့်အသက်အရွယ်တွင်ဖြစ်စေ စျေးဝယ်ထွက်ခြင်းက လူများကို စိတ်ပျော်ရွှင်စေသည်။ ရွှီရှောင်ကျောင်းသည် ရင်ဘတ်ပေါ်က ကျစ်ဆံမြီးနှစ်ချောင်းကို ကိုင်ထားလိုက်သည်။ သူမသည် ဖန်တရာ တေနေပြီး ဟောင်းနွမ်းသည့် ဖက်ရှင်ဖြစ်ပြီး သူမစိတ်ထဲတွင်တော့ အတိုင်းအတာတစ်ခုအထိ လှပနေဆဲ ဖြစ်သည်ဟု ခံစားမိလေသည်။ သူမသည် စုန့်ဝေဖျင်ကို ပစ္စည်းကောင်းများအကြောင်း ပြောလျှင် ကပ်စေးမနဲပေ။

“ငါ ဒီနေ့ နင့်ကို ဒုက္ခပေးရမှာပဲ၊ နောက်ကျရင် ငါ့ကိုချက်ပြုတ်ကူဖို့ ငါ့အိမ်လာခဲ့နော်၊ ငါ နင်နဲ့အဘွားကို ညစာကျွေးမယ်၊ ဟုတ်ပြီလား”

စုန့်ဝေဖျင်က သူမက လှမ်းကြည့်လိုက်ပြီး

“မင်းအတွက် ချက်ပေးရမှာလား”

သူသည် မနေ့မနက်က သူမ အဘွားအတွက် ချက်ပေးသည့် တနပ်စာကို မှတ်နေသေးသည်။

ရွှီရှောင်ကျောင်းကတော့ စိတ်ထဲတွင် ဘာဝန်လေးခြင်းမှ မရှိပေ။

“ဘာလဲ၊ မလုပ်ချင်ဘူးလား၊ ငါက နင့်ကို လုပ်နည်း ပြောနေရတာနဲ့ကို အရမ်းပင်ပန်းနေပြီ၊ စိတ်အလုပ်က ကာယအလုပ်ထပ် ပိုပြီး ပင်ပန်းတယ်နော်၊ နင် အခုပဲ ပြောခဲ့တယ်လေ၊ ငါနဲ့ လက်တွဲချင်တယ်ဆို၊ အခုကျတော့ မလုပ်ချင်တော့ဘူးလား”

သူက မျက်လုံးများကို မသိမသာ ကျဥ်းမြောင်းထားလိုက်ပြီး စုန့်ဝေဖျင်ကို ကြည့်လိုက်လေသည်။ စုန့်ဝေဖျင်က လူကြီးလူကောင်းဆန်သည့် အပြုအမူမျိုး နည်းနည်းလေးမှ မရှိခဲ့လျှင် သူသည် သည်ပေါင်ကြီးကို ဖက်ထားမိသည်ဆိုလျှင်တောင် ဘာအကျိုးအမြတ်မှ ရလိမ့်မည်မထင်ပေ။

“ဆန္ဒရှိပါတယ်၊ ငါ လုပ်ပေးမယ်”

ထိုအခါမှ ရွှီရှောင်ကျောင်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်တော့သည်။ လမ်းတစ်ဖက်က လူတစ်ယောက်က သူမကို ဘယ်သွားမှာလဲဟု မေးလာသည်။ သူမက တစ်ဖက်လူကို ပွင့်ပွင့်လင်းလင်းပဲ နှုတ်ဆက်လိုက်၏။

“အဒေါ် ကိုကိုဝေဖျင်က သမီးကို အဖော်လုပ်ပြီး မြို့မှာ စျေးဝယ်ပေးတာလေ”

သူမက သဘာဝကျကျ စုန့်ဝေဖျင်နားသို့ ခြေတစ်လှမ်းတိုးသွားလိုက်သည်။ သူတို့နှစ်ယောက်သည် အလွန်ရင်းနှီးနေပြီး သူတို့၏ဆက်ဆံရေးက ထူးခြားနေပုံပေါ်နေသည်။

ဆန့်ကျင်ဘက်အားဖြင့် ထိုအဒေါ်သည် ရွှီရှောင်ကျောင်း ပြန်ဖြေလာပုံကို ကြည့်ပြီး အနည်းငယ် သတိဝင်သွားကာ ‘အေးပါ’ ဟု ခြောက်ကပ်ကပ် ပြောလိုက်ပြီးနောက် မြန်မြန် ထွက်သွားတော့သည်။

ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်၏။ သူသည် နေ့တိုင်း တခြားသူများကို မျောက်လို ဆက်ဆံနေတတ်ပြီး နေရာတိုင်းတွင် အတင်းပြောတတ်သူများကို စိတ်အပျက်ဆုံးဖြစ်လေသည်။

ဒီလိုဆိုတော့လည်း သူမက ပွင့်ပွင့်းလင်းလင်း လုပ်ပြရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ငါက ကြောင်တောင်တောင် နိုင်တယ်လို့ မထင်သ၍ အရှက်ရမဲ့သူက တခြားသူတွေပဲ ဖြစ်လိမ့်မယ်။

ရွှီရှောင်ကျောင်းသည် သူမ၏လက်က စုန့်ဝေဖျင်ကို ထိထားသည်ကို ခံမိလိုက်ပြီး ခြေတစ်လှမ်း ခွာလိုက်ကာ သူ့ကို ပြန်လှည့်ကြည့်လိုက်ပြီး

“ဝေး စုန့်ဝေဖျင် လူရှေ့မှာ ငါ နင့်အပေါ် ဘယ်လောက်နွေးထွေးလဲ တွေ့တယ်နော်၊ အဒေါ်ပြန်သွားမှာ သေချာတယ်၊ ငါတို့နှစ်ယောက် အတွဲဖြစ်သွားတဲ့ကိစ္စက တစ်ရက်အတွင်း အတည်ဖြစ်သွားပြီး တစ်ရွာလုံးကလည်း ဒီအကြောင်း သိသွားလိမ့်မယ်၊ ဒီတော့ နင် ငါ့အပေါ် ပိုပြီး နွေးထွေးသင့်တယ်နော်”

စုန့်ဝေဖျင် ချမ်းသာလာတာနဲ့ ငါက သူ့အပေါ် တော်ရုံတောင် မကောင်းခဲ့ဘူးလို့ အားလုံးက ထင်လာနိုင်တယ်။ ဒါပေမဲ့ အခုတော့ ငါက ရွာရဲ့ပန်းကလေးဆိုတဲ့ ဘွဲ့ရှိသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် အခု ငါကဘာနာမည်ကောင်းမှ မရှိတဲ့ လူမွဲ စုန့်ဝေဖျင်ကို လက်ထပ်ပြီး ကောက်ရိုးတိုလေးကို ဆွဲထားတယ်ပေါ့လေ။

စုန့်ဝေဖျင်က နှုတ်ဆိတ်ရင်းသာ နေနေသည်ကို တွေ့လိုက်ရသည်တွင် ရွှီရှောင်ကျောင်းသည် မိန်းမတို့၏ အသေးအဖွဲကိစ္စများကို ဖြေရှင်းရသည်နှင့် ပတ်သက်လာလျှင် သူသည် စိတ်မရှည်တတ်သူဟု ယူဆမိလေသည်။

“ထားလိုက်ပါ၊ နင်က စကားအများကြီး မပြောတာ ငါ နားလည်ပါတယ်၊ အပြောကောင်းတာထက် အလုပ်ကောင်းကောင်း လုပ်တာက ပိုကောင်းပါတယ်၊ နင် ကောင်းကောင်းလုပ်နေသ၍ အဆင်ပြေတယ်”

မြို့က သိပ်မဝေးချေ။ ၂ကီလိုမီတာသာ ဝေးလေသည်။ လမ်းလျှောက်သွားလျှင် မိနစ်၃၀သာကြာသည်။ အလှအပကို ကြွားလုံးထုတ်ရသည်ကို အကျင့်ပါနေသည့် ရွှီရှောင်ကျောင်းအတွက်တော့ အလွန်ဝေးလွန်းလှသည်။

“ယာဥ်လေးတစ်စီးလောက်ရှိရင် ပိုကောင်းမှာပဲ” ကားနဲ့သာဆိုရင် တစ်မိနစ် ၊ နှစ်မိနစ်ခရီးလေးပဲ။ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းလိုက်သလဲ။

စုန့်ဝေဖျင်သည် သူမ၏ နှာခေါင်းဖျားက ချွေးပါးပါးလေးကို တွေ့လိုက်ရပြီး သူမသည် အလွန်နူးညံ့သိမ်မွေ့သည်ဟု ထင်မိတော့သည်။ စက်ဘီးကောင်းတာ ဘယ်သူက မသိလို့လဲ။ ဒါပေမဲ့ ဘယ်သူက တတ်နိုင်မှာလဲ။ အမှတ်တမဲ့ သူသည် စိတ်ထဲတွင် တွက်ချက်မိသွားတော့သည်။ သူက အကြွေးတွေ ကြေသွားပြီး တစ်နှစ်ကို ယွမ်နှစ်ဆယ် စုနိုင်တယ်ဆိုရင်တောင် စက်ဘီးတစ်စီးဝယ်ဖို့ နှစ်တော်တော်ကြာကြာ အချိန်ယူရလိမ့်မယ်။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး စုန့်ဝေဖျင်သည် သူ့နှုတ်ခမ်းများကို စူထားလိုက်ပြီး သမဝါယမအသင်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်တော့သည်။

“သွားကြမယ်၊ သမဝါယမက ဒီမှာ”

ရွှီရှောင်ကျောင်းကတော့ အလျင်မလိုချေ။ သူမသည် လူများ ထိုင်အနားယူတတ်ဟန်တူသည့် လမ်းဘေးက ကျောက်တုံးနည်းနည်းပါးပါးကို သတိထားမိလိုက်လေသည်။ ထို့ကြောင့် သူမက လက်ဆန့်ကာ စုန့်ဝေဖျင်၏အင်္ကျီကို လှမ်းဆွဲလိုက်ပြီး

“သမဝါယမအသင်းကို မသွားသေးပါနဲ့အုံး၊ ဟိုမှာ ထိုင်ပြီး ခဏအနားယူရအောင်ပါ၊ အရင်ဆုံး မြို့ထဲမှာ တစ်ခါလောက် ပတ်လျှောက်ပြီး တစ်ချက်လောက် ကြည့်ရအောင်”

မူလခန္ဓာကိုယ်ပိုင်ရှင်က အရင်က မြို့ထဲကို သိပ်မလာတတ်ဘူးလေ။ ငါကပဲ အရင်ဆုံး မြို့ကို အခြေခံ နားလည်အောင် လုပ်ထားမှရမယ်။

နွေဦးအစောပိုင်းက မပူသေးချေ။ အေးမြမြလေပြေက တိုက်ခတ်နေသည်. ခဏလောက် ထိုင်လိုက်ပြီးနောက် ရွှီရှောင်ကျောင်း ခရီးပန်းခြင်းဝေဒနာက သက်သာသွားလေသည်။ ထို့နောက်တွင်တော့ အာခြောက်လာတော့သည်။

သူမသည် အနည်းငယ် စိတ်ညစ်သွားတော့သည်။ ဒီခေတ်မှာ ရေသန့်မရောင်းတာကို မေ့သွားတာပဲ။ မနက်တုန်းက ဝူချွန်းဟွားက အလုပ်မသွားခင် ရေယူသွားဖို့ သတိပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ မေ့လာခဲ့တယ်လေ။

…

အပိုင်း (၆) အဲလိုနေရာမျိုး

ရွှီရှောင်ကျောင်းသည် သူမ၏လည်ချောင်းကို ဖျစ်ထားလိုက်ပြီး လည်ချောင်းရှင်းလိုက်လေသည် သူမသည် သမဝါယမသို့ သွားပြီး သောက်စရာတစ်ခုခု ရှိမလားဟု သွားကြည့်မည်စဥ်းစားလိုက်စဥ် သူမထံသို့ ရေတစ်ဘူးလှမ်းပေးလာသည်ကို တွေ့လိုက်ရ၏။

အသီးအရွယ် ကော်ဖီဘူးလေးတစ်ခု ဖြစ်သည်။ ရှည်လျားပြီး ရေအပြည့်ပါလေသည်။ ဘူးထဲတွင် အစိမ်းရောင်အရွက်နှင့် သစ်ဥသစ်ဖုအနည်းငယ်က ပေါလောပေါ်နေလေသည်။

“ငါ ဒီကိုမလာခင်တုန်းက အသစ်ထည့်ထားတာ၊ ငါ မသောက်ရသေးဘူး၊ အထဲမှာ ဂန္ဓာမာပန်းလည်း ပါတယ်၊ နည်းနည်းတော့ ခါးမယ်၊ သောက်ချင်လား”

ရွှီရှောင်ကျောင်းသည် သူ့ကို မော့ကြည့်လိုက်၏။ သူမ၏မျက်လုံးများက ကွေးသွားပြီး

“ဒါဆို ငါ့အတွက် အဖုံးဖွင့်ပေးလေ၊ ငါ့လက်တွေ အားမရှိတော့ဘူး”

နူးညံ့လွန်းလိုက်တာ။

စုန့်ဝေဖျင် သူ့လက်ကို အဖုံးပေါ်တင်လိုက်ပြီး.... အားထည့်စရာမလိုဘဲ ရေဘူးက ပွင့်သွားလေသည်။ သူက အဖုံးကို ကိုင်ထားလိုက်ပြီး ရေကို လှမ်းပေးလိုက်သည်။

အထဲက ရေကို အိမ်က ထွက်မလာခင် လတ်လတ်ဆတ်ဆတ် ကြိုချက်ထားတာဖြစ်မည်။ နာရီဝက် ကြာပြီးနောက်တွင်ပင် နွေးနေဆဲ။ ဂန္ဓမာပန်းအရသာက အမှန်ပင် ခါးသက်သက်ဖြစ်နေသည်။ သို့သော် တစ်ငုံလောက် သောက်အပြီးတွင် ချိုမြမြအရသာလေး ဖြစ်လာသည်။ ရေက လည်ချောင်းထဲသို့ စီးဆင်းသွားပြီး ရင်တစ်ခုလုံးကို နွေးသွားစေတော့သည်။

တစ်ငုံနှစ်ငုံလောက် သောက်ချလိုက်ပြီးနောက် ရေငတ်ပြေသွားတော့သည်။ ရွှီရှောင်ကျောင်းသည် စိတ်ကြည်လင်သွားလေသည်။ သူမက ရေဘူးကို ပြန်ပေးလိုက်ပြီး

“စုန့်ဝေဖျင်၊ ကျေးဇူးပဲနော်၊ နင်က သိပ်ကောင်းတာပဲ”

သူမသည် တခြားသူကို ချီးကျူးပြောဆိုရာတွင် ဘယ်တော့မှ မတွန့်တိုချေ။ အပြုသဘောဆောင်သည့် တုံ့ပြန်ချက်က တခြားသူ၏လုပ်ဆောင်ချက်ကို ပိုကောင်းလာအောင် မြှင့်တင်ပေးနိုင်လေသည်။

“နင် မသောက်ဘူးလား”

တစ်ဖက်လူက အဖုံးကို ပြန်ပိတ်လိုက်ပြီး ဘူးကို အဝတ်အိတ်ထဲပြန်ထည့်လိုက်ပြီး ခြင်းထဲပြန်ထည့်နေသည်ကို မြင်လိုက်တော့ ရွှီရှောင်ကျောင်းက မေးလိုက်လေသည်။

စုန့်ဝေဖျင်က သူမကို ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်ပြီး

“ငါ ရေမဆောဘူး၊ မင်း နားလို့ ပြီးပြီလား။ ငါ မင်းကို စျေးဝယ်ထွက်ဖို့ ခေါ်သွားပေးမယ်”

ရွှီရှောင်ကျောင်းသည် အစက မြို့ငယ်လေးက ရွာထက် အများကြီး ပိုစည်ကားလိမ့်မည်ဟု ထင်ထားခဲ့လေသည်။ သို့သော် သူမသည် သည်ခေတ်၏ ကုန်ထုတ်စွမ်းအားကို လုံးဝ အထင်ကြီးခဲ့မိခြင်းပင်။ အဆောက်အအုံများက အနည်းငယ်ပို သပ်ရပ်ပြီး အစိုးရပိုင် စတိုးဆိုင်တချို့ ရှိသည်ကလွဲလျှင် အားလုံးက ရွာနှင့် မခြားပေ။ အင်္ဂတေခင်းထားသည့် လမ်းတစ်ခုပင် မရှိချေ။

သည်အစိုးရပိုင် စတိုးဆိုင်များက လူများစွာကို ထောက်ပံ့ပေးနိုင်မှန်း သူမ သိထားလေသည်။ မြို့ငယ်လေးက လူများ၏ ချမ်းသာမှုအဆင့်က ရွာထဲက လူများထက် အများကြီးသာလေသည်။ စုန့်ဝေဖျင်က သူမကို ခေါ်သွားပြီး ဆန်နှင့်ဆီဆိုင်၊ စျေးဝယ်စင်တာ နှင့် အစိုးရပိုင် စားသောက်ဆိုင်များကို ပြသခဲ့သည်။ သူမသည် နေရာများကို သိသွားသည်နှင့် ထပ်ပြီး စိတ်မဝင်စားတော့ပေ။

“တော်ပြီ၊ ထပ်မကြည့်တော့ဘူး”

စုန့်ဝေဖျင်သည် သူမ ဘာကို တွေ့ချင်မှန်း မသိပေ။ သူမက မကြည့်ချင်တော့ဘူးဟု ပြောလိုက်ကို ကြားလိုက်ချိန်တွင် သူက သူမကို မေးလိုက်လေသည်။

“သမဝါယမနဲ့ ကုန်စုံဆိုင်တွေဆီ သွားမလား”

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်၏။ သူမသည် သူ့နားနားကပ်လိုက်ပြီး တီးတိုး ပြောလိုက်တော့သည်။

“ငါ့ကို အဲဒီနေရာကို ခေါ်သွားပေး”

ကွေ့ဟွားမွှေးရနံ့သင်းသင်းလေးက ဝေ့တက်လာလေသည်။ စုန့်ဝေဖျင်သည် သူ့ခေါင်းကို စောင်းလိုက်ပြီး အခိုက်တန့်တွင် နားမလည်လိုက်ချေ။

“ဘယ် အဲဒီနေရာလဲ”

မကျေမနပ်ဖြင့် ရွှီရှောင်ကျောင်းက သူ့လက်မောင်းကို တွန်းလိုက်ပြီး

“အဲဒီနေရာမျိုးလေ၊ နင့် မြို့ကို ခဏခဏ လာတဲ့သူပဲ၊ နင် အဲဒီအကြောင်းကို ဘယ်လိုသိလဲ”

စုန့်ဝေဖျင်က အနည်းငယ် အကျပ်ရိုက်နေဆဲ ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူမက တုံးတိတိနှင့် ပြောလိုက်တော့သည်။

“ရောင်းချင်တဲ့ ပစ္စည်းတွေအများကြီးရှိတဲ့လူနဲ့ အားလုံးက ရှာနေကြတဲ့နေရာ၊ အဲလိုနေရာတွေက အရမ်းလျှို့ဝှက်တယ်လို့ ငါ သိထားပါတယ်၊ ငါ အဲနေရာတွေကို မရှာတတ်ဘူးလေ၊ ဒါပေမဲ့ နင်လည်း မသိတာတော့ မဖြစ်နိုင်ဘူး”

စုန့်ဝေဖျင်သည် သည်တစ်ကြိမ်တွင်တော့ နားလည်သွားတော့သည်။

“မင်းက ဘာလိုချင်လို့ အဲနေရာကို သွားမှာလဲ၊ တစ်ခုခု ဝယ်ချင်တာရှိလို့လား”

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး

“အဲဒီက ပစ္စည်းတွေက စျေးကြီးတယ်မလား၊ လက်မှတ် မရှိရင် အဲနေရာမှာ ပစ္စည်းတွေ ဝယ်လို့ရတယ်တဲ့၊ ငါ့မှာ လက်မှတ်တွေ ရှိတယ်လေ၊ ဒီတော့ အစိုးရပိုင်စတိုးဆိုင်မှာ သွားဝယ်ရုံပဲ”

မူလခန္ဓာကိုယ်ပိုင်ရှင်က ခြိုးခြံချွေတာတတ်တဲ့သူလေ။ ပြီးတော့ လက်မှတ်တွေအများကြီး သိမ်းထားတယ်။ ငါသာ ရောက်မလာရင် ဒီလက်မှတ်တွေကို ရွှီယန်ယန်က ကလိမ်ကျပြီး ယူသွားပြီးလောက်ပြီ။ အခု လက်မှတ်တွေက ငါ့လက်ထဲမှာဆိုတော့ တခြားသူကို အမြတ်ထုတ်ခွင့် မပေးပါဘူး။

စုန်ဝေဖျင်၏ ငြင်းဆိုနေသည့် အမူအရာကို တွေ့လိုက်ရသဖြင့် သူမက ပြောလိုက်တော့သည်။

“ငါက တစ်ခါလောက် ဝင်ကြည့်ချင်ရုံပါ၊ သိချင်ရုံသက်သက်ပဲ၊ ငါ့ကို လိုက်ပတ်ပြလေ ပြီးရင် ငါတို့ ပြန်ထွက်လာမယ်”

သူမ၏မျက်လုံးများက တေက်ပလို့နေသည်။ သူမ၏မျက်နှာပေါ်တွင် ကလေးလို မွေးနုအလွှာတစ်ခု ရှိနေသယောင် သယ်ယူပို့ဆောင်ရေးအဖွဲ့က သယ်ပို့ပေးသည့် မက်မွန်သီးများနှင့် တူနေတော့သည်။ စုန့်ဝေဖျင်က အသာအယာ ချောင်းဟန့်လိုက်ပြီး

“သွားလို့ရပါတယ်၊ ကြည့်ရုံပဲနော်၊ စကားမပြောနဲ့၊ မင်း တကယ် တစ်ခုခုလိုချင်တာဆိုရင် ငါ့ကို ပြော”

“အင်း အင်း ငါ သိပြီ”

ထိုအခါမှ နေရာကို အမှန်ပင် လျှို့ဝှက်ထားမှန်း ရွှီရှောင်ကျောင်းတစ်ယောက် နားလည်သွားတော့သည်။ နှစ်ယောက်သားက အချိုး အကွေ့များစွာကို ဖြတ်လျှောက်လာပြီးနောက်တွင် တော်တော်လေး စိတ်သည့် လူနေအိမ်ခြေနေရာတစ်ခုထဲ ဝင်လာခဲ့သည်။ ထိုအခါမှ ရွှီရှောင်ကျောင်းသည် နောက်ဖေးလမ်းကြားထဲတွင် လျှို့ဝှက်သည့်လူများကို တွေ့လိုက်ရတော့သည်။

“ဒီအချိန်ဆို လူအများကြီးမရှိဘူး၊ ပုံမှန်ဆိုရင် အာရုံတက်ချိန်မှာ လူများတယ်၊ နေထွက်လာတာနဲ့ အများစုက လူစုခွဲလိုက်ကြပြီ”

ရွှီရှောင်ကျောင်းသည် အထဲက လူများအားလုံးက တကိုယ်လုံးအပြည့် ဖုံးအုပ်ထားပြီး စောင်ကြီးတစ်ထည်ကို ခြုံထားကြသည်။ သူတို့၏မျက်လုံးများကိုသာ ပြသလိုသယောင်။ သူမက အနည်းငယ် တွန့်ဆုတ်သွားပြီး သူ့အင်္ကျီလက်ကို လှမ်းဆွဲထားလိုက်ကာ

“အဲဒီနေရာကို ဒီအတိုင်း သွားလို့ဖြစ်ပါ့မလား”

သူတို့လည်း ကိုယ်တိုက် တစ်ခုခုကို ဝတ်ထားတာဖြစ်ဖြစ် တစ်ခုခုနဲ့ခြုံထားတာဖြစ်ဖြစ် လုပ်ဖို့လိုတယ်မလား။

စုန့်ဝေဖျင်က သူမကို ပေးလိုက်ထားလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

“ရပါတယ်၊ ငါတို့က ရောင်းမဲ့သူတွေ မဟုတ်ဘူးလေ”

သူသည် ရွှီရှောင်ကျောင်းကို နောက်ဖေးလမ်းကြားထဲသို့ ခေါ်လာခဲ့လိုက်သည်။ ထိုအဖြစ်က ဆူဆူညံညံ ဖြစ်သွားစေတော့သည်။ နောက်ဖေးလမ်းကြားထဲတွင် လူအများကြီး မကျန်တော့ပေ။ တချို့က သူတို့နှစ်ယောက်ကို သတိထားမိသွားပြီး သူတို့သည် သည်နေ့ရာတွင် စျေးဝယ်ဖို့ လာသည်နှင့် မတူသည်ကို သိနေသဖြင့် သူတို့လည်း ရှေ့သို့တက်လာပြီး သူတို့နှစ်ယောက်ကို စကားလာမပြောကြပေ။ တစ်ယောက်က သူတို့ကို လေသံဖြင့် မေးလိုက်လေသည်။

“ရဲဘော် ကြက်ဥလိုချင်လား၊ ဘဲဥလည်းရတယ်”

ရွှီရှောင်ကျောင်းသည် အစကတည်းက လူတိုင်းက ဘာတွေရောင်းကြသည်ကို တွေ့ချင်ခဲ့လေသည်။ မျှော်လင့်မထားဘဲ ခြင်းတိုင်းကို အဝတ်စဖြင့် အုပ်ထားရာ သူမမှာ ဘာကိုမှ မမြင်ရပေ။

နောက်ဖေးလမ်းကြားထဲက လျှောက်ကာထွက်လာပြီးနောက်တွင် သူမက စုန့်ဝေဖျင်ကို မေးလိုက်လေသည်။

“ငါ ဘာမှလည်း မမြင်ရဘူး၊ သူတို့တွေ ဘာရောင်းနေကြတာလဲ”

စုန့်ဝေဖျင်က ခဏလောက် သေသေချာချာ တွေးလိုက်ပြီးနောက်

“အစုံပဲ၊ ဆန်၊ ဂျုံမှုန့်၊ ဂျုံစေ့ နဲ့ ဥတွေ၊ တစ်ခါတစ်လေ အသားနည်းနည်းပါးပါး၊ အိမ်လုပ်မုန့် နည်းနည်းပါးပါး၊ အဝတ်အစား အစုံပဲ”

ရွှီရှောင်ကျောင်းလည်း သိချင်စိတ်ဖြစ်သွားပြီး

“အစစ်အဆေး တင်းကြပ်လား”

စုန့်ဝေလုံက ခေါင်းခါပြလိုက်ပြီး

“မနှစ်ကတော့ အရမ်းကြပ်တယ်၊ အခုတော့ လျော့သွားပါပြီ၊ မဟုတ်ရင် အခုချိန် ဒီမှာ ဘယ်သူမှတောင် ရှိမှာမဟုတ်ဘူး”

ရွှီရှောင်ကျောင်းသည် ထိုအကြောင်းကို စဥ်းစားလိုက်၏။ ဟုတ်သားပဲ။ ဖွင့်မပေးလိုက်ခင် တစ်နှစ် နှစ်နှစ်လောက်တုန်းက မူဝါဒတွေကို တကယ်လျှော့ပေးခဲ့တယ်။ အခွန်လွတ်ရောင်းဝယ်ရေး အနည်းအကျဥ်းကိုတော့ ဒီအတိုင်း ခွင့်ပြုပေးခဲ့တယ်။ တချို့နေရာတွေကိုတော့ တင်းကြပ်ထားတုန်းပဲ။ ပြီးတော အားလုံးက သတိနဲ့ ရှောင်ရှားသွားလာကြတယ်။

ထိုအကြောင်းကို သိလိုက်ရပြီးနောက် ရွှီရှောင်ကျောင်းသည် စိတ်အေးသွားကာ သက်ပြင်း ချလိုက်လေသည်။ ငါ့မှာ စိတ်ကူးသေးသေးလေးတွေ ရှိပြီးသားဆိုပေမဲ့ အခုက ပြောဖို့ အရမ်းစောနေသေးတယ်။ အနည်းဆုံးတော့ လက်ထဲက ကိစ္စတွေကို အရင်ဖြေရှင်းပြီး ကောင်းကောင်းအနားယူပြီးမှ တစ်ခုခုအကြောင်း ဆွေးနွေးရမယ်။

“သွားစို့၊ သမဝါယမနဲ့ အရံအစားအသောက်ရောင်းတဲ့ စတိုးဆိုင်ကို၊ ငါတို့တွေ စျေးဝယ်ပြီးမှ ပြန်ကြမယ်”

သည်အစိုးရပိုင်စတိုးဆိုင်များက ပစ္စည်းများသည် တော်တော်လေး ပြည့်စုံလေသည်။ ရွှီရှောင်ကျောင်းမှာ သည်ခေတ်၏ စျေးနှုန်းကြောင့် တစ်ဖန် အံ့ဩရပြန်သည်။

အကောင်းဆုံးအသား၊ အဆီပါအသားက တစ်ကျင်း(၁.၃ပေါင်)ကို ၈၀ဖန်း(ပြား)ပဲ။ဆန်က တစ်ကျင်းကို ၂၀ဖန်း။ ဂျုံဖြူ တစ်ကျင်းကို ၂၂ဖန်း။ ပြောင်းမှုန့် တစ်ကျင်းကို ၉ဖန်း။ အရမ်းစျေးသက်သာတာပဲ။

ဒါပေမဲ့ အားလုံးက နေ့တိုင်း ကြိုးကြိုးစားစား အလုပ်လုပ်ပြီး အများဆုံး အလုပ်ရမှတ် ၁၀မှတ်နဲ့ တစ် ကျောင် (၁၀ဖန်း)၊ နှစ် ကျောင် လောက်ပဲ ရတာကို စဥ်းစားမိတော့ စိတ်အေးရပါသေးတယ်။

သူမသည် ပစ္စည်းအများကြီး မဝယ်ခဲ့ပေ။ ဆန် ၅ကျင်း၊ ဂျုံမှုန့် ၁၀ကျင်း၊ ပြောင်းမှုန့် ၁၀ကျင်း။ လက်ထဲက အစားအသောက်လက်မှတ်အများစုကို သုံးလိုက်တယ်။ ၇၀ဖန်းကိုလည်း ဝက်ဗိုက်သားဒုတိယတန်းစား အသား ၂ကျင်းအတွက် သုံးလိုက်တယ်။ အာလူး ၃ကျင်းနဲ့ ပဲ၂ကျင်းက တစ်ကျောင် ပေးရတယ်။ ပြီးတော့ ချိုချဥ် တစ် ကျောင် ဖိုးနဲ့ ဟင်းခတ်အမွှေးအကြိုင် တစ် ကျောင် ဖိုး ဝယ်ခဲ့လိုက်တယ်။

နောက်ဆုံး တိုလီမုတ်စလေးတွေအတွက် စုစုပေါင်း ၅ယွမ် သုံးခဲ့လိုက်သည်။ ကျန်သည့် ၁၅ယွမ်ကို စဥ်းစားလိုက်ပြီး ရွှီရှောင်ကျောင်းသည် သူမတွင် အိတ်ဆောင်ထားနိုင်သည့် ငွေအများကြီး ခဲ့သလို အမှန်ပင် ခံစားလိုက်ရလေသည်။

ဆိုင်စာရေး၏ ရွှီရှောင်ကျောင်းအပေါ် အကြည့်က ငွေအိတ်ကြီးတစ်ခုကို ကြည့်နေသည့်နှယ်။ ပုံမှန်ဆိုလျှင် သရော်နေတတ်သည့်မျက်နှာက အပြုံးတစ်ခုကို ဆောင်ထားပြီး

“ရဲဘော် ကျုပ်တို့ဆီမှာ ရှားပါးပစ္စည်းတွေ အများကြီးရှိတယ်၊ ကြည့်ချင်လား၊ ဒီမှာ ဒါက အသစ်ရောက်လာတဲ့ ပိုးပန်းလေ၊ စီရင်စုမြို့ကြီးမှာ နာမည်ကြီးတယ်၊ မင်းက အရမ်းလှတာပဲ၊ ဒါလေး တပ်ထားလိုက်ရင် ပိုပြီးတော့တောင် လှလာအုံးမှာ”

စုန့်ဝေဖျင်က သူမ၏လက် သွားရာနောက်ကို လိုက်ကြည့်လိုက်တော့ ပိုးသားဖြင့် လုပ်ထားသည့် ပန်းပွင့်ကို တွေ့လိုက်လေသည်။ အနီရောင် တောက်တောက်နှင့် အလွန်ပလေသည်။ သူက ရွှီရှောင်ကျောင်းကို မေးကြည့်လိုက်၏။

“မင်း ဒါကို လိုချင်လား” သူမ ဒါကို လိုချင်တယ်ဆိုရင် သူက သူမအတွက် ဝယ်ပေးနိုင်တယ်လေ။

ရွှီရှောင်ကျောင်းက ပန်းပွင့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မြန်မြန် ခေါင်းခါပြလိုက်၏။ အရမ်းရိုးလွန်းတယ်။

“ဟင့်အင်း၊ မလှဘူး၊ ငါက တလက်လက် တောက်ပနေတာမျိုးကိုကြိုက်တာ”

“အင်း”

စုန့်ဝေဖျင်က ဘာမှမပြောတော့ဘဲ ပစ္စည်းများကို ခြင်းထဲသို့ ပြန်ထည့်ထားလိုက်ကာ

“သွားကြမယ်လေ၊ ပြန်ချိန်တန်ပြီ”

အပြန်လမ်းတွင် ရွှီရှောင်ကျောင်းသည် လက်ဗလာအတိုင်းပင်။ သူမသည် အလွန်မှ ကျေနပ်နေလေသည်။ နေက တဖြည်းဖြည်း မြင့်လာသဖြင့် စုန့်ဝေဖျင်က သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် ခဏအနားယူဖို့ သူမကို ခေါ်လာခဲ့သည်။ သူက ကျန်သည့်ရေတစ်ဝက်ကို သူမကို ပေးလိုက်လေသည်။ သူမမှာ ပိုပြီးတော့ပင် ကျေနပ်သွားတော့သည်။

“နင်ရော ရေမဆာဘူးလား” တမနက်ခင်းလုံး ရှိနေပြီလေ။

စုန့်ဝေဖျင်က ရေဘူးအလွတ်ကို သိမ်းလိုက်ပြီး

“ပြန်ရောက်မှပဲ သောက်တော့မယ်”

ရွှီရှောင်ကျောင်းက ချိုချဥ်တစ်လုံးကို အခွံခွာလိုက်ပြီး စုန့်ဝေဖျင်ကို ပါးစပ်ဟဖို့ အချက် ပြလိုက်လေသည်။ သူမက ချိုချဥ်ကို သူ့ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး သူမ၏အစီအစဥ်ကို ပြောပြလိုက်တော့သည်။

“ပြီးရင် နင် ပြန်ပြီး အနားယူလိုက်တော့နော်၊ ညနေခင်းညကျရင် ချက်ပြုတ်ဖို့ ငါ့ကို လာကူပေး၊ ငါတို့မိသားစုနှစ်ခုက ဒီနေ့ည လူစုံတက်စုံနဲ့ ငါတို့မင်္ဂလာဆောင်ကိစ္စ တိုင်ပင်ကြမယ်”

All Chapters