ရွှီရှောင်ကျောင်းတစ်ယောက် ပျင်းပျင်း ရှိတာနဲ့ ခေတ်ဟောင်းစာအုပ်တစ်အုပ်ကို ဖတ်နေလိုက်တယ်။ တစ်ရေးလေးအိပ်လိုက်တာ သူမခင်မျာ အဲစာအုပ်ထဲက အမြောက်စာအဖြစ် ကူးပြောင်းသွားရသတဲ့။ မူလခန္ဓာကိုယ်ပိုင်ရှင် ကျောက်ရှောင်ကျောင်းက ကျေးရွာကို ပို့ခံလိုက်ရတဲ့ ကေဒါကလေးတစ်ယောက်ပါ။ ဒါပေမဲ့ သူမက မွေးပြီးပြီးချင်း အိမ်ကို မှားခေါ်လာခဲ့မိတဲ့ သမီးအရင်း မဟုတ်သူ ဖြစ်နေတယ်။ နောက်ပိုင်း သမီးအရင်းဖြစ်သူ ရွှီယန်ယန်ရဲ့ သနားစရာကောင်းလောက်အောင် ချောက်ချခြင်းခံခဲ့ရတယ်။ ဘေးကကြည့်နေသူ ဝိုင်းခံထားရပြီး ကြမ်းပြင်တစ်ခုလုံးမှာ ကြက်မွှေးတွေဖုံးလို့ သူမကို မိဘမဲ့ စုန့်ဝေဖျင်နဲ့အတူတူ စောင်တစ်ခုထဲမှာ အိပ်နေပြီး အလျင်စလိုလုပ်ထားတဲ့ နေ့လည်စာထမင်းဘူးတစ်ခုကိုလည်း တွေ့လိုက်ရတယ်တဲ့။ အိပ်ရာမဝင်ခင် သူမက စဥ်းစားလိုက်ပါသေးတယ်။ "အ,လိုက်တာ၊ စုန့်ဝေဖျင်လို အရာရာ စွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်က ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်သလဲ၊ သူက စီးပွားရေးလုပ်ငန်းရှင် အလောင်းအလျာကြီးတစ်ယောက်ပဲ၊ ချမ်းသားတယ်၊ လက်မထပ်ထားဘူး၊ ချောတယ်လေ၊ သူ့အခန်းဖော်လေးဖြစ်ရင် ဘယ်လောက်တောင် အံ့သြစရာ ကောင်းနေလိမ့်မလဲ၊ ဒါက အိပ်နေရင်းနဲ့ကို အနိုင်ရနေတာမျိုးမဟုတ်ဘူးလား" သူမရဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ချိန်မှာတော့ သူမနဲ့စုန့်ဝေဖျင်တို့က အိပ်ရာတစ်ခုထဲပေါ်မှာ အိပ်နေကြတာတဲ့။ သူတို့မျက်လုံးတွေက အချင်းချင်း ဆုံမိသွားကြတော့တယ်။ ချက်ချင်း တံခါးတစ်ခေါက်သံတစ်ခု ထွက်လာတယ်။ ရွှီယန်ယန်က စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ အော်ခေါ်နေလေရဲ့။ "မကြီးရှောင်ကျောင်း ၊ အစ်မ အထဲမှာလား" ! ! ! ရွှီရှောင်ကျောင်းက မျက်နှာသေဖြစ်နေတဲ့ စုန့်ဝေဖျင်ကို ကြည့်လိုက်ပြီး ရေရှည်ထမင်းစားလက်မှတ်တစ်ခုနဲ့ စည်းတစ်ခု ချက်ချင်းတားလိုက်တယ်။ "လက်ထပ်ကြရအောင်" လက်ထပ်ပြီးသွားတဲ့နောက်ပိုင်း ရွှီရှောင်ကျောင်းက အရမ်းကို ကျေနပ်ခဲ့ရတယ်။ သူမက လက်တောင် လှုပ်စရာမလိုဘူး။ ပါးစပ်လေးလှုပ်လိုက်ရုံပဲ။ အားလုံးကို စုန့်ဝေဖျင်ပဲ လုပ်ပေးခဲ့တာ။ သူမကတော့ အင်မတန် ဂရုစိုက်ခံနေရတယ်လို့ ထင်တာပဲ။ သူမက လူတွေရှေ့မှာတော့ သူ့ဇနီးငယ်လေး တစ်ယောက်လို ပြုမူရတာပေါ့။ အရိပ်ထဲမှာတော့ သူမက သူ့ရဲ့အခန်းဖော်ကောင်းတစ်ယောက်ပဲ။ နောက်ပြီး စုန့်ဝေဖျင်ကရော။ သူက သူမအတွက် စက်ဘီးတစ်စီး၊ လက်ပတ်နာရီကြီးတစ်လုံးနဲ့ ရောင်စုံရုပ်မြင်သံကြားစက်ကြီးတစ်လုံးကိုလည်း စီစဥ်ပေးခဲ့သေးတယ်။ ဒါက အားလုံးကို အားကျရစေတာပေါ့။ သူက သူမကို ပိုးစုန်းကြူးဖမ်းဖို့ ခေါ်သွားပေးတယ်။ ရုပ်ရှင် ကြည့်ဖို့၊ စျေးဝယ်ထွက်ဖို့လည်း ခေါ်သွားပေးတယ်။ ဒါကြောင့်ပဲ သူမက ပြုံးနေနိုင်တာပေါ့။ နောက်ဆုံးတော့ သူက သူမကို အိပ်ရာပေါ် တွန်းလဲလိုက်တယ်။ ရွှီရှောင်ကျောင်းရဲ့မျက်လုံးတွေက ကျွတ်ထွက်မတတ်ပဲ။ "စုန့် ..စုန့်ဝေဖျင် နင် မစွမ်းဆောင်နိုင်တဲ့သူ မဟုတ်ဘူးလား" စုန့်ဝေဖျင်က သူအလိုလိုက်ထားတဲ့ သေးသေးသွယ်သွယ် ဇနီးသည်ကို ကြည့်လိုက်ပြီး တိုးရှရှလေသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။ "မင်း စမ်းကြည့်လေ"တဲ့။

