အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အပိုင်း (၄၃) ကိုကိုအလိမ္မာလေး
ရွှီရှောင်ကျောင်း၏နှာခေါင်းက သူ့ရင်ဘတ်ကို သွားတိုက်မိတော့သည်။ အလွန်မှ မာကြောလှသည်။ သူမက ခေါင်းမော့လိုက်ပြီး မကျေမနပ်ဖြင့် သူ့ပခုံးကို ပုတ်လိုက်ကာ
“နင့်အသားကလည်း မာလိုက်တာ”
သူမက လှည့်ကြည့်လိုက်တော့ ဆူဆူညံညံ လုပ်နေသူ တစ်ယောက်မှ မရှိချေ။ သူမသည် သည်းမခံနိုင်တော့ဘဲ သူ့ရင်ဘတ်ကို ထောက်ထားလိုက်ကာ
“ငါတို့က လမ်းဘေးမှာလေ၊ တစ်ဖက်လူရဲ့စက်ဘီးက လမ်းအလယ်မှာ၊ ဘယ်မှာလဲ အန္တရာယ်၊ စုန့်ဝေဖျင်ရဲ့”
အပြုံးတစ်ခုက စုန့်ဝေဖျင်၏မျက်လုံးထဲတွင် ဖျတ်ခနဲ ပြေးသွားလေသည်။ အခုအချိန်တွင် သူသည် သူမကို စနောက်ချင်မိလေသည်။
“ငါ့အမှားပါ၊ ငါ့ကို ဆုအနေနဲ့ လက်ပေးကိုင်ထားလေနော်၊ မဟုတ်ရင် ငါ စိတ်ပူနေရလိမ့်မယ်၊ ဟုတ်ပြီလား”
စကားလုံးများက ရိုးရှင်းပြီး သာမန်ဆန်သော်လည်း ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် အကြောင်းတချို့ကြောင့် အနည်းငယ်ထူပူသွားတော့သည်။ သူမက နှစ်ခါလောက် ရုန်းလိုက်ပြီး သူ့ရင်ခွင်ထဲက ထွက်လာ၏။ သို့တိုင် သူမ၏လက်များကိုတော့ နာနာခံခံဖြင့် စုန့်ဝေဖျင်ကို ကိုင်ခွင့်ပေးထားလိုက်သည်။
“အရမ်းပူတာပဲ၊ ငါ ဆိုဒါ သောက်ချင်တယ်၊ ပြီးတော့ ရေခဲချောင်းရောပဲ”
စုန့်ဝေဖျင်က ခဏလောက်စဥ်းစားလိုက်ပြီး
“ဆိုဒါတော့ သောက်လို့ရတယ်၊ ဒါပေမဲ့ ရေခဲချောင်းတော့ မရဘူး”
“မရဘူး၊ ငါ ရေခဲချောင်းစားမှာပဲ”
စုန့်ဝေဖျင်က သူမ၏လက်ကို ကိုင်ထားလိုက်ပြီး သူမ၏လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ကာ သူမကို လေသံတိုးတိုးနှင့် ချော့မော့လေသည်။
“ရက်ပိုင်းလောက်နေရင် မင်း နေမကောင်းဖြစ်တော့မှာ၊ အခု ရေခဲချောင်း မစားတာကောင်းတယ်၊ ငါ မင်းကို စတော်ဘယ်ရီအရသာဆိုဒါ ဝယ်ပေးမယ်လေ”
ရွှီရှောင်ကျောင်းသည် သူ့စကားကို ရှက်သွားတော့သည်။ သူက ဘယ်လိုဖြစ်ပြီး ငါ့အန်တီရဲ့ဘဝနဲ့ အရမ်းကို ရင်းနှီးနေရတာတဲ့လဲ။
အခုမှ စဥ်းစားမိတယ်။ ငါလေးရဲ့အန်တီလာတဲ့အချိန်တိုင်း သူက ဂရုစိုက်ပေးခဲ့တာပဲ။ သူက ငါလေးအတွက် အနီရောင်စွံပလွန်သီးဆန်ပြုတ် ချက်ပေးတယ်။ ငါလေးကိုလည်း စောင့်ကြည့်နေပြီး အေးတဲ့ အစားအသောက်တွေကို ပေးမစားဘူး။
“ဒါဆိုလည်း ဟုတ်ပြီလေ၊ ဒီတစ်ခါ ငါ လိမ္မော်ဆိုဒါ သောက်ချင်တယ်”
စုန့်ဝေဖျင်က လိုက်လျောပေးလေသည်။
သူတို့နှစ်ယောက်က စိမ်ပြေနပြေ စျေးပတ်ဝယ်လိုက်သည်။ ရွှီရှောင်ကျောင်းသည် သည်တစ်ကြိမ်တွင် အဝတ်အစားအများကြီးကို ယူထားလိုက်ရသဖြင့် ဘာမှမလိုအပ်တော့ချေ။ သူမက စုန့်ဝေဖျင်ကို လက်ပေးတွဲထားလိုက်ပြီး လမ်းအတိုင်း တက်လိုက် ဆင်းလိုက် ခြေဦးတည့်ရာ လျှောက်လာခဲ့သည်။ စျေးကြီးများကို ဖြတ်လျှောက်လာရင်း သူတို့သည် နှစ်များ၏ငြိမ်သက်အေးချမ်းမှုကို ဖြည်းဖြည်းချင်း ခံစားလာကြသည်။
ပူပြင်းလွန်းသည့်နေအပူက ကုန်လွန်သွားခဲ့သည်။ ကောင်းကင်သည် တဖြည်းဖြည်း မြင့်လာပြီး တိမ်များ တဖြည်းဖြည်း ကျဲပါးလားသည်။ လူများအပေါ်တွင် တောက်ပနေသည့် နွေးထွေးနေမင်းက လူများကို ပျင်းရိငြီးငွေ့လာစေသည်။
“စုန့်ဝေဖျင် နေလို့ကောင်းလိုက်တာ” ရွှီရှောင်ကျောင်းက ပျင်းရိလေးတွဲစွာ ပြောလိုက်၏။
စုန့်ဝေဖျင်သည် လက်တစ်ဖက်က သူမကို တွဲထားပြီး ကျန်လက်တစ်ဖက်က သူဝယ်လာသော မုန့်များထည့်ထားသည့် အဝတ်အိတ်ကို ကိုင်ထားလေသည်။ ထိုစကားကို ကြားလိုက်သဖြင့် သူက သူမကို ကြည့်လိုက်ပြီး
“ပင်ပန်းနေပြီလား၊ ပင်ပန်းရင် ပြန်ရအောင်လေ၊ ငါတို့တွေ တစ်ညလောက် အနားယူပြီးရင် မနက်ဖြန် အိမ်ပြန်ကြမယ်”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“နည်းနည်းလောက် ထပ်လည်အုံးမယ်”
စုန့်ဝေဖျင်က သူမကို မေးလိုက်၏။
“ဒါဆို ရုပ်ရှင်သွားကြည့်ကြမလား”
ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ”
နှစ်ယောက်သားက ခြေလှမ်းအနည်းငယ် လျှောက်လာပြီးချိန်တွင် စုန့်ဝေဖျင်က ရပ်လိုက်လေသည်။
“ရဲဘော် ဒီကရဲဘော် ကျေးဇူးပြုပြီး ခဏရပ်ပါအုံး”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နှင့် လှည့်ကြည့်လိုက်၏။ အနည်းငယ် ဇဝေဇဝါဖြင့် သူမက ပြောလိုက်လေသည်။
“နင် ဒီလူကို သိလား”
သူ့ရှေ့ကလူသည် သာမန်ရုပ်ရည်နှင့် မထင်မရှား မီးခိုးရောင်ယူနီဖောင်းတစ်ခုကို ဝတ်ဆင်ထားလေသည်။ ရွှီရှောင်ကျောင်းက ယူနီဖောင်းပေါ်တွင် “သံမဏိစက်ရုံ”ဟူသည့် စကားလုံးကို ခပ်ရေးရေး တွေ့လိုက်ရသည်။
စုန့်ဝေဖျင်မှာ မျက်နှာညိုသွားလေသည်။ သူ ဘာစဥ်းစားနေသည်ကိုတော့ မသိရပေ။ သူက ထိုလူကို ပြောလိုက်၏။
“ခင်ဗျား လူမှားနေပြီ”
ရွှီရှောင်ကျောင်းကို ငုံ့ကြည့်လိုက်ပြီး
“ဘာမှမဟုတ်ပါဘူး၊ သွားကြမယ်”
သူက ရွှီရှောင်ကျောင်း၏လက်ကို တွဲပြီး ထွက်သွားမည်ပြင်လိုက်စဥ် ထိုလူက သူ့အင်္ကျီလက်ကို ထပ်ဆွဲထားလိုက်သည်။
“ဒီမယ် ရဲဘော် အဲဒီနေ့ညက မှောင်နေတယ်ဆိုပေမဲ့ ကျုပ် လူတော့ အမှတ်မမှားပါဘူး၊ မင်းပါပဲ၊ မင်းက သံမဏိစက်ရုံမှာ ကျွန်တော့်ဆီ စာလာပို့ပေးသူပဲ”
“ကျွန်တော်က တခြား ဘာမှလုပ်ဖို့ မရည်ရွယ်ပါဘူး၊ ကျွန်တော် မင်းကို တွေ့လို့ ကျေးဇူးတင်စကား ပြောချင်တာနဲ့ လာခဲ့တာပါ၊ မင်းကြောင့်သာ မဟုတ်ရင် ကျွန်တော့်ရှေ့က အမှောင်ထဲမှာပဲ ရောက်နေအုံးမှာ၊ အဲဒီသစ္စာမဲ့တဲ့မိန်းမက အဲဒီကလေး ကျန်းသယ်ရှန်းကို ငွေအားလုံး ပေးလိုက်တယ်တဲ့လေ၊ ကျွန်တော့်ကလေးတွေခင်မျာမှာတော့ နေ့တိုင်း ငတ်ပြတ်နေကြတာ၊ မင်းသာ ကျွန်တော့်ကို သတင်းလာမပေးခဲ့ရင် ကျွန်တော် အရမ်းကို ကြိုးကြိုးစားစားနဲ့ လုပ်ပြီး ရှာထားတဲ့ငွေက အဲဒီစိတ်ပျက်စရာကောင်းပြီး လူမဆန်တဲ့ဟာတွေဆီကိုပဲ ရောက်သွားမှာ”
သူက စုန့်ဝေဖျင်၏လက်ကို ဆွဲလှုပ်လိုက်ပြီး ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ရဲဘော်၊ ကျေးဇူးတင်ပါတယ်၊ အခုတော့ ကျွန်တော်လည်း ကလေးတွေအတွက် အမေကို ထပ်ပြီး ရှာတွေ့သွားပါပြီ၊ သူက အရမ်းကို အကျင့်ကောင်းမွန်ပြီး ကလေးတွေကလည်း သူ့ကို ချစ်ကြတယ်၊ ကျွန်တော် ကျေနပ်ရပါတယ်၊ ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးကြောင့်ပါ”
ရွှီရှောင်ကျောင်းသည် ‘ကျန်းသယ်ရှန်း’နာမည်ကို ကြားလိုက်ချိန်တွင် မှတ်မိသွားလေသည်။ ထိုကျန်းသယ်ရှန်းသည် သူမ အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်တွင် နည်းပညာဆရာအဖြစ် အလုပ်လုပ်ချိန်က သူမကို နှုတ်ဖြင့် နှောင့်ယှက်ပြီး စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်သည့် ဆရာတစ်ယောက်ဖြစ်လေသည်။
သူမ ပြန်မလာခင်ကတောင် ကျောင်းသူတွေက သူ့အကြောင်း အတင်းတုပ်ကြသေးတယ်။ ကြည့်ရတာ သူက အိမ်နီးချင်းရဲ့မိန်းမနဲ့ အရှုပ်အရှင်းဖြစ်ပြီး သူမရဲ့ယောက်ျားလက်ထဲမှာ လက်ပူးလက်ကြပ် မိသွားတာထင်တယ်။ အဲဒီကိစ္စက အကြီးအကျယ် ဖြစ်သွားပြီး သူလည်း ဆရာတစ်ယောက် လုပ်လို့မရတော့ဘူးတဲ့။
ထိုအချိန်က ရွှီရှောင်ကျောင်းသည် ဝမ်းသာခဲ့လေသည်။ လူဆိုးတွေကို မကောင်းမှုနဲ့ပဲ ဆုပြန်ချရလိမ့်မယ်။ အဲဒီလူသွမ်းက ဇာတ်သိမ်းတစ်ခု ပိုင်ဆိုင်ရမှာမဟုတ်ဘူး။
စုန့်ဝေဖျင်က ဒီကိစ္စကို လုပ်ခဲ့တာလား။
ထိုလူက စုန့်ဝေဖျင်အပေါ် သူ့ကျေးဇူးတင်စိတ်ကို ဖော်ပြလိုက်ပြီး စကားနည်းနည်းဖြင့် အလေးအနက် ပြောကာ ပြန်မသွားခင် အကြိမ်ကြိမ် ကျေးဇူးတင်စရာ ပြောသွားလေသည်။
ရွှီရှောင်ကျော်ငးက စုန့်ဝေဖျင်ဘက်သို့လှည့်ပြီး အခြေအနေကို မေးချင်လိုက်မိသည်။
“စုန့်ဝေဖျင်. . .”
သူမက ပါးစပ်ဟလိုက်သည်နှင့် သူတို့နှစ်ယောက်သည် ထပ်ပြီး တားမြစ်ခံလိုက်ရပြန်သည်။
သည်တစ်ကြိမ်တွင်တော့ ‘ဆရာမရှောင်ကျောင်း’ဟု ခေါ်လိုက်သည်။
ရွှီရှောင်ကျောင်းက လှည့်ကြည့်လိုက်သောအခါ မိန်းကလေး ၅-၆ယောက်ရှိသည့် အဖွဲ့တစ်ခုကို တွေ့လိုက်ရလေသည်။
“ဟာ ဆရာမရှောင်ကျောင်းပဲ”
“ဆရာမရှောင်ကျောင်း စီရင်စုကို လာတဲ့ဟာကို ဘာဖြစ်လို့ ကျွန်မတို့ဆီ မလာလည်တာလဲ”
“ဟုတ်တယ်၊ ကျွန်မတို့တွေက အခု ဘွဲ့ရသွားပြီဆိုပေမဲ့ ကျွန်မတို့ တာဝန်ကျတဲ့ အလုပ်နေရာတွေကလည်း စီရင်စုထဲမှာပဲလေ၊ နောက်ဆုံးတစ်ခါတုန်းက ကျွန်မတို့ရဲ့လိပ်စာကို စာထဲမှာ ထည့်ရေးလိုက်တယ်မလား၊ ဆရာမက အရမ်းဆိုးတာပဲ၊ ကျွန်မတို့လာတောင်မရှာဘူး”
“နင်က ဘာသိလို့လဲ၊ ဆရာမရှောင်ကျောင်းက သူ့ခင်ပွန်းကိုပဲ အရင်ရွေးမှာပေါ့ဟဲ့၊ ကျန်တဲ့ငါတို့တွေက ရဲဘော်စုန့်ဝေဖျင်ရဲ့ ဦးစားပေးနောက်မှာပဲ ရှိမှာပေါ့”
သူတို့သည် ပြောရင်းက မျက်ရိပ်ပြရင်း တခစ်ခစ်ရယ်မောကြတော့သည်။
သူတို့ နီးကပ်လာချိန်တွင်တော့ စုန့်ဝေဖျင်က ရွှီရှောင်ကျောင်း၏လက်ကို သတိတရ လွှတ်ပေးလိုက်ပြီး သူမ၏တခြားဘက်တွင် ရပ်နေလိုက်လေသည်။ သည်အခိုက်တွင် ခုနက ထိုပြောသွားသည့် စကားကို စဥ်းစားမိလိုက်ပြီး ရွှီရှောင်ကျောင်း၏ နှလုံးသားက နာကျင်သွားတော့သည်။
“ဒါပေါ့လို့၊ ရှင်တို့အားလုံး ပေါင်းရင်းတောင် ကျွန်မရဲ့ ကိုကိုဝေဖျင်ကို မယှဥ်နိုင်ဘူးလေ”
“အိုက်ယား”
“အားး”
“ရှက်လိုက်တာ”
“ဆရာမရှောင်ကျောင်း ဒါက ဆရာမရဲ့ခင်ပွန်းကို အခိုင်အမာ ဖမ်းဆုပ်ထားတဲ့နည်းလမ်းပေါ့လေ”
မိန်းကလေးများက သူမအတွက် မနေနိုင်ဘဲ ရှက်သွားကြတော့သည်။
“ဒါဆိုရင် ရှင်တို့တွေ ဒီမှာနေပြီး မီးသီးလုံးတွေ လုပ်အုံးမလို့လား”
ရွှီရှောင်ကျောင်းက စကားတစ်ခွန်းတည်းနှင့် စုန့်ဝေဖျင်၏စိတ်ထဲက အတွေးများကို ထုတ်ပြောလိုက်တော့သည်။
အားလုံးက ဆက်ဆံရေးကောင်းတစ်ခုရှိပြီး အရင်ကတည်းက မကြာခဏဆိုသလို ရယ်စရာ ပြောတတ်ကြလေသည်။
ဦးဆောင်လာသည့် ကျန်းမေလိက ချက်ချင်း လည်ချောင်းရှင်းလိုက်ပြီး
“ဘယ်မှာလဲ မီးသီးတွေက၊ ကျွန်မတို့ အချင်းချင်း မတွေ့ရတာ အရမ်းကြသွားပြီလေ၊ ကျွန်မတို့မှာလည်း သီးသန့်စကား ပြောချင်တာတွေရှိတာပေါ့၊ အခုလောလောဆယ်တော့ ရဲဘော်စုန့်ဝေဖျင်က ကျွန်မတို့ရဲ့မီးသီးလုံး”
သူမ စကားဆုံးသွားသည်နှင့် တခြားသူကများကလည်း ရက်ရက်ခေါင်းညိတ်ကြလသေည်။
ရွှီရှောင်ကျောင်းက အော်ရယ်လိုက်ပြီး
“ဒါဆိုလည်း ဟုတ်ပါပြီ၊ ကျွန်မ အချိန်တော့ သိပ်မရဘူး၊ ဒီတော့ ရှင်တို့ကို အချိန်နည်းနည်းပေးမယ်လေ”
သူမက မိန်းကလေးများ၏ ရယ်သံကို နိုးဆွပေးလိုက်သည့် သောကရောက်နေသည့် အမူအရာတစ်ခုကို ဆောင်ထားလိုက်လေသည်။
ကျန်းမေလိက စီရင်စုအတွင်းရှိ ကိစ္စရပ်အသစ်များကို မနေနိုင်တော့ဘဲ စတင်စကားလိုက်တော့သည်။
“ဆရာမရှောင်ကျောင်း မသိလို့နော်၊ အခုဆိုရင် စီရင်စုက အရမ်းစည်ကားသွားပြီ၊ ကျွန်မအမေဆီက ကြားခဲ့တာ စီးပွားရေးပြန်ဖွင့်တော့မဲ့အကြောင်းပဲ၊ အခုဆိုရင် ကိုယ်ထူကိုယ်ထ စီးပွားရေးလုပ်ငန်းတွေ ဖွင့်နေကြပြီ၊ အထက်လူကြီးတွေလည်း မျက်ကွယ်ပြုပေးထားကြတယ်၊ ပြီးတော့ ပြီးတော့လည်း အခုတလော စီရင်စုထဲက ဈေးကြီးတွေမှာ အဝတ်အစားလှလှလေးတွေ အများကြီးပဲ၊ ကျွန်မ တစ်မျိုးစီဝယ်လာခဲ့တယ်”
အဝတ်အစားလှလှလေးများက အမျိုးသမီးများကြားတွင် အမြဲတမ်း ဘယ်တော့မှ မဆုံးနိုင်သည့်ခေါင်းစဥ်တစ်ခု ဖြစ်လေသည်။
“ဟုတ်တယ် ဟုတ်တယ်၊ လှလိုက်တာ၊ ဆရာမရှောင်ကျောင်း သွားကြည့်ပြီးပြီလား”
“အထူးသဖြင့် သူတို့ရဲ့ ကြောငြာလက်ကမ်းစာစောင်လေ၊ အဲထဲက လူဝတ်ထားတာ ပိုပြီးလှတယ်”
“ဟုတ်တယ်၊ အဲဒီလူက မျက်နှာဖုံးတပ်ထားတာ၊ မှန်းစမ်း၊ သူက မင်းသမီးတစ်ယောက်များလား”
“ပြီးခဲ့တဲ့ နှစ်ရက်တုန်း လူတွေက သူဘယ်သူလဲဆိုပြီး မေးနေကြတာ၊ သူက မင်းသမီးတစ်ယောက် မဟုတ်ဘူးဆိုရင် မင်းသမီးဖြစ်အောင် စင်တင်ပေးမယ်လို့ ပြောနေကြတယ်”
မိန်းကလေးများက စကားအများကြီး ပြောနေကြပြီး ကျန်းမေလင်က သူမ၏မျက်လုံးများကို မသင်္ကာသလို ကျဥ်းမြောင်းထားလိုက်လေသည်။
“ဆရာမရှောင်ကျောင်း အဲဒီလူက ရှင်ဖြစ်မယ်လို့ ကျွန်မ ဘာလို့ခံစားမိနေတာလဲ”
သူမက ရွှီရှောင်ကျောင်းကို ခေါင်းအစခြေအဆုံး တဖန်ကြည့်လိုက်ကာ
“ဆရာမ ရှောင်ကျောင်း ကျွန်မကို ပြောစမ်းပါ၊ အဲဒါ ဆရာမ မဟုတ်လား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး
“ဟုတ်တယ် ကျွန်မ ပါပဲ”
“အားးး”
သူမ စကားဆုံးသွားသည်နှင့် လူများက သူမကို ချက်ချင်း ဝန်းရံလာကြတော့သည်။
“ဆရာဖြစ်နေတာကိုး၊ ဆရာမရှောင်ကျောင်း”
“ဝါး ကျွန်မရဲ့စံပြပုဂ္ဂိုလ်လေး”
“ဝတ်စုံတိုင်းကို အရမ်းကြည့်ကောင်းနေအောင် ဘယ်လိုများ စီစဥ်ခဲ့တာလဲ”
“ဆရာမက အဲဒီပိုစတာတွေထဲက မင်းသမီးတွေထက်တောင် ပိုလှသေးတယ်”
စုန့်ဝေဖျင်သည် ဘေးသို့ တွန်းထုတ်ခံလိုက်ရပြီး ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရတော့သည်။ သူက ကျိတ်ကြီး သက်ပြင်းချမိ၏။
သို့သော်ရွှီရှောင်ကျောင်းက အလွန်ထင်ပေါ်ပြီး စကားတစ်ခွန်း နှစ်ခွန်းလောက်နှင့် လူအများ၏ အာရုံစိုက်ခံရသူ ဖြစ်လာကာ ဟန်အမူအရာတိုင်းတွင် ကျေနပ်သည့်အကြည့်တစ်ခု ရှိနေရာ သူမကို မလေးစားဘဲ မနေနိုင်အောင်ဖြစ်သွားတော့သည်။
သူမသည် အဖိုးမဖြတ်နိုင်သည့်ရတနာတစ်ခုပင်။ သူမသည် အချိန်တိုင်းတွင် တောက်ပနေနိုင်လေသည်။
တည်ငြိမ်သွားအောင် အချိန်အကြာကြီးယူလိုက်ရသည်။ ကျန်းမေလိနှင့်တခြားသူမက စကားပြောလို့မဝကြသဖြင့် သူတို့က ရွှီရှောင်ကျောင်းကို လုံးဝ မလွှတ်ချင်ကြပေ။
“ဆရာမရှောင်ကျောင်း ဆရာမနဲ့ ဆရာမရဲ့ပွန်းကို ညနေစာ ကျွေးပါရစေနော်၊ ကျွန်မတို့တွေ စားရင်းသောက်ရင်း စကားပြောကြမလား”
“ဟုတ်တယ် ဟုတ်တယ်၊ အစိုးရပိုင်စားသောက်ဆိုင်ကို သွားပြီး ညနေစာအတွက် သီးသန့်အခန်းတစ်ခု ယူလိုက်ကြမယ်”
“ဆရာမရှောင်ကျောင်း လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင် ဝတ်စားဆင်ယင်ပုံ ရှိသင့်တယ်လို့ ပြောခဲ့တယ်မလား၊ ဒါဆိုရင် ကျွန်မတို့ ဝယ်လာတဲ့အဝတ်အစားနဲ့ အဲဒါတွေကို ဘယ်လိုတွဲဝတ်ရမယ်ဆိုတာ ပြောပြလေ”
ဖြစ်နိုင်ပေသည်။ မည်သို့ဆိုစေ သူတို့တွေ တွေ့ဆုံကတည်းက စကားပြောကောင်းခဲ့ကြလေသည်။ သို့သော် သူတို့က မိန်းကလေးကိစ္စများ ပြောကြချိန်တွင် စုန့်ဝေဖျင်အတွက် နားထောင်လို့ အဆင်မပြေနိုင်ပေ။
ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး သူတို့ကို ပြောလိုက်လေသည်။
“ရှင်တို့တွေ အရင်သွားပြီး စောင့်နေလိုက်နော်”
ထိုနောက် သူမက စုန့်ဝေဖျင်ကို ဘေးသို့ လှမ်းဆွဲလိုက်၏။
“ကြည့်ပါအုံး၊ သူတို့တွေ အရမ်းကို တက်ကြွနေကြတာ၊ ငါ သူတို့နဲ့ အဖော်လုပ်ရင်း ထမင်းစားပြီး စကားပြောလိုက်အုံးမယ်၊ နင် အရင် တည်ခိုးခန်ပြန်ပြီး ငါ့ကို စောင့်နေလိုက်ပါလား”
စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး
“မင်း ငါ့ကို ထပ်မလိုချင်တော့ဘူးပေါ့”
ရွှီရှောင်ကျောင်းသည် သူ၏ မယိမ်းယိုင်သည့်စကားများထဲက ဝမ်းနည်းမှုကို အတင်းအကျပ် ခံစားမိလိုက်၏။ သူမ၏အသံက အနည်းငယ်ပျော့ပြောင်းသွားပြီး
“လုံးဝ မဟုတ်ရပါဘူးဟယ်၊ ငါက သူတို့နဲ့ ထမင်းလေးတစ်နပ်ပဲ သွားစားတာပါ၊ စားပြီးတာနဲ့ ပြန်လာမှာလေ”
စုန့်ဝေဖျင်က သူ့နှုတ်ခမ်းများကို စေ့ထားလိုက်ပြီး
“ငါတို့တွေ ရုပ်ရှင်သွားကြည့်ဖို့ သဘောတူထားတယ်လေ”
သည်တစ်ကြိမ်တွင်တော့ သူ့ကို ချော့မော့နေရသူမှာ ရွှီရှောင်ကျောင်း ဖြစ်တော့သည်။
“ဒါဆို မနက်ဖြန် နေ့လယ်ကျရင် သွားကြည့်မယ်လေ၊ ငါတို့တွေ ရုပ်ရှင်ကြည့်ပြီးမှ ပြန်လို့ရတယ်မလား”
စုန့်ဝေဖျင်က သူမကို သဘောတူပေးဖို့ စဥ်းစားထားပြီးသား ဖြစ်လေသည်။ သူမက ရှားရှားပါးပါး ဒီသူငယ်ချင်းလေးတွေနဲ့ တွေ့ဖို့ အခွင့်အရေးရခဲ့တာလေ။ သူတို့နဲ့ စကားပြောဖို့ လိုအပ်တာပေါ့။ ဒါပေမဲ့ မှောင်နေတော့ သူက အရမ်းမြန်မြန် သဘောမတူနိုင်ဘူးလို့ ခံစားမိလိုက်တာ။
“ဒါပေမဲ့ ငါ မင်းနဲ့ ရုပ်ရှင်ကို ညနေပိုင်းမှာ ကြည့်ချင်တာ၊ ပြီးတော့ မင်းကို ညဈေးလည်း ခေါ်သွားမလို့”
ရွှီရှောင်ကျောင်း၏နှလုံးသားလေးမှာ ထိုစကားကို ကြားလိုက်ချိန်ရချိန်တွင် လှုပ်ရှားသွားတော့သည်။ ထိုနောက်တွင် သူမသည် ကျန်းသယ်ရှန်း ကိစ္စကို တွေးမိသွားတော့သည်။ သူမ၏နှလုံးသားလေးက အနည်းငယ်ပိုပြီး ပျော့ပြောင်းသွားလေသည်။ သူမက စုန့်ဝေဖျင်နားသို့ကပ်သွားလိုက်ပြီး သူ့လက်ကို ဆွဲကာ လှုပ်ရမ်းလိုက်၏. အမှတ်တမဲ့ သူမက ချွဲနွဲ့ပြလိုက်လေတော့သည်။
“ကိုကိုဝေဖျင်၊ ကိုကိုဝေဖျေင်လို့၊ ကိုကိုအလိမ္မာလေးနော်~ စားပြီးတာနဲ့ ပြန်လာပြီး ကိုကို့ကို အဖော်လာလုပ်ပေးမယ်လေလို့”
ထိုအခါမှ စုန့်ဝေဖျင်လည်း တည်းခိုခန်းသို့ ပြန်ရောက်လာချိန်တွင်တော့ သူသည် ကောင်းကင်ပေါ်တွင် လွင့်မျောနေသည့် စွန်တစ်ကောင်လို ခံစားလိုက်ရတော့သည် သူ့တွင်ရှိသမျှ ကြိုးမျှင်တိုင်းကို ရွှီရှောင်ကျောင်း၏ လက်ထဲတွင် ကိုင်ထားလေသည်။
ရွှီရှောင်ကျောင်းမှာတော့ သူမ ပြောလိုက်သည့် စကားတစ်ခွန်း နှစ်ခွန်းက စုန့်ဝေဖျင်အပေါ် မည်သည့်သက်ရောက်မှု ရှိသွားစေမှန်း မသိလိုက်ချေ။ စုန့်ဝေဖျင်က သူမကို လာကြိုပေးမည်ဟု သဘောတူလိုက်ပြီးနောက်တွင် ရွှီရှောင်ကျောင်းသည် ကျန်းမေလိနှင့် တခြားသူများနှင့်အတူ ထွက်သွားလေသည်
ကျန်းမေလိက တခြားသူများနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး
“ဆရာမရှောင်ကျောင်း ရှင်နဲ့ရှင့်ခင်ပွန်းက အရမ်းချစ်ကြတာပဲနော်”
“ဟုတ်ပါ့၊ ကျွန်မ မျက်လုံးထဲမှာတော့ ပြီးခဲ့တဲ့အခေါက်တုန်းကထက် ပိုပြီးတွယ်ကပ်နေတာပဲ”
“ရဲဘော်စုန့်ဝေဖျင်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်၊ ကျွန်မတို့ကပဲ မင်းသမီးလေး ဆရာမကို သူ့ဆီကနေ လုပြေးသွားတော့မဲ့အတိုင်းပဲ”
ရွှီရှောင်ကျောင်းသည် မျက်နှာပြောင်သော်လည်း သူတို့၏မှတ်ချက်များကြောင့် အနည်းငယ် မျက်နှာပူသွားတော့သည်။
“အဲလောက်တောင် ပိုလွန်းနေသလား”
ကျန်းမေလိနှင့်တခြားသူများက ထိုမျှလောက် ပိုလွန်းသည်ဟု ထုတ်ပြောကြလေသည်။
“ဆရာမတို့ လက်ထပ်ထားတာ တော်တော်ကြာပြီမလား၊ ဘာလို့ လူငယ်အတွဲတွေလို ချိန်းတွေ့နေကြသေးတာလဲ၊ ကျွန်မ အရမ်းအားကျသွားပြီ”
ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် သူမ၏နှာခေါင်းကို အနေခက်စွာ ပွတ်သပ်လိုက်တော့သည်။
အင်း။ ငါတို့တွေ လက်ထပ်ထားတာ နှစ်တော်တော်ကြာပါပြီ။ ဒါပေမဲ့ သူတို့တွေက အခန်းဖော်ကောင်းလေးတွေလေ။ လတ်တလောမှာတော့ တစ်ခုခု မတူတော့သလိုပဲ။
“အင်းပါ အင်းပါ၊ အဲဒီအကြောင်း မပြောတော့ဘူး၊ ဝတ်ပုံစားပုံအကြောင်း ပြောချင်တာမလား၊ ကျွန်မ ပြောပြ၊ ဘာအဝတ်အစားတွေ ဝယ်လာလဲ၊ လက်ကမ်းစာစောင်ထဲကဟာ ဖြစ်နေသ၍ ကျွန်မ ရှင်တို့ကို တွဲဝတ်ဖို့ အကြံပေးနိုင်တယ်”
“ကောင်းပြီ၊ ကောင်းပြီ၊ မြန်မြန်လုပ်ကြမယ်၊ အစိုးရပိုင် စားသောက်ဆိုင်ကို သွားပြီး စားရင်းသောက်ရင်း စကားပြောကြတာပေါ့”
စားသောက်ပြီးနောက်တွင်လည်း ကျန်းမေလိနှင့် တခြားသူများက စကားပြောလို့ မဝကြပေ။ အစပိုင်းက သူတို့သည် အဝတ်အစားများက ကြည့်ကောင်းသည်ဟုသာ ထင်သော်လည်း ရွှီရှောင်ကျောင်းက သူတို့ အသီးသီး၏ ကိုယ်နေဟန်ပန်များအတိုင်း ပြန်စီစဥ်ပေးလိုက်တော့ သူတို့သည် ရိုးရိုးလေးနှင့်ကို ပြီးပြည့်စုံသွားတော့သည်။
“ရှောင်ကျောင်း ရှင် စီရင်စုမှာနေရင် အရမ်းကောင်းမှာပဲ၊ ဒါမှ ကျွန်မ ဈေးဝယ်ထွက်တိုင်း ရှင့်ကို ခေါ်လို့ရမှာ”
“ဟုတ်တယ်, ဟုတ်တယ်၊ နှမြောစရာကောင်းလိုက်တာ”
သူတို့ကြားတွင် အသက်အရွယ်က သိပ်မကွာကြပေ။ ရွှီရှောင်ကျောင်းကလည်း သူတို့၏ တရားဝင်ဆရာတစ်ယောက် မဟုတ်ချေ။ ထမင်းတနပ်စားသောက်ပြီးနောက် သူတို့က ရွှီရှောင်ကျောင်း ပြောသည့်အတိုင်း သူမကို “ရှောင်ကျောင်း’ဟု ခေါ်လိုက်ကြလေသည်။ ဒါကပိုပြီး ခင်မင်ရင်းနှီးသွားစေတော့သည်။
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က တခါးအပြင်ဘက်တွင် စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းမေလိနှင့် တခြားသူများကို တီးတိုးပြောလိုက်၏။
“ကျွန်မ နောက်ဆိုရင် စီရင်စုကို ပိုပြီးလာစရာရှိတယ်၊ အဲဒီအခါကျရင် ကျွန်မတို့တွေ အတူတူ လည်ကြတာပေါ့”
“ဒါဆို ကတိနော်” လူအနည်းငယ်က တပြိုင်တည်း ပြောလိုက်ကြသည်။
ရှည်ကြာသည့် နှမြောတသစွာ နှုတ်ဆက်စကားပြောအပြီးတွင် စုန့်ဝေဖျင်က နောက်ဆုံးတော့ ရွှီရှောင်ကျောင်းကို စောင့်ဆိုင်းခဲ့လေသည်။
“သူတို့တွေက အရမ်းစကားများတာပဲ”
စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို တွေ့လိုက်ပြီးနောက်တွင် မကျေနပ်ချက်ကို ထုတ်ဖော်တော့သည်။
ညက မှောင်အတိကျနေလေသည်။ ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့သည် လမ်းပေါ်တွင် ဘေးချင်းယှဥ် လျှောက်လာခဲ့သည်။ သည်ခေတ်တွင် နောက်ပိုင်းမျိုးဆက်များလို ကလက်တက်ခြင်းမျိုး မရှိပေ။ ပတ်ဝန်းကျင်က အလွန်မှ တိတ်ဆိတ်ငြိမ်သက်နေပြီး လမ်းမီးများလည်း အများကြီး မရှိပေ။
“သူတို့တွေက ပျော်နေကြတာလေ၊ စုန့်ဝေဖျင် နင် စားပြီးပြီလား”
စုန့်ဝေဖျင်က အဖြေကိုရှောင်လိုက်ပြီး ထို့အစား သူမ၏လက်ကို ကိုင်လိုက်ကာ
“အခုကျတော့ မင်းက ငါ့ကို စုန့်ဝေဖျင်လို့ ခေါ်နေပြန်ပြီလား”
...
အပိုင်း (၄၄) အနမ်းတစ်ခု
ရွှီရှောင်ကျောင်းသည် နားမလည်လိုက်ချေ။
“ဘာကိုလဲ”
လရောင်က အလွန်မှတောက်ပလို့နေသည်။ သူမ၏မျက်လုံများထဲတွင် ကြယ်များ ရှိနေသယောင်။ စုန့်ဝေဖျင်က လက်လှမ်းလိုက်ပြီး သူမ၏မျက်ခုံးများကို သပ်ပေးလိုက်ကာ
“ကိုကိုအလိမ္မာလေးလို့ ပြောပါအုံး”
‘ကိုကိုအလိမ္မာလေး’ဟု သူပြောလိုက်သည့်ပုံစံက တနည်းနည်းဖြင့် ရှင်းပြလို့မတတ်သည့် ခံစားချက်တစ်ခု ဆောင်ထားလေသည်။
ရွှီရှောင်ကျောင်းသည် အမှောင်ထဲတွင် ရှိနေသဖြင့် သူမ ရှက်သွားသည်ကို သူ မမြင်နိုင်ခဲ့ရာ ကျေးဇူးတင်မိတော့သည်။
“စုန့်ဝေဖျင် နင် အဲလို လုပ်လို့မရဘူးလေ”
စုန့်ဝေဖျင်က သူမရှက်သွားသည်ကို ခံစားမိသယောင်
“အင်း”
ရွှီရှောင်ကျောင်းက ကျန်းသယ်ရှန်းအကြောင်းမေးချင်သော်လည်း လရောင်က အလွန်လှပနေသဖြင့် အပြင်လူအကြောင်း ပြောသည်က အချိန်အလကားဖြုန်းရာကျမည်ဟု ခံစားလိုက်မိလေသည်။
ထိုအခိုက်တွင် ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က ကျန်းသယ်ရှန်းအကြောင်းကို သူမအား မပြောပြခဲ့သည့် အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားတော့သည်။ ငါလေးရဲ့ လက်ရှိခံစားနဲ့ အတူတူပဲနေမှာ။ အဲဒီအချိန်တုန်းကလည်း စုန့်ဝေဖျင်က နောက်ပိုင်း မပတ်သက်ရတော့မဲ့ လူတွေကြောင့် ငါလေးက စိတ်အနှောင့်အယှက် ဖြစ်စရာမလိုဘူးလို့ စဥ်းစားခဲ့တာပဲ ဖြစ်ရမယ်။
သူမက ရုတ်တရက်ဆိုသလို မမေးချင်တော့ပေ။
နှစ်ယောက်သားက လမ်းပေါ်တွင် ဘေးချင်းယှဥ်လျှောက်လာခဲ့လေသည်။ လရောင်အောက်တွင် တရှပ်ရှပ်ခြေသံများကသာ ကျန်ရစ်ခဲ့တော့သည်။
အပြန်အလှန် နားလည်မှုတစ်ခုက သူတို့နှစ်ယောက်ကို ချိတ်ဆက်ပေးလိုက်သယောင်။
ရွှီရှောင်ကျောင်းသည် သူမနှင့် စုန့်ဝေဖျင်တို့ကြားတွင် တစ်ခုခု ကွာခြားသွားသည်ကို ခံစားမိလိုက်တော့သည်။
ဒါပေမဲ့ ဘာကွာသွားတာပါလိမ့်။
မပြောပြတတ်ဘူး။
သူမသည် မသိလိုက်ခင်မှာပင် နှစ်သစ်ကူးက တိတ်တိတ်လေး ရောက်နှင့်နေတော့သည်။
သည်တစ်ကြိမ်တွင် စုန့်ဝေဖျင်က တရွာလုံးကို ရုတ်ရုတ်သည်းသည်းဖြစ်သွားစေသည့် အိမ်သုံးပစ္စည်း နောက်တစ်မျိုး၊ ရုပ်မြင်သံကြားစက်ကို ထပ်ဖြည့်လိုက်လေသည်။
မိန်လင်ရွာတွင် ပထမဆုံးရုပ်မြင်သံကြားစက်ပင်။
သည်သတင်းက မိန်လင်ရွာထဲတွင် နာမည်ကြီးအကြောင်းအရာတစ်ခု မြန်မြန်ဆန်ဆန် ဖြစ်သွားတော့သည်။ အားလုံးက ရုပ်မြင်သံကြားစက်အကြောင်းကို ပြောကြသည်။ အနီးနားက ရွာများမှ လူများပင် ထင်ပေါ်ကျော်ကြားလှသည့် ရုပ်မြင်သံကြားစက်က မည်သည့်ပုံစံဖြစ်သနည်းဟု လာရောက်ကြည့်ရှုကြလေသည်။
“အဲနေ့က ဝေဖျင်တို့မိသားစုက ရုပ်မြင်သံကြားစက် ဝယ်လာတုန်းက နင် အဲမှာ ရှိခဲ့လား၊ အိုက်ယား၊ အဲဒီပုံးကြီးက ကြီးလိုက်တာဆိုတာလေ”
“ငါ ဘယ်လိုဖြစ်ပြီး အဲမှာမရှိရမှာလဲ၊ သူ သူ့အိမ်မှာ ရုပ်မြင်သံကြားစက်ကို ဆင်နေတာကို စောင့်ကြည့်ခဲ့တယ်လေ၊ စက်ကို ဆင်ပြီးသွားတော့ ငါ အင်တာနာကိုတောင် ထိကြည့်လိုက်သေးတယ်”
“ကျွတ် ကျွတ် ငါ ဘာလို့ အိမ်မှာ ရှိခဲ့တာတုံး၊ ငါသာ အဲဒီနေ့ လယ်ထဲမဆင်းခဲ့ရင်ကွာ၊ ငါ့ကို မြန်မြန်ပြောစမ်းပါ၊ ရုပ်မြင်သံကြားစက်ကြီးက ဘာနဲ့တူသလဲ၊ သူတို့ပြောကြတာတော့ အဲထဲမျာ အားလုံးရှိတယ်ဆို၊ တကယ်ပဲလား”
“ငါ မင်းကို ပြောပြမယ်၊ အံ့ဩစရာကြီးနော်၊ ရုပ်မြင်သံကြားစက်က ဘယ်လောက်ပေးရလဲ သိလား၊ ယွမ် ၃၀၀ကျော်တယ်ဗျာ၊ ငါတို့မိသားစုတွေ သုံး လေးနှစ်လောက်ရှာရင်တောင် ဒီငွေကို မစုနိုင်ဘူး”
သူက လက်မထောင်ပြလိုက်ပြီး
“စုန့်ဝေဖျင်၊ ဒီလူကတော့ကွာ”
ကျန်လူများက ခေါင်းညိတ်ပြလိုက်လေသည်။
“ဟုတ်ပါ့ဟယ်၊ ပြောစမ်းပါ၊ ဝေဖျင်နဲ့ သူ့မိန်းမက နေ့တိုင်း လယ်ထဲဆင်းတာ ငါ မတွေ့ရပါဘူး၊ ဘယ်လိုဖြစ်ပြီး ငွေတွေ အဲလောက်လွယ်လွယ်ကူကူ ရှာနိုင်တာလဲ”
“လယ်စိုက်လို့ ဘာအလားအလာရှိလို့တုံး၊ တခြားဖက်လူက သူတို့ရဲ့ဦးနှောက်ကို သုံးတာလေ”
“ဟယ် ငါတို့တွေက ရုပ်မြင်သံကြားစက်အကြောင်း ပြောနေတာလေ၊ စကားလမ်းကြောင်း လွဲအောင်မလုပ်ပါနဲ့၊ ငါတို့ကို မြန်မြန်ပြောပြစမ်းပါ၊ နင် မတွေ့ခဲ့ဘူးလား၊ ရုပ်မြင်သံကြားစက်ထဲမှာ ဘာတွေ့ရလဲ”
“ဘာရှိမှာလဲ၊ ပြည်တွင်းသတင်းနည်းနည်း၊ မင်းသား မင်းသမီးတွေသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲနည်းနည်း၊ သိုင်းကားလို့ ခေါ်တယ်ဆိုလား၊ ပြောရရင်တကယ့်ကို အံ့ဩစရာကောင်းတာပဲ”
ရွှီရှောင်ကန်းသည် ဂိမ်းစက်ပြီးနောက် ရုပ်မြင်သံကြားစက်ကြောင့် ရွာထဲက ကလေးများ၏ဘုရင် ဖြစ်လာတော့သည်။ ရုပ်မြင်သံကြားစက်ကို မတွေ့ဖူးကြသူများက သူ့နောက်လိုက်လာပြီး မေးမြန်းကြသည်။
“ရှောင်ကန်း မင်းတို့ရုပ်မြင်သံကြားစက်က ဘာနဲ့တူလဲ”
“ဟုတ်တယ်၊ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဆို၊ တကယ်ပဲလား”
“မင်းယောက်ဖက တော်လိုက်တာ”
ရွှီရှောင်ကန်းက ကျောက်တုံးကြီး အောက်တွင် ရပ်ကာ ပုံပြောသူတစ်ယောက်နှင့် တူနေတော့သည်။ သူ့ခေါင်းက မြင့်မြင့်မားမား ပင့်ထားလေသည်။
“မင်း မသိပါဘူး၊ ရုပ်မြင်သံကြားစက်ဆိုတာ လေးထောင့်ပုံစံရှိတယ်၊ အလယ်ကတစ်ခုကို ဘာနာမည်ပါလိမ့်၊ ဪ ... ငါ့အစ်မပြောတာတော့ ဖန်သားပြင်တဲ့၊ ဘေးမှာ ခလုတ်တွေ တန်းစီပြီး ရှိတယ်၊ ငါ မင်းတို့ကို ပြောပြမယ်၊ မီးကြိုးနဲ့ချိတ်ပြီး အဲဒီခလုတ်ကို နှိပ်လိုက်ရင် ဖန်သားပြင်က ဖျတ်ခနဲ လင်းလာတာ”
“အဲထဲမှာ အကောင်းစား အကြောင်းအရာတွေအများကြီးပဲ, မနေ့ကဆိုရင် ငါ ကာတွန်းကားတွေ ကြည့်ခဲ့တာ၊ ဒီနေ့ညက သိုင်းကား၊ အဲထဲက လူတွေက ပျံနေကြတာ၊ ဝှစ်ခနဲပဲ~”
သူက တီဗွီထဲက လူများလို လိုက်အတုခိုးလိုက်ပြီး ကျောက်တုံးကြီးပေါ်က ခုန်ချလိုက်လေသည်။
“လာကြ၊ ငါ့အိမ်မှာ ရုပ်မြင်သံကြားစက်ကြည့်ဖို့ မင်းတို့ကို ခေါ်သွားမယ်”
စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းကလွဲလျှင် သည်တီဗွီကို တမိသားစုလုံးက ရတနာတစ်ခုလို သဘောထားကြလေသည်။
အဘွားစုန့်က သူမ နှစ်ပေါင်းများစွာ အထူးတလည် သိမ်းထားခဲ့သည့် အပြာရောင်ပိတ်စတစ်ခုကို တီဗွီအဖုံးတစ်ခု လုပ်လိုက်သည်။ ထိုပိတ်စကို တီဗွီမကြည့်ချိန်တွင် အုပ်ထားတတ်သည်။
ဝူချွန်းဟွားက ကြက်မွှေးတစ်ချောင်းကိုင်ပြီး အိမ်မှာ ရှိသည့်အချိန်တိုင်း တနေ့ တနေ့ မရေမတွက်နိုင်အောင် ဖုန်သုတ်နေတတ်သည်။
ရွှီရှောင်ကန်းက သူ့သူငယ်ချင်းလေးများကို ခေါ်လာပြီး တီဗွီလာကြည့်သည်။ ခဏလောက် ကြည့်ပြီးသွားလျှင် သူက အပေါ်တက်ပြီး တီဗွီပျက်သွားမည်စိုးသဖြင့် ထိကိုင်ကြည့်သည်။
ရွှီရှောင်ကျောင်းက သူတို့ကို ရယ်မောလိုက်ပြီး
“အဘွား၊ အမေ ရှောင်ကန်းတို့က အရမ်းဂရုစိုက်တတ်တာပဲ၊ ဒီပစ္စည်းက အရည်အသွေး ကောင်းပါတယ်”
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး
“ရုပ်မြင်သံကြားစက်ကို ရောင်းတဲ့သူက ပြောတယ်၊ ဆယ်နှစ်ကျော် သုံးရင်တောင် ပြဿနာမရှိဘူးတဲ့”
ဝူချွန်းဟွားက ပြောစရာများသွားတော့သည်။
“ဆယ်နှစ်ဖြစ်ဖြစ် တစ်ဆယ့်ငါးနှစ်ဖြစ်ဖြစ် လူတွေ ဘယ်လိုသုံးတယ်ဆိုတဲ့အပေါ်မှာ မူတည်တယ်၊ ဂရုစိုက်တာ ပိုကောင်းတယ်လေ”
ဝူချွန်းဟွား စကားဆုံးသွားတော့ အဘွားစုန့်က ခေါင်းတွင်တွင်ညိတ်ကာ ထောက်ခံသည်။
ရွှီရှောင်ကျောင်းလည်း သူတို့ကို လွှတ်ထားလိုက်တော့သည်။ ညပိုင်း အိပ်ရာဝင်ချိန် ရောက်သောအခါ သူမက စုန့်ဝေဖျင်ကို ရယ်စရာပြောတော့သည်။
“အဘွားနဲ့ အမေတို့ကို ကြည့်ပါအုံး၊ သူတို့တွေ့က တီဗွီကို နို့တိုက်ကလေးထက်တောင် ပိုပြီးညင်သာနေကြတယ်”
စုန့်ဝေဖျင်က ခဏလောက်စဥ်းစားလိုက်ပြီး
“အစမလို့ပါ၊ ခဏကြာသွားရင် နေသားကျသွားလိမ့်မယ်”
ရွှီရှောင်ကျောင်းလည်း ခေါင်းညိတ်လိုက်ပြီး စိတ်ကူးတစ်ခု ရလာလေသည်။
“ရွာသားတွေက သိချင်နေကြတာမလား၊ နှစ်သစ်ကူးမတိုင်ခင်အထိ ခဏလောက်စောင့်လိုက်ပြီး အားလုံးကို တီဗွီပြကြမယ်လေ၊ ဘာပဲဖြစ်ဖြစ် ရွာသားတွေလည်း လုပ်စရာမှမရှိကြတာ”
စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး
“ဆူညံနေမှာ မစိုးရိမ်ဘူးလား”
ရွှီရှောင်ကျောင်းက ထိုသို့ မတွေးပေ။
“ရှောင်ကန်းက နေ့တိုင်း သူ့သူငယ်ချင်းတွေ ခေါ်လာပြီး ကာတွန်းကားကြည့်နေတာပဲ၊ ငါတော့ အဆင်ပြေတယ် ထင်တယ်”
အားလုံးက လာကြည့်ကြရင် သူတို့လည်း ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို သေချာပေါက်ကြိုက်ကြမှာပဲ၊ ဒီတော့ မင်းကြိုက်တဲ့သတင်းတွေ မကြည့်ရတော့ဘူးလေ” စုန့်ဝေဖျင်က တီဗွီဝယ်ရခြင်း အဓိကအကြောင်းအရင်းမှာ သူမ ကြည့်ဖို့ရန် ဖြစ်လေသည်။
ရွှီရှောင်ကျောင်းက ရယ်မောလိုက်ပြီး
“ငါ သတင်းကြည့်တယ်ဆိုတာလေ ပြည်တွင်းမူဝါဒအသစ်တွေများ ရှိမလားလို့ပါ၊ ငါ ကြားချင်တာတွေကို စောင့်ခဲ့ပြီးသွားပြီလေ၊ နောက်ဆိုရင် တခါတလေမှ ကြည့်တော့မှာ၊ ရွာထဲက လော်စပီကာကြီးကလည်း နေ့စဥ်သတင်းတွေကို လွှင့်နေတယ်မလား၊ ငါ အဲကနေ နားထောင်လို့ရပါတယ်”
ထိုအကြောင်း ပြောလိုက်မှ စုန့်ဝေဖျင်သည် ပြန်လည်ပြုပြင်ရေးနှင့် စီးပွားရေးဖွင့်ပေးလိုက်ကြောင်း သတင်းကြားပြီးနောက် ရွှီရှောင်ကျောင်း ထ,ကခဲ့သည်ကို သတိရသွားတော့သည်။ စီးပွားရေးလုပ်ငန်းများကို ဖွင့်ပေးလိုက်ပြီး ကိုယ်ပိုင်လုပ်ငန်းခွင်များကို ခွင့်ပြုပေးလိုက်သည်။
“မင်းက စီးပွားရေး ဖွင့်လိုက်တဲ့သတင်းကို စောင့်နေတာလား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ သတင်းထွက်လာတဲ့အချိန်က သူမ မှတ်မိသည့်အချိန်နှင့် တထပ်တည်းပင်။ သည်နှစ်ဆောင်းတွင်းတွင် ဖြစ်ခဲ့သည်။
“ဟုတ်တယ်လေ၊ နင်နဲ့ တတိယအစ်ကိုလီတို့ အဲဒီပစ္စည်းရောင်းပြီး အခု အပြင်ဘက်မှာ အရမ်းကို လှုပ်ရှားတက်ကြွနေကြပြီး ပြောမဲ့သူတစ်ယောက်မှ မရှိတာကို တွေ့လိုက်တုန်းကပေါ့၊ နောက်ဆုံးတစ်ခါ ငါ စီရင်စုကို သွားခဲ့တုန်းက ကျန်းမေလိ ပြောခဲ့တယ်လေ၊ အခြေခံအားဖြင့်တော့ ဘယ်သူကမှ ကိုယ်ပိုင်စီးပွားရေးကို အာရုံမစိုက်ကြဘူးတဲ့၊ ဒီတော့ ငါ သိလိုက်တယ်၊ ဒီလိုနေ့မျိုးက အနှေးနဲ့အမြန် ရောက်လာတော့မယ်လို့လေ”
အမှန်တွင်တော့ ထိုနေ့က သတင်းကို ကြားလိုက်ပြီးနောက်တွင် စုန့်ဝေဖျင်လည်း အလွန်ဝမ်းသာသွားခဲ့သည်။ ထိုနေ့က သူ့မျက်လုံးများက အလွန်မှတောက်ပနေသည်ကို ရွှီရှောင်ကျောင်း ခံစားမိလိုက်သည်။
“နင် ပျော်လား”
စုန့်ဝေဖျင်က ပျော်ရပါသည်။ သည်ရက်ပိုင်းတွင် သူ့စိတ်ထဲ၌ ကိစ္စတစ်ခုကို စဥ်းလာခဲ့သည်။
“ဒီနှစ်ကုန်သွားရင် မင်း ပြောင်းချင်လား” သူက မေးလိုက်၏။
ရွှီရှောင်ကျောင်းက နားမလည်ပေ။
“ပြောင်းမယ် ဟုတ်လား၊ ဘယ်ကိုလဲ၊ ငါတို့တွေ မိန်လင်ရွာမှာ နေနေတာလေ၊ အိမ်ထောင်စုနှစ်ခုတောင် ရှိတယ်၊ ငါ့အမေဘက်နဲ့ ဒီဘက်။ နင်က ငါ့အမေအိမ်ကို ပြောင်းနေပြီး ဒီအိမ်ကို ပြန်ပြင်ချင်တာလား”
ဒါက မလိုပါဘူးလေ။ အိမ်က နည်းနည်းယိုယွင်းနေပေမဲ့ စုန့်ဝေဖျင်က ဒီနှစ် စနစ်တကျ သိမ်းဆည်းထားသားပဲ။ အပြင်ဘက်မှာ သိပ်မပြောင်းလဲပေမဲ့ နေရတာ အများကြီးပိုပြီး သက်တောင့်သက်သာ ဖြစ်လာပြီပဲ။ ဒီတော့ ဒီအတွက် ငွေထပ်သုံးဖို့ မလိုတော့ပါဘူး။
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်ကို မပြောရသေးသော်လည်း မြို့လေးတွင် အိမ်တစ်လုံးဝယ်ဖို့ စိတ်ကူး ရှိလေသည်။ အခုတော့ မူဝါဒက လုံးဝ ဖြေလျှော့ပေးလိုက်ပြီး မြို့တွင် ငွေရှာဖို့ အခွင့်အရေးပိုများလာခဲ့သည်။
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး သူဖတ်နေသည့် စာအုပ်ကို ပိတ်လိုက်ကာ ရွှီရှောင်ကျောင်းကို အလေးအနက် ပြောလိုက်လေသည်။
“ငါ မြို့မှာ အိမ်တစ်လုံးဝယ်ချင်တာ၊ အဲဒီကို ပြောင်းရအောင်”
သူသည် သည်အကြောင်းကို အကြိမ်ကြိမ်စဥ်းစားထားခဲ့ပြီး ဖြစ်နိုင်ခြေ ရှိသည်ဟု ထင်မိသည်။
“သိပ်မကြာခင်က ငါ မြို့တက်တုန်းက တတိယအစ်ကိုလီကို အကူအညီတောင်းပြီး ရောင်းမဲ့အိမ် ရှိသလားလို့ မေးခိုင်းထားတယ်၊ နောက်ဆုံးတစ်ခေါက် ငါ အဲဒီကိုသွားတော့ စိတ်ဝင်စားတဲ့သူ တချို့ရှိတယ်လို့ ပြောတယ်၊ ငါ သူတို့ကို အရင်ဆုံး သွားကြည့်လိုက်တယ်၊ တော်တော်လေး ကောင်းတယ်လို့ ထင်ထားမိတဲ့အိမ်နှစ်လုံးရှိတယ်”
သူက ပြန်ပြောပြလိုက်၏။
“သူတို့ထဲက တစ်နေရာက ငါတို့တွေ ပြန်လည်ကုစားရေးသင်တန်းဖွင့်ခဲ့တဲ့နေရာနဲ့ မဝေးဘူး၊ မင်းလမ်းက တံခါးအပြင်ဘက်မှာပဲ ပြီးတော့ ခြံကတော်တော်ကျယ်တယ်၊ ငါ့အထင်တော့ မင်းတစ်ချက်လောက် သွားကြည့်သင့်တယ်၊ မင်းက ကောင်းတယ်လို့ထင်ရင် ငါတို့တွေ အဲဒါကိုပဲ ယူလိုက်ကြမယ်လေ”
သူက သည်လောက်ကြီးမားသည့် အိမ်တစ်လုံးကို ဝယ်ချင်ရသည့်အကြောင်းအရင်းကိုလည်း သူက ချပြလိုက်သည်။
“နှစ်သစ်ကူးပြီးသွားရင် လုပ်ငန်းအခွင့်အရေး ရှိလိုရှိငြား ငါ တောင်ပိုင်းကို သွားချင်သေးတယ်၊ နောက်ဆုံးတစ်ခါ ငါအဲဒီကို သွားခဲ့တုန်းက အခြေအနေက အရမ်းကို အေးဆေးနေပြီ၊ ဒီတစ်ခါ လုံးဝ ကန့်သတ်ချက်တွေ ရှိတော့မှာ မဟုတ်ဘူး၊ လုပ်ငန်းက သေချာပေါက် ပိုကောင်းလာမှာ၊ ငါ ခရီးသွားတာနဲ့ အိမ်က ဝက်စတူးလုပ်ငန်းကို လုပ်နိုင်တော့မှာ မဟုတ်ဘူး၊ အမေ့ကို လုပ်ခိုင်းဖို့ စဥ်းစားထားတယ်၊ ငါ မြို့မှာ ဝက်စတူးဆိုင်တစ်ဆိုင်ဖွင့်မယ်၊ ရို့ကျားမိုကိုလည်း ရောင်းလို့ရတယ်၊ နောက်ဆိုရင် သူလည်း လယ်စိုက်စရာ မလိုတော့ဘူးပေါ့၊ အဘွားလည်း သူနဲ့ အတူတူ လုပ်ပေးနိုင်တယ်လေ၊ သူ့ခန္ဓာကိုယ်က မာသေးတယ်၊ သူလည်း ထိုင်နေနိုင်မှာမဟုတ်ဘူး၊ ကူညီပေးနိုင်တာပေါ့”
ရွှီရှောင်ကျောင်းမှာ အမှန်ပင် အံ့အားသင့်သွားတော့သည်။ စုန့်ဝေဖျင်က သူမနှင့်အတူ သွားချင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
“စုန့်ဝေဖျင် နင် ပြောနေတာတွေက အမှန်တွေလားဟင်”
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး
“အမှန်ပဲ”
ဝိုး ဒီလို စိတ်ချင်းဆက်နေတဲ့ခံစားက စုန့်ဝေဖျင်ရဲ့အတွေးကတောင် ငါ့ထက် ပိုပြီးပြစုံသေးတယ်။
ဝါး။ သေချာနေပါပြီ။ စုန့်ဝေဖျင်ကို ရွေးလိုက်တာ မှန်ကန်တဲ့ရွေးချယ်မှုပဲ။
ရွှီရှောင်ကျောင်းမှာ သည်းမခံနိုင်တော့ဘဲ လက်ကိုဆန့်လိုက်ကာ စုန့်ဝေဖျင်၏ခေါင်းကို သပ်လိုက်တော့သည်။ မည်သို့ပင် မြင်မိပါစေ သူမသည် လက်ကိုပြန်မချနိုင်တော့ပေ။ သူမသည် မနေနိုင်တော့ဘဲ ခေါင်းလေးကို ဆန့်ထုတ်လိုက်ကာ သူ့နဖူးပေါ်တွင် အနမ်းတစ်ပွင့် ပေးလိုက်တော့သည်။
“စုန့်ဝေဖျင် နင်က အရမ်းဉာဏ်ကောင်းတာပဲ”
နင်သာ မအောင်မြင်ရင် ဒါက လုံးဝကို အဓိပ္ပာယ်မရှိတာ ဖြစ်သွားပြီ။
လူတွေက မူဝါဒ ဖွင့်ပေးလိုက်ပြီးလို့ ကြားတုန်းက သူတို့တွေက အနာဂတ်မှာ ဘာအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာကို မသိခဲ့ကြဘူးလေ။ စုန့်ဝေဖျင်က လုပ်မဲ့စီးပွားရေးအကြောင်းကို စဥ်းစားထားပြီးပြီ။ သူ့တုံ့ပြန်မှုက အရမ်းကို မြန်တာပဲ။
ရွှီရှောင်ကျောင်းသည် စိတ်လှုပ်ရှားနေဆဲပြီး စုန့်ဝေဖျင်၏မျက်လုံးများကတော့ မည်းမှောင်သွားလေသည်။
သူက ရွှီရှောင်ကျောင်းနားသို့ တိုးသွားပြီး သူမကို လက်ဟန်ပြလိုက်ကာ
“ငါ့ကို ထပ်ပြီး နမ်းပါအုံး”
ရွှီရှောင်ကျောင်းမှာ အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း နောက်တော့မှ သူမ အပိုလုပ်ခဲ့မိမှန်း သဘောပေါက်သွားတော့သည်။
“ ဘာလဲ၊ နင် ဘာလုပ်နေတာလဲ စုန့်ဝေဖျင်ရဲ့၊ ငါ ခုနက ပြောခဲ့တာက အခန်းဖော်ကောင်းတစ်ယောက်၊ သူငယ်ချင်းကောင်းတစ်ယောက်ကို အားပေးတာပါ၊ နင် အားပေးတယ်ဆိုတာကို နားလည်လား”
စုန့်ဝေဖျင်က သူ့နားလည်မှုကို ခေါင်းညိတ်ဖော်ပြလိုက်ပြီးနောက် ပြန်ပြောလေသည်။
“ကျေးဇူးပြုပြီး ငါ့ကို ထပ်အားပေးပါအုံး”
ရွှီရှောင်ကျောင်းက သူ့ခေါင်းကို အဝေးသို့ တွန်းထုတ်ပစ်လိုက်ပြီး
“နင်က အရမ်းကို လှလှလေး စဥ်းစားနေတာပဲ၊ နင့်ကို နမ်းစေချင်တိုင်း ငါက နင့်ကို နမ်းရမတဲ့လား၊ ဒါဆိုရင်တော့ စကားပြောရတာ အရမ်းလွယ်သွားတော့မှာပေါ့”
စုန့်ဝေဖျင်က သူမ၏လက်ကို ဖမ်းဆုပ်ထားလိုက်ပြီး
“မင်းမှာ တောင်းဆိုချက်တစ်ခုခုရှိရင် ငါ့ကို ပြောလေ”
ရွှီရှောင်ကျောင်းက သူ့အပြုံးမျက်လုံးများကို ကြည့်လိုက်ပြီး ထိုအဓိပ္ပာယ်နှစ်ခွနှင့် စကားလုံးများကို မပြောနိုင်တော့ပေ။ သူမက ခေါင်းခါပြလိုက်ပြီး
“မရှိဘူး၊ မရှိဘူး၊ မနမ်းဘူး၊ သွာအိပ်တော့၊ ငါ အိပ်ချင်နေပြီ”
သည်တစ်ကြိမ်တွင်တော့ သူမက သူ့ကို ခေါင်းအုံးနှင့် မရိုက်တော့ချေ။ ထိုကြောင့် စုန့်ဝေဖျင်က တစ်လက်မကို ပစ်မှတ်ထားမည့်အစား တစ်ပေအထိ စတင် ရည်ရွယ်ထားလိုက်တော့သည်။
“ဒါဆိုရင် ဒီညတော့ မင်း ငါ့ကို အထဲခေါ်အိပ်ပါလား”
“ဘာကို အထဲခေါ်အိပ်ရမယ်” ရွှီရှောင်ကျောင်းက သူ့ကို မော့ကြည့်လိုက်လေသည်။
“အပြင်မှာ နှင်းကျပြီး အရမ်းအေးနေတယ်လေ၊ ငါ ဒီညတော့ မင်းဘေးမှာ အိပ်ချင်တယ် ရမလားဟင်”
စုန့်ဝေဖျင်၏အသံက ချော့မော့နေဟန်ဖြစ်နေသည်။
သူတို့၏ မူလကခုတင်က မီးဖိုပါသည့်ခုတင်တစ်လုံးဖြစ်လေသည်။ ဆောင်းတွင်းတွင် ဂွမ်းစောင်ထူထူနှင့် လက်တစ်ပွေ့စာအပြည့် ထင်းမီးက နွေးထွေးအောင် လုပ်ပေးထားသည်။ သူက မီးဖိုမပါသည့် ဆက်ထားသည့် ခုတင်တစ်လုံးပေါ်တွင် အိပ်ရသည်။ ထို့ကြောင့် ရွှီရှောင်ကျောင်းနေရာထက် အများကြီး ပိုအေးလေသည်။
ရွှီရှောင်ကျောင်းက မသင်္ကာဖြစ်သွားပြီး
“နင်က အေးတတ်လို့လား၊ စုန့်ဝေဖျင် နင် အပြင်သွားရင်း ပိုထူတဲ့အနွေးထည် ဝတ်သွားပါလို့ ငါ နင့်ကို ပြောသားပဲ၊ ဒါပေမဲ့ နင် ပြောတော့ ပူတယ်ဆို”
စုန့်ဝေဖျင်မှာ နင်သွားပြီး
“အဲနေ့က ငါ လှုပ်ရှားမှုတချို့ သွားလုပ်ခဲ့ရတာလေ၊ မတူဘူး၊ ငါ အအေးမိသွားပြီး နှစ်သစ်ကူးကို မင်းနဲ့အတူတူ မကုန်ဆုံးနိုင်မှာ စိုးရိမ်တာပေါ့”
ရွှီရှောင်ကျောင်းက ထပ်ပြောချင်လေသည်။ သူမတစ်ယောက်တည်းနှင့်လည်း သည်လောက်ကြီးသည့် အိပ်ရာက ကောင်းကောင်း ပြည့်နေတတ်သည်။ သို့သော် စုန့်ဝေဖျင်၏ သနားစဖွယ်ရုပ်က သူမကို အနည်းငယ် မခံစားရက်နိုင်အောင် ဖြစ်သွားစေတော့သည်။
သူမက မသင်္ကာသလိုနှင့်
“တကယ်ကြီးလား”
စုန့်ဝေဖျင်က အလေးအနက် ပြောလိုက်၏။
“အင်း”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်မည် ပြင်လိုက်ပြီးမှ လူနှစ်ယောက်အချင်းချင်း ကိုင်ထားကြသည့်လက်ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်တော့သည်။
“စုန့်ဝေဖျင် လူလိမ်ကြီး”
ဒီကောင်က ဘယ်လိုလုပ်ပြီး အေးတတ်မှာလဲ။ ငါလေးရဲ့လက်ကို ကိုင်ထားတဲ့လက်ကဖြင့် မီးဖိုတစ်ခုလို ပူကျစ်နေတာ။ ဒီတော့ သူက မအေးလို့ပေါ့။
သူမက စုန့်ဝေဖျင်ဆီမှာ ထွက်လာလိုက်ပြီး သူမ၏အိပ်ရာပေါ်သို့ လေးဖက်ထောက်သွားလိုက်ကာ သူမကိုယ်သူမ ပိုးတုံးလုံးလေးတစ်ခုလို ကွေးနေလိုက်ပြီး စုန့်ဝေဖျင်နှင့် ထပ်ပြီး စကား မပြောချင်တော့ဟန် ထုတ်ပြထားလိုက်တော့သည်။
စုန့်ဝေဖျင်မှာ သူ့နှုတ်ခမ်းပေါ်က အပြုံးကို ဆက်ပြီးထိန်းမထားနိုင်တော့ချေ။ သူက ပိုးတုံးလုံးလေးလို ကွေးနေသည့် ရွှီရှောင်ကျောင်းကို သွားဖက်ထားလိုက်ကာ ဂွမ်းစောင်ကို ဆွဲလိုက်ပြီး သူမ၏ကြက်သွေးရောင် ပါးပြင်လေးကို ငုံ့ကြည့်လိုက်၏။
“မင်းလေးက ဘာလို့ အဲလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ ဟင်”
ရွှီရှောင်ကျောင်းက အံကြိတ်ပြီး ခုတင်အတွင်းဖက်သို့ တိုးကာ စုန့်ဝေဖျင်နှင့် ဝေးသွားအောင် နေရာရွှေ့လိုက်လေသည်။
“သွား၊ ငါ့ကို မထိနဲ့”
အား။ စုန့်ဝေဖျင်ရယ်။ နင်ဟာလေ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ။
ငါတို့တွေ အိမ်ပြောင်းကြတာနဲ့ ခုတင်ခွဲပြီးအိပ်ဖို့ တောင်းဆိုရလိမ့်မယ်။
...
အပိုင်း (၄၅) သူငယ်ချင်းများ
စုန့်ဝေဖျင်၏စကားက မှန်လေသည်။ ရုပ်မြင်သံကြားစက် ဝယ်ပြီး တော်တော်ကြာတော့ အစောပိုင်းက စိတ်လှုပ်ရှားသည့်ကာလ ကုန်ဆုံးသွားတော့သည်။ ဝူချွန်းဟွားက ထိုမျှလောက် ဂရုမစိုက်တော့ချေ။ အားလုံးကို ရုပ်မြင်သံကြား ပေးကြည့်မည့် စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့၏ အစီအစဥ်ကို ကြားလိုက်ပြီးနောက်တွင် သူမသည် အလွန်အကျွံ စိတ်မပူနေတော့ဘဲ ခဏလောက်စဥ်းစားလိုက်ပြီး သဘောတူလိုက်တော့သည်။
ထို့ကြောင့် သည်နှစ် နှစ်သစ်ကူးသည် စုန့်အိမ်တွင် တော်တော်လေး စည်ကားနေတော့သည်။
နှစ်သစ်ကူး ပထမရက်မှစပြီး နေ့တိုင်းလိုလို မနက်စာစားပြီးနောက်တွင် လူများက စုန့်အိမ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ အားလုံးက သူတို့၏ခွေးခြေခုံများကို ယူလာကြပြီး အစဥ်လိုက်တန်းစီပြီး ထိုင်ကာ ရုပ်မြင်သံကြားဖွင့်ပေးမည့်အချိန်ကို စောင့်နေကြလေသည်။
စုန့်အိမ်သည် ရွာထဲတွင် နံပါတ်တစ် အတင်းစကားပြောသည့်နေရာတစ်ခု ချက်ချင်းဖြစ်သွားတော့သည်။ ရုပ်ရှင်ဇာတ်လမ်းတွဲက ကြော်ငြာဝင်ချိန်တွင် အားလုံးက မနားတမ်း စကားပြောကြသည်။ သည်မြင်ကွင်းက အလွန်မှစည်ကားနေတော့သည်။
ရွှီရှောင်ကျောင်းသည် သူမကို တီဗွီဝယ်ပေးသည့် စုန့်ဝေဖျင်၏ အပြုအမူကို အများကြီး သဘောကျကြောင်း ဖော်ပြခဲ့သော်လည်း ရုပ်ရှင်ဇာတ်လမ်းတွဲများကိုတော့ သိပ်ပြီး စိတ်မဝင်စားချေ။ အချိန်တော်တော်များများတွင် ဝူချွန်းဟွားဆီ သွားလည်သည်က လွဲလျှင် သူမက အခန်းတွင် ဂိမ်းကစားနေတတ်ပြီး စုန့်ဝေဖျင်နှင့် ရွာထဲမြစ်ဘေးသို့ သွားလည်တတ်လေသည်။
ရာသီဥတုက အလွန်မှအေးလာခဲ့သည်။ မြစ်ကို ထူထဲသည့်ရေခဲသားက ဖုံးလွှမ်းပြီးဖြစ်သည်။ ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က ရေခဲပြင်ပေါ်တွင် သူမကို ဆွဲသွားပေးသည်ကို သဘောကျမိသည်။ အလွန်မှ ပျော်စရာကောင်းလေသည်။
နှစ်သစ်ကူးပြီး ရက်ပိုင်းနေပြီးနောက် စုန့်ဝေဖျင်က ခရီးထွက်သွားတော့သည်။ ရွှီရှောင်ကျောင်းနှင့် ကစားပေးမည့်သူ မရှိတော့ပေ။ ထို့ကြောင့် သူမက တခါတလေ အားလုံးနှင့်အတူ တီဗွီကြည့်တတ်ပြီး ရွာသားများထံမှ အတင်းစကားမျိုးစုံကို နားထောင်တတ်လာသည်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်က ကောင်းကောင်း အဆင်ပြေလာခဲ့တယ်လေ။ အထူးသဖြင့် ဒီနှစ်ပေါ့။ မြေစာချုပ်တွေကို အိမ်ထောင်စုတစ်ခုစီကို လွှဲပြောင်းပေးခဲ့တယ်။ မိန်လင်ရွာမှာ အရိုးထိအောင် ပျင်းတဲ့ လူတွေအများကြီး မရှိတော့ဘူး။ မြေကို တစ်ဦးချင်းပိုင်ဆိုင်မှုအဖြစ် ခွဲပေးလိုက်တယ်။ အားလုံးက စပြီး အလုပ်ကြိုးစားလာကြတယ်။ ရိတ်သိမ်းချိန်ကျတော့လည်း အားလုံးက သဘာဝအလျောက် ပျော်ရတာပါပဲ။ ငတ်မွတ်တဲ့ကာလတုန်းက တင်ခဲ့အကြွေးတွေကိုတောင် ပြန်ဆပ်နိုင်သွားကြတယ်လေ။
အစားအသောက် အဝတ်အစား လုံလုံလောက်လောက် ရှိနိုင်ဖို့က ဒီခေတ်အခါရဲ့ အလေးနက်ဆုံး ဆုတောင်းတစ်ခု။ မိန်လင်ရွာက ဒီနှစ်တော့ နှစ်ကောင်းတစ်နှစ်ကို ပိုင်ဆိုင်နေရပြီလေ။ ဒီတော့ ဒုက္ခတွေအများကြီး မရှိတော့တာ သဘာဝပဲပေါ့။ ဒီအပြင် စကားဝိုင်းရဲ့ ပြောစရာအကြောင်းအရာ ဖြစ်နေခဲ့တဲ့ ပညာတတ်လူငယ်တွေကလည်း မြို့ကို ပြန်သွားကြပြီ။ အားလုံးရဲ့အတင်းစကားတွေက ဒီမိသားစု၊ ဟိုမိသားစုအကြောင်းပတ်ပြောကြတဲ့ အသေးအဖွဲကိစ္စတွေပါပဲ။ အားလုံးက ပြဿနာမရှိတဲ့ အကြောင်းအရာတွေလေ။
သို့သော်ငြား ရွှီရှောင်ကျောင်းသည် ဝမ်ကွေးယွဲ့အကြောင်း သတင်းကြားလိုက်ရမည်ဟု ထင်မထားခဲ့ချေ။
“နင် မသိလို့နော်၊ ဌာနခွဲစာရေးမိသားစုက အားပေါင်ကလေ တကယ် အစွဲအလမ်းကြီးတာပဲ၊ နှစ်မကုန်ခင်က သူ မျက်လုံးဖြူဝံပုလွေမိန်းမကို သွားရှာခဲ့သေးတယ်လို့ ငါ ကြားတယ်”
“အိုက်ယား ဝမ်ကွေးယွဲ့က ဘယ်ကလာတယ်ဆိုတာလည်း ငါ မကြားဖူးဘူး၊ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း သူ့မိသားစုဝင်တွေ ဒီကို လာတယ်လို့ မကြားမိပါဘူး”
“နောက်ဆုံး သူတို့တွေ လက်ထပ်ထားတာ နှစ်တော်တော်ကြာပြီပဲ၊ အားပေါင်က မသိဘဲ ဘယ်နေပါ့မလဲ၊ သူ အဲဒီကို နှစ်မကုန်ခင်က သွားလိုက်တာလေ၊ ယောက်မဝမ်ဆီက ငါ ကြားခဲ့တာ၊ သူ အိမ်ပြန်ရောက်တော့ စကားလည်း မပြောတော့ဘူး၊ ရက်တော်တော်ကြာအောင် စိတ်ဓာတ်ကျနေတာတဲ့”
“ကျစ်... ပြောစရာလိုသေးလို့လား၊ အဲဒီမျက်ဖြူဝံပုလွေမ ဝမ်ကွေးယွဲ့က အားပေါင်ရဲ့နှလုံးသားကို ထပ်ပြီး ဒဏ်ရာပေးလိုက်တာပဲ ဖြစ်ရမယ်၊ ပြောစမ်းပါဟယ်၊ အားပေါင်က လူကောင်းလေး တစ်ယောက်ပါ၊ ဘာလို့များ အဲလောက်တောင် ကံဆိုးရတာလဲ”
“အို ဘယ်သူက လက်မခံလို့တုံး၊ အဒေါ်ဝမ်ပြောတာ ကျွန်မ ကြားလိုက်တယ်၊ ဝမ်ကွေးယွဲ့က မြို့မှာ လက်ထပ်သွားတာ ထင်တယ်၊ ဒါကြောင့် အားပေါင်က လက်လျှော့ပြီး ပြန်လာတာပေါ့၊ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက နောက်ဆုံးတော့ သူ အဒေါ်ဝမ် ရှာပေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ၊ ကျွန်မ ကြားတာတော့ ဒီတစ်ခါတော့ သူက လက်ခံလိုက်ပြီး ရက်ပိုင်းလောက်နေရင် စေ့စပ်ကြမယ်တဲ့၊ ရာသီဥတုနွေးလာရင် သူတို့တွေ လက်ထပ်ကြတော့မယ်”
“ဟုတ်တယ်၊ ဖွီး အဲဒီမျက်ဖြူဝံပုလွေမက လက်ထပ်သွားရင်တောင် ဘဝကို ကောင်းကောင်း နေနိုင်မှာ မဟုတ်ဘူး၊ အစကတည်းက ဘယ်သူမှ သူ့ကို အတင်းလက်ထပ်ခိုင်းခဲ့တာလည်း မဟုတ်ဘူး၊ အခုတော့ သူက လက်ထပ်ပြီးမှ ထွက်ပြေးသွားတယ်တဲ့၊ တခြားလူတွေကို အထင်သေးတတ်တဲ့ အဲဒီမျက်ဖြူဝံပုလွေမ နောင်တရပါစေဟယ်”
“ဟုတ်တယ် လူတိုင်းက မတူကြပါဘူး၊ ရှောင်ကျောင်းကိုပဲ ကြည့်လေ၊ သူ ဝေဖျင်နဲ့ လက်ထပ်ပြီးကတည်းက သူ့ဘဝကို စိတ်ရင်းနဲ့ နေလာခဲ့တာ၊ ဒီဆယ်မိုင်ဝန်းကျင်မှာ သူတို့တွေက အကောင်းဆုံးဘဝကို ပိုင်ဆိုင်ထားတာပဲ၊ အရင်တုန်းက အကြောင်း ပြန်စဥ်းစားကြည့်၊ ဝေဖျင်တို့မိသားစုဆိုရင် ရှင်းပြစရာတောင်မလိုဘူး၊ ဒါကြောင့် လူကြီးသူမတွေရဲ့ ဆိုရိုးစကားက မှန်တယ်လို့ပြောတာ၊ တခြားသူတွေရဲ့ အထက်ကို ရောက်ဖို့ အခက်အခဲကို သည်းခံနိုင်ရမယ်တဲ့”
ရွှီရှောင်ကျောင်းသည် ထိုအဒေါ်များ၏ စကားကို နားထောင်ရင်း အနည်းငယ် စိတ်ပျက်လာတော့သည်။ ရွာထဲမှာ ငါ စကားပြောလို့ရတဲ့သူဆိုလို့ ဝမ်ကွေးယွဲ့နဲ့ ကျိုးဖင့်ရှန်းတို့ပဲ ရှိတာ။ ဝမ်ကွေးယွဲ့ရဲ့ ပြဿနာကိုလည်း အမြဲတမ်း သိနေခဲ့ပါတယ်။ သူက ပျင်းရိပြီး ရည်မှန်းချက်ကျတော့ ကြီးတယ်။ ဒါက ဘာမှတော့ မဆိုင်ဘူးလို့ အမြဲတမ်း ထင်ထားခဲ့တာပဲ။ ငါ ကိုယ်တိုင်လည်း ပျင်းတာပဲမလား။ ငါနဲ့စုန့်ဝေဖျင်တို့ လက်ထပ်ပြီးကတည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါက အမြဲတမ်း ငါးဆားနယ်တစ်ယောက် ဖြစ်ခဲ့ပြီး ငါ့ရဲဘဝကိုလည်း ကမောက်ကမ ဖြစ်အောင် မလုပ်ခဲ့ဘူး။
ဒီကိစ္စကိုလည်း စုန့်ဝေဖျင်နဲ့ ဆွေးနွေးခဲ့သေးတယ်။ စုန့်ဝေဖျင်ကတော့ ပြောပါတယ်။ ငါတို့နှစ်ယောက်က မတူဘူးတဲ့။ ငါက မှန်ကန်ပြီး ပါးနပ်တဲ့စိတ်ဓာတ် ရှိပေမဲ့ ဝမ်ကွေးယွဲ့ကတော့ လုံးဝ ပြောင်းပြန်ပဲတဲ့။
ဟုတ်ချင်လည်း ဟုတ်မှာပဲ။ ရွှီရှောင်ကျောင်းသည် အနည်းငယ် ဝမ်းနည်းသွားတော့သည်။ စုန့်ဝေဖျင်ကလည်း အိမ်မှာမရှိဘူး။ ငါ့မှာလည်း စကားပြောရမဲ့သူ အများကြီးမရှိဘူး။
ဒီဘဝမှာတော့ ငါ ဝမ်ကွေးယွဲ့နဲ့ ဘယ်တော့မှ ပြန်မတွေ့ရလောက်တော့ဘူး။ ဒါပေမဲ့လည်း ရွေးထားတဲ့လမ်းကိုတော့ လျှောက်ရမှာပဲလေ။ ငါတို့နှစ်ယောက်မှာ စကားပြောစရာအကြောင်း မရှိလောက်တော့ဘူး။ ဒါပေမဲ့ ကျိုးဖင့်ရှန်းကတော့ အချစ်ဆုံးသူငယ်ချင်းပဲ။ သူ့ကို တကယ်သတိရလိုက်တာ။
ရွှီရှောင်ကျောင်း မသိလိုက်သည်က သူမသည် သူမ၏သူငယ်ချင်းဖြစ်သူ ကျိုးဖင့်ရှန်းကို သတိရနေစဥ် ကျိုးဖင့်ရှန်းက သူမကို လာတွေ့မည့်လမ်းပေါ်တွင် ရောက်လို့နေလေသည်။
တစ်နှစ်ခွဲလောက် ကောလိပ်တက်ခဲ့ပြီးနောက် သူမသည် အတိတ်က မိန်လင်ရွာတွင် သူမ ပိုင်ဆိုင်ခဲ့ဖူးသည့် ဘာသိဘာသာ နေတတ်ကာ သိမ်ငယ်နေတတ်သည့်စိတ်တို့ကို လုံးဝဖယ်ရှားပစ်နိုင်ခဲ့သည်။ သူမ၏ တကိုယ်လုံးက သည်ခေတ်၏ ကောလိပ်ကျောင်းသူတစ်ယောက် အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားသည်။ သူမ၏တကိုယ်လုံးက အလွန်မှ သိမ်မွေ့နေသေးသော်လည်း သူမတွင် မကြာခဏဆိုသလို စိတ်ဓာတ်ကျတတ်သည့် အရောင်အဝါ လုံးဝမရှိတော့ချေ။
သူမက ပိတ်ရက်မတိုင်ခင်ကတည်းက သူမ၏သူငယ်ချင်းဖြစ်သူ ရွှီရှောင်ကျောင်းကို သွားတွေ့ဖို့ စီစဥ်ထားခဲ့လေသည်။ သည်ကာလအတွင်း သူမ၏ ကျောင်းက သက်မွေးလုပ်ငန်းများကို စဥ်းစားမိချိန်တွင် ရွှီရှောင်ကျောင်းကို အလွန်တွေ့ချင်စိတ် ဖြစ်ရလေသည်။
သို့သော် သူမကို အနည်းငယ် သတိအနေအထား ဖြစ်နေစေသည့် လူတစ်ယောက်က သူမနှင့်အတူ လိုက်ပါလာလေသည်။
သူတို့သည် ရထားပေါ်က ဆင်းသည်နှင့် မာချွန်းက ကျိုးဖင့်ရှန်း၏အိတ်ကို အလျင်စလို လာသယ်ပေးသည်။ သူက အတန်းဖော်ချင်း ကူညီပေးသည်ဟု စကားအလှသုံးကာ ရှင်းပြလေသည်။
ကျိုးဖင့်ရှန်းက သူ့ကို မလုပ်ရန် တားမရသဖြင့် အိတ်ကို ပေးလိုက်ကာ
“ကျေးဇူးပဲနော် မာချွန်း”
ကောလိပ်က ကျောင်းသား ကျောင်းသူသစ်များကို ကြိုဆိုချိန်တွင် ဒုတိယနှစ်ကျောင်းသူအနေဖြင့် သူမက အရင်လုပ်ဆောင်ပေးချင်သည်က သဘာဝပင်။ မာချွန်းက သူမ၏အတန်းဖော် ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူမက ပထမဆုံး ကောလိပ်တက်ချိန်က မာချွန်းက သူမထံ စာရေးလာပြီး တချို့သော စာပေဘာသာရပ် ကိစ္စများအကြောင်း မေးခဲ့သညည်။ သူမက လျှို့ဝှက်မထားဘဲ ရွှီရှောင်ကျောင်း၏ အကူအညီအကြောင်းကို သူ့ကို ပြောပြခဲ့သည်။ မာချွန်းက သူမကို အလွန်အမင်း ယုံကြည်ခဲ့မည်ဟု ထင်မထားခဲ့ချေ။
သည်ဆက်ဆံရေးကြောင့်င် မာချွန်းက သူမနှင့် လိုက်နဲ့ဖို့ တောင်းဆိုခဲ့ပြီး သူမကလည်း အနည်းငယ် ကသိကအောင့် ဖြစ်ရသည့်တိုင် မငြင်းနိုင်ခဲ့ပေ။ သူမက သူ့ကို အိတ်လှမ်းပေးလိုက်ပြီး
“မာချွန်း ငါတို့တွေ မိန်လင်ရွာကို ရောက်ရင် နင် ဘယ်မှာတည်းမှာလဲ”
မာချွန်းက ရုတ်တရက် တုံ့ခနဲ ဖြစ်သွားတော့သည်။ အယ်။ သူ ဒီပြဿနာကို တကယ် မစဥ်းစားထားခဲ့ဘူး။
ကျိုးဖင့်ရှန်းက ရွှီရှောင်ကျောင်းဆီ လာလည်မယ်လို့ ကြားလိုက်လို့ သူလည်း ချက်ချင်းပဲ သူ့ဆရာဟောင်းကို တွေ့ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမနဲ့ လိုက်လာခဲ့တာ။ ဘယ်မှာ တည်းမယ်ဆိုတာကို စဥ်းစားချိန်တောင် မရလိုက်ဘူး။
“ဪ ငါ ဆရာစုန့်ကို ငါ့အတွက် တစ်နေရာလောက် ရှာပေးဖို့ ပြောလိုက်မှာပေါ့၊ ငါက ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေအောင် နေနိုင်ပါတယ်” သူက လက်ခါပြလိုက်ပြီး ကျိုးဖင့်ရှန်းကို လှမ်းကြည့်လိုက်ပြီးမှ ချက်ချင်း အကြည့်လွှဲလိုက်တော့သည်။
“ဖင့်ရှန်း နင် အဲမှာ ဘယ်လောက်ကြာကြာနေမှာလဲ” သူမက အချိန်အကြာကြီးနေမယ်ဆိုရင်တော့ သူလည်း အဲမှာဆက်နေဖို့ နောက်ထပ်အကြောင်းပြချက်တစ်ခု စဥ်းစားထားရလိမ့်မယ်။
ကျိုးဖင့်ရှန်းက ခဏလောက်စဥ်းစားလိုက်ပြီး
“ငါ ထွက်လာတုန်းကတော့ ကျောင်းပြန်မဖွင့်ခင်အထိ ဒီမှာ ရှောင်ကျောင်းနဲ့အတူတူနေမယ်လို့ အိမ်ကို ပြောထားခဲ့တာ၊ ပြီးမှ ကျောင်းကို တန်းသွားမယ်၊ ကျောင်းဖွင့်ဖို့က တစ်ပတ်လောက် လိုသေးတယ်လေ၊ နင်ကရော”
မာချွန်းသည် သူမက ရက်အနည်းငယ်လောက်သာ နေမည်ဟု အစက ထင်ထားခဲ့လေသည်။ ထင်မထားဘဲ အကြာကြီးဖြစ်နေသည်။ သူသည် အခိုက်တန့် အကြပ်ရိုက်သွားတော့သည်။ သူက ခေါင်းကုပ်ရင်းသာ ပြောလိုက်ရတော့သည်။
“ငါတော့ အရင်ဆုံး အခြေအနေကြည့်ပါအုံးမယ်”
ကျိုးဖင့်ရှန်းက ဘာမှ ထပ်မမေးတော့ချေ။ သူမ၏စိတ်တစ်ခုလုံးက ခရီးအပေါ်တွင်သာ အာရုံရောက်နေလေသည်။ သူမသည် ရွှီရှောင်ကျောင်းကို တတ်နိုင်သမျှ မြန်မြန်တွေ့ချင်နေတော့သည်။
သယ်ယူပို့ဆောင်ရေး မဖွံ့ဖြိုးသေးသည့် သည်ခေတ်အခါတွင် ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်း သူမကို လာတွေ့လိမ့်မည်ဟု အမှန်ပင် မျှော်လင့်မထားခဲ့ချေ။
“ဖင့်ရှန်းလား၊ ဟယ်၊ ဖင့်ရှန်း ၊ နင် ဘာလို့ ဒီရောက်နေတာလဲ”
ရွှီရှောင်ကျောင်းက အလွန်အံ့ဩသွားပြီး အပြေးသွားလိုက်ကာ သူမကို ဖက်ထားလိုက်လေသည်။
ကျိုးဖင့်ရှန်းကလည်း သူမ၏သူငယ်ချင်းကို တွေ့လိုက်ရသဖြင့် အလွန်စိတ်လှုပ်ရှားနေလေသည်။ သူမက လက်ထဲက ပစ္စည်းများကို လွှတ်ချလိုက်ပြီး ရွှီရှောင်ကျောင်းကို တင်းနေအောင် ဖက်ထားလိုက်သည်။ သူမသည် အခိုက်တန့်အတွင်းတွင် တော်တော်လည်း ခံစားချက် မြင့်တက်လာလေသည်။
“ရှောင်ကျောင်းရယ် ငါလေ နင့်ကို အရမ်းလွမ်းတာပဲ၊ ငါ ကောလိပ်ရောက်တာ တစ်နှစ်ခွဲလောက် ရှိသွားပြီလေ၊ နင့်ကို လာတွေ့ရမဲ့အချိန်ပဲ”
လူနှစ်ယောက်က အပြန်အလှန် တင်းနေအောင် ဖက်ထားလိုက်ကြ၏။ ဆောင်းရာသီကုန်ခါနီး လေအေးအေးထဲတွင် သူတို့သည် အအေးဓာတ်ကို မခံစားမိသည့်နှယ်။ သူတို့သည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြလေသည်။
“ငါ အရမ်းပျော်တယ်၊ အရမ်းလည်း ဝမ်းသာတယ်၊ နင် မသိလို့နော်၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ငါ နင့်ကို သတိတွေရနေတာ၊ ငါလည်း စဥ်းစားနေတာလေ၊ ရာသီဥတုလေး နွေးလာရင်တော့ နင့်ကောလိပ်ကို သွားပြီး နင့်ဆီလာတွေ့မယ်လို့ပေါ့၊ အခုတော့ နင်က အရင်ရောက်လာခဲ့တယ်” ရွှီရှောင်ကျောင်းသည် ထိုအကြောင်းကို စဥ်းစားမိလေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။
သူမက ကျိုးဖင့်ရှန်းကို အိမ်ထဲသို့ မြန်မြန်ဆွဲခေါ်သွားလိုက်ကာ
“မြန်မြန်၊ မြန်မြန် အထဲကို သွားကြမယ်၊ ခုတင်ကို မီးဖိုထားတော့ နွေးနေတယ်၊ ငါ့မှာ နင့်ကို ပြောစရာတွေအများကြီးရှိတယ်”
ကျန်တာကို ဂရုမစိုက်တော့ဘဲ ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်းကို အိမ်ထဲသို့ ဆွဲခေါ်သွားလိုက်တော့သည်။ ကျိုးဖင့်ရှန်းက မြေကြီးပေါ်က ပစ္စည်းကို လှမ်းဆွဲမည်ပြင်လိုက်သောအခါ မာချွန်းက သူမကို လက်ယမ်းပြလိုက်ပြီး
“သွားနှင့်၊ ငါ နင့်အတွက် ပစ္စည်းယူလာပေးမယ်၊ နင်တို့တွေ အရင်ဆုံး စကားကောင်းကောင်း ပြောလိုက်ကြ”
သူ့အမြင်တွင် ကျိုးဖင့်ရှန်းသည် အမြဲလိုလို သိမ်မွေ့ကာ ထိန်းချုပ်တတ်လေသည်။ သူမက ထိန်းချုပ်မထားဘဲ ပြုံးနေသည်ကို တခါမှ မမြင်ခဲ့ဖူးချေ။
သူမက တကယ်ပျော်နေရင် ဒီလိုပုံစံလေး ဖြစ်နေတာကိုး။
ကျိုးဖင့်ရှန်းက သူ့ကို ယုံထားလိုက်ပြီး ရွှီရှောင်ကျောင်းနှင့်အတူ အိမ်ထဲသို့ တန်းဝင်သွားလိုက်တော့သည်။
ရွှီရှောင်ကျောင်းသည် အစပိုင်းတွင် မာချွန်းကို သတိမထားခဲ့မိချေ။ ခုနက မာချွန်း အိတ်များကို ဆွဲလာသည့်ပုံက အတော်လေး ရင်းနှီးနေသည်ကို စဥ်းစားမိလိုက်သဖြင့် သူမက ကျိုးဖင့်ရှန်းကို ဆွဲကာ သူမ၏အနွေးထည်ကို ချွတ်ခိုင်းလိုက်ပြီး ခုတင်ပေါ် တက်ခိုင်းလိုက်၏။
“ဖင့်ရှန်း နင်နဲ့ မာချွန်းတို့ တွဲနေကြတာလား”
ကျိုးဖင့်ရှန်းသည် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ မြန်မြန်ပြန်ပြောလိုက်တော့သည်။
“မဟုတ်ပါဘူး၊ ငါက နင့်ကို လာတွေ့ချင်တာ၊ သူလည်း နင်နဲ့ စုန့်ဝေဖျင်တို့ကို တွေ့ချင်တာ၊ ပြီးတော့ သူ ပညာတတ်လူငယ်ဘဝတုန်းက ဌာနခွဲစာရေးကြီးကို သွားတွေ့မှာ၊ ငါတို့တွေ အတူတူ ခရီးထွက်ခဲ့ကြတာ”
မာချွန်းက ကျိုးဖင့်ရှန်းကို မည်မျှသဘောကျကြောင်းကို ရွှီရှောင်ကျောင်း သိထားလေသည်။ အနီးကပ်သင်တန်းကာလအတွင်းတွင် မာချွန်းက သူမနှင့် စကားပြောသည့်အတိုင်း သူ့ပါးစပ်က ကျိုးဖင့်ရှန်းနာမည်ကို သုံးခွန်းတကြိမ်လောက် ထည့်ပေးနေတတ်သည်။ သူက ကျိုးဖင့်ရှန်း၏ ဝါသနာများနှင့် စာလေ့လာပုံကိုလည်း မေးခဲ့သေးသည်။ ထိုအချိန်တွင် စုန့်ဝေဖျင်သည် တစ်ခန်းလုံးတွင် အဆင်ပြေပြေအဖြစ်ရဆုံးက မာချွန်းဖြစ်မည်ဟု ခံစားခဲ့ရသည်။
ကျိုးဖင့်ရှန်းက အမှောင်ထဲတွင် ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းသည် ကျိုးဖင့်ရှန်းကို တွန်းကာ ပြောလိုက်တော့သည်။
“အိုက်ယား အိုက်ယား၊ နင် မာချွန်းရဲ့အတွေးကို နားမလည်ဘူးပဲဟဲ့”
မာချွန်းက ရုပ်ချောပြီး အကျင့်စရိုက်ကောင်းမွန်သည်။ သူသည် ကောလိပ်ဝင်ခွင့် ရချိန်ကလည်း ကျိုးဖင့်ရှန်း၏ ကျောင်းသို့ သွားခဲ့သေးသည်။ ရွှီရှောင်ကျောင်းက သူတို့နှစ်ယောက်ကို အတူမြင်လိုက်ရသဖြင့် ဝမ်းသာသွာပြီး မာချွန်းကို ကူညီပေးဖို့ရာ မတွန့်တိုခဲ့ပေ။
ကျိုးဖင့်ရှန်းက ခါတိုင်းလိုပင် ထိုလမ်းအကြောင်းအတိုင်း မစဥ်းစားခဲ့ပေ။ သို့သော် အခုတော့ သူမက လမ်းတစ်လျှောက်တွင် မာချွန်း၏ လုပ်ဆောင်မှုများကို အခြေခံပြီး ထိုအကြောင်းစဥ်းစားလိုက်မိရာ သူ့စိတ်ကူးကို ခပ်ရေးရေးလေး နားလည်သွားတော့သည်။
သူမ၏မျက်နှာက အနည်းငယ်နီရဲသွားပြီး
“ငါတို့တွေ အခုမှတွေ့တာကို နင်က ငါ့ကို တခြားလူအကြောင်း ပြောဖို့ တိုက်တွန်းနေပြီနော်”
ရွှီရှောင်ကျောင်းက သေသေချာချာ ပြန်သုံးသပ်လိုက်ပြီးနောက် သဘောတူလိုက်လေသည်။ ယောကျ်ားတွေအကြောင်းက ဘာတွေ အဲလောက်အရေးကြီးနေလို့လဲ။ ဘာလို့ သူတို့အကြောင်း ပြောရမှာလဲ။
သူမက ချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။
“ဟုတ်တယ် ဟုတ်တယ်၊ အရင်ဆုံး အရေးကြီးတဲ့အကြောင်းတွေ ပြောကြမယ်၊ ငါ့မှာ နင့်ကို မေးစရာတွေအများကြီး ရှိတယ်၊ စာရေးတာနဲ့ မလုံလောက်ဘူး၊ နင့်ရဲ့ ကောလိပ်ကျောင်းသူဘဝအကြောင်းကို ငါ့ကို ထပ်ပြီး ပြောပြလေ”
မာချွန်းက ပစ္စည်းများကို ဝူချွန်းဟွားအိမ်သို့ တာဝန်ကျေကျေ သယ်သွားပေးလိုက်သည်။
ဝူချွန်းဟွာက သည်လူငယ်လေး မာချွန်းကို အထူးလေးစားမိလေသည်။ ကောလိပ်ဝင်ခွင့် ရသွားတဲ့ အဲကျောင်းသားတွေထဲမှာ မာချွန်းပဲ ခဏခဏ လာတက်ပြီး အရမ်းကို တက်ကြွတာပဲ။
“အိုက်ယား၊ ဒါက မာချွန်း မဟုတ်ဘူးလား၊ ဘာလို့ ဒီကို ရောက်လာတာလဲ”
ဝူချွန်းဟွာက တံခါးကို ဖွင့်ပေးလိုက်ပြီး သူ့ကို တအံ့တဩနှင့် ကြည့်လိုက်လေသည်။
မာချွန်း၏မျက်နှာပေါ်က အပြုံးမှာ အထူးတလည် ရိုးသားနေလေသည်။
“အဒေါ် ကျွန်တော် ဆရာစုန့်နဲ့ ဆရာမရွှီတို့ကို လာတွေ့တာပါ၊ ကျိုးဖင့်ရှန်းလည်း ရောက်နေတယ်၊ အနောက်ဘက်ခြံထဲမှာ ဆရာမရွှီနဲ့ စကားပြောနေကြတယ်၊ ကျွန်တော် အဒေါ့်ကို အကူအညီလေး တစ်ခုလောက် တောင်းချင်လို့ပါ”
တစ်စုံတစ်ယောက်က သူမ၏သမီးနှင့်သမက်တို့ကို လာတွေ့တော့ ဝူချွန်းဟွားသည် ထိုစကားကို ကြားလိုက်ရပြီး ပျော်ရွှင်သွားတော့သည်။
“ဘာအကူအညီဖြစ်ဖြစ် အဒေါ့်ကို ပြောပါ၊ အဒေါ်တတ်နိုင်တာဆိုရင် လုပ်ပေးပါမယ်”
မာချွန်းက သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်တော် ဒီတစ်ခါလာတာ တည်းရမဲ့နေရာ ကြိုပြီး မရှာတွေ့ခဲ့လို့ပါ၊ အဒေါ့်အိမ် အနောက်ဘက် အခန်းမှာ ခုတင်လွတ်တစ်လုံး ရှိတယ်လို့ ကြားလို့၊ ကျွန်တော် ရက်ပိုင်းလောက် အဲမှာနေလို့ရမလား”
ဝူချွန်းဟွားက သူ့ကို ကြိုဆိုလိုက်သည်။
“အို ဒါက အကူအညီလို့တောင် ပြောလို့ရလို့လား၊ မင်းက ဒီမှာ တည်းခိုမယ်ဆိုတော့ ဒီထက် ပိုဝမ်းသာစရာ မရှိတော့ပါဘူး၊ မင်း နေချင်သလောက် နေလို့ရတယ်”
မာချွန်းမှာ တော်တော်လေး ဝမ်းသာသွားတော့သည်။ သူ၏နေထိုင်ရေးပြဿနာကို ဖြေရှင်းပြီးသွားလေသည်။
ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့သည် နှစ်နာရီကျော်လောက် စကားပြောလိုက်ပြီး အသက်ရှူဖို့ အချိန်ပေးလိုက်ကြသည်။ ထို့နောက်တွင် ကျိုးဖင့်ရှန်းက တစ်ခုခုကို သတိရသွားပြီး
“နင်နဲ့ငါ နောက်ကျရင် ကွေးယွဲ့ ဆီသွားလို့ရတယ်။ ငါတို့အားလုံး ပညာတတ် လူငယ်နေရာတစ်ခုထဲကပဲလေ၊ ငါ ရေးတဲ့စာတွေကို သူဘာလို့ လုံးဝစာမပြန်လည်း မသိပါဘူး”
ထိုအခါမှ ရွှီရှောင်ကျောင်းသည် ကျိုးဖင့်ရှန်းက ဝမ်ကွေးယွဲ့အကြောင်း မသိသည်ကို သတိရသွားတော့သည်။
သူမက ကျိုးဖင့်ရှန်းထံ ရေးသည့်စာတွင် ထည့်မပြောခဲ့လျှင် သူမလည်း သိမည်မဟုတ်ပေ။ သို့သော် ကျိုးဖင့်ရှန်းက မိန်လင်ရွာသို့ ရောက်လာပြီဖြစ်သဖြင့် သူမက မပြောပြလျှင်တောင် ကျိုးဖင့်ရှန်းက အနှေးနှင့် အမြန် သိသွားပေလိမ့်မည်။ ထို့ကြောင့် ရွှီရှောင်ကျောင်းက သူမကို သည်အတိုင်း ပြောပြလိုက်တော့သည်။
ကျိုးဖင့်ရှန်းက အချိန်အကြာကြီး မှင်တက်အံ့ဩနေပြီးမှ မျက်ရည်များ စီးကျလာကာ
“သူ ဘာလို့ အဲလောက်ရက်စက်ရတာလဲ”
ရွှီရှောင်ကျောင်းသည်လည်း ထိုအကြောင်းကို စဥ်းစားလျှင် စိတ်မကောင်းဖြစ်ရသည်။ သူမက ကျိုးဖင့်ရှန်း၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး
“နင် ဘာလို့ငိုနေတာလဲ၊ ဒါက သူ့ကိုယ်ပိုင်ရွေးချယ်မှုလေ၊ နောက်ပိုင်း သူ အပြစ်ရှိတယ်လို့ ခံစားရတာဖြစ်ဖြစ် မခံစားရတာဖြစ်ဖြစ် အားလုံးက သူ့ကိစ္စပဲ”
ထို့နောက်တွင် သူမက မြို့ပြန်သွားကြသည့် အနီးနားရွာများက ပညာတတ်လူငယ်များအကြောင်းနှင့် သူတို့လုပ်သွားသည့် ပြဿနာများအကြောင်းကို ပြောပြလိုက်သည်။
အနေအထားက အနည်းငယ် လေးလံသွားတော့သည်။
ရွှီရှောင်ကျောင်းသည် အပြင်ဘက် ဝူချွန်းဟွား၏ လှုပ်ရှားသံကို ကြားလိုက်ပြီး ကောင်းကင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ ညစာစားချိန် ရောက်နေလေသည်။
“ကဲပါ၊ ညကျမှ ပြောကြမယ်၊ အရင်ဆုံး ညစာသွားစားရအောင်၊ မာချွန်းကို ဒီအတိုင်းထားလို့ မဖြစ်ဘူးလေ၊ အခု နင်က ဘာမှမပြောတော့ ငါလည်း စိုးရိမ်နေပြီ၊ နောက်ဆိုရင် နင် ငါ့ကို ကျေးဇူးတင်ရမယ်နော်”
ကျိုးဖင့်ရှန်းက သူမ ကျီစယ်သံကို ချက်ချင်း ကြားလိုက်ပြီး မနေနိုင်တော့ဘဲ သူမကို လှမ်းရိုက်လိုက်ကာ
“နင်တစ်ယောက်ပဲ ပြောတတ်တယ်နော်”
မာချွန်းက မီးဖိုထဲတွင် ဝူချွန်းဟွားကို ချက်ပြုတ်ကူနေသည်။ ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့၏ အသံကို ကြားလိုက်သဖြင့် ခေါင်းမော့က သူတို့ နှုတ်ဆက်လိုက်သည်။
“ငါ အဒေါ်နဲ့ ချက်ပြုတ်နေတာ၊ ခဏလောက်စောင့်နော်၊ အချိန်အကြာကြီး စကားပြောထားတာ ရေဆာနေမှာပဲ၊ စားပွဲပေါ်မှာ ရေရှိတယ်”
ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်းကို တွန်းကာ ထိုင်ခိုင်းလိုက်ပြီး သူမနားနားသို့ ကပ်ကာ လေသံဖြင့် ပြောလိုက်တော့သည်။
“ငါကတော့ နင့်မီးရောင်ကြောင့် လင်းနေရပြီ”
အိမ်တွင် ဧည့်သည်ရှိနေလျှင် အလိုလို စည်ကားနေလေသည်။ အိမ်ရှင်ထီး စုန့်ဝေဖျင်က မရှိသည့်တိုင် အားလုံးက အလွန်ပျော်နေကြသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင် သူမအတွက် အပြင်က ဝယ်လာပေးသည့် ဝိုင်နီကို ထုတ်လာပြီး အားလုံးကို ပေးသောက်လိုက်သည်။
ထမင်းစားနေရင်း အပြင်ဘက်တွင် နှင်းမှုန်များက စတင် ကျဆင်းလာခဲ့သည်။ အနေအထားကို ပိုပြီးအသက်ဝင်သွားစေလေသည်။
သည်အချိန်တွင် စုန့်ဝေဖျင်သည် မြို့မှ မိန်လင်ရွာဆီသို့ လာသည့်လမ်းပေါ်တွင် ခြေချလိုက်သည်။
နှင်းက မှုန်မှုန်လေးကျနေသည့်တိုင် သူသည် ဖြည်းဖြည်းနှင့် အေးအေးလူလူ လမ်းလျှောက်လာခဲ့လေသည်။
သူ့မျက်နှာက ဘာအမူအရာမှ မရှိသော်လည်း သူ့စိတ်ထဲတွင်တော့ ကိုယ်ပိုင်တွက်ချက်မှုလေးတစ်ခု ရှိနေလေသည်။
ကောင်းကင်က နှင်းတွေကျနေတယ်။ သူက လေနဲ့နှင်းကြားမှာ အိမ်ပြန်လာခဲ့သတာ။ ရွှီရှောင်ကျောင်းက နည်းနည်းလေး စိတ်မကောင်းဖြစ်သွားလိမ့်မယ်။ ဒီတစ်ခါတော့ သူက သနားစရာလေး ဖြစ်နေလို့ သူမရဲ့အိပ်ရာထဲမှာ လဲလျောင်းနိုင်တော့မှာပဲ။