← Chapters

အခန်း (၂၃၄၁-၂၃၄၂)

Vol. 175 Ch. 2341-2342

အခန်း (၂၃၄၁-၂၃၄၂)

Vol. 175 Ch. 2341-2342

အခန်း(၂၃၄၁)

ထျန်းယန်တောင်တန်းသည် အင်မော်တယ်တိုက်၏ တောင်ဘက်နယ်စပ်ရှိ ကျော်ကြားသောနေရာတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် ထျန်းယန်ဂိုဏ်း တည်ရှိရာနေရာ ဖြစ်သောကြောင့်ပင်။

ထျန်းယန်တောင်တန်း၏ ခန့်ညားထည်ဝါသော တောင်ထိပ်တစ်ခုပေါ်ရှိ အစီအရင်တစ်ခု အတွင်း၌ ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် တင်ပျဥ်ခွေ၍ ထိုင်ကာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဥ်စွမ်းအင်များကို စုပ်ယူ၍ ကျင့်ကြံနေခဲ့သည်။

ဤနေရာသည် ထျန်းယန်ဂိုဏ်း၏ သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူ ဖြစ်သော ထျန်းယန်ဘိုးဘေး ကျင့်ကြံသောနေရာလည်း ဖြစ်သည်။

အစီအရင်၏ အပြင်ဘက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေပြီး ထိုသူသည် ပိရှန်းမြို့ကနေ ပြန်ရောက်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားပင် ဖြစ်၏။

“ဘိုးဘေးကို အစီအရင်ခံပါရစေ.. ပိရှန်းမြို့မှာ သန္ဓေဝိညာဥ်အဆင့် ပါရမီရှင် တပည့်တစ်ယောက် ထွက်ပေါ်နေပါတယ်”

လူလတ်ပိုင်းအရွယ် အမျိုးသားက မြေပြင်ပေါ်တွင် ဒူးထောက်ကာ အစီအရင်ထဲရှိ ထျန်းယန်ဘိုးဘေးကို တရိုတသေ သတင်းပို့လိုက်သည်။

ထိုအခိုက်အတန့်တွင် ထျန်းယန်ဘိုးဘေး၏ ပိတ်ထားသော မျက်ဝန်းများသည် ရုတ်တရက် ပွင့်လာခဲ့ပြီး တောက်ပသောရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

“ထိပ်သီးအင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းရဲ့ သန္ဓေဝိညာဥ်အဆင့်တပည့်က ငါတို့ ထျန်းယန်ဂိုဏ်းရဲ့နယ်မြေထဲမှာ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်ပေါက်လာရတာလဲ.. အဲဒီလူရဲ့နောက်ခံကိုရော မင်းသိပြီးပြီလား”

အင်မော်တယ်တိုက်ပေါ်ရှိ အင်မော်တယ်ကျင့်ကြံခြင်း ဂိုဏ်းများကို အဆင့်အတန်းများ ခွဲခြားထားသည်။

ဆိုရလျှင် သူတို့ ထျန်းယန်ဂိုဏ်းသည် အနိမ့်ဆုံးအဆင့် ဂိုဏ်းမျှသာ ဖြစ်၏။

သူတို့ထက် အဆင့်မြင့်သော ဂိုဏ်းများမှာ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ ရှိသည့် ဂိုဏ်း၊ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ရှိသည့် ဂိုဏ်းနှင့် ကပ်ဘေးအဆင့် ကျင့်ကြံသူရှိသည့် ဂိုဏ်းများ ဖြစ်ကြသည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူများ ရှိသည့် ဂိုဏ်းကြီးများမှာပင် သန္ဓေဝိညာဥ်အဆင့် ပါရမီရှင်တပည့်များ‌ ပေါ်ထွက်ရန်မှာ အလွန်တရာပင် ရှားပါးသည်။

ဆိုရလျှင် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ရှိသော ထိပ်သီး ဂိုဏ်းကြီးများသာလျှင် ထိုကဲ့သို့ ထိပ်တန်းပါရမီရှင် တပည့်များကို မွေးထုတ်နိုင်မည် ဖြစ်၏။

ယင်းကဲ့သို့ ထိပ်သီးဂိုဏ်းမှ ပါရမီရှင် တပည့် အဆင့်မျိုးသည် ထျန်းယန်ဘိုးဘေး ဖြစ်သည့် သူပင်လျှင် တွေ့ဆုံခွင့်ရရန် မလွယ်ကူပေ။

ထျန်းယန်ဘိုးဘေး အမှန်တကယ် နားမလည်နိုင်သည်မှာ ထိပ်သီးဂိုဏ်းမှ ပါရမီရှင်တပည့်သည် ထျန်းယန်ဂိုဏ်းကဲ့သို့ ဝေးလံခေါင်သီသော နေရာတွင် အဘယ်ကြောင့် ရုတ်တရက် ထွက်ပေါ်လာနည်း ဟူ၍ပင်။

ထိပ်သီးအင်မော်တယ်ဂိုဏ်းမှ ပါရမီရှင်တပည့်တစ်ဦးသည် အကြောင်းမဲ့သက်သက်ဖြင့်တော့ ထျန်းယန်ဂိုဏ်း၏ နယ်မြေသို့ ရောက်လာနိုင်စရာ အကြောင်းမရှိပေ။

ဖြစ်နိုင်သည်မှာ သူတို့ ထျန်းယန်ဂိုဏ်းတွင် ကြီးမားသောကိစ္စ တစ်ခုခု ဖြစ်ပျက်တော့မည်လော။

“ဘိုးဘေးကို အစီအရင်ခံပါရစေ.. တစ်ဖက်လူရဲ့နောက်ခံကို ကျွန်တော် မသိပါဘူး”

လူလတ်ပိုင်းအရွယ် အမျိုးသားက ထျန်းယန်ဘိုးဘေးကို ပြောလိုက်သည်။

“သူက သန္ဓေဝိညာဥ်အဆင့် ခွန်အားရှိပေမဲ့ သူဘယ်သူဘယ်ဝါ ဆိုတာကို အမြဲတစေ ဖုံးကွယ်ထားတယ်.. သူက ပိရှန်းမြို့ကို စောင့်ရှောက်ဖို့ ရည်ရွယ်ထားပုံရပြီး ကျွန်တော် တို့ကို ပိရှန်းမြို့ရဲ့ ကိစ္စတွေမှာ ဝင်မပါဖို့ ပြောထားပါတယ်”

ထိုစကားကိုကြားလျှင် ထျန်းယန်ဘိုးဘေးသည် မျက်မှောင်ခပ်တင်းတင်း ကြုတ်လိုက်မိသည်။

ထိပ်သီးအင်မော်တယ်ဂိုဏ်းမှ ပါရမီရှင်တပည့် ဟူသော အဆင့်အတန်းသည် အလွန်တရာ မြင့်မြတ်သော အဆင့်အတန်း ဖြစ်သည်။

မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်လိုက်သည်နှင့် ထျန်းယန်ဂိုဏ်း၏ ဘိုးဘေး ဖြစ်သော သူကိုယ်တိုင်ပင်လျှင် ယဥ်ကျေးပျူငှာစွာ ဆက်ဆံရမည် ဖြစ်သည်။

သို့သော်လည်း ဤထိပ်သီးဂိုဏ်းမှ ပါရမီရှင်တပည့်သည် ထျန်းယန်ဂိုဏ်း၏ နယ်မြေသို့ ရောက်ရှိလာပြီး မည်သူမည်ဝါဖြစ်ကြောင်း တမင်တကာ ဖုံးကွယ်ထားပုံ ထောက်လျှင် တစ်စုံတစ်ရာ ထူးခြားသော ရည်ရွယ်ချက် ရှိဖို့များ၏။

ကြည့်ရသည်မှာ အခြေအနေကို သိရှိနိုင်ရန်အတွက် သူကိုယ်တိုင် ပိရှန်းမြို့သို့ သွားရောက်ဖို့ လိုအပ်နေချေပြီ။

“ငါ ပိရှန်းမြို့ကို ကိုယ်တိုင် သွားလိုက်မယ်.. မင်းက အခုချက်ချင်း လူလွှတ်ပြီး အင်မော်တယ်တိုက်မှာ သိပ်မကြာခင်က ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ စုံစမ်းထားလိုက်.. တစ်ခုခုထူးခြားတာရှိရင် ငါ့ကို အမြန်ဆုံး အကြောင်းကြားပါ”

စကားဆုံးသည်နှင့် ထျန်းယန်ဘိုးဘေး၏ ပုံရိပ်သည် အစီအရင်ထဲကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ထျန်းယန်ဂိုဏ်းနှင့်ကိစ္စ ဖြစ်ပြီးနောက်တွင် ရှယီနှင့် အခြားသူများသည် ကျန်းချန် အပေါ် ပိုမို၍ ရိုသေ‌လေးစားလာကြသည်။

ရှယီသည် သူ၏ သမီး ဖြစ်သူ ရှချင်းမုန့်ကို ကျန်းချန်၏ တပည့် အဖြစ် လက်ခံရန် တောင်းဆိုခဲ့သော်လည်း ကျန်းချန်သည် လိမ္မာပါးနပ်စွာပင် ငြင်းပယ်ခဲ့၏။

အကြောင်းရင်းမှာ သူကျင့်ကြံထားသော ကျင့်စဥ်သည် နတ်ဘုရားနယ်မြေမှ သိုင်းပညာ ကျင့်ကြံသူများ ကျင့်ကြံကြသည့် ကျင့်စဥ် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံသူများ၏ အင်မော်တယ်ကျင့်ကြံခြင်း ကျင့်စဥ်နှင့် လုံးဝ ကွဲပြားနေသောကြောင့်ပင်။

ဆိုရလျှင် သူ့အနေဖြင့် ရှချင်းမုန့်ကို သင်ကြားပေးနိုင်မည့် ကျင့်စဥ် မရှိပေ။

ထို့အပြင် ယခု တစ်ကြိမ် သူမြောက်ဘက်ဒေသသို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်သည် နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ဖြစ်၏။

ရှယီတို့သည် အင်မော်တယ် ကျင့်ကြံသူများ ဖြစ်ကြ၍ ကျန်းချန် အနေဖြင့် ၎င်းတို့နှင့် အလွန်အကျွံ မပတ်သတ်လိုခဲ့ပေ။

ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားသည်နှင့် သူက ဤနေရာမှ ထွက်ခွာပြီး နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေသည့် ခရီးစဥ်အား စတင်မည်ဖြစ်၏။

ရှယီသည် ကျန်းချန်တွင် တပည့်လက်ခံရန် ဆန္ဒမရှိကြောင်း မြင်လျှင် သဘာဝကျစွာပင် အတင်းအကျပ် မတိုက်တွန်းတော့ပေ။

သူက သမီးဖြစ်သူ အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း ကျန်းချန် အပေါ် ထားရှိသော သူ၏ သဘောထားကမူ မပြောင်းလဲခဲ့ပေ။

ကျန်းချန်သည် ပိရှန်းမြို့တွင် နေထိုင်ကာ ကျင့်ကြံရင်းဖြင့် ခန္ဓာကိုယ်မှ ဒဏ်ရာများသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ရက်အနည်းငယ်အကြာတွင် သန္ဓေဝိညာဥ်အဆင့် အရှိန်အဝါတစ်ခုသည် ပိရှန်းမြို့ တစ်ခုလုံးကို ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ဧရာမ ခေါင်းလောင်းသံ ကဲ့သို့ ကျယ်လောင်သော စကားသံ တစ်သံသည် ပိရှန်းမြို့၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ထျန်းယန်ဂိုဏ်းရဲ့ ဘိုးဘေးထျန်းယန်က ထိပ်သီးအင်မော်တယ်ဂိုဏ်းက ပါရမီရှင် တပည့်ကို လာရောက် တွေ့ဆုံပါတယ်.. ကျေးဇူးပြုပြီး ထွက်တွေ့ပေးပါ”

ကျယ်လောင်စွာ ဟိန်းထွက်နေသော စကားသံသည် ပိရှန်းမြို့၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့ရာ ရှယီတို့လူစုကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

ဤတစ်ကြိမ်တွင် ထျန်းယန်ဂိုဏ်း၏ ဘိုးဘေး ကိုယ်တိုင် ပိရှန်းမြို့သို့ အမှန်တကယ် ရောက်ရှိလာခဲ့ချေပြီ။

ရှယီတို့ လူစု ထိတ်လန့်နေစဥ်မှာပင် မြို့စားစံအိမ်မှ အနက်ရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်သို့ တိုက်ရိုက် ခုန်တက်သွားခဲ့ပြီး ခြေလှမ်း တစ်လှမ်းတည်းဖြင့်ပင် ပိရှန်းမြို့၏အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

“သခင်လေးက ထိပ်သီး အင်မော်တယ်ဂိုဏ်းရဲ့ ပါရမီရှင်တပည့်လား.. သခင်‌လေးက ဘယ်ဂိုဏ်းကလဲ.. ဘာလို့ ငါတို့ ထျန်းယန်ဂိုဏ်းရဲ့ နယ်မြေဆီကို ရောက်လာရတာလဲ”

ထျန်းယန်ဘိုးဘေးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ရှေရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ မေးခွန်းထုတ်လိုက်သည်။

ကျန်းချန်က ထျန်းယန်ဘိုးဘေးကို တည်ငြိမ်စွာပင် ကြည့်လိုက်၏။

“ထျန်းယန်.. ငါဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး.. မင်း မသေချင်ရင် မင်းနဲ့ မဆိုင်တဲ့ကိစ္စတွေကို ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ”

“ငါ့ရဲ့ ထျန်းယန်ဂိုဏ်းက လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် အင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်း ဖြစ်တဲ့ ရွှမ်ယန်ဂိုဏ်းရဲ့ လက်အောက်ခံပဲ.. ငါသိသလောက်တော့ ရွှမ်ယန်ဂိုဏ်းမှာ မင်းလို သန္ဓေဝိညာဥ်အဆင့် ပါရမီရှင် မရှိဘူး ကောင်လေး.. တကယ်လို့ မင်းအနေနဲ့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ထုတ်ဖော် မပြောနိုင်ဘူးဆိုရင် ငါ့ကို ညှာတာမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့”

ထျန်းယန်ဘိုးဘေး၏ မျက်နှာက ခက်ထန်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် ဒေါသ အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းပြီလေ.. ဒါဆိုလည်း မင်းရဲ့ စွမ်းရည်တွေကို လေ့လာကြည့်ရတာပေါ့”

“ကောင်လေး.. သေဖို့သာပြင်ထားပေတော့”

ထျန်းယန်ဘိုးဘေး၏ မျက်ဝန်းထဲတွင်‌ အေးစက်သော အလင်းတန်း တစ်ခုက လင်းလက်သွားခဲ့သည်။

ယင်းနောက်တွင် သူ၏ ကျောဘက်ရှိ လေထုထဲတွင် ပေတစ်ထောင်ခန့် မြင့်မားသော သန္ဓေဝိညာဥ် ဓမ္မခန္ဓာကိုယ် တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်‌ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်သည် ရိုးရှင်းပုံရသော်လည်း ကမ္ဘာလောကကြီးကို ပိတ်လှောင်ထားနိုင်သည့် အင်မော်တယ်တစ်ပါး၏ လက်ဝါးရိုက်ချက် ကဲ့သို့ပင် ကျန်းချန်၏ ပတ်ပတ်လည်ရှိ ပေတစ်ရာ အတွင်းမှ နေရာလွတ်ကို လုံးဝအေးခဲသွားစေခဲ့သည်။

“နေရာလွတ်ကို ပိတ်လှောင်ထားနိုင်တဲ့ သန္ဓေဝိညာဥ်ဓမ္မခန္ဓာကိုယ်ပါလား”

“ဒါက သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားပဲ.. တကယ်ကို အစွမ်းထက်လွန်းတာပဲ”

ပိရှန်းမြို့စား ရှယီတို့ လူစုသည် တုန်လှုပ်ချောက်ချားစွာဖြင့် ကောင်းကင်ယံကို မော့ကြည့်နေခဲ့ကြသည်။

ရွှေအမြုတေအဆင့်နှင့် သန္ဓေဝိညာဥ်အဆင့်တို့ ကြားတွင် ကောင်းကင်နှင့်မြေကြီး ကဲ့သို့ ကွာခြားချက် ရှိနေသည်မှာ အမှန်တရားပင်။

ထျန်းယန်ဘိုးဘေး၏ သန္ဓေဝိညာဥ် ဓမ္မခန္ဓာကိုယ်ကို ကြည့်ရင်း ကျန်းချန်၏ အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။

ထျန်းယန်ဘိုးဘေး ထုတ်ဖော်လိုက်သော သန္ဓေဝိညာဥ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရားနယ်မြေ၏ ကျင့်ကြံခြင်းစနစ်အရဆိုလျှင် ပကတိနတ်ဘုရား အဆင့်၏ စွမ်းရည်ကိုပင် မမှီသေးပေ။

သို့ဖြစ်ရာ ကပ်ဘေးအဆင့်နှင့်ပင် ယှဥ်နိုင်သော ကျန်းချန်၏ စွမ်းရည်ဖြင့် ဆိုလျှင် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူသည် ကျန်းချန်၏ မျက်ဝန်းထဲတွင် ပုရွက်ဆိတ်နှင့် မခြားနားပေ။

“ပျက်စီးစမ်း”

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် အေးစက်စက်ရေရွတ်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ထျန်းယန်ဘိုးဘေး၏ နေရာလွတ်ကို ပိတ်လှောင်ထားသော လက်ဝါးသည် လေထုထဲမှာပင် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့သည်။

ယင်းနောက်တွင် ကျန်းချန်သည် လက်ညှိုးမှ ဓားစွမ်းအားဖြင့် ထျန်းယန်ဘိုးဘေးကို ပစ်ခတ်လိုက်၏။

ကျန်းချန်၏ ဓားစွမ်းအားမှ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ ဖိအားကို ခံစားမိလျှင် ထျန်းယန်ဘိုးဘေးသည် ပင်ကိုသိစိတ်အရ သေခြင်းတရား၏ အရိပ်အငွေ့ကို ခံစားမိလိုက်၏။

ထျန်းယန်ဘိုးဘေးက တုန်လှုပ်သွားခဲ့ပြီး ထွက်ပြေးရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။

ထိုဓားစွမ်းအားသည် အလွန်တရာပင် မြန်ဆန်လွန်း၍ ထျန်းယန်ဘိုးဘေးသည် ထွက်ပြေးရန် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ် တစ်ခုလုံး အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့၏။

သူ၏ ပေတစ်ထောင်အမြင့် ရှိသော သန္ဓေဝိညာဥ် ဓမ္မခန္ဓာကိုယ်သည်ပင် ထိုဓားစွမ်းအားအောက်တွင် နှစ်ပိုင်းပြတ်ထွက်သွားခဲ့သည်။

အခန်း(၂၃၄၁)ပြီး၏။

အခန်း(၂၃၄၂)

ပိရှန်းမြို့စား ရှယီတို့လူစုသည် ကောင်းကင်ယံမှ မြင်ကွင်းကို ကြည့်ကာ မှင်တက်သွားကြပြီး ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြသည်။

ကျန်းချန် ပေါ့ပေါ့ပါးပါး ထုတ်ဖော်လိုက်သော တိုက်ကွက် တစ်ကွက်သည် ထျန်းယန်ဘိုးဘေး၏ သန္ဓေဝိညာဥ်ဓမ္မခန္ဓာကိုယ်နှင့် ရုပ်ခန္ဓာကို ဘာမှ မကျန်ရှိတော့သည် အထိ ပျောက်ကွယ်သွားစေခဲ့၏။

ကျန်းချန်က အနည်းဆုံး သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူ ဖြစ်မည်ဟု မှန်းဆထားကြသော်လည်း သန္ဓေဝိညာဥ်အဆင့်ရှိ ထျန်းယန်ဘိုးဘေးကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ဤအခိုက်အတန့်တွင် သူတို့သည် ထိပ်သီးအင်မော်တယ်ဂိုဏ်းမှ သန္ဓေဝိညာဥ်အဆင့် ပါရမီရှင်တစ်ဦး ပင်လျှင် ဤမျှအထိ စွမ်းအားရှိလောက်မည် မဟုတ်ဟု တွေးမိခဲ့ကြသည်။

ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် သန္ဓေဝိညာဥ်အဆင့်မဟုတ်ဘဲ ထိုအဆင့်အထက်ရှိ ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ဖြစ်နိုင်ပါသလော။

ထိုသို့ တွေးမိသည်နှင့် ရှယီတို့လူစုသည် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့ကြသည်။

ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ပါရမီရှင်တပည့် ဆိုသည်မှာ အင်မော်တယ်တိုက်ကို ဦးဆောင်နေသော အင်မော်တယ် ဂိုဏ်းကြီး ငါးဂိုဏ်းမှာပင် လက်ချိုးရေတွက်၍ ရသည့် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။

ရှယီတို့လူစု အံ့ဩထိတ်လန့်နေစဥ်မှာပင် ပိရှန်းမြို့၏ အထက်ကောင်းကင်ယံတွင် ကြောက်လန့်တကြား ရေရွတ်သံတစ်သံ ထွက်ပေါ်လာခဲ့၏။

“မင်း.. မင်းဘယ်သူလဲ”

လေထုထဲတွင် ခပ်ရေးရေး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်မှာ ထျန်းယန်ဘိုးဘေး၏ ဝိညာဥ်ပင် ဖြစ်၏။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်၌ ထိတ်လန့်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထျန်းယန်ဘိုးဘေးသည် ယခင်က လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်သည်။

သူက ဂိုဏ်းစည်းမျဉ်းကို ချိုးဖောက်မိ၍ အပြစ်ခံရမည်ကိုစိုးရိမ်ကာ နယ်စပ်သို့ ထွက်ပြေးခဲ့ပြီး ထျန်းယန်ဂိုဏ်းကို တည်ထောင်ခဲ့ခြင်းပင်။

ဆိုရလျှင် ထျန်းယန်ဘိုးဘေးသည် သန္ဓေဝိညာဥ် အစောပိုင်းအဆင့်သာ ရှိသော်လည်း လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် အင်မော်တယ်ဂိုဏ်းတွင် မွေးဖွားခဲ့သူဖြစ်၍ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများထက် ပိုမို အစွမ်းထက်သည်။

သို့သော်လည်း သူ၏ စွမ်းအားဖြင့်ပင် အနက်ရောင် ဝတ်စုံဝတ်လူငယ်၏ တိုက်ကွက် တစ်ကွက်အောက်၌ အသတ်ခံလိုက်ရလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ပေ။

“ငါက မင်းတို့ ထျန်းယန်ဂိုဏ်း ရန်မစသင့်တဲ့သူလို့ ငါအစောကြီးကတည်းက ပြောခဲ့သားပဲ”

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာရပ်နေရင်း ထျန်းယန်ဘိုးဘေးကို စေ့စေ့ကြည့်လိုက်သည်။

“ကဲ.. ပြောစမ်း မင်းဘယ်လိုပုံစံမျိုးနဲ့ သေချင်လဲ”

“မင်းက စွမ်းအားကြီးတာ မှန်ပေမဲ့ ငါက လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် အင်မော်တယ်ဂိုဏ်း ဖြစ်တဲ့ ရွှမ်ယန်ဂိုဏ်းက ကျင့်ကြံသူပဲ.. တကယ်လို့ မင်းငါ့ကို သတ်လိုက်ရင် ရွှမ်ယန်ဂိုဏ်းက မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး”

ထျန်းယန်ဘိုးဘေးက ကျန်းချန်ကို ခြိမ်းခြောက်လိုက်သည်။

ဤအချိန်တွင် ထျန်းယန်ဘိုးဘေးသည် ရွှမ်ယန်ဂိုဏ်း၏ အမည်ကို အသုံးပြုကာ ကျန်းချန်ကို ခြောက်လှန့်ရုံသာ တတ်နိုင်ခဲ့သည်။

“မင်းသိထားရမှာက ရွှမ်ယန်ဂိုဏ်းက လူတွေ ငါ့ကို လာရန်စရင်တောင် ငါက မသတ်ဘဲ နေမှာမဟုတ်ဘူး ဆိုတာပဲ”

ကျန်းချန်၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့ပြီး ကြောက်မက်ဖွယ် ဓားအလင်းတစ်ခုကို သူ၏ လက်ချောင်းထိပ်တွင် ထပ်မံ၍ စုစည်းလိုက်သည်။

“အရှင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ.. ကျွန်တော် အရှင့်ထံမှာ အညံ့ခံပါ့မယ်.. တစ်သက်လုံး အစေခံအဖြစ် ခစားပါမယ်”

ထိုမြင်ကွင်းကို မြင်လျှင် ထျန်းယန်ဘိုးဘေးသည် တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်အား ခွင့်လွှတ်ပေးရန် အသနားခံ၍ တောင်းပန်လိုက်သည်။

သူက နှစ်ပေါင်းထောင်ချီ ကြိုးစားခဲ့ရပြီးမှသာ ယခုကဲ့သို့ သန္ဓေဝိညာဥ်အဆင့်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် သူ၏ ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း ဝိညာဥ်က အသက်ရှင်နေသေးသဖြင့် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် အခွင့်အရေး ရှိနေသေး၏။

အကယ်၍ သူ၏ ဝိညာဥ်သာ ဖျက်ဆီးခံလိုက်ရလျှင် သူသည် ဤကမ္ဘာလောက ကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။

ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် သူ၏ လက်ထိပ်မှ ဓားစွမ်းအင်များကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

“မင်းလို သန္ဓေဝိညာဥ်အဆင့် ပုရွက်ဆိတ်လေး တစ်ကောင်က ငါ့ရဲ့အစေခံလုပ်ဖို့ အရည်အချင်းမရှိဘူး”

ကျန်းချန်က ထျန်းယန်ဘိုးဘေးကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းငါ့ရဲ့ မေးခွန်းတချို့ကို ဖြေနိုင်မယ် ဆိုရင်တော့ ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်”

ထျန်းယန်ဘိုးဘေးသည် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် အင်မော်ဂိုဏ်း ဖြစ်သည့် ရွှမ်ယန်ဂိုဏ်းကနေ ဆင်းသက်လာသူဖြစ်၍ ထျန်းယန်ဘိုးဘေး၏ အတွေ့အကြုံသည် သာမန်ထက် ထူးခြားသည်။

ထို့ကြောင့် ထျန်းယန်ဘိုးဘေး ဆီကနေ အသုံးဝင်သည့် သတင်းအချက်အလက် အချို့ကို ရရှိကောင်း ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။

ထျန်းယန်ဘိုးဘေးက အလျင်အမြန်ပင် ပြောလိုက်သည်။

“အရှင် စိတ်ကြိုက်သာ မေးပါ.. ကျွန်တော်သိသမျှ အကုန်လုံးကို မဖုံးကွယ်ဘဲ ဖြေကြားပေးပါ့မယ်”

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

“အင်မော်တယ်တိုက်မှာ အသက်စွမ်းအားတွေ အကြွယ်ဝဆုံးနေရာက ဘယ်နေရာလဲ ဆိုတာ မင်းသိလား”

“အသက်စွမ်းအားတွေ အကြွယ်ဝဆုံး နေရာလား”

ထျန်းယန်ဘိုးဘေးက တစ်ခဏမျှ မှင်တက်သွားခဲ့ပြီးနောက်တွင် သူ၏ မျက်ဝန်းများ၌ သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ်တိုက်တွင် အသက်စွမ်းအား အကြွယ်ဝဆုံးနေရာဟု ဆိုလျှင် ပထမဆုံး ထွက်ပေါ်လာမည့် အမည်သည် အင်မော်တယ်တိုက်တွင် ကျော်ကြားလှသည့် ထာဝရသက်ရှည်တောင်တန်းပင် ဖြစ်သည်။

အကယ်၍ ဤလူငယ်သာ ထိပ်သီး အင်မော်တယ်ဂိုဏ်းဝင် ဆိုလျှင် ထာဝရသက်ရှည်တောင်တန်း အကြောင်းကို အဘယ်ကြောင့် မကြားဖူးဘဲ နေပါအံ့နည်း။

ထျန်းယန်ဘိုးဘေးက သံသယဝင်နေသော်လည်း သူ၏ အသက် ချမ်းသာရာ ရရန်အတွက် တရိုတသေ ပြန်ဖြေလိုက်သည်။

“ကျွန်တော်သိရသလောက်တော့ အင်မော်တယ်တိုက်မှာ အသက်စွမ်းအင် အကြွယ်ဝဆုံးနေရာက ထာဝရသက်ရှည်တောင်တန်းပါပဲ”

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။

“ထာဝရသက်ရှည်တောင်တန်း အကြောင်းကို ငါ့ကို ပြောပြပါဦး”

“ကောင်းပါပြီ အရှင်”

ထျန်းယန်ဘိုးဘေးက ပြန်လည် ဖြေကြားလိုက်ပြီး ကျန်းချန်ကို စတင် ရှင်းပြလိုက်သည်။

ထာဝရသက်ရှည်တောင်တန်းသည် အင်မော်တယ်တိုက်၏ အလယ်ဗဟိုတွင် တည်ရှိသော ဧရာမတောင်တန်းကြီး တစ်ခုဖြစ်ပြီး အင်မော်တယ်တိုက် တစ်တိုက်လုံးကို ဖြတ်သန်း၍ တည်ရှိနေသော တောင်တန်း ဆိုလည်းမမှားပေ။

ယခုအခါတွင် အင်မော်တယ် ကျင့်ကြံသူများနှင့် သိုင်းပညာကျင့်ကြံသူများသည် အင်မော်တယ်တိုက်၏ တောင်နှင့်မြောက်တစ်ဖက်စီကို သိမ်းပိုက်ထားကြသည်။

ရှင်းလင်းစွာဆိုရလျှင် ထာဝရသက်ရှည်တောင်တန်းသည် မည်သည့် ဧရိယာဘက်တွင်မှ မပါဝင်ဘဲ အင်မော်တယ်ကျင့်ကြံသူများနှင့် သိုင်းပညာ ကျင့်ကြံသူများ၏ နယ်နိမိတ်စည်းမျဥ်းသဖွယ် ဖြစ်နေသော တောင်တန်း ဖြစ်၏။

ထာဝရသက်ရှည်တောင်တန်းသည် အင်မော်တယ်တိုက်တွင် အသက်စွမ်းအင် အကြွယ်ဝဆုံးနေရာ ဖြစ်ပြီး အခြားသောနေရာများ လုံးဝ နှိုင်းယှဥ်၍မရပေ။

သက်တမ်းကုန်ဆုံးခါနီး အင်မော်တယ် ကျင့်ကြံသူများသည် ထာဝရသက်ရှည်တောင်တန်းသို့ ဝင်ရောက်နိုင်လျှင် သူတို့၏ သက်တမ်းကို တိုးမြှင့်နိုင်ပြီး သေဆုံးနိုင်မည့် အချိန်ကို ဆွဲဆန့်နိုင်သည်ဟု ဆိုကြ၏။

သို့သော်လည်း ထာဝရသက်ရှည်တောင်တန်း၏ အသက်စွမ်းအားသည် အလွန်တရာပင် ကြွယ်ဝသဖြင့် နတ်ဆိုးသားရဲများနှင့် ဝိညာဥ်သားရဲများ နေရာအနှံ့တွင် ရှိနေကြသည်။

ထိုသားရဲများထဲတွင် ကပ်ဘေးအဆင့်နှင့်ပင် ယှဥ်နိုင်သော အနှိုင်းမဲ့သားရဲကြီး များရှိ၍ ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်ရန်မှာ အလွန်ပင် အန္တရာယ်ကြီးမား၏။

ကပ်ဘေးအဆင့် အင်မော်တယ် ကျင့်ကြံသူများပင်လျှင် ထာဝရသက်ရှည်တောင်တန်းအတွင်းသို့ ဝင်ရောက်သွားလျှင် အသက်ရှင်လျက် ပြန်လည်ထွက်လာရန် အလွန်တရာ ခဲယဥ်းသည်။

ရှင်းလင်းစွာ ဆိုရလျှင် ထာဝရသက်ရှည်တောင်တန်းသည် အင်မော်တယ်တိုက်၏ အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေ ဆိုလည်း မမှားပေ။

သို့ရာတွင် ထာဝရသက်ရှည်တောင်တန်းသည် အလွန်တရာအန္တရာယ်များသော်လည်း အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံသူများနှင့် သိုင်းပညာ ကျင့်ကြံသူများကို ဆွဲဆောင်နိုင်နေဆဲပင်။

အကြောင်းရင်းမှာ ထာဝရသက်ရှည်တောင်တန်းတွင် အနှိုင်းမဲ့ အခွင့်အလမ်းများ ရှိနေသောကြောင့် ဖြစ်၏။

အင်မော်တယ်တိုက်တွင် သာမန်လူများ ဖြစ်သော်လည်း ထာဝရသက်ရှည်တောင်တန်းထဲတွင် ကံတရား၏ ဖေးမမှုကို ကြုံတွေ့ရပြီး တစ်ဟုန်ထိုး တိုးတက်သွားသော လူများလည်း ရှိခဲ့ဖူးသည်။

ထို့အပြင် ထာဝရသက်ရှည်တောင်တန်းသည် သေခါနီးဆဲဆဲသူများ အတွက် အလွန်တရာပင် ကောင်းမွန်သော နေရာ တစ်ခု ဖြစ်သည်။

ယင်းနေရာရှိ ကြွယ်ဝလှသော အသက်စွမ်းအင်သည် သူတို့၏ သက်တမ်းကို ကြန့်ကြာစေနိုင်ရုံသာမက သူတို့ကို နောက်ဆုံးအခွင့်အရေး တစ်ခုလည်း ပေးစွမ်းနိုင်၏။

အကယ်၍သာ ထာဝရသက်ရှည်တောင်တန်းတွင် အခွင့်အလမ်း တစ်စုံတစ်ရာ ရရှိခဲ့လျှင် သူတို့၏ အကန့်အသတ်များကို ချိုးဖျက်ပြီး ဘဝသစ်တစ်ခုကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

ဒဏ္ဍာရီများအရ ထာဝရသက်ရှည်တောင်တန်းတွင် ထာဝရအသက်ရှည်ခြင်း၏ စစ်မှန်သော လျှို့ဝှက်ချက်ကို ဝှက်ထားသည်ဟု ဆိုကြ၏။

ဤသည်မှာ လူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည့် ထာဝရသက်ရှည်တောင်တန်း၏ အဓိကအကြောင်းအရင်းလည်း ဖြစ်သည်။

“ထာဝရသက်ရှည်တောင်တန်း.. ကြွယ်ဝတဲ့အသက်စွမ်းအား.. ထာဝရအသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်”

ထျန်းယန်ဘိုးဘေး၏ ရှင်းပြမှုများကို နားထောင်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများ၌ အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယင်းမှာ တကူးတက လိုက်ရှာစဥ်က မတွေ့ဘဲ မမျှော်လင့်ဘဲ အလွယ်တကူ တွေ့ရှိလိုက်သကဲသို့ပင်။

ဤ ထာဝရသက်ရှည်တောင်တန်းသည် နတ်ဘုရားနယ်မြေစကြဝဠာ၏ မဟာသစ်ပင် သုံးပင်ထဲမှ တစ်ပင် ဖြစ်သော အသက်သစ်ပင် တည်ရှိသော နေရာဖြစ်ရန် အလားအလာအလွန်များသည်ဟု ကျန်းချန်၏ စိတ်ထဲကနေ ခံစားမိခဲ့သည်။

ဒဏ္ဍာရီလာ အသက်သစ်ပင်သာလျှင် ဤမျှ ကြွယ်ဝသော အသက်စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပါလော။

ဆန်းကြယ်နတ်မျိုးနွယ်စုမှ ဘိုးဘေးယွမ်ခွန်၏ ခန့်မှန်းချက်အရ နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ် ရှိသော နေရာသည် အသက်သစ်ပင် တည်ရှိသော နေရာဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရလျှင် ကောင်းကင်လမ်းစဥ်သည် ထာဝရသက်ရှည်တောင်တန်းတွင် ရှိနိုင်​ခြေ အလွန်များ၏။

“ကြည့်ရတာ ထာဝရသက်ရှည်တောင်တန်းကို တစ်ခေါက်တော့ သွားကြည့်ရတော့မယ် ထင်တယ်”

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် သူက ထျန်းယန်ဘိုးဘေးကို ကြည့်ကာ ပြောလိုက်၏။

“ထျန်းယန်.. မင်းငါ့ကို ထာဝရသက်ရှည်တောင်တန်းဆီ ခေါ်သွားပေးရင် ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်.. မင်း ဘယ်လိုသဘောရလဲ”

အခန်း(၂၃၄၂)ပြီး၏။

All Chapters