← Chapters

စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်း ပေါက်ကွဲကျင့်စဥ်

Vol. 25 Ch. 282

စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်း ပေါက်ကွဲကျင့်စဥ်

Vol. 25 Ch. 282

လူနေရပ်ကွက်မှ အပြန်လမ်းတွင်ဖြစ်သည်။

ဝမ်ရွှီသည် ကားကို အေးအေးလူလူမောင်းနှင်နေပြီး လီယန်က ဘေးခုံတွင် လိုက်ပါလာ၏။ ၎င်းတို့နှစ်ဦးမှာ ရယ်ရယ်မောမော စကားပြောဆို ပြန်လာကြသည်။

ချွေဖန်ကတော့ အခြားနေရာတွင် နေထိုင်သူဖြစ်ပြီး လီယန်ကမူ ဝမ်ရွှီနှင့် လမ်းကြောင်းတူရာတွင် နေထိုင်သောကြောင့် ဝမ်ရွှီက လီယန်ကို လိုက်ပို့ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်၏။

လီယန်သည် ကားထဲတွင် ထိုင်နေစဉ် သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။

"နင် ကျောင်းပြီးတာ တစ်နှစ်ပဲ ရှိသေးတယ်၊ ကားတောင် ဝယ်နိုင်နေပြီ။ ရေကြောင်းဗျူရိုက လစာအဲ့လောက်တောင် ကောင်းတာလား"

သူမက အထင်ကြီးအားကျစွာ မေးမိ၏။။

"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး၊ ပုံမှန်ပါပဲ။ ငါ တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား အလုပ်လုပ်ပြီး မိဘတွေဆီက အကူအညီ နည်းနည်းယူပြီးမှ ဒီကားကို ဝယ်နိုင်ခဲ့တာပါ"

ဝမ်ရွှီက ပြုံးလျက် ပြန်ဖြေသည်။

"ရေကြောင်းဗျူရိုက တော်တော် အလုပ်များတယ်လို့ ငါကြားဖူးတယ်။ နင်ထျန်းယွဲ့ကို ဘယ်လိုလုပ်ပြီး ပြန်လာနိုင်တာလဲ"

လီယန်က ကြားဖူးနားဝသတင်းများအရ စပ်စုလိုက်၏။

"အင်း... မှောင်ခိုသမားတချို့က ထျန်းယွဲ့မြို့ထဲကို ပင်လယ်မိစ္ဆာအုပ်စုတစ်စု သယ်လာကြတယ်လေ။ အဲ့ဒါကို လွှဲပြောင်းလက်ခံဖို့ ငါ ဒီကိုရောက်နေတာ"

ဝမ်ရွှီက တည်ကြည်သော မျက်နှာထားဖြင့်ဖြေရင်း လမ်းကြောကို ဂရုစိုက်ကာ ရေ့မှကားကို ကျော်တက်လိုက်၏။

"ဒဏ္ဍာရီထဲက ပင်လယ်မိစ္ဆာတွေလား"

လီယန်က အံ့အားသင့်စွာဖြင့် ပါးစပ်ကို ပင်ပိတ်မိသွားသည်။

"သူတို့က ဘယ်လိုပုံစံမျိုးလဲ။ တီဗီထဲကအတိုင်းပဲလား"

"အနည်းနဲ့အများတော့ တူပါတယ်။ သူတို့က ရုပ်ဆိုးပေမဲ့ သူတို့အသားက နူးညံ့ပြီး ကာမအားတိုးဆေးအဖြစ် သုံးလို့ရတယ်လို့ ပြောကြတယ်၊ အဲ့ဒါကြောင့် ချမ်းသာတဲ့သူတွေက အဲ့ဒါကို စားချင်ကြတာ။ ဒါပေမဲ့ ပင်လယ်မိစ္ဆာအသားက အဆိပ်ရှိပြီး အများကြီးစားရင် ခန္ဓာကိုယ် မျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်စေနိုင်တယ်၊ အဲ့ဒါကြောင့် မစားတာ အကောင်းဆုံးပဲ"

ဝမ်ရွှီက မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေသည်။ တစ်ခုခုကို သတိရသွားဟန်ဖြင့် သူသည် ခဏမျှ ကြောက်ရွံ့သွားပုံလည်း ရ၏။

"ပင်လယ်မိစ္ဆာတွေမှာ ဒဏ္ဍာရီထဲက နတ်ဘုရားတွေလိုမျိုး ဆန်းကြယ်တဲ့ စွမ်းအားတွေ ရှိတယ်လို့ ငါ ကြားဖူးတယ်"

လီယန်က ထိုကိစ္စအလွန်စိတ်ဝင်တစား ရှိသည်။

ဝမ်ရွှီက ခေါင်းခါပြ၏။

"ငါတို့က ဘယ်ခေတ်မှာနေနေတာလဲ။ နင်က ဘာလို့ အယူသည်းနေသေးတာလဲ။ ဒီကမ္ဘာမှာ မသေမျိုးတို့ နတ်ဘုရားတို့ဆိုတာ မရှိဘူး၊ နည်းပညာကသာ အစစ်အမှန်ပဲ။"

"ရှေးဟောင်းကျမ်းစာတွေထဲက မသေမျိုးတွေသာ ဒီနေ့ခေတ်မှာ အသက်ရှင်နေဦးမယ်ဆိုရင်တောင် ငါတို့ရဲ့ ခေတ်မီလက်နက်တွေကို သူတို့ ယှဉ်နိုင်မှာ မဟုတ်ဘူး"

ခေတ်မီလက်နက်များအကြောင်း ပြောဆိုရာတွင် ဝမ်ရွှီ၏ မျက်လုံးများတွင် ယုံကြည်မှုများ ပြည့်နှက်လာသည်။

ချင်းယွမ်နိုင်ငံ၏ ဒဏ္ဍာရီမှတ်တမ်းများတွင် မသေမျိုးများနှင့် သိုင်းနတ်ဘုရားများသည် အမှန်တကယ်ပင် အစွမ်းထက်ကြပြီး ပျံသန်းနိုင်ကာ ပေါင်တစ်ထောင်လေးသော အိုးကြီးများကို မနိုင်ကြသည်ဟု ဆို၏။

သို့သော် ပေါင်တစ်ထောင်လေးသော အိုးကြီးကို မခြင်းမှာ ထရက်တာတစ်စီး၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်ပါမည်လော။

အလွန်အကျွံပုံဖော်ထားသော သိုင်းပညာရပ်များပင်လျှင် ခေတ်မီသိပ္ပံပညာဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာပြီးနောက်တွင် တစ်ဦးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာနှင့် သွေးသားအင်အားကို အသုံးချခြင်းသာဖြစ်ပြီး အကန့်အသတ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

သိုင်းပြိုင်ပွဲ၏ ချန်ပီယံပင်လျှင် သေနတ်ဖြင့် အပစ်ခံရပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည် အများစုကို ဆုံးရှုံးရမည်ဖြစ်ပြီး ပိုမိုအစွမ်းထက်သော နည်းပညာသုံး လက်နက်များဆိုလျှင်တော့ ဆိုဖွယ်ရာပင်မရှိပေ။

သိုင်းပညာကို လေ့လာခြင်းထက် မျိုးဗီဇပညာကို လေ့လာခြင်းက ပို၍ အကျိုးရှိသေးသည်။

ဒဏ္ဍာရီများကတော့ ဒဏ္ဍာရီများသာ မဟုတ်ပါလား။

အကယ်၍ ဒဏ္ဍာရီထဲက မသေမျိုးများ ပေါ်လာလျှင်ပင် "ဟင်းလင်းပြင်မျက်လုံး" ဖြင့် အပစ်ခံရပါက သူတို့ အသက်ရှင်နိုင်ပါမည်လော။

"ဟင်းလင်းပြင်မျက်လုံး" သည် ချင်းယွမ်နိုင်ငံ၏ အစွမ်းထက်ဆုံး လက်နက်ဖြစ်၏။ ဆန်းရှင်းမှ စစ်သင်္ဘောကြီးတစ်စီးပင်လျှင် ထိုလက်နက်ဖြင့် တစ်ချက်တည်း အပစ်ခံရပါက ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။

၎င်းမှာ လူသားတို့၏ စွမ်းအားဖြင့် တောင့်ခံနိုင်သော အရာမဟုတ်ပေ။

"ပင်လယ်မိစ္ဆာတွေက စိုးရိမ်စရာ မရှိပေမဲ့ ငါတို့လို သာမန်လူတွေကတော့ သူတို့ကို ရှောင်ရမယ်။ ချမ်းသာတဲ့သူတွေကတော့ အဲ့ဒါကို စားလို့ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိကြတယ်၊ ဒါပေမဲ့ သာမန်လူတွေနဲ့ တွေ့ရင်တော့ အဲ့ဒီလူတွေ သေဖို့ပဲ ရှိတယ်"

ဝမ်ရွှီက တည်ကြည်သော မျက်နှာထားဖြင့် ရှင်းပြ၏။

"အဲ့လောက်တောင် ဆိုးတာလား"

"ဟုတ်တယ်၊ ဟို ထိတ်လန့်စရာ ပုံပြင်တွေထက်တောင် ပိုဆိုးသေးတယ်"

ဝမ်ရွှီက ရယ်မောရင်း စနောက်လိုက်သည်။

ထိုအချိန်တွင် ချွေဖန်နှင့် စကားပြောဆိုပြီးသော ကျိယွမ်သည် မျက်စိမှိတ်ကာ တရားထိုင်နေ၏။

"ဒုတိယအကြိမ် ဘဝသစ်ပြန်ရတဲ့သူတွေကတော့ သူတို့ရဲ့ ကံကောင်းမှုတွေကို စတင်... တွေ့ကြုံနေကြပြီ ထင်တယ်"

ဆိုရလျှင် ပြန်လည်ဝင်စားခြင်းအပေါ် ကျိယွမ်က ထူးထူးခြားခြား မခံစားရပေ။

မည်သို့ပင်ဆိုစေကာမူ ၁၀နှစ်စာ ကြိုတင်သိမြင်မှု ရှိနေလျှင်ပင် အများဆုံး လုပ်နိုင်သည်မှာ ပိုက်ဆံ ပိုရှာခြင်း သို့မဟုတ် အာဏာရှိသူ ဖြစ်လာအောင် လုပ်ခြင်းသာရှိသည်။

ကျိယွမ်က ထိုအရာများကို ဂရုမစိုက်ပေ။

သူ့အနေဖြင့် ပိုက်ဆံလိုလျှင် အတိုးကြီးသော ချေးငွေများ ရှိနေသည် မဟုတ်ပါလား။

အကယ်၍ ထိုအရာများ မရနိုင်ပါက ပိုက်ဆံရှိပြီး နုံအသော မျှော်လင့်ခြင်းလမင်များ (ချမ်းသာသော အမျိုးသမီးများ) ကို ရှာလိုက်ရုံပင်။

သူတို့ကတော့ သူ့ကို ပိုက်ဆံချေးရန် အလွန်ဆန္ဒရှိကြမည်မှာ သေချာသည်။

သူသည် ကုမ္ပဏီထောင်ရန် သို့မဟုတ် နိုင်ငံရေးသမားတစ်ဦးကို မြှောက်ပင့်ပေးရန်အတွက် ကြိုတင်သိမြင်မှုကို အသုံးပြုရန်လည်း ပျင်းရိနေ၏။

သူ၏ ကျန်းမာရေး ကောင်းမွန်လာသည်နှင့် သိုင်းပညာ လေ့ကျင့်ရန်မှာ သူလုပ်ဆောင်ရမည့် အရေးကြီးဆုံးအရာ ဖြစ်သည်။

ကုတင်ပေါ်တွင် လဲလျောင်းနေရင်း သူသည် ကျိယွမ်ကျမ်း၏ ရိုးရှင်းသော ဗားရှင်းတစ်ခုကို စတင် ဖန်တီးခဲ့သည်။

ကံမကောင်းစွာဖြင့် သူ၏ လက်ရှိခန္ဓာကိုယ်မှာ အတွေးလွန်ခြင်းကြောင့် လျင်မြန်စွာ ငိုက်မျဉ်းလာ၏။

သူသည် အလွန်ရိုးရှင်းသော ကျိယွမ်ကျမ်းကို ဖန်တီးရန်ပင် ရုန်းကန်နေရပြီး မကြာခဏ တစ်ရေးတစ်မော အိပ်စက်ရန် လိုအပ်နေသည်။

"ဒီခန္ဓာကိုယ်က တကယ်ကို နေလို့မကောင်းတဲ့ ခန္ဓာကိုယ်ပဲ။ ငါ ၂၁ ရာစုကမ္ဘာမှာ ရှိတုန်းက ငါ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို တကယ် ချီးကျူးမိတယ်"

ကျိယွမ်က သူ့ကိုယ်သူ ချီးမွမ်းနေသည်။

၂၁ရာစု ကမ္ဘာပေါ်တွင်လည်း သူ၏ ခန္ဓာကိုယ်မှာ ယခုထက် ပိုမကောင်းခဲ့ပေ။သို့သော်လည်း ယခုလောက် အနားယူစရာ မလိုအပ်ခဲ့ပါ။

ယခုအခါမှာတော့ ကျိယွမ်သည် အနားမယူဘဲ ကျိယွမ်ကျမ်းမှ ဆင်းသက်လာသော အလွန်ရိုးရှင်းသည့် ဗားရှင်းတစ်ခုကို ဖန်တီးရန်ကြိုးစားနေ၏။

ဤသို့ဖြင့် ငါးနာရီခန့် ကြာပြီးနောက် သူသည် ချီကျင့်စဥ်ကို သတ္တမအဆင့်အထိ လေ့ကျင့်နိုင်သော အလွန်ရိုးရှင်းသော ဗားရှင်းကို အပြီးသတ်နိုင်ခဲ့သည်။

"အင်း...အပိုဆောင်း အညံ့စား စွမ်းရည်တစ်ခုတောင် ပါလာသေးတယ်"

ယခုတစ်ကြိမ် ပြုပြင်မွမ်းမံမှုတွင် ချီစွမ်းအင် သတ္တမအဆင့်အထိသာ ရောက်နိုင်သော မပြည့်စုံသည့် စွမ်းရည်တစ်ခုကိုလည်း ထပ်မံ ထုတ်လုပ်နိုင်ခဲ့လေ၏။

ဤစွမ်းရည်မှာ ကျိယွမ်ကျမ်း၏စစ်မှန်သောအစွမ်းနှင့် မနီးစပ်သော်လည်း ၎င်းကို ကျိယွမ်ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်သောကြောင့် သာမန်ချီကျင့်စဥ်များထက်တော့ အပုံကြီးသာသည်ကိုတော့ ပြောစရာမလိုပေ။

ကန်းလန်နယ်မြေ၌ ဝိညာဉ်ကျောက်တုံး တစ်သန်းပေးလျှင်ပင် ၎င်းကို ဝယ်နိုင်မည် မဟုတ်ပေ။

"အခု ငါ ပိုက်ဆံလိုနေပြီဆိုတော့... ဒီစွမ်းရည်ကို ရောင်းလိုက်ရမလား"

ထိုသို့ တွေးလိုက်သည်နှင့် ကျိယွမ်၏ မျက်လုံးများမှာ တောက်ပသွားသည်။

"ဒါပေမဲ့ မရောင်းခင်မှာ အမိုက်စား နာမည်တစ်ခု ပေးဖို့လိုမယ်။

စကားပုံရှိသလိုပဲ လူမှာအဝတ် ၊ မြင်း မှာကုန်းတဲ့ ။ ငါ အဖိုးတန်တဲ့ ဈေးနှုန်းနဲ့ ရောင်းချင်ရင် ခမ်းနားပြီး အထင်ကြီးစရာကောင်းတဲ့ နာမည် ရှိရမယ်"

ကျိယွမ်က ချီကျင့်စဥ်ကို ကြည့်ကာ လူရှိန်လောက်သော နာမည်တစ်ခုကို စဥ်းစားနေ၏။

"'ဟုတ်ပြီ...စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်း ပေါက်ကွဲကျင့်စဥ်လို့ ခေါ်ရင် ဘယ်လိုလဲ"

ကျိယွမ်သည် သူပေးလိုက်သော နာမည်အပေါ် အတော်အတန် ကျေနပ်နေသည်။

အထင်ကြီးစရာကောင်းပြီး တိုက်ရိုက်ကျသော ထိုကဲ့သို့ နာမည်မျိုးဆိုလျှင် အနည်းဆုံး သန်း ၉၀ တော့ ရသင့်သည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေ နာမည်ထဲက စကားလုံးတစ်လုံးချင်းစီကပင် တစ်သန်းနှုန်းတန်၏။

ထိုသို့ တွေးပြီးနောက် ချီယွမ်သည် ကုံရှင်းပေါ်ရှိ ရေပန်းအစားဆုံး လူမှုကွန်ရက်တွင် အကောင့်တစ်ခု ဖွင့်လိုက်သည်။

[လူငယ်လေး၊ မင်း နတ်ဘုရားဖြစ်အောင် ကျင့်ကြံချင်သလား။

မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲချင်သလား။

၉၉.၉၉ သန်းတည်းနဲ့ မင်းက စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်းပေါက်ကွဲကျင့်စဥ်ကို ပိုင်ဆိုင်နိုင်ပြီ]

ဗီဒီယိုအတွက်မူ သူသည် ကြယ်စင်ကောင်းကင်၏ဓာတ်ပုံအချို့ကို ကျပန်းရိုက်ယူပြီး စာသားအချို့ ထည့်ကာ စိတ်လှုပ်ရှားဖွယ် နောက်ခံတေးဂီတကို ထည့်သွင်းလိုက်သည်။

ထိုစွမ်းရည်ကို ရောင်းချရန်အတွက် သူသည် ပါဝင်သောအကြောင်းအရာ၏ တစ်ရာခိုင်နှုန်းခန့်ကို တင်ပေးလိုက်သည်။

"ငါ့ကို စာပို့ချင်ရင် ချင်ယွမ်ငွေ ၁၀,၀၀၀ လက်ဆောင်ပေးပါ"

"ငါ့ရဲ့ ဆက်သွယ်ရန်လိပ်စာ ရချင်ရင် ချင်ယွမ်ငွေ ၁၀၀,၀၀၀ လက်ဆောင်ပေးပါ"

ကျိယွမ်က သူ၏ ဗီဒီယိုအောက်တွင် စည်းကမ်းချက်များ ရေးလိုက်သည်။

ဟုတ်သည် မဟုတ်သည်အသာထား သူသည် အတားအဆီးအချို့ ထားရန် လိုအပ်သည်၊ တစ်စုံတစ်ယောက်က သူ့ကို နှောင့်ယှက်လာလျှင် မည်သို့လုပ်မည်နည်း။

အရည်မရအဖတ်မရများပြောရန် သူအလွန်ပျင်းရိသည်။ ရောင်းရလျှင်လည်း ကောင်းသည်၊ မရောင်းရလျှင်လည်း ဘာမှမဖြစ်ပေ။

"နေဦး.."

အနည်းငယ်ပြန်စဉ်းစားကြည့်ပြီးနောက် ကျိယွမ်သည် သူ၏ ဗီဒီယိုကို လူကြည့်များစေရန်နှင့် ပိုမိုပျံ့နှံ့စေရန်အတွက် ကြော်ငြာရန် ငွေ ၁၀၀ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။

ထိုအရာအားလုံး ပြီးဆုံးသွားပြီးနောက် ညမှောင်စပြုချိန်တွင် ဇီးရိုးဝမ်း အပြင်မှပြန်ရောက်လာလေ၏။

၎င်းသည် အိတ်ကြီးများစွာကို သယ်ဆောင်လာပြီး ကျိယွမ်၏ ရှေ့တွင် ချထားလိုက်သည်။

၎င်း၏ မျက်လုံးများတွင်တော့ စိုးရိမ်သော အမူအရာ ပေါ်နေသည်။

"သခင်၊ ကျွန်တော်တို့ရဲ့ အကောင့်ထဲမှာ ပိုက်ဆံ အများကြီး မကျန်တော့ဘူး။ ချင်းယွမ်ငွေ ၂,၀၀၀ အောက်ပဲ ကျန်တော့တယ်"

ထိုသို့ပြောရင်းမှ ၎င်းသည် ဈေးဝယ်စာရင်းကို ထုတ်ကာ ကျိယွမ်ဆီ ပေးလိုက်၏။

"ရတယ် အေးဆေး ၊အခု ဒီပစ္စည်းတွေကို ကြိတ်ဖို့ ကူညီပေးဦး..."

ကျိယွမ်က စာရင်းစာရွက်ကို ကြည့်ပင်မကြည့်ဘဲ ခုံပေါ်တင်ထားပြီး ဇီးရိုးဝမ်းကို ညွှန်ကြားလိုက်သည်။

မတူညီသော ပါဝင်ပစ္စည်းများအတွက် မတူညီသော လုပ်ဆောင်မှုပုံစံများ လိုအပ်သော်လည်း အများစုကတော့ အမှုန့်ကြိတ်ရန်နှင့် အရည်ဖျော်ရန် လိုအပ်၏။

သူ၏ လက်ရှိခွန်အားမှာ သနားစရာကောင်းအောင် နည်းပါးပြီး အလွန်အားနည်းနေခဲ့သည်။ ထို့ကြောင့် သူသည် စမတ်မကျသော စက်ရုပ်ကိုသာ အားကိုးနေရ၏။

"အမိန့်အတိုင်းပါ"

ဇီးရိုးဝမ်းက အမိန့်ကို လက်ခံပြီး အိတ်များကို သယ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။

နာရီဝက်ခန့် ကြာပြီးနောက် ဇီးရိုးဝမ်းက ပြုပြင်ထားသော ပါဝင်ပစ္စည်းများနှင့်

အတူ ပြန်ထွက်လာလေ၏။

ချက်ချင်းဆိုသလို အခန်းထဲတွင် ဆေးဖက်ဝင်အပင်များ၏ ထူးခြားသော အနံ့များ ပြည့်နှက်သွားခဲ့သည်။

ကျိယွမ်က လက်ဝေ့ယမ်းလိုက်ရာ ဇီးရိုးဝမ်းက အခန်းထဲမှ လိမ္မာပါးနပ်စွာ ထွက်သွားရာ အခန်းထဲတွင် ကျိယွမ်တစ်ယောက်တည်းသာ ကျန်ခဲ့၏။

သူသည် ဆေးရည် ဆေးမှုန့်အမျိုးမျိုးကို သေသေချာချာစစ်ကြည့်ပြီးနောက် ၎င်းတို့ကို စတင်ရောစပ်သည်။

"ရင်ရှန်းသွေးဆေးပင်က ယင်ဓာတ်ရှိတယ်၊ ခရမ်းရောင်တောင်မြက်က ယန်ဓာတ်ရှိတယ်၊ ယင်နဲ့ ယန် မျှခြေဖြစ်အောင်..."

အချိန်အတန်ကြာပြီးနောက် ကျိယွမ်သည် ရောစပ်ထားသော ဆေးရည်ကို သောက်လိုက်ရာ စပ်ရှားရှားအရသာနှင့် အေးမြပြီး ထူးခြားသော ရနံ့ရှိသော အရသာတစ်ခုကို သူ၏ လျှာပေါ်သို့ ခံစားလိုက်ရသည်။ ၎င်းမှာ ခါးသော သခွားသီးနှင့် နံနံပင်အမြစ်ကို ပေါင်းစပ်ထားသော အရသာနှင့်ပင် တူနေ၏။

ထိုအချိန်မှာပင် ကျိယွမ်ကျမ်းအသစ်သည် စတင် အလုပ်လုပ်လာသည်။

ကျိယွမ်၏ လက်ရှိခန္ဓာကိုယ်မှာ အလွန်အားနည်းနေသည်၊ အကယ်၍ သူသာ အင်အားဖြည့်တင်းခြင်း မပြုဘဲ ကျင့်ကြံရန် ကြိုးစားပါက သေဆုံးမည်မှာ သေချာ၏။

ထို့ကြောင့် အားဖြည့်ဆေးရည် မဖြစ်မနေလိုအပ်သည်။

ကျိယွမ်ကျမ်းအသစ်ကို လည်ပတ်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များ သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက်ဝင်ရောက်လာ၏။

ကျိယွမ်က မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ကျင့်စဉ်ကို အဆက်မပြတ် လည်ပတ်စေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရသော်လည်း ပိတ်ထားသော မျက်လုံးများမှတစ်ဆင့် ဝိညာဉ်အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရသလိုရှိသည်။ သူက လက်ကို ဆန့်ထုတ်ကာ ၎င်းကို ဖမ်းဆုပ်လိုက်၏။

ဝိညာဉ်အလင်းကို စုပ်ယူလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ စတင် ပြောင်းလဲလာတော့သည်။

နောက်တစ်နေ့ နံနက်ရောက်သောအခါ ကျိယွမ်က မျက်လုံးများကို ညင်သာစွာဖွင့်လိုက်၏။

"ငါ ချီကျင့်စဉ် ဒုတိယအဆင့်ကို ရောက်သွားပြီ..."

ကျိယွမ်က မိမိကိုယ်ကို ပြန်ကြည့်လိုက်ရာ သူ၏အသားအရေမှာ ယခင်ကထက် ပိုမိုဖြူစင်ပြီး ကြည်လင်နေသည်ကို တွေ့ရသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း ဝိညာဉ်စွမ်းအင် အနည်းငယ် ရှိနေ၏။

သူ၏ မူလခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက ဤအရာမှာ အလွန့်အလွန်နည်းပါးသော်လည်း ကုံရှင်းဂြိုဟ်ပေါ်တွင်မူ မိမိကိုယ်ကို ကာကွယ်ရန် လုံလောက်သည်။

"ဒါပေမဲ့လည်း... အားနည်းတဲ့ ခံစားချက်က ရှိနေတုန်းပဲ"

ဝမ်းနည်းစရာမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာမှာ ရှိနေဆဲဖြစ်ပြီး ၎င်း၏ သက်ရောက်မှုမှာလည်း ပြင်းထန်နေဆဲပင်။

သို့သော် ကျင့်စဉ် တိုးတက်လာမှုကြောင့် သူ၏ သက်တမ်း အနည်းငယ် ရှည်လာခဲ့သည်ကတော့ ဝမ်းသာစရာဖြစ်၏။

"ခန္ဓာပေါ့ပါးခြင်းနည်းစနစ်"

ကျိယွမ်သည် မန္တန်တစ်ခုကို တီးတိုး ရွတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ အလွန်လေးလံနေ၏။ ခဏမျှ လမ်းလျှောက်လိုက်သည်နှင့် မောဟိုက်လာသည်။ ဤမန္တန်က ထိုအခြေအနေကို သက်သာစေနိုင်၏။

ခန္ဓာပေါ့ပါးခြင်း နည်းစနစ်ကို သုံးပြီးနောက် ကျိယွမ်သည် ငှက်မွေးတစ်ခုအလား ပေါ့ပါးသွားပြီး သူ၏ ခြေထောက်တွင် ချည်ထားသော သဲအိတ်များကို ဖယ်ရှားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"အူး...ညစ်ပတ်နေပြီပဲ..."

သူသည် ရေချိုးခန်းထဲသို့ သွားကာ သန့်ရှင်းရေးလုပ်ပြီးနောက် ဧည့်ခန်းသို့ ထွက်လာခဲ့၏။

"ဇီးရိုးဝမ်း၊ သိုင်းပညာ လေ့လာမှုက ဘယ်လိုလဲ။ ငါ့ကျန်းမာရေးက အများကြီး ကောင်းလာပြီ၊ ငါ့ခန္ဓာကိုယ် သန်မာဖို့ သိုင်းပညာ လေ့ကျင့်ချင်တယ်"

ကျိယွမ်သည် သူ၏ ရည်ရွယ်ချက်ကို လိမ္မာပါးနပ်သော နည်းလမ်းဖြင့် ဖော်ပြလိုက်သည်။ မဟုတ်လျှင် ထိုစက်ရုပ်က သေချာပေါက်ငြင်းမှာသေချာ၏။

မည်သူက သေကြောင်းကြံရန် သိုင်းပညာကို လေ့ကျင့်မည်နည်း ၊ ခန္ဓာကိုယ် သန်မာရန်သာ မဟုတ်ပါလော။

ဇီးရိုးဝမ်းက ခဏမျှ တုံ့ဆိုင်းသွားပြီးကျိယွမ်အား ခြေဆုံးခေါင်းဆုံးကြည့်နေ၏။ထို့နောက်မှ အမှန်အတိုင်း ပြန်ဖြေသည်။

"သိုင်းပညာကို စတင် လေ့လာဖို့ ယေဘုယျအားဖြင့် နည်းလမ်း သုံးခု ရှိပါတယ်။"

"ပထမက သိုင်းသင်တန်းကျောင်း တစ်ခုခုကို ဝင်တာပါ၊ ဒုတိယက ကျော်ကြားတဲ့ သိုင်းဆရာတစ်ယောက်ဆီမှာ တပည့်ခံတာပါ၊ တတိယကတော့ ကံကောင်းထောက်မစွာနဲ့ ရှေးဟောင်းသိုင်းကျမ်းတစ်ခုခုကို တွေ့ရှိတာပါ"

"ထျန်းယွဲ့မြို့ထဲမှာ ငါ့ကို သိုင်းပညာ စတင် သင်ပေးနိုင်တဲ့ သိုင်းသင်တန်းကျောင်း ဘယ်နှစ်ခု ရှိသလဲ"

ကျိယွမ်က မေးသည်။

သူသည် ပထမဆုံး နည်းလမ်းကို ချက်ချင်း ရွေးချယ်လိုက်၏။

ဒုတိယ နည်းလမ်းမှာ တစ်စုံတစ်ယောက်၏ တပည့်ဖြစ်ရန် ဆိုလိုခြင်းဖြစ်ပြီး ၎င်းမှာ အလုပ်ရှုပ်စရာဖြစ်ကာ ဆရာဖြစ်သူ အိုမင်းလာသောအခါ ပြုစုစောင့်ရှောက်ရန်ပင် လိုအပ်ပေလိမ့်မည်။

တတိယ နည်းလမ်းမှာမူ နာမည်ကြီးဇာတ်ကားလမ်းများထဲကအတိုင်းဖြစ်ပြီး လက်တွေ့မကျပေ ။

ထို့ကြောင့် ပထမ နည်းလမ်းမှာ အားအကိုးရဆုံး ဖြစ်ပုံရသည်။

"ထျန်းယွဲ့မြို့မှာသခင့်ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သိုင်းသင်တန်းကျောင်း ၂၈ ခု ရှိပါတယ်။"

"အနီးဆုံး တစ်ခုကတော့ မင်ဝူသိုင်းသင်တန်းကျောင်းလို့ ခေါ်ပြီး တစ်နှစ်စာ ပုံမှန် သင်တန်းကြေးက ၇,၈၀၀ ပါ"

"တကယ့် သိုင်းပညာအစစ်ကို သင်ယူဖို့အတွက်ဆိုရင်တော့ မှတ်ပုံတင်ကြေးက တစ်နှစ်ကို ၁၂၀,၀၀၀ ဖြစ်ပါတယ်"

"အဲ့လောက်တောင် ဈေးကြီးတာလား"

စျေးနှုန်းကြောင့် ကျိယွမ် အံ့အားသင့်သွားသည်။

သူ့မှာ လောလောဆယ်၌ ထိုမျှပိုက်ဆံမရှိပေ။

သူ အရင်ဆုံး ပိုက်ဆံအချို့ ရအောင် လုပ်ရမည်ပုံပင်။

သေချာတွေးကြည့်လျှင် သူ့အတွက် ပိုက်ဆံရနိုင်သော နည်းလမ်း နှစ်ခု ရှိ၏။

တစ်ခုမှာ ချွေဖန်ဆီမှ အတိုးကြီးသော ချေးငွေဖြစ်ပြီး နောက်တစ်ခုမှာ စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်းပေါက်ကွဲကျင့်စဥ် ဖြစ်သည်။

ပြန်စဉ်းစားကြည့်ပြီးနောက် သူတင်ထားသော ဗီဒီယိုကို စစ်ဆေးရန် သူ၏ အကောင့်ထဲသို့ ဝင်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူ ယွမ် ၁၀၀ ရင်းနှီးမြှုပ်နှံထားသောကြောင့် ဗီဒီယိုမှာ မှတ်ချက် ၁၀ ခုကျော် ရရှိနေသည်။

"မင်း ပိုက်ဆံလိုချင်လွန်းလို့ ရူးနေတာလား"

"ငါက ဒဏ္ဍာရီတွေကို ဖန်တီးတဲ့သူပဲ၊ အခု ပြန်လည်ဝင်စားလာတာ။ ငါ့မှာ အရင်းအနှီး အရေးတကြီး လိုအပ်နေတယ်။ ငါ့ကို တစ်သန်းပေးရင် မင်းကို ရေနတ်ဘုရားအဖြစ် ခန့်အပ်မယ်"

"ဒီလူလိမ်က သူ့ပညာသူတောင် ကျွမ်းကျင်ပုံ မရဘူး"

"ကလေးဖတ်ကြည့်ရင်တောင် လူလိမ်မှန်းသိတယ်"

"သူက ဘယ်လိုလုပ် လူလိမ် ဖြစ်မှာလဲ။ ဒါက သိသိသာသာကို ဟာသဗီဒီယိုပဲ။ မဟုတ်ရင် ဘယ်သူက နတ်ဘုရားကျင့်စဉ်ကို စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်းပေါက်ကွဲကျင့်စဥ်လို့ နာမည်ပေးမှာလဲ"

"အနည်းဆုံးတော့ သူက ဆင်းရဲတဲ့သူတွေကို လိမ်နေတာ မဟုတ်ပါဘူး"

ထိုမှတ်ချက်များကို ကြည့်ပြီး ကျိယွမ်သည် ခဏမျှ ကြောင်အသွားရသည်။

"နာမည်က မကောင်းလို့လား" ဟု သူ တွေးလိုက်၏။

သူက နာမည်ကောင်းကောင်းလေး ရွေးချယ်ခဲ့သည်ဟု ထင်ထားခြင်း ဖြစ်သည်။

"ကုံရှင်းဂြိုဟ်ပေါ်က လူတွေက ရှင်းဟွာဖိုရမ်ပေါ်က လူတွေနဲ့ မတူဘူးပဲ၊ ဒီကလူတွေ စကားပြောတာက အရမ်းကြမ်းတာပဲ"

ရှင်းဟွာဖိုရမ်ပေါ်တွင်မူ သူ တစ်ခုခု တင်လိုက်တိုင်း မှတ်ချက် ၉၉ ရာခိုင်နှုန်းခန့်မှာ ချီးမွမ်းစကားများ ဖြစ်ကြပြီး မြောက်ပင့်ပြောဆိုမှုများဖြင့် ပြည့်နှက်နေတတ်သည်။

၎င်းမှာ လူ့အဖွဲ့အစည်းက သာယာပျော်ရွှင်နေကြပြီး ကျင့်ကြံသူများကလည်း ကိုယ်ကျင့်တရား ကောင်းမွန်ကြကြောင်း ပြသနေခြင်းပင်။

ဆန့်ကျင်ဘက်အနေဖြင့် ကုံရှင်းဂြိုဟ်ပေါ်က လူများသည် မှတ်ချက်ရေးပြီး ကီးဘုတ်တိုက်ပွဲဝင်သူများ ဖြစ်ကြပုံရ၏။

"စကားပုံရှိသလိုပဲ 'တတ်နိုင်ရင် လောကကြီးကို ကူညီပါ၊ မတတ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် ကူညီပါ' ပေါ့။ ငါ့ရဲ့ စွမ်းရည်တွေ ပြည့်စုံသွားရင်တော့ လူမှုပတ်ဝန်းကျင်ကို ပြုပြင်ပြီး ယဉ်ကျေးပြီး သာယာတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးဖို့ ငါ သေချာပေါက် လုပ်ဆောင်မယ်"

ကျိယွမ်က ပြန်စဉ်းစားပြီးနောက် သူ၏ ဗီဒီယိုအောက်တွင် နောက်ထပ် မှတ်ချက်တစ်ခု ထပ်ဖြည့်လိုက်သည်။

"မင်းတို့ လိုချင်ရင် အခုပဲ လာယူကြပါ။ ငါ ပိုက်ဆံမလိုတော့တဲ့အချိန်ရောက်ရင် ရောင်းမှာမဟုတ်တော့ဘူး"

ထိုသို့ ရေးပြီးနောက် ကျိယွမ်သည် အော့ဖ်လိုင်းလုပ်လိုက်သည်။

သုံးရက် ကုန်ဆုံးသွားပြီးနောက် ကျိယွမ်၏ ဗီဒီယိုမှာ ကြည့်ရှုသူများနှင့် မှတ်ချက်များ ပိုမိုရရှိလာပြီး တစ်ထောင်အထိ ရောက်ရှိသွားလေ၏။

၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။

သူသည် အသုံးပြုသူအသစ်ဖြစ်သလို လူသားအစစ်လည်းဖြစ်သောကြောင့် ပလက်ဖောင်းက ယူဆာအသစ်များအတွက် ပံ့ပိုးမှုအချို့ ပေးထားခြင်းပင်။

သို့သော် မှတ်ချက်အများစုမှာ ဟာသများသာ ဖြစ်နေကြသည်။

ထိုကျင့်စဉ်ကို ဝယ်ရန် စိတ်ဝင်စားသူ တစ်ယောက်မျှ မရှိပေ။

"ဒီခေတ်က အင်တာနက် အသုံးပြုသူတွေရဲ့ စီးပွားရေးအင်အားက တော်တော်နည်းတာပဲ၊ သူတို့က ၉,၉.၉၉ တောင် မတတ်နိုင်ကြဘူး"

ကျိယွမ်သည် ၄င်းကို ဆက်ပြီး ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဖြစ်ပါစေ၊ မရောင်းရလျှင်လည်း မရောင်းရရုံသာ ရှိသည်။

ဒီပုံဆိုရင် ငါ ရှောင်မေနဲ့ချိန်းတွေ့မှ ရတော့မယ်။

ထို့အပြင် သူသည် ချွေဖန်မှတစ်ဆင့် အတိုးကြီးသော ချေးငွေပေးသူနှင့်လည်း တွေ့ဆုံရန် လိုအပ်သည်။

ကျိယွမ်သည် သူ၏ ပျင်းရိသော ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး ခန္ဓာပေါ့ပါးခြင်းမန္တန်ရွတ်ကာ အိမ်မှ ထွက်လာခဲ့သည်။

သို့သော် အနည်းငယ်ကြာသောအခါ ကောင်းကင်ပေါ်က နေမင်းကြီးကို ကြည့်ရင်း ကျိယွမ်သည် ပျင်းရိခြင်းနှင့်အတူ နွမ်းနယ်မှုကို ခံစားလာရ၏။

သူက ဖြည်းဖြည်းလျှောက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းရင်း လှည့်ပတ်ကြည့်နေလိုက်သည်။

ဤကမ္ဘာသည် ယခင်ဘဝ ၂၁ ရာစုကမ္ဘာနှင့် အလွန်တူသော်လည်း ယခုနေရာ၏ နည်းပညာမှာ သိသိသာသာ ပိုမိုမြင့်မား၏။

ကြယ်တာရာခရီးစဉ်များကိုပင် အကောင်အထည်ဖော်ပြီးဖြစ်ကာ ကုံရှင်းဂြိုဟ်နှင့် ဆန်းရှင်းဂြိုဟ်အကြား ခရီးသွားလမ်းကြောင်းများပင် တည်ရှိနေသည်။

နှစ်စဉ်နှစ်တိုင်း လူချမ်းသာများနှင့် အငြိမ်းစား အရာရှိကြီးများသည် ဆန်းရှင်းသို့ အာကာသယာဉ်များဖြင့် ခရီးသွားခြင်း သို့မဟုတ် အခြေချ နေထိုင်ခြင်းများ ပြုလုပ်ကြ၏။

လူနေရပ်ကွက်မှ ထွက်လာပြီးနောက် ကျိယွမ် မြေအောက်ရထား စီးလိုက်သည်။

သူနှင့် ရှောင်မေတို့ ချိန်းတွေ့ရန် သဘောတူထားသော နေရာမှာ ချင်တယ်ကျိဟု ခေါ်၏။

အစပိုင်းတွင် သူသည် ယွမ်ခရိုင် မုန့်ဆိုင်ကိုရွေးချယ်ရန် စဉ်းစားခဲ့သေးသည်၊ အကြောင်းမှာ ယွမ်ခရိုင် မုန့်ဆိုင်တွင် ချိန်းတွေ့ခြင်းက အချစ်မီးတောက်များကို ဖြစ်ပေါ်စေသည်ဟူသော အွန်လိုင်း ကောလာဟလများကြောင့်ပင်။

သို့သော် သေချာပြန်စဉ်းစားကြည့်ပြီးနောက်တွင် သူသည် ပိုမို ခေတ်မီသော ချင်တယ်ကျိကို သွားရန် ဆုံးဖြတ်လိုက်၏။

ချင်တယ်ကျိသည် ဘလူးစတားပေါ်ရှိ ဝေါလေ့စ် (Wallace) ကဲ့သို့ပင် ချင်းယွမ်နိုင်ငံတွင်လည်း အလားတူ အဆင့်အတန်းရှိသည်။

ဤနေရာကို ရွေးချယ်ခြင်းမှာ စိတ်အချရဆုံး ဖြစ်သည်။

မကြာမီမှာပင် ချင်တယ်ကျိသို့ ရောက်ရှိသွား၏။

သူရောက်သွားသောအခါ အချိန်စောသေးသောကြောင့်ထင်၏ ။ ချင်တယ်ကျိတွင် ဖောက်သည် နည်းပါးပြီး ဟိုတစ်စု ဒီတစ်စုသာ အနည်းသာရှိသေးသည်။

တစ်ခါတစ်ရံတွင် ပို့ဆောင်ရေးဝန်ထမ်းတစ်ဦး ဝင်လာပြီး အော်ဒါအချို့ကို လာယူတတ်သည်။

ကျိယွမ်သည် တစ်နေရာတွင် ရပ်ကာဖုန်းပွတ်ရင်း သူ၏ ဗီဒီယိုအောက်မှ မှတ်ချက်များကို တစ်ခါတစ်ရံ စစ်ဆေးနေ၏။

မှတ်ချက်အများစုမှာ ဟာသများ သို့မဟုတ် ကြော်ငြာများသာ ဖြစ်ကြပြီး အခြေအနေမထူးခြားပါ။

"ပြိုင်ဘက် စီးပွားရေးလုပ်ငန်းတွေလား"

အောက်က မှတ်ချက်များကို ကြည့်ပြီး ချီယွမ်က ပြန်ဖြေရန် စိတ်မဝင်စားပေ။

"ဒီရှောင်မေက ဆယ်မိနစ်တောင် နောက်ကျနေပြီ..."

သူသည် အချိန်ကို ကြည့်လိုက်ရင်း ထူးဆန်းသော အမူအရာ ပေါ်လာသည်။

ယုတ္တိဗေဒအရ ရှောင်မေနှင့် ချွေဖန်တို့မှာ တစ်ခုခုကို သေချာပေါက် စီစဉ်ထားကြပေလိမ့်မည်။

ထိုသို့သော အခြေအနေမျိုးတွင် သူမသည် အဘယ့်ကြောင့် ချိန်းတွေ့ရန်ကို တမင်နောက်ကျနေရသနည်း။

အခြေအနေက တစ်ခုခု ပြောင်းလဲသွားလို့လား။

ကျိယွမ်သည် နောက်ထပ် မိနစ်အနည်းငယ်လောက် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍သူမ ပေါ်မလာပါက သူသည် အတိုးကြီးသော ချေးငွေအကြောင်းမေးရန် ချွေဖန်ထံ ဆက်သွယ်ရုံပင်။

ငါးမိနစ်ခန့် ကြာပြီးနောက် မွှေးပျံ့သော ရနံ့တစ်ခု လေထဲတွင် ပြည့်နှက်သွားပြီး ကျပ်ထုပ်နေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦး အထဲသို့ ဝင်လာသည်။

သူမတွင် မြေခွေးတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှုရှိသော လှပသည့်မျက်နှာ ရှိ၏။

သူမ၏ လှပသောကိုယ်လုံးကိုယ်ပေါက်ကလည်း ကျပ်ထုပ်နေသော အဝတ်အစားများကြောင့် အလွန်အမင်း ဆွဲဆောင်မှု ရှိနေသည်။

သူမက အေးအေးလူလူစောင့်နေသော ကျိယွမ်ကို မြင်သွားရာ သူမ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော အကြည့်တစ်ခု မသိမသာ ဖြတ်ပြေးသွား၏။

သူမက တိုက်ရိုက်လျှောက်လာပြီး ကျိယွမ်၏ ရှေ့တွင် ထိုင်လိုက်သည်။

"နေကောင်းလား ကျိယွမ်။ ငါက ရှောင်မေပါ၊ ဒီနေ့ နင်နဲ့ ချိန်းတွေ့မယ့်သူပေါ့။ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်... လမ်းမှာ ကားပိတ်နေလို့ပါ"

ကျိယွမ်ကလည်း ထိုအမျိုးသမီးကို ကြည့်လိုက်ပြီး သူ၏ အမူအရာကတော့ တည်ငြိမ်လျှက်ပင်။

သူ့ရှေ့က အမျိုးသမီးမှာ အလွန်အမင်း ဆွဲဆောင်မှုရှိနေပြီး သူမတွင် ရှင်းပြ၍မရသော အရှိန်အဝါတစ်ခု ရှိနေသည်ကို ချက်ချင်းသတိထားမိ၏။

ကမ္ဘာများစွာကို တွေ့ကြုံဖူးသောကြောင့် ကျိယွမ်သည် ထိုအမျိုးသမီးက လူသတ်ဖူးသူဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်၏။

"နင် စကားစပြောလိုက်တဲ့ အချိန်မှာပဲ ငါ့နှာခေါင်းက ရှည်လာပြီ။ ကျန်းဝူကျိရဲ့ အမေ ပြောခဲ့သလိုပဲ၊ အလှဆုံး အမျိုးသမီးတွေက အတော်ဆုံး လူလိမ်တွေပဲ"

ကျိယွမ်က သူမ၏စကားများကို ဂရုမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ငါ ဗိုက်ဆာနေပြီ။ တစ်ခုခု သွားမှာလိုက်ဦး"

ဤချိန်းတွေ့မှုမှာ မည်သည့် ရလဒ်ကောင်းမှ ထွက်ပေါ်လာမည်မဟုတ်ကြောင်း သူသိနေသည်။

ထို့ကြောင့် တစ်ခုခု စားရဖို့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားခြင်းက ပညာရှိရာရောက်၏။

လက်ရှိတွင် သူ့မှာ ပိုက်ဆံအလွန်နည်းနေသောကြောင့် ချိန်းတွေ့သူကို မုန့်ဖိုးပေးခိုင်းခြင်းမှာ တရားမျှတသည် မဟုတ်ပါလား။

"နင်ပဲ မှာလိုက်ပါ၊ ငါက ဘာဖြစ်ဖြစ် ရပါတယ်"

ရှောင်မေက ကျိယွမ်ကို ရှုပ်ထွေးသလိုအကြည့်ဖြင့် ကြည့်ကာ ပြောသည်။

"ဒါက ချိန်းတွေ့တာဆိုတော့ ကောင်းကောင်းလေး စားရအောင်။ မဟုတ်ရင် လူတွေက ငါတို့ကို အထင်သေးကြလိမ့်မယ်။ ဒီ ၁၉၈ယွမ် တန် မိသားစုအစုံလိုက်ကိုပဲ ယူလိုက်ရအောင်"

ကျိယွမ်က မီနူးအားကြည့်နေရင်းမှ အလေးအနက် ရွေးချယ်လိုက်၏။

"ကောင်းပြီလေ"

ရှောင်မေက ဘာမှ ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိပေ။

သို့သော် အနီးအနားရှိ အမျိုးသားတစ်ဦးက မနေနိုင်တော့ဘဲ ရယ်မောဆလ၏။

"ညီအစ်ကို၊ မင်းက တကယ် ဟာသပဲ။ ဒီလိုနည်းနဲ့ လှပတဲ့အမျိုးသမီးကို ချင်တယ်ကျိမှာ လာပြီး ချိန်းတွေ့နေတာလား"

အထူးသဖြင့် ကောင်းကောင်းစားရအောင်ဆိုပြီး ၁၉၈ ယွမ်တန် အစားအစာကို မှာခြင်းမှာ အလွန်ကို ရယ်စရာကောင်းနေသည်မဟုတ်ပါလား။

ကျိယွမ်သည် ထိုအမျိုးသားကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ လက်မှတ်တစ်ခုကို ထုတ်ပြလိုက်သည်။

"ကိုယ့်အလုပ်ကိုယ် လုပ်ပါ"

ထိုအမျိုးသားမှာ ကျိယွမ်သည် အစိုးရဝန်ထမ်းတစ်ဦး ဖြစ်မည်ဟု ထင်ကာ အံ့အားသင့်သွား၏။

လှပသောရှောင်မေပင်လျှင် ခဏမျှ ကြောင်သွားသည်။

သို့သော် ထိုအမျိုးသားက ကျိယွမ်၏ လက်မှတ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏ အမူအရာမှာ ထူးဆန်းသွားလေ၏။

သူသည် သူ၏ အစားအစာကိုပင် ကုန်အောင်မစားတော့ဘဲ ချက်ချင်း ပိုက်ဆံရှင်းကာ အမြန် ထွက်ခွာသွားတော့သည်။

သူသည် အရူးတစ်ယောက်နှင့် တွေ့လိုက်ရခြင်း မဟုတ်ပါလား။

ကျိယွမ်ကတော့ အလွန်ကျေနပ်သွားသည်။ ဤလက်မှတ်မှာ အလွန် အသုံးဝင်ကြောင်း သက်သေပြနေ၏။

သူ့ရှေ့က အမျိုးသမီးမှာ မပြုံးဘဲ မနေနိုင်တော့ဘဲ လှပစွာပြုံးမိသွားသည်။

"ကျိယွမ်၊ နင်က တကယ်ကို တစ်မျိုးပဲ"

---------------

All Chapters