မင်းက ဆရာကြီးရဲ့ အဖေတူအမေကွဲ သားလား
Vol. 25 Ch. 283
“နင်ကလည်း တော်တော်လေး အံ့သြစရာ ကောင်းပါတယ်။”
ကျိယွမ်သည် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံနှင့် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။
အမျိုးသမီးသည် ခေတ္တမျှ မှင်တက်သွားပြီး သူမ၏ လှပသောမျက်လုံးများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
“ဒါဆို နင်က ဖျားချင်ယောင်များဆောင်နေတာလား။”
သူမက ကျိယွမ်အားသေချာကြည့်ကာ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
ပြောရလျှင် သူမသည် ကျိယွမ်၏ ဆေးစစ်ချက်ကို မြင်ဖူးသလို သူ၏အမျိုးသမီးဆရာဝန်နှင့်လည်း သေသေချာချာ စကားပြောခဲ့ဖူး၏။
ကျိယွမ်၏ ဆေးစစ်ချက်တွင် မှားယွင်းနေသည့်အရာမရှိပါ ။သူက အမှန်တကယ် ဝေဒနာရှင်ဖြစ်၏။
“နင် ဘယ်လိုသိတာလဲ။ ငါ တကယ်ပဲ ဖျားချင်ယောင်ဆောင်နေတာ။ စိတ်ကျန်းမာရေးချို့တဲ့တဲ့ လက်မှတ်ရှိတာက အရာရာကို ပိုလွယ်ကူစေတယ်လေ။”
ကျိယွမ်က အလေးအနက် ပြောလိုက်သည်။
သူသည် စိတ်ကျန်းမာရေးလက်မှတ်ကို အမြဲတမ်း ဆောင်ထားလေ့ရှိပြီး
ယခုလည်း သူသည် စိတ်မနှံ့သူတစ်ဦးအဖြစ် သရုပ်ဆောင်နေခြင်းပင်။
“တကယ်လား။”
ကိုယ်ကျပ်ဝတ်စုံနှင့် အမျိုးသမီးသည် ဘာဆက်ပြောရမှန်းမသိတော့ဘဲ ကျိယွမ်ကိုသာ စူးစမ်းလိုသောမျက်နှာနှင့် ကြည့်နေမိသည်။
“သေချာတာပေါ့။ ငါက စိတ်မနှံ့တဲ့သူတစ်ယောက်နဲ့ တူလို့လား။”
ကျိယွမ်က အလွန်သိသာထင်ရှားသောအရာတစ်ခုကို ပြောနေသကဲ့သို့ သက်သေထူ၏။
မကြာမီ သူတို့မှာထားသော အစားအစာများ ရောက်လာသည်။
ကျိယွမ်နှင့် အမျိုးသမီးသည် စားရင်းသောက်ရင်းမှ စကားစမြည် ဆက်ပြောကြ၏။
“ချွေဖန် ဘယ်မှာလဲ။ ငါ သူ့ကို အရေးတကြီး ရှာဖို့လိုနေလို့။”
ကျိယွမ်က ကြက်ပေါင်းတစ်ချောင်းကို အားရပါးရ စားနေရင်းမှ မေးလိုက်သည်။
သူသည် အတိုးကြီးသော ချေးငွေအချို့ချေးရန် ချွေဖန်ကို ရှာချင်နေခြင်းပင် ။ ဖြစ်နိုင်လျှင် တစ်သန်းလောက် ချေးချင်၏။
ကိုယ်ကျပ်ဝတ်စုံနှင့် အမျိုးသမီးက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်ပြီး မထူးဆန်းသလိုဖြေလိုက်သည်။
“သူ အဖမ်းခံလိုက်ရပြီ၊ အခု ထောင်ထဲမှာ။”
“ဟမ်။”
ကျိယွမ် အံ့အားသင့်သွားပြီး စားလက်စကြက်ပေါင်ကိုပင် ရပ်ထားမိသည်။
“ဘာဖြစ်သွားတာလဲ။”
ဒါက ဘယ်လို ကံဆိုးမှုမျိုးပါလိမ့်။
သူသည် လွန်ခဲ့သော နှစ်ရက်ကမှ ချွေဖန်နှင့် စကားပြောထားပြီး အတိုးကြီးချေးငွေအချို့ချေးယူဖို့ စီစဉ်ထားခဲ့သော်လည်း ယခုအခါ ချွေဖန်က ထောင်ထဲရောက်နေလေပြီ။
“သူက အတိုးကြီးချေးငွေလုပ်ငန်းကို တရားမဝင် လုပ်ကိုင်တာနဲ့ အကြမ်းဖက်နည်းလမ်းတွေသုံးပြီး အကြွေးတောင်းတာကြောင့် အဖမ်းခံရတာ။ ဪ... ဒါနဲ့ ထျန်းယွဲ့မြို့က အခုတလော ဒါတွေကို နှိမ်နင်းနေတာဆိုတော့ အတိုးကြီးချေးစားတဲ့သူ အများစု အဖမ်းခံထားရတယ်။”
အမျိုးသမီးက ပြုံးလျက် ဆက်ရှင်းပြသည်။
ကျိယွမ်၏ ချောမောသောမျက်နှာမှာ ရှုံ့မဲ့သွားလေ၏။
ငါပိုက်ဆံချေးမယ်ဆိုမှ အကုန်အဖမ်းခံလိုက်ရတယ်တဲ့လား။ ဘယ်လို ဟာသတွေလဲ။
“နင် ပိုက်ဆံလိုနေလို့လား။”
အမျိုးသမီးက ရှုံ့မဲ့နေသော ကျိယွမ်ကို ရယ်ချင်သလိုကြည့်ကာ မေးလိုက်သည်။
“ဟုတ်တယ်၊ အတိုးကြီးချေးစားတဲ့သူတွေဆီက ချေးဖို့ စီစဉ်ထားတာ။ခုတော့...”
ကျိယွမ်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
ရှောင်မေ ပြောပုံအရဆိုလျှင် အတိုးကြီးချေးစားသူများထံမှ ချေးယူရန်မှာ လောလောဆယ်တွင် မဖြစ်နိုင်တော့ပါ။
ငါပိုက်ဆံချေးပြီးမှ ဖမ်းရင် ဘယ်လောက်ကောင်းမလဲ။
“အတိုးကြီးချေးစားတဲ့သူတွေမှာ ရှုပ်ထွေးတဲ့ ဆက်နွှယ်မှုတွေ ရှိတယ်၊ သူတို့က မြေအောက်လောကနဲ့ ဖြစ်ဖြစ် ဒါမှမဟုတ်... မကောင်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်နေတာ။ နင် ပိုက်ဆံလိုရင် သူတို့ဆီက မချေးတာ အကောင်းဆုံးပဲ။”
ရှောင်မေဆိုသော အမျိုးသမီးက သတိထားသလို တိုးတိုးလေး သတိပေး၏။
ထျန်းယွဲ့မြို့တွင် အတိုးကြီးချေးစားသူများ၏ ကွန်ရက်သည် အလွန်ရှုပ်ထွေးလှသည်။ ယခုအဖမ်းခံရသူများမှာလည်း အစားထိုးခံရသူများသာ ဖြစ်သည်။
“ဒါပေမဲ့... ငါ ပိုက်ဆံလိုတယ်လေ။”
ကျိယွမ်က ဘာမှ မတတ်နိုင်သလို ပုခုံးတွန့်ပြလိုက်သည်။
“ဒီရဲတွေကလည်း တအား ကြိုးစားလွန်းတယ်။ ငါ ပိုက်ဆံချေးပြီးမှ သူတို့ကို ဖမ်းရင် မကောင်းဘူးလား။ အဲ့ဒါဆိုရင် ငါ ပိုက်ဆံတောင် ပြန်ဆပ်စရာ မလိုတော့ဘူး။”
“နင်က ဘာလုပ်ဖို့ ပိုက်ဆံလိုတာလဲ။ ဘယ်လောက်လဲ။”
“ငါ သိုင်းပညာ လေ့ကျင့်ချင်လို့လေ၊ တိုက်ခိုက်ဖို့ပေါ့။”
ကျိယွမ်က သူငွေလိုရသော အကြောင်းရင်းကို အလေးအနက် ပြောလိုက်သည်။ ဤအရာသည် သူ၏ လက်ရှိ အဓိကတာဝန်လည်း ဖြစ်၏။
“သိုင်းပညာ...”
ရှောင်မေ ခဏမျှ မှင်တက်သွား၏။ သူမက တစ်ခုခုကို တွေးနေပုံရပြီး သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာများ ဖြတ်သန်းသွားသည်။
“သိုင်းပညာ လေ့ကျင့်တာက အနာဂတ် မရှိပါဘူး။ နင် ချင်းယွမ်နိုင်ငံမှာ နံပါတ်တစ် ဖြစ်လာရင်တောင် အကောင်းဆုံး ဖြစ်နိုင်တာက အင်တာနက်ပေါ်က နာမည်ကြီးတစ်ယောက် ဖြစ်လာရုံပဲ။”
“ငါလို စိတ်မနှံ့တဲ့သူတစ်ယောက်အတွက် အင်တာနက်မှာ နာမည်ကြီးတာက တော်တော် ပိုက်ဆံရနိုင်တာပဲ မဟုတ်ဘူးလား။ သိုင်းပညာ လေ့ကျင့်တာက စက်ရုံမှာဝက်အူလှည့်နေတာထက် အလားအလာ နည်းတယ်လို့ နင် ကပြောချင်တာလား။”
ကျိယွမ်က အံ့အားသင့်စွာ မေးလိုက်၏။
ရှောင်မေမှာ မည်သို့ရှင်းပြရမှန်း မသိဖြစ်သွားသည်။
သူမသည် အလွန်မြင့်မားသော အမြင်တစ်ခုမှ ကြည့်နေမိခြင်းပင်။
အမှန်တကယ်ပင် ကျိယွမ်အတွက် သိုင်းပညာ လေ့ကျင့်ခြင်းသည် တိုးတက်ရာလမ်းစတစ်ခု ဖြစ်နိုင်၏။
“နင် ပိုက်ဆံလိုရင် ငါ နည်းနည်း ချေးပေးနိုင်ပါတယ်။ တစ်သိန်းလောက်ဆို ဘယ်လိုလဲ။”
ရှောင်မေက စေတနာရှေ့ထားကာ မေးလိုက်သည်။
သို့သော် သူမ၏စကားကြောင့် ကျိယွမ် က မပျော်သည့်အပြင် စိတ်ပျက်သွားလေ၏။
သူ ပိုက်ဆံချေးချင်သည်ဟု ဆိုရာတွင် ပြန်ဆပ်ရန် ရည်ရွယ်ချက်မရှိဘဲ ချေးလိုခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ရှောင်မေကဲ့သို့ လူမျိုးထံမှဆိုလျှင် သူ သေချာပေါက် ပြန်ဆပ်ရမည်မဟုတ်ပါလား။
“ရတာပေါ့၊ ဒါပေမဲ့ နည်းနည်းလောက် ပိုချေးပေးလို့ ရမလား။”
ပိုက်ဆံကလောလောဆယ်အရေးတကြီး လိုအပ်နေပြီး သိုင်းပညာ လေ့ကျင့်ရန် လိုအပ်သော ရန်ပုံငွေအပြင် သူ၏ မသေမျိုးကျင့်စဉ်အတွက် ဆေးဘက်ဝင်ပစ္စည်းများကို ဝယ်ယူရန်လည်း လိုအပ်နေ၏။
ထို့ကြောင့် သူအတွက် ပိုက်ဆံဆိုလျှင် ဘယ်ကရရ များများရချင်သည်။
“ကိုးသန်းလောက်ဆို ဘယ်လိုလဲ။”
ကျိယွမ်သည် ရှောင်မေကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။
သူမက တော်တော်လေး စွမ်းဆောင်နိုင်ပုံရသောကြောင့် တစ်ခါတည်း အများကြီး ချေးလိုက်ရင် မကောင်းဘူးလား ။ ကံမကောင်း၍ မရခဲ့လျှင်လည်း နစ်နာစရာမရှိပါ။
ရှောင်မေမှာ ဘာပြောရမှန်း မသိဖြစ်သွားသည်။
နောက်ဆုံးတွင် သူမသည် ကျိယွမ်ကို ကြည့်ပြီး ယတိပြတ်ဆို၏။
“အများဆုံး သုံးသောင်းပဲ ပေးနိုင်မယ်။”
သူမသည် ထိုပမာဏကို သေချာ တွက်ချက်ထားခြင်း ဖြစ်သည်။
သုံးသောင်းသည် ကျိယွမ်အတွက် သိုင်းပညာကို စတင်ရန် လုံလောက်၏။
“ကောင်းပြီ၊ သုံးသောင်းဆိုလည်း သုံးသောင်းပေါ့။”
ကျိယွမ်ကလည်း အလွယ်တကူ ကျေနပ်သွားသည်။
သူသည် စကားပြောရင်းမှာ ရှောင်မေကို သူ၏ ဘဏ်အကောင့်နံပါတ် ပေးလိုက်၏။
ရှောင်မေသည် ကျိယွမ်ကို မျက်မှောင်ကြုတ်၍ ကြည့်ပြီး နားမလည်သလိုမေးသည်။
“ဒါ ငါတို့ ပထမဆုံး တွေ့တာ၊ ပြီးတော့ စီစဉ်ထားတဲ့ ချိန်းတွေ့မှုတစ်ခုပဲ။ဒါတောင် ငါကနင့်ကို သုံးသောင်း ချေးပေးဖို့ ဆန္ဒရှိနေတယ်။ တစ်ခုခု ကြံစည်နေမယ်လို့ နင် မကြောက်ဘူးလား။”
မှန်ပါသည် ။ ဤကဲ့သို့သော ချိိန်းတွေ့ခြင်းများတွင် ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်မျိုး ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပါ။
“ငါ့မှာ စိတ်ကျန်းမာရေး လက်မှတ်ရှိတယ်။ ငါက အကွက်ချခံရမှာတွေကို မကြောက်ဘူး။”
ကျိယွမ်က အမှန်အတိုင်း ဖြေလိုက်ခြင်းပင်။
“နင် တကယ်ပဲ ဟန်ဆောင်နေတာလားလို့ ငါ သံသယဝင်လာပြီ။”
ရှောင်မေက မယုံနိုင်သလို မှတ်ချက်ချ၏။
“ငါ ပြောသားပဲ၊ ငါ ဟန်ဆောင်နေတာလို့။”
“ကောင်းပြီ၊ အကောင့်ကို စစ်ကြည့်လိုက်။ ငါ ပိုက်ဆံ လွှဲပေးလိုက်ပြီ။ နှုတ်ဆက်ပါတယ်။”
သူမသည် လျင်မြန်စွာပင် ထရပ်လိုက်သည်၏။ သူမ၏ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကသည် သူမ၏ ရှည်လျားသော ခြေတံများကို ပေါ်လွင်စေပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ပိုမို ထင်ရှားစေသဖြင့် သိသိသာသာဆွဲဆောင်နေ၏။
“နေဦး၊ မသွားနဲ့ဦး။ နင် အစားအသောက်ဖိုး မပေးရသေးဘူးလေ။”
ကျိယွမ်က သူမကို အချိိန်မီ လှမ်းခေါ်လိုက်ပြီး စားပွဲဝိုင်အား လက်ညိုးထိုးပြသည်။
ရှောင်သည် ခေတ္တမျှ မှင်တက်သွားပြီး ကျိယွမ်ကို မကျေနပ်သောမျက်လုံးများဖြင့် ကြည့်၏။
“ငါ ပေးရမှာလား။”
“စိတ်မနှံ့တဲ့သူတစ်ယောက်က အစားအသောက်ဖိုး ပေးတာ နင် မြင်ဖူးလို့လား။”
ရှောင်မေ၏ မျက်နှာသည် တင်းမာသွားပြီး ကျိယွမ်ကို အံကြိတ်၍ ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ငါ ပေးမယ်။
ရှောင်မေဆီမှ အာမခံရသွားပြီမို့ ကျိယွမ်က ခေါင်းပြန်ငုံ့သွားကာ စားပွဲပေါ်မှ အစားအစာများကို အေးအေးလူလူဆက်စားနေတော့သည်။
ရှောင်မေကလည်း ကျိယွမ်အားအရေးမစိုက်တော့ဘဲ အစားအသောက်ဖိုး ပေးပြီးနောက် ဆိုင်ထဲမှ ထွက်သွားပြီး လမ်းဘေးတွင် ရပ်ထားသော အနက်ရောင် ကားတစ်စီးထဲသို့ ဝင်လိုက်၏။
ကားထဲတွင် လူနှစ်ဦး ထိုင်နေသည်။
အမျိုးသား ယာဉ်မောင်းတစ်ဦးနှင့် ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသမီးတစ်ဦး ဖြစ်၏။
နှစ်ဦးစလုံးသည် ရှေ့ခန်းတွင် ထိုင်နေကြပြီး ရှောင်် နောက်ခန်းတွင် ဝင်ထိုင်သည်။
“ဗိုလ်ကြီး၊ တာဝန် ပြီးပြီလား။”
ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသမီးက ကြမ်းတမ်းသော အသံဖြင့် မေးလိုက်ပြီး ရှောင်မေဆိုသော အမျိုးသမီးအား ကြည့်၏။
“အင်း...”
ရှောင်မေ၏ မျက်လုံးများတွင် နက်ရှိုင်းသော အကြည့်တစ်ခု ရှိနေပြီး စဥ်းစားနေသလို ဖြေသည်။
“ငါ ဆရာကြီးရဲ့ သားနဲ့ တွေ့ခဲ့ပြီ... သူ့အခြေအနေအရ ကြည့်ရတာ အဆင်ပြေပုံရတယ်။ ငါတို့ အရင်က ရခဲ့တဲ့ သတင်းအချက်အလက်တွေက မှားနေပုံပဲ။”
လွန်ခဲ့သော ရက်အနည်းငယ်က ကိုယ်ကျပ်ဝတ်စုံနှင့်လှပသောအမျိုးသမီးသည် ဆရာကြီး၏သားမှာ အသည်းအသန် ဖျားနေကြောင်း သတင်းရခဲ့သောကြောင့် ကျိယွမ်နှင့် တွေ့ရန် အမြန်ဆုံးကြားဖြတ်စီစဥ်လိုက်ရခြင်း ဖြစ်သည်။
သို့သော် ယနေ့ တွေ့လိုက်ရသောအခါ ကျိယွမ်သည် အနည်းငယ် အားနည်းပုံရသော်လည်း အစား ကောင်းကောင်း စားနိုင်နေသလို သူမ၏ စစ်တပ်သုံး ရောဂါရှာဖွေရေး ကိရိယာပင်လျှင် ကျိယွမ်၏ ခန္ဓာကိုယ်တွင် ကြီးမားသော ပြဿနာတစ်ခုမျှ ရှာမတွေ့ခဲ့ပါ။
ထို့ကြောင့် သူမ စိတ်သက်သာရာ ရသွားခဲ့ရသည်။
“ဒါဆိုရင် ကောင်းတာပေါ့။”
ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသမီးက အားတင်းကာပြုံးလိုက်၏။
“သူ ဘေးကင်းကင်းနဲ့ ကြီးပြင်းလာတာက ကံကောင်းခြင်းတစ်ခုပါပဲ။”
“သူက သိုင်းပညာ သင်ချင်နေတာ။”
ကိုယ်ကျပ်ဝတ်စုံနှင့်အမျိုးသမီးက သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် ဓားငယ်လေးတစ်ချောင်းကို ထုတ်ကာ လှပစွာကစားရင်း စဉ်းစားနေသလို ပြောသည်။
“သိုင်းပညာလား။”
ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသမီး၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မယုံနိုင်သလို ရေရွတ်၏။
“ဒါဆို... သူက ဆရာကြီး ဘယ်လိုသေဆုံးသွားတယ်ဆိုတာကို သိနေလို့... ကဲ့စားချင်လို့များလား။ ဒါပေမဲ့... သိုင်းပညာ တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးလေ...”
ကိုယ်ကျပ်ဝတ်စုံနှင့် အမျိုးသမီးက စွဲမက်ဖွယ်ရယ်မောလိုက်သည်။
“နင် အများကြီး တွေးနေတာပါ။ သူက ကျန်းမာရေးအတွက် သိုင်းပညာ လေ့ကျင့်ချင်ရုံပဲလို့ ငါ ထင်တယ်။ ဆရာကြီးရဲ့ ကိစ္စတွေကိုတော့ ငါတို့ဘာသာ ငါတို့ပဲ ကိုင်တွယ်ကြမယ်။”
“ဟုတ်ကဲ့”
ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသမီးက သဘောတူသလို ခေါင်းညိတ်လိုက်ရင်းမှ သက်ပြင်းချသည်။
" အခုတလော ကိစ္စတွေက ထူးဆန်းနေတယ်။ တာဝန်တွေက ပိုပိုများလာသလိုပဲ။”
“ဟုတ်တယ်၊ ရှေးဟောင်းဂူတွေနဲ့ အပျက်အစီးတွေကို ရှာဖွေရတဲ့ တာဝန်တွေ တဟုန်ထိုး များလာသလိုပဲ။”
ကိုယ်ကျပ်ဝတ်စုံနှင့်အမျိုးသမီးကလည်း မျက်မှောင်ကြုတ်ကာ ထိုအချက်ကိုထောက်ခံ၏။
ထိုကဲ့သို့သော တာဝန်မျိုးသည် အရင်က ရှားပါးလှပြီး တစ်ခါတစ်ရံမှသာ ရှိတတ်သည်။ သို့သော် မကြာသေးမီကမူ မိုးရွာပြီးနောက် မှိုများ ပေါက်လာသကဲ့သို့ ထိုတာဝတ်များချည်း ဆကါတိုက်ဆိုသလို ပေါ်ထွက်လာနေသည်။
“တစ်ခုခု ကြီးကြီးမားမား ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်။”
ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော အမျိုးသမီးက တိုးတိုးလေး ရေရွတ်လိုက်၏။
ရှေ့မှ ယာဉ်မောင်းကတော့ ပေါ့ပေါ့ပါးပါး ရယ်မောသည်။
“ဘယ်လောက်ပဲ ကြီးမားတဲ့ အဖြစ်အပျက်ပဲ ဖြစ်ဖြစ်၊ ငါတို့လို အရေးမပါတဲ့လူတွေအပေါ် ဘယ်လိုများ သက်ရောက်မှု ရှိမှာလဲ။”
..............
ထျန်းရှန်းတာဝါတွင် တည်ရှိပြီး ဒုတိယ၊ တတိယနှင့် စတုတ္ထအထပ် သုံးထပ်လုံးကိုယူထားသော မင်ဝူသိုင်းသင်တန်းကျောင်းသည် ထျန်းယွဲ့မြို့ရှိ သိုင်းသင်တန်းကျောင်း အားလုံးတွင် ထိပ်တန်း ရှစ်ခုစာရင်းဝင်သော ကျောင်းဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ကလေးငယ်များစွာသည် သိုင်းပညာ လေ့ကျင့်ရန်နှင့် ခန္ဓာကိုယ် သန်မာစေရန် ဤနေရာသို့ လာကြ၏။
လက်ရှိတွင် မင်ဝူသိုင်းသင်တန်းကျောင်း၏ခန်းမထဲ၌ လေ့ကျင့်ရေးဝတ်စုံ ဝတ်ထားသော ကလေးတစ်စုသည် သိုင်းကွက်များ လေ့ကျင့်နေကြပြီး လက်သီးထိုးခြင်း ခြေကန်ခြင်းများကို စည်းကမ်းတကျ လုပ်ဆောင်နေကြသည်။
ထိုအချိန်တွင် ကျိယွမ်သည် အပေါ်ထပ်လက်ရန်းကို မှီကာ အောက်မှလေ့ကျင့်နေမှုများကို ကြည့်နေ၏။
“သူတို့တွေက ကြွားနေကြတာပဲ။ ငါဆိုရင် သူတို့ ဆယ်ယောက်လောက်ကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်တယ်။ ဒီနေရာမှာ တကယ့်သိုင်းပညာအစစ်ရော ရှိရဲ့လား။”
သူ၏ဘေးတွင်ရပ်နေသော ဝန်ထမ်းသည် အနေခက်စွာဖြင့် မနေနိုင်စွာပြုံးမိသွားသဖြင့် တစ်ဖက်သို့လှည့်လိုက်ရ၏။
အောက်တွင် လေ့ကျင့်နေသော ကလေးများသည် အလွန်ဆုံးမှ ရှစ်နှစ် သို့မဟုတ် ကိုးနှစ်သာ ရှိကြသေးသည်မဟုတ်ပါလား။
သေခါနီးလူကြီးတစ်ယောက် ဖြစ်နေပြီး ကလေးဆယ်ယောက်ကို တစ်ယောက်တည်းနိုင်တာကို ဂုဏ်ယူနေတာလား။
“ခင်ဗျား တကယ့် သိုင်းပညာအစစ်ကို သင်ချင်တယ်ဆိုရင်တော့ မှတ်ပုံတင်ကြေးက နည်းနည်း ပိုများမယ်၊ ၁၂၀,၀၀၀ ပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ထပ်ကုန်ကျမယ့် စရိတ်တွေလည်း ရှိဦးမယ်...”
ဝန်ထမ်းက ရယ်ချင်စိတ်ကိုဖျောက်ကာ ရှင်းပြသည်။
“ကောင်းပြီ၊ ငါ့ကို အမြန် မှတ်ပုံတင်ပေးပါ။”
ကျိယွမ်က ကိစ္စမရှိသလို ပြောလိုက်ပြီး အောက်ထပ်သို့အကြည့်ကို ရုပ်သိမ်းလိုက်သည်။
ကလေးများ လေ့ကျင့်နေသော သိုင်းပညာရပ်များသည် အပေါ်ယံ အလွန်ဆန်လွန်း၏။စိတ်ဝင်စားစရာ မရှိပါ။
သူသည် ဤကမ္ဘာရှိ သိုင်းပညာနှင့် ကန်းလန်နယ်မြေရှိ သိုင်းပညာ မည်သို့ ကွာခြားသည်ကို သိချင်နေသည်။
ကျိယွမ်သည် ဝန်ထမ်းနောက်သို့ လိုက်သွားရာ မကြာမီပင် စတုတ္ထအထပ်သို့ ရောက်ရှိသွား၏။
“ဒါက ဒုတိယစီနီယာအစ်ကိုရဲ့ ရုံးခန်းပါ။ တကယ့် သိုင်းပညာအစစ်ကို သင်ယူဖို့အတွက် ဒီမှာ စစ်ဆေးမှုကို အောင်မြင်ရပါမယ်။”
“ဟင်...ငါ ပိုက်ဆံပေးတာနဲ့ သင်လို့မရဘူးလား။”
ကျိယွမ်က နားမလည်စွာ မေးလိုက်သည်။
စီးပွားရေးတစ်ခုက စစ်ဆေးမှု လိုအပ်နေလျှင် ဝယ်သူကျရှုံးသွားပါက ဘာရတော့မည်နည်း။
ဤကဲ့သို့သော စျေးရောင်းနည်းကို သူ မမြင်ဖူးသည်တော့မဟုတ်ပါ ။
၄င်းတို့၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ပြီးစျေးကွက်ထဲ၌ ရပ်တည်လိုသော ဝန်ဆောင်မှုကုမ္မဏီများက ဤသို့သတ်မှတ်ထားတတ်ကြ၏။အထူးသဖြင့် ပညာရေးဝန်ဆောင်မှုများတွင် တွေ့ရသည်။
“တကယ့်သိုင်းပညာအစစ်ကို သင်ယူတာက သာမန်သင်တန်းနဲ့ မတူပါဘူး။”
ကျိယွမ်အပေါ် ထားရှိသော ဝန်ထမ်း၏ သဘောထားမှာ အနည်းငယ် ပြောင်းလဲသွားပုံရသည်။
“ဆင်းရဲသားက ပညာသင်၊ သူဌေးသားက သိုင်းသင်” ဆိုသောစကားပုံရှိ၏။
သိုင်းပညာကို အမှန်တကယ် လေ့လာနိုင်သူ မည်သူမဆိုမှာ ပိုက်ဆံရှိသော မိသားစုမှ လာသူများသာဖြစ်ကြသည်။ မဟုတ်လျှင် သူတို့အနေဖြင့် ကုန်ကျစရိတ်များကို ဘယ်လိုမှ တတ်နိုင်မည် မဟုတ်ပါ။
ဝန်ထမ်းက အခန်တံခါးကို ခေါက်လိုက်၏။
အတွင်းမှ ခပ်အုပ်အုပ် အသံတစ်ခု ပြန်ထွက်လာသည်။
“ဝင်ခဲ့”
ကျိယွမ်သည် ဝန်ထမ်းနောက်မှ လိုက်ကာ ကျယ်ဝန်းသော လေ့ကျင့်ရေးခန်းမထဲသို့ ဝင်ခဲ့သည်။
ဒုတိယစီနီယာအစ်ကို၊ ဒီလူက တကယ့် သိုင်းပညာအစစ်ကို သင်ချင်လို့ပါ။”
ကျိယွမ်သည်လည်း သူ၏ရှေ့မှ အမျိုးသားကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ထိုအမျိုးသားသည် ကတုံးဆံပင်တိုနှင့် လေးထောင့်ကျသော မျက်နှာ ရှိပြီး မြင်ရသူများ ရှိန်သွားစေလောက်သော အရပ်ရှည်ရှည် ဗလကောင်းကောင်းနှင့် ဖြစ်၏။
ထိုသူ၏ နှာခေါင်းပေါက်များမှာ အနည်းငယ် ကြီးနေပြီး အထူးသဖြင့် ဘယ်ဘက်နှာခေါင်းပေါက်မှာ ညာဘက်ထက် သိသိသာသာ ပိုကြီးနေသည်ကို ကျိယွမ် ချက်ချင်းသတိပြုမိသည်။
သူ၏ အကြည့်က ကတုံးဆံပင်နှင့် အမျိုးသား၏ လက်ချောင်းများပေါ်တွင် ချက်ချင်း အာရုံစိုက်သွား၏။
“မင်း သိုင်းပညာ သင်မလို့လား။”
ဒုတိယစီနီယာအစ်ကိုက ကျိယွမ်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
“မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ပြဿနာအချို့ ရှိနေပုံရတယ်။”
“ဒါက အသေးအဖွဲ ဖျားနာမှုပါ၊ စိုးရိမ်စရာ မရှိပါဘူး။ စစ်ဆေးမှုကို ဘယ်လို ဆက်လုပ်မလဲ။”
ကျိယွမ်က စူးစမ်းချင်နေသဖြင့် တက်ကြွစွာ မေးလိုက်သည်။
တဖက်တွင် သူ တွေးနေသည်မှာ အကယ်၍ ၎င်းသည် အရိုးစစ်ဆေးခြင်း ဖြစ်ပါက သူ မည်သို့ ငြင်းဆန်ရမည်နည်းဟူသော ပြဿနာပင်။
ဒုတိယစီနီယာအစ်ကိုမှာ နှာခေါင်းကို တစ်ချက်နှိုက်ပြီးမှ အဖြေပေး၏။
“ဒါက ရိုးရှင်းပါတယ်။”
သူက အံဆွဲကို ဖွင့်ကာ သစ်သားတံဆိပ်ပြားတစ်ခုကို ထုတ်လိုက်သည်။
တံဆိပ်ပြားသည် နက်မှောင်နေပြီး ရှေးဟောင်းပုံစံ ပေါက်နေ၏။
“ဒီအပေါ်ကို သွေးတစ်စက် ချလိုက်။”
ဒုတိယစီနီယာအစ်ကိုက တံဆိပ်ပြားကို ကျိယွမ်ရှေ့သို့ ချပေးလိုက်သည်။
“သွေးချရမှာလား။ ဒါက နတ်ဘုရားကျင့်စဉ်ထဲက အရာတစ်ခုနဲ့ တူနေတယ်။”
ကျိယွမ်က ထူးဆန်းသော မျက်နှာထားဖြင့် မှတ်ချက်ပေးလိုက်ပြီး သစ်သားပြားကို သေချာကြည့်မိ၏။
သိုင်းပညာသင်ရန်အတွက် သွေးလိုအပ်သည်ကို သူ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
ကျိယွမ်သည် သူ၏ လက်ချောင်းကို ကိုက်လိုက်ပြီး သွေးတစ်စက်ကို သစ်သားတံဆိပ်ပြားပေါ်သို့ ချလိုက်သည်။
ထို့နောင် ကျိယွမ်က ဘာဖြစ်လာမည်ကို သိချင်စိတ်နှင့် တံဆိပ်ပြားကို သေချာကြည့်နေ၏။
ငါ့စိတ်ထဲကို သိုင်းကွက်တွေရောက်လာမှာလား။
သို့သော် သစ်သားပြားဖြစ်နေသောကြောင့် ထိုသို့ဖြစ်ရန်တော့ မလွယ်ကူပါ။
ခဏအကြာတွင် နက်မှောင်သော တံဆိပ်ပြားပေါ်၌ အဖြူရောင်မျဉ်းကြောင်း အချို့ စတင် ပေါ်ထွက်လာပြီး အဆက်မပြတ် ပျံ့နှံ့သွား၏။
“မျဉ်းကြောင်း သုံးကြောင်း... အင်း... အခြေခံအားဖြင့် အရည်အချင်း ပြည့်မီတယ်၊ ပါရမီကတော့ အလယ်အောက် အဆင့်ပဲ၊ သိုင်းပညာ လေ့ကျင့်ဖို့ သင့်တော်ပါတယ်။”
ဒုတိယစီနီယာအစ်ကိုက ဆုံးဖြတ်ချက် ပေးလိုက်သည်။
သူက လက်တစ်ဖက်ဖြင့်နှာခေါင်းအားနှိုက်လိုက်ရင်မှ ကျန်လက်တဖက်ဖြင့် တံဆိပ်ပြားကို အံဆွဲထဲ ပြန်ထည့်၏။
ကျိယွမ်သည် သူ၏ လက်ချောင်းကို ညင်သာစွာ ထိလိုက်ရာ တံဆိပ်ပြားပေါ်သို့ ကျသွားသော သွေးများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ပြန်လည် ဝင်ရောက်သွားခဲ့သည်။
ဤသိမ်မွေ့သော လုပ်ဆောင်ချက်ကို မည်သူမျှ သတိမပြုမိကြပါ။
“မျဉ်းကြောင်းတွေက ပါရမီကို ပြတာလား။”
ကျိယွမ်က နားမလည်သလို မေးလိုက်၏။
ဤကမ္ဘာရှိ သိုင်းပညာမှာ ကန်းလန်နယ်မြေနှင့် မတူပုံရသည်။
“ဟုတ်တယ်လေ”
ဒုတိယစီနီယာအစ်ကိုက ခေါင်းကို အားပါးတရ ညိတ်ပြရင်းမှ ရှင်းပြ၏။
“ယေဘုယျအားဖြင့် ပြောရရင် ချင်းယွမ်နိုင်ငံမှာ ရှိတဲ့ လူတိုင်းမှာ သိုင်းပညာပါရမီ အနည်းငယ်စီ ရှိကြတယ်။
ပါရမီ မြင့်မားလေလေ သိုင်းပညာ လေ့ကျင့်ဖို့ ပိုသင့်တော်လေလေပဲ၊ ပြီးတော့ ပိုကြီးမားတဲ့ အောင်မြင်မှုတွေလည်း ရနိုင်လေလေပေါ့။"
" ငါ စစ်ဆေးတုန်းကဆိုရင် ငါ့မှာ မျဉ်းကြောင်း ငါးကြောင်းတောင် ရှိခဲ့တာ”
ဤနေရာသို့ ရောက်သောအခါ ဒုတိယစီနီယာအစ်ကိုက ရင်ဘတ်ကို ကော့လိုက်သည်။
သိုင်းပညာသည် ပြင်ပလောကတွင် အထင်ကြီးခံရခြင်း မရှိသော်လည်း (ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ခြင်းက ဆေးတစ်ချက် ထိုးလိုက်ခြင်းနှင့် မယှဉ်နိုင်သောကြောင့်) သိုင်းပညာရှင်များအကြားတွင်မူ အဆင့်အတန်း ခွဲခြားမှု ရှိနေဆဲပင်။
“မျဉ်းကြောင်း အရေအတွက် အများဆုံးက ဘယ်လောက်လဲ။”
“ငါ့ဆရာ ပြောတာတော့ အများဆုံးက ဆယ်နှစ်ကြောင်းတဲ့။ အဲ့ဒီလို ပါရမီရှင်မျိုးက လေ့ကျင့်တာ လအနည်းငယ်အတွင်းမှာတင် ဆယ်မီတာလောက် အထိ ခုန်နိုင်တယ်”
ဒုတိယစီနီယာအစ်ကိုက မျှော်လင့်တကြီးမျက်နှာနှင့် ပြောလိုက်သည်။
ကျိယွမ်သည် ဤစကားကို ကြားသောအခါ ဆွံ့အသွားလေ၏။
ယခု လက်ရှိ မျဥ်းသုံးကြောင်းသာရှိသောကျိယွမ်ပင်လျှင် ဆယ်မီတာလောက်ကို အသာလေးခုန်နိုင်သည်မဟုတ်ပါလား။
ဤကမ္ဘာရှိ သိုင်းပညာရှင်များသည် တော်တော်အားနည်းနေပုံရသည်။
“သိုင်းပြိုင်ပွဲရဲ့ ချန်ပီယံက ဘယ်လောက်အထိ အစွမ်းထက်လဲ။ ခြေလှမ်းတစ်လှမ်းကို ဘယ်နှစ်မီတာလောက် သွားနိုင်လဲ။”
ကျိယွမ်က အရေးကြီးသည်ကို သတိရကာ မေးလိုက်သည်။
ဒါက သူ့အတွက် အဓိကစိတ်ဝင်စားရာ ဖြစ်၏။
မည်သို့ပင်ဆိုစေ သူသည် လူသားလမ်းစဥ်သိုင်းဘုရင် ဖြစ်လာရန် စိတ်ပိုင်းဖြတ်ထားသော လူတစ်ယောက် မဟုတ်ပါလား။
“ခြေလှမ်းတစ်လှမ်းကို အနည်းဆုံး ဆယ်မီတာလောက်တော့ ရှိတာပေါ့”
ဒုတိယစီနီယာအစ်ကိုက အဖြေပေးရင်း ကျိယွမ်ကို ကြည့်လိုက်သည်။
“အရမ်းကြီး အလွန်အကျွံတွေမမှန်းပါနဲ့။ သိုင်းပြိုင်ပွဲကို လူတိုင်း ဝင်ပြိုင်လို့ ရတာ မဟုတ်ဘူး"
သူသည် ကျိယွမ်၏ အတွေးများကို ထွင်းဖောက်မြင်နေရ၏။
သူအနေ့ဖြင့် နာမည်ပျက်သွားသော အိုင်ဒေါများစွာ သိုင်းပညာ လာသင်ကြသည်ကို မြင်ဖူးလေသည်။ သူတို့က သိုင်းပြိုင်ပွဲတွင်ပါဝင်ပြီး လူအများ၏အာရုံစိုက်မှုကို ပြန်ရရန် ကြိုးစားချင်ကြ၏။
သူ၏ရှေ့မှ လူသစ်၏ ရုပ်ရည်နှင့်ဆိုလျှင် သိုင်းပြိုင်ပွဲတွင် အဆင့်ကောင်းကောင်း မရလျှင်တောင် အနည်းဆုံးတော့ လူအများ ရှေ့မှောက်ကို ပြန်ရောက်သွားနိုင်သည်။
ဖြစ်နိုင်လျှင် သူသည် အင်တာနက်ပေါ်တွင်ပင် နာမည်ကြီးလာနိုင်၏။
ဒုတိယစီနီယာအစ်ကို၏ စကားများကို ကြားပြီးနောက် ကျိယွမ် အနည်းငယ် ဆွံ့အသွားသည်။
ဆယ်မီတာကျော် ခုန်တာလား။
သိုင်းပြိုင်ပွဲရဲ့ ချန်ပီယံက တစ်ခါခုန်မှ ဆယ်မီတာပဲရောက်သည်တဲ့ ။
ဒါက အရမ်းအားမနည်းလွန်းဘူးလား။
ဂိမ်းတာဝန်၏ ခက်ခဲမှုက အလွန် နည်းပါးပုံရသည်။ဒီလောက်လွယ်နေရင် ဂိမ်းဆုလာဘ်က ကောင်းပါ့မလား။
“ဒုတိယစီနီယာအစ်ကို၊ ဒါဆိုရင် ငါ အခု ကျောင်းအပ်ပြီးပြီလို့ ဆိုလိုတာလား။ ငါ အခုပဲ ပိုက်ဆံ လွှဲလိုက်မယ်။ ဘယ်တော့သိုင်းပညာ စသင်လို့ ရမလဲ။”
ကျိယွမ်က အရေးကြီးသည်ကို မေးလိုက်သည်။
ဤကမ္ဘာရှိ သိုင်းပညာနှင့် ကန်းလန်လောကရှိ သိုင်းပညာ...။
မည်မျှ ကွာခြားသည်ကို သူအလွန် သိချင်နေ၏။
“အင်း၊ ငါ မင်းကို သိုင်းကျမ်းတစ်ခု ပေးမယ်။”
ဒုတိယစီနီယာအစ်ကိုက အံဆွဲထဲမှ စာအုပ်ပါးလေးတစ်အုပ်ကို ထုတ်လိုက်သည်။
စာအုပ်ပေါ်တွင် “မင်ဝူ တုန်ခါလက်သီး” ဟူသော ရှေးဟောင်းစာလုံးများကို အနက်ရောင်ဖြင့် ခမ်းနားစွာရေးထား၏။
“ဒီသိုင်းကျမ်းက ငါတို့ မင်ဝူ သိုင်းသင်တန်းကျောင်းရဲ့ အဖိုးတန် သင်ကြားမှုပဲ၊ အဆင့် ဆယ့်နှစ်ဆင့် ပါဝင်တယ်။"
"ဒီမှာ ပထမဆုံး သုံးဆင့်ကို မင်းအတွက် ပေးလိုက်မယ်။"
"သေချာ မှတ်ထားရမှာက ၊ ဒီသိုင်းကျမ်းကို တခြားသူတွေကို မပြောပြနဲ့၊ နားလည်လား။”
ဒုတိယစီနီယာအစ်ကိုက နှာခေါင်းနှိုက်ရင်းမှ အလေးအနက်သတိပေးသည်။
“ကျန်တဲ့ အဆင့်တွေကရော။”
ကျိယွမ် မေးလိုက်သည်။ ၁၂ ဆင့်ရှိသည်ဟုဆိုကာ ၃ ဆင့်ပဲထုတ်ပေးလာ၏။
ဒီသုံးဆင့်ပဲ ရှိတယ်လို့တော့ မပြောနဲ့နော်။
“ကျန်တာကတော့... မင်း ထပ်ပြီး ပိုက်ဆံ ပေးရမယ်။"
" လူငယ်လေး၊ ဒီ ပထမဆုံး သုံးဆင့်ကတင် မင်းတစ်နှစ်လောက် လေ့ကျင့်ဖို့ လုံလောက်ပါတယ်။”
ဒုတိယစီနီယာအစ်ကိုက မင်ဝူသင်တန်းကျောင်း၏ စည်းကမ်းအတိုင်း ပြန်ဖြေသည်။
သူကိုယ်တိုင်ပင် ဤသိုင်းကျမ်းကို လေ့ကျင့်စဉ်က တတိယအဆင့်ကို ကျွမ်းကျင်ရန် ခုနစ်လ ကြာခဲ့၏။
ကျိယွမ်၏ ပါရမီက သူထက် နိိမ့်သောကြောင့် တစ်နှစ်လောက် အချိန်ယူရမည်မှာ ပုံမှန်ပင်။
“ဘယ်လောက် ထပ်ပေးရမှာလဲ။”
ချီယွမ်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ ဤဂြိုဟ်ပေါ်မှ စီးပွားရှာနည်းလမ်းများကို သူလျှော့တွက်မိခဲ့တာ မှားသွားပုံရ၏။သိုင်းကျမ်းလေးတစ်ခုကိုပင် အခါခါ ပိုင်းတစ်ပြီးရောင်းစားနေ၏။
ငါဆို စူပါပြိုင်ဘက်ကင်းကျင့်စဥ်ကို တစ်ခါတည်းနဲ့ အစအဆုံးရောင်းပေးတာ ။
“အင်း... စုစုပေါင်း သုံးသန်းလောက်ပေါ့။”
ဒုတိယစီနီယာအစ်ကိုက အမှန်အတိုင်း ပြန်ဖြေလိုက်ရင်းမှ ကျိယွမ်အားဖိတ်ခေါ်လိုက်သည်။
“လာပါ၊ ငါတို့ရဲ့ အဖိုးတန် သင်ကြားမှုဖြစ်တဲ့ မင်ဝူတုန်ခါမှုလက်သီးအကြောင်း ငါ ရှင်းပြမယ်။ အဲ့ဒါက ကိုယ်တွင်းအင်္ဂါငါးခုနဲ့ ကြွက်သားတွေရဲ့ ညီညွတ်မှုကို အလေးထားပြီး တုန်ခါမှုတစ်မျိုး ဖြစ်ပေါ်စေတယ်၊ အဲ့ဒီကနေတစ်ဆင့် ကြီးမားတဲ့ အစွမ်းသတ္တိကို ထုတ်ဖော်တာပဲ..."
"စကားလုံးတွေ ခမ်းနားနေတာကို မယုံပါနဲ့၊ လက်တွေ့မှာ တော်တော် ခက်တာနော်"
"ဘယ်သူက ကိုယ်တွင်းအင်္ဂါတွေရဲ့ တုန်ခါမှုကို ထိန်းချုပ်နိုင်မှာလဲ။
အဲ့ဒါက ရေရှည် အတွေ့အကြုံ လိုတယ်... ပြီးတော့...”
သို့သော် ထိုအချိန်တွင် ကျိယွမ်သည် သိုင်းကျမ်း၏ အဆင့်သုံးဆင့်လုံးကို တစ်ချက် လှန်ကြည့်လိုက်သည်။
ထို့နောက် သူသည် လက်သီးကို ဆန့်ထုတ်လိုက်ပြီး အားပါပါနှင့် ရှေ့သို့ တစ်ချက်ပြင်းပြင်းထိုးပြလိုက်၏။
"ဒီလိုမျိုးလား”
ဤအခိုက်အတန့်တွင် သူ၏ တစ်ကိုယ်လုံးနှင့် ကိုယ်တွင်းအင်္ဂါများသည် လုံးဝ ဟန်ချက်ညီသွားသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောအားလုံးက လက်သီးဆီသို့ စုစည်းသွားပုံရ၏။
ဘန်း...
ပြင်းထန်သော လက်သီးတစ်ချက် ထွက်ပေါ်သွားပြီး မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံတစ်သံပါ တုန်ဟီးသွားလေသည်။
ဒုတိယစီနီယာအစ်ကိုမှာ ခေတ္တမျှ မှင်တက်သွားပြီး သူ၏ ဘယ်ဘက်နှာခေါင်းပေါက်မှာ အပေါ်သို့ တွန့်တက်သွားသည်။
“မင်း...မင်းက ဆရာကြီးရဲ့... အဖေတူအမေကွဲ သားလား။”`
---------------