← Chapters

ကျင့်စဥ်ကို ဝယ်ယူမည့်သူတစ်ဦး

Vol. 25 Ch. 284

ကျင့်စဥ်ကို ဝယ်ယူမည့်သူတစ်ဦး

Vol. 25 Ch. 284

လက်သီးတစ်ချက် ပစ်သွင်းလိုက်ရုံနှင့် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဟိန်းထွက်သွား၏။

ဤမြင်ကွင်းသည် တုန်လှုပ်ဖွယ်ကောင်းသော်လည်း တစ်ဖက်တွင်လည်း သာမန်မျှသာဖြစ်သည်။

အဆုံးတွင်တော့ ထိုကဲ့သို့သော လက်သီးတစ်ချက်သည် သေနတ်တစ်လက်ထက် ပို၍ ဖျက်ဆီးအား ပြင်းထန်မည်လား။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကုန်တင်ကားတစ်စီးနှင့် ယှဉ်နိုင်ပါမည်လား။

မယှဉ်နိုင်ပါ။

မျိုးရိုးဗီဇမြှင့်တင်ဆေးတစ်လုံး သောက်ခြင်းလောက်ပင် ထိရောက်မှု မရှိပါ။

ဒုတိယစီနီယာအစ်ကိုသည် အံ့သြသွားသော်လည်း ထူးထူးခြားခြားကြီးတော့ မထိတ်လန့်ခဲ့ပါ။

သူက ပါရမီရှင်တစ်ယောက်ပဲ.။

"မင်း အခု တရားဝင် လေ့ကျင့်မှုကို စတင်လိုက်ပြီ။ ငါ သင်ပေးဖို့ မလိုဘူးလို့ ထင်တယ်။ နောက်မှ မေးစရာရှိရင် အားမနာတမ်း မေးလို့ရတယ်"

ဒုတိယစီနီယာအစ်ကိုက ဝန်ထမ်းအား စေခိုင်းလ်ုက်သည်။

"ရှောင်လီ၊ ကျိယွမ်အတွက် သိုင်းဝတ်စုံ သွားယူပေးလိုက်ပါဦး။"

"ဟုတ်ကဲ့။"

ယခုဖြစ်ပျက်ခဲ့သည်မှာ အရမ်းထူးခြားသည်တော့ မဟုတ်ပေ။ စိတ်လှုပ်ရှားမှုအတိုင်းအတာအရဆိုလျှင် နာမည်ကျော်တစ်ယောက်၏ ခွေးလေး နေမကောင်းဖြစ်သည်လောက်ပင် လူအများအတွက် စိတ်ဝင်စားစရာ မကောင်းပါ။

ကျိယွမ်သည် ဝန်ထမ်းနောက်သို့ လိုက်သွားပြီး လေ့ကျင့်ရေးဝတ်စုံကို ယူခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် သူ၏ စိတ်အခြေအနေသည် တည်ငြိမ်မှု မရှိပေ။

အကြောင်းမှာ သူပစ်သွင်းလိုက်သော လက်သီးချက်ထဲတွင် ထူးခြားသောအရာတစ်ခုကို သူ ခံစားလိုက်ရသောကြောင့်ပင်။

ထိုလက်သီးချက်သည် အလွန်ရိုးရှင်းပြီး ကန်းလန်လောကမှ လူသားကိုယ်ခံပညာများလောက်ပင် စွမ်းအားမရှိပါ။

သို့သော် ကျိယွမ်၏ ထူးခြားသော အကဲခတ်နိုင်စွမ်းဖြင့် ထိုလက်သီးချက်ထဲတွင် တစ်ခုခု ဝှက်ဖုံးနေသည်ကို သတိပြုမိခဲ့သည်။

"ငါ အဲဒီလက်သီးကို ပစ်သွင်းလိုက်တဲ့အချိန်မှာ... တစ်ခုခုက ထူးခြားနေသလို ခံစားရတယ်။"

ထိုလက်သီးချက်ကို ထုတ်ဖော်လိုက်စဉ် ကျိယွမ်သည် ကန်းလန်းလောကမှ ကိုယ်ခံပညာများ သို့မဟုတ် ဝမ်ယုကုန်းမြေတိုက်ကြီးမှ ကိုယ်ခံပညာများနှင့် လုံးဝကွဲပြားသော ခံစားချက်ကို ရရှိသည်။

သို့သော် ၎င်းသည် ခံစားချက်တစ်ခုမျှသာ ဖြစ်၏။

၎င်းက ဘာလဲဆိုသည်ကို အတိအကျ ထောက်ပြခိုင်းလျှင် သူ မပြောနိုင်သေးပါ။

အဓိကအကြောင်းရင်းမှာ သူသည် လက်ရှိတွင် ထိုအရာများကို နားလည်နိုင်စွမ်းရှိရန် အလွန်အားနည်းနေသေးသောကြောင့် ဖြစ်သည်။

သူသာ စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုရှိပါက မိမိ၏ခန္ဓာကိုယ်ကို စစ်ဆေးနိုင်ပြီး အတွင်းပိုင်းပြဿနာများကို ချက်ချင်း သိရှိနိုင်မည်မှာ သေချာ၏။

ကျိန်စကိုပင်လျှင် နှိမ်နင်းထားရုံမျှမကဘဲ လုံးဝဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပေလိမ့်မည်။

လေ့ကျင့်ရေးဝတ်စုံကို လဲလှယ်ပြီးနောက် ကျိယွမ်သည် လေ့ကျင့်ရေးခန်းမထဲသို့ ဝင်လာခဲ့သည်။

ကျယ်ဝန်းသော လေ့ကျင့်ရေးခန်းမထဲတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက်နှစ်ဆယ်ကျော် ရှိနေ၏။

အများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုးသမီးများမှာ လေးပုံတစ်ပုံခန့်သာ ရှိသည်။

"ဟေး၊ လူချောလေး"

ကျိယွမ် ဝင်လာသည်နှင့် တပြိုင်နက် လူအများ၏ အာရုံစိုက်မှုကို ရရှိလိုက်သည်။

မည်သို့ဆိုစေကာမူ ကျိယွမ်၏ ရုပ်ရည်က ကျောင်းတက်စဉ်ကပင် အားပေးသူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်မဟုတ်ပါလား။

သူ့တွင် စိတ်ကျန်းမာရေးပြဿနာသာ မရှိလျှင် လီယန်ကဲ့သို့ အခြားမိန်းကလေးများကလည်း သူ့နောက်သို့ သည်းသည်းမဲမဲ လိုက်နေကြမှာ သေချာ၏။

တခါတရံတွင် အမျိုးသားတစ်ယောက်က အလွန်ချောမောနေပါက မိန်းကလေးများသည် မည်မျှစိတ်အားထက်သန်ကာ ဇွဲကောင်းနိုင်သည်ကို အလိုလို နားလည်လာပေလိမ့်မည်။

မင်ဝူသိုင်းကျောင်းတွင် လေ့ကျင့်ရန်လာသူများသည် များသောအားဖြင့် ချမ်းသာသော မိသားစုများမှ ဖြစ်သည်။

ဤလူငယ် လူရွယ်များသည် ယေဘုယျအားဖြင့် ပေါင်းသင်းဆက်ဆံရေး ကောင်းကြပြီး အချို့မိန်းကလေးများဆိုလျှင် ကျိယွမ်ကို ရဲရဲတင်းတင်းပင် စနောက်ကြ၏။

"လူသစ် ကျိယွမ်ပါ၊ အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။"

ကျိယွမ်က မိမိကိုယ်ကိုယ် ပေါ့ပေါ့ပါးပါးမိတ်ဆက်ပြီး ထောင့်တစ်ထောင့်ကို ရှာကာ မင်ဝူတုန်ခါလက်သီးကို တစ်ယောက်တည်း စတင်လေ့ကျင့်လိုက်သည်။

"ဟေး ကိုလူချောလေး၊ ငါက နင့်ထက် တစ်လစောရောက်နေတာ။ ငါ သင်ပေးစေချင်လား။"

ဆံပင်ကို မြင်းမြီးပုံစံ မြင့်မြင့်စည်းထားသော အမျိုးသမီးတစ်ဦးသည် ကျိယွမ်အနားသို့ ချဉ်းကပ်လာပြီး သူမ၏ အမူအရာမှာ တော်တော်လေး ရဲတင်းသည်။

"အော်"

ကျိယွမ်က ထိုအမျိုးသမီးကို ကြည့်လိုက်၏။

"မင်းက အဲဒါကို တော်လို့လား။"

"ဝမ်ရှီချောင်က မျဥ်းကိုးကြောင်းပေါ်တဲ့ ပါရမီရှင်ပဲ။ သူ့ရဲ့ လေ့ကျင့်မှုထိပ်တန်းအဆင့်ရှိတယ်"

ဝမ်ရှီချောင်၏ သူငယ်ချင်းတစ်ဦးက အဝေးမှ လှမ်းအော်သည်။

ဝမ်ရှီချောင်သည် ကျိယွမ်ကို တစ်ချက်ကြည့်ပြီး အနီးရှိ ပြတင်းပေါက်တစ်ခုကို ဖွင့်လိုက်သည်။

"ကြည့်... ဒါက လေးထပ်မြောက်ပဲ။"

ကျိယွမ်က ပြတင်းပေါက်မှ အောက်ကို ငုံ့ကြည့်၏။

ဤအမြင့်မှဆိုလျှင် သာမန်လူတစ်ယောက် ခုန်ချပါက သေနိုင်သည်။

သူမ ဘာတွေးနေတာလဲ...။ခုန်ချပြ မလို့လား ။

သူသည် ဝမ်ရှီချောင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။

"ငါ့လက်သီးကို ကြည့်လိုက်"

ထိုအချိန်တွင် ဝမ်ရှီချောင်က အော်ဟစ်လိုက်ပြီး ကျိယွမ်အနားရှိ သဲအိတ်ကို ပြင်းထန်သော လက်သီးချက်ဖြင့် သေသပ်စွာထိုးသည်။

ကြီးမားသော လက်သီးအားဒဏ်ကြောင့် သဲအိတ်သည် ပြင်းထန်စွာ လွှဲယမ်းသွားပြီး ထိုးချက်ကအတော်လေး စွမ်းအားရှိပုံရလေသည်။

ဤဂိမ်းလောကသို့ ကျိန်စာသင့်ပြီး အားနည်းစွာ ရောက်ရှိလာသော ကျိယွမ်သာ ထိုလက်သီးချက်ကို ခံရပါက နေရာမှာပင် ပွဲချင်းပြီးသေသွားနိုင်၏။

"ကောင်းတယ်၊ မဆိုးဘူး"

"ဒီလက်သီးက တစ်နှစ်စာ အားပဲဟေ့"

ဘေးပတ်ဝန်းကျင်မှ အခြားသူများက သဘောကျစွာ လက်ခုပ်ဝိုင်းတီးကြသည်။

ဝမ်ရှီချောင်က ရှေ့သို့ကျလာသော ဆံနွယ်များကို နောက်သို့လှလှပပ ပစ်ပို့လိုက်ရင်း ကျိယွမ်ကို ကြည့်ကာ ဂုဏ်ယူစွာဖြင့် မေး၏။

"အဲဒီလက်သီးက ဘယ်လိုလဲ"

ကျိယွမ်က ခေါင်းညိတ်ပြပြီး ဝမ်ရှီချောင်ကို မျှော်လင့်ချက်ဖြင့် ကြည့်၏။

"ကောင်းတယ်! ဒါနဲ့ မင်း အခု ပြတင်းပေါက်ကနေ ခုန်ချတော့မှာလား"

"ဟင်"

ဝမ်ရှီချောင်၏ လှပသောနှုတ်ခမ်းများ က ပြုံးယောင်သမ်းသွားသည်။

"ငါက စတာပါ ၊ ဒီလေးထပ်ကနေ ခုန်ချမယ်လို့ မပြောခဲ့ပါဘူးနော်။ စီနီယာဆရာကြီးတောင် ဒီကနေ ခုန်ချရင် ဆေးရုံရောက်သွားမှာ။ နင်က 'မင်ဝူတုန်ခါလက်သီး' ကို လေ့ကျင့်ရုံနဲ့ မျိုးရိုးဗီဇမြှင့်တင်ထားတဲ့ စစ်သည်တွေကို အနိုင်ယူနိုင်တဲ့ စူပါမန်း ဖြစ်သွားမယ်လို့ တကယ်ပဲ ထင်နေတာလား"

သူမ၏စကားကြောင့် ကျိယွမ်အလွန်စိတ်ပျက်သွားလေ၏။

"သိုင်းပညာက တကယ်ပဲ အဲဒီလောက် ကြီး အားနည်းတာလား။"

သင်တန်းကျောင်းသို့ လာရာလမ်း၌ သူသည် မင်ဝူကျောင်း၏ စီနီယာဆရာကြီးက ဂိုဏ်းချုပ်ပြီးလျှင် နံပါတ်တစ်ဖြစ်သည်ဟု ကြားခဲ့ရသည် မဟုတ်ပါလား။

ထိုသူသည် "မင်ဝူတုန်ခါလက်သီး" ကို အဆင့် ၈ အထိ လေ့ကျင့်ထားပြီး ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယ အတော်ဆုံး ဖြစ်သည်။

သို့သော် ထိုအတော်ဆုံးဆရာကြီးပင် လေးထပ်မှ ခုန်ချလျှင် ဒဏ်ရာရဦးမည်ဟု ဆို၏။

ဤကမ္ဘာ၌ သိုင်းပညာသည် အပျော်တမ်းဝါသနာတစ်ခုမျှသာ ဖြစ်နေခြင်းမှာ မဆန်းတော့ပါ။ ၂၁ ရာစုကမ္ဘာပေါ်ရှိ ငါးဖမ်းခြင်း သို့မဟုတ် ကြံ့ခိုင်ရေး လေ့ကျင့်ခြင်းနှင့်ပင် အနည်းငယ် တူနေသည်။

"သိုင်းပညာက အားမနည်းပါဘူး။ ငါတို့ရဲ့ ခန္ဓာကိုယ်တွေက သာမန်လူတွေထက် အများကြီး သန်မာတယ်... ပြီးတော့ ငါတို့က သဘာဝအတိုင်းပဲလေ ၊ ဘာဗီဇဆေးမှလည်း မသုံးဘူး"

ဝမ်ရှီချောင်က ပြောရင်း သူမ၏ ရင်ဘတ်ကို တမင်ပင့်လိုက်သည်။

နည်းပညာ ထွန်းကားလာမှုနှင့် ကန်ရှင်း မှ အတွေးအခေါ်များ၏ လွှမ်းမိုးမှုကြောင့် ကုံရှင်းပေါ်ရှိ နိုင်ငံအားလုံး၏ လူမှုပတ်ဝန်းကျင်သည် ယခင်ကထက် ပိုမိုပွင့်လင်းလာခဲ့သည်၊ အထူးသဖြင့် ချမ်းသာသူများကြားတွင် ဖြစ်၏။

"ဘာကို သဘာဝအတိုင်းလဲ"

ကျိယွမ်က ဝမ်ရှီချောင်၏ နှာခေါင်းကို တစ်ချက်ကြည့်လိုက်သည်။

"မင်းနှာခေါင်းက ပြုပြင်ထားတာပဲ။"

ဝမ်ရှီချောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူမ၏ နှာခေါင်းကို လက်ဖြင့် အုပ်လိုက်ပြီး မျက်နှာက ချက်ချင်းပျက်သွားသည်။

"အရမ်း သိသာနေလို့လား"

"သိသာတာပေါ့"

ကျိယွမ်က ရိုးသားပုံဖြင့် ခေါင်းညိတ်ပြ၏။

"တောက်....တစ်နှစ်တောင် မပြည့်သေးဘူး၊ တစ်ယောက်ယောက်က သိနေပြီလား။ သဘာဝအတိုင်း ဖြစ်စေရမယ်လို့ ကတိပေးတဲ့ အဲဒီဆေးရုံက ဘာတွေလုပ်ပေးလိုက်တာလဲ။ ငါ သွားပြီး ပြဿနာရှာရမယ်"

ဝမ်ရှီချောင်က ဒေါသတကြီး ရေရွတ်ရင်း အလှပြင်ဆေးခန်းကို ပြဿနာသွားရှာရန် ချက်ချင်းထွက်သွားလေသည်။

ကျိယွမ်က သူမကို ဂရုမစိုက်တော့ဘဲ မင်ဝူတုန်ခါလက်သီးကို ဆက်လက်လေ့ကျင့်နေ၏။

ဤသိုင်းကွက်များတွင် ကျင့်ကြံခြင်းနည်းလမ်းနှင့် လက်သီးကွက်များ ပါဝင်သည်။

၎င်းသည် ကန်းလန်လောကမှ သိုင်းပညာသာ ဖြစ်ပါက ကျိယွမ်သည် တစ်ကြိမ်မြင်ရုံနှင့် အကုန်လုံးကို တတ်မြောက်သွားပြီး လှုပ်ရှားမှုများကို အတိအကျ ပြန်လုပ်ပြနိုင်ပေလိမ့်မည်။

သို့သော် ဤကမ္ဘာရှိ သိုင်းပညာများမှာ တော်တော်လေး ကွဲပြားသည်။

ကျိယွမ်သည် မင်ဝူတုန်ခါလက်သီးကို လုပ်ဆောင်နိုင်သည်မှာ သေချာသော်လည်း ပုံမှန်လေ့ကျင့်ရန် လိုအပ်၏။

ထိုသို့ လေ့ကျင့်ခြင်းသည်လည်း တိုးတက်မှု ပုံစံတစ်ခု ဖြစ်သည်ကို သူ ရှာဖွေတွေ့ရှိခဲ့သောကြောင့်ပင်။

အခြားသူများအတွက် ထိုတိုးတက်မှုသည် သိုင်းကွက်လှုပ်ရှားမှုများကို ကျွမ်းကျင်လာခြင်း ဖြစ်နိုင်သည်။

သို့သော် ကျိယွမ်အတွက်မူ ထိုသို့မဟုတ်ပါ။

ဤအထဲတွင် ပိုမိုနက်ရှိုင်းသောအရာ တစ်ခုခုရှိသည်ကို သူခံစားသိရှိနေ၏။

သူ၏ လက်ရှိစွမ်းရည်ဖြင့် ၎င်းကို အတိအကျ မထောက်ပြနိုင်သေး၍သာ ဘာဆိုတာကို မခွဲတတ်ဖြစ်နေရသည်။

"ဝိညာဉ်လို ရိုက်ခတ်မယ်၊ အရပ်မျက်နှာ အနှံ့ကို တုန်ခါစေမယ်... အထက်ကို တွန်းမယ်၊ ညာဘက်ကို လှည့်မယ်..."

ကျိယွမ်သည် သိုင်းကွက်များကို တီးတိုးရွတ်ကာ မင်ဝူတုန်ခါလက်သီးကို ဆက်လက်လေ့ကျင့်နေ၏။

သိုင်းကွက်များအပေါ် အာရုံအပြည့်စူးစိုက်ကာ လေ့ကျင့်နေရင်းနှင့် အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ချွေးများက သူ၏နဖူးမှ စီးကျလာသော်လည်း ကျိယွမ်က ဂရုမစိုက်ဘဲ လှုပ်ရှားမှုများကို ဆက်လက်လေ့ကျင့်နေဆဲပင်။

လေ့ကျင့်ရေးခန်းမထဲတွင် အခြားသော သင်တန်းသားများသည် စကားပြောခြင်း၊ အပြန်အလှန် လေ့ကျင့်ခြင်း သို့မဟုတ် စနောက်ခြင်းများ ပြုလုပ်နေကြသည်။

ရံဖန်ရံခါတွင် တစ်စုံတစ်ယောက်က ကျိယွမ်ကို လှမ်းကြည့်သော်လည်း သူတို့၏ အကြည့်က ကြာရှည်မခံပါ။

သို့သော်အားလုံးမသိသော်လည်း မနီးမဝေးတွင် ချောင်ဝူသည် မှန်တံခါးမှတစ်ဆင့် လေ့ကျင့်ရေးခန်းမ တစ်ခုလုံးကို ကြည့်နေခဲ့သည်။

နောက်ဆုံးတွင် သူ၏ အကြည့်က အခန်းထောင့်တွင် မနားတမ်းလေ့ကျင့်နေသောကျိယွမ်ပေါ်သို့ ရောက်ရှိသွားပြီး သူ၏ မျက်လုံးများတွင် ချီးကျူးသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။

"ဒီခေတ်ကြီးမှာ သိုင်းပညာကို စွဲစွဲလန်းလန်း ရှိနေသေးတဲ့သူက တော်တော်လေး ရှားတယ်"

ချောင်ဝူက မအံ့သြဘဲ မနေနိုင်ပါ။

သူသည် အသက် ၅၀ ကျော်ပြီဖြစ်ကာ မင်ဝူသိုင်းကျောင်း၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း မျိုးရိုးဗီဇမြှင့်တင်ဆေးများ သောက်သုံးနေသူဖြစ်သည်။

ယခုအချိန်၌ သူသည်တံတိုင်းတစ်ခုကဲ့သို့ ရပ်နေပြီး ခန့်ညားထည်ဝါမှုကို ထုတ်ဖော်နေ၏။

ဒုတိယစီနီယာအစ်ကိုသည် ချောင်ဝူ၏ဘေးတွင် ရပ်နေပြီး ကျိယွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"သူက ခေတ်မှားမွေးလာတာ နှမြောစရာပဲ။ ရှေးခေတ်မှာသာ မွေးခဲ့ရင် သူ့ရဲ့ ကြိုးစားမှုနဲ့ ပါရမီနဲ့ဆိုရင် သူက နာမည်ကြီး စစ်သူကြီးတစ်ယောက် ဖြစ်လာနိုင်တယ်"

ချောင်ဝူကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်သည်။

အမှန်ပင်၊ ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် ရှေးခေတ်နှင့် အလွန်ကွာခြားသွားလေပြီ။

သိုင်းပညာသည် အလှဆင်ပစ္စည်းနှင့် အသိုင်းအဝိုင်းငယ်လေးတစ်ခုမျှသာ ဖြစ်လာခဲ့သည်။

ချောင်ဝူသည် သိုင်းပညာ မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ ဘိုးဘေးများသည် ချန်ပီယံများနှင့် စစ်သူကြီးများပင် ဖြစ်ခဲ့ကြ၏။

ဒါပေမဲ့ အခု အဲဒါက ဘာအရေးပါတော့လို့လဲ။

"မင်ဝူတုန်ခါလက်သီး" ကို ဆယ်စုနှစ်ချီပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သော်လည်း မျိုးရိုးဗီဇမြှင့်တင်ဆေး တစ်လုံးလောက်ပင် သူ့ကို တိုးတက်မှု မပေးနိုင်ပါ။

"သူက သိုင်းပညာပြိုင်ပွဲမှာ ပါဝင်ချင်တာလား။ သူက အလားအလာရှိတဲ့သူပဲ။ ငါတို့ မင်ဝူသိုင်းကျောင်းက ကျောင်းသားတစ်ယောက် ပြိုင်ပွဲဝင်တာမျိုးမရှိတာ နှစ်အတော်ကြာပြီ။ သူသာ ပါဝင်မယ်ဆိုရင် ငါတို့ကျောင်းကို လူတွေ ပိုလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်"

ချောင်ဝူက ပြုံးလျက် ပြောသည်။

သိုင်းပညာ အသိုင်းအဝိုင်းသည် တားမြစ်ချက်များရှိနေသော အသိုင်းအဝိုင်း ဖြစ်ပြီး

ချောင်ဝူကဲ့သို့ မျိုးရိုးဗီဇမြှင့်တင်ဆေး သောက်ထားသူများသည် ပြိုင်ပွဲတွင် ပါဝင်ခွင့် မရှိပါ။

မဟုတ်လျှင် အခြားသော ပြိုင်ပွဲဝင်များအတွက် မတရားရာ ရောက်ပေလိမ့်မည်။

"အင်း၊ သူ့ရဲ့ ရုပ်ရည်နဲ့ဆိုရင် သူက ပြိုင်ပွဲမှာ ပါဝင်ပြီး ထိပ်တန်း အယောက်တစ်ရာထဲပါသွားလို့ နိုင်ငံလုံးဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြရမယ်ဆိုရင် သေချာပေါက် ပရိသတ်အများကြီး ဆွဲဆောင်နိုင်လိမ့်မယ်"

ဒုတိယစီနီယာအစ်ကိုကလည်း အထင်နှင့် တွက်ချက်လိုက်၏။

မည်သို့ဆိုစေကာမူ ကျိယွမ်ကဲ့သို့ အလွန်ချောမောပြီး သိုင်းပညာကို စိတ်အားထက်သန်သူက အလွန် ရှာရခက်သည်မဟုတ်ပါလား။

"ထိပ်တန်း အယောက်တစ်ရာလား"

ချောင်ဝူက ခေါင်းခါသည်။

"သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အရမ်းညံ့လွန်းတယ်။ သူ မြို့နယ်အဆင့် ပြိုင်ပွဲကနေတောင် ကျော်နိုင်ပါ့မလားလို့ ငါ သံသယရှိတယ်... နိုင်ငံအဆင့်ကိုတော့ ထားလိုက်ပါဦး။"

ဒုတိယစီနီယာအစ်ကိုက ရယ်လိုက်ပြီး သူ အကောင်းမြင်လွန်းသွားသည်ကို သတိရသွား၏။

သိုင်းပညာက လူ့ခန္ဓာကိုယ်ကို မြှင့်တင်ပေးနိုင်သော်လည်း ကန့်သတ်ချက်ရှိသည်။ အစားပိုစားပြီး ခွန်အားပိုရှိအောင် လုပ်ခြင်းကသာ ပို၍ ထိရောက်ပေလိမ့်မည် ။

... ......

"ဘယ်လို မှော်အတတ်ကိုမှ အသုံးမပြုဘဲ ငါ့ရဲ့လက်ရှိခွန်အားက နည်းနည်းတော့တိုးတက်လာပြီ။"

အိမ်ပြန်ရောက်သောအခါ ကျိယွမ်က ရေပူဖြင့် ချိုးလိုက်၏။

လေ့ကျင့်ရေးခန်းမတွင် ချွေးများစွာ ထွက်ခဲ့ပြီး တစ်ကိုယ်လုံး ပူနေသည်မဟုတ်ပါလား။

"ဒီလိုကျင့်ကြံမှုမျိုးက... သွေးနဲ့ ဆက်စပ်နေပုံရတယ်။"

ကျိယွမ်က ယနေ့လေ့ကျင့်ခဲ့စဥ်အတွင်း

ထူးခြားမှုများကို ပြန်သုံးသပ်နေ၏။

သိုင်းပညာ လေ့ကျင့်နေစဉ် သူ၏ မျက်လုံးများသည် ဖုံးကွယ်ထားသောသတင်းအချက်အလက်အချို့ကို ရရှိခဲ့ပြီး သူ၏သွေးများ၌ ပြောင်းလဲမှုအချို့ ရှိနေပုံရသည်။

သို့သော် သူ၏လက်ရှိခွန်အားကြောင့် အများကြီး မမြင်နိုင်သေးသလို၊မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပျက်နေသလဲ ဆိုတာကိုလည်း မသေချာသေးပါ။

"ငါ့ရဲ့ ကျင့်ကြံမှုစွမ်းအားကို အမြန်မြှင့်တင်ဖို့ လိုနေပြီ..."

ကျိယွမ်က သက်ပြင်းချလိုက်သည်။

သူသည် လက်ရှိ၌ အလွန်အားနည်းနေပြီး ကိစ္စတော်တော်များများကို မည်မည်ရရ မလုပ်ဆောင်နိုင်သေးပါ။

သို့သော် ကျင့်ကြံမှုကို အရှိန်မြှင့်ရန်အတွက်က ကုန်ကြမ်းများ ဝယ်ယူရန် ငွေလိုအပ်ပြန်၏။

"ငါ အပြင်ထွက်ပြီး ဆရာဝန်အဖြစ် ဆိုင်ဖွင့်ရမလား"

ကျိယွမ်က ကြံမိကြံရာ စဥ်းစားလိုက်သည်။

သူ၏ မျက်စိအစွမ်းနှင့် ဗဟုသုတများအရဆိုလျှင် သူသည် ဆရာဝန်အဖြစ် လုပ်ဆောင်နိုင်မှာ သေချာ၏။

ဤကမ္ဘာ၏ ရောဂါများကို သူ နားမလည်သော်လည်း အရာအားလုံးကို ကျောက်ကပ်အားနည်းရောဂဟုသတ်မှတ်ပြီး သူ၏ နည်းစနစ်များဖြင့် ကုသပေးနိုင်သည် ။ ပြဿနာ လုံးဝမရှိပါ။

"ငါ့ရဲ့ ကျင့်စဥ်လေးများ ရောင်းထွက်ပြီလားဆိုတာ အရင်ကြည့်ရအောင်။"

ထိုသို့တွေးပြီး ကျိယွမ်သည် သူ၏ အကောင့်ထဲသို့ ဝင်လိုက်၏။

"ဟင်.. တစ်ယောက်ယောက်က လက်ဆောင်ပေးထားတာပဲ"

ကျိယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။

သူ့ကို စာပို့ချင်သူတိုင်းသည် အနည်းဆုံး ငွေတစ်သောင်း တိုက်ရိုက်ပေးရမည်ဟု သူ သတ်မှတ်ထားသည်။

သူ့ကို အံ့သြစေသည်မှာ တစ်စုံတစ်ယောက်က အမှန်တကယ်ပင် ငွေတစ်သောင်းပေးထားခြင်းပင်။

"ဒီလောကမှာ တကယ်ပဲ ချမ်းသာတဲ့လူအတွေ ရှိတာပဲ"

ကျိယွမ် ဝမ်းသာသွားသည်။

ဒါက စီးပွားရေး အရောင်းအဝယ်တစ်ခုပဲ မဟုတ်လား။

သို့သော် သူ၏အကောင့်လက်ကျန်တွင် ငွေငါးထောင်တည်းသာ ထပ်တိုးလာသည်ကို မြင်ရသောအခါ ကျိယွမ် အနည်းငယ် စိတ်ပျက်သွားသည်။

"သူတို့က လက်ဆောင်တွေရဲ့ တစ်ဝက်ကို ဖြတ်ယူထားတာပေါ့။ ဒီပလပ်ဖောင်းက အရမ်းလောဘကြီးတာပဲ။"

ညည်းညူပြီးနောက် ကျိယွမ်သည် စကားပြောခန်းကို ဖွင့်လိုက်ရာ မက်ဆေ့ချ်တစ်ခုကို တွေ့ရသည်။

"ကျင့်စဥ်ကို ငွေတစ်သန်းနဲ့ ရောင်းမလား။"

"ကိုးဆယ့်ကိုးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင့် ကိုးရာ။ ဈေးမဆစ်ရ။ မင်း ဈေးဆစ်ချင်ရင် ငါနဲ့စီးပွားရေး မလုပ်နဲ့"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ထိုဈေးနှုန်းလောက်ဆိုလျှင် သင့်တော်ပြီး သူအရှုံးမရှိနိုင်ဟု ခံစားရ၏။

ကန်းလန်နယ်မြေတွင်သာဆိုလျှင် စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်းပေါက်ကွဲကျင့်စဥ်သည် ပြီးပြည့်စုံသွားပါက ဂိုဏ်းတစ်ခု၏ ရတနာ ကျင့်စဥ်ပင်ဖြစ်လာနိုင်သည်။

သာမန် ထိပ်တန်းကောင်းကင်အဆင့် ကျင့်စဥ်ပင်လျှင် ၎င်းနှင့် ယှဉ်နိုင်မည် မဟုတ်ပါ။

"ဗီဒီယိုကောလ် ပြောလို့ရမလား။"

မကြာခင်မှာပင် တစ်ဖက်လူက နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လာသည်။

"ဗီဒီယိုကောလ် ပြောဖို့ဆိုရင် မင်း ငါ့ကို အဆက်အသွယ်အဖြစ် ထည့်ရမယ်၊ အဲဒါအတွက် ငွေတစ်သိန်း လက်ဆောင်ပေးဖို့ လိုတယ်"

ကျိယွမ်က စည်းကမ်းချက်ကို ပြန်ပြော၏။

သူက အကြောင်းပြချက်မရှိဘဲ သူစိမ်းတစ်ယောက်နှင့် ဗီဒီယိုကောလ် မပြောချင်ပါ။ပြောနေစရာလည်း မလိုပေ။

တစ်ချိန်တည်းတွင် ယွဲ့လန်နိုင်ငံ၏ နယ်စပ်မြို့လေးတစ်ခုတွင် ဂျာကင်အနက်ရောင် ဝတ်ထားသော အမျိုးသားတစ်ဦးသည် တစ်ခုခုကို စဉ်းစားရင်း မျက်မှောင်ကြုတ်နေသည်။

သူ့ဘေးတွင် လက်တိုဝတ်ထားသော လူငယ်တစ်ဦးက ဒေါသတကြီး အမူအရာဖြင့် ရှိနေ၏။

"ဒီကောင်က လူလိမ်ဖြစ်ရမယ်။ ဒီနည်းနဲ့ ငွေတစ်သိန်း လိုချင်နေတာလား။ သူက ကျွန်တော်တို့ကို အ တယ်လို့ ထင်နေတာလား။ ကျင့်စဥ်ရဲ့ နောက်ဆက်တွဲက ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော် လောင်းရဲတယ်။ ပြီးတော့ မသေမျိုးကျင့်ကြံခြင်းဆိုတာက..... အဓိပ္ပာယ်မရှိတာပဲ။"

လက်တိုဝတ်ထားသော လူငယ်သည် သူ၏စကားအဆုံး၌ သူဌေးကို ခိုးကြည့်လိုက်ပြီး သူဌေးက အလေးအနက် စဉ်းစားနေသည်ကို မြင်သောအခါ ထပ်မပြောရဲတော့ပါ။

ဂျာကင်အနက်နှင့် အမျိုးသားသည် စားပွဲပေါ်တွင် သူ၏လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်ရင်း စဉ်းစားခန်း ဝင်နေ၏။

"ငါ့မှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အကုန်ရှိတယ်။ သူသာ ငါ့ကို လိမ်ရဲရင်... ငါတို့ ချင်းယွမ်အထိ သွားပြီး သူ့ကို ခေါ်လာခဲ့ရုံပဲ"

ဂျာကင်အနက်နှင့် အမျိုးသားက ယုံကြည်မှုရှိရှိ ပြောသည်။

သူ၏ အထောက်အထားသည် သာမန်မဟုတ်ပေ။ သူသည် လက်နက်မှောင်ခိုသမားတစ်ဦး ဖြစ်ပြီး

အသက်နှင့်ရင်းကာ အလုပ်လုပ်နေသူဖြစ်၏။ထို့ကြောင့် သူလိုလူမျိုးကအလိမ်ခံရမှာကို မကြောက်ပါ။

ထို့အပြင်... ငွေတစ်သိန်းဆိုသည်ကလည်း ဘာမှအရေးမပါပေ။

"လွှဲပေးလိုက်။"

တွန့်ဆုတ်မနေဘဲ သူသည် နောက်ထပ် ငွေတစ်သိန်းကို လက်ဆောင်ပေးလိုက်သည်။

လက်ဆောင်ပေးပြီးနောက် သူသည် လက်တိုဝတ် လူငယ်ကို တစ်ချက်ကြည့်လိုက်ရာ လူငယ်က သူဌေး၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပြီး စားပွဲပေါ်တွင် စနိုက်ပါရိုင်ဖယ် အကြီးစားတစ်ခုကို တင်လိုက်သည်။

ဂျာကင်အနက်နှင့် အမျိုးသားသည် ရောင်းသူကို ခြောက်လှန့်ရန် ဤအရာများကို အသုံးပြုလိုကြောင်း သူသဘောပေါက်လေ၏။

ခဏအကြာတွင် ဗီဒီယိုကောလ် ချိတ်ဆက်သွားသည်။

ဂျာကင်အနက်နှင့် အမျိုးသားသည် ရှပ်အင်္ကျီဝတ်ထားသော ကျိယွမ်ကို ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်မှ ကျိယွမ်၏ ပျင်းရိပျင်းတွဲ အသံကို ကြားလိုက်ရ၏။

"ငါးမိနစ်ပဲ။ မင်း ငါးမိနစ်အတွင်း ဝယ်ဖို့ မဆုံးဖြတ်ရင် ငါအရောင်းအဝယ်မလုပ်တော့ဘူး။"

ကျိယွမ်၏ စကားကြောင့် ဂျာကင်အနက်နှင့် အမျိုးသား အံ့အားသင့်သွားပြီး ပြောမည့်စကားများပင် ဆွံ့အသွားသည်။

သို့သော် ဂျာကင်အနက်နှင့် အမျိုးသားသည် ဒေါသမထွက်ပါ။ ယင်းအစား စားပွဲပေါ်ရှိ စနိုက်ပါရိုင်ဖယ်ကို အသာအယာ ဟန်ပါပါ ပွတ်သပ်လိုက်ပြီး အလွန်တည်ငြိမ်စွာ စကားဆို၏။

"ငါးမိနစ်ကို ငွေတစ်သိန်းလား။ မစ္စတာကျိရဲ့အချိန်က တကယ် တန်ဖိုးရှိတာပဲ။"

ကျိယွမ်သည် သူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားသွားသည်ကို မအံ့သြပါ။

အွန်လိုင်းပေါ်မှ အချက်အလက်များသည် ဆန်ခါတစ်ခုကဲ့သို့ပင်။ အလွန်ချမ်းသာပြီး အာဏာရှိသူများကို မဆိုထားနှင့်၊ အရာရှိငယ်လေးတစ်ယောက်ကပင် သင်၏ အချက်အလက်များကို တူးဖော်နိုင်၏။

လွန်ခဲ့သော လအနည်းငယ်က ချင်းယွမ်မှ အရာရှိငယ်တစ်ဦးသည်သူတစ်ပါး၏အထောက်အထားကို စွန့်လွှတ်ရန် အွန်လိုင်းတွင် ခြိမ်းခြောက်ခဲ့သဖြင့် သတင်းခေါင်းကြီးပိုင်းတွင် ပါခဲ့ဖူးသည်။

"ငါကတောင် ရှုံးသေးတယ်"

ကျိယွမ်က အမှန်အတိုင်း ပြန်ပြောလိုက်ခြင်းပင် ။ သို့သော်လည်း သူ၏စကားက အခြားသူများနားထဲတွင် ရွဲ့ပြောနေသလိုရှိ၏။

ကန်းလန်လောကမှာသာဆိုလျှင် ကျိယွမ်ထံမှ ငါးမိနစ်စာ လမ်းညွှန်မှုကို ရရှိသော မည်သည့်ကျင့်ကြံသူမဆို များစွာအကျိုးရှိမည်ဖြစ်ပြီး အဆင့်မြင့်နယ်ပယ်တစ်ခုသို့ပင် တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်သည်။

အထက်ဘုံမှလာသော ရှီးချုံရှန်းက သာဓကပင်မဟုတ်ပါလား။

ဂျာကင်အနက်နှင့် အမျိုးသားသည် ကျိယွမ်၏ နုပျိုသောမျက်နှာကို ကြည့်ကာ ရှုပ်ထွေးသောအမူအရာဖြင့် စဥ်းစားနေ၏။

သူသည် ဤမျှ ကိုင်တွယ်ရခက်သောသူနှင့် တစ်ခါမျှ မတွေ့ဖူးပါ။

သူ ရှာဖွေတွေ့ရှိထားသော သတင်းအချက်အလက်များအရ တစ်ဖက်လူတွင် စိတ်ကျန်းမာရေးပြဿနာ ရှိနိုင်သည်ဟု ဆိုသော်လည်း ကျိယွမ်၏ ယုံကြည်မှုရှိပြီး ပေါ့ပေါ့ပါးပါး အမူအရာသည် စိတ်မနှံ့သူတစ်ဦးနှင့် လည်း တူမနေချေ။

"'စူပါပြိုင်ဘက်ကင်း ကမ္ဘာတုန်ဟည်းပေါက်ကွဲကျင့်စဥ်ရဲ့ နောက်ဆက်တွဲ... မင်း ငါ့ကို နည်းနည်းပိုပြနိုင်မလား။

ဘာပဲပြောပြော ဒါက ငွေသန်းတစ်ရာတန် အရောင်းအဝယ်တစ်ခုလေ။ ဒီလောက်ကြီးမားတဲ့ အရောင်းအဝယ်ကို သေချာစဉ်းစားဖို့ လိုတယ်မှတ်လား"

ဂျာကင်အနက်နှင့် အမျိုးသားသည် စနိုက်ပါရိုင်ဖယ်ကို အောက်သို့ ချလိုက်သည်။

ကျိယွမ်၏ မျက်လုံးထဲတွင် ထိုရိုင်ဖယ်သည် မရှိသကဲ့သို့ ဖြစ်နေသည်ကို သူ သတိပြုမိ၏။

အဘယ့်ကြောင့်မသိသော်လည်း သာမန်လူတစ်ယောက်ဖြစ်သော ကျိယွမ်ကို ရင်ဆိုင်ရသည်မှာ နိုင်ငံငယ်လေးများ၏ အကြီးအကဲများကို ရင်ဆိုင်ရသည်ထက် ပို၍ စိတ်မသက်မသာဖြစ်သလို ခံစားရသည်။

"သန်းတစ်ရာက ကြီးမားတဲ့ ကိစ္စလား။ တချို့လူတွေက သန်းတစ်ရာကို ရည်မှန်းချက်အသေးလေးတွေအဖြစ် သတ်မှတ်ထားတယ်လို့ ငါ ကြားဖူးတယ်။"

"မင်း ဒီကျင့်စဥ်ကို မဝယ်ချင်ရင်လည်း ထားလိုက်တော့။ ဒါပေမဲ့ နောက်ဆိုရင် ငါက ရောင်းချင်မှ ရောင်းတော့မှာ။

ဒီလို အခွင့်အရေးက တစ်ခါပဲ လာတာ၊ ဒါကြောင့် မင်း အမိအရ ဖမ်းဆုပ်ထားသင့်တယ်"

ကျိယွမ်၏ အမူအယာ အလွန်ပေါ့ပါး၏။ စကားစပြောချိန်မှ ယခုအချိန်ထိ အထက်စီးကချည်း ပြောနေသည်။

သူ ငွေလိုအပ်သော်လည်း အရာရာကို သူ၏ နည်းလမ်းအတိုင်းသာ လုပ်ချင်၏။ အလွန်အမင်း ဒုက္ခများမည်ဆိုလျှင် သူ မရောင်းပါ။

ကျင့်ကြံသူများအတွက် ငွေရှာခြင်းမှာ လွယ်ကူသည်မဟုတ်ပါလား။

ဒါ့အပြင် သူ့တွင် တစ်နှစ်စာ မှတ်ဉာဏ်များ ရှိနေသေးသည်။

အဆိုးဆုံးဖြစ်သွားလျှင် ထီလက်မှတ်တချို့ ဝယ်လိုက်ခြင်းမျိုးကလည်း မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ဂျာကင်အနက်နှင့် အမျိုးသားသည် ကျိယွမ်ကို ကြည့်ကာ စိတ်ထဲတွင် အတွေးအမျိုးမျိုး ဝင်နေသည်။

သန်းတစ်ရာသည် ပမာဏနည်းသည်မဟုတ်ပါ၊ သူပင်လျှင် အထိနာနိုင်သော ပမာဏဖြစ်၏။

ဒါကသာ... ထောင်ချောက်တစ်ခု ဖြစ်နေရင်ရော။

သူ့ကို ဖမ်းဆီးရမလားဆိုသည်ကို သူ တွန့်ဆုတ်နေပြီး ပဋိပက္ခ ဖြစ်နေသည်။

သူ့ဘေးမှ လက်တိုဝတ်လူငယ်ကတော့ သိသိသာသာစိတ်ပူပန်နေပုံရ၏။

ကျိယွမ်သည် လူလိမ်တစ်ယောက်သာ ဖြစ်သည်ဟု သူ ခံစားရသည်။

သို့သော် သူဌေးက ဘာမှမပြောသဖြင့် သူလည်း ဝင်မပြောရဲပါ။

ထိုအချိန်တွင် ကျိယွမ်က ရုတ်တရက် ပြောလိုက်သည်။

"မင်း ယွဲ့လန်နိုင်ငံမှာ ရှိနေတာ မဟုတ်လား။ ငါက ယွဲ့လန်နိုင်ငံမှာပဲ ရှိတဲ့ ကွမ်းချင်းမြက်ပင်ကို လိုအပ်နေတာ။ မင်း ငါ့ရဲ့ ကျင့်စဥ်ကို ဝယ်မယ်ဆိုရင် ငါတို့ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတောင် ရှိနိုင်သေးတယ်။"

"မင်းတို့ယွဲ့လန်နိုင်ငံမှာ ချင်းယွမ်နိုင်ငံမှာမရှိတဲ့ အထူးဆေးပင်တချို့ ရှိတယ်။ မင်း ငါ့ကို အဲဒါတွေ သယ်ပေးလို့ ရတယ်။ အခကြေးငွေအနေနဲ့ ငါ မင်းကို ငွေပေးနိုင်သလို ဆေးရည်တွေနဲ့ ဆေးလုံးတွေလည်း ပေးနိုင်တယ်... အဲဒါတွေက ကျင့်ကြံခြင်းမှာ ကူညီပေးနိုင်လိမ့်မယ်။"

ကွမ်းချင်းမြက်လား။

ဂျာကင်အနက်နှင့် အမျိုးသား အံ့အားသင့်သွားပြီး စားပွဲပေါ်ရှိ ပန်းအိုးထဲက အပင်ကို ကြည့်လိုက်သည်။

ကျိယွမ်က အဲဒါကို ဘယ်လို သိတာလဲ။

သူ စုဆောင်းထားသော သတင်းတွေအရ ကျိယွမ်က ချင်းယွမ်နိုင်ငံက သာမန်နိုင်ငံသား တစ်ယောက်ဖြစ်သည်။

ကွမ်းချင်းမြက်အကြောင်းကို ယွဲ့လန်နိုင်ငံက ရွေးချယ်ခံရသူ အနည်းငယ်သာ သိကြသည်။

သူက ဒီလိုမျိုး လူသိနည်းတဲ့အရာကို ဘယ်လိုလုပ် သိနေတာလဲ။

----------------

All Chapters