← Chapters

ချီသန့်စင်ခြင်း တတိယအဆင့်

Vol. 25 Ch. 285

ချီသန့်စင်ခြင်း တတိယအဆင့်

Vol. 25 Ch. 285

အနက်ရောင်ဂျာကင်ဝတ်ထားသော အမျိုးသားသည် စားပွဲပေါ်ရှိ ပန်းအိုးထဲမှ ခွန်ချင်းမြက်ပင်ကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးများမှာ အတွေးနက်နေကြသည်။

နောက်ဆုံးတွင် သူကဆုံးဖြတ်ချက်ချလိုက်၏။

"လူချင်းကိုယ်တိုင်တွေ့ဆုံလို့ ရမလား"

သန်းရာနှင့်ချီတန်သော အရောင်းအဝယ်တစ်ခုကို တစ်ဖက်လူနှင့် မတွေ့ဆုံဘဲ မလုပ်ဆောင်နိုင်ပါ၊ ထိုသို့လုပ်ဆောင်ပါက သူ စိတ်အေးရမည်မဟုတ်ပေ။

ကျိယွမ် သေဆုံးသွားခြင်းမှာ ကိစ္စအသေးအမွှားဖြစ်နိုင်သော်လည်း သန်း တစ်ရာဆုံးရှုံးရခြင်းကတော့ သူ့အတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်ပါလိမ့်မည်။

"မြန်မြန်လုပ်ပါ၊ငါက အရမ်းအလုပ်များတယ်"

ကျိယွမ်က သဘောတူသလိုခေါင်းညိတ်သော်လည်း အချိန်အကြာကြီးတော့ စောင့်နေရန် စိတ်ကူးမရှိပါ။

နောက်ထပ် အချိန်သိပ်မကြာမီတွင် သူ၏ကျင့်ကြံဆင့်မှာ ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိသွားပါက သန်းတစ်ရာဆိုသည်မှာ သူ့အတွက် စိတ်ဝင်စားစရာပင် ဖြစ်တော့မည်မဟုတ်ပါ။

"နောက်နှစ်ရက်နေရင် ထျန်းယွဲ့မြို့က ဟိုင်ရှင်းယာအပျော်စီးသင်္ဘောပေါ်မှာ တွေ့ကြရင် ဘယ်လိုလဲ"

အနက်ရောင်ဂျာကင်ဝတ်အမျိုးသားက အစမ်းသဘောဖြင့် အကြံပြုလိုက်သည်။

နောက်နှစ်ရက်အတွင်း ဇိမ်ခံအပျော်စီးသင်္ဘော ဟိုင်ရှင်းယာသည် ထျန်းယွဲ့မြို့တွင် သုံးရက်ကြာ ဆိုက်ကပ်မည်ဖြစ်သည်။ ထိုအတောအတွင်း သင်္ဘောကို ရိက္ခာဖြည့်တင်းမည်ဖြစ်ပြီး လူမှုရေးအသိုင်းအဝိုင်းမှ အထက်တန်းလွှာများကို ဖိတ်ကြား၍ တည်ခင်းဧည့်ခံပွဲတစ်ခု ကျင်းပလိမ့်မည်။

"အင်း... လက်မှတ်ခနဲ့ သွားလာရေးစရိတ်ကို မင်းဘက်က အကုန်အကျခံပါ"

ကျိယွမ်က သဘောတူလိုက်သည်။

အခွင့်သာတုန်း အလကားကျွေးသည့် ထမင်းကို သွားစားရမည် မဟုတ်ပါလား။

"မနက်ဖြန် ဖိတ်စာပို့ပေးပါ့မယ်၊ သန်ဘက်ခါကျရင် ဒရိုင်ဘာတစ်ယောက် လာကြိုပါလိမ့်မယ်"

အနက်ရောင်ဂျာကင်ဝတ်အမျိုးသားက အတွေ့အကြုံရှိသူပီပီ စနစ်တကျ စီစဉ်လိုက်သည်။

ထို့အပြင် သူ၏အာဏာကို ပြသသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

"ရုတ်ရုတ် ရုတ်ရုတ်တော့မလုပ်နဲ့ မင်းရဲ့ လိပ်စာအပါအဝင် အချက်အလက်အားလုံးကို ငါသိတယ်" ဟု သူက ကျိယွမ်ကို ပြောလိုက်ခြင်းပင်။

"ကောင်းပြီလေ ။ ဪ... ခွန်ချင်းမြက်တွေ များများပိုယူလာခဲ့ပါ၊ ငါလိုအပ်နေလို့"

ကျိယွမ်က အနက်ရောင်ဂျာကင်ဝတ်အမျိုးသားကို ကြည့်ပြီး ထပ်ပြောလိုက်ပြန်၏။

"မင်း တတ်နိုင်ရင် တခြားပစ္စည်းတချို့လည်း စုပေးပါဦး။ ကုန်ကျစရိတ်ကို ငါ့တို့ အရောင်းအဝယ်ထဲကနေ နုတ်လိုက်ပေါ့။"

"နေဦး..အရေးကြီးတာကျန်သေးတယ် ၊ အရောင်းအဝယ်ပမာဏက အခွန်ဆောင်ပြီးသား အသားတင်ပမာဏ ဖြစ်ရမယ်။"

သူလိုအပ်သည့် ပစ္စည်းစာရင်းကို ပေးပြီးနောက် ကျိယွမ်သည် ဗီဒီယိုကောကို ပိတ်လိုက်သည်။

နယ်စပ်မြို့လေးတွင်တော့ အနက်ရောင်ဂျာကင်ဝတ်အမျိုးသားသည် မျက်နှာပျက်လျက် ကျန်နေခဲ့သည်။

ယခု စကားပြောဆိုမှုမှ ရရှိသော အသုံးဝင်သည့် အချက်အလက်မှာ အလွန်နည်းပါးပြီး အခွင့်အရေးမှာ တစ်ဖက်လူ၏ လက်ထဲတွင်သာ ရှိနေခြင်းက သူ့ကိုမသက်မသာခံစားရစေ၏။

ဆိုရိုးစကားအတိုင်းဆိုလျှင် ဝယ်သူသည် အရှင်သခင်မဟုတ်ပါလား။

သို့သော် ယခုအရောင်းအဝယ်၌ ရောင်းသူကျိယွမ်ဆိုသူကသာ အရှင်သခင်ဖြစ်နေသလို သူ ခံစားနေရသည်။

ထိုသို့သော အေးအေးဆေးဆေးရှိပြီး ယုံကြည်မှုအပြည့်ရှိသော အမူအရာမျိုးမှာ သာမန်လူတစ်ယောက် ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

လက်နက်ကုန်သည်တစ်ဦးအနေဖြင့် အနက်ရောင်ဂျာကင်ဝတ်အမျိုးသားတွင် လက်နက်ကိုင်နောက်လိုက်များစွာ ရှိသည်။ လူသတ်ဖူးသလို လူမျိုးစုံနှင့်လည်း တွေ့ဖူးသော်လည်း ကျိယွမ်ကဲ့သို့ လူစားမျိုးကိုမူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

လက်တိုအင်္ကျီဝတ်ထားသော လူငယ်ကတော့ အလွန်မကျေမနပ် ဖြစ်နေသည်။

"ဒီကျိယွမ်က အရမ်းရိုင်းတာပဲ၊ မျက်နှာကို နည်းနည်းလေးမှ မထောက်ဘူး။ ဒါ သန်းရာချီတန်တဲ့ အရောင်းအဝယ်လေ"

ကျိယွမ်၏ ပေါ့ပျက်ကာ အထက်စီးဆန်သောအမူအရာကြောင့် ထိုလူငယ်မှာ အတော်လေး စိတ်ပျက်နေ၏။

"အာကျိ.. သူ ခုနက ပြောသွားတဲ့ ပစ္စည်းတွေကို ပြင်ဆင်ထားဖို့ မှတ်ထားလိုက်"

အနက်ရောင်ဂျာကင်ဝတ်အမျိုးသားက တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။

လူငယ်အာကျိမှာ အံ့အားသင့်သွား၏။

"ဆရာက တကယ်ပဲစုပေးရမှာလား"

"အင်း... ငါတို့သာ အောင်အောင်မြင်မြင် တွေ့ဆုံနိုင်ရင် ဒီအရောင်းအဝယ်က... ဖြစ်ဖို့များတယ်"

အနက်ရောင်ဂျာကင်ဝတ်အမျိုးသားက သူကိုယ်သူ ကောင်းကောင်းသိသည်။

ယခု သူ စိတ်ဝင်စားသွားပြီဖြစ်၍ အရောင်းအဝယ်မှာ အမှန်တကယ် ဖြစ်မြောက်သွားပါလိမ့်မည်။

တွေ့ဆုံသည့်အချိန်တွင် တစ်ဖက်လူက ကြီးမားသောအမှားတစ်ခု မကျူးလွန်သရွေ့ပေါ့။

သို့သော် ချီယွမ်သည် ဗီဒီယိုကောကို အပြစ်ပြောစရာမရှိအောင် ကိုင်တွယ်ခဲ့သဖြင့် လူချင်းတွေ့သည့်အခါတွင်လည်း ကြီးမားသောအမှားမျိုး ကျူးလွန်လိမ့်မည် မဟုတ်ပါ။

"ကျွန်တော်တို့ တကယ်ပဲ ဒါကို လုပ်မှာလား"

အာကျိက တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း မေးလိုက်သည်။

ဒါသည် ချင်ယွမ်ငွေ သန်းတစ်ရာ မဟုတ်ပါလား။

ထို့အပြင် အခွန်ဆောင်ပြီးသား အသားတင်ပမာဏလည်း ဖြစ်သည်။

သူ့တွင်သာ ထိုမျှလောက် ငွေရှိပါက ဤအလုပ်မှ ထွက်ပြီး ဘဝကို အေးအေးဆေးဆေး ပျော်ပျော်ပါးပါး ဖြတ်သန်းမိပေလိမ့်မည်။

"ဟုတ်တယ်၊ ငါတို့ လုပ်မယ်"

အနက်ရောင်ဂျာကင်ဝတ်အမျိုးသား၏ အမူအယာက ပြတ်သား၏။

အာကျိသည် တစ်ခုခုကို နားလည်သွားပုံရပြီး သူက မျက်ခုံးပင့်ကာ တိုးတိုးမေးလိုက်သည်။

"ကိစ္စပြီးရင် ဟိုင်ရှင်းယာပေါ်မှာ လူတချို့ လွှတ်ပြီး... သူ့ကို ရှင်းပစ်ဖို့ စီစဉ်ရမလား"

"မင်း ဘာတွေ တွေးနေတာလဲ။ ဒါက တရားဝင် စီးပွားရေး အရောင်းအဝယ်လေ"

"စီးပွားရေးလုပ်ရင် ယုံကြည်မှု ရှိရမယ်"

အနက်ရောင်ဂျာကင်ဝတ်အမျိုးသားက အာကျိကို စိုက်ကြည့်ရင်း ငေါက်လိုက်သည်။

အာကျိ၏ ဆိုလိုရင်းဖြစ်သော လိမ်လည်လှည့်ဖြားရန် ကြိုးစားမှုကို သူ နားလည်၏။သူတို့လောကတွင် ထိုကိစ္စများက အဆန်းမဟုတ်ပါ။

သို့သော် မသေမျိုးကျင့်စဉ်တစ်ခုနှင့် ပတ်သက်သည့် အရောင်းအဝယ်တွင် မည်သို့ လိမ်လည်လှည့်ဖြား၍ ရပါမည်နည်း။

အကယ်၍ ထိုကျင့်စဉ်သာ အစစ်အမှန်ဖြစ်ပါက တစ်ဖက်လူသည် အမှန်တကယ်ပင် မသေမျိုးကျင့်စဉ်ကို ကျင့်ကြံနေသူဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

ဒဏ္ဍာရီထဲက မသေမျိုးကျင့်ကြံသူတွေကို ငွေလေးသန်းတစ်ရာနဲ့ လိမ်မလို့လား။

............

"ပစ္စည်းကို ကြိုတင်မှာယူထားပြီးပါပြီ၊ လောလောဆယ် သီးသန့်စာတိုတွေကို ငြင်းပယ်ထားပါတယ်။ ဆုကြေးငွေတွေ မပေးပါနဲ့တော့၊ပေးမိရင်လည်း ပြန်အမ်းမှာ မဟုတ်ပါဘူး။"

ကျိယွမ်သည် ခဏမျှစဉ်းစားပြီး သူ၏ဗီဒီယိုအောက်တွင် မှတ်ချက်တစ်ခုရေးကာ ထိပ်ဆုံးတွင် ပင် (pin) ထားလိုက်သည်။

ထို့နောက် လိုင်းပေါ်ဆင်းရန်ပြင်လိုက်၏။

"ကျိယွမ်၊ ဒါ ငါတို့ မင်ဝူအဖွဲ့ဝင်တွေရဲ့ ဂရုပဲ။ ငါ မင်းကို ဖိတ်စာပို့ထားတယ်၊ လက်ခံလိုက်ဦး"

ထိုအခိုက် ဒုတိယစီနီယာအစ်ကိုက ဂရုထဲဝင်ရန် လင့်ခ်နှင့်အတူ စာပို့လာသည်။

"ဟုတ်ကဲ့၊ ဒုက္ခပေးမိတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒုတိယစီနီယာအစ်ကို။"

ကျိယွမ်သည် မင်ဝူစုဝေးရာနေရာဟု အမည်ရသော ဂရုထဲသို့ ဝင်လိုက်သည်။

ဂရုထဲတွင် အဖွဲ့ဝင် သုံးရာကျော်ရှိနေပြီး မနည်းလှသောပမာဏပင်။

ဂရုထဲဝင်ပြီးသော်လည်း ကျိယွမ်သည် စာမရိုက်သေးဘဲ အခြားသူများ၏စာများကိုသာ ဖတ်နေလိုက်သည်။

"ဟူး... လျှို့ဝှက်ပစ္စည်းတွေက အရမ်းဈေးကြီးတာပဲ၊ ကျွန်မ မဝယ်နိုင်တော့ဘူး"

ရှောင်ယွိ အမည်ရှိ အမျိုးသမီးအဖွဲ့ဝင်တစ်ဦးက ဂရုထဲတွင် ညည်းညူနေသည်။

"ညီမလေး ငါးလေးရာ၊ မင်းရဲ့ယောက်ျားက အသက်ထွက်တော့မှာပဲကို၊ သောင်းဂဏန်းလောက်ရှိတဲ့ လျှို့ဝှက်ပစ္စည်းတွေအတွက် စိုးရိမ်နေတုန်းလား"

အခြားအဖွဲ့ဝင်တစ်ဦးက ရယ်မောရင်း စနောက်၏။

"အမွေအများစုက သူ့သားတွေဆီ ရောက်မှာလေ၊ ကျွန်မက အစအနလေးပဲ ရမှာ"

ရှောင်ယွိကလည်း ညည်းညူသည်။

"မဆိုးပါဘူး၊ သုံးနှစ်အတွင်းမှာ ဘီလီယံချီတန်တဲ့ အမွေကို ရတာပဲ။ မနာလိုလိုက်တာ"

"ဆရာ၊ လျှို့ဝှက်ပစ္စည်းတွေကို ဈေးလျှော့ပေးလို့ ရမလား။ အရမ်းဈေးကြီးလို့ ကျွန်မတို့ မဝယ်နိုင်ကြတော့ဘူး" ဟု

ရှောင်ယွိက ဂရုထဲတွင် ငိုကြွေးပြလိုက်သည်။

အခြားအဖွဲ့ဝင်အနည်းငယ်ကလည်း

သဘောတူစွာ ဝိုင်းပြောကြ၏။

"ဈေးလျှော့ပေးပါ၊ မဝယ်နိုင်တော့လို့"

"အတွင်းခံတောင် မဝယ်နိုင်တော့တဲ့အထိ မွဲနေပါပြီ"

ဂရုထဲက စာတွေကို ဖတ်ရင်း ကျိယွမ်က "လျှို့ဝှက်ပစ္စည်းဆိုတာ ဘာလဲ" ဟု မမေးဘဲ မနေနိုင်ဖြစ်သွားသည်။

ကျိယွမ်သည် နားမလည်သောအရာကို တွေ့လျှင် ချက်ချင်းမေးလေ့ရှိသည့် အလေ့အကျင့်ကောင်းလေး ရှိနေ၏။

"ညီလေး၊ မင်းက အသစ်လား။ သိုင်းပညာရှင်တွေ ပိုမြင့်တဲ့အဆင့်ကို တက်ဖို့ဆိုရင် လျှို့ဝှက်ပစ္စည်းတွေ လိုအပ်တယ်။"

"ဒါနဲ့ လျှို့ဝှက်ပစ္စည်းတွေကို မျိုးရိုးဗီဇဆေးတွေနဲ့တော့ မမှားပါနဲ့။ လျှို့ဝှက်ပစ္စည်းတွေက သဘာဝအတိုင်း ရတာတွေပါ"

ကူညီတတ်သော အဖွဲ့ဝင်တစ်ဦးက စေတနာပါပါ ရှင်းပြလိုက်သည်။

"ဘယ်အဆင့်ရောက်ရင် လျှို့ဝှက်ပစ္စည်းတွေ လိုတာလဲ"

ကျိယွမ်က ထပ်မေးလိုက်၏။

‘မင်ဝူတုန်ခါလက်သီးကို သတ္တမအဆင့်အထိ ကျင့်ပြီးသွားရင် ရှေ့ဆက်တိုးဖို့ လျှို့ဝှက်ပစ္စည်းတွေ လိုလာလိမ့်မယ်။"

"ပုံမှန်အားဖြင့်တော့ မင်ဝူတုန်ခါမှုလက်သီးကို သုံးလေးနှစ်လောက် ကျင့်ထားတဲ့ စီနီယာတွေမှ သူတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ လျှို့ဝှက်ပစ္စည်းတွေကို စတင်အသုံးပြုကြတာပါ"

ကူညီတတ်သော စီနီယာအစ်ကိုကြီးက ဆက်ရှင်းပြပေးသည်။

"စီနီယာအစ်ကိုကြီး၊ အဲဒီလောက်ကြာအောင် ကျင့်ထားတာဆိုရင် အစ်ကိုကြီးက အရမ်းသန်မာမှာပဲနော်"

ကျိယွမ်က ဆက်လက်စပ်စုနေ၏။

"အစ်ကိုကြီးလက်နဲ့ ကျည်ဆန်တွေကို ဖမ်းလို့ရလား။"

"အဲ ..အဟမ်း..."

စီနီယာအစ်ကိုကြီးမှာ ခေတ္တမျှ စကားမပြောနိုင်တော့ဘဲရှိပြီးမှ။

"ညီလေး... မင်း နောက်နေတာ ဖြစ်ရမယ်..."

စီနီယာတွေတောင် အဲဒီလောက် မသန်မာဘူးကိုးဟု ကျိယွမ် တွေးလိုက်သည်။

သို့သော် ထိုအတွေးများကိုတော့ ဂရုထဲတွင် ထုတ်မပြောခဲ့ပါ၊ ထိုသို့ပြောခြင်းမှာ အပြောအဆိုမတတ်ရာ ရောက်ပါလိမ့်မည်။

သူသည် ဂရုထဲတွင် ခဏမျှ ဆက်လက်စောင့်ကြည့်နေခဲ့ရာ စာအများစုမှာ လျှို့ဝှက်ပစ္စည်းများ ဈေးကြီးသည့်အကြောင်း ညည်းညူခြင်းများဖြစ်၏။

ဂရုထဲမှ ကျိယွမ် စုဆောင်းရရှိသော အချက်အလက်များအရ သိုင်းပညာ တစ်လတာ ကျင့်ကြံမှုအတွက် သောင်းနှင့်ချီတန်သော လျှို့ဝှက်ပစ္စည်းများ လိုအပ်နိုင်သည်ဟု သိလိုက်ရသည်။

ဒါဆိုရင် တစ်နှစ်ကို သိန်းနဲ့ချီပြီး ကုန်ကျမှာပေါ့။

ချမ်းသာသောသူများသာ သိုင်းပညာ ကိုကျင့်ကြံနိုင်သည်မှာ မဆန်းတော့ပါ။

သာမန်လူများသည် သိုင်းပညာကျင့်ရန် တစ်နှစ်လျှင် သိန်းနှင့်ချီ၍ မည်သို့ အကုန်အကျခံနိုင်ပါမည်နည်း။

"ငါ သတ္တမအဆင့်ကို အမြန်ရောက်အောင်လုပ်ပြီး ဒီလျှို့ဝှက်ပစ္စည်းတွေက ဘာလဲဆိုတာ ကြည့်ရမယ်။"

ကျိယွမ်မှာ ထိုကိစ္စအတော်လေး စပ်စုချင်နေသည်။

လောလောဆယ်တွင် သူသည် မင်ဝူ တုန်ခါလက်သီး၏ ပထမအဆင့်တွင်သာ ရှိသေးပြီး သတ္တမအဆင့်နှင့် တော်တော်လေးအလှမ်းဝေးနေသေး၏။

ထို့အပြင် သိုင်းပညာနှင့် မသေမျိုးလမ်းစဉ်မှာ အလွန်ကွာခြားလေသည်။

ပိုမိုခက်ခဲသော်လည်း မသေမျိုးလမ်းစဉ်တွင် ကျိယွမ်သည် ချီစွမ်းအင်သန့်စင်ခြင်းတတိယအဆင့်(အထွတ်အထိပ်အဆင့်)သို့ ရောက်ရှိနေပြီဖြစ်၏။

အကယ်၍ အရင်းအမြစ်သာ လုံလောက်ပါက ကျိယွမ်သည် အခြေတည်အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်ပေလိမ့်မည်။

သို့သော် ဤကမ္ဘာမှသိုင်းပညာမှာမူ ကွာခြား၏။ ၄င်းက လက်တွေ့လေ့ကျင့်မှုများများလုပ်ရန် လိုအပ်သည်။

ကျင့်ကြံခြင်းလို တရားထိုင်ပြီး နားလည်သဘောပေါက်ရုံဖြင့် မလုံလောက်ပေ။

မင်ဝူတုန်ခါလက်သီးကို လေ့ကျင့်သည့် အကြိမ်တိုင်းတွင် သူ၏တိုးတက်မှုကို အနည်းငယ်စီ ခံစားရသည်။

ဤတိုးတက်မှုသည် ကျွမ်းကျင်မှုတွင်သာမက သူ၏ သိုင်းပညာ ကျင့်ကြံဆ

င့်တွင်လည်း ဖြစ်ပေါ်နေသည်။

"သာမန်လူတွေကတော့... တစ်နေ့ကို အကြိမ်အနည်းငယ်ပဲ လေ့ကျင့်နိုင်ပြီး ဆက်မလုပ်နိုင်ကြတော့ဘူး... ဒါပေမဲ့ ငါကတော့ မတူဘူး၊ ငါက ဆက်တိုက် လေ့ကျင့်နိုင်တယ်"

လိုင်းပေါ်မှဆင်းပြီးနောက် ဧည့်ခန်းထဲတွင် ကျိယွမ်သည် မင်င်ဝူတုန်ခါလက်သီးကို ခဏမျှ ထပ်မံလေ့ကျင့်လိုက်သည်။

လေ့ကျင့်ပြီးနောက် သူ၏ တာအိုကျင့်စဉ်များကို ပြန်လည်ကျင့်ကြံပြန်၏။

"ငါ ခန့်မှန်းရသလောက်တော့ အမြုတေ အဆင့်ကို ရောက်တာနဲ့ ငါ့ရဲ့ ကြယ်အမြုတေပုံရိပ်ယောင်ကို ဒီကို ခေါ်ယူနိုင်လိမ့်မယ်။"

"အခုတော့ ငါက အရမ်းအားနည်းသေးတယ်၊ ဒါကြောင့် သတိထားပြီး နေရမှာပဲ။"

ကျိယွမ်သည် လက်ရှိတွင် သူကိုယ်သူအလွန်သတိထားကာ ထိမ်းထိမ်းသိမ်းသိမ်းနေထိုင်သူအဖြစ် သတ်မှတ်ထားသည်။

ဥပမာအားဖြင့် ကျင့်စဉ်များကို ရောင်းချရန် ဗီဒီယိုများ တင်ခြင်းကိစ္စမျိုးတွင်ဖြစ်သည်။

ဗီဒီယိုအောက်တွင် မနှစ်မျို့စရာမှတ်ချက်များစွာ ရှိနေ၏။ အကယ်၍ ဒါသည် ကန်းလန်လောကတွင်သာ ဖြစ်ပါက ကျိယွမ်သည် အင်တာနက်မှတစ်ဆင့် သူတို့ကို လိုက်လံရှာဖွေပြီး ဆုံးမမှာသေချာ၏။

သို့သော် ယခုမူ သူသည် ချီစွမ်းအင်သန့်စင်ခြင်း တတိယအဆင့်ရှိသေးသော အတွေ့အကြုံမရှိသူတစ်ဦးသာ ဖြစ်သည်။

အင်တာနက်မှတစ်ဆင့် လူတစ်ယောက်ကို လိုက်ရှာဖို့လား။

အရမ်းအလုပ်ရှုပ်ပါလိမ့်မည်။

သူ မလုပ်ချင်ပါ။

အနည်းဆုံးတော့ အမြုတေအဆင့် ရောက်ပြီးမှ လူ့အသိုင်းအဝိုင်းမှ ဆိုးသွမ်းသူများကို ရှင်းလင်းပစ်ရန် စဉ်းစားပါလိမ့်မည်။

လောလောဆယ်တွင် သူသည်ထိုသို့လုပ်ရန် ယုံကြည်ချက်မရှိပါ။

ကျိယွမ်သည် ရေချိုးပြီးနောက် ဆိုဖာပေါ်တွင် သက်သောင့်သက်သာလှဲလျက် တီဗီမှသတင်းများကို ကြည့်နေလိုက်သည်။

"မကြာသေးမီက ရာဇဝတ်ကောင်တွေဟာ မြို့ထဲကို ဝင်ရောက်လာကြပါတယ်။ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ဂရုစိုက်ကြရန် ပြည်သူများကို အကြံပြုအပ်ပါသည်။"

"ချင်းယွမ်၏ ရတနာ၊ ထျန်းမြို့၏ ဆဌမမြောက် မင်းသမီးလေး၏ အရွယ်ရောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ကျင်းပခဲ့၏။ မင်းသမီးလေးအား ဂုဏ်ပြုအပ်ပါသည်။"

"ကန်ရှင်းသည် ယခုနှစ်၏ စိတ်ဝင်စားစရာအကောင်းဆုံး ခေါင်းစဉ်ဖြစ်လာပြီး ကန်ရှင်းသို့ ပြောင်းရွှေ့နေထိုင်လိုသည့် ပြည်သူများ ပိုမိုများပြားလာနေပါသည်။"

"ယွဲ့လန် အစိုးရအဖွဲ့သည် မိုးရေခွန်ကို ကောက်ခံလိုက်သဖြင့် ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြနေကြသည်။"

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက် အမျိုးမျိုးကို သတင်းမှ တစ်ခုပြီးတင်ပြနေ၏။

"ငါမှတ်မိသလောက်ဆိုရင် နောက်နှစ်ရက်နေရင် ဆဌမမင်းသမီး လုပ်ကြံခံရလိမ့်မယ်၊ ပြီးတော့ ယွဲ့လန်မှာ အာဏာသိမ်းမှု ဖြစ်လိမ့်မယ်"

ကျိယွမ်က သူမှတ်မိသောဖြစ်ရပ်များကို ပြန်စဥ်းစားလိုက်မိသည်။

သူ့တွင် နောက်တစ်နှစ်အတွက် မှတ်ဉာဏ်များ ရှိနေသေး၏။ ကိစ္စအတော်များများကို သူ မသိသော်လည်း သတင်းခေါင်းကြီးပိုင်းတွင် ပါဝင်မည့် ကိစ္စရပ်များကိုတော့ မှ

တ်မိနေသည်။

"ဒါပေမဲ့ ပြန်လည်စတင်သူတွေအများကြီး ရှိနေတာဆိုတော့ ဒီတစ်ခါတော့ ဆဌမမင်းသမီး လုပ်ကြံခံရမှာ မဟုတ်လောက်ပါဘူး။"

အခြားပြန်လည်စတင်သူများတွင်လည်း ဤဖြစ်ရပ်ကိုသိနေသူများရှိနေပြီး ယခုလိုအခွင့်အရေးမျိုးကို လက်လွတ်ခံမည်မဟုတ်ပေ။နာမည်ကောင်းယူရန် အကောင်းဆုံးမဟုတ်ပါလား။

ချီယွမ်သည် ကုံရီမိသားစုနှင့် မဆက်သွယ်ရသေးသော်လည်း ပြန်လည်စတင်သူတွေက များပြားလှသဖြင့် တစ်စုံတစ်ယောက်သည် ကြယ်ခုနှစ်ပွင့် မိသားစုများဆီသို့ ဆက်သွယ်ပြီးလောက်လေပြီ။

ထိုအတူ ဆဌမမင်းသမီး လုပ်ကြံခံရခြင်းကို တားဆီးခြင်းမှာ ကြီးမားသော ကိစ္စဖြစ်သဖြင့် တစ်စုံတစ်ယောက်ကတော့ ပါဝင်ပတ်သက်လာမှာ သေချာ၏။

ထိုအချိန်မှာပင် ကျိယွမ်၏ဖုန်းက မြည်လာသည်။

သူ ကြည့်လိုက်ရာ ဝမ်ရွှီထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေ၏။

"ကျိယွမ်၊ အိမ်ထောင်ဖက်ရှာတဲ့ပွဲက ဘယ်လိုလဲ။ ချွေဖန်း မိတ်ဆက်ပေးတဲ့လူက အားကိုးရရဲ့လား။"

"ဘာမှ မထူးခြားပါဘူး"

ကျိယွမ်က သူ့ကို ငွေအတော်များများ ချေးပေးခဲ့သော ဝတ်စုံနက်နှင့် အမျိုးသမီးအကြောင်းကို တွေးရင်း ဖြေလိုက်သည်။

"စိတ်မပူပါနဲ့၊ နောက်ထပ် ပိုကောင်းတဲ့လူတွေ တွေ့လာမှာပါ။ ငါ အကြံပေးတဲ့ အလုပ်ကို ပြန်စဉ်းစားကြည့်ဦးမလား။"

"မလိုတော့ဘူး၊ ကျေးဇူးတင်ပါတယ် အတန်းခေါင်းဆောင်။ အခု ကျွန်တော် အလုပ်ရှိလို့ ငွေလည်း ရှာလို့ရနေပြီ။"

"ငွေရှာနေတယ်"

"ဟုတ်တယ်၊ ပုံမှန်အလုပ်တွေ မလုပ်နိုင်ဘူးလေ ၊ အဲဒါကြောင့် အရောင်းအဝယ်လေး လုပ်ရမယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့၊ အခု စကားပြောဖို့ အချိန်မရှိလို့။"

ကျိယွမ်က ထိုမျှနှင့် ဖုန်းကို ချလိုက်သည်။

စေတနာကို ငြင်းပယ်ရန် ခက်ခဲသော်လည်း သူ နောက်ထပ် စကားမပြောချင်တော့ပါ။

ကျင့်ကြံရန် အချိန်လိုအပ်သေးသည် မဟုတ်ပါလား။

အခြားတစ်ဖက်တွင် ဝမ်ရွှီမှာ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့လေ၏။

"အရောင်းအဝယ်လေး လုပ်နေတယ်တဲ့"

ကျိယွမ်လိုလူက စီးပွားရေး လုပ်နေတာလား။

အတော်လေး အံ့ဩစရာကိစ္စဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ကျိယွမ်မှာ စိတ်ရောဂါ ရှိနေသည်မှာ လူတိုင်းသိနေသော ကိစ္စပင်မဟုတ်ပါလား။

စိတ်မမှန်သော လူတစ်ယောက်က မည်သို့ စီးပွားရေးလုပ်နိုင်ပါမည်နည်း။

သူ ဘာကို ရောင်းမှာလဲ။

သူ့ရဲ့ ခန္ဓာကိုယ်ကိုလား။

သို့သော် ကျိယွမ်က ဖုန်းချသွားပြီဖြစ်သဖြင့် သူ ထပ်ပြီး မမေးတော့ပါ။

"အင်း.. ကျိယွမ် ပြောတာလည်း ဟုတ်နေတာပဲလေ၊ အလုပ်လုပ်ရတာ ပင်ပန်းတယ်။ ငါ မနက်ဖြန်ကျရင် ပင်လယ်မိစ္ဆာတွေကို သွားစုံစမ်းရဦးမယ်။ အဲဒီ ဟိုင်ရှင်းယာ သင်္ဘောကလည်း....."

.........

"ကျေးဇူးပြုပြီး ကားပေါ်တက်ပါ ခင်ဗျာ။"

လူနေရပ်ကွက်ထဲတွင် ဝတ်စုံဝတ်ထားသော သန်မာသည့်အမျိုးသားတစ်ဦးက ကားတံခါးကို ဖွင့်ပေးလိုက်သဖြင့် ကျိယွမ် ကားပေါ်တက်ကာ မျက်လုံးမှိတ်၍ အနားယူနေလိုက်သည်။

ဤကားကို အနက်ရောင်ဂျာကင်ဝတ်အမျိုးသားက ကျိယွမ်ကို လာကြိုရန် စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။

ကားသမားသည် သန့်ပြန့်သောဝတ်စုံဝတ်ထားသော်လည်း ကျိယွမ်သည် သွေးနံ့ ခပ်သင်းသင်းကို ရနေဆဲပင်။

ဤလူသည် လူသတ်ဖူးသူ ဖြစ်၏။

ထိုသို့သောလူမျိုးသည် သာမန်မြို့သားများကို ကြောက်လန့်စေနိုင်သော်လည်း ကျိယွမ်အတွက်မူ... ဘာမှမဟုတ်ပါ။

"မင်းတို့ဆရာက ချမ်းသာသလား"

ကျိယွမ်က မျက်စိမှိတ်ထားရင်းမှ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ဒရိုင်ဘာသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ချင်းယွမ်လေယူလေသိမ်းဖြင့် ဝတ်ကျေတန်းကျေ ဖြေသည်။

"ဟုတ်ကဲ့"

"အဲဒါ ကောင်းပါတယ်။ ငွေကြေးအင်အား တောင့်တင်းမှ ပူးပေါင်းဆောင်ရွက်ရတာ လွယ်မှာ။"

ကျိယွမ်သည် ပါတနာအများကြီးနှင့် မဆက်ဆံချင်ပါ။

ယုံကြည်ရသော ပါတနာတစ်ယောက်ရှိလျှင် လုံလောက်လေပြီ၊ အထူးသဖြင့် သူလိုအပ်သည့် ပစ္စည်းအားလုံးကို စုဆောင်းပေးနိုင်မည့်သူဆိုလျှင် သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နိုင်ပါလိမ့်မည်။

ဒရိုင်ဘာသည် ဘာမှထပ်မပြောဘဲ နှုတ်ဆိတ်နေပြီး ကားကိုကျင်လည်စွာမောင်းနေသည်။

နှစ်နာရီခန့်အကြာတွင် ကားသည် ဆိပ်ကမ်းတစ်ခု၌ ရပ်လိုက်၏။

"မစ္စတာကျိ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ၊ ဆရာက အပျော်စီးသင်္ဘောပေါ်မှာ စောင့်နေပါတယ်။"

ကျိယွမ် ခေါင်းညိတ်ပြပြီး ဒရိုင်ဘာအမျိုးသားနောက်မှ သင်္ဘောပေါ်သို့ လိုက်ပါသွားသည်။

ဟိုင်ရှင်းယာ အပျော်စီးသင်္ဘောသည် ကုံရှင်းပေါ်ရှိ အလတ်စားမှ အကြီးစားသင်္ဘောများထဲမှ တစ်စီးဖြစ်ပြီး အရှည် ၅၀၀ မီတာနီးပါးရှိကာ ခရီးသည် ၁၀၀၀၀ နီးပါး တင်ဆောင်နိုင်၏။

သင်္ဘောကြီးသည် ဆိပ်ကမ်းတွင် ထည်ဝါစွာဆိုက်ကပ်ထားပြီး ဝင်ပေါက်တွင် ယူနီဖောင်းဝတ်အစောင့်များ ရှိနေကြသည်။

အမျိုးသား၊ အမျိုးသမီးအုပ်စုများသည် ပြုံးရွှင်စွာဖြင့် သင်္ဘောပေါ်သို့ တက်နေကြသလို မလှမ်းမကမ်းတွင် ဖုန်းနှင့် ကင်မရာများဖြင့် ဓာတ်ပုံရိုက်နေသော လူငယ်အချို့ကိုလည်း တွေ့ရ၏။

အချို့က လိုက်ဖ်လွှင့်နေကြပြီး အချို့ကတော့ ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်နေကြသည်။

သူတို့၏ စကားသံအချို့ ကျိယွမ်၏ နားထဲသို့ ရောက်လာ၏။

"ဒီအပျော်စီးသင်္ဘောက မင်းသားတေးလ်ရဲ့ သင်္ဘောလို့ ကြားတယ်။ သူနဲ့ ဆုံခွင့်ရမလား မသိဘူး။"

"အိပ်မက်မက်မနေနဲ့၊ လက်မှတ်ဖိုးပေးဖို့ ပိုက်ဆံလိုတယ်လေ။ လက်မှတ်တစ်စောင်ကို တစ်သောင်းကျော်တန်တယ်လို့ ကြားတယ်"

"ဟူး... တချို့လူတွေက ပိုက်ဆံတောင် ပေးစရာမလိုဘူး။ ငါ့သူငယ်ချင်းရဲ့ အစ်ကိုတောင် တက်ခွင့်ရသွားသေးတယ်"

"အထူးအခွင့်အရေးနဲ့လား"

"ဟုတ်တယ်... ဟူး... ငါ ကိုယ်လက်ကြံ့ခိုင်မှု စစ်ဆေးတာ မအောင်လို့ပေါ့၊ မဟုတ်ရင် ငါလည်း အခွင့်အရေး ရနိုင်တာ"

အပျော်စီးသင်္ဘောသည် အဆင့်မြင့်ပုဂ္ဂိုလ်များစွာကို ဆွဲဆောင်ထားသဖြင့် လူငယ်များစွာလည်း ရောက်ရှိနေကြ၏။

ထိုသို့သော အထက်တန်းလွှာ လူမှုအသိုင်းအဝိုင်းထဲသို့ ရောက်သွားပါက သူတို့၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား။

ကျိယွမ်သည် လူငယ်များ၏ မနာလိုသော အကြည့်များအောက်တွင် ဝတ်စုံဝတ်အမျိုးသားနောက်မှ VIP လမ်းကြောင်းအတိုင်း သင်္ဘောပေါ်သို့ တက်ခဲ့သည်။

အပျော်စီးသင်္ဘောမှာ အလွန်ကြီးမားပြီး တန်ဖိုးကြီးဝတ်ကောင်းစားလှဝတ်ထားသူများနှင့် ပြည့်နှက်နေ၏။

လုံခြုံရေးအစောင့်များသည် သေနတ်များကိုင်ဆောင်ကာ မကြာခဏ ကင်းလှည့်နေကြသည်။

"သင်္ဘောရဲ့ လုံခြုံရေးက အရမ်းကောင်းပါတယ်၊ ဧည့်သည်တွေကို လက်နက်ယူဆောင်ခွင့် မပြုထားပါဘူး၊ ဒါကြောင့် မစ္စတာကျိအနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုပါဘူး"

ဒရိုင်ဘာအမျိုးသားက အလေးပေးပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ မကြောက်တတ်ပါဘူး။"

ကျိယွမ်သည် ချီစွမ်းအင်သန့်စင်ခြင်း တတိယအဆင့်မှာသာ ရှိသေးသော်လည်း သူ၏ တတိယအဆင့်မှာ အခြားသူများနှင့် မတူပါ။

ဤသင်္ဘောပေါ်တွင် သူ့ကို ခြိမ်းခြောက်နိုင်သည့်အရာ ဘာမှမရှိပေ။

ဒရိုင်ဘာအမျိုးသားသည် ဘာမှထပ်မပြောတော့ဘဲ နှုတ်ဆိတ်ကာ ဆက်သွားသည်။

"မင်းတို့ဆရာ ဘယ်မှာလဲ။ မြန်မြန်လုပ်ပါ၊ ငါ သိုင်းပညာ လေ့ကျင့်ဖို့ အမြန်ပြန်ရဦးမယ်။"

သင်္ဘောကကြီးမားလှသဖြင့် သူတို့သည် မိနစ်တော်တော်ကြာကြာလမ်းလျှောက်ခဲ့ရသည်။

"ရောက်တော့မှာပါ၊ နောက်တစ်မိနစ်လောက်ပါပဲ။ ဆရာက ရှေ့ကခန်းမမှာ စောင့်နေပါတယ်"

ဒရိုင်ဘာအမျိုးသားက အားနာသောအမူအယာဖြင့် အမြန်ချော့မော့ပြောလိုက်သည်။

လမ်းတစ်လျှောက်တွင် သူသည် ကျိယွမ်ကို တမင်သက်သက် ပတ်ခေါ်လာခြင်းဖြစ်ပြီး ဆရာဖြစ်သူမှ လူစိမ်းကို အကဲခတ်နိုင်ရန်အတွက် အချိန်ရစေရန်ဖြစ်၏။

"ကောင်းပြီလေ"

ကျိယွမ်က စိတ်မရှည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။

ထိုအတောအတွင်း အပျော်စီးသင်္ဘောနှင့် မလှမ်းမကမ်းတွင် ဆံပင်ပုံစံအလန်းစားနှင့် အနက်ရောင်ဂါဝန်ဝတ်ထားသော မိန်းကလေးတစ်ဦးမှာ သူ၏မျက်လုံးကိုပင် သူ မယုံနိုင်ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ ဝူချီ"

"ဘာမှမဟုတ်ပါဘူး၊ အထက်တန်းကျောင်းတုန်းက အတန်းဖော်တစ်ယောက်ကို မြင်လိုက်တယ် ထင်လို့ပါ၊ ဒါပေမဲ့ ငါ မှားတာလည်း ဖြစ်နိုင်ပါတယ်။"

"ဒါနဲ့ အဲဒီအတန်းဖော်က ငါ့ထက် အတန်းငယ်တယ်... တကယ်ကို ချောတာ။ အဲဒီတုန်းက ငါတို့အတန်းထဲက မိန်းကလေးတော်တော်များများ သူ့နောက်ကို နေ့တိုင်း လိုက်ခဲ့ကြတာ။"

"လေ့ကျင့်ခန်းတွေသာ မလုပ်ရဘူးဆိုရင် ငါလည်း သူနဲ့ ရည်စားဖြစ်ချင်မိမှာပဲ။ နှမြောစရာပဲ... အခုတော့ လူသိရှင်ကြား အနုပညာရှင်ဖြစ်နေတော့ ချိန်းတွေ့ဖို့တောင် သတိထားနေရတယ်"

ဝူချီက ရှည်လျားစွာပြောလိုက်၏။

သူမ၏ မိတ်ကပ်လိမ်းခြယ်ထားသောအေးစက်စက်မျက်နှာလေးမှာ လှပနေပြီး အနက်ရောင်ဂါဝန်ကလည်း သူမ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသဖြင့် မြင်သူတိုင်းကို သတိထားမိစေ၏။

"နင် လူသိရှင်ကြား ချိန်းတွေ့လို့ မရပေမဲ့ ပိုက်ဆံအများကြီး ရှာနိုင်တာပဲ။ နင်က ကျောင်းရဲ့ ထူးချွန်တဲ့ ကျောင်းသူဟောင်းတစ်ယောက် မဟုတ်လား။"

"လူတွေက နင်ကို မြင်ရင် စူပါစတားလို့ ခေါ်ကြတာပဲ။"

"စူပါစတားဆိုတာ အပိုခေါ်နေကြတာပါ ၊ ဘာမှ မဟုတ်သေးပါဘူး ၊ အဆင့်မြင့် ဝန်ဆောင်မှုပေးရတဲ့ အလုပ်သမားပါပဲ။ ခဏနေရင် ဧည့်သည်တွေကို သွားပြီး ဖျော်ဖြေရဦးမယ်..."

ဝူချီက စိတ်ပျက်သလို ညည်းညူ၏။

သူမ၏မန်နေဂျာက အသိပေးလိုက်သည်။

" နင် မသွားချင်ရင် ငါ ဖျက်ပေးလို့ရတယ်"

အမှန်တော့ သူမသည် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာဖြစ်ပြီး ဖျက်ပစ်ရန်မှာ မဖြစ်နိုင်ပါ။

"မဖြစ်ဘူးလေ၊ ဒီအခွင့်အရေးကို ငါ အရယူရမယ်။ ဘယ်သူသိမှာလဲ၊ ဒါက ငါ့အတွက် အခွင့်အရေးကြီး ဖြစ်လာနိုင်တယ်! ငါ တစ်သက်လုံး နာမည်မရှိတဲ့ အိုင်ဒေါ (idol) တစ်ယောက်အဖြစ် မနေချင်ဘူး"

ဝူချီက သင်္ဘောပေါ်သို့ကြည့်ကာ ရည်မှန်းချက်ကြီးစွာ ပြောလိုက်သည်။

သူမသည် သူမ၏ ဖြူဖွေးသောရင်ဘက်အလှကို ပိုပေါ်စေရန် ဂါဝန်ကို အနည်းငယ် အောက်သို့ ဆွဲချလိုက်၏။

သူမသည် ဤပွဲအတွက် ကိုယ်တိုင်သဘောတူစွာလာရောက်ခဲ့ခြင်းဖြစ်သည်။

သူမ၏ ရုပ်ရည်အလှအပတင်မကဘဲ အခြားအရာများကိုပါ ပေးဆပ်ရနိုင်သည်ကို သူမ သိသော်လည်း လာရန် သဘောတူခဲ့ခြင်းပင်။

ထိုသို့သော ကိစ္စရပ်များသည် နယ်ပယ်အားလုံးတွင် ပုံမှန်ကိစ္စများသာ ဖြစ်၏။

"ဝတဲ့ အဘိုးကြီးတစ်ယောက်တော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ"

ဝူချီက သူမကိုသူမ အားတင်းကာတွေးလိုက်သည်။

ထိုအချိန်တွင် ကျိယွမ်သည် သင်္ဘောပေါ်ရှိ ဇိမ်ခံဧည့်ခံခန်းမထဲသို့ ရောက်ရှိသွားခဲ့သည်။

ခန်းမကြီးမှာ အလွန်ကျယ်ဝန်းပြီး အဆင်တန်ဆာများကို အလွန်အကျွံ ပြင်ဆင်ထား၏။

အနက်ရောင်ဂျာကင်ဝတ်အမျိုးသားသည် ထရပ်လိုက်ပြီး ကျိယွမ်ကို ပြုံးလျက် ကြည့်လိုက်သည်။

"ကျိယွမ်၊ ငါက ခွမ်းဟွမ်ပါ။"

----------------

All Chapters