အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း(11)
လင်းမိန်ဟွေ့တစ်ယောက် ထိတ်လန့်သွားရပြီး နီရဲနေသည့် အရာများကို အလျင်အမြန် ဖုံးကွယာရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
စုန့်ယီက သွေးစွန်းနေသည့် အိပ်ယာခင်းကို ပြူးကျယ်နေသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
သူ၏မျက်နှာသည်လည်း အနည်းငယ် ရုပ်ဆိုးနေခဲ့လေသည်။
သူမ ဤကဲ့သို့ ရှက်စရာကောင်းသည့် အခြေအနေကို မည်သို့ ဖြေရှင်းရမည်နည်းဟူ၍ စဉ်းစားနေစဥ် စုန့်ယီက သူမ၏ဘေးသို့ လျင်မြန်စွာ လျှောက်လာပြီး သူမကို ဆွဲကာ အပေါ်အောက် သေသေချာချာ စစ်ဆေးကြည့်လာလေသည်။
“မိန်ဟွေ့၊ မင်း ဘာဖြစ်တာလဲ၊ ဘယ်နေရာကို ထိခိုက်မိထားတာလဲ”
ဤစကားကို ကြားသောအခါ လင်းမိန်ဟွေ့တစ်ယောက် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားပြီး မည်သည့်စကားကို ပြောရမည်မှန်း မသိတော့ပေ။
သူမ၏ မျက်နှာတစ်ခုလုံးကပင် ပူလောင်နေသကဲ့သို့ ခံစားရသည်။
“ကျွန်မ... ကျွန်မ မနာပါဘူး...”
“ဒါဆို ဒီသွေးတွေက ဘယ်ကရောကငလာတာလဲ”
စုန့်ယီတစ်ယောက် အခြေအနေကို လုံးလုံးလျားလျား မတုံ့ပြန်မိဘဲ စိုးရိမ်တကြီး မေးလိုက်မိသည်။
နောက်ဆုံးတွင် လင်းမိန်ဟွေ့က စိုးရိမ်တကြီးဖြင့် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး သတ္တိကို မွေးကာ ပြောလိုက်သည်။
“အဲဒါ... အဲဒါက၊ မိန်းကလေးတွေ ဖြစ်တတ်တဲ့အရာ...”
စုန့်ယီက လင်းမိန်ဟွေ့၏ နီရဲနေသည့် မျက်နှာနှင့် ရှောင်လွှဲနေသည့် ပုံစံကို မြင်သောအခါ မည်သည့်အရာများ ဖြစ်နေသည်ကို သဘောပေါက်သွားပြီး မသိစိတ်မှ သူမကို လွှတ်ပေးလိုက်လေသည်။
“အမ်... ဒါဆို ကိုယ် အရင်ထွက်သွားလိုက်ဦးမယ်”
ဤသို့ ပြောပြီး စုန့်ယီက အနောက်သို့ ပြန်လှည့်ကာ အခန်းအတွင်းမှ အလျင်အမြန် ထွက်သွားပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။
လင်းမိန်ဟွေ့လည်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပြီး ဓမ္မတာသုံး ပစ္စည်းကို အလျင်အမြန် ထုတ်ကာ ဝတ်ဆင်လိုက်လေ၏။
ပြီးသောအခါတွင် ညစ်ပတ်နေသည့် အိပ်ယာခင်းများကို ဆွဲချပြီး ဇလုံကြီးအတွင်းသို့ ထည့်လိုက်သည်။
ထို့နောက် အပြင်သို့ထွက်ပြီး အိပ်ယာခင်းများကို လျှော်ရန် စီစဉ်လိုက်သည်။
သူမ တံခါးဝသို့ ရောက်ပြီးနောက် တံခါးဖွင့်ရန် လက်လှမ်းလိုက်စဥ် အခန်း အပြင်ဘကာမှ တံခါးခေါက်သံ ကြားလိုက်ရသည်။
“ဒုန်းဒုန်း...”
လင်းမိန်ဟွေ့က သံသယဖြင့် တံခါးကို ဆွဲဖွင့်လိုက်သောအခါ စုန့်ယီက တံခါးဝတွင် ရပ်နေပြီး သူ၏လက်အတွင်း၌လည်း ပူနွေးနေပုံရသည့် ပန်းကန်လုံးတစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
“မိန်ဟွေ့၊ ဒါကို သောက်လိုက်”
လင်းမိန်ဟွေ့မှာ အဘယ်ကြောင့်မှန်း မသိရဘဲ သူမ၏ မျက်လုံးများက တရုတ်ဆေးပြုတ်ရည်နှင့်တူသည့် မှောင်မည်းသော အရည်များ ပါဝင်သော ပန်းကန်လုံးဆီသို့ ရောက်သွားသည်။
သူမ တွန့်ဆုတ်နေသည်ကို မြင်သောအခါ စုန့်ယီက စတင်ကာ ရှင်းလင်းပြောပြလိုက်သည်။
“ဒါ သကြားညိုရည်လေ၊ သောက်ရင် ကိုယ် လက် ကျန်းမာရေးအတွက် ကောင်းတယ်”
လင်းမိန်ဟွေ့ ရုတ်တရက် သဘောပေါက်သွားပြီး သူမ၏ မျက်လုံးများ စပ်ဖျဥ်းလာသကဲ့သို့ ခံစားရသည်။ သူမ ငိုချင်သော်လည်း အတင်းအကြပ် ထိန်းချုပ်ကာ အောင့်အီးထားလိုက်သည်။
သူမ ပထမဆုံး ရာသီလာစဥ်က မည်သည်ကိုမျှ နားမလည်ဘဲ အလွန် ကြောက်ရွံ့ပြီး ငိုခဲ့သည်ကို သတိရမိသည်။
ကျိုးချွေ့ဟွားက သူမကို နှစ်သိမ့်ပေးမည့်အစား ဆူပူကြိမ်းမောင်းပြီး အသုံးမကျဟု ပြောခဲ့သည်။
“သိပြီးပ်မတွေးပါ နဲ့၊ ကိုယ်က...”
“ကျေးဇူးတင်ပါတယ် အစ်ကိုစုန့်ယီ”
စုန့်ယီမှာ လင်းမိန်ဟွေ့၏ အမူအရာကြောင့် သူ တစ်ခုခု မှားပြောမိပြီဟု ထင်လိုက်မိပြီး အလျင်အမြန် ရှင်းပြချင်ခဲ့သော်လည်း လင်းမိန်ဟွေ့က ပြုံးပြီး သူ၏ စကားကို ဖြတ်ပြောလိုက်သည်။
ထို့နောက် သူမ၏ ရင်ခွင်အတွင်း ပိုက်ထားသည့် ဇလုံကြီးကို ချလိုက်ပြီး သကြားညိုရည် ပန်းကန်လုံးကို ယူကာ အနီးအနားရှိ စားပွဲဆီသို့ လျှောက်သွား၍ ထိုင်လိုက်ပြီး အပူငွေ့များကို မှုတ်ကာ သောက်လိုက်လေသည်။
စုန့်ယီ သက်ပြင်းချလိုက်သည်။
သူ၏ မျက်လုံးထောင့်၌ ချစ်ခင်မြတ်နိုးသည့် အပြုံးတစ်ခု ပေါ်နေခဲ့သည်။ သူသည်ကား ကလေးဘဝကတည်းက မိန်းကလေးများနှင့် အဆက်အသွယ် မရှိခဲ့ပေ။
ထို့ကြောင့် သူ၏ တုံ့ပြန်မှုကလည်း ပုံမှန်ထက် နည်းနည်းလောက် နှေးကွေးခဲ့သည်။ သို့သော် သူ၏ အသက်အရွယ်နှင့်ဆိုလျှင် ဤအရာများ အကြောင်းကို နည်းနည်းလောက်တော့ သိထားခဲ့ပေပြီ။
သူ မတိုင်ခင်က အခန်းထဲမှ ထွက်သွားပြီးနောက် သကြားညို ဝယ်ရန်အတွက် စပါးနှင့် ဆီဆိုင်သို့ သွားခဲ့ခြင်းဖြစ်သည်။
ပူနွေးသော သကြားညိုရည်ကို သောက်ပြီးနောက် သူမ၏ တစ်ကိုယ်လုံး နွေးထွေးသွားသကဲ့သို့ ခံစားခဲ့ရကာ လင်းမိန်ဟွေ့ အလွန် ကျေနပ်သွားရလေ၏သည်။
သူမ စိတ်သက်သာရာရစွာဖြင့် လှည့်ကြည့်လိုက်သောအခါ စုန့်ယီက မြေပြင်ပေါ်မှ ဇလုံကြီးကို ကောက်ယူပြီး အပြင်ထွက်သို့သွားသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုစုန့်ယီ၊ ဒါကို ကျွန်မ ကိုယ်တိုင် လျှော်ဖွတ်လို့ရပါတယ်”
ဤသို့သော အရာမျိုးကို စုန့်ယီကို အဘယ်သို့ လျှော်ဖွတ်ခိုင်းရဲပါမည်နည်း။
လင်းမိန်ဟွေ့က ပန်းကန်လုံးကို ချလိုက်ပြီး သူ၏နောက်သို့ ပြေးလိုက်သွားကာ ဇလုံအစွန်းကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
သူမ၏ မျက်နှာက နီရဲနေခဲ့ပြန်သည်။ သို့သော် စုန့်ယီက ဤတစ်ကြိမ်တွင် လွှတ်မပေးလာခဲ့ပေ။
“ဒီရက်ပိုင်း မင်း ဘာမှ မလုပ်ရဘူး၊ သေသေချာချာလေး နားနေလိုက်တော့၊ ရေနဲ့ မထိနဲ့”
ဤသို့ စိတ်နှလုံးကို နွေးထွေးစေသည့် စကားများက လင်းမိန်ဟွေ့ကို နောက်တစ်ဖန် နှာထိပ်ဖျားဆီသို့ စူးရှလာစေပြန်သည်။
သို့သော် သူမက ခေါင်းမာပြီး ဤတစ်ကြိမ်တော့ သူမ၏ ကိုယ်ပိုင်စိတ်ကူးကို အတင်းအကျပ် ပြောခဲ့သည်။
“အဲဒါလည်း မရဘူး ၊ အစ်ကိုစုန့်ယီ ဒီမှာပဲ ထားခဲ့လိုက်ပါ၊ ကျွန်မ ရက်နည်းနည်းကြာလို့ နေလို့ကောင်းသွားတဲ့အချိန်ရင် ကိုယ်တိုင် လျှော်လိုကပါ့မယ်”
သူမ အရင်ဘဝတွင် ကျိုးချွေ့ဟွားက ဤအရာမျိုးသည်က ကံမကောင်းခြင်းများကို ယူဆောင်လာနိုင်သည့် အရာဖြစ်သည် ဟုတ်ပြောခဲ့သည်။ အထူးသဖြင့် ယောက်ျားများအတွက်ဟု ပြောခဲ့သည်ကို သူမ သတိရမိသည်။
သူမ စုန့်ယီကို မထိခိုက်စေလိုပေ။
သူမက အတင်းအကျပ် ပြောနေသည်ကို မြင်သောအခါ စုန့်ယီသည်လည်း သက်ပြင်းချလိုက်ပြီး နာခံရန် တခြားရွေးချယ်စရာ မရှိတော့ပေ။ သူ၏ လေသံက ပျော့ပြောင်းသွားသည်။
“ကောင်းပြီ၊ မင်း ပြောသလိုပဲ”
အလုပ်များ များပြားခဲ့ရပြီးနောက် သူတို့၏ဘဝသည်က ရက်အနည်းငယ်ကြာသည်အထိ တည်ငြိမ်သွားခဲ့သည်။
ရွာအတွင်းမှ လူများက လင်းမိန်ဟွေ့၏ ဘဝဇာတ်ကြောင်းကို သိသွားသည့်နောက်၌ စိတ်ထား မကောင်းသည့် ဆိုးယုတ်သော အမျိုးသမီးအနည်းငယ်မှလွဲ၍ လူများစွာက သူမ၏ ကံမကောင်းမှုကို စတင် သနားကြသည်။
တဖြည်းဖြည်းနှင့် သူမ၏ နောက်ကွယ်မှ ဝေဖန်သူများ သိပ်မများတော့ပေ။ အကြံပေးသကဲ့သို့ အတင်းအဖြင်းပြောသူများလည်း မရှိတော့ပေ။
လင်းမိန်ဟွေ့က ဤသို့ ငြိမ်းချမ်းသော ဘဝကို တန်ဖိုးထားနေရင်းဖြင့် ဘဝသစ်ကို စတင်ရန် စီစဉ်လာခဲ့သည်။ သူမ၏ အကြီးမားဆုံး စွမ်းရည်သည်ကား အခြားသူများနှင့် နှိုင်းယှဥ်သောအခါတွင် အနာဂတ်အကြောင်း တချို့အရာများကို ကြိုသိနိုင်ခြင်းပင် ဖြစ်သည်။
ဥပမာအားဖြင့်...
စိတ်များ ပျံ့လွင့်နေသည့် လင်းမိန်ဟွေ့တစ်ယောက် သူမ၏ လက်ချောင်းအတွင်းမှ အပ်နှင့် အစူးခံလိုက်ရပြီး နာကျင်မှုက ချက်ချင်းဆိုသလို သူမကို နိုးထစေခဲ့သည်။
တခြား မည်သို့သောအရာမျိုးမှ ဖြစ်လာမည်မဟုတ်ပေ။ ဘဝကို ပြန်လည်အသက်ရှင်ခွင့်ရသည်ဆိုသောကြောင့် အရာရာတိုင်း၌ ပြန်လည်ပြင်ဆင်ရန် အခွင့်အလမ်းများ ရှိနိုင်သည်။
“ဘာဖြစ်တာလဲ”
သူမဆီမှ ညည်းသံကိုကြား၍ စုန့်ယီတစ်ယောက် မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး ရောက်လာခဲ့ကာ သူ၏ နက်ရှိုင်းသောမျက်လုံးများက လင်းမိန်ဟွေ့၏ လက်ချောင်းထိပ်၌ ရှိသော နီရဲသည့်သွေးကို ချက်ချင်း မြင်သွားခဲ့သည်။
“မင်းရဲ့လက်က ဘာဖြစ်တာလဲ၊ ကိုယ့်ကို ပြဦး”
“ဘာမှမဟုတ်ပါဘူး၊ မတော်တဆ စူးသွားတာ၊ အဆင်ပြေပါတယ်။”
လင်းမိန်ဟွေ့က ပြောနေရင်း သူမ၏ လက်များကို နောက်ကျောဘက်တွင် ဝှက်ထားသော်လည်း စုန့်ယီ၏ မျက်လုံးများက စိုးရိမ်စိတ်ဖြင့်ပြည့်နှက်လာခဲ့သည်။
“မိန်ဟွေ့၊ ကိုယ့်ကြောင့် မင်း ဒုက္ခရောက်ရနေရပြီ၊ ကိုယ် တောင်းပန်ပါတယ်”
“အစ်ကိုစုန့်ယီ၊ ရှင် ဘာတွေပြောနေတာလဲ၊ ရှင်သာမရှိရင် ကျွန်မ အသက်ဆက်ရှင်နိုင်ဦးမလား၊ သေသွားရတော့မလားတောင် မသိဘူး၊ အခုလို အခြေအနေကို ကျွန်မ အရမ်းကျေနပ်ပါတယ်၊ တကယ်ပြောတာ”
“မင်း...”
စုန့်ယီက သူ၏ မျက်လုံးများကို မျက်လွှာချလိုက်ပြီး ရှုပ်ထွေးသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
သူက လင်းမိန်ဟွေ့ကို ပတ်တီးတစ်ခု လှမ်းပေးပြီး စကားတစ်ခွန်းမျှ မပြောဘဲ ခြံအတွင်းသို့ လှည့်ဝင်သွားခဲ့လေသည်။
သူ၏ ဘဝကို ပိုမို ကောင်းမွန်အောင် လုပ်ရန်အတွက် စုန့်ယီက နေ့တိုင်း မနက်စောစော ထပြီး ညနေမှ ပြန်လာကာ တောင်ပေါ်၌ အမဲလိုက်ခဲ့သည်။ တောင်ပေါ်တွင် မြွေများ၊ ရစ်ငှက်များ၊ ယုန်များ ရှိသည်။
ပထမဆုံးအနေဖြင့် လင်းမိန်ဟွေ့ကို ကိုယ်ခန္ဓာ အားဖြည့်ရန် ပေးနိုင်ရန် ဖြစ်သည်။ ဒုတိယအနေဖြင့် ကျန်ရှိသည်များကို မြို့၌ ရောင်းကာ မိသားစုအတွက် ဖြည့်ဆည်းနိုင်ရန် ဖြစ်သည်။
သို့သော် ဤသို့ လုပ်လျှင်ပင် ရရှိလာသည့်ဝင်ငွေက မလုံလောက်သေးပေ။ ထို့ကြောင့် အဝတ်အစားပသစ်များကို ဝယ်ယူနိုင်ခြင်မရှိခဲ့ဘဲ ချုပ်ခြင်း၊ ပြုပြင်ခြင်းများကိုသာ ပြုလုပ်နိုင်ခဲ့သည်။ ဤသည်က လင်းမိန်ဟွေ့ကို ဒဏ်ရာရစေခဲ့သည်။
သူမ၏ နူးညံ့ပြီး သွယ်လျသော လက်ချောင်းများက ဒဏ်ရာရနေသည်ကို မြင်ယောင်ကြည့်ရင်း စုန့်ယီက စိတ်အတွင်း မသက်မသာ ခံစားရသည်။
ခြံအတွင်း၌ လင်းမိန်ဟွေ့က သူ၏နောက်ကို အပြေးအလွှား လိုက်လာသောအချိန်တွင် စုန့်ယီက သူ မကြာသေးမီက အမဲလိုက်ထားသည့် သားကောင်များကို စီစဥ်နေခဲ့သည်။
ထိုအခိုက်တွင် ထူးခြားသော အရောင်ရှိသည့် မြွေတစ်ကောင်က လင်းမိန်ဟွေ့၏ အာရုံကို ဖမ်းစားလိုက်သည်။
မြွေ၏ခေါင်းက အနည်းငယ် ပြားသည့် ဘဲဥပုံစံ ရှိပြီး ခန္ဓာကိုယ်က အနက်နှင့် အဖြူရောင် ဖြစ်သည်။
စုန့်ယီက ဤတောင်ပေါ်၌ နှစ်ပေါင်းများစွာ လျှောက်သွားခဲ့သော်လည်း ဤကဲ့သို့မြွေမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်ပေသည်။
ဆိုရိုးစကားအတိုင်း ရှားပါးသည့်အရာများသည် ပိုမိုတန်ဖိုးရှိသည်။
ဈေးကောင်းဖြင့်ရောင်းနိုင်ခြင်းမျိုး ဖြစ်နိုင်ပေသည်။ စုန့်ယီက အတွေးများဖြင့် မြွေကို ဂရုတစိုက် ထုပ်ပိုးလိုက်ပြီး သူ၏ ရင်အတွင်းမှ တိမ်မည်းများ ပျောက်ကွယ်သွားသည်။
“မိန်ဟွေ့၊ ကိုယ် ဒီမြွေကို ရောင်းပြီးရင် ထပ်ပြီး...”
သူ စကား ဆက်၍ မပြောမီတွင် လင်းမိန်ဟွေ့တစ်ယောက် မျက်နှာဖြူဖျော့သွားခဲ့ပြီး ထိတ်လန့်စွာဖြင့်နောက်ပြန်ဆုတ်သွားသည်ကို သူ တွေ့လိုက်ရတော့သည်။
*
အခန်း(12)
“မြန်မြန်လွှတ်လိုက်၊ အဲဒီမြွေက အဆိပ်ရှိ တဲ့ မြွေ!”
လင်းမိန်ဟွေ့က ကြောက်မက်ဖွယ်ကောင်းသော ကြောင်မြွေအဖြစ် တစ်ခဏချင်းမှာပင် မှတ်မိလိုက်သည်။ ထိုမြွေက အမှန်တကယ်ပင် တန်ဖိုးဖြတ်မရသော်လည်း ၎င်း၏ အဆိပ်ကလည်း ကြောက်စရာကောင်းလွန်းသည်။
သူမ အရင်ဘဝက ကျန်းမိသားစုကို ဝင်ရောက် လက်ထပ်ခဲ့သည်။
နောက်ဆုံးတွင် ကောင်းမွန်စွာ မပြီးဆုံးခဲ့သော်လည်း ကျန်းမိသားစု၏ စီးပွားရေး ကြီးမားမှုကြောင့် သူမ ဘဝ၌ မြင်ရန်ခက်ခဲသည့် အရာများစွာကို မြင်ခွင့်ရခဲ့သည်။
ကျန်းမိသားစုက သူတို့၏ ဘိုးဘေးများကတည်းက စီးပွားရေး လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ဆေးဝါးနှင့် အစားအစာ ရောင်းချခြင်း ဖြစ်ပေသည်။
သူမ ဤမြွေကို အဘယ်ကြောင့် မှတ်မိသနည်းဟူသောအကြောင်းကို ဆိုရလျှင် ကျန်းမိသားစုမှ အလုပ်သမားတစ်ဦးသည်က တောင်ပေါ်၌ ဆေးပင်များ သွားကောက်စဥ်က ဤမြွေကိုက်ခြင်းကို ခံရဖူးသည်။
ထိုအချိန်တုန်းက သူမသည်လည်း ထိုကိစ္စများဖြစ်ပွားရာနေရာ၌ ရှိနေခဲ့သည်။
သူမ၏ အသံက မြွေကို အနှောင့်အယှက်ပေးမိ၍ ဖြစ်နိုင်သည်။
စုန့်ယီတစ်ယောက် အနည်းငယ် သတိလွတ်နေစဥ် မြွေ၏ ခေါင်းက သူ၏ လက်အတွင်းမှ ရုတ်တရက် ခုန်ထွက်လာပြီး စုန့်ယီ၏ လက်ကောက်ဝတ်ဘက်ကို အတင်းအကြပ်လှည့်က် ကိုက်ခဲလာခဲ့တော့သည်။
“အား”
သူ၏ လက်မောင်း၌ အရိုးထဲအထိ နာကျင်မှုကို ခံစားလိုက်ရသဖြင့် စုန့်ယီတစ်ယောက် အလိုအလျောက် မတ်တပ်ရပ်လိုက်မိကာ မြွေကို သူ၏ အားအကုန်ဖြင့် ဝှေ့ယမ်းပစ်လိုက်မိလေသည်။
ပြီးသွားသည့်နောက်တွင်တော့ သူ၏ လက်မောင်းတစ်ခုလုံးက ထုံကျဉ်လာခဲ့ပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။
“အစ်ကိုစုန့်ယီ၊ ဘယ်လိုနေလဲ.. ကြည့်ရအောင်.. ကျွန်မ ကြည့်ပါရစေဦး”
လင်းမိန်ဟွေ့တစ်ယောက် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး အရှေ့သို့ အလျင်အမြန် တိုးလာကာ တစ်ဖက်လူ၏ ဒဏ်ရာကို အလျှင်အမြန် စစ်ဆေးလိုက်သည်။
စုန့်ယီ၏ လက်ကောက်ဝတ်၌ သွေးနီရောင်ရဲသော အစက်နှစ်စက် ပေါ်နေခဲ့ပြီး ထိုအစက်အပျောက်၏ဘပတ်ပတ်လည် နေရာများကတော့ သိသိသာသာကြီးပင် နီရဲ ရောင်ရမ်းနေခဲ့ချေပြီ။
ဤကဲ့သို့ မြွေအမျိုးအစားထံမှ ကိုက်ခဲခံရလျှင် အချိန်မီ မကုသနိုင်ပါက လျှင်မြန်စွာ သေဆုံးသွားနိုင်သည်။
လင်းမိန်ဟွေ့ တစ်ယောက် ထိတ်လန့်သွားပြီး စုန့်ယီသည်လည်း ကြောက်လန့်လာခဲ့သည်။
တောင်ပေါ်၌ အဆိပ်ရှိသော မြွေများ ရှိနေသည်ဟု သူ မည်သည့်အခါမှ မကြားဖူးပေ။ ထို့ကြောင့် သူ ပေါ့ဆနေခဲ့သည်။
ယခု ပြန်စဥ်းစားကြည့်သောအခါတွင် သူ အမှန်တကယ်ပင် နောင်တရနေခဲ့သည်။
ဤကဲ့သို့ အရေးကြီးသည့်အချိန်မျိုး၌ ကျန်းမိသားစုမှ အလုပ်သမား၏ ဒဏ်ရာကို ကုသနေသည့် မြင်ကွင်းတစ်ခုက လင်းမိန်ဟွေ့၏ စိတ်အတွင်း ရုတ်တရက် ပေါ်လာသည်။
ပထမဆုံးအနေဖြင့် ဒဏ်ရာ၏အထက် ဆယ်စင်တီမီတာအကွာတွင် ပတ်တီးစည်းရမည်။ ပြီးလျှင် ဆပ်ပြာနှင့် ရေနှင့် ဒဏ်ရာကို ဆေးကြောရမည်။ နောက်ဆုံးတွင် လတ်ဆတ်သော ဆေးမြစ်ရည်ကို ဒဏ်ရာပေါ် လိမ်းပေးရမည်။
လင်းမိန်ဟွေ့က လတ်ဆတ်သော ဆေးမြစ်၏ အမည်ကို မပြောနိုင်သော်လည်း ၎င်းဆေးမြစ်၏ပုံစံကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
သူမအနေဖြင့် ဤကဲ့သို့ အခိုက်အတန့်မျိုးတွင် များများစားစား တွေးတောနေရန် အချိန်မရှိပေ။
လင်းမိန်ဟွေ့က ချက်ချင်းဆိုသလို အခန်းအတွင်းသို့ ပြေးဝင်သွားပြီး အိပ်ရာပေါ်မှ ခေါင်းအုံးစွပ်ကို ကောက်ယူကာ အပိုင်းများစွာ ဆွဲဖြဲလိုက်သည်။
သူမက စုန့်ယီ၏ လက်ပေါ်မှ သတ်မှတ်ထားသည့် နေရာတွင် အလျင်အမြန် ပတ်တီးစည်းလိုက်သည်။
ပြီးသောအခါတွင် သူမ စုန့်ယီကို ရေဘုံဘိုင်ဆီသို့ ခေါ်သွားပြီး ရေဘုံဘိုင်ကို ဖွင့်ကာ ဆက်တိုက် ဆေးကြောပေးခဲ့သည်။
စုန့်ယီအနေဖြင့် ဤအချိန်တွင် စကားမပြောရဲသကဲ့သို့ စကားပြောရန်အတွက်လည်း ခွန်အားများ မရှိနေခဲ့တော့ပေ။
သူက လင်းမိန်ဟွေ့၏ လုပ်ဆောင်သမျှအရာအားလုံးကို ခွင့်ပြုထားသော်လည်း သူမ၏ အရေးပေါ်အခိုက်အတန့်တွင် တည်ငြိမ်မှုကိုတော့ တိတ်တဆိတ် ချီးကျူးနေမိခဲ့သည်။
“အစ်ကို စုန့်ယီ၊ ခဏလေး သည်းခံထားဦး၊ ကျွန်မကို စောင့်ဦး၊ ကျွန်မ အမြန်ဆုံစပြန်လာခဲ့မယ်”
လင်းမိန်ဟွေ့က ကျောမှီတန်းပါသော ကုလားထိုင်တစ်လုံး ယူလာပြီး စုန့်ယီကို ထိုင်ခိုင်းလိုက်သည်။ ထို့နောက် တစ်ဖက်လူကုာ ဂရုတစိုက် ညွှန်ကြားပြီးနောက် သူမက အိမ်အပြင်ဘက်သို့ အလျင်အမြန် ထွက်သွားခဲ့ပြန်သည်။
သူမက ဆေးဆိုင်ဝှိရာနေရာဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ပြေးသွားခဲ့က် ဆေးမြစ်၏ အဓိကလက္ခဏာများကို တိတိကျကျ ဖော်ပြပြီး ဆေးဆိုင်၌ အလျင်အမြန် ဝယ်လိုက်သည်။
ဆေးကိုရရှိပြီးနောက်တွင် သက်ပြင်းချရန်ပင် အချိန်မရဘဲ လင်းမိန်ဟွေ့က ချွေးများဖြင့် ပြန်ပြေးခဲ့ရပြန်သည်။
အိမ်သို့ ပြန်ရောက်လာပြီးနောက် လင်းမိန့်ဟွေ့က ဆေးမြစ်များကို ချေမွကာ စုန့်ယီ၏ ဒဏ်ရာပေါ်သို့ ဂရုတစိုက် လိမ်းကျံပေးလိုက်သည်။
အေးမြသည့် ခံစားမှုက စုန့်ယီ၏ ဦးနှောက်ကို ချက်ချင်း ကြည်လင်စေခဲ့ပြီး မတိုင်ခင်က မြွေဆိပ်ကြောင့် အဖြူရောင် ပြောင်းသွားသည့် နှုတ်ခမ်းများကလည်း ဖြည်းဖြည်းချင်း ပြန်လည် သွေးလွှမ်းကာ နီရဲလာသည်။
“မိန်ဟွေ့၊ မင်းက ကိုယ့်အသက်ကို ကယ်ခဲ့တာပဲ၊ ကိုယ် မင်းအပေါ် အကြွေးတင်သွားရပြီ”
ဤအချိန်၌ စုန့်ယီက လင်းမိန့်ဟွေ့ကို ခေါ်ထားခဲ့သည့် သူ၏ ဆုံးဖြတ်ချက်က အမှန်ကန်ဆုံးပင်ဖြစ်သည်ဟု ခံစားရသည်။
စုန့်ယီ၏ ပြင်းပြသော မျက်လုံးများ စိုက်ကြည့်ခြင်းကို ခံရသောအခါ လင်းမိန်ဟွေ့၏ ပါးပြင်များက ရုတ်တရက် ပူလောင်လာခဲ့ရသည်။
“အစ်ကိုစုန့်ယီ၊ ရှင်ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ၊ ရှင်ကလည်း ကျွန်မရဲ့အသက်ကို ကယ်ခဲ့တာပဲမဟုတ်ဘူးလား၊ အခု ကျွန်မက ရှင့်ရဲ့အသက်ကို ကယ်လိုက်တယ်ဆိုတော့ ကျွန်မတို့တွေက အခု အချင်းချင်း သရေပဲလေ၊ ဟုတ်တယ်မလား။”
သူမက စနောက်သကဲ့သို့ ဟန်ဆောင်ပြောဆိုလိုက်ပြီး တောင့်တင်းနေခဲ့သော ပတ်ဝန်းကျင်လေထုကို အနည်းငယ်သက်သာသွားစေခဲ့သည်။
စုန့်ယီ၏ မျက်လုံးများက ဗလာကျင်းနေသည့် အိတ်ဆီသို့ ရောက်သွားပြီး အနည်းငယ် မှိန်ဖျော့သွားသည်။
“ကံမကောင်းစွာနဲ့ မြွေက ထွက်ပြေးသွားတယ်”
ထို့သို့မဟုတ်ပါက သူ့အနေဖြင့် မြွေကို မြို့သို့ ယူသွားပြီး ငွေကြေးနှင့် လဲလှယ်လိုက်လျှင် လင်းမိန်ဟွေ့အတွက် ပိုမိုကောင်းမွန်သည့် ပရိဘောဂအချို့ ဝယ်ပေးနိုင်ပေလိမ့်မည်။
သူ၏ အတွေးများကို ရိပ်မိသောကြောင်း လင်းမိန်ဟွေ့က သူ့ကို နှစ်သိမ့်ပေးရန်အတွက် အရှေ့သို့တိုးလာခဲ့သည်။
“သူ ပြေးသွားရင်လည်း ပြေးသွားပါစေပေါ့၊ နောက်ထပ် ပြန်ဖမ်းလို့ရပါတယ်၊ အခု ရှင် အဆင်ပြေရင်ပဲ ရပါပြီ”
သူမက ဤစကားများကို ပြောလိုက်သည်နှင့် စကားလုံးများက နည်းနည်းလောက် အဆင်မပြေ ဖြစ်နေသကဲ့သို့ ခံစားရသည်။
သူမ ခေါင်း မော့ကြည့်လိုက်သောအခါ စုန့်ယီ၏ မျက်ဝန်းများအတွင်းမှ သူမနှင့်မရင်းနှီးသော ချစ်ခင်ကြင်နာသော အကြည့်များနှင့် ဆုံတွေ့သွားရပြီး သူမ၏ နှလုံးသားက ရှုပ်ထွေးသွားခဲ့ရသည်။
“အစ်ကို စုန့်ယီ.. ကျွန်မ.. ကျွန်မ ရှင့်အတွက် ရေတစ်ခွက် သွားယူလိုက်ပါဦးမယ်”
ဤသို့ပြောပြီးနောက် လင်းမိန်ဟွေ့က အိမ်အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားခဲ့လေသည်။ စုန့်ယီက သူမ၏ ရှက်ရွံ့သွားသောအမူအရာကို မြင်သောအခါ သူ၏နှုတ်ခမ်းထောင့်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
စုန့်ယီ၏ ကိုယ်ခန္ဓာသည်က နဂိုကတည်းက ကိုယ်ခံအား ကောင်းမွန်ပြီး လင်းမိန်ဟွေ့၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုအောက်တွင် သူ၏ ဒဏ်ရာများက အလျင်အမြန် သက်သာလာခဲ့သည်။
နောက်ဆုံးတစ်ကြိမ်က ဖြစ်ခဲ့ရသည့် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းရန်အတွက် စဥ်းစားရင်း စုန့်ယီက တောင်ပေါ်သို့ ထပ်မံ တက်သွားပြန်သည်။
ဤတစ်ကြိမ်တော့ သူက ရစ်ငှက်ပေါင်းများစွာအပြင် တောဝက်တစ်ကောင်ကိုပါ ဖမ်းနိုင်ခဲ့သည်။
လင်းမိန်ဟွေ့ကို အံ့အားသင့်အောင်လုပ်ပေးရန်အတွက် စုန့်ယီက ရစ်ငှက်များနှင့် တောဝက်ကို မြို့သို့ ယူသွားပြီး ရောင်းလိုက်သည်။ ရသည့်ဝင်ငွေသည်လည်း သိသိသာသာ များပြားသည်။
စုန့်ယီက ငွေများစွာကို သူဆောင်ထားသည့် ပိုက်ဆံအိတ်အတွင်းသို့ ဂရုတစိုက် ထည့်လိုက်သည်။
သူက ပိုက်ဆံအိတ်ကို သူ၏ဘောင်းဘီအိတ်ကပ်အတွင်း၌ထည့်ကာ အပေါ်မှ လက်တစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။ သူ၏ လက်ဖဝါးများကတော့ စိတ်လှုပ်ရှားမှုကြောင့် ချွေးများထွက်နေခဲ့သည်။
သူက ချက်ချင်း အိမ်သို့ ပြန်မည့်အစား မြို့အတွင်းမှ ဈေးဝယ်စင်တာသို့ သွားခဲ့သည်။
နေဝင်ခါနီးအချိန်တွင် လင်းမိန်ဟွေ့က တံခါးအပြင်ဘက်မှ ထွန်စက်အသံကို ကြားလိုက်ရသည်။ သူမ ချက်ချင်း အိမ်အတွင်းမှ ပြေးထွက်လာပြီးနောက်တွင် စုန့်ယီက ထွန်စက်ပေါ်မှ ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။
သူက ယာဉ်မောင်းသူ၏ အကူအညီဖြင့် ထွန်စက်၏ နောက်ဘက်မှ ကြီးမားသော လေးထောင့်ပုံသဏ္ဌာန် အရာဝတ္ထုကြီးတစ်ခုကို မြှောက်ယူလိုက်လေသည်။
“အစ်ကို စုန့်ယီ၊ ဒါ ဘာလဲ။”
စုန့်ယီက သူမကို ပြုံးပြရုံသာ ပြုံးပြီး မည်သည်ကိုမျှ မပြောပေ။
သူက ယာဉ်မောင်းနှင့်အတူ အရာဝတ္ထုကြီးကို အိမ်အတွင်းသို့ ရွှေ့လိုက်ကာ ကားခကိုရှင်းပြီးနောက် ယာဉ်မောင်းကို ပြန်လွှတ်လိုက်သည်။
ပြီးသောအခါတွင် လျှို့ဝှက်ဆန်းကြယ်နိုင်သော မျက်နှာဖြင့် ပြောလိုက်သည်။
“မင်း ဒါကို ကြိုက်ပါလိမ့်မယ်”
ဤသို့ပြောပြီးနောက် သူက အပြင်ဘက်မှ ထုပ်ပိုးထားသည့် ကတ်ထူဘူးကို အလျင်အမြန် ဖယ်ရှားလိုက်လေ၏။ ထို့နောက်တွင် လှပပြီး သေသပ်စွာဆေးသုတ်ထားသည့် မှန်တင်ခုံတစ်လုံး လင်းမိန်ဟွေ့၏ ရှေ့၌ ပေါ်လာခဲ့တော့သည်။
“လာ၊ ထိုင်ကြည့်”
စုန့်ယီက သူမ၏ ပခုံးများကို တွန်းပြီး မှန်တင်ခုံရှေ့၌ ထိုင်ခိုင်းလိုက်သည်။ မှန်အတွင်းမှ သူ့ကိုယ်သူ ကြည့်ရင်း လင်းမိန်ဟွေ့က နောက်ဆုံးတွင် သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်ကျဆင်းလာခဲ့ရသည်။
စုန့်ယီက သူမ၏ အတွေးများကို အဘယ်ကြောင့် ဤမျှ တိတိကျကျ နားလည်နိုင်သနည်းဆိုသည်ကို သူမ မသိပေ။
သူတို့နှစ်ယောက်သည်က သိကျွမ်းသည်မှာလည်း သိပ်မကြာသေးပေ။
သူမ၏ အတိတ်ဘဝနှင့် ဤဘဝ၌ စုန့်ယီထက် သူ့ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံသူ မည်သူမျှ ရှာမတွေ့နိုင်တော့ဟုပင် ခံစားရသည်။
ဤသည်က သူမကို စိတ်နှလုံးကိုမထိဘဲ နေမည်နည်း။
“မိန်ဟွေ့၊ မငိုပါနဲ့၊ မင်း မကြိုက်လို့လား”
လင်းမိန်ဟွေ့၏ မျက်ရည်များက စုန့်ယီကို ကြောက်လန့်စေခဲ့သည်။
သို့သော် နောက်တစ်စက္ကန့်တွင် လင်းမိန်ဟွေ့က ရုတ်တရက် ရယ်မောလာခဲ့ပြန်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ မကြိုက်တာ မဟုတ်ပါဘူး၊ အရမ်းကြိုက်လွန်းလို့ ငိုချင်တာပါ”
စုန့်ယီ သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူမ၏ ခေါင်းနောက်ဘက်ကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်လေသည်။
မနက်တိုင်းတွငင လင်းမိန်ဟွေ့က သူမ၏ မျက်နှာထက်ပင် သေးငယ်သည့် မှန်လေးရှေ့၌ ဆံပင်ဖြီးနေသည်ကို မြင်တိုင်း စုန့်ယီက သူ့ကိုယ်သူ မစွမ်းဆောင်နိုင်ဟုလည်းကောင်း၊ သူ့ကို ကောင်းမွန်သော ဘဝတစ်ခု မပေးနိုင်ဟုလည်းကောင်း ခံစားခဲ့ရသည်။
ယခု သူမ ပျော်နေသည်ကို မြင်ရသောအခါ မည်မျှပင် ပင်ပန်းပါစေ တန်ဖိုးရှိသည်ဟုတွေးမိသည်။
“ဒါပေမယ့် ဒီပစ္စည်းက ဈေးမကြီးဘူးလား။”
ပျော်ရွှင်ပြီးနောက်တွင် လင်းမိန်ဟွေ့၏ခေါင်းက ချက်ချင်း ကြည်လင်လာသည်။
စုန့်ယီက သူမကို ဤနေ့ ရခဲ့သည့် တောဝက်အကြောင်း အလုံးစုံ ပြောပြပြီးနောက် ကျန်ရှိနေသည့် ငွေကြေးများအားလုံးကို သူမကို ပြသလိုက်သောအခါမှသာ သူမ စိတ်အေးသွားခဲ့ရလေသည်။