← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း(17)

စားသောက်ပြီးနောက် လင်းမိန်ဟွေ့က ပန်းကန်များကို သိမ်းဆည်း၍ စုန့်ယီကို အနားယူရန် ပြောကြားခဲ့သည်။

သူမကတော့ ခြံတွင်းရှိ ကြွေအိုးကြီးနှစ်လုံးကို ဆေးကြောရန် ရည်ရွယ်ထားလေ၏။

ပုံမှန်အားဖြင့် စုန့်ယီက တစ်ဦးတည်းနေသူဖြစ်၍ ပစ္စည်းများကို ကောက်ကာငင်ကာသာ အသုံးပြုလေ့ရှိသည်။ လင်းမိန်ဟွေ့က အိုးဆေးရန် ပွတ်တိုက်စကို ထုတ်ယူခဲ့သော်လည်း အဆိုပါ ပွတ်တိုက်စသည်လည်း အမွေးများ ကျွတ်နေသဖြင့် သေချာစွာ ဆေးကြောရန် ခက်ခဲနေခဲ့သည်။

သို့နှင့် သူမက အိမ်ထဲမှ တံစဉ်ကိုယူ၍ အပြင်သို့ထွက်ကာ ရွာအနီးရှိ ချုံများမှ အကိုင်းအခက်များ ခုတ်ယူခဲ့သည်။

ထို့နောက် အကိုင်းအခက်များကို အိုးတိုက်စနှစ်ခုခန့် ပြုလုပ်၍ အသုံးပြုနိုင်လောက်မည့် ပမာဏကို တွက်ချက်ကြည့်ပြီးခဲ့သည်။ နောက်ပိုင်းတွင် ထိုအိုးတိုက်စနှစ်ခုက အညစ်အကြေးများနှင့် မည်းနေသည့် ဒယ်အိုးတိုက်ပွတ်တိုက်စနေရာတွင် အစားထိုးရန်အတွက် အဆင်သင့်ဖြစ်သွားပေလိမ့်မည်။

ခြံဝင်းလေးအတွင်းသို့ ပြန်ရောက်လာပြီးနောက်တွင် လင်းမိန်ဟွေ့က သစ်ကိုင်းစ အစည်းလိုက်ကို ပုဆိန်ဖြင့် ဖြတ်၍ အခွံများခွာချလိုက်လေသည်။ ထို့နောက် ၎င်းတို့ကို အဖြူအောင်အမျှင်များရရှိစေရန် ထပ်မံ ပြုလုပာယူခဲ့ပြီး မကြာမီအချိန်တိင်ပင် အဖြူရောင်သစ်သားသားစမျှင်များ ပေါ်ထွက်လာခဲ့သည်။

ဒယ်အိုးတိုက်တိုက်စနှစ်ခု ပြုလုပ်ရန်အတွက် သူ့အနေဖြင့် အားစိုက်ထုတ်ရန်ပင် မလိုအပ်ခဲ့ပါချေ။

လင်းမိန်ဟွေ့တစ်ယောက် သူမကိုယ်တိုင် ပြုလုပ်ထားသည့် အိုးတိုက်စများကို သဘောကျစွာ ကြည့်ရှုနေစဉ် သူမ၏နောက်သိို့ စုန့်ယီ ရောက်ရှိလာကြောင်းကို သိလိုက်သည်။

“မိန်ဟွေ့၊ မင်းက တကယ်ကို အရမ်း တော်ပြီး ထက်မြက်တာပဲ၊ အိုးတိုက်စကိုတောင် လက်နှင့် လုပ်နိုင်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး”

စုန့်ယီက ချီးကျူးခဲ့သည်။

“မဟုတ်တာ၊ ကျွန်မ လင်းမိသားစု အိမ်မှာတုန်းက အိမ်က တံမြက်စည်းတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ကိုယ်တိုင်လုပ်ခဲ့တာလေ၊

အိမ်နီးနားချင်းတွေကလည်း ကျွန်မလုပ်တာတွေက အတော်လေး ကောင်းတယ်ဆိုပြီးတော့ သူတို့အတွက်တောင် ကူညီပြီး လုပ်ပေးဖို့ ပြောခဲ့ကြတယ်”

လင်းမိန်ဟွေ့သည်ကား သူမ၏ သင်ယူနိုင်စွမ်းကို ယုံကြည်မှုရှိစွာဖြင့် ပြောခဲ့သည်။

တစ်ချိန်တည်း၌ သူမ၏စိတ်အတွင်း၌ ပိုက်ဆံရှာရန် တခြားနည်းလမ်းတစ်ခုကို စဉ်းစားလိုက်မိ၏။

“ဒီလို ကြမ်းတမ်းတဲ့အလုပ်မျိုးတွေဆိုရင် အခုကစပြီး ကိုယ့်ကို လှမ်းခေါ်လိုက်ပါ၊ မင်း တစ်ယောက်တည်း အခုလိုမျိုး တိတ်တဆိတ် မလုပ်နဲ့တော့ ကောင်းပြီလား”

စုန့်ယီအနေဖြင့် အစအဆုံး မြင်ခဲ့ရသည်။ လင်းမိန်ဟွေ့သည်ကား ငယ်ရွယ်သော်လည်း အလုပ်လုပ်ကိုင်ရာတွင် သပ်ရပ်၍ အားအပြည့်ဖြင့် လုပ်ကိုင်တတ်၏။

သူမ၏ လက်ဖဝါးများ၌လည်း ကြမ်းတမ်းသည့် အလုပ်များကို ပြုလုပ်ခဲ့၍ ဖြစ်ပေါ်နေသည့် အသားမာများ ပြည့်နေသည်ကို ကြည့်လျှင် သူမ လင်းမိသားစု၏အိမ်၌ အလုပ်များစွာ လုပ်ခဲ့ရသည်မှာ သိသာလှသည့်အတွက် သူ့ကို စိတ်မကောင်းဖြစ်စေခဲ့သည်။

လင်းမိန်ဟွေ့က စုန့်ယီ၏ စကားသံအတွင်းမှ စိုးရိမ်ပူပန်မှုကို ကြားလိုက်ရသည့်အတွက် သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

သူမက ပြုလုပ်နေလက်စ အလုပ်များကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ စုန့်ယီကို ပြုံးပြလိုက်သည်။

“ကောင်းပါပြီ၊ အခုကစပြီး ခက်ခဲတဲ့ အလုပ်တွေကို စုန့်ယီကိုပဲ လုပ်ခိုင်းတော့မယ်”

မတိုင်ခင်က လင်းမိသားစု၌ ရှိနေစဥ် လင်းမိန်ဟွေ့အနေဖြင့် ပစ္စည်းများကို မနိုင်သည့်အချိန်မျိုးတွင် သူမ၏ မိဘများကို အကူအညီတောင်းလိုခဲ့သော်လည်း သူမကို အပျင်းကြီးသည်ဟုဆို၍ အဆူအဆဲခံခဲ့ရသည်။

သူမ၏ ခွန်အားများမှာ လေးလံကြမ်းတမ်းသည့်အလုပ်များကို နေ့စဉ်မပြတ် အတင်းအကြပ်ပြုလုပ်ခဲ့ရ၍ ရရှိလာခြင်း ဖြစ်သည်။

ဤကဲ့သို့ အားတင်း၍ ကြံ့ကြံ့ခံနေသည့် အကျင့်တို့က စကားလုံးအနည်းငယ်ကြောင့် ဝမ်းနည်းသွားခဲ့ရသည်။

စုန့်ယီကတော့ သူမတွေးနေခဲ့သည်ကို မသိပါချေ။

လင်းမိန်ဟွေ့မှ ကြွေအိုးများကို ဆေးကြောရန် ထလာသည်ကို မြင်သော် ချက်ချင်းပင် ကူညီလုပ်ဆောင်ပေးရန် အပြေးအလွှားပြုလုပ်လိုက်သည်။

လင်းမိန်ဟွေ့သည်လည်း သူ၏ သန်မာသည့် လက်မောင်းများကို မြင်တွေ့ခဲ့ရပြီး တစ်ဖက်လူက ကြွေအိုးကို ရေတွင်းအနီးသို့ အလွယ်တကူ ရွှေ့သည်ကိုလည်း တွေ့ခဲ့ရသည်။

သူက ရေခွက်ဖြင့် နှစ်ခွက်ခပ်ကာ ကျင်းလိုက်ပြီး အိုးတိုက်စကို ခပ်တင်းတင်းကိုင်ကာ အားဖြင့် သုံးလေးချက် ပွတ်တိုက်လိုက်သည်နှင့် ကြွေအိုးတစ်ခုလုံး သန့်ရှင်းသွားခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤကဲ့သို့သော အလုပ်များအတွက် အမျိုးသားတစ်ဦးရှိနေခြင်းက အလွန် ကောင်းလှပေသည်။

နေရောင်ခြည်က ခြံဝင်းလေးအတွင်းသို့ ဖြာကျနေခဲ့သည်။ အရာအားလုံးက ရိုးရှင်းစွာ အသက်ဝင်နေခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် သူမ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား မသိသော်လည်း သူမအနေဖြင့် စုန့်ယီမှာ ဘုရားသခင်ပေးသည့် လက်ဆောင်တစ်ခုဟု အမြဲတစေခံစားရသည်။

မကြာခင်တွင်ပင် သစ်သီးယိုများ ပြုလုပ်တော့မည်ဖြစ်၍ လင်းမိန်ဟွေ့တစ်ယောက် မအားသကဲ့သို့ စုန့်ယီကိုလည်း အားလပ်မနေစေရတော့ပေ။

သူမက သစ်သီးများကို ယိုထိုးရန်ပြင်ဆင်ဖို့အတွက် ရေနွေးတည်နေစဉ် စုန့်ယီကို လတ်ဆတ်သည့် သစ်သီးများ ဆေးကြောရန် ကူညီခိုင်းလိုက်သည်။

ခြံဝင်းလေးအတွင်း၌ လူနှစ်ဦးက အလုပ်များနေကြပြီး ငှက်ကလေးများက သစ်ကိုင်းများပေါ်၌ တေးဆိုနေခဲ့ကြသည်။

လင်းမိန်ဟွေ့တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် တိတ်ဆိတ်သည့် ပတ်ဝန်းကျင်မှ ပျော်ရွှင်မှုမျိုးကို ခံစားလိုက်ရသည်။

သစ်သီးယိုပြုလုပ်ခြင်းသည်ကား လက်ဝင်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်အေသည်။

အသီး၏အစေ့ကို ဖယ်ရှားရမည်၊ အရသာအတွက် သကြားထည့်ရမည်၊ နောက်ဆုံးအဆင့်ကမူ ဆူနေသည့် သကြားရည်အတွင်းသို့ ထည့်၍ သေချာစွာမွှေရမည်၊ တစ်ညလုံး စိမ်ထားရမည်၊ ပြီးမှ လေတိုက်ခံ၍ အခြောက်ခံရသည်။

လက်ရှိ၌ ထောက်ပံ့ရေးနှင့် စျေးကွက်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ရှားပါးသည့် သစ်သီးများဟူ၍ မရှိပါချေ။ ပန်းသီးနှင့် လိမ္မော်သီးတို့ကသာ ဝယ်ယူရ ခက်ခဲမှုရှိသည်။

သို့သော်လည်း လင်းမိန်ဟွေ့အနေဖြင့် ယခုမူ အနည်းအကျဉ်းသာ ပြုလုပ်နိုင်သေးသည်။ အမျိုးအစားများ စုံလင်စွာရှိနိုင်စေရန် မတူညီသည့် အစားအစာသုံး အရောင်များကိုပါ ဆိုး၍ တခြားသော အကူပစ္စည်းများကိုလည်း ထပ်မံထည့်လိုက်သည်။

၎င်းတို့ကို အခြောက်လှန်းနေစဉ် စုန့်ယီက အနီရောင်၊ အစိမ်းရောင် သစ်သီးယိုများပေါ်၌ တောက်ပနေသည့် ရေခဲမှုန့်ကဲ့သို့ အမှုန်လေးများကို ကြည့်၍ မချီးကျူးဘဲမနေနိုင်တော့ချေ။

“မိန်ဟွေ့၊ မင်းလုပ်တဲ့ ပစ္စည်းတွေက ထောက်ပံ့ရေးနဲ့ စျေးကွက်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ရောင်းတဲ့ပစ္စည်းတွေထက် အများကြီး ပိုလှတယ်၊ လတ်ဆတ်ပြီး သကြားလည်း လုံလောက်တယ်၊ အရေအတွက်များရင်တောင် ရောင်းအားကောင်းမှာ သေချာတယ်”

လင်းမိသားစုထဲတွင် အခြားသူများကို ချီးကျူးသည့် ဓလေ့မရှိပါချေ။ ကျိုးချွေ့ဟွားသည်ကား မည်သည့်အခါမျှ ကျေနပ်ရောင့်ရဲခြင်းမရှိတတ်ဘဲ ကောင်းကင်နှင့် မြေကြီးကိုပင် ကျိန်ဆဲနေတတ်သည်။

သူမသည်လည်း ချွင်းချက်မရှိခဲ့ပေ။

အချိန်များစွာ၌ သူမ ကိုယ်တိုင် ကောင်းမွန်သည်ဟု ခံစားရသော်လည်း ယုံကြည်မှုမရှိခဲ့ဘဲ မိမိက အကောင်းဆုံးမဟုတ်ဟုသာ ခံစားခဲ့ရသည်။

ယခုအချိန်တွင်တော့ လင်းမိန်ဟွေ့မှာ စုန့်ယီ သူမကို ဤမျှ ချီးကျူးလာသည်ကို ကြားလိုက်ရသည့်အတွက် မျက်နှာတစ်ခုလုံး နီရဲသွားသော်လည်း အနည်းငယ် ယုံကြည်မှု ရှိလာသည်။

သူမက ရုတ်တရက် လူတစ်ဦးကဲ့သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

“အစ်ကိုစုန့်ယီ၊ ကျွန်မကို အချိန်တိုင်း ချီးကျူးမနေပါနဲ့တော့၊ ရှင်သာ ထပ်ပြီးချီးကျူးနေရင် ကျွန်မရဲ့ အမြီးက ကောင်းကင်ဘုံအထိ ရောက်သွားတော့မယ်”

“ရဲရဲဝံ့ဝံ့ ရှိရမယ့်အချိန်မှာ ရဲရဲဝံ့ဝံ့ ရှိရမှာပေါ့၊ ကိုယ်တို့ရဲ့ မိန်ဟွေ့ က နတ်သမီးလေးတစ်ပါးလို ပြည့်စုံနေတာပဲလေ၊ အလုပ်လည်း ကြိုးစားပြီး တော်လည်း တော်တယ်”

စုန့်ယီက တုံ့ဆိုင်းမှုမရှိ ထပာမံ ချီးကျူးလိုက်ပြန်သည်။ လင်းမိန်ဟွေ့အနေဖြင့် ထိုသူမှာ စကားပြောမကျွမ်းကျင်ကြောင်းကိုသာ မသိလျှင် သူက စကားအပြောအဆိုကောင်းသည့်လူဟုပင် ထင်မြင်မိပေမည်။

သစ်သီးယိုများကို ဗန်းအတွင်း၌ ထည့်၍ အခြောက်လှန်းရန်အတွက် နှစ်ရက် သုံးရက်ခန့် ကြာခဲ့သည်။

ဤရက်များ၌ လင်းမိန်ဟွေ့က ဖန်အိုးများကို ဆေးကြောထားပြီး ထုပ်ပိုးရန်စက္ကူအိတ်အချို့ကိုလည်း ပြင်ဆင်ခဲ့သည်။

စုန့်ယီသည်လည်း ကူညီပေးခဲ့သည့်အတွက် ဤခြံဝင်းလေးမှာ ၎င်းတို့၏ ပျော်ရွှင်စရာ ကမ္ဘာလေး ဖြစ်လာခဲ့သည်။

သုံးရက်မြောက်နေ့ ညနေခင်း၌ စုန့်ယီက သစ်သီးယိုများကို ကြွေအိုးများအတွင်း ထည့်၍ တွန်းလှည်းပေါ်သို့ တင်လိုက်သည်။

“မိန်ဟွေ့၊ အိတ်တွေနဲ့ ဖန်အိုးတွေ ထည့်ပြီးပြီလား၊ မနက်ဖြန်ကျရင် စိတ်ပူစရာမလိုအောင် လှည်းပေါ်မှာကို အတူ တင်ထားလိုက်ရအောင်”

လင်းမိန်ဟွေ့က ဝါးခြင်းတောင်းလေးကို ကိုင်၍ ထွက်လာကာ ပြုံး၍ ပြောခဲ့သည်။

“မနက်ဖြန် မနက်မှ ထည့်လည်း အဆင်ပြေပါတယ်၊ ကျွန်မ အခုပဲ ဝါးခြင်းတောင်းထဲကို ထည့်လိုက်ပါ့မယ်၊ အစ်ကိုစုန့်ယီ၊ ကျွန်မကို ကူညီပါဦး”

စုန့်ယီလည်း အနားကို လျှောက်လာခဲ့ပြီး ဝါးခြင်းတောင်းကို ယူလိုက်လေသည်။ ဤအချိန်၌ မတော်တဆ သူ၏ ကြီးမားသည့်လက်ဖဝါးက လင်းမိန်ဟွေ့၏ လက်ဖမိုးပေါ်သို့ ရောက်ရှိသွားခဲ့သည်။

သူတို့၏ လက်ချင်းထိတွေ့ရာမှ ဖြစ်ပေါ်လာသည့် နွေးထွေးမှုကြောင့် နှစ်ဦးစလုံး သတိမထားမိဘဲ လက်ကို ရပ်တန့်လိုက်မိကြသည်။

နောက်ဆုံးတွင် လင်းမိန်ဟွေ့က သတိဝင်လာခဲ့ပြီး ဝါးခြင်းတောင်းကို မမှောက်စေရန် သတိထားကာ နေရာပြောင်း၍ကိုင်လိုက်သည်။

လင်းမိန်ဟွေ့အနေဖြင့် တစ်ဦးဦးကို ပထမဆုံးအကြိမ် ကူညီခိုင်းရခြင်းဖြစ်၍ ယခုကဲ့သို့ ကြုံတွေ့ရချိန်တွင်သူမ၏မျက်နှာက နီရဲနေခဲ့ပြီး နှလုံးခုန်နှုန်းလည်းမြန်လာကာ နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သည့် ခံစားချက်တစ်ခု မျောလွင့်နေခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင်တော့ စုန့်ယီက လင်းမိန်ဟွေ့အတွက် လှည်းကို တံခါးအပြင်ဘက်အထိ တွန်းပို့ပေးခဲ့သည်။

လင်းမိန်ဟွေ့က သူမ နေ့လယ်ဘက် အချိန်မီ ပြန်လာနိုင်မည်မဟုတ်ဟု ထင်သည့်အတွက် စုန့်ယီကို လှမ်းမှာခဲ့လေသည်။

“အစ်ကိုစုန့်ယီ၊ နေ့လယ်စာကို ကိုယ့်ဘာသာ စားလိုက်တော့နော်၊ ကျွန်မ အစာခြောက် ယူသွားတယ်၊ ပြန်လာစားမှာ မဟုတ်ဘူး”

“ကောင်းပြီ၊ လမ်းမှာ သတိထားသွားဦး”

စုန့်ယီက မှာကြားလိုက်ပြီး လင်းမိန်ဟွေ့ လှည်းကိုတွန်းပြီး ထွက်သွားသည်ကို ကြည့်နေခဲ့သည်။

လင်းမိန်ဟွေ့တစ်ယောက် မြို့ထဲရှိ စျေးသို့ ရောက်လျှင် ဟင်းသီးဟင်းရွက်ရောင်းသည့် အမျိုးသား၊ အမျိုးသမီးများနှင့် စကားအနည်းငယ် ပြောကြည့်ပြီးသည့်နောက် ဆိုင်နေရာရွေးချယ်မှုနှင့် ပတ်သက်၍ ပြောစရာများ ရှိသည်ကို ချက်ချင်း နားလည်သွားသည်။

စျေး၏ အဝင်ပေါက်သည်ကား နေရာ မကောင်းသော်လည်း လူများက ဝင်ရောက်ကြည့်ရှုလိုကြလိမ့်မည်။

စျေး၏ အဆုံးပိုင်းရှိ နေရာများကား သိပ်ပြီးမကောင်းပါချေ။ လူအများက လိုချင်သည့်ပစ္စည်းကို ဝယ်ပြီးသည်နှင့် လှည့်ပြန်သွားတတ်သည်ဖြစ်ပြီး အဝေးကြီးသို့ မသွားကြတော့ပေ။

လင်းမိန်ဟွေ့၏ ထက်မြက်သည့် မျက်လုံးများက တောသစ်သီးများရောင်းသည့် ဆိုင်ဘေးရှိ သေးငယ်သည့် နေရာလွတ်တစ်ခုကို လှမ်းမြင်လိုက်ပြီး ထိုဦးလေးကို နှုတ်ဆက်ရန် သွားခဲ့သည်။

“ဦးလေး၊ သစ်သီးယိုလေးစားကြည့်ပါဦး”

ဦးလေးကြီးသည် ဟောင်းနွမ်းနေသည့် ရေတပ်ပြာရောင် ကျုံးရှန်ဝတ်စုံကို ဝတ်ထားပြီး ၎င်း၏ ကော်လာသည်ကား ဆေးလိပ်ပြာများကြောင့် ပေါက်ပြဲနေသော်လည်း သပ်ရပ်နေဆဲပင်။

သူက လင်းမိန်ဟွေ့ ကမ်းပေးလိုက်သည့် အနီရောင်၊ အစိမ်းရောင် သစ်သီးယိုများကို ယူ၍ ၎င်း၏ ထူထဲသည့် မျက်ခုံးမွှေးများကို ပင့်လိုက်သည်။

“မင်း .. မင်းကတော့... ဆိုင်မဖွင့်ခင်ကတည်းက လူတွေကို အလကားပေးစားနေပြီ၊ စျေးမရောင်းရသေးဘဲ အရှုံးပေါ်မှာ မကြောက်ဘူးလား”

လင်းမိန်ဟွေ့က ပြုံး၍ ပြောကြားခဲ့သည်။

“ဆွေမျိုးနီးစပ်တွေက ဘေးအနားမှာရှိနေတဲ့ လူတွေလောက် မကောင်းဘူးလို့ ပြောကြတယ်လေ၊ စီးပွားရေးလုပ်ဖို့ ထွက်လာတဲ့သူတွေက အချင်းချင်း ဖေးမကူညီရမှာပေါ့၊ ဦးလေးကို သစ်သီးယိုကျွေးတာက ဘယ်လိုမှ အရှုံးမရှိပါဘူး”

ဦးလေးကြီးသည် ၎င်း၏ ဝါနေသောသွားများကို ဖော်ပြ၍ ပြုံးလိုက်သည်။

“မင်းက စကားပြောတာ အတော်လေး ကောင်းတာပဲ၊ ပါးစပ်ကလည်း ချိုတယ်၊ မင်းလိုလူမျိုးက စီးပွားရေးကောင်းကောင်းလုပ်နိုင်တယ်၊

ခက်ခဲတာတွေကို ရွေးချယ်မနေရဘူး၊ မဟုတ်ရင် စီးပွားရေး လုပ်နိုင်မှာ မဟုတ်ဘူး”

“ဦးလေးရဲ့ လုပ်ငန်း အဆင်ပြေလား၊ တောသစ်သီးတွေ ကောင်းကောင်း ရောင်းရလား…”

“ဒီလိုပဲလေ၊ တစ်အိမ်လုံး ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်လေးတွေ ဝယ်နိုင်တော့ လယ်ယာတွေမှာ အသက်မွေးဝမ်းကျောင်း ပြုတာထက်တော့ ကောင်းပါတယ်”

လင်းမိန်ဟွေ့က ထိုဦးလေးကြီးနှင့် စကားပြောနေရင်းပင် ဆိုင်ခင်း၍ ပြီးသွားခဲ့သည်။

အဖြူရောင် ပလတ်စတစ်ပြားလေးတစ်ခုပေါ်၌ ဖန်အိုးလေးများကို တင်ထားခဲ့ပြီး ကျန်သည့်အရာများကို ပုံ၍ချထားသည်။

သူမက ဤဖန်အိုးများကို ချမ်းသာသည့်သူများထံသို့ ရောင်းရန်လည်း စီစဉ်ထားသည်။

ငွေကြေးမရှိသည့်သူများအတွက်ကမူ ဘေးတွင်ရှိသည့် သာမန်ပစ္စည်းများကို ရောင်းလိမ့်မည်။

*

အခန်း(18)

လင်းမိန်ဟွေ့ ဆိုင်ခင်းကျင်းပြီး မကြာမီပင် ဖောက်သည်များစွာက အရောင်အသွေးစုံလင်သည့် ပစ္စည်းများကြောင့် စိတ်ဝင်စားကာ လင်းမိန်ဟွေ့ထံသို့ ဈေးနှုန်းမေးမြန်းလာခဲ့ကြသည်။

၎င်းတို့က အတော်လေး စိတ်ဝင်စားပုံရသည်။

လင်းမိန်ဟွေ့သည်လည်း ၎င်းတို့တစ်ဦးစီတိုင်းကို တစ်မျိုးစီ အစမ်းစားရန် ပေး၍ မြည်းစမ်းပြီးမှ ဝယ်ယူခိုင်းခဲ့သည်။

ဖောက်သည်များသည်လည်း လင်းမိန်ဟွေ့၏ စိတ်အားထက်သန်မှုကြောင့် စိတ်လှုပ်ရှားသွားကြသော်လည်း အပြုံးများဖြင်သ ပြောခဲ့ကြသည်။

“ညီမလေး၊ ဘာလို့ ငါတို့ကို အရင်စားခိုင်းတာလဲ၊ ငါတို့ကို အခုလို စားခိုင်းပြီး မဝယ်ဘဲ မနေရအောင်လုပ်နေတာပဲ၊ မင်းဆီက စားပြီးသွားရင် ငါတို့ မဝယ်လို့ မရတော့ဘူးလေ”

လင်းမိန်ဟွေ့က ဘေးနားတွင်ရှိနေသော ဦးလေးထံမှ ချိန်ခွင်တစ်ခုကို ငှား၍ အပြုံးလေးနှင့် ပြောခဲ့လေသည်။

“အစ်မတို့က တကယ်ကို နောက်ပြောင်တတ်တာပဲ၊ ကျွန်မရဲ့ အသီးယိုတွေက အရသာရှိရင် ဝယ်သွားပြီး အရသာမရှိရင် အကြံဉာဏ် ပေးလို့ရပါတယ်၊

စီးပွားရေးဆိုတာ ရိုးသားမှုနဲ့ လုပ်ရမှာပေါ့၊ ဖောက်သည်တွေကို ဘယ်လိုလုပ်ပြီး လိမ်ညာနိုင်မှာလဲ”

ဘေးနားမှအစ်မကြီးများလည်း ရယ်မောလိုက်ကြပြီး လင်းမိန်ဟွေ့မှာ အတော်လေး နွေးထွေး၍ ရက်ရောသည်ဟု ခံစားကြရသည်။

ထိုသစ်သီးယို အမြည်းများကို စားပြီးသည်နှင့် သူတို့က ခေါင်းညိတ်၍ ချီးကျူးလာကြသည်။

“ဒါက ထောက်ပံ့ရေးနဲ့ စျေးကွက်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပစ္စည်းတွေထက် ပိုကောင်းတယ်၊ နူးညံ့ပြီး ချိုတယ်”

“ဟုတ်တယ်၊ အသီးရနံ့လည်း ပါသေးတယ်၊ ထောက်ပံ့ရေးနဲ့ စျေးကွက်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကအသီးယိုတွေက ဘယ်လောက်ကြာကြာ သိမ်းထားလဲ မသိဘူး၊ အနံ့ဆိုးတွေတောင် ထွက်နေပြီ၊ ကျွန်မ မြေးလေးတောင် စားရတာကို မကြိုက်ဘူး”

လင်းမိန်ဟွေ့က ထိုကဲ့သို့ ချီးကျူးသံများကို ကြားရသော် သူမ၏ရင်ထဲတွင် ချိုမြိန်သွားခဲ့သည်။ ၎င်းတို့က အလေးချိန် မညာမျှလိုချင်သည်ဟု ပြောသည်နှင့် လင်းမိန်ဟွေ့က အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။

“အစ်မ၊ ကြည့်ပါဦး၊ ဒီမှာအများကြီးထည့်ပေးလိုက်ပါတယ်၊ တစ်၊ နှစ်၊ နှစ်ဆယ်သားပဲ၊ ဒါက စုစုပေါင်း ငါးဆယ်သား… ကြည့်လိုက်ဦးနောက် အကုန်လုံးကိုအပိုထည့်ထားတယ်”

“ငါတို့ မင်းကို ယုံတယ်၊ မင်းကိုယုံတယ်…”

အစ်မကြီ့များ တစ်ဦးစီလျှင် အနည်းငယ်လောက်စီ ဝယ်၍ ငွေကြေးများကို ပေးချေခဲ့ကြသည်။

တကယ်တမ်းတွင် လင်းမိန်ဟွေ့အနေဖြင့် လုပ်ငန်း မအောင်မြင်မည်ကို စိုးရိမ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤခေတ်ကာလ၌ လူများမှာ ချမ်းသာကြွယ်ဝခြင်းမရှိကြပေ။

ချမ်းသာသည့် မိသားစုများကသာ ၎င်းတို့၏ ကလေးများအတွက် ဤကဲ့သို့သော အဆာပြေစားစရာများကို ဝယ်နိုငာကြမည်။ မထင်မှတ်ဘဲ ထိုအစ်မများ ထွက်သွားသည်နှင့် ဖောက်သည်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

မကြာမီပင် ကြွေအိုးအတွင်းရှိ သစ်သီးယိုများက အောက်ခြေအထိ ကုန်သွားသည်။ အိုးအောက်ခြေ၌ရှိသည့် အဖြူရောင် သကြားအလွှာကို ကြည့်ရင်း လင်းမိန်ဟွေ့တစ်ယောက် သူမ နှလုံးသားထဲ၌ မဆုံးနိုင်သည့် လိုချင်တောင့်တမှုများကို ခံစားရသည်။

စီးပွားရေးလုပာရန်အတွက်က ဤမျှ လွယ်ကူလျှင် စုန့်ယီ ပေးထားသည့် ယွမ်တစ်သောင်းလက်ဖွဲ့ငွေကိုပင် မကြာမီ ပြန်လည်ရှာနိုင်လိမ့်မည်။ သို့ဖြစ်ပါက စုန့်ယီကို အကြွေးတင်ရန် မလိုတော့ပါချေ။

ဘေးနားတွင်ရှိနေသည့် တောသစ်သီးရောင်းသည့် ဦးလေးသည်လည်း အားကျနေခဲ့သည်။ သူက ၎င်း၏ ပိုက်ကို ခေါက်၍ ပြောကြားခဲ့သည်။

“ မင်းက သစ်သီးယို လုပ်တာ တကယ်တော်တာပဲ၊ အချိန်ရရင် ငါ့ကို လုပ်နည်းလေး သင်ပေးပါဦး၊ ငါလည်း အိမ်ကိုရောက်ရင် ရောင်းဖို့ လုပ်ချင်တယ်၊ စိတ်မပူပါနဲ့၊ ငါ မင်းရဲ့ စီးပွားရေးကို မခိုးပါဘူး၊ တခြားနေရာမှာ ရောင်းပါ့မယ်”

“ကောင်းပါပြီ ဦးလေး၊ ဦးလေး စိတ်မပျက်ဘူးဆိုရင် ကျွန်မ သင်ပေးပါ့မယ်”

လင်းမိန်ဟွေ့၏ ရက်ရောသည့် အဖြေကို ဘေးရှိ ဟင်းသီးဟင်းရွက်သည် အဒေါ်ကြီးလည်း ကြားသွားခဲ့သည်။ ထိုအဒေါ်ကြီးသည် ၎င်း၏ နှုတ်ခမ်းကို မဲ့ကာ ဦးလေးကို ပြောကြားခဲ့သည်။

“လောင်ကျန့်ထို့၊ ဒီကလေးမလေးက နောက်ဆုံးမှ စီးပွားရေး နည်းနည်းလုပ်နိုင်တာလေ၊ အခု မင်းက သူ့ရဲ့လုပ်ငန်းကို လုယူတော့မလို့လား၊ ကိုယ်ပိုင်စီးပွားရေးကို ဘယ်လိုလုပ်ရမယ်ဆိုတာ ဘာလို့ မသိတာလဲ”

ဦးလေးကြီးက ပြုံး၍ ပြောခဲ့လေသည်။

“ငါက ကလေးမလေးကို စနေတာပါ၊ သူနရဲ့စီးပွားရေးကို ဘယ်လိုလုပ်ပြီး ခိုးယူနိုင်မှာလဲ”

လင်းမိန်ဟွေ့က ဤကဲ့သို့ ရိုးရှင်းသည့် စကားလုံးများကို ကြားရလျှင် ပြုံးလိုက်မိပြီး တစ်ချိန်တည်းတွင် သူမ၏ နှလုံးသားအတွင်း၌ ကျေနပ်မှုတစ်ခု ခံစားလိုက်ရသည်။

သူမ၏ဘဝက ဤကဲ့သို့ ဆက်လက်သွားနိုင်လျှင် ကောင်းပေမည်။

ဤအချိန်တွင် ပန်းပွင့်ပုံစံ အင်္ကျီများ ဝတ်ထားသည့် အမျိုးသားနှစ်ဦးက လျှောက်လာကြသည်။

၎င်းတို့က လမ်းလျှောက်နေရင်းဖြင့် လက်များကို ထီမထင်ဟန် လွှဲခါနေခဲ့ကြသည်။

သူတို့က လင်းမိန်ဟွေ့၏ ဆိုင်ရှေ့သို့ရောက်လျှင် ထိုင်ချလိုက်ပြီး ဘယ်ညာ လှမ်းယူလိုက်၊ ဖန်အိုးများကို တီးခေါက်လိုက် ပြုလုပ်နေကြသည်။

“အစ်ကိုကြီးတို့ ဘာစားချင်လဲ၊ ကျွန်မဆီမှာ ပန်းသီးနဲ့ လိမ္မော်သီးယိုတွေ ရှိတယ်၊ ချိုပြီး မွှေးတယ်…”

“သစ်သီးယို ဟုတ်လား၊ ဒါကိုပဲ ငါတို့ ရှာနေတာ၊ ငါတို့အိမ်က မင်းရဲ့ သစ်သီးယိုကို အခုလေးတင် ဝယ်ပြီး စားလိုက်တာ၊ ကလေးက စားပြီးတာနဲ့ အော့အန်ပြီး ဝမ်းလျှောနေတယ်၊ အခု ဆေးရုံမှာ… ဘယ်လိုလုပ်ရမယ်လို့ မင်း ဘယ်လိုထင်လဲ”

အမျိုးသားနှစ်ဦးက လင်းမိန်ဟွေ့ကို စောင်း၍ကြည့်လိုက်ကြသည်။

တကယ်တမ်းတွင် သူမက ကျန်းကျစ်ကုန်းနှင့် စေ့စပ်မှုကို ဖျက်သိမ်းခဲ့ကာ ဆင်းရဲသားတစ်ဦးနှင့် လက်ထပ်ခဲ့သည့် အမျိုးသမီးဖြစ်သည်။

သူမ၏မျက်နှာက သန့်ရှင်း၍ ရုပ်ရည်လည်း ချောမောသော်လည်း ဉာဏ်ကောင်းသည့် အမျိုးသမီး မဟုတ်ပါချေ။

ကျန်းကျစ်ကုန်း၏နောက်ကို မလိုက်ပါခဲ့ခြင်းက ကိစ္စမရှိသေးပေ။ သို့သော် သူမ၏မောင်ကို ကျန်းမိသားစုဗီဒီယိုရုံဆီသို့ သွား၍ ပြဿနာရှာခိုင်းခဲ့သည်။

ထိုအတွက်ကြောင့် ရဲများ ရောက်ရှိလာခဲ့ပြဦး ဗီဒီယိုရုံကို တိုက်ရိုက် ပိတ်ပစ်ခဲ့သည်။

အဆိုပါ ဗီဒီယိုရုံက မသန့်ရှင်းသည့်အရာများကို ဖုံးကွယ်ထားသည်ဟုဆို၍ ပိတ်ခဲ့ခြင်းပင်။

သူမက တခြားသူများ၏ စီးပွားရေးပြုလုပ်ခြင်းကို မလိုလားလျှင် သူမ၏ စီးပွားရေးကိုလည်း မည်ကဲ့သို့ အောင်မြင်ရန်မျှော်လင့်နိုင်မည်နည်း။

လင်းမိန်ဟွေ့တစ်တော့ တစ်ဖက်လူ၏စကားများကို ကြားရလျှင် စိတ်လှုပ်ရှားသွားခဲ့သည်။ သူမက သစ်သီးယို ပြုလုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်လုံး သန့်ရှင်းရေးကို များစွာ အာရုံစိုက်ခဲ့သည်ကို ပြန်လည်တွေးမိသည်။

ထို့အပြင် စုန့်ယီနှင့် သူမတို့ နှစ်ဦးစလုံး မနေ့ကတည်းက စားခဲ့ကြပြီး မည်သည့်ပြဿနာမှ မရှိခဲ့ပါချေ။ မည်ကဲ့သို့ ပျက်စီးနိုင်မည်လဲ။

သူမ၏ ကိုယ်ပိုင် သစ်သီးယိုပြဿနာ မဟုတ်ကြောင်း သေချာအောင် စမ်းစစ်ပြီးနောက် လင်းမိန်ဟွေ့ စိတ်အေးသွားခဲ့ပြီး အမျိုးသားနှစ်ဦးကို ကြည့်၍ ပြောခဲ့သည်။

“ဒီသစ်သီးယိုတွေကို ကျွန်မက သန့်ရှင်းပြီး တင်းကျပ်တဲ့ လုပ်ငန်းစဉ်တွေအတိုင်း လုပ်ထားတာပါ၊ လူတွေကို ဒုက္ခပေးတာ မဖြစ်နိုင်ပါဘူး

အစ်ကိုကြီးတို့ နှစ်ယောက်ကြားမှာ နားလည်မှုလွဲတာများ ရှိသလား”

“မင်းက လုပ်ငန်းစဉ်အတိုင်း လုပ်တယ်တဲ့လား၊ ကြွက်ချေး ဒါမှမဟုတ် ယင်ကောင်ဥတွေ ကပ်နေရင်ရော၊ မင်း အသီးယိုတိုင်းက သန့်ရှင်းတယ်လို့ အာမခံနိုင်မလား”

ထိုအမျိုးသားနှစ်ဦးသည်ကား ရိုင်းစိုင်းသည့် သဘောထားကို ပြသလာခဲ့ကြသည်။ ၎င်းတို့က စကားပြောသည့်အခါ အသံများက အလွန် ကျယ်လောင်လွန်းသည်ဖြစ်ရာ စျေးအတွင်းရှိ လူတိုင်းက လှမ်းကြည့်လာခဲ့ကြသည်။

လင်းမိန်ဟွေ့လည်း ချက်ချင်း နားလည်လိုက်လေသည်။ ဤလူနှစ်ဦးသည်ကား ပြဿနာရှာရန် ရောက်ရှိလာခြင်းဖြစ်ပြီး ကျန်းကျစ်ကုန်း၏ လူများဖြစ်ဖို့ ဖြစ်နိုင်ခြေအများဆုံးရှိသည်။

ဤအခြေအနေကို မြင်လျှင် ဘေးရှိ တောသစ်သီးရောင်းသည့် လောင်ကျန့်ထို့သည်လည်း လင်းမိန်ဟွေ့ကို ကူညီရန် ရောက်ရှိလာကာ ပြောခဲ့သည်။

“မင်းတို့ နှစ်ယောက်! ဒီအသီးယိုတွေကို ငါ ခုလေးတင် အများကြီး စားခဲ့တာ၊ ငါ အကုန် စားခဲ့တယ်၊ အရသာလည်းရှိပြီး သန့်ရှင်းမှုလည်း အပြညာ့ရှိတယ်၊ မင်းတို့ နားလည်မှုလွဲတာ ဖြစ်ရမယ်၊ ဒီကလေးမလေး စီးပွားရေးလုပ်ရတာ မလွယ်ဘူး…”

“ခင်ဗျားနဲ့ ဘာဆိုင်လဲ၊ ခင်ဗျားင စကားများလွန်းနေပါလား”

၎င်းတို့နှစ်ဦးက လောင်ကျန့်ထို့ကို ဒေါသတကြီး ကြည့်လိုက်ကြသည်။ လောင်ကျန့်ထို့သည်လည်း ပြဿနာဖြစ်ရန် မလိုလားသည့်အတွက် ခဏတာလောက် စကားရပ်သွားသည်။

“ဒါဆိုရင် ရှင်တို့ရဲ့ မိသားစုဝင်တွေ ကျွန်မရဲ့ သစ်သီးယိုစားပြီး ဝမ်းလျှောတယ်ဆိုတာကို သက်သေပြဖို့ ဘယ်လိုသက်သေတွေ ရှိလဲ၊ ရှင်တို့က ပြဿနာရှာဖို့ ရောက်လာတာဆိုရင် သက်သေအထောက်အထားတွေနဲ့ လာခဲ့ပါ

ဆေးရုံက သစ်သီးယိုစားလို့ ဖြစ်တာလို့ ဆုံးဖြတ်ရင် ကျွန်မ ဆေးဖိုးဝါးခ အကုန်လုံးကို လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်…”

လင်းမိန်ဟွေ့ကတော့ နောက်ထပ် အလျှော့မပေးတော့ပါချေ။ ဤကဲ့သို့သော ကိစ္စများ ဖြစ်ပေါ်လာသည့်အခါတွင် ကြောက်ရွံ့နေခြင်းသည်က အသုံးမဝင်တော့ပေ။

သူမ၏ ယခင်ဘဝ၌ ကျန်းမိသားစု၏ အနိုင်ကျင့်မှုကို ကြုံခဲ့ရပြီးဖြစ်သည်။ သူမသည်ကား အကြိမ်ကြိမ် အလျှော့ပေးခဲ့သော်လည်း ပြန်ရသည်မှာ ရန်လိုမှုသာဖြစ်၍ နောက်ဆုံးတွင်မူ သူမ၏ အသက်ကိုပါ ဆုံးရှုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။

သူမ ဤနေ့ အားနည်းလျှင် ကျန်းမိသားစုက နောင်တစ်ချိန်၌ အဆုံးမရှိသည့် ပြဿနာများကို ရှာနေဦးမည်ကို သိသည့်အတွက် လင်းမိန်ဟွေ့ တဖြည်းဖြည်း စိတ်တည်ငြိမ်လာခဲ့သည်။

“သက်သေလား၊ ပျက်စီးနေတဲ့ဟာကို စားဖို့ ဘာသက်သေလိုလဲ၊ အခု မင်းကို အန်ပြရမှာလား”

အမျိုးသားနှစ်ဦးက စကားပြောရင်း လည်ချောင်းကို ထိုးကာ ကုန်းကုန်းကွကွ ပြုလုပ်ပြလိုက်ကြသည်။

ထိုကြောင့် ဘေးရှိလူများက လက်ညှိုးထိုး၍ မကျေမနပ်ဖြစ်သွားကြသော်လည်း ၎င်းတို့ကတော့ ဂရုမစိုက်ပါချေ။ သူတို့သည်က လင်းမိန်ဟွေ့ကို ခြိမ်းခြောက်ရန် ဆုံးဖြတ်ထားပုံရသည်။

လင်းမိန်ဟွေ့က ဆိုင်ကို သိမ်းရင်း ပြောခဲ့သည်။

“ရှင်တို့ ဒီလို ထပ်လုပာပြီး ပြဿနာရှာနေဦးမယ်ဆိုရင် ကျွန်မ ရဲကို ဖုန်းခေါ်မယ်၊ ရဲဆီ သွားပြီး ငြင်းခုံကြမယ်”

“မှန်တယ်၊ ရဲခေါ်လိုက်၊ ကလေးမလေး”

“ဒီလို ကိစ္စမျိုးဆို ရဲက ဝင်ပါမှ ဖြစ်မယ်၊ ရှင်းပြဖို့ ခက်တယ်”

စျေးအတွင်းရှိ လူများသည်လည်း လင်းမိန်ဟွေ့ တစ်နံနက်လုံး ကြိုးစားလုပ်ကိုင်သည်ကို မြင်နေရ၍ လူဆိုးနှစ်ဦး ပြဿနာရှာနေသည်ကို သိသိသာသာမြင်သာနေကြသော်လည်း ရှေ့တက်၍ ကူညီရဲသည့် သတ္တိမရှိကြသည့်အတွက် လင်းမိန်ဟွေ့ကို ရဲခေါ်ဖို့တိုက်တွန်းရင်း ကူညီရန်သာ ပြုလုပ်နိုင်ကြသည်။

လူမိုက်နှစ်ဦးက သူတို့၏ မျက်ခုံးများကို ပင့်လိုက်၍ ဂရုမစိုက်သည့် လေသံဖြင့် ပြောကြားခဲ့သည်။

“တိုင်လိုက်လေ၊ ရဲခေါ်လိုက်၊ မင်း စီးပွားရေး ဆက်လုပ်ချင်သေးရင် ရဲခေါ်လိုက်”

လင်းမိန်ဟွေ့က သစ်သီးယိုအိုးများအားလုံးကို သိမ်းဆည်း၍ပြီးတော့မည်ပင်။

သူမ လက်လှမ်းလိုက်သည်နှင့် လူမိုက်နှစ်ဦးက အိုးနှစ်လုံးကို လုယူသွားကြသည်။

“ကောင်းပြီလေ၊ မင်းတို့က ပစ္စည်းတွေကို ဖျက်ဆီးပြီး သက်သေဖျောက်ဖို့ လုပ်နေတာမလား၊ ဒါက သက်သေပဲ၊ ဒီအိုးနှစ်လုံးကို ငါတို့ ပြန်ယူသွားရမယ်”

“ချထားစမ်း”

လင်းမိန်ဟွေ့က ပြဿနာဖြစ်နည်ကို မလိုလားသော်လည်း ပြဿနာဖြစ်ပေါ်လာလျှင်လည်း မကြောက်ပါချေ။

၎င်းတို့သည်က ပြဿနာရှာရန် ရောက်ရှိလာသည်ဖြစ်ရာ မိမိ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ရင်ဆိုင်ရမည်ပင်။

သူမက ဘေးရှိ ပလတ်စတစ်ပြားဖြင့် ဖုံးအုပ်ထားသည့် အုတ်ခဲကျိုးကို ကောက်ကိုင်လိုက်၍ လူမိုက်နှစ်ဦးကို ချိန်ရွယ်ကာ ပြောခဲ့သည်။

“နင်တို့က ငါ့ပစ္စည်းတွေကို ရှေ့လက်နဲ့ ကိုင်ထားရင်၊ ငါက ဒီအုတ်ခဲနှင့် နောက်ခြေကို ပစ်ပြီးရိုက်ချိုးပစ်မယ်၊ နင်တို့ ယုံလား မယုံဘူးလား”

လူမိုက်နှစ်ဦးသည်လည်း အနည်းငယ် စိတ်ပူသွား၍ အုတ်ခဲကျိုးကို ကြောင်ကြည့်နေကြသည်။

၎င်းတို့ထဲမှ တစ်ဦးကတော့အနည်းငယ် လန့်သွားပြီး အိုးကို ဖြည်းဖြည်းချင်း ချလိုက်လေသည်။

All Chapters