← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း19. အဆုံးမရှိ အမှားရှာဖွေခြင်း

ဈေးဆိုင်မှ မထွက်ခွာသေးသူက လက်ခုပ်တီး၍ လှောင်ပြောင်ပြောဆို၏။

“ဒီလောက်အထိ ဒေါသထွက်စရာမလိုပါဘူး၊ ဒီကိစ္စက သေချာပေါက် ဖြေရှင်းရမှာပဲ”

“ရဲတွေ လာနေကြပြီ”

တစ်စုံတစ်ဦးက အော်ဟစ်လိုက်၏။

ဤအသံကြောင့် လူမိုက်နှစ်ဦးလည်း ရပ်တန့်သွားခဲ့လေ၏။ နှစ်ယောက်ထဲမှတစ်ယောက်ကတော့ သစ်သီးယိုတစ်ဘူးကို လုယူ၍ ထွက်ပြေးသွားလေတော့သည်။

လင်းမိန်ဟွေ့တစ်ယောက် နှစ်ယွမ်တန် သစ်သီးယိုဘူးလေးအတွက် နှမြောစိတ် ဖြစ်ပေါ်၍ အနောက်မှလိုက်ရန် ကြိုးပမ်းစဉ် ဦးလေးတစ်ယောက်က သူမကို တားဆီးကာ ပြောလာလေသည်။

“မိမ်းကလေး၊ ထားလိုက်ပါတော့၊ ဒီလိုလူတွေက နေရာတိုင်းမှာ ပြဿနာရှာနေတာ? သူတို့နဲ့ရန်ဖြစ်ရင် နောက်ဆို စီးပွားရေးပျက်လိမ့်မယ်၊ ဦးလေးပြောတာကို နားထောင်ပါ”

တစ်နေ့တာလုံး ပျော်ရွှင်ခဲ့ရသည့် စိတ်မှာ ထိုလူမိုက်နှစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ရပေသည်။

ဈေးဆိုင်သည်လည်း ရှုပ်ပွနေခဲ့သည်။ အရေးအကြီးဆုံးအချက်မှာ စျေးဝယ်များ ဤနေရာသို့ လာရောက်ကြချိန်တွင် မျက်နှာလွှဲသွားကြပြီဖြစ်ပြီး လင်းမိန်ဟွေ့၏ သစ်သီးယိုများကို ဝယ်ရန် မရဲကြတော့ပေ။

လင်းမိန်ဟွေ့ အဘယ်မျှပင် ခေါ်စေကာမူ စျေးဝယ်များက လှည့်ပတ်၍ ထွက်သွားကြလေသည်။။

လင်းမိန်ဟွေ့ နားလည်ပေသည်။

စီးပွားရေးသမားများသည်က နာမည်ပျက်စီးမည်ကို ကြောက်ရွံ့တတ်ကြ၏။ ဈေးအတွင်းရှိ ဆိုင်ရှင်များမှာ လင်းမိန်ဟွေ့ မတရားခံရကြောင်းကို သိကြသော်လည်း ဖောက်သည်အသစ်များကတော့ မသိရှိကြပါချေ။ သူမအနေဖြင့် လူတိုင်းအား လိုက်လံရှင်းပြရန်လည်း မဖြစ်နိုင်ပေ။

လင်းမိန်ဟွေ့၏ နှလုံးသားက အနည်းငယ် နာကျင်လ်ခဲ့ရပြီး မျက်လုံးများလည်း နီမြန်းလာခဲ့သည်။

ထိုအချိန်၌ စုန့်ယီသာ ရှိနေလျှင် အဘယ်မျှ ကောင်းမည်နည်းဟု ရုတ်တရက် တွေးမိလာရသည်။ သူသာဆိုလျှင် သူမအတွက် ကာကွယ်ပေးမည်မှာ သေချာပေသည်။

သို့သော်လည်း ဤကဲ့သို့သော အားငယ်စိတ်က ခဏတာမျှသာ ဖြစ်ခဲ့လေသည်။ စုန့်ယီအား သူမကြောင့် ဒုက္ခမပေးလိုပေ။

ယခုအချိန်၌ တခြားသူကို အားကိုး၍ မိမိ၏ပြဿနာကို ဖြေရှင်းခိုင်းခြင်းသည်က ရိုင်းစိုင်းရာ ရောက်သည်မဟုတ်ပါလား။

ဆိုင်ကို ရှင်းလင်းပြီးနောက် လင်းမိန်ဟွေ့က ဦးလေးကြီးအား သစ်သီးယိုတစ်ဘူး ထပ်မံပေးလိုက်၏။ ဦးလေးကြီးမှာ မူလက မယူလိုသော်လည်း လင်းမိန်ဟွေ့က သူအား ကူညီပြောဆိုပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုကာ အတင်းအကျပ်ပေးခဲ့လေသည်။

ထိုအခါမှ ဦးလေးကြီးက ဘူးကိုသိမ်းဆည်းလိုက်ပြီး လင်းမိန်ဟွေ့ဆီသို့ သနားစိတ်အပြည့်ဖြင့် ကြည့်လာခဲ့၏။

“ မိန်းကလေး အားမလျှော့ပါနဲ့၊ ဒီမြို့ရဲ့ မြောက်ဘက်မှာ ဈေးလေးတစ်ခုရှိတယ်၊ အဲဒီမှာ အစိုးရအဖွဲ့တွေရှိတယ်၊ ဒါကြောင့် ပိုပြီးမြန်မြန်ရောင်းရလိမ့်မယ်!”

“ကောင်းပါပြီ၊ အကြံပေးတာ ကျေးဇူးတင်ပါတယ် ဦးလေး၊ ကျွန်မ အခုပဲ သွားလိုက်ပါ့မယ်”

လင်းမိန်ဟွေ့လည်း ထိုအကြံဉာဏ်ကို ရရှိပြီးနောက် ပြန်လည်အားတက်လာကာ ဈေးတွန်းလှည်းကို မြောက်ဘက်ဈေးဘက်သို့ တွန်းသွားခဲ့လေသည်။

မြို့က ကြီးမားခြင်း မရှိပေ။ ထို့ကြောင့် နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက်တွင် ဦးလေးကြီး ပြောပြသော ဈေးငယ်လေးသို့ ရောက်ရှိသွားခဲ့ပေပြီ။

ပန်းခြံဘေးရှိ သစ်ပင်တန်းများနှင့် လမ်းတစ်ခုဖြစ်၍ လမ်းဘေးနှစ်ဖက်စလုံး၌ ဆိုင်ခန်းငယ်များ များစွာ ရှိသည်။ ဤသည်က မြို့၌ တစ်ခုတည်းသော တရားဝင်ဈေးဖြစ်၍ ရှေ့သို့ဆက်သွားပါက မြို့မှ ကေဒါများအားလုံး နေထိုင်သည့် အစိုးရအဖွဲ့ရုံးစုသို့ ရောက်လိမ့်မည်။

ဤဈေး၌ ရောင်းချသည့် ပစ္စည်းများသည်လည်း ပို၍ ကောင်းမွန်၏။

လင်းမိန်ဟွေ့အနေဖြင့် အခင်းအကျင်းပစ္စည်းများစွာကို ဝယ်ရန် မတတ်နိုင်ခြင်းကြောင့် ဖန်ဘူးလေး အနည်းငယ်ကိုသာ ခင်းကျင်းထားခဲ့လေသည်။

သူမက သစ်ပင်အရိပ်အောက်၌ ထိုင်လိုက်ပြီး အိမ်မှယူလာသော အစားအစာခြောက် အနည်းငယ်ကို စားသုံးကာ ရေသောက်လိုက်လေသည်။ ဗိုက်အနည်းငယ်ပြည့်သွားသောကြောင့် လင်းမိန်ဟွေ့လည်း စိတ်သက်သောင့်သက်သာဖြစ်သွားရသည်။

သူမက ဤနေရာတွင် မှောင်ရီပျိုးသည်အထိ ပစ္စည်းများအားလုံး ရောင်းချရန်တွေးနေခဲ့ပြီး ကုန်သွားလျှင်ပင် ဒုတိယအသုတ် ထပ်မံပြုလုပ်လိုစိတ် ဖြစ်ပေါ်နေခဲ့၏။

လက်ရှိတွင် အချိန်ကမွန်းတည့်ချိန် ဖြစ်ခြင်းကြောင့် ဖောက်သည်များစွာ မရှိသေးပေ။ လင်းမိန်ဟွေ့တစ်ယောက် သူမ၏အိတ်တွင်းရှိ ငွေများကို ရေတွက်ကြည့်ရာ စုစုပေါင်း ၁၁ ယွမ်ကျော် ရောင်းထားရကြောင်းကို တွေ့ရှိခဲ့သည်။

ကုန်ကျစရိတ်များကို နုတ်လိုက်ပါက အသားတင်အမြတ် ၅ ယွမ် ရရှိခဲ့ပြီးဖြစ်ကာ မရောင်းရသေးသည့် သစ်သီးယိုလည်း ရှစ်ဘူး ကျန်သေးလေသည်။

ဤသို့ တွက်ကြည့်ပါက အမြတ်အစွန်းများက များစွာ ကောင်းမွန်နေသေးသည်ပင်။

“မိန်းကလေး၊ ဒါ သစ်သီးယိုလား”

ဝဝဖြိုးဖြိုး အမျိုးသမီးကြီးတစ်ဦးက လင်းမိန်ဟွေ့ထံ လာရောက်၍ မေးလာခဲ့၏။

ဖောက်သည်တစ်ယောက် ရောက်လာသည်ကို မြင်လျှင် လင်းမိန်ဟွေ့လည်း ဝမ်းသာအားရ ဖြစ်သွားခဲ့ရပြီး အပြုံးလေးနှင့် ဖြေလိုက်လေသည်။

“ဟုတ်ပါတယ် အဒေါ်၊ ဒီသစ်သီးယိုက အရသာလည်းရှိတယ်၊ အာဟာရလည်းပြည့်တယ်၊ အိမ်က ကလေးတွေနဲ့ လူကြီးတွေအတွက် တစ်ဗူးလောက် ယူသွားပါဦး”

“ဘယ်လောက်လဲ”

“တစ်ဗူးကို နှစ်ယွမ်ပါ၊ သစ်သီးယိုကို မပြောပါနဲ့၊ ဒီဗူးလေးနှင့်တင်ပဲ တန်နေပါပြီ၊ အိမ်မှာ ပစ္စည်းလေးတွေထည့်ထားရင် ကြည့်ကောင်းလောက်မှာပါ!”

လင်းမိန်ဟွေ့အနေဖြင့် ဤကေဒါ မိသားစုများသည်က သန့်ရှင်းသပ်ရပ်ခြင်းကို နှစ်သက်ကြကြောင်းကို သိရှိထားပေသည်။ ဤဖန်ဘူးများကို သကြား၊ ဆား စသည်တို့ ထည့်ရန် အသုံးပြုပါက အဆင်ပြေနိုင်သည်။

ထို့ကြောင့် သူမက အဒေါ်ကြီးအား ဖန်ဘူးနှင့် ဝယ်ယူရန် ဆွဲဆောင်ခဲ့သည်။ အဒေါ်ကြီးသည်လည်း အလွန်သဘောကျနေပုံရပြီး ငါးဘူးကို တိုက်ရိုက် ဝယ်ယူသွားခဲ့လေ၏။ သူမက ဆွေမျိုးများကိုပါ ခွဲဝေပေးလို၍ဖြစ်ချေသည်။

လင်းမိန်ဟွေ့အနေဖြင့် ဤသည်မှာ သူမ၏ သစ်သီးယိုအား အသိအမှတ်ပြုခံရခြင်းဟု ခံစားရပြီး ပိုမိုပျော်ရွှင်သွားခဲ့လေသည်။

သူမက တစ်ဖက်မှအဒေါ်ကြီးအား ဘေးဘက်မှ သစ်သီးယိုတစ်ထုပ်ကိုလည်း လက်ဆောင်ပေးလိုက်ပြီး အိမ်နီးနားချင်းများအား မြည်းစမ်းခိုင်းစေခဲ့၏။

ထိုအတွက်ကြောင့် အဒေါ်ကြီးက အကျိုးအမြတ်များစွာ ရရှိလိုက်သကဲ့သို့ ပျော်ရွှင်စွာ ပြုံး၍ ပြန်သွားခဲ့လေ၏။

ဤအချိန်၌ ဘေးနားတွင်ရှိနေသည့် ဟင်းသီးဟင်းရွက်သည် တချို့က တီးတိုးပြောဆိုလာကြ၏။

“ ကျန်းယွေ့ဖန်ကို ကြည့်စမ်းပါဦး၊ အကျိုးအမြတ်လေး နည်းနည်းလောက် ရတာနဲ့ တော်တော်လေးကို ပျော်နေတဲ့ပုံပဲ၊ တကယ်ကို စည်းကမ်းမဲ့ဖြစ်နေတာ မဟုတ်ဘူးလား ၊

အရင်တုန်းကဆိုရင် ငါ့ရဲ့ဟင်းသီးဟင်းရွက်တွေကို ဝယ်တုန်းကဆို အင်းဆက်တွေ ပါတယ်ဆိုပြီး ပြောပြီးတော့ ဆင့်နည်းနည်းလောက်ပဲ နှိမ်ပြီးပေးသွားတာ”

“ဟုတ်တယ်၊ ဒီလမ်းပေါ်မှာ သူမကို မသိတဲ့သူမရှိဘူး၊ သူမက နှမြောတတ်ပြီး ရှက်ရမှန်းလည်း မသိဘူး... ဒီနေ့ နေက အနောက်က ထွက်တာများလား၊ ဆွေမျိုးတွေအတွက်တောင် ပစ္စည်းဝယ်တယ်ဆိုတော့ တကယ်ကိုရှားတာပဲ”

လင်းမိန်ဟွေ့သည်လည်း ထိုစကားဝိုင်းများကို ကြားလိုက်ရသော်လည်း စိတ်ထဲ၌ မထားခဲ့ပေ။

သူမအတွက်တော့ ပစ္စည်းဝယ်သူများသည်က သူမ၏ ဖောက်သည်များပင်။ သူမက ရောင်းချပြီး ၎င်းတို့က ဝယ်ကြသည်။ ကျန်သည့် ကိစ္စများအတွက်တော့ည သူမ ပို၍ မမေးလိုပေ။

သူမက တစ်ဖက်လူ၏ မိသားစုဝင်တစ်ဦး ဖြစ်လိုခြင်း မဟုတ်သောကြောင့် ဖောက်သည်များ၏ စိတ်နေစိတ်ထားက သူမနှင့် များစွာ မသက်ဆိုင်ပေ။

လင်းမိန်ဟွေ့ သူမ၏သစ်သီးယိုများက များစွာ မကျန်တော့သည်ကို မြင်သောကြောင့် နောက်ဆုံး သုံးဘူးကိုပါ ရောင်းချပြီးမှ အိမ်သိာ့ပြန်မည်ဟု စဉ်းစားထားခဲ့သည်။

ပြီးလျှင် အသား အနည်းငယ် ဝယ်၍ စုန့်ယီအတွက် အသားပေါက်စီ ပြုလုပ်ပေးနိုင်မည်။

မတိုင်ခင်အချိန်က သူမ ပစ္စည်းများ သွားဝယ်ချိန်တွင် စုန့်ယီက ပေါက်စီဆိုင်အား အကြိမ်ကြိမ် ကြည့်နေသည်ကို သူမ မြင်ခဲ့ရ၏။ သူ ထိုအသားပေါက်စီကို စားချင်နေမည်မှာ သေချာပေသည်။

အဆုံးတွင်တော့ လင်းကွားချင်းကို မြင်တွေ့လိုက်ရခြင်းကြောင့် သူမ စိတ်ပူပန်နေခဲ့သည့်အတွက် အိမ်သို့ အမြန်ပြန်သွားခဲ့ရသည်။

သူမ စိတ်ထဲမှ ထိုကဲ့သို့ စီစဉ်နေစဉ် ခြင်းတောင်းကို ကိုင်၍ ဒေါသတကြီးလမ်းလျှောက်လာသည့် အဒေါ်ကြီးတစ်ဦးကို သူမ မြင်လိုက်ရ၏။ သူမ ဆိုင်ရှေ့သို့ ရောက်သည်နှင့် လင်းမိန်ဟွေ့ စကားမပြောရသေးမီမှာပင် ခြင်းတောင်းကို ပစ်ချလိုက်၍ ပြောလာသည်။

“ကြည့်စမ်း၊ နင့်သစ်သီးယိုထဲမှာ ဘာတွေလဲ၊ ဘာလို့ သန်ကောင်တွေပါနေတာလဲ”

“မဖြစ်နိုင်တာ”

လင်းမိန်ဟွေ့က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤသစ်သီးယိုများထဲ၌ သကြားနှင့် ဆား များစွာ ပါဝင်ကြောင်း သူမသိ၏။

ယင်ကောင်များက ဤကဲ့သို့သော အရာမျိုးကို မကြိုက်ကြပေ။ အဘယ်ကြောင့် သန်ကောင်များ ပါနိုင်မည်နည်း။

ကျန်းယွေ့ဖန်က လမ်းပေါ်ရှိ လူများအားလုံးကြားနိုင်စေရန် အော်ဟစ်လိုက်၏။

“အိမ်နီးနားချင်းတွေရေ! ဒီကောင်မလေးရဲ့ ပစ္စည်းတွေကို မဝယ်ကြနဲ့၊ဒီအသီးယိုတွေထဲမှာ သန်ကောင်တွေ တရွတ်ရွတ်နဲ့တွယ်နေတာ၊ ငါ့ကို ပျို့အန်ချင်စိတ်တောင် ဖြစ်စေတယ်၊ ငါ့ရဲ့သမီးလေးက မသိလို့ အများကြီး စားပြီးသွားပြီ... ဒါကြောင့် သူမသာ နေမကောင်းဖြစ်သွားရင် ငါ အရမ်းနောင်တရလိမ့်မယ်”

သူမ ဤသို့ လူသိရှင်ကြား အော်ဟစ်နေသည်ကို မြင်လျှင် လင်းမိန်ဟွေ့အနေဖြင့် တစ်ဖက်လူက သူမကို ပြဿနာရှာရန် လာခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့ရသည်။

သူမအနေဖြင့် မတိုင်ခင်တုန်းက ဘေးဘက်ရှိ ဈေးဆိုင်ပိုင်ရှင်တချို့က ဤအဒေါ်ကြီး၏ နာမည်မှ် ကျန်းဖြစ်ကြောင်း ပြောဆိုသည်ကို ရုတ်တရက် သတိရလိုက်လေ၏။ ထို့ကြောင့် တစ်ဖက်လူမှ် ကျန်းကျစ်ကုန်း၏ ဆွေမျိုးဖြစ်မည်ကို ချက်ချင်း နားလည်လိုက်၏။

သူမ အတိတ်တုန်းက ကျန်းကျစ်ကုန်း ပြောဆိုသည်ကို မတော်တဆ ကြားဖူး၏။ ဤကေဒါ ဆွေမျိုးများမှာ အခွင့်အရေးကို အလွယ်တကူယူတတ်ပြီး ဆက်ဆံရခက်တတ်သည်ဟု ဆို၏။ ထို့ကြောင့် ကျန်းမိသားစုသည် ထိုမိသားစုဝင်နှင့် များစွာ အဆက်အသွယ်မရှိပေ။

ဤသည်မှာ သူမအား အပြစ်ပေးခြင်းပင် ဖြစ်လိမ့်မည်။ သူ၏ ဆွေမျိုးများပင် သူမကို သိရှိနေကြပေပြီ။ အမှန်တကယ်ကို ပြဿနာကြီးမာစွာ ရှာလိုခြင်းပင်။

လူတချို့ကလည်း အနားသို့ လာရောက်၍ ခြင်းတောင်းထဲရှိ ပစ္စည်းများကို သစ်ကိုင်းနှင့် ဆွဲထုတ်ကြည့်ကြ၏။

“ဟေး၊ တကယ်ပဲ သန်ကောင်တွေပါနေတာလား၊ ဒါကို ဘယ်လိုစားလို့ရမှာလဲ၊ ရွံစရာကြီး”

လင်းမိန်ဟွေ့သည် ဤကဲ့သို့သော ကိစ္စမျိုးကို ရှင်းပြ၍ မရနိုင်ကြောင်း သိသည်နှင့် ပစ္စည်းများကို သိမ်းဆည်း၍ ထွက်ခွာရန် ပြင်လိုက်၏။ သို့သော် ကျန်းယွေ့ဖန်က သူမ၏ ဖောင်းဖောင်းကားကား လက်မောင်းများကို ရုတ်တရက် ဆန့်တန်း၍ ပြောလာသည်။

“ဒီလို မသန့်ရှင်းတဲ့ပစ္စည်းတွေ ရောင်းပြီး ကံကြမ္မာဆိုးတွေဝင်လာမှာကို မကြောက်ဘူးလား”

“ဘယ်သူက ကံကြမ္မာဆိုးခံရမယ်ဆိုတာ မရှင်းသေးဘူး၊ ဒီသန်ကောင်တွေ ဘယ်ကလာတာလဲ၊ အဒေါ်က ကျွန်မထက် ပိုသိတယ် မဟုတ်ဘူးလား...”

“ဘာတွေပြောနေတာလဲ ကောင်မလေး၊ နင့်ပစ္စည်းတွေထဲက သန်ကောင်တွေ ဘယ်ကလာတာလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ၊ ငါပြောမယ်၊ ပိုက်ဆံပြန်ပေး ဒါမှမဟုတ် ဒီပစ္စည်းတွေကို ပေး...”

ကျန်းယွေ့ဖန်အနေဖြင့် အခွင့်အရေးကောင်းကို မည်သို့ လက်လွှတ်ခံမည်နည်း။ ယခုလေးတင် ဤကောင်းမွန်သည့်ဘူးအနည်းငယ် ရရှိထားသည်။

ဤသည်ကို သူမ၏ ယောက်ျားက အထက်လူကြီးအား ပေးမည်ဟုဆိုကာ ဗူးအနည်းငယ်ယူသွားခဲ့လေည်။

ဘူးက များစွာ မကျန်တော့သော်လည်း စားစရာများကိုမြင်လျှင် မနေနိုင်သော မရနိုင်ခြင်းကြောင့် ကလေးများကလည်း ထပ်မံယူသွားကြပြန်၏။

သို့နှင့်သူမသည် နောက်ထပ်ကျန်ရှိနေသော ဘူးတစ်ဘူးကိုသာ ယူ၍ ခြင်းတောင်းထဲ ထည့်လိုက်ရသည်။

ထို့နောက်တွင် ဈေးဆိုင်ပိုင်ရှင်ကို မတရားစွပ်စွဲရန် သန်ကောင်များကို ရှာလိုက်လေ။ ဤအရာများကို ကိုင်တွယ်ရသည်မှာ အလွန်ပင်စိတ်မချမ်းသာဖွယ် ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ဆုံးရှုံးမှုကို ပြန်ရရှိပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကျန်းကျစ်ကုန်းက တွန်းအားပေးခြင်းဖြစ်ပြီး တစ်ခုခု ဖြစ်ပါက ကျန်းကျစ်ကုန်းက သူမအတွက် ဖြေရှင်းပေးလိမ့်မည်။

အကျိုးအမြတ်ဆိုသည်က အလကား မရရှိနိုင်ပေ။

*

အခန်း(20) မင်းရဲ့အလုပ်နေရာကို စစ်ဆေးလိုက်ဦး

ကျန်းယွေ့ဖန်က နောက်ကို တစ်လှမ်းဆုတ်သွားသည့် လင်းမိန်ဟွေ့အား တစ်ချက် ကြည့်လိုက်ကာ နစ်နာကြေးများ ပေးလာအောင် ပြုလုပ်မည်ဟု ဆုံးဖြတ်လိုက်၏။

“မင်း ဒီအတွက် နစ်နာကြေး ပေးရလိမ့်မယ်၊ ဒီသစ်သီးယိုမှာ သန်ကောင်ပါနေတာကို ဘယ်သူကများ စားချင်မှာလဲ ၊ အခု ငါတို့စားမိသွားရပြီ!”

လင်းမိန်ဟွေ့အနေဖြင်် သူမ၏ လှည့်ကွက်ကို အစောကြီးကတည်းက ရိပ်မိခဲ့သည့်အတွက် စိတ်ထဲမှ တွေးလိုက်လေ၏။

‘စီးပွားရေးဆိုတာ တကယ်ကို ဆိုးရွားမှုတွေပြည့်နေတဲ့ကမ္ဘာလောကကြီးပဲ၊ ဘယ်လိုလူမျိုးတွေနဲ့မဆို ဆုံတွေ့နိုင်တယ်၊ နောက်ဆိုရင်တော့ ဒီလိုကိစ္စတွေမှာ ဆုံးရှုံးမှု မဖြစ်အောင် လူတွေရဲ့ အတွေးအမြင်တွေကို ပိုပြီး လေ့လာရဦးမယ်’

“ကောင်းပြီလေ ၊ ဒီလိုဆိုမှတော့ မင်း စတိုးဆိုင်ဆီကိုသွားပြီး သစ်သီးယို ငါးဗူးကို ဝယ်လာခဲ့ ၊ ပြီးရင် ငါ့ကို ပေးလိုက်၊ ဒီကိစ္စကို ဒီလိုမျိုးပြီးအောင် လုပ်လိုက်ရအောင်”

ကျန်းယွေ့ဖန် စိတ်မလုံမလဲဖြစ်ကာ မျက်နှာလွှဲလိုက်၏။ သူမ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို ကြောက်ရွံ့နေခဲ့သည်ပင်။

“ကျွန်မ မပေးရင်ရော ဘာဖြစ်လဲ”

လင်းမိန်ဟွေ့က အလျှော့မပေးလိုပေ။ သူမသာ အလျှော့ပေးလိုက်ပါက ဤကိစ္စသည်က အဆုံးမရှိ ဖြစ်ပေါ်နေမည်ကို သူမ စိုးရိမ်၏။

ဤသို့ဆိုပါက နောက်ပိုင်းတွင် စီးပွားရေးကို ဆက်လက် လုပ်ကိုင်နိုင်ပါဦးမည်လော။

လင်းမိန်ဟွေ့ အဘယ်မျှ အားကောင်းကြောင်း မြင်သောအခါ ကျန်းယွေ့ဖန်ကလည်း ခါးထောက်၍ အသံကျယ်ကျယ်နှင့် အော်ဟစ်လာသည်။

“ငါပြောလိုက်မယ်၊ ငါ့ယောက်ျားက မြို့က ကေဒါတစ်ယောက်နော်! နင် ဒီစီးပွားရေးကို ဆက်လုပ်ရဲရင် ငါ သူ့ကို နင့်အလုပ်ကို စစ်ဆေးခိုင်းပြီး ဒဏ်ရိုက်မယ်...”

လင်းမိန်ဟွေ့အနေဖြင့် ကျန်းမိသားစုကို မထိရဲကြောင်း သိသာပေသည်။ သူမ ဆက်လက်၍ ခေါင်းမာနေပါက ပို၍ ဒုက္ခရောက်မည်မှာ သေချာသည်။

ထို့ကြောင့် ဒေါသကို မြိုသိပ်၍ ပြောလိုက်သည်။

“သစ်သီးယိုငါးဗူးက နှစ်ယွမ်ခွဲပဲကျပါတယ်၊ ယိုထုတ်လေးအတွက်က ရှင့်ရဲ့ပိုက်ဆံကိုမတောင်းခဲ့ဘူး၊ အခု ကျွန်မ နစ်နာကြေး နှစ်ယွမ် ပေးမယ်၊ ဒီလိုနဲ့ ပြီးသွားနိုင်မလား”

“သန်ကောင်တွေ စားထားတာကို မူရင်းဈေးပြန်ပေးရုံနဲ့ လုံလောက်တယ်လို့ မင်းထင်နေတာလား”

ကျန်းယွေ့ဖန်သည် လက်နှစ်ဖက်ကို ရင်ဘတ်အနီးတွင် တင်းတင်းကျပ်ကျပ် ပိုက်၍ မကျေမနပ် ဖြစ်စွာပြောနေခဲ့သည်။ သို့သော်လည်း လင်းမိန်ဟွေ့၏ ခြင်းတောင်းထဲမှ ကျန်ရှိနေသည့် သစ်သီးယိုဘူးများကို ကြည့်၍ အကျိုးအမြတ်ယူလိုစိတ်က မျက်လုံးများမှ လျှံကျနေသကဲ့သို့ပင်။

လင်းမိန်ဟွေ့ အံသွားများကို တင်းတင်း ကြိတ်၍ သူမ၏ အိတ်ထဲမှ ငါးယွမ်ကို ထုတ်လိုက်၏။

ပြာလဲ့လဲ့မင်နှင့် ရိုက်နှိပ်ထားသည့် နှစ်ယွမ်တန် ငွေစက္ကူပျော့လေးတစ်ရွက်ပင်။

သစ်သီးယို ပြုလုပ်၍ ပင်ပင်ပန်းပန်း ရှာဖွေခဲ့ရသည့် ငွေများကို ယခုကဲ့သို့ ပေးလိုက်ရသောအခါ သူမ ရင်ထဲ၌ နာကျင်ခံစားရ၏။ သို့သော်လည်း ဤသို့ပင် ဆက်လက်၍ အကုန်အကျခံနေ၍လည်း မဖြစ်နိုင်ပေ။

နေရာသို့ လူများစွာ ရောက်လာသည်ကို မြင်လိုက်ရလျှင် လင်းမိန်ဟွေ့ ခဏတာ သည်းခံ၍ ပြောလိုက်သည်။

“အဒေါ်၊ တကယ်လို့ ကျွန်မရဲ့ပစ္စည်းတွေ အားလုံးကို ပြန်ပေးမယ်ဆိုရင် ကျွန်မ နှစ်ဆပြန်ပေးပါ့မယ်၊ အဲဒီမကောင်းတဲ့အရာတွေကို အဒေါ့်ကို စားခိုင်းလို့ မဖြစ်ဘူး... အဒေါ် သွားယူခဲ့ပါ၊ ကျွန်မ ဒီမှာ စောင့်နေပါ့မယ်”

ကျန်းယွေ့ဖန်က ခဏတာ တွက်ချက်ပြီးနောက် မျက်လုံးများကို မှိတ်ထားလိုက်၏။ ထို့နောက်တွင် လင်းမိန်ဟွေ့၏ လက်ထဲမှ ငွေစက္ကူများကို ယူ၍ လှည့်ထွက်သွားလေ၏။

“နင်က တကယ်ပဲ တုံးအတဲ့ ကောင်မလေးပဲ၊ ဘာလို့ သူ့စကားကို တကယ်ယုံနေရတာလဲ၊ သူမ နင့်ကို ဘာမှ ပြန်မပေးတော့မှာ သေချာတယ်...”

“အဲဒီယွေ့ဖန်က တကယ်ကို ဆိုးသွမ်းတယ်၊ ကောင်မလေးတစ်ယောက်ကိုတောင် လိမ်ညာရဲတယ်၊ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလုပ်နေတာကို မြင်ရတာ စိတ်မကောင်းစရာပဲ

သူမက ဒီလို ထောင်ချောက်မျိုးကိုတောင် သုံးလိုက်သေးတယ်၊ ဖီး! တကယ်ကို မျိုးရိုးစဉ်ဆက် အကျင့်မကောင်းဘဲ နှမြောတတ်တဲ့လူပဲ”

အနီးအနားရှိ ဈေးဆိုင်ပိုင်ရှင် တချို့မှာ လင်းမိန်ဟွေ့အား သနား၍ စကား အနည်းငယ် ပြောဆိုကြ၏။

လင်းမိန်ဟွေ့ စိတ်ပူပန်လာရလေ၏။ စီးပွားရေးဟူသည်မှာ စီးပွားရေးသက်သက် မဟုတ်ဘဲ လူမှုဆက်ဆံရေးများလည်း ပါဝင်ကြောင်းကို သူမ သိလာခဲ့ရ၏။

တစ်နာရီခန့်မျှ စောင့်ဆိုင်းသော်လည်း ကျန့်ယွေ့ဖန်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။ လင်းမိန်ဟွေ့လည်း တစ်ဖက်လူမှာ သူမ၏ သစ်သီးယိုဘူးများ အကုန်လုံးကိာ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိလိုက်လေ၏။

အချိန်က နေဝင်စပြုနေပြီ ဖြစ်ခြင်းကြောင့် သူမသာ အိမ်သို့ မပြန်သေးလျှင် စုန့်ယီ စိတ်ပူနေမည်ကို စိုးရိမ်ရပေသည်။ ထို့ကြောင့် လင်းမိန်ဟွေ့လည်း ဆိုင်ကို သိမ်း၍ စိတ်ဓာတ်ကျစွာနှင့် ပြန်လျှောက်လာခဲ့၏။

ရွာအဝင်သို့ ရောက်သောအခါ လင်းမိန်ဟွေ့တစ်ယောက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း၍ စိတ်ခံစားမှုများကို ထိန်းချုပ်လိုက်၏။ စုန့်ယီကို စိတ်ပူအောင် သူမ မပြုလိုပေ။

စုန့်ယီသည်က မတိုင်ခင်က ကောင်းမွန်သော စိတ်ဆန္ဒဖြင့် လင်းရှောင်ရှုကို ကယ်တင်ခဲ့သည်ပင်။

ကျန်းကျစ်ကုန်း၏ လက်စားချေခြင်းကို သူမ ခံခဲ့ရကြောင်းကို သိလျှင် သူ့အနေဖြင့် သူ့ကိုယ်သူ အပြစ်တင်ကာ စိတ်မကောင်း ဖြစ်နေမည်မှာ သေချာသည်။

သူမ စုန့်ယီအား ဤကဲ့သို့ ဝန်ထုပ်ဝန်ပိုးမျိုး ထမ်းစေလိုခြင်း မရှိပေ။

“ဟေး၊ ဒါ လင်းမိသားစုက ကောင်မလေး မဟုတ်လား၊ လှည်းတွန်းပြီး စီးပွားရေး ထပ်လုပ်နေပြန်ပြီလား”

ရွာ၏အရှေ့ဘက်မှ မုဆိုးမလျိုက ပေါက်တူးတစ်ချောင်းနှင့် ပြန်လာခဲ့၏။ လင်းမိန်ဟွေ့ တွန်းလာသည့် ကြွေအိုးများ၊ ဝါးခြင်းတောင်းများပါသည့် လှည်း မြင်သောအခါ သူမက လမ်းလျှောက်ရင်း ခနဲ့တဲ့တဲ့ စကားပြောလိုက်လေ၏။

မတိုင်ခင်က လင်းမိန်ဟွေ့မှာ မြို့ငယ်လေး၌ သစ်သီးယိုများ ရောင်းချနေသည်ပင်။ ရွာထဲမှ လူများက ဈေးသွားရင်း သူမကို တွေ့ပါက ရွာထဲမှ လူများသည်လည်း ကောလာဟလများ ပြောဆိုကြမည်မှာ သေချာပေသည်။

မုဆိုးမလျို၏ ခနဲ့သည့်စကားကို ကြားလျှင် လင်းမိန်ဟွေ့ သူမကို လျစ်လျူရှု၍ အိမ်သို့ အလျင်အမြန် ပြန်လာခဲ့၏။

သို့သော် မထင်မှတ်ဘဲ မုဆိုးမလျိုက သူမနောက်မှ လှောင်ပြောင် ပြောဆိုလိုက်၏။

“အိမ်မှာ ဒီလိုမျိုး ပေါ့ဆနေတဲ့လူက အိမ်ထောင်ကျတာတောင် မငြိမ်မသက်ဘူးပဲ၊ အိမ်ထောင်အသစ်ကျတဲ့ ချွေးမက တောက်တောက်ပြောင်ပြောင်တွေဝတ်ပြီး လူတွေကိုအထင်ကြီးအောင် ဈေးထဲမှာ ဆိုင်သွားဖွင့်နေတယ်၊ နင် ဘာလုပ်နေတာလဲ”

လင်းမိန်ဟွေ့က သူမ ဝတ်ဆင်ထားသည့် အဝတ်အစားများကို ပြန်ကြည့်လိုက်၏။ ပန်းပြာရောင်အောက်ခံနှင့် အဖြူရောင် ရှပ်အင်္ကျီ၊ အနက်ရောင် ဘောင်းဘီရှည်၊ အနက်ရောင် အဝတ်ဖိနပ်များပင်။

ဤအဝတ်အစားများကို မည်သို့များ တောက်ပြောင်လှပသည်ဟု ပြောဆိုနိုင်မည်နည်း။

လင်းမိန်ဟွေ့ လှည်းကိုရပ်၍ ချွေးများကို အဖြူရောင်သဘက်ဖြင့် သုတ်ပြီး ပြန်ပြောလိုက်၏။

“အဒေါ်လျို၊ ဦးလေးဝမ်က အဒေါ်ရဲ့မြေတွေကို လွန်ခဲ့တဲ့ရက်ပိုင်းက တူးပေးခဲ့တယ် မဟုတ်လား၊ အဒေါ်က ဥပဒေအရ ပေးစရာမလိုလို့ ဦးလေးဝမ်က ခေါ်ခိုင်းနေတာများလား”

“နင်၊ နင် ဘာတွေ မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာလဲ၊ ငါ နင့် ဦးလေးဝမ်အတွက် လုပ်အားခရှာပေးထားတယ်”

“လုပ်အားခပေးတာကိုတော့ ကျွန်မ မတွေ့ရသေးဘူး၊ ဒါပေမဲ့ အန်တီဝမ်ကတော့ အဲဒီလယ်ယာကို သွားပြီး အဒေါ့်ရဲ့အိမ်က ထမင်းအိုးမြေအိုးတစ်လုံးကို ရိုက်ခွဲလိုက်တယ်ဆို၊ ပြီးတော့ အဒေါ်ကို ကောင်းကောင်း နေဖို့ ပြောလိုက်တယ်လို့ကြားတယ်”

လင်းမိန်ဟွေ့၏ စကားဆုံးသောအခါ မုဆိုးမလျိုမှာ ဒေါသတကြီး ခုန်ပေါက်၍ သူမကို အော်ဟစ်လာသည်ကို ကြားရ၏။

သူတပါး၏ အားနည်းချက်များကို ဖော်ထုတ်ရသည်ကို နှစ်သက်သည့်လူများကို လင်းမိန်ဟွေ့ ပြန်လှည့်မကြည့်တော့ဘဲ အိမ်သို့သာ တိုက်ရိုက်ပြန်သွားခဲ့လေသည်။

အိမ်သို့ ရောက်သည်နှင့် သူမ တံခါးကို ဆောင့်ပိတ်လိုက်၏။

ဤနေ့ခေတ်ကာလတွင် စီးပွားရေး လုပ်ကိုင်ရသည်မှာ မလွယ်ကူပေ။

လင်းမိန်ဟွေ့တစ်ယောက် ရင်တွင်းမှ မကျေမနပ် ဖြစ်နေသည့်စိတ်ကို ထိန်းချုပ်၍ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ မျက်နှာပေါ်မှ စိတ်ခံစားမှုများကို ငြိမ်သက်စေလိုက်၏။

စုန့်ယီတစ်ယောက် မီးဖိုဘေး၌ ညစာ ချက်ပြုတ်နေခဲ့လေ၏။ လင်းမိန်ဟွေ့ မကြာခင် ပြန်ရောက်တော့မည်ပင်ဟု တွေးတောက် ဝက်ဆီဖြင့်ပြုလုပ်သော ပန်ကိတ်တချို့နှင့် ဆန်ပြုတ်တချို့ကို ချက်ပြုတ်ပြီး လင်းမိန်ဟွေ့အတွက် ဆုချရန် ပြင်ဆင်နေခဲ့၏။

ထိုအခိုက်တွင် တံခါးပိတ်သံကို ကြားလိုက်ရသောကြောင့် အသံလာရာသို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် လင်းမိန်ဟွေ့မှာ တံခါးကို မှီ၍ အချိန်အတော်ကြာအောင် မလှုပ်မယှက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့ဟူသော မိန်းကလေး ကောင်းသည့်သတင်းကိုသာ ပြောတတ်ပြီး မကောင်းသည့်သတင်းကိုတော့ သိုဝှက်တတ်သည်ပင်။

ဖြစ်နိုင်သည်မှာ ယနေ့တွင် သူမ၏ စီးပွားရေးအဆင်မပြေခဲ့၍ ဖြစ်ရမည်။ သို့သော်လည်း သူ့ကို မပြောပြလိုခြင်းကြောင့် ထိုနေရာ၌ ငေးငိုင်စွာ ရပ်နေခြင်း ဖြစ်သည်။

“မိန်ဟွေ့၊ မင်းပြန်လာပြီလား၊ ကိုယ် ပန်ကိတ်လုပ်နေတာ၊ ကိုယ်တို့ မကြာခင် စားလို့ရပြီ”

စုန့်ယီက လင်းမိန်ဟွေ့၏ စိတ်ပျက်နေသည့်အမူအရာကို မမြင်ဟန်ဆောင်၍ ပန်ကိတ်များကို အိုးထဲ ထည့်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

လင်းမိန်ဟွေ့ ခေါင်းမော့ကြည့်လိုက်လျှင် စုန့်ယီသည်က အင်္ကျီလက်ကို လက်ဖျံအထိ လှန်တင်ထားပြီး ပန်ကိတ်များကို ပြုလုပ်နေသည်ကို တွေ့လိုက်ရ၏။

သူ၏ လှုပ်ရှားမှုများမှာ အလွန် ကျွမ်းကျင်နေခဲ့ပြီး သူမကို အိမ်သို့ပြန်ရောက်သွားသကဲ့သို့ ခံစားရ စေသည်။

လင်းမိန်ဟွေ့၏ နှလုံးသားထဲမှ မကျေနပ်ချက်များက ချက်ချင်းပင် ပြေပျောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

အိမ်ထဲတွက် မီးများထွန်းထားခဲ့ပြီးသူမကို စောင့်နေသည့်သူတစ်ဦး ရှိနေခြင်းမှာ တကယ်ပင် ခိုင်မာသည့် အထောက်အပံ့ရှိနေသကဲ့သို့ ခံစားချက်ပင် ဖြစ်ပေ၏။

သူ၏အသံကို ကြားလိုက်ရပြီးနောက် လင်းမိန်ဟွေ့ မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာခဲ့ကာ ခြေလှမ်းများကို လျင်မြန်စွာ စတင်လိုက်သည်။

“အစ်ကိုစုန့်ယီ ၊ ကျွန်မ ကူညီပေးမယ်လေ၊ ရှင် တစ်ယောက်တည်း မီးမွှေးပြီး ပန်ကိတ်လုပ်နေတာလား၊ ကျွန်မပြန်လာတဲ့အထိ ဘာလို့မစောင့်နေတာလါ၊ ကျွန်မကိုလည်း ကူညီခိုင်းသင့်တာပေါ့”

လင်းမိန်ဟွေ့က အိမ်ထဲသို့ ဝင်လာခဲ့ပြီး အင်္ကျီလက်ကိုလှန်တင်ကာ မီးဖိုဘေး၌ ရပ်လိုက်၏။

ထို့နောက် မီးဖိုထဲသို့ ထင်းချောင်း အနည်းငယ် ထည့်လိုက်ပြီး မီးကိုကြည့်ကာ မျက်နှာသွားသစ်လိုက်ပြန်၏။

သူမပြန်လာချိန်တွင် စုန့်ယီက စားပွဲပုလေးကို ခင်းထားပြီးဖြစ်ကာ ဆန်ပြုတ်နှစ်ပန်းကန်နှင့် တူနှစ်စုံချထားခဲ့သည်။ ထို့နောက် ပန်ကိတ်များကို စားပွဲပေါ်သို့တင်လိုက်၏။

“မိန်ဟွေ့၊ စားသောက်ဖို့ အချိန်ရောက်ပြီ”

“ကောင်းပါပြီ”

လင်းမိန်ဟွေ့ စားပွဲတွင် ဝင်ထိုင်လိုက်ပြီးမှ သူမ ဗိုက်ဆာနေကြောင်းကို သတိထားမိလေ၏။ နေ့လည်ခင်းဘက်တွင်လည်း အစားအသောက်ခြောက်ကို များစွာ မစားခဲ့ရပေ။

ထို့အပြင် ကျန်းယွေ့ဖန်ကဲ့သို့ ပြဿနာရှာသည့်သူနှင့် တွေ့ခဲ့ရခြင်းကြောင့် နောက်ခပ် နှစ်ကိုက်သုံးကိုက်မျှပင် ထပ်စားရန် စိတ်မဝင်စားခဲ့ပေ။

စုန့်ယီလည်း လင်းမိန်ဟွေ့ ပန်ကိတ်တစ်ချပ်ကုန်သည်အထိ စားပြီးသွားကြောင်းကို ကြည့်ပြီးမှ ညင်သာစွာ မေးလိုက်သည်။

“ဒီနေ့ စီးပွားရေး ဘယ်လိုလဲ၊ အဆင်ပြေလား?”

“အင်း၊ တော်တော်လေး အဆင်ပြေပါတယ်၊ ရှစ်ယွမ်ကျော် ရခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက အစားမက်ပြီး နေ့လည်စာကို နိုင်ငံပိုင် စားသောက်ဆိုင်တစ်ခုမှာ ဝင်စားခဲ့တာ၊ တော်တော်လေး ဈေးကြီးပြီး ပိုက်ဆံအများကြီး ကုန်သွားတယ်...”

လင်းမိန်ဟွေ့ လိမ်ညာပြောလိုက်၏။ စုန့်ယီမှ သူမက လောဘကြီး၍ ကိုယ်ကျိုးရှာသည်ဟု ထင်သွားခြင်းက ကျန်းကျစ်ကုန်း၏ ပြဿနာများကို သိသွားခြင်းထက် ပို၍ ကောင်းမွန်သည်ဟု သူမ တွေးမိ၏။

“အင်း ၊ မင်းလည်း ရက်တွေ အတော်ကြာအောင် ပင်ပန်းခဲ့ရတာပဲ၊ စားကောင်းတာလေးတွေ စားသင့်တယ်. ပျော်ပျော်နေရမယ်”

All Chapters