← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

၄၅

~

" ဘာဖြစ်တာ တဲ့လဲ.. "

မြို့တွင်းလမ်းမပေါ်တွင် သာမန်လူများက မြို့စားအိမ်တော်သို့ စပ်စုနေကြသည် ။

မြို့စားအိမ်တော်၏ လေးဘက်လေးတန်တွင် မြို့စောင့်တပ်သားများက ဝန်းရံထားကြ၏ ။

အထဲသို့ မမြင်ရသော်လည်း ဆူညံသည့် တိုက်ခိုက်သံများက ထွက်ပေါ်နေသည် ။

မြို့စားအိမ်တော်သည် ယန်မြို့ရှိ အရေးအပါဆုံးဖြစ်၍ မစပ်စုဘဲ မနေနိုင်ကြ ။

" တစ်ယောက်ယောက်က အိမ်တော်ထဲ ခိုးဝင်လို့ဆိုလားပဲ.. "

" အေးဟ.. ပစ္စည်း ဝင်ခိုးတာ ဆိုလား.. ဓားပြဝင်တိုက်တာဆိုလားပဲ.. "

" ချီး.. နေ့ခင်းကြီးရှိသေးတာကို လုပ်ရဲကြတာ.. "

" နေအုံးဟ.. မြင်လိုက်တဲ့ တစ်ယောက် ပြောတာတော့ အဲ့တာ ချောင်လင်းဆိုလားပဲ.. သူ့ညီ သေလို့ လက်စားချေတာတဲ့.. အဲ့တာဆို ချောင်မူသေတာ အရှင်ကုံးယန်နဲ့ ပက်သက်နေတာလား.. "

" ခု သခင်လေးကုံး သေသွားပြီတဲ့.. ဘာတွေ ဆက်ဖြစ်နေကြလဲ မသိဘူး.. "

" ဘာ.. အဲ့ ကောင် သေသွားပြီလား... ဟားဟားဟား..ကောင်းကင်ဘုံက ဒီအတိုင်း ကြည့်မနေဘူး ဆိုတာ ငါသိသားပဲ.. "

" ဒါ လူတွေအတွက် မကောင်းဆိုးဝါးကို ဖယ်ရှားပေးတာပဲ.. "

လူအများက ဆွေးနွေးနေကြ၏ ။

ချောင်မူက ယန်မြို့တွင် နာမည်ကောင်းဖြင့် ကျော်ကြားလေသည် ။ သူ သခင်လေးကုံးအား လမ်းမပေါ်တွင် ပါးရိုက်၍ ဆုံးမပြီးနောက် နာမည်ကြီးလာခဲ့၏ ။ ထို့အပြင် သူ့တပ်သား တစ်ရာကျော်အတွက် ဓားပြတစ်ထောင်အား တစ်ယောက်ထဲ ရင်ဆိုင်ခဲ့သည်ကို လူတိုင်းသိကြသည် ။

ထို့ကြောင့် ချောင်လင်းသည် ယခုမှ ယန်မြို့သို့ ရောက်လာသူဖြစ်သော်လည်း ဒေသခံများ၏ အထင်ကြီးလေးစားမှုကို ခံနေရ၏ ။

အပြင်တွင် ဝန်းရံထားသည့် မြို့စောင့်တပ်သားများက ကြည့်ရှုနေသူများကို လူစုခွဲခိုင်းသည် ။

" ဒီမှာ ရပ်ကြည့်မနေနဲ့ သွားသွား.."

" မြို့စားအိမ်တော်မှာ ဖြစ်နေတာကို ပေါက်တက်ကရ လျောက်ပြောမနေကြနဲ့.. "

ထို့နောက် တပ်သားများက ပြည်သူများအား အတင်းအကျပ် မောင်းထုတ်တော့သည် ။

ပြည်သူများက ထွက်လာခဲ့ကြသော်လည်း ခပ်လှမ်းလှမ်းမှ ကြည့်နေကြဆဲပင် ။

တပ်သားများက လူအုပ်ကို မောင်းထုတ်ပြီးနောက် တပ်မှူးကြီးကျန့် က ပတ်ဝန်းကျင်အား စစ်ဆေးရာ ခေါင်မိုးပေါ်ရှိ ကျန်းချန်ကို မြင်သွားသည် ။

" ဟိတ်.. အပေါ်က ဘယ်သူလည်း.. "

သူ ချက်ချင်း အော်လိုက်၏ ။

တပ်သားတစ်ယောက်က ဝင်ပြောလိုက်သည် ။

" တပ်မှူးကြီး.. အဲ့လူ စောနတုန်းကလည်း ဒီနားမှာ ဝေ့လည်ကြောင်ပတ် လုပ်နေလို့ ကျုပ်တို့ လိုက်ဖမ်းတာ မမိလိုက်ဘူး.. "

" ဒီကောင်က တစ်ဖွဲ့တည်း ဖြစ်ရမယ်.. "

" လိုက်ဖမ်းကြ.. မလွတ်စေနဲ့.. "

တပ်မှူးကြီးကျန့် အမိန့်ပေးလိုက်၏ ။

တပ်သားများက ကျန်းချန်အားဖမ်းရန် ပြေးလာကြသည် ။

ဤတစ်ခါတွင်မတော့ ကျန်းချန်က ပြုံးမိလိုက်၏ ။ ဤသို့ ပြောခံရသည်ကို သူ ဂုဏ်ယူမိသည် ။ မျိုးနွယ်ခြားများနှင့် တိုက်ပွဲ ရှုံးနိမ့်ခဲ့ရသည့် အချိန်မှစ၍ မဟာယန်အင်ပါယာ၏ ကံကြမ္မာကျဆင်းလာပြီး ရဲရင့်သည့် စစ်သည်တော်ဟူ၍ မရှိသလောက်ဖြစ်ခဲ့သည် ။

ထို စစ်ပွဲက သိုင်းလောကသားများ၏ ကျောရိုးကို ချိုးပစ်သည်ဟုပင် ဆိုနိုင်ပေသည် ။ ထိုအချိန်မှ စ၍ သိုင်းလောကတစ်ခုလုံး ရတနာ လုယက်ခြင်းနှင့် အာဏာလုပွဲများသာ ဖြစ်နေကြတော့သည် ။ သူရဲကောင်းစိတ်ဝိညာဥ် ဟူသည့်အရာမှာ မနက်ဖြန်တွင် ညိုးနွမ်းသွားမည့် ပန်းကလေးတစ်ပွင့်ကဲ့သို့ပင် ။

သူ ငယ်စဥ်အခါက ဓားကိုင်၍ သိုင်းလောကအနှံ လျောက်သွားရန် စိတ်ကူးယာဥ်ခဲ့ဖူးသော်လည်း အသက်ကြီးလာသည်နှင့်အမျှ ထိုအတွေးက အိမ်မက်တစ်ခုသာ ဖြစ်ခဲ့၏ ။

' ယန်မြို့ခံ လူတိုင်းက ချောင်မူ့မှာ သူရဲကောင်းစိတ်ဝိညာဥ် ရှိတယ်လို့ ပြောကြပေမဲ့ ချောင်လင်းမှာရော ရှိနေတာပဲ.. ကြည့်ရတာ ချောင်မိသားစု တစ်ခုလုံးက အကုန်အတူတူပဲ ထင်တယ်.. လေးစားစရာ ကောင်းလိုက်တာ.. '

သူ ယခု ချောင်လင်း၏ တိုက်ပွဲ တစ်ခုလုံးကို မြင်ခဲ့ရ၏ ။ ဤကိစ္စ၏ အစမှာ သူ့ကြောင့်ဖြစ်သော်လည်း သူအသက်စွန့်၍ ဝင်မတိုက်ရဲချေ ။ သို့ရာတွင် တိုက်ပွဲ အတူမဝင်နိုင်ခဲ့သော်လည်း ဤတိုက်ပွဲအား သက်သေခံပေးနိုင်မည့် လူသက်သေအဖြစ် ရှိနေနိုင်သေးသည် ။

ကျန်းချန်က တပ်သားများထံမှ ထွက်ပြေးရန် တခြားခေါင်မိုးပေါ်သို့ ခုန်လိုက်၏ ။

" ဟေး.. သူခိုးလေး ..မင်းအဖော်ကို ချန်ထားပြီး ထွက်ပြေးပြီလား.. "

တပ်မှူးကြီးကျန့်သည် အစပိုင်းတွင် သံသယသာ ဝင်ခဲ့သော်လည်း ကျန်းချန် ထွက်ပြေးသည်ကို မြင်လျှင် တစ်ဖွဲ့တည်းဟု သတ်မှတ်လိုက်တော့သည် ။

" ထွက်ပြေးတာလား.. ဟားဟားဟား ဒါပေါ့.. ကျုပ်ထွက်ပြေးရမယ်.. ကျုပ်အသက်ရှင် ပြီး အသက်အရှည်ကြီးအထိ နေရအုံးမယ် .."

ကျန်းချန်က ရယ်ရင်း အော်ပြောလိုက်၏ ။ သူ သေချာပေါက် အသက်ရှင်ချင်သည် ။ တက်နိုင်သမျှ အသက်ရှည်ချင်သည် ။ သူ အမိုးပေါ် တွင် ရှိနေစဥ်က တပ်သားများ၏ သတင်းဖြန့်မှုကို မြင်နေရ၏ ။

' ကုံးယန်က ညဏ်များလိုက်တာ.. '

' ချောင်လင်း သေတာနဲ့.. အိမ်တော်ထဲကို ဝင်ခိုးတဲ့ သူခိုးအဖြစ် ချက်ချင်းသိက္ခာချတော့တာပဲ.. '

' ဒါ့ကြောင့် ငါအသက်ရှင်ရမယ်.. '

' ချောင်မူနဲ့ ချောင်လင်းရဲ့ သေဆုံးမှုကို အဓိပ္ပါယ် ရှိအောင်လုပ်ရမယ်.. '

' ငါ ထွက်ပြေးမှ ကုံးယန်ရဲ့ စစ်မှန်တဲ့ မျက်နှာကို ဖော်ထုတ်နိုင်မယ်.. '

' ငါ အသက်ရှင်နိုင်မှ ချောင်ညီအကိုရဲ့ စစ်မှန်တဲ့ ဂုဏ်သတင်းကို လူသိအောင်လုပ်ပြီး ကုံးယန်အပုတ်ချတာကို ပျောက်အောင်လုပ်နိုင်မယ်.. '

ကျန်းချန်သည် မြို့လယ်လမ်းမပေါ်တွင် သခင်လေးကုံး နှောက်ယှက် သည်ကို ခံရပြီးနောက် သူ၏ ချစ်လှစွာသော ဇနီးနှင့် လမ်းခွဲခဲ့၏ ။ ထို့နောက် သူ၏ အနာဂတ်အား ပျောက်ဆုံးသွားခဲ့ပြီး အရက်သမား ဖြစ်လာခဲ့သည် ။

ယခု ချောင်ညီအကို၏ စတေးမှုက သူ့အား လှုပ်နှိုးနိုင်ခဲ့၏ ။ သူက ခါးတွင်ချိတ်ထားသော ဓားကို ကိုင်မိလိုက်သည် ။ ဓား မရောင်းမိသည့် အတွက် ဝမ်းသာမိ၏ ။ အနည်းဆုံးတော့ သိုင်းပညာရှင်တစ်ယောက်၏ နောက်ဆုံး ဂုဏ်သိက္ခာကို ထိမ်းထားနိုင်ခဲ့သည် ။

' ဒီ လောကကြီးမှာ ငါဟာ မြူမှုန်တစ်မှုန်သာ ဖြစ်ပြီး ငါ့ဘဝက မြက်ပင်လေးတစ်ပင်လို အရေးမပါပေမဲ့ ငါ့ နှလုံးသားကတော့ ကောင်းကင်ယံအထိ ပျံသန်းချင်နေတုန်းပဲ.. '

' ငါ သူတို့လို အမြင့်ကို မရောက်နိုင်တာ သိပေမဲ့.. တောင့်တ မိနေတယ် ..'

' အော်..ငါလို သတ္တိနည်းတဲ့ သူမှာတောင် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေ ရှိနေသေးတာပဲ..'

ကျန်းချန်က ကိုယ်ဖော့သိုင်းကို သုံး၍ အမိုးအုတ်ချပ်ပြားများကို နင်းကာ ခုန်ထွက်သွားပြီး စစ်သည်များ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည် ။

၄၆

~

မြို့စားမင်းအိမ်တော်အတွင်း ...

ချောင်မူ ရေတွင်းထဲသို့ ပြုတ်ကျပြီးနောက် အစောင့်အားလုံး စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်ကြတော့၏ ။ ဤမျှ ရဲရင့်သော ရန်သူမျိုးကို သူတို့ ရင်မဆိုင်ချင်ပေ ။

ကုံးယန် တစ်ယောက်သာ ညိုးငယ်သော မျက်နှာဖြင့် ရပ်နေသည် ။

သူ့သား၏ အလောင်းကို သယ်ဆောင်ပြီးနောက် ဒဏ်ရာ ရရှိသူများအား ကုသရန်နှင့် အပျက်အဆီးများအား ရှင်းလင်းပြီးနောက် ချောင်လင်း၏ အလောင်းကို ရေတွင်းထဲမှ ဆယ်ယူရန် အမိန့်ပေးလိုက်သည် ။

ကုံးယန်က ကျိုးဝမ်ကို ကြည့်၍...

" ကျိုးဝမ်.. မင်း ဒီမှာနေပြီး ကြီးကြပ်နေလိုက်.. အပျက်အဆီးတွေ ရှင်းလင်းပြီးရင် ရေတွင်းထဲက ချောင်လင်းရဲ့အလောင်းကို ဆယ်လိုက်ပါ.. "

ကျိုးဝမ်က စိတ်မပါလက်မပါဖြင့် မျက်မှောင်ကြုတ် လိုက်ပြီး...

" ဟုတ်ကဲ့ပါ အရှင်.. "

ကုံးယန်က ကျိုးဝမ်၏ တုန့်ပြန်မှုကိုမြင်လျှင် စိတ်ထဲမှ သက်ပြင်းချမိလိုက်သည် ။ သူ့အတွက် အသက်ကို စတေးရဲသော စစ်မှန်သည့် လက်အောက်ငယ်သားများ ရှိခဲ့ဖူးလေသည် ။

ယခုတော့ အားဖူသည်လည်း မည်သို့ ဖြစ်နေမှန်းမသိ ။ ယခုအချိန်အထိ ပြန်မလာသဖြင့် အခြေအနေကောင်းမည့်ပုံ မပေါ်ချေ ။ ထို့အပြင် ချောင်လင်းနှင့် တိုက်ပွဲတွင် သူ၏ လက်အောက်ငယ်သား အစစ်အမှန်များ အားလုံးနီးပါး သေဆုံးသွားသည် ။ သစ္စာရှိသူများ ဖြစ်သဖြင့် ထိပ်ဆုံးမှ တိုက်ခိုက်ကြသောကြောင့် အကုန်နီးပါး သေဆုံးခဲ့၏ ။

ထို့ကြောင့် ကျိုးဝမ်သည် သစ္စာမရှိသော်လည်း လက်ရှိတွင် အသန်မာဆုံးနောက်လိုက်ဖြစ်၍ ကုံးယန် သတိထားဆက်ဆံနေရသည် ။

အမှန်တော့ ကုံးယန်သည် ဝူကျိအသင်း၏ လျှို့ဝှက်အဖွဲ့ဝင် ဖြစ်၏ ။ အိမ်တော်တွင် လျို့ဝှက် အခန်းသုံးခန်းရှိပြီး လျှို့ဝှက်လမ်း နှစ်လမ်း ရှိသည် ။ ကံမကောင်းစွာဖြင့် လျှို့ဝှမ်း လမ်းတစ်ခုမှာ ရေတွင်းထဲရှိ မြေအောက်မြစ်ဖြစ်နေသည် ။ ထို့ကြောင့် ကျိုးဝမ်အား ခိုင်းလိုက်ခြင်းပင် ။

' ချောင်လင်း ရသွားတဲ့ ဒဏ်ရာတွေက သေနိုင်လောက်ပါတယ်.. ဒါပေမဲ့ အလောင်းမြင်ရရင်တော့ အကောင်းဆုံးပဲ.. '

ကုံးယန်က တွေးနေသည်ကို ရပ်၍ စာကြည့်ခန်းထဲသို့ ပြန်ဝင်သွားသည် ။ စာအုပ်စင်ပေါ်ရှိ အဖြူရောင်ကြိုးကြာရုပ်ကို လှည့်လိုက်သည်နှင့် ကြမ်းပြင်သည် တုန်ခါလာပြီး လျို့ဝှက်ခန်းတစ်ခု ပေါ်လာသည် ။ သူ အမြန်ဝင်လိုက်ပြီး အခန်းထဲတွင် စစ်ဆေးလိုက်သည် ။

…………..

ခဏအကြာတွင်...

' ဒီအခန်းထဲက တစ်ခုခု ပျောက်နေသလိုပဲ.. '

' သြော်.. သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းပဲ.. '

' ချောင်လင်းက ဒီစာအုပ်ကို ယူပြီး လျို့ဝှက်လမ်းရဲ့ တည်နေရာကို သိတယ်ဆိုတော့ ငါ့အိမ်မှာ ဒလန်တစ်ယောက် ရှိနေတာ သေချာနေပြီ.. '

ကုံးယန်က သက်ပြင်းချလိုက်၏ ။ သူ ဤစာအုပ်အား ခိုးယူခံရမည်ဟု မမျှော်လင့်ခဲ့ချေ ။ ကံကောင်းသည်က ဤစာအုပ် တစ်အုပ်သာ ပျောက်နေခြင်းပင် ။ စိတ်ဝိညာဥ်ကျမ်းသည် သာမန် သိုင်းကျမ်းတစ်ခု မဟုတ် ။

"

' ချောင်လင်းက မြင်တက်သားပဲ.. သိုင်းသူတော်စင် ကိုယ်တိုင်တီထွင်ထားတဲ့ ကျမ်းကိုတောင် ခိုးရဲတယ်.. '

' သိုင်းသူတော်စင်လို ပုဂ္ဂိုလ်မျိုးက ကိုယ်တိုင်ရေးထားတဲ့ ဒီသိုင်းကျမ်းက တကယ်ကို မယုံနိုင်စရာဘဲ.. '

ကုံးယန်သည် သိုင်းသူတော်စင်အကြောင်း တွေးမိတိုင်း အံ့သြမှင်သက် မိစမြဲပင် ။

ဤသိုင်းကျမ်းသည် ဝူကျိအသင်းအတွက် အရေအချင်းရှိသည့် အသင်းဝင်များ ရွေးချယ်ရာတွင် သုံးသော နည်းစနစ်တစ်ခုဖြစ်သည် ။ မယုံနိုင်လောက်စရာ ကောင်းသော အံ့ဖွယ်သိုင်းကျမ်း ဖြစ်သော်လည်း ကောင်းသော အရာတစ်ခုမဟုတ် ။ ကုံးယန် ကိုယ်တိုင်ပင် မလေ့ကျင့်ရဲချေ ။

ကုံးယန်သည် တိုက်ပွဲ ဝင်စရာမလိုတော့၍ သူ၏ သိုင်းလောကစိတ်ဓာတ် ပျောက်ကွယ်နေသည်မှာ ကြာလှလေပြီ ။

' ဒီ သိုင်းက စိတ်ဓာတ်ခိုင်မာတဲ့ ဘယ်သူမဆို လေ့ကျင့်လို့ ရတာတော့ တော်တော်မိုက်တယ်.. ကျွမ်းကျင်ဖို့ အချိန်ပေးရတာ တစ်ခုပဲ.. '

' ဟီးဟီးဟီး.. ဒါပေမဲ့ ကျွမ်းကျင်သွားရင် သေမင်းလက်ထဲ ရောက်သွားပြီဆိုတာ လူသိပ်မသိကြဘူး.. '

သိုင်းသူတော်စင်စိတ်ဝိညာဥ် သိုင်းကျမ်း...

ဤသိုင်းအား သိုင်းသူတော်စင် ကိုယ်တိုင် တီထွင်ထားပြီး စိတ်ဝိညာဥ် ဟူသည့် အသုံးအနှုန်းမှာ ဝိညာဥ်စွမ်းအားဖြင့် ချိတ်ဆက်ထားသည့် မမြင်နိုင်သော နှောင်ကြိုးများကို တင်စားထားခြင်းပင် ။ ဤသိုင်းသည် ဆဋ္ဌမအာရုံ အတွက်သာ လေ့ကျင့်သည့် သိုင်းကျမ်းတစ်ခု မဟုတ်ခဲ့ ။

ပို၍ အံ့သြဖွယ် ကောင်းသည်က ဤသိုင်းကျမ်းအား လေ့ကျင့်ထားသူများသည် တစ်ဦးနှင့် တစ်ဦး မရေမရာသော ဆက်သွယ်မှု ရှိနေပြီး အကွာအဝေးတစ်ခုသို့ ရောက်လျှင် တစ်ယောက်နှင့်တစ်ယောက် အာရုံခံနိုင်ကြ၏ ။

ဤသိုင်းအား တီထွင်သူ သိုင်းသူတော်စင်ကိုယ်တိုင်လည်း လေ့ကျင့်ထားကြောင်း မမေ့သင့်ပေ ။ ဤသိုင်းအား လေ့ကျင့်ထားလျှင် သိုင်းသူတော်စင်၏ အမြင်အာရုံအောက်မှ ပုန်းကွယ်နေ၍ မရတော့ ။ ဤသိုင်းအား ကျွမ်းကျင်သွားသူများ၏ နောက်ဆုံးလမ်းမှာ သိုင်းသူတော်စင်အတွက် ခွန်အားဖြည့်ဆေး ဖြစ်လာသည်ပင် ။

ကုံးယန်သည် သိုင်းသူတော်စင်၏ နားမလည်နိုင်လောက်စရာ နည်းလမ်းများကို တွေးမိလျှင် ကြက်သီးထမိသွားသည် ။

' အခု ချောင်လင်းက ဒီသိုင်းကျမ်း ခိုးသွားတာဆိုတော့ သူ့နောက်ကွယ်က လူတွေ ရသွားရင် ပိုတောင် ကောင်းသေးတယ်.. သူတို့ဘာသာ သေလမ်းရှာကြတော့မှာ.. '

ယခု သိုင်းသူတော်စင်သည် ယန်မြို့အနီးတွင် မရှိသဖြင့် ကိုယ်တိုင်အရေးယူမည်မဟုတ်သော်လည်း ကုံးယန်သည် ဝူကျိအသင်းဝင်ဖြစ်သဖြင့် ယန်မြို့အနီးတွင် ဤသိုင်းအား လေ့ကျင့်ထားသည့် ထူးချွန်သူတစ်ယောက် ရှိမှန်းသိ၏ ။

ထိုသူသည် အရင်က သိုင်းသူတော်စင်၏ တပည့်ဖြစ်ခဲ့ဖူးသော်လည်း ယခု သစ္စာဖောက် တစ်ယောက် ဖြစ်နေလေပြီ ။ ပုံမှန် သစ္စာဖောက်တစ်ယောက်ဆိုလျှင် ဝူကျိအသင်းက လိုက်လံ နှုတ်ပိတ်မည် ဖြစ်သော်လည်း ထိုသူက အင်မော်တယ်ဂိတ်တစ်ခုအတွင်းသို့ ဝင်သွား၍ အသက်ရှင်နိုင်ခဲ့သည် ။

' ခုအရေးကြီးတာက ချောင်ညီအကိုရဲ့ နောက်မှာ ရှိတယ့် ချောင်မိသားစုပဲ ..'

ချောင်မိသားစုဟု ကြားလျှင် ကုံးယန် ပထမဆုံးတွေးမိသည်က ဟဲရန်မြို့မှ ချောင်မိသားစု အကြောင်းပင် ဖြစ်သည် ။ သို့သော်လည်း ထိုမိသားစုက မရှိတော့ ။ သိုင်းသူတော်စင်ကိုယ်တိုင် သုတ်သင်ရှင်းလင်းခဲ့သည်ဖြစ်၍ ချောင်မိသားစု၏ အကြွင်းအကျန်များ ဤကမ္ဘာပေါ်တွင် ဆက်လက် တည်ရှိရန် မဖြစ်နိုင်ပေ ။

ချောင်မူသည် သားသတ်သမားကျန့်၏ သတင်းပို့စာကို မြင်ကတည်းက သက်ရှည်လက်သီးသိုင်းကို လူရှေ့သူရှေ့တွင် အသုံးမပြုခဲ့ ။ မြို့စောင့်တပ်သို့ ဝင်ရောက်ပြီးနောက် စစ်ဘက်သုံးလှံသိုင်းနှင့် ကောင်းကင်နတ်ဆိုပြိုကွဲခြင်းသိုင်းကိုသာ အသုံးပြုခဲ့သည် ။

ထို့ကြောင့် ကုံးယန်၏ အမြင်အရ ချောင်မူနှင့် ချောင်မိသားစု၏ ဆက်နွယ်မှုကို ပဟေဠိ ဖြစ်စေသည် ။

ကုံးယန်သည် လျို့ဝှက်ခန်းထဲမှ ပြန်ထွက်လာပြီး ခြံဝင်းထဲသို့ ပြန်ထွက်လာခဲ့၏ ။

အစေခံများက ရေတွင်းအား ရှင်းလင်းပြီး၍ ကျိုးဝမ်က အဝတ်အခြောက်များနှင့် ရေတွင်းပေါ်သို့ ပြန်တက်လာသည်ကို သူမြင်လျှင် ခေါင်းယမ်းမိလိုက်သည် ။

ကျိုးဝမ်က အဖြစ်လောက်သာ ရှာခဲ့ပုံရသည် ။

' အင်း.. ချောင်လင်း ခိုးသွားတဲ့ သိုင်းကျမ်းကို သူ့နောက်ကွယ်က ချောင်မိသားစု ရသွားတာလဲ ပိုကောင်းပါတယ်.. '

ကုံးယန် တွေးလိုက်သည် ။

' ဒါပေမဲ့ ဘယ်လို သေရမလဲ တွေးနေတဲ့ ချောင်မိသားစု အကြောင်းကို ငါတစ်ခါမှ မကြားဖူးဘူး.. သူတို့ကို လျော့တွက်လို့တော့ မဖြစ်ဘူး.. '

ကုံးယန်၏ ရင်တစ်ခုလုံး မကျေမချမ်း ဖြစ်မှုများနှင့် ပြည့်နှက်နေ၏ ။ ချောင်ညီအကိုများသည် သူ၏ တစ်ဦးတည်းသော သားဖြစ်သူအား သေဆုံးစေခဲ့သည် ။

ဤသွေးကြွေးကို သူ လက်စားချေရမည် ။ ချောင်မိသားစု ဤလောကကြီးမှ ပျောက်ကွယ်သွားသည့် အချိန်မှသာ သူ ၏ စိတ်များ ငြိမ်းချမ်းနိုင်ပေမည် ။

ကုံးယန်သည် အဆင့်၆ သိုင်းပညာရှင် ဖြစ်သော်လည်း သူ၏ လုပ်ကိုင်နိုင်စွမ်းမှာ အဆင့် ၆ ထက်ပိုလေသည် ။ မြို့စားတစ်ယောက် အနေဖြင့် သူ၏ လုပ်ဆောင်နိုင်စွမ်းက အင်းအားပေါ်တွင် မူမတည် ။ ဤလောကတွင် လူတစ်ယောက်၏ လွှမ်းမိုးနိုင်စွမ်း ၊ အကွက်ကျကျ ဗျူဟာ ချနိုင်ခြင်းနှင့် အချိတ်အဆက်ကွန်ရက်ကသာ အရေးကြီးဆုံးဖြစ်သည် ။ သူသည် တိုက်ခိုက်နည်းကိုသာ သိသူဖြစ်ပါက အရိုးဆွေးနေသည်မှာ ကြလှလေပြီ ။

' ချောင်မိသားစုကို စုံစမ်းဖို့ အင်မော်တယ်ဂိတ်ကိုလည်း အကူအညီတောင်းရမယ်.. '

ကုံးယန်သည် ဒဏ်ရာ ရပြီးနောက် ရှုပ်ထွေးနေသည့် ဆောင်းရာသီအား ကျော်ဖြတ်နိုင်ရန် အင်မော်တယ်ဂိတ်နှင့် ဆက်သွယ်ဖို့ အကြံရခဲ့၏ ။ သို့သော်လည်း ချောင်ညီအကိုက ရှုပ်နေ၍ မလုပ်ရသေးခြင်းဖြစ်သည် ။ ယခုအခါတွင်မတော့ ထိုအကြံကို ဆက်လက်အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်တော့သည် ။

ကုံးယန်သည် အကြံကြီးသူ တစ်ယောက် ဖြစ်သဖြင့် အင်မော်တယ်ဂိတ်နှင့် ဝူကျိအသင်းအား လှေနံ နှစ်ဖက်နင်းရန် ဆုံးဖြတ်ထားသည် ။

' ငါ ဘယ်လောက်ကုန်ကုန် ဝူကျိအသင်းကို သုံးပြီး ချောင်မိသားစုအကြောင်း စုံစမ်းရမယ်.. '

ကုံးယန်၏ အကြည့်က အေးစက်နေ၏ ။

' ငါ့သားကို သတ်တဲ့ ချောင်မိသားစု.. မင်းတို့ ဘာကောင်ပဲ ဖြစ်နေနေ သေကို သေရမယ်.. '

အင်မော်တယ် ဂိတ်များနှင့် ဝူကျိအသင်းသည် ပြည်နယ်ကိုးခု၏ ထိပ်တန်းတပ်ဖွဲ့များ ဖြစ်ကြ၏ ။

ကုံးယန်အား အရေးပါသူဟူ၍ မသတ်မှတ်နိုင်သော်လည်း သူ တန်ဖိုးကြီးကြီးပေးဆပ်၍ အာဏာရှိသူများကို တောင်းဆိုနိုင်သည် ။ အဲ့သည့် အချိန်သို့ ရောက်လျှင် ချောင်မိသားစုသည် ဆုံးခန်းတိုင်လေပြီ ။

' တနေ့ကျရင် ချောင်မိသားစုကို အမြစ်ဖြုတ်ပစ်မယ်.. '

' သေခြင်းတရားကို ဆောင်ပုဒ်အဖြစ်ထားတဲ့ မိသားစုလား.. သူတို့အကုန်လုံးကို သေမင်းနဲ့ တွေ့ပေးမယ်.. '

ကုံးယန် စိတ်လှုပ်ရှား လာသည် ။ ယန်မြို့ငယ်လေး၏ မြို့စားတစ်ဦး အနေဖြင့် ရှင်သန်နိုင်ရန် အင်အားစုအမျိုးမျိုး၏ ကြားတွင် ရုံးကန်နေခဲ့ရသည် ။ အထူးသဖြင့် ယန်ဧကရာဇ် တိုင်းခန်းလှည့်လည် လာမည်ဟူသော သတင်းကို ကြားလိုက်ရ၍ စိတ်ပင်ပန်းနေခဲ့၏ ။

ယခု ချောင်မိသားစုကြောင့်သာ သူ တွန့်ဆုတ်နေသော ဆုံးဖြတ်ချက်အား ချနိုင်ခဲ့ခြင်းဖြစ်သည် ။

' အကာအကွယ် ရအောင် နန်ကျိုးဒေသ ရဲ့ အင်မော်တယ်ဂိတ်နဲ့ ရွှမ်တျန်း ဂိုဏ်းကို ယန်မြို့မှာ အခြေချဖို့ ကျင့်ကြံသူတွေ လွှတ်ခိုင်းရမယ်.. '

မဟာယန်တရားရုံးသည် ကျင့်ကြံသူများအား မျိုးနွယ်ခြားဟု သမုတ်ထားကြသော်လည်း ကုံးယန်ကဲ့သို့ အဆင့်များ၏ အမြင်တွင် အင်မော်တယ်များနှင့် ထာဝရရှင်သန်သူများသာ ဖြစ်သည် ။

ဤဆုံးဖြတ်ချက်အား ချပြီးသည်နှင့် ပြန်လှည့်၍ မရတော့ ။ သို့သော်လည်း ကုံးယန်ကိုယ်တိုင် ဒဏ်ရာ ပြင်းထန်နေသည့်အပြင် သစ္စရှိ လက်အောက်ငယ်သားများစွာ ဆုံးရှုံးခဲ့ရပြီး သားဖြစ်သူပင် သေခဲ့ရ၍ ကုံးယန်သည် မည်သည့်အရာမှ ဂရုမစိုက်တော့ချေ ။

All Chapters