← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း27. နည်းလမ်းတစ်ခုတော့ ရှိနေမှာပါ

“ကျန်းကျစ်ကုန်းက ဒီလောက်နဲ့တော့ လက်လျှော့မှာမဟုတ်ဘူး၊ မိန်ဟွေ့.. မင်း နောက်ဆို သစ်သီးယိုတွေ မရောင်းတော့နဲ့တော့၊ အိမ်မှာပဲနေလေ ကိုယ် မင်းကို လုပကိုင်ကျွေးမယ်”

စုန့်ယီ ပြောလိုက်သည်။

လင်းမိန်ဟွေ့အနေဖြင့် ရွာထဲတွင်သာ နေပါက ကျန်းကျစ်ကုန်းဘက်မှ ပြဿနာရှာနိုင်မည်မဟုတ်ပေ။ ဤအခက်အခဲကို ကျော်လွှားရန်အတွက် အခြားထွက်ပေါက်များလည်း ရှိနေပေဦးမည်။

လင်းမိန်ဟွေ့က နောက်ကိုလှည့်ကြည့်လိုက်လာခဲ့ပြီး သူမ၏မျက်လုံးများသည်က မှောင်မိုက်သောည၌ ကြယ်များကဲ့သို့ တောက်ပနေခဲ့သည်။

“အစ်ကိုစုန့်ယီ၊ ဒီကိစ္စကို ကျွန်မတို့ လက်ခံလို့မဖြစ်ဘူး၊ ဒီမြို့က ကျန်းကျစ်ကုန်း ပိုင်တာမှ မဟုတ်တာ၊ သူလုပ်ချင်ရာ လုပ်လို့မရဘူး၊ ဆက်ရောင်းချင်မယ်ဆိုရင် နောက်ကို သူ့ကို ရှောင်ပြီးရောင်းလို့ရတာပဲ”

“ဒါပေမဲ့ ကျန်းကျစ်ကုန်းမှာ လူအများကြီးရှိတယ် သူတို့နဲ့တွေ့ရင် ပြဿနာတွေ တက်ဦးမှာပဲ၊ အကျိုးအမြတ်ထက် အရှုံးက များနေလိမ့်မယ်”

သူ့အနေဖြင့် လင်းမိန်ဟွေ့၏ ကြိုးစားအားထုတ်မှုများ အလဟဿဖြစ်သွားမည်ကို စိုးရိမ်သည်။

နောက်ဆုံး၌ သစ်သီးယိုရောင်းရသော ငွေကြေးက သူမကို အနိုင်ကျင့်သူများကို ပြန်လျော်ရန်ပင် မလုံလောက်မည်ကိုစိုးရသည်။

ရဲစခန်းကို သွားတိုင်ကြားလျှင်ပင် ရဲများက ဤကိစ္စမျိုးကို မည်သို့မျှ လုပ်ပေးနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းကျစ်ကုန်းကဲ့သို့ လူမျိုးများမှာ ကိုင်တွယ်ရ ခက်ခဲသည့်အတွက်ကြောင့်ဖြစ်ချေသည်။

လင်းမိန်ဟွေ့ကေော့ မြို့သို့မသွားရသေးသကဲ့သို့ ကိစ္စသည်လည်း အပြီးမသတ်ရသေးသည််အတွက် ကြိုတင်၍ အလွန်စိတ်ဓာတ်ကျနေရန် မလိုအပ်ဟု တွေးလိုက်သည်။

ဤဘဝ၌လည်း လူများကို ကြောက်ရွံ့၍ နေရဦးမည်လား။ သို့မဟုတ် ပြဿနာထဲသို့သာ ဦးတည်နေရမည်လား။

ဤမဖြစ်သေးသော ကိစ္စများကြောင့် ကြောက်ရွံ့၍ သေဆုံးမည့်အစား ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခြင်းက ပို၍ ကောင်းသည်။

ယခင်ဘဝ၌ သူမအနေဖြင့် ကျန်းမိသားစု၏ သြဇာအာဏာကို ကြောက်လန့်ခဲ့သည့်အပြင် လင်းမိသားစုအတွက်လည်း အောင့်အီးသည်းခံခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး၌ ကောင်းမွန်သောရလဒ်ဟူ၍ မရှိခဲ့ပါချေ။

“အစ်ကိုစုန့်ယီ၊ အဆင်ပြေပါတယ်၊ ကျွန်မ ပိုက်ဆံရှာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်...”

လင်းမိန်ဟွေ့က စုန့်ယီအား နှစ်သိမ့်စကားအနည်းငယ်ပြော၍ တစ်ဖက်သိာ့လှည့်၍ အိပ်စက်လိုက်သည်။

စုန့်ယီကတော့ ခုတင်ပေါ်၌ လဲလျောင်းနေသော်လည်း အချိန်ကြာမြင့်စွာ အိပ်မပျော်ခဲ့ပေ။

လင်းမိန်ဟွေ့မှ သူ၏ခါးကို ပွေ့ဖက်ထားသည့် ပုံရိပ်က ခေါင်းထဲသို့ မကြာခဏ ပေါ်လာခဲ့သည်။

သူမက သူ၏ဇနီးသည်၊ သူ၏အပိုင်ဟု ပြောခဲ့သည်။ စုန့်ယီ၏ ရင်ဘတ်သည် အနည်းငယ်လှုပ်ရှားသွားခဲ့ကာ သူ၏တစ်ကိုယ်လုံးက ဖော်မပြနိုင်လောက်သော ပူနွေးမှုကို ခံစားလာရသည်။

နောက်ဆုံးတွင်တော့ သူ ခုတင်ပေါ်မှဆင်းလိုက်ပြီး ခြံထဲ၌ ရေအေးနှင့် ရေချိုးလိုက်ရလေသည်။ ထိုအခါမှသာ စိတ်သက်သာရာရသွားခဲ့ရသည်။

အပြင်ဘက်တွင် လမင်းက ထိန်လင်းနေခဲ့ပြီး၊ ကြယ်များက ကျိုးတိုးကျဲတဲ လင်းလက်နေခဲ့ကာနွေဦးလေညှင်းက တသွဲ့သွဲ့တိုက်ခတ်နေသည်။

စုန့်ယီတစ်ယောက် သူ၏ဘဝထဲသို့ လင်းမိန်ဟွေ့ရောက်ရှိလာနေခြင်းမှာ သဲကန္တာရထဲ၌ စိမ်းလန်းသောအိုအေစစ်နေရာလေးတစ်ခု ပေါ်လာခြင်းနှင့်တူသည်ဟု ခံစားရသည်။

အရာအားလုံးတွင် မျှော်လင့်ချက်နှင့် အနာဂတ်များရှိလာသည်ဟု သူခံစားရသည်။

နောက်တစ်နေ့ မနက်စောစောတွင်တော့ လင်းမိန်ဟွေ့က ကျန်ရှိနေသည့် သစ်သီးယိုများကို ထုပ်ပိုး၍ မြို့နယ်အစိုးရရုံးသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

သို့သော်လည်း မထွက်ခွာမီအချိန်တွင်တော့ သူမက စုန့်ယီအား ဤသစ်သီးယိုများကို တစ်အိမ်တက်ဆင်းရောင်းချသွားမည်ဖြစ်ပြီး ကုန်ကြမ်း အနည်းငယ် ဝယ်လာမည်ဟု ပြောခဲ့သည်။ သူမအနေဖြင့် စုန့်ယီအား စိတ်ပူစေလိုခြင်းမရှုပေ။

မြို့သို့ရောက်သည်နှင့် လင်းမိန်ဟွေ့က မြို့နယ်အစိုးရရုံး တံခါးဝသို့ လျှောက်သွားလိုက်သည်။

ဂိတ်ပေါက်ဝစောင့်နေသည့် စစ်သားတစ်ဦးကို မြင်လိုက်ရချိန်တွင်တော့ သူမ အနည်းငယ် တွန့်ဆုတ်သွားမိသည်။ ဆိုရလျှင် တစ်ဦးဦးက အထဲသို့ မဝင်ခိုင်းပါက ရှက်စရာဖြစ်မည်ဟု သူမ တွေးတောမိလေသည်။

သို့သော်လည်း နောက်ဆုံးတွင်တေား သူမ သတ္တိရှိရှိဖြင့် ဝင်သွားခဲ့သည်။ မမျှော်လင့်ထားစွာဖြင့် ဂိတ်စောင့်သည် သူမအား မတားဆီးခဲ့ပေ။ သူမ ခြံဝင်းထဲသို့ လျှောက်ဝင်သွားသောအခါ ခပ်နိမ့်နိမ့်ဆောက်ထားသော ဘန်ဂလိုအိမ်တန်းကြီးများကို တွေ့ရသည်။

အိမ်များအားလုံးက တူညီသော တံခါးများနှင့် ပြတင်းပေါက်များရှိပြီး အချက်အလက်များကို စာလုံးများဖြင့် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

လင်းမိန်ဟွေ့တစ်ယောက် ခဏလောက် အခက်တွေ့သွားရသည်။ သူမက ကျန်းယွေ့ဖန်၏ ခင်ပွန်းသည်က မြို့နယ်အစိုးရရုံး၌ အလုပ်လုပ်သည်ဟူ၍သာ သိထားခဲ့သည်။

သူ၏နာမည်ကိုတော့ မသိပါချေ။ ထိုအချိန်၌ အနည်းငယ်ဝသော အစ်မကြီးတစ်ဦးက လက်ဖက်ရည်ခွက်တစ်ခွက်နှင့် ထွက်လာခဲ့သည်။ သူမက လင်းမိန်ဟွေ့အား မြင်လျှင် မေးလာခဲ့သည်။

“ဘယ်သူ့ကို ရှာတာလဲ”

လင်းမိန်ဟွေ့က သူမ၏အိတ်ထဲမှ သစ်သီးယိုတစ်ဘူးကို အမြန်ထုတ်၍ ပေးလိုက်သည်။

“အစ်မ၊ ကျန်းယွေ့ဖန်ရဲ့ ခင်ပွန်းသည်က ဒီမှာ အလုပ်လုပ်တာလားမသိဘူး”

“ကျန်းယွေ့ဖန်လား”

ထိုအစ်မကြီးသည် ကြောင်အသွားခဲ့လေသည်။ လင်းမိန်ဟွေ့ မည်သူ၏ အကြောင်းကို ပြောနေသည်ကို သူမ မသိပေ။

လင်းမိန်ဟွေ့က ချက်ချင်းသဘောပေါက်သွား၍ ကျန်းယွေ့ဖန်၏ ပုံပန်းသဏ္ဌာန်ကို ပြောပြသည် ပြီးလျှင် ကျန်းယွေ့ဖန်နေထိုင်သော အဆောက်အအုံအကြောင်းကိုပါ ပြောပြခဲ့သည်။

အစ်မကြီးက ရုတ်တရက်ပြောသည်။

“နင်က အမြတ်ထုတ်တတ်တဲ့ ကျန်းယွေ့ဖန်ကို ပြောတာလား၊ သူ နင့်ဆီက အမြတ်ထုတ်ခဲ့တာလား၊ နင့်ကို ငါပြောမယ်၊ ဒီကိစ္စက လွယ်လွယ်ကူကူ ကိုင်တွယ်လို့ မရဘူး၊ သူမရဲ့ခင်ပွန်းက လူကောင်ကြီးပြီး ရက်စက်လွန်းတယ်၊ သူ့ကို ရှာတာ အသုံးမဝင်လောက်ဘူး...”

လင်းမိန်ဟွေ့ သက်ပြင်းချလိုက်သည်။ သို့သော်လည်း တစ်ဖက်လူက ဤနေရာတွင် အလုပ်လုပ်နေသမျှ ကိစ္စမရှိဟု တွေးလိုက်ပြီး ပြုံးကာမေးလိုက်လေသည်။

“ဒါဆို အစ်မ၊ သူ့ရဲ့ ခေါင်းဆောင်က ဘယ်ရုံးခန်းလဲ”

အစ်မကြီးက လင်းမိန်ဟွေ့အား သတိထား၍ ကြည့်လိုက်လေသည်။ ခဏအကြာ၌ တစ်ဖက်လူက ဆိုးရွားသောသူ မဟုတ်ကြောင်း သဘောပေါက်သွားသည်။

ထို့အပြင် သူများဆီမှ သစ်သီးယိုကို ယူထားပြီးဖြစ်၍ ကူညီရမည်ပင်။ သူမက ထောင့်၌ရှိသော ရုံးခန်းကြီးနှစ်ခုကို လက်ညှိုးထိုးပြ၍ ပြောလာသည်။

“အဲဒီအိမ်မှာပဲ၊ ဒါပေမဲ့ ခေါင်းဆောင်က ဒီလိုကိစ္စမျိုးကို စိတ်ဝင်စားမှာ မဟုတ်ဘူး...”

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် အစ်မ၊ နောက်တစ်ခါ အစ်မအတွက် လတ်ဆတ်တဲ့ သစ်သီးယိုတွေ လုပ်လာပေးပါ့မယ်”

လင်းမိန်ဟွေ့ ချိုသာစွာ ပြုံးပြလိုက်သည်။

လင်းမိန်ဟွေ့ အတော်လေးပင် နားလည်တတ်သည်ကို မြင်သောအခါ ထိုအစ်မကြီးသည်လည်း သဘောကျသွားပြီး လင်းမိန်ဟွေ့အား ငွေကြေးတချို့ပေးရန် ကြိုးစားခဲ့သည်။

သို့သော်လည်း လင်းမိန်ဟွေ့က မယူခဲ့ပေ။ ထိုအစ်မကြီးက မျက်နှာတည်တင်းစွာဖြင့် ပြောလာသည်။

“ငါက အဲဒီကျန်းယွေ့ဖန်လိုမဟုတ်ဘူး၊ သူများဆီက အမြဲတမ်း အမြတ်ထုတ်နေတာက မကောင်းဘူး၊ အဲဒါက ကိုယ်ကျင့်တရား မကောင်းတာပဲ”

လင်းမိန်ဟွေ့အနေဖြင့် လူတိုင်းက ကျန်းယွေ့ဖန်ကဲ့သို့ မဟုတ်ကြောင်း သိသော်လည်း ဤအစ်မကြီးဆီမှ ငွေကြေးယူဖို့တော့ မလုပ်လိုပါချေ။ ထို့ကြောင့် သူမက အလေးအနက်ပြောလိုက်သည်။

“အစ်မ၊ အစ်မ ဒါကို ဒီလိုပဲ စားပြီး ကျွန်မအတွက် အစ်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ညွှန်းပေးပါဦး၊ နောက်ပိုင်းကျမှ ကျွန်မရဲ့ သစ်သီးယိုတွေကို လာဝယ်လိုက်လေ၊ ဒီနေ့ကတော့ ဒီဘူးကို လက်ဆောင်ပေးတာပါ၊ အစ်မဆီက ပိုက်ဆံယူလို့ မဖြစ်ဘူး၊ အစ်မလည်း လုပ်စရာတွေရှိနေဦးမှာပေါ့၊ ကျွန်မ အရင်သွားတော့မယ်နော်”

ထိုအစ်မကြီးကလည်း လင်းမိန်ဟွေ့ပြောသည့်စကားကို ကြားလျှင် ပျော်ရွှင်စွာဖြင့် သစ်သီးယိုကို လက်ခံလိုက်ပြီး ရုံးခန်းတစ်ခုစီသို့ ဝင်သွားကာ လူတိုင်းမြည်းစမ်းနိုင်ရန်အတွက် အနည်းငယ်စီ ခွဲပေးလိုက်သည်။

လင်းမိန်ဟွေ့က ခေါင်းဆောင်၏ ရုံးခန်း တံခါးဝသို့ ရောက်လာခဲ့လေသည်။ သူမက အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်ပြီး တံခါးခေါက်လိုက်သောအခါ အထဲမှ တိုးတိုးလေး

“ဝင်လာခဲ့” ဟူသော အသံကို ကြားလိုက်ရသည်။

လင်းမိန်ဟွေ့လည်း တံခါးဖွင့်၍ ဝင်သွားခဲ့လေသည်။ ရုံးခန်းထဲ၌ လူတစ်ဦး ရှိနေသေးသည်ကို မြင်လိုက်ရလျှင် လင်းမိန်ဟွေ့က ထောင့်၌ တိတ်တိတ်လေး ရပ်ကာ စောင့်နေလိုက်သည်။

ထိုသူ စကားပြောပြီး၍ ပြန်သွားမှသာ လင်းမိန်ဟွေ့က မြို့တော်ဝန်စားပွဲဆီ လျှောက်သွား၍ ပြောလိုက်သည်။

“မြို့တော်ဝန်၊ ကျွန်မရဲ့နာမည် လင်းမိန်ဟွေ့ပါ၊ မနေ့က ကျွန်မ ဈေးထဲမှာ သစ်သီးယိုတွေ ရောင်းခဲ့ပါတယ်...”

မြို့တော်ဝန်က လင်းမိန်ဟွေ့အား လျစ်လျူရှုသော အမူအရာနှင့် ကြည့်၍ ပြောလာသည်။

“မင်း ငါ့ဆီက ဘာလိုချင်တာလဲ”

လင်းမိန်ဟွေ့က သစ်သီးယိုတစ်ဘူးကို အရင်ဆုံးထုတ်၍ မြို့တော်ဝန်၏ ရှေ့သို့ တွန်းပေးလိုက်သည်။

“ကျွန်မရဲ့ သစ်သီးယိုကို အရင် မြည်းစမ်းကြည့်ပါ၊ ပြီးတော့မှ ကျွန်မကိစ္စကို ပြောပြပါ့မယ်...”

“မင်း ဒီမှာ သစ်သီးယို လာရောင်းတာဆိုရင် တခြားနေရာကို မြန်မြန်သွားလိုက်၊ ငါ အလုပ်များနေတယ်၊ မင်းရဲ့စကားကို နားထောင်ဖို့ အချိန်မရှိဘူး”

မြို့တော်ဝန်က ထရပ်၍ သူ၏ကုတ်အင်္ကျီကို ချိတ်မှယူ၍ ထွက်သွားတော့မည်ဖြစ်သော်လည်း လင်းမိန်ဟွေ့က အမြန် ရှေ့သို့တက်၍ သူ့ကို တားလိုက်သည်။

“မြို့တော်ဝန်၊ မနေ့တနေ့က ကျွန်မ သစ်သီးယိုတွေကို မြို့တော်ဝန်ရဲ့ အိမ်နားက စျေးမှာ ရောင်းခဲ့တာပါ၊ ကျန်းယွေ့ဖန်က ကျွန်မဆီက သစ်သီးယို ငါးဘူး ဝယ်သွားတယ်

သူ့ကို လက်ဆောင်ပေးလိုက်တဲ့ ပမာဏကလည်း တော်တော်လေးများပါတယ်၊ ဒါပေမဲ့ သူက ပြန်လာပြီးတော့ ကျွန်မရဲ့ သစ်သီးယိုတွေထဲမှာ ပိုးလောက်ကောင်တွေ ပါတယ်လို့ ပြောခဲ့တယ်၊ဘကျွန်မဆီက သစ်သီးယို လေးဘူးကိုလည်း ယူသွားခဲ့ပြီးတော့ နောက်ထပ်ငါးယွမ်လည်း တောင်းခဲ့သေးတယ်...”

“မင်း ဒီကိစ္စကို ရဲကို ဖုန်းခေါ်ပြီး တိုင်ရမှာ၊ ငါ မထိန်းချုပ်နိုင်ဘူး”

မြို့တော်ဝန်က စိတ်မရှည်တတ်ပါချေ။ သူသည်ကား ဤကဲ့သို့ ကိစ္စမျိုးကို များစွာကြားဖူးနေပေပြီ။

ကောလာဟလများကို သူဂရုမစိုက်နိုင်တော့ပေ။ မည်သည်က တရားစွဲသည် သူ စိတ်မဝင်စားပေ။ ကျန်းယွေ့ဖန်ဆိုသည်မှာ သူ၏လက်အောက်ငယ်သား၏ ဇနီးသာဖြစ်သည်။ သူ၏လက်အောက်ခံ မဟုတ်ပေ။

လင်းမိန်ဟွေ့ကလည်း ဤကိစ္စကို ကိုင်တွယ်ရခက်ခဲကြောင်း သိသည်။ ထို့ကြောင့် သစ်သီးယို လေးဘူးအတွက် ငွေကြေးပြန်ရရန်အတွက် မြို့တော်ဝန် ဖြေရှင်းပေးလိမ့်မည်ကို မမျှော်လင့်နိုင်ပေ။

သူမအနေဖြင့် ယနေ့ မြို့တော်ဝန်ဆီသို့ သွားရသော အကြောင်းရင်းမှာ ကျန်းကျစ်ကုန်းနှင့် ကျန်းယွေ့ဖန်တို့၏ ဆက်စပ်မှုကို ပြောပြရန်ပင်။

သူမက မြို့တော်ဝန်ဘက်မှ ဤကိစ္စကို အာရုံစိုက်စေလိုသည်။ ထို့ကြောင့် သူမ ဆက်ပြောလိုက်သည်။

“မြို့တော်ဝန်၊ ကျွန်မက ဗီဒီယိုရုံပိုင်တဲ့ ကျန်းကျစ်ကုန်းနဲ့ ပတ်သက်မှုရှိခဲ့တာ၊ ကျန်းယွေ့ဖန်နဲ့ ကျွန်မ ဘာမှ မဆိုင်ပါဘူး၊ ဒါပေမဲ့ ကျန်းကျစ်ကုန်းက ကျန်းယွေ့ဖန်ကို ကျွန်မကို နှောင့်ယှက်ဖို့ တမင်တကာခိုင်းခဲ့တယ်...”

“ငါ ပြောပြီ၊ ဒီကိစ္စက ငါ့ကိစ္စ မဟုတ်ဘူး...”

မြို့ထဲမှ ကိစ္စများသည်က ရှုပ်ထွေးသည်။ မြို့တော်ဝန်က လင်းမိန်ဟွေ့ကဲ့သို့ ရှုပ်ထွေးဆက်ဆံရသည်ကို မလိုချင်ပေ။

“မြို့တော်ဝန်၊ ကျန်းကျစ်ကုန်းက ဗီဒီယိုခန်းထဲမှာ ညစ်ညမ်းတဲ့ ဗီဒီယိုတွေကို ပြခဲ့တာက ကိုယ်ကျင့်တရားကို ဆန့်ကျင်တယ်၊ ဒါ့အပြင် ဒီလိုမျိုး ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေကို ကျွန်မတို့ မြို့နယ်အစိုးရ ဝန်ထမ်းတွေရဲ့ နာမည်နဲ့ လက်စားချေတာဆိုရင် မြို့နယ်အစိုးရရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူးလား”

လင်းမိန်ဟွေ့က အချက်အချာကျသော စကားကို ပြောခဲ့ပေပြီ။

သူမက မည်သည်ကိုမျှ ထပ်မံမတောင်းဆိုတော့ပေ။ မြို့တော်ဝန်ဘက်မှ ကျန်းယွေ့ဖန်၏ ခင်ပွန်းကို ဖိအားပေးရန်သာ တောင်းဆိုခြင်းဖြစ်သည်။

ထိုမျှဆိုလျှင် လုံလောက်ပြီ။

အခြားကိစ္စများကျတော့ သူမစိတ်မဝင်စားပေ။

ဤကဲ့သို့လူများကို ကိုင်တွယ်ခြင်းက တခြားကုန်သည်ငယ်လေးများအတွက် ပြဿနာတစ်ခုကို ဖယ်ရှားပေးခြင်းနှင့် တူညီသည်။

*

အခန်း(28) ဒါက မင်းရဲ့ အမှားပဲ

မြို့တော်ဝန်က လင်းမိန်ဟွေ့၏ စကားများကြားလိုက်ရသောအခိုက်တွင် ခဏမျှ အံ့အားသင့်သွားသည်။ ပြီးနောက်တွင် စားပွဲဆီသို့ ပြန်လာခဲ့ပြီး အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့လေသည်။

“ကိစ္စရဲ့အသေးစိတ်ကို ပြောပြပါဦး၊ ငါ ဘယ်လို ကိုင်တွယ်ရမလဲ ကြည့်မယ်၊ မင်းပြောတာ မှန်တယ်၊ ဒီလိုလူတွေကို အစိုးရနာမည်နဲ့ အခွင့်အရေး ယူပြီး တခြားလူတွေကို ဖိနှိပ်တာမျိုး လုပ်ခွင့်မပြုနိုင်ဘူး”

လင်းမိန်ဟွေ့က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူမက စိတ်ခံစားချက်များကို ထိန်းချုပ်၍ ဘေးနားမှ ခုံ၌ ထိုင်လိုက်သည်။ ထို့နောက်တွင် ကိစ္စများ၏ အစအဆုံးကို ပြောပြခဲ့သည်။

သူမအနေဖြင့်ကျန်းကျစ်ကုန်း၏ ဆိုးသွမ်းမှုများကို အသေးစိတ်ပြောပြရန်ကတော့ မလိုအပ်ပေ။

မြို့တော်ဝန်အနေဖြင့် ဤအကြောင်းများကို ကြားဖူးပြီးသားဖြစ်မည်ဟု သူမ ယုံကြည်သည်။

အရေးကြီးဆုံးမှာ သူမအနေဖြင့် ကျန်းကျစ်ကုန်းနှင့် ကျန်းယွေ့ဖန်တို့မှာ အနည်းငယ် သွေးဝေးသောဆွေမျိုးများဖြစ်ကြောင်း၊ ပြီးလျှင် ကျန်းယွေ့ဖန်က သူမ၏ခင်ပွန်းသည်မှ အစိုးရရုံးမှဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် သူမအပေါ် မည်သို့ အခွင့်အရေးယူခဲ့သည်ကို ပြောပြရန်ပင် ဖြစ်ချေသည်။

သူမ ထိုကဲ့သို့ ပြောပြပြီးသည့်နောက် မြို့တော်ဝန်တစ်ယောက် မျက်မှောင်များကို ပို၍ကြုတ်လာသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် ယနေ့တွင် ဤကိစ္စက အရေးကြီးကြောင်းကို သူမ ပြောပြနိုင်လောက်ပြီဟု လင်းမိန်ဟွေ့ သိလိုက်သည်။

“ဒါ တကယ်ပဲ မဆီလျော်ဘူး”

မြို့တော်ဝန်က စားပွဲကို လက်ဖြင့်ရိုက်၍ ထရပ်လိုက်သည်။

သူက လက်နှစ်ဖက်ကို နောက်ဘက်တွင်ပစ်၍ အခန်းထဲတွင် လျှောက်သွားနေခဲ်သည်။

ကျန်းယွေ့ဖန်၏ ခင်ပွန်းသည်မှာ မြို့အစိုးရရုံဌာနမှ ထဲမှ ဂိုဒေါင်စောင့်တစ်ဦးပင် ဖြစာသည်။ တကယ်ပြောရလျှင် သူသည်က ရက်အနည်းငယ်သာ ကျောင်းတက်ဖူးသောကြောင့် အောက်ခြေဘက်မှ အလုပ်များကိုသာ လုပ်နိုင်သည်။

သို့သော်လည်း သူက အစိုးရဌာန၏ နာမည်ကို အသုံးချ၍ မာန်မာနကြီးစွာ အနိုင်ကျင့်နေခဲ့ပေသည်။

“ကောင်မလေး၊ ငါ ဒီကိစ္စကို သိပြီ၊ မင်း အရင်ပြန်နှင့်လိုက်ပါ၊ ငါ ဒီကိစ္စကို ကိုင်တွယ်ပေးမယ်... အစိုးရနာမည်ရဲ့အောက်ကနေ ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူကမှ ထပ်မလုပ်နိုင်စေရတော့ဘူးလို့ ငါ ကတိပေးတယ်”

မြို့တော်ဝန်က ထိုသို့ပြောပြီးသည့်နောက်တွင် လင်းမိန်ဟွေ့အား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ ပြီးလျှင် ထပ်ဖြည့်ပြောသည်။

“ကောင်မလေး၊ မင်းက တော်တော်လေးကို နားလည် သဘောပေါက်နိုင်တာပဲ၊ ဒီလိုကိစ္စမျိုး ကြုံလာရင် ငါ့ဆီကို လာရမယ်ဆိုတာကို သိနေတယ်၊ ဒါက ငါ့အတွက်လည်း ဒီခေတ်ကာလကို ပြင်ဆင်ကုစားဖို့ အသင့်တော်ဆုံးအချိန်ပဲ”

“ကျေးဇူးတင်ပါတယ် မြို့တော်ဝန်၊ မြို့တော်ဝန်၊ ဒီသစ်သီးယိုဘူးကို မြို့တော်ဝန် စားဖို့ ထားခဲ့ပါရစေ၊ ဒါက လုံးဝကို သန့်ရှင်းပါတယ်!”

“မင်းရဲ့ သစ်သီးယိုကို ငါ ဝယ်မယ်၊ နှစ်ဘူးပေး...”

မြို့တော်ဝန်က တစ်ယွမ်ကို ထုတ်၍ စားပွဲပေါ်တင်လိုက်သည်။ လင်းမိန်ဟွေ့က မငြင်းဆန်ခဲ့ပေ။ ဤအရာရှိထံတွင် ကိစ္စများ၌ စည်းမျဉ်းများ ရှိကြောင်းကို သူမ သိသည်။

ထို့ကြောင့် မတိုင်ခင်က အစ်မကြီးကဲ့သို့ ပေါ့ပေါ့ဆဆ လုပ်၍ မရပေ။ လင်းမိန်ဟွေ့က ငွေကြေးကို လက်ခံ၍ ကျေးဇူးတင်စကား များစွာပြောခဲ့ကာ မြို့နယ်အစိုးရရုံး ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့သည်။

မြို့တော်ဝန်ရုံးမှ ထွက်လာပြီးနောက်တွင် အစ်မကြီးက ထို၌ ဆက်လက်စောင့်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမက လင်းမိန်ဟွေ့အား မြင်လျှင် ချက်ချင်းပင် ရှေ့သို့တိုးလာကာ စိုးရိမ်တကြီးနှင့် မေးခဲ့သည်။

“ဘယ်လိုလဲ၊ မြို့တော်ဝန်က ဂရုစိုက်ရဲ့လား”

“မြို့တော်ဝန်က ကိုင်တွယ်ပေးမယ်လို့ ပြောပါတယ်၊ အစ်မ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လင်းမိန်ဟွေ့က အစ်မကြီးအား ကျေးဇူးတင်စကား ပြောလိုက်လေသည်။

ထို့နောက်တွင် ထို အစ်မကြီးက လင်းမိန်ဟွေ့အား ရုံးခန်းထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားသည်။

ရုံးခန်းထဲ၌ လူများစွာ ရှိနေသည်ကို မြင်လျှင် လင်းမိန်ဟွေ့ အံ့အားသင့်သွားရသည်။

“မင်းက အရမ်းကို ရဲရင့်တဲ့ ကောင်မလေးပဲ၊ ကျန်းယွေ့ဖန်က ငါတို့ရဲ့ ရင်ထဲမှာ နှစ်ပေါင်းများစွာ စူးဝင်နေတဲ့ ဆူးပဲလို့ ပြောလို့ရတယ်...”

“ဟုတ်တယ်၊ ကျွန်မတို့ အရမ်းဒေါသထွက်ပေမဲ့ ဘာမှလုပ်လို့ မရဘူး၊ ရိုက်လည်း မရိုက်နိုင်၊ ဆဲလည်း မဆဲနိုင်ဘူး၊ အခုတော့ မင်းလို ကောင်မလေးတစ်ယောက်က ကိုင်တွယ်ပေးလိုက်ပြီ၊ ဒါက ကျွန်မတို့ရဲ့ ဒေါသကို ပြေပျောက်စေလိုက်တာပဲ”

လူတိုင်း ပြုံးရွှင်နေခဲ့ကြသည်။ လင်းမိန်ဟွေ့လည်း ကျန်းယွေ့ဖန်က ပုံမှန်အားဖြင့် လူများစွာကို ရန်လုပ်ထားကြောင်း သဘောပေါက်သွားခဲ့ရလေသည်။

ထိုအချိန်၌ အစ်မကြီးက ပြောလာလေ၏။

“မင်းရဲ့ သစ်သီးယိုတွေကို အမြန်ထုတ်ပေးပါဦး၊ လူတိုင်းက တစ်ဘူးစီ ဝယ်ပြီး မြည်းစမ်းချင်တယ်၊ စိတ်မပူပါနဲ့၊ ငါ မင်းအတွက် ပိုက်ဆံတွေ ကောက်ပေးမယ်၊ တစ်ဘူးအတွက်မှ လျှော့မှာ မဟုတ်ဘူး”

လင်းမိန်ဟွေ့က သူမ၏အိတ်ကို ကြည့်လိုက်သော် သုံးဘူးသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။

လူတိုင်းကို ခွဲပေးရန်ပင် မလုံလောက်ပေ။ တချို့လူများသည် မဝယ်ရ၍ စိတ်မကောင်းဖြစ်နေခဲ့ကြသည်။

လင်းမိန်ဟွေ့လည်း ရက်အနည်းငယ်အတွင်း ကုန်ပစ္စည်းပို့ပေးမည်၊ သူတို့အတွက် လုံလောက်စွာ ရှိမည်ဟု ကတိပေးခဲ့လေသည်။

ထိုအခါမှသာ လူများက စိတ်ကျေနပ်သွားခဲ့ကြကာ လူစုခွဲသွားကြလေသည်။

မြို့နယ်အစိုးရရုံးမှ ထွက်လာပြီးနောက် လင်းမိန်ဟွေ့တစ်ယောက် စိတ်ကြည်လင်နေခဲ့သည်။

ကောင်းကင်ကမြင့်မား၍ ငှက်များက စိတ်လွတ်လက်လွတ် ပျံသန်းနိုင်သကဲ့သို့ လွတ်လပ်ပျော်ရွှင်သော ခံစားချက်မျိုးပင်။

လင်းမိန်ဟွေ့က အချိန်ကို မစောင့်နိုင်တော့ဘဲ ကုန်စည်ဒိုင်သို့ တန်းတန်းမတ်မတ်သွားခဲ့ပြီး ကုန်ကြမ်းပစ္စည်းငါးယွမ်ဖိုးကို တစ်ခါတည်း ဝယ်လိုက်သည်။

ဤတစ်ကြိမ်၌ ကုန်ပစ္စည်းအသစ်များတွင် တရုတ်ဆီးသီးနှင့် ဟော်သွန်းသီးများ ပါလာခဲ့သည်။

ဤသို့ဆိုလျှင် သူမထံတွင် ကုန်ပစ္စည်းအသစ်များ ရရှိလာတော့မည်ဖြစ်၍ သူမ၏လုပ်ငန်းကလည်း ပို၍ ကောင်းမွန်လာမည်မှာ သေချာသည်။

အိမ်သို့ပြန်ရောက်သည့်အချိန်တွင် စုန့်ယီက အိမ်တွင် မရှိနေခဲ့ပေ။

ခြံထောင့်မှ မြေပြင်ကိုတော့ မုန်ညင်းစေ့များ စိုက်ထားပြီးပုံရပြီး ရေလောင်းထားခြင်းကြောင့် စိုစွတ်နေခဲ့ကာ အိမ်က အလွန်ပင် သက်ဝင်လှုပ်ရှားမှုများ ရှိနေသကဲ့သို့ ထင်မြင်ရသည်။

လင်းမိန်ဟွေ့က ပုလင်းများ၊ ဗူးများကို စတင်ဆေးကြော၍ သစ်သီးယိုများ စတင်လုပ်တော့သည်။

သူမက အလွန်အလုပ်များနေခဲ့သောကြောင့် ထမင်းစားချိန်ကိုပင် လွန်သွားသည်။

နေ့လယ်ပိုင်း၌ စုန့်ယီ ပြန်လာသောအချိန်ကိုရောက်မှသာ လင်းမိန်ဟွေ့တစ်ယောက် သူမ အလွန်အမင်း အလုပ်များနေသောကြောင့် နေ့လယ်စာပင် စားဖို့ကို မေ့လျော့နေသည်ကို သဘောပေါက်သွားခဲ့လေသည်။

သူမက အလျှင်အမြန်သွား၍ ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ရှင် ဘယ်တွေကို သွားနေတာလဲ၊ ရှင် မစားရသေးဘူးလား၊ ကျွန်မ အခု ချက်ပေးမယ်”

စုန့်ယီက လင်းမိန်ဟွေ့ ဆေးကြောထားသော ဖန်ဘူးများက အရောင်တောက်နေသည်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်လေ၏။

“ဒီတစ်ခါ မင်းရဲ့လုပ်ငန်းက တိုးချဲ့တော့မယ်ထင်တယ်၊ ပုလင်းတွေ အများကြီး ဝယ်ထားတာဆိုတော့ ကုန်ကြမ်းတွေလည်း အများကြီးလိုမှာပဲ”

“ဟုတ်တယ်၊ ကျွန်မရဲ့ သစ်သီးယိုကို လူအများကြီး သဘောကျကြတယ်လေ၊ ဒါကြောင့် ကျွန်မ ပိုလုပ်ချင်လို့”

“ကျန်းကျစ်ကုန်း ပြဿနာ မလာရှာဘူးလား”

စုန့်ယီက သူ၏အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး လင်းမိန်ဟွေ့ကို ကူညီကာ သစ်သီးယိုအရည်ဖြင့် စိမ်ထားသော သစ်သီးယိုများကို နေလှန်းခဲ့သည်။

သစ်သီးယိုများထံမှ မွှေးကြိုင်သော ရနံ့များ ထွက်လာသောကြောင့် ပျားများ၊ လိပ်ပြာများကို ဆွဲဆောင်နေခဲ့သည်။

လင်းမိန်ဟွေ့က အသီးယိုများကို သန့်ရှင်းအောင် ထိန်းသိမ်းရန်အတွက် အကာအရံအဖြစ် ပါးလွှာသော အဝတ်တစ်ထည်ဖြင့် ဖုံးအုပ်ထားလိုက်သည်။

လင်းမိန်ဟွေ့က စုန့်ယီအား ပြန်ကြည့်၍ ပြောလိုက်လေ၏။

“ကျွန်မ တစ်အိမ်တက်ဆင်း ရောင်းတာလေ၊ ကျန်းကျစ်ကုန်းက ကျွန်မနောက် လိုက်ပြီး တစ်အိမ်တက်ဆင်း လိုက်ဖျက်စီးလို့ မရဘူး၊ စိတ်မပူပါနဲ့၊ နောက်ဆို ဘယ်သူကမှ ကျွန်မကို ဒုက္ခပေးတော့မှာ မဟုတ်ဘူး”

လင်းမိန်ဟွေ့က မြို့နယ်အစိုးရရုံးသို့ သွားသောအကြောင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မပြောခဲ့ပေ။

ပထမအချက်က သူမအနေဖြင့် ဤကိစ္စကို မည်သို့ ကိုင်တွယ်ရမှန်း မသိခြင်းဖြစ်ပြီး၊ ဒုတိယအချက်က မြို့တော်ဝန်ဘက်မှ ကျန်းယွေ့ဖန်နှင့် သူမ၏ ခင်ပွန်းသည်ကို သတိပေးရန်သာ တတ်နိုင်လိမ့်မည်ဟု တွေးထား၍ဖြစ်သည်။

ကျန်းကျစ်ကုန်းကတော့ သူ၏ထိန်းချုပ်မှုအပြင်ဘက်တွင်သာ ရှိနေလိမ့်မည်။ ထို့ကြောင့် သူမက စုန့်ယီအား စိတ်ပူပန်စေလိုခြင်း မရှိသည့်အတွက် ပြောမပြရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ကိုယ်လည်း ဒီနေ့ နီးစပ်ရာမြို့ကို သွားပြီးတော့ ကုန်စည်ဒိုင်က လူတွေကို မင်းရဲ့ သစ်သီးယိုတွေအကြောင်း ပြောပြခဲ့တယ်၊ ကုန်စည်ဒိုင်ရဲ့ တာဝန်ခံက ကူညီပြီးရောင်းပေးဖို့ ဆန္ဒရှိတယ်၊ ရောင်းအားကောင်းတယ်ဆိုရင်လည်း မင်းဆီက ထပ်ပြီးဝယ်ဖို့ ဆန္ဒရှိတယ်တဲ့”

စုန့်ယီက လင်းမိန်ဟွေ့အား သတင်းကောင်း ပြောပြခဲ့သည်။ သူ မနက်စောစော အိမ်မှ ထွက်သွားရသော အကြောင်းမှာ ထိုသို့လုပ်ကိုင်ရန်အတွက်သာ ဖြစ်ပေ၏။

ဤစကားကိုကြားပြီးနောက် လင်းမိန်ဟွေ့သည်လည်း စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူမနှင့်အတူ ကောင်းကျိုး၊ ဆိုးကျိုးများကို မျှဝေခံစားမည့်သူတစ်ဦး ရှိနေခြင်းကြောင့် ဤအချိမ်တွင် ကြီးမားသော အခက်အခဲများကိုပင် မကြောက်တော့ဟု ခံစားနေခဲ့ရလေသည်။

“ဒါဆို ကျွန်မ ဒီနေ့ အသီးယိုတွေ ပိုလုပ်လိုက်မယ်လေ ၊ အစ်ကိုစုန့်ယီက နီးစပ်ရာမြို့တွေက ကုန်စည်ဒိုင်တွေကို နည်းနည်းစီ ပို့ပေးလိုက်ပေါ့၊ အများစုတော့ ကျွန်မက ရောင်းလိိုက်ပါ့မယ်”

လင်းမိန်ဟွေ့က ကိစ္စများကို စီစဉ်နေခဲ့သည်။ လက်ရှိကုန်ပစ္စည်းများ ရောက်ထွက်ပြီးသွားပါက သူမအနေဖြင့် လုပ်ငန်းချဲ့ထွင်နိုင်မည်ဖြစ်ကာ တစ်ချိန်တည်းဖြင့် ပစ္စည်းအများအပြားကို ထုတ်လုပ်နိုင်မည်ဟု တွေးထားခဲ့သည်။

သစ်သီးယိုကို ပြုလုပ်သောအချိန်တွင် အနည်းအကျဥ်းကိုသာ ဖြစ်စေ၊ အများအပြား ပြုလုပ်သည်ဖြစ်စေ လုပ်ငန်းစဉ်က တူညီနေလိမ့်မည်။

အနည်းငယ်ချင်းစီ အကြိမ်ကြိမ် လုပ်ကိုင်နေခြင်းက ပို၍ပင်ပန်းနေပေလိမ့်မည်။

နောက်ပိုင်းတွင် ထုတ်လုပ်မှုပမာဏ တိုးလာမည်ဆိုပါက တစ်ခါတည်း များများ လုပ်ထားမည်ဆိုပါက ရောင်းအားက အချိန်ကြာမြင့်စွာ ခံပေလိမ့်မည်။

ဤသို့ဆိုလျှင် သူတို့နှစ်ဦးလုံးအနေဖြင့် အားစိုက်ထုတ်မှု များစွာသက်သာသွားမည်ဖြစ်ကာ မြို့ထဲသို့ သွားရောင်းချရန်အတွက်လည်း အချိန်ပိုရလာမည်ပင်။

သို့ဆိုပါက အကောင်းဆုံးရလဒ်ကို ဖြစ်လာပေလိမ့်မည်။

သူတို့နှစ်ယောက်သစ်သီးယိုများအားလုံးကို နေလှန်းပြီးသည့်နောက် စုန့်ယီက ထင်းများကို သွားယူခဲ့သည်။

ပြီးသွားချိန်တွင် လင်းမိန်ဟွေ့က ခေါက်ဆွဲများပြုလုပ်ရန် မုန့်နှစ်ကို လှိမ့်လိုက်သည်။ သူတို့နှစ်ယောက် အတူလုပ်ကိုင်ခဲ့ကြပြီး အလုပ်များနေရင်းဖြင့်ပင် ပျော်ရွှင်နေခဲ့ကြသည်။

ဤသို့အတူလုပာကိုင်နေရခြင်းက ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု နှစ်ဦးလုံး ခံစားခဲ့ရသည်။

စားပွဲခုံပုလေးတွင် ထိုင်ရင်းဖြင့် လင်းမိန်ဟွေ့က သူမ၏အနာဂတ်ဘဝအကြောင်းကို စဉ်းစားနေခဲ့ကာ စုန့်ယီကို ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ရဲ့ ဘဝတွေ ပိုကောင်းလာမယ်ဆိုရင် ဒီအခန်းထဲက ပရိဘောဂတွေကို ပြောင်းကြမယ်လေ၊ ရှင် ကျွန်မကို တီဗီတစ်လုံး ဝယ်ပေးခဲ့တယ်၊ ဒါပေမဲ့ အိမ်က ဗီရိုတွေနဲ့ ထိုင်ခုံတွေက... ဟောင်းနေပြီ...”

“ဟုတ်တယ်၊ ကိုယ် အစတုန်းက ဒါတွေကို လဲလှယ်ဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ ပိုက်ဆံ မလုံလောက်သေးလို်...”

စုန့်ယီတစ်ယောက် အနည်းငယ်မူ မှားယွင်းနေသကဲ့သို့ ခံစားရသည်။

ယောက်ျားတစ်ဦးအနေနှင့်၊ ခင်ပွန်သည်တစ်ဦးအနေနှင့် လင်းမိန်ဟွေ့ကို ပို၍ကောင်းသော ဘဝမပေးနိုင်သည့်အပြင် သူမ၏ လုပ်ငန်းကိုပါ ဤမျှလောက်အထိ ခက်ခဲပင်ပန်းစေခဲ့သည်။

သူ့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သေသေချာချာပြန်လည်သုံးသပ်သင့်ပြီဖြစ်က် နောက်ပိုင်းတွင် ပို၍ ကြိုးစားရတော့မည်ပင်။

လင်းမိန်ဟွေ့ကတော့ ဤကိစ္စကို ဂရုမစိုက်ပေ။ ငွေကြေးမြားရရှိလာပါက အရာရာပြည့်စုံလိမ့်မတည်ွေးတောနေခဲ့ဟုသာ သူသိသည်။

သူမအနေဖြင့် ယခုအချိန်တွင် အလွမ် ပျော်ရွှင်နေခဲ့သည်။ အကြောင်းမှာ နောက်ဆုံး၌ သူမအား နားလည်ပေးသည့်၊ ဂရုစိုက်ပေးသည့်၊ ကာကွယ်ပေးသည့်လူတစ်ဦး ရှိလာပြီမဟုတ်ပါလား။

ဤသည်က ငွေကြေးများစွာ ရှာရသည်ထက်ပင် ပို၍ပျော်ရွှင်စရာကောင်းနေပေသည်။

လင်းမိန်ဟွေ့က ပြုံး၍ ပြောလိုက်သည်။

“လောနေစရာမလိုပါဘူး၊ လုပ်ငန်း ပိုကောင်းလာမယ်ဆိုရင် နောက်ပိုင်းမှာ ပိုက်ဆံ ပိုရလာမှာပဲ၊ အဲဒီအချိမ်ကျရင် အိမ်ကို မြေလှန်ပြီး အသစ်ပြန်တောက်ပစ်ဖို့ဆိုရင်တောင် ပြဿနာ မရှိဘူး၊

ဒီလိုမျိုး စားပွဲ၊ ကုလားထိုင်၊ ခုံတွေ လဲတာလောက်က ဘာမှ မဟုတ်ဘူး. အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ကောင်းမွန်တဲ့ ဘဝကို သေချာပေါက် ဖြတ်သန်းရမှာပဲ၊ ရှင် ယုံကြည်ထားလိုက်”

ခံစားချက်များအကြောင်းကို ပြောရင်းဖြင့် လင်းမိန်ဟွေ့က စုန့်ယီအား ကြည့်လိုက်သည်။

သူတို့နှစ်ယောက် မျက်လုံးချင်းဆုံတွေ့သွားထျိမ်တွင် ပြောမပြနိုင်သော စကားများ များစွာရှိနေသကဲ့သို့ပင်။

သို့သော်လည်း နှစ်ဦးလုံးက တစ်ဦး၏အတွေးများကို တစ်ဦး အလိုလို နားလည်နေခဲ့ကြသည်။

ဤခဏတာအတွင်း စကားလုံးများက ကင်းမဲ့နေခဲ့ပြီး တိတ်ဆိတ်နေခဲ့ကြသည်။

All Chapters