အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း(29)
နောက်တစ်နေ့၌ စုန့်ယီက အသီးယိုများကို ရောင်းချရန်အတွက် နီးစပ်ရာမြို့များသို့ သွားခဲ့လေသည်။
ယခင်တစ်ကြိမ်တုန်းက သူက နမူနာအနည်းငယ်ကိုသာ ယူဆောင်သွားခဲ့သည့်အတွက် ယခုတစ်ကြိမ်တွင်တော့ သူက ကုန်ကြမ်းများ၊ တစ်ဝက်တစ်ပျက် ပြုပြင်ပြီးစီးသည့် ပစ္စည်းများနှင့် အချောထည်ပစ္စည်းများကိုပါ ယူဆောင်သွားခဲ့လေသည်။
ထို့အတွက် လူတိုင်းက အသီးခြောက်ထုတ်လုပ်ခြင်းမှာ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို ပို၍သိရှိလာခဲ့ကြသည်။
လင်းမိန်ဟွေ့က သူ အလွန်အမင်း ကြိုးစားကာ လုပ်ကိုင်နေမှုကို တွေ့မြင်ရသည့်အတွက် ကျေးဇူးတင်စိတ်များ ထပ်မံပေါ်ပေါက်လာခဲ့ရသည်။
သူမက စုန့်ယီကို တခြားသူများအတွက် အကျိုးခံစားခွင့်များ ပိုပေးသင့်ကြောင်းကို ပြောပြခဲ့သည်။ ဤနည်းအားဖြင့် စီးပွားရေးဆွေးနွေးမှုများက ပို၍လျင်မြန်စွာ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။
စုန့်ယီ ထွက်ခွာသွားပြီးနောက်တွင် လင်းမိန်ဟွေ့က သူမ၏ ဟင်းသီးဟင်းရွက်ခင်းလေးကို ဂရုတစိုက် ပြုစုစောင့်ရှောက်မှုပြုလုပာခဲ့လေသည်။
မျိုးစေ့များ အပင်မပေါက်မီတွင် လင်းမိန်ဟွေ့က ရေအနည်းငယ် ထပ်မံလောင်းပေးခဲ့သည်။
ထိုအချိန်တွင် အိမ်နီးချင်းဖြစ်သူ အန်တီယန်က စောင်များကို လှန်းရန်အတွကာ အိမ်ခေါင်မိုးပေါ်၌ ရပ်နေခဲ့လေသည်။
လင်းမိန်ဟွေ့တစ်ယောက် အလွန် အလုပ်ကြိုးစားနေခဲ့ပြီး အရည်အချင်းရှိကြောင်းတို့ကို တွေ့မြင်သည့်အတွက် ချီးကျူးစကားဆိုခဲ့သည်။
“မိန်ဟွေ့၊ နင်က တကယ်ကို တော်တာပဲ၊ လက်ထပ်ပြီးတာ ရက်နည်းနည်းလေးပဲ ရှိသေးတယ်၊ စုန့်ယီရဲ့ ခြံဝင်းလေးက သပ်ရပ်ပြီး စိုစိုပြေပြေ ဖြစ်နေပြီ
အချိန်တိုင်း မွှေးကြိုင်တဲ့ ရနံ့တွေလည်း ရနေသေးတယ်၊ ရွာထဲက လူတိုင်းက အခု စုန့်ယီကို အားကျနေကြတာ”
လင်းမိန်ဟွေ့က အန်တီယန်မှာ စိတ်ရင်းကောင်းရှိပြီး စကားကိုလည်း ချိုသာစွာပြောဆိုတတ်သည်ကို သိရှိသည့်အတွက် အပြုံးတစ်ခုဖြင့် ပြန်ပြောခဲ့သည်။
“အန်တီယန်က ပိုပြီး ကံကောင်းတာပါ၊ မိသားစုထဲက ကလေးတွေ အားလုံးလည်း အလားအလာရှိကြတယ်လေ၊ ဒါက ကောင်းချီးတွေနှင့် ပြည့်စုံတာပဲ”
သူတို့နှစ်ယောက် အချိန်ခဏမျှ စကားပြောဆိုနေခဲ့ကြသည်။ စကားဝိုင်းက သာမန်သာ ဖြစ်သော်လည်း စကားလုံးတိုင်းမှာ တစ်ဦးကိုတစ်ဦး ချီးကျူးနေခဲ့ကြသည့်အတွက် နားထောင်ရသည်က အလွန်ကောင်းမွန်နေခဲ့သည်။
လင်းမိန်ဟွေ့က အန်တီယန်မှာ သူမ၏မိခင်ထက် ပိုမိုကောင်းမွန်သည့် ဘဝကို နေထိုင်နိုင်သည်ဟု ခံစားခဲ့ရသည်။
သူမက ဝမ်းနည်းစရာကိစ္စများကို ကြုံတွေ့ရသော်လည်း ညည်းညူနေခြင်းမရှိပါဘဲ ဘဝကို အလေးအနက်ထား၍ ကောင်းမွန်စွာ နေထိုင်ခဲ့သည်။ ဤသည်ကသာ ဘဝ၏ စစ်မှန်သည့် နွေးထွေးမှုဖြစ်ပေလိမ့်မည်။
“အရင်တုန်းက စုန့်ယီဆိုတဲ့ကလေးရဲ့ ဘဝက အရမ်းခက်ခဲတယ်လို့ ငါ ထင်ခဲ့တယ်၊ သူ့ရဲ့မိဘတွေလည်း မရှိတော့ဘူး၊ သူ့အဖွားလည်း ဆုံးပြီးတဲ့ နောက်ပိုင်းမှာ ငါ သူ့ကို စိတ်ပူနေခဲ့တယ်၊ အခု မင်း ရှိလာတဲ့အချိန်ကျမှ ဒီကလေးက တကယ်ကို ကံကောင်းလွန်းတယ်လို့ ခံစားရတယ်
နောက်ဆို မင်းတို့ဆီမှာ ကလေးလေး တစ်ယောက်လောက် ထပ်ရရင်တော့ မိသားစုသုံးယောက်ရဲ့ ဘဝက တကယ်ကို သာယာမှာပဲ”
အန်တီယန်၏ စကားများ၌ စိုးရိမ်ပူပန်မှုများ ပါဝင်နေသော်လည်း ကလေး၏အကြောင်းကို ကြားရသည့်အချိန်တွင်တော့ လင်းမိန်ဟွေ့၏ မျက်နှာလေးက နီရဲသွားခဲ့လေသည်။
ထိုနေ့ညတွင် သူမ စုန့်ယီကို ဆေးလိမ်းပေးခဲ့ပြီး သူတို့နှစ်ယောက် ရင်းနှီးစွာ ထိတွေ့ခဲ့ကြသည်ကို ပြန်လည်တွေးမိလျှင် လင်းမိန်ဟွေ့၏ ရင်ခုန်သံများက တဒုန်းဒုန်း မြန်ဆန်နေခဲ့ပေသည်။
ယခုအချိန်၌ သူတို့နှစ်ဦးက အပြင်လူများအတွက် ဇနီးမောင်နှံများနှယ် ဖြစ်နေသော်လည်း စစ်မှန်သည့် ဇနီးမောင်နှံများကဲ့သို့ ရင်းနှီးမှုမျိုးကတော့ တစ်ခါမျှ မရှိခဲ့ဖူးပါချေ။
ကလေးယူမည့်အကြောင်းသို့ ရောက်လာချိန်တွင် လင်းမိန်ဟွေ့တစ်ယောက် စုန့်ယီ၏ ပြင်းပြသည့်ဆန္ဒများ ပြည့်နေသည့် မျက်လုံးများကို မတွေးဘဲ မနေနိုင်ခဲ့ချေ။
လင်းမိန်ဟွေ့ စိတ်လှုပ်ညှားစွာဖြင့် သူမ၏၏လက်အတွင်းမှ ရေခွက်ကို ပစ်ချမိခဲ့သည်။
အန်တီယန်က သူမကို နားမလည်စွာ ကြည့်နေမိပြီး လင်းမိန်ဟွေ့၏စိတ်မသက်မသာဖြစ်နေပုံကို တွေ့မြင်သည့်အချိန်မှသာ သူမ စကားမှားသွားပြီဟုတွေးလိုက်မိကာ ပါးစပ်ကို ပုတ်၍ ပြောခဲ့လေသည်။
“ငါ့ရဲ့ ပါးစပ်ကိုကြည့်ပါဦး၊ မပြောသင့်တာတွေကိုပြောမိနေတာပဲ
အတိတ်က ဖြစ်ခဲ့တာတွေကို အတိတ်မှာ ထားလိုက်ပါတော့၊ ငါတို့အားလုံး အနာဂတ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်ကြမယ်၊ ဘာကိစ္စပဲဖြစ်ဖြစ် မင်း တစ်ခုဘာလိုအပ်ရင် အန်တီယန် ကို လှမ်းခေါ်လိုက်ပါ၊ အန်တီယန်က သေချာပေါက် ကူညီပေးမယ်”
“ ကျေးဇူးတင်ပါတယ် အန်တီယန်”
လင်းမိန်ဟွေ့တစ်ယောက် အန်တီယန်ကို ကျေးဇူးတင်ပြီး အိမ်ထဲသို့ အလျင်အမြန် ပြန်ဝင်သွားခဲ့သည်။
သို့နှင့် စုန့်ယီ နေ့လည်စာ စားချိန်တွင် အိမ်သို့ ပြန်ရောက်လာပြီးနောက် လင်းမိန်ဟွေ့မှ သူ့ကို အနည်းငယ် ရှောင်တိမ်းနေပြီး တိုက်ရိုက်မကြည့်တော့သည်ကို တွေ့လိုက်ရလေ၏။
သူမ၏ စကားပြောဆိုမှုများ၊ ပြုမူမှုများကလည်း ပို၍နူးညံ့သိမ်မွေ့လာသည်။
ဤအခြေအနေက စုန့်ယီကို အနည်းငယ် ထူးဆန်းသလို ခံစားရစေလေ၏။
“မုဆိုးမလျိုက ဒီနေ့လည်း မင်းဆီကို ထပ်လာပြီးဒုက္ခပေးနေတာလား”
“မဟုတ်ပါဘူး”
လင်းမိန်ဟွေ့က စုန့်ယီအတွက် ထမင်းတစ်ပန်းကန် လာရောက်ချပေးခဲ့သည်။
လင်းမိန်ဟွေ့က ယနေ့တွင် အထူးတလည် ဝက်သား ဟင်းတစ်ခွက် ချက်ပြုတ်ထားခဲ့သည်။
သူမက စုန့်ယီ၏ ပန်းကန်အတွင်းသို့ အသားတုံးများစွာ ထည့်ပေးထားခဲ့လေသည်။
တစ်နေကုန် လှုပ်ရှားသွားလာထားရသည့်အတွက် တစ်ဖက်လူကို ပိုမိုစားသုံးစေလိုခဲ့သည်။
စုန့်ယီက သူမကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်ကို တွေ့မြင်လိုက်ရလျှင် လင်းမိန်ဟွေ့ ခဏလောက်စဉ်းစားကာ ရှင်းပြခဲ့သည်။
“ဒီနေ့ အန်တီယန်က ကျွန်မတို့ကို ကလေးယူဖို့ ပြောခဲ့တယ်၊ ကျွန်မ ဘယ်လိုမျိုးပြန်ပြောရလဲဆိုတာကို မသိဘူးဖြစ်နေတာ”
လင်းမိန်ဟွေ့က ခေါင်းမော့ကာ စုန့်ယီကို ကြည့်လိုက်မိသည်။
တစ်ဖက်လူက မည်သည့်အရာကို တွေးတောနေကြောင်းကို သူမ ချင်ခဲ့သည်။
အနည်းဆုံးတော့ ထိုသူက သူမကို ထွက်ခွာသွားစေလိုသေးလားဆိုသည်ကို သိလိုခဲ့သည်။
အကယ်၍သာ တစ်ဖက်လူကသာ ထွက်ခွာသွားစေချင်နေသေးပါက လင်းမိန်ဟွေ့အနေဖြင့် ကလေးအကြောင်းကို လုံးဝ ထပ်မံပြောတော့မည် မဟုတ်ပါချေ။
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့၏စကားကြောင့် သီးသွားခဲ့ရပြီး မျက်နှာလွှဲလိုက်မိကာ အနည်းငယ် ချောင်းဆိုးလိုက်လေသည်။ ပြီးနောက် ပန်းကန်နှင့် တူများကို အလျှင်အမြန်ချ၍ ပြောလာခဲ့သည်။
“မိန်ဟွေ့၊ ဒီကိစ္စကို ပြောဖို့ စောလွန်းပါသေးတယ်၊ ကိုယ်တို့တွေ အရင်ဆုံး ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် ပြင်ဆင်သင့်တယ်၊ ကိုယ်တို့ရဲ့ ကလေးတွေကို ကောင်းမွန်တဲ့ ဘဝကို ပေးနိုင်ရမယ်... ကိုယ်တို့လို မဖြစ်စေရဘူး..”
စုန့်ယွီ ပြောနေရင်းဖြင့်ပင် စကားတစ်ဝက်တွင် စိတ်ဓာတ်ကျသွားသလကဲ့သို့ ခံစားလိုက်ရသည်။
လင်းမိန်ဟွေ့က ချက်ချင်းပင် သူ့ကို ဟင်းတစ်ဇွန်းခပ်ပေးရင်း ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ စိတ်ထဲမှာ အများကြီး မတွေးပါနဲ့၊ အချိန်တွေ အများကြီးကြာတဲ့အထိ ကလေးမရသေးဘူးဆိုရင် ရွာထဲကလူတွေက လက်ညှိုးထိုးပြီးပြောလာကြမှာပဲလို့ ကျွန်မတွေးမိရုံပါပဲ၊ လူတွက ပြောဆိုဖို့အတွက် အမြဲတမ်း အကြောင်းပြချက်တွေ ရှာနေကြမှာလေ”
စုန့်ယီက လင်းမိန်ဟွေ့ကို ညင်သာစွာကြည့်ရင်း သူ နားလည်ကြောင်းကို ပြသလာသည်။
“မိန်ဟွေ့၊ တခြားလူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့၊ ဘာမှ လုပ်စရာမရှိတဲ့သူတွေက အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေကြတာလေ၊ ကိုယ်တို့တွေ လိုက်ပြီး စိတ်ပူနေစရာမလိုပါဘူး”
လင်းမိန်ဟွေ့သည် သူပြောသောစကား၏ အဓိပ္ပါယ်ကို နားမလည်ဘဲမနေပါချေပေ။ သူမက လက်ခံမရှိသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ပါချေ။
အစားအသောက်ကို တိတ်ဆိတ်စွာ စားပြီးနောက် လင်းမိန်ဟွေ့က ပန်းကန်များကိုဆေးကြောကာ သစ်သီးယိုများကို နေလှန်းရန် သွားခဲ့သည်။
နေ့လယ်ပိုင်းတွင် လင်းမိန်ဟွေ့က သစ်သီးယိုအားလုံးကို ဘူးများထဲသို့ ထည့်ပြီး နောက်နေ့တွင် မြို့ထဲသို့ သွားရောင်းရန် ပြင်ဆင်ခဲ့သည်။
နောက်တစ်နေ့တြင်တော့ စုန့်ယီက အန်တီယန်ထံမှ တွန်းလှည်းကိုပါး ငှားထားခဲ့ကာ နောက်ထပ် တွန်းလည်းတစ်စီးစာ ဘူးများကို တင်ပြီး အနီးအနားမှ မြို့ထဲသို့ သွားရောင်းခဲ့သည်။
သူတို့ နှစ်ယောက် လမ်းဆုံတွင်ပင် လမ်းခွဲခဲ့ကြသည်။ ထွက်ခွာသွားချိန်တွင် လင်းမိန်ဟွေ့က တွန်းလှည်းကိုတွန်းကာထွက်ခွာသော စုန့်ယီကို လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ယောက်လုံးထံတွင် တူညီသောရည်မှန်းချက်နှင့် ရုန်းကန်မှုများ ရှိနေကြောင်း တွေးတောမိခဲ့သည်။
သူတို့နှစ်ယောက်လုံး ကောင်းစွာကြိုးစားနေခဲ့ကြပြီး ဤခံစားချက်က သူမကို မပြုံးဘဲ မနေနိုင်ခဲ့ချေ။
လင်းမိန်ဟွေ့ မြို့သို့ရောက်သည်နှင့် ပထမဆုံး မြို့နယ်အစိုးရရုံးသို့သွားကာ ယမန်နေ့က အစ်မကြီးနှင့် လုပ်ဖော်ကိုင်ဖက်များ မှာထားသော သစ်သီးယိုများကို သွားပို့ခဲ့သည်။
ထို့နောက် စျေးငယ်လေးသို့ ထပ်မံသွားခဲ့သည်။ သူမ ဆိုင်ကို စတင်ပြင်ဆင်သည်နှင့် တပြိုင်နက် ဘေးနားရှိ ဆိုင်ရှင်များက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။
“ကျန်းယွဲ့ဖန်ရဲ့ ခင်ပွန်းသည်က ကျန်းယွဲ့ဖန်ကို ရိုက်နှက်ခဲ့တယ်ဆိုတာ မင်းတို့ကြားပြီးပြီလား၊ ကျန်းယွဲ့ဖန်က သူ့ကို အရှက်ရစေခဲ့လို့ သူ အလုပ်က ကန်ထုတ်ခံလိုက်ရတယ်တဲ့၊ နောကာပြီး မြို့တော်ဝန်ကတောင် သူတို့ရဲ့လုပ်ရပ်က အစိုးရရုံးတွေအတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိတယ်လို့ ပြောခဲ့တယ်တဲ့”
“အဲဒါကြောင့် ကျန်းယွဲ့ဖန်က ဒီရက်ပိုင်းမှာ ပိုပြီး ရိုးသားလာပြီး အခွင့်အရေးတွေ သိပ်မယူရဲတော့တာကိုး”
“မနေ့က ငါ့ဆိုင်မှာ ပဲပြားလာဝယ်တာ၊ ပိုက်ဆံတောင် လျှော့မေပေးခဲ့ဘူး၊ စကားပြောတဲ့အချိန်ကလညား မျက်နှာကို ဖုံးထားသေးတယ်၊ ဟားဟား.. လက်စသတ်တော့အိမ်မှာ အမှန်တကယ် ရိုက်ခံထားရတာကိုး”
လင်းမိန်ဟွေ့က ထိုစကားများကို ကြားရသော်လည်း ဆိုင်ပြင်ဆင်ခြင်းကို ရပ်မပစ်ခဲ့ပေ။ ကျန်းယွဲ့ဖန်သည်လည်း ကျန်းကျစ်ကုန်း၏ အသုံးချခြင်းကို ခံလိုက်ရကြောင်း တွေးတောမိကာ သနားစရာကောင်းသည်ဟုပင် တွေးလိုက်မိသည်။
တခြားလူများ၏ ပါးစပ်ကို ပိတ်၍မရသော်လည်း သူမကိုယ်တိုင်ကတော့ သူတပါး၏ မိသားစုရေးရာကိစ္စများကို ထပ်မံပြောဆိုလိုစိတ် မရှိတော့ပေ။
“မိန်ကလေး၊ မိန်ကလေး၊ မင်းရောက်လာပြီ.. ဒါက မင်းရဲ့သစ်သီးယိုတွေပါ၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါမှားခဲ့တယ်၊ ငါ့ကိုစိတ်မဆိုးပါနဲ့တော့”
ကျန်းယွဲ့ဖန်သည်ကား လင်းမိန်ဟွေ့ကို ရက်ပေါင်းများစွာ စောင့်နေခဲ့သည်။
ယနေ့မှသာ ပြန်တွေ့ခဲ့ရသောကြောင့် သူမက ချက်ချင်း ပြေးလာခဲ့ကာ သူမ အခွင့်အရေးယူခဲ့သော သစ်သီးယိုများနှင့် ငွေငါးယွမ်ကိုပါ ပြန်ပေးခဲ့သည်။
လင်းမိန်ဟွေ့ အနည်းငယ် အံ့ဩသွားသည်။ ကျန်းယွဲ့ဖန်ဘက်မှ ပြဿနာမရှာလျှင်ပင် အဆင်ပြေသည်ဟု မူလက တွေးထားသော်လည်း သူမက ယခုကဲ့သို့ မူလပစ္စည်းများကို ပြန်ပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
လင်းမိန်ဟွေ့က တည်ငြိမ်သောမျက်နှာထားဖြင့် ငွေကြေးနှင့် ပစ္စည်းများကို ပြန်ယူလိုက်ပြီး တိတ်တဆိတ်ပင် သိမ်းဆည်းလိုက်သည်။
သူမ၏ ရင်ထဲတွင် တရားမျှတမှုက အောင်နိုင်ခဲ့ခြင်းအပေါ် ပျော်ရွှင်နေသော်လည်း မျက်နှာပေါ်တွင်တော့ ပေါ်လွင်ခြင်းမရှိပေ။
သူမက ဤခံစားချက်ကို အိမ်သို့ပြန်ရောက်သည့်အချိန်ကျမှ စုန့်ယီနှင့် မျှဝေရန် စိတ်ကူးလိုက်သည်။
လင်းမိန်ဟွေ့ဘက်မှ စကားမပြောသည်ကို မြင်လိုက်ရလျှင် ကျန်းယွဲ့ဖန်တစ်ယောက် တုံ့ဆိုင်းသွားရပြီး ထွက်မသွားသေးဘဲ လေးနက်သောမျက်နှာအမူအရာဖြင့် ပြောလာသည်။
“မိန်ကလေး၊ အခု ငါတို့ကြားမှာ ဘယ်လိုရန်ငြိုးတွေမှ မရှိတော့ဘူးမလား၊ အရင်က ဖြစ်ခဲ့တာတွေ အားလုံးက ငါ့ရဲ့အမှားတွေပါ၊ အခု မင်းရဲ့ပစ္စည်းတွေနဲ့ ငွေတွေကို ပြန်ပေးပြီးပြီဆိုတော့ မင်း ငါ့ရဲ့ ခင်ပွန်းသည်ကို မြို့ထဲမှာ တရားမစွဲလို့ ရမလား”
လင်းမိန်ဟွေ့တစ်ယောက်ည မြို့တော်ဝန်က နည်းလမ်းအချို့ကို သုံးခဲ့သည့်အတွက် ကျန်းယွဲ့ဖန်မှ ထိုမျှ ကြောက်ရွံ့ခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။
လင်းမိန်ဟွေ့သည်က မူလကတည်းက ပြဿနာမရှာလိုသော်လည်း ယနေ့တွင်တော့ သူမကို ဘဝသင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။
“အစ်မ၊ ကျွန်မတို့ အားလုံး ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတာပါ၊ အစ်မအနေနဲ့ သူတပါးဆီကနေ အခွင့်အရေးယူတာကို မပြောလိုပေမဲ့ အလွန်အကျွံဖြစ်လာတဲ့အထိ လောဘကြီးလို့တော့ မရဘူးလေ”
ဘေးနားရှိ ဆိုင်ရှင်များအားလုံးကလည်း သဘောတူ ပြောဆိုခဲ့ကြသည်။
“ဟုတ်တယ်၊ ဒီမိန်ကလေးပြောတာ လုံးဝမှန်တယ်၊ အမြဲတမ်း အခွင့်အရေးယူတဲ့လူတွေက မကောင်းဆိုးရွားတွေပဲ”
ကျန်းယွဲ့ဖန်၏ မျက်နှာမှာ နီလိုက်ဖြူလိုက် ဖြစ်နေခဲ့သည်။ လူများစွာက သူမကို ဝိုင်းပြောကြသဖြင့် သူမ ရှက်ရွံ့နေခဲ့လေသည်။
သူမက တွန့်ကြေနေသော အဝတ်အစားများကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ကျွန်မ ရှင်တို့တွေအားလုံးဆီက အခွင့်အရေးယူဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး၊ တကယ်တော့ ကလေးတွေရဲ့ ဖခင်က တစ်လကို လစာ ဆယ်ယွမ်ကျော်လောက်ပဲရတာ၊
အိမ်မှာ ကလေးတွေကလည်း များတော့ အဲဒီပမာဏနဲ့ ဘာမှလုပ်လို့မရခဲ့လို့ပါ ၊ ကျွန်မ အားလုံးကို တောင်းပန်ပါတယ်”
*
အခန်း(30)
လင်းမိန်ဟွေ့သည်ကား ပြန်လည်မွေးဖွားလာသူတစ်ဦး ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူများ၏ဘဝများ ပို၍ကောင်းမွန်လာမည်ကို သိထားခဲ့သည်။
သို့သော် ယခုအချိန်ကား အခက်ခဲဆုံးအချိန်သာ ရှိသေးသည်။ မိသားစုအတွင်း၌ ကလေးများစွာရှိနေခဲ့ကြသည့်အတွက် အမှန်တကယ် သတိထား၍ နေထိုင်မှသာ ကောင်းမွန်စွာ အသက်ရှင်နိုင်ပေမည်။
လင်းမိန်ဟွေ့က ကျန်းကျစ်ကုန်း၏ အနိုင်ကျင့်သည့်အပြုအမူကို မကျေနပ်သော်လည်း ကျန်းယွေ့ဖန်ကိုတော့ မမုန်းနိုင်ခဲ့ပေ။ သို့နှင့် အသီးယိုဘူးတစ်ဘူးကို ထုတ်၍ ပြောခဲ့လေသည်။
“ဒါဆို ဒီအသီးယိုတစ်ဘူး ယူသွားပြီး ကလေးတွေကို မြည်းခိုင်းလိုက်လေ၊ ဒါပေမဲ့ ကလေးတွေကို ကောင်းကောင်းဆုံးမ,ပေးရမယ်၊ လွယ်လွယ်နှင့် ဘာကိုမှမရဘူးဆိုတာကို ပြောပြရမယ် ၊
နောက်ပိုင်း အသီးယိုတွေ စားချင်ရင် ကျွန်မအတွက် တခြားနေရာတွေမှာ လိုက်ပြီး ကြော်ငြာပေးပါ၊ နောက်ထပ် ဝယ်သူတွေနှင့် မိတ်ဆက်ပေးတဲ့အချိန်ကျရင် ကျွန်မ အသီးယို ဝေမျှပေးပါ့မယ်”
လင်းမိန်ဟွေ့၏ ပွင့်လင်းဖြောင့်မတ်မှုကြောင့် ကျန်းယွေ့ဖန်တစ်ယောက် စိတ်လှုပ်ရှားသွားခဲ့ရသည်။
သူမက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီး လင်းမိန်ဟွေ့၏ လက်ကို ဆုပ်ကိုင်ကာ ကျေးဇူးတင်ကြောင်း ပြောခဲ့လေသည်။
မပြန်မီအချိန်တွင် သူမက အသီးယိုအနည်းငယ်ကိုသာ ယူသွားခဲ့ပြီး ဘူးအပြည့်ကို မယူရဲခဲ့ပါချေ။ ယမန်နေ့က သူမ၏ခင်ပွန်းသည် အိမ်သို့ပြန်ရောက်လာပြီးနောက် သူမကို အလွန်အမင်း ဆူပူကြိမ်းမောင်းခဲ့ပြီး အိမ်ပါပြိုတော့မတတ်ပင် ထင်မှတ်ရသည်။
ထို့အပြင် ကျန်းကျစ်ကုန်းနှင့် လုံးဝ အဆက်အသွယ်မပြုတော့ဟု ကတိပေးခဲ့ရပြီး ကတိချိုးဖောက်ပါက ကွာရှင်းမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။
ကျန်းယွေ့ဖန်တစ်ယောက် နောက်မှ သိရှိရသည်မှာ သူမ အကျိုးစီးပွားရှာဖွေသည်ကို မြို့တော်ဝန်ဘက်မှ သိရှိသွားသည့်အတွက် မြို့တော်ဝန်က သူမ၏ခင်ပွန်းသညာကို အလုပ်ထုတ်လုနီးပါး ဖြစ်ခဲ့သည်ကိုပင်။
ကျန်းယွေ့ဖန်တစ်ယောက် လင်းမိန်ဟွေ့ကို ကျေးဇူးတင်လိုက်ပြီး အိမ်သို့ အလျင်အမြန် ပြန်သွားခဲ့သည်။
သွားရာလမ်းတစ်လျှောက်တွင်လည်း အလွန်ည သတိကြီးကြီးဖြင့် ရှိနေခဲ့လေသည်။
ဈေးအတွင်းရှိလူများမှာ အစပထမတွင် ရယ်စရာကောင်းသည်ဟု ထင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သက်ပြင်းချလိုက်ကြကာ ကျန်းယွေ့ဖန်ကို သနားစရာကောင်းလွန်းသည်ဟု ခံစားခဲ့ကြရသည်။
လင်းမိန်ဟွေ့က ဤတစ်ကြိမ်တွင် နာမည်ကြီးသွားသည်လားမသိပါချေ။
လူတိုင်းထံမှ အမြဲတစေ အလကားယူရန် အခွင့်အရေးရှာနေတတ်သည့် ကျန်းယွေ့ဖန်ကို မောင်းထုတ်လိုက်ပြီးနောက် သူမ၏ စီးပွားရေးက အံ့ဩဖွယ်ကောင်းလောက်အောင် ကောင်းမွန်လာခဲ့သည်။
လူတိုင်းက သူမ၏အသီးယိုများကို လာရောက်ဝယ်ယူကြသည်။ နေ့လည်ခင်းသို့ မရောက်မီ၌ သူမယူဆောင်လာသည့် အသီးခြောက်များ အားလုံး ရောင်းကုန်သွားခဲ့လေသည်။
ထို့အပြင် ကြိုတင်မှာယူမှုများလည်း များစွာရှိခဲ့သည်။ လင်းမိန်ဟွေ့တစ်ယောက် ကောင်းမွန်သည့်ဘဝအတွက် မျှော်လင့်ချက်မီးကို တစ်ကြိမ်ထပ်မံ မီးထွန်းညှိနိုင်ခဲ့သည်။
အိမ်ပြန်ချိန်သို့ရောက်လျှင် စုန့်ယီအတွက် အစိုးရမုန့်ဆိုင်မှ အသားပေါင်မုန့်များကို ဝယ်ယူလာခဲ့သည်။
လင်းမိန်ဟွေ့ အိမ်သို့ပြန်ရောက်ပြီး မကြာမီ၌ပင် စုန့်ယီလည်း လှည်းတစ်စီးနှင့် ပြန်ရောက်လာသည်။
သူ၏မျက်နှာက ပျော်ရွှင်မှုများကို အပြည့်အဝမြင်တွေ့နိုင်ပေသည်။
လင်းမိန်ဟွေ့အနေဖြင့် မေးမြန်းရန်ပင်မလိုအပ်ပါချေ။ စုန့်ယီက လှည်းကို ချထားလိုက်ပြီးနောာ် ရေအိုးဆီလျှောက်သွားကာ ရေအေးတစ်ခွက်လိုကာကြီးကို မော့သောက်လိုက်သည်။
“မိန်ဟွေ့၊ ဒီနေ့ ကိုယ် ဘယ်နှစ်ဘူး ရောင်းခဲ့ရလဲ ခန့်မှန်းကြည့်ပါဦး”
“ဆယ်ဘူးလား”
“ဆယ့်ရှစ်ဘူး၊ ဒီနေ့ ကိုယ် ဘူးတွေ အလုံအလောက် မယူသွားခဲ့မိဘူး၊ ဒါကြောင့် ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးသမဝါယမက သစ်သီးယိုဘူး နည်းနည်းပဲ ဝယ်ခဲ့ရတယ်၊
သူတို့က ကောင်းကောင်းစားရတယ်လို့ ပြောနေပြတာ၊ နောက်ထပ် အမြဲတမ်း ဝယ်ချင်တဲ့ ဖောက်သည်တွေလည်း ရှိတယ်တဲ့”
စုန့်ယီက အလွန်ပင် ပျော်ရွှင်နေခဲ့သည်။ သူ၏မျက်လုံးများက ကြယ်ပွင့်များကဲ့သို့ အရောင်တောက်နေခဲ့သည်။ လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီ ဤမျှပျော်ရွှင်နေသည်ကို ဤအချိန်မှသာ ပထမဆုံး မြင်ဖူးခြင်းဖြစ်ပေသည်။
လူနှစ်ဦးက ယနေ့ရရှိခဲ့သည့်ငွေကြေးများကို ရေတွက်ခဲ့ကြလေ၏။
ကုန်ကျစရိတ်များကို နှုတ်လိုက်ပါက အသားတင်အမြတ်ငွေ ယွမ် ၂၀ ကျော် ရရှိခဲ့သည်။
ရရှိခဲ့သည့် ငွေကြေးက အလွန်အမင်း များပြားနေခြင်းမဟုတ်သော်လည်း သူမနှင့် စုန့်ယီ ကိုယ်တိုင် ရှာဖွေထားသည့်ပိုင်ဆိုင်မှုများဖြစ်ပေသည်။
လင်းမိန်ဟွေ့၏ မျက်နှာပေါ်တွင် ချိုမြိန်ပြီး ပျော်ရွှင်သည့်အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမက ငွေကြေးကို ကောင်းမွန်စွာ စုဆောင်းရန် စီစဉ်ထားခဲ့သည်။
သူမအနေဖြင့် အနာဂတ်၌ မည်သည်အရာများ ဖြစ်ပေါ်လာမည်ကို မြင်နေရသကဲ့သို့ပင်။
ကောင်းမွန်သည့်အချိန်များက သူမကို လက်ပြခေါ်နေသည့်နှယ်။
ညဘက် အိပ်ရာဝင်သည့်အချိန်တွင် လင်းမိန်ဟွေ့ အိပ်မပျော်ခဲ့ပေ။
သို့နှင့် သူမနှင့် စုန့်ယီတို့ စီးပွားရေးချဲ့ထွင်ရန်အတွက် မည်သည့်အရာများကိုစီစဉ်လုပ်ကိုင်မည်ဆိုသည့်အကြောင်းကို စဉ်းစားနေခဲ့ကြသည်။
စုန့်ယီသည်လည်း နည်းလမ်းများရှာဖွေရန်အတွက် အလွန်တက်ကြွနေခဲ့သည်။
“မိန်ဟွေ့၊ တကယ်တော့ ကိုယ်တို့ရဲ့ရွာမှာ ပန်းသီးတွေ၊ ဆီးပင်တွေ ရှိတယ်၊ ဒီနှစ် ဆောင်းဦးရာသီမှာ မင်း ကိုယ်တိုင် ပန်းသီးနဲ့ ဆီးသီးတွေကို ဝယ်နိုင်မယ်ဆိုရင် ပိုက်ဆံအများကြီး သက်သာလိမ့်မယ်”
“ဟုတ်တယ်၊ ဒါဆိုရင် ကျွန်မတို့ အကြီးတွေ၊ ကောင်းတဲ့အသီးတွေကိုလည်း ရွေးဝယ်လို့ရတယ်၊ ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးသမဝါယမမှာ မကောင်းတဲ့အသီးတွေနဲ့ရောနေတာကို စုပေါင်းပြီး ဝယ်စရာမလိုတော့ဘူး”
လင်းမိန်ဟွေ့အနေဖြင့် ဤနည်းလမ်းသည် ဖြစ်နိုင်သည်ဟု ခံစားရသည်။ လူနှစ်ဦးက သူတို့၏အနာဂတ်စီးပွားရေးအကြောင်း ပြောဆိုရင်း နှလုံးသားအတွင်း၌ ဆူပွက်နေခဲ့ကြသည်။ သူတို့မသိလိုက်ဘဲ သန်းခေါင်ယံအထိ စကား ပြောဆိုနေမိခဲ့ကြလေသည်။
အိပ်ပျော်သွားပြီး မကြာမီအချိန်တွင်တော့ လင်းမိန်ဟွေ့က သူမ အတိတ်ဘဝက နေထိုင်ခဲ့သည့် ခြံဝင်းဆီ ပြန်ရောက်သွားခဲ့လေသည်။ ၎င်းနေရာသည်က မှောင်မိုက်နေပြီ အကူအညီကင်းမဲ့နေသော အခန်းငယ်လေးတစ်ခုသာဖြစ်သည်။
လင်းမိန်ဟွေ့ ကြောက်လန့်တကြားနှင့် ကြမ်းပြင်ပေါ်၌ ကွေးနေခဲ့ပြီး ပျက်စီးနေသည့် သစ်သားတံခါးကို စိုက်ကြည့်နေသည်။ ထို့နောက် တံခါးအပြင်ဘက်မှ ခြေသံများ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြားလိုက်ရလေသည်။
လင်းမိန်ဟွေ့သည် သူမ၏လက်များကို ပွေ့ပိုက်ပြီး တခိုက်ခိုက်တုန်နေခဲ့သည်။
ကျန်းကျစ်ကုန်း ဝင်ရောက်လာပြီး သူ၏လက်အတွင်း၌ ခွေးစာခွက်တစ်လုံးကို ကိုင်ထားခဲ့သည်။ ခွက်ထဲတွင်တော့ ပေါင်မုန့်လုံးနှစ်လုံး ရှိနေခဲ့လေသည်။
သူက ထမင်းပန်းကန်ကို မြေကြီးပေါ်သို့ ပစ်ချပြီး လေသံပြင်းပြင်းဖြင့် ပြောခဲ့သည်။
“လင်းမိန်ဟွေ့ ငါ မင်းကို ပြောမယ်၊ ငါ့အတွက် သားတစ်ယောက်ကိုတောင် မမွေးပေးနိုင်ဘူးဆိုရင် အခုကစပြီး မင်း ဒီလိုပဲ ဆက်ပြီး ဆက်ဆံခံရလိမ့်မယ်”
လင်းမိန်ဟွေ့က မြေကြီးပေါ်သို့ လိမ့်ကျသွားသည့် ပေါင်မုန့်လုံးကို ကြည့်ပြီး ဒေါသလည်းထွက်ကာ၊ ကြောက်ရွံ့မှုကိုလည်း ခံစားရသည်။ သူမ ကျန်းကျစ်ကုန်းကို စိုက်ကြည့်ပြီး ပြောခဲ့သည်။
“ရှင်က ကလေးရဖို့ မထိုက်တန်ဘူး။ ရှင့်လိုမျိုး မကောင်းဆိုးဝါးက ဘယ်တော့မှ သားတွေမြေးတွေ မရှိသင့်ဘူး”
“မင်း ဘာပြောလိုက်တာလဲ”
ကျန်းကျစ်ကုန်း၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သည့် အမူအရာများပေါ်ထွက်လာခဲ့သည်။
လင်းမိန်ဟွေ့၏ လည်ချောင်းများက တင်းကြပ်သွားပြီး တစ်ဖက်လူကို စိုက်ကြည့်နေရုံမှအပ မည်သည့်အရာကိုမှ မပြောနိုင်တော့ပေ။
ကျန်းကျစ်ကုန်းက သူမ၏အနားသို့ ချည်းကပ်လာပြီး ဘေးဘက်မှ သံကြိုးကို ဆွဲယူကာ သူမ၏ လည်ပင်းကို ညှစ်လိုက်သည်။
လင်းမိန်ဟွေ့တစ်ယောက် အသက်ရှူကြပ်သွားရပြီး အသက်ရှူဖို့အတွက် တဖြည်းဖြည်း ပို၍ခက်ခဲလာသည်။ နောက်ဆုံး၌ ရင်ဘတ်က မကြာမီ ပေါက်ကွဲတော့မည့် မီးပုံးနှယ် ခံစားရလာခဲ့လေသည်။ နာကျင်မှုကြောင့် သူမ အော်ဟစ်ရန်ပင် မလုပ်နိုင်ခဲ့ပေ။
“ကယ်ကြပါဦး၊ ကျွန်မကို ကယ်ပါ”
အိမ်က ပြိုကျတော့မည်နှယ် တုန်ခါနေခဲ့သည်။ လင်းမိန်ဟွေ့မှာ သူမဒ အသက်က တစ်စစီ ပျောက်ကွယ်သွားမည့်နှယ် ခံစားရပြီး နောက်ဆုံးတွင်တော့ မှောင်မိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အသက်ရှူမရတော့ခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။
ထိိအခိုက်တွင် အေးမြသည့် ခံစားမှုတစ်ခုက သူမ၏ နဖူးပေါ်သို့ ဖြည်းဖြည်းချင်း ရောက်လာခဲ့လေသည်။
လင်းမိန်ဟွေ့ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်လျှင် စုန့်ယီ၏ ကြည်လင်ပြီး စိုးရိမ်တကြီး စိုက်ကြည့်နေသည့် မျက်လုံးများနှင့် ဆုံတွေ့သွားခဲ့ရသည်။
“မိန်ဟွေ့၊ မင်း အိပ်မက်ဆိုး မက်နေတာလား၊ တုန်လှုပ်တာတွေ ပြေသွားအောင် ထပြီး ရေနည်းနည်း သောက်လိုက်ပါဦး၊ “
သူက ရေတစ်ခွက်ကို သွားယူပေးခဲ့လေသည်။ လင်းမိန်ဟွေ့၏ မျက်ရည်များက ရေခွက်ထဲသို့ ရုတ်တရက် ကျဆင်းသွားသည်။
“တောက်” ခနဲ မြည်သံနှင့်အတူ နာကျင်မှုများ၊ မကျေနပ်မှုများ အားလုံးက ပန်းကန်အတွင်း၌ ကျဆင်းလာခဲ့သည်။
သူမ၏ အိပ်မက်အကြောင်းကို စုန့်ယီအား ပြောပြရန် မဝံ့ရဲသော်လည်း အိပ်မက်က အလွန်လက်တွေ့ဆန်လွန်းပြီး သူမကို ကြောက်လန့်စေခဲ့သည်။
“ကျေးဇူးတင်ပါတယ် စုန့်ယီအစ်ကို”
စုန့်ယီက သူ၏မျက်လုံးအတွင်းမှ စိုးရိမ်မှုတို့ကို သိုဝှက်လိုက်ကာ သူမ၏နဖူးကို ရေအေးဝတ်နှင့် သုတ်ပေးရင်း ပြောခဲ့သည်။
“မင်း လင်းမိသားစုတုန်းက အကြောင်းတွေကို ပြန်တွေးနေတာလား”
လင်းမိန်ဟွေ့ ခေါင်းခါရမ်းပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ အဆင်ပြေပါတယ်၊ ဘာမှ မတွေးတော့ပါဘူး၊ ကျွန်မက ကျန်းကျစ်ကုန်း ထပ်ပြီးနှောင့်ယှက်နေတဲ့အတွက် ရန်ဖြစ်တာကို အိပ်မက်မက်လို့ အော်ဟစ်မိတာပါ”
စုန့်ယီ ကိုယ့်ကိုယ်ကိုယ် အနည်းငယ်အပြစ်တင်မိသည်။ ဤကိစ္စက သူ့ကြောင့်သာ ဖြစ်ပေသည်။ သူက လင်းမိန်ဟွေ့ကို စိတ်ပူပန်သောကရောက်စေခဲ့သည်။
သူ လင်းမိန်ဟွေ့၏ နောက်ကျောကို ဖြည်းဖြည်းချင်း ပုတ်ပြီး နှစ်သိမ့်လိုက်သည်။
“မကြောက်ပါနဲ့၊ သူ ထပ်လာနှောင့်ယှက်ရင် ကိုယ်တို့တွေ ရဲကို ဖုန်းခေါ်လိုက်ကြမယ်၊ ရဲက မထိန်းနိုင်တော့ရင် ကိုယ်တို့ ဒီကနေ ပြောင်းသွားကြမယ်၊ ဒီနေရာကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး”
“အစ်ကိုစုန့်ယီ ၊ ဒါက ရှင့်ရဲ့အိမ်လေ၊ ဘယ်လိုလုပ်ပြီး မလိုချင်ဘူးလို့ ပြောလို့ရမလဲ၊ ပြီးတော့ ကျန်းကျစ်ကုန်း လို လူတွေက နေရာတိုင်းမှာ ရှိနေတာ၊ ဒီတစ်ယောက်ကို ရှောင်လို့ရရင်တောင် လူတိုင်းကို ဘယ်လိုရှောင်နိုင်မလဲ၊နောက်ပိုကား ကိစ္စတွေကြုံလာရင် ကျွန်မတို့ ပိုပြီးဉာဏ်ရှိရှိ ကိုင်တွယ်ဖို့လုပ်သင့်တာ”
လင်းမိန်ဟွေ့က စုန့်ယီတစ်ယောက် စိတ်ရှုပ်ထွေးနေမည်ကို စိုးရိမ်သည့်အတွက် ခုတင်ပေါ်တွင် လှဲချလိုက်ပြီး အိပ်ချင်ယောင် ဆောင်လိုက်သည်။ ခဏကြာပြီးနောက် စုန့်ယီလည်း တိတ်တဆိတ် လှဲချလိုက်သော်လည်း လင်းမိန်ဟွေ့ကတော့ စုန့်ယီ အိပ်မပျော်သေးသည်ကို ခံစားမိနေခဲ့သည်။
မနက်မိုးလင်းပြီးချိန်တွင် လင်းမိန်ဟွေ့ အိပ်ယာမှ စောစောထခဲ့သည်။
သူမက မုန်ညင်းစိုက်ခင်းကို ဦးစွာ သွားရောက်ကြည့်ရှုခဲ့သည်။
မုန်ညင်းစေ့တချို့ အညှောက်ပေါက်နေပြီဖြစ်ကာ အရွက်နှစ်ရွက်ခန့် ထွက်နေပေပြီ။ တချို့က မုန်ညင်းပင်ပေါက်လား၊ သို့မဟုတ် ပေါင်းမြက်လားဆိုသည်ကို ပြောရန်ခက်ခဲသေးသည်။
သို့သော် ဘဝသစ်တစ်ခု လူများကို အမြဲတစေခွန်အားပေးနိုင်သည်။
လင်းမိန်ဟွေ့ မနက်စာ ချက်ပြုတ်ရန် ထင်းများသယ်လာခဲ့သည်။ စုန့်ယီက ပုံမှန်ဆို ရိုးရိုးရှင်းရှင်းသာ စားသုံးတတ်သည်။ လင်းမိန်ဟွေ့နှင့် လက်ထပ်ပြီးသည့်အချိန်မှသာ စုန့်ယီတစ်ယောက် အမျိုးမျိုးသော ဟင်းချက်နည်းလမ်းများဖြင့် ချက်ပြုတ်ရန် ကြိုးစားလာခဲ့သည်။
လင်းမိန်ဟွေ့အနေဖြင့် သူမ၏ အချက်အပြုတ်စွမ်းရည်မှာ စုန့်ယီနှယ် မကောင်းဟုပင် ခံစားရသည်။
မနက်ခင်းတွင် သူမက ကြက်ဥနှစ်လုံးကို မွှေကြော်လိုက် မြေပဲအနည်းငယ်ကြော်ထားခဲ့သည်
အနံ့က ကောင်းမွန်ပြီး ကြည့်ရသည်မှာလည်း ကောင်းမွန်သည်။
စုန့်ယီ နိုးထလာသည့်အချိန်တွင် စားပွဲပေါ်၌ ပြောင်းဖူးဆန်ပြုတ်နှင့် ဟင်းနှစ်ခွက်ကို တွေ့မြင်လိုက်ရလေသည်။ သူ စိတ်ချမ်းသာစွာဖြင့် ပြုံး၍ ပြောခဲ့သည်။
“မနက်စာက ဒီလောက်တောင် စုံလင်နေတာလား၊ ကိုယ်ကတော့ နောက်ဆို အရမ်းကံကောင်းတော့မှာပဲ၊ အန်တီယန်က မင်းကို ချီးကျူးနေတာ မဆန်းတော့ဘူး၊ ကိုယ်တို့ရဲ့ မိန်ဟွေ့က တကယ်ကို တော်လွန်းတယ်”
လင်းမိန်ဟွေ့အနေဖြင့် ဘဝက ပုံမှန်နေ့စဉ်ဘဝတွင်ပင် ကောင်းစွာနေထိုင်သင့်သည်ဟု ခံစားရသည်။ သူမက ရိုးရှင်းသည့် ပါဝင်ပစ္စည်းများကိုပင် ဂရုတစိုက် ကိုင်တွယ်ခဲ့ကာ အရသာရှိအောင် အမြဲတစေ တွေးတောတတ်သည်။
“အစ်ကိုစုန့်ယီ ၊ ကျွန်မကို ချီးကျူးတာကို ရပ်လိုက်ပါတော့၊ ကျွန်မက ရှင့်လောက် ဟင်းချက်မကျွမ်းကျင်ဘူးလေ၊ နောင်ဆိုရင် ကျွန်မ ပိုပြီး ကြိုးစားသင်ယူရဦးမယ်...”
လင်းမိန်ဟွေ့က ရိုးသားစွာ ပြောခဲ့လေသည်။ လူငယ်စုံတွဲက စားသောက်ရင်း စကားပြောဆိုကာ ရယ်မောနေကြသည်။ ဤမျှရိုးရှင်းသည့် အစားအသောက်လေးများကပင် အလွန်အရသာရှိသည်ဟု ခံစားရစေသည်။