အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း(37)မြေတွေက အက်ကွဲနေပြီ
ယခုတစ်ကြိမ် ဆေးရုံတက်သောကာလ၌ လင်းမိန်ဟွေ့အနေဖြင့် မိသားစုထဲတွင် ရှိသမျှသော ငွေကြေးများအားလုံးကို ဆေးရုံအတွက် ကုန်ကျခံလိုက်ရသည်။
အိမ်တွင် တစ်ဆင့်မျှပငင မကျန်ရှိတော့သည့်အပြင် သစ်သီးယိုပြုလုပ်ရန် ကုန်ကြမ်းများလည်း ထပ်မံဝယ်ယူနိုင်ခြင်းမရှိတော့ချေ။
သူတို့၏ အိမ်တွင် ပြောင်းဖူးမှုန့်များနှင့် ဂျုံမှုန့်များကလည်း အနည်းငယ်သာကျန်ရှိနေတော့သည့်အတွက် ၎င်းတို့က မိသားစုစားသုံးရန် ရိက္ခာများသာဖြစ်ပြီး ရောင်းချ၍မရနိုင်ပေ။
စားသုံးရန်အတွက်ပင် ကြာရှည်သည်အထိ လုံလောက်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း စိုက်ခင်းထဲမှ ဟင်းသီးဟင်းရွက်များမှာတော့ အပင်များက ပိုမို မြင့်တက်လာပြီး စိမ်းစိုနေခဲ့ကြပေပြီ။
လင်းမိန်ဟွေ့က မြေကြီးထဲမှ ပေါင်းပင်များ ဆွဲနုတ်နေစဉ် စုန့်ယီကတော့ လှေကားထစ်ပေါ်တွင် ထိုင်၍ နားနေခဲ့သည်။
လင်းမိန်ဟွေ့၏ နဖူးမှ ချွေးများကို မြင်တွေ့နေရသည့်အတွက် စုန့်ယီအနေဖြင့် စိတ်မကောင်းဖြစ်နေခဲ့ရကာ ပြောလာလေသည်။
“အထဲကိုဝင်ပြီး နားလိုက်တော့လေ၊ ထပ်ပြီးမလုပ်နဲ့တော့၊ နေက အရမ်းပူနေပြီ”
လင်းမိန်ဟွေ့သည်ကား သူမ အနည်းငယ် ပျင်းရိနေသကဲ့သို့ပင် တွေးနေသေးပြီး လုပ်ငန်းဆက်လက်လုပ်ဆောင်ရန်အတွက် ငွေကြေးရရှိလာစေရန် တစ်ခုခုနှင့်လဲလှယ်ရန် စဉ်းစားနေခဲ့လေသည်။
ကောင်းမွန်သော ဘဝတစ်ခုကို ရရှိရန်အတွက် သူမ၏ သက်ရှည်လော့ကတ်သီးကို ပြန်လည်ရွေးနိုင်ရန် နည်းလမ်းရှာဖွေရလိမ့်မည်။
လင်းမိန်ဟွေ့ စုန့်ယီကို လှမ်းကြည့်၍ ပြောလိုက်သည်။
“ဒီဟင်းသီးဟင်းရွက်တွေကို မြို့ထဲက ဈေးမှာ သွားရောင်းကြည့်ချင်တယ်၊ ပိုက်ဆံနည်းနည်းလောက်နဲ့ ဖြစ်ဖြစ် ရောင်းလို့ရမလားဆိုတာ ကြည့်လိုက်မယ်လေ၊ ရမယ်ဆိုရင် သစ်သီးယိုလုပ်ဖို့ ကုန်ကြမ်းတချို့ ပြန်ဝယ်ရအောင်”
စုန့်ယီတစ်ယောက် သူ့ကိုယ်သူ အပြစ်တင်ရင်းဖြင့် သက်ပြင်းချ၍ ပြောလာခဲ့သည်။
“ကိုယ် မင်းကို ခက်ခဲအောင် လုပ်မိပြီ၊ ကိုယ် ဆေးရုံကိုရောက်နေတဲ့အချိန်တွေအတွင်း မင်းဘယ်လို သည်းခံခဲ့ရလဲဆိုတာ ကိုယ် တွေးတောင် မတွေးနိုင်ဘူး၊
ကိုယ် မနက်ဖြန် လယ်ထဲကိုသွားပြီး စားစရာတချို့ စိုက်လို့ရမလား ကြည့်ဦးမယ်၊ အနည်းဆုံးတော့ ဝင်ငွေ နည်းနည်းလောက်ရနိုင်တာပေါ့”
စုန့်ယီ၏ မိသားစု၌လည်း လယ်ယာမြေများ ရှိသည်။ သို့သော်လည်း စုန့်ယီ၏အဖေဖြစ်သူမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပြီးနောက် စုန့်ယီ၏ အမေသည်လည်း နာမကျန်းဖြစ်နေသောကြောင့် လယ်များသည်က တစ်နှစ်ပတ်လုံး ပစ်ထားသကဲ့သို့ ဖြစ်နေခဲ့ပေသည်။
လင်းမိန်ဟွေ့သည်လည်း လယ်များကို သွားရောက်ကြည့်ရှုခဲ့သေးသည်။ တခြားလူများ၏ လယ်ကွင်းများတွင်ဆိုပါက အနည်းဆုံး မြက်ပင်လေးများ ပေါက်လျက်ရှိနေခဲ့သည်။
သို့သော်လည်း ၎င်းတို့၏ လယ်များတွင်မူ မြေသားများက အက်ကွဲနေပြီး မြက်ပင်မျ်းပင်လျှင် မပေါက်တော့ပေ။ သီးပင်စားပင်များဆိုသည်က ပို၍ပင်ဝေးကွာလွန်းနေပေပြီ။
“ရှင် အပင်ပန်းခံပြီး အင်အားတွေကို အလကား မဖြုန်းတီးပါနဲ့၊ မြေကြီးက အရမ်းခြောက်သွေ့လွန်းနေပြီး ခဏလောက်နဲ့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး ၊
ကျွန်မ စီးပွားရေးလုပ်ဖို့ နည်းလမ်းရှာတာ ပိုကောင်းလိမ့်မယ်၊ နေ့လယ်ကျရင် မြို့ကို သွားလိုကာမယ်လေ၊ ရှင် အိမ်မှာ တစ်ယောက်တည်းရှိနေတုန်း ဘယ်ကိုမှ မသွားနဲ့၊ ဘာအလုပ်မှလည်း မလုပ်နဲ့၊ ကျွန်မ ပြန်လာမှပဲ လုပ်လိုက်မယစ...”
“မိန်ဟွေ့၊ မင်း အပင်ပန်းခံပေးတာကို ကျေးဇူးတင်ပါတယ်”
လင်းမိန်ဟွေ့က ခေါင်းမော့ကာ နဖူးမှ ချွေးများကို သုတ်ရင်း ပြောလာသည်။
“အစ်ကိုစုန့်ယီသာ မရှိခဲ့ရင် ကျွန်မက လင်းမိသားစုမှာ ဆယ်ဆလောက် ပိုပင်ပန်းရမှာ၊ အစ်ကိုစုန့်ယီကြောင့် ကျွန်မ အများကြီး အဆင်ပြေသွားခဲ့ရတာ၊ အဲဒီလိုတွေ ဆက်မတွေးပါနဲ့တော့၊ ရှင်က ကျွန်မဘဝရဲ့ ကျေးဇူးရှင်ပဲ”
“ကိုယ်က မင်းအတွက် ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ”
“ရှင်က ကျွန်မရဲ့ကျေးဇူးရှင်ပဲ၊ ကျွန်မရဲ့ ကျေးဇူးရှင်ကို ကျွန်မ ပြန်ပြီး ပေးဆပ်မှာပေါ့၊ ရှင်က အခုလို ဒဏ်ရာရထားတာကို ဘာလို့ မိသားစုကိစ္စတွေပါ စိတ်ပူပန်စေဖို့ ခွင့်ပြုနိုင်ရမှာလဲ ၊ ရှင် ဒီကိစ္စတွေကို စိတ်မပူပါနဲ့၊ ကျွန်မ ကြည့်ပြီးလုပ်လိုက်ပါ့မယ်”
လင်းမိန်ဟွေ့ စုန့်ယီကို အာမခံလိုက်သည်။ မကြာမီအချိန်တွင် ၎သူတို့၏ ဘဝက ပိုမိုကောင်းမွန်လာပေလိမ့်မည်။
သို့သော်လည်း စုန့်ယီ စဉ်းစားနေသည်မှာ ထိုအကြောင်းကို မဟုတ်ဘဲ ဆေးရုံ၌ အစ်မကြီး ပြောခဲ့သည့်စကားများကိုပင် ဖြစ်ပေသည်။
ဘဝက မည်မျှပင် ခက်ခဲပင်ပန်းသည်ဖြစ်စေ ဇနီးမောင်နှံနှစ်ယောက် အတူတကွ ပူးပေါင်းလုပ်ဆောင်လျှင် ကျော်လွှားနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် လင်းမိန်ဟွေ့က သူ့ကို ကျေးဇူးရှင်တစ်ယောက်ကဲ့သို့သာ သဘောထားနေခဲ့သည်။
လင်းမိန်ဟွေ့က ဟင်းသီးဟင်းရွက်များကို စည်းနှောင်ပြီး ရေအနည်းငယ်လောင်းကာ အဝတ်စတစ်ခုနှင့် ဖုံးအုပ်ပြီးနောက် မြို့သို့ သွားခဲ့သည်။
ဟင်းသီးဟင်းရွက်များ မညှိုးသွားစေရန်အတွက် လင်းမိန်ဟွေ့ အလွန်လျင်မြန်စွာ လမ်းလျှောက်သွားခဲ့သည်။ ပုံမှန်ဆိုလျှင် မိနစ်သုံးဆယ်ထက် ပိုကြာတတ်သော်လည်း လက်ရှိတွင် သူမက မိနစ်သုံးဆယ်ပင် မပြည့်မီ ရောက်ရှိသွားခဲ့သည်။
ဈေးထဲရှိ လူတိုင်းက လင်းမိန်ဟွေ့ကို သိရှိနေခဲ့ကြပေပြီ။
ဤတစ်ကြိမ် သူမက သစ်သီးယိုများကို ယူလာခြင်းမဟုတ်ဘဲ ဟင်းသီးဟင်းရွက်များကို ယူလာသည်ကို မြင်လျှင် လူများကအနည်းငယ် အံ့အားသင့်နေခဲ့ကြသည်။
“မိန်းကလေး၊ မင်း သစ်သီးယိုတွေ မရောင်းတော့ဘူးလား”
“အိမ်က ဟင်းခင်းထဲမှာ တရုတ်နံနံပင်တွေ လတ်လတ်ဆတ်ဆတ် ပေါက်နေလို့ စားလို့ မကုန်နိုင်တာနဲ့ မိသားစုအတွက် ပိုက်ဆံလေး နည်းနည်းရအောင် လာရောင်းတာပါ...”
လင်းမိန်ဟွေ့က ဖော်ရွေပြီး ပတ်ဝန်းကျင်မှ လူများသည်လည်း သူမအပေါ် ကောင်းမွန်သော ထင့မြင်ချက်များရှိကြပေသည်း။
သူမ၏ ဟင်းသီးဟင်းရွက်များသည်လည်း အလွန်လတ်ဆတ်သည်ကို မြင်သောအခါ ဆိုင်ရှင်တချို့က ချက်ချင်း ဝယ်ယူသွားကြသည်။
ဟင်းသီးဟင်းရွက်တစ်စည်းကိုဆင့် ၂၀ နှင့် ရောင်းချခဲ့သည်။ ထို့ကြောင့် လင်းမိန်ဟွေ့ အစည်း ၂၀ ရောင်းပြီးမှသာ ၁ ယွမ်သာ ရရှိခဲ့လေသည်။
ဤသို့ ငွေရှာဖွေရသည်မှာ အလွန်နှေးကွေးလွန်းသည်ဟု လင်းမိန်ဟွေ့ ခံစားရသည်။
သုတို့၏အိမ်တွင် မည်သည့်ကိစ္စမှ မရှိသေးပါက အဆင်ပြေပေလိမ့်မည်။
သို့သော်လည်း ရောဂါဝေဒနာတစ်ခုခု သို့မဟုတ် ကပ်ဘေးတစ်ခုခု ကြုံလာရလျှင် လွတ်လွတ်ရေးကာလ မတိုင်မီကဲ့သို့ အခြေအနေမျိုးကို ပြန်ရောက်သွားပေမည်။
သူမ ကျန်ရှိသော တရုတ်နံနံပင်စည်းများကို ကြည့်ရှုနေခဲ့ပြီး တရုတ်နံနံပင်များ၏ အနံ့များ စတင်ပျက်စီးတော့မည့်အချိန်၌ လင်းရှောင်ရှု၏ အသံကို အဝေးမှ ကြားလိုက်ရသည်။
“အမေ၊ ဟိုမှာ အစ်မမလား၊ ကြည့်ပါဦး”
ကျိုးချွေ့ဟွားသည်ကား လင်းရှောင်ရှုအတွက် အဝတ်အစားဝယ်ပေးရန် သားဖြစ်သူကို မြို့ထဲသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
သူမအနေဖြင့် ယွမ် တစ်သောင်း တင်တောင်းကြေးရရှိခဲ့သည့်အချိန်မှစ၍ ငွေကြေးသုံးစွဲရသည်ကို စိတ်ပူစရာမလိုတော့ပေ။ သားဖြစ်သူအတွက် ကောင်းမွန်သော အဝတ်အစားများ ဝယ်ပေးနိုင်သည့်အပြင် အပြင်သို့ထွက်လျှင် သူမနှင့်လိုက်ဖက်သော အဝတ်နှစ်စခန့်ကိုပါ တစ်ခါတစ်ရံ ဝယ်ယူလေ့ရှိသည်။
ကျိုးချွေ့ဟွားတစ်ယောက် သူမ၏သားက လင်းမိန်ဟွေ့ဟု ပြောသည့်အသံကို ကြားသောအချိန်တွင် ရှောင်ဖယ်ချင်ခဲ့သည်။
သို့သော်လည်း လင်းမိန်ဟွေ့တစ်ယောက် ဟင်းသီးဟင်းရွက်ရောင်းချနေသည်ကို မြင်သောအခါ သူမ၏မျက်လုံးက တောက်ပသွားခဲ့ကာ လင်းမိန်ဟွေ့ဆီသို့ လျှောက်သွားလိုက်လေသည်။
“မိန်ဟွေ့၊ အချိန်တွေ ဒီလောက်ကြာနေပြီ၊ ဒီအချိန်ထိ အိမ်ကို ပြန်လာကြည့်ဖို့ မတွေးသေးဘူး၊ မင်းက တကယ်ကို အိမ်ထောင်ကျသွားတဲ့သမီးက ဖိတ်စင်သွားတဲ့ ရေလိုမျိုး သမီး၊ အလကားကျွေးမွေးခဲ့ရတဲ့ မိန်းမပဲ”
ကျိုးချွေ့ဟွားက မညှာမတာ ဆက်လက်ပြောဆိုနေခဲ့သည်။ လင်းမိန်ဟွေ့သည်ကား သူမ၏ အကျင့်စရိုက်ကို လွန်ခဲ့သည့်အချိန်မျာ့ကတည်းက သိပ်ထားပြီးဖြစ်၍ စိတ်ထဲတွင်မထားတော့ပေ။
တစ်ဖက်လူ မြန်မြန်ထွက်သွားရန်သာ မျှော်လင့်နေခဲ့သည်။
ကျိုးချွေ့ဟွားက လင်းမိန်ဟွေ့ သူမကို စကားပြန်မပြောလာသည်ကို မြင်လျှင် လက်လှမ်း၍ မြေကြီးပေါ်ရှိ ဟင်းသီးဟင်းရွက်များကို လှန်ကြည့်လိုက်သည်။
“ဒီတရုတ်နံနံပင်တွေက မလတ်တော့ဘူး၊ ရောင်းရခက်လိမ့်မယ်”
“အမေ၊ ဒီတရုတ်နံနံပင်တွေက စုန့်ယီတို့မိသားစုထဲကပစ္စည်းတွေပါ၊ ကျွန်မ သူ့ကို ကူညီးပြီး ရောင်းပေးနေတာ...”
“မင်းပြောပုံကို ကြည့်ပါဦး၊ မင်းက စုန့်ယီနဲ့ လက်ထပ်ထားတာ၊ ဘာကို သူ့ဟာ ငါ့ဟာ လာလုပ်နေတာလဲ.
အိမ်မှာ အသီးအရွက်တွေ စားစရာ မရှိဘူး၊ မင်းလည်း ဒါတွေကို ဘယ်လိုမှ ရောင်းလို့ရတော့မှာမဟုတ်ဘူး၊ တစ်စည်းလောက် ပေးလိုက်၊ ကြည့်ရတာတောင့် အောက်ကအစည်းက နည်းနည်း ပိုကောင်းတယ်”
ကျိုးချွေ့ဟွား ပြောပြီးသည်နှင့် အသီးအရွက်စည်းကို စတင်ကောက်ယူတော့သည်။
လင်းမိန်ဟွေ့တစ်ယောက် မျက်နှာပဆါ်တွင် မည်သည့်အမူအရာမျှ မရှိဘဲ ပြောလိုက်လေ၏။
“အမေ၊ အစ်ကိုစုန့်ယီက အမေတို့ကို ယွမ် တစ်သောင်း လက်ဖွဲ့လက်ဆောင်ပေးခဲ့ပြီးပြီ၊ လူတစ်ယောက်အနေနဲ့ ဒီလောက်ဆိုရင် ကျေနပ်သင့်နေပြီ၊ ဒီအသီးအရွက်တွေက ကျွန်မ ရောင်းရဦးမှာ၊ ပေးလို့မရဘူး”
ကျိုးချွေ့ဟွားတစ်ယောက် သူမ၏ စကားကို ကြားလိုက်ရချိန်တွင် အလွန်အမင်း စိတ်မကျေနပ်ဖြစ်သွားပြီး ချက်ချင်း အော်လိုက်သည်။
“ကြည့်ပါဦး၊ ဒါက ငါ့သမီးပဲ၊ ငါ သူမကို ဒီအသက်အရွယ်အထိ ကျွေးမွေးခဲ့တာ၊ အိမ်ထောင်ကျသွားတော့ ငါဆိုတဲ့အမေကိုတောင် မသိတော့ဘူး
သူမဆီက ဟင်းသီးဟင်းရွက် တစ်စည်းယူစားရတာက ကောင်းကင်ကို တက်ရသလောက်တောင် ခက်ခဲနေတယ်၊ ဒီကောင်မလေးကို မွေးထားတာ ဘာများအသုံးဝင်လို့လဲ”
လင်းမိန်ဟွေ့အနေဖြင့် လင်းမိသားစုမှ ထွက်ခွာလာပြီးနောက်တွင် သူမကို ဤအချိန်ထိ ကျွေးမွေးခဲ့သော လင်းမိသားစုအား ကျေးဇူးကြွေးတင်နေခဲ့သည်ဟု ခံစားခဲ့ရသည်။
သို့သော်လည်း ကျိုးချွေ့ဟွားသည်က စုန့်ယီဆီမှ ယွမ် တစ်သောင်းလက်ဖွဲ့လက်ဆောင်တောင်းယူခဲ့သည်။ ထိုအချိန်မှစ၍ သူမအနေဖြကာ့ လင်းမိသားစုကို ပေးဆပ်ရမည့် အကြွေးများအားလုံး ဆပ်ပြီးသွားပြီဟု ခံစားရသည်။
နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် မကျေနပ်မှုများကိုလည်း ဖြေလျှော့ပြီးသွားပေပြီ၊း။ မည်သူမျှ မည်သူ့အေပါ်ကို အကြွေးမတင်တော့ပေ။
ပတ်ဝန်းကျင်မှ ဆိုင်ရှင်များသည်ကား ကျိုးချွေ့ဟွား ဤသို့ အော်သည်ကို မြင်သောအခါ သူမက လူကောင်းတစ်ယောက် မဟုတ်ကြောင်းကို သိရှိသွားကြသည်။
“ကျွန်မ ပြောပါဦးမယ် အစ်မကြီး၊ ရှင့်ရဲ့သမီးက နှမြောတတ်တဲ့လူ မဟုတ်ပါဘူး၊ သူမက လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က သစ်သီးယိုတွေတောင် ကျွန်မတို့ကို ဝေမျှရောင်းပေးခဲ့တာ၊
ပြောရမယ်ဆိုရင် ရှင်က ပုံမှန်ဆိုရင် ယောက်ျားလေးတွေကို ပိုချစ်ပြီး မိန်းကလေးတွေကို မကောင်းဆိုးဝါးလိုမျိုး ဆက်ဆံတတ်တဲ့သူပဲနေမှာ”
ထိုစကားများကို ကြားလိုက်ရချိန်တွက် လင်းမိန်ဟွေ့၏ နှလုံးသားထဲ၌ နွေးထွေးသည့် ခံစားချက်တစ်ခု စီးဆင်းသွားသည်။
တစ်ခါတစ်ရံ၌ အမည်ခံဆွေမျိုးများသည်က သူစိမ်းများလောက်ပင် ကြင်နာတတ်သည်များ မဟုတ်ပေ။
“မှန်တယ်၊ သူမက ငါ့ကိုကို တရုတ်နံနံပင် အများကြီး ချိန်ပြီး ပေးခဲ့တာ၊ ဈေးလည်း ချိုတယ်၊ ဘယ်လိုလုပ် မင်းလို မိဘတွေအတွက် မကောင်းတာ လုပ်နိုင်မှာလဲမင်းကသာ ဒီကောင်မလေးရဲ့ နှလုံးသားကို ရိုက်ချိုးလိုက်တာပဲ”
လူတိုင်းသည်က ကျိုးချွေ့ဟွားနှင့် ဘေးနားရှိ ကောင်လေး၏ အဝတ်အစားများကို ကြည့်ပြီးမှ လင်းမိန်ဟွေ့၏ အဝတ်အစားများကို ကြည့်လိုက်သည်။
နှိုင်းယှဉ်ကြည့်လိုက်သောအခါ အားလုံးကို နားလည်သွားကြလေသည်။ ကျိုးချွေ့ဟွားသည်က လင်းမိန်ဟွေ့ကို ငွေရှာစက်တစ်ခုကဲ့သို့ သဘောထားပြီး ဤကောင်မလေးကို လက်မလွှတ်ချင်ခြင်းဖြစ်သည်။
ဤစကားကို ကြားသောအခါ ကျိုးချွေ့ဟွား၏ မျက်နှာသည် ပြာနှမ်းသွားခဲ့သည်။ အပြစ်ရှိသကဲ့သို့ ခံစားရ၍ မဟုတ်ဘဲ လူများစွာက သူ့မကို လက်ညှိုးထိုးခြင်းမှာ ဒေါသထွက်စရာကောင်းသည်ဟု ခံစားရ၍ ဖြစ်ပေ၏။
ကျိုးချွေ့ဟွားသည်ကား တခြားလူများက လင်းမိန်ဟွေ့ဘက်သို့ ကာကွယ်ပေးနေခဲ့သည်ကို ကြားလိုက်ရလျှင် ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။
“အမေတစ်ယောက်အနေနဲ့ ကိုယ့်သမီးကို ဆုံးမတာကို နင်တို့ရဲ့ စကားတွေကို ဂရုစိုက်နေဖို့ လိုသေးလို့လား၊ နင်တို့အားလုံးက ကောင်းကောင်းစားပြီး ကောင်းကောင်းနေတာကို ဘာလို့ သူများမိဘတွေကို အပြစ်ဖို့စကားပြောရတာကို ကြိုက်နေကြတာလဲ”
လင်းမိန်ဟွေ့သည်ကား ဆက်လက်မခံနိုင်တော့သဖြင့် ထရပ်လိုက်ပြီး တရုတ်နံနံပင်တစ်စည်းကို ကျိုးချွေ့ဟွား၏ လက်ထဲငို့ ပစ်ထည့်လိုက်သည်။
“ဒါတွေကို ယူပြီး မြန်မြန် အိမ်ပြန်ပါတော့၊ ဒီမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမနေပါနဲ့၊ ရှင့်မှာ အရှက်မရှိဘူးဆိုရင်တောင် ရှင်ရဲ့သားကိုတော့ မျက်နှာထောက်သင့်တယ်၊ နောက်ဆို သူက ရှင့်ကို အတုယူပြီး ပိုပြီး ရယ်စရာတွေ လုပ်လာဦးမယ်”
*
အခန်း(38) အကုန်လုံးကိုတွေ့လိုက်ရတယ်
တရုတ်နံနံပင်တစ်စည်းရရှိသွားသောကြောင့် ကျိုးချွေ့ဟွားတစ်ယောက် အလွန်ပင် ဂုဏ်ယူနေခဲ့ပြီး ပျော်ရွှင်သော မျက်နှာအမူအရာနှင့် ထွက်ခွာသွားခဲ့လေသည်။
လင်းမိန်ဟွေ့ဘက်မှ သူမအတွက် နောက်ထပ် မည်သည့်အရာကိုမှ လုပ်ပေးနိုင်စရာမရှိတော့ဟု ခံစားရ၍ဖြစ်နိုင်သည်။
လင်းမိန်ဟွေ့အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရသကဲ့သို့ ရယ်စရာလည်း ကောင်းသည်ဟု ခံစားရလေ၏။
သူမက ကျန်ရှိသော တရုတ်နံနံပင်နှစ်စည်းကို ထုပ်ပိုးပြီး အိမ်ပြန်ကာ မိမိဘာသာ ချက်ပြုတ်စားရန် ပြင်ဆင်လိုက်သည်။
အိမ်သို့ အပြန်လမ်းတွင် လင်းမိန်ဟွေ့က သူမရှာခဲ့သည့် ငွေကြေးများအားလုံးကို သစ်သီးယိုပြုလုပ်ရန်အတွက် ကုန်ကြမ်းများ ဝယ်ရန် စီစဉ်ထားခဲ့သည်။
သို့သော်လည်း ကုန်ပစ္စည်းအရောင်းဆိုင်ထဲ ဝင်လိုက်သည်နှင့် သစ်သီးထည့်သည့် သေတ္တာများအားလုံးက ဗလာဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
လင်းမိန်ဟွေ့ အရှေ့သို့တိုးပြီး အရောင်းဝန်ထမ်းကို မေးလိုက်သည်။
“ဒီနေ့ သစ်သီးတွေ အားလုံး ရောင်းကုန်သွားတာလား”
အရောင်းဝန်ထမ်းက ပစ္စည်းများကို စာရင်းမှတ်နေရင်း လင်းမိန်ဟွေ့ကို ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ မနက်စောစောကတည်းက တစ်ယောက်က အားလုံး ကိုဝယ်သွားတာ၊ သစ်သီးတွေအားလုံးကို ယွမ်ဆယ်ချီပေးပြီးဝယ်သွားတယ်လေ၊ ဒါကြောင့် ဒီနေ့ ဆိုင်ကိုလာတဲ့ ဖောက်သည်တွေကို သစ်သီး ဘာလို့ ကုန်တာလဲဆိုတာပဲ အမြဲဖြေနေရတယ်”
လင်းမိန်ဟွေ့အနေဖြင့် အနည်းငယ် နားမလည်နိုင်သော်လည်း ဤသည်ကလည်း ပုံမှန်ပင်ဟု တွေးမိသည်။
မြို့ထဲရှိ မိသားစုတစ်စု၏သားက လက်ထပ်ပြီး ဧည့်ခံရန် သစ်သီးများ ဝယ်ယူခြင်းလည်း ဖြစ်နိုင်သည်ပင်။
ဤတစ်ကြိမ်တွင် လင်းမိန်ဟွေ့တစ်ယောက် တောင်ဆီးသီးနှင့် မီးပုံးသီးတချို့ကိုသာ ဝယ်ယူ၍ရခဲ့တော့သည်။
ဤသစ်သီးများနှင့် ပြုလုပ်ထားသော သစ်သီးယိုများသည်က အရသာရှိသော်လည်း စားပြီးလျှင် ဗိုက်ပိုဆာစေသည်။
ဤခေတ်ကာလရှိ လူအများစုမှာ စားဝတ်နေရေး ဖူလုံရုံသာရှိသောကြောင့် လျှင်မြန်စွာ ဗိုက်ဆာလောင်မည့်အဖြစ်မျိုးကို မလိုချင်ကြသဖြင့် ရောင်းအားလည်း သိပ်မကောင်းပေ။
သို့သော်လည်း အခြားနည်းလမ်းမရှိပါချေ။ စီးပွားရေးလုပ်မည်ဆိုပါက ဆိုင်ကို အမြဲတမ်း ဖွင့်ထားရပေမည်။
ညနေပိုင်းတွင် လင်းမိန်ဟွေ့တစ်ယောက် အိမ်ထဲသို့ မဝင်မီကတည်းက မီးခိုးခေါင်းတိုင်မှ မီးခိုးများထွက်နေသည်ကို တွေ့လိုက်ရပြီး အစားအသောက်ရနံ့လည်း ရရှိနေခဲ့သည်။
လင်းမိန်ဟွေ့တစ်ယောက် ထမ်းပိုးထားသည့်အထုပ်ကို ချကာ အိမ်ထဲသို့ ပြေးဝင်သွားသည်။
သေချာသည်ပင်။
စုန့်ယီက မီးကို ဂရုတစိုက်မွှေးပြီး ဟင်းအိုးထဲ၌ အမဲသားစွပ်ပြုတ်ကို ချက်နေသည်ကို တွေ့လိုက်ရလေသည်။
လင်းမိန်ဟွေ့သည် စုန့်ယီကို အမြန်ထူပေးပြီး စိုးရိမ်တကြီး ကြည့်ရင်း ပြောလိုက်သည်။
“ကျွန်မ ပြန်လာရင် ချက်မယ်လို့ ပြောထားတာကို၊ ဘာလို့ ကြိုပြီးချက်နေတာလဲ၊ ခုတင်ပေါ်ကို မြန်မြန် ပြန်သွားလှဲပါ”
စုန့်ယီက အပြစ်ရှိသကဲ့သို့ ခံစားရသည့်ပုံဖြင့် ပြုံးပြီး ပြောလာခဲ့သည်။
“မိန်ဟွေ့၊ ကိုယ်လို အမျိုးသားတစ်ယောက်က မင်းကိုပဲ အလုပ်တွေအားလုံးကို ခိုင်းနေလို့ ဘယ်ဖြစ်မလဲ၊ မင်းက ဟင်းသီးဟင်းရွက်လည်း ရောင်းရ၊ မိသားစုကိုလည်း ဂရုစိုက်ရဖြစ်နေတော့ ကိုယ် စိတ်မကောင်းဘူးလေ”
လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီက သူမ မြို့မှ ပြန်လာပြီးချိန်တွင် ဗိုက်ဆာနေမည်ကို စိုးရိမ်သောကြောင့် ဤသို့လုပ်ခြင်းဖြစ်ကြောင်းကို သိရှိနေခဲ့သဖြင့် အလွန်ကျေးဇူးတင်မိသည်။
သို့သော်လည်း တစ်ဖက်လူ၏ဒဏ်ရာများကို သက်သာလာရန်အတွက်ကိုသာ သူမ ပိုပြီး မျှော်လင့်နေမိသည်။ ထိုသူ သက်သာလာမှသာ သူမလည်း စိတ်အေးလက်အေးဖြင့် ပိုက်ဆံရှာနိုင်ပေမည်။
“အစ်ကိုစုန့်ယီ၊ ရှင် ကျွန်မကို ကူညီဖို့ မလိုပါဘူး၊ရှင်ရဲ့ဒဏ်ရာ ပိုဆိုးသွားပြီး ရောဂါအမြစ်တွယ်သွားရင် ကျွန်မ ဒီဘဝမှာ ရှင့်ရဲ့ကျေးဇူးတွေကို ဘယ်တော့မှ ပြန်မဆပ်နိုင်တော့ဘူး”
စုန့်ယီ အံ့သြသင့်သွားခဲ့ရကာ ခေါင်းမော့၍ လင်းမိန်ဟွေ့ကို ကြည့်လိုက်သည်။ သူမက သူ့ကိာ ကျေးဇူးဆပ်ချင်ရုံသက်သက်သာ ဖြစ်နေခဲ့သည်။
ဤရက်များအတွင်း သူမ လုပ်ခဲ့သည့် သူ့အပေါ် ကောင်းမွန်ခဲ့ခြင်းများသည်က သူမကို အချိန်မီ ကယ်တင်ခဲ့ကာ သူမကို လက်ထပ်ခဲ့ပြီး လင်းမိသားစုမှ လွတ်မြောက်စေခဲ့သည်များအတွက် ကျေးဇူးတင်နေ၍သာ ဖြစ်ပေမည်။
စုန့်ယီ စိတ်မကောင်းဖြစ်သွားခဲ့ပြီး အခန်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
သူ၏ဘေးနားတွင်ရှိနေသော လင်းမိန်ဟွေ့မှာ တစ်ဖက်လူ၏ခံစားချက်အပြောင်းအလဲကို သတိမထားမိဘဲ သူ့ကိာသာ စိတ်ရှည်လက်ရှည်ဖြင့် ဂရုစိုက်နေခဲ့လေသည်။
အခန်းထဲသို့ ပြန်ရောက်ပြီးချိန်တွင် လင်းမိန်ဟွေ့က စုန့်ယီကို လှဲခိုင်းလိုက်ပြီး သူမက အပြင်သို့ထွက်၍ ချက်ပြုတ်ခဲ့သည်။
တစ်နာရီကြာသောအခါ လင်းမိန်ဟွေ့က အမဲသားစွပ်ပြုတ်ဟင်းချို တစ်ပန်းကန်နှင့် ဝင်လာခဲ့သည်။
အမဲသားက သိပ်ပြီးမများလှပါချေ။ တစ်စ နှစ်စခန့်သာ ရှိသည်။
လင်းမိန်ဟွေ့က ထိုအသားအားလုံးကို စုန့်ယီ၏ ပန်းကန်ထဲတွင် ထည့်ပေးလိုက်သည်။
ဤသို့ ထည့်ပေးသည့်အချိန်တွင်ပင် နည်းပါးလွန်းသည့်အတွက် သူမကိုသူမ အပြစ်တင်မိသည်။
“အစ်ကိုစုန့်ယီ၊ ဒီအမဲသားကို ဘယ်ကရတာလဲ”
လင်းမိန်ဟွေ့ မေးလိုက်သည်။
စုန့်ယီက ဟင်းချိုတစ်ငုံသောက်ပြီးမှ ပြောလာလေသည်။
“လီတုန် ပို့ပေးခဲ့တာ၊ သူတို့မိသားစုထဲက နွားက ဒဏ်ရာရပြီး သေသွားတာလို့ ပြောတယ်၊ အမဲသားကို ဈေးကောင်းကောင်းနှင့် မရောင်းနိုင်တော့ဘူး ဆိုပြီး ရွာထဲမှာရှိနေတဲ့ မိသားစုတိုင်းကို နည်းနည်းစီ လိုက်ပေးခဲ့တာလေ၊ အသားက သိပ်၍မများပါဘူး၊ နည်းနည်းလောက်စီပဲ”
“စုန့်ယီအစ်ကို၊ ကျွန်မတို့တွေ နောက်တစ်ခါ ပိုက်ဆံရလာရင် အမဲသားတွေ ပိုဝယ်ပြီး စွပ်ပြုတ်လုပ်ပေးမယ်...”
လင်းမိန်ဟွေ့က ဇွန်းထဲမှ ဟင်းရည်ကို မှုတ်လိုက်ပြီး စိတ်မကောင်းဖြစ်စွာဖြင့် ပြောလိုက်လေ၏။
အချိန် ဤမျှကြာမြင့်နေပြီဖြစ်သော်လည်း သူမက အသားဖိုးကိုပင် ပြန်မရှာနိုင်သေးပေ။
စုန့်ယီကတော့ မည်သည့်အရာကိုမှ စိတ်ထဲတွင် မထည့်ထားခဲ့ပေ။ သို့သော်လည်း သူ၏အသံကတော့ အနည်းငယ် အားနည်းနေခဲ့လေသည်။
“မိန်ဟွေ့၊ ကိုယ် မကြာခင် ကောင်းသွားမှာပါ၊ မင်း ကိုယ့်ကို ဘယ်လိုမျိုး အကြွေးတင်တယ်ဆိုတာမျိုး မတွေးပါနဲ့၊ ဒါပေမယ့် မင်းကိုယ်တိုင်တော့ .. မင်းရဲ အနာဂတ်အတွက် မင်းဘာသာ အစီအစဉ်တချို့ ချရမယ်၊ မိသားစုက အရမ်းဆင်းရဲပြီး စိုက်ပျိုးစရာ မြေတွေလည်း မရှိဘူး...”
“အစ်ကိုစုန့်ယီ၊ ရှင် ကျွန်မကို မောင်းထုတ်ချင်နေတာလား”
လင်းမိန်ဟွေ့တစ်ယောက် တစ်ဖက်လူ၏စကားများထဲ၌ တစ်ခုခု လစ်ဟာမှုရှိနေသကဲ့သို့ ကြားလိုက်ရသောအချိန်တွင် ထိတ်လန့်သွားခဲ့ပြီး ရုတ်တရက် ဝမ်းနည်းသွားရသည်။
သူမတွင် အိမ်မရှိတော့ပေ၊ ဤသည်ကသာ သူမ၏ တစ်ခုတည်းသော အိမ်ဖြစ်နေခဲ့သည်။ သူမ မည်သည့်အစီအစဉ်ပင် ချသည်ဖြစ်စေ၊ အိမ်မရှိသည့်လူတစ်ယောက်သည်က စကားပြောရုံသက်သက်သာ လုပာနိုင်ပေလိမ့်မည်။
စုန့်ယီသည်လည်း လင်းမိန်ဟွေ့ အထင်လွဲသွားသည်ကို သိရှိသော်လည်း မည်သည့်အရာကိုမျှ မရှင်းပြခဲ့ဘဲ ဟင်းချိုကိုသာ တိတ်တဆိတ် သောက်နေခဲ့သည်။
ဆေးရုံမှ ပြန်လာပြီးချိန်တွင် မိသားစုတွင် ငွေကြေးများမရှိတော့သည့်အတွက်ကြောင့် နှစ်ယောက်လုံး စိတ်ဓာတ်များ အလွန်ကျနေကြပုံရသည်။
ဤတိတ်ဆိတ်မှုသည်က လူများကို ပို၍ပင် စိတ်ဓာတ်ကျ၊ ဝမ်းနည်းစေသည်။
“မိန်ဟွေ့၊ မင်းလည်း အမဲသားတစ်တုံး စားပါဦး၊ မြည်းကြည့်လိုက်လေ၊ ကိုယ့်ကိုပဲ အကုန်လုံးကို မပေးပါနဲ့”
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့ကို မသနားဘဲ မနေနိုင်ပေ။ သူ၏ ပန်းကန်ထဲရှိ အသားတုံးလေးများကို ကြည့်ပြီးနောက်တွင် စုန့်ယီက နောက်ထပ် မသောက်တော့ဘဲ သူမကိုသာ တိုက်တွန်းနေခဲ့တော့သည်း။
လင်းမိန်ဟွေ့ အသား မစားလျှင် သူသည်လည်း မစားတော့ဟုပင် ပြောခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ ဤသို့ အတင်းအကြပ်တိုက်ကျွေးပြီး၊ စားသောက်နေရင်းဖြင့် လင်းမိန်ဟွေ့၏ စိတ်ခံစားချက်က တဖြည်းဖြည်း ပြန်ကောင်းလာသည်။
သူမ ဘဝကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည်။ ထိုကဲ့သို့တင်းကျပ်သော ဘဝမျိုးကို မည်သည့်အချိန်တွင်မျှ ထပ်မနေတော့ဟု ဆုံးဖြတ်လိုက်သည်။
လင်းမိန်ဟွေ့ အမဲသားတစ်တုံးကို ယူစားလိုက်လေသည်။
စွပ်ပြုတ်ဟင်းချိုက အမှန်တကယ်ပင် လတ်ဆတ်ပြီး အသားသည်လည်း နူးညံ့သည်။
အရသာက အလွန်ကောင်းမွမ်သောကြောင့် သူမ၏စိတ်ခံစားချက်သည်လည်း ချက်ချင်း ကောင်းမွန်လာခဲ့သည်။
ညနေပိုင်းတွင် လင်းမိန်ဟွေ့က စုန့်ယီကို ရေချိုးပေးလိုသော်လည်း စုန့်ယီသည် ပြတ်ပြတ်သားသား ငြင်းဆန်သည်။
သူသည် ခါးပတ်ကို ဆွဲထားပြီး ခုတင်ဘေး၌ ကပ်နေခဲ့လေသည်။ အနည်းငယ် နာမကျန်းဖြစ်နေသော်လည်း ခေါင်းမာသည့် နွားအိုတစ်ကောင်ကဲ့သို့ပင်။
လင်းမိန်ဟွေ့ ထိုအတွေးကြောင်း နှုတ်ခမ်းကို ကွေးညွတ်ပြီး ရယ်မောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ဆေးရုံမှာတုန်းကတောင် ရှင့်ကို အကြိမ်ရေအများကြီး သန့်ရှင်းပေးခဲ့ပြီးသားပဲလေ၊ ဘာများရှက်စရာရှိနေလို့လဲ”
ကံကောင်းစွာဖြင့် စုန့်ယီ၏ မျက်နှာက နံရံဘက်သို့လှည့်နေသောကြောင့် လင်းမိန်ဟွေ့တစ်ယောက် သူ၏မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်ကို မမြင်လိုက်ပေ။
သူက ခိုင်ခိုင်စွာနှင့် ပြောခဲ့သည်။
“အခု မလိုတော့ဘူးလေ၊ ကိုယ် နေကောင်းလာတဲ့အချိန်မှ ကိုယ့်ဘာသာ ရေချိုးလိုက်ပါ့မယ်”
လင်းမိန်ဟွေ့ သူ့ကို မရယ်သင့်ကြောင်း သိသော်လည်း မရယ်မောဘဲမနေနိုင်ခဲ့ချေ။
သူမ ထပ်ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ရာသီဥတုက ပိုပြီးပူလာပြီ၊ ရှင် ရေမချိုးရင် အဖုအပိမ့်တွေ ထွက်လွယ်တယ်နော်၊ အဲဒီအချိန်ကျရင် ရှင့်လက်တွေက အဆင်မပြေဘဲ ပိုပြီး နာကျင်ရလိမ့်မယ်၊ ကျွန်မလည်း ရှင့်ကို တစ်ချိန်လုံး ကုတ်ပေးနေရလိမ့်မယ်”
လွန်ခဲ့သည့်တစ်ကြိမ် ဆေးလိမ်းတုန်းက စုန့်ယီတစ်ယောက် မိမိကိုယ်မိမိ ထိန်းချုပ်မရ ဖြစ်သွားခဲ့ဖူးသည်။
လင်းမိန်ဟွေ့က သူ့ကို ကျေးဇူးရှင်တစ်ယောက်ကဲ့သို့သာ သဘောထားနေခဲ့သည်။
သို့သော်လည်း သူသည်က သူ့မ နမ်းချင်သည့် ဆန္ဒကို ထိန်းချုပ်၍မရနိုင်ဖြစ်နေခဲ့သည်။
ဤသည်မှာ အနည်းငယ် ဆိုးရွားလွန်းပေသည်။ သို့သော်လည်း အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးတည်းက တစ်အိမ်တည်းတွင် နေထိုင်ကြသည်။
သူသည်လည်း စိတ်ခံစားချကငရှိသည်း လူများထဲမှ လူတစ်ယောက် ဖြစ်ပေသည်။ ဆိုရလျှင် စုန့်ယီအနေဖြင့် နတ်ဘုရားတစ်ပါးဖြစ်နေလျှင်ပင် ဤခံစားချက်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
သူ တီးတိုးပြောလိုက်သည်။
“မင်း ရေယူလာပေးလိုက်လေ ၊ ကိုယ် ခါးစည်းကို ကိုယ့်ဘာသာကိုယ် ဖြေလိုက်မယ်၊ မင်း ကိုယ့်ရဲ့ကျောကို ခဏလောက် သုတ်ပေးပေါ့”
လင်းမိန်ဟွေ့ ခေါင်းညိတ်လိုက်ပြီး ရေသွားယူပေးခဲ့သည်။
စုန့်ယီလည်း သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိလေသည်။
ဇနီးယူခြင်းသည်က ဘဝ၏ ပျော်ရွှင်စရာ သုံးခုထဲမှ တစ်ခုဖြစ်နေရုံသာမကဘဲ အနည်းငယ်သော်လည်း နှိပ်စက်ရာလည်း ရောက်သည်ပင်။
ဤအိမ်တွင် ကျန်းကျစ်ကုန်း၏ နေအိမ်ကဲ့သို့ ရေချိုးကန်ပါသည့် ရေချိုးခန်းမရှိဘဲ သံဇလုံကြီးသာ ရှိသည်။
လင်းမိန်ဟွေ့က သံဇလုံကို ယူလာခဲ့ပြီး ရေနွေးများကိုထည့်လိုက်ကာ မျက်နှာသုတ်ပဝါနှင့် ဆပ်ပြာကို ဘေး၌ ချထားလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ရှင် ရေအရင်ချိုးလိုင်လေ၊ ပြီးရင် ကျွန်မကို ခေါ်လိုက်ပေါ့၊ ကျွန်မ ရှင့်ကျောကို ပွတ်တိုက်ပေးမယ်”
ညဘက်အချိမ်ကာလတွင် လင်းမိန်ဟွေ့က တံခါးအပြင်ဘက်၌ ထိုင်နေခဲ့ပြီး စုန့်ယီက အိမ်ထဲတွင် ရေချိုးနေခဲ့သည်။
သူတို့နှစ်ယောက် မကြာခဏလည်း စကားပြောနေခဲ့ကြလေ၏။
“အစ်ကိုစုန့်ယီ၊ ကျွန်မ ဒီနေ့ ပြန်လာတော့ သစ်သီးယိုလုပ်ဖို့ ကုန်ကြမ်းတွေ မဝယ်လာနိုင်ခဲ့ဘူး၊မနက်ဖြန် တောင်ဆီးသီးနဲ့ မီးပုံးသီးနည်းနည်းလောက်ကိုပဲ လုပ်နိုင်တော့မယ်...”
“ ပြီးတော့ နောက်ဆိုရင် လီတုန်တို့ မိသားစုမှာ ဘာကိစ္စပဲရှိရှိ ကူညီရဦးမယ်၊ ဒီတစ်ခေါက်မှာ သူ့ရဲ့အကူအညီတွေ အများကြီး ယူခဲ့ရတယ်”
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ရဲ့ သစ်သီးယိုလုပ်ငန်းသာ ဘယ်တော့မှ မတိုးတက်လာတော့ဘူးဆိုရင် ကျွန်မတို့ ဘာတွေရောင်းသင့်တယ်ဆိုတာကို ရှင် စဉ်းစားဖူးလား”
လင်းမိန်ဟွေ့ မေးမြန်းပြီးနောက် စုန့်ယီထံမှ အဖြေကို မကြားရသည့်အတွက် သူ တစ်ခုခုဖြစ်နေပြီဟု တွေးမိခဲ့ပြီး နေရာမှအမြန်ထကာအိမ်ထဲ ပြေးဝင်သွားခဲ့သည်။
သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့် စုန့်ယီတစ်ယောက် သူ၏ဘောင်းဘီကို အမြန်ဆွဲတင်နေသည်ကို တွေ့လိုက်ရလေ၏။ လင်းမိန်ဟွေ့ ရောက်လာသည်ကိုမြင်လျှင် သူက ကြောင်အမ်းစွာ ကြည့်လာခဲ့သည်။
“ကိုယ် မင်းကို ခေါ်မှ ဝင်လာမယ်လို့ မပြောထားဘူးလား”
လင်းမိန်ဟွေ့တစ်ယောက် ခေါင်းကို အမြန် လှည့်လိုက်ရသည်။ သူမ၏ နားရွက်ဖျားများကလည်း နီရဲနေခဲ့ပြီး စကားများသည်လည်း မပီမသ ဖြစ်နေခဲ့သည်။
“တောင်းပန်ပါတယ်၊ ကျွန်မ... ကျွန်မ ရှင့်ဆီက အဖြေကို မကြားရလို့ တစ်ခုခု ဖြစ်နေပြီလို့ ထင်လိုက်တာ”