← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း41. နင်က ရွံရှာစရာကောင်းလွန်းတယ်

ကျန်းကျစ်ကုန်းက လှောင်ပြောင်ရယ်မောလိုက်ပြီး အစ်မစုန့်၏ နှာခေါင်းနားဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။

“စုန့်မေ့ယွင်၊ မင်းရဲ့မိသားစုကိစ္စကိုပဲ အရင်ဆုံး ဂရုစိုက်လိုက်စမ်းပါ၊ မင်းက ကိုယ့်မိသားစုကိစ္စကိုတောင် မရှင်းနိုင်ဘဲ သူများအရေးကို ဝင်ပါချင်နေတယ်၊ မင်းနဲ့ မင်းရဲ့မတ်တို့ရဲ့ကိစ္စတွေ နေ့တိုင်း ဖြစ်နေတာကိုပဲ အရင် ရှင်းပါဦး၊ မင်းက ငါ့ကိစ္စကို လာစွက်ဖက်ဖို့ အချိန်ရှိနေသေးတာလား”

ဤစကားများကိုပြောပြီးနောက်တွင် ကျန်းကျစ်ကုန်းက တစ်ဖက်လူကို သူ အပြည့်အဝ ထိန်းချုပ်ထားနိုင်နေသကဲ့သို့ မာန်မာနကြီးစွာဖြင့် စိုက်ကြည့်လာခဲ့သည်။

စုန့်မေ့ယွင်၏ မျက်နှာက ဖြူဖျော့သွားခဲ့လေသည်။ သူမက ကျန်းကျစ်ကုန်းကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် စကားအနည်းငယ်သာ ပြောလာခဲ့သည်။

“နင်က တကယ်ကို လူယုတ်မာပဲ”

ဤသို့ပြောပြီးနောက် စုန့်မေ့ယွင် ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။ လင်းမိန်ဟွေ့တစ်ယောက် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။ သူမမနေဖြင့် အနောက်မှလိုက်သွား၍ နှစ်သိမ့်ပေးချင်ခဲ့သော်လည်း အခြေအနေအကြောင်းစုံကို မသိရသေးသောကြောင့် အစ်မစုန့်ကို ထိခိုက်စေမည့် စကားများကို ပြောမိသွားမည်ကိုလည်း စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူမ နေရာတွင်သာ နေခဲ့လိုက်တော့သည်။

ဤအချိန်တွင် ကျန်းကျစ်ကုန်းက မြေပေါ်တွင် ပြန့်ကျဲနေသည့် ပန်းသီးတစ်လုံးကို ဖိနင်းထားခဲ့ပြီး ခြေထောက်ကို အနည်းငယ်လှည့် ကာ အောက်မှ ပန်းသီးကို ဖိချေရင်း ပြောလိုက်သည်။

“လင်းမိန်ဟွေ့၊ မင်းက သူများကို တိုင်ချင်နေတာလား၊ တိုင်ချင်တယ်ဆိုရင်တောင် အားကိုးရမယ့်လူကို ရှာရမှာပေါ့၊ ဒီလို အားနွဲ့တဲ့ မိန်းမမျိုးနဲ့ မဟုတ်ဘူး၊ သူက သူ့ရဲ့မိသားစုကိစ္စကိုတောင် ဖြေရှင်းနိုင်တာမဟုတ်ဘူး”

လင်းမိန်ဟွေ့က သူ့ကို မကြောက်တော့ပါချေ။ သူမ၏မျက်လုံးများထဲတွင် ကျန်းကျစ်ကုန်းဆိုသည်မှာ လူ့အရေခြုံထားသည့် တိရစ္ဆာန်တစ်ကောင်သာ ဖြစ်ပေသည်။

လင်းမိန်ဟွေ့ သူ့နှင့် စကားမပြောလိုသောကြောင့် ခါးကိုကိုင်းညွတ်ကာ ပြန့်ကျဲနေသည့် ပန်းသီးများကို ကောက်ယူလိုက်သည်။

သူမအနေဖြင့် ဤပန်းသီးများကို အလဟသ မဖြစ်စေလိုပါချေ။

မထင်မှတ်ဘဲ ကျန်းကျစ်ကုန်းက မြေပေါ်မှ ပန်းသီးတစ်လုံး ကောက်ယူပြီး သူ၏ကိုယ်ပေါ်တွင် သုတ်ကာ ကိုက်စားလိုက်သည်။

“လင်းမိန်ဟွေ့၊ စုန့်ယီက ဒီရက်ပိုင်း ဒဏ်ရာရထားတာမလား၊ သူက ဒီအတောအတွင်း မင်းကို မထိရသေးဘူးထင်တယ် ၊ မင်းက အားနည်းနေတဲ့ပုံစံပဲ၊ ဒါမှမဟုတ် ငါ့အိမ်ကို လိုက်လာခဲ့မယ်ဆိုရင် မကောင်းဘူးလား”

ကျန်းကျစ်ကုန်းက ရိုင်းစိုင်းစွာ ပြောဆိုနေခဲ့သည်။ သူ၏စကားတိုင်းသက လင်းမိန်ဟွေ့ကို ဒေါသထွက်စေခဲ့သည်။ ဘေးပတ်ဝန်းကျင်၌ လူများကလညား အနားသို့ ရောက်ရှိလာခဲ့ကြပြီး သူတို့ဘက်သို့ လက်ညှိုးထိုးနေခဲ့ကြသည်။

လင်းမိန်ဟွေ့ ကျန်းကျစ်ကုန်းကို လှည့်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

“တိရစ္ဆာန်ထက် ဆိုးတဲ့လူတစ်ယောက်အတွက် မိန်းမရှာမယ်ဆိုရင် တော်တော်လေးကြိုးစားရလိမ့်မယ် ထင်တယ်၊ ဘာလို့လဲဆိုတော့ ဒီလောကမှာ ရှင့်လိုမျုး တိရစ္ဆာန်ထက်ဆိုးတဲ့လူတွေ သိပ်မရှိလို့ပဲ”

“မင်းက ဒီလောက်ထိ ကြမ်းတမ်းနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ မင်း ငါ့ကို ကျိန်ဆဲနေတာကို ငါ မကြောက်ဘူး၊ တစ်နေ့ကျ မင်း ငါ့ ရှေ့မှာ ငိုပြီး တောင်းပန်လာရမှာပဲ ၊ အဲဒီအချိန်ကျရင် မင်း အခုဆဲထားတဲ့ စကားတွေကို မင်းကိုယ်တိုင် ပြန်မြိုရလိမ့်မယ်”

ကျန်းကျစ်ကုန်းက ပြောပြီးနောက် သူ၏ပါးစပ်ထဲမှ ပန်းသီးကို ထွေးထုတ်လိုက်သည်။ သူက အမှိုက်ပုံကို တွေ့မြင်နေရသကဲ့သို့ လင်းမိန်ဟွေ့ဘက်သို့ တံတွေးထွေးရန်ကိုလည်း မမေ့ခဲ့ပါချေ။

ဘေးပတ်ဝန်းကျင်မှ လူများက သည်းမခံနိုင်တော့ဘဲ ပြောဆိုလာကြသည်။

“ဒါ အရမ်းလွန်လွန်းတယ်၊ သူက ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်နေတာပဲ!”

ထိုလူ၏ဘေးမှ လူတစ်ဦးက အသံတိုးတိုးဖြင့် အကြံပေးလိုက်သည်။

“စကားပြောတာ ရပ်လိုက်တော့၊ မင်းဆက်ပြောနေရင် တစ်နေ့ သူက မင်းတို့မိသားစုကို အနိုင်ကျင့်လာမှာ စိုးရိမ်ရတယ်၊ ဒီလိုလူတွေကို မထိခိုက်သင့်ဘူး၊ မြန်မြန်ပြန်ကြရအေင်”

လင်းမိန်ဟွေ့အနေဖြင့် သူမ၏လက်ရှိစွမ်းရည်ဖြင့် ကျန်းကျစ်ကုန်းကို ပြန်လည်မတုံ့ပြန်နိုင်သည်ကို သိရှိနေခဲ့သည်။

ဤသို့လူမျိုးများက နောက်ကိုင်းတွင်လည်း နေ့စဉ် ဒုက္ခပေးနေနိုင်သည်ကိုလည်း သိနေပေသည်။

ထို့ကြောင့် ပန်းသီးများကို ထုပ်ပိုးပြီးနောက် လင်းမိန်ဟွေ့က အိတ်အသစ်တစ်လုံး တောင်းကာ မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ ပန်းသီးများကို ထုပ်ပိုး၍ ထွက်ခွာသွားသည်။

ကျန်းကျစ်ကုန်းအနေဖြင့် ဤသို့ ဒေါသကို မျိုသိပ်နိုင်သည့် လူမျိုးကို တစ်ခါမျှ မမြင်ဖူးသောကြောင့် လင်းမိန်ဟွေ့၏ နောက်ကျောကို ကြည့်ပြီး အော်ပြောလိုက်သည်။

“ဟေ့၊ မနက်ဖြန် ပန်းသီးလာဝယ်လိုက်ဦးနော်၊ ငါမင်းအတွက် စုထားပေးမယ်”

လင်းမိန်ဟွေ့ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဤရက်များအတွင်း စုဆောင်းထားသည့် ဒေါသနှင့် မကျေနပ်မှုများကို အကုန်လုံး ဖိနှိပ်လိုက်သည်။

တစ်နေ့တွင် ကျန်းကျစ်ကုန်းအနေဖြင့် ယနေ့ပြုမူခဲ့သည်များကို နောင်တရလာစေရန် သူမ လုပ်ရလိမ့်မည်။

သို့သော် ယခုအချိန်တွင်တော့ မဟုတ်သေးပေ။

အိမ်သို့ မပြန်မီ လင်းမိန်ဟွေ့က လိမ္မော်ဖျော်ရည်မှုန့်နှင့် မုန့်တချို့ကို ဝယ်ယူခဲ့သည်။ သူမ အစ်မစုန့်ကို သွားတွေ့ဆုံ တွေးထားခဲ့သည်ပင်။

သို့သော်လည်း မြို့နယ်ရုံးသို့ ရောက်ရှိသည့်အချိန်တွင် အစ်မစုန့်မှာ ခွင့်ယူ၍ အိမ်သို့ပြန်နားနေသည်ဟု တခြားလူများက ပြောခဲ့ကြသည်။

လင်းမိန်ဟွေ့လည်း အစ်မစုန့်၏ အိမ်လိပ်စာကို တောင်းယူခဲ့ပြီး သူမ၏အိမ်သိား လိုက်သွားခဲ့သည်။

အိမ်တံခါးဝသို့ ရောက်သည်နှင့် ခြံထဲ၌ အမျိုးသားတစ်ဦးက အစ်မစုန့်ကို အော်ဟစ်ဆဲဆိုနေသည်ကို ကြားလိုက်ရလေသည်။

“မင်းက အရှက်မရှိတဲ့ မိန်းမပဲ ၊ မင်းက အိမ်ထောင်သည် မိန်းမတစ်ယောက်လို မနေတာ ပြဿနာမရှိသေးဘူး၊ အပြင်ကိုထွက်ပြီး ရှက်စရာကောင်းတဲ့အလုပ်တွေကို လုပ်ချင်သေးတယ်... ငါက မသန်မစွမ်းဆိုတော့ မင်းက ငါ့ကို ပုန်ကန်ပြီး ငါ့မျက်စိအောက်မှာ ဒီလိုရှက်စရာကောင်းတဲ့အရာတွေ စလုပ်နေတာလား”

“အစ်ကို၊ သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို မနားထောင်ပါနဲ့၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ယောက်မက အဝတ်လျှော်နေတုန်းမှာ မတော်တဆ မြစ်ထဲပြုတ်ကျသွားတာလေ၊ ကျွန်မက သူ့ကို ကူညီပြီး လိုက်ဆယ်ပေးခဲ့တာ... ဒါကြောင်းအဝတ်တွေ အကုန်စိုကုန်တာပါ”

“ပါးစပ်ပိတ်စမ်း! မင်း သူ့ဘက်ကနေ နောက်ထပ်စကားပြောရင် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”

ထိုလူသည်က ဒေါသကြီးလွန်းပြီး အကျိုးအကြောင်းကို နားမလည်ပေ။ အစ်မစုန့်ဘက်မှ တုံ့ပြန်မည် မဟုတ်ကြောင်းကို သူ သေချာနေသည့် ပုံစံရှိသည်။

မကြာခင် ခြံထဲ၌ အစ်မစုန့်၏ ငိုရှိုက်သံ သဲ့သဲ့လေးကိုသာ ကြားရသည်။

“ကျင်းဝမ်၊ ကျွန်မနှင့် မတ်လေးက တကယ်ပဲ အပြစ်ကင်းပါတယ်၊ လူတွေရဲ့ အဓိပ္ပာယ်မရှိတာတွေကို မယုံပါနဲ့”

အစ်မစုန့်က ခံပြင်းစွာ ပြောလိုက်သည်။

“အပြစ်ကင်းတယ် ဟုတ်လား၊ မင်းက သူ့ရဲ့အဝတ်တွေကိုတောင် လျှော်ပေးတယ်၊ မင်းက မရီးတစ်ယောက်အနေနဲ့ အရမ်းဂရုတစိုက်ရှိလွန်းတာပဲ!”

ထိုလူ၏ အသံက ဒေါသအပြည့်ရှိနေခဲ့ပြီး ရင်ထဲ၌ အချိန်ကြာမြင့်စွာ စုဝေးနေသည့် နာကျည်းမှုများ ပွင့်ထွက်လာသကဲ့သို့ပင်။

လင်းမိန်ဟွေ့ ခဏလောက် ရပ်တန်ကာ သူမ၏လက်ထဲမှ ပစ္စည်းများကို ကြည့်ပြီး စဉ်းစားလိုက်သည်။ ပြီးနောက် အထဲသို့ မဝင်တော့ရန် ဆုံးဖြတ်လိုက်လေ၏။

ဤကိစ္စသည်က တခြားလူများ၏ မိသားစုကိစ္စဖြစ်ပြီး ဝင်ရောက်စွက်ဖက်ရန် ခက်ခဲသည်။ သူတို့ စိတ်ငြိမ်သွားမှ အစ်မစုန့်နှင့် စကားပြောဆိုကာ မည်သို့ ကူညီပေးနိုင်မည်ကို ကြည့်ရုံသာ လုပ်နိုင်တော့သည်။

သူမ အိမ်သို့ရောက်သည့်အချိန်တွင် ညနေစောင်းနေခဲ့ပြီဖြစ်သည်။

စုန့်ယီသည်ကား လင်းမိန်ဟွေ့၏ စကားကို နားမထောင်ဘဲ အိပ်ရာမှ ထပြီး သူမအတွက် ဆန်ပြုတ်ချက်ပြုတ်ပေးနေခဲ့သည်။

ထိုသူမှာ ဒဏ်ရာရထားသည့်တိုင် အိမ်အလုပ်များကို လုပ်ကိုင်နေရသည်ကို တွေ့မြင်ရလျှင် လင်းမိန်ဟွေ့၏ မျက်လုံးများက ဝမ်းနည်းမှုများ မဖုံးကွယ်နိုင်ခဲ့တော့ချေ။

“အစ်ကိုစုန့်ယီ၊ ဘာလို့ ဒီလိုတွေလုပ်နေတာလဲ...”

“မိန်ဟွေ့၊ လာပါဦး၊ ဆန်ပြုတ်နည်းနည်း သောက်ဦး... ကိုယ့်ဒဏ်ရာက သက်သာနေပါပြီ၊ ဒါက ပြင်းထန်တဲ့ ဒဏ်ရာမှ မဟုတ်တာ”

စုန့်ယီ၏ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ နာကျင်သောကြောင့်လား၊ အပူဒဏ်ကြောင့်လား မသိရချေ။

လင်းမိန်ဟွေ့လည်း ဆက်လက်၍ အပြစ်မတင်ရက်တော့ဘဲ မကောင်းသည့်သတင်းအစား ကောင်းသည့်သတင်းကို ပြောပြခဲ့သည်။

“ဒီနေ့တော့ သစ်သီးတွေ ဝယ်လို့ရလာခဲ့ပြီ၊ ညနေဘက်မှာ ယိုစုံလုပ်ဖို့စရမယ်၊ မနက်ဖြန်ဆိုရင် နေလှန်းလို့ရပြီ၊ ဒီတစ်ခေါက် အသီးယိုတွေ ရောင်းပြီးရင်တော့ တခြားတစ်ခုခု လုပ်စားဖို့ စဉ်းစားထားတယ်”

လင်းမိန်ဟွေ့အနေဖြင့် နေ့ခင်းက ဖြစ်ပျက်ခဲ့သည်များကို စုန့်ယီကို မပြောလိုတော့ပါချေ။ တစ်ဖက်လူ စိတ်ပူပန်မည်ကိုလည်း မလိုလားပေ။

စုန့်ယီသည်လည်း မည်သည်ကိုမျှ သံသယမဝင်ဘဲ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“အဆင်ပြေပါတယ်၊ ကိုယ်တို့ မြို့ထဲမှာ ယိုစုံတွေ အမြဲရောင်းနေမယ်ဆိုရင် ကျန်းကျစ်ကုန်းနဲ့ မဖြစ်မနေ တွေ့ရမှာပဲ၊ ဒါကြောင့် ဒီအကြောင်းကို မတွေးနှင့်တော့”

လင်းမိန်ဟွေ့ ခေါင်းငြိမ့်လိုက်သည်။

သို့သော် အစ်မစုန့်အတွက်တော့ စိတ်ပူပန်နေဆဲပင်။ မည်သို့ပင်ဖြစ်စေ အစ်မစုန့်၏ ပြဿနာကို ကူညီဖြေရှင်းပေးပြီး သူမကြောင့် ပါဝင်ပတ်သက်မှုမရှိစေရန် လုပ်ဆောင်ပေးရမည်ဖြစ်သည်။

ညစာစားပြီးနောက် လင်းမိန်ဟွေ့က ပန်းကန်များ ဆေးကြောပြီး ခြံထဲ၌ သစ်သီးများကို တစ်ဦးတည်း ဆေးကြောကာ သကြားရည်ထဲတွင် စိမ်ထားခဲ့သည်။ စုန့်ယီက အခန်းထဲ၌ လှဲလျောင်းနေရင်း ပြောလာခဲ့သည်။

“မိန်ဟွေ့၊ မင်း ဒီရက်ပိုင်း တကယ်ကို ပင်ပန်းခဲ့ရပြီ၊ ကိုယ့်ရဲ့ဒဏ်ရာ သက်သာလာတာနဲ့ ချက်ချင်း ပိုက်ဆံရှာမယ်”

“ကျွန်မတို့ဆီမှာ ပိုက်ဆံနည်းနည်းရှိပါသေးတယ်၊ရှင် အေးအေးဆေးဆေး အနားယူနိုင်တယ်၊ အခု ဘာကိုမှ စိတ်မပူပါနဲ့”

လင်းမိန်ဟွေ့က စုန့်ယီ ဒဏ်ရာမသက်သာမီ ပိုက်ဆံရှာရန် စိတ်စောနေမည်ကို စိုးရိမ်သောကြောင့် နှစ်သိမ့်ပေးလိုက်သည်။

အမှန်တကယ်တမ်းတွင်တော့ သူမ၏လက်ထဲ၌ ကျန်သည့် ယွမ်ဆယ်ဂဏန်းလောက်က မည်သည့်နှစ်ရက်လောက်သာ ခံမည်ကို သူမ သိနေပေသည်။

ယခု ကျန်းကျစ်ကုန်းသည် သူမ၏ ကုန်ကြမ်းများကို မရရှိအောင် လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ရှေ့ဆက်၍ အသက်မွေးဝမ်းကြောင်းအတွက် တခြားနည်းလမ်းများကိုသာ ရှာဖွေရတော့မည်။

လင်းမိန်ဟွေ့ မူလက တံမြက်စည်း ပြုလုပ်ရန် စဉ်းစားခဲ့ဖူးသည်။ တံမြက်စည်းများကိုရောင်းချခြင်းက မဆိုးသော်လည်း လက်ရှိအချိန်က တံမြက်စည်းရိုးများကို စုဆောင်းရမည့် အချိန်မဟုတ်သေးပေ။

လိမ္မာပါးနပ်သည့် အမျိုးသမီးတစ်ဦးသည်လည်း ဆန်မပါဘဲ ထမင်းချက်ပြုတ်ရန် ခက်ခဲပေသည်။

နောက်တစ်နေ့မနက်စောစောတွင် လင်းမိန်ဟွေ့သည် အသီးယိုများကို နေလှန်းနေစဉ် ခြံတံခါးကို တစ်စုံတယောက်က လာရောက်ခေါက်ပေသည်။

စုန့်ယီကတော့ မနိုးလာသေးပေ။ လင်းမိန်ဟွေ့လည်း တံခါးလာရောက်ခေါက်သည့်သူကို တားဆီးရန် အလျင်အမြန် တံခါးဖွင့်လိုက်သည်။

မထင်မှတ်ဘဲ ရောက်ရှိလာသည့်လူက ကျိုးချွေ့ဟွား ဖြစ်နေခဲ့သည်။

“ဘာလို့ ရောက်လာတာလဲ”

လင်းမိန်ဟွေ့ တံခါးကို လက်ဖြင့်ကိုင်ထားပြီး ကျိုးချွေ့ဟွားကို အိမ်ထဲသို့ ပေးဝင်ခြင်းမရှိပေ။

ကျိုးချွေ့ဟွားက လင်းမိန်ဟွေ့ကို စိုက်ကြည့်ပြီး ပြောလာသည်။

“ဘာလဲ၊ မင်း အိမ်ထောင်ကျတာ ရက်နည်းနည်းပဲ ရှိသေးတယ်၊ မင်းအမေကိုတောင် မသိတော့ဘူးလား အိမ်တံခါးကိုတောင် ဝင်ခွင့်မပြုဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ၊ ငါမင်းတို့ရဲ့အစားအစာတွေကို လုစားမှာ ကြောက်နေတာလား”

“အစ်ကိုစုန့်ယီက မနိုးသေးဘူး ၊ ရှင့်ကို ပေးဝင်ဖို့ အဆင်မပြေဘူး”

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီ ဒဏ်ရာရထားသည်ကို ကျိုးချွေ့ဟွားအား မသိစေလိုပေ။ ကျိုးချွေ့ဟွားက သူ့ကို သနားလိမ့်မည် မဟုတ်ဘဲ လှောင်ပြောင်ကိုသာ ပြုလာမည်ကို သူမ သိပေသည်။

“ငါ့သားမက်က တခြားလူမှမဟုတာတာ ၊ ဖယ်လို ငါ အိမ်ထဲကိုဝင်ကြည့်မယ်”

ကျိုးချွေ့ဟွား အတင်းတွန်းတိုက်ကာ တံခါးကို ဖြတ်ကျော်သွားခဲ့သည်။

*

အခန်း(42) ရှင့်ကို ဆွဲထည့်ခဲ့မိတယ်

လင်းမိန်ဟွေ့က တံခါးကို ဖိကိုင်ထားသော်လည်း ကျိုးချွေ့ဟွားက ဇွတ်အတင်း တိုးဝင်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမ လက်လွှတ်လိုက်မိသောကြောင့် ကျိုးချွေ့ဟွားသည် ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

သူသမက ထရပ်ပြီး လင်းမိန်ဟွေ့ကို ကျေးဇူးမသိတတ်သည့်လူ၊ မလိမ္မာသည့်သမီးအဖြစ် စတင်ဆဲဆိုတော့သည်။

လင်းမိန်ဟွေ့က ယိုစုံများကို သိမ်းဆည်းပြီး ကျိုးချွေ့ဟွားကို လျစ်လျူရှုထားခဲ့သည်။

ကျိုးချွေ့ဟွားသည်လည်း အနားသို့ ရောက်ရှိလာခဲ့ပြီး အသီးယိုများကို ကောက်စားနေခဲ့လေသည်။

လင်းမိန်ဟွေ့ သူမကို ကြည့်ပြီး သတိပေးလိုက်သည်။

“မခြောက်သေးဘူး၊ ဒါကြောင့် သိပ်မကောင်းသေးဘူး”

ကျိုးချွေ့ဟွားကတော့ ထိုအကြောင်းကို ဂရုမစိုက်ဘဲ ပါးစပ်ထဲသို့သာ ထည့်နေခဲ့သည်။

ထို့နောက် ကျိုးချွေ့ဟွားတစ်ယောက် သူမ လာရောက်ရသည့် ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

“မိန်ဟွေ့၊ မင်း မကြာသေးခင်က လုပ်ငန်းတေလုပ်ပြီး ပိုက်ဆံအများကြီး ရတယ်လို့ ကြားတယ်၊ ငါ့ကို ပိုက်ဆံနည်းနည်း ချေးလို့ရမလား လင်းရှောင်ရှုရဲ့ ကျောင်းက အခု ကျောင်းဝတ်စုံအတွက် ပိုက်ဆံပေးရမှာ၊ ဒါပေမယ့် ငါတို့မိသားစုမှာ ပိုက်ဆံမရှိဘူး”

ကျိုးချွေ့ဟွားအနေဖြင့်ည ဤစကားများ ပြောဆိုသည့်အချိန်တွင် အမှန်တကယ် ရှက်ရွံ့နေခဲ့သည်။ သို့သော် သူမ၏မိသားစု၌ အရက်သမားတစ်ဦးရှိနေပြီး သူ၏သူငယ်ချင်းများနှင့် အပေါင်းအသင်းများကို အရက်သောက်ရန် မကြာခဏ ဖိတ်ခေါ်လေ့ရှိသည်။

တချို့အချိန်များတွင်တော့ မကောင်းသည့်အပေါင်းအသင်းများက သူ့ကို လောင်းကစားဝိုင်းဆီသို့ ဆွဲခေါ်သွားတတ်သည်။

ထို့ကြောင့် မကြာမီအချိန်တွင် ကျိုးချွေ့ဟွားတစ်ယောက် သူမ၏ဗီရိုထဲမှ ယွမ်တစ်သောင်းက ပါးလွှာသွားသည်ကို တွေ့ရှိလိုက်ရသည်။

သူမ လင်းကွားချင်းကို မေးမြန်းသည့်အချိန်တွငာ လင်းကွားချင်းက နားမကြား၊ စကားမပြောတတ်သကဲ့သို့ ဟန်ဆောင်နေခဲ့က် ကျိုးချွေ့ဟွားမှ အစကတည်းက သေသေချာချာ မရေတွက်ခဲ့ဟု ပြောဆိုခဲ့သည်။

ကျိုးချွေ့ဟွားအနေဖြင့် တစ်ဖက်လူ လိမ်ညာနေသည်ကို သိရှိခဲ့သောကြောင့် ထိုအကျိုးအကြောင်း နားမလည်သည့်လူကို ကျိန်ဆဲခဲ့လေသည်။

သို့သော်လည်း လင်းကွားချင်းသည်ကား လင်းမိန်ဟွေ့မှာ သူ၏သမီးလည်းဖြစ်သောကြောင့် သတိုးသမီးကြေး၏ တစ်ဝက်က သူ၏ပိုင်ဆိုင်မှုဖြစ်ကြောင်းကိာ ယုံကြည်ချက်အပြည့်အဝနှင့် ပြောဆိုခဲ့သည်။

ကျိုးချွေ့ဟွားတစ်ယောက် ဒေါသထွက်ရလွန်း၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေမိတော့မလိုပင်။

ဤမနက်အချိန်တွင်လည်း အကြွေးတောင်းသည့်လူတစ်ဦးက အိမ်သို့ ရောက်ရှိလာပြီး လင်းကွားချင်းမှာ သူ၏ဆိုင်၌ အရက်သောက်၊ စားသောက်ပြီး ယွမ်၂၀၀၀ ကျော် ကြွေးတင်နေသည်ဟု ပြောဆိုခဲ့သည်။

ကျိုးချွေ့ဟွားတစ်ယောက် တံခါးဘောင်နှင့် ခေါင်းဆောင့်ကာ သေတော့မလို ဖြစ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် လင်းရှောင်ရှုက အချိန်မီ ဖမ်းဆီးလိုက်သည်။ ကျိုးချွေ့ဟွားမှာ လင်းကွားချင်းကို ရိုက်နှက်ဆဲဆိုသော်လည်း လင်းကွားချင်းက သူမကို လျစ်လျူရှုပြီး အိပ်ပျော်သွားခဲ့သည်။

ကျိုးချွေ့ဟွားလည်း မည်သည့်အရာကိုမျှ မတတ်နိုင်တော့ဘဲ သူမ၏လက်ထဲရှိ နောက်ဆုံးသောငွေကြေးကို ပေးလိုက်ရသည်။

လင်းမိန်ဟွေ့တစ်ယောက် သူမ၏ ငွေချေးငှားသည့်စကားကို ကြားသည့်အချိန်တွင် လှောင်ပြောင်လိုက်လေသည်။

“ကျွန်မ ရှင်တို့ကို ယွမ်တစ်သောင်း ပေးထားတာတောင် မကြာသေးဘူး၊ ရှင်တို့တွေ နဂါး အသားကို စားမယ်ဆိရင်တောင် ဒီလောက်ထိပိုက်ဆံအကုန်အကျ မမြန်သင့်ဘူးမလား၊ အစ်ကို စုန့်ယီရဲ့အိမ်က အခြေအနေတွေ ဒီလိုဖြစ်နေတာကို မြင်တောတောင် ရှင်က ပိုက်ဆံလာတောင်းချင်နေသေးတယ်၊ သူက ရှိသမျှပိုက်ဆံအားလုံးကို ညှင်တို့ကို ပေးထားတာ ၊ အခု ဘယ်နေရာကနေ ပိုက်ဆံရမှာလဲ”

“ မင်းရဲ့ ရှက်စရာကောင်းတဲ့ အဖေကြောင့်ပဲ မဟုတ်ဘူးလား၊ သူက မြို့ထဲက နိုင်ငံပိုင် စားသောက်ဆိုင်တွေအထိ လူတွေကို ခေါ်သွားပြီး နေ့တိုင်း ယွမ်နှစ်ဆယ်ကျော်ဖို့လောက် စားသောက်ဖို့ ဖိတ်တယ်၊ အရက်တွေသောက်တယ်၊ လောင်းကစားလုပာတယ်၊ အခု ယွမ်တစ်သောင်းလုံး ကုန်သွားပြီ”

ကျိုးချွေ့ဟွားတစ်ယောက် ငိုကြွေးလိုက်သည်။

လင်းမိန်ဟွေ့ကတော့ စိတ်မပြောင်းလဲခဲ့ပါချေ။ သူမ၏အတွက်တော့ လင်းမိသားစုမှ သူမကို ကျန်းကျစ်ကုန်းနှင့် အတင်းအကျပ် လက်ထပ်ခိုင်းခဲ့သည့်အချိန်ကတည်းက သူတို့နှင့် မပတ်သက် မသက်ဆိုတော့ဟု ယူဆထားခဲ့သည်။

“ကျွန်မ ရှင်တို့ကို ယွမ်တစ်သောင်း လက်ဖွဲ့လက်ဆောင်ပေးတုန်းက အတော်လေးရှင်းလင်းအောင် ပြောခဲ့တယ်ဆိုတာကို မှတ်မိတယ်၊ ဒီပိုက်ဆံရပြီးတာနဲ့ ကျွန်မ ရှင်တို့အပေါ် ဘာအကြွေးမှမတင်တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်”

လင်းမိန်ဟွေ့အနေဖြင့် ကျိုးချွေ့ဟွားကို ကြည့်ပြီး တစ်ဖက်လူ၏ရင်ထဲမှ နှလုံးသားကို ထုတ်ကြည့်ကာ အတွင်းမှ အသိစိတ်ကို ကြည့်ချင်သွားမိသည်။

သူမရဲ့အသိစိတ်က မနာကျင်ဘူးလား?

ကျိုးချွေ့ဟွားက ရုတ်တရက် ပေါက်ကွဲလာခဲ့သည်။ သူမက မြေပေါ်၌ ထိုင်ချပြီး ငိုကြွေးကာ ရန်တွေ့တော့သည်။

“ငါ့ဘဝက ဘာလို့ ဒီလောက်တောင် ခက်ခဲရတာလဲ၊ သမီးတစ်ယောက်ကို မွေးမြူခဲ့ရပေမဲ့ မျက်စိတစ်မှိတ်အတွင်း သူမက ငါ့ကို အမေအဖြစ် မသတ်မှတ်တော့ဘူး

အိုး ဘုရားသခင်! ကျေးဇူးပြုပြီး မျက်စိဖွင့်ကြည့်ပါဦး၊ ငါ ဒီဘဝကို ဆက်ပြီး မဖြတ်သန်းနိုင်တော့ဘူး”

လင်းမိန်ဟွေ့က သူမ အော်ဟစ်နေသည်ကို ကြားလျှင် ချက်ချင်း တားဆီးလိုက်သည်။

“အော်ဟစ်နေတာကို ရပ်လိုက်ပါတော့၊ အစ်ကိုစုန့်ယီက ဒဏ်ရာရထားတာ၊ သူက အခုမှ ခဏလောက် အေးအေးဆေးဆေး အိပ်နိုင်တာကို မနှောင့်ယှက်ပါနဲ့”

စုန့်ယီသည်ကား ယမန်နေ့ညက ကောင်းစွာ မအိပ်စက်ခဲ့ရချေ။ ရာသီဥတု ပြောင်းလဲတော့မည်ဖြစ်သောကြောင့် ဒဏ်ရာက အလွန်နာကျင်ပြီး တစ်ညလုံး အိပ်စက်အနားယူနိုင်ခြင်းမရှိ ဖြစ်ခဲ့ရသည်။

လင်းမိန်ဟွေ့အနေဖြင့် ကျိုးချွေ့ဟွားမှ စုန့်ယီ၏ အနားယူမှုကို အနှောင့်အယှက်ပေးမည်ကို မလိုလားသော်လည်း တစ်ဖက်လူက ပိုဆိုးလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ဟုတ်တယ်၊ ငါ ငါ့ရဲ့သားမက်နဲ့ စကားပြောပြီး အကျိုးအကြောင်း ဆွေးနွေးချင်တယ်၊ သူကလည်း ငါ့သားတစ်ဝက်ပဲ၊ ငါက သူ့ရဲ့ ယောက္ခမဖြစ်ပြီး အခု သူ့ယောက်ဖမှာ စာသင်ဖို့ ပိုက်ဆံမရှိတာကို လက်ပိုက်ကြည့်မနေသင့်ဘူး”

ကျိုးချွေ့ဟွားသည်ကား လင်းမိန်ဟွေ့မှ စုန့်ယီကို ကာကွယ်သည်ကို တွေ့မြင်သည့်အချိန်တွင် အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

စုန့်ယီအနေဖြင့် ခြံထဲမှ ဆူညံသံကို ကြားနေခဲ့သည်မှာ အတော်ကြာပေပြီ။ ထို့ကြောင့် လင်းမိသားစုမှာ ရောက်ရှိနေကြောင်းကို သူ သိရှိနေခဲ့သည်။ သူ့အနေဖြင့် လင်းမိန်ဟွေ့ကို ကာကွယ်ချင်ခဲ့သော်လည်း သူသည်က ဒဏ်ရာရထားပြီး အသံကျယ်ကျယ်ဖြင့် ပြောဆိုလျှင်ပင် နံရိုးများက နာကျင်နေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် လင်းမိန်ဟွေ့ကို ထပ်မံ၍ ဒုက္ခမပေးရဲတော့ပေ။ သူ၏ ဒဏ်ရာက ပွင့်သွားပါက နောက်ဆုံးတွင် လင်းမိန်ဟွေ့ကသာ ဖြေရှင်းနည်းကို ရှာဖွေရပေလိမ့်မည်။

မထင်မှတ်ဘဲ ကျိုးချွေ့ဟွားက အိမ်ထဲသိုး ဝင်လာခဲ့သည်။ စုန့်ယီတစ်ယောက် သူ၏ကိုယ်ကို စောင်နှင့် ဖုံးအုပ်လိုက်ကာ ကျိုးချွေ့ဟွားကို ကြည့်၍ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“ယောက္ခမကြီး “

“အိုး၊ မင်းက ငါ့ကို မင်းရဲ့ယောက္ခမကြီးဆိုတာကိုတော့ သိသေးတယ်ပေါ့၊ စုန့်ယီ၊ ငါ့ကို ပြောပါဦး၊ သမီးတစ်ယောက် အိမ်ထောင်ကျရင် သူ့အမေရဲ့ မိသားစုကို စွန့်ပယ်လို့ရတယ်လို့ ဘယ်နိုင်ငံရဲ့ဥပဒေက ပြဋ္ဌာန်းထားတာလဲ”

ကျိုးချွေ့ဟွားမှာ အလွန်ပင် မောက်မာလွန်းပြီး သူမ၏ စကားများသည်လည်း ပို၍ပင် ပြင်းထန်နေခဲ့သည်။ သူမက စုန့်ယီကို အိပ်ရာထဲမှ ဆွဲထုတ်၍ပင် ပြောဆိုချင်နေခဲ့သည်။

သူမက စုန့်ယီ၏ ဒဏ်ရာများကို လုံးဝ ဂရုမစိုက်ချေ။ ယခု သူမ၏သမီးက သူ့ကို အသိအမှတ်မပြုတော့သည့်အတွက် သူမ ငွေကြေးမရရှိသည်ကိုသာ တွေးနေခဲ့သည်။

စုန့်ယီလည်း လင်းမိန်ဟွေ့၏ မျက်လုံးများက ဒေါသနှင့် နီရဲလာသည်ကို တွေ့မြင်သည့်ချိန်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။

“သမီးတစ်ယောက် အိမ်ထောင်ကျပြီးရင် မိဘရဲ့မိသားစုကို ပိုက်ဆံအမြဲပေးနေရမယ်လို့လည်း ဘယ်ဥပဒေမှာမှ မပြောထားပါဘူး၊ ကိုယ့်အိမ်မှာ ဝင်ငွေ မလုံလောက်ရင်တောင် မိဘရဲ့မိသားစုကို ထောက်ပံ့ရမယ်လို့ မပြောထားဘူး”

ကျိုးချွေ့ဟွား ကြောင်အ,သွားသည်။ စုန့်ယီ၏ ညင်သာသည့် စကားများကြောင့် ထိုသူက အကျိုးအကြောင်း နားလည်သည့်လူ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ သူက အေးဆေးတည်ငြိမ်စွာ ရန်စကားဆိုသည့်လူ ဖြစ်နေခဲ့သည်။

“ဒါက ဘာအဓိပ္ပာယ်လဲ ၊ မင်းက ငါတို့ အမေနဲ့သမီးကြားက ဆက်ဆံရေးကို ဖြတ်တောက်ချင်တာလား”

ကျိုးချွေ့ဟွား ပြန်မေးလိုက်သည်။

စုန့်ယီ၏ဘက်မှသာ ဟုတ်မှန်ကြောင်း ပြောခါ့လျှင် ကျိုးချွေ့ဟွားက ရွာလူကြီးထံသို့ သွားလိမ့်မည်။

ဤရွာရှိလူများက တစ်ဦးတည်း ကျန်ရှိနေသည့် ကံကြမ္မာဆိုးနှင့် လူတစ်ဦးကို ကူညီလိမ့်မည်ဟု သူ မယုံကြည်။

စုန့်ယီက ပြုံးလိုက်လေသည်။ သူက ဒေါသမထွက်ဘဲ ညင်သာစွာ ပြောလိုက်သည်။

“ အမေနဲ့သမီး ဖြစ်၊မဖြစ်ဆိုတာက ကျွန်တော် ဆုံးဖြတ်လို့မရပါဘူး၊ ပထမအချက်က သွေးသားတော်စပ်မှု ရှိမရှိ ကြည့်ရမယ်၊ ဒုတိယအချက်က စိတ်ခံစားမှု ရှိမရှိ ကြည့်ရမှာပဲ၊

ဒီရက်ပိုင်းတွေမှာ ကျွန်တော်မြင်တာကတော့ ယောက္ခမကြီးက လင်းမိန်ဟွေ့ကို ငွေရှာနွားလို သဘောထားနေတာပဲ”

“ဘာကို ငွေရှာနွားလဲ၊ သမီးတစ်ယောက် အိမ်ထောင်ကျရင် သတိုးသမီးကြေးတောင်းရတာက သဘာဝဘဲ မဟုတ်ဘူးလား”

ကျိုးချွေ့ဟွားက အလျှော့မပေးသေးပေ။

“သတိုးသမီးတင်တောင်းကြေး တောင်းတာက သဘာဝကျပါတယ်၊ ဒါဆို သတိုးသမီးတင်တောင်းကြေးကို သုံးပြီးသွားရင် ဘယ်လိုနာမည်မျိုးနဲ့ သမီးဆီက ပိုက်ဆံ ထပ်တောင်းချင်တာလဲ”

စုန့်ယီ၏ တည်ငြိမ်သည့် စကားများက အလေးတုံးများနှင့် ပစ်ပေါက်လိုက်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိသည်။

ကျိုးချွေ့ဟွားမှာ ပါးစပ်ထဲမှ စကားလုံးများ ဆို့နင့်သွားပြီး မည်သည့်အရာကို ပြောရမှန်း မသိတော့ပေ။

လင်းမိန်ဟွေ့သည်ကား စုန့်ယီ၏စကားများကို ကြားရသည့်အချိန်တွင် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူမက နှုတ်ခမ်းများကို အကြိမ်ကြိမ်ဖိပြီး ရယ်မောချင်စိတ်မျာ့ကို ဖိနှိပ်ထားခဲ့ရသည်။

ကျိုးချွေ့ဟွားအနေဖြင့် ဇနီးမောင်နှံနှစ်ယောက်က ပူးပေါင်းနေကာ စုန့်ယီက သူ၏ဇနီးကို ကာကွယ်နေသည်ကို မြင်သည့်အချိန်တွင် ဒေါသတကြီး ပြောလိုက်သည်။

“ကောင်းပြီ၊ မင်းတို့ မပေးဘူးပေါ့၊ ဒါမင်းတို့တတွေကကောင်းကောင်းဘာမှ မတွေးနိုင်တော့ဘူးဆိုမှတော့ ငါ ရွာထဲကလူတွေကို ဆုံးဖြတ်ခိုင်းလိုက်မယ်၊ ကျေးဇူးမသိတတ်တဲ့ သားသမီးတွေကို ဘယ်လို အပြစ်ပေးသင့်သလဲဆိုတာ ကြည့်ရအောင်!”

ဤအချိန်တွင် အန်တီယန်က စုန့်ယီထံသို့ ကြက်ဥများ ပေးရန် ဝင်ရောက်လာသည်။

ကျိုးချွေ့ဟွားမှ အိမ်ထဲ၌ ရန်လုပ်နေသည်ကို တွေ့မြင်သည့်အချိန်တွင် အန်တီယန်က ကျိုးချွေ့ဟွားကို ကြည့်ပြီး တမင်တကာ ပြောလိုက်သည်။

“ ကျိုးချွေ့ဟွား၊ မင်းက သားမက်ကို လာတွေ့တာလား၊ မင်းက တကယ်ကို ကျင့်ဝတ်တွေကို မသိတတ်တာပဲ၊ ငါပြောလိုက်မယ်၊ စုန့်ယီက ဒဏ်ရာရတာ ရက်တွေအများကြီး ရှိနေပြီ၊ မင်းတို့ လင်းမိသားစုက လူတွေ လာတွေ့တာကို ငါ တစ်ခါမှ မမြင်သေးဘူး”

ကျိုးချွေ့ဟွားတစ်ယောက် ထွက်ခွာရန် ပြင်နေသော်လည်း အန်တီယန်က တံခါး၌ ပိတ်ထားသောကြောင့် ထွက်မရ ဖြစ်နေခဲ့သည်။

“အခု လာတွေ့ပြီးပြီလေ၊ သွားတော့မယ်”

အန်တီယန်က အခန်းထဲကို လှည့်ပတ်ကြည့်လိုက်သော်လည်း အာဟာရဖြည့်စွက်စာဟူ၍ မည်သည်ကိုမှ မတွေ့ရှိခဲ့ပါချေ။ သူမက ရည်ရွယ်ချက်ရှိရှိဖြင့် အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

“ကျိုးချွေ့ဟွား၊ မင်းက လူမမာတစ်ယောက်ကို လက်ဗလာနဲ့ လာတွေ့တာလား၊ ဒါက တာယ်ကို တရားလွန်တာပဲ၊ စုန့်ယီက မင်းတို့ လင်းမိသားစုရဲ့ သားမက်လည်း ဖြစ်နေပြီ၊ သူ အခုလို ဒဏ်ရာရနေချိန်မှာ မင်းတို့ လင်းမိသားစုက လာကြည့်သင့်တယ်၊ မဟုတ်ရင် ရွာသားတွေက မင်းတို့ကို လှောင်ရယ်လိမ့်မယ်”

အန်တီယန်အနေဖြင့် ကျိုးချွေ့ဟွား ပြောဆိုခဲ့သည်များကို ကြားခဲ့သည်။ ကျိုးချွေ့ဟွားမှ ဤသို့ မိသားစုဆက်ဆံရေးမျိုးကို အကြောင်းပြ၍ စကားပြောဆိုနိုင်သောကြောင့် အန်တီယန်ကလည်း သူမကို ဤနည်းလမ်းဖြင့်သာ ပြန်လည်ချေပခဲ့သည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီသည်ကား အသက်ငယ်သေးသောကြောင့် ကျိုးချွေ့ဟွားကဲ့သို့ လူမျိုးများနှင့် ဆက်ဆံရာ၌ အတွေ့အကြုံ မရှိကြသေးပါချေ။

All Chapters