← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း43 စိတ်ပျက် အားငယ်မှုများ

အန်တီယန်၏ စကားများကြောင့် ကျိုးချွေ့ဟွားတစ်ယောက် မည်သည့်စကားမျှ ပြန်မပြောနိုင်ဘဲ ဖြစ်သွားရ၏။ သူမက အန်တီယန်ကို အချိမ်အတန်ကြာအောင် ကြည့်ပြီးမှ သတိဝင်လာဟန်ရှိသည်။

“ကျွန်မက ကျွန်မရဲ့သမီးနဲ့ သမက်ကို စကားပြောနေတာလေ၊ ရှင်က ဘာလို့ ဒီကိုရောက်လာပြီး ကျွန်မတို့ကို လက်ညှိုးထိုးနေတာလဲ၊ ကျွန်မတို့သားအမိကြားထဲကို ဝင်နှောင့်ယှက်ချင်နေတာလား၊ မိသားစုကြားကို ရန်တိုက်ပေးချင်တာလား”

“နင်တို့ကြားက ဆက်ဆံရေးကို နှောင့်ယှက်ဖို့ လိုသေးလို့လား. လူငယ်စုံတွဲလေးတစ်တွဲက အိမ်ထောင် စတင်တည်ထောင်ရတာ မလွယ်ဘူး၊ နင်က မကူညီရင်တောင် ထားလိုက်ပါဦး၊ ယွမ် တစ်သောင်းတန်တဲ့ လက်ဖွဲ့လက်ဆောင်ကိုပါ ယူသွားချင်သေးတယ်၊ နင် အခုရော ဘာတွေထပ်လိုချင်နေသေးတာလဲ”

အန်တီယန်က ယနေ့တွင် ပြောရန် ဆုံးဖြတ်ထားသည့်စကားများကို ကျိုးချွေ့ဟွားကို ကောင်းကောင်းကြီးပြောဆိုနေခဲ့သည်။

ထိုအချိန်မှသာ လင်းမိန်ဟွေ့ တစ်ယောက် အန်တီယန်၏လျှာက မည်မျှအထိ အစွမ်းထက်သည်ကို သဘောပေါက်သွားရ၏။ အန်တီယန်သည်က စိတ်ရင်းကောင်းသည်ချည်းသာ မဟုတ်ဘဲ၊ သူမ၏ ကြင်နာမှုတွင် ရန်လိုသည့် ဆူးတစ်ချောင်း လည်းပါဝင်နေခဲ့ပေသည်။

ကျိုးချွေ့ဟွားသည်ကား သူမ အန်တီယန်နှင့် ယှဉ်ပြောနိုင်မှန်းကို သိသွားသောကြောင့် ပြာယာခတ်သွားပြီး ပြောလာပြန်၏။

“ဖယ်ပေး၊ ကျွန်မ အိမ်မှာ လုပ်စရာတွေရှိသေးတယ်၊ ရှင်က ကျွန်မကို တံခါးဝမှာ ပိတ်ထားပြီး အိမ်မှာ အစားအသောက်ချက်တာ နှောင့်နှေးအောင်လို့ ဝင်ရှုပ်ချင်လို့လား၊ ရှင်က ကျွန်မတို့အတွက် အစားအစာတွေ ပေးချင်နေတာလား”

အန်တီယန်က နှာခေါင်းရှုံ့၍ မျက်ခုံးပင့်ကာ ပြောလာသည်။

“ငါတို့အိမ်မှာတော့ည နင်တို့လောက် အစားအသောက်တွေ မရှိဘူး၊ ဒါပေမဲ့ ဝက်စာတွေတော့ အများကြီးရှိတယ်၊ နင်လိုချင်လား”

“ရှင်င် ဘာတွေပြောနေတာလဲ! ရှင်... “

ကျိုးချွေ့ဟွားတစ်ယောက် လည်ပင်းအထိနီရဲသွားခဲ့လေ၏။ သူမသည်က ငွေအနည်းငယ် ယူချင်ရုံမျှသာ ဖြစ်ပေသည်။ သို့သော် ကပ်ဆိုးများစွာနှင့်သာ ကြုံတွေ့ရကာ လက်ဗလာနှင့်ပြန်ရမည်ဟု မည်သူမျှ ထင်မည်နည်း။

“ငါ ပြောတာ ဒီလောက်ပဲ၊ နင် နားထောင်ချင်ရင် နားထောင်၊ နားမထောင်ချင်ရင် မနားထောင်နဲ့၊ ငါက နင့်အိမ်ကို ပြဿနာရှာဖို့ လာတာမဟုတ်ဘူး၊ ဒါက စုန့်ယီ ရဲ့ အိမ်...”

အန်တီယန် ပြောပြီးသည်နှင့် ကျိုးချွေ့ဟွားကို တွန်းထုတ်ပြီး သူမ၏လက်ထဲရှိ ကြက်ဥခုနစ်ရှစ်လုံးကို တံခါးဝနားမှ ဗီရိုပေါ်သို့ တင်လိုက်သည်။

အန်တီယန်က လင်းမိန်ဟွေ့ကို ပြောလာလေ၏။

“မိန်ဟွေ့၊ စုန့်ယီရဲ့ ဒဏ်ရာကို ကောင်းကောင်း ဂရုစိုက်လိုက်ပါဦး၊ ငယ်သေးတယ်ဆိုပြီး ပေါ့ပေါ့ဆဆ မလုပ်နဲ့၊ ဒီမှာကြက်ဥတွေယူလာတယ်၊ အားရှိအောင် စားရမယ်၊ ဒါက ငါတို့ကိုယ်တိုင် မွေးထားတဲ့ ကြက်က ဥထားတဲ့ဥတွေပဲ၊ အိမ်မှာ ကျန်သေးတယာ၊ မင်းတို့ ထပ်လိုရင် ငါယူလာခဲ့ပေးမယ်”

“အန်တီယန်၊ ဘာလို့ ဒီလောက်တောင် ဒုက္ခခံရတာလဲ၊ အန်တီနဲ့ ဦးလေးယန်လည်း ဒီကြက်ဥတွေကို စားရဦးမယ်လေ၊ အန်တီတို့က အသက်ကြီးပြီ...”

လင်းမိန်ဟွေ့တစ်ယောက် လတ်ဆတ်သည့် ကြက်ဥများကို ကြည့်ရင်း သူမ၏ နှလုံးသားက လှုပ်ရှားသွားခဲ့ရ၏။

တစ်ခါတစ်ရံ ဝေးကွာသည့်အရပာမှ ဆွေမျိုးများမှာ အနီးတွင်ရှိနေသည့် အိမ်နီးချင်းများလောက် မကောင်းပေ။

ယခုတွင်တော့ သူမ၏ မိဘများက အနီးတွင်ရှိနေသော အိမ်နီးချင်းများလောက်ပင် မကောင်းသည်ကို တွေ့မြင်နေရပေသည်။

သို့သော် အန်တီယန်က သူမ၏လက်ကို ဝှေ့ရမ်း၍ ရယ်မောကာ ပြောလာသည်။

“ငါတို့နှစ်ယောက်တည်းနှင့် ဒီလောက်အများကြီး မစားနိုင်ပါဘူး၊ အိမ်မှာ ကြက်မ ခုနစ်ရှစ်ကောင်တောင် ကြက်ဥ ဥနေတာလေ၊ စိတ်မပူနဲ့ စုန့်ယီကိုပဲ ကောင်းကောင်းဂရုစိုက်လိုက်”

အန်တီယန်က မထွက်ခွာမီ တံခါးဝ၌ ပိတ်နေသေးသည့် ကျိုးချွေ့ဟွားကို တစ်ချက်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

“နင် မသွားသေးဘူးလာ၊ ဘာလို့ ဒီမှာ ရပ်စောင့်နေတာလဲ ငါပြောလိုက်မယ်နော်၊ ဒီလူငယ်စုံတွဲကို နောင်ဆို မနှောင့်ယှက်နဲ့တော့၊ သူတို့အတွက် မလွယ်ဘူး၊ စိတ်ကို ဝက်ဆီဖုံးပြီး ပိုက်ဆံကိုပဲ မက်မနေနဲ့တော့”

ကျိုးချွေ့ဟွားသည်ကား ဤသို့ ဆူပူခံရသည့်အတွက် ရပ်နေသည့်နေရာ၌ပင် ကြောင်အသွားပြန်၏။ အန်တီယန်က သူမဆီသွား၍ လက်ကိုဆွဲကာ အပြင်သို့ ဆွဲထုတ်သွားခဲ်သည်။

ကျိုးချွေ့ဟွား: “ရှင်င် ကျွန်မကို နာကျင်အောင်လုပ်နေတာပဲ၊ လွှတ်ပေး”

အန်တီယန်က ကျိုးချွေ့ဟွားကို ခြံဝအထိ ဆွဲခေါ်သွားပြီးမှ လင်းမိန်ဟွေ့ကိုပြောလိုက်သည်။

“မိန်ဟွေ့၊ ဒီကိုလာပြီး တံခါးပိတ်လိုက်ဦး၊ တောခွေးတွေ နောက်ထပ် မဝင်လာစေနဲ့၊ ဟောင်ပြီး အိမ်ထဲက ပစ္စည်းတွေ လုတာမျိုးတွေရှိတတ်တယ်၊ တံခါးသော့ခတ်ဖို့ မမေ့နဲ့”

အန်တီယန်၏ လုပ်ရပ်ကြောင့် လင်းမိန်ဟွေ့ပင်လျှင် ကြောင်အအ ဖြစ်သွား၏။ စုန့်ယီက တိုက်တွန်းမှသာ ခြံတံခါးကို အလျင်အမြန် ထပိတ်လိုက်မိသည်။

သူတို့နှစ်ယောက်လုံး ထွက်သွားပြီးနောက် လင်းမိန်ဟွေ့က စုန့်ယီဘက် လှည့်၍ ပြောလိုက်မိသည်။

“အန်တီယန်က တကယ်ကို ကြောက်စရာကောင်းတာပဲ၊ ကျွန်မက အန်တီယန်က အမြဲတမ်း ကြင်နာတတ်ပြီး အေးအေးဆေးဆေးနေတတ်တယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူမက တကယ်ကို မြင်ရတာနဲ့ မတူဘူးပဲ”

စုန့်ယီက ရယ်မောလိုက်သည်။

“အန်တီယန် ငယ်ငယ်တုန်းက အရမ်း အစွမ်းထက်ခဲ့တာလေ၊ ရွာထဲမှာ ဘယ်သူမှ သူ့တို့ရဲ့မိသားစုကို ရန်မစနိုင်ဘူး၊ နောက်ပိုင်း ဦးလေးယန်ရဲ့ ကျန်းမာရေးမကောင်းတော့မှ အန်တီယန်က ပါးစပ်ကို သီလစောင့်လာခဲ့တယ် ပြောရမယ်၊ ပါးစပ်က သိပ်မဆိုးတော့ဘူး၊ အရင်ကဆို သူမရဲ့လျှာက အရမ်းအစွမ်းထက်တာ”

လင်းမိန်ဟွေ့တစ်ယောက် အံ့ဩသင့်သွားရ၏။ အန်တီယန်က မကြာခင်အချိန်တုန်းက ကျိုးချွေ့ဟွားကို သူမနှင့် စုန့်ယီအတွက် ဆူပူကျိန်းမောင်းလိုက်သည်ပင်။ သူမက သူတို့အတွက်လုပ်ခဲ့ခြင်းဖြစ်ပေ၏။

လင်းမိန်ဟွေ့က ကြက်ဥများကို ဗီရိုထဲသို့ ထည့်လိုက်ရင်း နှလုံးသားထဲတွင် အလွန်ပင် နွေးထွေးနေသကဲ့သို့ ခံစားရ၏။

လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီနှင့် လက်ထပ်ပြီးကတည်းက တစ်ခါမျှ မခံစားဖူးသည့် နွေးထွေးမှုများစွာကို ခံစားခဲ့ရသည်။ အန်တီယန်၏ ကာကွယ်ပေးမှုများကိုပါ ရရှိခဲ့သည်။

ဘဝက ဆင်းရဲသော်လည်း ဤသို့နွေးထွေးမှုများရှိနေသည့်အတွက်ကြောင့် မည်သည့်အရာကိုမျှ ကြောက်စရာမလိုဟု ထင်ရသည်။

နောက်တစ်နေ့တွင် လင်းမိန်ဟွေ့က စုန့်ယီကို အိမ်တွင်ထားခဲ့ပြီး လှည်းဖြင့် သစ်သီးယိုများ ရောင်းရန် ထွက်လာခဲ့သည်။ ကားထဲတွင် သူမ ဝယ်လာသည့် လိမ္မော်ဖျော်ရည်မှုန့်နှင့် ကိတ်မုန့်များလည်း ပါဝင်ခဲ့ပေသည်။

မည်သို့ပင်ဖြစ်စေ သူမ အစ်မစုန့်ကို သွားတွေ့ရလိမ့်မည်။

မြို့သို့ ရောက်လျှင် လင်းမိန်ဟွေ့က သစ်သီးယိုများကို ချခင်းက် ရောင်းချရန် စတင်သည်နှင့် လူအများအပြားက ချက်ချင်းဝိုင်းအုံလာခဲ့သည်။

သူတို့အားလုံးမှာ လင်းမိန်ဟွေ့ထံမှကြောင့် အကျိုးခံစားခဲ့ရသည့် လမ်းဘေးဈေးသည်များ မိတ်ဆက်ပေးသည့် ဖောက်သည်များပင်။ ထိုဖောက်သည်များက ရှေ့တိုးလာပြီး အသီးယိုများကို ရွေးရင်း ရယ်မောကာ ပြောလာခဲ့ကြသည်။

“ ကျွန်မတို့တွေ ရက်အတော်ကြာ စောင့်နေတာ”

လင်းမိန်ဟွေ့က တောင်းပန်လိုစွာ ပြုံး၍ ပြောလိုက်လေ၏။

“ကျွန်မ လတ်ဆတ်တဲ့ သစ်သီးတွေ မဝယ်နိုင်ဘူ့ဖြစ်နေလို့ ရက်နည်းနည်းလောက် နားခဲ့ရတာပါ”

“မင်းရဲ့သစ်သီးယိုတွေက ပြောစရာတောင်မလိုဘူး၊ အရမ်းကို အရသာရှိတယ်၊ ငါတို့ကလေးတွေဆို ဝှက်ထားတာကိတောင် ခိုးစားကြတာ!”

အမျိုးသမီးငယ်တစ်ယောက်က ပိုက်ဆံထုတ်ရင်း ရယ်မော၍ ပြောလိုက်သည်။

ပိုက်ဆံယူပြီးသည်နှင့် လင်းမိန်ဟွေ့က ကြင်နာစွာ သတိပေးလိုက်သည်။

“သစ်သီးယိုက အာဟာရဖြစ်ပေမဲ့ သကြားများများ စားရင် သွားတွေကို ပျက်စီးစေလိမ့်မယ်/ အစ်မ၊ ကလေးရဲ့ ပါးစပ်ကို ဆေးပြီး သွားတိုက်ပေးဖို့ မမေ့နဲ့နော်”

“နင်က သစ်သီးယိုရောင်းပြီး သွားဆရာဝန်ပါ လုပ်နေသေးတာပဲ”

လူတိုင်းက စကားပြောဆိုကာ ရယ်မောနေကြရင်း ခဏအကြာ၌ သစ်သီးယိုဘူး တစ်ဒါဇင်ကျော်လောက်က ရောင်းကုန်သွားခဲ့သည်။

“နောက်ဆို ဘယ်အချိန်ပဲလာလာ၊ ဖောက်သည်တွေကို မိတ်ဆက်ပေးမယ်၊ မင်း အလကားသက်သက် ထိုင်စောင့်နေစရာ မလိုတော့ဘူး”

“ကျွန်မ နောက်ဆို သစ်သီးယိုတွေကို ရောင်းနိုင်တော့မှာ မဟုတ်ဘူး”

လင်းမိန်ဟွေ့အနေဖြင့် ဤဖောက်သည်များကို စွန့်ခွာရသည်မှာ အနည်းငယ်နှမြောသော်လည်း အမှန်အတိုင်း ပြောပြရဦးမည်။

“ဘာလို့လဲ၊ ဒီသစ်သီးယိုက ဒီလောက်ကောင်းအောင် လုပ်ထားတာ၊ မရောင်းဘူးဆိုရင် မင်းရဲ့ပညာရပ်က နှမြောစရာမကောင်းဘူးလား”

တစ်စုံတစ်ယောက်က လင်းမိန်ဟွေ့ကို အနည်းငယ်ရှုပ်ထွေးစွာ မေးလိုက်သည်။

လင်းမိန်ဟွေ့က သက်ပြင်းချလိုက်ပြီး လူတိုင်းကို တောင်းပန်ချင်စွာဖြင့် ပြုံးပြလိုက်သည်။

“ကျွန်မက လူယုတ်မာတစ်ယောက်ကို ရန်စမိလို့ပါ၊ သူက ကျွန်မရဲ့ စီးပွားရေးကို အမြဲရှုပ်ထွေးအောင် လုပ်နေလို့ ပြဿနာတွေကိုရှောင်ဖို့ ရပ်လိုက်တာပါ၊ ကျွန်မရဲ့ စီးပွားရေးကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်”

လင်းမိန်ဟွေ့က လူတိုင်းကို ဦးညွှတ်လိုက်လျှင် လူတိုင်းက ခေါင်းခါရမ်း၍ သက်ပြင်းချလိုက်ကြသည်။

သူတို့သည်လည်း ဈေးထဲမှ ကျန်းကျစ်ကုန်း၏ အနိုင်ကျင့်မှုအကြောင်းကို ကြားဖူးသော်လည်း ဤမိန်းကလေးအတွက် မည်သည်ကိုမျှ လုပ်ပေးနိုင်ခြင်းမရှိပေ။ ဤမျှကောင်းသည့် သစ်သီးယိုပြုလုပ်သော ပညာရပ်အတွက်သာ နှမြောတသ ဖြစ်နိုင်ခဲ့ကြသည်။

လူတိုင်း ပြန့်ကျဲသွားပြီးနောက် လင်းမိန်ဟွေ့က သူမ၏အိတ်ထဲမှ ငွေများကို ရေတွက်လိုက်သော် ယွမ် ၂၀ ကျော် ရှိနေသည်ကို တွေ့ရသည်။

ဤတစ်ကြိမ်တွင်တော့ စုန့်ယီအတွက် အသားအနည်းငယ် ဝယ်၍ အသားဟင်းစွပ်ပြုတာချက်ပေးရန် လုံလောက်သည့် ငွေပမာဏကို ရရှိခဲ့ပေပြီ။

ဦးလေးယန်အတွက်လည်း အနည်းငယ်ချက်၍ ပို့ပေးရမည်။ လင်းမိန်ဟွေ့ အနည်းငယ်ပျော်ရွှင်သွားခဲ့၏။

လင်းမိန်ဟွေ့က နောက်ဆုံးကျန်ရှိသည့်ဘူးကို ဈေးသည်တချို့ဆီသို့ ဝေပေးလိုက်ပြီး ပြန်ရောက်ချိန်တွင် မြည်းစမ်းကြည့်ရန် ပြောလိုက်သည်။

ဈေးသည်များအားလုံးက လင်းမိန်ဟွေ့မှာ စိတ်ထားကောင်းမွန်ပြီး စိတ်သဘောထားပြည့်ဝသည့် မိန်းကလေးဖြစ်ကြောင်း တွေးတောလိုက်ကြသည်။ တချို့ဆိုလျှင် ရယ်မော၍ လင်းမိန်ဟွေ့ လက်ထပ်ပြီးသားဖြစ်နေခြင်းက နှမြောစရာကောင်းကြောင်း၊ မဟုတ်လျှင် သူတို့၏တူနှင့် မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ပြောခဲ့ကြသည်။

လင်းမိန်ဟွေ့ သစ်သီးယိုများကို ရောင်းပြီးနောက် သူမ၏ လှည်းကို တောသစ်သီးရောင်းသည့် ဦးလေးဆီသို့ အပ်ထားခဲ့ပြီး သူမ၏ ပစ္စည်းများကိုသယ်၍ အစ်မစုန့်အိမ်သို့ သွားခဲ့သည်။

တံခါးဝသို့ ရောက်သည့်အချိန်တွင် အစ်မစုန့်မှာ ခြံထဲ၌ အဝတ်လျှော်နေသည်ကို တွေ့လိုက်ရသည်။ သူမက တော်တော်လေး ပိန်ကျသွားဟန်ရှိသည်။

ယနေ့တွင် ဆူပူမှုများ မရှိသော်လည်း အိမ်က ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။ လင်းမိန်ဟွေ့ အနည်းငယ်လောက် စိတ်မကောင်းဖြစ်သွားပြီး တံခါးကို ဖြည်းဖြည်းလေး ခေါက်လိုက်သည်။

“အစ်မစုန့်”

အစ်မစုန့် မော့ကြည့်လိုက်လျှင် လင်းမိန်ဟွေ့ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပြုံးလိုက်လေသည်။

“မိန်ဟွေ့ ၊ နင် ဘာလို့ ဒီရောက်နေတာလဲ ငါ့အိမ်ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ”

“အစ်မစုန့်၊ ကျွန်မ အစ်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မေးခဲ့တာ၊ အစ်မကို အနှောင့်အယှက်ပေးမိလို့ တကယ်တောင်းပန်ပါတယ်! ဒါကြောင့်ကျွန်မ အစ်မကို လာတွေ့ချင်ခဲ့တာ”

လင်းမိန်ဟွေ့ ခေါင်းမော့ကြည့်လိုက်လျှင် အခန်းထဲ၌ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည်လည်း ခြံထဲကို လှမ်းကြည့်နေခဲ့လေသည်။

လင်းမိန်ဟွေ့တစ်ယောက် ဤသို့ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် အစ်မစုန့်ကဲ့သို့ မိန်းမတစ်ယောက်တွင် ဤသို့ ကံမကောင်းသည့် မိသားစုဘဝ ရှိနေလိမ့်မည်ဟု မထင်ခဲ့ပါချေ။

အစ်မစုန့်က ခဏလောက် ကြောင်အမ်းသွားပြီးမှ အပြုံးလေးနှင့် ပြောလာခဲ့သည်။

“မိန်ဟွေ့ ငါ မင်းကို အပြစ်မတင်ပါဘူး၊ ငါက မင်းကို ကူညီပေးချင်ခဲ့တာ ၊ ကံမကောင်းဘဲ ငါ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး၊ အဲဒီ ကျန်းကျစ်ကုန်းက တကယ်ကို ယုတ်မာလွန်းတယ်”

လင်းမိန်ဟွေ့ ပစ္စည်းများကို အစ်မစုန့်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“အစ်မ ဘာတွေကို ကြိုက်တတ်လဲဆိုတာမသိတာနဲ့ ၊ ကျွန်မရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ဒါလေးတွေပဲ ယူလာခဲ့တော့တယ်”

**

အခန်း(44) သူနှင့် စကားပြောလိုက်မယ်

အစ်မစုန့်က လင်းမိန်ဟွေ့ဘက်မှ သူမကို ဤမျှဂရုစိုက်သည်ကို မြင်သော် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့လေ၏။ သူမက လင်းမိန်ဟွေ့ကို အခန်းထဲသို့ ခေါ်ကာ ထိုင်ခိုင်းခဲ့သည်။ ထို့သးနောက် လက်ဖက်ရည်ငဲ့ပေးပြီး ကိတ်မုန့်များ တည်ခင်းဧည့်ခံခဲ့လေသည်။

“မိန်ဟွေ့၊ နင် ဒုက္ခခံပြီး လာခဲ့တာပဲ”

“စုန့်မေ့ယွင်၊ ဒါ ဘယ်သူလဲ၊ နင့် လုပ်ဖော်ကိုင်ဖက်လား”

အစ်မစုန့်ကို ယခင်က ဆူပူခဲ့သည့် အမျိုးသားက ဘီးတပ်ကုလားထိုင်နှင့် ရောက်လာခဲ့ပြီး လင်းမိန်ဟွေ့ကို မနှစ်မြို့သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ လင်းမိန်ဟွေ့မှာ သူ အလွန်အမင်းမုန်းတီးနေသော ဆိုးဝါးသည့်လူတစ်ယောက်ကဲ့သို့ပင် ထင်ရသည်။

အစ်မစုန့်၏ မျက်နှာက အနည်းငယ် ရှက်ရွံ့သွားသည့်အရိပ်များဖြစ်ပေါ်လာခဲ့ရပြီး လင်းမိန်ဟွေ့ကို ပြောလိုက်သည်။

“ သူက ငါ့ရဲ့ ခင်ပွန်းသည် ဝမ်ကျင်းဝမ့်လေ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျောက်မိုင်းတစ်ခုမှာ အလုပ်လုပ်ရင်း မတော်တဆဖြစ်ခဲ့တာ...”

လင်းမိန်ဟွေ့က ဝမ်ကျင်းဝမ့်ဘက်ကိုလှည့်ကာ ခေါင်းညိတ်လိုက်သည်။ ဤလူသည်က အတော်လေး နူးညံ့ပြီး ပညာတတ်ဟန်ရှိသည်။ ဤသို့လူများသည် မလွဲမသွေ စိတ်ကူးယဉ်တတ်ပြီး တစ်ခါတစ်ရံ ထင်ရာမြင်ရာများ တွေးတောတတ်ကြပေသည်။

အစ်မစုန့်က လင်းမိန်ဟွေ့ကို မိတ်ဆက်ပေး၍ မပြီးသေးမီ သူမ၏ခင်ပွန်းက သူမကို အေးစက်စွာ ကြည့်ပြီး ပြောလာသည်။

“မင်းက ငါ့ရဲ့မသန်စွမ်းမှုအကြောင်းကို တခြားသူတွေကို ပြောပြရတာကို ကြိုက်နေလား၊ ဘာလို့လဲ၊ ကူအကူအညီမဲ့နေသလို ဟန်ဆောင်ပြီး လူတွေက မင်းကို သနားအောင်လုပ်နေတာလား၊ ဒါမှ ရှက်စရာကောင်းတဲ့ အလုပ်တွေ လွတ်လွတ်လပ်လပ်လုပ်နိုင်အောင်လို့လား”

“ကျင်းဝမ့်၊ ဒီမိန်းကလေးလည်း ရှိနေသေးတယ်၊ ငါတို့ စကားပြောတာကို ဒီလောက် ဆိုးဝါးအောင် မပြောလို့မရဘူးလား”

အစ်မစုန့်သည်ကား အလွန် ရှက်ရွံ့တတ်သည့်သူတစ်ယောက်ပင်။ ဤသို့ပြောလိုက်ပြီးနောက် သူမ၏မျက်နှာက အနည်းငယ် ပူပန်လာပြီး ဖုံးကွယ်မရနိုင်သည့် ဝမ်းနည်းမှုနှင့် နာကျင်မှုများက သူမ၏ မျက်လုံးများမှ စိမ့်ထွက်လာခဲ့သည်။

လင်းမိန်ဟွေ့လည်း ဤအခြေအနေကို မြင်လျှင် စိတ်ပူပန်သွားရ၏။

သူမ၏ အရင်ဘဝ၌ ကျန်းကျစ်ကုန်း၏ အိမ်တွင်းအကြမ်းဖက်မှု၊ စော်ကားမှုနှင့် အရှက်ခွဲမှုများကို ကြုံဖူးခဲ့သည်။

ဤသို့ကြောင့်ပင် အစ်မစုန့်ကဲ့သို့ ကောင်းမွန်သည့်လူတစ်ယောက်က ဤသို့ခံစားရသည်ကို သူမ မကြည့်နိုင်ဘဲ တခြားသူများ၏ ကိစ္စများထဲ ဝင်ပါရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဝမ်ကျင်းဝမ့်က ပို၍ပင် ဒေါသကြီးလာကာ ရူးသွပ်လာပုံရသည်။

သူက စားပွဲပေါ်မှ ကြွေထည်ရေကရားကို ကောက်ယူပြီး အစ်မစုန့်ကို ပစ်ပေါက်လိုက်လေသည်။ ထို့နောက်တွင် အပြင်းအထန် ကျိန်ဆဲလိုက်သည်။

“စုန့်မေ့ယွင်၊ မင်း ငါ့ကို မသန်စွမ်းတစ်ယောက်လို့ ထင်ရင် တခြားထွက်ပေါက် ရှာလိုက်၊ ငါတို့ ဝမ်မိသားစုမှာ မတ်နဲ့ မရီးကြားက အရှုပ်အထွေးတွေကို ခွင့်မပြုဘူး”

အစ်မစုန့်က ကျောက်ရုပ်ကဲ့သို့ ရပ်နေခဲ့၏။ သူမ၏ မျက်လုံးများကလည်း နီရဲလာခဲ့ကာ မျက်ရည်များ စီးကျလာပြီး လုံးဝ စိတ်ပျက်အားငယ်နေဟန်ရှိသည်။

ဘဝက မည်မျှပင် ခက်ခဲပါစေ၊ သူမ တစ်ခါမျှ မငိုခဲ့ဖူးပေ။

သို့သော် ဤအမျိုးသားက သူမကို နားလည်မှုလွဲ၍ နာကျင်အောင်လုပ်သည့်အချိန်မျိုးတွင်တော့ သူမ၏နှလုံးသားက လုံးဝကျိုးကြေသွားရတတ်ပြီး မိသားစုကို ထောက်ပံ့နိုင်မည့် အားအင် မရှိတော့ဟု ထင်ရသည်။

လင်းမိန်ဟွေ့လည်း အစ်မစုန့်၏ ခံစားချက်ကို နားလည်နိုင်ခဲ့ပြီး သူမကို အခန်းထဲမှ ဆွဲထုတ်လိုက်လေ၏။

“အစ်မစုန့်၊ အစ်မ ကျွန်မကို ယုံပေးရမယ်၊ ကျွန်မ အကိုနဲ့ စကားပြောကြည့်လိုက်မယ်၊ ကျွန်မ သူ့ကို နားလည်အောင် ပြောပေးနိုင်လောက်တယ် ၊ အစ်မက တခြားလူတွေကို မသိစေချင်ဘူးဆိုရင် ကျွန်မ လင်းမိန်ဟွေ့ ဒီနေ့ ကျိန်ဆိုလိုမယ်၊ ကျွန်မ ဒီနေဖြစ်ခဲ့တဲ့ကိစ္စတြေကို တခြားသူတွေဆီကို စကားလုံးတစ်ဝက်တောင် ပြောမှာမဟုတ်ဘူး”

လင်းမိန်ဟွေ့က လက်ချောင်းသုံးချောင်းထောင်၍ အစ်မစုန့်ကို ကျိန်ဆိုရန် ပြင်လိုက်သည်။

အစ်မစုန့်က သူမ၏ လက်ကို ပြန်ဆွဲထားပြီး ငိုရှိုက်သံများဖြင့် ပြောလာလေ၏။

“မိန်ဟွေ့၊ နင် စိတ်ရင်းကောင်းတာကို ငါသိပါတယ်၊ ဒါပေမဲ့ သူ... သူ့ရဲ့နှလုံးသားက ပြသနာဖြစ်နေတာ၊ လူအများစုက သူ့ကို မစည်းရုံးနိုင်ဘူး”

လင်းမိန်ဟွေ့က သူမ၏အိတ်ထဲမှ လက်ကိုင်ပဝါတစ်ထည်ထုတ်၍ အစ်မစုန့်၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

“အစ်မစုန့်၊ ဝမ်းမနည်းပါနဲ့၊ အခြေအနေက လူတွေအပေါ် မူတည်တယ်၊ အစ်ကိုက မသိနားမလည်တဲ့သူ မဟုတ်ဘူးလို့ ကျွန်မယုံတယ်၊ သူက သံသယဝင်ပြီး မတွေးတတ်တော့တာပဲ ဖြစ်လိမ့်မယ်”

စုန့်မိန်ယွင် လင်းမိန်ဟွေ့ကို ကြည့်လိုက်သည်။ သူမသည်က ငယ်သော်လည်း စကားအပြောအဆိုနှင့် အပြုအမူများမှာ တည်ငြိမ်သည့်အရှိန်အဝါ တစ်မျိုးရှိနေခဲ့သည်ပင်။

အထူးသဖြင့် စီးပွားရေးနှင့်ပတ်သက်၍ သူမ၏ နားလည်မှုသည် အတော်လေးမြင့်မားသည်။ သူမသည်လည်း လင်းမိန်ဟွေ့ကို ယုံကြည်ရန် တွေးတောနေခဲ့သည်။

ဤအချိန်၌ အခန်းထဲမှ ဝမ်ကျင်းဝမ့်မှ အော်ဟစ်လာသည်ကို သူမကြားလိုက်ရသည်။

“စုန့်မေ့ယွင်၊ ငါ နင့်ကို ပြောမယ်၊ နင် အရှေ့ခြေလှမ်းလိုက်တာနဲ့ ငါ နောက်ခြေလှမ်းမှာ ပိုးသတ်ဆေးသောက်ပစ်လိုက်မယ်...”

စုန့်မေ့ယွင်သည်ကား ဤသို့စကားသံများကို နှစ်အတော်ကြာအောင် နားထောင်ခဲ့ရသောကြောင့် သူမ၏နှလုံးသားက ထုံကျင်နေပေပြီ။

သို့သော် ယနေ့၌မူ သူမ၏နှလုံးသားကို တူဖြင့် ထုရိုက်ခံရသကဲ့သို့ အထူးနာကျင်ခဲ့ရသည်။

“မိန်ဟွေ့၊ ကျေးဇူးပြုပြီး ငါ့အတွက် သူ့ကို စည်းရုံးပေးပါဦး၊ ငါ့ဆီမှာ အဲဒီလို ရည်ရွယ်ချက် မရှိဘူးလို့ ပြောပေးပါ၊ ငါ သူ့ကို လက်ထပ်တဲ့နေ့ကတည်းက သူ့နဲ့ လမ်းခွဲဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူလည်း ငါ့ကို ပျော်ရွှင်တဲ့ဘဝ ပေးခဲ့တယ်၊ ငါ ဒါကို မေ့လို့ မရခဲ့ဘူး”

လင်းမိန်ဟွေ့ ခေါင်းညိတ်၍ အစ်မစုန့်ကို တီးတိုးနှစ်သိမ့်လိုက်သည်။

“အစ်မစုန့်၊ ကျွန်မကို ယုံပါ၊ ကျွန်မတို့တွေ စိတ်ထားကောင်းနေသရွေ့ ဘဝက အမြဲတောက်ပနေမှာပါ”

“ကောင်းပြီ!”

အစ်မစုန့်က တံခါးဝရှိ ကျောက်တုံးပေါ်တွက် ထိုင်၍ လင်းမိန်ဟွေ့၏ လက်ကိုင်ပဝါဖြင့် သူမ၏မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်သည်။ လင်းမိန်ဟွေ့ကတော့ ခြံထဲသို့ ပြန်ဝင်သွားခဲ့လေသည်။

တံခါးဖွင့်လိုက်သည်နှင့် မြေပြင်ပေါ်၌ ရှုပ်ပွနေသော ကြွေထည်အစများကို မြင်လိုက်ရသည်။

လင်းမိန်ဟွေ့ တိတ်တဆိတ် ကူညီရှင်းလင်းပေးသည်။ ဝမ်ကျင်းဝမ့်က လင်းမိန်ဟွေ့၏ လုပ်ဆောင်မှုများကို အေးစက်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများက လျစ်လျူရှုမှုများနှင့် ပြည့်နေခဲ့လေ၏။

“အစ်ကိုကြီး၊ ကျွန်မက သူစိမ်းတစ်ယောက်ပါ၊ ဒီနေ့ ဒီအိမ်ကနေ ထွက်သွားရင် အစ်ကိုကြီးနဲ့ နောက်ဘယ်တော့မှ ပြန်မတွေ့ရတော့တာဖြစ်နိုင်တယ်၊ အစ်ကိုကြီးရဲ့ စိတ်ထဲက စကားတွေကို ပြောပြရင် ပိုကောင်းလိမ့်မယ်၊ ရှင် အစ်မစုန့်ကို ဂရုစိုက်နေတုန်းပဲမလား”

“သူ အခု မြစ်ထဲကို ခုန်ဆင်းသွားရင်တောင် ငါဂရုမစိုက်ဖူးဘူး “

ဝမ်ကျင်းဝမ့် မျက်နှာက နီရဲလာခဲ့ပြီး နားထင်ကြောများပင် ထောင်ထွက်လာခဲ့၏။ စုန့်မေ့ယွင်အား ယခုချက်ချင်း မြစ်ထဲသို့ ခုန်ဆင်း၍ သေဆုံးစေလိုဟန်ရှိသည်။

သူ၏လက်များကို သူ၏ခြေထောက်များပေါ်သို့ တင်ထားပြီး ဒေါသကို ထိန်းချုပ်ရန် ခပ်တင်းတင်း ဆုပ်ထားလေသည်။

လင်းမိန်ဟွေ့အနေဖြင့် ဝမ်ကျင်းဝမ့်မှ အစ်မစုန့်ကို အလွန်ဂရုစိုက်၍ ဤမျှဒေါသထွက်နေခြင်းဖြစ်ကြောင်းကို ပြောနိုင်ပေသည်။

“အစ်ကိုကြီး၊ တခြားနည်းနဲ့ ပြောရအောင်၊ တကယ်လို့ အခုချိန်မှာ မသန်စွမ်းဖြစ်နေတဲ့လူက အစ်မစုန့် ဖြစ်ပြီး ရှင် သူ့ကို ဂရုစိုက်နေမယ်ဆိုရင်... ဒီအချိန်မှာ သူ့ကို စွန့်ပစ်ပြီး တခြားလူနဲ့ ထွက်ပြေးမှာလား”

လင်းမိန်ဟွေ့၏ အသံက တည်ငြိမ်နေခဲ့သည်။ အေးမြသည့် လရောင်ထဲတွင် နှစ်ထားခြင်းခံရသလိုမျိုး ဝမ်ကျင်းဝမ့်ကို မမျှော်လင့်ဘဲ စိတ်ငြိမ်သွားစေခဲ့၏။

ဝမ်ကျင်းဝမ့် ခေါင်းငုံ့လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်တွင်လည်း ခါးသက်မှုတစ်စွန်းတစ်စတို့ကို တွေ့မြင်နေခဲ့ရ၏။

“မင်းရဲ့ အစ်မစုန့် ငါ့ကို လက်ထပ်တုန်းက ငါတို့ရဲ့ မိသားစုက အရမ်းဆင်းရဲခဲ့တယ်၊ ဒီအိမ်နဲ့ ခြံတွေက ငါတို့ ဇနီးမောင်နှံလက်ထဲမှာ ရှာဖွေခဲ့တာတွေပဲ၊

ငါ့ရဲ့အဖေက လောင်းကစားသမား၊ ငါ့ရဲ့အမေကတော့ အစောကြီးကတည်းက ဆုံးပါးသွားခဲ့တာ၊ ငါ့ရဲ့ညီကို ငါတို့ ဇနီးမောင်နှံပဲ ပြုစုပျိုးထောင်ခဲ့ရတယ်၊

မင်းရဲ့အစ်မစုန့်က ဘာမှမရှိတဲ့ဘဝကနေ ဒီလိုမျိုးအခြေအနေကို ဖန်တီးခဲ့တာ၊ သူက ဒီကမ္ဘာပေါ်မှာ ငါ့အတွက် အရေးအကြီးဆုံးလူတစ်ယောက်ပဲ၊ ငါက ဘယ်လိုလုပ်ပြီး သူ့ကို ပစ်ထားခဲ့နိုင်မှာလဲ”

ဝမ်ကျင်းဝမ့် ပြောရင်း ငိုကြွေးလာခဲ့လေ၏။ သူ၏လည်စေ့က အထက်အောက် ရွေ့လျားနေခဲ့သည်။

သူက စိတ်ခံစားမှုများကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ပုံရသည်။ ဤသည်မှာ လင်းမိန်ဟွေ့ကို ဝမ်းနည်းစေပြီး ရှင်းမပြနိုင်လောက်သည့် စိတ်လှုပ်ရှားမှု ဖြစ်စေခဲ့သည်။

ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း ဘဝနှစ်မျိုးစလုံးကို အတူမျှဝေခံစားခဲ့ရသည့် စုံတွဲများတွင်သာ ဤသို့ခံစားချက်မျိုး ရှိနိုင်ပေသည်။

“အစ်ကိုကြီး ၊ ရှင် အစ်မစုန့်ကို လက်ထပ်တုန်းက အစ်မစုန့်ရဲ့ စိတ်နေစိတ်ထားကြောင့် ဆွဲဆောင်ခံခဲ့ရတာလား...”

“အမှန်ပဲ၊ တခြားသူတွေဆိုရင် ငါ့ရဲ့မိသားစုကို ပြန်ဆွဲခေါ်ရမယ်ဆိုတာကို ကြားကတည်းက နောက်လှည့်ထွက်သွားကြတာ၊ ဒါပေမဲ့ သူက အကုန်လုံးကို လက်ခံပြီး မိသားစုထဲကိုရောက်တာနဲ့ အိမ်မှုကိစ္စတွေကို ဂရုစိုက်ပေးခဲ့တယ်၊ ဘယ်တုန်းကမှ မရပ်နားဘူး”

ဝမ်ကျင်းဝမ့် ပြောလေလေ မျက်ရည်များကျဆင်းလာခဲ့လေလေ ဖြစ်နေခဲ့သည်။ ခဏအကြာတွင် လက်နှင့် ခြေထောက်များကို ရိုက်၍ အားပါးတရ ငိုကျွေးလာခဲ့သည်။

လင်းမိန်ဟွေ့လည်း အနည်းငယ် ဝမ်းနည်းသွားပြီး မျက်လုံးများ နီရဲလာခဲ့လေသည်။

“အစ်ကိုကြီး၊ ကျွန်မ မြင်တာကတော့ ရှင်က ဒီမတော်တဆမှုကြောင့် ကိုယ့်ကိုယ်ကို ပိတ်မိနေတာပဲ၊ ရှင် စဉ်းစားကြည့်ပါဦး၊ ရှင်က အစ်မစုန့် ရဲ့ စိတ်နေစိတ်ထားကြောင့် ဆွဲဆောင်ခံခဲ့ရတယ်၊ အခုရော သူမ ပြောင်းသွားပြီလား

သူမက မပြောင်းလဲခဲ့ဘူး၊ ရှင်တစ်ယောက်ပဲ ပြောင်းလဲသွားတာ၊ အစ်မစုန့်က အိမ်မှုကိစ္စတွေကို ဂရုစိုက်နေတုန်းပဲ၊ ရှင့်ကိုလည်း ဂရုစိုက်နေတုန်းပဲ၊ ဒါပေမဲ့ ရှင့်ရဲ့ အတွေးတွေက ပြောင်းလဲသွားပြီ...”

ဝမ်ကျင်းဝမ့် ငေးကြောင်သွားပြီး သူ၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်ကိုပင် မသုတ်နိုင်တာပပေ

သူက မျက်ရည်များပြည့်နေသည့် မျက်လုံးများဖြင့် လင်းမိန်ဟွေ့ကို ကြည့်လာခဲ့ကာ မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏အသိစိတ်များက ရုတ်တရက် နိုးထလာပြီး ယခင်က သူ၏အတွေးများသည်လည်း အလွန်ဆိုးရွားကာ မကောင်းသည့် ထင်မြင်ချက်များနှင့်ပြည့်နေကြောင်း ခံစားလိုက်ရသည်။

သူ၏ဘေးတွင်ရှိနေခဲ့ကာ သူ့ကို ဂရုစိုက်လိုသည့် တစ်ဦးတည်းသောသူကို သူ၏ အတွင်းစိတ်ခံစားမှုများကြောင်း မကြာခဏ ညှင်းဆဲခဲ့မိသည်။

သူ ဘာတွေများ လုပ်နေခဲ့မိတာလဲ?

“အစ်မစုန့်သာ သွားချင်တယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေကတည်းက သွားနှင့်လောက်ပါပြီ၊ ဘာလို့ နှစ်ပေါင်းများစွာ အစ်ကိုကြီးကို ဂရုစိုက်နေရမှာလဲ

နောက်တစ်ခါ စဉ်းစားကြည့်၊ သူမသာ တခြားလူတစ်ယောက် ရှာချင်ရင် သူမရဲ့အခြေအနေမျိုးနှင့် ပိုကောင်းတဲ့သူမျိုးကို ရွေးချယ်နိုင်တယ်၊ ဒီလို ဆိုးရွားတဲ့အရာတွေထဲမှာ ပါဝင်နေဦးမှာလား၊ သူမက ရှင့်ရဲ့ညီနဲ့ တကယ်ကြီး အတူရှိနေနိုင်မှာတဲ့လား”

ဤစကားများက ဝမ်ကျင်းဝမ်ကို အသိတရားဝင်လာခဲ့ပြီး ရုတ်တရက် သူ၏မျက်နှာကို လက်ဖြင့်အုပ်၍ ငိုချလိုက်တော့သည်။

ဤအချိန်တွင် စုန့်မေ့ယွင်လည်း အထဲကို ဝင်လာခဲ့သည်။

သူမသည်ကား လင်းမိန်ဟွေ့၏ စကားများကို တံခါးအပြင်ဘက်မှ နားထောင်နေခဲ့ခြင်းဖြစ်လေသည်။

စကားလုံးတိုင်းက သူမ၏နှလုံးသားထဲမှ ထွက်လာခဲ့သည့်စကားများနှင့် ထပ်တူကျနေခဲ့သည်။ ကံမကောင်းစွာဖြင့် ဝမ်ကျင်းဝမ့်က သူမ၏စကားများကို မည်သည့်အခါကမျှ နားမထောင်ချင်ခဲ့ပါချေ။

All Chapters