← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း45 ဒီနေ့ စိတ်ခံစားချက်ကောင်းနေတယ်

လင်းမိန်ဟွေ့သည် အစ်မစုန့်၏လက်ကို ဆွဲကိုင်၍ ဝမ်ကျင်းဝမ်ကို ပြန်လှည့်ကြည့်လိုက်သည်။

“အစ်မစုန့်၊ အစ်ကိုကြီးကို သူ့ဘာသာသူ စဉ်းစားခွင့်ပေးလိုက်ပါဦး၊ အစ်မ ကျွန်မနဲ့အတူ မြို့ထဲကို လိုက်ခဲ့ပေးပါလား”

အစ်မစုန့်သည်ကား ဝမ်ကျင်းဝမ်အား ထားခဲ့ချင်စိတ်မရှိသော်လည်း လင်းမိန်ဟွေ့က အတင်းဆွဲခေါ်သွားသဖြင့် တံခါးအပြင်ဘက်သို့ ပါသွားတော့သည်။

“မိန်ဟွေ့၊ အစ်မ မရှိရင် သူပိုပြီး စိတ်မသက်မသာဖြစ်နေလိမ့်မယ်၊ အစ်မပြန်လာရင် သူ ဒေါသထွက်နေမှာ၊ အစ်မ အိမ်ပြန်တာ ပိုကောင်းမယ်ထင်တယ်…”

“အစ်မစုန့်၊ သူက အခုချိန်မှာ တွေးတောတောစရာတွေ ရှိနေသေးတယ်၊ အစ်မက အမြဲအလျှော့ပေးနေရင် အစ်မက အပြစ်လုပ်ထားတာလို့တွေးမိနေလိမ့်မယ်၊ အစ်မမှာ အပြစ်ရှိတဲ့စိတ်တွေ ရှိနေလို့ သူ့ကိုအလျှော့ပေးတယ်လို့ ထင်နေလိမ့်မယ်…

သူ့ကို ခဏလောက်တစ်ယောက်တည်း ထားခဲ့လိုက်ပါဦး၊ ဒီနှစ်တွေအတွင်း အစ်မ သူ့အတွက် ဘာတွေလုပ်ပေးခဲ့လဲဆိုတာ စဉ်းစားကြည့်ခိုင်းသင့်တယ်၊ ပြီးတော့ နောင်တချိန်မှာ သူ ဘာတွေလုပ်သင့်သလဲ၊ ဘဝကို ဘယ်လိုရင်ဆိုင်သင့်သလဲဆိုတာကိုလည်း စဉ်းစားကြည့်ပါစေ”

စုန့်မေ့ယွင်တစ်ယောက် လင်းမိန်ဟွေ့၏ စေတနာကို နားလည်ခဲ့သည်။ သူမအနေနဲ့ အလုပ်နှင့်အိမ်၌သာ အမြဲရှိခဲ့ရပြီး ယခုအချိန်တွင်တော့ ပထမဆုံးအကြိမ်အဖြစ် အကြောသ်းအရင်းမရှိဘဲ အိမ်မှ ထွက်ခွာခဲ့ခဲ့ကာ လမ်းပေါ်၌ လမ်းလျှောက်နေခဲ့သည်။

နွေရာသီနှောင်းပိုင်း ရာသီဥတုက တောက်ပ၍ သာယာနေခဲ့လေသည်။ လမ်းဘေးဝဲယာရှိ မက်မွန်ပန်းများက ပွင့်လိုက်၊ ကြွေလိုက်နှင့် ကမ္ဘာသစ်တစ်ခုသဖွယ် ထင်မှတ်ရသည်။

လင်းမိန်ဟွေ့လည်း အစ်မစုန့်အား နှစ်သိမ့်စကား အနည်းငယ် ပြောဆိုပြီး အစ်မစုန့်၏ မျက်နှာပေါ်၌ အပြုံးတစ်ခုကို တွေ့ရသောအချိန်တွင် စိတ်သက်သာရာရသွားခဲ့သည်။

ပြန်လာခါနီးတွင် လင်းမိန်ဟွေ့က အစ်မစုန့်အား သူမ အသီးအနှံခြောက်များကို ဆက်မရောင်းတော့ကြောင်း ပြောပြလိုက်သည်။

အစ်မစုန့်က အနည်းငယ် နှမြောသွားခဲ့ပြီး ကျန်းကျစ်ကုန်းမှ ထိုသို့ မကောင်းမှုများကို မလုပ်နိုင်စေရန်အတွက် တခြားနည်းလမ်းတစ်ခုကို လင်းမိန်ဟွေ့အတွက် စဉ်းစားပေးမည်ဟု ပြောဆိုလာခဲ့လေသည်။

လင်းမိန်ဟွေ့က ငြင်းဆန်လိုက်သည်။

“အစ်မစုန့်၊ အခုချိန်မှာ ကျွန်မတို့တွေက သူ့ကို မတိုက်ခိုက်ချင်လို့ မဟုတ်ဘူး၊ သူ့ကို မတိုက်နိုင်သေးတာပါ၊ ကျွန်မတို့မှာ ကိုယ်ပိုင်ဘဝတွေ ရှိတယ်၊ ဒီလိုလူမျိုးနဲ့ အမြဲရန်ဖြစ်နေလို့ မဖြစ်ဘူး၊ မှန်တယ်မလား”

“မိန်ဟွေ့၊ မင်းက အစ်မထက် အများကြီးငယ်ပေမယ့် အရာရာကို အမြဲရှင်းရှင်းလင်းလင်း မြင်ပြီး ပြောတဲ့စကားတွေကလည်း အဓိပ္ပာယ်ရှိတယ်၊ အစ်မသာ မင်းနဲ့စောစောတွေ့ခဲ့ရင် အစ်မတို့ဇနီးနောင်နှံ ဒီလိုအခြေအနေမျိုးအထိ ရောက်လာမှာမဟုတ်ဘူး”

စုန့်မေ့ယွင် သက်ပြင်းချလိုက်ပြီး သူမ၏ဘဝကို ပြန်တွေးကြည့်ကာ မည်သို့ ရှေ့ဆက်ရမည်ကို မသိတော့သကဲ့သို့ ဖြစ်နေခဲ့ရသည်။

“အစ်မစုန့်၊ အစ်ကိုကြီးစုန့်က ဉာဏ်ကောင်းတဲ့သူပါ၊ ဗုံကို တီးဖို့အတွက် လေးလံတဲ့တူမျိုး မလိုအပ်ပါဘူး၊ စိတ်မပူပါနဲ့၊ သူ သေချာပေါက် ပြောင်းလဲသွားလိမ့်မယ်”

လင်းမိန်ဟွေ့ စုန့်မိန်ယွင်အား ကြည့်၍ ပြုံးလိုက်မိသည်။ ဇနီးမောင်နှံကြားမှ မေတ္တာဟူသည်မှာ စကားသက်သက်နှင့်သာ ဖော်ပြ၍မရဘဲ ကောင်းမွန်စွာ ထိန်းသိမ်းရန်လည်း လိုအပ်ပုံရသည်။

လင်းမိန်ဟွေ့လည်း စုန့်ယီနှင့် သူမတို့ကြားမှ ဆက်ဆံရေးကို သတိရလိာက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။ ယခုအချိန်တွင် မည်သည့်လမ်းကြောင်းသို့ သွားရမည်ကို စဉ်းစားရန် အချိန်တန်ပေပြီ။

စုန့်မေ့ယွင် လင်းမိန်ဟွေ့အား နှုတ်ဆက်ပြီးနောက် သူမ၏ နေအိမ်သို့ ပြန်ရောက်သောအချိန်တွင် ဝမ်ကျင်းဝမ် အိမ်သန့်ရှင်းရေးလုပ်နေသည်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည်။

သူကကြွေစကွဲများအားလုံးကို လှဲချထားပြီး ကောင်းမွန်သည့်ကြွေထည်အိုးကို ဘေးစားပွဲပေါ်၌ ချထားကာ ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

စုန့်မိန်ယွင် ပြန်လာသည်ကို မြင်သော် ဝမ်ကျင်းဝမ်က တောင်းပန်လိုသည့်ပုံဖြင့် အသံတိုးတိုးနှင့် ပြောလာလေ၏။

“မေ့ယွင်၊ ဒီနှစ်တွေအတွင်း ကိုယ်က တကယ့်အရူးတစ်ယောက်လိုဖြစ်နေခဲ့တာပဲ၊ စိတ်မပူပါနဲ့၊ နောက်ကို ဒီမိသားစုကို ကိုယ်ကောင်းကောင်းစောင့်ရှောက်ပါ့မယ်၊ မင်းကိုလည်း တတ်နိုင်သမျှ ကူညီပေးပါ့မယ် မင်းနဲ့ လုံးဝရန်မဖြစ်တော့ပါဘူး”

“ကျင်းဝမ်၊ ကျွန် မရှင့်ကို အပြစ်မတင်ပါဘူး၊ ကျွန်မက ရှင့်ကို အားပေးချင်ခဲ့တာပါ”

“ကိုယ်သိပါတယ်၊ ကိုယ်မင်းကို နားလည်မှုလွဲခဲ့တာ”

ဝမ်ကျင်းဝမ်သည်ကား နောင်တရလွန်း၍ အူများပင် စိမ်းတော့မည့်အလား ဖြစ်နေခဲ့သည်။ သူ့အပေါ် အကောင်းဆုံးသော လူများကို သူ မောင်းထုတ်ခါနီးဆဲဆဲ ဖြစ်နေခဲ့သည်။

သူ့၏ညီလေးက သူ့ကို ဆင်ခြင်တုံတရားမရှိဟု ပြောဆိုသည်က မထူးဆန်းတော့ပေ။

“တကယ်တော့ ခြေထောက်မသန်စွမ်းတာ ပြဿနာမရှိပါဘူး၊ အလုပ်ကြမ်းတွေ မလုပ်နိုင်ရင် ပေါ့ပါးတဲ့အလုပ်ကို ရှာလို့ရပါတယ် စက်ရုံမှာ အလုပ်သမား အမြဲလိုနေတာပဲ…”

စုန့်မေ့ယွင်တစ်ယောက် တစ်ခါတည်း နှင့် စကားများစွာ မပြောရဲသောကြောင့် ဝမ်ကျင်းဝမ်ကို အပြင်သို့ထွက်ကြည့်ရန်သာ အကြံပေးလိုက်သည်။

မမျှော်လင့်ဘဲ ဝမ်ကျင်းဝမ်က သဘောတူလိုက်လေသည်။

ဤအချိန်၌ စုန့်မေ့ယွင်တစ်ယောက် ကောင်းကင်ကြီး မြင့်မားကျယ်ပြန့်၍ ပင်လယ်ပြင်ကြီးကလည်း ကျယ်ပြောလှသည်ဟု ခံစားလိုက်ရပြီး သူမ၏စိတ်က ရုတ်တရက် များစွာ ကြည်လင်အေးချမ်းလာခဲ့သည်။

လင်းမိန်ဟွေ့သာ ဤ၌ ရှိနေလျှင် သူမ လင်းမိန်ဟွေ့ကို ပွေ့ဖက်ကာ ကျေးဇူးတင်မိလောက်သည်။ သူမ လင်းမိန်ဟွေ့ကို ကျေးဇူးတုံ့ပြန်ငည့်အနေဖြင့် ထမင်းဖိတ်ကျွေးသင့်သည်ဟု တွေးခဲ့သည်။

လင်းမိန်ဟွေ့ဘက်တွင်တော့ အိမ်သို့ပြန်ရောက်သောအချိန်တွင် ဝယ်လာသည့် ဝက်သားတစ်ပေါင်ကို စွန့်ယီကို ပြလိုက်လေသည်။ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ လွှမ်းခြုံနေခဲ့သည်။

“အစ်ကိုစုန့်ယီ၊ ဒီနေ့ ကျွန်မတို့ စွပ်ပြုတ်ဟင်းရည်သောက်ရတော့မယ်၊ အမဲသားတော့ မဟုတ်ပေမယ့် ဝက်သားဟင်းရည်ကလည်း အရသာရှိတာပဲမလား”

စုန့်ယီက အချိန်အတော်ကြာအောင် အိပ်ယာထဲတွင် လှဲမနေနိုင်ခဲ့ချေ။ သူက ခြံထဲရှိ ဟင်းသီးဟင်းရွက်ခင်းကို ရေလောင်းနေခဲ့သည်။

လင်းမိန်ဟွေ့ ဤမျှပျော်နေသည်ကို မြင်သောကြောင့် သူလည်း ပြုံးမိသွားခဲ့ရသည်။

“ကိုယ်တို့ရဲ့ သစ်သီးယိုကုန်သည်လေးက ဒီနေ့ အတော်လေး ကောင်းတယ်ထင်တယ်၊ အသားတွေတောင် ဝယ်လာတယ်ဆိုတော့ အမြတ်အများကြီးရခဲ့တာလား”

စုန့်ယီက သူမ အသီးအနှံယိုကုန်သည်ဟု ခေါ်သည်ကို ကြားလျှင် လင်းမိန်ဟွေ့၏ နားရွက်ဖျားများ နီရဲတက်လာပြီး တီးတိုး ရေရွတ်လိုက်သည်။

“ဘာလို့ သူများတွေခေါ်တာကို အတုခိုးပြီး ကျွန်မကို အသီးယိုကုန်သည်လို့ ခေါ်ရတာလဲ၊ သူတို့တွေက စနောက်နေတာလေ၊ ရှင်က ဘာလို့ သူတို့နဲ့လိုက်ပေါင်းပြီး ပြောနေရတာလဲ”

သူမ ရှက်ရွံ့နေသည်ကို မြင်လိုက်ရလျှင် စုန့်ယီက ရယ်မောလိုက်ကည ခွက်ရှိရေကို လက်ချောင်းများဖြင့် ခပ်ယူ၍ သူမအပေါ် ဖျန်းလိုက်သည်။

“ဒီမိန်းကလေးကတော့၊ အသားအရေတကယ်ကို ပါးလွန်းတာပဲ၊ ဘာကိုပဲပြောပြော မျက်နှာက နီရဲလာတယ်”

“ရှင် ရေချိုးတဲ့အချိန်တုန်းကလည်း မျက်နှာနီရဲနေတာပဲမလား၊ အခုမှ ကျွန်မကို လာလှောင်နေတယ်”

လင်းမိန်ဟွေ့က အလျှော့မပေးလိုသောကြောင့် အနားသို့သွားကာ ရေခွက်ထဲမှ ရေကို ယူပြီး စွန့်ယီမျက်နှာပေါ်ငို့ ပက်ဖျန်းလိုက်လေသည်။

သူတို့နှစ်ယောက် ခြံထဲတွင် ကစားနေခဲ့သည်ကို တစ်ဖက်မှအိမ်ခေါင်မိုးပေါ်တွင် ပစ္စည်းများကို သိမ်းဆည်းနေသည့် အန်တီယန်က ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“ဒီလူငယ်လေးတွေကတော့ အတော်လေး ပျော်ပျော်ရွှင်ရွှင်ကစားနေကြတာပဲ၊ မင်းတို့တွေ စုန့်ယီရဲ့ ဒဏ်ရာကို သတိထားကြပါဦး… အရိုးတွေ ထပ်အက်သွားရင် ကုဖို့ ပိုခက်လိမ့်မယ်။”

အန်တီယန်၏ စကားကြောင့် သူတို့နှစ်ယောက် ရုတ်တရက် သတိဝင်လာခဲ့ကြသည်။ လင်းမိန်ဟွေ့က အရင်ဆုံး ရပ်လိုက်ပြီးနောက် စွန့်ယီ၏ မြှောက်ထားသည့်လက်ကိုလည်း ဖိချလိုက်သည်။

“အစ်ကိုစုန့်ယီ၊ အန်တီယန် ပြောတာ မှန်တယ်၊ ဒဏ်ရာက ရက်နည်းနည်းပဲ ရှိသေးတယ်၊ ဒီလိုဆက်ကစားနေရင် အရိုးတွေ အလွယ်တကူ အက်သွားနိုင်တယ်”

အန်တီယန်က သူမ၏ပစ္စည်းများကို သိမ်းဆည်းပြီးနောက် အိမ်ခေါင်မိုးပေါ်မှ ဆင်းလာခါ့သည်။ လူငယ်စုံတွဲက ချစ်ခင်စွာရှိနေသည်ကို မြင်သောအခါ သူမက မနေနိုင်စွာနှင့် သတိပေးလိုက်မိပြန်သည်။

“မင်းတို့တွေ ဒီရက်ပိုင်းတော့ သည်းခံရလိမ့်မယ်နော်၊ ရန်ဖြစ်လို့လည်း မရဘူး၊ ညဘက်လည်း ဘာမှ လုပ်လို့မရဘူး၊ နည်းည်းလောက် သည်းခံထားကြဦး”

လင်းမိန်ဟွေ့တစ်ယောက် အန်တီယန်၏ စကားထဲမှ အဓိပ္ပါယ်ကို ချက်ချင်းပင် နားလည်သွားခဲ့ပြီး သူမမျက်နှာသည်လည်း ချက်ချင်းနီရဲသွားခဲ့သည်။

စုန့်ယီသည်လည်း အန်တီယန်၏ စကားကို မနားလည်နိုင်မီ လင်းမိန်ဟွေ့၏မျက်နှာပေါ်မှ ရှက်ရွံ့မှုကို မြင်လိုက်ရသောကြောင့် သူ၏မျက်နှာသည်လည်း နီရဲသွားခဲ့လေသည်။

သူတို့နှစ်ယောက်က ရေခပ်သည့်ခွက်ကို တစ်ပြိုင်တည်း လွှတ်ချလိုက်မိကြသောကြောင့် ရေခွက်က မြေပြင်ပေါ်ငို့ ပြုတ်ကျသွားခဲ့သည်။

လူနှစ်ယောက်က ရေခွက်ကို အလျှင်စလို ပြန်ကောက်ရန် တစ်ချိန်တည်း ကိုယ်ကို ကိုင်းညွတ်လိုက်သော်လည်း မမျှော်လင့်ဘဲ ခေါင်းချင်းဆောင့်မိသွားခဲ့ပြန်သည်။

အရှိန်ကြောင့် လင်းမိန်ဟွေ့ ယိုင်သွားပြီး လဲကျခါနီးဖြစ်သွားရလေ၏။

သို့နှင့် စုန့်ယီက လက်လှမ်းကာ သူမကို ပြန်ထိန်းလိုက်ရသည်။

ဤအချိန်တွင် လက်ချင်းဆုပ်ကိုထားရုံနှင့်ပင် တစ်ယောက်၏ ရင်ခုန်သံကို တစ်ယောက် ခံစားမိနေခဲ့သည်။

“စုန့်… အစ်ကိုစုန့်ယီ၊ ကျွန်မ သွပ်ပြုတာဟင်းရည် သွားချက်တော့မယ်၊ ပြီးရင် ဦးလေးယန်တို့ မိသားစုကိုလည်း နည်းနည်းပေးရမယ်”

“ကောင်းပြီ၊ ကိုယ် ထင်းသွားသယ်လိုက်မယ်”

စွန့်ယီနှင့် လင်းမိန်ဟွေ့တို့ အိမ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားခဲ့ကြပြီး စုန့်ယီက နဆာက်ဘက်တံခါးဘေးရှိ ထင်းတဲဆီသို့ ဆက်သွားခဲ့သည်။

လင်းမိန်ဟွေ့လည်း စွန့်ယီ ထွက်သွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရမှ သူမ၏ပခုံးများကို ဖြေလျှော့လိုက်မိကာ နှလုံးသားထဲရှိ ရှက်ရွံ့မှုများကလည်း ဖြည်းဖြည်းချင်း လွင့်ပျောက်သွားတော့သည်။

ညဘက်တွင် မီးဖိုထဲရှိ မီးတောက်များ တဖျတ်ဖျတ်လင်းနေပြီး မီးမရှိ သည့် အခန်းကို လိမ္မော်ရောင် အလင်းရိပ်များသန်းနေစေခဲ့သည်။

လင်းမိန်ဟွေ့က မီးဖိုရှေ့၌ထိုင်ပြီး မီးကို ငေးကြည့်နေသည်။ စုန့်ယီကမူ မီးဖိုမှ မီးရောင်ဖြင့် မျိုးစေ့များကို ရွေးနေခဲ့လေသည်။

“မိန်ဟွေ့၊ မျိုးစေ့ချဖို့ အချိန်တန်လောက်ပြီ၊ ဘာပဲဖြစ်ဖြစ် မြေကြီးထဲကို မျိုးစေ့တွေ အရင်ချရမယ်၊ ပြီးရင် ကိုယ်တို့ ကြိုးစားပြီး ဂရုစိုက်ရင် မြေကြီးထဲမှာ သီးနှံတွေ ပေါက်နိုင်တယ်”

လင်းမိန်ဟွေ့လည်း အိုးရှိဟင်းရည်ကို မွှေပြီး ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ ကြိုးစားကြည့်သင့်တယ်၊ ကျွန်မတို့နှစ်ယောက်လုံးက ကျေးလက်လူပဲလေ၊ တစ်နည်းနည်းနှင့်တော့ အဆင်ပြေမှာပါ ၊ ကျွန်မတို့ ဒီမြေကြီးကို မှီခိုပြီး အသက်ရှင်ရမှာပဲ”

သူတို့နှစ်ယောက်က မည်သည့်အပင်များကို စိုက်ရမည်ဖြစ်ကြောင်း ပြောနေစဉ် လူတစ်ယောက်က အိမ်ထဲသို့ ဝင်လာလေသည်။

သူကလည်း မီးဖိုထဲမှ အသားနံ့ရ၍ ပြောလာသည်။

“စုန့်ယီတို့အိမ်ကတော့ ဘဝက ကောင်းလိုက်တာ၊ ညနေဘက်မှာတောင် စွပာပြုတ်ဟင်းရည်သောက်ရတယ်၊ ငါတို့ဆို နေ့တိုင်း ပြောင်းဖူးပန်ကိတ်ပဲ စားရတာ၊ ကြာရင်ပြောင်းဖူးလူကြီးဖြစ်တော့မယ်”

စုန့်ယီလည်း ရွာထဲမှ တာ့ချွမ်၏အသံကို ကြားလိုက်ရသောကြောင့် ချက်ချင်းထရပ်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

“တာ့ချွမ် ဒီလောက်ညဘက်ကြီး မင်း ဘာလာလုပ်တာလဲ”

တာ့ချွန်က အလွန်အရပ်ရှည်သောကြောင့် အိမ်ထဲသို့ ဝင်လာသောအခါ ခေါင်းငုံ့၍ ဝင်ရသည်။

လင်းမိန်ဟွေ့ စွပ်ပြုတ်ဟင်းရည်ချက်နေသည်ကို မြင်သောအခါ သူက အိုးဘက်သို့ ခေါင်းထိုးကြည့်လိုက်ပြီး သူ့မျက်လုံးများ၌ လောဘအချို့ ပေါ်နေခဲ့သည်။

“စုန့်ယီ၊ ငါ မင်းကို ပြောစရာတစ်ခုရှိလို့ လာတာ၊ မင်းရဲ့ လယ်ဆယ်ဧကကို မစိုက်ပျိုးဘဲ ပစ်ထားတာ ကြာပြီလေ၊ ဘာသီးနှံမှလည်း မစိုက်ဘူးမလား၊ အဲဒါ ငါ့အဖေက မင်းစိုက်ဦးမလား မေးခိုင်းလိုက်တယ်”

*

အခန်း(46) လယ်မြေ စိုက်ပျိုးခြင်း

“တိုက်ဆိုင်လိုက်တာ၊ ငါ အခု မိန်ဟွေ့နဲ့ မြေစိုက်ပျိုးဖို့ ဆွေးနွေးနေတာ၊ အခုက မျိုးစေ့ချဖို့ အချိန်တန်ပြီလေ၊ ဒီအချိနာမှာ မချရင် ဒီနှစ်လည်း အလကားဖြစ်သွားလိမ့်မယ်”

အခန်းက မှောင်နေသောကြောင့် လင်းမိန်ဟွေ့က ထရပ်၍ မီးဖွင့်လိုက်သောကြောင့် အခန်းက ပိုလင်းလာခဲ့သည်။ ထို့အတူ တာ့ချွမ်၏မျက်နှာပေါ်ရှိ စိတ်ပျက်သည့်အမူအရာများက ထင်ရှားလာခဲ့သည်။

လင်းမိန်ဟွေ့က စုန့်ယီကို တစ်ချက်ကြည့်လိုက်ကာ သူတို့နှစ်ယောက်လုံး တာ့ချွမ်၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့ကြသည်။

“မင်းတို့တွေက စီးပွားရေးလုပ်နေကြပြီ မဟုတ်ဘူ့လား၊ ငါ မုဆိုးမလျိုဆီကနေ ကြားခဲ့တယ်၊ မရီးကလည်း အသီးအနှံယိုတွေ ရောင်းပြီး ပိုက်ဆံအများကြီး ရှာထားတယ်တဲ့၊ မဟုတ်ရင် မင်းတို့ ဘယ်လိုလုပ်ပြီး ယွမ်တစ်သောင်းလက်ဖွဲ့ကို ရနိုင်မှာလဲ…”

တာ့ချွမ်၏ စကားများက ဝေ့ပတ်နေသော်လည်း လင်းမိန်ဟွေ့ကတော့ အဓိပ္ပါယ်ကို ကြားသိလိုက်သည်။ ကျေးလက်ဒေသရှိ လူများက ဤသို့ပင်။

သူများမိသားစုက ချမ်းသာသည်ကို မြင်လျှင် မနာလိုဖြစ်တတ်ပြီး သူတို့၏အလိုလောဘအတွက် အကြံထုတ်လာတတ်ကြသည်။

“တာ့ချွမ် ၊ငါတို့အသီးယိုရောင်းတာက နည်းနည်းလောက်ပဲ ရတာပါ၊ အသီးအနှံယိုဘူးတွေက ကုန်ကျစရိတ်ကိုနုတ်ပြီးရင် တစ်ယွမ်ပဲ ကျန်တယ်၊ အိမ်မှာ ထိုင်နေတာထက်စာရင်တော့ ပိုကောင်းရုံလောက်ပါပဲ၊ ဒါကို ပိုက်ဆံရှာနိုင်တယ်လို့ ဘယ်လိုများ ပြောလို့ရမှာလဲ”

“ဒီလောက်ရရင်တောင် လယ်လုပ်တာထက် အများကြီး ကောင်းသေးတယ်လေ၊ လယ်လုပ်တာက တစ်နှစ်ပတ်လုံး ပင်ပန်းပြီး နှစ်ကုန်မှ ယွမ်ရာဂဏန်းပဲ ရတာ”

တာ့ချွမ်က သက်ပြင်းချလိုက်လေ၏။ သူ၏ပုံစံက လယ်ယာမြေအတွက် စိုးရိမ်နေပုံ ရသည်။

စုန့်ယီက တာ့ချွမ်ကိုတိုက်ရိုက်မေးလိုက်သည်။

“ဒီတော့ မင်းအဖေက ဘာပြောခိုင်းလိုက်တာလဲ”

တာ့ချွမ်ကလည်း ဝေ့ပတ်မနေတော့ဘဲ တိုက်ရိုက်ပြောလာသည်။

“ငါ့အဖေက ပြောခိုင်းလိုက်တယ်၊ မင်းတို့ရဲ့ လယ်မြေဆယ်ဧကကို ထွန်ယက်စိုက်ပျိုးချင်တယ်တဲ့၊ မင်းတို့ကလည်း မစိုက်ဘူးဆိုတော့ ငါတို့ကိုပေးထားလိုက်ပေါ့၊ ဆောင်းဦးကိုရောက်ရင် ငါတို့ အစားအစာ ဒါမှမဟုတ် ပိုက်ဆံ နည်းနည်းလောက် ပေးနိုင်ပါတယ်။”

“ဘယ်လောက်ပေးမှာလဲ”

လင်းမိန်ဟွေ့က စွန့်ယီ မေးရန် ခက်ခဲလိမ့်မည်ကို သိသောကြောင့် သူမ အရင်မေးလိုက်သည်။

ကျေးလက်ဒေသ၌ ညီအစ်ကိုများက အမြဲတစေ ငွေရေးကြေးရေးကိစ္စရှင်းလင်းတတ်ကြပြီး စွန့်ယီနှင့် တာ့ချွမ်ကလည်း ဆွေမျိုးတော်စပ်နေသေးသည်ပင်။ ဤကိစ္စများကို ကောင်းမွန်စွာ မကိုင်တွယ်လျှင် မိသားစုနှစ်ခု ရန်သူများ ဖြစ်သွားနိုင်သည်။

လင်းမိန်ဟွေ့က ဤကိစ္စများကို စိတ်မဝင်စားသော်လည်း သူမအနေဖနင့် ဂရုစိုက်ရမည်။ သူတို့သည်လည်း အသက်ရှင်ရဦးမည်ပင်။

တာ့ချွမ်က လင်းမိန်ဟွေ့မှ ငွေအကြောင်းကို မေးလာသည်ကို ကြားသောအခါ သူမကို မကျေမနပ်ဖြင့် ကြည့်ပြီး ပြောလာသည်။

“ငါ့အဖေပြောတာတော့ တစ်ဧကကို ဆယ်ယွမ် ပေးမယ်တဲ့၊ ဆယ်ဧကဆို ယွမ်တစ်ရာ၊ ဒါက နည်းတဲ့ပမာဏ မဟုတ်ဘူး၊ ငါတို့က တစ်နှစ်လုံး ပင်ပန်းတာတောင် လေးငါးရာပဲ ရတာ”

“တာ့ချွမ် ရှင့်အဖေကို ပြန်ပြောလိုက်ပါဦး၊ စုန့်ယီနဲ့ ကျွန်မတို့မှာ တခြား အသက်မွေးဝမ်းကျောင်းနည်းလမ်းလည်း မရှိဘူး၊ လယ်လုပ်မှ ဖြစ်မယ်… ဒီမြေတွေကို ငှားလို့ မရဘူး”

လင်းမိန်ဟွေ့က တိုက်ရိုက်ငြင်းလိုက်သည်။

သူမ နောက်ဆုံးတွင် သိလိုက်ရပေပြီ။ တာ့ချွမ်၏မိသားစုက တွက်ချက်မှု အလွန်ကောင်းသည်ပင်။

တာ့ချွမ်၏မိသားစု၌ ညီအစ်ကိုများ အလွန် များပြားသောကြောင့် အလုပ်ကြမ်းလုပ်ရမည်ကို စိတ်ပူစရာမလိုပါခေေ။ သို့သော်လည်း သူတို့၌ မြေမရှိပေ။ အစပိုင်းတွင် ရွာမှ လူတစ်ဦးစီကို မြေနှစ်ဧကခွဲ ခွဲဝေပေးထားသည်။ စုန့်ယီက ယခုတစ်ယောက်တည်း ဖြစ်နေသော်လည်း သူ့မိဘများနှင့် အဘွားပိုင်သည့် မြေများက ယခု သူ့မိသားစုပိုင် ဖြစ်နေခဲ့သည်။

လူတစ်ယောက်တည်းဆိုပါက ဆယ်ဧကမြေက စိုက်ပျိုးရန်များသည်ဟု ထင်ရသည်။ ဤသည်က ယနေ့ တာ့ချွမ်လာရသည့် ရည်ရွယ်ချက်ပင်။

တာ့ချွမ်၏ မိသားစု၌ ကလေးများ အလွန်များပြီး နှစ်ယောက်က မြေဝေစု မရခဲ့ပေ။ သို့သော် သူတို့တွင် ကျွေးမွေးရန်ပါးစပ်ပေါက် များစွာ ရှိသောကြောင့် သူတို့မိသားစု၏ ဘဝက အလွန်ခက်ခဲနေခဲ့သည်။

သူမတို့မိသားစု ၏ဘဝသာ ကောင်းမွန်နေမည်ဆိုလျှင် လင်းမိန်ဟွေ့က တာ့ချွမ်ကို ကူညီလိုစိတ်ရှိမည်ပင်။ သို့သော် ယခုအချိန်တွင်တော့ သူမနှင့် စုန့်ယီတို့ နှစ်ယောက်လုံး အဆင်မပြေမှုများနှင့်ရင်ဆိုင်နေရပြီဖြစ်သောကြောင့် ဤမြေများက သူတို့၏ နောက်ဆုံးအကာအကွယ် ဖြစ်နေခဲ့သည်။

တာ့ချွမ်က လင်းမိန်ဟွေ့မှ ဆုံးဖြတ်လိုက်သည်ကို ကြားလျှင် မျက်နှာတစ်ခုလုံး နီရဲလာသည်။

သူက ထရပ်ပြီး မျက်နှာသေနှင့် ပြောလာလေ၏။

“စုန့်ယီ၊ ဒီမိသားစုမှာ ဘယ်သူက ဆုံးဖြတ်ချက်ချရတာလဲ၊ မင်းလား မင်းရဲ့မိန်းမလား၊ မြေကို စိုက်ပျိုးမလား မစိုက်ပျိုးဘူးလားဆိုတဲ့အပဆါ် မင်းမှာဆုံးဖြတ်ခွင့်မရှိဘူးလား”

စုန့်ယီလည်း တာ့ချွမ် ဒေါသထွက်နေသည်ကို မြင်လျှင် ရှင်းပြရန် ပြင်လိုက်သည်။

သို့သော် လင်းမိန်ဟွေ့က ချက်ချင်း ဝင်ပြောလိုက်လေသည်။

“တာ့ချွမ်၊ ဒီမိသားစုရဲ့ဆုံးဖြတ်ချက်အတွက် ကျွန်မက တာဝန်ယူပါတယ်၊ ရှင်သဘောမကျရင် တခြားအိမ်တွေကို သွားပြီး သူတို့ရဲ့မြေတွေကို ရှင်တို့အတွက် စိုက်ပျိုးခွင့်ပေးမလားဆိုတာ သွားမေးကြည့်လို့ ရတယ်၊ အခု ညဥ့်နက်နေပြီ၊ အိမ်ကို မြန်မြန်ပြန်ပါတော့”

တာ့ချွမ်မှာ မြေကိုမရရှိခဲ့သည့်အတွက် ဒေါသတကြီး ထွက်သွားခဲ့သည်။ သူထွက်သွားသည်နှင့် စွုန့်ယီက မနေနိုင်တော့ဘဲ လင်းမိန်ဟွေ့ကို မေးလိုက်သည်။

“ကိုယ်တို့ သူ့ကို အကုန်လုံးကို မပေးနိုင်ရင်တောင် ငါးဧကတော့ ပေးလိုက်လို့ ရတယ်၊ ဘာပဲဖြစ်ဖြစ် အဲဒီမြေမှာ ကိုယ်တို့ဘာမှ စိုက်လို့မရဘူးလေ”

လင်းမိန်ဟွေ့က စုန့်ယီကို ကြည့်လိုက်ပြီး တစ်ဖက်လူက စိတ်သလောထားနူးညံ့ကြောင်းကို သိလိုက်သည် ။

“အစ်ကိုစုန့်ယီ၊ တချို့ကိစ္စတွေကို ရှင် အလျှော့ပေးမဲ့အစား တိုက်ရိုက်ငြင်းဆန်သင့်တယ်၊ အခု ကျွန်မတို့မှာ အသီးအနှံယိုတွေကိုလညား မရောင်းနိုင်တော့ဘူး၊ ဆိုတော့ ဒီတစ်နှစ်ပတ်လုံး လယ်မြေကရတဲ့ သီးနှံတွေကိုပဲ အားကိုးရတော့မှာ၊ ဒါကြောင့် သူများကို မကူညီခင် ကျွန်မတို့ရဲ့ဘဝကို အရင်စဉ်းစားရမယ်”

“ဒါပေမဲ့ အဲဒီနေရာ…”

“မြေက ဘယ်လောက်ပဲ ဆိုးဆိုး၊ ကောင်းကောင်း လူတွေက ဂရုစိုက်ပေးရင် နောက်ဆုံးမှာ ပေါက်လာမှာပဲ၊ တခြားသူကို ပေးလိုက်ပြီး သူတို့တွေက ကောင်းကောင်းမွန်မွန် မစိုက်ပျိုးဘူးဆိုရင် နှစ်အနည်းငယ်အတွင်းမှာ မြေတွေ ပိုပြီး ခြောက်သွေ့သွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ဘယ်အပင်မှ ပေါက်လာမှာ မဟုတ်တော့ဘူး”

လင်းမိန်ဟွေ့က ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ကာ အလွယ်တကူ ပြောင်းလဲလိုစိတ်မရှိချေ။ စုန့်ယီက တာ့ချွမ်တို့မိသားစုကို သနားနေဆဲဖြစ်ကြောင်းကို သိသောကြောင့် လင်းမိန်ဟွေ့က မည်သည့်စကားကိုမျှ ထပ်မပြောတော့ချေ။

ဟင်းရည်ကျက်သည့်အချိန်တွင် လင်းမိန်ဟွေ့က စုန့်ယီအတွက် တစ်ပန်းကန် ချပေးလိုက်ပြီး ဦးလေးယန်တို့မိသားစုဆီသို့ ပန်းကန်ကြီးတစ်လုံး သွားပေးလိုက်သည်။

အိုးထဲတွင် အသားဖတ်လေးများ ကျန်သေးသောကြောင့် သူမအတွက် ပန်းကန်လုံးအသေးလေး တစ်လုံး ထပ်ခပ်လိုက်သည်။

“မိန်ဟွေ့၊ မင်း အဲဒီဟင်းရည် နည်းနည်းလေးကိုပဲ သောက်ဖို့လုပ်နေတာလား၊ ကိုယ့်ဆီက နည်းနည်းယူလိုက်ပါဦး”

စုန့်ယီက သူ၏ ပန်းကန်လုံးကြီးကို တစ်ယောက်တည်း မသောက်ချင်ခဲ့ပေ။ လင်းမိန်ဟွေ့အတွက် ဇွန်းဖြင့် ပြန်ခွဲပေးရန် အတင်းပြောနေခဲ့သည်။

လင်းမိန်ဟွေ့က သူ့အား တားဆီးလိုက်ပြီး စုန့်ယီကို လေးနက်စွာ ကြည့်လိုက်သည်။

“အစ်ကိုစုန့်ယီ၊ ရှင် အခု ဒဏ်ရာရထားတာဆိုတော့ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်ဖို့ စွပ်ပြုတ်ဟင်းရည် ပိုသောက်သင့်တယ်၊ ရှင် သက်သာလာပြီး ပိုက်ဆံရှာနိုင်ရင် အသားကို အိုးကြီးနဲ့ ချက်စားကြမယ်လေ၊ ပြီးရင် ကျွန်မလည်း အများကြီး သောက်မယ် ဟုတ်ပြီလား”

စုန့်ယီက သူ့ကိုယ်သူ အနည်းငယ် အပြစ်တင်မိသော်လည်း လင်းမိန်ဟွေ့ကတော့ ထိုစွပ်ပြုတ်ကို ထပ်မသောက်လိုခဲ့ပေ။

သူမက အိုးများကို ဆေးကြောလိုက်ပြီးနောက် ကြမ်းပြင်ပေါ်ရှိ ထင်းများကို သိမ်းဆည်းကာ မီးအောက်၌ ထိုင်လိုက်ပြီး ပြောင်းဆံမျိုးစေ့များကို ရွေးလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ဒီမျိုးစေ့တွေက ပြည့်ဖောင်းပြီး ရွှေရောင်သန်းနေတာပဲ၊ ဒီမျိုးစေ့ကနေ ကောင်နှံပင် ကောင်းကောင်းဖြစ်ပြီး သီးနှံတွေလည်း သေချာပေါက် အမျာကြီးဖြစ်ထွန်းလိမ့်မယ်… စိတ်မပူပါနဲ့”

လင်းမိန်ဟွေ့က မျိုးစေ့ကို ရွေးချယ်ရင်းဖြင့် စုန့်ယီကိုလည်း နှစ်သိမ့်ရန် မမေ့ခဲ့ချေ။

စုန့်ယီသည်လည်း စွပ်ပြုတ်သောက်ပြီးနောက်တွက် ဗိုက်တွင်း၌ နွေးထွေးလာခဲ့ပြီး သူ့၏စိတ်ခံစားမှုလည်း ကောင်းမွန်လာခဲ့သည်။

သူသည်လည်း ခုံပုလေးတစ်လုံးကို ရွှေ့လာကာ လင်းမိန်ဟွေ့၏ရှေ့တွင် ထိုင်လိုက်ပြီး နှစ်ယောက်အတူ ပြောင်းဖူးမျိုးစေ့များကို ရွေးချယ်ခဲ့ကြသည်။

“မိန်ဟွေ့၊ မင်းက အမြဲယုံကြည်မှု အပြည့်ရှိတယ်၊ တစ်ခါတလေကျရင် ကိုယ်က မင်းလောက်တောင် ကောင်းကောင်းမတွေးနိုင်ဘူး”

“အစ်ကိုစုန့်ယီလည်း အရမ်းကိုတော်တဲ့လူပဲ၊ ရှင်က ကိုယ့်ကိုယ်ကိုယ် မသိသေးတာပါ”

လင်းမိန်ဟွေ့က ပြုံးလိုက်ပြီး ကျန်းကျစ်ကုန်း ရောက်လာစဉ်က စုန့်ယီ သူမကို ကာကွယ်ပေးရန်အတွက်သူမရှေ့၌ ပိတ်ဆို့တားဆီးပေးရန် ဝန်မလေးခဲ့သည်ကို တွေးမိကာ နှလုံးသားက နွေးထွေးလာခဲ့သည်။

စုန့်ယီကတော့ လင်းမိန်ဟွေ့၏ စကားထဲမှ အဓိပ္ပာယ်ကို နားမလည်ခဲ့ချေ။ သူက ဆက်ပြောလာခဲ့သည်။

“လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ကိုယ်တို့ရဲ့ မြေမှာ ဘာကိုမှမစိုက်နိုင်တော့ဘူး၊ ပြောင်းစိုက်ရင်လည်း ပျိုးပင်မပေါက်ဘူး၊ မြက်တွေပဲ ပေါက်လာတယ်။ ပြောင်းနှံစိုက်ရင်လည်း အပင်မထွက်ဘူး၊ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် ဘာတစ်ခုမှတိုးတက်မလာခဲ့ဘူး”

“မြေဩဇာ မလုံလောက်လို့လား”

“မဟုတ်ဘူး. ရွာကလူတွေက ကိုယ့်ရဲ့ ကံက မကောင်းတဲ့အတွက် ဘာကိုမှမလုပ်နိုင်တာလို့ ပြောခဲ့ကြတယ်”

စုန့်ယီ စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။

သူ သတိလက်လွတ်ဖြင့် ဤရက်ပိုင်းအတွင်း လင်းမိန်ဟွေ့၏ စီးပွားရေးပြဿနာများ၊ ကျန်းကျစ်ကုန်း၏ ဝင်ရောက်နှောင့်ယှက်မှုများ၊ လင်းမိန်ဟွေ့က သူ့၏ နံရိုးဒဏ်ရာကို ဂရုစိုက်ပေးနေရမှုကို ပြန်တွေးမိမိသည်။

လင်းမိန်ဟွေ့ကတော့ အနည်းငယ်စိတ်မကောင်းဖြစ်သွားရကာ ခေါင်းကိုမော့၍ စွန့်ယီကို ကြည့်လိုက်လေသည်။

“သူတို့ရဲ့ အဓိပ္ပာယ်မရှိပြောတဲ့စကားတွေကို နားမထောင်ပါနဲ့၊ နောက်ကို ဒီလိုမျိုးတွေ ထပ်မတွေးရဘူး၊ ဘုရားရှင်က လူသားတိုင်းကို ချစ်ပါတယ်၊ ဘာလို့ ရှင့်ကို ရက်ရက်စက်စက် အပြစ်ပေးနေရမှာလဲ”

“ဒါပေမဲ့ ကိုယ့်ရဲ့မြေကြီးထဲမှာ သီးနှံတွေက တကယ်ကို မပေါက်တာ “

“ကျွန်မတို့တွေ အကြောင်းရင်းကို သေချာပေါက် ရှာတွေ့မှာပါ၊ အဲဒီအချိန်ကျရင် ပြဿနာကို ဖြေရှင်းလို့ ရလာလိမ့်မယ်”

လင်းမိန်ဟွေ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သော်လည်း တကယ်တမ်းတွင် သူမသည်လည်း မည်သို့ လုပ်ရမည်ကို မသိနေခဲ့ပေ။

သူမ လင်းမိသားစုတွင် ရှိနေစဉ်တုန်းက အိမ်မှုကိစ္စများကိုသာ ဂရုစိုက်ခဲ့ရသည်။ လင်းကွားချင်းနှင့် ကျိုးချွေ့ဟွားက လယ်ယာအလုပ်များကို လုပ်ခဲ့ကြသည်။

သူတို့က လယ်ယာများ မကောင်းမည်ကို စိုးရိမ်သောကြောင့် သူမကို အိမ်တွင် တစ်ယောက်တည်း ပစ်ပယ်ကာ ချန်ထားခဲ့သည်။

အိမ်တွင်လုပ်သည့် အလုပ်များကလည်း အလွန်များပြားခဲ့ပေသည်။

ကြက်များက အစာမကျွေးလျှင် အော်ဟစ်နေလိမ့်မည်။ ဝက်များကို အစာမကျွေးလျှင် ဝက်ခြံကို ဆောင့်တွန်းနေလိမ့်မည်။ အိုးများကို မဆေးထားသေးလျှင် မသန့်ရှင်းဘဲနေလိမ့်မည်။

ထို့ကြောင့် ကျိုးချွေ့ဟွားက လင်းမိန်ဟွေ့အား အိမ်တွင်ရှိသမျှ အလုပ်အားလုံးကို လုပ်ခိုင်းခဲ့သည်။

ထို့ကြောင့် လင်းမိန်ဟွေ့မှာ ယခုအချိန်၌ လယ်မြေထဲတွင် မည်သည့်အရာများ ဖြစ်နေသည်ကို နားမလည်ခဲ့ချေ။ ယခု စွန့်ယီကို ပြောခဲ့သည်မှာလည်း နှစ်သိမ့်ပေးရန်အတွက်သာ ဖြစ်ပေသည်။

သို့သော်လည်း လင်းမိန်ဟွေ့က စိတ်ဓာတ်မကျခဲ့ချေ။ မည်မျှပင် ခက်ခဲသည်ဖြစ်စေ၊ သူမ၏ အရင်ဘဝထက် ပို၏ခက်ခဲနိုင်ပါမည်လော။

သူမ အလျှော့ပေးလိမ့်မည်မဟုတ် ပေ။

All Chapters